ထောင်ချောက်....
Vol. 80 Ch. 1117
အချိန်အရှင်သခင်တစ်ယောက်က နယ်မြေတစ်ခုကို သတိကြီးစွာဖြင့် စစ်ဆေးနေသည်။ သူ၏ နာမည်က အရှင်သခင်ဟွမ်ဖုန်းဖြစ်ပြီး ကပ်ဘေး ၁.၀၈ ဘီလီယံတွင် ကပ်ဘေး တစ်ဘီလီယံကျော်ကို ဖြတ်ကျော်နိုင်ခဲ့သူဖြစ်သည်။
" ပြီးခဲ့တဲ့အကြိမ် ကပ်ဘေးကို ဖြတ်ကျော်တုန်းက ငါကျရှုံးလုနီးပါး ဖြစ်ခဲ့တယ်။ " အရှင်သခင်ဟွမ်ဖုန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ " ဒီတစ်ခါ ဝမ်ဝေဟင်းလင်းပြင်မှာ ကြီးမားတဲ့ အကျိုးအမြတ်တွေ ရရှိခဲ့ရင် နောက်လာမယ့် ကပ်ဘေးအတွက် ငါယုံကြည်မှုရှိလာလိမ့်မယ်။ "
အဆုံးမဲ့ကပ်ဘေးလမ်းစဉ်က လမ်းစဉ်သုံးခုအနက် လွတ်မြောက်ခြင်းသို့ ရော်ရှိရန် မျှော်လင့်ချက်အမြင့်မားဆုံးသော လမ်းစဉ်ဖြစ်ပြီး အချိန်အရှင်သခင်အများစုက ထိုလွတ်မြောက်ခြင်းလမ်းစဉ်ကို ရွေးချယ်ကြသည်။ ကပ်ဘေးများကို ဖြတ်ကျော်လိုက်သည့်အကြိမ်တိုင်း စွမ်းအားကိုလည်း တိုးတက်စေမည်ဖြစ်သည်။
" ကပ်ဘေး ၁.၀၈ ဘီလီယံထဲက နောက်ဆုံးကပ်ဘေးတွေက ခက်ခဲပြီး လက်တွေ့ကမ္ဘာက စွမ်းအားနဲ့နည်းလမ်းတွေက အသုံးမဝင်တော့ဘူးလို့ ပြောကြတယ်။ " အရှင်သခင်ဟွမ်ဖုန်းက တွေးလိုက်သည်။ " နောက်ဆုံး ကပ်ဘေးသန်းသုံးရာက ထူးခြားလွန်းပြီး ဘယ်လိုနည်းနဲ့ အောင်မြင်အောင်လုပ်ဆောင်ရမလဲဆိုတာ ဘယ်သူမှမသိကြဘူး။ "
" ဟင် အဲ့ဒါဘာလဲ။ " အရှင်သခင်ဟွမ်ဖုန်း၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး အနီးရှိ တောင်ထိပ်တစ်ခုကို ကြည့်လိုက်သည်။
ထိုတောင်ထိပ်က သာမန်ဟုထင်ရသော်လည်း ထူးခြားသောအော်ရာတစ်ခုက ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။
" တန်ဖိုးကြီးရတနာတစ်ခုပဲ။ ဒါက ဝမ်ဝေဟင်းလင်းပြင်ရဲ့ အနက်ရှိုင်းဆုံးနေရာက တန်ဖိုးကြီးရတနာတစ်ခုပဲ။ " အရှင်သခင်ဟွမ်ဖုန်းက စိတ်ထဲမှ ခန့်မှန်းလိုက်ပြီး တောင်ထိပ်ဆီသို့ ချဉ်းကပ်သွားသည်။
သူက သတိကြီးသူဖြစ်သောကြောင့် တောင်ထိပ်သို့ ဆင်းသက်ရန် ကိုယ်ပွားတစ်ခု ဖန်တီးလိုက်သည်။
" ရတနာတွေအများကြီးပဲ။ " သူ၏ ကိုယ်ပွားမှတစ်ဆင့် အရှင်သခင်ဟွမ်ဖုန်းက တောင်အတွင်း၌ ရတနာများကို မြင်လိုက်ရသည်။ ရတနာတစ်ခုစီ၏ တန်ဖိုးက အနည်းဆုံး အချိန်သဲ ပေါင်သောင်းချီ တန်ဖိုးရှိလှသည်။
" ဒီရတနာတွေကို အတားအဆီးတစ်ခုက လွှမ်းမိုးထားတာပဲ။ ငါ့ရဲ့ ကိုယ်ပွားက ဒီအတားအဆီးကို ချိုးဖျက်ဖို့ အားနည်းလွန်းတယ်။ " အရှင်သခင်ဟွမ်ဖုန်းက ပတ်ဝန်းကျင်ကို ထပ်မံစစ်ဆေးပြီး ကိုယ်တိုင်ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ သူက တွန့်ဆုတ်နေပြီး အခြားအချိန်အရှင်သခင်များ တွေ့ရှိသွားလျှင် တောင်အတွင်းမှ ရတနာများက သူတစ်ယောက်တည်းနှင့် သက်ဆိုင်တော့မည်မဟုတ်ပေ။
အရှင်သခင်ဟွမ်ဖုန်းက တောင်ထိပ်အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် အမှောင်ထုတစ်ခုက သူ့ကို လွှမ်းမိုးသွားသည်။
" ထောင်ချောက်လား။ " အရှင်သခင်ဟွမ်ဖုန်းက ထိတ်လန့်သွားသည်။ တောင်ထိပ်ကို စတင်တွေ့ရှိစဉ်ကပင် ၎င်းက ထောင်ချောက်ဖြစ်နိုင်မလားဟု သူစဉ်းစားခဲ့သော်လည်း နောက်ဆုံးတွင် သူ၏ လောဘကို မထိန်းချုပ်နိုင်ခဲ့ပေ။ အမှောင်ထုက ပျံ့နှံ့လာသည်နှင့် အရှင်သခင်ဟွမ်ဖုန်းကို အရပ်မျက်နှာအသီးသီးမှ ဖိနှိပ်သွားခဲ့သည်။
" ဒီခန္ဓာကိုတော့ ချက်ချင်း မဖျက်ဆီးသေးဘူး။ " အရှင်သခင်ဟွမ်ဖုန်းက ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။
အင်အားပိုကြီးမားလေ အဓိကတိုက်ခိုက်ရေးခန္ဓာကို ဖန်တီးရန် ကုန်ကျစရိတ်က ပိုမိုကြီးမားလေဖြစ်သည်။ ထို့ကြောင့် ရှင်သန်နိုင်ရန် အခွင့်အရေး လုံးဝမရှိလျှင်တောင် အချိန်အရှင်သခင်များက အဓိကတိုက်ခိုက်ရေးခန္ဓာကို အလွယ်တကူ စွန့်လွှတ်မည်မဟုတ်ပေ။
အရှင်သခင်ဟွမ်ဖုန်းက ထောက်ချောက်အတွင်းသို့ ကျရောက်သွားခဲ့မှန်းသိသော်လည်း အခြေအနေကို အရင်ဦးစွာ အကဲဖြတ်ရန် စီစဉ်ခဲ့သည်။ အမှောင်စွမ်းအားများ စုစည်းလာပြီး ပုံရိပ်သုံးခုဖြစ်ပေါ်လာသည်။
" အရှင်သခင်ဟွမ်ဖုန်း။ " ခေါင်းဆောင်ဖြစိသူက ပြောလိုက်သည်။ " ခုခံမနေနဲ့။ မင်းရဲ့ စွမ်းအားနဲ့ လွတ်မြောက်နိုင်မှာမဟုတ်ဘူး။ "
" ဒီတစ်ခါ ငါဟွမ်ဖုန်း ရှုံးနိမ့်သွားပြီ။ " အရှင်သခင်ဟွမ်ဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ " ဒီလိုလက်နက်တွေကို ဝမ်ဝေဟင်းလင်းပြင်ထိ သယ်လာရဲတာ မင်းတို့ပဲရှိတယ်။ ဒါတွေအားလုံး ဆုံးရှုံးသွားမှာမကြောက်ဘူးလား။ "
သူ့ကို ဖိနှိပ်ထားသော အမှောင်နယ်ပယ်က အချိန်အရှင်သခင်အဆင့် လက်နက်တစ်ခုဖြစ်ပြီး အလွန်အစွမ်းထက်သည်မှာ ထင်ရှားသည်။ မဟုတ်လျှင် သူက ဤမျှလွယ်လွယ်ကူကူ ဖိနှိပ်ခံရမည်မဟုတ်ပေ။
" အဲ့ဒါက မင်းနဲ့မဆိုင်ပါဘူး။ " ခေါင်းဆောင်က ခေါင်းခါလိုက်သည်။
" ပြောစမ်း။ အပေးအယူကဘာလဲ။ " အရှင်ဟွမ်ဖုန်းက တိုက်ရိုက်မေးလိုက်သည်။
ထိုအမှောင်ပုံရိပ်သုံးခု၏ စွမ်းအားက သူ့ထက် သာလွန်နေပြီး ဒဏ္ဍာရီအဆင့်နှင့် နီးကပ်နေပြီဖြစ်ကြောင်း သူသိနိုင်သည်။ သူတို့သုံးယောက်အပြင် အမှောင်နယ််ပယ်၏ ဖိနှိပ်မှုနှင့ ပေါင်းစပ်လိုက်လျှင် သူ့အတွက် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိကြောင်း အရှင်သခင်ဟွမ်ဖုန်းက သိလိုက်သည်။
" အချိန်သဲပေါင်ငါးသန်း ပေးရင ငါတို့ မင်းကို လွှတ်ပေးမယ်။ " ခေါင်းဆောင်က ပြောလိုက်သည်။
" အချိန်သဲပေါင်ငါးသန်းဟုတ်လား။ " အရှင်သခင်ဟွမ်ဖုန်း၏ အမူအရာက ခက်ထန်နေသည်။
သူ၏ စူးစမ်းရှာဖွေမှုမှ ရရှိသော အကျိုးအမြတ်မှာ အချိန်သဲပေါင်နှစ်သန်းခန့်သာရှိသည်။ သို့သော် တစ်ဖက်လူက အချိန်သဲပေါင်ငါးသန်း ထုတ်ပေးရန် တောင်းဆိုနေသည်။
" ငါတို့က အများကြီး တောင်းဆိုနေတာမဟုတ်ဘူး။ " ခေါင်းဆောင်က ဟွမ်ဖုန်းကို ကြည့်လိုက်သည်။ " မင်းရဲ့ အဓိကတိုက်ခိုက်ရေးခန္ဓာကို ဖန်တီးဖို့ အချိန်သဲပေါင်ရှစ်သန်းလောက် ကုန်ကျမှာဖြစ်သလို အချိန်လည်း အများကြီး ပေးရလိမ့်မယ်။ "
" ဒါဆို အချိန်သဲ ပေါင်းငါးသန်းပဲ ထားလိုက်တော့။ " ဟွမ်ဖုန်းက ခဏတိတ်ဆိတ်သွားပြီးနောက် ခေါင်းညိမ့်လိုက်သည်။
" ငါတို့မှာ နောက်ထပ်အခြေအနေတစ်ခုလည်း ရှိသေးတယ်။ " ခေါင်းဆောင်က ပြောလိုက်သည်။
" ပြောပါ။ " ဟွမ်ဖုန်းက မျက်မှောင်ကြုတပြီး မေးလိုက်သည်။
" မင်း ငါတို့အကြောင်း လုံးဝထုတ်မပြောဖို့ လွတ်မြောက်ခြင်းလမ်းစဉ်ကို တိုင်တည်ပြီး ကျိန်ဆိုရမယ်။ " ခေါင်းဆောင်က ပြောလိုက်သည်။
" ပြဿနာမရှိဘူး။ " ဟွမ်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ သူတို့မတောင်းဆိုလျှင်တောင် သူက ဘာမှထုတ်ပြောမည်မဟုတ်ပေ။
မကြာမီ နှစ်ဖက်လုံးမှ အပေးအယူက ပြီးဆုံးသွားခဲ့သည်။ ၎င်းကို ပြင်ပတွင်သာ အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။ ဝမ်ဝေဟင်းလင်းပြင်အတွင်း ဟွမ်ဖုန်းက ရတနာများကို ယူဆောင်လာခြင်းမရှိဘဲ ရရှိလာသော အကျိုးအမြတ်များကိုလည်း အပြင်သို့ ပို့ဆောင်ပြီးဖြစ်သည်။
ထို့ကြောင့်ပင် အမှောင်ပုံရိပ်သုံးခုက တိုက်ရိုက်တိုက်ခိုက်ခြင်းမရှိဘဲ အပေးအယူလုပ်ခဲ့ခြင်းဖြစ်သည်။ အရှင်သခင်ဟွမ်ဖုန်း ပိုင်ဆိုင်သမျှထဲတွင် တန်ဖိုးအရှိဆုံးမှာ အဓိကတိုက်ခိုက်ရေးခန္ဓာဖြစ်ပြီး ၎င်းကို အတွေးတစ်ချက်နှင့် ဖျက်ဆီးပစ်နိုင်သည်။
အရှင်သခင်ဟွမ်ဖုန်းထွက်သွားပြိိးနောက် သူ့ကို ဖမ်းချုပ်ခဲ့သော တောင်ကလည်း ပျောက်ကွယ်သွားခဲ့သည်။
" ဘယ်အချိန်အရှင်သခင်သုံးယောက်ဖြစ်နိုင်လဲ။ ဒီလောက်သန်မာတဲ့ အချိန်အရှင်သခင်တွေက အများကြီးမရှိနိုင်ဘူး။ " အရှင်သခင်ဟွမ်ဖုန်းက အဝေးသို့ ထွက်သွားနေစဉ် သူ၏ စိတ်ထဲတွင် အတွေးပေါင်းစုံပေါ်လာသည်။
လျို့ဝှက်လေဟာနယ်တစ်ခုတွင် အမှောင်ပုံရိပ်သုံးခု ပေါ်လာသည်။ အမှောင်ထုများ ဆုတ်ခွာသွားပြီး အချိန်အရှင်သခင် သုံးယောက်ပေါ်လာသည်။ ခေါင်းဆောင်က အနီရောင်ဆံပင်နှင့် သူ၏ အော်ရာက ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်ကို တိုက်စားနေသည်။
အခြားအချိန်အရှင်သခင်နှစ်ယောက်အနက် တစ်ယောက်က တစ်ကိုယ်လုံး အကြေးခွံများနှင့် ဖုံးလွှမ်းနေပြီး နောက်တစ်ယောက်က ရုပ်ခန္ဓာမရှိဘဲ စိတ်ဝိညာဉ်ပုံစံကဲ့သို့ ဖြစ်နေသည်။
" ဟားဟား နောက်ထပ် အချိန်သဲပေါင်ငါးသန်းက လက်ထဲရောက်လာပြန်ပြီ။ " အကြေးခွံများနှင့် အချိန်အရှင်သခင်က ပြုံးလိုက်သည်။
" အဲ့ဒီအရှင်သခင်ဟွမ်ဖုန်းက သိပ်မသန်မာဘူး။ အချိန်သဲပေါင်ငါးသန်းက သူ့ရဲ့ အကန့်အသတ်ပဲ။ ပိုတောင်းလိုက်ရင် သူ့ကို အသေအကြေတိုက်ခိုက်ဖို့ တွန်းအားပေးသလိုဖြစ်သွားလိမ့်မယ်။ " ညာဘက်မှ စိတ်ဝိညာဉ်ပုံသဏ္ဍန်အချိန်အရှင်သခင်က ပြောလိုက်သည်။
" ဒီဝမ်ဝေဟင်းလင်းပြင်မှာပဲ ငါတို့ ဒီလိုလုပ်နိုင်တယ်။ " အကြေးခွံများနှင့် အချိန်အရှင်သခင်က ပြောလိုက်သည်။
အပြင်လောကတွင် အချိန်အရှင်သခင်များက အနာဂတ်အချိန်အတိုင်းအတာများကို စစ်ဆေးနိုင်သောကြောင့် သူတို့အနေဖြင့် ထောက်ချောက်ထဲသို့ ကျရန် ထိုမျှမလွယ်ကူပေ။ ဝမ်ဝေဟင်းလင်းပြင်တွင် အချိန်အတိုင်းအတာများကို မကြည့်ရှုနိုင်သောကြောင့် သူတို့၏ ခြုံခိုတိုက်ခိုက်မှုက ကြီးမားသော ရလဒ်များကို ဖြစ်ပေါ်စေခဲ့သည်။
" ငါတို့ရဲ့ စွမ်းအားရယ် ငါတို့ သယ်လာတဲ့ လက်နက်တွေနဲ့ဆို ဒဏ္ဍာရီလာ အချိန်အရှင်သခင်သာ ပေါ်မလာဘူးဆိုရင် ငါတို့ကို ဘယ်သူမှဆန့်ကျင်နိုင်မှာမဟုတ်ဘူး။ "
" ဒါ့အပြင် ဒဏ္ဍာရီလာ အချိန်အရှင်သခင် ပေါ်လာရင်တောင် ငါတို့အကိုကြီးရှိနေတာပဲ။ ငါတို့မကြောက်ပါဘူး။ " အကြေးခွံများနှင့် အချိန်အရှင်သခင်က အနီရောင်ဆံပင်နှင့် ခေါင်းဆောင်ကို ကြည့်လိုက်သည်။
အနီရောင်ဆံပင်နှင့် အချိန်အရှင်သခင်က အနာဂတ်ဆိုင်ရာ သတ်ဖြတ်ခြင်းတိုက်ကွက်များကို အထူးကျွမ်းကျင်သူဖြစ်သည်။ အနာဂတ်ကို ကျွမ်းကျင်မှုတွင် သူက မဟာပျက်စီးခြင်းစက်ဝန်း ၃၆၂ခုထိ ကြိုတင်မြင်တွေ့ခဲ့ပြီး သူကိိုယ်တိုင် ဒဏ္ဍာရီလာ အချိန်အရှင်သခင်တစ်ယောက်ဖြစ်မည်ကို သိရှိထားသူဖြစ်သည်။
" ဟုတ်တယ်။ တကယ်လို့ အကျပ်ရိုက်လာရင်တောင် ငါတို့အကိုကြီးက ဒဏ္ဍာရီလာ အချိန်အရှင်သခင်ဖြစ်နေတဲ့ သူ့ရဲ့ အနာဂတ်ခန္ဓာကို ဆင့်ခေါ်နိုင်တယ်။ အဲ့ဒါကို ဘယ်သူက တားဆီးနိုင်မှာလဲ။ " စိတ်ဝိညာဉ်ပုံသဏ္ဍန် အချိန်အရှင်သခင်က ပြောလိုက်သည်။