← Chapters

အခန်း (၁၆၉-၁၇၁)

Vol. 12 Ch. 169-171

အခန်း (၁၆၉-၁၇၁)

Vol. 12 Ch. 169-171

အခန်း ၁၆၉ - ငါတို့အားလုံးက ထောက်ခံသူတွေပဲ၊ ငါတို့အားလုံး လက်နက်တွေရခဲ့တယ်။

“အပေါ်ကလူ မင်းက ယီရန်ပင်းရဲ့ ရှီးလ်(shill) လား။ ပစ္စည်းသေတ္တာသုံးလုံးကနေ အုတ်မြစ်ကျောက် ကိုးခု ဘယ်လိုလုပ်ပြီး ထွက်လာနိုင်မှာလဲ။ ဒီထက်နည်းနည်းပိုပြီး ယုတ္တိရှိအောင် လိမ်ပြောလိုက်ဦး ဟုတ်ပြီလား။”

“ဟုတ်တယ်။ သူက ရှီးလ်ပဲ။ အေး အဲ့လိုပဲ။ ငါလည်း ရှီးလ်တစ်ယောက်ပဲ။ ငါ အနွေးထည်ငှားပြီး ရေခဲပြင်ပေါ်သွားခဲ့တယ်။ ပစ္စည်းသေတ္တာသုံးလုံးဖွင့်ခဲ့ပြီးတော့ အုတ်မြစ်ကျောက်ခြောက်ခု ရလာတယ်။ ငါ့ကိုလည်း မယုံနဲ့လေ။”

အအေးဒဏ်ကို မကြောက်သည့် ပထမဆုံးလူကလည်း ပြောလာခဲ့သည်။

“ငါ့ပစ္စည်းသေတ္တာသုံးလုံးကနေ အုတ်မြစ်ကျောက် ခုနစ်ခု ရခဲ့တယ်။”

“သူလည်း ရှီးလ်ပဲ။ သူ့ကိုလည်း မယုံနဲ့လေ။”

“ဟုတ်တယ်၊ ငါတို့အားလုံး ရှီးလ်တွေပဲ။ မင်းတို့ အပြင်မထွက်ကြနဲ့။ အပြင်ထွက်ရင် အအေးဒဏ်နဲ့ သေလိမ့်မယ်။ အနွေးထည်လည်း မငှားနဲ့။ အုတ်မြစ်ကျောက်တွေ ဆုံးရှုံးသွားရုံလေးပဲလေ။ ဘာဖြစ်မှာလဲ။”

ရှောင်းယီကို မေးခွန်းထုတ်ခဲ့သူများမှာ သူတို့ပြောနေသော စကားများကိုကြားပြီးနောက် စိတ်ထဲ၌ တွေးမိလာကြသည်။

“ယီရန်ပင်းပြောတာ တကယ် အမှန်ပဲလား။”

“ဒါပေမယ့် ဖြစ်နိုင်ပါ့မလား။ အုတ်မြစ်ကျောက်ထွက်နိုင်ခြေက အဲ့လောက်ထိမြင့်နိုင်လို့လား။”

“မင်းဘာလို့ မစမ်းကြည့်တာလဲ။”

ထိုအကြံပေါ်လာသည်နှင့် ပေါင်းပင်များကဲ့သို့ ထိန်းချုပ်မရနိုင်အောင် ကြီးထွားလာခဲ့ပြီး ချက်ချင်းပင် သူတို့၏စိတ်ထဲ၌ ပြည့်နှက်သွားခဲ့ကြတော့သည်။

သို့သော်လည်း ဈေးကွက်သို့ရောက်သောအခါ အနွေးထည်ငှားရန်အတွက် လူများထောင်နှင့်ချီပြီး တန်းစီနေရပြီဖြစ်သည်။

“ဒီလူတွေ ရူးသွားပြီလား။ ဒီလောက်စျေးကြီးတဲ့ငှားရမ်းမှုအတွက် လူဒီလောက်များနေသေးတယ်။”

သူတို့က ညည်းညူလိုက်ကြ၏။

ပါးစပ်ကသာ ညည်းညူ‌နေသော်လည်း စမ်းသပ်ရန်လိုအပ်သည်ကိုတော့ စမ်းသပ်ကြည့်ကြရမည်ဖြစ်သည်။

ထို့နောက် ငှားရမ်းမှုအဖွဲ့ထဲသို့ ဝင်ပြီး နံပါတ်ယူကာ တန်းစီလိုက်ကြ၏။

ရှောင်းယီသည် အများသုံးချန်နယ်တွင် သူ့ကို ကျေးဇူးတင်နေသူသည့်များကို မြင်သောအခါ သူ့စိတ်ထဲရှိ အတွေးက ပို၍ပင် သေချာလာခဲ့သည်။

ဤနှစ်ရက်အတွင်း အုတ်မြစ်ကျောက်ထွက်နိုင်ခြေက ဤကမ္ဘာ၏ စည်းမျဉ်းများကြောင့် မြင့်တက်လာခဲ့ခြင်းဖြစ်ပေသည်။

“ပင်လယ်သတ္တဝါတွေရဲ့တိုက်ခိုက်မှုတွေကိုလည်း ပယ်ဖျက်လိုက်ပြီလား။”

ရှောင်းယီက တွေးလိုက်မိ၏။

အကယ်၍ ပယ်ဖျက်ခံလိုက်ရပြီဆိုလျှင် ရှောင်းယီအနေဖြင့် ဤကမ္ဘာ၏ လောဂျစ်များကို နားလည်ရန် ခက်ခဲပေလိမ့်မည်။

ယခင်တုန်းက အုတ်မြစ်ကျောက်ထွက်နိုင်ခြေ မြင့်တက်လာခြင်းမှာ တစ်စုံတစ်ခုက အုတ်မြစ်ကျောက်များကို ဖျက်ဆီးမည်ဖြစ်သောကြောင့်ပင်။

ယခု ဖျက်ဆီးမှုမရှိတော့သည့်အခါ အုတ်မြစ်ကျောက်ထွက်နိုင်ခြေက အဘယ်ကြောင့်မြင့်တက်လာရသနည်း။

ဒီကမ္ဘာက ဘယ်လိုစမ်းသပ်မှုအသစ်တွေအတွက် ပြင်ဆင်နေတာလဲ။

အခုအချိန်မှာတော့ ဘာမှ သဲလွန်စမရှိသေးဘူး။

ရှောင်းယီ ခေါင်းကိုခါပြီး သူ အခုလေးတင် ဖွင့်လိုက်သည့် ဖန်ထျန်းလှံရှည်ထုတ်လုပ်မှုပုံစံကို ကြည့်လိုက်သည်။

“[ဖန်ထျန်းလှံရှည် ထုတ်လုပ်မှုပုံစံ]: ကြေး ၁၊ သစ်သား ၁။”

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ဆောက်လုပ်ရေးစာမျက်နှာကိုပြောင်းပြီး ဖန်ထျန်းလှံရှည်ကို ထုတ်လုပ်လိုက်လေသည်။

“ဒဏ္ဍာရီထဲမှာဆို ဒါက လုပုရဲ့လက်ထဲက ပစ္စည်းတစ်ခုဖြစ်သင့်တယ်မဟုတ်လား။”

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ဆောက်လုပ်ရေးနေရာကနေ ဖန်ထျန်းလှံရှည်ကို ထုတ်ယူလိုက်၏။

“ဖန်ထျန်းလှံရှည်: ရှေးဟောင်းလက်နက်၊ လှံရိုးပေါ်တွင် ပန်းချီများရေးဆွဲအလှဆင်ထားမှုများကြောင့် ဖန်ထျန်းလှံပန်းချီဟုလည်း ခေါ်သည်။ ယင်းသည် အခမ်းအနားများတွင် အသုံးပြုသောပစ္စည်းဖြစ်ပြီး အစစ်အမှန်စစ်မြေပြင်၌ အသုံးပြုခြင်း နည်းပါးသည်။ သို့သော် အစစ်အမှန်တိုက်ပွဲများ၌ အသုံးပြု၍ မရခြင်းမျိုး မဟုတ်ပေ။ အသုံးပြုသူ၏ လိုအပ်ချက်က ပိုမိုမြင့်မားခြင်းသာဖြစ်သည်။”

စနစ်၏အချက်ပြမှုကိုကြည့်ပြီးနောက် ရှောင်းယီ နားလည်သွားခဲ့သည်။

“ဒီဖျန်ထျန်းလှံရှည်က လုပုတစ်ယောက်တည်းအတွက် မဟုတ်ဘူး။ သူက ဒါကို အကောင်းဆုံး အသုံးပြုခဲ့ပြဦိး အကျော်ကြားဆုံးဖြစ်ခဲ့လို့ ဒီနှစ်ခုက အမြဲတမ်း ဆက်စပ်နေတာပဲ။”

နှစ်မီတာနီးပါးရှည်သော ဖန်ထျန်းလှံရှည်ကိုကြည့်ပြီး ရှောင်းယီက ချိန်ဆကြည့်လိုက်သည်။

“နည်းနည်း ပေါ့နေသေးတယ်။”

ထို့နောက် ၎င်းကို ဘေးဖယ်ထားလိုက်ပြီး အများသုံးချန်နယ်ကို ပြောင်းလိုက်သည်။

“ပင်လယ်သတ္တဝါတွေရဲ့ခြိမ်းခြောက်မှုမရှိတော့တာ အတော်လေးကောင်းတယ်။ ဒါပေမယ့် အရမ်းအေးတာပဲ။ ငါ့ခန္ဓာကိုယ်က ဘောလုံးလိုဖြစ်နေပြီး ပစ္စည်းတွေယူရတာ အဆင်မပြေဘူး။”

“ဟုတ်တယ်။ ဒီနေ့က တကယ်အေးတယ်။ ပစ္စည်းတွေယူပြီးရင် အိမ်ထဲမြန်မြန်ပြန်ကြ။ မဟုတ်ရင် အအေးဒဏ်ကြောင့် ထိခိုက်နိုင်တယ်။”

“ဒီမှာ အအေးဒဏ်ကြောင့် ဒဏ်ရာရတာရှိတယ်။ ဒါပေမယ့် လူတိုင်းလိမ်းဖို့ အအေးဒဏ်သက်သာစေတဲ့ လိမ်းဆေးမျိုးတော့ မရှိဘူး။”

“အအေးဒဏ်လိမ်းဆေးအကြောင်းပြောရရင် ယီရန်ပင်း သူဌေးကြီးက မနေ့က နံရိုးကျိုးပြီး ဒဏ်ရာရတယ်လို့ပြောခဲ့တယ်မလား။ အခု ဘယ်လိုဖြစ်နေပြီလဲ။”

“မသိဘူး။ ဒါပေမယ့် သူဌေးကြီးရဲ့ အနွေးထည်ငှားရမ်းမှုလုပ်ငန်းကို ဒီနေ့ထပ်မြင်ရပြီဆိုတော့ ပြဿနာမရှိတော့ဘူးထင်တယ်။”

“ဟုတ်တယ်။ ဒေါက်တာနဲ့ ဆေးရှာဖို့အကြောင်း ဒီနေ့ထပ်မပြောတော့ဘူးဆိုတော့ ကိုင်တွယ်ပြီးသွားပြီလား။”

“@ယီရန်ပင်း သူဌေးကြီး အရင်ကဒဏ်ရာက ဘယ်လိုဖြစ်သွားပြီလဲ။”

တစ်ယောက်က အများသုံးချန်နယ်၌ ရှောင်းယီကို မေးလိုက်သည်။ ထိုအခါ ရှောင်းယီက ပွင့်ပွင့်ခင်းလင်းပင် ပြန်ဖြေပေးလိုက်၏။

“ဂရုစိုက်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဲ့ဒါကို ကိုင်တွယ်ပြီးပါပြီ။ အခု နောက်တစ်ခါ ပင်လယ်သတ္တဝါတွေ မင်းတို့ကျွန်းတွေကို တိုက်ခိုက်တာမျိုး ရှိသေးလား။”

တိလင်းထျန်းရှားသည် ရှောင်းယီက အများသုံးချန်နယ်ရှိ မေးခွန်းများအား တိုက်ရိုက်ဖြေလိုက်သည်ကို မြင်လိုက်ရသောအခါ ပို၍ပင် မနာလိုဖြစ်လာခဲ့သည်။

“သူက ရောဝန်တောင် ရှာနိုင်ခဲ့တယ်ပေါ့။ ဒီလူရဲ့ကံက ဘယ်လိုလို့ဒီလောက်ကောင်းနိုင်ရတာလဲ။”

တိလင်းထျန်းရှားက ဒေါသတကြီးပြောလိုက်သည်။

သို့သော် အနည်းငယ်စဉ်းစားကြည့်လိုက်သောအခါ တစ်ခုခုမှားယွင်းနေသည်ကို သတိထားမိသွားခဲ့၏။

“ဆရာဝန် ရှာတွေ့သွားတာတော့ ထားလိုက်တော့။ ပစ္စည်းကိရိယာတွေကိုရော ဘယ်ကရတာလဲ။ ကုသရေးဆေးတွေကိုရော ရှာတွေ့ပြီးသွားပြီလား။”

အဘယ်ကြောင့်ဆိုသော် ဆရာဝန်များသည် ဒဏ်ရာရသူများကို ကုသရန်အတွက် ပညာရပ်ဆိုင်ရာကိရိယာအများအပြား လိုအပ်ပြီး လက်ဗလာဖြင့် မဖြေရှင်းနိုင်ပေ။

ထို့ကြောင့် တိလင်းထျန်းရှားသည် ပစ္စည်းသေတ္တာကနေ ကုသဆေးများ ရပြီးသွားပြီလားဟု စဉ်းစားမိခြင်းဖြစ်ပေသည်။

ဤကမ္ဘာ၏စည်းမျဉ်းများအောက်၌ ကုသဆေးများကို ရရှိရန်မှာ မည်သည့်ကန့်သတ်ချက်မျှ မလိုအပ်ပေ။

အဆောက်အအုံများ၊ ကိရိယာများအားလုံးအား အရင်းအမြစ်နှင့် ထုတ်လုပ်မှုပုံစံရှိရုံဖြင့် ပြုလုပ်၍ရသကဲ့သို့ပင်။

“ဟုတ်တယ်။ ကုသဆေး ထုတ်လုပ်လိုက်တာပဲဖြစ်ရမယ်။ ဒီလိုကံကောင်းမှုမျိုး...ဘာကြောင့် ငါ့အတွက်မဟုတ်ရတာလဲ။”

တိလင်းထျန်းရှား၏ မျက်လုံးများ နီရဲလာခဲ့၏။ အများသုံးချန်နယ်တွင်မူ ရှောင်းယီ၏ ဒဏ်ရာကုသမှုအကြောင်း ဆွေးနွေးနေကြဆဲပင်။

“သူဌေးကြီးကတော့ သူဌေးကြီးပါပဲ။ သူ တကယ် ဖြေရှင်းပြီးသွားပြီ။ ငါတကယ်သိချင်တာက သူဌေး ဘယ်လိုဖြေရှင်းခဲ့တာလဲဆိုတာပဲ။”

“ဟုတ်တယ်။ နံရိုးသုံးချောင်းကျိုးတာကို ဖြေရှင်းဖို့ဆိုတာ မလွယ်ကူဘူး။”

“သူဌေးက သူ့ကျွန်းမှာ ကျွမ်းကျင်ဆရာဝန်ရှိနေတာလား။ သူဌေးကို အရမ်းအားကျတာပဲ။”

“ငါသံသယရှိတာက အဲ့ဒါက ကျွမ်းကျင်ဆရာဝန် မဟုတ်မှာကိုပဲ။ ဘာလို့လဲဆိုတော့ ဆရာဝန်တွေက ဒဏ်ရာရသူတွေကိုကုသဖို့ အရမ်းများတဲ့ပစ္စည်းကိရိယာတွေ လိုအပ်တယ်။ အခုအချိန်မှာ အဲ့ဒါတွေကို ရနိုင်မှာမဟုတ်ဘူး။”

“ဒါဆို သူဌေးကြီးက ဘယ်လိုဖြေရှင်းခဲ့တာလဲ။ ငါတကယ်သိချင်သွားပြီ။”

အများသုံးချန်နယ်တွင် တိလင်းထျန်းရှားနှင့် တူသောအတွေးရှိသူများလည်း ရှိကြ၏။ လူတိုင်းက ထိုစကားကိုသဘောတူကြသည်။

အိုးမရှိဘဲ ထမင်းဘယ်လိုချက်မှာလဲ။ ဘယ်လောက်တော်တဲ့ဆရာဝန်ဖြစ်ဖြစ် ကိရိယာတွေ၊ ဆေးဝါးတွေမရှိဘဲ ဒဏ်ရာရသူတွေကိုကုသဖို့ဆိုတာ ခက်ခဲပါတယ်။

“အဲ့ဒါ တကယ် ဖြစ်နိုင်တယ်။ ငါလည်း အသက်ကယ်ဆေး လိုချင်လိုက်တာ။”

“ငါလည်း တွေးမိတယ်။ ဒါပေမယ့် ဒီနေ့ပစ္စည်းသေတ္တာသုံးလုံးဖွင့်တော့ အုတ်မြစ်ကျောက်ခြောက်ခုနဲ့ ကြေးပုဆိန်ထုတ်လုပ်မှုပုံစံတစ်ခုပဲ ထွက်လာတယ်။ ကျန်တာက အခြေခံပစ္စည်းတွေပဲ။”

“ဟုတ်တယ်။ ကျုပ်လည်း အုတ်မြစ်ကျောက်နဲ့ လက်နက်ထုတ်လုပ်မှုပုံစံတစ်ခုထပ်ရတယ်။”

“ဟင် မင်းတို့အားလုံး လက်နက်ထုတ်လုပ်မှုပုံစံတွေ ရနေကြတာလား။”

“ဟုတ်တယ်...ငါ့ဟာက လေးနဲ့မြားပဲ။”

“ငါ့ဟာက ကြေးဓားဟ။”

“ငါ့ဟာက လှံတစ်ချောင်းပဲ။”

“ဘာဖြစ်နေတာလဲ။ ဘာကြောင့်လူတိုင်း လက်နက်တွေ ရနေကြတာလဲ။ မကောင်းတဲ့အရိပ်အယောင်တစ်ခု ခံစားနေရပြီဟ။”

ရှောင်းယီက သူ့ဘေးနားတွင် ထောင်ထားသော ဖန်ထျန်းလှံရှည်ကိုကြည့်ပြီး မျက်မှောင်ကျုံ့လိုက်မိသည်။

ဒုတိယပတ်မတိုင်ခင် အသက်ရှင်ကျန်ရစ်သုများ အနွေးထည်များ ရရှိခဲ့ခြင်းမှာ အပူချိန်ကျဆင်းမည့်အကြောင်း အချက်ပြခြင်းဖြစ်သည်။

ယခု လူတိုင်း လက်နက်များ ရရှိနေခြင်းမှာ နောက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုများပြားလာမည့်အကြောင်း အချက်ပြခြင်းမျိုးဖြစ်နိုင်ပါသလော။

အခန်း ၁၇၀ - ကန်စွန်းဥ အများကြီးစားရင် ဗိုက်ပွလွယ်တယ်

ယခင်က ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်မှုများအတွက် လူသားများက လက်နက်များကို အသုံးပြုခွင့်မရခဲ့ကြပေ။

ယခုတွင်မူ လူတိုင်းအား လက်နက်များ ထုတ်ပေးနေကြခြင်းကို ကြည့်လျှင် ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်မှုထက် ပိုမိုပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ရောက်လာတော့မည်မှာ သေချာနေပြီဖြစ်သည်။

“အားလုံးကပြောနေကြတော့ ငါလည်း နည်းနည်းကြောက်လာပြီ။”

“ဘာကိုကြောက်နေတာလဲ။ ဒီအဆင့်ကိုတောင် ရောက်နေပြီ။ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်လိုက်မယ်။”

“ဟုတ်တယ်...ကြောက်စရာမလိုဘူး။ ယီရန်ပင်းကို မယုံကြည်တဲ့သူတွေဆိုရင် သေတ္တာဖွင့်ဖို့ အနွေးထည်မငှားကြနဲ့။ ခံနိုင်ရည်ရှိကြပါစေ။”

“အခု ပစ္စည်းသေတ္တာမဖွင့်ရင် အဆင့်မြင့်လက်နက်တွေ မရနိုင်ဘူး။ လှံတစ်ချောင်းတည်းနဲ့ ရန်သူတွေကို ရင်ဆိုင်ဖို့ဆိုတာ မလွယ်ကူတယ်။”

“ဒါက သူတို့ကိုယ်တိုင် ရွေးချယ်ထားတာပဲလေ။ ယီရန်ပင်းသူဌေးကို မေးခွန်းထုတ်ရဲတဲ့သူတွေ ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။”

တကယ်တမ်းတွင် ထိုအချိန်၌ သံသယဝါဒီများသည် အနွေးထည်၄၊ ၅ထပ်ဝတ်ပြီး တဲထဲမှ ထွက်ကာ ရေခဲပေါ်က ပစ္စည်းသေတ္တာများကို ဖွင့်နေကြပြီဖြစ်သည်။

အောင်မြင်မှုများ ရသွားကြသည့်အခါ သူတို့၏စိတ်ထဲရှိ တစ်ခုတည်းသော စကားလုံးမှာ - မွှေးလိုက်တာကွာ။

“ဟေ့...အဲ့ဒီသံသယဝါဒီတွေ အသံ မကြားရတော့ပါလား။ ထွက်ပြီး ပြောကြပါဦးဟ။”

“ထွက်လာကြစမ်း။ သူတို့တွေက အနွေးထည်ငှားပြီး တိတ်တိတ်လေး ပစ္စည်းသေတ္တာဖွင့်နေကြမှာ သေချာတယ်။”

“အမှန်တရားရဲ့ သင်းရနံ့ကနေ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူးဆိုတာ သေချာသွားပြီ။”

“မင်းတို့မျက်နှာတွေ ပါးရိုက်ခံရသလို မခံစားရဘူးလား။”

“ပါးရိုက်ခံချင်လိုက်တာ။”

“တောက်...မင်းက ချက်ချင်း ကားမောင်းထွက်သွားပြန်ပြီလား။”

“အထင်ကြီးမိပါတယ်။ စာလုံးနှစ်လုံး တွေ့ရုံနဲ့ မောင်းနိုင်တယ်။ ငါ မင်းကို *** လိုက်လို့ ကောင်းကင်ပေါ်တောင် မသွားချင်ဖြစ်သွားမယ်။”

“မသွားချင်ပါဘူး။ အေးလွန်းနေလို့ အိပ်ရာထဲပဲ ဝင်နေတော့မယ်။”

“အပေါ်ကလူ...လျူဝေ့တိဟွမ်းဝမ်သောက်ဖို့ မစဉ်းစားဘူးလား။ လူက အေးတယ်ဆိုတာ ကျောက်ကပ်အားနည်းလို့ပဲ။ ကျောက်ကပ်အားပြည့်ရင် အေးတာကို ကြောက်စရာမလိုတော့ဘူး။”

“ငလူးကောင် မင်းက ဆေးတုတွေရောင်းနေသေးတယ်ပေါ့။”

လူထု၏ ဆွေးနွေးမှုများကိုကြည့်ပြီး ရှောင်းယီက ထပ်မေးလိုက်သည်။

“ဒီနေ့ မင်းတို့ကျွန်းတွေ တိုက်ခိုက်ခံရသေးလား။”

သူမေးလိုက်သည့် မေးခွန်းကို တစ်ယောက်မှ မဖြေကြပေ။

စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။

သို့သော်လည်း ထိုလူများ၏စွမ်းရည်မှာ အမှန်တကယ်အဆင့်မြင့်ပေသည်။ ၎င်းမှာ လမ်းကြောင်းလွဲသွားအောင် လုပ်နိုင်ကြခြင်းပင်။

“အခုထိတော့ ကျုပ်ကျွန်းက တိုက်ခိုက်မခံရသေးဘူး။”

“ကျုပ်ရောပဲ...။”

“ကျုပ်ရောပဲ +၁”

လူတိုင်းက တုန့်ပြန်လိုက်ကြ၏။

ရှောင်းယီက စနစ်၏အချိန်ကို တစ်ချက်ကြည့်လိုက်သအခါ မနက် ၁၁:၃၅ ရှိနေပြီဖြစ်ပြီး တစ်နေ့တာ၏တစ်ဝက်နီးပါးကို ကျော်လွန်တော့မည်ဖြစ်သည်။ သို့သော်လည်း မည်သူ့ကျွန်းမှ တိုက်ခိုက်မခံရသေးပေ။

“ဒီနှစ်ရက်အတွင်း ပင်လယ်သတ္တဝါတွေ တကယ်ရပ်သွားတာနိုင်ဖြစ်တယ်။”

ရှောင်းယီက ရေရွတ်လိုက်သည်။

ထိုအချက်ကိုသိလိုက်ရပြီးနောက် ရှောင်းယီသည် ဧည့်ခန်းထဲက ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ကို ကျွန်းတိုက်ခိုက်မှုအစီရင်ခံသည့်နေရာအဖြစ် သတ်မှတ်ပြီး တပိုင်နှင့် ဝမ်ချိုင်ကို ပြန်ခေါ်လိုက်တော့သည်။

တပိုင်ကိုမူ အန်းယွဲ့နောက်သို့ လိုက်ခိုင်းပြီး အန်းယွဲ့နှင့်အတူ ပစ္စည်းများ ဝိုင်းသယ်ခိုင်းလိုက်၏။ ဝမ်ချိုင်ကိုတော့ ဒဏ်ရာရနေသောကြောင့် အနားယူခိုင်းလိုက်သည်။

ယွမ်နွန်က ခြင်းတောင်းတစ်လုံးနှင့် ဖန်လုံအိမ်ထဲကနေ ထွက်လာပြီး ရှောင်းယီကိုမြင်သောအခါ ပြုံးပြလိုက်သည်။

“ကန်စွန်းဥတွေ ရိတ်သိမ်းပြီးပြီ။”

ရှောင်းယီ၏မျက်လုံးများ လင်းလက်လာပြီး ယွမ်နွန်ယူလာသော ကန်စွန်းဥကို ယူလိုက်သည်။

“ရရှိသော ပစ္စည်း- [ကန်စွန်းဥ] (S အဆင့်) ၂၁ ကီလိုဂရမ်။”

“ဒီအကြိမ်မှာ စုစုပေါင်း ၉၀၀ လောက် ရိတ်သိမ်းခဲ့ရတယ်။ ကျန်တာတွေကတော့ ဖန်လုံအိမ်ထဲမှာပဲ။”

ယွမ်နွန်က ပြုံးကာ ပြောလိုက်သည်။

“မျိုးအတွက် နည်းနည်းချန်ထားပြီး ကျန်တာတွေကို မီးဖိုထဲပို့လိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။ ယွမ်နွန်က လက်ခါကာ ပြောလိုက်သည်။

“ကန်စွန်းဥကို မြေအောက်ခန်းမှာသိမ်းထားရင် ပိုပြီးကြာရှည်ခံတယ်။”

“အင်း...ဒါဆို သိုလှောင်မယ့်ပုံစံကို ဦးလေးကိုယ်တိုင်ဆုံးဖြတ်လိုက်ပါ။”

ပြောပြီးနောက် ရှောင်းယီ မီးဖိုထဲသို့ လှမ်းအော်လိုက်သည်။

“ဆုဝမ် ဒီကန်စွန်းဥတွေကို မြန်မြန်မီးဖုတ်လိုက်ဦး။”

ထိုအခါ ‌ဆုဝမ်သည် မီးဖိုချောင်ထဲကနေထွက်လာခဲ့ပြီး ရှောင်းယီဆီက ကန်စွန်းဥကိုယူကာ ရေဆေး၍ မီးဖိုထဲထည့်ကာ မီးဖုတ်လိုက်တော့သည်။

မိနစ် ၃၀ ကြာပြီးနောက် မီးသေသွားပြီး ကန်စွန်းဥမီးဖုတ်၏ မွှေးကြိုင်သောရနံ့များ ထွက်ပေါ်လာခဲ့တော့လေသည်။

“မွှေးလိုက်တာ။”

ဆုဝမ်က ပြောပြီး တံတွေးမျိုချလိုက်၏။

ယင်းသည် S အဆင့်အစားအစာဖြစ်သောကြောင့် ရှောင်းယီနှင့် ကျန်းယွင်ထျန်းကို ဦးစားပေးရမှာမို့ သူမအနေနှင့် တံတွေးမျိုချရုံသာ တတ်နိုင်သည်။

ရှောင်းယီသည်လည်း အချိန်ကိုတွက်ဆပြီး မီးဖိုချောင်ထဲသို့ ရောက်ရှိလာ၏။

ယခင်တုန်းက ကန်စွန်းဥကင်မှာ သူ၏အကြိုက်ဆုံးအစားအစာဖြစ်သည်။ မီးဖိုထဲက ကန်စွန်းဥကို ထုတ်ပြီးနောက် ရှောင်းယီက မစောင့်နိုင်တော့ဘဲ အခွံခွာပြီး စားလိုက်တော့လေသည်။

“ဖူး ဖူး!”

ရှောင်းယီ တစ်ကိုက်ကိုက်လိုက်သည်နှင့် ပူလွန်းသောကြောင့် မျိုမရဘဲ အာခေါင်ထဲမှာပင် စုပ်သပ်နေလိုက်ရ၏။

ခဏကြာသောအခါ ပါးစပ်ထဲက ကန်စွန်းဥ၏ အပူချိန် အနည်းငယ်ကျသွားမှ ရှောင်းယီက ဝါးစားလိုက်၏။ ပျော့ပျောင်းပြီး ချိုမြိန်သည်။

အရမ်းကောင်းတယ်။

ရှောင်းယီက မျက်လုံးမှိတ်ကာ ခဏတာခံစားနေပြီးနောက် မျက်လုံးပြန်ဖွင့်လိုက်သောအခါ အန်းရန်နှင့် ဆုဝမ်က သူ့ကိုကြည့်ရင်း ရယ်နေကြသည်ကို တွေ့လိုက်ရလေသည်။

“ငါ့ကို ဘာလို့ကြည့်နေကြတာလဲ။ လူတိုင်းတစ်ခုစီ စားကြတော့။”

ရှောင်းယီက ပြောလိုက်သည်။

“ဒါပေမယ့် ဒါက S အဆင့်...။”

အန်းရန်က မျက်မှောင်ကျုံ့ကာ ပြောလိုက်၏။ သို့သော် ရှောင်းယီက အန်းရန်၏ စကားကိုဖြတ်ပြီး ပြောလိုက်သည်။

“ဒီတစ်ခါ စုစုပေါင်း ၉၀၀ ကီလိုဂရမ်ရခဲ့တယ်။ ကျန်းယွင်ထျန်းနဲ့ငါက ဘယ်လောက်စားနိုင်မှာမို့လို့လဲ။ ဒါဆို လူတိုင်းစားရမှာပေါ့။ နောက်ဆုံးမှာ ဘာအန္တရာယ်တွေနဲ့ ကြုံရမယ်ဆိုတာ မသိသေးဘူး။ လူတိုင်းရဲ့ရုပ်ခန္ဓာကို မြှင့်တင်ထားဖို့လိုတယ်။”

အန်းရန်က မဝံ့မရဲဖြစ်နေဆဲဖြစ်သောကြောင့် ရှောင်းယီက ဆက်ပြောလိုက်သည်။

“အခုလူတွေက လက်နက်ထုတ်လုပ်မှုပုံစံတွေကို ရထားပြီးပြီလို့ အစီရင်ခံနေကြတယ်။ ဒါက ဘာကိုဆိုလိုတယ်ဆိုတာ မင်းတို့ နားလည်မယ်လို့ ငါထင်တယ်။”

“ဘာ!”

အန်းရန် အံ့ဩသွား၏။

“လူတိုင်းက လက်နက်ထုတ်လုပ်မှုပုံစံတွေ ရထားပြီးပြီလား။ ဒါဆို ငါတို့တွေ ပိုပြီးအန္တရာယ်များတဲ့ရန်သူတွေနဲ့ ရင်ဆိုင်ရတော့မယ်လို့ ဆိုလိုတာလား။”

“ဟုတ်တယ်။ အဲ့ဒါကြောင့် ငါနဲ့ အစ်ကိုကျန်းရဲ့ခွန်အားကိုပဲ မြှင့်တင်နေလို့မရဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အဆင့်မြင့်အစားအစာတွေများလာရင် လူတိုင်းစားရမယ်။ မလုံလောက်မှသာ ငါနဲ့ အစ်ကိုကျန်းကို ဦးစားပေးရမယ်။”

“နားလည်ပါပြီ။”

အန်းရန်က ပြောလိုက်ပြီး ကန်စွန်းဥမီးဖုတ်များကို တခြားသူများဆီသို့ ပို့ပေးလိုက်တော့သည်။

ဖန်လုံအိမ်ထဲတွင် ကန်စွန်းဥပျိုးပင်များကို ဆက်လုပ်နေသော ယွမ်နွန်သည် ဆုဝမ် လာပို့သော ကန်စွန်းဥကို ရသောအခါ အံ့ဩသွား၏။

ဆုဝမ်က ရှောင်းယီပြောခဲ့သော စကားများကို ပြန်ပြောပြလိုက်သောအခါ ယွမ်နွန်က သက်ပြင်းချက်လိုက်မိသည်။

“အေးအေးဆေးဆေးနေဖို့ တကယ်ကို မဖြစ်နိုင်တော့ဘူးပဲ။”

မကြာခင်မှာပင် တပိုင်နှင့် ဝမ်ချိုင်အပါအဝင် လူတိုင်းသည် ပျော့ပျောင်းချိုမြိန်သော ကန်စွန်းဥမီးဖုတ်များကို မြည်းစမ်းခဲ့ကြရလေသည်။

တပိုင်သည် အန်းယွဲ့ဆီက ကန်စွန်းဥကိုရသောအခါ သူ၏ဝက်ဝံမျက်လုံးများ လင်းလက်သွားခဲ့၏။

သူသည် ယခင်တုန်းက ရေသန့်ကသာ အဆင့်မြှင့်တင်ဖို့အတွက် အရေးကြီးသည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဤကဲ့သို့သောအရာများလည်း ရှိသေးဦးမည်ဟု သူမထင်ထားမိခဲ့ပေ။

ရှောင်းယီနောက်သို့ လိုက်ခဲ့ခြင်းမှာ မဆိုးရွားကြောင်း သူသိသွားခဲ့တော့သည်။

နေ့လည်စာအတွက် ရှောင်းယီသည် အခြားဘာမှမစားဘဲ ကန်စွန်းဥမီးဖုတ် ဥကြီး ၅ခုကို တစ်ခါတည်းစားလိုက်၏။ သို့သော် ဗိုက်မပြည့်သေးဘဲ မီးဖိုထဲကနေ နောက်တစ်ခု ထပ်ယူလိုက်ပြန်သည်။

“နည်းနည်းပဲစား....ဗိုက်ပူပြီး လေပွလိမ့်မယ်။”

အန်းရန်က ပြုံးကာ ပြောလိုက်သည်။

“ဘာမှမဖြစ်ဘူး။”

ရှောင်းယီက ယုံကြည်မှုအပြည့်ဖြင့် ဖြေလိုက်၏။ သို့သော်...

“ဘူ....”

ယွမ်နွန်၊ အန်းယွဲ့နှင့် ကျန်းယွင်ထျန်းတို့သည် တိတ်တိတ်လေး ထထွက်သွားကြ၏။ အန်းရန်က ရှောင်းယီကိုကြည့်ကာ ပါးစပ်ကိုအုပ်ရင်း ဆုဝမ်နှင့်အတူ ထွက်သွားခဲ့လေသည်။

ဝမ်ချိုင်ကလည်း နှာခေါင်းနှစ်ချက်ရှုံ့ပြီး ချက်ချင်း ပြေးထွက်သွားတော့သည်။

“ဟေ့...အခုနက အသံငါ့ဗိုက်ထဲက လုံးဝမဟုတ်ဘူးနော် ယုံတယ်မလား။”

ရှောင်းယီက မေးလိုက်၏။

တစ်ယောက်မှ ပြန်မဖြေကြပေ။

ရှောင်းယီသည် ခေါင်းခါကာ ချက်ချင်းထရပ်ပြီး သူ့အိပ်ခန်းကို ဝင်သွားလိုက်တော့သည်။ သူသည် သွားရင်းနှင့် “ရေနဲ့အစားအစာတွေ စင်ပေါ်တင်သင့်ရဲ့လားဆို ကြည့်ရဦးမယ်။” ဟု ပြောသွားခဲ့လေသည်။

ဘယ်သူ့အတွက်လဲဆိုတာတော့ မသိပေ။

ရှောင်းယီ မီးဖိုချောင်ထဲမှ ထွက်လာသောအခါ စင်္ကြံထဲမှာ နှာခေါင်းကိုအုပ်ပြီးလှဲနေသော တပိုင်ကိုတွေ့လိုက်ရသောကြောင့် မမြင်ချင်ယောင်ဆောင်ပြီး သူ့အိပ်ခန်းသို့သာ ပြန်သွားလိုက်တော့သည်။

အခန်း ၁၇၁ - အန်းယွဲ့ နောက်ထပ် အနွေးထည်တစ်သုတ် ရလိုက်ပြန်ပြီ နှင့် အထူးလေ့ကျင့်မှုများ

အိပ်ခန်းထဲပြန်ရောက်သောအခါ ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ဝင်ထိုင်လိုက်ပြီး လက်ထဲက ကန်စွန်းဥများကို အခွံခွာရင်း အများသုံးချန်နယ်ကို ဆက်ကြည့်နေလိုက်သည်။

“အနွေးထည်ငှားထားတဲ့သူတွေ မြန်မြန်ပြီးအောင် လုပ်ပေးကြပါ။ ငါတို့လည်း ပစ္စည်းသေတ္တာဖွင့်ဖို့ စောင့်နေရတာဟ။”

“ဟုတ်တယ်။ ငါဆို နှစ်နာရီကြာပြီ စောင့်နေရတာ။”

“ကျေးဇူးပြုပြီး အစ်ကို၊အစ်မတို့ မြန်မြန်လုပ်ပေးကြပါ။ မနက်ဖြန်ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိရသေးဘူး။ ပစ္စည်းတွေများများရှာပြီး လုံခြုံအောင်နေရမယ်။”

“ဟုတ်တယ်။ မနက်ဖြန်ပိုအေးလာပြီး အနွေးထည်သုံးထည်နဲ့ မလုံလောက်တော့ရင် ဘယ်လိုလုပ်မလဲ။”

အနွေးထည်မငှားရသေးသူအများစုသည် အနွေးထည်သုံးနေသူများအား တွန်းအားပေးနေကြ၏။

ရှောင်းယီ၏ အနွေးထည်သုံးထည် ငှားရမ်းမှုအပြင် ဈေးကွက်၌ အခြားအနွေးထည်နှစ်ထည်ငှားရမ်းမှုများလည်း ရှိနေသေးသည်။

ထိုငှားရမ်းမှုများကို ကြည့်လိုက်သောအခါ တိလင်းချင်းလုံပင် ဖြစ်နေပြန်၏။

“ဧကရာဇ်လင်းထျန်းရှားက အတုခိုးတဲ့နေရာမှာတော့ ဆရာကြီးပဲ။”

ရှောင်းယီက ကန်စွန်းဥကို ပလုတ်ပလောင်းဝါးရင်း မပီမသဖြင့် ပြောလိုက်သည်။

ငှားရမ်းမှုတစ်ခုချင်းစီအောက်၌ တန်းစီနေသူ များလွန်းသောကြောင့် ယနေ့ အနွေးထည်ငှားရန် အခွင့်အလမ်းမရသည့်သူများလည်း အများကြီးရှိပေလိမ့်မည်။

“ကံကောင်းတာက ယီရန်ပင်းသူဌေးရဲ့စကားကို အရင်ကြားခဲ့လို့ပဲ။ မဟုတ်ရင် ဘယ်လောက်ကြာကြာ တန်းစီရမလဲ မသိဘူး။”

“ဟုတ်တယ်...ဒါပေမယ့် မနက်ဖြန်အတွက်ရော တန်းစီထားပြီးပြီလား။”

“ငလူးထဲမှ...။ ငါဒီနေ့အတွက် ပျော်နေတာနဲ့ အဲ့ဒါကို ဘယ်လိုတောင် မေ့သွားနိုင်လိုက်တာလဲ။ အခု တန်းသွားစီလိုက်မယ်။”

“နှစ်ယောက်လုံးပဲ မငှားရသေးတဲ့သူတွေကို နေရာပေးလို့ရမလား။ အခြားသူတွေက မငှားရသေးဘူး။ မင်းတို့က နေရာထပ်ဝင်ယူနေပြီ။”

“ဒါက ငါတို့ကို အပြစ်တင်လို့ မရဘူးလေ။ မငှားရသေးတဲ့သူတိုင်းက ယီရန်ပင်းကို အစကတည်းက မယုံကြည်လို့ ဒါမှမဟုတ် စိတ်ထဲမှာ သံသယရှိနေလို့ပဲ။ မယုံကြည်ရင် မယုံကြည်တဲ့ အကျိုးဆက်ကို ခံစားရမှာပဲ။”

“ဟုတ်တယ်...မယုံကြည်လို့ အခွင့်အလမ်းတွေ လွတ်သွားရင် ကိုယ့်ကိုယ်ကိုပဲအပြစ်တင်ရမယ်။”

“နောင်တလား။ ဒီကမ္ဘာမှာ နောင်တအတွက် ဖြေဆေးမရှိဘူး။ သတိပေးချင်တာက ယီရန်ပင်းနောက်ကိုလိုက်ရင် အသားစားရမယ်။”

“ဒေါသထွက်လိုက်တာ။ ငါနည်းနည်းလေး သံသယဝင်မိတာကို အခုထိစောင့်နေရတယ်။ မင်းတို့ တကယ်ရူးနေကြတာပဲ။”

“မင်းလည်း တန်းစီနေတုန်းပဲလား။ ငါဆို ငါ့ရှေ့မှာ လူရာနဲ့ချီပြီး တန်းစီနေကြတာကွ။ ဒီအပတ်အတွင်း အနွေးထည်ငှားနိုင်ပါ့မလားဆိုတာတောင် သံသယဝင်နေရပြီ။”

“ယီရန်ပင်းသူဌေး နောက်ထပ်အနွေးထည်တွေ ထပ်ငှားပေးလို့ရမလား။”

ယခုအချိန်တွင် ရှောင်းယီသည်လည်း အကူညီမဲ့နေ၏။ သူ၏လက်ထဲတွင်သာ ရှိနေသေးလျှင် ဈေးကွက်၌ သေချာပေါက်တင်သွင်းလိုက်မည်ဖြစ်သည်။

မျက်စိရှေ့တွင် အုတ်မြစ်ကျောက်များရှိနေတာတောင်မှ အမြတ်မထုတ်နိုင်ခြင်းက ဘယ်လောက်တောင် ဒေါသထွက်စရာကောင်းလိုက်သလဲ။

ဒါပေမယ့် သူ့မှာ တကယ်ကို မရှိတော့ဘူး။

ထိုအချိန်တွင် အန်းယွဲ့က အပြင်မှ ပြန်ဝင်လာခဲ့သည်။

“ကျွန်းပတ်လည်က ပစ္စည်းသေတ္တာတွေအားလုံးကို ဖွင့်ပြီးပြီ။ အုတ်မြစ်ကျောက် ၃၆ ခုနဲ့ အနွေးထည် ၁၈ ထည်ရခဲ့တယ်။”

“ကောင်းလိုက်တာ။”

ရှောင်းယီက ဝမ်းသာအားရပြောလိုက်ပြီး အနွေးထည် ၁၈ ထည်ကို ၆ စုခွဲကာ ငှားရမ်းရန်အတွက် အားလုံးကို ဈေးကွက်တွင် တင်သွင်းလိုက်တော့သည်။

“အားလုံးပဲ မင်္ဂလာပါ။ ကျုပ်တို့အဖွဲ့က နောက်ထပ် အနွေးထည် ၁၈ ထည် ရရှိခဲ့ပြီး ငှားရမ်းဖို့အတွက် ဈေးကွက်မှာ တင်ပေးထားပါတယ်။ အားလုံးကို ကူညီနိုင်မယ်လို့မျှော်လင့်ပါတယ်။”

ရှောင်းယီက အများသုံးချန်နယ်၌ ပြောလိုက်သည်။

“သူဌေးကြီးက အံ့ဩစရာကောင်းလိုက်တာ...။ သူက အနွေးထည်တွေအများကြီး အပိုရအောင် လုပ်နိုင်တယ်။”

“မြန်မြန်ငှားကြစမ်းပါဟ။ အရင်ငှားရမ်းမှုတွေအောက်မှာ လူတွေတန်းစီနေသေးတယ်။”

“ဘယ်လောက်မြန်မြန်လုပ်လုပ် ထိပ်ဆုံးတစ်ရာထဲတောင် မပါသေးဘူး။”

“အရင်က ၇၀၀၊ ၈၀၀ နဲ့ယှဉ်ရင် ပိုကောင်းတာပေါ့ကွာ။”

ထိုအခါ ရှောင်းယီက ထပ်ပြောလိုက်သည်။

“နောက်ပိုင်းမှာ ဘယ်လိုရန်သူတွေနဲ့ ကြုံရမယ်ဆိုတာ မသိနိုင်သေးဘူး။ အသက်ရှင်ကျန်ရစ်သူတွေအနေနဲ့ တတ်နိုင်သမျှပူးပေါင်းသင့်တယ်။ အနွေးထည်သုံးပြီးရင် အမြန်ပြန်အပ်ကြပါ။ အဲ့ဒါမှ အသက်ရှင်ကျန်ရစ်သူတွေ ပိုပြီး အသုံးပြုနိုင်လိမ့်မယ်။ ပြီးရင် လက်နက်တွေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ကြပါ။”

“သူဌေးကြီး ပြောတာမှန်တယ်။ ငါတို့တွေ တကယ်ကို အတူတူ စည်းစည်းလုံးလုံး ရှိနေသင့်တယ်။”

“ငါဆို ပစ္စည်းသေတ္တာဖွင့်ဖို့ ၁၀ မိနစ်ပဲကြာတယ်။ အခု ပြန်အပ်ပြီးသွားပြီ။ အလုပ်နဲ့ သက်သေပြပြီး သူဌေးကို ထောက်ခံတယ်။”

“ဟုတ်တယ်။ ငါကတော့ နည်းနည်းနှေးနေသေးတယ်။ ဒါပေမယ့် မိနစ် ၂၀ ကျော်ပဲကြာတာပါ။”

အများသုံချန်နယ်တွင် လူတိုင်းက ရှောင်းယီ၏အဆိုကို ထောက်ခံနေကြ၏။ ရှောင်းယီက ပြင်ပအပူချိန်ကိုကြည့်လိုက်သည်။

“အနှုတ် ၇၂ ဒီဂရီဆဲစီးယပ်။”

“ဒါက အကန့်အသတ်ပဲလား။”

ရှောင်းယီ စိတ်ထဲမှ မေးလိုက်မိသည်။ ဆက်၍ ကျဆင်းနေဦးမည်ဆိုလျှင် လူအများအပြားက တောင့်ခံနိုင်ကြတော့မည်မဟုတ်ပေ။

သူသည် အများသုံချန်နယ်တွင် အသုံးဝင်သည့် သတင်းများ သိပ်မရှိကြောင်း သိလိုက်ရသောအခါ အနည်းငယ်စဉ်းစားပြီး ထထွက်လာခဲ့လိုက်၏။

ဧည့်ခန်းထဲတွင် အန်းယွဲ့က လီယန်နှင့် တိုးတိုးတိတ်တိတ် စကားပြောနေသည်။ သူက ပစ္စည်းသေတ္တာများ ကောက်ပြီးသွားပြီဖြစ်သောကြောင့် ဇနီးဖြစ်သူနှင့် စကားပြောရန် အချိန်ရသွားပြီဖြစ်သည်။

ဖန်လုံအိမ်ထဲတွင်မူ ၅၀ စတုရန်းမီတာသာ ရှိသောကြောင့် ယွမ်နွန် တစ်ယောက်တည်းသာ အလုပ်လုပ်၍ရ၏။

ယခုအချိန်တွင် သူသည် ကန်စွန်းဥပျိုးပင်များကို ပြင်ဆင်နေခဲ့သည်။ အခြေအနေကောင်းသော ကန်စွန်းဥများကို စားသုံးရန်အတွက် ပြင်ဆင်ပြီး မကောင်းသောအရာများကိုမူ မြေမြှုပ်ပစ်ရန် ပြင်ဆင်ထားလေသည်။

ကျန်းယွင်ထျန်းသည်မူ သူ့သားဖြစ်သူနှင့်အတူ အခန်းထဲတွင် တီဗီကြည့်ရင်း ရှားရှားပါးပါး အနားယူချိန်ကို ခံစားနေခဲ့သည်။

အန်းရန်နှင့် ဆုဝမ်တို့မှာ မီးဖိုထဲတွင် ပင်လယ်ငါးနှင့် ရေချိုငါးများကို ဆက်လက်ကိုင်တွယ်နေ၏။

တကယ်တမ်းတွင်မူ အဆင့်ရှိသောငါးများကိုသာ စနစ်တကျလုပ်ထားခြင်းဖြစ်ပြီး သာမန်အဆင့်ငါးများကမူ ရှောင်းယီ ရောင်းချရန်အတွက်ဖြစ်သည်။

ရှောင်းယီသည် ကျန်းယွင်ထျန်း၏ အခန်းတံခါးနားသို့ ရောက်လာပြီး တံခါးခေါက်လိုက်၏။

“ဝင်ခဲ့ပါ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

ရှောင်းယီ တံခါးဖွင့်ပြီး ဝင်သွားလိုက်သောအခါ အခန်းထဲတွင် နာ့နာက ကျန်းယွင်ထျန်းကို စစ်ဆေးပေးနေ၏။

“သူ့အခြေအနေ ဘယ်လိုရှိလဲ။”

ရှောင်းယီက မေးလိုက်သည်။

“ပြန်လည်ကောင်းမွန်တဲ့နှုန်းက တကယ်ကောင်းတယ်။ မျှော်လင့်ထားတာထက် ပိုမြန်တယ်။”

နာ့နာက ပြန်ဖြေလိုက်သည်။

နာ့နာ၏ စကားကိုကြားသောအခါ ကျန်းယွင်ထျန်းက ချက်ချင်း ဝင်ပြောလိုက်၏။

“ငါပြောတာမှန်တယ်မလား။ အခုတောင် အလုပ်ပြန်လုပ်လို့ရနေပြီ။”

“မရဘူး။ နောက်ထပ်သုံးရက် ထပ်ပြီးအနားယူရမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဒါပေမယ့် အခုချိန်မှာ မင်း အလုပ်လုပ်ချင်ရင်တောင် အလုပ်မရှိသေးဘူး။”

“ဟုတ်တယ်။ ဒီအခြေအနေအရတော့ ပင်လယ်သတ္တဝါတွေ တကယ်ရပ်သွားပြီ။”

ကျန်းယွင်ထျန်းက ခေါင်းငြိမ့်လိုက်သည်။

“ဒါပေမယ့် လူတိုင်း လက်နက်ထုတ်လုပ်မှုပုံစံတွေ ရနေကြတယ်။ မကြာခင် ပိုပြီးခက်ခဲတဲ့တိုက်ပွဲတွေ ရှိလာနိုင်တယ်။”

ရှောင်းယီက ပြောလိုက်သည်။

ကျန်းယွင်ထျန်းက ခေါင်းငြိမ့်လိုက်သော်လည်း မည်သည့်စကားမျှ ပြန်မပြောခဲ့ပေ။

“အဲ့ဒါကြောင့် ငါ့မှာအစီအစဉ်တစ်ခုရှိတယ်။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“လူတိုင်းကို မင်းရဲ့အထူးလေ့ကျင့်မှုကို ခံယူစေပြီး ကိုယ့်ရဲ့စွမ်းရည်ကို ထိထိရောက်ရောက်မြှင့်တင်ရမယ်။”

“ဟုတ်တယ်။ အခုအခြေအနေအရ လူတိုင်းရဲ့စွမ်းရည်တွေကို မြှင့်တင်ဖို့ လိုနေပြီ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ကောင်းပြီ။ ညစာစားတဲ့ချိန်ကျမှ အားလုံးအတူတူဆွေးနွေးကြတာပေါ့။”

ပြောစရာရှိသည်များကို ပြောပြီးနောက် ရှောင်းယီသည် ကျန်းယွင်ထျန်း၏ အခန်းထဲမှ ပြန်ထွက်သွားခဲ့၏။ ဧည့်ခန်းထဲပြန်ရောက်သောအခါ အန်းယွဲ့က လီယန်နှင့် လဲလှယ်ထားသော ပစ္စည်းများကို ရှောင်းယီအား ပေးလိုက်သည်။

“မနေ့ကနဲ့ ဒီနေ့ စုစုပေါင်း အုတ်မြစ်ကျောက် ၁၂ ခု၊ B အဆင့်လေးနဲ့မြားထုတ်လုပ်မှုပုံစံနဲ့ အခြေခံပစ္စည်းတချို့ရခဲ့တယ်။”

အန်းယွဲ့က ပြောလိုက်သည်။

“အန်တီ့မှာ အခုထိ လက်နက်မရှိသေးဘူးမလား။”

ရှောင်းယီက မေးလိုက်သည်။

“ရိုးရိုးလှံတစ်ချောင်းပဲရှိတယ်။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

ထိုအခါ ရှောင်းယီသည် သူအသုံးမပြုတော့သည့် ထန်ဓားကို ထုတ်ယူပြီး ပြောလိုက်သည်။

“ဒါကို အန်တီ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပေးလိုက်ပါ။”

“ကောင်းပြီ ကျေးဇူးတင်ပါတယ်။”

အန်းယွဲ့က အလွန်ကျေးဇူးတင်သွားခဲ့သည်။

“သူက လေးနဲ့မြားကို ကစားတတ်ရင် B အဆင့်လေးနဲ့မြားကိုလည်း လုပ်ပြီးပေးလိုက်လို့ရတယ်။”

ရှောင်းယီက ပြောလိုက်သည်။

“သူက လေးနဲ့မြား မကစားဖူးဘူး။ ဒါပေမယ့် ထန်ဓားကတော့ အဆင်ပြေပါတယ်။”

အန်းယွဲ့က ပြုံးကာ ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ ဒါဆို ထန်ဓားကို အရင်ပေးလိုက်မယ်။”

ထိုသို့ပြောပြီးနောက် ရှောင်းယီရ သူ့အိပ်ခန်းသို့ ပြန်ဝင်သွားလိုက်၏။

ထိုအချိန်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ အများသုံးချန်နယ်၏စကားဝိုင်းက ရှောင်းယီ၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

“ငါ့ပစ္စည်းသေတ္တာသုံးလုံးမှာ ဘာလို့ လက်နက်ထုတ်လုပ်မှုပုံစံ မပါတာလဲ။”

“လူတိုင်းက လက်နက်ထုတ်လုပ်မှုပုံးစံတွေ ရပြီးပြီလို့ပြောနေကြတာပဲလေ။ မင်းက ရုပ်ဆိုးလို့နေမှာပေါ့။”

“သေစမ်း...ငါ့နာမည်က ဝမ်ကျောင်းကွ။ ဘယ်လိုလုပ်ပြီး ရုပ်ဆိုးနိုင်မှာလဲ။”

“ဒါဆို အုတ်မြစ်ကျောက်နဲ့ အခြေခံပစ္စည်းတွေကလွဲရင် ဘာတွေထပ်ရခဲ့သေးလဲ။”

“ဟုတ်သားပဲ။ တခြားပစ္စည်းတစ်ခု တကယ်ရခဲ့တယ်။ ဒီဟာပဲ...”

All Chapters