← Chapters

အခန်း (၁၇၂-၁၇၄)

Vol. 12 Ch. 172-174

အခန်း (၁၇၂-၁၇၄)

Vol. 12 Ch. 172-174

အခန်း (၁၇၂) - စာချုပ်ကတ်

“တကယ်တော့ ငါဒီပစ္စည်း ရခဲ့တယ် [စာချုပ်ကတ်] ၁။”

ထိုလူက အများသုံးချန်နယ်၌ ပစ္စည်းတစ်ခု တင်လိုက်သောအခါ လူတိုင်းက ထိုအရာကို စိတ်ဝင်တစား ကြည့်လိုက်ကြလေသည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ပစ္စည်းများ တင်လိုက်သည်နှင့် လူတိုင်းက အခြေခံအချက်အလက်များကို မြင်နိုင်မည်ဖြစ်သည်။

“[စာချုပ်ကတ်] - သက်ရှိမျိုးစုံအတွက် အသုံးပြုနိုင်သော စာချုပ်ကတ်ဖြစ်သည်။ စာချုပ်အောင်မြင်ပါက ထိုသက်ရှိသည် စာချုပ်သခင်၏ အမိန့်ကို အပြည့်အဝလိုက်နာရမည်။”

“D အဆင့်သက်ရှိများအတွက် အောင်မြင်နှုန်း ၅၀% ရှိပြီး အဆင့်တိုးတိုင်း အောင်မြင်နှုန်း ထက်ဝက်ကျဆင်းသွားမည်ဖြစ်သည်။”

ရှောင်းယီက ထိုကတ်ပြားကိုမြင်သောအခါ အံ့အားသင့်စွာ တွေးမိလိုက်၏။

“ဒါမျိုးလည်း ရှိသေးတာပဲလား။”

ထိုအချိန်တွင် စနစ်က အသိပေးလာခဲ့သည်။

“စာချုပ်ကတ်ပြား၏ အောင်မြင်နှုန်းသည် ပစ်မှတ်သက်ရှိ၏ အခြေအနေနှင့် သက်ဆိုင်သည်။ ပစ်မှတ်က အပြည့်အဝအညံ့ခံပါက အောင်မြင်နှုန်းမှာ ၁၀၀% ရှိသည်။”

ရှောင်းယီက မှင်တက်သွားပြီး ချက်ချင်းပင် နားလည်သွားခဲ့သည်။

စာချုပ်ချုပ်ဆိုခြင်းဆိုသည်မှာ နှစ်ဦးနှစ်ဖက်အကြား ဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်းဖြစ်သောကြောင့် အဆင့်မြင့်သက်ရှိတစ်ကောင်ကို စာချုပ်ချုပ်မည်ဆိုလျှင် သူက ခုခံမည်မှာသေချာပေသည်။ ထို့ကြောင့် သေချာပေါက် ရှုံးနိမ့်မည်ဖြစ်၏။

စာချုပ်ချုပ်ဆိုခံရမည့်သူဟည် စာချုပ်သခင်ကို အညံ့ခံထားပြီးသားဆိုလျှင်မူ စာချုပ်ချုပ်ဆိုရန် အလွန်လွယ်ကူသွားမည်ဖြစ်သည်။

စာချုပ်ကတ်၏ ရှင်းလင်းချက်ကိုမြင်သောအခါ လူတိုင်းက ဆွေးနွေးကြတော့သည်။

“ဒါက ဘယ်လိုအခြေအနေမျိုးလဲ။ ရွှမ်းဟွမ်ထဲက လမ်းကြောင်းအတိုင်း လိုက်ချင်နေတာလား။”

“ဟုတ်တယ်။ စာချုပ်ကတ်တောင်ထွက်လာပြီဆိုတော့ မှော်ပညာတွေရော ရှိဦးမလား မသိဘူး။”

“ဒါက ဘာထူးဆန်းလို့လဲ။ ငါအရင်က မြေဆီလွှာပြုပြင်ရေးကတ်တစ်ခု ရဖူးတယ်။ အဲ့ဒါက မှော်ပညာလိုပဲ။ ကျွန်းပေါ်က သဲမြေတွေကို စိုက်ပျိုးလို့ရတဲ့ လယ်ကွင်းအဖြစ် ပြောင်းလဲပေးနိုင်တယ်။”

“အဲ့လိုပစ္စည်းမျိုးရှိတာလား။ မင်းသုံးပြီးပြီလား။”

“သုံးပြီးပြီပေါ့ဟ။ ဒါပေမယ့် အခုအရမ်းအေးနေတော့ မြေဆီလွှာရှိရင်တောင် စိုက်ပျိုးလို့မရဘူး။ အသုံးမဝင်ဘူး။”

“ဟုတ်တယ်။ ဒီရာသီမှာ စိုက်ပျိုးလို့မရဘူး။ နွေဦးရောက်ရင်တော့ ပြဿနာမရှိတော့ဘူး။”

“နွေဦးရောက်ရင် အသက်ရှူကြပ်တော့မှာပဲ။ စိုက်ပျိုးဖို့ မျိုးစေ့တွေ လိုသေးတယ်လေ။ ငါ့မှာ ဘယ်သီးနှံရဲ့မျိုးစေ့မှ မရှိဘူး။”

“အရင်က ယီရန်ပင်း သူဌေးကြီးက သီးနှံမျိုးစေ့တွေ အများကြီးရှာဖွေထားတယ်လေ။ သူဌေးကြီးဆီကနေ ဝယ်လို့ရလောက်တယ်။”

“ဟုတ်တယ်။ သူဌေးကြီးကို မျိုးစေ့တွေ ဘယ်လိုရောင်းမလဲဆိုတာ ဆက်သွယ်ကြည့်ရမယ်။”

မြေဆီလွှာပြုပြင်ရေးကတ်အကြောင်း တစ်စုံတစ်ယောက်ပြောသည်ကို မြင်သောအခါ ရှောင်းယီ စိတ်ထဲမှ လျှို့ဝှက်စွာတွေးလိုက်မိ၏။

“မျှော်လင့်ထားတဲ့အတိုင်း ကံကောင်းတဲ့လူတွေ ရှိနေသေးတာပဲ။ မြေဆီလွှာပြုပြင်ရေးကတ်းကို သုံးလို့ရတယ်ဆိုတော့ သူ့ရဲ့ကျွန်းဧရိယာက အနည်းဆုံး စတုရန်းမီတာ ၅၀ ရှိရမယ်။ ဒါဆို သူက ဖွံ့ဖြိုးတိုးတက်ပြီးသားကျွန်းပိုင်ရှင်တစ်ယောက်ပေါ့။”

“မျိုးစေ့လိုချင်ရင် အုတ်မြစ်ကျောက်နဲ့ လဲရမယ်။ အသေးစိတ်အချိုးကိုတော့ အဖွဲ့နဲ့တိုင်ပင်ပြီးမှ ပြန်ပြောပြပါ့မယ်။”

ရှောင်းယီက အများသုံးချန်နယ်တွင် ပြောလိုက်သည်။

“တကယ့်သူဌေးကြီးတွေကတော့ အုတ်မြစ်ကျောက်တုံးတွေကို အမှန်အကန်ကို ရှာဖွေနေတာပဲ။ အရင်က အစားအစာတွေနဲ့ မျိုးစေ့တွေ စုဆောင်းထားတယ်။ အခုကျတော့ မျိုးစေ့တွေနဲ့ အုတ်မြစ်ကျောက်တွေ အများကြီးရနိုင်တယ်။ အရမ်းမိုက်တာပဲ။”

“ဒါက ဘာလို့လဲဆိုတော့ သူက အစောပိုင်းမှာ အစားအစာ လုံလုံလောက်လောက်ရှိလို့ မျိုးစေ့တွေစုဆောင်းနိုင်တာလေ။ ဒါကအဓိကအချက်ပဲ။ သူဌေးကြီးရဲ့နောက်ပိုင်းလုပ်ဆောင်ချက်တွေကိုပဲ မကြည့်နဲ့။ အရင် စုဆောင်းမှုတွေကမှ အစွမ်းထက်ဆုံးပဲ။”

“ဟုတ်တယ် သူ့မှာ ဒီလိုမျိုး သူဌေးကြီးတစ်ယောက် ဖြစ်လာတဲ့အကြောင်းရင်းတော့ ရှိမှာပဲ။”

“အားလုံးပဲ ကျုပ်ရဲ့စာချုပ်ကတ်အကြောင်းကို ဆွေးနွေးနေကြတာ မဟုတ်ဘူးလား။”

စာချုပ်ကတ် တင်လိုက်သူက မှားယွင်းနေသောလမ်းကြမ်းကို ပြန်လည်ဖြောင့်မတ်ပေးလိုက်၏။

“ငါကတော့ ဒီစာချုပ်ကတ်က ပစ္စည်းကောင်းတစ်ခုလို့ထင်တယ်။ ဒီပစ္စည်းရှိပြီး ကိုယ့်လက်အောက်ငယ်သားတွေမှာ အသုံးပြုလိုက်ရင် သစ္စာဖောက်မှာကို မပူရတော့ဘူး။”

“ငါပြောတာက ဒီပစ္စည်းမှာ အောင်မြင်နှုန်းရှိတယ်။ အမြင့်ဆုံးက ၅၀%ပဲရှိတာ။ အောင်မြင်ရင်တော့ ပြဿနာမရှိဘူး။ ရှုံးသွားရင် မင်းနဲ့ မင်းရဲ့လက်အောက်ငယ်သားကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာလိမ့်မယ်။ အဲ့ဒါက သစ္စာဖောက်တာထက်တောင် ပိုပြီးပြင်းထန်သွားလိမ့်မယ်။”

“ဟုတ်တယ်။ တိရစ္ဆာန်တွေမှာသုံးတာ ပိုကောင်းတယ်။ ကျား၊ ခြင်္သေ့၊ ဝက်ဝံတို့လိုမျိုးပေါ့။”

“တကယ်လို့ အဆင့်မြင့်သတ္တဝါတစ်ကောင်နဲ့ စာချုပ်ချုပ်နိုင်ရင် လက်နက်တစ်ခုရတာထက်တောင် ပိုကောင်းတယ်။ ဒါကြောင့် စာချုပ်ကတ် ရနိုင်တဲ့သူရဲ့ကံက မဆိုးဘူးလို့ပြောရမယ်။”

“စိတ်ကူးယဉ်နေတာပဲ။ အဆင့်မြင့်သတ္တဝါတစ်ကောင်နဲ့တွေ့ရင် အရင်ဆုံး အသက်ရှင်ဖို့လိုတယ်ဆိုတာ မင်းမသိဘူးလား။ ပြီးမှ အခြားအရာတွေကို ဆက်ပြောပေါ့။”

“အမှန်ပဲ...။ အဆင့်မြင့်သတ္တဝါတစ်ကောင်နဲ့တွေ့ရင် ငါချက်ချင်းသေသွားမယ်လို့တောင် ထင်ရတယ်။”

“အားလုံးပဲ ဒီပစ္စည်းကို လိုချင်တဲ့သူရှိလား။ ကျုပ်လက်နက်တစ်ခုနဲ့ လဲချင်ပါတယ်။”

ထိုလူက သူ၏စာချုပ်ကတ်တန်ဖိုး ကျဆင်းလာသည်ကိုမြင်သောအခါ အလျင်အမြန် မေးလိုက်၏။

“ဟမ်...ငါနားကြားမှားတာလား။ ဒီကတ်ကို လက်နက်နဲ့ လဲချင်တာလား။ မင်းက အများကြီးတွေးနေတာပဲ။”

“လူတိုင်းက လက်နက်တစ်ခုတည်း ရထားကြတာ။ အဲ့ဒါကိုပစ်ပြီး မင်းရဲ့ဟာနဲ့ လဲရမှာလား။ ဒါဆို သူတို့ ဘာသွားသုံးရတော့မှာလဲ။”

“ဟုတ်တယ်...မင်း စိတ်အေးအေးထားသင့်တယ်။”

လူတိုင်းက သူ့စိတ်ကူးကို အတွေးလွန်နေသည်ဟုသာ ပြောနေကြ၏။

မည်သူက သူတို့၏ တစ်ခုတည်းသောလက်နက်ကို အောင်မြင်မှုနှုန်း အရမ်းနည်းသော ကတ်တစ်ခုနှင့် လဲလှယ်ချင်ကြမည်နည်း။

ထိုလူက စိတ်ပျက်အားလျော့သွားချိန်တွင် တိလင်းထျန်းရှားက သီးသန့်စာတိုပို့လာသောကြောင့် သူဖွင့်ကြည့်လိုက်သည်။

တိလင်းထျန်းသည် သူ့လက်ထဲတွင် အပိုလက်နက်တစ်ခုရှိကြောင့်နှင့် ထိုကတ်ကို လဲလှယ်ချင်ကြောင်း ပြောထားခဲ့၏။

တိလျင်ထျန်းရှားသည် ထိုကတ်ကို စမြင်ကတည်းက ချက်ချင်းလိုချင်မိခဲ့ခြင်းဖြစ်သည်။ သူ့တွင် အပိုလက်နက်တစ်ခုရှိနေသောကြောင့် ထိုလက်နက်ကိုသုံးပြီး သစ္စာရှိသည့် လက်အောက်ငယ်သားတစ်ယောက်ရနိုင်လျှင် မည်သည့်ဘက်ကကြည့်ကြည့် အမြတ်ချည်းပင်။

အောင်မြင်မှာနှုန်းအတွက်ဆိုလျှင်မူ အဆိုးဆုံးအနေနှင့် ရှုံးနိမ့်သွားရုံသာဖြစ်နိုင်သည်။

ထိုလူသည် တိလင်းထျန်းရှား၏ တောင်းဆိုမှုကို သဘောတူရန် စိတ်လှုပ်ရှားနေစဉ် နောက်ထပ်သီးသန့်စာတို ပေးပို့လာသည့်အသံကို ကြားလိုက်ရပြန်၏။

ထိုလူ အံ့အားသင့်သွားပြီး နောက်ထပ်ပို့လာသော သီးသန့်စာတိုကို နှိပ်ကြည့်လိုက်သည်။

ဒါက ယီရန်ပင်း သူဌေးကြီးပဲ။

“မင်းရဲ့ စာချုပ်ကတ်ပြားကို တကယ်ထုတ်ရောင်းချင်တာလား။”

ရှောင်းယီက မေးလိုက်သည်။

ထိုလူက ချက်ချင်းပင် ပြန်ဖြေလိုက်၏။

“ဟုတ်ပါတယ်။ သူဌေးမှာ အပိုလက်နက်ရှိလား။”

“ရှိတယ်။ ဒါကိုကြည့်ကြည့်။ [ဖန်ထျန်းလှံရှည်] ၁၊ မင်းလဲချင်လား။”

ရှောင်းယီက မေးလိုက်သည်။

“လုပုသုံးတဲ့ ဖန်ထျန်းလှံရှည်လား။”

ထိုလူသည် လက်နက်၏နာမည်ကို မြင်ပြီးသည်နှင့် စိတ်လှုပ်ရှားကာ မေးလိုက်သည်။

“မဟုတ်ဘူး။ ဒါပေမယ့် လုပုရဲ့လက်နက်နဲ့ တူရုံပဲ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ၊ လဲကြရအောင်။”

ထိုလူက မတွန့်ဆုတ်ဘဲ ချက်ချင်းပင် သဘောတူလိုက်သည်။

တိလင်းထျန်းရှားသည်လည်း လက်နက်ရှည်တစ်ချောင်း ပေးခဲ့ခြင်းဖြစ်သော်လည်း ဖန်ထျန်းလှံရှည်က ပို၍ခမ်းနားသည်ဟူ သူထင်မိသည်။

တစ်ချိန်တည်းမှာပင် သူက တိလင်းထျန်းရှားကို ငြင်းပယ်လိုက်တော့သည်။

“တောင်းပန်ပါတယ်သူဌေး။ စာချုပ်ကတ်က ရောင်းထွက်သွားပါပြီ။”

တိလင်းထျန်းရှားသည် ထိုလူ၏ အကြောင်းပြန်ချက်ကို မြင်သောအခါ အံ့အားသင့်သွားခဲ့၏။

“ဘယ်သူက ဒီလောက်မြန်မြန် လှုပ်ရှားလိုက်တာလဲ။”

သို့သော်လည်း သူက မရှိတော့ဘူးဆိုမှတော့ မရှိတော့သလိုပင် သီးသန့်စာတိုကို ချက်ချင်းပိတ်လိုက်တော့လေသည်။

ရှောင်းယီက လဲလှယ်ရေးလုပ်ငန်းစတင်လိုက်သည်။

“[ဖန်ထျန်းလှံရှည်] ၁ - [စာချုပ်ကတ်] ၁။”

တစ်ဖက်လူက ချက်ချင်းပင် သဘောတူလိုက်၏။

“ကျေးဇူးတင်ပါတယ် သူဌေးကြီး။”

တစ်ဖက်လူက ကျေးဇူးတင်စကားပြောလာခဲ့သည်။

ရှောင်းယီသည် ထိုလူကို အကြောင်းပြန်မပြောတော့ဘဲ ချက်ချင်းပင် စကားဝိုင်းကို အဆုံးသတ်လိုက်၏။

ထို့နောက် ရှောင်းယီ၏ လက်ထဲတွင် သံနှင့်တူသော်လည်း သံမဟုတ်သော ပါးလွှာသည့်ကတ်ပြားတစ်ခုက ထွက်ပေါ်လာခဲ့သည်။

စနစ်၏ဖော်ပြချက်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ဖော်ပြချက်ချက်နှင့် အတူတူပင်ဖြစ်ပြီး ၁၀၀% အောင်မြင်နှုန်းအခြေအနေတစ်ခုကိုလည်း ထည့်သွင်းထားခဲ့သည်။

အခြားသူများအတွက်မူ ထိုစာချုပ်ကတ်သည် ဖြစ်နိုင်‌ခြေတစ်ခုသာဖြစ်သော်လည်း ရှောင်းယီအတွက်မူ အောင်မြင်မှုနှုန်းက ၁၀၀% ပင်။

ဖန်ထျန်းလှံရှည်သည် ရှောင်းယီ၏လက်ထဲ၌ အခြေခံအားဖြင့် အသုံးမဝင်ပေ။ ယွမ်နွန်တို့အတွက်လည်း သိပ်အဆင်မပြေဘူးဟု သူထင်ပေသည်။ ထို့ကြောင့် စာချုပ်ကတ်နှင့် လဲလှယ်လိုက်ခြင်းပင်။

အခန်း (၁၇၃) - စာချုပ်သားရဲ - တပိုင်နှင့် နွေဦးရာသီ၏မျှော်လင့်ချက်ကို မြင်တွေ့နေရပြီ

စနစ်က ဖန်ထျန်းလှံရှည်ကို တိုက်ခိုက်ရေးအတွက်သုံးမည်ဆိုလျှင် အသုံးပြုသူ၏ လိုအပ်ချက်မှာ အလွန်မြင့်မားသည်ဟု ရှင်းရှင်းလင်းလင်း ဖော်ပြထားခဲ့သည်။

ယွမ်နွန်က ထိုလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ပေ။

ကျန်းယွင်ထျန်းတွင် B အဆင့်ဓားမြှောင်ရှိပြီးသားမို့ ထိုသာမန်အဆင့်လက်နက်နှင့် အစားထိုးမည်မဟုတ်ပေ။

ရှောင်းယီ၏ လက်ထဲတွင်လည်း ရွှမ်းယွမ်ဓားရှိပြီး သူသုံးတောင်မသုံးရသေးပေ။

ထို့ကြောင့် ၎င်းကိုရောင်းလိုက်မှာသာ ၎င်း၏တန်ဖိုးကို အပြည့်အဝ ဖော်ဆောင်နိုင်မည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရှောင်းယီသည် ပိုလာဝက်ဝံဖြူအကြောင်း အနည်းငယ် စိုးရိမ်နေခဲ့သည်။

ဝက်ဝံဖြူကြီးသည် ရှောင်းယီထံတွင် ရှုံးနိမ့်ခဲ့ပြီး ယခု S အဆင့်ရေသန့်ကို အသုံးပြုကာ သူ့ကိုတည်ငြိမ်အောင်လုပ်ထားခဲ့ရခြင်းဖြစ်သည်။

ယခုအချိန်တွင် အတော်လေးနာခံနေပုံရသော်လည်း တစ်နေ့ကျ အလုပ်မလုပ်ချင်တော့၍ ရိုင်းစိုင်းလာခဲ့လျှင် ရှောင်းယီ မရှိပါက အကျိုးဆက်က ဆိုးရွားသွားမည်ဖြစ်၏။

ထို့ပြင် အနာဂတ်၌ S အဆင့်သို့ အဆင့်တက်သွားလျှင် ရှောင်းယီကို လက်စားချေခြင်း ထွက်ပြေးသွားခြင်းတို့ ပြုလုပ်မည်မှာ သေချာပေသည်။

ထိုအကြောင်းကိုတွေးပြီးနောက် ရှောင်းယီသည် ကတ်ပြားကိုယူကာ အပြင်ထွက်လာခဲ့လိုက်သည်။

တံခါးဝသို့ရောက်သောအခါ တပိုင်က ပက်လက်လှန်ကာ အိပ်နေပြီး ခြေသံကြားသောကြောင့် ခေါင်းမော့ကြည့်လာခဲ့သည်။

“ငါ မင်းအပေါ်ကို စာချုပ်ကတ်တစ်ခုသုံးမယ်။ မင်း ခုခံလို့မရဘူး။ မဟုတ်ရင် ငါ မင်းကို သတ်ပစ်မယ်။”

ရှောင်းယီက ကြမ်းတမ်းရက်စက်သောအသံဖြင့် ပြောလိုက်သည်။

တပိုင်သည် ကြောက်လန့်သွားပြီး သူ၏ခန္ဓာကိုယ်ကို ကျုံ့ကာ ခေါင်းငြိမ့်လိုက်၏။ သူ အရာအားလုံးကို နားမလည်နိုင် ဖြစ်နေခဲ့လေသည်။

အရင်က အဆင်ပြေနေတာပဲမဟုတ်ဘူးလား။ လူသားတွေက ဘာလို့ ဒီလောက်တောင် အပြောင်းအလဲမြန်ရတာလဲ။

ထို့နောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားလိုက်ပြီး ပိုလာဝက်ဝံဖြူပေါ်၌ စာချုပ်ကတ်ကို အသုံးပြုရန် ရွေးချယ်လိုက်တော့သည်။

ထိုအခိုက်တွင် စာချုပ်ကတ်မှာ ပျောက်ကွယ်သွားပြီး အနီရောင် သံကြိုးတစ်ချောင်း ဝက်ဝံဖြူကြီးဆီသို့ ပျံသန်းသွားခဲ့သည်။

တပိုင်သည် သံကြိုးတစ်ချောင်းက သူ့ဝိညာဉ်ကို ချုပ်နှောင်ထားသလို ခံစားလိုက်ရပြီး မသိစိတ်အရ ခုခံချင်လာခဲ့၏။

သို့သော်လည်း ရှောင်းယီ၏ သတိပေးချက်ကို သတိရသွားပြီးနောက် ချက်ချင်းပင် စိတ်အေးသွားပြီး သံကြိုးအား သူ၏စိတ်ဝိညာဉ်နယ်မြေထဲ၌ ရစ်ပတ်ခွင့်ပေးလိုက်တော့သည်။

“အသုံးပြုမှု အောင်မြင်ပါသည်။ ပိုလာဝက်ဝံဖြူ (A အဆင့်) ကို သင့်၏စာချုပ်သားရဲအဖြစ် အောင်မြင်စွာ ပြောင်းလဲပြီးပါပြီ။”

“အခု စိုးရိမ်စရာမလိုတော့ဘူး။”

နောက်ဆုံးတွင် ရှောင်းယီသည် သူ၏နှလုံးသားထဲက ဝန်ထုပ်ဝန်ပိုးတစ်ခုကို ဖြေလျှော့လိုက်နိုင်သကဲ့သို့ ခံစားလိုက်ရသည်။

အောင်မြင်စွာ အသုံးပြုပြီးနောက် ရှောင်းယီသည် တပိုင်နှင့် မှန်ဖျော့ဖျော့ စိတ်ချင်းဆက်သွယ်မှုတစ်ခု ရှိသည်ဟု ခံစားလိုက်ရသည်။ ယခု သူ့ကိုတစ်ခုခုလုပ်စေချင်ပါက ယခင်ကဲ့သို့ ဒုက္ခရောက်တော့မည် မဟုတ်ပေ။

ယခင်က သူသည် တပိုင်အား ကျွန်းကို ကာကွယ်ရန် ကူညီခိုင်းသည့်အခါ သုံးကြိမ်ပြပြီးမှ သဘောပေါက်ခဲ့သော်လည်း ယခုမူ တိုက်ရိုက်အမိန့်ပေး၍ ရပြီဖြစ်သည်။

အနီး၌ မရှိလျှင်တောင် ရှောင်းယီသည် တပိုင်အား စိတ်ဖြင့် ဆက်သွယ်နိုင်ပေသည်။

“ဒါဆို ပိုအဆင်ပြေသွားပြီ။”

ရှောင်းယီ စိတ်ထဲမှပြောပြီး တပိုင်ကို ဧည့်ခန်းတံခါးနားကို ခေါ်ယူရန် တွေးလိုက်၏။

စင်္ကြံလမ်းထဲတွင် လှဲနေသော တပိုင်က ချက်ချင်းထလာပြီး ဧည့်ခန်းတံခါးနားသို့ လျှောက်လာခဲ့သည်။ ရှောင်းယီက တံခါးဖွင့်ပေးလိုက်ပြီး အထဲကို ခေါ်လိုက်သည်။

“ဒီထဲမှာ အနားယူချင်လား။”

တပိုင်က ချက်ချင်းပင် ခေါင်းခါလိုက်၏။ အပြင်တွင် အေးနေသော်လည်း သူ့အတွက် နေသားကျသွားပြီဖြစ်သည်။

ဤဧည့်ခန်းက အပူချိန်ကို ၂၆ ဒီဂရီအထိ အမြဲထိန်းထားခြင်းဖြစ်သည်။ ထိုအပူချိန်က တပိုင်အတွက်တော့ အလွန်ပူနေသေးပေသည်။

ထို့နောက် ရှောင်းယီသည် ၎င်းကို S အဆင့်ရေသန့်တစ်ခွက် ကမ်းပေးလိုက်၏။ ဤတစ်ကြိမ်တွင်မူ အရင်ကထက် ပိုပေးလိုက်သည်။ တပိုင်က သူ့အပိုင်ဖြစ်သွားပြီ ဖြစ်သောကြောင့် ရှောင်းယီက အများကြီး မစဉ်းမစားတော့ပေ။

တိပိုင်သည် ရေသန့်ကို ကျေနပ်အားရစွာသောက်ပြီးနောက် ပြန်ထွက်သွားကာ စင်္ကြံလမ်းထဲ၌ ပြန်လှဲနေခဲ့သည်။

ဧည့်ခန်းထဲတွင် အနားယူနေသော ဝမ်ချိုင်သည် အနည်းငယ် ကွဲပြားမှုကို ခံစားလိုက်ရပြီး တပိုင်နောက်သို့လိုက်ကာ စင်္ကြံလမ်းထဲသို့ ရောက်ရှိသွားခဲ့သည်။

တပိုင်က ကြမ်းပြင်တွင် လှဲနေစဉ် ဝမ်ချိုင်က တပိုင်၏ဘေးနား အောက်ဘက်သို့ သွားလှဲလိုက်ပြီး တပိုင်နှင့် ပူးကပ်ကာ ဇိမ်ကျသွားခဲ့၏။

ထိုစာချုပ်ကတ်ကြောင့် ဝမ်ချိုင်နှင့် တပိုင်ကြားရှိ ဆက်ဆံရေးက နောက်တစ်ဆင့်သို့ တိုးတက်သွားခဲ့သည်။

ထိုအချိန်တွင် ရှောင်းယီထံတွင် စာချုပ်ကတ်ရောင်းခဲ့သောသူက အများသုံးချန်နယ်တွင် ရှောင်းယီအကြောင်း ထပ်ပြီး အမွှန်းတင်လိုက်ပြန်ပြီဖြစ်သည်။

“ယီရန်ပင်း သူဌေးကြီးက ငါ့ရဲ့စာချုပ်ကတ်နဲ့ ဖန်ထျန်းလှံရှည်တစ်ခုကို လဲပေးခဲ့တယ်။”

“ဘာ...ယီရန်ပင်း သူဌေးကြီးက စိတ်ရှုပ်ထွေးနေတာလား။ ဒီကတ်ကို ဘာလို့လဲလိုက်တာလဲ။ အောင်မြင်နှုန်းက မသေချာဘူးဆိုတာ သူမသိဘူးလား။”

“သူဌေးကြီးက သူ့ကို သနားလို့ထင်တယ်။ သူ့မှာလက်နက်တောင် မရှိဘူးလေ။ ဒါကြောင့် သူနဲ့လဲဖို့ ရွေးလိုက်တာပေါ့။”

“ဟုတ်တယ်။ တစ်ချိန်တည်းမှာပဲ သူဌေးကြီးရဲ့ကျွန်းမှာ တိရစ္ဆာန်တွေအများကြီးရှိတယ်။ အောင်မြင်သွားရင် အများကြီးရလိမ့်မယ်။”

“ဟုတ်တယ်။ အခြားသူတွေအတွက်တော့ ဒီစာချုပ်ကတ်ကို ရရင်တောင် အလုပ်မဖြစ်ဘူး။ ဒါပေမယ့် ယီရန်ပင်းသူဌေးကြီးသာရသွားရင် တကယ်အလုပ်ဖြစ်နိုင်တယ်။”

အုပ်စုထဲရှိ ဆွေးနွေးမှာများကိုမြင်သောအခါ တိလင်းထျန်းရှား၏ နှလုံးသားထဲတွင် ဒေါသမီးများ တောက်လောင်လာခဲ့၏။

“မင်းပဲဖြစ်ပြန်ပြီလား။”

ယီရန်ပင်းက သူ၏ဂုဏ်သိက္ခာကို အကြိမ်ကြိမ် နင်းချေခဲ့ဖူးသည်။ သူက ပစ္စည်းကောင်းများကို နှစ်သက်သည့်အခါ ယီရန်ပင်းက အမြဲရောက်လာပြီး သူ့ကိုကန်ထုတ်လိုက်သည်ဟု ခံစားရစေခဲ့၏။

တိလင်းထျန်းရှားသည် ဤကမ္ဘာကြီး၌ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေသော သူ၏ကျွန်းကိုကြည့်ပြီး ဒေါသထွက်နေရုံသာ တတ်နိုင်ခဲ့လေသည်။

“သူဌေးကြီးကို တကယ်အားကျတယ်။ ငါ့ကျွန်းမှာသာ သားရဲတွေရှိရင် သိပ်ကောင်းမှာပဲ။”

“မင်းကျွန်းမှာ သားရဲတွေ ဆင့်ကဲတိုးတက်လာရင် မင်း အခုချိန်လောက်ဆို သားရဲချေး ဖြစ်နေလောက်ပြီ။”

“လူတွေကို အထင်မသေးစမ်းနဲ့။ ငါမိသားစုက အရင်က အမဲလိုက်သမားတွေက။ သာမန်သားရဲတွေလောက်က ငါ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး။”

“မင်းက အဲ့လောက်တောင် စွမ်းအားကြီးတာလား။”

“ဟုတ်တယ်။ ငါတို့က ဘိုးဘေးစဥ်ဆက် ဆင်းသက်လာတဲ့ အမဲလိုက်သမားတွေပဲ။ ငါတို့ဘိုးဘေးတွေက နဂါးတွေကိုတောင် သတ်ဖြတ်ဖူးတယ်ကွ။”

“ချီး...ငါက ခုနကစကားလုံးကို တကယ်ယုံသွားမိတာပဲ။ ဒါပေမယ့် နောက်စကားလုံးက ငါ့ကိုယ်ငါ ချက်ချင်း အရူးလိုခံစားလိုက်ရပြီ။”

“နဂါးကို သတ်တာလား။ မင်း စိတ်ကူးယဉ်ဇာတ်လမ်းတွေ အရမ်းကြည့်မိနေတာ မဟုတ်ဘူးလား။”

“မြွေတစ်ကောင်ကိုသတ်ပြီး နဂါးကို သတ်တယ်လို့ ပြောတာထင်တယ်။”

“ဖြစ်နိုင်တယ်။”

ညနက်သန်းခေါင်ရောက်သောအခါ ရှောင်းယီက စနစ်ကိုကြည့်လိုက်သည်။

“ပြင်ပအပူချိန်က အနှုတ် ၇၂ ဒီဂရီစင်တီဂရိတ်။”

“ဟမ် တည်ငြိမ်သွားပြီလား။”

ရှောင်းယီက အပူချိန်အချက်အလက်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူသည် မွန်းလွဲပိုင်းက အပူချိန်ကို တစ်ခါစစ်ကြည့်ခဲ့သေး၏။ ထိုအချိန်တုန်းကလည်း ဤကိန်းအတိုင်းပင်။

“နောက်ဆုံးတော့ အေးခဲတဲ့ချိန်တွေ ရပ်သွားပြီပေါ့။”

ရှောင်းယီက ရေရွတ်လိုက်သည်။

အများသုံးချန်နယ်တွင် အနွေးထည်အင်္ကျီငှားမထားသေးသူများ အများကြီးရှိနေသေးသည်။

“ဒီနေ့ တစ်နေ့လုံးနီးပါး အချိန်ကုန်သွားပြီ။ ရှေ့ကလူတွေ အမြန်လုပ်ကြပါ။”

“ဟုတ်တယ်...ငါတို့ရဲ့ပစ္စည်းသေတ္တာတွေက မကြာခင် လွင့်သွားတော့မယ်။”

“ပြဿနာမရှိဘူး။ ညသန်းခေါင်ရောက်ဖို့ ခြောက်နာရီကျော်ကျန်သေးတယ်။ အလျင်မလိုပါဘူး။”

“မင်းက ဘာလို့ဒီလောင်တောင် အေးဆေးနေတာလဲ။ ခြောက်နာရီအတွင်းမှာ မင်းအလှည့်ရောက်အောင် လုပ်နိုင်လို့လား။”

“ဘာလို့လဲဆိုတော့ ငါက ပစ္စည်းသေတ္တာဖွင့်ပြီးသွားပြီလေ။”

“ထွက်သွားစမ်း!”

“မင်း တကယ် မစောင့်နိုင်တော့ဘူးဆိုရင် ပြီးရင် ပစ္စည်းတွေအားလုံးနဲ့ ထုပ်ပိုးပြီး အပြင်ထွက်ကြည့်လိုက်ပါလား။”

“မလုပ်နဲ့။ တကယ် အအေးခဲသွားလိမ့်မယ်။”

“အားလုံးပဲ အပူချိန်ဆက်မကျတော့ဘူးဆိုတာ ခံစားရလား။”

“တကယ်လား။ ငါတော့ မထင်ပါဘူး။ အခုထိ အရမ်းအေးနေတုန်းပဲ။ အေးလွန်းလို့ ငါဆက်ပြီး တောင့်မခံနိုင်တော့ဘူး။”

ရှောင်းယီသည် လူအများ အပူချိန်အကြောင်း ဆွေးနွေးနေကြသည်ကို မြင်သောအခါ ဝင်ပြောလိုက်သည်။

“ပြင်ပအပူချိန်က အနှုတ် ၇၂ ဒီဂရီစင်တီဂရိတ်ရှိတယ်။ ဆက်မကျတော့တာ တော်တော်ကြာပြီ။”

“တကယ်ပဲ အအေးချိန်က ရပ်သွားပြီလား။”

“ယီရန်ပင်းသူဌေးကြီးကတောင် ပြောပြီးသွားပြီလေ။ မင်းက သံသယရှိနေသေးတာလား။”

“ဟုတ်တယ်...ငါလည်း အရင်က သူဌေးကြီးပြောတာကိုသံသယဝင်ခဲ့ဖူးတယ်။ အခုတော့ နောင်တရနေရပြီ။ အခုထိ အနွေးထည်အင်္ကျီ ငှားလို့မရသေးဘူး။”

“ဒါက သတင်းကောင်းပဲ မဟုတ်ဘူးလား။”

“တကယ့်ကို သတင်းကောင်းပဲ။ အပူချိန်ဆက်မကျတော့ရင် ငါတို့လည်း ဒီလောက်ခက်ခဲမှာ မဟုတ်တော့ဘူး။”

“ဘယ်သူက အခက်ခဲဘူးလို့ပြောတာလဲကွ။ အနှုတ် ၇၂ ဒီဂရီဆိုတာ အေးနေတုန်းပဲဟ။”

“အနည်းဆုံးတော့ ဆက်မကျဆင်းတော့ဘူးလေ မဟုတ်ဘူးလား။”

တိလင်းထျန်းရှားသည်လည်း အများသုံးချန်နယ်ရှိ ရှောင်းယီ၏စကားကို မြင်လိုက်ရပြီး စိတ်ထဲ၌ ဆုံးဖြတ်လိုက်သည်။

“နောက်ဆုံးတော့ အပူချိန်က ရပ်သွားပြီပေါ့။ နွေဦးရောက်ရင် ငါ မင်းကို သေချာပေါက် ဖမ်းဆီးပြီး မင်းပိုင်တာတွေအားလုံးကို သိမ်းပိုက်ပစ်မယ်ကွ။”

အပူချိန်ရပ်သွားကြောင်း သိလိုက်ကြရသောအခါ လူတိုင်း ပျော်ရွှင်သွားခဲ့ကြလေသည်။ နောက်ဆုံးတော့ ဤဆောင်းရာသီကို ကျော်ဖြတ်နိုင်ရန်အတွက် မျှော်လင့်ချက်များ တွေ့လာကြပြီဖြစ်သည်။

သို့သော်လည်း ဤမျှော်လင့်ချက်ရောင်ခြည်ရောက်မလာခင် ညပေါင်းများစွာ၌ လူအများအပြား အသက်ဆုံးရှုံးသွားခဲ့ကြရ၏။

မျှော်လင့်ချက်ရောက်မလာခင် နေ့တိုင်းက ရက်စက်ခဲ့ပေသည်။

“ဒီဒီဒီ!”

ထိုအချိန်တွင် အပြင်ဘက်မှ ရုတ်တရက်အချက်ပေးဥဩဆွဲသံတစ်ခုကို ကြားလိုက်ရလေသည်။

အခန်း (၁၇၄) - နွားများသားပေါက်ခြင်းနှင့် ဘာဘီကျူးပွဲတော်

စိုက်ပျိုးရေးခြံဝင်းထဲမှ ရုတ်တရက်အချက်ပေးသံကြားလိုက်ရ၏။ ဝမ်ချိုင်က ချက်ချင်းထရပ်ပြီး ဧည့်ခန်းဘက်သို့ လှည့်ကာ ဟောင်လိုက်သည်။ ရှောင်းယီတို့ ထွက်လာသည်ကို မြင်သောအခါ ပြန်လှဲလိုက်လေသည်။

“ဘာဖြစ်နေတာလဲ။”

ရှောင်းယီက သံသယစိတ်ဖြင့် အချက်ပေးသံ ထွက်ပေါ်လာရာနေရာကို ထွက်လာခဲ့လိုက်၏။ ယွမ်နွန်ကလည်း သူ့နောက်မှ လိုက်သွားလိုက်သည်။

အချက်ပေးသံက မွေးမြူရေးခန်းမှ ထွက်လာခြင်းဖြစ်သည်။

“ဝက်ရိုင်းတွေ အထဲမှာ သောင်းကျန်းနေတာများလား။”

ရှောင်းယီက တီးတိုးရေရွတ်လိုက်သည်။ ဘေးနားက ယွမ်နွန်မှာမူ မွေးမြူရေးခန်းက အချက်ပေးသံကို ကြားလိုက်ရပြီးနောက် တစ်စုံတစ်ခုကို သတိရသွားခဲ့‌လေသည်။

“အိုး မကောင်းတော့ဘူး။ ငါ အဲ့ဒါကို မေ့သွားတာပဲ။”

ထိုသို့ပြောပြီးသည်နှင့် မေးမြူရေးခန်းထဲသို့ ပြေးဝင်သွားတော့သည်။ ရှောင်းယီသည်မူ ပို၍ပင် ရှုပ်ထွေးသွားပြီး အထဲသို့ လိုက်ဝင်သွားလိုက်သည်။

ဝက်၊ နွားမွေးမြူရေးခန်းထဲတွင် ဗိုက်ပူနေသောနွားတစ်ကောင်သည် ဘေးစောင်းအိပ်နေပြီး ယွမ်နွန်က သူ၏ဘေးတွင်ထိုင်ကာ စစ်ဆေးနေခဲ့၏။

“ဘာဖြစ်တာလဲ။”

ရှောင်းယီက မေးလိုက်သည်။

“မွေးတော့မယ်။ မြန်မြန် ငါ့ကို S အဆင့်ရေသန့်နဲ့ တစ်ရှူး ယူလာပေး။”

ယွမ်နွန်က မြန်မြန်ပြောလိုက်၏။ ဆုဝမ်က ချက်ချင်း ပြေးထွက်သွားခဲ့သည်။

ကျန်သည့်လူများသည် နွားသားပေါက်မည့်အတွက် အချက်ပေးသံထွက်လာခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ အသီးသီး ထွက်သွားခဲ့ကြတော့သည်။ ဤနေရာ၌ လူများများရပ်နေလျှင်လည်း အကူအညီ ဖြစ်မည်မဟုတ်ပေ။ ရှောင်းယီနှင့် ဆုဝမ်သာ ထိုနေရာ၌ နေခဲ့ကြလေသည်။

“ငါ့အမှားပဲ။ ဒီကအချိန်နဲ့ အရင်ကမ္ဘာကအချိန်က မတူဘူး။ အဲ့ဒါကြောင့် ကိုယ်ဝန်ရှိတဲ့နွားတွေကို အမြဲဂရုစိုက်ခဲ့သင့်တယ်။”

ယွမ်နွန်က သူကိုယ်သူအပြစ်တင်လိုက်သည်။

“ကံကောင်းတာက ဒီမွေးမြူရေးခန်းမှာ အသိပေးခြင်း လုပ်ဆောင်ချက်ပါနေတာပဲ။”

ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။

“နောက်ကျရင် ပိုဂရုစိုက်လိုက်ပေါ့။ အခုရော တစ်ခုခုမှားယွင်းသွားတာမျိုး ရှိသေးလား။”

“အဆင်ပြေပါတယ်။ မကြာခင် စမွေးတော့မယ်။”

ယွမ်နွန်သည် ဆုဝမ် ယူလာသော ရေနှင့်တစ်ရှူးတို့ဖြင့် နွား၏ကိုယ်ထည်ကို သန့်ရှင်းရေး လုပ်ပေးလိုက်လေသည်။

မကြာခင်မှာပင် နွားမသည် အားစိုက်ကာ ညှစ်လိုက်ပြီး နွားပေါက်ကလေး၏ ခေါင်းနှင့် ရှေ့ခြေနှစ်ချောင်းမှာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ၎င်းအပေါ်တွင် အမြှေးပါးတစ်လွှာ ဖုံးနေသေးသည်။

ယွမ်နွန်က ထိုအမြှေးပါးကို မြန်မြန်ဆွဲဖွင့်ပေးလိုက်ပြီး နွားပေါက်ကလေး၏ ပါးစပ်နှင့် နှာခေါင်းပတ်လည်က အကျိအချွဲများကို သုတ်ပစ်လိုက်လေသည်။

ထိုအချိန်တွင် နွားပေါက်ကလေးက လေကို ရှူရှိုက်နေသည်အား ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။

ထို့နောက် ၎င်း၏အောက်ပိုင်းခန္ဓာကိုယ်ကိုလည်း မွေးဖွားလာခဲ့ပြီး ယွမ်နွန် ခင်းထားသော မြက်ခြောက်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။

ယွမ်နွန်သည် ချက်ကြိုးကို ကတ်ကြေးနှင့် သေချာညှပ်ဖြတ်လိုက်ပြီး သန့်ရှင်းရေး လုပ်ပေးလိုက်လေသည်။

“ဦးလေးယွမ် နောက်ထပ်ရှိသေးတယ်။”

ရှောင်းယီသည် နွားမကြီးမှာ ဆက်လက်ရုန်းကန်နေပြီး နောက်ထပ်ခြေနှစ်ချောင်းထွက်လာသည်ကို တွေ့လိုက်ရ၏။

ယွမ်နွန် အံ့ဩသွားခဲ့သည်။

“သူက နှစ်ကောင်တောင် ကိုယ်ဝန်ဆောင်ထားမယ်လို့ မထင်ထားခဲ့မိဘူး။ ပုံမှန်အားဖြင့် နွားတစ်ကောင်က နွားပေါက်ကလေးတစ်ကောင်ပဲ မွေးတတ်တယ်။”

သူက ပြောလိုက်သည်။ ထိုသို့ပြောရင်းဖြင့် ဒုတိယမြောက် နွားပေါက်ကလေးကိုလည်း ဂရစိုက်က်ပေးလိုက်သည်။

ရှောင်းယီသည် နွားကလေးနှစ်ကောင်နှင့် စနစ်အသိပေးချက်ကို ကြည့်လိုက်၏။

“[နွားပေါက်ကလေး] (S အဆင့်) ၂: အထီးတစ်ကောင်၊ အမတစ်ကောင်။ ကျန်းမာသည့်ခန္ဓာကိုယ်။”

နွားပေါက်ကလေး နှစ်ကောင် မွေးဖွားပြီးနောက် နွားမက ရပ်တန့်သွားခဲ့သည်။ ရှောင်းယီသည် ပင်ပန်းနေသော နွားမဆီသို့ သွားလိုက်၏။

“ဒါက တကယ်မလွယ်ဘူး။ နွားမနဲ့ နွားပေါက်ကလေးတွေကို S အဆင့်မြက်တွေ ကျွေးလိုက်ပါ။ မလုံလောက်ရင် ဖန်လုံအိမ်ထဲမှာ ထပ်စိုက်လို့ရတယ်။”

သူက ပြောလိုက်သည်။

“အင်း ငါနားလည်ပြီ။”

ယွမ်နွန်က ပြန်ဖြေလိုက်သည်။

ထို့နောက် နွားပေါက်ကလေးများသည် အလျင်အမြန် ထရပ်လာကြပြီး နို့စို့ရန် နွားမကြီးကို ရှာဖွေကြတော့သည်။

ယွမ်နွန်၏ ညွှန်ကြားချက်အောက်၌ နွားပေါက်ကလေးနှစ်ကောင်လုံးသည် ၎င်းတို့၏ဝမ်းဗိုက်များ ဖောင်းကားသွားသည်အထိ နို့စို့လိုက်ကြ၏။

“ငါတို့တွေ သောက်နိုင်တာထက် နို့တွေ ပိုများလာတော့မယ်ထင်တယ်။”

ယွမ်နွန်က ရယ်မောရင်း ပြောလိုက်သည်။

“နွားပေါက်ကလေးနှစ်ကောင်အတွက်ရော နို့က လုံလောက်ရဲ့လား။”

ရှောင်းယီက စိုးရိမ်စွာ မေးလိုက်၏။

“စိတ်မပူပါနဲ့။ ပုံမှန်နွားတစ်ကောင်ရဲ့ နို့ထွက်နှုန်းက နွားပေါက်ကလေး ၅ ကောင်၊ ၆ ကောင်စာအတွက် လုံလောက်တယ်။ အဲ့ဒါကြောင့် မကုန်နိုင်ဘူး။ ငါတို့ပါ ဝင်သောက်လို့ရသေးတယ်။”

ယွမ်နွန်က ပြုံးရယ်ကာ ပြန်ဖြေလိုက်သည်။

“ပြီးတော့ ငါတို့မှာရှိတာက S အဆင့်နွားတွေပဲ။ သာမန်နွားတွေထက် နို့ထွက်တဲ့ နှုန်းက ပိုများမယ်လို့ ငါထင်တယ်။”

“ဟုတ်ပြီ။ ဒါဆို နောက်မနက်စာအတွက် S အဆင့် နို့သောက်လို့ရပြီ။”

ရှောင်းယီက ကျေနပ်စွာ ပြောလိုက်သည်။

မကြာသေးခင်က မနက်စာအတွက် သောက်ခဲ့သော နို့များက B အဆင့်သာဖြစ်ပြီး နို့ထွက်သည့်နွားများက သာမန်မြက်များကိုသာ စားသောက်ပြီး A အဆင့်မြက်များကိုပါ စားရသောကြောင့် ထွက်သည့်နို့က အရည်အသွေးမမြင့်မားလှပေ။

သို့သော်လည်း ဤကိုယ်ဝန်ဆောင်နွားမသည် S အဆင့်မြက်များကို စားထားသောကြောင်း ထွက်လာသည့်နို့ကလည်း S။အဆင့်ဖြစ်မည်မှာ သေချာပေသည်။

ယွမ်နွန်သည် မီးဖွားပြီးနောက် နွားမကြီးကို သန့်ရှင်းရေးလုပ်ပေးလိုက်ပြီး ရှောင်းယီနှင့်အတူ အပြင်ပြန်ထွက်လာခဲ့သည်။

“အခြေအနေ ဘယ်လိုလဲ။”

အန်းရန်က စိုးရိမ်တကြီး မေးလိုက်သည်။

“ချောချောမွေ့မွေ့ပါပဲ။ နွားကလေးနှစ်ကောင်မွေးတယ်။ အထီးတစ်ကောင်၊ အမတစ်ကောင်ပဲ။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဦးလေးယွမ်ကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ငါတို့ နွားပေါက်တာကို ထိုင်ကြည့်နေရုံပဲ လုပ်တတ်မှာ။”

“ကောင်းလိုက်တာ။ ငါတို့ရဲ့ နို့စားနွားအုပ်ကြီးမှာ တပ်သားအသစ်တွေ တိုးလာပြီပေါ့။”

အန်းရန်က ပျော်ရွှင်စွာ ပြောလိုက်သည်။

“ဒါက တကယ်သတင်းကောင်းပဲ။ ဒီည ငါတို့ ဘာဘီကျူးပွဲတော် လုပ်ကြမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ကောင်းပြီ ငါ အခုချက်ချင်း ပြင်ဆင်လိုက်မယ်။”

အန်းရန်က ပြန်ဖြေလိုက်သည်။

ထို့နောက် အန်းရန်နှင့် ဆုဝမ်တို့သည် ရှောင်းယီ၏ ညွှန်ကြားချက်အတိုင်း အသားများကို လှီးဖြတ်ကာ နှပ်ထားလိုက်ကြ၏။ ကျားသား၊ ဝက်ဝံသား၊ ပင်လယ်ငါး၊ ရေချိုငါး၊ အရင်က ဝက်ရိုင်းသားတို့ဖြစ်သည်။

ထို့နောက် ဆလတ်ရွက်၊ ဟင်းသီးဟင်းရွက်၊ ပြောင်းဖူး၊ အာလူး၊ ခရမ်းသီးများ။

အန်းရန်တို့က ပါဝင်ပစ္စည်း အများအပြားကို ပြင်ဆင်ထားခဲ့ကြလေသည်။

သူတို့ ရေဆေးထားသည့် ခရမ်းသီးများကို မြင်သောအခါ ရှောင်းယီက ပြောလိုက်သည်။

“ကြက်သွန်ဖြူမပါတဲ့ ခရမ်းသီးမီးဖုတ်က ခရမ်းသီးမီးဖုတ်မဟုတ်ဘူး။”

“ငါလည်း ကြက်သွန်ဖြူကြိုက်ပါတယ်။ ဒါပေမယ့် စားပြီးရင် ပါးစပ်နံတယ်။ ဒီမှာက ပီကေလည်းမရှိ၊ သွားတိုက်ဆေးလည်းမရှိနဲ့ ပါးစပ်ကနေ ကြက်သွန်ဖြူနံ့ပဲ ထွက်နေလိမ့်မယ်။ မစားတာပိုကောင်းတယ်။”

အန်းရန်က မျက်စောင်းထိုးပြီး ပြောလိုက်သည်။

“ဒါတွေကို မင်းမသိပါဘူးကွာ။”

ရှောင်းယီက ပြောလိုက်၏။

“ကြက်သွန်ဖြူမပါတဲ့ ခရမ်းသီးမီးဖုတ်မှာ စိတ်ဝိညာဉ်မရှိဘူး။”

“ဒါဆို နင်သွားရှာလေ သူ့ရဲ့စိတ်ဝိညာဉ်ကို ရှာတွေ့ရင်တွေ့မှာပေါ့။”

အန်းရန်က နှုတ်ခမ်းကို ရွဲ့ပြီး ပြောလိုက်သည်။

“ဟုတ်ပြီ ငါသွားကြည့်လိုက်မယ်။ ဘယ်သူမှာ ကြက်သွန်ဖြူရောင်းဖို့ရှိလဲလို့။”

ရှောင်းယီက ပြုံးစိစိဖြင့် မီးဖိုခန်းထဲမှ ထွက်သွားခဲ့တော့သည်။ မီးဖိုခန်းထဲတွင်မူ အစားအစာအမျိုးမျိုး၏ ရနံ့များ ပျံ့နှံနေပြီဖြစ်သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်ရောက်သောအခါ ရှောင်းယီက သူ၏သီးသန့်ချန်နယ်ကို ကြည့်လိုက်သည်။

ဘာမှမရှိပေ။

ယခုအချိန်တွင် အသက်ရှင်ကျန်ရစ်သူတိုင်းနီးပါးသည် ယီရန်ပင်းက အစားအစာမျိုးစေ့များနှင့် ရှားပါးပစ္စည်းများ စုဆောင်းနေခြင်းကို သိထားကြပေသည်။

ထို့ကြောင့် သူတို့မျိုးစေ့များ ရခဲ့လျှင် သို့မဟုတ် တစ်ခုခုထူးဆန်းတာများရခဲ့လျှင် ရှောင်းယီကို သီးသန့်စာတိုဖြင့် ဆက်သွယ်တတ်ကြ၏။

ရှောင်းယီကလည်း သူတို့ကို စိတ်ကျေနပ်စရာကောင်းသည့် စျေးနှုန်းမျိုး ပြန်ပေးမည်ဖြစ်သည်။

သို့သော်လည်း ထိုပစ္စည်းများကို ရရှိနိုင်ရန်မှာ အခွင့်အလမ်း နည်းပါးလှပေသည်။ ရှောင်းယီ သီးသန့်စာတို ရရှိခဲ့သောအကြိမ်ရေက လက်ချိုးရေတွက်၍ပင် ရနိုင်၏။

ရှောင်းယီ ခေါင်းခါပြီး အများသုံးချန်နယ်ကိုပြောင်းရန် ပြင်လိုက်စဉ် ရုတ်တရက် သီးသန့်စာတိုပို့သည့်အသံကို ကြားလိုက်ရလေသည်။

“တစ်ကိုယ်တော်ရှင်သန်ခြင်းက သင့်ကိုသီးသန့်စာတိုပေးပို့ရန် တောင်းဆိုနေပါသည်။ သဘောတူပါသလား။”

အစက မိမိလိုချင်သည့်အရာများကို တွေးတောနေရာမှ တစ်ကိုယ်တော်ရှင်သန်ခြင်းဟူသည့် အမည်ကို မြင်လိုက်ရသောကြောင့် ရှောင်းယီ မျက်ခုံးပင့်မိပြီး သဘောတူလိုက်၏။

“သူဌေး...သူဌေးသိလား။ သူဌေးဆီက အနွေးထည်အင်္ကျီငှားပြီး ပစ္စည်းသေတ္တာဖွင့်လိုက်တာလေ။”

တစ်ကိုယ်တော်ရှင်သန်ခြင်းက စိတ်လှုပ်ရှားစွာပြောလိုက်၏။

“စုစုပေါင်း အုတ်မြစ်ကျောက်တုံး ၈ ခုရခဲ့တယ်။ အခြားပစ္စည်းတွေလည်း အများကြီးရခဲ့တယ်။ ဖန်တွေ၊ ပလပ်စတစ်တွေ၊ ကြေးနီတွေ...”

ရှောင်းယီ၏ မျက်နှာမှာ မည်းမှောင်သွားခဲ့သည်။

သီးသန့်စာတိုနဲ့ စကားပြောဖို့သဘောတူထားတာက အဲ့ဒါပြောဖို့လား။

“တစ်ခုခုထူးခြားတာရှိလို့လား။ အဓိကအချက်ကိုပြော။”

ရှောင်းယီက သူ့စကားကိုဖြတ်တောက်လိုက်ပြီး မဆိုင်သည်များကို ကျော်ပစ်လိုက်လေသည်။

ထိုအခါ တစ်ကိုယ်တော်ရှင်သန်ခြင်းက ချက်ချင်းပြန်ဖြေလိုက်သည်။

“ရှိတယ်...။ ဒီနေ့ပစ္စည်းသေတ္တာဖွင့်တုန်း ကျုပ် တားမြစ်ချက်နားသွားကြည့်ခဲ့သေးတယ်။ ကျုပ် ဘာတွေ့ခဲ့တယ်ထင်လဲ။”

All Chapters