← Chapters

အတိတ်ကို စူးစမ်းခြင်း...

Vol. 80 Ch. 1106

အတိတ်ကို စူးစမ်းခြင်း...

Vol. 80 Ch. 1106

ဖရိုဖရဲဟင်းလင်းပြင်။

ကောင်းကင်မြစ်ဒိုင်မန်းရှင်း၏ မူလရင်းမြစ်ကို နားလည်ပြီးနောက် ဖရိုဖရဲဟင်းလင်းပြင်သို့ ပြန်လာခဲ့သည်။

" အနာဂတ်ခန္ဓာ။ " လင်းယ်ိမ်က သူ၏ အနာဂတ် အချိန်အတိုင်းအတာများကို ဂရုတစိုက် စောင့်ကြည့်နေပြီး သူ၏ အနာဂတ်ခန္ဓာကို အသုံးပြု၍ အချိန်အတိုင်းအတာတစ်ခုချင်းစီကို လျင်မြန်စွာ စုစည်းရန် လုပ်ဆောင်နေသည်။

" အခုလက်ရှိ စုစည်းနှုန်းနဲ့ဆိုရင် အပြည့်အဝ စုစည်းဖို့အတွက် နှစ်ပေါင်းငါးသောင်းကနေ တစ်သိန်းလောက် ကြာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ငါက အချိန်အရှင်သခင်အဖြစ် တက်လှမ်းနိုင်လိမ့်မယ်။ "လင်းယွမ်က တွေးလိုက်သည်။

ယခုဆိုလျှင် သူ၏ စွမ်းအားက အချိန်အရှင်သခင်တစ်ယောက်နှင့် မခြားတော့ပေ။ သာမန်အချိန်အရှင်သခင်များထက်ပင် သာလွန်နိုင်သည်။ သို့သော်လည်း နောက်ဆုံးတွင် သူက အချိန်အရှင်သခင်တစ်ယောက် မဖြစ်သေးပေ။

" သုံးဘဝနည်းစနစ်ကို ကျွမ်းကျင်သွားပြီဆိုတော့ အချိန်အရှင်သခင်တစ်ယောက်ဖြစ်ဖို့ အာမခံချက်ရှိသွားပြီလို့ ပြောလို့ရတယ်။ "

အတိတ်ခန္ဓာ၊ ပစ္စုပ္ပန်ခန္ဓာနှင့် အနာဂတ်ခန္ဓာတို့ ဖြစ်ပေါ်လာသည်နှင့် ဘာမှမလုပ်လျှင်တောင် ထိုခန္ဓာသုံးခု၏ ဗီဇအလျောက် လည်ပတ်မှုအောက်တွင် အချိန်အတိုင်းအတာများက စုစည်းသွားကြမည်ဖြစ်သည်။

" ဒါပေမယ့် သုံးဘဝနည်းစနစ်ကို အောင်မြင်ဖို့ဆိုတာ အချိန်အရှင်သခင်တစ်ယောက် ဖြစ်လာဖို့ထက် ပိုခက်ခဲတယ်။ သုံးဘဝအင်မော်တယ်ဧကရာဇ်က ဒီလောက်တန်ဖိုးကြီးတဲ့ နည်းစနစ်ကို ငါဆီလွှဲပေးခဲ့တာပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

အခြားအချိန်အရှင်သခင်များ မအောင်မြင်နိုင်လျှင်တောင် ထိုလျို့ဝှက်နည်းစနစ်က အဆုံးမဲ့မူလကို စူးစမ်းနိုင်စွမ်းအား မြှင့်တင်ပေးနိုင်သောကြောင့် ၎င်း၏ တန်ဖိုးက သံသယဝင်စရာမလိုပေ။

" နှစိပေါင်း ငါးသောင်း ဒါမှမဟုတ် တစ်သိန်းကြာရင် တတိယအဆင့်ကို တက်လှမ်းနိုင်ပြီဆိုတော့ အခုအချိန်က အချိန်အရှင်သခင်ဖြစ်ပြီး နောက်ပိုင်းကိစ္စတွေကို စဉ်းစားရမယ့်အချိန်ပဲ။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။

ပထမအဆင့်၊ ဒုတိယအဆင့်တို့နှင့်ယှည်လျှင် တတိယအဆင့် အချိန်အရှင်သခင်များက လုပ်ဆောင်ရမည့်အရာများစွာ ရှိနေပြီး ပြည့်စုံသော အချိန်သက်ရှိဖြစ်လာခြင်းမှလွဲ၍ အခြားလမ်းစဉ်နှစ်ခုက အလွန်ပင် အချိန်ကုန်လှသည်။

အဆုံးမဲ့ကပ်ဘေးက ဘီလီယံပေါင်းများစွာသော ကပ်ဘေးများကို ဖြတ်ကျော်ရန် လိုအပ်ပြီး အဆုံးမဲ့မူလကလည်း အဆုံးမရှိပေ။ လင်းယွမ်က ပြည့်စုံသော အချိန်သက်ရှိဖြစ်လာရန်အတွက် ကြိုးစားရန် အစီအစဉ်မရှိပေ။ ၎င်းက အန္တရာယ်များလှပြီး ကျရှုံးခြင်းက သေခြင်းသာဖြစ်သည်။

" ငါက အဆုံးမဲ့ကပ်ဘေးကို ရင်ဆိုင်ဖို့ ပြင်ထားတာဆိုတော့ ငါ့ရဲ့ စွမ်းအားကို တတ်နိုင်သမျှ မြှင့်တင်ထားရမယ်။ " လင်းယွမ်က တွေးလိုက်သည်။

အဆုံးမဲ့ကပ်ဘေးက အဆုံးမဲ့မဟာတာအိုစိတ်အသိ၏ သတ်မှတ်ထားသော စမ်းသပ်မှုများကို ဖြတ်ကျော်ရန် လိုအပ်သည်။ သုံးဘဝအင်မော်တယ်ဧကရာဇ်၏ စကားအရ အချိန်အရှင်သခင်များက ကွဲပြားသော ကပ်ဘေးများကို ရင်ဆိုင်ရမည်ဖြစ်သည်။

အကြောင်းအရာများနှင့် ပက်သက်လျှင် ပို၍ ထူးဆန်းလှသည်။ အချို့သော စမ်းသပ်မှုများက အထူးနေရာများသို့ သွားရန် လိုအပ်ပြီး အချို့က အတိတ်မှ အချိန်လေဟာနယ်သို့ သွားကာ အချို့သော ဖြစ်ရပ်များ မဖြစ်အောင် တားဆီးရန် လိုအပ်သည်။

ထို့ကြောင့် စမ်းသပ်မှုများကို အောင်မြင်ရန် ခွန်အားကို ထိန်းထားရမည်ဖြစ်သည်။ အကြောင်းမှာ စမ်းသပ်မှုများက ခွန်အားနှင့် ဆက်စပ်နေသောကြောင့်ဖြစ်သည်။ ခွန်အားပိုကြီးလေ ကပ်ဘေးများကို ဖြတ်ကျော်ရန် ဖြစ်နိုင်ခြေ ပိုများလေဖြစ်သည်။

ခွန်အားကို မြှင့်တင်ရန်အတွက် အရိုးရှင်းဆုံးနည်းလမ်းမှာ လက်နက်များကို အသုံးပြုခြင်းဖြစ်သည်။ ဒုတိယအဆင့်မတိုင်မီ လင်းယွမ်က လက်နက်များကို အသုံးပြုခဲ့ခြင်းမရှိဘဲ ခွန်အားသက်သက်ကိုသာ အားကိုးခဲ့သည်။ သို့သော် တတိယအဆင့်သို့ ရောက်သောအခါ ခန့်မှန်း၍ မရသော စွမ်းရည်များရှိသည့် အချိန်အရှင်သခင်များကို ရင်ဆိုင်ရန် အားကောင်းသော လက်နက်များ လိုအပ်မည်ဖြစ်သည်။

" ယွမ်ရှန်းကျင်း..." လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်ရာ လက်ဝါးအရွယ်အစားရှိသော ရှေးဟောင်းခေါင်းလောင်းတစ်ခုက သူ၏ လက်ဝါးပေါ်တွင် ပေါ်လာသည်။

သူက ၎င်းကို အကြိမ်ပေါင်းများစွာ အားဖြည့်ပြီးနောက် ၎င်းကိုလည်း အလွှာဆယ်သုံးအထိ မြှင့်တင်နိုင်ခဲ့သည်။ သို့သော်လည်း သူ့အတွက် အသုံးဝင်ရန် အနည်းဆုံး အချိန်အရှင်သခင်အဆင့် ဖြစ်ရမည်ဖြစ်သည်။

" အချိန်အရှင်သခင်အဆင့်။ ငါ့အတွက် တတိယအဆင့် အချိန်အရှင်သခင် ပစ္စည်းတွေ အများကြီး လိုအပ်နေတုန်းပဲ။ " လင်းယွမ်က သူ၏ လက်ဝါးပေါ်မှ ရှေးဟောင်းခေါင်းလောင်းလေးကို ကြည့်လိုက်သည်။

ယခင် သူရရှိသော အချိန်အရှင်သခင်အဆင့် ကောင်းကင်မြစ်နှလုံးသားက ယွမ်ရှန်းကျင်းကို တတိယအဆင့်သို့ တိုးတက်စေရန် လုံလောက်ခြင်းမရှိသေးပေ။ ထို့ကြောင့် သူက အချိန်အရှင်သခင်အဆင့် ပစ္စည်းများကို လိုအပ်နေသေးသည်။

ယွမ်ရှန်းကျင်းက သူ၏ ကိုယ်ပိုင်လက်နက်ဖြစ်သောကြောင့် အကယ်၍ ၎င်းသာ အလျိန်အရှင်သခင်အဆင့်သို့ တိုးတက်သွားလျှင် အခြားအချိန်အရှင်သခင်အဆင့် လက်နက်များထက် သူ့ကို ပိုမိုအထောက်အကူပြုနိုင်လေသည်။

" ပုံမှန်စုဆောင်းတာအပြင် အခြားအချိန်အရှင်သခင်တွေနဲ့လည်း လဲလှယ်လို့ရတယ်။ " လင်းယွမ်က တွေးလိုက်သည်။

အချိန်အရှင်သခင်များပင် လိုအပ်ချက်များရှိပြီး အရောင်အဝယ်များ ပြုလုပ်ကြသည်။ အချိန်အရှင်သခင်အဆင့် ပစ္စည်းများကို ရရှိရန် တူညီသော အဆင့်ရှိ ရတနာများနှင့် လဲလှယ်ရမည်ဖြစ်သည်။

ဖရိုဖရဲဟင်းလင်းပြင်။

" မင်းရဲ့ နယ်ပယ်က ဘယ်လောက်တည်ငြိမ်နေပြီလဲ။ " အရှင်မိုရှုက လောဟောက်ကို ကြည့်ပြီး မေးလိုက်သည်။

" အတော်လေး တည်ငြိမ်နေပါပြီ။ " လောဟောက်က ခေါင်းညိမ့်လိုက်သည်။

" အင်း ငါမင်းကို နဂါးငွေ့တန်းဆီ ခေါ်သွားပေးမယ်။ မင်း ကောင်းကင်မြစ်ဒိုင်မန်းရှင်းထဲမှာ သွားပြီး အသိအမြင်တွေ ရနိုင်မလားဆိုတာ ကြည့်ရအောင်။ " အရှင်မိုရှုက ပြုံးပြီး ပြောလိုက်သည်။

ကောင်းကင်မြစ်ဒိုင်မန်းရှင်းကို ဖရိုဖရဲဟင်းလင်းပြင်က ထိန်းချုပ်ထားသော်လည်း လက်တွေ့ပိုင်ဆိုင်မှုမှာ လင်းယွမ်သာ ဖြစ်သည်။ အကယ်၍ အချိန်သက်ရှိတစ်ယောက်ကို ထိုနေရာသို့ ခေါ်သွားလိုလျှင် လင်းယွမ်၏ သဘောတူညီချက်ကို ရယူရန် လိုအပ်သည်။

" ကောင်းကင်မြစ်ဒိုင်မန်းရှင်းလား။ " လောဟောက်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

" နဂါးငွေ့တန်းက မင်းနောက်မှ အချိန်သက်ရှိ ဖြစ်လာတာဆိုပေမယ့် မင်း သူ့ကို ဘယ်လိုမှ ရန်စတာမျိုးမလုပ်ရဘူး။ " အရှင်မိုရှုက သတိပေးလိုက်သည်။

" နားလည်ပါပြီ။ " လောဟောက်က ပြောလိုက်သည်။

အရှင်မိုရှုက လောဟောက်ကို လင်းယွမ်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

" နဂါးငွေ့တန်း " အရှင်မိုရှုက နှုတ်ဆက်လိုက်သည်။

လောဟောက်က စိတ်ထဲမှ အံ့အားသင့်နေသည်။ ယခုအချိန်တွင် လင်းယွမ်က သူကို တစ်ချက်ကြည့်လိုက်ရုံနှင့် သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်ဟု သူခံစားနေရသည်။

" ဘာကိစ္စရှိလို့လဲ။ " လင်းယွမ်က မျက်လုံးများဖွင့်ပြီး အရှင်မိုရှုနှင့် လောဟောက်ကို ကြည့်လိုက်သည်။ သူက သူတို့၏ ရည်ရွယ်ချက်ကို သိရှိပြီးသားဖြစ်သည်။ ပထမအဆင့် အချိန်သက်ရှိများ၏ အနာဂတ် အချိန်အတိုင်းအတာများကို ရှင်းလင်းစွာ မြင်နိုင်လေသည်။

" လောဟောက်က သူ့ရဲ့နယ်ပယ်ကို တည်ငြိမ်အောင် လုပ်ပြီးသွားပြီ။ ဒါကြောင့် သူ့ကို ကောင်းကင်မြစ်ဒိုင်မန်းရှင်းထဲကို ခေါ်သွားချင်လို့ပါ။ " အရှင်မိုရှုက ပြောလိုက်သည်။

" အင်း " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " ကောင်းကင်မြစ်ဒိုင်မန်းရှင်းရဲ့ မူလရင်းမြစ်လည်ပတ်ပုံကို လေ့လာတာက ကိုယ်ပိုင်မူလတာအိုကို နားလည်ဖို့ အထောက်အကူ ဖြစ်စေတယ်။ "

" ကျေးဇူးတင်ပါတယ် နဂါးငွေ့တန်း။ " လောဟောက်က ဝမ်းသာသွားသည်။

ကောင်းကင်မြစ်ဒိုင်မန်ရှင်းက လင်းယွမ်၏ ပိုင်ဆိုင်မှုဖြစ်သွားပြီဖြစ်သောကြောင့် သူက ထိုနေရာသို့ သွားသည်နှင့် အခြားသူများနှင့် ယှဉ်ပြိုင်စရာမလိုဘဲ အကျိုးကျေးဇူးများကို တိုက်ရိုက်ခံစားနိုင်မည်ဖြစ်သည်။

" ကိစ္စမရှိဘူး။ ငါတို့က တူညီတဲ့ ဒိုင်မန်းရှင်းနယ်မြေကပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။

လောဟောက်နှင့် အရှင်မိုရှုတို့ ထွက်သွားပြီးနောက် လင်းယွမ်က ကျင့်ကြံခြင်းထဲသို့ တစ်ဖန် နစ်မြှုပ်သွားခဲ့သည်။

" အတိတ်ခန္ဓာ..." လင်းယွမ်က အတိတ်ကို ကြည့်လိုက်ပြီး သူ၏ အတိတ်ခန္ဓာကို အချိန်အတိုင်းအတာ၏ စီးဆင်းမှုနှင့် ဆန့်ကျင်ဘက်သို့ စူးစမ်းခိုင်းလိုက်သည်။

လွတ်မြောက်ခြင်းလမ်းစဉ်သုံးခုထဲတွင် ပြည့်စုံသော အချိန်သက်ရှိနှင့် အဆုံးမဲ့ကပ်ဘေးများကို စမ်းသပ်ရန် စွမ်းရည်များလိုအပ်သည်။ သို့သော် အဆုံးမဲ့မူလကိုမူ လင်းယွမ်က သုံးဘဝနည်းစနစ်ဖြင့် ကြိုတင်စူးစမ်းနိုင်သည်။

အတိတ်ကို စူးစမ်းခြင်းမှာ အဆုံးမဲ့မူလကြောင့်လည်း မဟုတ်။ အခြားသောအချိန်အရှင်သခင်များ၏ သတင်းစကားများကိုလည်း ထိုနေရာတွင် ရှာတွေ့နိုင်သည်။ အနာဂတ်က ပြောင်းလဲမှုများစွာကို ဖြစ်ပေါ်စေနိုင်သည်။

သို့သော် အတိတ်မှာမူ ပြောင်းလဲခြင်းမရှိဘဲ ၎င်းက အချိန်အရှင်သခင်များ ဆက်သွယ်ပြောဆိုရန်အတွက် ဆုံစည်းရန်နေရာလည်း ဖြစ်သည်။ လင်းယွမ်က အခြားအချိန်အရှင်သခင်များနှင့် အရောင်းအဝယ်ပြုလုပ်ရန်အတွက် သူတို့နှင့် တွေ့ဆုံရန် အလွယ်ကူဆုံး နည်းလမ်းမှာ အတိတ်ရှိ သတ်မှတ်ထားသော အချိန်လေဟာနယ်သို့ သွားရောက်ရမည်ဖြစ်သည်။

အချိန်အတိုင်းအတာက အနောက်သို့ အဆက်မပြတ် စီးဆင်းနေပြီး လင်းယွမ်က ပို၍ သတိထားနေသည်။

" ငါကလွဲရင် ကျန်တာအားလုံးက ပုံရိပ်ယောင်တွေလား။ " လင်းယွမ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ယခုအချိန်တွင် သူက လက်ရှိအချိန်မှ မဟာပျက်ဆီးခြင်းစက်ဝန်းနှစ်ခု ဝေးကွာသော အတိတ်အချိန်ကာလတစ်ခုတွင် ရှိနေသည်။

" ဘယ်လိုသဲလွန်စမှ ချန်ထားခဲ့လို့မရဘူး။ "

အတိတ်အချိန်အတိုင်းအတာတွင် သဲလွန်စများ ချန်ထားခဲ့ခြင်းမှာ အကျိုးသက်ရောက်မှု အမျိုးမျိုး ရှိနိုင်သည်။ အကယ်၍ အကျိုးသက်ရောက်မှုနည်းလျှင် အနာဂတ်အပေါ် ပြောင်းလဲမှုများ ဆောင်ကျဉ်းလာမည်မဟုတ်ဘဲ ပြဿနာရှိမည်မဟုတ်ပေ။

သို့သော် သိသာထင်ရှားခဲ့လျှင် ဥပမာ တစ်စုံတစ်ခုကို ထိခိုက်စေခဲ့လျှင် အချိန်အတိုင်းအတာမှ တန်ပြန်သက်ရောက်မှုကို ခံရနိုင်လေသည်။

All Chapters