အခန်း (၁၂၄-၁၂၆)
Vol. 9 Ch. 124-126
အပိုင်း (124) ဒီတိရစ္ဆာန်က မျိုးတုန်းမှာမဟုတ်ဘူး
[မားရေ အခုလေးတင် ဒီတိရစ္ဆာန်ကို မွေးချင်တယ်လို့ ပြောသွားတာ ဘယ်သူလဲ၊ ကျေးဇူးပြုပြီး ထွက်ရပ်ပေးပါဦး.....၊ ငါ ဦးညွတ်ချင်လို့ပါ]
[ဒါက တစ်လောကလုံးကို ဖန်တီးခဲ့တဲ့ မိဘစုံတွဲမဟုတ်လား၊ ဒီစုံတွဲက ဒီလောက်အထိ အများကြီး သားဖောက်နိုင်မယ်လို့ မထင်ထားဘူး၊ အကောင်ရေ သိန်းကျော်သာဆိုရင်.....ဟစ်]
[ငါတစ်ကိုယ်လုံး ကျက်သီးတွေထနေပြီ၊ ဒီသားဖွားနိုင်တဲ့ စွမ်းရည်က တော်တော်လေးကို ကြောက်စရာကောင်းတာပဲ]
[သူတို့အလိုအလျောက် အသေခံသွားတာ မအံ့သြတော့ပါဘူး၊ ဒီလောက် ကြောက်စရာကောင်းတဲ့ နှုန်းနဲ့ဆိုရင် အနှေးနဲ့အမြန် မြေကမ္ဘာပေါ်က အပင်တိုင်းက သူနတို့စားလို့ကုန်မှာပဲ]
[တွေးကြည့်လေလေ ကြောက်စရာကောင်းလေပဲ၊ ဒါပေမဲ့ ဒါကစားလို့ရတဲ့အသားဆိုရင်....ဖာ့ခ် ဒီအတိုင်း.....]
[ဟုတ်တယ်တင်ဆက်သူ တင်ဆက်သူ ဒီလိုအကောင်မျိုးကို တိရစ္ဆာန်ရုံထဲမှာ မွေးမယ်ဆိုရင် သူ့ရဲ့ မျိုးပွားနှုန်းအရှိန်နှုန်းကြောင့် ဟာလီတို့တွေ အသားမလိုအပ်လောက်တော့ဘူး]
[ဟုတ်တယ် ဟုတ်တယ်၊ တကယ်ပဲ စားလို့ရတယ်ဆိုရင် ငါတို့လည်း တတ်နိုင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ မျိုးပွားနှုန်းက ကြောက်စရာကောင်းနေတာပဲ]
..........။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် သိပ်သည်းစွာ ပေါ်လာသော ကောမန့်များကို မြင်သောအခါ ဆုပိုင်က ခါးသည်းစွာပြုံးပြီး ခေါင်းကိုခါသည်။
သူက ဘာလို့ ဒီလန်မင်ကြွက်တွေကို ပြန်မသယ်သွားချင်ရမှာလဲ။
ဒါပေမဲ့ တာဝန်တစ်ခုချင်းစီတိုင်းမှာ စပ်ဆက်တဲ့ သတ္တဝါတွေကိုပဲ ပြန်သယ်သွားနိုင်တယ်။ ဒီလိုလန်မင်ကြွက်မျိုးတွေနဲ့ ပတ်သက်တဲ့ missionရမယ်ဆိုရင် သူ့အနေနဲ့ စားစရာအတွက် စိုးရိမ်စရာမလိုအပ်လောက်တော့ဘူး။
လန်မင်ကြွက်များက သေးသော်လည်း သူတို့၏ အရေအတွက်က အလွန်များသည်။ သိပ်မကြာခင် သို့မဟုတ် သုံးလတည်းနှင့် စိတ်ကြိုက်စားသောက်နိုင်သည့် အတိုင်းအတာထိ ရရှိနိုင်သည်။
“ဟဟ လန်မင်ကြွက်တွေရဲ့အသားကို မြင့်မားတဲ့ နည်းပညာတွေနဲ့ ကြာရှည်ခံထားနိုင်အောင်လုပ်ပြီး အဆင့်ဆင့် စစ်ဆေးသွားပြီးတဲ့နောက်မှာ စားလို့ရသေးတယ်လို့ ပြောရမယ်”
“ဒါပေမဲ့ ဒီလိုသတ္တဝါမျိုးကို အောင်အောင်မြင်မြင် ကယ်ဆယ်မွေးမြူဖို့က တော်တော်လေး ခက်ခဲလိမ့်မယ်၊ အနာဂတ်မှာတော့ ဖြစ်နိုင်ပါတယ်”
ဆုပိုင်က အနည်းငယ် စိတ်ဓာတ်ကျသွားသည်။
ကြီးထွားနှုန်းကလည်း တအားတိုတယ်။ လန်မင်ကြွက်တွေက သူတို့တစ်ဘဝလုံးတောက်လျှောက် မျိုးပွားနေကြတာ။ ဒီတော့ တိရစ္ဆာန်ရုံအတွက် ကိုယ်တိုင်းချုပ်ထားတဲ့ စားစရာလိုပဲ။
“အူး”
ရုတ်တရက် သူ၏ခြေထောက်အောက်မှ ပိုလာဝက်ဝံလေးက ထခုန်လိုက်သည်။ ဆုပိုင်က ထိုအခြေအနေကို မြင်သောအခါ ခပ်မြန်မြန် နောက်မှလိုက်သည်။
ဆုပိုင်က အကောင်ပေါက်လေး၏ နောက်မှ လိုက်နေသည့်အချိန်တွင် တရုတ်နိုင်ငံ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းက စတင်ကာ ထိတ်လန့်နေကြပြီဖြစ်သည်။
.......။
“ဘန်း”
“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဒီအကောင်ကို ရအောင်ယူရမယ်၊ ဒါရိုက်တာဆုပိုင်က ပြောတဲ့စကားကသာ မှန်ကန်မယ်ဆိုရင် ဒီလောက်ကြောက်စရာကောင်းတဲ့ မျိုးပွားနှုန်းနဲ့သတ္တဝါက ငါတို့ရဲ့နိုင်ငံက လက်ရှိအခြေအနေကို ဖြည့်စည်းပေးဖို့ အရမ်းကို သင့်တော်တယ်”
“ဒါက လူတိုင်းရဲ့ ရှင်သန်နေထိုင်မှုအခြေအနေကို မြှင့်တင်ပေးနိုင်ရုံသာ မကသေးဘဲ လူသားတွေအတွက် အကျိုးကျေးဇူး အများကြီးပေးနိုင်တယ်”
နန်ကုန်းယွမ်က သူ၏အိုမင်းနေသော လက်ဖဝါးကြီးဖြင့် စားပွဲကို ခပ်ကြမ်းကြမ်း ဖြတ်ရိုက်လိုက်သည်။ အောက်ဘက်တွင် ထိုင်နေသော နီရဲနေသော မျက်နှာနှင့် လူများကို ကြည့်ပြီးနောက် စိတ်လှုပ်ရှားနေသော လေသံနှင့်ပြောသည်။
124 02
“ချင်တုကို လူတွေအများကြီး အမြန်ဆုံးလွှတ်လိုက်၊ ဒါရိုက်တာဆုပိုင်နဲ့ အကောင်းဆုံး ညှိနှိုင်းနိုင်အောင်ကြိုးစား၊ ဘယ်လောက်တန်ကြေး ပေးရပေးရ သူ့ရဲအသင်းက ဒီလန်မင်ကြွက်ဆိုတဲ့ သတ္တဝါကို ရအောင် ကယ်ဆယ်နိုင်ရမယ်”
“သူက ပိုက်ဆံလိုရင် ငါတို့ပေးမယ်၊ နေရာလိုရင်လည်း ငါတို့ပေးနိုင်တယ်”
“ဒီစီမံကိန်းကသာ အောင်မြင်သွားရင် ငါအထက်ကနေ သားဖွားစရိတ် ရအောင်တောင်းပေးမယ်”
“ဒါက ငါတို့အတွက် အရေးအကြီးဆုံး ကိစ္စပဲ၊ လန်ဒရစ်ဝက်တွေကို အောင်အောင်မြင်မြင် သားဖောက်နိုင်ပေမဲ့လည်း မျိုးပွားတဲ့နှုန်းက တအားနှေးလွန်းတယ်၊ ဒီတော့ သူတို့ကို အသုံးချနိုင်ဖို့အတွက် နှစ်အနည်းငယ်တော့ စောင့်ရဦးမှာ”
“ဒါပေမဲ့ ဒီလန်မင်ကြွက်တွေကတော့ ခြားနားတယ်၊ ၃လတည်းနဲ့ လူတိုင်းစားဖို့လုံလောက်တဲ့ အတိုင်းအတာကို ရရှိမှာ”
“ဟုတ်ကဲ့”
ဘေးဘက်ခြမ်းတွင် ရပ်နေသော လက်ထောက်က ခပ်မြန်မြန် မှတ်သားလိုက်ပြီး နောက်သို့ ချာခနဲလှည့်ကာ အစည်းအဝေးခန်းထဲမှ ထွက်ခွာသွားသည်။
“ဒါပေမဲ့ ဒါရိုက်တာဆုပိုင်က အခုလေးတင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ ပြောသွားတဲ့အတိုင်းဆိုရင် ဒီသတ္တဝါမျိူးကို ကယ်ဆယ်ဖို့ ခက်ဦးမယ်လို့ပြောတယ်၊ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ သားဖွားနှုန်းက ကြောက်စရာကောင်းတယ်၊ မျိုးရိုးဗီဇက တော်တော်လေး ထူးခြားနေလောက်တယ်၊ ဒီတော့ထင်သလောက်မလွယ်လောက်ဘူး”
အောက်ဘက်တွင် ထိုင်နေသော သက်လတ်ပိုင်းအရွယ် ခီးအမျိုးသမီးက ပြောသည်။ သူမက စိုးရိမ်နေပုံပေါ်သည်။
“ဘာပဲဖြစ်ဖြစ် ဒီလိုသတ္တဝါမျိုးကို ကောင်းကောင်းမထိန်းချုပ်နိုင်တာနဲ့ သဘာဝဝန်းကျင်ကို ထိခိုက်လာစေလောက်တယ်”
“ဒီအတွက်ကြောင့်ပဲ ဒါရိုက်တာဆုပိုင်ရဲ့အနောက်က အသင်းက မကယ်ဆယ်သေးတာ ဖြစ်လောက်တယ်”
“ဘာပဲဖြစ်ဖြစ် ဒီလိုသတ္တဝါမျိုးအကြောင်းကို သူက သိထားပြီးသား၊ ဒါပေမဲ့ ဘာလို့ မကယ်ဆယ်သေးတာလဲ၊ အကြောင်းပြချက်ကတော့ ရှိနေမှာပေါ့”
“ဟုတ်တယ် ဟုတ်တယ်”
နန်ကုန်းယွမ်က မျက်မှောင်ကြုတ်ပြီး ခေါင်းညိတ်သည်။ သူက စိတ်အနည်းငယ်ငြိမ်သွားသည်။ ထို့နောက် ပြောလိုက်၏။
“ငါတို့အားလုံး ဒါတွေကို နားလည်တယ်၊ နောက်ပိုင်းမှာ အောင်အောင်မြင်မြင် ကယ်ဆယ်နိုင်ပြီဆိုရင် အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ လျင်မြန်စွာ မျိုးပွားနိုင်စွမ်းရည်ရှိတဲ့ သတ္တဝါတွေရဲ့ အရေအတွက်ကို ကောင်းကောင်းထိန်းချုပ်ဖို့ အထူးဌာနတစ်ခု တည်ထောင်ရမယ်”
“လူတိုင်းကလည်း ကယ်ဆယ်ခံရတဲ့ တိရစ္ဆာန်တွေအားလုံးက ကောင်းမွန်တဲ့ ကိစ္စတွေပဲ လုပ်နိုင်အောင် အထူးတလည် အာရုံစိုက်ရမယ်၊ ဒါပေမဲ့ ဒါက ငါတို့အတွင် စမ်းသပ်မှုလည်း ဟုတ်လောက်တယ်”
“အရာအားလုံးကို ဟန်ချက်ညီနေအောင် သေချာပေါက် ထိန်းချုပ်ထားရမယ်၊ ငါတို့ကလည်း ပြန်လည်သာယာစိမ်းစိုလာတဲ့ သဘာဝဝန်းကျင်ကို ဖျက်ဆီးခံလို့မဖြစ်ဘူး၊ နောက်ပြီး ကယ်ဆယ်ထားပြီးသား တိရစ္ဆာန်တွေကိုလည်း သူတို့ရဲ့ ရပိုင်ခွင့်ရှိသင့်တဲ့ အိမ်ကို ဆုံးရှုံးခံရစေလို့ မဖြစ်ဘူး”
“ဒါက ငါတို့ နောက်နှစ်တစ်ရာ ဒါမှမဟုတ် နှစ်ရာပေါင်းများစွာကြာတဲ့အထိ ဆက်လက်ပြီး လေ့လာသွားရမဲ့ အကြောင်းအရာပဲ”
“ကြည့်ဦး တိရစ္ဆာန်အသစ်တစ်ကောင် ပေါ်လာပြီ၊ သူ့ရဲ့အမွေးတွေက ဖြူဖွေးနေတာပဲ၊ ဒါက.....”
ရုတ်တရက် နောက်ဘက်မှ လူအိုကြီးတစ်ယောက်က ဖန်ခွက်ကို ကောက်မပြီး သောက်ရန်ပြင်နေရာမှ ရုတ်တရက် ထအော်လိုက်သည်။ လူတိုင်းကလည်း ခေါင်းကိုချက်ချင်းလှည့်ကာ ကြည်လိုက်ကြသည်။ သူတို့၏အကြည့်က နံရံပေါ်ရှိ ကြီးမားသော ဖန်သားပြင်ကြီးပေါ်တွင်ဖြစ်သည်။
“လိုက်”
ဆုပိုင်က အမောတကော အသက်ရှူပြီး အကောင်ပေါက်လေးလိုက်နေသော သတ္တဝါကို ကြည့်သည်။ သူက အော်ဟစ်လိုက်ပြီး ခပ်မြန်မြန်လိုက်သည်။
နောက်ထပ်အကောင်တစ်ကောင်ကို တွေ့ရရုံသာ မကသေးချေ။ ထိုအကောင်က ပါးစပ်ထဲတွင် လန်မင်ကြွက်ကို ကိုက်ထားသည်။
“သြ”
ပိုလာဝက်ဝံလေးက ဖင်လေးကို လိမ်တွန့်ပြီး သူ၏ ခပ်တိုတို ခြေထောက်လေးများကို ခပ်မြန်မြန် ဖိနင်းလျက် နောက်မှ ဆုပိုင်ကို အမြန်လိုက်လာရန် တိုက်တွန်းသည်။
“ဟစ်”
124 03
ဆုပိုင်က အသက်ပြင်းပြင်းရှူသည်။ သူက လက်ကို တစ်ချက်ရမ်းလိုက်ပြီး အရှေ့မှ ပိုလာဝက်ဝံလေးကို ကောက်မလိုက်သည်။ ထိုသို့ဖြင့် သူ၏အရှိန်ကို အကန့်အသတ်သို့ရောက်အောင် မြှင့်တင်လိုက်ပြီး လေအလျင်နှုန်းကဲ့သို့ ထွက်ပြေးသွားသော ရေခဲမြေခွေးနောက်သို့ လိုက်သည်။
မမျှော်လင့်ထားစွာပင် အာတိတ်မြေခွေးက မျိုးမတုန်းသေးချေ။
နောက်ပြီး သူ့အမွေးရဲ့အရောင်အရ သူ့ရဲ့ဘဝအခြေအနေက မဆိုးရွားမှာကိုတောင် စိုးရိမ်ရတယ်။
အနည်းဆုံး ပိန်ကပ်နေသော ပိုလာဝက်ဝံများနှင့် မတူချေ။ ထိုအခြေအနေအရ အာတိတ်မြေခွေးက အစာအရင်းမြစ်ကောင်းရှိကြောင်း ဖော်ပြနေသည်။ ထိုအကောင်ကလည်း လန်မင်ကြွက်ဖြစ်နိုင်သည်။
ထိုအကြောင်းအရာကို တွေးမိသော ဆုပိုင်က အရှိန်ကို မြှင့်လိုက်သည်။
“သတိထား”
ရုတ်တရက် အရှေ့မှ အာတိတ်မြေခွေးက လေထဲသို့ လှမ်းတက်လိုက်ပြီး ခန္ဓာကိုယ်ပေါ်ရှိ အမွေးတိုင်းက ရွှံ့များ ပေကျံသွားသည်။ ထို့နောက် သေးငယ်သော နွံအိုင်ထဲသို့ ခုန်ဆင်းသွားသည်။
“အဲဒီမှာနေ မလှုပ်နဲ့”
ဆုပိုင်က ပိုလာဝက်ဝံလေးကို မြေပြင်ပေါ်သို့ချပြီး ခေါင်းအသာလှည့်လိုက်သည်။ ထို့နောက် ကျောပိုးအိတ်ထဲမှ ကြိုးတစ်ချောင်းကို ထုတ်သည်။ ထိုကြိုးကို နွံအိုင်ဘေးရှိ ကြီးမားသော ကျောက်တုံးကြီးကို ခပ်တင်းတင်းချည်လိုက်သည်။
ကံကောင်းသည်မှာ အနားရှိ ကျောက်တုံးကြီးက နွံအိုင်နှင့် နီးလွန်းနေသည်။ သို့မဟုတ်လျှင် ဆုပိုင်၏ကြိုးက မီတာ၂၀ခန့်ထိသာ ရှည်လေရာ အကွာအဝေးက အလွန်ဝေးနေခဲ့ပါက အာတိတ်မြေခွေးကို မကယ်နိုင်လောက်ချေ။
“ရှူး မရုန်းနဲ့”
အရှေ့မှ ရုန်းကန်နေသော အာတိတ်မြေခွေးကြီးကို မြင်သောအခါ ဆုပိုင်က မြေပြင်ပေါ်သို့ ဂရုတစိုက် ချပေးလိုက်ပြီး ကြိုးကို ပြန်ဆွဲလျက် ဖြည်းဖြည်းချင်း တက်သွားစေလိုက်သည်။
ထိုနည်းအားဖြင့် ဆွဲတင်ရသည့် အားကလည်း ပြင်းထန်လာသည်။ သို့သော် နွံအိုင်ထဲသို့ စကျသွားသော အရှိန်ကမူ အများကြီး လျော့ကျသွားသည်။
သို့သော် အပေါ်သို့ တက်လာချင်လျှင်လည်း သူ၏လက်မောင်းအားကို စမ်းသပ်ရာရောက်သေးလေသည်။ ခြေထောက်ပေါ်သို့ အားအများကြီး ထည့်သုံးထား၍ မရချေ။ အားအများကြီး သုံးလိုက်သည့်နောက်တွင် ကိုယ်တိုင်ကပင် နွံအိုင်ထဲသို့ ကျသွားနိုင်သေးသည်။
“ချိ”
အာတိတ်မြေခွေးက ပါးစပ်ထဲတွင် လန်မင်ကြွက်ကို ကိုက်ထားသေးသည်။ သူကလည်း ဆုပိုင်၏စကားကို နားလည်ပုံရသည်။ ရုန်းကန်မှုကို ရပ်တန့်လိုက်သည်။
“ဒီကိုလာ”
ဆုပိုင်က ခက်ခက်ခဲခဲ လက်ကို ဆန့်ထုတ်ပေးလိုက်သည်။ သူ၏ခြေထောက်ကို ကျောက်တုံးပေါ်တွင် ကုတ်ထားလိုက်ပြီး ရှေ့သို့ တဖြည်းဖြည်းချင်း တွားသွားလိုက်သည်။
သူ၏လက်ဖဝါးက အာတိတ်မြေခွေး၏ လည်တိုင်နားရှိ အမွေးများကို ဆုပ်ကိုင်မိသွားပြီးနောက် ခပ်ပြင်းပြင်းဆွဲကာ နောက်သို့လှည့်ပြီး တခြားတစ်ဖက်ကမ်းခြေပေါ်သို့ ပစ်လိုက်သည်။
“ဖု”
ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်တစ်ဝက်ခန့်က ရုတ်တရက် ယိုင်ကျသွားပြီး နွံအိုင်ထဲသို့ မျက်နှာအပ်ကျသွားသည်။
+++
125 01
အပိုင်း (125) ပင်လယ်ထဲကိုသွားမယ်
“ဖူး”
သူ၏ ပါးစပ်ထဲမှ ရွှံ့နွံများကို ထွေးထုတ်လိုက်ပြီးနောက် ဆုပိုင်က လက်ကို ခပ်မြန်မြန်ဆန့်လျက် ခါးမှကြိုးကို ခိုင်မြဲစွာ ဆုပ်ကိုင်လိုက်သည်။
“မတော့”
သူက အော်လိုက်သည်။ နဖူးမှ သွေးကြောများကပင် ထောင်တက်သွားသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးက တဖြည်းဖြည်းချင်း အပေါ်သို့ ပြန်တက်သည်။
အူး။
ပိုလာဝက်ဝံလေးက ကြိုးကို သူ၏သွားလေးဖြင့် ကိုက်ဆွဲထားရင်း ဆုပိုင်ကို ဆွဲတင်လေသည်။
“ဘုန်း”
ဆုပိုင်က အပေါ်သို့ရောက်လာသည့် အခိုက်အတန့်တွင် မြေပြင်ပေါ်တွင် ခြေပစ်လက်ပစ် လှဲချလိုက်ပြီး သူက အမောတကော အသက်ရှူနေတော့၏။
“အဲဒီ အာတိတ်မြေခွေး ဘယ်ရောက်သွားလဲ”
သူကတစ်ဖက်သို့ လှည့်ကြည့်လိုက်သောအခါ ထိုအကောင်လေးကို မမြင်ရတော့ချေ။
သေစမ်း။
တကယ်ကို ထွက်ပြေးသွားတာပဲ။
ဆုပိုင်က နဖူးကို ကူကယ်ရာမဲ့စွာ ပုတ်လိုက်သည်။ သူက ခပ်မြန်မြန် ထရပ်လိုက်ပြီး ပစ္စည်းများကို သိမ်းလျက် ပြန်ပြီး အဝတ်အစားလဲရန် ကြံစည်လိုက်သည်။ သူ၏တစ်ကိုယ်လုံးတွင် ရွှံ့များ ပေကျံနေသောကြောင့် ပင်လယ်ထဲသို့ဆင်းပြီး ရေချိုးရလောက်သည်။
ထိုအကြောင်းအရာကို တွေးမိပြီးနောက် သူ၏တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ ဒါဟာ ဆောင်းတွင်းတွင် ရေကူးရသလိုဖြစ်သည်။
“ကွိကွိ”
ထိုအခိုက်အတန့်တွင် ပိုလာဝက်ဝံလေးက သူ၏လက်သည်းလေးကို မြှောက်လာပြီး လန်မင်ကြွက်၏ လိမ္မော်ရောင်ခေါင်းလေးကို ထုတ်ပြသည်။ ကြီးမားသော အစွယ်ကြီးက ဖြဲလျက်ပေါ်ထွက်လာပြီးနောက် ရယ်မောနေသလို ဖြစ်လာသည်။
“ဟားဟား”
ဆုပိုင်က ရယ်သည်။ သူက ထိုကောင်လေးကို ကောက်ယူလိုက်ပြီး ကျောပိုးအိတ်ထဲသို့ ထိုးထည့်လိုက်သည်။
ငါဒီကောင်လေးကို မိတော့မယ်။
အာတိတ်မြေခွေးကို တွေ့ခဲ့ရသောနေရာက လန်မင်ကြွက်အသိုက် ဖြစ်လောက်သည်။
“မြန်မြန်”
သူက ပိုလာဝက်ဝံလေးကို အော်လိုက်ပြီး ခပ်မြန်မြန် နောက်ပြန်လျှောက်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်....။
ကျောက်တုံးတစ်တုံးအနောက်ဘက်ရှိ ဂူတစ်ဂူထံသို့ ရောက်သွားသောအခါ တစ်ဖက်ခြမ်းတွင် အညိုရောင်အမွေးများနှင့် လန်မင်ကြွက်များကို မြင်ရမည်ဖြစ်သည်။ ဒါဟာ နေရာမှန်ဖြစ်လောက်သည်။
ဆုပိုင်က ဒူးထောက်ချလိုက်ပြီး လက်မောင်းကို တဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။
“ဟင်”
သူ၏မျက်နှာတွင် အပြုံးက ပေါ်လာသည်။
နှင်းများအားလုံးက အရည်ပျော်သွားသောကြောင့် ဖြစ်လောက်သည်။ ရေခဲများကလည်း အရည်ပျော်လာသည်။ ထို့ကြောင့် လန်မင်ကြွက်များ တူးထုတ်ထားသင့်သည့် ပုံမှန်အသိုက်များက အလွန်နက်သင့်သော်လည်း ယခုမူ အလွန်တိုသွားသည်။ ထို့ကြောင့် သူ၏လက်မောင်းထက် အနည်းငယ်သာ ရှည်နေသည်။
အာတိတ်မြေခွေးက လန်မင်ကြွက်တွေကို အလွယ်တကူဖမ်းနိုင်တာ မအံ့သြတော့ပါဘူး။
ဆုပိုင်က အသက်ပြင်းပြင်းရှူလိုက်ပြီး အရှေ့ဘက်ရှိ ကျောက်သားများကို တဖြည်းဖြည်းချင်း ဖယ်လေသည်။
“ကွိကွိကွိကွိ”
ဆူညံသံများကို ကြားသောကြောင့် ထိုတွင်းထဲရှိ လန်မင်ကြွက်များက တတ်န်ိင်သမျှ အော်ကြသည်။
မျက်ဝန်းတောက်ပသွားသော ဆုပိုင်က ထိုအကောင်ငယ်လေးကို လက်နှစ်ဖက်လုံးဖြင့် ဆွဲကိုင်လိုက်ပြီး ဆွဲထုတ်သည်။
ဂရုတစိုက် ကြည့်ရှုပြီးနောက် ဒါဟာ လန်မင်ကြွက်အမဖြစ်ကြောင်း တွေ့လိုက်သည်။ ယခုလေးတင် အာတိတ်မြေခွေး ချီသွားခဲ့သောအကောင်က အထီးဖြစ်လောက်သည်။
တစ်စုံဆိုရင် အချိန်သာပေးလိုက်တာနဲ့ တစ်ဖွဲ့လုံးစာရပြီ။
125 02
သို့ရာတွင် ဒီနေရာမှ နေထိုင်မှုအခြေအနေက ခက်ခဲလွန်းသည်။ အပင်များ၏ ကြီးထွားနှုန်းက မပြောင်းလဲခဲ့လျှင် လန်မင်ကြွက်များအားလုံးက မျိုးတုန်းသွားလောက်သည်။
“အူး”
ဆုပိုင်က ထိုကောင်ငယ်လေးကို ကျောပိုးအိတ်ထဲသို့ ထည့်လိုက်ကြောင်း မြင်လိုက်ရသည့် ပိုလာဝက်ဝံလေးက လက်သည်းလေးကို ဆန့်ထုတ်ပြီး အသိုက်ထဲသို့ လက်နှိုက်သည်။
“ကွိကွိကွိ”
ဂူအတွင်းထဲမှ အော်သံက ထွက်လာပြန်သည်။ ဆုပိုင်၏ အမူအယာက ကြောင်အသွားပုံပေါ်သည်။
အထဲမှာ အကောင်ပေါက်လေးတွေ ရှိနေတာပဲ။
ဒါက မမျှော့်လင့်ထားတဲ့ အံ့အားသင့်မှုပဲ။
ထိုအပေါက်ကို ထပ်ဖွင့်လိုက်သောအခါ အတွင်းတွင် သေးငယ်သော အမွေးစုတ်ဖွားလေးနှင့် အကောင်ပေါက် ဆယ်ကောင်ကျော်ခန့် ရှိနေကြောင်း မြင်လိုက်ရသည်။ အားလုံးက အချင်းချင်း ပူးကပ်လျက် ကျုံ့နေကြသည်။ သူတို့က ကြီးမားသော ဆန့်ထုတ်ထားသည့် လက်ကြီးကို ကြောက်လန့်တကြား ကြည့်နေကြသည်။
“ဖြန်း”
ဆုပိုင်က ပိုလာဝက်ဝံလေး၏ နဖူးကို ဖြတ်ခနဲရိုက်လိုက်ပြီးနောက် ရယ်သည်။
“မဆိုးပါဘူး တအားတော်တယ်”
သူက ခပ်ကြမ်းကြမ်း ချီးကျူးလိုက်သည်။
အရွယ်အစားအရ ဒီနေရာရှိ လန်မင်ကြွက်များက အနည်းဆုံး ၁၅ရက်ခန့်အထိ ကြီးထွားပြီးလောက်လေပြီ။ ရက်အနည်းငယ် လွှတ်ထားလိုက်လျှင် ထိုတစ်ဖွဲ့က အသိုက်မှထွက်ပြီး ကိုယ်ပိုင်အသိုက်ဆောက်ပေလိမ့်မည်။
ပထမလန်မင်ကြွက်နှစ်ကောင်က်ို ထိတွေ့ရန် မလိုအပ်တော့ချေ။ ဒီကောင်ငယ်လေးများကတင် ဆုပိုင်ကို ၁၅ရက်လုံး ရှင်သန်နိုင်အောင် ထောက်ပံ့ပေးနိုင်သည်။
ရွက်ဖျင်တဲသို့ ပြန်ရောက်သွားပြီးနောက် ဆုပိုင်က လန်မင်ကြွက်အဖွဲ့ကို ရွက်ဖျင်တဲထဲသို့ ထည့်လိုက်သည်။ ထို့နောက် အဝတ်များကို စချွတ်သည်။
“ဟစ်”
လေအေးက တိုက်ခတ်လာသောအခါ သူ၏တစ်ကိုယ်လုံးက စိမ့်တုန်သွားသည်။ ထိုခံစားချက်က ဆိုးရွားသည်။
“အူး”
ပိုလာဝက်ဝံလေးက ခေါင်းကိုအသာခါပြီး တုန်ယင်နေသော ဆုပိုင်ကို သိချင်စိတ်ပြင်းပြစွာနှင့် ကြည့်သည်။ သူက မနေနိုင်ဘဲ သူ၏နဖူးလေးကို သုံးပြီး လာရောက်တိုးဝှေ့လေသည်။
ထို့နောက် သူတို့၂ယောက်က ပင်လယ်ဘက်သို့ အတူတကွ လျှောက်ထွက်လိုက်ကြသည်။
ဆုပိုင်က ပင်လယ်ရေကို ကောက်ယူပြီး ကိုယ်ပေါ်မှ ရွှံ့များကို ဆေးကြောနေကြောင်း မြင်လိုက်ရပြီးနောက်.....။
ခွက်။
ဆုပိုင်က ကိုယ်ကိုကြွပြီး မျက်နှာမှ ရွှံ့များကို ဆေးကြောတော့မည့်အချိန်တွင် ရုတ်တရက် အနောက်ဘက်မှ ပြင်းထန်သည့်အားကို ခံစားလိုက်ရသဖြင့် ဟန်ချက်ပျက်သွားပြီး ရေထဲသို့ လဲကျသွားသည်။
ပလုံ။
ထိုအခိုက် အမွေးဖွားလေးများနှင့် ကောင်ငယ်လေးတစ်ကောင်က ခုန်ဆင်းလာပြီး ဆုပိုင်၏ အရှေ့သို့ ရောက်လာကာ ဝက်ဝံလက်သည်းလေးများဖြင့် လာတွန်းတင်သည်။
ဝှီး။
ပိုလာဝက်ဝံလေးက ခေါင်းကိုမော့လိုက်ပြီး သူ၏ပါးစပ်ထဲမှ ပင်လယ်ရေများကို ဆုပိုင်၏ မျက်နှာပေါ်သို့ ပန်းထုတ်သည်။
[ဟားဟားဟား ချက်ကောင်းကို ထိတာပဲ.....၊အမှတ်တစ်သိန်းစာ ကွက်တိထိသွားတာပဲ၊ တအားတော်တယ်]
[တင်ဆက်သူကတော့ ဒီအခြေအနေကို မတွေးမိလောက်ဘူး ဟားဟား၊ ဒီကောင်ငယ်လေးက တအားတော်တယ်]
[ငါ့အနေနဲ့ ပထမဦးဆုံးအကြိမ် တင်ဆက်သူကို ဒီလိုအခြေအနေမျိုးနဲ့ မြင်ရတာပဲ၊ ပိုလာဝက်ဝံလေးက တအားတော်တယ်]
[ဘယ်သူက ကလေးမချစ်တတ်လို့လဲ၊ လာပြီးကစားရအောင်]
[ပိုလာဝက်ဝံလေး....တအားအေးလို့လား၊ ငါတော့မအေးပါဘူး]
.........။
125 03
စိတ်ရှုပ်ထွေးနေသော မျက်နှာနှင့် ပင်လယ်ထဲတွင် ရပ်နေသော ဆုပိုင်ကို တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများက မြင်လိုက်ရချိန်တွင် ကျယ်လောင်စွာ အော်ရယ်ကြသည်။ ပို၍ဆိုးသည်မှာ ထိုကောင်ငယ်လေးက ဆုပိုင်၏ ခန္ဓာကိုယ်ပတ်ဝန်းကျင်ကို ပတ်လျက် ရေကူးရင်း ရန်စနေသည်။ ဒါဟာ လှောင်ပြောင်နေခြင်းဖြစ်လောက်သည်။
“ဟူး”
ဆုပိုင်က ထိုကောင်ငယ်လေး၏ အမွေးကို လှမ်းကိုင်လိုက်ပြီး ပင်လယ်ရေထဲသို့ ထိုးထည့်သည်။
မုန်းဖို့ကောင်းလိုက်တာ။
ဘယ်လောက်အေးလဲ မသိဘူးလား။
သို့သော် ဆုပိုင်ကလည်း ပင်လယ်ရေထဲသို့ ဝင်ရောက်ပြီးနောက် ကမ်းစပ်ထက် အများကြီး နွေးထွေးမည်ဟု မမျှော်လင့်ထားမိချေ။ သူ၏ လက်နှင့် ခြေများကို လှုပ်ရှားပြီးနောက် ကိုယ်မှ ရွှံ့များကို ဆေးကြော၍ ပြီးသွားသည်။
“မြန်မြန်လေး ရေဆေးလိုက်တော့၊ ခဏနေရင် အဝတ်အစားသွားလဲရဦးမယ်”
ဆုပိုင်က တစ်ချက်ညည်းညူလိုက်ရင်း သူ၏ ကိုယ်မှရေများကို ခပ်မြန်မြန် သုတ်လိုက်သည်။ ထို့နောက် ကမ်းစပ်သို့ တက်ရန်ပြင်ဆင်သည်။
“ဟင်”
ရုတ်တရက် ပင်လယ်ရေထဲတွင် ကျန်ခဲ့သည့် အကောင်ပေါက်လေးက ပျောက်ကွယ်နေပြီဖြစ်သည်။
“ရှောင်ပိုင်”
ဆုပိုင်က အော်လိုက်သည်။ သူ၏မျက်နှာက ပျက်ယွင်းသွားသည်။ မည်သို့ပင်ဆိုစေ ထိုအကောင်ငယ်လေးက ငယ်သေးသည်။
သူမြုပ်သွားတာလား။
ပလုံ။
ဆုပိုင်က ပင်လယ်ရေထဲသို့ ခုန်ဆင်းလိုက်သည်။ သူက မျက်လုံးကို ပြူးပြီး ပင်လယ်ရေအောက်ခြေထဲတွင် လိုက်လံရှာဖွေသည်။ ထိုအခါ သူ၏ ခြေထောက်အောက်နားတွင် လှဲနေသော အကောင်ဖြူဖြူလေးက တစ်စုံတစ်ရာကို ဖြဲနေကြောင်း မြင်လိုက်ရသည်။
ဆုပိုင်က ခပ်မြန်မြန်ပြေးသွားပြီး ထိုအကောင်ငယ်လေးကို လက်နှစ်ဖက်လုံးဖြင့် ကိုင်လျက် ရေထဲမှ ဆွဲထုတ်လိုက်သည်။ သူက ကမ်းစပ်သို့ တစ်လှမ်းချင်းစီ လျှောက်သွားပြီး ရွက်ဖျင်တဲဘေးနားသို့ ချလိုက်ကာ ရွက်ဖျင်တဲထဲသို့ ခပ်မြန်မြန် ဝင်သည်။
အချိန်အတန်ကြာပြီးနောက်.....။
ဆုပိုင်က အသစ်စက်စက် အတွင်းဝတ်တစ်စုံကို လဲပြီး တစ်ကိုယ်လုံးကို စောင်နှင့်ပတ်လျက် ထွက်လာသည်။
“ကလစ် ကလစ်”
ထိုအခါ ပိုလာဝက်ဝံလေးက မြေပြင်ပေါ်တွင် လှဲနေပြီး သူ၏ လက်သည်းလေးများနှင့် အရှေ့ရှိ ကြေးခွံလေးကို ကုတ်နေကြောင်း မြင်လိုက်ရသည်။
ဖြန်း။
ဆုပိုင်က ထိုအခြေအနေကို မြင်သောအခါ မျက်ဝန်းက တောက်ပသွားပြီး ကိုယ့်နဖူးကိုယ် ခပ်ကြမ်းကြမ်းရိုက်သည်။
သေစမ်း ငါဘာလို့ ကမ်းပေါ်မှာပဲ အစာတွေ လိုက်ရှာနေတာလဲ။
ပင်လယ်ထဲမှာလည်း အစာရှိတာပေါ့။ ငါးတွေဖျံတွေက တက်လာခဲပေမဲ့လည်း ကမာကောင်တွေ၊ ပုစွန်တွေ ဂဏန်းတွေကိုတော့ မေ့ထားလို့ ဘယ်ရပါ့မလဲ။
ပို၍ဆိုးသည်မှာ ပင်လယ်ရေက မြင့်တက်လာပြီး ပင်လယ်ကြမ်းခင်းပြင်ရှိ သတ္တဝါများကလည်း ကြီးထွားနိုင်သည်။
“မြန်မြန် ကြည့်ရအောင်”
ရှောင်ပိုင်၏လက်ထဲမှ ကြေးခွံလေးကို လှမ်းလုလိုက်ပြီးနောက် ဆုပိုင်က ဖွင့်ကြည့်လိုက်သည်။ ထိုအခါ အတွင်းတွင်ရှိနေသည့် အညိုရောင်လျှာလိုမျိုး ခွေနေသော တစ်စုံတစ်ရာကို မြင်လိုက်ရသည်။
“အာတိတ်ခုန်းလား”
“တကယ်ကို အာတိတ်ခုန်းပဲ”
ဆုပိုင်က အသက်ပြင်းပြင်းရှူသည်။ သူဟာ လက်ထဲရှိ ကြေးခွံကို မယုံကြည်နိုင်သလို ကြည့်လိုက်သည်။
ရေထဲတွင် နေထိုင်သော အခွံမာသတ္တဝါများက အဖွဲ့လိုက်နေသည်။ ဆိုလိုသည်မှာ သူတို့နေသောနေရာ ပင်လယ်ရေကြမ်းခင်းပြင်တွင် အာတိတ် အခွံမာသတ္တဝါပေါင်းများစွာ ရှိနေပေလိမ့်မည်။
+++
126 01
အပိုင်း (126)
“ဂလု ဂလု ဂလု”
ဆုပိုင်က ရွက်ဖျင်တဲအပြင်ဘက်တွင် ထိုင်နေသည်။ သူ၏လက်မောင်းအတွင်းတွင်လည်း မြောက်ပိုင်းနယ်မြေ၏ ပိုလာဝက်ဝံလေးကို နွေးထွေးစေရန် ပွေ့ဖက်ထားသေးသည်။
ရွက်ဖျင်တဲအတွင်းရှိ လန်မင်ကြွက်တစ်အုပ်ကလည်း ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားကြပြီဖြစ်သည်။ သူတို့က ထွက်ပြေးရန်ပင် မကြိုးစားချေ။
သို့သော် တစ်ညနေလုံးနီးပါး ပင်လယ်ကြမ်းခင်းပြင်တွင် လိုက်လံရှာဖွေပြီးနောက် ဆုပိုင်က နောက်ဆုံးတွင် အာတိတ်ခုန်းများကို အိုးငယ်တစ်အိုးခန့်အပြည့်အထိ ရရှိထားလေသည်။ ထို့အပြင် သူ၏အရှေ့တွင်လည်း ချက်ထားသေးသည်။ သို့ရာတွင် ထိပ်ဆုံးလုပ်ရမည့် ကိစ္စကမူ သူ၏လက်မောင်းအတွင်းမှ ပိုလာဝက်ဝံလေး ဖြစ်နေသေးသည်။
အကောင်ငယ်လေးကို အသားကျွေးရန် အဆင်ပြေသော်လည်း ထိုအကောင်ငယ်လေး၏ အစာအိမ်က အသားအများကြီး အစာမခြေနိုင်သေးချေ။ ဒါက သူ၏အသက်ကို ခြိမ်းခြောက်နိုင်သေးသည်။
“ဂလု”
အိုးအဖုံးပွင့်သွားသောအခါ မွေးပျံ့သည့် အသားရနံ့က ထွက်လာသည်။
ဆုပိုင်က လောဘတကြီးအနံ့ကို ရှူရှိုက်လိုက်သည်။ သူကတံတွေးကို မြိုချမိလိုက်သေးလေသည်။ တိရစ္ဆာန်များ မျိုးတုန်းပျောက်ကွယ်သွားသော ဒီလောကသို့ ရောက်ရှိလာပြီးနောက် အသားမစားရသည်မှာ ကြာလှချေပြီ။ ထိပ်တန်းအဆင့် ပင်လယ်စာဖြစ်သော အာတိတ်ခုန်းဆိုလျှင် ပို၍ဆိုးသေးသည်။
“ဂျွတ်”
ဆုပိုင်က ကြေးခွံတစ်ခုကို ကောက်ယူလိုက်ပြီး ကျက်ပြီးသား အာတိတ်ခုန်းအသားကို ပါးစပ်ထဲသို့ စုပ်ယူလိုက်သည်။ ထို့နောက် ဂရုတစိုက် ဝါးသည်။ ထို့နောက် လက်ထဲသို့ ပြန်လည်ထွေးထုတ်လိုက်ပြီး အကောင်ငယ်လေး၏ အရှေ့တွင် ချပေးသည်။
“အူး”
ရှောင်ပိုင်လေးက အနံ့ခံကြည့်သည်။ သူက ပါစပ်လေးကိုဟပြီး တစ်လုပ်တည်း မြိုချလိုက်သည်။ သူက သူ၏မျက်လုံးလေးကို မှေးကျဥ်းလိုက်ရင်း ကျေနပ်သော မျက်နှာထားကို ထုတ်ပြလေသည်။
“ကွက်”
ရုတ်တရက် အဝေးမှ ကျွတ်စီနေသော အော်သံက ထွက်ပေါ်လာသည်။ ဆုပိုင်က မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။
ထိုအခါ အဖြူရောင် အကောင်ငယ်လေးတစ်ကောင်ကို မြင်လိုက်ရသည်။ သူ၏ မျက်လုံးကြီးများက ပွင့်နေပြီး ဆုပိုင်ကို သိချင်စိတ်ပြင်းပြစွာနှင့် ကြည့်လာလေသည်။
“ကွက်”
နောက်ထပ်အော်သံတစ်ခု ထုတ်လိုက်ပြီးနောက် ထိုအာတိတ်မြေခွေးက ပါးစပ်ထဲတွင် ကိုက်ချီလာသည့် အကောင်ပေါက်လေးကို ခပ်တင်းတင်း ကိုက်ထားရင်း ရွက်ဖျင်တဲအတွင်းသို့ ခုန်ဝင်သွားသည်။
သူက မျက်လုံးပင် မပွင့်သေးသော အကောင်ပေါက်လေးကို ရွက်ဖျင်တဲအတွင်းရှိ မြေပြင်ပေါ်သို့ချသည်။ ထို့နောက် ရင်းနှီးကျွမ်းဝင်သော ပုံစံမျိုးနှင့် ဆုပိုင်၏ကျောကို လာပွတ်သပ်လေသည်။
“ငါ....”
ဆုပိုင်က အကောင်ငယ်လေးနှစ်ကောင်ကို ကြည့်လိုက်ပြီး နေရာတွင် တောင့်ခဲသွားသည်။
မမျှော်လင့်ထားစွာပင် ထိုအကောင်ငယ်လေးက သူ၏ အကောင်ပေါက်များကို ဦးဆောင်ကာ သူ၏နေရာသို့ လာရှာလေသည်။ သူက ရနံ့နောက်မှ ရောက်လာခဲ့ခြင်းဖြစ်လောက်သည်။
ဒါပေမဲ့ သူဘာလုပ်မလို့လဲ။
သူတို့နဲ့ နေမလို့လား။
သေစမ်း ဝက်ဝံပေါက်တစ်ကောင်ကို မွေးရတာကတင် တော်တော်လေး ခက်နေပြီ။ နောက်ထပ် အာတိတ်မြေခွေးတစ်ကောင်နဲ့ အကောင်ပေါက်တစ်ကောင်ဆိုရင် သူဘယ်လိုများ လုပ်ရတော့မှာလဲ။
“ဟင်”
ဆုပိုင်က ရုတ်တရက် သူ၏ဘေးနားတွင် လှဲလာသော အာတိတ်မြေခွေးလေးကိုကြည့်ပြီး ညည်းညူလိုက်မိသည်။ ထိုအာတိတ်မြေခွေးလေးက မီးမထွက်သေးချေ။ ထို့နောက်....။
ပိုလာဝက်ဝံက ဒီနို့ကို သောက်လို့ရမလားမသိဘူး။ တကယ်လို့ သူသောက်နိုင်ရင်တော့ ဒီကောင်ငယ်လေးကို ခေါ်ထားရရင်တောင် ပြဿနာမရှိပါဘူး။
မည်သို့ပင်ဆိုစေ အစာရှာရခြင်းက နို့ရှာရခြင်းထက် ပိုလွယ်သည်။
ထို့အပြင် ခုန်းများကိုလည်း ရှာတွေ့နိုင်သည်။ သမုဒ္ဒရာကြမ်းခင်းပြင်တွင် အခြားသော ပင်လယ်စာများလည်း ရှိနိုင်သေး၏။
သူကသာ အတွင်းသို့ အနည်းငယ် ထပ်ဝင်လိုက်မည်ဆိုလျှင် ပုစွန်နှင့် ဂဏန်းများကိုပင် တွေ့လောက်သည်။ ထို့ကြောင့် သူတို့အတွက် ရှင်သန်နေထိုင်ရန် လုံလောက်သွားပြီဖြစ်သည်။
126 02
ထိုအကြောင်းအရာကို တွေးမိပြီးနောက် ဆုပိုင်က ပိုလာဝက်ဝံလေးကို ခပ်မြန်မြန် အောက်သို့ချလိုက်ပြီး အာတိတ်မြေခွေး၏ အမွေးများကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူက အောက်ကို ငုံ့ကြည့်လိုက်ပြီး ရှောင်ပိုင်၏ ပါးစပ်လေးကို သူမထံ နီးကပ်စေလိုက်သည်။
“ကျွတ် ကျွတ် ကျွတ်”
သေချာစွာပင် ရှောင်ပိုင်လေးက သူ၏ ပင်ကိုအသိစိတ်အရ နေရာကို ခပ်မြန်မြန် ရှာတွေ့သွားပြီး နေရာကို နောက်ဆုတ်ယူသည်။
အာတိတ်မြေခွေးနီးပါး ထွားသော ခန္ဓာကိုယ်ကြီးနှင့် အာတိတ်မြေခွေးကို ခပ်တင်းတင်းဖက်ကာ နို့စို့နေသေးသည်။
[လူကောင်းတွေက ဆုချီးမြှင့် ခံရတယ်တဲ့၊ တင်ဆက်သူက အာတိတ်မြေခွေးကိုသာ မကယ်ခဲ့ဘူးဆိုရင် ရှောင်ပိုင်လေးကိုလည်း တိုက်စရာနို့ရှိမှာမဟုတ်ဘူး]
[ငါအခု စိုးရိမ်တာက ဒီပိုလာဝက်ဝံလေး အများကြီး စားမိသွားတဲ့အခါ အာတိတ်မြေခွေးလေးကို ဘာပြန်ကျွေးမလဲဆိုတာပဲ]
[ဟုတ်တယ် ဒါကလည်း ပြဿနာပဲ၊ အာတိတ်မြေခွေးလေးကိုလည်း ကျွေးရဦးမယ်လေ]
[ပိုဆိုးတာက အထဲမှာ လန်မင်မိသားစုတစ်အုပ် ရှိနေသေးတယ်၊ ဒီလောက် တိရစ္ဆာန်တွေ အများကြီးကို တင်ဆက်သူက ဘယ်လိုမွေးမှာလဲ]
[သေလိုက်ပါတော့၊ ရက်စက်လိုက်တာ၊ တင်ဆက်သူက မနက်ဖြန်ကစပြီး ပင်လယ်ထဲကို မရပ်မနား ဆင်းလို့ ရှာဖွေနေတော့မယ်လို့ ခံစားနေရတယ် ]
[ဒါပေမဲ့ မင်းမသိချင်ဘူးလား၊ ဒီချက်ထားတဲ့ အနီရောင် အဲဒီအရာက အရသာရှိလား၊ ငါ့အထင် ဖန်သားပြင်ကိုတောင် ကျော်ဖြတ်ပြီး ငါ့ဆီ အမွေးရနံ့တွေ ရောက်လာနေသလိုပဲ]
[ငါမေးတော့မလို့ ၊ စကားမပြောကြနဲ့တော့၊ ငါသရေကျနေပြီ]
........။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲရှိ ဖန်သားပြင်ကို လူတစ်အုပ်က သဘောတကျ ကြည့်နေကြသည်။ နားလည်မှုအပြည့်နှင့် ပြုံးနေကြပြီးနောက် နောက်ရက်များအတွင်း ရှင်သန်ရဦးမည့် ဆုပိုင်အတွက် စိုးရိမ်မိသေးပြန်သည်။
ထိုလန်မင်ကြွက်များနှင့်ဆိုရင် ၁၅ရက်ခန့်အထိ ရှင်သန်ရန် ဖြစ်နိုင်သည်ဟု ထင်ခဲ့ကြသည်။ သို့သော် ယခုမူ မဖြစ်နိုင်တော့ချေ။
ထိုလန်မင်ကြွက်များက အာတိတ်မြေခွေးအတွက် အစာအဖြစ်သာ အသုံးပြု၍ ရလောက်သည်။ မည်သို့ပင်ဆိုစေ အာတိတ်မြေခွေးကလည်း ရှောင်ပိုင်ကို နို့တိုက်ရဦးမည်ဖြစ်သည်။ ထို့အပြင် ဆုပိုင်ကိုယ်တိုင်ကလည်း စားသောက်ရန် လိုအပ်၏။ ထို့ကြောင့် သေချာပေါက် လုံလောက်လိမ့်မည်မဟုတ်ချေ။
“ကောင်းပြီ မင်းလည်း သောက်လိုက်ဦး”
ဆုပိုင်က ရှောင်ပိုင်လေးကို ခပ်ကြမ်းကြမ်းဆွဲယူလိုက်သည်။ ထို့နောက် အာတိတ်ခုန်းအသားတချို့ကို ပန်းကန်ပြားထဲသို့ ထည့်ပြီး အာတိတ်မြေခွေး၏အရှေ့သို့ ချပေးသည်။
“အူး”
“ငါဗိုက်မဝသေးဘူး”
ရှောင်ပိုင်လေးက သူ၏လက်သည်းလေးကို ဆန့်ထုတ်ပြီး အာတိတ်မြေခွေးဆီ သွားချင်လေသည်။
ဆုပိုင်က သူ့ကို တိုက်ရိုက်ဆွဲယူလိုက်ပြီး လက်မောင်းထဲတွင် ပွေ့ထားလိုက်သည်။
အာတိတ် ခုန်းအသားကို စားပြီးနောက် သူသည်လည်း အတွေးနက်နေမိသည်။
ယခုလေးတင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်းမှ ရေထွက်မိတ်ဆွေများကပို့လာသည့် ကောမန့်များကိုလည်း မြင်ခဲ့ရသည်။ သူသည်လည်း ထိုကိစ္စကြောင့် စိုးရိမ်နေမိ၏။
သူက ဒီနေရာတွင် ၁၅ရက်သာ နေရမည်ဖြစ်သည်။ စနစ်ကလည်း သူနှင့်ရှောင်ပိုင်ကို ပြန်ခေါ်သွားခွင့် ပြုပေလိမ့်မည်။ သို့သော် အာတိတ်မြေခွေးနှစ်ကောင်ကမူ ဒီနေရာတွင် ကျန်နေရစ်ခဲ့ရမည်ဖြစ်သည်။ သူတို့၏ ရှင်သန်ရသော ဝန်းကျင်က အလွန်အမင်း ခက်ခဲပေလိမ့်ဦးမည်။ ထို့အပြင် လန်မင်ကြွက်များ.....။
ဆုပိုင်သည်လည်း ထိုတိရစ္ဆာန်များ၏ တန်ဖိုးကို ကောင်းကောင်းနားလည်သည်။ သူကသာ ဒီတစ်ကြိမ် ထိုအကောင်များကို ခေါ်သွားနိုင်မည်ဆိုလျှင် တိရစ္ဆာန်ရုံအတွင်းမှ အသားစားသတ္တဝါများအားလုံး၏ ပြဿနာကို ဖြေရှင်းနိုင်ပေလိမ့်မည်။
နည်းပညာမြင့် အသားတုများက မည်မျှ တန်ကြေးမြင့်နေစေကာမူ အတွင်းရှိ ပါဝင်ပစ္စည်းများက အစစ်အမှန်အသားနှင့် သွေးအတွင်းမှရသော ဓာတ်များကို မီနိုင်လိမ့်မည်မဟုတ်ချေ။ ထိုအကြောင်းပြချက်ကြောင့်လည်း တိရစ္ဆာန်ရုံအတွင်းမှ အသားစားသတ္တဝါများ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက ဆိုးသထက် ဆိုးလာရခြင်း ဖြစ်သည်။
လအနည်းငယ်နေလျှင် လန်ဒရစ်ဝက်များကို သတ်နိုင်မည်ဖြစ်သော်လည်း ဒါက အသားပြဿနာကို တစ်ခဏသာ ဖြေရှင်းနိုင်မည်ဖြစ်သည်။ ဒါက ရေရှည်အတွက် မဟုတ်သေးချေ။ မျိုးပွားသည့်ဖြစ်စဥ်ကလည်း ကြာရှည်သေးသည်။
သို့သော် ကယ်ဆယ်ရသော တိရစ္ဆာန်များက များလာသည်နှင့်အမျှ အစာပြဿနာက ပို၍ပို၍ လေးနက်လာသည်။
စနစ်က လတ်ဆတ်သော အသားတုံးကြီးများကို ပေးနေမည်ဆိုလျှင်ပင် ဆုပိုင်က သူတို့ကို မဝယ်နိုင်သေးချေ။ မယူရဲသေးချေ။
ပြန်လည်ကယ်ဆယ်မှု လုပ်ငန်းက အောင်မြင်သွားသည်နှင့် အရှက်ရဖွယ်ကောင်းသော အစားအသောက်ပြဿနာကို ရင်ဆိုင်ရဦးပေမည်။
သူ၏ အရှေ့မှ အာတိတ်ခုန်းအသားကို စားပြီးနောက် ဆုပိုင်က စတင်ကာ သန့်ရှင်းရေးလုပ်သည်။ ထို့နောက် နောက်လှည့်ပြီး နွေးထွေးသော ရွက်ဖျင်တဲအတွင်းသို့ ဝင်သွားသည်။
ဘယ်ဘက်ခြမ်းတွင် ပိုလာဝက်ဝံလေးက လှဲနေသည်။ ညာဘက်ခြမ်းတွင် အာတိတ်မြေခွေးဖြစ်သည်။
သူက သူ့ကိုယ်သူ စောင်ဖြင့် အုပ်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင််မှုအခန်းကိုပိတ်ရန် စနစ်ကိုပြောလိုက်သည်။
ဆုပိုင်က ရှောင်ပိုင်လေး၏ နူးညံ့သော အမွေးကို ပွတ်သပ်လိုက်ရင်း မနေနိုင်ဘဲ စနစ်မှဇယားကို ဖွင့်ကြည့်မိသွားသည်။
126 03
သူက တိရစ္ဆာန်အပိုင်းအစ ဇယားများထံ ခပ်မြန်မြန်သွားလျက် အသစ် refreshလုပ်ထားသော အပိုင်းအစ ပစ္စည်းများကို ကြည့်လိုက်သည်။
“စနစ် တာဝန်တစ်ခုမှာ တိရစ္ဆာန်တစ်ကောင်ကိုပဲ ကယ်နိုင်တာလား”
အချိန်အတန်ကြာအောင် တွေးတောနေပြီးနောက် ဆုပိုင်က မနေနိုင်ဘဲ မေးလိုက်မိသည်။
“ဟုတ်ပါတယ် တင်ဆက်သူ”
“တာဝန်တစ်ခုချင်းစီတိုင်းမှာ အဲဒီတာဝန်နဲ့ ပတ်သက်တဲ့ တိရစ္ဆာန်ကိုပဲ ကယ်နိုင်ပါတယ်၊ တခြားသက်ရှိတွေကို ပြန်ခေါ်လာလို့မရပါဘူး”
အေးစက်သော စက်ရုပ်သံက ထွက်လာသည်။
ဆုပိုင်က အသက်ပြင်းပြင်းရှူသည်။ သူက အေးစက်စွာ ပြန်မေးလိုက်သည်။
“ဒါဆိုရင် ကျန်တဲ့တိရစ္ဆာန်တွေ သေတာကို ထိုင်ကြည့်နေရမှာလား၊ စနစ်က ဒီလိုမျိုးတော့ မလုပ်လောက်ဘူး ဟုတ်တယ်မလား”
“ဒါဆိုရင် တိရစ္ဆာန်တွေကို ကယ်ဆယ်တာက ဘာများအကျိုးအမြတ် ရှိတော့မှာလဲ”
“အဲဒီတိရစ္ဆာန်တွေကို ပြန်ခေါ်သွားလို့ မရဘူးဆိုရင်တောင်မှ တခြားတိရစ္ဆာန်တွေအပေါ် ဒါက ရက်စက်လွန်းတယ်မဟုတ်လား”
သူက ပိုလာဝက်ဝံလေးနဲ့ ပြန်ရောက်သွားတာနဲ့ ဒီနေရာမှာ ကျန်ခဲ့တဲ့ တိရစ္ဆာန်လေးတွေအားလုံးက အကြာကြီး မရှင်သန်နိုင်တော့မှာ သေချာနေတာပဲ။
မည်သို့ပင်ဆိုစေ ဒီနေရာတစ်ခုလုံး၏ နေထိုင်မှုဝန်းကျင်က ဆိုးသထက်ဆိုးလာသည်။ ထို့ကြောင့် သားဖောက်ရန် မသင့်လျော်တော့ချေ။
ထိုအကောင်ငယ်လေးများက ကြာရှည်စွာ အသက်မရှင်နိုင်တော့ကြောင်း သိနေရသောအခါ သူသည်လည်း အားအင်မဲ့ရသည်။ ဆုပိုင်ကိုယ်တိုင်ကလည်း သူ၏နှလုံးသားကို ဓားဖြင့် လာထိုးနေသလို ခံစားနေရသည်။
“တင် တင်ဆက်သူ....တင်ဆက်သူက အပိုင်းအစနဲ့ မပတ်သက်တဲ့ သတ္တဝါတွေကို ခေါ်သွားချင်ရင် တန်ကြေးကြီးကြီးတစ်ခုတော့ ပေးဆပ်ရလိမ့်မယ်၊ ဒါက ပုံမှန်လိုအပ်တဲ့ အံ့အားသင့််မှုအမှတ်ရဲ့ ဆယ်ဆလိုအပ်တယ်”
“ဒီသတ္တဝါရဲ့ အပိုင်းအစက အခုကစပြီး ဘယ်တော့မှ refreshဖြစ်တော့မှာမဟုတ်ဘူး”
“နောက်ပြီး တင်ဆက်သူက ခန္ဓာကိုယ်ပေါ် ရောက်ရှိမဲ့ အခြေပြုစွမ်းအင်အမှတ် လောနပ်စ်ကိုလည်း မရရှိနိုင်တော့ဘူး”
“နောက်ပြီး တက်ဆက်သူအနေနဲ့ အပြစ်ပေးခံရမယ်၊ အပိုင်းအစတာဝန်တွေကို ရက်၂၀ကြာတဲ့အထိ အပိတ်ခံထားရမယ်”
“တင်ဆက်သူ ဒါကို ဂရုတစိုက် စဥ်းစားပါ”
++++++