ဖရိုဖရဲနတ်ဘုရားသုံးထောင်...
Vol. 80 Ch. 1110
" အပြင်ထွက်ပြီး လျှောက်ကြည့်ရမယ်။ " လင်းယွမ်က ရင်းမြစ်ကမ္ဘာကို စတင်လေ့လာလိုက်သည်။
ဤအချိန်အတွင်း ရင်းမြစ်ကမ္ဘာ၏ အနှစ်သာရက ထွက်ပေါ်နေပြီး မူလရင်းမြစ်ကို အားစိုက်စရာမလိုဘဲ နားလည်နိုင်သည်။
" ဒီရင်းမြစ်ကမ္ဘာရဲ့ မဟာတာအို နိယာမတွေက တကယ်ထူးခြားတာပဲ။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။
ဒိုင်မန်းရှင်းနယ်မြေတစ်ခုစီတွင် မူလရင်းမြစ်လည်ပတ်မှုများက မတူညီသော အခြေခံနိယာမများနှင့် ရှိနေသောကြောင့် အချိန်သက်ရှိများက ဒိုင်မန်းရှင်းနယ်မြေများကို စူးစမ်းနေကြခြင်းဖြစ်သည်။ အခြားသော ဒိုင်မန်းရှင်းများနှင့် နှိုင်းယှဉ်လျှင် ရင်းမြစ်ကမ္ဘာတစ်ခု၏ အဆင့်အတန်းနှင့် အနှစ်သာရမှာ မြင့်မားသောကြောင့် လင်းယွမ်အတွက် ပိုမိုကြီးမားသော အထောက်အကူဖြစ်စေသည်။
" မူလရင်းမြစ်ရဲ့ အနှစ်သာရကို လေ့လာတာအပြင် ဒီရင်းမြစ်ကမ္ဘာက ပျိုးထောင်ပေးတဲ့ ပထမဆုံးသက်ရှိတွေကိုလည်း ငါလေ့လာနိုင်သေးတယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
ရင်းမြစ်ကမ္ဘာတစ်ခုတွင် တန်ဖိုးအရှိဆုံးအရာမှာ သက်ရှိများ ဖြစ်သည်။ အကြောင်းမှာ သက်ရှိများက အဆုံးမရှိသော အလားအလာများ ရှိပြီး သက်ရှိများတွင်သာ အနှောင်အဖွဲ့များကို ချိုးဖျက်နိုင်မည့် မျှော်လင့်ချက်ရှိသောကြောင့်ဖြစ်သည်။
အထူးသဖြင့် ရင်းမြစ်ကမ္ဘာတွင် ပထမဆုံးမွေးဖွားလာသော သက်ရှိများက ကောင်းကင်နှင့် မြေကြီး၏ လျို့ဝှက်ချက်များစွာကို ပိုင်ဆိုင်ထားကြသည်။
" ဒီရင်းမြစ်ကမ္ဘာကနေ ပျိုးထောင်ပေးလိုက်တဲ့ ပထမဆုံးသက်ရှိတွေက အရေအတွက် သုံးထောင်ရှိတယ်။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ဒီသက်ရှိသုံးထောင်ကို ဖရိုဖရဲနတ်ဘုရားသုံးထောင်လို့ ခေါ်ကြလိမ့်မယ်။ "
လင်းယွမ်က အနာဂတ်အချိန်အတိုင်းအတာများကို လေ့လာခဲ့သည်။ ထိုသက်ရှိသုံးထောင်က အလွှာဆယ့်နှစ် ခွန်အားဖြင့် စတင်ခဲ့ကြပြီး သူတို့ထဲမှ အသန်မာဆုံး သက်ရှိမှာ အချိန်သက်ရှိအဆင့်သို့ပင် ချဉ်းကပ်နိုင်သည်။
ယခုအချိန်တွင် သူတို့က ပျိုးထောင်ခံရဆဲ အဆင့်မှာပင် ရှိနေကြသည်။ အလွန်ဆုံး သူတို့၏ စိတ်အသိအနည်းငယ်ကို စုစည်းမိရုံသာ ဖြစ်သည်။
" ဖန်... ဖန်....." ကြီးမားသော ဥကြီးတစ်ခုအတွင်း၌ စိတ်အသိတစ်ခု ဖြည်းညင်းစွာ စုစည်းလာပြီး ဖန်ဟူသော အသံများကို အဆက်မပြတ် ထုတ်လွှတ်နေသည်။
ထိုအချိန်တွင် လူငယ်တစ်ယောက်က ထိုဧကရာမဥကြီး၏ ဘေး၌ ပေါ်လာခဲ့သည်။ ဥအတွင်းရှိ စိတ်အသိက အံ့အားသင့်သွားပြီး ထိတ်လန့်သွားသည်။ အကြောင်းမှ အမည်မသိသက်ရှိတစ်ခု သူနှင့် ထိုမျှနီးကပ်စွာ မရှိခဲ့ဖူးသောကြောင့်ဖြစ်သည်။
" မင်း... မင်းက ဘယ်သူလဲ။ " ဥအတွင်းရှိ စိတ်အသိက မေးလိုက်သည်။
" ငါက ဘယ်သူလဲ။ " လင်းယွမ်က ဧရာမဥကြီးကို သေချာစစ်ဆေးနေသည်။
ပုံမှန်အချိန်အတိုင်းအတာအရ ထိုဥကြီးက ရင်းမြစ်ကမ္ဘာမှ မွေးဖွားပေးလိုက်သော ပထမဆုံးသက်ရှိဖြစ်ပြီး အသန်မာဆုံးလည်း ဖြစ်သည်။ ဝေးကွာသော အနာဂတ်တွင် ထိုဥအတွင်းရှိ သက်ရှိက ရင်းမြစ်ကမ္ဘာ စိတ်အသိ၏ လမ်းညွှန်မှုအောက်တွင် အခြားဖရိုဖရဲနတ်ဘုရား ၂၉၉၉ ယောက်ကို သတ်ဖြတ်ပစ်မည်ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးကို ဖွင့်လှစ်ကာ ရင်းမြစ်ကမ္ဘာကို မွေးဖွားကာစအဆင့်မှ ကျောက်လွန်သွားစေပေလိမ့်မည်။
" ဟုတ်တယ်။ မင်းဘယ်သူလဲ။ " ဥအတွင်းမှ စိတ်အသိက ဆက်လက်မေးမြန်းလိုက်သည်။
" ငါဘယ်သူလဲဆိုတာ မင်းသိဖို့မလိုဘူး။ " လင်းယွမ်က ခေါင်းခါပြီး ပြောလိုက်သည်။ " အခု မခုခံနဲ့။ ငါ့ရဲ့ စွမ်းအားကို အထဲကို ဝင်ခွင့်ပြုလိုက်။ "
ရင်းမြစ်ကမ္ဘာ၏ ပထမဆုံးသက်ရှိအနေဖြင့် အနာဂတ်တွင် သူ၏ ခွန်အားက အချိန့သက်ရှိအဆင့်သို့ ချဉ်းကပ်သွားမည်ဖြစ်သည်။ သူ၏ အနှစ်သာရက အလွန်သန်မာလှသည်။ သို့သော် သူက သန်မာလွန်းသောကြောင့် သူ၏ ကံကြမ္မာက သတ်မှတ်ပြီးသားဖြစ်ပြီး စစ်မှန်သော အချိန်သက်ရှိတစ်ခု ဖြစ်မလာနိုင်ပေ။
ရင်းမြစ်ကမ္ဘာက ပထမဆုံး သက်ရှိသုံးထောင်ကို ပျိုးထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ မွေးဖွားကာစအဆင့်မှ ကျော်လွန်သွားစေရန်အတွက် တွန်းအညးပေးရန်ဖြစ်သည်။ ထို့ကြောင့်ပင် လင်းယွမ်က သူ၏ အနှစ်သာရကို လေ့လာလိုခြင်းဖြစ်သည်။
" မရဘူး။ ငါခုခံမယ်။ " ဥအတွင်းမှ စိတ်အသိက လင်းယွမ်၏ စွမ်းအားများ စိမ့်ဝင်လာခြင်းကို ဗီဇအရ ခုခံလိုက်သည်။
" ခုခံရဲရင် ငါမင်းကို သတ်ပစ်မယ်။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
အမှန်တကယ်တွင် ၎င်းမှာ ဥကို ခြောက်လန့်ခြင်းသာ ဖြစ်သည်။ အကြောင်းမှာ ရင်းမြစ်ကမ္ဘာ၏ စိတ်အသိက ၎င်းကို အာရုံစိုက်နေသောကြောင့် ဖြစ်ပြီး အကယ်၍ လင်းယွမ်သာ လှုပ်ရှားခဲ့လျှင် သေချာပေါက် တားဆီးခံရမည်ဖြစ်သည်။
ရင်းမြစ်ကမ္ဘာ၏ စိတ်အသိက လင်းယွမ်ကို ထူးဆန်းသော လုပ်ရပ်များ လုပ်ခွင့်ပြုထားသော်လည်း ဆင့်ကဲဖြစ်စဉ်ကို နှောက်ယှက်ခွင့်ပြုမည်မဟုတ်ပေ။ ထိုသက်ရှိသုံးထောင်က ရင်းမြစ်ကမ္ဘာ၏ ဆင့်ကဲဖြစ်စဉ်အတွက် အသုံးဝင်နေကြသဖြင့် သေဆုံးခွင့်ပြုမည်မဟုတ်ပေ။
" ငါ့ကို သတ်မှာလား။ ဒါဆို ငါမခုခံတော့ဘူး။ " ဥ၏ စိတ်အသိက ကြောက်လန့်သွားသည်။
" ကောင်းပြီ။ " လင်းယွမ်က ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။ သူတို့၏ စိတ်အသိများက အပြည့်အဝ စုစည်းခြင်းမရှိသေးသောကြောင့် လှည့်စားရန် အလွန်လွယ်ကူလှသည်။
မကြာမီ လင်းယွမ်က ဥ၏ အတွင်းနှင့် အပြင်ကို နားလည်သွားခဲ့သည်။ ဤအချိန်အတွင်း ရင်းမြစ်ကမ္ဘာ၏ စိတ်အသိက လင်းယွမ် ဥကို သတ်ပစ်မည်ကို တားဆီးရန် အဆင်မပြတ် အာရုံစိုက်နေခဲ့သည်။ လင်းယွမ်၏ လေ့လာခြင်းနှင့်ပက်သက်၍ ဥမသေဆုံးသွားသရွေ့ ဂရုစိုက်မည်မဟုတ်ပေ။
" ပြီးပြီ။ " နှစ်အနည်းငယ် ကြာပြီးနောက် လင်းယွမ်က ဥ၏ အနှစ်သာရကို နားလည်သွားပြီး ထွက်သွားရန် ပြင်လိုက်သည်။
" မင်း ထွက်သွားတော့မလို့လား။ " ဥအတွင်းရှိ စိတ်အသိက လင်းယွမ်ထွက်သွားသည်ကို ကြည့်ပြီး အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ နှစ်အနည်းငယ်အတွင်း လင်းယွမ်နှင့် အပြန်အလှန်ဆက်ဆံမှုများက ဥအတွင်းရှိ စိတ်အသိကို အတော်လေး ပျော်ရွှင်စေခဲ့သည်။
" ဟမ်..." လင်းယွမ်ထွက်သွားပြီးနောက် ဥအတွင်းရှိ စိတ်အသိက သူ၏ စိတ်အနက်ရှိုင်းဆုံးနေရာတွင် လျို့ဝှက်နည်းစနစ်တစ်ခုကို တွေ့လိုက်ရသည်။
" ဒါကဘာလဲ။ " စိတ်အသိက အနည်းငယ် လေ့လာပြီးနောက် ၎င်းက လင်းယွမ်ထားခဲ့ခြင်းဖြစ်မည်ဟု တွေးမိလိုက်သည်။
" အဲ့ဒီလျို့ဝှက်နည်းစနစ်ကို မင်းနားလည်းသွားသရွေ့တော့ မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်လိမ့်မယ်။ "
လင်းယွမ်က မထွက်ခွာမီ ဥအတွင်းရှိ စိတ်အသိအတွက် လျို့ဝှက်နည်းစနစ်တစ်ခုကို ချန်ထားပေးခဲ့သည်။ ထိုလျို့ဝှက်နည်းစနစ်၏ ရည်ရွယ်ချက်မှာ သေဆုံးသွားသည့်အခါ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုကို ထိန်းသိမ်းထားနိုင်စေရန်ဖြစ်သည်။
ဥအတွင်းရှိ စိတ်အသိက ရင်းမြစ်ကမ္ဘာ၏ ဆင့်ကဲဖြစ်စဉ်ကို တွန်းအားပေးရန်ဖြစ်သည်။ ရင်းမြစ်ကမ္ဘာက ၎င်း၏ ဆင့်ကဲဖြစ်စဉ်ကို အပြီးသတ်သွားသည်နှင့် ထိုဥမှာမလိုအပ်တော့ပေ။ သို့သော် မလိုအပ်ခြင်းမှာ သေဆုံးခြင်းဟု မဆိုလိုပေ။ ၎င်းမှာ ရင်းမြစ်ကမ္ဘာ၏ စိတ်အသိနှင့် ရင်ဆိုင်ကစားရန် လင်းယွမ်၏ စမ်းသပ်မှုတစ်ခုလည်း ဖြစ်သည်။
ထို့နောက် လင်းယွမ်က ရင်းမြစ်ကမ္ဘာအနှံ့ လှည့်လည်သွားလာခဲ့ပြီး ကျန်ရှိသော သက်ရှိ ၂၉၉၉ ယောက်၏ အနှစ်သာရများကိုလည်း နားလည်အောင် လုပ်ဆောင်ခဲ့သည်။ ထိုသက်ရှိသုံးထောင်က မွေးဖွားကာစအဆင့်များဖြစ်ပြီး ရင်းမြစ်ကမ္ဘာ၏ စိတ်အသိက ကြီးမားသော တန်ဖိုးဖြင့် ပျိုးထောင်ထားခြင်းဖြစ်သည်။
အင်အားကြီးမားပြီး အလားအလာရှိသော သက်ရှိများကို ပျိုးထောင်ရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။ ထိုသို့ဖြင့် နှစ်ပေါင်းတစ်ရာ ကုန်ဆုံးသွားခဲ့သည်။
ဖရိုဖရဲဟင်းလင်းပြင်။
လင်းယွမ်က ထိုင်နေသည်။ မြောက်မြားစွာသော အသိအမြင်များက သူ၏ စိတ်ထဲတွင် လှုင်းထနေပြီး သူ၏ အတွင်းစကြာဝဠာကို အဆက်မပြတ် တုန်ခါသွားစေသည်။ စတုတ္ထရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်လည်ပတ်မှုကို နားလည်ခြင်းက လင်းယွမ်၏ အတွင်းစကြာဝဠာကို ပိုမိုပြည့်စုံသွားစေခဲ့သည်။
" နှစ်ပေါင်းတစ်ရာအတွင်း ငါ့ရဲ့ အတွင်းစကြာဝဠာက အကြိမ်ပေါင်းများစွာ အသွင်ပြောင်းလဲသွားခဲ့တယ်။ ဒါပေမယ့် အမြဲတမ်း ပိုပြီး ပြည့်စုံလာခဲ့တယ်။ တကယ်ပြည့်စုံတဲ့အဆင့်ရောက်ဖို့ဆိုရင်တော့ အဝေးကြီးလိုသေးတယ်လို့ ငါခံစားရတယ်။ " လင်းယွမ်က တွေးလိုက်သည်။
အချိန်သက်ရှိတစ်ယောက်နှင့် ပြည့်စုံသော အချိန်သက်ရှိကြားတွင် အဆင့်တစ်ဆင့်သာ ရှိသော်လည်း ၎င်းမှာ ကမ္ဘာခြားသကဲ့သို့ ဖြစ်သည်။ အချိန်သက်ရှိမှ ပြည့်စုံသော အချိန်သက်ရှိအဖြစ် ပြောင်းလဲခြင်းက အလွှာတစ်မှ အလွှာဆယ့်သုံး အချိန်သက်ရှိဖြစ်လာခြင်းထက် ပိုမိုကြီးမားသော ခုန်ပျံကျော်လွှားမှု ဖြစ်သည်။
" ဒါကြောင့်လည်း အချိန်အရှင်သခင်အများစုက ပြည့်စုံတဲ့အချိန်သက်ရှိလမ်းစဉ်ကို ရွေးချယ်ပြီး လွတ်မြောက်ဖို့ ကြိုးစားတာပဲ။ ဘာကြောင့်လဲဆိုတော့ အခြားလွတ်မြောက်ခြင်းလမ်းစဉ်တွေက အဆုံးမရှိဘူးလို့ ထင်ရပေမယ့် ပြည့်စုံတဲ့ အချိန်သက်ရှိကတော့ ချက်ချင်း ရလဒ်ထွက်ပြီး အောင်မြင်တာနဲ့ ကျရှုံးတာကို ချက်ချင်း မြင်နိုင်လို့ပဲ။ " လင်းယွမ်က တွေးလိုက်သည်။
သူက ထိုကဲ့သို့သာ မျှော်လင့်ချက်မဲ့မှုမျိုးမရှိသေးပေ။ အကြောင်းမှာ သူက အလွန်ငယ်သေးပြီး အဆက်မပြတ် တိုးတက်နေသာကြောင့် ဖြစ်သည်။ အခြားအချိန်အရှင်သခင်များက လင်းယွမ်၏ ပါရမီမျိုးမရှိကြပေ။
" ငါ့ရဲ့ လက်ရှိစွမ်းအားက... " လင်းယွမ်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
စတုတ္ထရင်းမြစ်ကမ္ဘာကို သူစူးစမ်းခဲ့သော နှစ်ပေါင်းတစ်ရာအတွင်း သူ၏ စွမ်းအားက လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ပထမတစ်ခုမှာ သူ၏ အတွင်းစကြာဝဠာ အသွင်ပြောင်းလဲမှုဖြစ်ပြီး ၎င်းမှာ လငယွမ်အတွက် အခြေခံအကျဆုံးဖြစ်သည်။ အတွင်းစကြာဝဠာပြောင်းလဲမှုက လင်းယွမ်၏ ရုပ်ခန္ဓာကို အလုံးစုံတိုးတက်မှုဖြစ်စေသည်။
ထို့အပြင် စတုတ္ထရင်းမြစ်ကမ္ဘာမှ သက်ရှိသုံးထောင်၏ အနှစ်သာရများကို လေ့လာခြင်းကလည်း လင်းယွမ်အတွက် ကြီးမားသော အကျိုးကျေးဇူးများကို ရရှိစေပြီး နည်းစနစ်အသစ်တစ်ခုကို ဖန်တီးနိုင်သည်အထိ ဖြစ်လာခဲ့သည်။
၎င်းက ရှန်ထျန်းအသွင်ပြောင်းလဲခြင်းငါးခု ဖြစ်သည်။ လင်းယွမ်က သူ၏ အသိအမြင်နှင့် အတွေ့အကြုံများကို ပေါင်းစပ်ပြီး ပထမပုံစံ ထိုက်ချူးကိုသု ပြည့်ဆေုင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ထိုက်ချူးက အလွန်ပြည့်စုံသော နည်းစနစ်တစ်ခုဖြစ်ပြီး တိုက်စစ်နှင့် ခံစစ်ကိုသာမက အသက်ကိုပင် ကယ်တင်နိုင်သည်။ ကဏ္ဍအားလုံးတွင် ကြောက်စရာကောင်းလှသည်။