← Chapters

အခန်း (၁၅၉၇-၁၅၉၉)

Vol. 107 Ch. 1597-1599

အခန်း (၁၅၉၇-၁၅၉၉)

Vol. 107 Ch. 1597-1599

အခန်း (၁၅၉၇)

ကောင်းကင်အဆင့် ဆေးဖော်စပ်ခြင်း အတတ်ပညာ

စီကုန်းယုဖုန်းသည် ကျောက်နက်တောင်ကြားတွင် လုချန်းနှင့် မတိုက်ခင်က နောက်ထပ် မည်သို့ ဆက်လက် လုပ်ဆောင်ရမည်ကို ပြောကြားရန်အတွက် သွေးလင်းယုန်ခန်းမ၏ ဒုတိယ ခန်းမသခင်ထံသို့ သူ၏ နတ်အာရုံကို အသုံးပြုကာ သတင်း ပို့ခဲ့သည်။

ထိုသတင်းကို ရရှိလျှင် သွေးလင်းယုန်ခန်းမ၏ ဒုတိယ ခန်းမသခင် ဖြစ်သူ

ဝိညာဉ်ဆိုး နတ်ဘုရင် အလွန် ကျေနပ်သွား၏။ ယွမ်ယုတိ၏ တပည့်ရင်း သေဆုံးသွားခဲ့လျှင် လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်းတို့ အငြိုးအတေးကြီးစွာဖြင့် မလွဲမသွေ တိုက်ခိုက်ကြလိမ့်မည်ဟု သူ ယူဆထားသည်။

ဤသည်က နတ်ဘုရင်အဆင့် အင်အားစု နှစ်ခုကို ဝါးမြိုပစ်ရန် သွေးလင်းယုန်ခန်းမအတွက် ရရှိလာသော အခွင့်အရေး တစ်ရပ်ပင်။

ထိုအချိန်တွင် ဝိညာဉ်ဆိုး နတ်ဘုရင်က အလောင်းတောင်တန်းတစ်ခုအတွင်းရှိ အမျိုးသမီးထံသို့

“ကျင့်ရှူး... ဒီကို ခဏလာခဲ့ဦး”

ဟု သတင်း ပို့လိုက်၏။

ဝိညာဉ်ဆိုး နတ်ဘုရင်၏ သတင်းစကားကို ကြားလျှင် ဘီလူးကြီးတစ်ဦး၏ ခန္ဓာကိုယ်အတွင်း နှလုံးသားနေရာ၌ နေထိုင်သော ဆံပင်နီ အမျိုးသမီးတစ်ဦး သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။

ထိုအမျိုးသမီးသည် အနီရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အလွန် ဆွဲဆောင်မှုရှိလှသလို အေးစက်လှသော မျက်နှာထားလည်း ရှိပေသည်။

နောက်တစ်ခဏတွင် သွေးမြစ်အတွင်းမှ အမျိုးသမီး ထလာကာ သူမ၏ ပုံရိပ် လျှပ်ခနဲ လှုပ်ရှားသွားပြီးနောက် ဝိညာဉ်ဆိုး နတ်ဘုရင်၏ ရှေ့တွင် ပေါ်လာတော့၏။

သူမက

“တပည့်ဖြစ်သူက ဒုတိယ ခန်းမသခင် ဝိညာဉ်ဆိုးကို ဂါရဝပြုပါတယ်”

ဝိညာဉ်ဆိုး နတ်ဘုရင်က

“လျှို့ဝှက်လဝန်းနန်းတော်နဲ့ ချီယန်ဂိုဏ်းတို့ဟာ မကြာခင် စစ်ဖြစ်ကြတော့မယ်။ အဲ့ဒီအချိန်ကျရင် လူတွေ အများကြီး သေကြမှာ မြေကြီးလက်ခတ်မလွဲပဲ။ အဲ့ဒီလူတွေရဲ့ သွေးအဆီအနှစ်တွေက မင်းကို ရွှေနတ်နယ်ပယ်ဆီ အမြန်ဆုံး အဆင့်တက်နိုင်အောင် ကူညီပေးလိမ့်မယ်။”

“ကောင်းကင်ဝံပုလွေမြို့ကို သွားပြီး သူတို့ စတိုက်ခိုက်ကြမဲ့ အချိန်ကို သွားစောင့်နေလိုက်။”

ထိုအရာကို ကြားလျှင် ရှုကျင့်ရှူးက

“ဟုတ်ကဲ့ပါ ခန်းမသခင်”

ဟု ရိုသေစွာ ပြန်တုန့်ပြန်လိုက်သည်။

စကားပြောပြီးသည်နှင့် ရှုကျင့်ရှူးလည်း မဆိုင်းမတွပင် သူမ၏ အာကာသလက်စွပ်အတွင်းမှ နတ်လှေတစ်စင်းကို ထုတ်ယူကာ ကောင်းကင်ဝံပုလွေမြို့ဆီသို့ အမြန် ဦးတည် ထွက်ခွာသွားတော့၏။

……

နတ်လှေတစ်စင်းသည် ကောင်းကင်ဝံပုလွေမြို့ဆီသို့ ဖြည်းညှင်းစွာ ဦးတည်နေ၏။

နတ်လှေအတွင်းမှ အသံများလည်း အဆက်မပြတ် ထွက်ပေါ်နေ၏။

သို့သော် ကံကောင်းထောက်မစွာဖြင့် နတ်လှေပေါ်တွင် အသံလုံ နည်းဗျူဟာပုံစံ ရှိနေသောကြောင့် လှေအတွင်းမှ အသံများကို ဖြတ်သန်းသွားလာနေကြသည့် နတ်များ မကြားနိုင်ကြပေ။

နတ်လှေပေါ်ရှိ အခန်းတစ်ခန်းအတွင်း၌ ရှောင်ရွှီရင်နှင့်အတူ လုချန်းတို့ သံယောဇဉ်များ ပျိုးထောင်နေကြ၏။

ရှောင်ရွှီရင်သည် ကောင်းကင်နတ်တစ်ဦး ဖြစ်ပြီး သူမ၏ လက်ရှိနယ်ပယ်မှာ လုချန်းထက် မြင့်မားသော်လည်း လုချန်း၏ ရှေ့တွင်မူ သူမ လုံးဝ အင်အားမဲ့နေသည်ကို တွေ့ရှိခဲ့ရသည်။

ကြည်နူးမှုကြောင် ရှောင်ရွှီရင် မျက်ရည်များ အကြိမ်ကြိမ် ကျခဲ့ရ၏။ ထိုအခါမှသာ လုချန်း၏ အရင်ဇနီးများ အဘယ်ကြောင့် ကစဉ့်ကလျား ပင်လယ်အထိ လိုက်ပါရန် ဝန်မလေးခဲ့ကြသည်ကို သူမ နားလည်သွားတော့၏။

ကစဉ့်ကလျား ပင်လယ်ကို တွေးမိလျှင် ရှောင်ရွှီရင်၏ စိတ်များ အနည်းငယ် ကြည်လင်သွားကာ လုချန်း၏ လည်ပင်းကို ဖက်ရင်း သူ၏ မျက်လုံးများကို ကြည့်ကာ

“မောင်လေး... ရှင့်... ကစဉ့်ကလျား ပင်လယ်ထဲကနေ ဘယ်လို ထွက်လာခဲ့တာလဲ”

နတ်ဧကရာဇ်တောင်မှ ကစဉ့်ကလျား ပင်လယ်ထဲကနေ ထွက်ခွာနိုင်မဲ့ နည်းလမ်းမခဲ့ရှိပေ။ ကစဉ့်ကလျား ပင်လယ်ထဲ တစ်ခါဝင်သွားလျှင် သေမင်းတံခါးဝသို့ ရောက်ရှိသွားမည်ဟု ကောလာဟလများ ရှိခဲ့သော်လည်း လုချန်းကတော့ ကစဉ့်ကလျား ပင်လယ်မှ အသက်ရှင်လျက် ပြန်လာနိုင်ခြင်းကြောင့် ရှောင်ရွှီရင် အလွန် နားမလည်နိုင် ဖြစ်နေရသည်။

လုချန်းက ကစဉ့်ကလျား ပင်လယ်သို့ လုံးဝ မသွားခဲ့ပဲ တစ်နေရာရာတွင် ပုန်းကွယ်နေပြီး သူ သွားခဲ့သည်ဟု ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ခဲ့ခြင်းများလားဟု သူမ စိတ်ထဲ တွေးတောနေမိ၏။

ကိစ္စများကို အလေးအနက် ကိုင်တွယ်နေသည့် လုချန်းက

“ဟူး... ဒါက ပြောရရင် ရှည်တယ်။ နောက်မှ ကျုပ် ဖြည်းဖြည်းချင်း ပြောပြမယ်”

ရှောင်ရွှီရင်က

“ဒါဆို... တခြား အစ်မတွေကော...”

ဟု ဆက်မေးပြန်၏။

လုချန်းသည် မိမိ၏ အမျိုးသမီးများကို အမြတ်နိုးဆုံး အမျိုးသားအဖြစ် ထျန်းရန်နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် လူသိများကြ၏။ လုချန်း ပြန်လာပြီဆိုမှတော့ သူ၏ အမျိုးသမီးများလည်း ပြန်ပါလာသင့်သည်။

လုချန်း သူတို့ကို မည်သည့်နေရာတွင် ထားခဲ့သည်ကို ရှောင်ရွှီရင် သိချင်နေမိ၏။

လုချန်းက

“သူတို့က ကစဉ့်ကလျား ပင်လယ်ထဲမှာပဲ ကျန်ခဲ့ကြတယ်။ နောင်တစ်ချိန် ကိုယ် နတ်ဧကရာဇ် ဖြစ်လာမှ သူတို့ကို သွားခေါ်မယ်။”

ထိုအရာကို ကြားလျှင် ရှောင်ရွှီရင် အနည်းငယ် တုန့်ခနဲ ဖြစ်သွား၏။

ကစဉ့်ကလျား ပင်လယ်ထဲမှာ ရှိနေသေးတာလား။

ထိုအခိုက်အတန့်တွင် လုချန်းက ရုတ်တရက် အင်အားမြှင့်လိုက်ရာ ရှောင်ရွှီရင် သတိပြန်ဝင်လာပြီး

“အင်း... ကစဉ့်... ကလျား ပင်လယ်ဆိုတာ... သေမင်းတမန် နယ်မြေ... မဟုတ်ဘူးလား...”

လုချန်းက

“တကယ်တော့ အဲ့ဒါက သေမင်းတမန် နယ်မြေပါပဲ။ ဒါပေမဲ့ ကစဉ့်ကလျား ပင်လယ်ထဲမှာ သက်ရှိတွေ နေထိုင်နိုင်မဲ့ စကြဝဠာ တစ်ခုကို ကိုယ် ဖန်တီးထားခဲ့တယ်။”

ရှောင်ရွှီရင်က

“ဒါကြောင့်ကိုး...”

သူမ၏ စကားသံများ တိုးသွားပြီးနောက် သူမ၏ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့သဖြင့် ရှောင်ရွှီရင်လည်း ဘာမှ ဆက်မပြောနိုင်တော့ချေ။

အချိန်မည်မျှကြာသွားသည်မသိအောင်

လုချန်း၏ ရင်ခွင်ထဲ၌ ရှောင်ရွှီရင် ခိုလှုံနေ၏။ တစ်ချိန်က လျှို့ဝှက်လဝန်းနန်းတော်၏ အေးစက်လှသော နတ်မိမယ်သည် ယခုအခါ လုချန်း၏ ရင်ခွင်ထဲ၌ နူးညံ့သိမ်မွေ့သော ဇနီးငယ်လေးတစ်ဦးနှင့် တူနေသည်။

လုချန်း၏ စွမ်းအားနှင့်ဆိုလျှင် ကောင်းကင်ဝံပုလွေမြို့သို့ မရောက်မီအထိ ရှောင်ရွှီရင်နှင့်အတူ အဆက်မပြတ် ကျင့်ကြံနိုင်သော်လည်း ရှောင်ရွှီရင်၏ အခြေအနေကို ထောက်ထားသောကြောင့် ဆက်မလုပ်ရန် လုချန်း ဆုံးဖြတ်လိုက်၏။

မည်သို့ပင်ဆိုစေကာ ဆုလာဘ်ကို ရရှိပြီးသား ဖြစ်သလို ရှောင်ရွှီရင်အား ရင်သွေး ရရှိစေရန်မှာလည်း ချက်ချင်း လက်ငင်း ဖြစ်လာမည် မဟုတ်သောကြောင့် အလောတကြီး လုပ်ရန် မလိုအပ်ပေ။

ထိုသို့ တွေးတောရင်း စနစ်မျက်နှာပြင်ကို လုချန်း ဖွင့်လိုက်သည်။

“ဇနီးတစ်ဦး ရရှိသည့်အတွက် သခင်ကို ဂုဏ်ပြုပါတယ်။ ကောင်းကင်အဆင့် ဆေးဖော်စပ်ခြင်း အတတ်ပညာကို ဆုလာဘ်အဖြစ် ပေးအပ်ပါတယ်။”

ထိုဆုလာဘ်ကို မြင်လျှင် လုချန်း ခဏခန့် မှင်တက်သွား၏။

ကောင်းကင်အဆင့် ဆေးဖော်စပ်ခြင်း အတတ်ပညာဆိုသည်မှာ အဘယ်နည်း။

ထို့နောက် စစ်ဆေးရန်အတွက် ဖွင့်ကြည့်လိုက်၏။

[ကောင်းကင်အဆင့် ဆေးဖော်စပ်ခြင်း ပညာ : အသုံးပြုပြီးနောက် သခင်သည် ကောင်းကင်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်သည့် စွမ်းရည်ကို ရရှိမည် ဖြစ်သည်။]

စနစ်၏ ရှင်းပြချက်ကို မြင်လျှင် လုချန်း ထပ်မံ မှင်တက်သွားပြန်၏။ စနစ်ကို ရရှိကတည်းက သူ့ကို ဤကဲ့သို့သော အရာမျိုး တစ်ခါမျှ ဆုမပေးဖူးပေ။ ကောင်းကင်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်သည့် စွမ်းရည်ကို တိုက်ရိုက် ရရှိခြင်းက နောင်တွင် သူ ဆေးဆရာတစ်ဦး ဖြစ်လာမည်ဟု ဆိုလိုခြင်းလား။

သူ ချန်ဘုရင် ဖြစ်စဉ်ကလည်း ဆေးလုံးများ ဖော်စပ်နိုင်သော်လည်း ကျော်ကြားသော ဆေးဆရာတစ်ဦးလို့တော့ မသတ်မှတ်နိုင်ခဲ့ပေ။ အလွန်ဆုံးမှ သာမန်ဆေးလုံး အချို့ကိုသာ ဖော်စပ်နိုင်ခဲ့ပြီး သူ ဖော်စပ်နိုင်သည့် အဆင့်မှာလည်း လျှို့ဝှက်အဆင့်သာ ရှိခဲ့သည်။

ထျန်းရန်နတ်ဘုရားနယ်မြေတွင် ဆေးလုံးများ၊ နတ်လမ်းစဉ်များနှင့် နတ်လက်နက်များ၏ အဆင့်များကို အနိမ့်၊ အလယ်၊ အမြင့် အဆင့်များအဖြစ် ထပ်မံ ခွဲခြားထားပြီး အဆင့်အတန်းများကို အောက်ပါအတိုင်း သတ်မှတ်ထားသည်။

အဝါရောင်၊ လျှို့ဝှက် ၊မြေ၊ ကောင်းကင်၊ သူတော်စင်၊ နတ် ဟူ၍ ဖြစ်သည်။

ကောင်းကင်အဆင့် ဆေးလုံးများသည် နတ်သခင်အဆင့်ရှိ ပုဂ္ဂိုလ်များအတွက် အသုံးဝင်ပြီး ထျန်းရန်နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင်ပင် ကောင်းကင်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်သည့် ဆေးဆရာ အရေအတွက် တစ်သောင်းအောက်သာ ရှိသည်။

ကျယ်ပြောလှသော ထျန်းရန်နတ်ဘုရားနယ်မြေတွင် ကောင်းကင်အဆင့် ဆေးဆရာ တစ်သောင်းသာ ရှိခြင်းက အလွန်ပင် ရှားပါးသည်ဟု သတ်မှတ်နိုင်သည်။

မည်သည့် ကောင်းကင်အဆင့် ဆေးဆရာမဆို ထိပ်တန်း အင်အားစုများ၏ အထူးဧည့်သည်တော်အဖြစ် ဆက်ဆံခြင်း ခံရမည် ဖြစ်၏။

အကယ်၍ သူသာ ကောင်းကင်အဆင့် ဆေးလုံးများကို အမြောက်အမြား ဖော်စပ်နိုင်လျှင် သူ၏ အင်အားစုကို ပြန်လည် တည်ဆောက်ရန် ပိုမို လွယ်ကူသွားလိမ့်မည်ဟု လုချန်း တွေးလိုက်မိ၏။

ငါးကိုပေးသည်ထက် ငါးဖမ်းနည်း သင်ပေးခြင်းက ပိုကောင်းသည်ဟု ဆိုသကဲ့သို့ ယခုတစ်ကြိမ်တွင် စနစ်က ငါးဖမ်းနည်း တစ်ခုကို ဆုပေးလိုက်ခြင်းပင်။

ယခင်က စနစ်မှ ပေးအပ်ခဲ့သော ဆေးလုံးများ သို့မဟုတ် လက်နက်များသည် ကောင်းကင်အဆင့် ဆေးဖော်စပ်ခြင်း အတတ်ပညာနှင့် နှိုင်းယှဉ်လျှင် ဘာမှ မဟုတ်တော့ပေ။

သတိပြန်ဝင်လာလျှင် လုချန်းလည်း မဆိုင်းမတွပင် ကောင်းကင်အဆင့် ဆေးဖော်စပ်ခြင်း အတတ်ပညာပေါ်သို့ တိုက်ရိုက် နှိပ်လိုက် တော့သည်။

နောက်တစ်ခဏတွင် ဆေးဖော်စပ်ခြင်းဆိုင်ရာ အသိပညာများ သူ၏ စိတ်ထဲသို့ အလုံးအရင်းနှင့် စီးဝင်လာကာ သူ၏ ခန္ဓာကိုယ်အတွင်း၌ ရောင်စုံ မီးလျှံတစ်ခု ပေါ်လာသည်ကို လုချန်း တွေ့ရှိလိုက်ရ၏။

ယေဘုယျအားဖြင့် အဆင့်မြင့် ဆေးဆရာများတွင် ထူးခြားသော မီးလျှံများ ရှိတတ်ကြသော်လည်း မည်သည့် ထူးခြားသော မီးလျှံကမှ ရောင်စုံ ဖြစ်နေသည်ကို သူ တစ်ခါမျှ မကြားမမြင်ဖူးသောကြောင့် လုချန်း ခဏခန့် တုန့်ခနဲ ဖြစ်သွား၏။

လုချန်းက စနစ်ကို စိတ်ထဲမှ မေးလိုက်၏။

“စနစ်... ဒါက ဘယ်လို ထူးခြားတဲ့ မီးလျှံလဲ။ ဘာလို့ ဒီလို ရောင်စုံ မီးလျှံမျိုးကို ငါ တစ်ခါမှ မကြားဖူးတာလဲ။”

စနစ်က

“ဒီထူးခြားတဲ့ မီးလျှံကို ချုံးဟွာပိလော့ မီးလျှံလို့ ခေါ်ပါတယ်။ အဲ့ဒါက ထျန်းရန်နတ်ဘုရားနယ်မြေက မဟုတ်ပါဘူး။”

စနစ်၏ အဖြေကို ကြားလျှင် ဆက်မမေးရန် လုချန်း ဆုံးဖြတ်လိုက်၏။ ဤလောကမှ မဟုတ်ဟု စနစ်က ပြောနေမှတော့ ထပ်မေးနေလည်း စနစ်က ဖြေမည် မဟုတ်ပေ။

ယင်း၏ တကယ့် မူလအစကို သိရှိနိုင်ရန်အတွက် သူ နတ်ဧကရာဇ် တစ်ဦး ဖြစ်လာရန် လိုအပ်သည်။

ထိုအချိန်တွင် လုချန်း၏ နတ်အာရုံသည် နတ်လှေကို ဖြတ်ကျော်ကာ ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကောင်းကင်ယံထက်သို့ ကြည့်လိုက်၏။

ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကောင်းကင်ယံ၌ ရောင်စုံ အလင်းတန်းများ ဖြာထွက်နေကာ အိပ်မက်ဆန်လှသည်။ ဤနေရာသည် နတ်ဘုရား ကမ္ဘာတစ်ခုနှင့် တူနေသော်လည်း ချုံးဟွာပိလော့ မီးလျှံ ဤကမ္ဘာမှ မဟုတ်ကြောင်း ကြားလိုက်ရချိန်တွင် ထျန်းရန်နတ်ဘုရားနယ်မြေသည်လည်း သေးငယ်သော နေရာတစ်ခုသာ ဖြစ်နိုင်ကြောင်း လုချန်း သဘောပေါက်သွားတော့၏။

အရင်တုန်းက ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်း၌ ရှိနေစဉ်ကကဲ့သို့ပင် ဖြစ်သည်။ ကစဉ့်ကလျား သားရဲ၏ အတွင်းကမ္ဘာသည် အလွန်ပင် ကျယ်ပြောလှသည်ဟု ထင်ရသော်လည်း ကောင်းကင်၏ အပြင်ဘက်တွင် ကောင်းကင်များ ရှိနေသေး၏။

ထျန်းရန်နတ်ဘုရားနယ်မြေ၏ အပြင်ဘက်တွင် ဘာတွေ ရှိနေမလဲဆိုသည်က တွေးတောစရာပင် ဖြစ်တော့၏။

အခန်း (၁၅၉၈)

ချောင်ပိတ်မိသွားကြသော ကောင်းကင်ဝံပုလွေမြို့မှ မိသားစုများ

လုချန်း ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေသည်ကို မြင်လျှင် ရှောင်ရွှီရင် အနည်းငယ် ထလိုက်ပြီးနောက် သူမ၏ လက်နှစ်ဖက်ကို လုချန်း၏ ရင်ဘတ်တွင် တင်လိုက်ကာ သူမ၏ လှပသော မျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်နေ၏။

ရှောင်ရွှီရင် ခေါင်းမော့လိုက်ချိန်တွင် သူမ၏ ဖရိုဖရဲဖြစ်နေသော ဆံနွယ်များသည် သူမ၏ မွှေးပျံ့သော ပုခုံးများပေါ်မှ လုချန်း၏ ရင်ဘတ်ပေါ်သို့ လျောကျလာကာ သူမ၏ မျက်နှာတစ်ခြမ်းကို ဖုံးအုပ်သွားတော့သည်။

လုချန်းက လက်ကိုမြှောက်ကာ ရှောင်ရွှီရင်၏ ကျဆင်းနေသော ဆံနွယ်များကို သပ်တင်ပေးပြီး သူမ၏ နားနောက်သို့ ပို့ပေးလိုက်သည်။

ရှောင်ရွှီရင်က

“မောင်လေး... ဘာတွေ တွေးနေတာလဲ”

လုချန်း၏ တကယ့် သရုပ်မှန်ကို သိထားသောကြောင့် သူ့ကို ‘မောင်လေး’ ဟု ခေါ်ဆိုရန် ရှောင်ရွှီရင် အနည်းငယ် ကျင့်သားမရနေဆဲ ဖြစ်သည်။ သို့သော်လည်း လုချန်း၏ သရုပ်မှန် ပေါက်ကြားသွားမည်ကို စိုးရိမ်သောကြောင့် ထိုသို့ ခေါ်ဝေါ်ရန် သူမကိုယ်သူမ အတင်းအကျပ် တိုက်တွန်းနေရ၏။

လုချန်းက ရှောင်ရွှီရင်၏ မျက်နှာကို ကြည့်ကာ ပြုံးလျက်

“ထွေထွေထူးထူး မရှိပါဘူး”

ရှောင်ရွှီရင်က

“မောင်လေးက အစ်မတွေကို စိတ်ပူနေတာလား”

လုချန်း၏ ဇနီးများမှာ ကစဉ့်ကလျား ပင်လယ်ထဲတွင် ကျန်ရှိနေသေးသောကြောင့် သူတို့၏ ဘေးကင်းလုံခြုံမှုအတွက် သူ စိတ်ပူနေခြင်း ဖြစ်နိုင်သည်ဟု ရှောင်ရွှီရင် တွေးတောနေမိသည်။

လုချန်းက

“နည်းနည်းပါပဲ”

ထို့နောက် ရှောင်ရွှီရင်က

“နောင်အနာဂါတ်အတွက် မောင်လေးမှာ ဘာအစီအစဉ်တွေ ရှိလဲ။”

ရှောင်ရွှီရင်၏ မျက်နှာကို ပွတ်သပ်ရင်း လုချန်းက

“ကျုပ် လျှို့ဝှက်လဝန်းနန်းတော်မှာ ခဏလောက် ဆက်နေဦးမယ်... ကျုပ် နတ်ဘုရင်အဆင့်ကို ရောက်သွားပြီးရင်တော့ ကျုပ်ရဲ့ ကိုယ်ပိုင်အင်အားစုကို တည်ထောင်ဖို့အတွက် လျှို့ဝှက်လဝန်းနန်းတော်ကနေ ထွက်သွားမှာပါ။”

ထိုသို့ ပြောရင်း လုချန်းက ရှောင်ရွှီရင်၏ လှပသော မျက်ဝန်းများကို စိုက်ကြည့်ကာ ပြုံးလျက်

“စီနီယာအစ်မလည်း ကျုပ်နောက် လိုက်လာမှာ မဟုတ်လား”

လုချန်း၏ စကားများကို ကြားလျှင် ရှောင်ရွှီရင်၏ ပါးပြင်များ နီမြန်းသွား၏။

လုချန်းက ထင်ရှားလှသည့် အရာကို မေးနေသည် မဟုတ်ပါလား။

သူမသည် မိမိကိုယ်ကို သူ့ထံ အပ်နှင်းခဲ့ပြီး သူ၏ အမျိုးသမီး ဖြစ်လာခဲ့ပြီးပြီမို့ မလွဲမသွေ သူမ သူ့နောက်သို့ လိုက်သွားမည်သာ ဖြစ်၏။

ရှောင်ရွှီရင်က

“နောင်မှာ မောင်လေး ဘယ်သွားသွား အစ်မလည်း လိုက်မှာပါ။”

လုချန်းက အနည်းငယ် ပြုံးလိုက်ရင်း

“ဒီတစ်ခါတော့ စီနီယာအစ်မကို ကျေးဇူးတင်ရမှာပဲ... အကယ်၍ စီနီယာအစ်မသာ မရှိခဲ့ရင် ကျုပ် ရူးသွပ်သွားနိုင်တယ်။”

လုချန်း၏ စကားများကို ကြားလျှင် ရှောင်ရွှီရင်လည်း အရင်က ဖြစ်ပျက်ခဲ့သည်များကို ပြန်လည် မြင်ယောင်လာကာ သူမ၏ ပါးပြင်များ အလွန် ပူထူသွားလေတော့၏။

နှစ်ပေါင်း သန်းတစ်သောင်းကျော် ရှင်သန်လာခဲ့သော သူမသည် ကလေးတစ်ယောက် မဟုတ်တော့ပေ။ လုချန်း သူမကို စနောက်နေခြင်း ဖြစ်နိုင်သည်ဟု သူမ သိသော်လည်း သူက သူမ ကြည်ညိုရသည့် အမျိုးသားဖြစ်သောကြောင့် သူ့၏ စနောက်မှုကိုလည်း သူမ လိုလားစွာ ခံယူနေမိသည်။

ရှောင်ရွှီရင်က

“အကယ်၍... အကယ်၍ မောင်လေးရဲ့ ခန္ဓာကိုယ်ထဲက ပြင်းထန်တဲ့ စွမ်းအားတွေက ထိန်းမရလောက်အောင် ဖြစ်လာရင် စီနီယာအစ်မဆီကို အကူအညီ လာတောင်းနိုင်ပါတယ်။”

လုချန်းက

“ကျေးဇူးတင်ပါတယ် စီနီယာအစ်မ”

စကားပြောနေရင်းပင် သူတို့ ကောင်းကင်ဝံပုလွေမြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း လုချန်း သတိပြုမိလိုက်၏။

“စီနီယာအစ်မ... ကျုပ်တို့ ရောက်ပြီ”

ထိုအရာကို ကြားလျှင် ရှောင်ရွှီရင်လည်း လုချန်း၏ အပေါ်မှ ဖြည်းညှင်းစွာ ထလိုက်၏။ ခုနကအထိ သူတို့နှစ်ဦး အလွန်ပင် နီးနီးကပ်ကပ် ရှိနေခဲ့ကြသည်။

ယခု သူမ ထလိုက်သည့် ခဏ၌ ဟာတာတာဖြစ်သွားသည့် ခံစားချက်တစ်ခု သူမ၏ စိတ်ထဲ၌ ပေါ်ပေါက်လာ၏။

ရှောင်ရွှီရင်၏ စိတ်မပါသော အမူအရာကို မြင်လျှင် လုချန်းက

“စီနီယာအစ်မ... အချိန်တွေ အများကြီး ရှိပါသေးတယ်... ကျုပ်တို့ အတူတူ စုံတွဲကျင့်စဉ် ကျင့်ကြံဖို့ အခွင့်အရေးတွေ အများကြီး ရဦးမှာပါ။”

နတ်များတွင် လစဉ်ဓမ္မတာမရှိကြသောကြောင့် သူတို့ အလိုရှိသည့် အချိန်တိုင်းတွင် စုံတွဲကျင့်စဉ် ကျင့်ကြံနိုင်ကြသည်။

လုချန်း၏ စကားများကို ကြားလျှင် ရှောင်ရွှီရင်၏ မျက်နှာ ပိုမို နီမြန်းလာကာ သူမ၏ နားရွက်များပင် နီရဲသွားတော့၏။

သူမက

“အင်း”

ဟု တိုးတိုးလေး တုံ့ပြန်လိုက်ပြီး လက်ကို ဝေ့ယမ်းလိုက်ရာ ခရမ်းရောင် ဝတ်ရုံရှည်တစ်စုံ သူမ၏ ကိုယ်ပေါ်တွင် ပေါ်လာ၏။

လုချန်းလည်း ကုတင်ပေါ်မှထကာ အဖြူရောင် ဝတ်စုံကို လဲလှယ်လိုက်ပြီးနောက် နတ်လှေကို ကိုယ်တိုင် ပြန်သိမ်းလိုက်ကာ ကောင်းကင်ဝံပုလွေမြို့၏ ကောင်းကင်ယံထက်သို့ မဆိုင်းမတွ ပျံသန်းသွားလေတော့၏။

ကောင်းကင်ဝံပုလွေမြို့ရှိ မိသားစုများ ချီယန်ဂိုဏ်းနှင့် ပူးပေါင်းနေကြတာ သေချာသလောက် ရှိနေသောကြောင့် စကားတွေ အများကြီး ပြောနေရန် မလိုတော့ပဲ အရေးယူ ဆောင်ရွက်ရန်သာ ရှိတော့၏။

သက်သေများ စုဆောင်းရန်အတွက်မူ မြို့တော်ဝန်နှင့် အထက်တန်းလွှာ မိသားစု ခေါင်းဆောင်များကို ဖမ်းဆီးလိုက်လျှင် သက်သေများ လက်ဝယ်သို့ ရောက်ရှိလာမည် ဖြစ်၏။

…….

ထိုအခိုက်အတန့်တွင်။

မိသားစုခေါင်းဆောင် အချို့သည် စီကုန်းယုဖုန်း ပြန်လာမည်ကို မြို့တော်ဝန် စံအိမ်တွင် စောင့်ဆိုင်းနေကြသည်။

တိန့်ချင်းဖုန်းသည် အဓိက ထိုင်ခုံတွင် ထိုင်ကာ လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေ၏။

မိသားစု ခေါင်းဆောင်တစ်ဦးက

“အခုဆိုရင် နှစ်ရက် ရှိသွားပြီ”

လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်များ ယခုအချိန်တွင် သေဆုံးနေလောက်ပြီ ဖြစ်သည်။

ထိုအရာကို ကြားလျှင် တိန့်ချင်းဖုန်းက လက်ဖက်ရည်ခွက်ကို ချလိုက်ကာ ပြုံးလျက်

“ချီယန်ဂိုဏ်းရဲ့ အကြီးအကဲ ကိုယ်တိုင် အရေးယူ ဆောင်ရွက်နေတာပဲ။ ဘာမှ မှားယွင်းစရာ အကြောင်းမရှိပါဘူး။”

“ချီယန်ဂိုဏ်းက ကောင်းကင်ဝံပုလွေမြို့ကို လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အုပ်ချုပ်မှုအောက်ကနေ သိမ်းယူမဲ့ အချိန်ကို ကျုပ်တို့ စောင့်နေဖို့ပဲ လိုတာပါ။”

တိန့်ချင်းဖုန်း စကားပြောပြီးသည်နှင့် ကောင်းကင်ယံမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။

“ကောင်းကင်ဝံပုလွေမြို့ရဲ့ မြို့တော်ဝန် တိန့်ချင်းဖုန်းနဲ့ မိသားစု ခေါင်းဆောင်တွေဟာ လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ပြီး ချီယန်ဂိုဏ်းနဲ့ ပူးပေါင်းတယ်။ ပြီးတော့ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ သံတမန်ကို သတ်ဖြတ်ဖို့ ကြံစည်ခဲ့ကြတယ်။”

“အဲ့ဒီလူတွေကို အခု ပြစ်ဒဏ် စီရင်တော့မယ်”

ထိုအသံကို ကြားလျှင် တိန့်ချင်းဖုန်းနှင့် မိသားစု ခေါင်းဆောင်များ၏ မျက်နှာများ ဖြူလျော်သွားကာ ချွေးအေးများ ထွက်လာတော့၏။

တိန့်ချင်းဖုန်းက တုန်တုန်ရင်ရင်ဖြင့်

“ဒါ... ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ...”

“လျှို့ဝှက်လဝန်းနန်းတော်က လူတွေကို ဒီလောက် မြန်မြန် ဘယ်လို လွှတ်လိုက်တာလဲ။”

ထိုအခိုက်အတန့်တွင် ခုနက အသံသည် လုချန်း၏ အသံဖြစ်ကြောင်း တိန့်ချင်းဖုန်းတို့လူစု မသိကြသေးပေ။ လျှို့ဝှက်လဝန်းနန်းတော်မှ စေလွှတ်လိုက်သည့် အခြားတစ်ယောက်ယောက်ဟု ထင်မှတ်နေကြ သေး၏။

မြို့တော်ဝန် စံအိမ်၏ အစည်းအဝေး ခန်းမအတွင်း၌ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။

“မြို့တော်ဝန်... အခု ဘာလုပ်ကြမလဲ။ လျှို့ဝှက်လဝန်းနန်းတော်က လူတွေက ဒီလောက် မြန်မြန် ရောက်လာကြပြီ”

“သွားပါပြီ...”

“နှစ်ရက်ပဲ ရှိသေးတာကို သူတို့က ဘယ်လိုလုပ် ဒီလောက် မြန်မြန် ရောက်လာကြတာလဲ”

“မြို့တော်ဝန်... ကျုပ်တို့ကို ကယ်ဖို့ ချီယန်ဂိုဏ်းရဲ့ အကြီးအကဲကို အမြန် ခေါ်လိုက်ပါဦး”

တိန့်ချင်းဖုန်းလည်း ထိတ်လန့်နေရာမှ သတိပြန်ဝင်လာကာ စီကုန်းယုဖုန်း မထွက်ခွာမီက သူ့အား ပေးခဲ့သည့် ကျောက်စိမ်းဆွဲပြားကို အလျင်အမြန် ထုတ်လိုက်၏။ ထိုကျောက်စိမ်းပြားကို အသက်သွင်းလိုက်လျှင် စီကုန်းယုဖုန်းနှင့် ဆက်သွယ်နိုင်မည် ဖြစ်သည်။

ယခု အခြေအနေအရ ချီယန်ဂိုဏ်းမှ တစ်ယောက်ယောက် လာကယ်ရန်သာ သူတို့ မျှော်လင့်နိုင်တော့သည်။

ကျောက်စိမ်းဆွဲပြားကို ထုတ်ပြီးနောက် စီကုန်းယုဖုန်းကို ဆက်သွယ်ရန်အတွက် ကျောက်စိမ်းထဲသို့ ဝိညာဉ်စွမ်းအားများ တိန့်ချင်းဖုန်း ထည့်သွင်းလိုက်၏။

သို့သော် ဝိညာဉ်စွမ်းအားများ ကျောက်စိမ်းထဲသို့ စီးဝင်သွားသည့်တိုင် မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။

တိန့်ချင်းဖုန်း တုန့်ခနဲ ဖြစ်သွားကာ အဖြစ်မှန်ကို မယုံနိုင်ပဲ ကျောက်စိမ်းထဲသို့ ဝိညာဉ်စွမ်းအားများ ထပ်မံ ထည့်သွင်းလိုက်သော်လည်း တုံ့ပြန်မှုက ရှိမလာခဲ့‌ပေ။

တိန့်ချင်းဖုန်း၏ မျက်နှာထက်၌ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားကာ

“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ... မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး”

ဟု အော်ဟစ်လိုက်၏။

အဖြစ်မှန်ကို မယုံကြည်နိုင်သောကြောင့် တိန့်ချင်းဖုန်းလည်း ကျောက်စိမ်းဆွဲပြား ပေါက်ကွဲသွားသည်အထိ ဝိညာဉ်စွမ်းအားများကို ရူးသွပ်စွာဖြင့် အဆက်မပြတ် ထည့်သွင်းနေခဲ့တော့သည်။

အတန်ကြာမှသာ သူ သတိပြန်ဝင်လာခဲ့သည်။

သူ၏ လက်ထဲတွင် အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော ကျောက်စိမ်းဆွဲပြားကို ကြည့်ရင်း ထိုင်ခုံမှ လျောကျကာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး

“သွားပါပြီ... အကုန်လုံး သွားပါပြီ...”

သူသည် နတ်တစ်ပါးဟု ဆိုနိုင်သော်ငြားလည်း သူ၏ စွမ်းအားသည် လျှို့ဝှက်လဝန်းနန်းတော်၏ နတ်များနှင့် နှိုင်းယှဉ်လျှင် ပြောပလောက်အောင် မရှိလှပေ။

ထို့ကြောင့် ထိုနတ်များ၏ လက်မှ သူ လွတ်မြောက်နိုင်မည်ဟုလည်း မယူဆပေ။

နောက်တစ်ခဏတွင် ကောင်းကင်ဝံပုလွေမြို့ တစ်ခုလုံးသည် ကြီးမားလှသော နည်းဗျူဟာ ပုံစံတစ်ခု၏ ပိတ်ဆို့ခြင်းကို ခံထားရသည်ကို သူ သတိပြုမိလိုက်၏။

ခန်းမအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်နေစဉ်မှာပင် လုချန်းနှင့် ရှောင်ရွှီရင်တို့ ပေါ်လာကြ၏။ လုချန်း အသက်ရှင်လျက် ပြန်လာသည်ကို မြင်လျှင် တိန့်ချင်းဖုန်းလည်း မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးသွားကာ

“ခင်ဗျား... ခင်ဗျား မသေသေးဘူးလား... ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ”

ချီယန်ဂိုဏ်းမှ အကြီးအကဲက လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်ကို အလွယ်တကူ သတ်ပစ်နိုင်လိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း ယခု လုချန်းက အကောင်းပကတိ ပြန်လာနေသည်။

လုချန်း မသေဘူးဆိုလျှင် ချီယန်ဂိုဏ်း၏ အကြီးအကဲ တစ်ခုခု ဖြစ်သွားပြီဟု မဆိုလိုပေဘူးလား။

လုချန်းက ခန်းမပတ်ပတ်လည်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် လှောင်ပြုံးပြုံးလျက်

“လူစုံနေတာပဲ”

မိသားစု ခေါင်းဆောင် အချို့က အလျင်အမြန် ဒူးထောက်လိုက်ကြ၏။

“သနားပါအရှင်... သနားတော်မူပါ”

“ချီယန်ဂိုဏ်းက ကျွန်တော်တို့ကို အတင်းအကျပ် ခိုင်းစေခဲ့တာပါ... ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိခဲ့လို့ပါ။”

“ကျွန်တော် လျှို့ဝှက်လဝန်းနန်းတော်ကို တစ်ခါမှ သစ္စာမဖောက်ခဲ့ပါဘူး။ ဒါတွေ အကုန်လုံးက တိန့်ချင်းဖုန်းရဲ့ အမှားတွေပါ။”

ခဏအတွင်းမှာပင် သနားကရုဏာ သက်ရန် တောင်းပန်သံများနှင့် အပြစ်ပုံချသံများ ထွက်ပေါ်လာတော့၏။ ချီယန်ဂိုဏ်း၏ အကြီးအကဲတောင်မှ ဤသံတမန်ကို မယှဉ်နိုင်ခဲ့မှတော့ သူတို့ အားလုံး စုပေါင်း တိုက်ခိုက်လျှင်လည်း လုချန်းကို အနိုင်ရလိမ့်မည်ဟု မယုံကြည်ကြတော့ပေ။

ယခုအချိန်တွင် သူတို့ အသက်ရှင်သန်ရန် တစ်ခုတည်းသော နည်းလမ်းက သနားကရုဏာ တောင်းခံခြင်းသာ ဖြစ်၏။

လုချန်းက သူ၏ ဖိအားများကို ချက်ချင်း ထုတ်လွှတ်လိုက်ရာ ထိုဖိအားများ ကျရောက်လာသည့် ခဏ၌ပင် ထိုလူများ ကြမ်းပြင်ပေါ်သို့ ပြားပြားဝပ် ကျသွားကာ မလှုပ်နိုင်တော့ချေ။

…………..

အခန်း (၁၅၉၉)

မြို့တော်ဝန် အသစ်ခန့်အပ်ခြင်း

လုချန်းက အေးစက်စွာဖြင့်

“လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ရင် ဘယ်လို ကံကြမ္မာက စောင့်ကြိုနေမလဲဆိုတာ ခင်ဗျား ကြိုသိထားသင့်တယ်။”

အနားမှာ ရှိနေတဲ့ လူအားလုံးကို လုချန်း တိုက်ရိုက် ချုပ်နှောင်လိုက်သော်လည်း သူတို့ကို သတ်တော့မသတ်ခဲ့ပေ။

ထိုလူတွေကို လုချန်း ချက်ချင်း မသတ်သဖြင့် ရှောင်ရွှီရင်က ဇဝေဇဝါဖြစ်စွာဖြင့်

“မောင်လေး... သူတို့က လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ခဲ့တာလေ။ သူတို့ကို အစ်မတို့ သတ်ပစ်လိုက်သင့်တာ မဟုတ်ဘူးလား။”

လုချန်းက

“အရင်ဆုံး သူတို့ကို ချုပ်နှောင်ထားလိုက်ပါ။ နောက်ပိုင်းမှာ သူတို့က အသုံးဝင်နိုင်သေးတယ်။”

“အဲဒီလူတွေက လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ပြီး ချီယန်ဂိုဏ်းထဲ ဝင်ချင်ခဲ့ကြပေမဲ့၊ ပြီးတော့ ကောင်းကင်ဝံပုလွေမြို့ရဲ့ နောက်ကွယ်မှာ ချီယန်ဂိုဏ်းရဲ့ သူလျှိုတွေ ရှိနေပေမဲ့၊ ဒါက ချီယန်ဂိုဏ်းရဲ့ တကယ့် ရည်ရွယ်ချက် မဟုတ်လောက်ဘူး။”

“ဒီအရာအားလုံးက စီကုန်းယုဖုန်းရဲ့ အကြံအစည် ဖြစ်နိုင်တယ်။ လျှို့ဝှက်လဝန်းနန်းတော်နဲ့ ချီယန်ဂိုဏ်းကို သွေးခွဲဖို့ ကောင်းကင်ဝံပုလွေမြို့ကို အသုံးချတာ ဖြစ်နိုင်တယ်။ ရည်ရွယ်ချက်တော့ ဒီ နတ်ဂိုဏ်းကြီး နှစ်ဂိုဏ်းကို ထိပ်တိုက်တွေ့စေပြီး စစ်ပွဲတစ်ခု ဖြစ်လာအောင် ဖန်တီးချင်တာ ဖြစ်လိမ့်မယ်။”

“နောက်ပိုင်းမှာ ချီယန်ဂိုဏ်းက သူတို့ပတ်သက်မှုမရှိဘူးလို့ မငြင်းနိင်အောင်ကောင်းကင်ဝံပုလွေမြို့က ဒီသစ္စာဖောက်တွေကို သက်သေတွေအဖြစ် ကျုပ်တို့ သုံးလို့ရတယ်။ ချီယန်ဂိုဏ်း တကယ် ဘာကြံနေလဲဆိုတာ သိရအောင် သူတို့ကို ချီယန်ဂိုဏ်းဆီ ခေါ်သွားပြီး မေးမြန်းလို့ ရတာပေါ့။”

ရှောင်ရွှီရင် ဘာမှ ထပ်မပြောတော့ပေ။

ခဏအကြာမှာပင် တိန့်ချင်းဖုန်းနှင့် သစ္စာဖောက် မိသားစုအားလုံးကို လုချန်း ချုပ်နှောင်လိုက်၏။

အားလုံး ပြီးသွားပြီးနောက် မြို့တော်ဝန် စံအိမ်၏ အစည်းအဝေးခန်းမ ကုလားထိုင်ပေါ်မှာ လုချန်း ထိုင်လိုက်၏။ လူသူကင်းမဲ့နေသော မြို့တော်ဝန် စံအိမ်ကို ကြည့်ရင်း လုချန်း အတွေးထဲ နစ်မြောသွား၏။

မြို့တော်ဝန် တိန့်ချင်းဖုန်းနဲ့ မိသားစုကြီးတွေကို လုချန်း ချုပ်နှောင်လိုက်ပြီဖြစ်သဖြင့် ကောင်းကင်ဝံပုလွေမြို့ကို စီမံခန့်ခွဲမည့်သူ မရှိတော့ပေ။

ကောင်းကင်ဝံပုလွေမြို့သည် လူဦးရေ သန်းတစ်ရာနီးပါး ရှိ‌သည့် အလွန်ကြီးမားကျယ်ပြန့်သော မြို့ကြီးတစ်မြို့ ဖြစ်သည်။ ထျန်းချန်ကမ္ဘာမှာဆိုလျှင် ကောင်းကင်ဝံပုလွေမြို့ကို နိုင်ငံတော်တစ်ခုလို့တောင် သတ်မှတ်လို့ ရနိုင်၏။

သို့သော် ထျန်းရန် နတ်ဘုရား နယ်မြေထဲမှာတော့ ထိုကဲ့သို့ အဆင့်ရှိသော မြို့များကို အလွန် အတွေ့ရများ၏။ ယခုလို လူဦးရေ လျော့နည်းလာသည့် အချိန်မှာပင် ထျန်းရန် နတ်ဘုရား နယ်မြေ၌ ကောင်းကင်ဝံပုလွေမြို့လို မြို့ကြီးများ ပုံမှန်အတိုင်း တည်ရှိနေဆဲ ဖြစ်၏။

ကောင်းကင်ဝံပုလွေမြို့တွင် လူဦးရေ အမြောက်အမြား ရှိနေသည့်အတွက် စီမံခန့်ခွဲရန် မြို့တော်ဝန် အသစ်တစ်ဦး လိုအပ်၏။ မဟုတ်ပါက မကြာမီပင် မြို့တစ်မြို့လုံး ကစဉ့်ကလျား ဖြစ်သွားပေလိမ့်မည်။

လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာမဖောက်သည့် မိသားစုကို ရှာဖွေရန် နတ်အာရုံ အသုံးပြု၍ ကောင်းကင်ဝံပုလွေမြို့ တစ်ခုလုံးကို လုချန်း စစ်ဆေးလိုက်၏။ မြို့ကို စီမံခန့်ခွဲရန် မိသားစုတစ်ခုကို ထောက်ပံ့ပေးရမည်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် နတ်တစ်ပါး ရှိနေသည့် ဒုတိယတန်းစား မိသားစုတစ်စုကို လုချန်း တွေ့ရှိသွား၏။ ထို့ပြင် ထိုမိသားစုတွင် အားနည်းသော ကျင့်ကြံသူအချို့လည်း ရှိနေသည်။

အတွေးတစ်ခုနှင့်အတူ ချင်မိသားစု၏ အထက်တွင် လုချန်း၏ ကိုယ်ပွား ချက်ချင်း ပေါ်လာ၏။

ထိုအခိုက်အတန့်တွင် ချင်မိသားစု၏ မြေအောက်လျှို့ဝှက်ခန်းထဲရှိ ဆံပင်ဖြူနှင့် အဖိုးအိုတစ်ဦး မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။ ချင်မိသားစု၏ အထက်တွင် အားကောင်းသူတစ်ဦး ရှိနေသည်ကို ထိုအဖိုးအို ခံစားမိသောကြောင့် မဆိုင်းမတွပင် လျှို့ဝှက်ခန်းထဲမှ ထွက်လာခဲ့သည်။

ကောင်းကင်ပေါ် ပျံတက်ပြီးနောက် အဖိုးအိုက လုချန်းကို

“စီနီယာကို ဂါရဝပြုပါတယ်။ ချင်မိသားစုဆီကို စီနီယာ ဘာကိစ္စနဲ့ ကြွလာတာလဲဆိုတာ သိပါရစေ။”

ချင်မူရှန်းကို လုချန်း တစ်ချက်ကြည့်ပြီးနောက်

“ကျုပ်က လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အထူးသံတမန်ပါ။ ကောင်းကင်ဝံပုလွေမြို့ မြို့တော်ဝန်နဲ့ မိသားစုတချို့က ချီယန်ဂိုဏ်းနဲ့ ပူးပေါင်းကြံစည်ခဲ့လို့ ကျုပ်အားလုံးကို ဖမ်းဆီးလိုက်ပြီ။ ဒါပေမဲ့ ကောင်းကင်ဝံပုလွေမြို့က လူဦးရေ များတဲ့အတွက် မြို့တော်ဝန် မရှိလို့ မဖြစ်ဘူး။ ခင်ဗျား ကောင်းကင်ဝံပုလွေမြို့ရဲ့ မြို့တော်ဝန် လုပ်ချင်လား။”

ထိုအရာကို ကြားလျှင် ချင်မူရှန်း ခဏခန့် မှင်တက်သွားသလို ချင်မိသားစုဝင်များလည်း မှင်တက်သွားကြ၏။

မြို့တော်ဝန် လုပ်ရမယ်တဲ့လား။

ချင်မိသားစုသည် မိသားစုအငယ်စားလေးတစ်စုသာ ဖြစ်သော်လည်း ၎င်းတို့တွင် လူနတ် တစ်ပါး ရှိနေ၏။ ချင်မိသားစု၏ ဘိုးဘေးဖြစ်သော ချင်မူရှန်းကတော့ သူ၏ သက်တမ်းကုန်ဆုံးတော့မည့် နေ့ရက်သို့ နီးကပ်နေပြီ ဖြစ်သည်။

ဒုတိယတန်းစား မိသားစုတစ်စုဖြစ်သော ချင်မိသားစု၌ လျှို့ဝှက်လဝန်းနန်းတော်မှ ကြွလာသော အထူးသံတမန်ကို တွေ့ဆုံခွင့်ရရန်ပင်

အနေအထား မရှိပေ။ သို့သော် ယခု သံတမန်က ၎င်းတို့၏ ဘိုးဘေးကို ကောင်းကင်ဝံပုလွေမြို့၏ မြို့တော်ဝန် ဖြစ်စေလိုနေသည်။

၎င်းသည် ကောင်းကင်မှ မုန့်ကျလာသကဲ့သို့ပင် ဖြစ်၏။ ချင်မူရှန်းလည်း သူ နားကြားမှားလေသလားဟုပင် တွေးတောနေမိသည်။

သက်တမ်း ကုန်ဆုံးရန် နီးကပ်နေသောကြောင့် အတားအဆီးများကို ကျော်ဖြတ်ရန် မကြာသေးခင်ကပင် ချင်မူရှန်း တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ကောင်းကင်ဝံပုလွေမြို့တွင် ဖြစ်ပျက်နေသည်များကို သူ မသိခဲ့ပေ။

သို့သော် ကျင့်စဉ်အရင်းအမြစ်များ မရှိသည့်အတွက် ချင်မူရှန်း အဆင့်တက်ရန် ခက်ခဲနေသည်။ အဆင့်ကျော်ဖြတ်ဆေး တစ်လုံးသာ ရှိမည်ဆိုပါက ဝိညာဉ်နတ် နယ်ပယ်သို့ သူ ချက်ချင်း တက်လှမ်းနိုင်လိမ့်မည်။

လျှို့ဝှက်လဝန်းနန်းတော်၏ အထောက်အပံ့နှင့် မြို့တော်ဝန် ဖြစ်လာမည်ဆိုပါက ၎င်းတို့က သူ့ကို အဆင့်ကျော်ဖြတ်ဆေး တစ်လုံး ဧကန်မုချ ပေးအပ်ပေလိမ့်မည်။

သူတို့အတွက်တော့ အဆင့်ကျော်ဖြတ်ဆေးသည် အလွန် အဖိုးတန်၍ ရှားပါးသော်လည်း လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်များအတွက်မူ အရေးမပါလှပေ။ လျှို့ဝှက်လဝန်းနန်းတော်မှ စေလွှတ်လိုက်သော အထူးသံတမန်အတွက်ဆိုလျှင် ပို၍ပင် ပြောစရာ မလိုတော့ပေ။

သတိပြန်ဝင်လာပြီးနောက် မဆိုင်းမတွပင် လုချန်းကို ချင်မူရှန်း ဂါရဝပြုလိုက်၏။

ချင်မူရှန်းက

“သံတမန်ကို ကျေးဇူးတင်ပါတယ်။ ကျုပ် ကောင်းကင်ဝံပုလွေမြို့ရဲ့ မြို့တော်ဝန် ဖြစ်ဖို့ အသင့်ပါပဲ။”

ချင်မူရှန်း၏ သက်တမ်း ကုန်ဆုံးတော့မည့် အခြေအနေကို ခံစားမိသောကြောင့် အာကာသလက်စွပ်ထဲမှ အဆင့်ကျော်ဖြတ်ဆေး တစ်လုံးကို လုချန်း ထုတ်ယူလိုက်၏။ လုချန်းက ချင်မူရှန်းအား

“ဒီမှာ အဆင့်ကျော်ဖြတ်ဆေး တစ်လုံး။ ခင်ဗျား အဆင့်တက်ပြီးတာနဲ့ ကောင်းကင်ဝံပုလွေမြို့ရဲ့ ကိစ္စတွေကို ချက်ချင်း တာဝန်ယူလိုက်ပါ။”

ထိုစကားများနှင့်အတူ လုချန်း၏ လက်ထဲမှ အဆင့်ကျော်ဖြတ်ဆေးတစ်လုံး ချင်မူရှန်းထံသို့ ပျံသန်းသွား၏။ သူရှေ့ရှိ ရွှေရောင် အဆင့်ကျော်ဖြတ်ဆေးကို ကြည့်ကာ ချင်မူရှန်း၏ အသက်ရှူသံများ ပြင်းထန်လာခဲ့သည်။

သူ၏ သက်တမ်းကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်တော့မည် မဟုတ်ဟု ချင်မူရှန်း ယူဆထားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု မျှော်လင့်မထားပဲ တံခါးပိတ် ကျင့်စဉ်စခန်းမှ ထွက်လာသည့်အခါ ဤကဲ့သို့သော ကံကောင်းမှုမျိုးနှင့် ကြုံတွေ့လိုက်ရခြင်း ဖြစ်၏။

လွင့်မျောနေသော အဆင့်ကျော်ဖြတ်ဆေးကို ဖမ်းယူပြီးနောက် ချင်မူရှန်းက လုချန်းကို ထပ်မံ ဂါရဝပြုလိုက်သည်။

“ဆေးအတွက် သံတမန်ကို ကျေးဇူးတင်ပါတယ်။ လျှို့ဝှက်လဝန်းနန်းတော်အတွက် ကောင်းကင်ဝံပုလွေမြို့ကို ကျုပ် ကောင်းမွန်စွာ အုပ်ချုပ်ပါ့မယ်။”

လုချန်းလည်း ဘာမှ ထပ်မံ ပြောဆိုခြင်း မရှိတော့ပဲ နောက်တစ်ခဏတွင် လေထဲ၌ ပျောက်ကွယ်သွား၏။

လုချန်း ထွက်ခွာသွားသည်ကို ကြည့်ကာ ချင်မူရှန်းက

“သံတမန်ကို နှုတ်ဆက်ပါတယ်”

ထိုသို့ ပြောဆိုပြီးနောက် အဆင့်ကျော်ဖြတ်ဆေးကို ချင်မူရှန်း ချက်ချင်း မျိုချလိုက်ပြီး အဆင့်တက်ရန်အတွက် လျှို့ဝှက်ခန်းထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။

တစ်ရက်ကြာပြီးနောက် ချင်မိသားစုက မြို့တော်ဝန် စံအိမ်ကို လွှဲပြောင်းရယူကာ ကောင်းကင်ဝံပုလွေမြို့ တစ်ခုလုံးကို စတင် စီမံခန့်ခွဲ၏။

ကောင်းကင်ဝံပုလွေမြို့၏ ကိစ္စရပ်များ ပြီးဆုံးသွားပြီးနောက် လုချန်း အားလပ်သွားပြီး ရှောင်ရွှီရင်နှင့် ကျင့်စဉ်ဆက်လက် ကျင့်ကြံရန် ကြံစည်လိုက်၏။ ဘာပဲဖြစ်ဖြစ် ရှောင်ရွှီရင်သည် နတ်တစ်ပါး ဖြစ်သောကြောင့် အစပိုင်းတွင် နေထိုင်မကောင်း ဖြစ်နေစေဦးတော့ တစ်ရက်တာ အချိန်က သူမ ပြန်လည် သက်သာလာရန် လုံလောက်ပေသည်။

……

မြို့တော်ဝန် စံအိမ်။

လုချန်း၏ အဆောင်။

ဘေးအခန်းတွင် ကျင့်ကြံနေသော ရှောင်ရွှီရင်ထံသို့ လုချန်း သတင်းစကား ပို့လိုက်၏။

“စီနီယာအစ်မ... ကျင့်စဉ်မှာ ပြဿနာတချို့ တွေ့နေလို့။ ကူညီပေးနိုင်မလား”

ထိုအရာကို ကြားလျှင် ရှောင်ရွှီရင်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး သူမ၏ ပါးပြင်များ ချက်ချင်း ပန်းရောင်သန်းသွား၏။ လုချန်း သူမကို လိုအပ်နေပြီဖြစ်ကြောင်း သူမ သိလိုက်သည်။

နောက်တစ်ခဏတွင် ရှောင်ရွှီရင် လုချန်း၏ အဆောင်ထဲ၌ ပေါ်လာ၏။ ကုတင်ပေါ်တွင် ထိုင်နေသော လုချန်းက သူမကို ပြုံးပြလိုက်သည်။ ထို့နောက် လုချန်းက

“စီနီယာအစ်မ... အခု ကောင်းကင်ဝံပုလွေမြို့မှာ မြို့တော်ဝန် အသစ်ရှိနေပြီဆိုတော့ ကျန်တဲ့ ကိစ္စတွေက ကျုပ်တို့နဲ့ မဆိုင်တော့ဘူး။ စီနီယာအစ်မ ကောက် လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အကြီးအကဲတွေကို ခေါ်လာဖို့ပဲ စောင့်ဖို့ လိုတော့တယ်။”

“စီနီယာအစ်မ ကောက် ပြန်လာဖို့ အနည်းဆုံး တစ်လခွဲလောက် ကြာလိမ့်မယ်။ အဲဒီအချိန်အတွင်းမှာ အတူတူ ကျင့်စဉ်ကျင့်ကြရင် ဘယ်လိုလဲ။”

ရှောင်ရွှီရင်က ရှက်သွေးဖြာစွာဖြင့်

“ကောင်းပါပြီ။”

ထို့နောက် လုချန်း၏ ကုတင်ဆီသို့ ရှောင်ရွှီရင် ဖြည်းဖြည်းချင်း လမ်းလျှောက်သွား၏။ သူမ အနားသို့ ရောက်ရှိလာသောအခါ လုချန်းက ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်ပြီး ရှောင်ရွှီရင်ကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမကို ပွေ့ဖက်ထားလိုက်သည်။

ထိုအခိုက်အတန့်တွင် တစ်ရာရာခိုင်နှုန်းအထိ ရောက်ရှိနေသော ရှောင်ရွှီရင်၏ နှစ်သက်မှုကို လုချန်း တစ်ချက် ကြည့်လိုက်၏။ ၎င်းက ရှောင်ရွှီရင်ကို သူ နှစ်သက်သလို ပြုမူနိုင်ပြီဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။

ရှောင်ရွှီရင်က အဝတ်အစားများကို ဖယ်ရှားရန် စွမ်းအားကို အသုံးပြုရန် ပြင်ဆင်လိုက်သော်လည်း လုချန်းက သူမကို တားဆီးလိုက်၏။

“အလောတကြီး လုပ်ဖို့ မလိုပါဘူး စီနီယာအစ်မ။”

လုချန်း ကိုင်းညွှတ်လိုက်ပြီး သူမ၏ နားနားကပ်၍

“ကျုပ်က ကိုယ်တိုင် လုပ်တာကို ပိုသဘောကျတယ်”

ဟု တိုးတိုးလေး ပြောလိုက်သောကြောင့် ရှောင်ရွှီရင် အနည်းငယ် အံ့အားသင့်သွား၏။

ထိုအရာကို ကြားသောအခါ သူမ ပို၍ပင် ရှက်သွားသည်။ သူမက အာရုံလွှဲရန် ရည်ရွယ်လျက် လုချန်းကို

“မောင်... မောင်လေး။ ကစဉ့်ကလျား ပင်လယ်ထဲမှာ ကြုံတွေ့ခဲ့ရတာတွေကို အစ်မကို ပြောပြနိုင်မလား”

ဟု အမြန် ပြောလိုက်၏။

နတ်သမီး၏ ကိုယ်ပေါ်တွင် လုချန်း၏ လက်များ လှည့်လည်နေရင်း

“ရတာပေါ့”

ဟု တုံ့ပြန်လိုက်သည်။

All Chapters