← Chapters

ဝမ်ဝေဟင်းလင်းပြင်အကြောင်း...

Vol. 80 Ch. 1108

ဝမ်ဝေဟင်းလင်းပြင်အကြောင်း...

Vol. 80 Ch. 1108

" ဝမ်ဝေဟင်းလင်းပြင်ကို စူးစမ်းဖို့ အချိန်ဘယ်လောက်ကြာနိုင်လဲ။ " လင်းယွမ်က မေးလိုက်သည်။

" နှစ်ပေါင်းတစ်သန်းကနေ ဆယ်သန်းအထိ ကြာနိုင်တယ်။ " ယဲ့ဝူက ပြန်ပြောလိုက်သည်။

" နှစ်ပေါင်းတစ်သန်းကနေ ဆယ်သန်းလား။ " လင်းယွမ်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ " ဒီအချိန်တစ်ခုလုံး မင်းရဲ့ အမိန့်ကို နာခံနေရမှာလား။ "

" ဟုတ်တယ်။ " ယဲ့ဝူက ခေါင်းညိမ့်လိုက်သည်။

" အချိန်က အရမ်းကြာလွန်းတယ်။ " လင်းယွမ်က တိုက်ရိုက်ပြောလိုက်သည်။

သူ၏ လက်ရှိ ကျင့်ကြံနှုန်းအရဆိုလျှင် အများဆုံး နှစ်ပေါင်းတစ်သိန်းအတွင်း သူက အချိန်အရှင်သခင်တစ်ယောက် ဖြစ်လာနိုင်သည်။ ထို့အပြင် လင်းယွမ်၏ အခြေခံအရ သူက အချိန်အရှင်သခင်ဖြစ်လာသည်နှင့် သန်မာသော အချ်န်အရှင်သခင်များကြားတွင် နေရာယူနိုင်မည်ဖြစ်သည်။

" ဒါဆို မင်း ဘယ်လောက်ကြာထိ နေနိုင်လဲ။ " ယဲ့ဝူက မေးလိုက်သည်။

" နှစ်ပေါင်းငါးသောက်ထက် ပိုလို့မရဘူး။ " လင်းယွမ်က ပြောလိုက်သည်။ " တကယ်လို့ နှစ်ပေါင်းငါးသောင်းကျော်သွားရင် အချိန်သဲတိုးပေးရမယ်။ "

" ဒါဆိုလည်း ထားလိုက်​တော့။ " ယဲ့ဝူက ခေါင်းခါလိုက်ပြီး ထွက်ခွာသွားသည်။ " ဆိုင်ရှင် ငါသွားတော့မယ်။ "

နှစ်ဖက်လုံးက တစ်ယောက်၏ တောင်းဆိုမှုကို တစ်ယောက်က လက်မခံနိုင်သောကြောင့် အပေးအယူက ပျက်သွားခဲ့သည်။

အချိန်လေဟာနယ်ဆိုင်၏ အပြင်ဘက်တွင် ယဲ့ဝူ၏ ရှေ့၌ မျက်လုံးဆယ့်နှစ်လုံးသက်ရှိ၏ ပုံရိပ်တစ်ခု ပေါ်လာသည်။

" ယဲ့ဝူ မင်း ဒီထက်ပိုပြီး ကမ်းလှမ်းသင့်တယ်။ " မျက်လုံးဆယ့်နှစ်လုံးသက်ရှိက ပြောလိုက်သည်။ " မင်းတောင်းဆိုထားတဲ့ လိုအပ်ချက်တွေနဲ့ အသစ်တက်လှမ်းလာတဲ့ အချိန်အရှင်သခင်တွေကို လှည့်စားနေတာလား။ ဝမ်ဝေဟင်းလင်းပြင်ကို စူးစမ်းနေတုန်း ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရင် လျော်ကြေးပေးမှာလား။ တကယ်လို့ ပြန်ပြင်လို့မရတဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရင် မင်းဘယ်လိုလျော်ကြေးမျိုး ပေးနိုင်မှာလဲ။ "

" ဝမ်ဝေဟင်းလင်းပြင် ပွင့်ရင် ကြောက်စရာကောင်းတဲ့ အချိန်အရှင်သခင်တွေ ရောက်လာမှာပဲ။ အချိန်အရှင်သခင်တစ်ယောက်ကို မင်းရဲ့ အမိန့် နာခံဖို့ တောင်းဆိုပြီးတော့ အချိန်သဲပေါင်တစ်သောင်းပဲပေးတာလား။ "

" နှစ်ပေါင်းတစ်သန်း ဒါမှမဟုတ် ဆယ်သန်းအတွင်းမှာ အချိန်သဲပေါင်တစ်သောင်းရဖို့ ကြိုးစားတာပဲ။ ဘယ်လိုလုပ်စွန့်စားမှုမရှိဘဲ နေမှာလဲ။ " ယဲ့ဝူက အေးစက်စွာ ပြောလိုက်သည်။ " တကယ်လို့ ငါက အချိန်သဲ ဒီထက်ပိုပြီး ကမ်းလှမ်းမယ်ဆိုရင် ဘာလို့ ဝါရင့်အချိန်အရှင်သခင်တစ်ယောက်ကို မရှာဘဲ နေမှာလဲ။ "

" ဆိုင်ရှင် မင်းက အရမ်းကြင်နာလွန်းတယ်။ သူက နည်းနည်းတို့ပေးဖို့ ပြောတာနဲ့ မင်းက ငါ့ကို တိုးပေးခိုင်းနေတာလား။ " ယဲ့ဝူက ရယ်မောလိုက်သည်။ " ငါ့ရဲ့ အမြင်မှာတော့ အဲ့ဒီအသစ်တက်လှမ်းလာတဲ့ အချိန်အရှင်သခင်က အဲ့ဒီစျေးနဲ့ပဲ ထိုက်တန်ပါတယ်။ "

အချိန်လေဟာနယ်ဆိုင်အတွင်း မျက်လုံးဆယ့်နှစ်လုံးသက်ရှိက လင်းယွမ်ကို ကြည့်လိုက်သည်။ " ယဲ့ဝူက ဒီလိုပဲ။ စိတ်ထဲမထားနဲ့။ "

" ကိစ္စမရှိဘူး။ " လင်းယွမ်က ပြောလိုက်သည်။

" ဒါဆိုကောင်းတာပေါ့။ " မျက်လုံးဆယ့်နှစ်လုံးသက်ရှိ၏ ခုနှစ်ခုမြောက် မျက်လုံးက ဝေဝါးသွားပြီး လင်းယွမ်၏ အတိတ်နှင့် အနာဂတ်တို့ကို ကြည့်ရှုလိုက်သည်။

" အချိန်အရှင်သခင်တစ်ယောက်ဖြစ်နေပြီကို ဘာလို့ အချိန်အတိုင်းအတာတွေက ကွဲထွက်နေတဲ့ သဲလွန်စတွေ ရှိနေသေးတာလဲ။ "မျက်လုံးဆယ့်နှစ်လုံးသက်ရှိ၏ စိတ်ထဲတွင် နားမလည်နိုင်ဖြစ်သွားသည်။

အချိန်အရှင်သခင်များက သူတို့၏ ကိုယ်ပိုင်အချိန်အတိုင်းအတာများနှင့် ပက်သက်၍ အလွန်သတိကြီးကြသည်။ သူတို့က ၎င်းတို့ကို ဖုံးကွယ်ရန် အစွမ်းကုန် ကြိုးစားကြမည်ဖြစ်သည်။ သို့သော် မျက်လုံးဆယ့်နှစ်လုံးသက်ရှိက ထူးခြားသော ပါရမီရှိပြီး လင်းယွမ်၏ အချိန်အတိုင်းအတာကို မကြည့်ရှုနိုင်သော်လည်း အချိန်အတိုင်းအတာများက အပြည့်အဝ မစုစည်းသေးသည်ကို သတိပြုမိလေသည်။

အချိန်အရှင်သခင်များက ယေဘုယျအားဖြင့် သူတို့၏ အချိန်အတိုင်းအတာများကို အပြည့်အဝ စုစည်းပြီးသားဖြစ်သည်။ လင်းယွမ်ကဲ့သို့ အချိန်အတိုင်းအတာများ မစုစည်းသေးသူများအတွက်မူ ဖြစ်နိုင်ခြေများစွာမရှိပေ။

ဥပမာ ပိုမိုဖြစ်နိုင်ခြေရှိသော အနာဂတ်ကို စီစဉ်ရန် ယခင်က စုစည်းပြီးသား အချိန်အတိုင်းအတာများကို တမင် ပြန်လည်ခွဲထုတ်သော အချို့လျို့ဝှက်နည်းစနစ်များကို ​ကျင့်ကြံနေခြင်းမျိုးဖြစ်နိုင်သည်။ သို့မဟုတ် စစ်မှန်သော အချိန်အတိုင်းအတာကို ဖုံးကွယ်ရန်အတွက် အချိန်အတိုင်းအတာများကို တမင်ပြန့်ကျဲနေအောင် လုပ်ဆောင်ထားခြင်း ဖြစ်သည်။

ထိုဖြစ်နိုင်ခြေများ ရှိနေသော်လည်း ၎င်းတို့အားလုံးမှာ အင်အားကြီးမားသော အချိန်အရှင်သခင်များ၏ လုပ်ရပ်များသာ ဖြစ်ပြီး လင်းယွမ်ကဲ့သို့ အသစ်တက်လှမ်းလာသော အချိန်အရှင်သခင်များအတွက် အချိန်အတိုင်းအတာများကို အလွယ်တကူ ခွဲထွက်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

" ဘာပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားရမယ်။ " မျက်လုံးဆယ့်နှစ်လုံးသက်ရှိက တွေးလိုက်သည်။

" ဝမ်ဝေဟင်းလင်းပြင်နဲ့ ပက်သက်တဲ့ သတင်းအချက်အလက်တွေ ရှိလား။ " လင်းယွမ်က မေးလိုက်သည်။

သူက ယခုအခါ ဝမ်ဝေဟင်းလင်းပြင်ကို စိတ်ဝင်စားနေပြီဖြစ်သည်။ ဝမ်ဝေအရှင်သခင်၏ စွမ်းအားက သူကြုံတွေ့ဖူးသမျှ အချိန်အရှင်သခင်များထဲတွင် သေချာပေါက် အသန်မာဆုံးဖြစ်ပြီး အဆုံးမဲ့ကပ်ဘေး၏ တတိယအဆင့် ကပ်ဘေးသန်းနှစ်ရာကို ဖြတ်ကျော်ထားသူဖြစ်သည်။

" ရှိတယ်။ ပြည့်စုံတဲ့ သတင်းအချက်အလက်တွေအတွက် အချိန်သဲ ပေါင်တစ်ထောင်ကျသင့်တယ်။ ဒါပေမယ့် မင်းကို စျေးလျှော့ပြီ ပေါင်ငါးရာပဲယူလိုက်မယ်။ " မျက်လုံးဆယ့်နှစ်လုံးသက်ရှိက ပြောလိုက်သည်။

" အင်း " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ဝမ်ဝေဟင်းလင်းပြင်က အကြိမ်ပေါင်းများစွာ ပွင့်ဖူးသဖြင့် သတင်းအချက်အလက်အများစုမှာ လျို့ဝှက်ချက်မဟုတ်တော့ပေ။ မဟုတ်လျှင် စျေးနှုန်းက အဆပေါင်း ထောင်ချီသောင်းချီ မြင့်မားနေပေလိမ့်မည်။

လင်းယွမ်က ဝမ်ဝေဟင်းလင်းပြင်နှင့် ပက်သက်သော သတင်းအချက်အလက်များကို ရရှိခဲ့သည်။

" မင်းဘယ်လိုထင်လဲ။ ခဏလောက် စောင့်ကြည့်ချင်လား။ အချိန်သဲပေါင်တစ်သောင်းက နည်းနေသေးတယ်။ ဒီထက်ပိုပြီး ကမ်းလှမ်းနိုင်တဲ့ အခြားအချိန်အရှင်သခင်တွေ ရှိလာနိုင်တယ်။ " မျက်လုံးဆယ့်နှစ်လုံးသက်ရှိက ပြောလိုက်သည်။

" ထားလိုက်ပါတော့။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

အချိန်သဲပေါင်တစ်သောင်းထက် ပိုလျှင်တောင် အနည်းငယ်သာ ဖြစ်ပေလိမ့်မည်။ မျက်လုံးဆယ့်နှစ်လုံးသက်ရှိက ဝင်ပြောခဲ့လျှင်တောင် အခြားအချိန်အရှင်သခင်များ၏ အမြင်တွင် လင်းယွမ်က အချိန်အရှင်သခင်အသစ်တစ်ယောက်သာ ဖြစ်သောကြောင့် အချိန်သဲအမြောက်အမြားကို ကမ်းလှမ်းမည်မဟုတ်ပေ။

" တကယ်လို့ မင်းက ဝမ်ဝေဟင်းလင်းပြင်ကို တစ်ယောက်တည်း စူးစမ်းဖို့ စီစဉ်ထားတယ်ဆိုရင် အခြားအချိန်အရှင်သခင်တွေကို သတိထားဖို့ လိုလိမ့်မယ်။ " မျက်လုံးဆယ့်နှစ်လုံးသက်ရှိက လင်းယွမ်၏ အတွေကို ခန့်မှန်းပြီး သတိပေးလိုက်သည်။

" ဝမ်ဝေအရှင်သခင်က အနာဂတ်က အချိန်အရှင်သခင်တွေကို မနာလိုဖြစ်မှာမဟုတ်ဘူး။ သူဖွင့်လှစ်ခဲ့တဲ့ ဝမ်ဝေဟင်းလင်းပြင်ထဲမှာ အန္တရာယ်တွေ ရှိနေနိုင်ရင်တောင် အဲ့ဒါတွေက စိတ်အသိနဲ့ စိတ်စွမ်းအားကို ထိခိုက်စေမှာမဟုတ်ဘူး။ ဒါပေမယ့် အခြားအချိန်အရှင်သခင်တွေကတော့မတူဘူး။ "

အချိန်အရှင်သခင်တစ်ယောက်ကို သတ်ဖြတ်ရန် အလွန်ခက်ခဲသော်လည်း အင်အားကြီးသော အချိန်အရှင်သခင်များနှင့် ရင်ဆိုင်ရလျှင် ပြင်င်၍မရသော ထိခိုက်မှုများ ဖြစ်စေနိုင်သည်။

" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

" တကယ်လို့ မင်း ရန်သူအချို့နဲ့ ကြုံတွေ့ခဲ့ရင် ငါ့နာမည်ကို အသုံးပြုနိုင်တယ်။ ဒ​ဏ္ဍာရီလာအချိန်အရှင်သခင်တွေမဟုတ်သရွေ့တော့ ငါ့နာမည်က အသုံးဝင်မှာပါ။ " မျက်လုံးဆယ့်နှစ်လုံးသက်ရှိက ခဏစဉ်းစားပြီး ပြောလိုက်သည်။

သူက အဆုံးမဲ့ကပ်ဘေး၏ ဒုတိယအဆင့် နောက်ဆုံးကပ်ဘေးများကို ရောက်ရှိနေပြီဖြစ်သောကြောင့် အချိန်အရှင်သခင်များကြားတွင် ကျော်ကြားသည်။ တတိယအဆင့်ရှိ ဒဏ္ဍာရီလာ အချိန်အရှင်သခင်များနှင့် မရင်ဆိုင်ရသရွေ့ မည်သူကမှ သူ့ကို ရန်စရဲမည်မဟုတ်ပေ။

" ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ကျေနပ်သွညးသည်။

အချိန်အရှင်သခင်တစ်ယောက်၏ နာမည်က ပေါ့ပေါ့ပါးပါး ရည်ညွှန်းပြောဆို၍ မရပေ။ သူတို့၏ နာမည်ကို ခေါ်သည်နှင့် ချက်ချင်း အာရုံခံနိုင်ပြီး တုန့်ပြန်မှုတစ်ခု လုပ်နိုင်သောကြောင့်ဖြစ်သည်။

မျက်လုံးဆယ့်နှစ်လုံးသက်ရှိထံမှ ထိုကတိကဝတ်ကို သိပြီးနောက် လင်းယွမ်က ဘေးအန္တရာယ်များမှ ကင်းဝေးသွားပြီဖြစ်သည်။ တတိယအဆင့် ဒဏ္ဍာရီလာ အချိန်အရှင်သခင်များက အလွန်ရှားပါးလှသည်။ အကယ်၍ ဝမ်ဝေဟင်းလင်းပြင်ပွင့်လာသည်နှင့် သူတို့က အနက်ရှိုင်းဆုံးအထိ တိုက်ရိုက်သွားကြမည်ဖြစ်ပြီး လင်းယွမ်ကဲ့သို့ အသစ်တက်လှမ်းလာသော အချိန်အရှင်သခင်များကို ဂရုစိုက်ကြမည်မဟုတ်ပေ။

All Chapters