အချိန်လေဟာနယ်ဆိုင်....
Vol. 80 Ch. 1107
" ချင်းရာတောင် " လင်းယွမ်က မဟာပျက်ဆီးခြင်းစက်ဝန်းနှစ်ခု ဆယ့်နှစ်ခု ဝေးသော အတိတ်သို့ ရောက်ရှိသွားပြီး ပတ်ဝန်းကျင်ရှိ ပုံရိပ်ယောင်များနှင့် လုံးဝမသက်ဆိုင်သော အပြာရောင်ရေခဲတောင်ကြီးကို ကြည့်လိုက်သည်။
ထိုအပြာရောင်ရေခဲတောင်က အလွန်ထင်ရှားနေပြီး ဤကာလကို စူးစမ်းသည့် အချိန်အရှင်သခင်တိုင်း ၎င်းကို တွေ့ရှိနိုင်သည်။ တတိယအဆင့် အချိန်အရှင်သခင်များအတွက် အချင်းအချင်း အပြန်အလှန် ဆက်သွယ်နိုင်မည့် နေရာတစ်ခု တည်ထောင်ရန်မှာ မခက်ခဲပေ။
" ဝင်ကြည့်လိုက်မယ်။ " လင်းယွမ်က တွေးပြီး တိုက်ရိုက်လှမ်းဝင်လိုက်သည်။
အတိတ်အချိန်အတိုင်းအတာတွင် ဆက်သွယ်ရေးနေရာတစ်ခု တည်ထောင်ခြင်းမှာ ဘေးကင်းလုံခြုံရန်လည်း လိုအပ်သည်။ ထိုနေရာများကို ဝင်ရောက်လာသူများက လက်ရှိအချိန်အတိုင်းအတာမှ မဟုတ်ကြသဖြင့် သူတို့က မဆင်မခြင် ပြုမူကြမည်မဟုတ်ပေ။
ချင်းရောတောင်အတွင်း၌ ကျယ်ပြောလှသော ကမ္ဘာတစ်ခုရှိနေပြီး ကြောက်စရာကောင်းသော တည်ရှိမှုများက သုံးယောက်တစ်စု နှစ်ယောက်တစ်စု စုဝေးကြပြီး သူတို့အားလုံးက အချိန်အရှင်သခင်များ ဖြစ်ကြသည်။
ပုံမှန်အားဖြင့် အချိန်အရှင်သခင်များက အခြားအချိန်အရှင်သခင်များနှင့် အချိန်မရွေး လဲလှယ်မှုများ ပြုလုပ်ရန်အတွက် ချင်းရာတောင်အတွင်း ကိုယ်ပွားတစ်ခု ချန်ခဲ့ကြသည်။
လင်းယွမ် ဝင်ရောက်သွားချိန်တွင် သူက အခြားအချိန်အရှင်သခင်များ၏ အာရုံစိုက်မှုကို မခံခဲ့ရပေ။ ပြင်ပကမ္ဘာတွင် အချိန်အရှင်သခင်များက အလွန်ရှားပါးပြီး ကျယ်ပြောလှသော ဒိုင်မန်းရှင်းအက်ကြောင်းများကြားတွင် ရှာဖွေရန် ခက်ခဲလှသည်။ သို့သော် ဤနေရာကို ဝင်ရောက်နိုင်သူအားလုံးက အချိန်အရှင်သခင်များ ဖြစ်ကြသည်။
" အချိန်လေဟာနယ်ဆိုင်..." လင်းယွမ်က အဆောက်အဦးတစ်ခုဆီသို့ ချဉ်းကပ်သွားသည်။
ချင်းရာတောင်က အချိန်အရှင်သခင်အဆင့် လဲလှယ်မှု ပြုလုပ်သည့်နေရာဖြစ်သဖြင့် အရောင်းအဝယ်ပြုလုပ်သည့်နေရာလည်း ရှိသည်။
လင်းယွမ်က အတွင်းသို့ ဝင်လိုက်သည်နှင့် မျက်လုံးဆယ့်နှစ်လုံးသက်ရှိက ချက်ချင်း ကြိုဆိုလိုက်သည်။
" ဘာရှာနေတာလဲ မေးပါရစေ။ " မျက်လုံးဆယ့်နှစ်လုံးသက်ရှိက ညင်သာစွာ ပြောလိုက်သည်။
" ဖိအားက ပြင်းထန်လှချည်လား။ " လင်းယွမ်က အနည်းငယ် အံ့ဩသွားသည်။ ထိုမျက်လုံးဆယ့်နှစ်လုံးသက်ရှိက ကိုယ်ပွားတစ်ခုသာ ဖြစ်သော်လည်း သူ့ကို သုံးဘဝအင်မော်တယ်ဧကရာဇ်ထက် ပို၍ ပြင်းထန်သော ဖိအားကို ပေးနေသည်။
" ကျုပ် တတိယအဆင့် ပစ္စည်းအချို့ လိုချင်တယ်။ " လင်းယွမ်က ပြေလိုက်သည်။
" ကြည့်လိုက်ပါ။ " မျက်လုံးဆယ့်နှစ်လုံးသက်ရှိက ဘာမှမပြောဘဲ လက်ဝေ့ရမ်းလိုက်ပြီး အလင်းမျက်နှာပြင်များ ပေါ်လာသည်။
အပေါ်တွင် အချိန်အရှင်သခင်အဆင့် ပစ္စည်းများစွာကို မှတ်တမ်းတင်ထားသည်။ စျေးနှုန်းများက အနိမ့်မှ အမြင့်ထိ ရှိနေပြီး အနိမ့်ဆုံးမှာ အချိန်သဲတစ်သောင်းမှ အမြင့်ဆုံးမှာ အချိန်သဲ ဘီလီယံချီ ရှိနေသည်။ အချို့မှာ အချိန်သဲနှင့် လဲလှယ်၍မရဘဲ ကုန်ပစ္စည်းချင်း လဲလှယ်ရန် လိုအပ်သည်။
" စျေးအရမ်းကြီးတာပဲ။ " လင်းယွမ်က သူ့ကိုသူ အလွန်ဆင်းရဲနေကြောင်း သိရှိသွားသည်။ သူက အချိန်အရှင်သခင်အဆင့် စွမ်းအားမျိုး ရှိသည်မှာ ခဏသာ ဖြစ်သောကြောင့် သူ့အတွက် စုဆောင်းချိန် အနည်းငယ်သာ ရှိသည်။
" ကျုပ် နည်းနည်းလောက် ထပ်ပြီး စဉ်းစားလိုက်ပါဦးမယ်။ " လင်းယွမ်က ပြောလိုက်သည်။
" ကိစ္စမရှိဘူး။ " မျက်လုံးဆယ့်နှစ်လုံးသက်ရှိက ပြောလိုက်သည်။
" မင်းက ချင်းရာတောင်ကို အခုမှရောက်ဖူးတာထင်တယ်။ မင်း တတိယအဆင့်ကို ရောက်တာ မကြာသေးဘူးမဟုတ်လား။ " မျက်လုံးဆယ်နှစ်လုံးသက်ရှိက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
" ဟုတ်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
အတွေ့အကြုံရှိသော အချိန်အရှင်သခင်အများစုက ချင်းရာတောင်တွင် ကိုယ်ပွားတစ်ခု ချန်ထားခဲ့ကြသည်။ လင်းယွမ်က ယခုမှ ရောက်လာခြင်းဖြစ်ပြီး ၎င်းက အသစ်တက်လှမ်းလာသော အချိန်အရှင်သခင်များတွင် ဖြစ်လေ့ဖြစ်ထရှိသော အရာဖြစ်သည်။
" ငါတို့ အချိန်သက်ရှိတွေက မရေတွက်နိုင်တဲ့ ကပ်ဘေးတွေကို ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးမှာ တတိယအဆင့်ကို ရောက်လာခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှ လွတ်မြောင်းလမ်းစဉ်က ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိလာရတော့တာပဲ။ " မျက်လုံးဆယ့်နှစ်လုံးသက်ရှိက ပြောလိုက်သည်။
ပထမအဆင့်နှင့် ဒုတိယအဆင့် အချိန်သက်ရှိများ၏ အမြင်တွင် အချိန်အရှင်သခင်များက အလွန်မြင့်မားလှပြီး မယုံကြည်နိုင်သော နည်းလမ်းများဖြင့် အတိတ်အချိန်အတိုင်းအတာများကို ဖြတ်ကျော်သွားလာကြသူများဖြစ်သည်။
သို့သော် လင်တွေ့တွင်မူ အချိန်အရှင်သခင်များ ရင်ဆိုင်နေရသော ခက်ခဲမှုက ပထမအဆင့်နှင့် ဒုတိယအဆင့် အချိန်သက်ရှိများထက် အဆပေါင်းများစွာ ပိုမိုမျှော်လင့်ချက်ကင်းမဲ့လှသည်။ လွတ်မြောက်ခြင်းလမ်းစဉ်များက တစ်ချက်မှားရုံနှင့် ပျက်စီးခြင်းကို ဦးတည်သွားမည်ဖြစ်သည်။
" ဟုတ်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
အချိန်အရှင်သခင်များက ဘာမှမလုပ်ဘဲနေလျှင် သူတို့က သက်သောင့်သက်သာ နေထိုင်နိုင်သည်။ သို့သော် လွတ်မြောက်ခြင်းလမ်းစဉ်သုံးခုက အချိန်အရှင်သခင်များ၏ မက်မောမှုကို တားဆီးထားနိုင်မည်မဟုတ်ပေ။
နယ်ပယ်ပိုမြင့်မားလေ အမြင်မှာ ပိုစူးရှလေဖြစ်ပြီး မိမိတို့၏ ကံကြမ္မာကို ချိုးဖျက်လိုသော ဆန္ဒမှာ ပို၍ ကြီးမားလေဖြစ်သောကြောင့် နောက်ဆုံးတွင် လွတ်မြောက်ခြင်းလမ်းစဉ်များကို ဆက်တိုက်စမ်းသပ်ကြလိမ့်မည်ဖြစ်ပြီး အဆုံးတွင် ထိုလမ်းစဉ်များ၌သာ သေဆုံးသွားရမည်ဖြစ်သည်။
" တတိယအဆင့်ကို အခုမှ တက်လှမ်းလာတာဆိုတော့ အချိန်သဲတွေ အများကြီး မရှိလောက်သေးဘူး။ မင်း အချိန်သဲအချို့ ရှာဖွေဖို့ စိတ်ဝင်စားလား။ " မျက်လုံးဆယ့်နှစ်လုံးသက်ရှိက ခဏစဉ်းစားပြီး ပြောလိုက်သည်။
" အချိန်သဲရှာဖွေဖို့လား။ " လင်းယွမ်က စိတ်ဝင်စားသွားသည်။ ဘယ်လိုရှာရမှာလဲ။ "
" မကြာခင် ဝမ်ဝေဟင်းလင်းပြင်ပွင့်တော့မယ်။ အချိန်အရှင်သခင်အများစုက ပူးပေါင်းပြီး ရှာဖွေဖို့ ပြင်ဆင်နေကြတယ်။ အတွင်းမှာ ရှာဖွေဖို့ တတိယအဆင့်အဖော်တစ်ယာက်ကို ရှာနေတဲ့ အချိန်အရှင်သခင်အချို့ကို ငါသိထားတယ်။ မင်းစိတ်ဝင်စားလား။ " မျက်လုံးဆယ့်နှစ်လုံးသက်ရှိက ပြောလိုက်သည်။
" ဝမ်ဝေဟင်းလင်းပြင်လား။ " လင်းယွမ်က အနည်းငယ် အံ့ဩသွားသည်။
" ဝမ်ဝေဟင်းလင်းပြင်ဆိုတာ ဝမ်ဝေအရှင်သခင် ပြည့်စုံတဲ့ အချိန်သက်ရှိ ဖြစ်လာဖို့ ကြိုးစားရာမှာ မကျဆုံးခင် သူ့ရဲ့ အနှစ်သာရအားလုံးကို စုစည်းပြီး တည်ဆောက်ခဲ့တဲ့ အထူးအချိန်လေဟာနယ်တစ်ခုပဲ။ " မျက်လုံးဆယ့်နှစ်လုံးသက်ရှိက ဆက်ပြောလိုက်သည်။
" ဝမ်ဝေအရှင်သခင်က အဆုံးမဲ့ကပ်ဘေးရဲ့ တတိယအဆင့် သန်းပေါင်းနှစ်ရာရှိတဲ့ ကပ်ဘေးတွေကို ဖြတ်ကျော်ခဲ့တယ်လို့ ပြောကြတယ်။ အဆုံးမှာ သူဘာဖြစ်ခဲ့တယ်ဆိုတာ မသိပေမယ့် သူက အဆုံးမဲ့ကပ်ဘေးကို စွန့်လွှတ်ပြီး ပြည့်စုံတဲ့ အချိန်သက်ရှိဖြစ်လာဖို့ ကြိုးစားခဲ့တယ်။ "
အဆုံးမဲ့ကပ်ဘေးတွင် တတိယအဆင့်မှာ နောက်ဆုံးအဆင့်ဖြစ်ပြီး ကပ်ဘေး ၃၃၀ကို ဖြတ်ကျော်ရမည်ဖြစ်သည်။ ဝမ်ဝေအရှင်သခင်က တတိယအဆင့် ကပ်ဘေးသန်းနှစ်ရာကို ဖြတ်ကျော်နိုင်ခဲ့သောကြောင့် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
သို့သော် နောက်ဆုံးတွင် သူက အဆုံးမဲ့ကပ်ဘေလမ်းစဉ်ကို စွန့်လွှတ်ခဲ့ပြီး အသက်အန္တရာယ်ရှိသော ပြည့်စုံသောအချိန်သက်ရှိလမ်းစဉ်ကို ရွေးချယ်ခဲ့သည်။
" ဝမ်ဝေအရှင်သခင် " လင်းယွမ်က စိတ်ထဲမှာ အံ့ဩသွားသည်။
အဆုံးမဲ့ကပ်ဘေးလမ်းစဉ်တွင် ကပ်ဘေးတစ်ခုစီကို ဖြတ်ကျော်ပြီး မိမိ၏ ခွန်အားကို နည်းနည်းစီ မြှင့်တင်နိုင်သည်။ တတိယအဆင့် ကပ်ဘေးသန်းနှစ်ရာကို ဖြတ်ကျော်ပြီးသော ဝမ်ဝေ့အရှင်သခင်က မည်မျှသန်မာမလဲ စဉ်းစားကြည့်နိုင်သည်။ ထိုအဆင့်သို့ ရောက်သူများက လွတ်မြောက်ခြင်း၏ မျှော်လင့်ချက်ကို မြင်နေရပြီဖြစ်သည်။
"ဝမ်ဝေဟင်းလင်းပြင်က ဝမ်ဝေအရှင်သခင် မကျဆုံးခင် တည်ဆောက်ခဲ့တာဖြစ်လို့ သူက နောက်ဆုံး ပြည့်စုံတဲ့အချိန်သက်ရှိဖြစ်အောင် ကြိုးစားခဲ့တဲ့အကြောင်းရင်း အပါအဝင် အခြားလျို့ဝှက်ချက်တွေလည်း ရှိနေတယ်။ "
"ဒါ့အပြင် ဝမ်ဝေ့ ဟင်းလင်းပြင်မှာ ဝမ်ဝေအရှင်သခင်ရဲ့ ရတနာတွေအားလုံးလည်း ရှိနေတယ်။ သူက အရမ်းရှေးကျတဲ့သူဖြစ်လို့ သူစုဆောင်းထားတဲ့ ရတနာနည်းနည်းကတောင် သာမန်အချိန်အရှင်သခင်တွေကို ရူးသွပ်သွားစေနိုင်တယ်။ " မျက်လုံးဆယ့်နှစ်လုံးသက်ရှိက ပြောလိုက်သည်။ " ဒါကြောင့် ဝမ်ဝေဟင်းလင်းပြင်ပွင့်တိုင်း အချိန်အရှင်သခင်များစွာကို ဆွဲဆောင်နိုင်တယ်။ "
" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " လိုအပ်ချက်တွေက ဘာတွေလဲ။ "
" ခဏစောင့်ဦး။ ငါသူတို့ကို မင်းနဲ့ စကားပြောခိုင်းလိုက်မယ်။ " မျက်လုံးဆယ့်နှစ်လုံးသက်ရှိက ချက်ချင်း ဆက်သွယ်လိုက်သည်။
မကြာမီ အဖြူရောင်မြူခိုးများနှင့် ဖွဲ့စည်းထားသော ပုံရိပ်တစ်ခုက ဝင်ရောက်လာသည်။
" ယဲ့ဝူ ငါ မင်းအတွက် အချိန်အရှင်သခင်တစ်ယောက် ရှာပေးထားတယ်။ "
" အင်း " ယဲ့ဝူက ခေါင်းညိမ့်ပြီး လင်းယွမ်ကို ကြည့်လိုက်သည်။ " ငါ့ကို ယဲ့ဝူလို့ ခေါ်နိုင်တယ်။ ဝမ်ဝေဟင်းလင်းပြင်ကို စူးစမ်းတာနဲ့ ပက်သက်ပြီးတော့ ဆိုင်ရှင်က မင်းကို ပြောပြပြီးလောက်ပြီ။ "
" သူအချို့အရာတွေကို ပြောပြီးပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" မင်းငါတို့နဲ့ ပူးပေါင်းရင် အများကြီး လုပ်ပေးစရာမလိုဘူး။ အရေးကြီးတဲ့အချိန်မှာ တိုက်ခိုက်ပေးဖို့ပဲ လိုတယ်။ တကယ်လို့ မင်းရဲ့ အဓိကတိုက်ခိုက်ရေးခန္ဓာ ကျဆုံးသွားရင်လည်း ငါတို့က လျော်ကြေးထပ်ပေးမယ်။ " ယဲ့ဝူက ပြောလိုက်သည်။
" အဲ့ဒီကာလအတွင်းမှာ မင်းက ငါတို့ရဲ့ အမိန့်အတိုင်း လုပ်ဆောင်ရမယ်။ ဆုံးရှုံးမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ရင် ငါတို့ မင်းကို လျော်ကြေးပေးနိုင်တယ်။ "
" အင်း " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" အလုပ်ပြီးမြောက်သွားရင် အခကြေးငွေ အချိန်သဲပေါင်တစ်သောင်းပေးမယ်။ "ယဲ့ဝူက ပြောလိုက်သည်။
" အချိန်သဲ ပေါင်တစ်သောင်းလား။ " လင်းယွမ်က ကျေနပ်သွားသည်။
လက်ရှိတွင် သူ၏ ပိုင်ဆိုင်မှုအားလုံးက အချိန်သဲပေါင်နှစ်ထောင်သုံးထောင်သာ ရှိသည်။ အချိန်သဲပေါင်တစ်သောင်းဆိုသည်မှာ ဒုတိယအဆင့် အချိန်သက်ရှိများ နှစ်ပေါင်းများစွာ စုဆောင်းထားသော ပမာဏနှင့် ညီမျှသည်။ ထို့အပြင် ၎င်းက အချိန်အရှင်သခင်တစ်ယောက်၏ လှုပ်ရှားမှုတစ်ခုအတွက် ပေးရသော ပမာဏဖြစ်သည်။