← Chapters

အခန်း (၁၂၁၉-၁၂၂၁)

Vol. 82 Ch. 1219-1221

အခန်း (၁၂၁၉-၁၂၂၁)

Vol. 82 Ch. 1219-1221

အခန်း (၁၂၁၉) - ယန်အိမ်တော်သားများ ပြန်လည်ရောက်ရှိလာခြင်းနှင့် ညီအစ်မနှစ်ယောက်ကြားမှ အဆင်မပြေမှု

တစ်ချိန်တည်းမှာပင် လီဟန်မြို့တော်၏ အပြင်ဘက်သို့ လူတစ်စု ဆိုက်ရောက်လာခဲ့ကြသည်။

"မေရှူ... အစွန်အဖျားမြို့တော်မှာ သမီး ကယ်တင်ခဲ့တဲ့ လူငယ်လေးက လီဟန်မြို့တော်ကို ရောက်လာတယ်ဆိုတာ သေချာရဲ့လား"

သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဩရှသောအသံဖြင့် မေးလိုက်လေသည်။ ယန်မေရှူသည် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"အဖေ... သမီး သေချာပါတယ်၊ အရှငိရွှယ်က လီဟန်မြို့တော်ကို တကယ် ရောက်လာခဲ့တာပါ"

ထိုအမျိုးသားမှာ ယန်အိမ်တော်၏ အိမ်တော်သခင် ယန်ယန်ပင် ဖြစ်သည်။ သူသည် အဝေးမှ မိုးထိမတတ် မြင့်မားနေသော ဧရာမမြို့တော်ကြီးကို ငေးကြည့်ရင်း တိုးညင်းစွာ ရေရွတ်လိုက်လေသည်။

"ဒါပေမဲ့ ဒါက လုံးဝကို ယုံနိုင်စရာမရှိသလိုပဲ၊ အဲဒီလူငယ်လေးက သမီးပြောသလောက် အစွမ်းထက်ရင်တောင်... လီဟန်အရှင်လို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးရဲ့ ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အမှန်တွင် ယန်မေရှုက သူမ၏ ကိုယ်ပိုင်ဂုဏ်သိက္ခာနှင့် အသက်ကိုပင် ပုံအော၍ အာမခံခဲ့ခြင်းမရှိလျှင် ယန်ယန်သည် မိုင်ထောင်ချီဝေးကွာသော ဤနေရာသို့ လာရောက်ရန် ဤမျှကြီးမားသော အန္တရာယ်ကို စွန့်စားရဲမည်မဟုတ်ပေ။ သို့သော် လမ်းတစ်လျှောက်တွင် ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ရသဖြင့် လူအုပ်ကြီးကြားတွင် သံသယများ ပေါ်ပေါက်လာလေသည်။

လူအုပ်ထဲမှ မာနကြီးသော အမူအရာရှိသည့် တရုတ်ဆီးသီးဝါရောင် ဝတ်စုံဝတ် မိန်းမပျိုလေးတစ်ဦးက လှောင်ပြောင်လိုက်လေသည်။

"ဟဲဟဲ... ဖေဖေက အစ်မကြီးကို အရမ်း ယုံကြည်လွန်းနေတာပဲ၊ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းကြီးကိုတောင် သံသယမဝင်ဘဲ... လူအင်အား၊ ငွေအင်အားတွေ အများကြီးအကုန်ခံပြီး ဒီအထိ လာရတယ်လို့၊ ဒါက သက်သက် အချိန်ဖြုန်းနေတာ မဟုတ်ဘူးလား"

ယန်မေရှူ၏ မျက်ခုံးများ ပင့်တက်သွားပြီး ပြတ်သားစွာ မေးလိုက်သည်။

"ယန်မုန့်ထောင်... နင် ဘာကို ဆိုလိုတာလဲ"

"ဘာဆိုလိုတာလဲ ဟုတ်လား၊ ဟဲဟဲ... အိမ်မှာတုန်းက အဖေ့ကို ငါပြောခဲ့သားပဲ၊ အဲ့ဒီလူငယ်လေးက တကယ်ရှိနေရင်တောင် သူက ကြွားလုံးထုတ်နေတဲ့သူ သက်သက်ပဲလို့၊ ဘယ်ကနေ ဘယ်လို ထွက်လာမှန်းမသိတဲ့ အဲဒီလူငယ်လေးကို... နင် သဘောများ ကျနေလို့လား"

ဤစကားများမှာ အလွန်တရာ နာကျင်စရာကောင်းလှပေသည်။ ယန်မေရှူ၏ မျက်နှာမှာ ဖြူရော်သွားပြီးနောက် ဒေါသတကြီး ပြန်လည်ချေပလိုက်လေသည်။

"ယန်မုန့်ထောင်... နင် ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါပြောခဲ့တဲ့ စကားတွေက လုံးဝ လုပ်ကြံဖန်တီးထားတာ မဟုတ်ဘူး"

"အို... ဒါဆို နင့်ရဲ့ သက်သေက ဘယ်မှာလဲ၊ ငါတို့ အစွန်အဖျားမြို့တော်ကို ဖြတ်လာတုန်းက ဘာကောလာဟလမှ မရှိဘဲ အေးချမ်းနေတာပဲလေ၊ အဲဒါကို နင် ဘယ်လို ရှင်းပြမလဲ"

ယန်မုန့်ထောင်သည် သူမ၏ အစ်မဖြစ်သူကို အေးစက်စွာ ကြည့်လိုက်လေသည်။

ဤညီအစ်မနှစ်ဦးသည် ဘယ်သောအခါမှ အဆင်မပြေခဲ့ကြချေ။ ယခုအခါ ယန်မေရှု၏ အားနည်းချက်ကို ဆုပ်ကိုင်နိုင်မည့် အခွင့်အရေး ရလာချိန်တွင် ယန်မုန့်ထောင်က လွှတ်ပေးရန် ဆန္ဒမရှိချေ။

"ဘာ ရှင်းပြချက်လဲ ဟုတ်လား၊ ဟဲဟဲ... အစကတည်းက ငါပြောခဲ့တယ်လေ၊ သတင်းတွေ မပေါက်ကြားအောင်လို့ ဆရာရွှယ်က အဲဒီမှာရှိနေတဲ့ လူတိုင်းရဲ့ နတ်ဘုရားအာရုံကို ဆေးကြောသန့်စင်ပစ်လိုက်တယ်လို့၊ ဒါကြောင့် ဘာကောလာဟလမှ ရှိလာမှာ မဟုတ်ဘူးပေါ့"

"အိုး... အကြောင်းပြချက် ကောင်းကောင်း ရှာတွေ့ထားတာပဲ"

ယန်မုန့်ထောင်က လက်ခုပ်သဲ့သဲ့တီးလိုက်သော်လည်း မျက်နှာပေါ်တွင် လှောင်ပြောင်မှုများ ပြည့်နှက်နေလေသည်။

"ဒါပေမဲ့ အစ်မကြီး... ဒီဆင်ခြေက အရမ်းကို ယုံနိုင်စရာ မရှိလွန်းဘူးလို့ မထင်ဘူးလား"

"ဟုတ်တယ်၊ ဆရာရွှယ်က တကယ့်ကို နတ်ဘုရားတစ်ပါးပဲ"

ယန်မေရှူက ရိုးရှင်းစွာ တုံ့ပြန်လိုက်သည်။

"တော်ကြတော့၊ မင်းတို့နှစ်ယောက် စကားဆက်မပြောကြနဲ့တော့"

ယန်ယန်က တိုးညင်းစွာ ဟောက်လိုက်လေသည်။ ယန်မုန့်ထောင်က ဂုဏ်ယူဝင့်ကြွားသည့် အမူအရာဖြင့် ယန်ယန်အား ချွဲနွဲ့ကာ ပြောလိုက်လေသည်။

"အဖေ... ကျွန်မတို့ ဒီမှာ ဘယ်လောက်ကြာကြာ စောင့်နေရဦးမှာလဲ"

ယန်ယန်က တည်ကြည်လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"သမီးရဲ့ အစ်မပြောတာ အမှန်ပဲဖြစ်ဖြစ်၊ အမှားပဲဖြစ်ဖြစ်... ငါတို့ ဒီကို ရောက်နေပြီဆိုတော့ အမှန်တရားကို စုံစမ်းရမှာပဲ၊ သူ့ကို ပြန်ဆပ်ရမယ့် ကျေးဇူးရှိရင်လည်း ဆပ်ရမယ်"

ထိုစကားများမှာ အပြစ်ပြောစရာ မရှိဟု ထင်ရသော်လည်း၊ သူ၏လေသံက ယန်မေရှူအပေါ် သံသယအချို့ ရှိနေကြောင်း ဖော်ပြနေလေသည်။ ယန်မေရှူသည် ဤအချက်ကို ရိပ်မိသွားပြီး သူမ၏ နှလုံးသားထဲတွင် ၀မ်းနည်းမှုများ ပြည့်လျှံနေလေသည်။ သူမ၏ ဖခင်အရင်းက သူမ အပေါ် စတင်သံသယဝင်နေပြီ ဖြစ်ကြောင်း ထင်ရှားသဖြင့် ယန်မေရှူးသည် အလွန်အမင်း စိတ်ပျက်သွားမိသည်။

ထိုစဉ်မှာပင် ကောင်းကင်နှင့် မြေကြီးတစ်ခွင်လုံး ရုတ်တရက် ပြင်းထန်စွာ တုန်လှုပ်သွားလေသည်။ ကောင်းကင်ယံတွင် နေနှင့်လတို့ ပြောင်းပြန်လန်နေသည်ကို မြင်တွေ့လိုက်ရပြီး ဝိညာဉ်စွမ်းအင်များသည်လည်း အကြမ်းပတမ်း တုန်ခါစပြုလာလေသည်။

"ဘာတွေ ဖြစ်နေတာလဲ"

ယန်ယန်၏ မျက်နှာအရောင် အကြီးအကျယ် ပြောင်းလဲသွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။

ယန်မေရှူ တစ်ယောက်တည်းသာလျှင် အထက်ရှိ ကောင်းကင်ဖြစ်စဉ်များကို ဆွံ့အမှင်တက်စွာ စောင့်ကြည့်နေခဲ့ပြီး အံ့ဩမှုများ ပြည့်နှက်နေသော သူမ၏ မျက်လုံးများထဲတွင် သဘောပေါက်နားလည်သွားသည့် အရိပ်အယောင်တစ်ခု လက်သွားလေသည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်မှာ အထိန်းအကွပ်မရှိ တုန်ယင်စပြုလာပြီး ကယောင်ကတမ်းဖြင့် ရေရွတ်လိုက်လေတော့သတည်း။

"အရှင်ရွှယ်ပဲ... သူ... သူ တကယ်ကြီး လုပ်နိုင်ခဲ့ပြီ”

အခန်း (၁၂၂၀) - သမုဒ္ဒရာမှ လယ်ကွင်းပြင်ဖြစ်ပြီး ကြယ်နှင့် လမင်းတို့ နစ်မြုပ်ခြင်း

နတ်ဘုရား အကျဉ်းထောင်အတွင်း ဆယ်ရက်တာ အချိန်ကာလ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဤရက်များအတွင်း ဆွေ့မန်နှင့် ယုရန်တို့သည် ရွှယ်အန်း၏ အနားမှ ခြေတစ်လှမ်းမျှ မခွာဘဲ စောင့်ကြပ်နေခဲ့ကြသည်။ ရှောင်ထျန်းမှာလည်း ထွက်မသွားခဲ့ချေ။ သို့သော် သူသည် စိတ်လွင့်နေသူတစ်ဦးပမာ စွန့်ပစ်ထားသော မျှော်စင်ပျက်များကြားတွင် အဓိပ္ပာယ်မဲ့စွာ ထိုင်နေပြီး မည်သည့်အရာကို တွေးနေမှန်းမသိဘဲ ငေးမောနေခဲ့သည်။

ဤအချိန်တွင် ရွှယ်အန်းသည် တောက်ပသော အလင်းတန်းများစွာ၏ ဝန်းရံခြင်းကို ခံထားရပြီး ထူထဲသော အလင်းအိမ်ကြီးတစ်ခု ဖြစ်ပေါ်နေလေသည်။ အတွင်းမှ အခြေအနေကို ရှင်းလင်းစွာ မမြင်ရသော်လည်း ရွှယ်အန်း၏ အရှိန်အဝါမှာ တဖြည်းဖြည်း ပြင်းထန်လာနေသည်ကို ဆွေ့မန်က ရှင်းရှင်းလင်းလင်း ခံစားနေရသည်။

နောက်ထပ် သုံးရက် ကုန်လွန်ပြီးနောက် ထိုအလင်းအိမ်ကြီးမှာ အသာအယာ တုန်ယင်လာပြီး ဥခွံတစ်ခုပမာ အက်ကွဲပျက်စီးသွားတော့သည်။ အတွင်း၌ တင်ပလ္လင်ခွေ ထိုင်နေသော ရွှယ်အန်းသည် သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်လေသည်။ သူ၏ အကြည့်ရောက်ရာအရပ်၌ ရွှေရောင်အလင်းတန်းတစ်ခုမှာ ကောင်းကင်နှင့် မြေကမ္ဘာအကြား ဖြတ်သန်းသွားတော့သည်။ ဆွေ့မန်နှင့် ယုရန်တို့မှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး ထိတ်လန့်တကြား ခေါင်းငုံ့လိုက်ကြသည်။ ၎င်းမှာ ရွှယ်အန်း၏ မျက်ဝန်းများအတွင်း အတိုင်းအဆမရှိသော အရှိန်အဝါများ ကိန်းအောင်းနေပြီး သူတို့ကို ဒူးထောက်ကိုးကွယ်ရန် ဖိအားပေးနေသကဲ့သို့ ခံစားရသောကြောင့် ဖြစ်သည်။

ရွှယ်အန်းက အသက်ကို ပြင်းပြင်းရှူသွင်းကာ မျက်တောင်ကို ခပ်ဖွဖွ ခတ်လိုက်ရာ ပြင်းထန်သော ဖိအားများမှာလည်း လုံးဝ ပျောက်ကွယ်သွားတော့သည်။ ထိုအခါမှ ဆွေ့မန်နှင့် ယုရန်တို့မှာ သက်ပြင်းချနိုင်ကြပြီး ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

"အရှင်... အရှင့်ရဲ့ ဒဏ်ရာတွေက..."

ရွှယ်အန်းက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

"ဘာမှ စိုးရိမ်စရာ မရှိတော့ပါဘူး"

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းက ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ အမှန်ပင် သူ၏ ခန္ဓာကိုယ်ပေါ်တွင် အစီအရီ ရှိနေခဲ့သော ကြောက်စရာကောင်းသည့် အက်ကွဲကြောင်းများမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ပြတ်တောက်သွားခဲ့သော လက်မောင်းမှာလည်း ပြန်လည် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

သို့သော် ဤသည်မှာ ယာယီအားဖြင့် အလုပ်လုပ်နိုင်ရုံသာဖြစ်ပြီး လုံးဝဥဿုံ ပြန်လည်ကောင်းမွန်ရန်အတွက် အချိန်အတော်ကြာ လိုအပ်ဦးမည်ဖြစ်သည်။ အမှန်တွင် အခြားကျင့်ကြံသူသာ ဤမျှ ပြင်းထန်သော ဒဏ်ရာမျိုး ရခဲ့လျှင် ကျင့်စဉ်လမ်းမှာ ဆုံးခန်းတိုင်သွားပေလိမ့်မည်။ ရွှယ်အန်းကဲ့သို့ အထွတ်အထိပ်သို့ ရောက်ခဲ့ဖူးသော အနှိုင်းမဲ့ ပုဂ္ဂိုလ်မျိုးမို့သာ ဤဒဏ်ရာများက သူ၏ ကျင့်စဉ်လမ်းကို မတားဆီးနိုင်ဟု ယုံကြည်ချက် ရှိနေခြင်းဖြစ်သည်။

ဆွေ့မန်နှင့် ယုရန်တို့မှာ အတိုင်းထက်အလွန် ဝမ်းသာနေကြစဉ် ရွှယ်အန်းက အဝေးတွင် အသက်မဲ့စွာ ထိုင်နေသော ရှောင်ထျန်းကို လှည့်ကြည့်ကာ သက်ပြင်းချလိုက်ပြီးနောက် ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ ရှောင်ထျန်းမှာ သူ၏ စိတ်နှလုံးကို ပိတ်ဆို့ထားကာ သစ်သားရုပ်ကြီးတစ်ရုပ်ကဲ့သို့ ဖြစ်နေရှာသည်။

ရွှယ်အန်းက သူ၏ ဘေးတွင် ရပ်ကာ မျှော်စင်ပျက်ကြီးများကို မော့ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။

"ငိုချင်ရင်လည်း ငိုချလိုက်ပေါ့၊ အဲဒါမှ မင်း စိတ်ထဲ နေသာထိုင်သာ ရှိသွားမှာ"

ရှောင်ထျန်း၏ တစ်ကိုယ်လုံးမှာ တုန်သွားရပြီး ဝေဝါးနေသော မျက်ဝန်းများဖြင့် ရွှယ်အန်းကို လှည့်ကြည့်လာသည်။ ရွှယ်အန်းက ဆက်ပြောလိုက်သည်။

"ငါ မင်းကို နှစ်သိမ့်ပေးမှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ဘယ်လို စကားလုံးမျိုးကမှ ဒီလိုကိစ္စမျိုးကို အစားမထိုးနိုင်ဘူးဆိုတာ ငါသိလို့ပဲ၊ နောက်ပြီး... တစ်ခြားတစ်ယောက်ရဲ့ ခံစားချက်ကို ဘယ်သူမှ အပြည့်အဝ နားမလည်ပေးနိုင်ဘူးလေ"

ရှောင်ထျန်း၏ အသက်မဲ့နေသော မျက်နှာပေါ်တွင် ဝမ်းနည်းနာကျင်မှုများ ဖုံးလွှမ်းလာပြီး လွန်ခဲ့သော ရက်များအတွင်း ပထမဆုံးအကြိမ် စကားပြောလိုက်သည်။

"အရှင်ရွှယ်... ကျွန်... ကျွန်တော် အရမ်း ဝမ်းနည်းတာပဲ"

"ငါ သိပါတယ်"

ရွှယ်အန်းက ခပ်တိုးတိုး ပြေ။လိုက်သည်။

ရှောင်ထျန်း၏ မျက်နှာတွင် ငိုသည်လား၊ ရယ်သည်လား ခွဲမရသော အပြုံးမျိုး ပေါ်လာပြီး တုန်ယင်သော အသံဖြင့် ဆက်ပြောသည်။

"အဲ့ခြောက်ကပ်တဲ့ နေရာကနေ ထွက်လာပြီးကတည်းက ကျွန်တော် စဉ်းစားနေခဲ့တာ၊ နှစ်ပေါင်း တစ်သောင်းဆိုတာ ဘယ်လောက်တောင် ကြာမလဲဆိုတာပေါ့၊ အဲဒီအချိန်က သမုဒ္ဒရာကြီးကနေ လယ်ကွင်းပြင်တွေ ဖြစ်သွားနိုင်သလို၊ ကြယ်လမင်းတွေတောင် နစ်မြုပ်သွားနိုင်တဲ့အထိ ကြာတယ်၊ ဒါပေမဲ့ အဲဒီလောက် ရှည်လျားတဲ့ အချိန်အတွင်းမှာ ကျွန်တော့်ရဲ့ ဆရာက ဒီနေရာမှာ ရက်စက်တဲ့ နှိပ်စက်မှုတွေကို တိတ်တိတ်ကလေး တောင့်ခံနေခဲ့ရတာ၊ ကျွန်တော်ကတော့... ဘာမှမသိခဲ့တဲ့အပြင် ရန်သူ့ရဲ့ လက်ပါးစေဖြစ်ပြီး သူတို့ ခိုင်းသမျှ လုပ်နေခဲ့ရတယ်"

ရှောင်ထျန်း၏ မျက်နှာတွင် မျက်ရည်များ ဖုံးလွှမ်းသွားပြီး စိတ်ပျက်အားငယ်စွာဖြင့် အော်ဟစ်လိုက်တော့သည်။

"အရှင်ရွှယ်... ပြောစမ်းပါ... ကျွန်တော်က ငတုံးတစ်ယောက် မဟုတ်ဘူးလား"

ရွှယ်အန်းက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်... မင်းက တကယ့်ကို ငတုံးပဲ! အဆိုးဆုံး ငတုံး အမျိုးအစားထဲမှာ ပါတယ်"

"မှန်တယ်၊ အရှင် ပြောတာ တကယ် မှန်ပါတယ်၊ ကျွန်တော်က ငတုံးလို့ ခေါ်ခံရဖို့တောင် မတန်တဲ့သူပဲ၊ ဟားဟားဟားဟား!"

ရှောင်ထျန်းက ငိုသံပါသော ရယ်သံကြီးဖြင့် ရယ်ချလိုက်ပြီးနောက် သွေးတစ်လုပ်ကို အန်ထုတ်လိုက်သည်။ ဆွေ့မန်က ရှေ့သို့ ပြေးလာရန် ပြင်လိုက်သော်လည်း ရွှယ်အန်းက တားလိုက်သည်။ ဤအချိန်တွင် ရှောင်ထျန်းသည် ခန္ဓာကိုယ်ကို ကိုင်းညွှတ်ကာ သားရဲတစ်ကောင်ကဲ့သို့ တိုးတိုးလေး ဟိန်းဟောက်နေလေသည်။ ရွှယ်အန်းက သူ့ကို မတားဆီးသော်လည်း သူ၏ မျက်ဝန်းများတွင် သနားစရာကောင်းလှသော အရိပ်အယောင်များ ပေါ်လာသည်။

အတန်ကြာမှ ရွှယ်အန်းက တည်ငြိမ်စွာ မေးလိုက်သည်။

"ဒါဆိုရင်... မင်း ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ"

ရှောင်ထျန်းက ငိုနေသည်ကို ရပ်တန့်လိုက်ပြီး ရွှယ်အန်းကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။

"အရှင်ရွှယ်... ကျွန်တော့်ဆရာအတွက် ကလဲ့စားချေပေးခဲ့တဲ့ စီနီယာ့ရဲ့ ကျေးဇူးကို ကျွန်တော် အမြဲတမ်း နှလုံးသွင်းထားပါ့မယ်၊ ဒီကျေးဇူးကို နောက်ဘဝကျမှပဲ ပြန်ဆပ်ခွင့်ပေးပါ"

ထိုသို့ပြောပြီးသည်နှင့် ရှောင်ထျန်းက ရွှယ်အန်းကို လေးလေးနက်နက် ဦးညွှတ်လိုက်ပြီး သူ၏ ဦးခေါင်းဖြင့် မြေပြင်ကို သုံးကြိမ်တိုင်တိုင် ကျယ်လောင်စွာ ထိမှန်စေခဲ့သည်။ ထို့နောက် သူသည် မျက်လုံးများကို မှိတ်လိုက်ကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ဆုံးဖြတ်လိုက်လေသည်။

ရှောင်ထျန်း မျက်လုံးမှိတ်ကာ အဆုံးစီရင်ရန် ပြင်လိုက်သည့် ခဏမှသာ ရွှယ်အန်းက နှာခေါင်းရှုံ့လိုက်သည်။

"အရင်တုန်းက အားလန်နတ်ဘုရားက နတ်ဘုရားအဖြစ် မွေးဖွားလာပြီး နာမည်ကျော်ကြားခဲ့သူ ဖြစ်ပေမဲ့ သူ့ရဲ့ လက်အောက်ငယ်သားကတော့ ဒီလောက်တောင် သတ္တိကြောင်တဲ့ လူတစ်ယောက် ဖြစ်နေတာလား"

ရှောင်ထျန်း၏ တစ်ကိုယ်လုံး တုန်သွားရသော်လည်း ပြန်လည် ငြင်းဆန်ခြင်း မရှိပေ။ ရွှယ်အန်းက အေးစက်စွာ ထပ်ပြောလိုက်သည်။

"မင်း တကယ်ပဲ ထင်နေတာလား၊ သေလိုက်ရုံနဲ့ မင်းရဲ့ သစ္စာရှိမှုကို သက်သေပြနိုင်မယ်လို့လေ၊ မင်း ဒီလောက်တောင် သေချင်နေမှတော့လည်း သေလိုက်ပေါ့၊ ဒါပေမဲ့ အားလန်နတ်ဘုရားအတွက်တော့ နှမြောစရာပဲ၊ သူ ချန်ထားခဲ့တဲ့ နောက်ဆုံး မျှော်လင့်ချက်လေးတောင် သူ အယုံကြည်ရဆုံး လက်အောက်ငယ်သား လက်ချက်နဲ့ ပျောက်ကွယ်သွားရတော့မှာကိုပေါ့"

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းက လှည့်ထွက်သွားတော့သည်။

အခန်း (၁၂၂၁) - စကြဝဠာက ပင်လယ်လိုပဲ နယ်မြေတွေကလည်း အဆုံးအစမဲ့တယ်

သေရန်သာ ဆုံးဖြတ်ပြီး မျက်လုံးကို တင်းတင်းမှိတ်ထားသော ရှောင်ထျန်းသည် မယုံကြည်နိုင်လောက်သည့် အမူအရာဖြင့် မျက်လုံးများကို ရုတ်တရက် ပွင့်လာသည်။ ထွက်ခွာသွားတော့မည့် ရွှယ်အန်းကို ကြည့်ကာ သူက တုန်ယင်သော အသံဖြင့် လှမ်းခေါ်လိုက်၏။

"အ... အရှင်ရွှယ်၊ ခုနက ဘာပြောလိုက်တာလဲ"

ရွှယ်အန်းက ခြေလှမ်းများကို ရပ်လိုက်ပြီး လှည့်လာကာ ရှောင်ထျန်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"သေချာ မကြားလိုက်ဘူးလား၊ ဒါဆို ငါ ထပ်ပြောမယ်၊ မင်းက နောက်ဆုံးကျန်နေတဲ့ မျှော်လင့်ချက်ကိုတောင် ကိုယ်တိုင် မြေမြှုပ်ပစ်လိုက်ပြီး၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာက တကယ်ပဲ သစ္စာရှိမှုကို ပြသတာလို့ မင်း ထင်နေတာလား"

ထိုစကားလုံးများက ရှောင်ထျန်းကို အံ့အားသင့်သွားစေသည်။ သူသည် ဒူးထောက်လျက်ပင် ရွှယ်အန်းအနားသို့ တိုးသွားကာ ဝမ်းသာလွန်း၍ မျက်ရည်များ ကျလာရင်း အကြိမ်ကြိမ် ဦးညွှတ်တော့သည်။

"အရှင်ရွှယ်... အရှင် ပြောတာ မှန်ပါတယ်၊ အရှင့်မှာ ကျွန်တော့်ဆရာကို ပြန်ရှင်လာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်း တကယ်ရှိတာလားဟင်"

သူတစ်ယောက်တည်းတင်မကဘဲ ဆွေ့မန်နှင့် ယုရန်တို့ကလည်း မျှော်လင့်ချက်အပြည့်ဖြင့် ရွှယ်အန်းကို ဝိုင်းကြည့်လိုက်ကြသည်။ သို့သော် ရွှယ်အန်းက ခေါင်းခါပြလိုက်သည်။

"အားလန်က သူရဲ့ ဝိညာဉ်နဲ့အတူ ပျောက်ကွယ်သွားခဲ့ပြီ၊ ငါ့ရဲ့ ကျင့်စဉ်အဆင့်တွေ အကုန်လုံး ပြန်ရလာရင်တောင် သူ့ကို ပြန်ရှင်လာအောင် လုပ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး"

ထိုစကားက ဝမ်းသာအားရ ဖြစ်နေသော ရှောင်ထျန်းကို ရေအေးနှင့် အပက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားစေသည်။

"ဒါပေမဲ့... ဒါပေမဲ့ အရှင် ခုနက ပြောတော့... ကျွန်တော့်ဆရာအတွက် နောက်ဆုံး မျှော်လင့်ချက်လေး ရှိသေးတယ်ဆို"

ရွှယ်အန်းက ရှောင်ထျန်း၏ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ မျက်မှောင်ကြုတ်ကာ အေးစက်စွာ မေးလိုက်သည်။

"ငါ မင်းကို တစ်ခု မေးမယ်၊ မင်းရဲ့ ဆရာအတွက်ဆိုရင် မင်းရဲ့ အရာအားလုံးကို ပေးဆပ်ဖို့ အသင့်ဖြစ်ရဲ့လား"

ရှောင်ထျန်း၏ မျက်နှာထားမှာ ချက်ချင်း လေးနက်သွားကာ ပြတ်သားစွာ ပြောလိုက်သည်။

"ရှောင်ထျန်း အသင့်ရှိပါတယ်"

"မင်း သေချာ စဉ်းစားနော်၊ ငါပြောတဲ့ အရာအားလုံး ဆိုတာ မင်းရဲ့ အသက်ကို ပြောတာ မဟုတ်ဘူး၊ မင်းဘဝရဲ့ ကျန်ရှိနေတဲ့ အချိန်တွေ အကုန်လုံးကို ပြောတာ၊ နောက်ပြီး မင်း ဘယ်လောက်ပဲ ကြိုးစားကြိုးစား နောက်ဆုံးမှာ ဘာမှပြန်မရဘဲ လက်ဗလာနဲ့ ကျန်ခဲ့ရတာမျိုးလည်း ဖြစ်နိုင်တယ်"

သို့သော် ရှောင်ထျန်းက အနည်းငယ်မျှ တွန့်ဆုတ်ခြင်း မရှိပေ။

"အရှင်ရွှယ်... ကျွန်တော့်ဆရာကို ကယ်တင်ဖို့ဆိုရင် ဘယ်လို ပေးဆပ်မှုမျိုးပဲဖြစ်ဖြစ် ကျွန်တော် ပေးဆပ်ဖို့ အသင့်ပါပဲ၊ မျှော်လင့်ချက်က ဘယ်လောက်ပဲ သေးငယ်ပါစေ... ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်"

ရှောင်ထျန်း၏ မျက်နှာတွင် အသက်ဝင်သော အရိပ်အယောင်များ ပြန်လည် ပေါ်လာသည်ကို မြင်ရသောအခါ ရွှယ်အန်းက ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ၊ ဒါဆိုရင် နောက်ဆုံးကျန်နေတဲ့ မျှော်လင့်ချက်က ဘာလဲဆိုတာ ငါ မင်းကို ပြောပြမယ်"

ရွှယ်အန်းက ခဏရပ်လိုက်ပြီး ဟာလာဟင်းလင်း ဖြစ်နေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ သူ၏ အကြည့်မှာ အနည်းငယ် ရှုပ်ထွေးနေသည်။

"အမှန်ပဲ... အားလန် ကွယ်လွန်သွားပြီဆိုတာ ပြောင်းလဲလို့မရတဲ့ အချက်ပဲ၊ သာမန် အခြေအနေမျိုးဆိုရင် သူက ကောင်းကင်နဲ့ မြေကြီးကြားမှာ လုံးဝ ပျောက်ကွယ်သွားမှာ ဖြစ်သလို ပြန်လည် ကုစားနိုင်စွမ်းလည်း မရှိတော့ဘူး၊ ဒါပေမဲ့ နောက်ဆုံးအချိန်မှာ ငါ့ရဲ့ ကိုယ်ပိုင် နတ်ဘုရားအာရုံနဲ့ သူ့ရဲ့ နောက်ဆုံး ကျန်ရှိနေတဲ့ အလင်းတန်းလေးကို ကာကွယ်ပေးပြီး သံသရာစက်ဝိုင်း ထဲကို ပို့ပေးလိုက်တယ်၊ ဒါက ကောင်းကင်နဲ့ ကမ္ဘာဆီ ပြန်လည်ရောက်ရှိပြီး ရွှေရောင်ကိုယ်ထည်သစ်ကို ပြန်လည် တည်ဆောက်ပါစေလို့ ငါပြောခဲ့တဲ့ အဓိပ္ပာယ်ပဲ"

ရွှယ်အန်းက ငေးမောနေသော ရှောင်ထျန်းကို ကြည့်ကာ ဆက်ပြောလိုက်သည်။

"အခုဆိုရင် သူက စကြဝဠာကြီးရဲ့ တစ်နေရာရာမှာ ပြန်လည် မွေးဖွားပြီးလောက်ပြီ၊ ငါ့ရဲ့ နတ်ဘုရားအာရုံ အကာအကွယ်ကြောင့် သူ့ရဲ့ နောက်ဆုံး အခွင့်အရေးလေးကတော့ ပျောက်ကွယ်မသွားသေးဘူး၊ မင်း လုပ်ရမှာက... ဒီကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ သူ့ကို ရှာဖွေဖို့ပဲ"

ထိုစကားကို ကြားလိုက်ရသည့် ခဏတွင် ရှောင်ထျန်းသည် အလွန် လေးနက်သော အမူအရာဖြင့် ရွှယ်အန်းကို ထပ်မံ၍ သုံးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်သည်။

"အရှင်ရဲ့ ကြီးမားလှတဲ့ ကျေးဇူးကို ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး၊ ကျွန်တော့်ဆရာရဲ့ ဝင်စားမှုကို ကျွန်တော် ရှာဖွေပါ့မယ်"

ရွှယ်အန်းက သူ့ကို တိတ်ဆိတ်စွာ ကြည့်နေသည်။

"မင်း တကယ် သေချာရဲ့လား၊ စကြဝဠာဆိုတာ ပင်လယ်ကြီးလို ကျယ်ပြောပြီး နယ်မြေတွေက အဆုံးအစ မရှိဘူး၊ အဲဒီထဲမှာ လူတစ်ယောက်ကို ရှာဖို့ဆိုတာ ဘယ်လောက် ခက်ခဲမလဲ မင်း သိရောသိရဲ့လား၊ ဒါက မင်းဘဝ တစ်သက်လုံး ကြာသွားနိုင်သလို နောက်ဆုံးမှာ ဘာမှ ရှာမတွေ့တာမျိုးလည်း ဖြစ်နိုင်တယ်နော်"

"စီနီယာ... ဆက်မပြောပါနဲ့တော့"

ရှောင်ထျန်းက ရယ်မောကာ ခေါင်းခါပြလိုက်ပြီး မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

"နောက်ဆုံး မျှော်လင့်ချက်လေး တစ်မျှင် ရှိနေသရွေ့တော့ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ကျွန်တော် ရှာဖွေပါ့မယ်၊ နောက်ဆုံးရလာမယ့် ရလဒ်က ဘာပဲဖြစ်ဖြစ် ကျွန်တော် လက်ခံပါတယ်"

ရွှယ်အန်းသည် အားရပါးရ ရယ်မောလိုက်တော့သည်။

"ကောင်းတယ်၊ အားလန်ရဲ့ လက်အောက်ငယ်သားဆိုတဲ့အတိုင်း တကယ်ကို ထိုက်တန်ပါတယ်၊ ဒီစကားတစ်ခွန်းတည်းနဲ့တင် မင်းက ယောက်ျားကောင်း တစ်ယောက်ဆိုတာ သက်သေပြနေပြီ"

ရွှယ်အန်းက လက်ဝေ့ယမ်းလိုက်ရာ နတ်ဘုရားအာရုံတစ်ခုမှာ ရှောင်ထျန်း၏ မျက်ခုံးနှစ်ခုအကြားသို့ တိုက်ရိုက် စီးဝင်သွားသည်။

"ဒီအာရုံထဲမှာ စီနီယာ အားလန်ရဲ့ နောက်ဆုံး ကျန်ရှိနေတဲ့ အရှိန်အဝါလေး ပါဝင်တယ်၊ ဒါက ငါ့ဘက်က မင်းအတွက် အကူအညီတစ်ခုပေါ့"

ရှောင်ထျန်း တစ်ကိုယ်လုံး တုန်သွားပြီးနောက် ထပ်မံ ဦးညွှတ်ရန် ပြင်လိုက်သည်။

"ကျေးဇူးတင်ပါတယ် အရှင်"

ရွှယ်အန်းက လက်ကို မြှောက်လိုက်ရာ နူးညံ့သော်လည်း ကြီးမားလှသော အင်အားတစ်ခုက ရှောင်ထျန်းကို မြေပြင်မှ မလိုက်သည်။

"တော်ပါပြီ... စီနီယာအားလန်က ငါတို့ ဟွာမျိုးနွယ်စုရဲ့ နတ်ဘုရားတစ်ပါးပဲ၊ မင်းကို ကူညီတာက ငါ့ကိုယ်ငါ ကူညီတာနဲ့ အတူတူပါပဲ၊ ဒီလိုတွေ လုပ်နေဖို့ မလိုပါဘူး"

ယခုအချိန်တွင် ရှောင်ထျန်း၏ မျက်နှာ၌ အရင်က စိတ်ပျက်နေသည့် အရိပ်အယောင်များ လုံးဝ မရှိတော့ဘဲ စိတ်အားထက်သန်စွာဖြင့် ပြောကာ လှည့်ထွက်ရန် ပြင်လေသည်။

"အရှင်... ဒီနေရာက ကိစ္စတွေ ပြီးပြီဆိုရင်တော့ ကျွန်တော် သွားခွင့်ပြုပါဦး၊ ကျွန်တော့်ဆရာကို ရှာဖို့ အမြန်သွားမှ ဖြစ်မယ်"

ထိုအရာကို မြင်သောအခါ ရွှယ်အန်းက လှမ်းအော်လိုက်သည်။

"နေဦး"

ရှောင်ထျန်းက ခြေလှမ်းများကို ရပ်ကာ လှည့်ကြည့်လိုက်သည်။

"အရှငိ... ဘာများ ကျန်သေးလို့လဲခင်ဗျာ"

ရွှယ်အန်း၏ မျက်နှာထားမှာ အနည်းငယ် ထူးဆန်းနေသည်။

"မင်းက ဒီအတိုင်း ထွက်သွားတော့မလို့လား"

"ဗျာ? မဟုတ်ရင် ဘယ်လိုလုပ်ရမှာလဲ"

ရှောင်ထျန်းမှာ မည်သည့်အရာကို ဆိုလိုမှန်း မသိဘဲ ကြောင်အမ်းအမ်း ဖြစ်နေဆဲဖြစ်သည်။ ရွှယ်အန်းက သက်ပြင်းချလိုက်ပြီး အနည်းငယ် စိတ်ပျက်ဟန်ဖြင့် ပြောလိုက်သည်။

"မင်းကို နှလုံးသားမရှိတဲ့လူလို့ ခေါ်ရမလား၊ ဒါမှမဟုတ် ငတုံးလို့ပဲ ခေါ်ရမလား၊ နယ်စပ်မြို့မှာ မင်းနဲ့ ဆုံခဲ့တဲ့ ရွှေခွေးမျိုးနွယ်စုရဲ့ မင်းသမီး ကျန်းရွှင်းနန်ကို မင်း မေ့သွားပြီလား"

ထိုနာမည်ကို ကြားလိုက်ရသည့် ခဏတွင် ရှောင်ထျန်း တစ်ကိုယ်လုံး တုန်သွားပြီး ထိုကိစ္စကို သတိရသွားကာ မျက်နှာတွင် အနေရခက်သည့် အမူအရာ ပေါ်လာသည်။

"အဲ့... အဲဒါ... ကျွန်တော် တကယ်ပဲ သူမ အကြောင်း မေ့သွားတာပါ"

ရွှယ်အန်းက သူ၏ နှုတ်ခမ်းထောင့်တွင် နောက်ပြောင်လိုသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

"ယောက်ျားကောင်းတစ်ယောက်ဆိုတာ ကြီးကျယ်တဲ့ ရည်မှန်းချက်တွေ ရှိရမှာ မှန်ပေမဲ့၊ ကိုယ်ရေးကိုယ်တာ သံယောဇဉ်တွေကိုလည်း လျစ်လျူမရှုသင့်ဘူးလေ၊ အထူးသဖြင့်... မင်းက သူနဲ့ အတူတူ အိပ်ခဲ့ပြီးပြီ ဆိုတော့လေ"

ဝုန်း!

ထိုစကားမှာ ဗုံးတစ်လုံး ပေါက်ကွဲလိုက်သကဲ့သို့ ရှောင်ထျန်းကို ပျာယာခတ်သွားစေသည်။ သူ၏ မျက်နှာမှာ လည်ပင်းအထိ ချက်ချင်း နီမြန်းသွားကာ ထစ်ထစ်ငေါ့ငေါ့ ပြောရှာသည်။

"စီနီယာ... ကျွန်တော်... ကျွန်တော့်မှာ အဲဒီလို ရည်ရွယ်ချက် မရှိပါဘူး"

"ရည်ရွယ်ချက် ရှိရှိ၊ မရှိရှိ... မင်း သူ့ကိုတွေ့တဲ့အခါကျရင် ကိုယ်တိုင်ပဲ ရှင်းပြလိုက်ပေါ့"

ရွှယ်အန်းက ပြုံး၍ ပြေ။လိုက်သည်။

ထို့နောက် ရွှယ်အန်းက လက်ကို မြှောက်လိုက်ရာ သူ၏ အသိစိတ်ပင်လယ်အတွင်းမှ မှော်ရတနာနန်းဆောင် ပေါ်လာလေသည်။

ရွှယ်အန်းသည် အင်မော်တယ်သခင် အဆင့်တစ်၀က်သို့ ရောက်ရှိပြီးနောက် သူ၏ အသိစိတ်ပင်လယ်မှာ အဆပေါင်းများစွာ ကျယ်ပြန့်လာခဲ့သည်။ အင်မော်တယ်ဘုရင်၏ အမိန့်တော်ကို ရင်ဆိုင်စဉ်က ရွှယ်အန်းသည် အန်းယန်နှင့် တခြားသူများ ဒဏ်ရာရမည်ကို စိုးရိမ်သဖြင့် မှော်ရတနာနန်းဆောင်ကို ပိတ်ဆို့ကာ သူ၏ အသိစိတ်ပင်လယ်အတွင်း၌ ထည့်သွင်း ကာကွယ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ကိစ္စများ ပြီးမြောက်သွားပြီဖြစ်ရာ အပြင်သို့ ထွက်ခွင့်ပေးရန် အချိန်တန်ပြီ ဖြစ်သည်။

သို့သော် မှော်ရတနာနန်းဆောင်သည် လူတိုင်း၏ ရှေ့တွင် ပေါ်လာသောအခါ ရွှယ်အန်း၏ မျက်နှာတွင် အရှက်ရနေသည့်ပုံလည်း ပေါက်သလို၊ အနည်းငယ် စိုးရိမ်နေသည့်ပုံလည်း ပေါက်သော ထူးဆန်းသည့် အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။

ထို့နောက် ရွှယ်အန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ နတ်ဘုရားအာရုံတစ်ခုမှာ ရှောင်ထျန်း၊ ဆွေ့မန်နှင့် ယုရန်တို့ကို တစ်ဖက်သို့ သီးခြား ခွဲထုတ်လိုက်လေသည်။

All Chapters