← Chapters

အခန်း (၁၂၁-၁၂၃)

Vol. 9 Ch. 121-123

အခန်း (၁၂၁-၁၂၃)

Vol. 9 Ch. 121-123

အပိုင်း (121) မစ်ရှင်ပြောင်းလဲသွားပြီ

“ဟင်”

ဆုပိုင်သည် အကောင်ပေါက်လေးကိုဖက်ပြီး လမ်းတောက်လျှောက် ပြေးနေရာမှ နောက်ဆုံးတွင် ပင်လယ်ကမ်းနံဘေးနားရှိ ကျောက်သားများအကြားသို့ ရောက်သွားသည်။ သူဟာ အကောင်ပေါက်လေးကို မြေပြင်ပေါ်သို့ ညင်သာစွာချလိုက်သည်။

“ဘန်း”

သူက ဝက်ဝံအမ အခြေအနေကို ကြည့်ရန် နောက်လှည့်ပြီး ပြေးကြည့်တော့မည့်အချိန်တွင် သူ၏အနောက်ဘက်မှ ကျယ်လောင်သော ဆူညံသံက ထွက်ပေါ်လာသည်။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ဝက်ဝံမ၏ မျက်လုံးက ပြူးကျယ်လျက် မြေပြင်ပေါ်သို့ လဲကျသွားကြောင်း မြင်လိုက်ရလေသည်။

“ဟစ်”

ဆုပိုင်သည်လည်း မြေပြင်ပေါ်တွင် ခပ်မြန်မြန်ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဝက်ဝံမ၏ ခေါင်းကိုကိုင်ကာ ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်သည်။

“အူး”

“မား”

ဝက်ဝံလေးက အနားသို့ရောက်လာပြီး လျှာကိုထုတ်လျက် အမွေးကိုလျက်ပေးရင်း ငိုညည်းသည့် အသံကိုပြုနေသည်။

“ဒါက”

ဝက်ဝံမ၏ ခေါင်းနောက်ဘက်မှ အရိုးပင်ပေါ်နေသော ကုတ်ခြစ်ရာကြီးကို မြင်လိုက်ရချိန်တွင် ဆုပိုင်သည်လည်း တိတ်ဆိတ်သွားရသည်။ ဒီလိုနေရာသို့ လာရောက်ရာတွင် သူလည်း ဆေးယူလာခဲ့သည့်တိုင်အောင် ထိုဒဏ်ရာက အရိုးထိတိုင် နက်နေသည်။ ပြောရလျှင် အရိုးကိုပင် ထိုးဖောက်ထားသေးသည်။ ထို့ကြောင့် မည်သည့်နည်းနှင့်မှ မကယ်နိုင်တော့ချေ။

“သူ....”

“လူသား ဝက်ဝံပေါက်လေးကို....ငါနင်နဲ့ တွဲထားပေးခဲ့မယ်”

ဝက်ဝံမက ဘေးသို့ ခေါင်းလှည့်သွားပြီး တွန့်ဆုတ်မှု ပြည့်နှက်နေသော မျက်ဝန်းများနှင့်အတူ သူမ၏အနားတွင် လှဲနေသည့် အကောင်ပေါက်လေးကိုကြည့်ကာ လေသံတိုးတိုးနှင့် အော်လေသည်။

မည်သို့ပင်ဆိုစေ သူဟာ ထိုအကောင်ပေါက်လေးကို စိတ်မချသေးချေ။

ယခုလို နေရာမျိုးတွင် ထိုအကောင်ပေါက်လေးအနေနှင့် အရွယ်ရောက်ရန် ခက်ခဲပေလိမ့်မည်။ အရွယ်ရောက်ခွင့်ပင် မရှိလောက်ချေ။

“ဟေး....”

တုန်ယင်နေသော ဝက်ဝံက သူ၏လက်ကလေးကို ဆန့်ထုတ်ပြီး အကောင်ပေါက်လေး၏နဖူးကို ညင်သာစွာ ပုတ်လိုက်သည်။

“ဟင်”

ဆုပိုင်က လှုပ်ရှားမှု ကင်းမဲ့သွားသော ဝက်ဝံမကိုကြည့်ပြီး မျက်လုံးများက နီရဲလာလေသည်။

သေသွားပြီ။

“အား”

သူမနေနိုင်ဘဲ ပင်လယ်ဘက်သို့ကြည့်ကာ အော်ဟစ်လိုက်မိသည်။

“ဒါက ရက်စက်လွန်းတယ်၊ ပင်လယ်ရေ မျက်နှာပြင်တစ်ခုလုံး ဒီလိုဖြစ်သွားပြီ၊ ဒီအတွက်ကြောင့်နဲ့ တိရစ္ဆာန်တွေ ဘယ်လောက်များ မျိုးတုန်းသွားကြမှာလဲ”

ဆုပိုင်သည်လည်း အတ္တလန္တိတ်ရေခဲပြင်က အရည်ပျော်ကျသွားပြီးနောက် အတွင်းရှိ သက်ရှိ ၉၀%ခန့်က မျိုးတုန်းသွားရပေလိမ့်မည်။

ဒါပေမဲ့ အဲဒီအချိန်က လူသားတွေက ဘယ်လိုများ ဂရုစိုက်နိုင်ခဲ့မှာလဲ။

သို့ရာတွင် ကံကောင်းစွာနှင့် ဒါက တာဝန်နယ်မြေဖြစ်နေခဲ့သည်။ အစစ်အမှန်လောကတွင်သာ ဖြစ်လာခဲ့မည်ဆိုလျှင် လူသားများသည်လည်း မျိုးတုန်းပျောက်ကွယ်သွားရန် အချိန်သိပ်မကြာလောက်ချေ။

သဘာဝက ဆွေမျိုးများဖြစ်သည်။ အနှေးနှင့်အမြန် အားလုံး ပေါက်ကွဲပေလိမ့်မည်။

ကောင်ပေါက်လေးကို ပွေ့ချီပြီးနောက် ဆုပိုင်က ဝက်ဝံမ၏အလောင်းကို ကြည့်လိုက်သည်။ ထို့နောက် နောက်လှည့်ပြီး အရိုးများ ပြည့်နှက်နေသော နေရာဆီသို့ ပြေးလေသည်။

“တင် ဝက်ဝံမ သေဆုံးသွားလို့ hostရဲ့ အံ့အားသင့်မှုအမှတ် ဆုလာဘ်ကို ထက်ဝက်အထိ လျှော့ချလိုက်ပါတယ်”

“ဒီတာဝန်က ပြောင်းလဲသွားပြီ၊ အကောင်ပေါက်လေးကို ၁၅ရက်ကျော်အောင် ပျိုးထောင်ပေးရတော့မှာပါ”

ဆုပိုင်က သူ၏စိတ်ထဲမှ ထွက်ပေါ်လာသည့် စနစ်၏အသံကို နားထောင်ရင်း တုံ့ဆိုင်းသွားသည်။

ဒါက ပထမဦးဆုံး တာဝန်ကျရှုံးတာပဲ ဒါပေမဲ့.....။

သူနောင်တမရချေ။ ဝက်ဝံမက သေသွားရခြင်းဟာ ထိုရူးနေသော ပိုလာဝက်ဝံများနှင့် သက်ဆိုင်သည့်တိုင်အောင် သူတို့က တရားခံ မဟုတ်သေးချေ။ သူ့ကြောင့်သာမဟုတ်လျှင် ဝက်ဝံမရော ကလေးကပါ သေသွားပေလိမ့်မည်။ ထို့ကြောင့် မဝေးတော့သော အနာဂတ်တွင် ရူးနေသော ဝက်ဝံတိုင်းကလည်း သေရပေလိမ့်မည်။

“အူး”

121 02

သူ၏လက်မောင်းအတွင်းမှ ပိုလာဝက်ဝံပေါက်လေးကိုကြည့်ရင်း ဆုပိုင်က နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်လိုက်ကာ လှေထံ ခပ်မြန်မြန်သွားသည်။

ဒီတာဝန်ရဲ့ ခက်ခဲမှုက နှစ်ဆဖြစ်နေတာ မအံ့သြတော့ပါဘူး။

ကြည့်ရတာ နို့ပဲ သောက်နိုင်လောက်ဦးမဲ့ ဒီအကောင်ပေါက်လေးကို ဂရုစိုက်ရဦးမဲ့အပြင် သူကိုယ်တိုင်ကလည်း ငတ်မသေအောင် ထိန်းရဦးမယ်။

ယခုအနေအထားအရ အတ္တလန္တိတ်တွင် တိရစ္ဆာန်များက အလွန်နည်းသည်။

ငါဒါကို ဒီပိုလာဝက်ဝံလေးအတွက်နို့ကို ဘယ်နေရာက သွားရှာပေးရမှာလဲ။

မျက်မှောင်ကြုတ်နေသည့် ဆုပိုင်က လှေကို အဝေးသို့ ဆက်တိုက်လှော်သည်။

သူယခုနေရာတွင် ဆက်နေ၍မရချေ။ ရူးနေသော ပိုလာဝက်ဝံများ ရှိနေသောကြောင့် အနှေးနှင့်အမြန်တိုက်ခိုက်ခံရပေလိမ့်မည်။

ထို့အပြင် လတ်ဆတ်သော ရေရှိသောနေရာကို ရှာရပေလိမ့်မည်။ သို့မဟုတ်လျှင် အစာစားရန်မဆိုထားဘိ ရေငတ်သေပေလိမ့်မည်။

“အူး”

“မား”

ကောင်ငယ်လေးက လှေပေါ်တွင် လှဲနေပြီး သူ၏အမွေးဖွားလေးများ ပြည့်နှက်နေသည့် ခေါင်းလေးကိုဆန့်ကာ ဘေးဘီကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်သည်။

ဆုပိုင်က လက်ကို ဆန့်ထုတ်လိုက်ပြီး ထိုကောင်လေး၏ နဖူးကို အသာပွတ်သည်။ ထို့နောက် ခေါင်းလှည့်ပြီး အဝေးသို့ကြည့်လိုက်သည်။

နှင်းစက်အကြွင်းအကျန်တွေ ရှာတွေ့ဖို့ မျှော်လင့်ရတာပဲ။ နှင်းရှိနေသမျှ ရေပြဿနာကိုတော့ ဖြေရှင်းလို့ရတယ်။

“ဟူး ဟူး”

အေးစက်သော ရေခဲလေပြည်က ဟိန်းဟောက်လာသောအခါ ဆုပိုင်က အဝတ်ကို တင်းတင်းစေ့ပိတ်လိုက်ပြီး ခပ်မြန်မြန် လှော်လိုက်သည်။

“ဟုတ်ပြီ”

အဝေးတစ်နေရာတွင် ရှိသည့် ကျွန်းဘက်သို့ ကွေ့လိုက်ပြီးနောက် ဆုပိုင်က သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။

ထိုအကျိုးရှိသော မြေအမာပေါ်သို့ ရောက်နိုင်သမျှ နှင်းအဖြူကို မြင်ရနိုင်သေးသည်။

နှင်းရှိနေသမျှ တခြားသတ္တဝါများလည်း သေချာပေါက် ရှိပေလိမ့်မည်။ သို့သော် ထိုကောင်လေးက နို့သောက်ရန် လိုအပ်သည်။ ယခုလို တောတွင်းနေရာတွင် ထိုကောင်ငယ်လေးအတွက် နို့ကို ရှာဖွေရန်ခက်ခဲသည်။

“ဘန်း”

လှေကို ကပ်ပြီးနောက် ဆုပိုင်က ထိုအကောင်လေးကို ပွေ့ဖက်လျက် အောက်သို့ ခုန်ဆင်းလိုက်သည်။ သူဟာ ဘေးဘီကို ကြည့်ပြီး သူ၏မျက်လုံးက ရုတ်တရက် တောက်ပသွားရသည်။

သိပ်မဝေးသော တောင်စောင်းနေရာနားတွင် ငှက်အသိုက်များစွာကို တွေ့လိုက်ရသည်။ ထိုအရာသာ မကသေးချေ။ ငှက်များရှိနေသမျှ တခြားသော သတ္တဝါများလည်း ရှိနေပေလိမ့်မည်။

သို့သော် သူအရင်ဦးဆုံး လုပ်ရမည့်နေရာက လုံခြုံသောနေရာတစ်ခုရှာပြီး တဲထိုးရန်ဖြစ်သည်။ ကျောပိုးအိတ်ထဲရှိ စားစရာများအားလုံးက ကုန်သွားလေပြီ။ ထို့ကြောင့် တောတွင်းတွင် ရှင်သန်နေထိုင်ရန် အဆင်ပြေအောင် သယ်ဆောင်နိုင်သည့် ပစ္စည်းများသာ ကျန်ရစ်သည်။

“အူး”

လက်မောင်းအတွင်းရှိ ကောင်ငယ်လေးက ဆုပိုင်၏ ပခုံးပေါ်သို့ သူ၏ခေါင်းလေးကို မှီထားလိုက်ပြီး ဖျော့တော့စွာ ညည်းညူနေသည်။ ထိုအကောင်ပေါက်လေးကလည်း အလွန်စိတ်ဓာတ်ကျနေပုံရသည်။ သူက အခြေအနေကို နားမလည်လောက်သည့်တိုင်အောင် ဝက်ဝံအမကြီးက သေသွားပြီဖြစ်သည်။

သို့သော် မိခင်ဖြစ်သူကို ဆုံးရှုံးရသည့် ခံစားချက်ကို အချိန်အတန်ကြာအောင် သည်းခံလာရသည့်အတွက် ထိုကောင်ငယ်လေးက သူ့ကိုအမြန်ဆုံး လက်ခံလာစေရန် ကြိုးစားရတော့ပေမည်။ သို့မဟုတ်လျှင် ထိုအကောင်ငယ်လေးက ဆာလောင်ပြီး သေဆုံးသွားရန် အခွင့်အရေးများနေသည်။

ယခုအရင်ဦးဆုံး လုပ်ရမည့်အရာက ထိုကောင်ငယ်လေးအတွက် နို့ရှာပေးရန်ဖြစ်သည်။

အချိန်အတန်ကြာပြီးနောက်.....။

ဆုပိုင်က ကျောက်တုံးကိုမှီပြီး တဲထိုးလိုက်သည်။ ထို့နောက် နောက်ဘက်ကျောက်တုံးပေါ်တွင်တင်နေသော နှင်းအလွှာပါးပါးကို ခြစ်ယူလေသည်။

ရွက်ဖျင်တဲ၏အရှေ့တွင် သူနှင့်အတူ ယူလာသော ရေနံဆီမီးအိမ်လေးကိုလည်း ထွန်းထားသည်။ ထိုရေနံဆီမီးအိမ်လေးကိုသုံးပြီး နှင်းကိုတဖြည်းဖြည်း အရည်ပျော်အောင် လုပ်ရသည်။

ညအချိန်က ကျရောက်လာပြီဖြစ်သည်။

ကျိုချက်ထားသည့် ရေနွေးပူတစ်ခွက်ကို သောက်ပြီးနောက် ဆုပိုင်က ထိုကောင်ငယ်လေးကို အအေးခံထားသည့် ရေကျက်အေးတချို့ တိုက်ရသည်။

“ဂလု ဂလု”

“ဂလု ဂလု”

ရုတ်တရက် တစ်ချိန်တည်းလိုလို အသံတစ်သံက ထွက်လာသည်။ ဆုပိုင်က ခါးသည်းစွာရယ်ပြီး ထိုကောင်ငယ်လေး၏ ဗိုက်ကိုပွတ်သည်။

စားစရာရှာချင်ရင် အရင်ဆုံး အရုဏ်တက်တဲ့အထိ စောင့်ရလိမ့်မယ်။

121 03

ကံကောင်းသည်မှာ ချောက်ကမ်းပါးအနောက်ဘက်ခြမ်းတွင် ရှိနေသဖြင့် အပေါ်သို့သာ တက်သွားခဲ့မည်ဆိုလျှင် ငှက်သိုက်ထဲမှ ငှက်ဥများကို ရှာလို့ရလောက်သည်။ သို့သော် ထိုအကောင်ငယ်လေးက ဒုက္ခများနေသေး၏။ အချိန်အတန်ကြာအောင် စောင့်ကြည့်ပြီးနောက် ဒီကျွန်းပေါ်တွင် နေထိုင်ကြသည့် တိရစ္ဆာန်များ ရှိနေရသည့် အကြောင်းပြချက်ကို သိသွားသည်။

ဘာလို့လဲဆိုတော့ ဒီနေရာကို လူသားတွေ မလာလို့ပဲ။

အထွတ်အထိပ် သတိပေးချက်များကြောင့် အဝေးရှိ ရေခဲပြင်က စတင်ကာ အရည်ပျော်လာသည်။ ထို့ကြောင့် သေးငယ်သည့် မြောင်းလေးပေါင်းများစွာ ဖြစ်တည်လာသည်။ လူသားများနှင့် တိရစ္ဆာန်ကြီးများက ဒီနေရာသို့ ကျော်ဖြတ်၍ မလာနိုင်ချေ။ ထိုသို့ဖြင့် ဒီငှက်များကို ဒီနေရာတွင် နေထိုင်ခွင့်ရသွားစေသည်။ သို့ရာတွင် ကျောက်သားများ အနောက်ဘက်သို့ ကုန်းတက်ရန် အလွန်အမင်း ခက်ခဲနေသေးသည်။

စနစ်ကပေးသော တာဝန်များ၏ စံချိန်ကလည်း ထိုကောင်ငယ်လေးကို ၁၅ရက်အထိ ဂရုစိုက်ပေးထားရန်ဖြစ်သည်။

တိရိစ္တာန်တစ်ကောင်ကို ဂရုစိုက်ရန်မဆိုထားဘိ ဆုပိုင်ကိုယ်တိုင်ကပင် ဒီနေရာတွင် 15ရက် အသက်ရှင်နိုင်ရန် မျှော်လင့်ချက်က ပါးလျလွန်းနေသည်။

“အူး”

ဆုပိုင်က ကျန်သောရေများကို ရွက်ဖျင်တဲထဲသို့ သယ်သွားပြီး ဖြည်းညှင်းစွာ လှဲချလိုက်သည်။ ကောင်ငယ်လေးက သူ၏လက်မောင်းထဲတွင် ဖြစ်သည်။ ထိုကောင်ငယ်လေးက ခပ်တိုးတိုးအော်ပြီး ဆုပိုင်၏ အိပ်ရာပေါ်သို့ ကုန်းတက်သွားကာ လှဲချသည်။ ထိုသို့ဖြင့် သူသည်လည်း အိပ်မောကျသွားလေသည်။

“စနစ် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ပြီး မနက်ဖြန်မှ ပြန်ဖွင့်လိုက်တော့”

ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ရှိနေတဲ့မိတ်ဆွေများကို နှုတ်ဆက်လိုက်ပြီး အပြုံးနှင့်ပြောသည်။

“ဒီနေ့အတွက်တော့ ဒီလောက်ပဲ၊ မနက်ဖြန်မနက်မှ ပြန်တွေ့ကြတာပေါ့”

++++

122 01

အပိုင်း (122) နောက်ထပ်သတ္တဝါ

”ဟူး”

ဆုပိုင်က စိတ်အေးသွားသလို သက်ပြင်းရှည်ကို ချလိုက်ရင်း တောင့်တင်းနေသော လက်များပေါ်သို့ ရေကိုမှုတ်ထုတ်လိုက်သည်။

သူက သူ၏ခြေထောက်နားတွင် လှဲနေသော အကောင်ပေါက်လေး၏ အမွေးများကို ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်ပြီး အနည်းငယ် နွေးထွေးလာသလို ခံစားရမှသာ အရှေ့ဘက်ရှိ ချောက်ကမ်းပါးကို မော့ကြည့်လိုက်သည်။

အရှေ့ဘက်ရှိ ချောက်ကမ်းပါးမှ အစွန်းထွက်နေသော ကျောက်သားပေါင်းများစွာရှိသည်။ ဂရုသာ စိုက်မည်ဆိုလျှင် ကုန်းတက်၍ ရလောက်သည်။ သို့သော်....။

တစ်ခုခုမှားသွားရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို တွေးကြည့်လို့တောင်မရဘူး။

အကောင်ပေါက်လေးကို မွေးရန်မဆိုထားဘိ သူကိုယ်တိုင်ကပင် ဒီနေရာတွင် အသက်ရှင်နိုင်ရန် ခက်ခဲလေသည်။ သို့ရာတွင် မနက်ပိုင်းတွင် စစ်ဆေးကြည့်ခဲ့ပြီးနောက် တခြားသော သတ္တဝါများ၏ လှုပ်ရှားမှုကို မတွေ့ရချေ။

ထိုအချိန်တွင် ငှက်ဥရနိုင်ရန် မျှော်လင့်ရမည်သာဖြစ်သည်။ သူငှက်ဥများကို ရေထဲတွင်ပြုတ်ပြီး အကောင်ပေါက်လေး၏ အားအင်ကို ဖြည့်တင်းနိုင်ရန် မျှော်လင့်ရသည်။ မည်သို့ပင်ဆိုစေ ရေသောက်ရုံနှင့် ဘာမှ ဆက်လုပ်နိုင်မည်မဟုတ်ချေ။

”အူး”

ကောင်ငယ်လေးက ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်။ သူ၏ ကွေးနေသော အမွေးလေးများကို အသာလျက်ရင်း ခပ်တိုးတိုး အော်လေသည်။

ထိုအကောင်ပေါက်လေးက သူ၏အရှေ့မှ ကျောက်သားပေါ်သို့ လက်တင်လျက် ရှိနေသောလူသားကို ကြည့်သည်။

ဘာတွေကြံစည်နေတာလဲ။

ကစားမလို့လား။

သူအပြင်ထွက်ချင်တယ် ဒါပေမဲ့ ဗိုက်လည်းဆာတယ်။

”လိမ္မာနော် ဒီမှာနေ”

ဆုပိုင်က တစ်ဖက်သို့လှည့်ပြီး အပြုံးနှင့်ပြောသည်။ ထို့နောက် နောက်တစ်ဖက်ပြန်လှည့်ပြီး အသက်ပြင်းပြင်းရှူသည်။

အေးစက်သော ကျောက်တုံးများကို လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်ရင်း လက်မောင်းအတွင်းမှ အင်းအားကိုသုံးလျက် သူက အပေါ်သို့ စတင်ကာတက်သည်။

[ဘုရားရေ တင်ဆက်သူက အရမ်းကြိုးစားတာပဲ၊ အနည်းဆုံး ဒါက မီတာတစ်ဆယ် ကျော်လောက်တယ်မဟုတ်လား၊ နောက်ပြီး အကာအကွယ်ပစ္စည်းတွေလည်း မပါဘူးနော်]

[ငါတစ်ညလုံး စောင့်နေတာ၊ တင်ဆက်သူကို မြင်လိုက်တာနဲ့ ငါအားအင်ပြည့်ဝသွားရောပဲ]

[ငါက ကျောက်တုံးတက်သူပါ၊ ဒါပေမဲ့ ဒီနေရာမှာ ကျွမ်းကျင်ပညာရှင်အဆင့် ပစ္စည်းတွေလည်း မရှိဘူး၊ လက်ကို သုံးပြီး တက်နေတယ်၊ ငါတင်ဆက်သူကို ကျိန်ဆဲတာတော့ မဟုတ်ပါဘူး၊ ငါရွာသားတွေကို ချက်ပြုတ်ထားဖို့အတွက် ဆို့နာအသင်းကို သွားခေါ်ရတော့မယ်ထင်တယ်]

[ပါးစပ်ပိတ် အပေါ်ထပ်ကကောင်....၊ တင်ဆက်သူ တက်နိုင်မယ်လို့ ငါယုံတယ်၊ မေးခွန်းက... ဘယ်လိုပြန်ဆင်းမှာလဲ]

[ငါလည်း မနက်အစောပိုင်းကလည်းက အိမ်စာကောင်းကောင်း လုပ်ထားပါတယ်၊ ငါဘာစာမှ မရေးဘူး၊ ဒီအတိုင်း တင်ဆက်သူ လက်ဗလာနဲ့ ကျောက်တုံးပေါ် ကုန်းတက်နေတာကိုပဲ ကြည့်နေတာ]

[တင်ဆက်သူ ကြိုးစားထား၊ ဒါက မမြင်ရတာ ကြာပြီဖြစ်တဲ့ တောတွင်းရှင်သန်မှု ပရိုဂရမ်မဟုတ်လား၊ တိရစ္ဆာန်တွေ မျိုးတုန်းပျောက်ကွယ်ပြီးသွားတဲ့နောက်မှာ ဘယ်သူက ဒီလိုshowမျိုးကို ထပ်ရိုက်နိုင်တော့မှာလဲ ]

........။

မနက်အစောပိုင်း နိုးထလာပြီး တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ ဝင်ရောက်လာပြီးနောက် အားလုံး ပထမဦးဆုံး မြင်လိုက်ရသော အရာက ဆုပိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းဖြစ်သည်။ လူတိုင်းကလည်း မနေ့က ကတည်းက ဒီတာဝန်ဟာ မည်မျှခက်ခဲကြောင်း နားလည်ထားပြီးသားဖြစ်သည်။ အာတိတ်ကုန်းမြေတွင် ရေခဲပြင်များက အရည်ပျော်ကျသွားပြီး တိရစ္ဆာန်များအားလုံးနီးပါး မျိုးတုန်းလုနီးပါး ဖြစ်သွားခဲ့သည်။ သူက ထိုဝက်ဝံအကောင်ပေါက်လေးကို ၁၅ရက်ခန့် အသက်ရှင်အောင် မွေးမြူရမည်ဖြစ်သည်။ ထို့ကြောင့် ဒါဟာ မဖြစ်နိုင်သော တာဝန်ဖြစ်နေသည်။

122 02

ရေခဲပြင်က အရည်ပျော်သွားခဲ့သော်လည်း ထိုနေရာရှိ အပူချိန်က အလွန်နိမ့်နေသေးသည်။ အရေးအကြီးဆုံးအချက်ကမူ ငယ်ရွယ်သော ပိုလာဝက်ဝံတစ်ကောင်နှင့်အတူ နေရခြင်းဖြစ်သည်။

လူသားတစ်ယောက်သည် ဒီလိုနေရာမျိုးတွင် ရှင်သန်ရန် အလွန်ခက်ခဲနေသည်။ သို့သော် နို့သာ သောက်နိုင်သေးသော အကောင်ပေါက်လေးအတွက် မျှော်လင့်ချက် မရှိနိုင်တော့ချေ။

လူတိုင်းကလည်း ဒီအခြေအနေကို မငြင်းဆန်နိုင်ကြချေ။

သို့သော် မြေပြင်တွင် ဆောင့်ကြောင့်နေထိုင်နေသော ပိုလာဝက်ဝံလေးက မည်မျှ သနားစရာကောင်းကြောင်း မြင်ရသောအခါ လူတိုင်း၏ နှလုံးသားက ချက်ချင်းလိုလို အရည်ပျော်ကျသွားသည်။

ပိုလာဝက်ဝံများ ငယ်ရွယ်ချိန်က သူတို့၏ရုပ်ရည်သွင်ပြင်က သတ္တဝါများအကြားတွင် အထူးချွန်ဆုံးဖြစ်ကြောင်း ပြောလျှင် ချဲ့ကားရာမရောက်ချေ။ သူတို့၏ ချစ်စရာကောင်းမှုက အကန့်အသတ်မဲ့နေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများက ထိုအကောင်ပေါက်လေးကို လက်မောင်းအတွင်းသို့ ဆွဲပွေ့ကာ ဖက်ချင်နေသည်။

ပြောရလျှင် ထိုအကောင်ပေါက်လေးက သူ၏မိခင်ဟာ ထာဝရ ထွက်သွားပြီဖြစ်ကြောင်း မသိသေးချေ။ လူတိုင်းကလည်း ထိုအကောင်ပေါက်လေးအတွက် ဝမ်းနည်းသွားကြသည်။

”အူး”

အကောင်ပေါက်လေးက မြေပြင်တွင် တိတ်တဆိတ် ထိုင်နေပြီး မြင့်သထက်မြင့်သွားသော ဆုပိုင်ကို မော့ကြည့်ကာ ခပ်တိုးတိုးအော်သည်။

”ဟူး”

ဆုပိုင်က သက်ပြင်းအရှည်ကြီးကို မှုတ်ထုတ်လိုက်ပြီး အပေါ်သို့ မော့ကြည့်သည်။

သုံးပုံတစ်ပုံတော့ တက်ပြီးပြီ။

မနက်အစောပိုင်းပဲ ရှိသေးတယ်။ ချောက်ကမ်းပါးပေါ်က ငှက်တွေကတော့ အစာသွားရှာနေလောက်ဦးမှာပါ။

ဆုပိုင်က အောင်မြင်စွာဖြင့် ငှက်များမလာခင် ငှက်ဥယူနိုင်ခဲ့ပြီး အောက်သို့ ပြန်ဆင်းနိုင်ရပေမည်။ သို့သော် ပျံသန်းသွားသော ငှက်တစ်ကောင်ကို ဖမ်းနိုင်မည်ဆိုလျှင်မူ ရက်အနည်းငယ်ခန့် ကျွေးမွေးရန် လုံလောက်ပေလိမ့်မည်။ သို့ရာတွင် ဒါဟာ မမျှော်လင့်ထားသော ကိစ္စဖြစ်နေသည်။

”ဘန်း”

ခေါင်းကိုထပ်မော့လိုက်ပြီး ခေါင်းအထက်ရှိ ကျောက်သားကို ဖမ်းကိုင်လိုက်သော ဆုပိုင်က သူ၏ညာခြေထောက်ကို ခက်ခက်ခဲခဲ မြှောက်ပြီး တစ်နေရာရာရှာကာ တက်နင်းရန်ကြိုးစားသည်။

ခရက်။

ရုတ်တရက် ဘယ်ဘက်ခြေထောက်အောက်ရှိ ကျောက်တုံးက ရုတ်တရက် ကွဲအက်သွားပြီး ဆုပိုင်၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွားသည်။

ခန္ဓာကိုယ်တစ်ခုလုံးက ချက်ချင်းလိုလို ဟန်ချက်ပျက်သွားသည်။ သူ၏မျက်နှာက အရှေ့ဘက်ရှိ ကျောက်သားနှင့် ဖြတ်ရိုက်မိသွားပြီး သွေးအစင်းရာကြီး ပေါ်လာသည်။

”ဟစ်”

အသက်ပြင်းပြင်းရှူလိုက်သည့် ဆုပိုင်က လက်နှစ်ဖက်လုံးကို သုံးပြီး အပေါ်ဘက်မှ အဟကြားနေရာကို ဆုပ်ကိုင်ထားရသည်။ သူက ခြေထောက်တင်ရန် မြေအမာကို ရှာလိုက်ရသည်။

မထိတ်လန့်နဲ့။

ထိတ်လန့်လို့မရဘူး။

သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ အားပေးပြီးနောက် ဆုပိုင်က ညာလက်ကို လွှတ်လိုက်ကာ အထက်ရှိ ကျောက်တုံးကို လှမ်းကိုင်သည်။

”အူး”

ဆုပိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးက ရုတ်တရက် လေထဲတွင် တွဲလောင်းဖြစ်နေကြောင်း မြင်လိုက်ရသည့် ပိုလာဝက်ဝံလေးကလည်း မြေပြင်မှ ကုန်းတက်လာပြီး စိုးရိမ်တကြီးကြည့်သည်။

ဒီလောက်အမြင့်ကြီးက ပြုတ်ကျရင် တော်တော်လေး သနားစရာကောင်းမှာပဲ။

သူနှင့် တစ်ရက်တည်းသာ အတူရှိဖူးသော်လည်း သူ၏အရှေ့မှ ထိုထူးဆန်းသော လူသားက သူ့ကို အလွန်ကြင်နာသည်။

အဲဒီမျက်လုံးနီနီနဲ့ အကောင်တွေထက် အများကြီး ကြင်နာတယ်လို့ ခံစားရတယ်။

”ဝေါင်း”

”ကြိုးစားထား”

ဆုပိုင်က အောက်ဘက်မှ မတ်တပ်ရပ်နေသော အကောင်ငယ်လေးကို ငုံ့ကြည့်လိုက်ပြီး အသာပြုံးလိုက်သည်။

122 03

သူက အံကိုကြိတ်လိုက်သည်။ ဒီတာဝန်က ကျရှုံးသွား၍ မရချေ။ ဒါဟာ တာဝန်နယ်မြေ ဖြစ်နေသေးသော်လည်း သေဆုံးခြင်း နယ်မြေတစ်ခုအဖြစ် ပြောင်းလုနီးပါး ဖြစ်နေလေပြီ။

ငါကျရှုံးသွားတာနဲ့ အနာဂတ်မှာ ပိုလာဝက်ဝံဆိုတဲ့ သတ္တဝါတွေ ရှိတော့မှာမဟုတ်ဘူး။

ထိုအကြောင်းအရာကို တွေးမိသောအခါ ဆုပိုင်က လက်သင့်မခံနိုင်တော့ချေ။ တိရစ္ဆာန်တိုင်းတွင် ကိုယ်ပိုင်တန်ဖိုးရှိသည်။ သဘာဝနှင့် ခွဲထုတ်၍ မရနိုင်သည့် တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

”တက်”

လေသံတိုးတိုးနှင့် အားပေးလိုက်ပြီးနောက် ဆုပိုင်က အရှိန်ကိုမြှင့်ကာ ခပ်မြန်မြန်တက်သည်။

နောက်ဆုံးတွင် တစ်မိနစ်ကျော်ခန့် ကြိုးစားပြီးနောက် ချောက်ကမ်းပါးထိပ်သို့ရောက်သွားသည်။

ချောက်ကမ်းပါးထိပ်က မတ်စောက်လွန်းသဖြင့် အပေါ်သို့ တက်နိုင်လျှင်ပင် မတ်မတ်ရပ်နေရန် မဖြစ်နိုင်ချေ။

လက်နှစ်ဖက်လုံးဖြင့် ကြီးမားသော ကျောက်တုံးကြီးကို ကိုင်ထားသည့် ဆုပိုင်၏ ကြွက်သားများက တောင့်တင်းနေသည်။ သူက ခြေထောက်ပေါ်သို့ အားအများကြီး စိုက်ထုတ်ထားရသေးသည်။ နောက်ဆုံးတွင် ခန္ဓာကိုယ်တစ်ဝက်ကို အပေါ်သို့ မြှင့်တင်လိုက်နိုင်သည်။

”ဟူး”

သိပ်မဝေးသော နေရာမှ သိပ်သည်းနေသော ငှက်သိုက်များကို မြင်ရသောအခါ ဆုပိုင်က သက်ပြင်းအရှည်ကြီးကို ချလိုက်နိုင်သည်။

နောက်ဆုံးတော့ တက်လာနိုင်ပြီ။ နောက်ပြီး ငှက်ဥတွေ အများကြီး ရနိုင်တော့မယ်။

နောက်ဆုံးတော့ အစာအရင်းအမြစ် ရှိပြီ။

သို့ရာတွင် ထိုငှက်အဖွဲ့ရှိနေသော ရှင်သန်နေထိုင်သည့် ဝန်းကျင်က မလွယ်ကူချေ။ ထို့ကြောင့် ဆုပိုင်ကလည်း အသိုက်တစ်ခုစီမှ ငှက်ဥတစ်လုံးသာ ယူရန် ဆုံးဖြတ်လိုက်သည်။

သူ လွယ်လာသော ကျောပိုးအိတ်ကို လှမ်းယူလိုက်ပြီးနောက် ကျောက်သားပေါ်တွင် ဂရုစိုက်လှဲချလိုက်ကာ ငှက်ဥများကို ကျောပိုးအိတ်ထဲသို့ ညင်သာစွာထည့်သည်။

”ကျွိကျွိ”

ရုတ်တရက် ငှက်သိုက်နှင့် သိပ်မဝေးသော နေရာတွင် လိမ္မော်ရောင်ခေါင်းလေးတစ်လုံး ပေါ်လာပြီး သေးငယ်သော မျက်ဝန်းတစ်စုံနှင့် သူ့ကို သိချင်စိတ်ပြင်းပြစွာကြည့်သည်။

”ကြွက်လား”

”မဟုတ်ဘူး ဒါက လန်မင်ကြွက်ပဲ”

ဆုပိုင်၏ မျက်နှာထားက ပြောင်းလဲသွားသည်။ ဒီလိုနေရာမျိုးတွင် တခြားသော သတ္တဝါများ ရှိနေမည်ဟု မထင်ထားမိချေ။ သို့သော် ဒါက လန်မင်ကြွက်ဖြစ်နေသည်။

”ကွိကွိ”

ထိုအကောင်လေးက အရှေ့မှ သတ္တဝါကြီးကို ကြောက်ပုံရသည်။ ကြောက်လန့်သွားသော အကြည့်မျိုးနှင့် သူ၏အရှေ့မှ ငှက်ဥကို တစ်ချက်ကြည့်ပြီး တွန့်ဆုတ်စွာဖြင့် ခပ်တိုးတိုးရေရွတ်လေသည်။

”ဟေး”

အဝေးမှ ခေါင်းလေးများစွာ ပြူထွက်လာသေးသည်။ သူတို့၏ ပါးစပ်တွင်လည်း ဥအခွံများ ရှိနေ၏။

သူတို့က ဆုပိုင်ကို တွေ့လိုက်သည့်အချိန်တွင် ပါးစပ်ထဲမှ ဥအခွံကို ခပ်မြန်မြန်ချပြီး သိပ်မဝေးသော နေရာရှိ ကျောက်ဆောင်အကွယ်များဘက်သို့ ရူးသွပ်စွာ ပြေးသွားလေသည်။ ထိုသို့ဖြင့် အနောက်ဘက်မှ ခပ်ဖွာဖွာအမြီးကို ခါရမ်းလျက် ဆုပိုင်၏အရှေ့မှ ပျောက်ကွယ်သွားသည်။

”ဒါက လန်မင်ကြွက်တွေဆိုတော့ သူတို့ရှိနေရင် တခြားသတ္တဝါတွေလည်း ရှိမှာပဲ၊ သူတို့အားလုံးကို ကယ်နိုင်မလားပဲ”

ဆုပိုင်က တစ်ချက်ညည်းညူလိုက်ပြီး ဥများကို ခပ်မြန်မြန်ယူကာ လာရာလမ်းသို့ ပြန်ဆင်းသည်။

++++

123 01

အပိုင်း (123) လန်မင်ကြွက်

“အူး”

ပိုလာဝက်ဝံလေးက သူ၏အရှေ့ရှိ ကြွေခွက်အတွင်းမှ အရည်များကို ကြည့်ပြီးဆုပိုင်ကို မေးခွန်းထုတ်သလို မော့ကြည့်သည်။

“ဒါကို စားလို့ရတယ်လား”

“စုပ်လိုက်”

ဆုပိုင်က တစ်ချက် စုပ်သောက်သည်။ သူ၏ပါးစပ်ထဲထိ အရသာခံလိုက်ပြီးနောက် ထိုအကောင်ငယ်လေး၏ နဖူးကို လက်ဖြင့်အသာဖိလိုက်ကာ ခွက်၏အရှေ့သို့ တွန်းလိုက်သည်။

ငှက်ဥကို ရေကျက်အေးနဲ့ ရောထားတာ။

မင်းသေချာပေါက် သောက်နိုင်ပါတယ်။ ဒါပေမဲ့ ဒါက ယာယီအားဖြင့်ပဲ ဖြေရှင်းနိုင်မှာ။

ထိုအကောင်ငယ်လေးကို ၁၅ရက်ခန့်ကြာအောင် ငှက်ဥများ ဆက်ကျွေးနေပါက ဝမ်းလျှောပြီး သေနိုင်သည်။

နို့လိုသေးတယ်။

တိရစ္ဆာန်သွေးဆိုရင်လည်း အဆင်ပြေလောက်တယ်။

“ဟစ်”

ထိုအကောင်ငယ်လေးက ခွက်ထဲမှ ငှက်ဥအရည်များကို တစ်ကျိုက်တည်းနှင့် သောက်လိုက်သည်။ သူ၏ခန္ဓာကိုယ်က အများကြီးနွေးထွေးသွားသည်။

ဆုပိုင်က ကျောပိုးအိတ်ထဲမှ ကျန်သောဥများကို သပ်သပ်ရပ်ရပ်စီပြီး ရွက်ဖျင်တဲအတွင်းတွင် ထည့်ထားလိုက်သည်။ ငှက်ဥ ၁၀ ကျော် ရှိနေသောကြောင့် အနည်းဆုံး အနာဂတ်၏ မနက်စာရနိုင်သေးသည်။ ယခုအခါ ယခုလေးတင် တွေ့ခဲ့ရသည့် လန်မင်ကြွက်များကို သွားရှာရမည်ဖြစ်သည်။ ထိုအကောင်များကို ရှာတွေ့လျှင် သူတို့နှစ်ယောက်လုံးကို ကယ်တင်နိုင်လေပြီ။

“သွားရအောင်”

ကြွေခွက်တစ်ခုလုံးကို သန့်ရှင်းအောင်လျက်နေသည့် ထိုအကောင်ပေါက်လေးကို မြင်သောအခါ ဆုပိုင်ကလည်း သူပြင်ဆင်လာခဲ့သည့် တောတွင်းရှင်သန်ရန် အသုံးဝင်သော ပစ္စည်းများအားလုံးကို ယူထုတ်လိုက်ရင်း ထိုအကောင်ငယ်လေးကို ပွေ့ပိုက်လျက် အဝေးဘက်သို့ လျှောက်သွားလိုက်သည်။

“ခရက်”

ခြေတစ်လှမ်းချင်းစီတိုင်းက မြေပြင်တွင် အစင်းရာချန်ရစ်လေသည်။ ဒါဟာ နှင်းမရည်ပျော်လာသည့် ရလဒ်လည်းဖြစ်သည်။

ဆက်လက်ပြီး အရည်ပျော်နေမည်ဆိုလျှင် ဒီနေရာတစ်ခုလုံးကလည်း နွံအိုင်ကြီးအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

နွံအိုင်က မြုပ်သွားသည်နှင့် နတ်ဘုရားကပင် လာကယ်ရန် ခက်သွားပေလိမ့်မည်။

သူ၏ခြေထောက်အောက်မှ စိုစွတ်နေသော မြေပြင်ကို သတိထားကာ နင်းနေရင်း ဆုပိုင်က ချောက်ကမ်းပါး၏ ဘေးဘက်ခြမ်းသို့ လျှောက်သွားသည်။ ထို့နောက် ခြေထောက်အောက်ဘက်အပိုင်းတွင် စရှာသည်။

ချောက်ကမ်းပါးပေါ်မှ အကောင်ငယ်လေးများ၏ သဲလွန်စကိုရှာသည်။ ဒီနေရာတွင် လန်မင်ကြွက်များကသာ အပေါ်မှငှက်ဥကို စားနိုင်သည်။

အဘက်ဘက်မှ စဥ်းစားဆင်ခြင်ပြီးနောက် လန်မင်ကြွက်များ၏ အသိုက်ဟာ ချောက်ကမ်းပါးနှင့် မဝေးသောနေရာတွင် ရှိမည်ဖြစ်ကြောင်း နားလည်လိုက်သည်။

သို့သော် ထိုကိစ္စနှင့် ပတ်သက်ပြီး ဘာမှမတတ်နိုင်ချေ။ အတိတ်တွင် လန်မင်ကြွက်များ၏ အစာက အရွက်ခြောက်များသာဖြစ်သည်။ အမြစ်တစ်ခုနှစ်ခုခန့််ဆိုလျှင်ပင် အဆင်ပြေသည်။ သို့သော် တစ်ခါတရံတွင် ငှက်ဥများ ခိုးတတ်သည်။ သို့သော် ဒါက အန္တရာယ်များလွန်း၏။ ထို့ကြောင့် ထိုဖြစ်ရပ်က ဖြစ်ခဲသည်။

သို့သော် ယခုမူ ခြားနားသွားပြီဖြစ်သည်။ အတ္တလန္တိတ်တစ်ခုလုံးက ရေခဲအရည်ပျော်ကျနေသည်။ ထို့ကြောင့် နယ်မြေအနေအထားကလည်း ပြောင်းလဲသွားပြီဖြစ်လေရာ အပင်ပေါင်းများစွာက သေဆုံးသွားပြီဖြစ်သည်။ သူတို့ကိုသာ ထိုသို့ တွန်းအားအပေးမခံရလျှင်လည်း လန်မင်ကြွက်များကလည်း ထိုမျှအထိ ရင်းနှီးပြီး ချောက်ကမ်းပါးပေါ်တက်၍ ငှက်ဥများကို ခိုးလိမ့်မည်မဟုတ်ချေ။

မည်သို့ပင်ဆိုစေ လန်မင်ကြွက်များက အလွန်သေးသည်။ အကြီးဆုံးအကောင်က လူ့လက်တစ်ဖက်စာထက် မကြီးချေ။ ယေဘူယျကျကျ ပြောရသော် ၁၅စင်တီမီတာအထက် မကြီးချေ။ ထို့ကြောင့် အလွန်ချစ်စရာကောင်းသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ပြန်တွေးကြည့်ပြီးနောက် ဆုပိုင်က ကျောက်တုံးဘေးနားရှိ မြေပြင်ကို ဂရုထားကာ ချိန်ထားလိုက်ပြီး လန်မင်ကြွက်အသိုက် ဖြစ်လောက်မည့်ဂူကို ရှာသည်။

“ငါဒီနေ့ တအားကံကောင်းတယ်၊ လမ်းက အကန့်အသတ်မဲ့တယ်၊ ဒီတော့ လူတိုင်းကလည်း ငါအခုလေးတင် တွေ့ခဲ့တဲ့ အကောင်ငယ်လေးတွေကို မြင်လိုက်ကြမယ်ထင်တယ်၊ ဒီတင်ဆက်သူက အခု အဲဒီသိုက်ကို ရှာနေတာ”

“မင်းတို့သာရှာနိုင်ရင် အနီးစပ်ဆုံး ရိက္ခာကတော့ ရပြီ၊ ဒါပေမဲ့ ရှိဦးမှကိုး”

“ဒီအကောင်ငယ်လေးက ရှင်သန်လာလိမ့်မယ်”

ဆုပိုင်က အပြုံးနှင့်ပြောပြီး ခေါင်းကိုငုံ့ကာ အသိုက်ကိုရှာသည်။

[အဲဒီကောင်တွေက အရမ်းချစ်ဖို့ကောင်းတာမဟုတ်လား၊ ဒါပေမဲ့ တအားနည်းတယ်နော်]

[အရေးအကြီးဆုံးအချက်က ဒီလောက်ချစ်စရာကောင်းတဲ့ ကောင်လေးကို တင်ဆက်သူက စားချင်နေတာလား၊ သနားစရာကောင်းလိုက်တာ ]

[ငါသာ တစ်ကောင်လောက် မွေးလို့ရရင် ကောင်းမှာပဲ]

123 02

[ပြောမနေနဲ့တော့၊ အဲဒီနေရာမှာ တိရစ္ဆာန်တွေအများကြီး မရှင်သန်နိုင်လောက်တော့ဘူးလို့ ထင်တယ်၊ တင်ဆက်သူ မျိုးတုန်းသွားမှာကို မကြောက်ဘူးလား]

[ဟုတ်တယ် ဟုတ်တယ်]

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲရှိ မိတ်ဆွေများကလည်း စိတ်ရှုပ်ထွေးစွာ ဖွင့်ပြောလာကြသည်။

ဆုပိုင်က ၁၅ရက်ခန့် ရှင်သန်နေထိုင်ရန်အတွက် တခြားသော သတ္တဝါများကို အမဲလိုက်ရန် လိုအပ်သည့်အကြောင်း သိထားကြသည့်တိုင်အောင် ထိုကောင်ငယ်လေးက ချစ်စရာကောင်းလွန်းသည်။ ထို့အပြင် အကောင်က သေးလွန်း၏။

“ဟဟ”

ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ ကောမန့်များကို ကြည့်ပြီး ရယ်သည်။

“ဒီကောင်ငယ်လေးကို မွေးချင်တယ်လို့ ဘယ်သူပြောတာလဲ၊ ဒီလိုကောင်ငယ်လေးကို ကယ်ဆယ်ဖို့ အခွင့်အရေး ရှိလာတဲ့အခါ ငါမင်းတို့ကို တစ်စုံပေးမယ်၊ ပြန်ယူသွားပြီး မွေး၊ တစ်နှစ်လောက်နေတဲ့အထိ အဆင်ပြေပါစေလို့ ဆုတောင်းတယ်”

ဒါက လန်မင်ကြွက်လေ။ သဘာဝအလျောက် မျိုးပွားမှုအများဆုံး ကြောက်စရာအကောင်းဆုံး သတ္တဝါတွေထဲက တစ်ကောင်ပဲ။

လန်မင်ကြွက်နှစ်ကောင် အထီးနဲ့အမ နှစ်ကောင်က တစ်နှစ်တည်းနဲ့ မြက်ခင်းပြင်ဒေသတစ်ခုလုံးအနှံ့ အကောင်ရေပွားနိုင်တယ်လို့ ပြောရင် ချဲ့ကားရာတောင် မရောက်ဘူး၊ အဓိကကတော့ သဘာဝရန်သူတွေ မရှိခဲ့ရင်ပေါ့။

သူတို့၏ မျိုးပွားမှု အရေအတွက်က မြေမျက်နှာသွင်ပြင်အနေအထားအရ မြင့်တက်လာသေးသည်။

“ဟင်”

ဆုပိုင်က ပိုလာဝက်ဝံလေးကို မြေပြင်ပေါ်သို့ချပြီး အပြုံးနှင့် ဆက်လက်ရှင်းပြသည်။

“တိရစ္ဆာန်တွေ မျိုးမတုန်းခင်မှာ လန်မင်ကြွက်တွေနဲ့ပတ်သက်ပြီး ဖြေရှင်းလို့မရတဲ့ လျို့ဝှက်ဆန်းကြယ်မှုတွေ ရှိသေးတယ်၊ အခုလက်ရှိ အနေအထားအရ မှတ်တမ်းတင်ထားတဲ့ ဖိုင်တွေတောင် ပျောက်နေလောက်ပြီလို့ ထင်တယ်”

“လန်မင်ကြွက်...ဆိုတဲ့သတ္တဝါက ကိုယ့်ကိုယ်ကိုယ် ဖော်ပြဖို့.လက်ဦးမှုယူတတ်တဲ့ ကြွက်လိုသတ္တဝါမျိုးတွေနဲ့ တူတယ်၊ နောက်ပြီး သူတို့ရဲ့ သဘာဝရန်သူတွေကိုလည်း သူတို့ကို စားခိုင်းလို့ရတယ်၊ ဘာမှတော့ ထူးခြားတာမရှိဘူး၊ ဒါပေမဲ့ လူတိုင်းကို ပဟေဋိအဖြစ်စေဆုံးက....”

“လန်မင်ကြွက်တွေက အဆင့်တစ်ခုကို ရောက်သွားတဲ့အချိန်မှာ အရွယ်ရောက်သွားတယ်၊ အဲဒီနောက် အဖွဲ့လိုက် ပင်လယ်ထဲကို ခုန်ဆင်းသွားတတ်တာပဲ၊ အဲဒီနောက် ပင်လယ်ထဲမှာ ရေနစ်သေသွားတဲ့ လန်မင်ကြွက်သိန်းကျော် ပေါ်ပေါ်လာတတ်လာပဲ”

ထိုသို့ပြောရင်း ဆုပိုင်က ပင်လယ်ဘက်သို့ ကြည့်လိုက်ပြီး အသံtoneကို မြှင့်လိုက်သည်။

“တချို့လူတွေက လန်မင်ကြွက်တွေက သဘာဝရန်သူတွေနဲ့တွေ့လို့ ပင်လယ်ထဲကို ခုန်ဆင်းတယ်လို့ပြောကြတယ်၊ ဒါပေမဲ့.... ဒီတင်ဆက်သူ ပြောချင်တာက လန်မင်ကြွက်တွေက ရေကူးနိုင်တယ်၊ သူတို့က ပင်လယ်ထဲကို ခုန်ဆင်းကြတယ်ဆိုတာကလည်း သေချင်လို့ပဲ”

“ဒါက သဘာဝရဲ့ မှော်ဆန်တဲ့ကိစ္စပဲ၊ ဒီလိုကောင်လေးတွေ အုပ်လိုက်အများကြီး ရှိလိမ့်မယ်၊ သူတို့က ကိုယ်ပိုင်သေဆုံးခြင်းကိုရင်းပြီး အဖွဲ့ကို ဦးရေတိုးမြှင့်နိုင်အောင် ကြိုးစားကြတာ”

“ဒါက တိရစ္ဆာန်ငယ်လေးနော်”

“ဟဟ နောက်ပြီး အခုလေးတင်တွေ့လိုက်တဲ့ လန်မင်ကြွက်တွေကို မွေးချင်တယ်ဆိုတဲ့ ညီအစ်ကို ရှိသေးတယ်မဟုတ်လား၊ အခွင့်အရေးရှိရင် ငါမင်းကို မထီးအမတစ်ကောင်ပေးမယ်၊ မွေးကြည့်ပေါ့”

ဆုပိုင်က သူ၏ခြေထောက်အောက်မှ ကျောက်တုံးကို ဖယ်လိုက်ပြီး ဂူသို့ ငုံ့ကြည့်လိုက်သည်။ ထို့နောက် ခေါင်းကို စိတ်ပျက်လက်ပျက် ခါလိုက်၏။

“လန်မင်ကြွက်တွေက သဘာဝအရ မျိုးပွားမှုစွမ်းရည် အမြင့်ဆုံးပိုင်ဆိုင်ထားတယ်လို့ ဘာလို့ပြောကြလဲဆိုရင်....သူတို့က တစ်နှစ်မှာ ၇ကြိမ်ကနေ ၈ကြိမ်အထိ မျိုးပွားနိုင်တယ်၊ နောက်ပြီး တစ်ကြိမ်ချင်းစီတိုင်းမှာ ၁၀ကောင်ကနေ ၁၂ကောင်အထိ ပေါက်တယ်၊ ကြောက်စရာအကောင်းဆုံးအချက်က ဟုတ်တယ်၊ သူတို့ရဲ့ အရွယ်ရောက်တဲ့စက်ဝန်းက တအားတိုတာပဲ၊ လန်မင်ကြွက်အမတွေဆိုရင် ရက်၂၀ကြာပြီးတာနဲ့ တိုက်ရိုက်သားဖောက်နိုင်ပြီ”

“မင်းတို့တွေ သင်္ချာတွက်ကြည်လို့ရတယ်၊ လန်မင်ကြွက်တစ်ကောင်ကို မတ်လမှာ စမွေးလိုက်ရင် တစ်နှစ်ကြာသွားတဲ့နောက်မှာ အကောင်ရေတစ်သိန်းအထိ မျိုးပွားသွားလိမ့်မယ်”

“အဲဒီနောက် စံချိန်အမီဆုံး အနေအထားမျိုးနဲ့ ထည့်တွက်မယ်ဆိုရင်တောင်မှ သူတို့က တစ်ကြမ်မှာ ၁၂ကောင် ပေါက်လိမ့်မယ်၊ အထီး၆ကောင် အမ၆ကောင်ပဲ ထားပါတော့၊ ရက်၂၀ကြာပြီးတဲ့နောက်မှာ သားဖောက်နိုင်ပြီ၊ အဲဒီအချိန်ကျရင်လည်း ၁၂ကောင်ပဲ၊ ဒီတော့ တစ်နှစ်ကြာသွားတဲ့အချိန်မှာ ပမာဏက ဘယ်လောက်ဖြစ်မလဲဆိုတာ တွက်ကြည့်ကြပါတော့”

“အဲဒီနောက် နောက်ထပ် ရက်၂၀ ထပ်ကြာသွားပြီးတဲ့နောက်မှာ နောက်တစ်ကြိမ်ထပ်ပြီး သားဖောက်ဦးမယ်၊ အစောဆုံးအတွဲအပြင် နောက်ထပ်အတွဲတွေ ထပ်ပေါင်း နောက်ထပ် တတိယမြောက်အတွဲတွေ ဒီလိုနဲ့ အရေအတွက်က တအားကို များသွားပြီမဟုတ်လား”

123 03

“ဒါတောင် ဒီတင်ဆက်သူက အကြမ်းဖျင်းတွက်ပြတာနော်၊ တစ်နှစ်ဆိုတာက ဒီအတိုင်း အချိန်ကန့်သတ်ချက်တစ်ခုပဲ ထားသေးတာ၊ နောက်ပြီး အစောဆုံး လန်မင်ကြွက်အတွဲက တစ်နှစ်ကြာသွားတဲ့နောက်မှာ ထွက်လာမဲ့ သူတို့ရဲ့ မျိုးဆက်တွေနဲ့ အားလုံးပေါင်းလိုက်ရင် မျိုးပွားထားတဲ့ အရေအတွက်က ၁.၆သန်းလောက်ထိ ရှိနေလောက်တယ်၊ အဲဒီထက်တောင်များနိုင်သေးတယ်”

“ဒါပေါ့ ဒါက စံချိန်နဲ့ ထည့်တွက်ထားတာပေါ့၊ တကယ်လို့ အမတွေနည်းပြီး သဘာဝကပ်ဘေးတွေရှိမယ်၊ သေဆုံးသွားတဲ့ အခြေအနေတွေ ရှိမယ်ဆိုရင်တော့ အရေအတွက်က ထက်ဝက် ဒါမှမဟုတ်ရင် သုံးပုံတစ်ပုံလောက်အထိ လျော့ကျသွားမှာပေါ့၊ ဒါပေမဲ့ သုံးပုံနှစ်ပုံပဲ ကျန်နေသေးရင်တောင်မှ သိန်းကျော်လိမ့်မယ်”

“ဒီသိန်းကျော်က ထပ်ပြီး မျိုးပွားဦးမယ်ဆိုရင်......”

“ဒါဆိုရင် သဘာဝရန်သူတွေမရှိတဲ့ ဝန်းကျင်မျိုးမှာသာဆိုရင် ဒီအကောင်တွေက ဘယ်လောက်တောင် ကြောက်စရာကောင်းလာမလဲဆိုတာကို စဥ်းစားကြည့်”

ဆုပိုင်က စကားပြော၍ ဆုံးသွားသည့်အချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ ကောမန့်တစ်ခုကိုမှ မမြင်ရတော့ချေ။ လူတိုင်းကလည်း ထိုအရေအတွက်ကြောင့် အံ့အားသင့် မှင်တက်နေကြလေသည်။

+++

All Chapters