← Chapters

အခန်း (၁၇၈-၁၈၀)

Vol. 12 Ch. 178-180

အခန်း (၁၇၈-၁၈၀)

Vol. 12 Ch. 178-180

အခန်း (၁၇၈) အဆီရွှဲနေသော အသားတုံး

“သူတို့က ငါတို့နဲ့ အတော်ဆင်တာပဲ။”

ကုထောင်ချွေ့ရှန်းသည် ဒေသခံများ၏ အသွင်အပြင်ကိုကြည့်ရင်း ပြောလိုက်ပြီး အခန်းထဲ၌ ပစ္စည်းများကို မွှေနှောက်ရှာဖွေလိုက်သည်။

“ပစ္စည်းတွေ အများကြီးပါလား။”

ကုထောင်ချွေ့ရှန်း၏ မျက်လုံးများ တောက်ပလင်းလက်သွားခဲ့၏။

ရေသန့်ပုံးများ၊ ဂျုံစပါးများ၊ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် လက်နက်များ...။

“ဒါက တကယ်ကို အဆီဝေ့နေတဲ့အသားတုံးကြီးပဲ။”

ကုထောင်ချွေ့ရှန်းသည် ပျော်ရွှင်သွားသော်လည်း နောက်အခိုက်အတန့်မှာပင် စိုးရိမ်စိတ်များ ဝင်ရောက်လာခဲ့လေသည်။

ပစ္စည်းများ အများကြီးရှိသည်မှာ မှန်သော်လည်း အချိန်မည်မျှကြာအောင် သယ်ရမလဲမသိပေ။ ထိုတားမြစ်ချက်ကလည်း ပြန်ပိတ်သွားမလားဆိုသည်ကို သူ မသိရပေ။ အကယ်၍ ပြန်ပိတ်သွားခဲ့လျှင် သူတစ်ယောက်တည်း ဤနေရာတွင်ကျန်ရစ်ခဲ့ပြီး အသတ်ခံရပေလိမ့်မည်။

အနည်းငယ်စဉ်းစားပြီးနောက် ရေတစ်ပုံးနှင့် အစားအစာအားလုံးကို ယူဆောင်ကာ သံလှံတစ်ချောင်းနှင့် ကျောက်လှံနှစ်ချောင်းကို လှေပေါ်သို့ပစ်တင်ပြီး အမြန်ပြန်လှည့်လာခဲ့လိုက်တော့သည်။

ကျိုးပျက်နေသော တားမြစ်ချက်ကို ဖြတ်ကျော်ပြီးနောက် ကုထောင်ချွေ့ရှန်းသည် ပစ္စည်းများကို သူ၏ကျွန်းဆီသို့ သယ်ဆောင်လာခဲ့၏။

“သူဌေး ကျုပ် အပေါက်ကြီးတွေ ဖောက်ပြီးတော့ အပြင်ဘက်မှာရှိတဲ့ သင်္ဘောကြီးတစ်စီးကို ရေခဲသွားစေခဲ့တယ်။ အဲ့ဒီမှာ ပစ္စည်းတွေ အများကြီးရှိတယ်။ ကျုပ် တားမြစ်ချက် ပြန်ပိတ်သွားမှာစိုးလို့ နည်းနည်းပဲ ယူလာခဲ့တယ်။ ကျုပ်တို့ တစ်ယောက်တစ်ဝက်စီ ယူကြမယ်။”

ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။

“ပစ္စည်းကောင်းတွေရှိလား။”

ရှောင်းယီက မေးလိုက်၏။

“ရေနဲ့ အစားအစာ၊ လက်နက်နဲ့ လှံတွေ၊ အကောင်းဆုံးတွေက သံနဲ့လုပ်ထားတဲ့ဟာပဲရှိတယ်။”

ကုထောင်ချွေ့ရှန်းက ပြန်ဖြေလိုက်ပြီး သူယူလာသော ပစ္စည်းများအားလုံးကို စာတိုချန်နယ်တွင် တင်ပြလိုက်သည်။ ရှောင်းယီက ၎င်းတို့ကို ဖတ်ကြည့်ပြီးနောက် ပြန်ဖြေလိုက်သည်။

“မင်းပဲ သိမ်းထားလိုက်။ ငါ့မှာ အကုန်ရှိတယ်။”

“ကျေးဇူးတင်ပါတယ် သူဌေးကြီး။”

ကုထောင်ချွေ့ရှန်းက ပြန်ဖြေလိုက်သည်။

“တားမြစ်ချက် ပြန်ပိတ်သွားပြီးလားဆိုတာ သွားကြည့်လိုက်။ မပိတ်ရသေးရင် မင်းကို လှည်းငှားပေးမယ်။ သင်္ဘောပေါ်က ပစ္စည်းတွေအားလုံးကို ပြန်သယ်လာခဲ့။”

ရှောင်းယီက ပြောလိုက်သည်။

“ကောင်းပြီ ကျုပ်သွားကြည့်လိုက်မယ်။နာရီဝက် အတွင်းသတင်းပို့မယ်။”

ကုထောင်ချွေ့ရှန်းက ပြောလိုက်၏။

ထိုသို့ပြောပြီးနောက် ကုထောင်ချွေ့ရှန်းသည် အလျင်အမြန် ထွက်သွားပြီး သူ၏လှေကိုယူကာ သူဖျက်စီးထားသော တားမြစ်ချက်နားသို့ သွားကြည့်လိုက်လေသည်။

စကားဝိုင်းပြီးသွားပြီးနောက် ရှောင်းယီက စိတ်ထဲမှ ပြောလိုက်၏။

“ဒီကမ္ဘာက ဒေသခံတွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်းက သိပ်မမြင့်သေးတဲ့ပုံပဲ။ သူတို့က ကျောက်လှံတွေ သုံးနေဆဲပဲ။”

ဤနေရာရှိ ဒေသခံများက ကျောက်ခေတ်အလွန်ကာလကိုသာ ရောက်နေသေးလျှင် သိပ်ပြီး စိုးရိမ်စရာမလိုပေ။

အချိန်နာရီဝက်မှာ အလျင်အမြန် ကုန်ဆုံးသွားပြီးနောက် ကုထောင်ချွေ့ရှန်းဆီမှ သတင်းရောက်လာခဲ့လေသည်။

“သူဌေးကြီး ကျုပ်ကြည့်ပြီးပြီ။ အနည်းဆုံး နာရီဝက်အတွင်း ပြန်မပိတ်သေးဘူး။ ဖြည်းဖြည်းချင်းပဲ ကြီးလာနေတယ်။ ဒီတားမြစ်ချက်က ကျုပ်ကြောင့် လုံးဝပျက်စီးသွားပြီလို့တောင် ခံစားရတယ်။”

ကုထောင်ချွေ့ရှန်းက ပြောလိုက်၏။

“ကောင်းပြီ ဒါဆို ဒီမြင်းလှည်းနဲ့ သင်္ဘောပေါ်က ပစ္စည်းတွေအားလုံးကို သယ်လာခဲ့။”

“[လှည်း] တစ်နာရီအသုံးပြုခွင့် ၁၊ [ဖာဂါနာမြင်း] (SSS အဆင့်) တစ်နာရီအသုံးပြုခွင့် ၁ - အခမဲ့လဲလှယ်ခြင်း။”

ဖာဂါနာမြင်း၏အဆင့်ကို မြင်လိုက်ရသောအခါ ကုထောင်ချွေ့ရှန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“သူဌေးကြီး ဒီလိုအဆင့်မြင့်တဲ့မြင်းကို ဘယ်ကရလာတာလဲ။”

အဘယ်ကြောင့်ဆိုသော် ယခုအချိန်အထိ ပစ္စည်းသေတ္တာထဲမှ သက်ရှိပစ္စည်းများကို မည်သူမှ မရဖူးသေးသောကြောင့်ပင်။

“ငါ့ရဲ့ကျွန်းပေါ်မှာ ဆင့်ကဲပြောင်းလဲ...။”

ရှောင်းယီဖြေလို့ မပြီးသေးခင်မှာပင် သူကဆက်မေးလိုက်၏။

“သူဌေးကြီးရဲ့ကျွန်းက အဲ့လောက်တောင် တိုးတက်နေပြီလား။”

“ဘာလို့ စကားများနေပြန်တာလဲ။ မြန်မြန်သုံးပြီး မြန်မြန်ပြန်ပေး။”

ရှောင်းယီက ရယ်မောရင်း ဆူပူလိုက်သည်။

“ဟုတ်ကဲ့။”

ကုထောင်ချွေ့ရှန်းက ပြန်ဖြေလိုက်ပြီး လဲလှယ်မှုကို သဘောတူလိုက်တော့လေသည်။ ထို့နောက် ဖာဂါနာမြင်း၏ နောက်ကျောတွင် မြင်းလှည်းကို တပ်ဆင်လိုက်ပြီး မြင်း၏ခြေထောက်များကို အဝတ်ဖြင့် စည်းထားလိုက်သည်။ သို့မှသာ ရေခဲပေါ်တွင် ချော်မသွားမှာဖြစ်သည်။

အရာအားလုံး လုပ်ဆောင်ပြီးသွားသည့်နောက် ကုထောင်ချွေ့ရှန်းသည် မြင်းလှည်းကိုမောင်းကာ တားမြစ်ချက်၏ အပေါက်ကြီးဆီသို့ ထွက်လာလိုက်တော့လေသည်။

တားမြစ်ချက်ကို ဖြတ်ကျော်ပြီး အလတ်စားရွက်လှေနားသို့ ရောက်လာသောအခါ သင်္ဘောပေါ်မှ သယ်ဆောင်၍ရသော ပစ္စည်းများအားလုံးကို မြင်းလှည်းပေါ်သို့ တင်လိုက်၏။

“ဟမ်...ဒါကဘာလဲ။”

ကုထောင်ချွေ့ရှန်းသည် သင်္ဘော၏ပဲ့တင်နားတွင် မျဉ်းကြောင်းများ ရေးဆွဲထားသော သားရေပြားတစ်ခုကို တွေ့လိုက်ရလေသည်။

သူလည်း နားမလည်သောကြောင့် ချက်ချင်းယူပြီး သိမ်းလိုက်တော့သည်။

“ဒါက ဘာလဲဆိုတာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ ပြန်ကြည့်လိုက်မယ်။”

သင်္ဘောပေါ်တွင် ပစ္စည်းများ အများကြီးရှိသော်လည်း လှည်းတစ်စီးက ထိုအရာများအားလုံး သယ်ဆောင်ပေးနိုင်သည်။

“ဒါလည်းကောင်းပါတယ်။ နောက်တစ်ခါပြန်လာစရာ မလိုတော့ဘူးပေါ့။”

ထို့နောက် ကုထောင်ချွေ့ရှန်းတစ်ယောက် မြင်းလှည်းကိုမောင်းကာ သူ၏ကျွန်းသို့ ပြန်လှည့်လာခဲ့လိုက်တော့သည်။

တားမြစ်ချက်ကို ဖြတ်ကျော်ပြီး သူ၏ကျွန်းသို့ ပြန်ရောက်သောအခါ သူသည် မြင်းလှည်းနှင့် ဖာဂါနာမြင်းကို ရှောင်းယီဆီသို့ ချက်ချင်း ပြန်ပေးလိုက်၏။

“သူဌေးကြီးရဲ့ ဖာဂါနာမြင်းက တကယ်အံ့ဩစရာပဲ။ ပစ္စည်းတွေ အပြည့်ဖြစ်နေတာတောင် အားမစိုက်ဘဲ ဆွဲနိုင်တယ်။”

ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။

“အားလုံးသယ်လာ ပြီးပြီဆိုရင် တားမြစ်ချက်ကို ဆက်ပြီး ဖျက်စီးပစ်လိုက်တော့။”

ရှောင်းယီက ပြောလိုက်၏။

မည်သို့ပင်ဖြစ်စေကာမူ ရှောင်းယီ၏အကြံမှာ ‘ငါတို့ကိုပဲ အအေးဒဏ် ခံခိုင်းလို့မရဘူး။ အတူတူ ခံသင့်တယ်။’ ဟူ၍ပင်ဖြစ်သည်။

တကယ်လို့ အေးမယ်‌ဆိုရင် လူတိုင်းအေးရမှာပေါ့။

“ဒါပေမယ့် ကျုပ် ပဲ့တင်နားမှာ ဒီလိုပစ္စည်းတစ်ခုတွေ့ခဲ့တယ်။”

ထိုသို့ပြောပြီးနောက် ကုထောင်ချွေ့ရှန်းသည် တိရစ္ဆာန်သားရေစတစ်ခုကို လဲလှယ်ပေးလိုက်သည်။

“[ပျောက်ဆုံးနေသော သိုးသားရေ မြေပုံစာလိပ်] ၁ - အခမဲ့လဲလှယ်ခြင်း။”

ရှောင်းယီက စာလိပ်ကိုမြင်သောအခါ အံ့အားသင့်သွားပြီး အလဲအလှယ်ကို သဘောတူလိုက်သည်။

စာလိပ်ကိုရပြီးနောက် စနစ်၏အသိပေးချက်ကို ကြားလိုက်ရလေသည်။

“[ပျောက်ဆုံးနေသော သိုးသားရေ မြေပုံစာလိပ်] - အနီးအနားရှိ ပင်လယ်ပြင်လမ်းကြောင်းများနှင့် မျိုးနွယ်စုများရှိရာ ကျွန်းများကိုမှတ်သားထားသည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏မြေပုံတွင် အသုံးပြုနိုင်သည်။”

ထိုမြေပုံ၏ အကြံပြုချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ မြေပုံတွင် ချက်ချင်း အသုံးပြုလိုက်၏။ ထို့နောက်မြေပုံ၏အရှေ့မြောက်ဘက်တွင် သေးငယ်သောဧရိယာတစ်ခု ပေါ်လာခဲ့လေသည်။

ချဲ့ကြည့်လိုက်သောအခါ ထိုနေရာတွင် ကျွန်းများစွာရှိပြီး ကျွန်းတိုင်းတွင် မျိုးနွယ်စုများ ရှိနေသည်ကို တွေ့လိုက်ရလေတော့သည်။

“ဒီလောက်သေးတဲ့နေရာမှာ မျိုးနွယ်စုတွေ ရာနဲ့ချီပြီး ရှိနေတာလား။”

ရှောင်းယီ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ မြေပုံကို အံ့အားသင့်စွာကြည့်နေမိ၏။

ပို၍ထိတ်လန့်စရာကောင်းသည်မှာ ဤမျှများပြားသော မျိုးနွယ်စုများက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ မြေပုံ၏ ထောင့်ကျဉ်းကျဉ်းလေးမှာသာ ရှိနေခြင်းဖြစ်ပြီး ကျန်သည့်မြေပုံအစိတ်အပိုင်းအများစုက အမှောင်ထုများသာ ဖြစ်နေသေးခြင်းပင်ပင်။

“ဒီကမ္ဘာက ဘယ်လောက်တောင် ကြီးတာလဲ။”

ရှောင်းယီ မခန့်မှန်းနိုင်တော့ပေ။

ကုထောင်ချွေ့ရှန်းသည်မူ တားမြစ်ချက်ကို ဆက်လက်ဖျက်ဆီးနေပြီး ညနေအထိအလုပ်လုပ်ပြီးနောက် သူ၏ကျွန်းသို့ ပြန်ရောက်လာခဲ့သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ရှောင်းယီက C အဆင့်ငါးဟင်းတစ်ခွက်ပို့ထားပြီး နောက်တွင် မက်ဆေ့ချ်တစ်ခု ရေးထားခဲ့၏။

“ဒီမြေပုံက အရမ်းအသုံးဝင်တယ်။ ဒါက မင်းအတွက် ဆုလာဒ်ပဲ။”

“သူဌေးက အရမ်းကြင်နာတတ်တာပဲ။ သူဌေးက ပစ္စည်းတွေကို မယူတဲ့အပြင် ဆုလာဒ်တစ်ခုတောင် ပေးလိုက်သေးတယ်။ ကျေးဇူးတင်ပါတယ် သူဌေး။”

ကုထောင်ချွေ့ရှန်းက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

တားမြစ်ချက်အား ဖျက်ဆီးမည့်အကြံကို ရှောင်းယီ ပေးခဲ့ခြင်းဖြစ်ပြီး ကုထောင်ချွေ့ရှန်းက အကောင်အထည်ဖော်သူသာဖြစ်သည်။ ရှောင်းယီက မြင်းလှည်းကိုပင် ငှားပေးခဲ့၍ မဟုတ်လျှင် သူ ခေါက်တုံ့ခေါက်ပြန် သွားနေရပေလိမ့်မည်။

ဟုတ်ပါသည်။ စကားလုံးလှလှလေးတွေတော့ ပြောတတ်ရမည်ဖြစ်သည်။ ထို့ပြင် C အဆင့်ငါးဟင်းသည်လည်း မဖြစ်မနေ စားရမည့် ဟင်းတစ်ခွက်ပင်ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် အဆင့်ပါသည့်အစားအစာများ စားရခြင်းက လူတိုင်း အိပ်မက်မက်နေရသည့်အရာ ဖြစ်သောကြောင့်ပင်။

“သူဌေးကြီးက ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ထားတာလဲမသိဘူး။ ဆီ၊ ဆား၊ ဇီရာတွေလည်း ရှိတယ်။ အစားအစာရဲ့ အဆင့်တွေကလည်း မြင့်တယ်။ လူလူချင်း အတူတူကို ဘာလို့ ဒီလောက်တောင် ကွာခြားရတာလဲ။”

ကုထောင်ချွေ့ရှန်းက တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။

ရှောင်းယီသည် ညစာစားချိန်၌ ကုထောင်ချွေ့ရှန်း တားမြစ်ချက်အား ဖျက်ဆီးလိုက်သည့်အကြောင်း လူတိုင်းကိုပြောပြလိုက်၏။

“တားမြစ်ချက်က အဲ့လောက်တောင် အားနည်းတာလား။ သာမန်လူတစ်ယောက်က လှံနဲ့တစ်ချက်ထိုးရုံနဲ့ ကျိုးပေါက်သွားတယ်ပေါ့။”

အန်းယွဲ့က အနည်းငယ် မယုံနိုင် ဖြစ်နေခဲ့သည်။

“ဟုတ်တယ်...။ အဲ့ဒီတားမြစ်ချက်က ကမ္ဘာနှစ်ခုကို ပိုင်းခြားထားနိုင်တယ်။ ရာသီဥတုတောင် မတူဘူး။ အဲ့လောက်ခိုင်မာတဲ့အရာက ဒီလိုပဲ လွယ်လွယ်နဲ့ ကျိုးပေါက်သွားတာလား။”

ယွမ်နွန်ကလည်း မျက်မှောင်ကျုံ့နေ၏။ ရှောင်းယီ ခေါင်းခါပြလိုက်သည်။

“ကျုပ်လည်း မသိဘူး။ ဒါပေမယ့် အချက်အလက်ကတော့ အဲ့ဒါကို လူတစ်ယောက်က ထိုးဖောက်လိုက်တာပဲ။”

အခန်း ၁၇၉ မွေးမြူရေးခန်း ပေါက်ကွဲခြင်းနှင့် အပူချိန် လျင်မြန်စွာ မြင့်တက်လာခြင်း

“အထဲကနေ ဖျက်ဆီးတာက ပိုလွယ်လို့များ ဖြစ်နိုင်လောက်မလား။”

ဆုဝမ်က ပြောလိုက်သည်။

“ဒီတားမြစ်ချက်က ဒေသခံတွေရဲ့ အပြင်ကနေ တိုက်ခိုက်မှုကို ကာကွယ်ဖို့ပဲ ဖြစ်နိုင်တယ်။ ဒါကြောင့် ပြင်ပအကာအကွယ်ကတော့ မြင့်မားရမယ်။”

“ဖြစ်နိုင်တယ်။”

လူတိုင်း ခေါင်းငြိမ့်လိုက်ကြသည်။ ရှောင်းယီ ခဏကြာအောင် တွေးတောကြည့်လိုက်၏။

“ဒီလိုဆိုရင် မနက်ဖြန်ကျရင် ကုထောင်ချွေ့ရှန်းကို ထပ်ပြီး စမ်းသပ်ကြည့်ခိုင်းလိုက်မယ်။”

“ကောင်းတယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“မနက်ဖြန်ကျရင် သူ့ကို တားမြစ်ချက်ရဲ့အပြင်ကနေ တားမြစ်ချက်ကို တိုက်ခိုက်ခိုင်းကြည့်ရမယ်။”

“အင်း...မနက်ဖြန်ကျရင် ငါ သူ့ကိုပြောလိုက်မယ်။ မနက်ဖြန်ကစပြီး အစ်ကိုကျန်းက မင်းတို့ကို စစ်တပ်အထူးတိုက်ခိုက်ရေးပညာကို သင်ပေးလိမ့်မယ်။ ငါက ဒီမှာသင်ပြီးသားမို့လို့ မင်းတို့ရဲ့ လေ့ကျင့်ရေးမှာ မပါတော့ဘူး။”

ရှောင်းယီက ပြောလိုက်သည်။

ညစာစားပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်သွားပြီး အများသုံးချန်နယ်သို့ ပြောင်းလိုက်သည်။

“ဟေး...အပူချိန် နည်းနည်းတက်လာတာကို သတိထားမိကြလား။”

ထိုသတင်းကိုမြင်သောအခါ ရှောင်းယီက စနစ်ကို တစ်ချက်ကြည့်လိုက်သည်။

“ပြင်ပအပူချိန် အနှုတ် ၆၂ ဒီဂရီစင်တီဂရိတ်။”

“တစ်နေ့တည်းနဲ့ ၁၀ ဒီဂရီတောင် တက်သွားတာလား။”

ရှောင်းယီက ရေရွတ်လိုက်မိသည်။

“ဒါက ကုထောင်ချွေ့ရှန်း တားမြစ်ချက်ကို ဖျက်ဆီးလိုက်တာနဲ့များ ဆက်စပ်နေနိုင်မလား။”

“ဟုတ်လို့လား။ ငါကတော့ အရမ်းအေးနေတုန်းပဲလို့ ခံစားရတယ်။ အပြင်မထွက်နိုင်သေးဘူး။”

“နည်းနည်းတော့ တက်လာသင့်တယ်။ ကျုပ် ဒီနေ့ပစ္စည်းသေတ္တာဖွင့်တုန်းက မနေ့ကဝတ်ထားတာနဲ့ အတူတူပဲ ဝတ်ထားခဲ့တာ။ ဒါပေမယ့် မနေ့ကလောက် မအေးဘူးလို့ ခံစားရတယ်။”

“တကယ်လား။ ငါတော့ ဘာမှမခံစားရဘူး။ တကယ်ဆိုရင်တော့ အရမ်းကောင်းမှာပဲ။”

“ဘာကိုကောင်းတာလဲ...။ အပူချိန်တက်လာရင် ပင်လယ်သတ္တဝါတွေ ပြန်ထွက်လာလိမ့်မယ်။ ဒီလိုသာ ဆက်သွားနေရင် မနက်ဖြန်မှာ ပစ္စည်းသေတ္တာဖွင့်ဖို့ ဒီလောက် မလွယ်တော့ဘူး။”

“အဲ့ဒါကြောင့် အခုအခွင့်အရေးကို အမြန်ဆုပ်ကိုင်ထားကြ။”

“ယီရန်ပင်းရဲ့သိပ္ပံနည်းကျ အချက်အလက်တွေကို ရှာဖွေနေပါတယ်။ ဒီနေ့အပူချိန်တက်လာလား။”

ရှောင်းယီသည် တစ်စုံတစ်ယောက်က သူ့ကို ဖော်လိုက်ပြသည်ကို မြင်သောအခါ ပြောလိုက်၏။

“လက်ရှိအပူချိန်က အနှုတ် ၆၂ ဒီဂရီဖြစ်ပြီး မွန်းလွဲပိုင်းထက် အပူချိန် ၁၀ ဒီဂရီမြင့်လာတယ်။”

“တစ်ယောက်ယောက်က ခံစားမိနိုင်တယ်ဆိုတာ အံ့အားသင့်စရာမရှိတော့ဘူး။ ၁၀ ဒီဂရီတောင် တက်သွားတာပဲ။”

“ပင်လယ်သတ္တဝါတွေ ပြန်ထွက်လာမယ်ဆိုရင်တောင် ဒီလိုအေးတဲ့နေ့မျိုးမှာတော့ မနေချင်ဘူး။”

“ငါရောပဲ...။ အရင်ကလို နေဝင်ချိန်အောက်မှာ ပြေးလွှားချင်သေးတယ်။ ဒါက ငါ့ရဲ့ဆုံးရှုံးသွားတဲ့ လူငယ်ဘဝပဲ။”

“ဒါပေမယ့် ဒါက နေ့တစ်ဝက်တည်းနဲ့ ၁၀ ဒီဂရီတက်လာတာပဲ။ ဒီကမ္ဘာမှာ ဝင်ရိုးစွန်းပြောင်းပြန်ဖြစ်သွားတာလိုမျိုး တစ်ခုခုဖြစ်နေတာတော့ မဟုတ်ဘူးမလား။ အခုက အရမ်းအေးနေတယ်။ နောက်အပတ်ကျရင် ဒုတိယအပတ်တုန်းကလိုပဲ လူတိုင်းကို အပူဒဏ်ကြောင့် သေသွားစေလိမ့်မယ်။”

“တောက်...မင်းက ကျီးကန်ပါးစပ်ပဲ။ မင်းရဲ့ပါးစပ်ကို ငါတကယ်ပိတ်ထားချင်တယ်။”

“ဟုတ်တယ်...ငါတော့ ပထမနဲ့ တတိယပတ်ရဲ့ရာသီဥတုမျိုးပဲ လိုချင်တယ်။”

“ငါရောပဲ....ငါတို့ကိုယ်တိုင် ကြိုက်တဲ့ရာသီဥတုကို ရွေးချယ်နိုင်ရင် ကောင်းမှာပဲ။”

“ဒါဆိုရင် မင်းအိပ်ရာထဲဝင်ပြီး သွားအိပ်လိုက်။ အိပ်မက်ထဲမှာ မင်းလိုချင်တာ အကုန်ရှိတယ်။”

ရှောင်းယီက ဈေးကွက်ပေါ်ရှိ ရေနှင့် အစားအစာများကို ဖြည့်စွက်လိုက်၏။ မနေ့က သူသည် အစားအစာအတွက် အုတ်မြစ်ကျောက်များကို အသုံးပြုခဲ့ပြီး အုတ်မြစ်ကျောက် ၆၂၅ ခု ထပ်မံရရှိခဲ့သည်။

ထင်ရှားစွာပင် ထိပ်ဆုံးအဆင့်အစုံ ၅၀၀ ဝယ်ယူသူများကို ဆလတ်ရွက်ပေးသည့် စျေးကွက်ရှာဖွေရေးဗျူဟာမှာ အလွန်ထိရောင်လှပေသည်။ သို့မဟုတ်ပါက လူများစွာသည် အစားအစာအတွက် အုတ်မြစ်ကျောက်များဖြင့် လဲလှယ်ကြမည်မဟုတ်ပေ။

“ဒေါက်! ဒေါက်! ဒေါက်!”

ရှောင်းယီ၏အိပ်ခန်းတံခါးကို တစ်စုံတစ်ယောက်က ခေါက်လိုက်၏။

“ဝင်ခဲ့ပါ”

ရှောင်းယီက ပြောလိုက်သည်။ ထိုအခါ ယွမ်နွန်တစ်ယောက် မျက်မှောင်ကျုံ့ကာ ဝင်လာခဲ့လေသည်။

“အရင်က မွေးထားတဲ့ ဝက်ရိုင်းက နောက်ထပ် ဝက်ပေါက်တွေ မွေးထားတယ်။”

ရှောင်းယီ အံ့ဩသွားခဲ့သည်။

“ဒါက ကောင်းတဲ့အရာပဲလေ။ ဦးလေးက ဘာလို့ အပျော်မရွှင်ဖြစ်နေတာလဲ။”

“ကောင်းတာတော့ ကောင်းတာပေါ့။ ဒါပေမယ့် ငါတို့ရဲ့မွေးမြူရေးခန်းက နေရာမလုံလောက်တော့ဘူး။”

ယွမ်နွန်က ပြန်ဖြေလိုက်သည်။

မွေးမြူရေးခန်းထဲ၌ အများဆုံး မွေးမြူနိုင်သညည့် တိရစ္ဆာန်အရေအတွက်မှာ ၁၆ ကောင်ဖြစ်ပြီး လက်ရှိတွင် နွား ၆ ကောင်ရှိကာ မွေးဖွားမှုမတိုင်မီ ဝက်ရိုင်း ၈ ကောင်ရှိခဲ့၏။ ဆိုလိုသည်မှာ ဝက်ရိုင်းသည် မွေးမြူရေးခန်း၏ အများဆုံးအရေအတွက်သို့ ရောက်ရှိရန် ဝက်ပေါက် ၂ ကောင်သာ မွေးရမည်ဖြစ်သည်။

“ဝက်ရိုင်းက ဝက်ပေါက်ဘယ်နှစ်ကောင်မွေးခဲ့လို့လဲ။”

ရှောင်းယီက မေးလိုက်သည်။

“၁၂ ကောင်။”

ယွမ်နွန်က အကူအညီမဲ့စွာ ပြန်ဖြေလိုက်၏။

“သူတို့က ဒီမှာအစားကောင်းကောင်းစားတယ်၊ အိပ်ရေးလည်း ဝဝအိပ်တယ်။ အချိန်ရရင် မိတ်လိုက်တယ်။ အောင်မြင်နှုန်းကလည်း မြင့်တယ်။ အထီးနဲ့ အမကို ခွဲထားတာ ပိုကောင်းမလားလို့တောင် ငါ တွေးနေမိပြီ။”

ရှောင်းယီ သူ၏နဖူးကို ပွတ်သပ်လိုက်မိသည်။

“ဘာပဲဖြစ်ဖြစ် အခုက ဝက်ပေါက်တွေပဲရှိပါသေးတယ်။ နေရာအများကြီး မယူသေးပါဘူး။ ခဏလောက်တော့ သည်းခံလိုက်ပါ။”

“အင်း”

ယွမ်နွန်က အကူအညီမဲ့စွာ ပြောလိုက်သည်။

“ပြီးတော့ ကြက်၊ ဘဲ မွေးမြူရေးခန်းကလည်း ပြည့်နေပြီ။”

“ဒါဆို ကြက်ဥနဲ့ ကြက်သားစကားရအောင်။”

ရှောင်းယီက ပြောလိုက်သည်။

“အင်း ငါ အန်းရန်တို့ကို ပြောလိုက်မယ်။”

ထိုသို့ပြီးနောက် ယွမ်နွန်တစ်ယောက် ရှောင်းယီ၏ အိပ်ခန်းထဲမှ ပြန်ထွက်သွားခဲ့တော့လေသည်။

“ဒီကျေးလက်ဗီလာတစ်လုံးက လုံလောက်ပြီလို့ ထင်ခဲ့တာ။ အခုတော့ မလုံလောက်သေးပုံပဲ။”

ရှောင်းယီ ညည်းညူလိုက်မိသည်။

ထိုဝက်ပေါက်လေးများကို သဘာဝအတိုင်း စွန့်လွှတ်၍ မရပေ။ ဝက်ရိုင်းအများကြီးကို မည်သို့ကိုင်တွယ်ရမလဲဆိုသည်ကိုလည်း စဉ်းစားရပေဦးမည်။

အဓိကပြဿနာမှာ ပြင်ပအပူချိန်က ဝက်ရိုင်းများကို အပြင်၌ မွေးမြူရန် လုံးဝမသင့်တော်ခြင်းပင်။

“မနက်ဖြန်အထိ စောင့်ရမှာပဲ။”

ရှောင်းယီ အကူအညီမဲ့သလို ခံစားလိုက်ရသည်။

တစ်ညလုံး ဘာမှမဖြစ်ခဲ့ပေ။ နောက်နေ့မနက် ရှောင်းယီ အိပ်ရာထသည်နှင့် အန်းယွဲ့က သူ့ကိုလာရှာခဲ့သည်။

“ဟမ်..ဦးလေးက အထူးလေ့ကျင့်ရေးနေရာမှာ ရှိသင့်တာ မဟုတ်ဘူးလား။”

ရှောင်းယီက အန်းယွဲ့ကိုမြင်သောအခါ ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ငါတို့ သွေးပူလေ့ကျင့်ခန်းလုပ်နေတုန်း ပင်လယ်ပြင်ရဲ့တချို့နေရာတွေမှာ ရေခဲတွေအရည်ပျော်နေတာကို တွေ့လိုက်ရတယ်။”

အန်းယွဲ့က ပြောလိုက်သည်။

“ဘာ...”

ရှောင်းယီ အံ့အားသင့်သွားပြီး ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ကာ အပြင်သို့ ထွက်သွားလိုက်၏။ သူ ကမ်းခြေသို့ရောက်သောအခါ မူလက ခဲနေသော ပင်လယ်ပြင်တွင် ရေခဲလွှာကြီးများ ပေါလောမျောနေကြပြီဖြစ်သည်။

စနစ်၏ အသိပေးချက်၌လည်း “အပူချိန် အနှုတ် ၁၉.၅ ဒီဂရီစင်တီဂရိတ်” ဟုဖော်ပြထားလေသည်။

“အပူချိန်က ဘာလို့ ဒီလောက်မြန်မြန်တက်လာရတာလဲ။”

ရှောင်းယီက အံ့အားသင့်စွာ ပြောလိုက်မိ၏။

“ငါလည်း မသိဘူး။ ဒီနေ့ ပစ္စည်းသေတ္တာတွေက ရေခဲပေါ်မှာ တင်မနေတော့ဘဲ ရွေ့နေကြတယ်။ အဲ့ဒါကြောင့် အလိုအလျောက်ငါးဖမ်းပိုက်ကို အမြန်ဆုံး အလုပ်ပြန်စခိုင်းဖို့လိုတယ်။”

အန်းယွဲ့က ပြောလိုက်သည်။

“ရေခဲကြောင့် အလိုအလျောက်ငါးဖမ်းပိုက်က ဘာအလုပ်မှမရှိဘူး။ အဲ့ဒါကြောင့် ကျန်းယွင်ထျန်းက ပစ္စည်းသေတ္တာပြဿနာကို အရင်ဂရုစိုက်ဖို့ ပြောလိုက်တယ်။”

ပစ္စည်းသေတ္တာ၏ အရေးပါမှုကို လူတိုင်း သိမြင်နိုင်ပေသည်။ လက်ရှိလူအများစုအတွက် ပစ္စည်းသေတ္တာသည် ပစ္စည်းများရရှိနိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

ထို့ကြောင့် ကျန်းယွင်ထျန်းသည် အန်းယွဲ့ကို အထူးလေ့ကျင့်ရေးမှ ဆုတ်ခွာပြီး ရှောင်းယီအား ပစ္စည်းသေတ္တာကိစ္စအား ကိုင်တွယ်ဖြေရှင်းရန် သတင်းပို့ခိုင်းခဲ့ခြင်းပင်။

ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်ပြီး ဂိုဒေါင်ထဲက အလိုအလျောက်ငါးဖမ်းပိုက်ကို ရှာကာ စနစ်တကျတပ်ဆင်၍ အလုပ်လုပ်ခိုင်းလိုက်တော့သည်။

အန်းယွဲ့သည် ငါးဖမ်းပိုက်၏ အလုပ်လုပ်ပုံကို ပြဿနာရှိ၊ မရှိ ကြည့်ရှုရန် ငါးဖမ်းပိုက်နောက်မှ လိုက်သွားခဲ့၏။ ပြဿနာမရှိပါက အထူးလေ့ကျင့်ရေးအဖွဲ့ထဲသို့ ပြန်ဝင်ရမည်ဖြစ်သည်။

“မနေ့က တားမြစ်ချက်ကို ဖျက်ဆီးလိုက်တာကြောင့်များလား။”

ရှောင်းယီ စဉ်းစားရင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်လျှောက်သွားရင် တွေးလိုက်မိသည်။ သူ ကျောက်တိုင်သို့ ပြန်ရောက်လာသောအခါ တစ်စုံတစ်ယောက်က သီးသန့်စာပို့ထားသည်ကို တွေ့လိုက်ရလေသည်။

“သူဌေးကြီး ကျုပ်ဘက်က ရေခဲတွေအားလုံး အရည်ပျော်သွားပြီ။ တားမြစ်ချက်ကို ဆက်ပြီးဖျက်စီးရဦးမလား။”

ကုထောင်ချွေ့ရှန်းက မေးထားခြင်းပင်။

“မလိုတော့ဘူး။ ရေခဲ အရည်ပျော်တာက ပင်လယ်သတ္တဝါတွေ နိုးထလာတော့မယ့် လက္ခဏာပဲ။ မင်းလှေကို ပင်လယ်သတ္တဝါတွေ တိုက်ခိုက်လာမှာ သေချာတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကျွန်းကို သေချာစောင့်ကြည့်ထား။ တားမြစ်ချက်ဘက်မှာ ဒေသခံတွေရှိ၊ မရှိကိုပဲ သတိထားစောင့်ကြည့်ပြီး လှုပ်ရှားဖို့ ပြင်ဆင်ထားတော့။”

“ဟုတ်ကဲ့။”

ကုထောင်ချွေ့ရှန်းက ပြန်ဖြေလိုက်သည်။

“ဒါနဲ့ သူဌေး မနေ့ကမြေပုံမှာ ကျုပ်တို့ကျွန်းနားက ဒေသခံကျွန်းတွေရဲ့ အခြေအနေကို ပြထားတာလား။”

“ဟုတ်တယ်...ဒေသခံကျွန်းတွေ တော်တော်များများ ရှိတယ်။ ဒါပေမယ့် မင်းရဲ့ကျွန်းနဲ့တော့ အကွာအဝေးက အတော်လေး ဝေးပါသေးတယ်။ ဒီလိုရာသီဥတုမျိုးမှာ သူတို့ထွက်လာနိုင်မှာမဟုတ်ဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ သိပါပြီ။”

ကုထောင်ချွေ့ရှန်းက ပြန်ပြောလိုက်သည်။

မူလက သူသည် ယနေ့ အတားအဆီးနှစ်ဖက်စလုံး၏ ကာကွယ်ရေးခွန်အား တူ၊မတူကို စမ်းသပ်ရန် စီစဉ်ထားခဲ့သော်လည်း ယခုတော့ ထိုစိတ်ကူးမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။

ကုထောင်ချွေ့ရှန်းနှင့် စကားပြောပြီးသည့် အချိန်တွင်ပင် ဧည့်ခန်းထဲရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အရေးပေါ်အချက်ပေးသံ မြည်လာခဲ့လေသည်။

အခန်း ၁၈၀ ရေနေသတ္တဝါများနိုးထလာခြင်းနှင့် မွေးမြူရေးခန်းကို အဆင့်မြှင့်တင်ခြင်း

“ကျွန်း၏အုတ်မြစ်ကျောက်ကို ပင်လယ်သတ္တဝါများက တိုက်ခိုက်နေပါသည်။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အသိပေးချက် ထုတ်ပြန်လာခဲ့သည်။

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ မြေပုံကို ဖွင့်ကြည့်လိုက်၏။

“တပိုင် အဲ့ဒီနေရာကိုသွားပြီး ပင်လယ်သတ္တဝါတွေကို ကိုင်တွယ်လိုက်။”

သူက နေရာတစ်ခုကို ညွှန်းပြပြီး ပြောလိုက်သည်။

တပိုင်သည် ထိုနေရာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် အလျင်အမြန် ထွက်ခွာသွားတော့သည်။

ရှောင်းယီ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် အလတ်စားရွက်လှေပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အား တိုက်ခိုက်မှုကို သတိပေးသည့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အဖြစ် ထပ်မံသတ်မှတ်ကာ ဝမ်ချိုင်ကို ခေါ်လိုက်သည်။

“အလတ်စားရွက်လှေပေါ်သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စောင့်ကြည့်ထားလိုက်။ ခဏနေရင် ငါ တပိုင်ကို အသိပေးလိုက်မယ်။ သူလည်း လာလိမ့်မယ်။”

“ဝုတ်!”

ထို့နောက် ဝမ်ချိုင်လည်း အလျင်အမြန် ပြေးထွက်သွားခဲ့သည်။

အရာအားလုံးကို စီစဉ်ပြီးနောက် ရှောင်းယီက အများသုံးချန်နယ်သို့ပြောင်းကာ လူတိုင်း၏ကျွန်းပေါ်ရှိ အခြေအနေများကို ကြည့်လိုက်လေသည်။

“သေစမ်း... ဘာတွေဖြစ်နေတာလဲ။ ငါနိုးလာတော့ ပင်လယ်သတ္တဝါတွေ ပြန်ပြီးတိုက်ခိုက်နေပြန်ပြီ။”

“အမြန်ကြည့်လိုက်စမ်း...။ ရေခဲတွေအရည်ပျော်သွားပြီ။”

“ငါ သူဌေးကြီးဆီကနေ အနွေးထည်အင်္ကျီ မငှားထားသေးလို့ အပြင်မထွက်နိုင်သေးဘူး။”

“နောက်ထပ် ငှားစရာမလိုတော့ဘူး။ အများဆုံး အင်္ကျီနှစ်ထပ်ဝတ်ထားရင် အဆင်ပြေတယ်။ အအေးဒဏ်ခံနိုင်ရင် တစ်ထည်တည်းနဲ့တောင်ရတယ်။ အပြင်မှာ အနှုတ် ၂၀ ဒီဂရီလောက်ပဲ ရှိတော့တာ။”

“ဟုတ်တယ်...အခု အရင်ကထက် ပိုနွေးလာပြီ။”

“မင်းက အနှုတ် ၂၀ ဒီဂရီကို နွေးတယ်လို့ပြောနေတာလား။ အရင်ကဆိုရင် အနှုတ်ဒီဂရီကို မြင်တောင်မမြင်ဖူးဘူးကွ။”

“ဒါဆိုလည်း တဲထဲမှာနေပေါ့။ အခုက အရမ်းနောက်ကျနေပြီ။ အဲ့လောက်ထိ ဂျေးများမနေနဲ့။”

“ကောင်းပြီ။ အားလုံးပဲ ညည်းနေတာတွေ ရပ်လိုက်ကြတော့။ လုပ်သင့်တာတွေ လုပ်ကြပါ။ နွေဦးရာသီ ရောက်တော့မယ်။ လှုပ်ရှားကြရအောင်။”

ရှောင်းယီသည်လည်း သူငှားရမ်းထားသော အင်္ကျီများ အားလုံးကို ဖြုတ်ပစ်လိုက်တော့သည်။ ယခုအချိန်တွင် အရမ်းမအေးတော့သောကြောင့် လူတိုင်းသည် ရေခဲပေါ်တွင် အနွေးထည်အင်္ကျီဝတ်ပြီး ပစ္စည်းသေတ္တာဖွင့်စရာ မလိုတော့ပ။ ထို့ကြောင့် သူ၏ငှားရမ်းရောင်းချခြင်းလုပ်ငန်းသည်လည်း လုံးဝပြီးဆုံးသွားခဲ့လေပြီ။

ဆုဝမ် အပြင်မှ ပြန်ဝင်လာသည်ကိုမြင်သောအခါ ရှောင်းယီသည် သူဖြုတ်ချထားသော အင်္ကျီများအားလုံးကို သူမလက်ထဲသို့ ထည့်ပေးလိုက်၏။

“ဆုဝမ် ဒီအင်္ကျီတွေအားလုံးကို လျှော်လိုက်ဦး။ ပြီးရင် အခြောက်ခံပြီး ဂိုဒေါင်ထဲထည့်ထားလိုက်ပါ။ နောက်ပိုင်းမှာ အသုံးဝင်လာလိမ့်မယ်။”

“ကောင်းပြီ။”

ဆုဝမ်က ပြန်ဖြေလိုက်သည်။

ကျေးလက်ဗီလာထဲတွင် အဝတ်လျှော်စက်ရှိပြီး ဆုဝမ်သည် ထိုအဝတ်များကို အဝတ်လျှော်စက်ထဲသို့ ထည့်လိုက်ရုံသာလိုအပ်ပြီး လုပ်ရလွယ်ကူပေသည်။

“စကားမစပ် မင်းတို့အားလုံး ဘာလို့ပြန်လာကြတာလဲ။”

ရှောင်းယီက မေးလိုက်သည်။

“အစ်ကိုကျန်းက တပိုင်နဲ့ ပင်လယ်သတ္တဝါတွေရဲ့တိုက်ပွဲကိုမြင်ပြီး ပင်လယ်သတ္တဝါတွေရဲ့တိုက်ခိုက်မှုကို ကူညီကိုင်တွယ်ချင်နေလို့ ညနေပိုင်းမှ အထူးလေ့ကျင့်ရေးကို လုပ်ဖို့ စီစဉ်ထားတယ်။”

ဆုဝမ်က ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။

“အင်း...အဲ့ဒါလည်း ကောင်းပါတယ်။ နေ့ခင်းဘက်အလုပ်တွေကို မထိခိုက်တော့ဘူးပေါ့။”

ထို့နောက် ဆုဝမ်က ထိုအင်္ကျီများကို ယူသွားတော့လေသည်။

“စနစ် လက်မှတ်ထိုးဝင်မယ်။”

ရှောင်းယီက စိတ်ထဲမှ ပြောလိုက်သည်။

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဒ်: ရိုးရှင်းသောအဆောက်အဦးအဆင့်မြှင့်တင်ခြင်းကတ် ၁။”

“အဆောက်အဦးအဆင့်မြှင်တင်ခြင်းကတ်: မည်သည့်လုပ်ဆောင်ချက်တစ်ခုတည်းရှိသော အဆောက်အဦးကိုမဆို နောက်တစ်ဆင့် သို့မဟုတ် SSS အဆင့်အထိ အဆင့်မြှင့်တင်နိုင်သည်။”

ရှောင်းယီက မျက်ခုံးပင့်လိုက်မိ၏။

“လုပ်ဆောင်ချက်တစ်ခုတည်းရှိတဲ့ အဆောက်အဦးဆိုတာ ဘာကိုပြောတာလဲ။”

“ဆိုလိုတာက တစ်ခုတည်းသောလုပ်ဆောင်ချက်သာရှိသောအဆောက်အဦး။ ဥပမာ ကျေးလက်ဗီလာသည် လုပ်ဆောင်ချက်တစ်ခုတည်းရှိသော အဆောက်အဦးမဟုတ်ပါ။ သို့သော် မီးဖိုချောင်၊ ဧည့်ခန်း သို့မဟုတ် ကျေးလက်ဗီလာအတွင်းရှိ အိပ်ခန်းတစ်ခန်းသည် လုပ်ဆောင်ချက်တစ်ခုတည်းရှိသော အဆောက်အဦးဖြစ်သည်။”

ရှောင်းယီက ခေါင်းငြိမ့်လိုက်ပြီး အနည်းငယ်စဉ်းစားကာ ရိုးရှင်းသောအဆောက်အဦးအဆင့်မြှင့်တင်ခြင်းကတ်ကို ထုတ်ယူလိုက်သည်။

“သင့်တွင် ရိုးရှင်းသောအဆောက်အဦးအဆင့်မြှင့်တင်ခြင်းကတ် ရှိကြောင်းတွေ့ရှိပါသည်။ အဆင့်မြှင့်တင်လိုသောအဆောက်အဦးကို ရွေးချယ်ပါ။”

“တိရစ္ဆာရန်မွေူမြူရေးခန်း...။”

“အသုံးပြုခြင်းအောင်မြင်ပါသည်။ တိရစ္ဆာန်မွေးမြူရေးခန်းကို SS အဆင့်သို့ မြှင့်တင်ပြီးပါပြီ။”

ထို့နောက် ရှောင်းယီသည် တိရစ္ဆာန်မွေူမြူရေးခန်းသို့ သွားလိုက်ပြီး စနစ်၏အသိပေးချက်ကို ကြည့်လိုက်သည်။

“တိရစ္ဆာန်မွေးမြူရေးခန်း (SS အဆင့်): SS အဆင့်ထက် မမြင့်သောတိရစ္ဆာန်များကိုမွေးမြူနိုင်သည်။ သားပေါက်များ၏ရှင်သန်မှုနှုန်း ၃၂၀% တိုးမြင့်စေသည်။ တိရစ္ဆာန်များနှင့် သက်ဆိုင်သောအစားအစာထွက်ရှိမှု ၃၂၀% တိုးမြင့်စေသည်။ ကြီးထွားနှုန်း ၃၂၀% တိုးမြင့်စေသည်။ အရေအတွက်အများဆုံး ၃၂ ကောင် မွေးမြူနိုင်သည်။ သက်ဆိုင်ရာအဆောက်အဦးအတွင်း ထည့်သွင်းထားနိုင်ပြီး တိရစ္ဆာန်များ၏အသံများကြောင့်အနှောင့်အယှက် ဖြစ်မည်မဟုတ်ပါ။”

မွေးမြူနိုင်သည့် အများဆုံးအရေအတွက်သည် တစ်ချက်တည်းနှင့် နှစ်ဆတိုးသွားပြီး နေရာလွတ် မလုံလောက်မှု ပြဿနာကို ယာယီဖြေရှင်းပေးလိုက်သည်။

ရှောင်းယီသည် အတွင်းပိုင်း၌ နှစ်ထပ်ပုံစံပြောင်းလဲသွားသော တိရစ္ဆာရန်မွေးမြူရေးခန်းကို ကျေနပ်စွာကြည့်လိုက်၏။

ယွမ်နွန်ကလည်း သူ၏ဘေးသို့ ရောက်ရှိလာခဲ့သည်။

“အခု ငါတို့ရဲ့တိရစ္ဆာန်အရေအတွက် တိုးလာတာနဲ့အမျှ အစာက လိုက်မမီတော့ဘူး။”

ခြံထဲရှိ ဖန်လုံအိမ်တစ်ခုတည်းဖြင့် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် မလောက်သေးဟု သူထင်ပေသည်။

လူများသာမက တိရစ္ဆာန်များလည်း အစားအစာအချို့ကို စားသုံးကြရမည်ဖြစ်သည်။

“လောလောဆယ်တော့ ဒီအတိုင်းပဲ ဆက်လုပ်ထားရမှာပဲ။ ဒီအပတ်ကုန်တဲ့အထိ စောင့်ကြည့်ရဦူမယ်။”

ရှောင်းယီက မျှော်လင့်ချက်ကင်းမဲ့သလို ခံစားလိုက်ရသည်။ ယွမ်နွန်က ခေါင်းငြိမ့်လိုက်၏။

“အပူချိန်က ပိုပိုပြီး မြန်မြန်တက်လာတာ တွေ့ရတယ်။ အပြင်က ဖန်လုံအိမ်ကိုစမ်းကြည့်လို့ရတယ်။”

“ကောင်းပြီ ဦးလေး အဆင်ပြေသလို လုပ်လိုက်ပါ။”

ရှောင်းယီက ထိုသို့ပြောပြီးနောက် ကမ်းခြေဆီသို့ လျှောက်သွားလိုက်သည်။

ကမ်းခြေပေါ်ရှိ အလတ်စားရွက်လှေပေါ်တွင် ကျန်းယွင်ထျန်းသည် လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုကြည့်နေပြီး ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်မှုကို အဆက်မပြတ်စောင့်ကြည့်နေ၏။

မူလက ကျန်းယွင်ထျန်းသည် သူတို့ထဲတွင် အလုပ်အများဆုံးဖြစ်သော်လည်း အခုအခါ တပိုင်၏အကူအညီဖြင့် အပျင်းဆုံးလူတစ်ယောက် ဖြစ်လာခဲ့လေသည်။

နေရာနှစ်ခုကို တစ်ပြိုင်နက် တိုက်ခိုက်ခံရသည့်အခါမှသာ သူကိုင်တွယ်ရန် လိုအပ်ပြီး အခြားအချိန်များတွင် တပိုင်ကိုသာ အားလုံးကိုင်တွယ်ခိုင်ထားလိုက်သည်။

ရေထဲဆင်းနိုင်သည့် A အဆင့်သားရဲတစ်ကောင်အနေဖြင့် တပိုင်သည် တိုက်ခိုက်လာသော ပင်လယ်သတ္တဝါများကို အလွယ်တကူ ကိုင်တွယ်နိုင်ခဲ့သည်။

ရှောင်းယီ ကမ်းခြေသို့ လျှောက်လာနေသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းက ဝမ်ချိုင်အား ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စောင့်ကြည့်ရန် ပြောလိုက်ပြီး လှေပေါ်မှခုန်ချလိုက်၏။

“ရှောင်းယီ ဒီလိုမျိုး အကူအညီနဲ့ဆိုရင် ငါတော့ အလုပ်လက်မဲ့ဖြစ်သွားတော့မှာပဲ။”

ကျန်းယွင်ထျန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ ရှောင်းယီက သူ့ကိုကြည့်လိုက်၏။

“မင်းရဲ့အနားယူချိန်က မပြီးသေးဘူးနော်။ ကိုယ့်ကိုယ်ကို ဂရုစိုက်။”

“စိတ်မပူပါနဲ့။ လုံးဝ ပြဿနာမရှိပါဘူး။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။ ရှောင်းယီက ဆက်ပြောလိုက်သည်။

“မင်း ရက်အများကြီး အနားယူရမယ်။ နွေဦးရောက်ရင် မင်းက အလုပ်များလာတော့မှာ။”

နွေဦးရောက်လာပြီးလျှင် တောထဲတွင်ရှိသော တိရစ္ဆာန်များနှင့် ပင်လယ်သတ္တဝါများ အသစ်ထွက်ပေါ်လာမည်ဖြစ်ပြီး ဒေသခံများလည်း ရောက်ရှိလာနိုင်သည်။ ကျန်းယွင်ထျန်း တစ်ဦးတည်းသာ မဟုတ်ဘဲ လူတိုင်း အလုပ်များလာမည်ဖြစ်သည်။

ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ပြလိုက်သည်။

“ငါနားလည်ပါတယ်။ ဒီနေရာက ဒေသခံတွေရဲ့အင်အားက ဘယ်လောက်ရှိလဲဆိုတာ ငါသိချင်မိတယ်။”

“ကုထောင်ချွေ့ရှန်းရဲ့ တုံ့ပြန်ချက်အရဆိုရင် သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုက သာမန်ပဲဆိုပေမယ့် တစ်ဦးချင်းအင်အားကတော့ အရမ်းအားကောင်းနိုင်တယ်။”

ရှောင်းယီက ပြောလိုက်၏။ ကျန်းယွင်ထျန်းက ခေါင်းငြိမ့်လိုက်သည်။

“ကောင်းတယ်။ ကစားပွဲကို တစ်ဖက်သတ် ဖိချေပစ်ရတာက ပျင်းစရာကောင်းတယ်။”

ဒီစစ်သားကြီးက ဒေသခံတွေနဲ့ တွေ့ဆုံရရမယ့်အချိန်ကို စောင့်မျှော်နေမယ်။

“ငါတော့ သူတို့နဲ့မတွေ့ချင်ဘူး။”

ရှောင်းယီက ထိုသို့ပြန်ဖြေပြီးနောက် သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားလိုက်လေသည်။

သူ အများသုံးချန်နယ်ကို ကြည့်လိုက်သောအခါ လူတိုင်းသည် ပယ်လယ်သတ္တဝါများ ပြန်လည်တိုက်ခိုက်နေကြောင်း ညည်းညူနေကြပြီဖြစ်သည်။

“ဒေါသထွက်စရာပဲ...။ အစမှာတည်းက အာတိတ်ပုစွန်အုပ်စုနဲ့ တွေ့ရတယ်လို့။”

“အဲ့ဒါ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။ မင်းက တကယ် အစကောင်းတာပဲ။ အကွက်စိပ်ငါးဖမ်းပိုက်နဲ့ဆိုရင် အစားအစာတွေ အများကြီးရလိမ့်မယ်။”

“ဟုတ်တယ်..အဲ့ဒါကမှ လွယ်သေးတယ်။ ငါ့ကျတော့ ငါးမန်းနဲ့တွေ့ခဲ့တာ။ အုတ်မြစ်ကျောက် ပျက်စီးသွားတာကိုပဲ ထိုင်ကြည့်နေခဲ့ရတာ။”

“ဘာလို့ မတိုက်တာလဲ။”

“အဲ့ဒါက ငါးမန်းလေ။ အကိုက်ခံရရင် ဘာသွားဖြစ်မလဲ။ ဘာပဲဖြစ်ဖြစ် မနေ့က အုတ်မြစ်ကျောက်တွေ အများကြီးရထားတယ်။ ဒီတစ်ခုကို ဂရုမစိုက်တော့ဘူး။”

“ရေခဲအရည်ပျော်သွားတာ သေချာပြီဆိုတော့ ငါတို့လည်း အလုပ်များလာပြီ။ တဲထဲမှာနေရတာက ပိုပြီးသက်သောင့်သက်သာရှိတယ်လို့တောင် ခံစားရတယ်။”

“ငါကတော့ အလုပ်ပဲ များလိုက်ချင်တယ်။ အဲ့လောက်အေးတာကြီးတော့ မခံချင်ဘူး။”

“ဟုတ်သားပဲ...။ ရေခဲတွေအရည်ပျော်သွားပြီဆိုတော့ အန်တီလီယန်ကို သွားခေါ်ရမယ့်ကိစ္စကိုလည်း စီစဉ်ရမယ်။”

ရှောင်းယီ တွေးလိုက်မိလေသည်။

All Chapters