← Chapters

စတုတ္ထရင်းမြစ်ကမ္ဘာ...

Vol. 80 Ch. 1109

စတုတ္ထရင်းမြစ်ကမ္ဘာ...

Vol. 80 Ch. 1109

ဖရိုဖရဲဟင်းလင်းပြင်တွင် လင်းယွမ်က ခြေချိတ်ထိုက်နေပြီး ဝမ်ဝေဟင်းလင်းပြင်နှင့် ပက်သက်သော အချက်အလက်များကို ကြည့်ရှုနေသည်။

ဝမ်ဝေအရှင်သခင်က အဆုံးမဲ့ကပ်ဘေး၏ နောက်ဆုံးအဆင့်များထိ တက်လှမ်းနိုင်ခဲ့ရုံသာမက အဆုံးမူလ လွတ်မြောက်ခြင်းလမ်းစဉ်တွင်လည်း အလွန်ရှေးကျသော ကာလများအထိ စူးစမ်းနိုင်ခဲ့သည်။ ထို့အပြင် ဝမ်ဝေအရှင်သခင်က စိတ်ဝိညာဉ်ပြည့်စုံခြင်းလမ်းစဉ်တွင်လည်း အမြင့်ဆုံးအောင်မြင်ခဲ့သူဖြစ်သည်။

ဝမ်ဝေအရှင်သခင်ခေတ်တွင် လွတ်မြောက်ခြင်းလမ်းစဉ်သုံးခုအပြင် အခြားသောအရာများလည်း ရှိခဲ့ဖူးသည်။ ၎င်းတို့ထဲမှာ စိတ်ဝိညာဉ်ပြည့်စုံခြင်း လမ်းစဉ်ကိုလည်း အချိန်အရှင်သခင်များက အသိအမှတ်ပြုခဲ့ကြသည်။

ပြည့်စုံသော စိတ်ဝိညာဉ်က အပြစ်အနာဆာကင်းပြီး သန့်ရှင်းသော အခြေအနေသို့ ရောက်ရှိခြင်းကို ဆိုလိုပြီး ထိုပြည့်စုံသော စိတ်ဝိညာဉ်ဖြင့် ပြည့်စုံသော စိတ်ကို ပျိုးထောင်ပြီး စိတ်စွမ်းအားမှတစ်ဆင့် လွတ်မြောက်ခြင်းဖြစ်သည်။

ဝမ်ဝေအရှင်သခင်က ထိုလမ်းစဉ်ကို လျှောက်လှမ်းခဲ့သော်လည်း နောက်ဆုံးတွင် သန့်ရှင်းသော စိတ်ဝိညာဉ်က ပြည့်စုံသော စိတ်ကို ပျိုးထောင်နိုင်ခြင်းမရှိခဲ့ပေ။ ဝမ်ဝေအရှင်သခင်ကြောင့် ပြည့်စုံသော စိတ်ဝညာဉ်လမ်းစဉ်က မဖြစ်နိုင်ကြောင်းနှင့် အချိန်အရှင်သခင်တစ်ယောက်ကို လွတ်မြောက်အောင် မလုပ်ဆောင်နိုင်ကြောင်း သက်သေပြခဲ့ခြင်းဖြစ်သည်။

လင်းယွမ်က ဝမ်ဝေအရှင်သခင်အကြောင်းဖတ်ရှုလိုက်ပြီး သူ၏ စိတ်ထဲတွင် မေးခွန်းများ ထွက်ပေါ်လာသည်။ ဝမ်ဝေအရှင်သခင်က နောက်ဆုံးတွင် ဘာကြောင့် ပြည့်စုံသော အချိန်သက်ရှိဖြစ်လာရန် ကြိုးစားခဲ့တာလဲ။

ဝမ်ဝေအရှင်သခင်က မရေတွက်နိုင်သော နှစ်ပေါင်းများစွာ နေထိုင်ပြီး လမ်းစဉ်များကို အကန့်အသတ်ထိ ရောက်ရှိခဲ့သော်လည်း နောက်ဆုံးတွင် ကံကြမ္မာအပေါ် လုံးဝမူတည်နေသော လွတ်မြောက်ခြင်းလမ်းစဉ်ကို ရွေးထျယ်ခဲ့သည်။

" ဖြစ်နိုင်တာ ဝမ်ဝေအရှင်သခင်က နောက်ဆုံးကပ်ဘေးတွေကို သူမကျော်လွှားနိုင်တော့ဘူးလို့ ယုံကြည်ခဲ့တာဖြစ်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

" ဒီတစ်ခါ ဝမ်ဝေဟင်းလင်းပြင်ပွင့်လာရင် ငါလည်း ဝင်ပြီး စူးစမ်းကြည့်တာ ပိုကောင်းမယ်။ "

ဝမ်ဝေဟင်းလင်းပြင်ကို စူးစမ်းခြင်းမှာ သတိထားနေသရွေ့ အန္တရာယ်မရှိနိုင်ပေ။ အချို့သော နေရာများက အချိန်အရှင်သခင်တစ်ယောက်၏ တည်ရှိမှုကိုပင် ခြိမ်းခြောက်နိုင်သည်။ သို့သော် ၎င်းတို့ကို ရှောင်ရှားနိုင်သရွေ့ ပြဿနာမရှိပေ။

ဖရိုဖရဲဟင်းလင်းပြင်၏ အပြင်ဘက်တွင် ပုံရိပ်နှစ်ခု ဆင်းသက်လာသည်။

" နဂါးငွေ့တန်း " ဝမ်ချန်းခုန်းနှင့် ခရုနယ်မြေ၏ မိခင်တို့က ခဏစောင့်နေကြသည်။ မကြာမီ လင်းယွမ်က ပေါ်လာသည်။

" ငါတို့ နောက်ဆုံးတွေ့ဆုံခဲ့တာ သိပ်မကြာသေးပါဘူး။ မင်းတို့ ငါဆီကို ကိစ္စရှိလာလို့ထင်တယ်။ " လင်းယွမ်က ပြုံးလိုက်သည်။

" ဒါက အရေးကြီးတဲ့ ကိစ္စတစ်ခုပဲ။ " ခရုနယ်မြေ၏ မိခင်က ပြုံး၍ ပြောလိုက်သည်။ " နဂါးငွေ့တန်း ဝမ်ဝေဟင်းလင်းပြင်အကြောင်း ကြားဖူးလား။ "

" အင်း ငါ နည်းနည်းသိထားတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

" ဝမ်ဝေဟင်းလင်းပြင်က ပွင့်တော့မယ်။ အရှင်သခင်ချူးဝေက ငါတို့ ဒုတိယအဆင့် အချိန်သက်ရှိတွေကို ဝမ်ဝေဟင်းလင်းပြင်ထဲကို ခေါ်သွားဖို့ ဆင့်ခေါ်ထားတယ်။ " ခရုနယ်မြေ၏ မိခင်က ပြောလိုက်သည်။ " ဝမ်ဝေဟင်းလင်းပြင်ထဲမှာ အန္တရာယ်ရှိတဲ့နယ်မြေအချို့ ရှိနေတယ်။ အရှင်သခင်ချူးဝေက စူးစမ်းဖို့ ကူညီပေးမယ့် အချိန်သက်ရှိအချို့ လိုအပ်နေတယ်။ ဒါကြောင့် ငါတို့ကို ငှားရမ်းဖို့ စီစဉ်နေတာပဲ။ "

" စူးစမ်းဖို့လား။ " လင်းယွမ်က နားလည်သွားသည်။

ဝမ်ဝေဟင်းလင်းပြင်တွင် အန္တရာယ်ရှိသော နယ်မြေများစွာ ရှိနေပြီး အချို့မှာ အရှင်သခင်များကိုပင် ခြိမ်းခြောက်နိုင်သဖြင့် စူးစမ်းရန်အတွက် အချိန်သက်ရှိများ လိုအပ်ခြင်းဖြစ်သည်။

" အရှင်သခင်ချူးဝေက အချိန်သဲဘယ်လောက်ပေးလဲ။ " လင်းယွမ်က မေးလိုက်သည်။

" အချိန်သဲပေါင်နှစ်ထောင်ပါ။ ဒါ့အပြင် ဝမ်ဝေဟင်းလင်းပြင်ထဲမှာ အခြားအကျိုးအမြတ်တွေ ရခဲ့ရင်လည်း အရှင်သခင်ချူးဝေက ထိုက်တန်တဲ့ အချိန်သဲနဲ့ ဝယ်ယူလိမ့်မယ်။ " ခရုနယ်မြေ၏ မိခင်က ပြောလိုက်သည်။

" နားလည်ပါပြီ။ " လင်းယွမ်က အနည်းငယ် ခေါင်းညိမ့်လိုက်သည်။

အရှင်သခင်ယဲ့ဝူနှင့် ယှဉ်လျှင် အရှင်သခင်ချူးဝေ၏ တောင်းဆိုမှုများမှာ ပိုများနေသည်။ အချိန်သဲပေါင်နှစ်ထောင်သာ ပေးရုံသာမက ဝမ်ဝေဟင်းလင်း​ပြင်အတွင်း ရရှိသမျှကိုလည်း လွှဲပြောင်းပေးရန် တောင်းဆိုနေခြင်းဖြစ်သည်။ တန်ဖိုးချင်းညီမျှသော အချိန်သဲများကို ပေးမည်ဟု ဆိုသော်လည်း ဝမ်ဝေဟင်းလင်းပြင်အတွင်း ရရှိသောအရာများက ပြင်ပတွင်မရရှိနိုင်သော အရာများဖြစ်သည်။

" အရှင်သခင်ချူးဝေရဲ့ စည်းကမ်းချက်တွေက မဆိုးပါဘူး။ " ဝမ်ချန်းခုန်းက ပြောလိုက်သည်။ " ဝမ်ဝေဟင်းလင်းပြင်က နှစ်ပေါင်းတစ်သန်းကြာအောင် ပွင့်နေလိမ့်မယ်။ တစ်ခါသဘောတူလိုက်ရင် အချိန်သဲပေါင်နှစ်ထောင်ရရှိလိမ့်မယ်။ နဂါးငွေ့တန်း မင်းငါတို့နဲ့ ပူးပေါင်းမလား။ "

"ငါမလုပ်တော့ပါဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

" ဒါဆိုလည်း ကောင်းပါပြီ။ " ဝမ်ချန်းခုန်းနှင့် ခရုနယ်မြေ၏ မိခင်တို့က လင်းယွမ်နှင့် စကားခဏပြောပြီးနောက် ထွက်ခွာသွားကြသည်။

" ဝမ်ဝေဟင်းလင်းပြင်ပွင့်ဖို့ နောက်ထပ်နှစ်တစ်ရာလိုသေးတယ်။ " လင်းယွမ်က တွေးလိုက်သည်။ " ဒီအချိန်အတွင်းမှာ ကျင့်ကြံတာအပြင် စတုတ္ထမြောက် ရင်းမြစ်ကမ္ဘာကိုလည်း စူးစမ်းနိုင်တယ်။ "

အနန္တကမ္ဘာများ၏ ဂိတ်တံခါးပေါ်ရှိ ရင်းမြစ်ကမ္ဘာ ၃၃ခုထဲမှ သုံးခုကို လင်းယွမ်က အောင်မြင်စွာ စူးစမ်းနိုင်ခဲ့ပြီဖြစ်သည်။

" စတုတ္ထရင်းမြစ်ကမ္ဘာ...." လင်းယွမ်၏ စိတ်အသိက သူ၏ စိတ်ထဲမှ ဂိတ်တံခါးကို စိုက်ကြည့်နေသည်။

" အဲ့ဒီရင်းမြစ်ကမ္ဘာကို ကြည့်ရအောင်။ " လင်းယွမ်က သူ၏ စိတ်အသိအပိုင်းအစတစ်ခုကို ခွဲထုတ်လိုက်ပြီး ဂိတ်တံခါးကို အသုံးပြုကာ စတုတ္ထရင်းမြစ်ကမ္ဘာ၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။ ကမ္ဘာတစ်ခုသို့ သူဆင်းသက်သည့် အကြိမ်တိုင်းတွင် လင်းယွမ်က ထိုကမ္ဘာ၏ သတင်းအချက်အလက်များကို အကြမ်းဖျဉ်းနားလည်နိုင်ရန်အတွက် ထိုကဲ့သို့ လုပ်ဆောင်လေ့ရှိသည်။

အနန္တကမ္ဘာများ၏ အမြင်မှတစ်ဆင့် ထိုရင်းမြစ်ကမ္ဘာ၏ လျို့ဝှက်ချက်များစွာကို လင်းယွမ်က ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။ ယခင်ရင်းမြစ်ကမ္ဘာသုံးခုနှင့်ယှဉ်လျှင် စတုတ္ထရင်းမြစ်ကမ္ဘာက အလွန်ထူးခြားလှသည်။

ထိုရင်းမြစ်ကမ္ဘာက ပျက်စီးခြင်းကို ကြုံတွေ့ခဲ့ရပြီး မွေးဖွားကာစအဆင့်တွင်သာ ရှိနေသေးသည်။ ထိုအချိန်အတွင်း ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်က အပြည့်အဝ ထွက်ပေါ်နေပြီး အခွင့်အလမ်းများစွာက နေရာတိုင်းတွင်ရှိကာ တစ်ချိန်တည်းတွင် အထူးသက်ရှိများလည်း မွေးဖွားလာနိုင်သည်။

" ဒါကတော့။ " လင်းယွမ်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။

ယခု ရင်းမြစ်ကမ္ဘာက စတင်မွေးဖွားချိန်ဖြစ်သောကြောင့် အားလုံးက တူညီသော စမှတ်တွင်သာ ရှိနေကြခြင်းဖြစ်ပြီး လင်းယွမ်အနေဖြင့် ဤအချိန်ဆင်းသက်သွားလျှင် သူက အလွယ်တကူ လွှမ်းမိုးနိုင်မည်ဖြစ်သည်။

လင်းယွမ်၏ စိတ်အသိက တဖြည်းဖြည်း နိုးထလာသည်။

" ငါက စတုတ္ထရင်းမြစ်ကမ္ဘာကို ရောက်လာပြီလား။ " လင်းယွမ်က ပတ်ဝန်းကျင်ကို စူးစမ်းရန် သူ၏ စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ ယခုအချိန်တွင် သူက မျက်လုံးမရှိဘဲ အရာအားလုံးမှာ ကိုယ်ပိုင်အာရုံခံစားမှုအပေါ်တွင်သာ မူတည်နေသည်။

" အခုအချိန်မှာ ငါ့ရဲ့ ခန္ဓာက နတ်ဘုရားကျောက်တုံးပဲ။ ရှန်ထျန်းနတ်ဘုရားကျောက်တုံးပဲ။ " လင်းယွမ်က တွေးလိုက်သည်။

အချိန်သက်ရှိတစ်ခုဖြစ်လာပြီးနောက် အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှတစ်ဆင့် ဆင်းသက်ရာတွင် သူက သူ၏ ခန္ဓာကိုယ်ကို ရွေးချယ်နိုင်သည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် လင်းယွမ်က ရှန်ထျန်းနတ်ဘုရားကျောက်တုံးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ရှန်ထျန်းနတ်ဘုရားကျောက်တုံးက ဤရင်းမြစ်ကမ္ဘာမှ ပျိုးထောင်ပေးလိုက်သော ပထမဆုံးနတ်ဘုရားကျောက်တုံးဖြစ်ပြီး ၎င်း၏ ပင်ကိုအရည်အချင်းမှာ အတော်လေးကောင်းမွန်လေသည်။

" တာအိုက ထင်ရှားတယ်။ မူလရင်းမြစ်က စီးဆင်းနေတယ်။ " လင်းယွမ်က အနည်းငယ် လေ့လာကြည့်ရုံနှင့် ပတ်ဝန်းကျင်မှ ကောင်းကင်နှင့်မြေကြီး၏ ပြင်းထန်သော အသက်စွမ်းအားကို ခံစားလိုက်ရသည်။

ရင်းမြစ်ကမ္ဘာ၏ မွေးဖွားကာစ အခြေအနေတွင် ဒိုင်မန်းရှင်နယ်မြေက အပြည့်အဝ မဖြစ်ပေါ်သေးပေ။ ဤအချိန်အတွင် မူလရင်းမြစ်က ဖုံးကွယ်ခြင်းမရှိဘဲ ထင်ရှားနေသည်။ ထို့အပြင် ဤကာလအတွင်း အချိန်မြစ်က စုစည်းခြင်းမရှိသေးပေ။

ထို့ကြောင့် ဤအချိန်အတွင်း မွေးဖွားလာသော သက်ရှိအားလုံးက အချိန်မြစ်၏ အချုပ်အနှောင်မှ လွတ်မြောက်နေမည်ဟု ဆိုလိုခြင်းဖြစ်သည်။လမ်းတွင် မသေဆုံးသရွေ့ သူတို့က အချိန်သက်ရှိများ ဖြစ်လာရန် အရည်အချင်းများကို သေချာပေါက် ပိုင်ဆိုင်ကြမည်ဖြစ်သည်။

" ပုံမှန်အချိန်အတိုင်းအတာအရဆို ငါ့ရဲ့ ဒီရှန်ထျန်းခန္ဓာက အချိန်ကြာပြီးတဲ့နောက်မှာ သန်မာတဲ့ ပင်ကိုသက်ရှိတစ်ယောက်ကို ပျိုးထောင်ပေလိမ့်မယ်။ အခု ငါဆင်းသက်လာပြီဆိုတော့ အဲ့ဒီလောက် အချိန်အကြာကြီး စောင့်နေဖို့မလိုတော့ဘူး။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး ဖရိုဖရဲချီများက အရပ်မျက်နှာအသီးသီးမှ သူ့ထံသို့ စီးဝင်လာခဲ့သည်။

တစ်လကြာပြီးနောက် လင်းယွမ်၏ ခန္ဓာကိုယ်ဖြစ်သော ရှန်ထျန်းနတ်ဘုရားကျောက်တုံးက အသွင်ပြောင်းလဲသွားခဲ့သည်။

" နောက်ဆုံးတော့ ငါ့ရဲ့ စွမ်းဆောင်ရည်အပြည့်အဝကို ထုတ်ဖော်နိုင်ပြီ။ "

အသွင်မပြောင်းမီက သူ၏ အနှစ်သာရမှာ ရှန်ထျန်းနတ်ဘုရားကျောက်တုံးသာဖြစ်နေသဖြင့် လွယ်လွယ်ကူကူ လှုပ်ရှားနိုင်ခြင်းမရှိခဲ့ပေ။ သို့သော် အသွင်ပြောင်းပြီးနောက် ကန့်သတ်ချက်များမရှိတော့ပေ။

" ရင်းမြစ်ကမ္ဘာရဲ့ စိတ်အသိက ငါ့အပေါ်မှာ သိပ်အာရုံမစိုက်သေးဘူး။ " အသွင်ပြောင်းလိုက်သည့်အချိန်တွင် လင်းယွမ်က မမြင်ရသော စွမ်းအားတစ်ခု ဆင်းသက်လာပြီး ချက်ချင်း ပြန်ဆုတ်သွားသည်ကို အာရုံခံမိလိုက်သည်။ ၎င်းက ရင်းမြစ်ကမ္ဘာ၏ စိတ်အသိဖြစ်နိုင်သည်။

လင်းယွမ်၏ အသွင်ပြောင်းမှုမှာ ပုံမှန်မဟုတ်သော ဖြစ်ရပ်တစ်ခုဖြစ်ပြီး သဘာဝစည်းမျဉ်းများကို ချိုးဖျက်လိုက်ခြင်းဖြစ်သည်။ ယခုအချိန်တွင် လင်းယွမ်က ရင်းမြစ်ကမ္ဘာ၏ စိတ်အသိများကို သိသိသာသာ ကျော်လွန်သွားခဲ့ခြင်းဖြစ်သည်။

မွေးဖွားကာစကမ္ဘာတစ်ခု၏ အခွင့်အလမ်းနှင့် အကျိုးအမြတ်များအားလုံးမှာ သတ်မှတ်ပြီးသားဖြစ်သည်။ မည်သည့်အခြေအနေတွင်ဖြစ်စေ ပြင်ပလူများ ဝင်ရောက်နှောက်ယှက်ဝံ့မည်မဟုတ်ပေ။ သို့သော် လင်းယွမ်က မတူပေ။ သူက အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှတစ်ဆင့် ဤရင်းမြစ်ကမ္ဘာသို့ ဆင်းသက်လာပြီး ရင်းမြစ်ကမ္ဘာ၏ စိတ်အသိက စစ်ဆေးလျှင်တောင် သူတို့ ရင်းမြစ်ကမ္ဘာ၏ သက်ရှိအဖြစ် မှတ်ယူမည်ဖြစ်သည်။

All Chapters