ဝမ်ဝေဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ခြင်း....
Vol. 80 Ch. 1111
" ရှန်ထျန်းအသွင်ပြောင်းလဲခြင်းငါးခုက ပထမဆုံးပုံစံပဲ ရှိသေးပေမယ့် အဲ့ဒါရဲ့ စွမ်းအားက အချိန်အရှင်သခင် ဒုတိယအဆင့်ကို ရောက်နေပြီ။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
အဆုံးမဲ့ကပ်ဘေးလမ်းသဉ်ရှိ အချိန်အရှင်သခင်များကို အဆင့်သုံးဆင့် ခွဲခြားထားသည်။ အဆင့်တစ်ခုစီတွင် ဘီလီယံချီသော ကပ်ဘေးများ ပါဝင်နေသည်။ ဒုတိယအဆင့်ရှိ အချိန်အရှင်သခင်တစ်ယောက်က အတော်လေး ကြောက်စရာကောင်းပေသည်။
လက်ရှိတွင် လင်းယွမ်က အချိန်အရှင်သခင်နှင့် ယှဉ်နိုင်သော စွမ်းရည်များကို ပိုင်ဆိုင်ထားရာ ၎င်းမှာ အချိန်သက်ရှိများကြားတွင် မကြားဖူးသောအရာဖြစ်သည်။
" ထိုက်ချူးက ရှန်ထျန်းအသွင်ပြောင်းလဲခြင်းမှာ ပထမဆုံးတစ်ခုပဲရှိသေးတယ်။ အဲ့ဒီနောက်မှာ နောက်ထပ် လေးခုရှိနေသေးတယ်။ တစ်ခုချင်းစီက ငါလျှောက်လှမ်းနေတဲ့ လမ်းစဉ်ရဲ့ မတူညီတဲ့အဆင့်တွေကို ကိုယ်စားပြုတယ်။ " လင်းယွမ်က စိတ်အားထက်သန်နေသည်။
ရှန်ထျန်းအသွင်ပြောင်းလဲခြင်းမှတစ်ဆင့် သူက အနာဂတ်တွင် လျှောက်လှမ်းရန် လိုအပ်သော လမ်းစဉ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ဖရိုဖရဲထိုက်ကျိတာအိုက သူကိုယ်တိုင် နားလည်ထားသော တာအိုဖြစ်သည်။
ရှန်ထျန်းအသွင်ပြောင်းလဲခြင်းက ထိုတာအိုအပေါ် အခြေခံထားသော လမ်းစဉ်ဖြစ်သည်။ ရှေ့တစ်ခုက အခြေခံဖြစ်ပြီး နောက်တစ်ခုက ဦးတည်ချင်ဖြစ်ကာ နှစ်ခုလုံးက အရေးပါသည်။
" ဟမ်...." လင်းယွမ်က စတုတ္ထရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်ကို ဆက်လက်နားလည်အောင် လုပ်ဆောင်နေစဉ် သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
" ဝမ်ဝေဟင်းလင်းပြင်ပွင့်တော့မယ်။ " လင်းယွမ်က အရပ်မျက်နှာတစ်ခုသို့ လှမ်းကြည့်လိုက်သည်။
ဝမ်ဝေဟင်းလင်းပြင်က ဝမ်ဝေအရှင်သခင် ပိုင်ဆိုင်သမျှ အရာအားလုံးဖြင့် ဖန်တီးထားသော အထူးကမ္ဘာတစ်ခုဖြစ်သည်။ လင်းယွမ်က ဝမ်ဝေဟင်းလင်းပြင်တည်ရှိကြောင်း သိလိုက်ရချိန်တွင် ၎င်းနှင့် ကြောင်းကျိုးဆက်နွယ်မှုတစ်ခု တည်ဆောက်ခဲ့ရာ ၎င်း၏ တည်နေရာကို အာရုံခံနိုင်သည်။
ဝမ်ဝေဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ရန် အချိန်အရှင်သခင်အဆင့် စွမ်းအားကို လိုအပ်သည်။ ပထမအဆင့်နှင့် ဒုတိယအဆင့် အချိန်သက်ရှိများက အချိန်အရှင်သခင်တစ်ယောက်၏ ဦးဆောင်မှုဖြင့်သာ ဝင်ရောက်နိုင်သည်။
" ထိုက်ကျိမူလစိတ်ဝိညာဉ်ကလည်း ရောက်တော့မှာပဲ။ " လင်းယွမ်က တွေးလိုက်သည်။ သူက လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က ဝမ်ဝေဟင်းလင်းပြင်အကြောင်း ပထမဆုံးသိလိုက်ရချိန်တွင် သူက ထိုက်ကျိမူလစိတ်ဝိညာဉ်ကို ထိုနေရာသို့ စေလွှတ်ခဲ့သည်။
ဝမ်ဝေဟင်းလင်းပြင်အတွင်း ဒဏ္ဍာရီလာ ဝမ်ဝေအရှင်သခင်၏ တစ်သက်လုံးစုဆောင်းခဲ့သော ရတနာများ တည်ရှိနေသည်။ သို့သော် မရေတွက်နိုင်သော ခေတ်အဆက်ဆက် ရတနာအများစုမှာ အချိန်အရှင်သခင်များ၏ ယူဆောင်ခြင်းကို ခံခဲ့ရပြီဖြစ်သည်။ သို့သော် အနည်းငယ်ရရှိခြင်းကလည်း လင်းယွမ်အတွက် ကြီးမားသော အကျိုးအမြတ် ဖြစ်သည်။
" ဝမ်ဝေဟင်းလင်းပြင်ထဲကို ရောက်ရင် မလိုအပ်တဲ့ ပဋိပက္ခတွေကို ရှောင်ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။
ဝမ်ဝေဟင်းလင်းပြင်၏ အပြင်ဘက်တွင် လင်းယွမ်၏ ထိုက်ကျိမူလစိတ်ဝိညာဉ်က အဝေးမှ စိုက်ကြည့်နေသည်။ ဝမ်ဝေဟင်းလင်းပြင်၏ ဒိုင်မန်းရှင်းက ဖရိုဖရဲဟင်းလင်းပြင်ကဲ့သို့သော ထိပ်တန်းဒိုင်မန်းရှင်းနယ်မြေများထက်ပင် ကျော်လွန်နေသည်။
ဝမ်ဝေဟင်းလင်းပြင် ပွင့်လာသည်နှင့်အမျှ စိတ်အသိအလင်းတန်းများက အတွင်းသို့ လျင်မြန်စွာ စီးဝင်လာသည်။ ဝမ်ဝေဟင်းလင်းပြင်မှာ ယခင်က အကြိမ်ပေါင်းများစွာ ပွင့်ဖူးသဖြင့် အလွန်သတိထားနေရန် မလိုအပ်ပေ။
ခဏစောင့်ပြီးနောက် လင်းယွမ်က ဝမ်ဝေဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
" ဝမ်ဝေဟင်းလင်းပြင်...." လင်းယွမ်က မြေပြင်တစ်ခုပေါ်သို့ ဆင်းသက်နိုင်ခဲ့ပြီး ပတ်ဝန်းကျင်ကို ဂရုတစိုက် လေ့လာလိုက်သည်။
" မဟာတာအိုရဲ့ ဖိနှိပ်မှုက ပြင်းထန်လွန်းတယ်။ အချိန်အတိုင်းအတာကို အာရုံခံဖို့က မဖြစ်နိုင်သလောက်ပဲ။ " လင်းယွမ်က သတင်းအချက်အလက်များမှတစ်ဆင့် ထိုအကြောင်းကို သိထားခဲ့ပြီးဖြစ်သည်။
ဝမ်ဝေဟင်းလင်းပြင်တွင် အကြီးစားလှုပ်ရှားမှုများ ခက်ခဲပြီး အာရုံခံနိုင်စွမ်းမှာ အပြင်းအထန် ဖိနှိပ်ခံထားရသည်။ ထို့အပြင် အချိန်အရှင်သခင်များက ဤနေရာတွင် မိမိကိုယ်တိုင်၏ သို့မဟုတ် အခြားသူများ၏ အချိန်အတိုင်းအတာများကို ခက်ခဲစွာ လေ့လာနိုင်သည်။
" ကောင်းကင်အလင်းအရှင်သခင်က ပြည့်စုံတဲ့အချိန်သက်ရှိဖြစ်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာ ကျရှုံးခဲ့တယ်။ သူမကျဆုံးခင်မှာ ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ဝမ်ဝေအရှင်သခင်က ဒီလောက်ကျယ်ပြောတဲ့ အချိန်လေဟာနယ်ကို တည်ဆောက်နိုင်စွမ်းရှိခဲ့တယ်။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားသည်။
၎င်းက ဝမ်ဝေအရှင်သခင်၏ စွမ်းအားမှာ ကောင်းကင်အလင်းအရှင်သခင်ထက် သိသိသာသာ မြင့်မားနေသည်ကို သက်သေပြနေသည်။
" အဲ့ဒါက ဝမ်ဝေဟင်းလင်းပြင်ရဲ့ အနက်ရှိုင်းဆုံးနေရာပဲ။ ဒုတိယနဲ့ တတိယအဆင့် အချိန်အရှင်သခင်တွေ သွားတဲ့ နေရာပဲ။ " လင်းယွမ်က ဦးတည်ချက်တစ်ခုသို့ ကြည့်လိုက်သည်။
" ငါတော့ အဲ့ဒီနေရာကို မသွားတော့ပါဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
ဒုတိယအဆင့်နှင့် တတိယအဆင့် အချိန်အရှင်သခင်များက ဝမ်ဝေဟင်းလင်းပြင်ထဲသို့ ရတနာတစ်ခုတည်းအတွက် ဝင်ရောက်ခဲ့ကြခြင်းမဟုတ်ပေ။ သူတို့က ဝမ်ဝေအရှင်သခင်၏ လွတ်မြောက်ခြင်းလမ်းစဉ်များနှင့် ပက်သက်သော သိမြင်နားလည်မှုများကို ရှာဖွေနေကြခြင်းဖြစ်သည်။
ထိုအသိအမြင်များက ဝမ်ဝေဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိသည်။ ယခင်ဖွင့်လှစ်ခဲ့သော အချိန်များတွင် အပြင်ဘက်မှ ရတနာများ ပေါ်လာခဲ့ဖူးသော်လည်း ထိုဖြစ်ရပ်မျိုးက အလွန်ရှားပါးသည်။
ပတ်ဝန်းကျင်ကို လေ့လာပြီးနောက် လင်းယွမ်က သူ၏ ရှာဖွေရေးကို စတင်လိုက်သည်။ ဝမ်ဝေဟင်းလင်းပြင် ပွင့်နေမည့်အချိန်မှာ နှစ်ပေါင်းတစ်သန်းမှ နှစ်ပေါင်းဆယ်သန်းသာ ကြာပေလိမ့်မည်။ အချိန်အရှင်သခင်များအတွက်မူ နှစ်ပေါင်းတစ်သန်း သို့မဟုတ် ဆယ်သန်းက ခဏသာဖြစ်သည်။
လင်းယွမ်က အရပ်မျက်နှာတစ်ခုသို့ ဦးတည်ပြီး ပျံသန်းသွားသည်။
ဝုန်း.....
လင်းယွမ်က သူ၏ လက်ကို မြှောက်၍ သူ၏ ရှေ့မှ တောင်ကြီးကို ရိုက်ခွဲလိုက်သော်လည်း ရတနာတစ်ခုမှ ရှာမတွေ့ခဲ့ပေ။
" ဝမ်ဝေဟင်းလင်းပြင်က အကြိမ်ပေါင်းများစွာ ပွင့်ပြီးသွားပြီ။ အကြိမ်ပေါင်းများစွာလည်း ရှာဖွေပြီးသွားပြီ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
အပြင်ဘက်နယ်မြေများတွင် ရတနာများ ကျန်နေနိုင်သော်လည်း ရှာရအလွန်ခက်ထဲသောကြောင့် အားနည်းသော အချိန်အရှင်သခင်များအတွက်သာ သင့်တော်ပေသည်။
" ဟမ် " လင်းယွမ်က ရုတ်တရက် ရပ်ဆန့်သွားပြီး အနီးရှိ တောင်ကုန်းတစ်ခုကို ကြည့်လိုက်သည်။ ထိုတောင်ကုန်းမှ ထူးခြားသော စွမ်းအားကို အာရုံခံမိလိုက်သောကြောင့် သူ၏ လက်ကို ချက်ချင်း ဆန့်ထုတ်လိုက်သည်။ တောင်ကုန်းက ကွဲထွက်သွားပြီး လင်းယွမ်၏ လက်ထဲတွင် သလင်းကျောက်တစ်ခု ပေါ်လာသည်။
" အချိန်အရှင်သခင်အဆင့် ပစ္စည်း..." လင်းယွမ်က ပြုံးလိုက်သည်။ ထိုသလင်းကျောက်က အချိန်သဲနှစ်ထောင်တန်ဖိုးရှိသော အချိန်အရှင်သခင်အဆင့် ကုန်ကြမ်းပစ္စည်းတစ်ခုဖြစ်သည်။
" ငါက အတော်လေးကံကောင်းတာပဲ။ " လင်းယွမ်က ကျေနပ်သွားသည်။
သူက ဤနေရာသို့ ရောက်သည်မှာ မကြာသေးဘဲ တစ်စုံတစ်ခုကို ရှာတွေ့လိုက်ရသည်။ အခြားသော အချိန်အရှင်သခင်များအတွက်မူ နှစ်ပေါင်းသောင်းချီ ရှာဖွေခဲ့ကြသော်လည်း ရတနာတစ်ခုမှ ရှာမတွေ့ခဲ့ပေ။
" ဒီအချိန်အရှင်သခင်အဆင့် ပစ္စည်းကို ယွမ်ရှန်းကျင်းထဲမှာ ပေါင်းစပ်ထည့်သွင်းလို့ရတယ်။ " လင်းယွမ်က ခဏစဉ်းစားပြီး ကောက်ချက်ချလိုက်သည်။
ဝမ်ဝေဟင်းလင်းပြင်၏ အခြားတစ်ဖက်တွင် ပုံရိပ်ခုနှစ်ခု ရှစ်ခုက ရပ်နေကြသည်။ အဖြူရောင်မြူခိုးများနှင့် ယဲ့ဝူက ဝမ်ဝေဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာသို့ စိုက်ကြည့်နေပြီး သူ၏ နောက်မှ အချိန်အရှင်သခင်များကို ကြည့်လိုက်သည်။
ထိုအဖွဲ့ကို ယဲ့ဝူနှင့် အခြားအချိန်အရှင်သခင်နှစ်ယောက်က ဦးဆောင်နေပြီး ကျန်ရှိသော အချိန်အရှင်သခင် ငါးယောက်က သူတို့နောက်တွင် ရပ်နေကြသည်။
" စိတ်ချပါ။ ဒီတစ်ခါ ဝမ်ဝေဟင်းလင်းပြင်ထဲကို ဝင်ရာကနေ ဘာမှမရခဲ့ရင်တောင် မင်းတို့အားလုံးကို အချိန်သဲတွေ ငါပေးမှာပါ။ " ယဲ့ဝူက ပြောလိုက်သည်။
သူ၏ နောက်မှ အချိန်အရှင်သခင်ငါးယောက်က အသစ်တက်လှမ်းလာသူများဖြစ်ပြီး သူက အထူးငှားရမ်းထားခြင်းဖြစ်သည်။ ရည်ရွယ်ချက်မှာ ဝမ်ဝေဟင်းလင်းပြင်တွင် အရေးကြီးသော ရတနာများကို လုယူကြသည့်အခါ အခြားအချိန်အရှင်သခင်များကို တားဆီးရန်ဖြစ်သည်။
" ကျေးဇူးတင်ပါတယ် အကိုယဲ့ဝူ။ "
" စိတ်ချပါ အကိုယဲ့ဝူ။ ဒီတစ်ခါ ဝမ်ဝေဟင်းလင်းပြင်မှာ ကျွန်တော်တို့ အမိန့်ကို နာခံပါမယ်။ " ရလဒ်က မည်သို့ပင်ဖြစ်စေ သူတို့က အချိန်သဲပေါင်တစ်သောင်းရရှိမည်ဖြစ်ပြီး ၎င်းက အနိမ့်ဆုံးဝင်ငွေသာ ဖြစ်သည်။
မျက်စိတစ်မှတ်အတွင်း လင်းယွမ်က ဝမ်ဝေဟင်းလင်းပြင်ကို စူးစမ်းရှာဖွေခဲ့သည်မှာ နှစ်ပေါင်းသုံးထောင် ကြာသွားခဲ့သည်။ သူက အခြားအချိန်အရှင်သခင်များနှင့် တွေ့ဆုံခဲ့သော်လည်း တိုက်ခိုက်ခြင်းမပြုဘဲ တစ်ချက်ကြည့်ပြီး ထွက်ခွာသွားကြသည်။
" နှစ်ပေါင်းသုံးထောင်ရှိပြီ။ ဒီဝမ်ဝေဟင်းလင်းပြင်ထဲမှာ အရင် အချိန်အရှင်သခင်အဆင့် ပစ္စည်းတစ်ခု ရတာကလွဲရင် အခြားဘာမှမရခဲ့ဘူး။ " လင်းယွမ်က ဆက်လက်ရှာဖွေနေသော်လည်း အနည်းငယ် စ်ိတ်ပျက်နေသည်။
သို့သော် ၎င်းက ဝမ်ဝေဟင်းလင်းပြင်ကို စူးစမ်းနေကြသူများအတွက် သာမန်အတွေ့အကြုံတစ်ခုသာ ဖြစ်သည်။ နှစ်သုံးထောင်အတွင်း ကြီးမားသော အကျိုးအမြတ်များ ရရှိရန် မျှော်လင့်နေခြင်းက လက်တွေ့မကျပေ။ အချိန်အရှင်သခင်အဆင့် ပစ္စည်းတစ်ခုကို ရရှိခြင်းကပင် ကံကောင်းသည်ဟု မှတ်ယူနိုင်သည်။
နောက်ဆုံးတွင် ၎င်းက ဝမ်ဝေဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာမဟုတ်ဘဲ အကြိမ်ပေါင်းများစွာ ရှာဖွေပြီးသော အစွန်အဖျားနယ်မြေများသာ ဖြစ်သည်။ ဝမ်ဝေဟင်းလင်းပြင်မှ ဘာမှမရခဲ့သော်လည်း လင်းယွမ်က နှစ်သုံးထောင်အတွင်း စတုတ္ထရင်းမြစ်ကမ္ဘာအပေါ် သူ၏ နားလည်မှုများက သိသာထင်ရှားသော တိုးတက်မှုများရရှိခဲ့သည်။