← Chapters

အခန်း (၇၀၀-၇၀၂)

Vol. 47 Ch. 700-702

အခန်း (၇၀၀-၇၀၂)

Vol. 47 Ch. 700-702

အခန်း (၇၀၀) - ဖုန်းဝူချန် ပြန်လည်ရောက်ရှိလာခြင်း

~"ချင်းယန်"

နဂါးနတ်ဘုရား နန်းတော်မှ လူများမှာ စိုးရိမ်ထိတ်လန့်တကြီး အော်ဟစ်နေကြသော်လည်း လျိုချင်းယန်ကို ကယ်တင်ရန်မှာမူ အားကိုးရာမဲ့နေကြရလေ၏။ လင်ရှောင်ရှောင်မှာလည်း အားအင်များ ကုန်ခမ်းနေပြီ ဖြစ်သဖြင့် လေထဲသို့ ပျံတက်ရန်ပင် အင်အား မရှိတော့ပါချေ။

"ခွေးကောင် ငါ့ကို လွှတ်စမ်း"

လျိုချင်းယန်က အသည်းအသန် ရုန်းကန်နေသော်လည်း အချည်းနှီးပင် ဖြစ်သည်။ ထျန်းကျီဘုံ ပညာရှင် တစ်ဦး၏ လက်တွင်း၌ သူသည် အသက်ရှူပင် ကျပ်လာပြီး မျက်နှာတစ်ခုလုံးလည်း သွေးရောင် ဖျော့ နေတော့သည်။

"တော်တော့ အခုချက်ချင်း ရပ်လိုက်ပါတော့"

မြောင်ချင်းချင်းက လျိုချင်းယန်ကို တင်းကျပ်စွာ ဖက်ထားရင်း အသည်းကွဲမတတ် အော်ဟစ်နေရှာ၏။ သူမသည် လျိုချင်းယန်နှင့်အတူ ကောင်းကင်ယံသို့ တရွေ့ရွေ့ ပါသွားခဲ့ပြီ ဖြစ်သည်။

"ချင်းချင်း... လွှတ်လိုက်တော့"

လျိုချင်းယန်က အားယူကာ အော်ဟစ်လိုက်၏။

"မလွှတ်ဘူး လုံးဝ မလွှတ်ဘူး သေရင်လည်း အတူတူ သေကြတာပေါ့"

မြောင်ချင်းချင်းက မျက်ရည်များကြားမှ ခိုင်မာစွာ တုံ့ပြန်လိုက်၏။

"ဪ... တကယ့်ကို စိတ်လှုပ်ရှားစရာပဲ။ အတူတူ သေချင်တယ် ဆိုရင်လည်း ငါက ဖြည့်ဆည်းပေးရတာပေါ့"

ထိုထျန်းကျီဘုံ ပညာရှင်က ရက်စက်စွာ လှောင်ပြုံးလိုက်တော့သည်။

"နင်တို့လည်း ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ထင်မထားဘူးမလား"

ကျူးကော့လျန်ချန်ကမူ ဘေးမှနေ၍ ဝမ်းသာအားရ ဖြစ်နေလေ၏။

---

"ဖုန်းဝူချန် ထွက်မလာမချင်း... တစ်ယောက်ပြီးတစ်ယောက် ငါ သတ်ပြမယ်"

လိန်ဟွန်းက မောက်မာလှသော အမူအရာဖြင့် ကြွေးကြော်လိုက်သည်။

"လိန်ဟွန်း.. နင့်ကို ငါ လုံးဝ.. ခွင့်မလွှတ်ဘူး ဒီနေ့ ငါ့ကို မသတ်နိုင်ခဲ့ရင်... တစ်နေ့ကျရင် နင့်ရဲ့ နတ်ဘုရား ဘုရင် နန်းတော်ကို မြေလှန်ပစ်မယ် .."

လင်ရှောင်ရှောင်၏ လှပသော မျက်နှာလေးမှာ ဒေါသကြောင့် ရက်စက်ကြမ်းကြုတ်သည့် အသွင်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။

"ဟုတ်လား... ဒါပေမဲ့ နင့်နောက်ကွယ်က အင်အားစုတွေတောင် ငါတို့ နတ်ဘုရား ဘုရင် နန်းတော်ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးနော်"

လိန်ဟွန်းက နည်းနည်းမျှ မဖြုံပါချေ။

"လိန်ဟွန်း ..အရမ်း မောက်မာမနေနဲ့ဦး နတ်ဘုရား ဘုရင် နန်းတော်ကို ဘယ်သူမှ မနှိမ်နင်းနိုင်ဘူးလို့များ မင်း ထင်နေတာလား"

ထျန်းရှန်းဇီက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

"အဘိုးကြီး...အခု ပြောလိုက်တဲ့ စကားကြောင့်ပဲ .. ဒီနေ့ ခင်ဗျားကို အရှင်မထားဘူး။ ဒီကောင်လေးကို သတ်ပြီးရင်... နောက်တစ်ယောက်က ခင်ဗျားပဲ"

လိန်ဟွန်းက ထျန်းရှန်းဇီကို သတ်ဖြတ်မလို ကြည့်လိုက်သည်။

---

လျိုချင်းယန်မှာ ထိုပညာရှင်၏ လက်တွင်း၌ အသက်ရှူပင် မဝတော့ပါချေ။ ထိုသူ၏ လက်သည်းများမှာ လျိုချင်းယန်၏ လည်ပင်းကို အသက်ထွက်သွားစေလောက်အောင် တဖြည်းဖြည်း ညှစ်လာနေပြီ ဖြစ်သည်။

"ချင်းယန်"

နဂါးနတ်ဘုရား နန်းတော်မှ လူများမှာ နာကျည်းမှုများနှင့်အတူ မျက်စိမှိတ်ထားလိုက်ကြရ၏။ ကိုယ့်ညီအစ်ကို အသတ်ခံရတော့မည်ကို ဒီအတိုင်း ကြည့်နေရခြင်းမှာ သေရသည်ထက်ပင် ပို၍ နာကျင်လှသည်။

"ဟွန်း... အခုတော့လည်း မင်းက အမှိုက်တစ်စလိုပါပဲလား"

ထိုပညာရှင်က လှောင်ပြုံးရင်း သူ၏ လက်ကို အားကုန် ညှစ်လိုက်လေတော့သည်။

"အစ်ကိုလျို တော်ပါတော့ ကျေးဇူးပြုပြီး ရပ်လိုက်ကြပါတော့"

မြောင်ချင်းချင်းမှာ ရှိုက်ကြီးတငင် ငိုကြွေးရင်း အသည်းအသန် အော်ဟစ်နေရှာလေ၏။

---

ထိုအခိုက်အတန့်၌ အဝေးရှိ ကောင်းကင်ယံထက်မှ နားကွဲမတတ် ပြင်းထန်လှသော လေကိုခွင်းသည့် အသံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေတော့သည်။

"ဝှစ်..."

"ဝီ... ဝီ..."

သွေးရောင် လျှပ်စီးတန်း တစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်းကာ တဟုန်ထိုး ပြေးဝင်လာနေ၏။

ထက်ရှသော ဓားချီများကြောင့် ဟင်းလင်းပြင် တစ်ခုလုံးမှာလည်း မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပြိုကွဲပျက်စီးသွား၏။ မှောင်မိုက်နေသော ကောင်းကင်ကြီးမှာ ခဏချင်းမှာပင် သွေးရောင် အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားခဲ့ရပြီပင်။

"ဖုန်းဝူချန်"

လိန်ဟွန်းသည် ထိုထူးခြားလှသော အရှိန်အဝါကို ခံစားမိလိုက်သည်နှင့် ဖုန်းဝူချန် ဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်၏။

"ရှေးဦး ကမ္ဘာဦး နဂါးနတ်ဘုရား ဓား ပါလား"

"နန်းတော်သခင် ..နန်းတော်သခင် ပြန်လာပြီဟေ့"

"အစ်ကိုဖုန်း"

နဂါးနတ်ဘုရား နန်းတော်မှ လူများမှာ ထိုသွေးရောင် သက်တန့်ကြီးကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက်... အားကိုးရာ ရလိုက်သည့်အလား ဟစ်အော်လိုက်ကြလေတော့သည်။ ငရဲပြည်မှ ကောင်းကင်ဘုံသို့ ပြန်လည် ရောက်ရှိသွားသည့်အလား ခံစားလိုက်ကြရခြင်းပါ။

"ဝှစ်..."

"ရှူး..."

ထိုသွေးရောင် လျှပ်စီးတန်းမှာ လျိုချင်းယန်ကို ဆုပ်ကိုင်ထားသော ထျန်းကျီဘုံ အဆင့် (၃) လွှာ ပညာရှင်၏ နဖူးကို မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖောက်ထွင်းသွားခဲ့တော့သည်။ သွေးများမှာလည်း ပန်းထွက်လာတော့သည်။ ထိုပညာရှင်မှာ မည်သို့မျှပင် မတုံ့ပြန်နိုင်ဘဲ နေရာတင်ပင် အသက်ပျောက်သွားခဲ့ရ၏။

"ရှူး..."

တစ်ကွင်းလုံးရှိ လူတိုင်းမှာ ထိုမြင်ကွင်းကြောင့် လေအေးများကို တရှူးရှူး စုပ်သွင်းမိကြရင်း နေရာတင် မှင်သက်သွားကြရလေသည်။ ထျန်းကျီဘုံ အဆင့် (၃) လွှာ ပညာရှင် တစ်ဦးကို မျက်တောင်တစ်ခတ်အတွင်း အပြတ်ရှင်းပစ်လိုက်သည် တဲ့လား။

တဆက်တည်း၌ ထိုသွေးရောင်ဓားကြီး၏ အဖျားတွင် လူတစ်ယောက် မတ်မတ် ရပ်နေသည်ကို အားလုံး မြင်တွေ့လိုက်ကြရ၏။ ထိုသူကား အခြားသူ မဟုတ်၊ နဂါးနတ်ဘုရား နန်းတော်၏ မိသားစုခေါင်းဆောင် ဖုန်းဝူချန် ပင် ဖြစ်လေတော့သည်။

"ဒီကောင်လေးက ငါ့ရဲ့.. ဖိအားတွေကို လျစ်လျူရှုပြီး ဝင်လာနိုင်တာလား..."

တပ်မှူးကြီး ခွန်ယွင်မှာ မျက်မှောင်ကြီး ကုတ်သွားကာ ဖုန်းဝူချန်ကို စူးစိုက်ကြည့်နေမိတော့သည်။

"ဖုန်းဝူချန်... မင်းကို စောင့်နေတာ တော်တော်ကြာသွားပြီ။ မင်း ပြန်မလာသေးလို့ ငါတောင် စိတ်မရှည်ဘဲ အရင် လက်ပါမိသွားတယ်"

လိန်ဟွန်းက ရက်စက်လှသော လှောင်ပြုံးတစ်ခုနှင့်အတူ ဖုန်းဝူချန်ကို စိုက်ကြည့်ကာ ဆိုလိုက်၏။

ဖုန်းဝူချန်၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိသော်လည်း... သူ၏ ကိုယ်မှ ထွက်ပေါ်နေသော ဒေါသမီးတောက်များကိုမူ ထိုနေရာတွင် ရှိနေသူတိုင်း အလွန် ရှင်းလင်းစွာ ခံစားနေကြရလေသညခ။

အခန်း (၇၀၁) - ဖုန်းဝူချန်၏ ရူးသွပ်မှု

~ဖုန်းဝူချန်သည် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်ထားလိုက်လေ၏။

စိတ်အာရုံကို ခဏမျှ အာရုံခံလိုက်ရုံဖြင့်... နဂါးနတ်ဘုရား နန်းတော်၏ လက်ရှိ အခြေအနေကို သူသည် အကုန်အစင် သိရှိသွားခဲ့ပြီ ဖြစ်သည်။ နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များ၏ အသက်ရှူသံများစွာမှာ ပျောက်ကွယ်သွားခဲ့ရပြီတည်း။

ချီဟွမ်၊ ဟွမ်ယန်၊ ရွှေဖုန်း၊ ဟော့မင်၊ တောက်ဟွမ်နှင့် အခြားသော ထိပ်တန်း စစ်သည်တော်များ၏ အရှိန်အဝါများမှာ လုံးဝ မရှိတော့ပါချေ။ ဖုန်းဝူချန်၏ ရင်ထဲတွင် သွေးစိမ်းရှင်ရှင် ထွက်နေသကဲ့သို့ ခံစားနေရသည်။ နှလုံးသား တစ်ခုလုံးကို ဓားနှင့် မွှန်းနေသည့်အလား နာကျင်နေပြီး... တောက်လောင်နေသော ဒေါသမီးကလည်း ထိန်းမရအောင် ပြင်းထန်နေတော့၏။

"ငါ ပြန်လာတာ... နောက်ကျသွားပြီ"

ဖုန်းဝူချန် ရင်တွင်း.. နောင်တများဖြင့် ပြည့်နှက်နေရသည်။ လင်ရှောင်ရှောင်၏ ခေါ်ဆိုမှုကို စောစောစီးစီး အာရုံမခံမိခဲ့ခြင်းနှင့် အမြန်ဆုံး ပြန်မလာနိုင်ခဲ့ခြင်းတို့အတွက် သူ့ကိုယ်သူ အပြစ်တင်နေမိတော့၏။

အကယ်၍ သူသာ နောက်ထပ် တစ်နာရီ၊ နှစ်နာရီခန့် စောပြီး ရောက်လာခဲ့လျှင်... ဤကဲ့သို့သော ကြေကွဲစရာ ကိစ္စများ ဖြစ်လာမည် မဟုတ်ပါချေ။ အကယ်၍ သူသာ နောက်ထပ် နည်းနည်းလေးမျှ ထပ်မံ နောက်ကျသွားခဲ့မည် ဆိုပါက လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ပါ အသတ်ခံရမည်မှာ သေချာလှသည်။

"နန်းတော်သခင်.. အစ်ကိုကြီး ချီဟွမ်တို့ အကုန် သေကုန်ပြီဗျ"

"ညီအစ်ကိုတွေက နောက်ဆုံး အသက်ရှူသံအထိ အသေခံ တိုက်ခဲ့ကြတာပါ။ အကျအဆုံးတွေလည်း တော်တော် များကုန်ပြီ။ ဒီနေရာမှာ ဟင်းလင်းပြင်က ပိတ်ထားတော့... ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်ကိုလည်း အကူအညီ လှမ်းတောင်းလို့ မရခဲ့ဘူး။ ရှောင်ရှောင်လည်း ဘယ်သူ့ကိုမှ ခေါ်လို့ မရခဲ့ဘူးဗျာ"

"နန်းတော်သခင်... လိန်ဟွန်းဆီမှာ မိစ္ဆာလက်နက် ရှိတယ်။ အဲဒါနဲ့ ရှောင်ရှောင်ရဲ့ အကာအကွယ်ကို ဖျက်သွားတာပါ"

"နန်းတော်သခင်... ညီအစ်ကိုတွေက တကယ့်ကို မရှုမလှ သေသွားကြတာ။ သူတို့အတွက် ကလဲ့စား ပြန်ချေပေးပါဦး"

နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များမှာ နာကျည်းမှုများနှင့်အတူ အသည်းအသန် အော်ဟစ် ငိုယိုနေကြလေတော့သည်။

"အစ်ကိုဖုန်း..."

အပြင်းအထန် ဒဏ်ရာရနေသော လျိုချင်းယန်ကို တွဲထားသည့် မြောင်ချင်းချင်းက ဖုန်းဝူချန်ကို ကြည့်ကာ ခေါ်လိုက်၏။

ဖုန်းဝူချန်ကမူ ထျန်းကျီဘုံ အဆင့် (၃) လွှာ ပညာရှင်ကို မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်ပြီးကတည်းက ဘာစကားတစ်ခွန်းမှ မဟဘဲ တိတ်ဆိတ်နေဆဲပင် ဖြစ်သည်။

"ဖုန်းဝူချန်... နောင်တရနေတာလား။ စောစော မလာနိုင်ခဲ့လို့ နောင်တတွေ ရနေတာလားကွ"

လိန်ဟွန်းက မထီမဲ့မြင် ပြုသော အကြည့်များဖြင့် ဖုန်းဝူချန်ကို စိုက်ကြည့်ကာ အေးစက်စွာ လှောင်ပြောင်လိုက်၏။

ဖုန်းဝူချန်က ဘာမှ ပြန်မပြောခဲ့ပါ။ သူ၏ အကြည့်များက ကျူးကော့လျန်ချန်နှင့် မော့လင်အာထံသို့ ဝေ့ဝဲသွားတော့သည်။ ထိုအကြည့်များက သူတို့၏ ကျောရိုးထဲအထိ စိမ့်တက်သွားစေလောက်အောင် အေးစက်လွန်းလှသည်။ ဖုန်းဝူချန် ဘာတွေ တွေးနေသည်ကို မည်သူမျှ မသိသော်လည်း... သူ၏ ကိုယ်မှ ထွက်ပေါ်နေသော ဒေါသမီးတောက်များကိုမူ လူတိုင်း ရှင်းလင်းစွာ ခံစားနေရပြီပင်။

"ငါတို့ ညီအစ်ကိုတွေရဲ့ အလောင်းတွေကို... ပြန်သယ်ခဲ့ကြ"

ဖုန်းဝူချန်က သူ၏ အစစ်အမှန်ယွမ်များကို အနည်းငယ်မျှ လှုံ့ဆော်လိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်၏။ ထိုအခါ နေရာအနှံ့တွင် ပြန့်ကျဲနေသော စစ်သည်တော်များ၏ ရုပ်အလောင်းများမှာ လေထဲသို့ ညင်သာစွာ ကြွတက်လာကြတော့သည်။

သူ၏ အသံမှာ ဝိညာဉ် မပါဝင်တော့သည့်အလား အေးစက်လွန်းလှသည်။

"နန်းတော်သခင်..."

စစ်သည်တော်များမှာ မျက်ရည်များကြားမှ ဖုန်းဝူချန်ကို ကြည့်နေမိကြ၏။ ဟွမ်ယန်တို့၏ ရုပ်အလောင်းများကို စစ်သည်တော်များက ညင်သာစွာ ပြန်လည် ဖမ်းဆီးလိုက်ကြ၏။

"ဘာလို့ အပင်ပန်းခံနေတာလဲကွာ။ အဆုံးသတ်မှာတော့ မင်းတို့ အားလုံးက သေရမှာပဲလေ။ အခုတော့ မင်းက သူတို့အတွက် အလောင်းကောက်ပေးနေတယ်... ဒါပေမဲ့ မင်း သေသွားရင်တော့ ဘယ်သူကမှ အလောင်းကောက်ပေးမှာ မဟုတ်ဘူးနော်"

လိန်ဟွန်းက လက်နှစ်ဖက်ကို ဖြန့်ကာ အေးစက်စွာ လှောင်ပြုံး ပြုံးလိုက်သည်။

"ဝီ... ဝီ..."

လိန်ဟွန်း၏ စကားအဆုံးတွင် ဖုန်းဝူချန်၏ ကိုယ်တွင်းမှ အလွန်တရာ ထက်ရှသော စွမ်းအားများ ပေါက်ကွဲထွက်လာတော့သည်။ အနီရင့်ရောင် အလင်းတန်းများက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး... တိမ်တိုက်များကို ဖောက်ထွင်းကာ ဧရာမ သွေးရောင် လေပွေ တစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။

ဖုန်းဝူချန်သည် နဂါးနတ်ဘုရားဓားကို ဆုပ်ကိုင်လိုက်ပြီး... ကမ္ဘာပျက် စွမ်းအား နှင့် အမြင့်မြတ်ဆုံး ခန္ဓာကိုယ် ဒုတိယအဆင့် တို့ကိုပါ တစ်ပြိုင်နက်တည်း လှုံ့ဆော်လိုက်တော့သည်။ ခြောက်ခြားဖွယ်ကောင်းလှသော အရှိန်အဝါများမှာ ရူးသွပ်စွာ လှည့်ပတ်သွားပြီး ဟင်းလင်းပြင် တစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်စေတော့သည်။

ထိုအခိုက်အတန့်၌ ဖုန်းဝူချန်၏ အရှိန်အဝါမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထျန်းကျီဘုံ တတိယအလွှာ အထွတ်အထိပ်သို့ ရောက်ရှိသွား၏။

နောက်တစ်စက္ကန့်တွင်တော့... ဖုန်းဝူချန်၏ ကျောပြင်မှ အမည်းရောင် အတောင်ပံ တစ်စုံမှာ ရုတ်တရက် ဆန့်ထွက်လာပြီး သူ၏ အရှိန်အဝါမှာ နောက်တစ်ကြိမ် ထပ်မံ၍ ကန့်သတ်ချက်များကို ချိုးဖျက်သွားပြန်သည်။

ထျန်းကျီဘုံ စတုတ္ထအလွှာ အထွတ်အထိပ်..။

ဤမျှ ကြောက်စရာကောင်းသော တိုးတက်မှုကို မြင်လိုက်ရသောအခါ နတ်ဘုရား ဘုရင် နန်းတော်မှ ပညာရှင်များ၏ မျက်နှာများ သွေးဆုတ်သွားကြရ၏။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အား ရှိနေမှတော့... ထျန်းကျီဘုံ အဆင့် (၃) လွှာ ပညာရှင် တစ်ဦးကို မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်နိုင်ခဲ့သည်မှာ မဆန်းပါချေ။

"နင်က ထပ်ပြီး မြှင့်နိုင်သေးတာလား။ ဒါပေမဲ့ ဒီလောက် စွမ်းအားလေးနဲ့တော့ ငါက စိုးရိမ်နေမှာ မဟုတ်ဘူးနော်"

လိန်ဟွန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင် စပါးလုံး တစ်ထောက်စာမျှ မရှိပါချေ။

ဖုန်းဝူချန်၏ ကိုယ်တွင်းမှ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော သတ်ဖြတ်လိုစိတ်များနှင့် အရှိန်အဝါများက အဆက်မပြတ် ထွက်ပေါ်နေဆဲ ဖြစ်သည်။ သူသည် မည်သည့် လှုပ်ရှားမှုမျှ မလုပ်သေးသော်လည်း... သူ၏ အကြည့်တစ်ချက်ကပင် လူတိုင်းကို မိစ္ဆာ တစ်ကောင်နှင့် ရင်ဆိုင်နေရသည့်အလား ကျောချမ်းသွားစေတော့၏။

ဖုန်းဝူချန်၏ မျက်လုံးများမှာ သွေးရောင် လွှမ်းသွားပြီး ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေတော့သည်။ သူသည် ယခုအခါတွင် လုံးဝ ရူးသွပ်သွားခဲ့ချေပြီ။

ထိန်းမနိုင် သိမ်းမရ အခြေအနေသို့ အပြည့်အဝ ရောက်ရှိသွားခြင်း ဖြစ်သည်။

ထိုခြောက်ခြားဖွယ် ကောင်းလှသော ပုံစံကြောင့် မော့လင်အာနှင့် ကျူးကော့လျန်ချန်တို့မှာ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ နောက်သို့ အသည်းအသန် ဆုတ်ခွာနေမိကြတော့၏။ သူတို့သည် ဖုန်းဝူချန်ကို ဤမျှလောက် ကြောက်စရာကောင်းသည့် ပုံစံမျိုးဖြင့် တစ်ခါမျှ မမြင်ဖူးခဲ့ကြပါချေ။

"ကိုးထပ် နတ်ဘုရား ဖျက်ဆီးခြင်း အခင်းအကျင်း... အသက်သွင်းစေ"

ဖုန်းဝူချန်၏ နှုတ်မှ ဟိန်းဟောက်သံ ထွက်ပေါ်လာလေတော့၏။

"ဝီ... ဝီ..."

ထိုအခိုက်အတန့်၌၊ နဂါးနတ်ဘုရား နန်းတော် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး... သွေးရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာကာ နန်းတော် တစ်ခုလုံးကို ဧရာမ သွေးရောင် စွမ်းအင်ကြီး ဖုံးလွှမ်းသွားလေတော့သည်။ ယခုတစ်ကြိမ်တွင် အခင်းအကျင်း၏ အရှိန်အဝါမှာ ယခင်ကနှင့် လုံးဝ ကွဲပြားနေပြီ ဖြစ်သည်။ စွမ်းအားမှာ အဆပေါင်းများစွာ ပိုမို ကြောက်စရာ ကောင်းလာသကဲ့သို့... အစပိုင်းက ရွှေရောင် အလင်းတန်းများမှာလည်း ယခုအခါတွင်မူ ထူးဆန်းသော သွေးရောင် အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွား၏။

ထိုမြင်ကွင်းကို ကြည့်ရင်း လိန်ဟွန်းက ပခုံးတွန့်ကာ လှောင်လိုက်သည်။

"နတ်ဘုရားအသွင်ပြောင်း အကာအကွယ်တောင် ငါ့ကို မတားနိုင်တာ... မင်းရဲ့ အခင်းအကျင်း အစုတ်အပြတ်လေးနဲ့များ ငါ့ကို တားနိုင်မယ် ထင်နေတာလား။ တခြား စွမ်းရည်တွေ ရှိရင်လည်း ထုတ်ပြစမ်းပါဦးကွာ"

လိန်ဟွန်းသည် ဖုန်းဝူချန်ကို သူ့မျက်စိထဲတောင် ထည့်ထားပုံ မရပါချေ။

"ဝုန်း..."

ထိုအခိုက်အတန့်၌ ရူးသွပ်နေသော ဖုန်းဝူချန်၏ ကိုယ်ပေါ်တွင် အမည်းရောင် မီးလျှံများ ဟုန်းခနဲ တောက်လောင်လာ၏။ တဆက်တည်း၌၊... အရိုးကွဲမတတ် အေးစက်လှသော အအေးဓာတ်ကြီးမှာ လေမုန်တိုင်း တစ်ခုပမာ အရပ်မျက်နှာ အသီးသီးသို့ တရကြမ်း လိမ့်ဆင်းသွားတော့သည်။

"ရှူး... ရှူး..."

ထိုအအေးဓာတ်မှာ ဖြတ်သန်းသွားရာ ဟင်းလင်းပြင် တစ်လျှောက်လုံးကို ခဏချင်းမှာပင် ရေခဲများအဖြစ် အေးခဲသွားစေတော့၏။

ထိုအရှိန်အဝါမှာ အလွန်တရာမှ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိရာ... မျက်တောင်တစ်ခတ်အတွင်းမှာပင် နတ်ဘုရား ဘုရင် နန်းတော်မှ တပည့် ရာပေါင်းများစွာမှာ ရေခဲရုပ်တုများ အဖြစ်သို့ ပြောင်းလဲသွားကြရ၏။ ထျန်းကျီဘုံ ပညာရှင်များပင်လျှင် ထိုထက်ရှသော အအေးဓာတ်ဒဏ်ကို မတောင့်ခံနိုင်ကြပါချေ။

"ဒါ... ဒါက ဘာမီးတောက်လဲ။ အအေးဓာတ် ထွက်နေတယ် ဟုတ်လား"

လိန်ဟွန်း၏ မျက်နှာပေါ်တွင် နောက်ဆုံးတော့ အံ့အားသင့်မှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့တော့သည်။

"သခင်လေး... သတိထား သူ့ရဲ့ မီးတောက်က တော်တော် ထူးဆန်းတယ်"

ခွန်ယွင် မျက်မှောင်ကို တင်းတင်းကြုတ်ကာ သတိပေးလိုက်၏။ သူ၏ မျက်နှာမှာလည်း သိသိသာသာ တည်ကြည်လေးနက် သွားတော့သည်။

မျက်တောင်တစ်ခတ်စာ အချိန်လေး အတွင်းမှာပင်... နတ်ဘုရား ဘုရင် နန်းတော်မှ ကျန်ရှိနေသော တပည့် ရာပေါင်းများစွာနှင့် ထျန်းကျီဘုံ ပညာရှင် ဒါဇင်ကျော်မှာ ရေခဲရုပ်တုများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့သည်။ ဤအအေးဓာတ်မှာ မည်မျှအထိ ကြောက်စရာ ကောင်းနေသနည်း။

အချို့သော ထျန်းကျီဘုံ ပညာရှင်များမှာ သူတို့၏ မြင့်မားလှသော ကျင့်ကြံခြင်း အဆင့်ကြောင့်သာ ရေခဲရုပ်တု အဖြစ်သို့ မပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုဘေးဒုက္ခမှ လွတ်မြောက်ခဲ့သူများပင်လျှင် ထိုအအေးဓာတ်ကြောင့် အကြီးအကျယ် ထိတ်လန့်သွားကြရ၏။

ဖုန်းဝူချန် လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ...ကိုယ်ပေါ်မှ တဟုန်းဟုန်း တောက်လောင်နေသော အမည်းရောင် မီးလျှံများမှာ အရပ်မျက်နှာ အသီးသီးသို့ မီးတောင် ပေါက်ကွဲသည့်အလား လွင့်စင်သွားတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် နတ်ဘုရား ဘုရင် နန်းတော်မှ လူတိုင်းကို ဝိုင်းပတ် ပိတ်ဆို့လိုက်ပြီး သူတို့၏ ထွက်ပြေးလမ်းများ အားလုံးကိုပါ ဖြတ်တောက်လိုက်၏။

ဒါက ဖုန်းဝူချန်၏ အတိုင်းအဆမဲ့သော ဒေါသမီးတောက်ကြီးပင် ဖြစ်တော့သည်။

"နင်တို့ အားလုံး... အသေပဲ"

ဖုန်းဝူချန်၏ နှုတ်မှ စကားလုံးတိုင်းတွင် အဆုံးအစမဲ့သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေတော့၏။ သူသည် ငရဲပြည်မှ တက်လာသော မိစ္ဆာ တစ်ကောင် သို့မဟုတ် မျှော်လင့်ချက် ကင်းမဲ့မှုတို့၏ မိသားစုခေါင်းဆောင် တစ်ဦးပမာ ဖြစ်နေတော့သည်။

"ဒါတွေက ဘာမီးတောက်တွေလဲ"

ကျူးကော့လျန်ချန်မှာ အကြီးအကျယ် ကြောက်လန့်သွားပြီး ဘာလုပ်ရမှန်းပင် မသိတော့ပါချေ။ မော့လင်အာမှာလည်း မျက်လုံးများ ပြူးကျယ်ကာ ကြောက်ရွံ့မှု လွှမ်းမိုးခြင်းကို အပြည့်အဝ ခံလိုက်ရတော့၏။

"ဒီမီးတောက်မည်းတွေက သာမန် မဟုတ်ဘူး... သခင်လေး... အတော့်ကို သတိထားမှ ဖြစ်မယ်"

ခွန်ယွင်က သူ၏ နတ်ဘုရားအသွင်ပြောင်းဘုံ စွမ်းအားများကို အသည်းအသန် လှုံ့ဆော်လိုက်၏။ သူ၏ အတွင်းစိတ်က ထိုမီးတောက်မည်းများမှာ အလွန်တရာ ကြောက်စရာ ကောင်းကြောင်း သတိပေးနေသောကြောင့် ဖြစ်သည်။

လိန်ဟွန်း၏ မျက်နှာမှာ ရေခဲတမျှ အေးစက်သွား၏။

"ဟွန်း... ဘာကြောက်နေစရာ လိုလဲ။ မီးတောက်မည်းလေး တစ်ခုက ငါတို့ကို ဘာလုပ်နိုင်မှာလဲ"

သို့သော် လိန်ဟွန်း၏ စကား မဆုံးခင်မှာပင်... သူ၏ မျက်နှာမှာ ရုတ်တရက် တောင့်တင်းသွားပြီး အလန့်တကြား အော်ဟစ်လိုက်လေတော့သည်။

"ငါ့ရဲ့ စွမ်းအားတွေ... ပျောက်နေပြီ"

"မကောင်းတော့ဘူး ဒီမီးတောက်မည်းတွေက... ငါတို့ရဲ့ စွမ်းအားတွေကို ဝါးမြိုနေတာပဲ"

ခွန်ယွင်မှာ အကြောက်တရားကြောင့် မျက်နှာ တစ်ခုလုံး သွေးရောင် ဖျော့သွားကာ အော်ဟစ်လိုက်၏။

"ထွက်သွားစမ်း"

လိန်ဟွန်းက လေစွမ်းအားများကို အစွမ်းကုန် ပေါက်ကွဲစေလိုက်ရာ... သူ၏ ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ် လေမုန်တိုင်းကြီး တစ်ခု ဖြစ်တည်လာလေ၏။

အခန်း (၇၀၂) - ဘယ်သူမှ ထွက်မသွားစေရ

~အဖျက်အား လေမုန်တိုင်းကြီး တစ်ခုသည် ဟင်းလင်းပြင်အတွင်း၌ ရုတ်ချည်း ပေါ်ပေါက်လာလေ၏။ ထိုမုန်တိုင်းသည် လေဓားသွားပေါင်း ထောင်သောင်းချီကို အရပ်မျက်နှာအနှံ့ ရူးသွပ်စွာ ပစ်လွှတ်နေပြီး ထျန်းကျီဘုံ သတ္တမနှင့် အဋ္ဌမအလွှာရှိ ကျင့်ကြံသူများကိုပင် အပိုင်းပိုင်းအစစ ဖြစ်သွားစေနိုင်သည့် အစွမ်းရှိသည်။

ထိုလေမုန်တိုင်းသည် ခွန်ယွင် နှင့် ကျန်ရှိနေသည့် ထျန်းကျီဘုံ ပညာရှင် ဒါဇင်ကျော်ကို ကာကွယ်ပေးထားသော်လည်း... ရေခဲရုပ်တု ဖြစ်နေသည့် တပည့် ရာပေါင်းများစွာအတွက်မူ လိန်ဟွန်း သည် အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ အကြင်နာကင်းမဲ့စွာ ပစ်ပယ်ထားခဲ့၏။

---

လိန်ဟွန်း၏ ရက်စက်ကြမ်းကြုတ်သော အမူအရာမှာ ဝူမီးတောက် ကို အမြစ်ပြတ် ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားပုံရ၏။ ထက်ရှသော လေမုန်တိုင်းသည် အရပ်မျက်နှာအသီးသီးမှ ဝူမီးတောက်များကို ဝါးမြိုပစ်လိုက်သဖြင့် မီးတောက် လေမုန်တိုင်းကြီးအသွင် ပြောင်းလဲသွားတော့သည်။

"ဟွန်း... မင်း.. ဘာထပ်လုပ်နိုင်ဦးမလဲ ဆိုတာ ကြည့်ကြသေးတာပေါ့"

လိန်ဟွန်းက မထီမဲ့မြင်ပြုသော လေသံဖြင့် ဆိုလိုက်လေ၏။ သူသည် ဝူမီးတောက်ကို စပါးလုံး တစ်ထောက်စာမျှပင် အရေးမစိုက်ပါချေ။ သို့သော် လိန်ဟွန်းသည် ဝူမီးတောက်ကို အတော်လေး အထင်သေးမိသွားခဲ့ပြီ ဖြစ်သည်။ မိမိ၏ ခွန်အားဖြင့် ထိုမီးတောက်ကို အလွယ်တကူ ဖျက်ဆီးနိုင်မည်ဟု သူက ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်ငြားလည်း... သူ၏ အံ့အားသင့်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားရ၏။ ထိုလေမုန်တိုင်းကြီးမှာ မီးတောက်မုန်တိုင်းအဖြစ် ပြောင်းလဲသွားသည့် အခိုက်အတန့်၌ပင်... ၎င်း၏ စွမ်းအားများသည် မယုံကြည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် ပျောက်ကွယ်နေခြင်းကြောင့်ပင် ဖြစ်သည်။

လိန်ဟွန်း၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။

သူ၏ ထျန်းကျီဘုံ သတ္တမအလွှာ စွမ်းအားကြီးမှာ ဝူမီးတောက်၏ ဝါးမြိုခြင်းကို အသည်းအသန် ခံနေရပြီပင်။

"သခင်လေး... ဒီမီးတောက်မည်းတွေရဲ့ ဝါးမြိုနိုင်စွမ်းက တကယ့်ကို ကြောက်စရာကြီး။ အတော်လေး သတိထားမှ ဖြစ်မယ်" ခွန်ယွင်က အသည်းအသန် အော်ဟစ် သတိပေးလိုက်၏။ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် တစ်ဦးပင်လျှင် ဤမီးတောက်ကြောင့် ကျောချမ်းနေရပြီ မဟုတ်ပါလော။

---

မိနစ်ပိုင်းမျှပင် မကြာလိုက်မီမှာပင် လိန်ဟွန်း ဖန်တီးထားသည့် လေမုန်တိုင်းကြီးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။ ထက်ရှသော ဝူမီးတောက်သည် ဖုန်းဝူချန် ၏ ထိန်းချုပ်မှုအောက်တွင် နောက်တစ်ကြိမ် သိပ်သည်းသွားပြီး လိန်ဟွန်းတို့၏ ထွက်ပြေးလမ်းကို ပိတ်ဆို့လိုက်ပြန်၏။

"ခွေးကောင်လေး .. သိပ် မောက်မာမနေနဲ့"

ခွန်ယွင် အေးစက်စွာ ကြိမ်းမောင်းလိုက်ပြီးနောက်... နတ်ဘုရားအသွင်ပြောင်းဘုံ တတိယအလွှာ အရှိန်အဝါအား တောင်ကျရေတံခွန်ပမာ ပေါက်ကွဲစေလိုက်၏။

"ဝီ... ဝီ..."

ထိုကြီးမားလှသော ခွန်အားကြောင့် ပတ်ဝန်းကျင် ပေသောင်းချီသော ဟင်းလင်းပြင် တစ်ခုလုံး ပြိုကွဲပျက်စီးသွားပြီး အမှောင်ထုကြီး ဖုံးလွှမ်းသွားတော့သည်။ ခွန်ယွင် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ဖုန်းဝူချန်သည်လည်း ဝူမီးတောက်၏ စွမ်းအင်များကို အစွမ်းကုန် ထုတ်လွှတ်လိုက်တော့သည်။

ဟင်းလင်းပြင်အတွင်းရှိ အပူချိန်မှာ အဆမတန် မြင့်တက်လာသည်။ ထိုအပူရှိန်မှာ ဝင်းခနဲ တောက်နေသော သံပူခဲကြီးဖြင့် မျက်နှာကို ကပ်ထားသည့်အလား ပြင်းထန်လှသည်။

"ဒီမီးတောက်ရဲ့ အပူချိန်က..."

ခွန်ယွင်၏ မျက်နှာမှာ အကျည်းတန်

သွားပြီး သူ၏ အစစ်အမှန်ယွမ်များကို အသုံးပြုကာ ထိုအပူရှိန်ကို အသည်းအသန် ခုခံနေရတော့၏။

---

ဖုန်းဝူချန်သည် ခွန်ယွင်ကို ထိပ်တိုက်ရင်ဆိုင်ရန် အစီအစဉ် မရှိသေးပါချေ။ သူ၏ ပထမဆုံး ပစ်မှတ်မှာ နတ်ဘုရား ဘုရင် နန်းတော်မှ တပည့် ရာပေါင်းများစွာ ဖြစ်သည်။

"ဟွန်း"

ဖုန်းဝူချန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ... ပြန့်ကျဲနေသော ဝူမီးတောက်များသည် ရေပုံးပမာဏခန့် တုတ်ခိုင်လှသော ဧရာမ နဂါးနက်ကြီးများ အဖြစ်သို့ ပြောင်းလဲသွားကြ၏။ ထိုနဂါးနက်ကြီးများသည် ရေခဲရုပ်တု ဖြစ်နေသည့် တပည့်များထံသို့ တဟုန်ထိုး ပြေးဝင်သွားပြီး သူတို့၏ ခန္ဓာကိုယ်များကို ရစ်ပတ်လိုက်တော့သည်။

"အား... အမေရေ... ကယ်ကြပါဦး..."

ရေခဲများ အရည်ပျော်သွားသည်နှင့် တပည့် ရာပေါင်းများစွာမှာ သတ်ရမည့် ဝက်များပမာ အသည်းကွဲမတတ် အော်ဟစ်နေကြရတော့သည်။ သူတို့၏ ကိုယ်ပေါ်တွင် အမည်းရောင် မီးလျှံများ တဟုန်းဟုန်း တောက်လောင်နေပြီး မည်သို့မျှ ရုန်းကန်၍ မရနိုင်တော့ပါချေ။

မျက်တောင်တစ်ခတ်အတွင်းမှာပင်...

နတ်ဘုရား ဘုရင် နန်းတော်မှ တပည့် ရာပေါင်းများစွာနှင့် ထျန်းကျီဘုံ ပညာရှင် အချို့မှာ ပြာအဖြစ်သို့ ပြောင်းလဲသွား၏။

ဝူမီးတောက်၏ လွှမ်းမိုးမှုမှာ တကယ့်ကို ရက်စက်ကြမ်းကြုတ်လှသည်။

---

မိမိ၏ တပည့်များ အရှင်လတ်လတ် မီးလောင်ပြာကျသွားသည်ကို မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသောအခါ လိန်ဟွန်း၏ မျက်နှာမှာ ရေညှစ်၍‌ရအောင် မှောင်မိုက်သွားတော့သည်။ သူ၏ ရင်ထဲတွင် ဒေါသမီးများ တဝုန်းဝုန်း ထတောက်လာပြီး သတ်ဖြတ်လိုစိတ်များမှာလည်း ပြင်းထန်လှသည်။

ကျန်ရှိနေသော ထျန်းကျီဘုံ ပညာရှင် ဒါဇင်ကျော်မှာမူ အလွန်အမင်း ထိတ်လန့်နေကြပြီး သူတို့၏ မျက်နှာများမှာ စက္ကူချပ်ပမာ ဖြူလျော့နေကြတော့သည်။ ဖုန်းဝူချန်သည် ဤမျှလောက်အထိ ကြောက်စရာ ကောင်းလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။

"ဝှစ်..."

ဖုန်းဝူချန်၏ ပုံရိပ်မှာ ခွန်ယွင်အား ပတ်၍ လျှပ်တစ်ပြက် ပျောက်ကွယ်သွားပြီး လိန်ဟွန်းတို့ အဖွဲ့၏ အနောက်ဘက်တွင် ပြန်လည် ပေါ်ထွက်လာ၏။

"မင်းတို့ တစ်ယောက်မှ... မလွတ်ဘူး"

ဖုန်းဝူချန်၏ အေးစက်လှသော အသံမှာ လူသားဆန်မှု စပါးလုံး တစ်ထောက်စာမျှပင် မပါဝင်တော့ပါချေ။

"ဖုန်းဝူချန် .. ငါ့ကို တားနိုင်မယ် ထင်နေတာလား"

လိန်ဟွန်းက ရက်စက်စွာ ဟိန်းဟောက်လိုက်၏။

"ဝုန်း..."

ဖုန်းဝူချန်က ဘာမှ ပြန်မပြောဘဲ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ... အမည်းရောင် မီးလျှံများသည် ဧရာမ သားရဲကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး လိန်ဟွန်းတို့ထံသို့ တဟုန်ထိုး ခုန်အုပ်လိုက်တော့သည်။

"ဟင်းလင်းပြင် စွမ်းအား"

လိန်ဟွန်းက သူ၏ စွမ်းအားများကို လှုံ့ဆော်လိုက်ပြီး ထျန်းကျီဘုံ ပညာရှင်များနှင့်အတူ လေထဲတွင်ပင် ပျောက်ကွယ်သွားလေ၏။

All Chapters