← Chapters

ပုံရိပ်ယောင်ကမ္ဘာကို ချဉ်းကပ်ခြင်း....

Vol. 80 Ch. 1116

ပုံရိပ်ယောင်ကမ္ဘာကို ချဉ်းကပ်ခြင်း....

Vol. 80 Ch. 1116

" ဖရိုဖရဲဟင်းလင်းပြင်က အချိန်သက်ရှိတွေကတော့ တကယ်ကံကောင်းတာပဲ။ " ဝမ်ချန်းခုန်းက ပြောလိုက်သည်။

သူတို့ကိုယ်တိုင်က ထိပ်တန်းဒိုင်မန်းရှင်းနယ်မြေမှ အချိန်သက်ရှိများ ဖြစ်ကြသည်။ သို့သော် သူတို့၏ ဇာတိဒိုင်မန်းရှင်းနယ်မြေပျက်စီးသွားပြီးနောက် ဒိုင်မန်းရှင်းအကြောင်းထဲသို့ စွန့်စားသွားလာခဲ့ပြီး ဒုက္ခများစွာကို ကြုံတွေ့ပြီးမှ ယခုကဲ့သို့သော အခြေအနေမျိုးကို ရရှိခဲ့ကြခြင်းဖြစ်သည်။

ဖရိုဖရဲဟင်းလင်းပြင်မှ အချိန်သက်ရှိများက သူတို့၏ ဒိုင်မန်းရှင်းနယ်မြေမှ မထွက်ခွာရသေးသော်လည်း အရှင်သခင်နဂါးငွေ့တန်း၏ ကာကွယ်မှုအောက်တွင် သူတို့၏ အနာဂတ်ကျင့်ကြံမှုလမ်းစဉ်က ဝမ်ချန်းခုန်းတို့ထက် အဆပေါင်းများစွာ ပိုမိုချောမွေနေပေလိမ့်မည်။

"မှန်တယ်။ " ခရုနယ်မြေ၏ မိခင်က ခေါင်းညိမ့်လိုက်သည်။

တတိယရင်းမြစ်ကမ္ဘာ။

လင်းယွမ်က ခြေချိတ်ထိုင်နေပြီး မနီးမဝေးရှိ ပုံရိပ်ယောင်ကမ္ဘာကို စိုက်ကြည့်လိုက်သည်။

" ဝေးနေသေးတယ်။ နည်းနည်းလောက် ထပ်တိုးသွားဖို့ လိုသေးတယ်။ " လင်းယွမ်က ထရပ်လိုက်ပြီး အင်မော်တယ်ဧကရာဇ်သုံးပါးကို ဆက်သွယ်လိုက်သည်။

" ထျန်းယွမ် မင်းပြောတာ ငါတို့ ပူးပေါင်းပြီး ပုံရိပ်ယောင်ကမ္ဘာရဲ့ နက်ရှိုင်းတဲ့နေရာထိ သွားမှာလား။ " သုံးဘဝအင်မော်တယ်ဧကရာဇ်၏ အမူအရာက လေးနက်နေသည်။

" ထျန်းယွမ် ဒီပုံရိပ်ယောင်ကမ္ဘာက ကြီးမားတဲ့ နောက်ခံရှိတယ်။ ဒဏ္ဍာရီလာအချိန်အရှင်သခင်တစ်ယောက်နဲ့ ပက်သက်နေနိုင်တယ်။ အခုတောင်မှ ငါတို့ ခံစားနေရတဲ့ ဖိအားက အရမ်းကြီးမားနေပြီ။ "

လင်းယွမ်နှင့် အင်မော်တယ်ဧကရာဇ်သုံးပါးတို့က ပုံရိပ်ယောင်ကမ္ဘာနှင့် အလွန်နီးကပ်သောနေရာတွင် ရှိနေကြပြီး ဟုန်ချန်းအင်မော်တယ်များနှင့် အင်မော်တယ်ဘုရင်များက အလွန်ဝေးကွာသော နေရာများတွင် ရှိနေကြသည်။

" ပြဿနာမရှိဘူး။ မကြားသေးခင်က ငါ့ရဲ့ စွမ်းအားက နည်းနည်းတိုးတက်လာတယ်။ ဒါကြောင့် တစ်ချက်လောက် စမ်းကြည့်လို့ရတယ်။ " လင်းယွမ်က ပြောလိုက်သည်။

သူက ပုံရိပ်ယောင်ကမ္ဘာ၏ နက်ရှိုင်းသောနေရာသို့ တစ်ယောက်တည်း မစွန့်စားလိုပေ။ အန္တရာယ်ရှိလာလျှင် အချင်းချင်း ကူညီနိုင်ရန် အခြယးအင်မော်တယ်ဧကရာဇ်များကို ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

" ဒါဆိုလည်း စကြတာပေါ့။ " ဝူယုက ပြောလိုက်သည်။

သူတို့ပူးပေါင်းရုံနှင့် ပုံရိပ်ယောင်ကမ္ဘာ၏ နက်ရှိုင်းသောနေရာသို့ သွားနိုင်လိမ့်မည်ဟု သူက ယုံကြည်မှုမရှိပေ။ လက်ရှိတွင် သူတို့က အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည်။ သို့သော် လင်းယွမ်က တိုက်တွန်းနေသောကြောင့် သူတို့ ကြိုးစားကြည့်နိုင်လေသည်။

ဝုန်း....

မကြာမီ လင်းယွမ်က လှုပ်ရှားလိုက်ပြီး ပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ ဝင်ရောက်သွားသည်။ ပြင်းထန်သော ဖိအားများက ဆင်းသက်လာပြီး လင်းယွမ်က ထိုက်ချူးစွမ်းအားကို အသုံးပြုကာ ပြင်းထန်သော ဖိအားများကို ပျောက်ကွယ်သွားစေခဲ့သည်။

" ဒါက..." တောက်ယိုက မျက်လုံးပြူးသွားသည်။

" ချက်ချင်း လိုက်ခဲ့ကြ။ " သုံးဘဝအင်မော်တယ်ဧကရာဇ်က တွန့်ဆုတ်မနေဘဲ လှုပ်ရှားလိုက်သည်။

အခြားအင်မော်တယ်ဧကရာဇ်နှစ်ပါးကလည်း နောက်မှ လိုက်ပါသွားကြသည်။ သူတို့သုံးယောက်က လင်းယွမ်နှင့် ပူးပေါင်းပြီး ပုံရိပ်ယောင်ကမ္ဘာဆီသို့ အဆက်မပြတ် ချဉ်းကပ်သွားကြသည်။ ပုံရိပ်ယောင်ကမ္ဘာ၏ အတားအဆီးသို့ ရောက်မှ သူတို့က ရပ်တန့်လိုက်ကြပြီး အတွင်းမှ မြင်ကွင်းများကို ဝေဝါးစွာ မြင်တွေ့လိုက်ရသည်။

" ထျန်းယွမ် မင်းရဲ့ စွမ်းအားက..." တောက်ယိုက မယုံကြည်နိုင်စွာ ဖြစ်နေသည်။

ပုံရိပ်ယောင်ကမ္ဘာသို့ ချဉ်ကပ်နေစဉ်အတွင်း ဖိအားအများစုကို လင်းယွမ်နှင့် သုံးဘဝအင်မော်တယ်ဧကရာဇ်တို့က အဓိကခံယူခဲ့ကြခြင်း ဖြစ်သည်။ ကျန်နှစ်ယောက်က အေးအေးဆေးဆေးပင် ဖြတ်ကျော်နိုင်ခဲ့သည်။ သူတို့နှစ်ယောက် စုပေါင်းပြီး ခုခံရသော ဖိအားက လင်းယွမ်ခုခံခဲ့သော ဖိအား၏ ဆယ်ပုံတစ်ပုံပင်မရှိပေ။

" ထျန်းယွမ် မင်းက နှိမ့်ချလွန်းနေတယ်။ " သုံးဘဝအင်မော်တယ်ဧကရာဇ်က ပြောလိုက်သည်။ " အခုဆိုရင် ငါတောင် မင်းရဲ့ ပြိုင်ဘက်မဖြစ်နိုင်တော့ဘူးထင်တယ်။ "

သူတို့က လင်းယွမ်နှင့် တိုက်ရိုက်မယှဉ်ပြိုင်ခဲ့ကြသော်လည်း ပုံရိပ်ယောင်ကမ္ဘာသို့ ချဉ်းကပ်ခဲ့သော ဖိအားများအရ လင်းယွမ်က သူ့ထက်အားမနည်းကြောင်း သုံးဘဝအင်မော်တယ်ဧကရာဇ်က သိရှိလိုက်သည်။

တောက်ယိုနှင့် ဝူယုတို့က တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်စွာဖြင့် ကြည့်လိုက်ကြသည်။ သူတို့က လင်းယွမ်ကို ပုံရိပ်ယောင်ကမ္ဘာ၏ ဖိအားအကြောင်း အကြံပေးခဲ့ကြသည်။

" အခု ဘယ်လိုခံစားရလဲ။ " လင်းယွမ်က လက်တစ်ကမ်းအကွာမှ ပုံရိပ်ယောင်ကမ္ဘာကို ကြည့်လိုက်သည်။

" အရမ်းကောင်းတယ်။ " သုံးဘဝအင်မော်တယ်ဧကရာဇ်က ခေါင်းညိမ့်လိုက်သည်။

" ထျန်းယွမ် မင်းသာမရှိရင် ငါတို့ ဒီလောက်ထိ နီးနီးကပ်ကပ် ရောက်ဖို့ ဘယ်လောက်တောင် ကြာဦးမလဲမသိဘူး။ " တောက်ယိုက ပြောလိုက်သည်။

" ဒီပုံရိပ်ယောင်ကမ္ဘာရဲ့ နောက်ခံကဘာလဲ။ " လင်းယွမ်က သုံးဘဝအင်မော်တယ်ဧကရာဇ်ကို ကြည့်ပြီး မေးလိုက်သည်။

ပုံရိပ်ယောင်ကမ္ဘာက တာဟွမ်ရင်းမြစ်ကမ္ဘာမှ အရာတစ်ခုမဟုတ်ဘဲ ကျယ်ပြောလှသော ဒိုင်မန်းရှင်းအက်ကြောင်းမှ ကျရောက်လာခဲ့ခြင်းဖြစ်သည်။

" ငါလည်း သေချာမသိဘူး။ " သုံးဘဝအင်မော်တယ်ဧကရာဇ်က ခေါင်းခါလိုက်သည်။

ပုံရိပ်ယောင်ကမ္ဘာ ရောက်ရှိလာစဉ်က သူက ဟုန်ချန်းအင်မော်တယ်အဆင့်သို့ ဝင်ရောက်ခါစဖြစ်ပြီး အချိန်သက်ရှိဖြစ်လာသည်မှာ မကြာသေးပေ။ သူက ကမ္ဘာကြီး တုန်ခါသွားသည်ကိုသာ ခံစားခဲ့ရပြီး နောက်ပိုင်းတွင် အင်မော်တယ်ဒြပ်စင်ရှိနေကြောင်း သိရှိခဲ့ရသည်။

" ထျန်းယွမ် မင်းရဲ့ ကျင့်ကြံမှုနှုန်းနဲ့ဆိုရင် ဒီပုံရိပ်ယောင်ကမ္ဘာရဲ့ မူလအစကို ရှာဖွေဖို့ဆိုတာ အချိန်တစ်ခုပဲလိုတယ်။ " တောက်ယိုက ဘေးမှ ပြောလိုက်သည်။ ယခုအခါ လင်းယွမ်က သုံးဘဝအင်မော်တယ်ဧကရာဇ်နှင့် အဆင့်တူ သို့မဟုတ် သာလွန်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

" ဒါက ထင်သလောက်မရိုးရှင်းဘူးလို့ ငါခံစားရတယ်။ " လင်းယွမ်က ဝမ်ဝေဟင်းလင်းပြင်ထက်ပင် ပိုမိုပြင်းထန်သော ဖိအားကို ခံစားနေရသည်။

ဖရိုဖရဲဟင်းလင်းပြင်။

လင်းယွမ်က သူ၏ ရှေ့မှ နတ်ဘုရားခုနှစ်ပါးရတနာသစ်ပင်ကို ကြည့်လိုက်သည်။ ထိုက်ကျိမူလစိတ်ဝိညာဉ်က ၎င်းကို ရရှိပြီးနောက် အပြင်သို့ ပို့ဆောင်ခဲ့ရာ ယခု သူ၏ မူလခန္ဓာကိုယ်ဆီသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဝမ်ဝေဟင်းလင်းပြင်ထဲတွင် အန္တရာယ်များ ရှိနေသဖြင့် လင်းယွမ်က တန်ဖိုးရှိသော ရတနာများကို ရရှိလာလျှင် ဘေးကင်းစေရန်အတွက် မူလခန္ဓာကိုယ်ဆီသို့ အမြန်ဆုံး ပို့ဆောင်ခဲ့လေသည်။

" နတ်ဘုရားခုနှစ်ပါး ရတနာသစ်ပင် " လင်းယွမ်က ထိုရတနာအတွင်းမှ ထူးဆန်းသော စွမ်းအားက ရုပ်ခန္ဓာအား ဆွဲဆောင်နေသည်ကို ခံစားလိုက်ရသည်။

" တကယ် ထူးခြားတာပဲ။ " လင်းယွမ်က သူ၏ ခန္ဓာကိုယ်မှ တောင့်တမှုကို ထိန်းချုပ်လိုက်ပြီး နတ်ဘုရားခုနှစ်ပါးရတနာသစ်ပင်ကို လေ့လာလိုက်သည်။

လင်းယွမ်က သူ၏ ခန္ဓာကိုယ်ကို အပြစ်ပြောစရာမရှိအောင် လုံလောက်နေပြီဟု ထင်မှတ်ခဲ့ပြီး ပြည့်စုံသော ရုပ်ခန္ဓာအဆင့်သို့ မရောက်သေးသော်လည်း သိပ်မဝေးဟု ယူဆခဲ့သည်။ သို့သော် ယခုအခါ နတ်ဘုရားခုနှစ်ပါးရတနာသစ်ပင်အတွင်းရှိ ထူးခြားသော အော်ရာကို ခံစားလိုက်ရသောအခါ အမှန်တကယ် ပြည့်စုံသော ရုပ်ခန္ဓာကို ရရှိရန်အတွက် လမ်းကြောင်းများစွာ ရှိနေသေးကြောင်း သူနားလည်လိုက်သည်။

" ဝမ်ဝေအရှင်သခင်က ပြည့်စုံတဲ့စိတ်ဝိညာဉ်အဆင့်ကို ရရှိခဲ့တဲ့အပြင် ပြည့်စုံတဲ့ ရုပ်ခန္ဓာကိုလည်း သေချာပေါက် ရရှိထားတာဖြစ်ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။

" ပြည့်စုံတဲ့ ရုပ်ခန္ဓာက လွတ်မြောက်ခြင်းကို မပို့​ဆောင်နိုင်ပေမယ့် စွမ်းအားကိုတော့ သေချာပေါက် မြှင့်တင်ပေးနိုင်တယ်။ ငါ့အတွက်တော့ များများရလေ ပိုကောင်လေပဲ။ " လင်းယွမ်က အနာဂတ်အချိန်အတိုင်းအတာများကို စောင့်ကြည့်ပြီး နတ်ဘုရားခုနှစ်ပါးရတနာသစ်ပင်က သူ့အတွက် မည်သည့်အန္တရာယ်မှ မပြုနိုင်သည်ကို အတည်ပြုပြီးနောက် ၎င်းကို ချက်ချင်း စုပ်ယူလိုက်သည်။

ဝုန်း....

ထူးခြားသော စွမ်းအားများက လင်းယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာ​ပြီး အသေးငယ်ဆုံးသော အမှုန်တိုင်းသို့ ပေါင်းစပ်သွားသည်။ လက်ရှိတွင် လင်းယွမ်၏ ခန္ဓာကိုယ်ရှိအမှုန်အမွှားတိုင်းကို အခြေခံယူနစ် ၃၃ခုဖြင့် ဖွဲ့စည်းထားပြီး အဆုံးမဲ့အမှုန်ကမ္ဘာများကို တည်ဆောက်ထားသည်။

နတ်ဘုရားခုနှစ်ပါးရတနာသစ်ပင်မှ ထူးခြားသော စွမ်းအားများ၏ ပေါင်းစပ်မှုက လင်းယွမ်၏ ခန္ဓာကိုယ်အတွင်းမှ အမှုန်တိုင်းကို အသွင်ပြောင်းလဲသွားစေခဲ့ပြီး ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ လျင်မြန်စွာ တိုးတက်သွားစေခဲ့သည်။

လင်းယွမ်၏ မူလခန္ဓာကိုယ်က နတ်ဘုရားခုနှစ်ပါးရတနာသစ်ပင်ကို သန့်စင်နေစဉ် ထိုက်ကျိမူလစိတ်ဝိညာဉ်က ဝမ်ဝေဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာများသို့ အဆက်မပြတ် စူးစမ်းနေခဲ့သည်။

All Chapters