← Chapters

အဲ့ဒါငါပဲ....

Vol. 80 Ch. 1115

အဲ့ဒါငါပဲ....

Vol. 80 Ch. 1115

အဝေးတွင် နတ်ဘုရားခုနှစ်ပါးရတနာသစ်ပင်ကို စောင့်ကြည့်နေကြသော အချိန်အရှင်သခင်များလည်း ရှိနေကြသည်။ အချိန်အရှင်သခင်တစ်ယောက်က လေးနက်သော အမူအရာနှင့် ရှိနေပြီး ခရုနယ်မြေ၏ မိခင်နှင့် ဝမ်ချန်းခုန်းတို့အပါအဝင် အချိန်သက်ရှိဆယ်ယောက်ကျော်က ရပ်နေကြသည်။

ယခုအကြိမ် ဝမ်ဝေဟင်းလင်းပြင်ပွင့်ချိန်တွင် အချိန်အရှင်သခင် ချူးဝေက စူးစမ်းရှာဖွေရန် အချိန်သက်ရှိများကို စုစည်းခဲ့သည်။ ချူးဝေက နတ်ဘုရားခုနှစ်ပါးရတနာသစ်ပင်၏ အနီးမှ အချိန်အရှင်သခင်များကို သူ၏ နောက်မှ အချိန်သက်ရှိများအား ပြောပြနေသည်။

ချူးဝေက သူ၏ စွမ်းအားကို သိရှိထားပြီး နတ်ဘုရားခုနှစ်ပါးရတနာသစ်ပင်အတွက် ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်မရှိသော်လည်း ထိုသို့သော ရတနာမျိုးကို တွေ့ရသောကြောင့် သူက အဝေးမှ စောင့်ကြည့်နေခဲ့သည်။

" အဲ့ဒါက အလင်းနက်အရှင်သခင်ပဲ။ ဒုတိယအဆင့် အထွတ်အထိပ်ပေါ့။ မင်းတို့ သူနဲ့တွေ့ရင် လုံးဝ မစော်ကားမိစေနဲ့။ "

" အဲ့​ဒါက ငွေရောင်ကောင်းကင်အရှင်သခင်ပဲ။ သူကလည်း ဒုတိယအဆင့် အထွတ်အထိပ် တစ်ယောက်ပဲ။ "

" အဲ့ဒါက ချင်းမုအရှင်သခင်ပဲ...."

ချူးဝေက တစ်ကြိမ်ပင် ဆုံတွေ့ရန် ခက်ခဲသော အချိန်အရှင်သခင် ခုနှစ်ယောက်ရှစ်ယောက်၏ နာမည်များကို မိတ်ဆက်ပေးနေသည်။ ဝမ်ချန်းခုန်းနှင့် ခရုနယ်မြေ၏ မိခင်တို့က အာရုံစိုက်ပြီး နားထောင်နေကြသည်။ အချိန်အရှင်သခင်များ၏ သတင်းအချက်အလက်များက ဝယ်ယူလျှင်တောင် တန်ဖိုးကြီးလှသည်။

သို့သော် ထိုအချိန်တွင် အလင်းတန်းတစ်ခုက အဝေးမှ တစ်ဟုန်ထိုးထွက်ပေါ်လာပြီး အချိန်အရှင်သခင်များ၏ ပိတ်ဆို့မှုများကို ထိုးဖောက်ကာ နတ်ဘုရားခုနှစ်ပါးရတနာသစ်ပင်ကို ယူဆောင်သွားပြီး အလင်းတန်းအဖြစ် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

နတ်ဘုရားခုနှစ်ပါးရတနာသစ်ပင် ပျောက်ကွယ်သွားမှ အချိန်အရှင်သခင်များက တုန့်ပြန်နိုင်ကြပြီး မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ကြပေ။

" အဲ့ဒါဘာလဲ။ " ချူးဝေ၏ နောက်မှ အချိန်သက်ရှိများကလည်း မယုံကြည်နိုင်ဖြစ်နေကြသည်။ ချူးဝေကလည်း ကောင်းကောင်းတုန့်ပြန်နိုင်ခြင်းမရှိသေးပေ။ ခဏကြာမှသာ သူက ကြောက်ရွံ့မှုများနှင့်အတူ ပြောလိုက်သည်။

" အခုလေးတင် နတ်ဘုရားခုနှစ်ပါးရတနာသစ်ပင်ကို ယူသွားတဲ့ အချိန်အရှင်သခင်ရဲ့ စွမ်းအားက အခြားဒုတိယအဆင့် အချိန်အရှင်သခင်တွေထက် အရမ်းကြောက်ဖို့ကောင်းတယ်။ မင်းတို့ သူနဲ့တွေ့ရင် ထွက်ပြေးဖို့တောင် မကြိုးစားနဲ့။ သူကသာ မင်းတို့ကို သတ်ချင်ရင် ထွက်ပြေးဖို့ လမ်းမရှိဘူး။ "

ချူးဝေက သူ၏ စိတ်ကို ထိန်းချုပ်လိုက်ပြီး တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ " ထူးဆန်းလိုက်တာ ဒီလိုတည်ရှိမှုမျိုးအကြောင်း ငါတစ်ခါမှ မကြားဖူးဘူး။ "

သူ၏ နောင်မှ ခရုနယ်မြေ၏ မိခင်နှင့် ဝမ်ချန်းခုန်းတို့၏ မျက်နှာများပေါ်မှ မယုံကြည်နိုင်သော အရိပ်အယောင်များကိုတော့ ချူးဝေက သတိမထားမိခဲ့ပေ။ ထိုအလင်းတန်းအတွင်းမှ ထိုက်ကျိအော်ရာက သူတို့ကို ရင်းနှီးနေသကဲ့သို့ ခံစားရစေသည်။

ဖရိုဖရဲဟင်းလင်းပြင်။

လင်းယွမ်၏ ကိုယ်ပွားက ခရုနယ်မြေ၏ မိခင်၊ ဝမ်ချန်းခုန်းတို့နှင့် စကားပြောနေသည်။ အချိန်သက်ရှိသုံးယောက်က မကြာခဏ စုဝေးလေ့ရှိပြီး သူတို့အချင်းချင်းလည်း အတော်လေးအဆင်ပြေကြသည်။

" နဂါးငွေ့တန်း ငါကို ခုနလေးက ဝမ်ဝေဟင်းလင်းပြင်ထဲမှာ နတ်ဘုရားခုနှစ်ပါးရတနာသစ်ပင်ရဲ့ တိုက်ပွဲကို ကြည့်နေကြတာ။ နောက်ဆုံးမှာ လျို့ဝှက်ဆန်းကြယ်တဲ့ အချိန်အရှင်သခင်တစ်ယောက်က လုယူသွားခဲ့တယ်။ သူ့ရဲ့ နည်းလမ်းတွေက မင်းနဲ့ တော်တော်လေးတူတယ်။ "

ဝမ်ချန်းခုန်းက စိတ်ဝင်တစား ပြောလိုက်သည်။ " နဂါးငွေ့တန်း မင်းက အဲ့ဒီအချိန်အရှင်သခင် ချန်ခဲ့တဲ့ အမွေအနှစ်တစ်ခုခုကို ရခဲ့တာလား။ "

" ဒီလိုအင်အားကြီးတဲ့သူတစ်ယောက်ရဲ့ အမွေအနှစ်က အရမ်းကြောက်စရာကောင်းမှာပဲ။ မင်းရဲ့ စွမ်းအားက ဘာလို့ ဒီလောက်သန်မာနေရသလဲဆိုတာ မထူးဆန်းတော့ပါဘူး။ " ခရုနယ်မြေ၏ မိခင်က ပြောလိုက်သည်။

" နတ်ဘုရားခုနှစ်ပါးရတနာသစ်ပင်လား။ " လင်းယွမ်က သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။

ဝမ်ဝေဟင်းလင်းပြင်အတွင်း အချိန်အတိုင်းအတာများကို ကြည့်၍မရသကဲ့သို့ ကြောင်းကျိုးဆက်နွယ်မှုများကိုလည်း ဖိနှိပ်ထားသောကြောင့် လင်းယွမ်က သူတို့အနီးတွင် ရှိနေခဲ့သည်ကို သူတို့မသိကြပေ။

" နဂါးငွေ့တန်း အဲ့ဒီအချိန်အရှင်သခင်က ဘယ်သူလဲ။ အရှင်သခင်ချူးဝေတောင် သူ့ကို မသိဘူး။ " ဝမ်ချန်းခုန်းက ပြောလိုက်သည်။

ခရုနယ်မြေ၏ မိခင်ကလည်း လင်းယွမ်ကို သိလိုစိတ်နှင့် ကြည့်နေသည်။

" ဘယ်သူလဲဟုတ်လား။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " အဲ့ဒါငါပဲ..."

ထိုစကားကို ကြားသောအခါ အချိန်သက်ရှိနှစ်ယောက်လုံးက မှင်သက်သွားကြသည်။ ချူးဝေကပင် ထိုအချိန်အရှင်သခင်အား အလွန်လေးစားနေသည်ကို သူတို့သိကြသည်။ ထိုသူက အချိန်အရှင်သခင် ခုနှစ်ယောက်ကျော်၏ ပိတ်ဆို့မှုများကို ထိုးဖောက်ပြီး နတ်ဘုရားခုနှစ်ပါး ရတနာသစ်ပင်ကို အလွယ်တကူ ယူဆောင်သွားခဲ့သည်ကို သူတို့ မြင်တွေ့ခဲ့ရသည်။

ထို့အပြင် ထိုအချိန်အရှင်သခင်က လင်းယွမ်နှင့် တစ်စုံတစ်ရာ ပက်သက်နေနိုင်သောကြောင့် သူတို့က မေးမြန်းခဲ့ကြသည်။ သို့သော် လင်းယွမ်၏ အဖြေကို ကြားလိုက်ရသောအခါ သူတို့နှစ်ယောက်လုံးက မှင်သက်သွားခဲ့ကြသည်။

ဒဏ္ဍာရီလာအချိန်အရှင်သခင်အဆင့်ကို နီးကပ်နေသော ထိုအချိန်အရှင်သခင်က နဂါးငွေ့တန်းဖြစ်နေသည်။

" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " သူတို့နှစ်ယောက်လုံးက မယုံကြည်နိုင်ဖြစ်သွားကြသည်။

" နတ်ဘုရားခုနှစ်ပါးရတနာသစ်ပင်က ငါ့အတွက် အသုံးဝင်လို့ ဝင်လုလိုက်တာပဲ။ " လင်းယွမ်က ရှင်းပြလိုက်သည်။

သူ၏ လက်ရှိစွမ်းအားဖြင့် သူ့ကိုသူ ဖုံးကွယ်ထားရန် မလိုအပ်ပေ။ နတ်ဘုရားခုနှစ်ပါးရတနာသစ်ပင်က တန်ဖိုးကြီးသော်လည်း သာမန်အချိန်အရှင်သခင်များအတွက်သာ ဖြစ်သည်။ သို့သော် အချိန်အရှင်သခင်များက လင်းယွမ်၏ လက်ထဲတွင် နတ်ဘုရားခုနှစ်ပါးရတနာသစ်ပင်ရှိနေသည်ကို သိလျှင်တောင် လာရောက်လုယူဝံ့မည်မဟုတ်ပေ။

" အဲ့ဒါကြောင့်ကိုး။ " ဝမ်ချန်းခုန်းနှင့် ခရုနယ်မြေ၏ မိခင်တို့က အတွေးကိုယ်စီနှင့် ငြိမ်သက်သွားကြသည်။

လင်းယွမ်၏ အဖြေက မယုံကြည်နိုင်စရာဖြစ်သော်လည်း အများအားဖြင့် သူတို့က ယုံကြည်ကြသည်။ လင်းယွမ်က ထိုသို့သော ကိစ္စမျိုးအား လိမ်ညာမည်မဟုတ်သည်ကို သူတို့သိကြသည်။

" နဂါးငွေ့တန်း မင်းရဲ့ စွမ်းအားက.... " ဝမ်ချန်းခုန်းက သူ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းပြီး ​မေးလိုက်သည်။ သူ၏ ဘေးမှ ခရုနယ်မြေ၏ မိခင်ကလည်း အာရုံစိုက်ပြီး နားထောင်နေသည်။

လင်းယွမ်က နတ်ဘုရားခုနှစ်ပါးရတနာသစ်ပင်ကို လုယူခဲ့သည့်အကြာင်းရင်းက သူတို့အတွက် အံ့ဩစရာမရှိပေ။ သူတို့ကို အံ့အားသင့်စေသည်မှာ လင်းယွမ်၏ စွမ်းအားပင်ဖြစ်သည်။ ယခင် လင်းယွမ်က ဟွေ့ဘိုးဘေးနှင့် အပြန်အလှန်တိုက်ခိုက်နိုင်ရုံသာဖြစ်သော်လည်း ယခု သူက ဝမ်ဝေဟင်းလင်းပြင်အတွင်းမှ အချိန်အရှင်သခင်များကြားတွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေသည်။

" မကြာသေးခင်က ငါ အဆင့်တက်မှုအချို့ ရှိခဲ့တယ်။ " လင်းယွမ်က သူတို့နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။

" အဆင့်တက်မှုအချို့လား။ " ဝမ်ချန်းခုန်းနှင့် ခရုနယ်မြေ၏ မိခင်တို့က စိတ်ထဲတွင် တုန်လှုပ်သွားကြသည်။

" မင်းတို့ ဝမ်ဝေဟင်းလင်းပြင်မှာ ငါ့ရဲ့ အကူအညီလိုသေးလား။ " လင်းယွမ်က မေးလိုက်သည်။

သူ၏ လက်ရှိစွမ်းအားဖြင့် အချိန်သက်ရှိနှစ်ယောက်ကို ကာကွယ်ရန် ပြဿနာမရှိပေ။ အချိန်လေဟာနယ်ဆိုင်ပိုင်ရှင်ဆိုလျှင် နာမည်ကြားရုံနှင့် ဒဏ္ဍာရီအဆင့်မဟုတ်သော အချိန်အရှင်သခင်များကိုပင် သတိထားသွားစေနိုင်သည်။

" နဂါးငွေ့တန်း... အရှင်သခင်နဂါးငွေ့တန်း ဝမ်ဝေဟင်းလင်းပြင်မှာ အရှင်သခင်က ရတနာတွေအတွက် ယှဉ်ပြိုင်ရဦးမှာပါ။ ကျုပ်တို့အတွက် စိတ်မပူပါနဲ့။ " ဝမ်ချန်းခုန်းက ပြန်လည်ဖြေကြားလိုက်သည်။

" မှန်တယ်။ အဆိုးဆုံးအခြေအနေမှာတောင် ကျုပ်တို့ရဲ့ အဓိကတိုက်ခိုက်ရေးခန္ဓာတွေ ဆုံးရှုံးရုံပဲ။ ဒါပေမယ့် ကျုပ်တို့ကြောင့် အရှင်သခင်ရဲ့ အကျိုးအမြတ်တွေ နှောင့်နှေးသွားမှာ မလိုလားပါဘူး။ " ခရုနယ်မြေ၏ မိခင်ကလည်း ပြန်ဖြေလိုက်သည်။

" အန္တရာယ်ရှိလာရင် ငါ့နာမည်ကိုသာ ပြောလိုက်ပါ။ "

သူ၏ နာမည်ကို ပြောခိုင်းခြင်းမှာ ကျော်ကြားမှုကြောင့်မဟုတ်ပေ။ လင်းယွမ်က အကြိမ်များစွာ လှုပ်ရှားခဲ့ခြင်းမရှိသောကြောင့် သူ၏ နာမည်က ပျံ့နှံ့ခြင်းမရှိသေးပေ။ သို့သော် လင်းယွမ်၏ နာမည်ကို ပြောလိုက်သည်နှင့် သူက ချက်ချင်း သိနိုင်ပြီး အရမ်းမဝေးလျှင် သူက ချက်ချင်း လာရောက်ကူညီနိုင်မည်ဖြစ်သည်။

" ဟုတ်ကဲ့ပါ။ "

" ကျေးဇူးတင်ပါတယ် အရှင်သခင်နဂါးငွေ့တန်း.... " ခရုနယ်မြေ၏ မိခင်နှင့် ဝမ်ချန်းခုန်းတို့က စိတ်လှုပ်ရှားစွာ ပြောလိုက်ကြသည်။

" အရှင်သခင်နဂါးငွေ့တန်းက.... အဲ့ဒီလျို့ဝှက်ဆန်းကြယ်တဲ့ အချိန်အရှင်သခင်လား။ " ခရုနယ်မြေ၏ မိခင်က မယုံကြည်နိုင်စွာ ဖြစ်သည်။ " တော်သေးတာပေါ့။ ငါ အဲ့ဒီ ကောင်းကင်မြစ်နှလုံးသားကို လုယူဖို့ မကြိုးခဲ့ဘူး။ "

" အရှင်သခင်နဂါးငွေ့တန်းက အရင်ကတည်းက အချိန်အရှင်သခင်တစ်ယောက်ဖြစ်ပြီး ရည်ရွယ်ချက်တစ်ခုခုကြောင့် ဖရိုဖရဲဟင်းလင်းပြင်ထဲကို ဝင်ရောက်ပြီး အသစ်ပြန်ကျင့်ကြံတာမျိုး ဖြစ်နိုင်တယ်။ အခုတော့ သူရဲ့ စွမ်းအားကို ပြန်ရသွားပြီပေါ့။ " ဝမ်ချန်းခုန်းက ပြောလိုက်သည်။

ဖရိုဖရဲဟင်းလင်းပြင်ကဲ့သို့သော ထိပ်တန်းဒိုင်မန်းရှင်းနယ်မြေတစ်ခုကို သာမန်အချိန်အရှင်သခင်များက အလွယ်တကူ ကိုင်တွယ်နိုင်ခြင်းမရှိပေ။ သို့သော် သူတို့က ကြီးမားသော ပေးဆပ်မှုတစ်ခု ပြုလုပ်လိုလျှင် အချိန်အရှင်သခင်တစ်ယောက်က ၎င်းအတွင်းသို့ ပေါင်းစပ်ဝင်ရာက်နိုင်သည်။

" ဖရိုဖရဲဟင်းလင်းပြင်က ဘာတွေထူးခြားနေလို့ အရှင်သခင်နဂါးငွေ့တန်းက ပေးဆပ်မှုတစ်ခုလုပ်ပြီး ပေါင်းစပ်ခဲ့တာလဲ။ " ခရုနယ်မြေ၏ မိခင်က ခေါင်းခါပြီး ပြောလိုက်သည်။

အချိန်အရှင်သခင်များ အဓိကရှာဖွေနေခြင်းမှာ လွတ်မြောက်ခြင်းလမ်းစဉ်သာ ဖြစ်သည်။ အထူးဒိုင်မန်းရှင်းမဟုတ်လျှင် သာမန်ဒိုင်မန်းရှင်းများက အချိန်အရှင်သခင်များ၏ အာရုံစိုက်မှုကို ရရှိရန် ခက်ခဲသည်။

" ဒါကတော့..." ဝမ်ချန်းခုန်းက ဘာပြောရမှန်းမသိဖြစ်သွားသည်။ " အရှင်သခင်နဂါးငွေ့တန်းက အရင်ကတည်းက အချိန်အရှင်သခင်တစ်ယောက်ဖြစ်ဖြစ်၊ မဟာဖျက်ဆီးခြင်းစက်ဝန်းထဲတွင် အချိန်အရှင်သခင်အဆင့်ကို ရောက်ခဲ့တာဖြစ်ဖြစ် အဲ့ဒါက ငါတို့ ခန့်မှန်းနိုင်တာထက် ကျော်လွန်နေပြီ။ "

" မှန်တယ်။ " ခရုနယ်မြေ၏ မိခင်က ပြောလိုက်သည်။

All Chapters