အခန်း (၁၂၇-၁၂၉)
Vol. 9 Ch. 127-129
အပိုင်း (127) ဘယ်သူငါ့ကို စုပ်တာလဲ
“ဟစ်”
အိပ်ပျော်နေသော ဆုပိုင်ပေါ် ရုတ်တရက် ထူးခြားသော နာကျင်မှုကြောင့် နိုးလာသည်။ သူက ချက်ချင်းလိုလို ရွက်ဖျင်တဲထဲမှ ထထိုင်လိုက်သည်။ သူက သူ၏ခန္ဓာကိုယ်ပေါ် တွဲလောင်းခိုတက်နေသည့် အကောင်ငယ်လေးကို အသာပုတ်လိုက်ပြီး ဘေးဘက်သို့ ချကာ မီးကို ခပ်မြန်မြန်ဖွင့်လိုက်သည်။
“ငါ.....”
သူက သူ၏နီရဲနေသော ရင်ဘတ်ကို ငုံ့ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်စွန်းများက ကော့တက်သွားသည်။
“အူး”
“နို့က ဘယ်မှာလဲ”
အရှေ့မှ ပိုလာဝက်ဝံလေးက လျှာလေးကိုထုတ်ပြီး တစ်စိစိ အသံလေးကို ထုတ်နေသည်။
“ဟူး”
ဆုပိုင်က အသက်ပြင်းပြင်းရှူလိုက်ပြီး ထိုအကောင်ငယ်လေးကို ခြေထောက်နားသို့ တိုက်ရိုက်ကန်ချလိုက်သည်။ ထို့နောက် သူ၏ရင်ဘတ်ကိုပွတ်ပြီး ပြန်လှဲချလိုက်သည်။
အချိန်ကို ကြည့်လိုက်သောအခါ မနက်အစောပိုင်းသို့ ရောက်လုနီးပါး ဖြစ်နေလေပြီ။ အပူချိန်က အနိမ့်ဆုံးသို့ ရောက်သော အခိုက်အတန့်လည်းဖြစ်သည်။ ရွက်ဖျင်တဲတစ်ခုလုံးရှိ စောင်ကပင် ခဲနေသည်။
ဆုပိုင်က သူ၏လက်မောင်းကို ပွတ်သပ်လိုက်ပြီး တစ်ခဏကြာအောင် စိတ်အေးသွားပြီးနောက် မျက်လုံးကို ပြန်မှိတ်လိုက်သည်။
ကံကောင်းသည်မှာ မြောက်ပိုင်းဝင်ရိုးစွန်းသို့ လာသောအချိန်က ဝင်ရိုးစွန်းညအချိန် ဟုတ်မနေခဲ့ချေ။ သို့မဟုတ်လျှင် မည်းမှောင်လွန်းနေသော ၆လတာ ကာလအတောအတွင်း ရှင်သန်နိုင်လိမ့်မည် မဟုတ်ချေ။
“အူး”
ရှောင်ပိုင်က ခေါင်းကိုလှုပ်သည်။ သူက အိပ်ချင်နေသော မျက်လုံးများကို ဖွင့်လိုက်ပြီး ခေါင်းကိုလှည့်ကာ ဘေးဘီကို ကြည့်သည်။ ထို့နောက် သူဟာ ရွက်ဖျင်တဲဝင်ပေါက်နားတွင် အိပ်နေကြောင်း သိလိုက်သည်။
သူက လက်သည်းလေးကို ဆုပ်ပြီး စောင်ကိုမသည်။ ထို့နောက် ဆုပိုင်၏ ခြေထောက်မှတစ်ဆင့် ပြန်လည်ကုန်းတက်လာပြန်သည်။
သက်သောင့်သက်သာရှိသောနေရာအထိ တက်လာပြီးနောက် မျက်လုံးလေးကို ပြန်မှိတ်လိုက်ကာ အိပ်ပျော်သွားပြန်သည်။
“ကွိ”
အာတိတ်မြေခွေးက ခပ်တိုးတိုးညည်းသည်။ သူက မျက်လုံးကို ဖွင့်လိုက်ကာ အကောင်ပေါက်လေးကို ကြည့်သည်။ ထို့နောက် အိပ်ရာထဲသို့ ဝင်လာပြီး ပြန်လည်အိပ်ပျော်သွားပြန်သည်။
ရွက်ဖျင်တဲအတွင်းမှ လန်မင်ကြွက်များကလည်း အသံကိုကြားသောကြောင့် မျက်လုံးကို ဖွင့်ကြသည်။ လန်မင်ကြွက်အထီးက သူ၏သေးငယ်သော မျက်ဝန်းတစ်စုံနှင့် ပတ်ဝန်းကျင်ကို ကြည့်သည်။ သတိအပြည့်နှင့် ပတ်ဝန်းကျင်ကို ရှာဖွေသည်။ ထို့နောက် လန်မင်ကြွက်အမ၏ ကျောပေါ်သို့ အသာကုန်းတက်လိုက်သည်။
“ချိ”
အသံသေးသေးလေးက ထွက်လာသည်။
.......။
မနက်အစောပိုင်းတွင် ဆုပိုင်က တစ်ချက်ပင့်သက်ရှိုက်ရင်း ရွက်ဖျင်တဲထဲမှ လျှောက်ထွက်လိုက်သည်။ သူက ကျောက်သားပေါ်တွင် တင်ကာ လှမ်းထားသော အဝတ်များကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ အဝတ်များက စုတ်ပြဲနေသည်။
ကုတ်တစ်ခုလုံးက ပြဲထွက်နေသည်။ နှင်းဖြူရောင် ဝါဂွမ်းသားများကလည်း မြေပြင်ပေါ်တွင် ပြဲကျနေသည်။ သူက ကုတ်ရှိရာဘက်သို့ ကြည့်လိုက်သောအခါ......။
အဖြူရောင် ဂွမ်းများ ပြည််နှက်နေသည့် မရေမတွက်တနိုင်သည့် ငှက်အသိုက်များကို တွေ့လိုက်သည်။
“ငါယုံသွားပြီ”
ဆုပိုင်က ခပ်တိုးတိုးရေရွတ်သည်။ သူ၏ကုတ်ထဲမှ စိုရွှဲနေသော ဝါဂွမ်းများကို ထုတ်လိုက်ပြီး ကျောက်သားပေါ်တွင် သပ်သပ်ရပ်ရပ် တင်ပေးလိုက်သည်။
သူတို့ကို ဝတ်၍မရကတည်းက ထိုအကောင်ငယ်လေးများကိုသာ ပေးလိုက်သင့်သည်။
ဒုတိယမြောက် ရှင်သန်နေထိုင်မှုဘဝက စတင်သည်။
သူက ကျွမ်းကျင်စွာဖြင့် ငှက်ဥတချို့ကို ထုတ်လိုက်သည်။
ဆုပိုင်က အဝေးမှ နှင်းအနည်းငယ် သွားယူလိုက်ပြီး ရေအပူကို စတင်ကာ ပြင်ဆင်လေသည်။
မနက်စာကို ဒီနည်းဖြင့်သာ ဖြေရှင်းရပေမည်။
ဖြေရှင်းပြီးနောက် ပင်လယ်ထဲသို့ ထပ်ဝင်ရလောက်သည်။
အေးစိမ့်ကာ ခိုက်ခိုက်တုန်မတတ် ဖြစ်နေလောက်မည့် ပင်လယ်ရေအကြောင်း တွေးမိရုံဖြင့် ဆုပိုင်၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။
“ဘန်း ဘန်း ဘန်း”
“ထတော့”
ဆုပိုင်က မြေပြင်ကို တစ်ချက်ကန်လိုက်ပြီး အကောင်ငယ်လေးများကို ထရန် အော်ခေါ်သည်။
အတွင်းမှ ထွက်လာသော အကောင်ငယ်လေးများကို မြင်လိုက်ရသောအခါ ဆုပိုင်က ပြင်ဆင်ထားသော ကြက်ဥရည်များကို မြေပြင်ပေါ်သို့ အသာချပေးသည်။
[တင်ဆက်သူက မနက်စောစောနိုးပြီး မနက်စာတောင် စောစောစားနေတာပဲ]
[ဟားဟား ငါအိပ်မပျော်ဘူး၊ တင်ဆက်သူ တိုက်ရိုက်ထုတ်လွှင့်မှာကို စောင့်နေတာလေ၊ ဒီနေ့က ဒုတိယမြောက်နေ့ပဲ]
[နေ့သစ်အစပျိုးမှုအသစ်.....၊ တင်ဆက်သူဒီနေ့ ပြင်းပြင်းထန်ထန် ကြိုးစားသင့်တယ်၊ ပင်လယ်ပြင်အတွင်း ဝင်ရောက်မဲ့ အခြေအနေတစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်မှာလား]
127 02
[ဟုတ်တယ် ငါလည်း မနေ့က မြင်လိုက်ရတဲ့ အဲဒီအချက်ခံရတဲ့ ခုန်းကောင်လေးတွေက ဘာလဲဆိုတာကို သိချင်မိတယ်]
[ပင်လယ်ရေအောက်မှာ ဒီလိုသတ္တဝါတွေရှိတယ်ဆိုတာက တော်တော်လေး ထူးဆန်းတာပဲ]
........။
စနစ်က တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ခါစသာ ဖြစ်သေးသည်။ လူပေါင်းမြောက်မြားစွာက ဝင်ရောက်လာကြသည်။ အရေအတွက်က ၅သောင်းကျော်သွားသည်။ သိထားရမည်မှာ ဒါဟာ မနက်အစောပိုင်းသာ ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှု လောကတွင်ပင် ထိုမျှ ကြည့်ရှုသူအမြောက်အများကို ရရှိရန် ခက်ခဲလေသည်။
“ဟယ်လို အားလုံးပဲ”
“ကောင်ငယ်လေးတွေ လာကြ လာကြ အားလုံးကို နှုတ်ဆက်လိုက်ကြဦး”
ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်းမှ ရေထွက်မိတ်ဆွေများကို နှုတ်ဆက်လိုက်သည်။ ထို့နောက် အကောင်ငယ်လေး တစ်ကောင်ချင်းစီကို အနီးကပ် ရိုက်လိုက်ပြီး အပြုံးနှင့်ပြောသည်။
“ဒီနေ့က ဒုတိယမြောက်ရက်ပဲ၊ ငါပင်လယ်ပြင်ထဲဝင်ပြီး နည်းနည်းဝေးတဲ့နေရာအထိ သွားရှာကြည့်ဖို့ ဆုံးဖြတ်ထားတယ်”
“အာတိတ်ရေခဲပြင်တစ်ခုလုံးက အရည်ပျော်ကျသွားပေမဲ့လည်း မနေ့က ရှာတွေ့ထားတဲ့ အနေအထားတိုင်းဆိုရင် နည်းနည်းဝေးတဲ့ နေရာလောက်မှာ ရိက္ခာတွေတော့ ရှိလောက်ဦးမှာပဲ”
ထိုသို့ပြောပြီးနောက် သူက ငှက်ဥရည်လေးများကို သောက်နေသည့် အကောင်ပေါက်လေးများကို ကြည့်သည်။ ဆုပိုင်က အရာအားလုံးကို သိမ်းဆည်းပြီးနောက် သူတို့ကိုသယ်ကာ လှေထံသို့ လျှောက်သွားလိုက်လေသည်။
သူဒီနေ့ ပိုနက်သော နေရာသို့ ဒိုင်ဗင်ထိုးချနိုင်မလား မသိသေးချေ။ သို့သော် အကောင်ကြီးများကို ဖမ်းနိုင်လျှင် ပိုကောင်းပေလိမ့်မည်။
“အူး”
ပိုလာဝက်ဝံလေးက အာတိတ်မြေခွေးနားထံ ကပ်၍ အလုတ်အနည်းငယ်သောက်နိုင်ရန် ပူဆာနေသည်။ သူက ဖင်လေးကိုခါပြီး နောက်မှ တစ်လှမ်းချင်းစီလိုက်လာသည်။
အာတိတ်မြေခွေးက တစ်ဖက်သို့ လှည့်ပြီး ရွက်ဖျင်တဲထဲဝင်ကာ အကောင်ပေါက်လေးကို ပါးစပ်ဖြင့် ကိုက်ချီလာသည်။ လန်မင်ကြွက်များကိုလည်း စောင့်ကြည့်ရန် လိုအပ်လေသည်။
သူတို့က ထွက်ပြေးသွားခဲ့သော် ပြန်ဖမ်းရန် ခက်သွားပေလိမ့်မည်။
ဆုပိုင်က တစ်ချက်ပြန်ကြည့်သည်။ အကောင်ငယ်လေးထံ လက်ရမ်းပြပြီးနောက် လှော်တက်ကိုလှော်ကာ ပင်လယ်ပြင်ထဲသို့ စတင်ကာ ရွက်လွှင့်လေသည်။
“ဝေါင်း”
ရှောင်ပိုင်က လှေအစွန်းဘောင်ပေါ်သို့ လက်သည်းလေးကို ဆန့်ထုတ်လိုက်သည်။ သူက ခေါင်းလေးကိုစောင်းပြီး ပတ်ဖျန်းလာသော ရေစက်များကို သိချင်စိတ်ပြင်းပြစွာနှင့်ကြည့်သည်။ လှိုင်းများ၏ ခပ်တိုးတိုးဟိန်းသံကလည်း ပါသေးသည်။
ဆုပိုင်က မျက်လုံးကို မှေးကျဥ်းလိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။ အောက်ဘက်ရှိ ပင်လယ်ရေက နက်သထက် နက်လာပြီဖြစ်သည်။ သူ၏ ကြိုးက မီတာနှစ်ဆယ်ခန့်အထိသာ ရောက်သည်။ ထို့ကြောင့် အလွန်နက်လွန်းသောနေရာသို့ ထိုးဆင်းသွား၍မရချေ။
ကံကောင်းသည်မှာ ကြာရှည်စွာ တိုက်ရိုက်ထုတ်လွှင့်လာပြီးနောက် ဆုပိုင်၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေက အများကြီး တိုးတက်လာသည်။ သူ၏အဆုပ်ခံနိုင်ရည်အားကလည်း အများကြီး တိုးတက်လာသည်။ ထို့ကြောင့် သူက ပင်လယ်ရေအောက်တွင် အချိန်အတန်ကြာ အသက်အောင့်ထားနိုင်သည်။
“ကြိုးကို မကိုက်နဲ့ ငါပြောတာကို ကြားလား”
ဆုပိုင်က ရှောင်ပိုင်လေး၏ နဖူးကို လက်နှစ်ဖက်လုံးဖြင့် ကိုင်လိုက်ပြီး မျက်လုံးထဲသို့ စိုက်ကြည့်လိုက်ကာ လေးနက်စွာပြောလိုက်သည်။
တစ်ရက်လုံးနီးပါး အချင်းချင်း သိကျွမ်းအောင် လုပ်ပြီးနောက် ထိုအကောင်ငယ်လေး၏ အကျင့်စရိုက်အပေါ် နားလည်လာပြီဖြစ်သည်။
အရမ်းကို သိချင်စိတ်ပြင်းတာ။
သူက အရာအားလုံးကို စမ်းသပ်ကြည့်ချင်သည့် သိချင်စိတ်ပြင်းပြသော ကလေးလေးဖြစ်သည်။
သို့ရာတွင် ပိုလာဝက်ဝံများ၏ သဘာဝနှင့်လည်း ကိုက်ညီသည်။ ပိုလာဝက်ဝံများက အာတိတ်ကဲ့သို့ ခက်ခဲသော ရှင်သန်နေထိုင်မှု ဝန်းကျင်တွင် ရှင်သန်နိုင်ကြသည်မှာ သူတို့၏ သိချင်စိတ်ပြင်းပြသော သဘာဝကြောင့်ဖြစ်သည်။
ထိုသတ္တဝါ၏ ဦးနှောက်က အလွန်ဉာဏ်ကောင်းသည်။ အရွယ်ရောက်ပြီးသော ပိုလာဝက်ဝံများဆိုလျှင် ဖျံများကို ဖမ်းနိုင်ကြသည်။ အများစုက ဆောင့်ကြောင့်ထိုင်ပြီး အင်အားနည်းနည်းစိုက်ထုတ်လျက် အသီးအပွင့်များများစားရမည့် အခွင့်အရေးကို အရယူချင်နေကြသည်။
ထိုအကောင်ငယ်လေးကို စကားအနည်းငယ်နှင့် သတိပေးပြီးနောက် ဆုပိုင်က လှေအစွန်းနားတွင် ထိုင်လိုက်ကာ လှေကို ကြိုးဖြင့် ချည်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူသည်။
ပလုံ။
သူက အသင့်မဖြစ်သေးခင် ထိုထဲမှ အဖြူရောင်ပုံရိပ်တစ်ခုက ဖြတ်ခနဲ ဖြတ်ပြေးသွားသည်။ ထို့နောက် ရှောင်ပိုင်က ပင်လယ်ရေထဲသို့ ခုန်ချလိုက်ကြောင်း မြင်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ပင်လယ်ရေတွင် မျောလွင့်နေငည်။ သူဟာရှေ့ခြေလေးကိုသုံးလျက် ဆက်တိုက် လျှောထွက်နေသည်။
“အာ...”
“လာပါ”
127 03
သူက ဆုပိုင်ကိုပင် လှမ်းခေါ်သေးသည်။ ထို့နောက် ပင်လယ်ရေထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားလျက် သူ၏ လက်နောက်ပြန် နှစ်ချက်နှင့် ပင်လယ်ရေလှိုင်းများကို မွှေနှောက်လိုက်လေသည်။
“ဒီကောင်လေးကတော့”
ဆုပိုင်က ကျိန်ဆဲလိုက်ပြီး အသက်ပြင်းပြင်းရှူကာ ပင်လယ်ရေထဲသို့ ခုန်ဆင်းလိုက်သည်။
ကြိုးကို ကိုင်ထားရင်း တဖြည်းဖြည်းချင်း အောက်သို့ ဆက်တိုက် မြုပ်သွားစေသည်။
ရှောင်ပိုင်လေးက ဆုပိုင်၏ ထိုးဆင်းနိုင်သောအနက်အထိ တောက်လျှောက်လိုက်လာပြီး ပင်လယ်ရေပေါ်သို့ ပြန်ကူးသွားသည်။
ပိုလာဝက်ဝံများက ရေကူးရာတွင် တော်သော်လည်း ရေနက်ပိုင်းသို့ ဒိုင်ဗင်ထိုးဆင်းချိန်က မကြာရှည်ပေ။ သုံးမီတာမှ ခြောက်မီတာခန့်အထိသာ ထိုးဆင်းနိုင်သည်။ ဒါကလည်း အမဲလိုက်၍ ဖြတ်ပြေးသွားသော ဖျံများအတွက် လေ့ကျင့်ထားခြင်းဖြစ်သည်။
အပေါ်သို့ ကူးတက်သွားသော ရှောင်ပိုင်ကို တစ်ချက်မော့ကြည့်လိုက်ပြီးနောက် ဆုပိုင်က သူ၏ခန္ဓာကိုယ်ကို ခပ်မြန်မြန် ထိန်းကာ ခေါင်းကိုငုံ့လျက် အောက်ဘက်သို့ ခပ်မြန်မြန် ထိုးဆင်းလိုက်သည်။
ရေ၏အနက်က ဆယ်မီတာအထိ ရောက်လာသည်။ ကြိုးကို ဆွဲလျှင် သူဟာ အောက်ဘက်သို့ တဖြည်းဖြည်းချင်း လျှောက်လှမ်းသွားလိုက်သည်။
သူက မျက်လုံးကို မှေးကျဥ်းလိုက်ရင်း ပင်လယ်ရေအောက်ခြေသို့ စတင်ကာရှာဖွေသည်။
ရေခဲပြင် အရည်ပျော်သွားခြင်းက နယ်မြေများကို အများကြီး သက်ရောက်သွားသော်လည်း ပင်လယ်ရေအတွင်းရှိ အပင်များအတွက်မူ ကောင်းမွန်သော ဝန်းကျင်တစ်ခု ဖြစ်လာစေသည်။
“ဟင်”
ရုတ်တရက် ဆုပိုင်က သူ၏မျက်လုံးအရှေ့တွင် ပေါ်လာသော ပန်းတစ်ပွင့်လိုသတ္တဝါတစ်ကောင်ကို ကြည့်လိုက်မိသည်။ ထိုအကောင်က လက်တစ်ဆစ်စာခန့်သာ ကြီးသည်။ သူ၏ သလင်းလို ကြည်လင်နေသောကိုယ်က ဆုပိုင်၏အရှေ့တွင် တဖြည်းဖြည်းချင်း မျောလွင့်နေလေသည်။
+++++
128 01
အပိုင်း (128)
[ဘုရားရေ ဒါက ဘာလဲ၊ အပင်လား သက်ရှိအကောင်လား၊ ဘာလို့ ဒီလောက်ထိ လှရတာလဲ]
[ဟုတ်သားပဲ၊ တင်ဆက်သူ သူ့ကိုဖမ်းဖို့ ကြိုးစားကြည့်ပါလား]
[အတိတ်က ပင်လယ်ပြင်ထဲမှာ ဒီလောက်လှတဲ့ သတ္တဝါမျိုး ရှိမယ်လို့ မထင်ထားဘူး]
[သူ့ရဲ့ခန္ဓာကိုယ်လေးက ကော်လိုမျိုး ဖောက်ထွင်းမြင်ရမတတ် ကြည်နေတာပဲ၊ နောက်ပြီး ခေါင်းလေးကလည်း ပန်းပွင့်လေးလိုပဲ၊ ခပ်တိုတို တောင်ပံလေးလည်း ပါသေးတယ်၊ အားတအားချစ်ဖို့ကောင်းတာပဲ]
[@စာကြည့်တိုက်မှူး....ငါအလုပ်မှာ ငါ့ကောင်တွေ မင်းဒါက ဘာလဲဆိုတာ မသိဘူးလား]
[ငါ့အထင် တင်ဆက်သူလည်း မသိလောက်ဘူး၊ တင်ဆက်သူရဲ့ ပုံစံကိုကြည့်ရတာ ဒီကောင်က တော်တော်လေး ကြောက်ဖို့ကောင်းလောက်တယ်၊ အဆိပ်များရှိလို့လား]
.......။
လူတိုင်းက ကင်မရာအောက်တွင် တဖြည်းဖြည်းချင်း ရွေ့လျားနေသော နတ်ဖြစ်တည်မှုတစ်ခုလို အရာမျိုးလေးကို အံ့အားတကြီး ကြည့်နေကြသည်။
ပင်လယ်ပြင်နှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်း ခေတ်သစ်လောကတွင် မကြာခဏဆိုသလို တိုက်ရိုက်ထုတ်လွှင့်လေ့ရှိသည်။ သို့သော်....။
တိရစ္ဆာန်များမရှိသော ပင်လယ်ပြင်က သေဆုံးနေသော ပင်လယ်ပြင်ကြီးနှင့် တူသည်။ သိပ်သည်းစွာ ကြီးထွားနေသော အပင်များကလွဲပြီး မည်သည့်သက်ရှိမှ မရှိချေ။
ဘန်း။
ဆုပိုင်က အရှေ့မှ အကောင်ငယ်လေးကို သူ၏လက်ချောင်းလေးနှင့်အသာတို့လိုက်သည်။ သူ၏အမြီးလေးက ထက်မြက်စွာ ကြုံ့သွားပြီး အဝေးသို့ ထိတ်လန့်တကြား ပြေးကြောင်းကို မြင်လိုက်ရသည်။
သူ၏ နှုတ်ခမ်းထောင့်စွန်းများက အသာကော့တက်သွားသည်။ ဆုပိုင်က ပင်လယ်ကြမ်းခင်းပြင်မြေပြင်ရှိ သဲများအပေါ်သို့ ဂရုထားကာ တက်နင်းလိုက်သည်။
သိပ်မဝေးသောနေရာတွင် သိပ်သည်းစွာ တည်ရှိနေသော အစိမ်းရင့်ရောင် ပင်လယ်ရေမှော်များ ရှိနေသည်။ အောက်ဘက်ရှိ ကျောက်တုံးများပေါ်တွင်လည်း အာတိတ်ခုံးကောင်များက သူတို့၏လျှာကိုထုတ်လျက် တဖြည်းဖြည်းချင်း ရွေ့လျားနေကြသည်။
ဆုပိုင်က မရပ်တန့်ရဲချေ။ သူက သူ၏ကုတ်လက်မောင်းနေရာမှ အသားဖြင့်လုပ်ထားသော အဝတ်အိတ်တစ်ခုကို ခပ်မြန်မြန်ထုတ်လိုက်သည်။ ထိုသို့ဖြင့် လက်တစ်ဝါးအရွယ်အစားခန့်ရှိမည့် ခုံးကောင်များအားလုံးကို အဝတ်အိတ်ထဲသို့ ထည့်သွင်းလိုက်လေသည်။
“ဂလု”
ဆုပိုင်က အသက်ရှူထုတ်သည်။ သူ၏ရင်ဘတ်မှ မွန်းကြပ်လာသလို ခံစားလိုက်ရပြီး ကြိုးကို ခပ်မြန်မြန်ဆွဲကာ ပင်လယ်ရေမျက်နှာပြင်ပေါ်ဘက်သို့ ခပ်မြန်မြန် ကူးခတ်လေသည်။
နောက်ထပ် အာတိတ်ခုံးကောင်တစ်ဖွဲ့ကို ရှာတွေ့ပြီးလေပြီ။ အခြေအနေအရ သဲများကို တူးထုတ်ကြည့်လျှင်ပင် အာတိတ်ခုံးကောင်များကို ထပ်ရလောက်သည်။
“ဟူး”
ဆုပိုင်က ပင်လယ်ရေထဲမှ ခုန်ထွက်လာပြီးနောက် အမောတကော အသက်ရှူသည်။ သူက အိတ်ထဲမှ ခုံးကောင်များကို လှေပေါ်သို့ တစ်ကောင်ချင်းစီ တင်လိုက်သည်။
“အူး”
လှေပေါ်သို့ ကုန်းတက်ထားပြီးသား ပိုလာဝက်ဝံလေးက သူ၏လျှာတစ်လစ်လေးကို ထုတ်လျက် ဆုပိုင်ကို ကြည့်ပြီး ခပ်တိုးတိုးဟိန်းကာ ရယ်ပြလာသည်။
ဘန်း။
ဆုပိုင်က သူ့ကို ခုံးကောင်လေးတစ်ကောင်၏ အခွံလေးဖြင့် အသာခေါက်လိုက်သည်။ ထို့နောက် လှေအစွန်းဘောင်နားကို ကိုင်ထားရင်း အနားယူနေသည်။ တစ်ချိန်တည်းတွင်ပင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကောမန့်များကိုလည်း ကြည့်လိုက်သည်။
ထိုအခါ လူတိုင်းက ယခုလေးတင် ဖြတ်သွားသည့် အကောင်ငယ်လေးကို အလွန်စိတ်ဝင်စားနေကြောင်း မြင်လိုက်ရပြန်သည်။ သူဟာမနေနိုင်ဘဲ ရယ်လိုက်ရင်း ပြောပြလိုက်သည်။
“အခုဖြတ်သွားတဲ့အကောင်ကို ရေခဲပင်လယ်နတ်မိမယ်လို့ခေါ်တယ်၊ အပင်ပုံသဏ္ဍာန်မျိုးရှိတဲ့ အကောင်အမျိုးအစားပေါ့”
128 02
“တကယ်တမ်းပြောရရင် ဒီလိုအကောင်မျိုးကို သွားမထိသင့်ဘူး၊ မဟုတ်ဘူး သူတို့က အနည်းဆုံး မီတာ၃၅၀လောက်နက်တဲ့ ပင်လယ်ရေအောက်ဘက်ပိုင်းမှာပဲ နေကြတာ၊ နောက်ပြီး ဒီလိုအကောင်မျိုးရဲ့ အရေအတွက်က အတိတ်ကာလမှာတောင် တအားကိုရှားတယ်”
“ဒါပေမဲ့ ဟာမာဖရိုဒိုက် တိရစ္ဆာန်အမျိုးအစားဖြစ်လို့ အွန်....ဥပမာ နှစ်ယောက်လုပ်စာနဲ့ ညီမျှတဲ့ ကိစ္စမျိုးကို လုပ်နိုင်တဲ့ သတ္တဝါမျိုးပဲ”
“ပင်လယ်ရေအောက်လောကက တအားကို ခမ်းနားလှပပြီး အရောင်အသွေး စုံလင်တယ်၊ မရေမတွက်နိုင်တဲ့ တိရစ္ဆာန်တွေအများကြီး ရှိနေတယ်”
“အခု ကောင်းကင်ပြာတိရစ္ဆာန်ရုံက စတင်ခါစဖြစ်နေလို့ ပင်လယ်ရေအောက်က သတ္တဝါတွေကိုတော့ ရှင်သန်နိုင်အောင် ကယ်ဆယ်ဖို့ တအားခက်ခဲနေဦးမှာပဲ၊ သူတို့ကို ကယ်ဆယ်ပြီးရင်တောင်မှ သားဖောက်ဖို့ ခက်လိမ့်မယ်”
“ပင်လယ်သမုဒ္ဒရာအတွက်လည်း အလားတူပဲ၊ ကုန်းမြေလိုမျိုးပဲ သူတို့ဘက်မှာလည်း အစာကွင်းဆက်အရင်းမြစ်ဆိုတာ ရှိတယ်၊ တိရစ္ဆာန်တစ်ကောင်ကိုထည့်သွင်းလိုက်ပြီး အစာအရင်းမြစ် မရှိတဲ့အခါ သိပ်မကြာခင် သေသွားလိမ့်မယ်”
“ကောင်းပြီ အခု ဒီတင်ဆက်သူက အောက်ကိုထပ်ဆင်းပြီး နောက်ထပ်အစားအသောက်တွေကို ထပ်ရှာမှာဖြစ်တယ်”
“ငါဒီတစ်ကြိမ်မှာ မတူတဲ့ စားစရာတစ်မျိုးမျိုးကို ရှာတွေ့ဖို့ မျှော်လင့်ရတာပဲ”
ထိုသို့ပြောပြီးနောက် ဆုပိုင်က အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် ပင်လယ်ရေအောက်ခြေသို့ တစ်ဖန်ဒိုင်ပင် ထိုးဆင်းလိုက်ပြန်သည်။
လမ်းတစ်လျှောက် ကြိုးကိုဆွဲသွားသောကြောင့် အောက်ခြေသို့ ခပ်မြန်မြန်ရောက်သွားသည်။
ဒီတစ်ကြိမ်တွင် ရင်းနှီးကျွမ်းဝင်သော လမ်းဖြစ်နေသောကြောင့် အရင်တစ်ခေါက်ထက် ပိုမြန်သွားသည်။ ဆုပိုင်က အာတိတ်ခုံးကောင်များကို အလျင်စလိုပြေးကာ မတူးသေးဘဲ ပတ်ဝန်းကျင်တွင် လိုက်ရှာနေလိုက်သည်။
ရေခဲပင်လယ်နတ်မိမယ်သည် ဒီလိုနေရာမျိုးတွင် ရှိနေကတည်းက အခြားသော သတ္တဝါမျိုးလည်း ရှိသင့်သည်။
သူက မည်သည့်ငါးတစ်ကောင်ကိုမှ မတွေ့သေးသော်လည်း ပုစွန်နှင့် ဂဏန်းများကမူ ရှိသင့်လေသည်။
သူက အရှေ့ဘက်ရှိ ပင်လယ်ရေမှော်များကို တူးထုတ်ပြီးနောက် သူ၏ခြေထောက်အောက်သို့ စိုက်ကြည့်မိသွားသည်။
“မဟုတ်လောက်ပါဘူးနော် ဟုတ်တယ်မလား”
ဆုပိုင်က တွေးသည်။ သို့သော် တစ်ချက်လှည့်ပြီး အာတိတ်ခုံးကောင်များဆီသို့ ခပ်မြန်မြန် သွားလိုက်သည်။
ခရက်။
ရုတ်တရက် သိပ်မဝေးသောနေရာရှိ ကျောက်တုံးဖြူနှစ်ခုကြားမှ မီးခိုးရောင်လိုလိုအညိုရောင်လိုလို လက်မကြီးတစ်ခုက ထိုးထွက်လာသည်။
ဆုပိုင်က တစ်ခဏခန့် ရပ်တန့်သွားသည်။ ထို့နောက် သူ၏မျက်လုံးက မှေးကျဥ်းသွားပြီး ဂရုတစိုက်ကြည့်လိုက်သည်။
ထိုအခါ ခက်ထန်ကြမ်းတမ်းပြီး ထက်ရှသော ဆူးချွန်များအပြည့် အုံ့ဆိုင်းနေသည့် ကြီးမားသော ဂဏန်းကြီးတစ်ကောင်ကို မြင်လိုက်ရလေသည်။ သူ၏ ဂဏန်းလက်မကြီးတစ်စုံက အပြာဖျော့ရောင် ပုစွန်တစ်ကောင်ကို ညှပ်ထားသည်။
“တကယ်ကို ဂဏန်းဘုရင်ပဲ”
ဆုပိုင်က ရပ်တန့်လိုက်မိသည်။
အာတိတ်တွင် ရှင်သန်နိုင်သော ဂဏန်းက ကမ်ချက်ခါဆိုသော ကျောက်တုံးဂဏန်းဖြစ်သည်။ သို့ရာတွင် သူ၏အရွယ်အစားက ရေခဲပင်လယ်နတ်မိမယ်နှင့် အရွယ်အစားချင်းတူသည်။ သူက ပင်လယ်ရေအနက်ရှိုင်းဆုံး အပိုင်းတွင်သာ နေထိုင်တတ်သည်။
ဒါကို ဘာလို့ ဒီလိုနေရာမျိုးမှာ လာတွေ့နေရတာလဲ။
သံသယအပြည့်နှင့်ဆုပိုင်က သတိအပြည့်ထားပြီး ကြိုးကိုဆွဲကိုင်လျက် အနားသို့ ကပ်သွားလိုက်သည်။
ကိရိယာများ မရှိသောကြောင့် သူဟာ ထိုအကောင်ကို ဖမ်းရန်ခက်ခဲလောက်သည်။
ဂဏန်းဘုရင်၏ လက်သည်းများက အလွန် ထက်ရှသည်။ သတိသာ မထားမိလျှင် လူတစ်ယောက်၏ လက်ချောင်းကိုပင် ညှပ်ဖြတ်နိုင်သည်။ လုံလောက်သော အာမခံချက် မရှိသောကြောင့် ဆုပိုင်ကလည်း အလျင်စလို မပြေးသွားရဲချေ။
ပင်လယ်ပေါ်သို့ ကမန်းကတန်း ပြန်တက်သွားပြီးနောက် ဆုပိုင်က လှေပေါ်သို့ တက်သည်။ ထို့နောက် သူ၏ကျောပိုးအိတ်ကို သွားယူလိုက်ပြီး အတွင်းမှ ဓားမြောင်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ခါးကြားထဲသို့ ထိုးထည့်လိုက်သည်။
128 03
လှေပေါ်တွင် အိပ်ပျော်နေပြီဖြစ်သော ရှောင်ပိုင်ကို ကြည့်ပြီးနောက် ဆုပိုင်က ပင်လယ်ထဲသို့ တစ်ဖန်ပြန်လည် ခုန်ဆင်းလိုက်လေသည်။
ယခုလေးတွင်း တွေ့လိုက်ရသော ဂဏန်းဘုရင်က အနည်းဆုံး kgပေါင်းများစွာ အလေးချိန်စီးသည်။ ထို့ကြောင့် အာတိတ်ခုံးများထက် ပို၍အရသာရှိလေသည်။
ယခုအချိန်ထိ ဆုပိုင်က ကြီးထွားမှုနှုန်း နှေးကွေးပြီး ခက်ခဲသော ဖြစ်စဥ်သာရှိသည့် တိရစ္ဆာန်များကိုလည်း ကယ်ဆယ်နိုင်ကြောင်း နားလည်လာသည်။ တစ်ကြိမ်တွင် တစ်ကောင်ကိုသာ ကယ်ဆယ်ခိုင်းသည့်အတွက် စနစ်ကိုလည်း အပြစ်တင်၍မရချေ။
ကန့်သတ်မှုများကိုသာ လျစ်လျူရှုနိုင်မည်ဆိုလျှင် အံ့အားသင့်မှုအမှတ် လုံလောက်သည်နှင့် တိရစ္ဆာန်ပေါင်းများစွာကို တစ်ခါတည်း ကယ်ဆယ်နိုင်ပေလိမ့်မည်။
သို့သော် ထိုသို့ အများကြီး ကယ်ဆယ်သွားပါက ထိုအကောင်များအားလုံးကို တပြိုင်တည်း ဂရုမစိုက်နိုင်သည့်အပြင် မလုံလောက်သော ပြင်ဆင်မှုများကြောင့် သူတို့ကို အသေခံခိုင်းသလို ဖြစ်သွားပေလိမ့်မည်။
ဒီနေ့ခေတ် ရေနေသတ္တဝါများ၏ ဘဝကလည်း အလားတူသာလျှင်ဖြစ်သည်။
သူကလည်း ပင်လယ်ထဲတွင် အမျိုးမျိုးသော သတ္တဝါများ ရှိနေကြောင်း သိနေသည့်တိုင်အောင် ဆုပိုင်အနေဖြင့် သူတို့ကို ပြန်မသယ်သွားနိုင်ချေ။ ပြန်သွား၍လည်း မရနိုင်ချေ။
မျိုးတုန်းပျောက်ကွယ်သွားပြီမှာ အချိန်ကြာပြီဖြစ်သော တိရစ္ဆာန်များကြောင့် ရေနေသတ္တဝါများ၏ နေထိုင်မှု ဓလေ့ထုံးတမ်း အစသဖြင့် အရာအားလုံးက ပျောက်ဆုံးသွားသည်။
အသားစား ရေနေသတ္တဝါပင်ဖြစ်စေ အရွက်စားရေနေသတ္တဝါပင်ဖြစ်စေ ထိုမျိုးစိတ်တစ်ခုကို ပြန်လည်ကယ်ဆယ်လိုက်သည်နှင့် လုံလောက်သော အစာကွင်းဆက်မရှိသောအခါ သေရပေလိမ့်မည်။ အသားစားရေနေသတ္တဝါဆိုလျှင်လည်း နောက်ပိုင်းစားသောက်ရမည့် သတ္တဝါမျိုး မရှိသည့်အတွက် သေဆုံးသွားနိုင်သည်။ အရွက်စားရေနေသတ္တဝါဆိုလျှင်လည်း ဆက်တိုက် မရေမတွက်နိုင်အောင် မျိုးပွားနေသောကြောင့် သဘာဝရန်သူ မရှိသည့်အခါ ရေနေဝန်းကျင်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည်။ မည်သို့ပင်ဆိုစေ အရာအားလုံးက ဟန်ချက်ညီပြီး မျှတနေရန် လိုအပ်လေသည်။
တစ်ကြိမ်တွင် တစ်ကောင်ကို ကယ်ဆယ်ရင်းဖြင့် အရေအတွက်ကို တဖြည်းဖြည်းချင်း မြောက်မြားစေလျက် ပြီးပြည့်စုံသော ဂေဟစနစ်တစ်ခုကို ဖန်တီးရမည်ဖြစ်သည်။
ကြိုးကိုဆွဲပြီး ရေအောက်သို့ တစ်ဖန်ပြန်ထိုးဆင်းသွားလိုက်သည့် ဆုပိုင်က နူးညံ့သော သဲများပေါ်နင်းလျက် ကျောက်တုံးဖြူနှစ်ခုကြား၏နေရာသို့ တဖြည်းဖြည်းချင်း ရွေ့သွားလိုက်သည်။
သူ၏ ပင်လယ်ကြမ်းခင်းပြင်ပေါ်ရှိ အရှိန်နှုန်းက ဂဏန်းဘုရင်လောက် မမြန်နိုင်ချေ။ ထိုအကောင်က အတွင်းသို့ ဝင်သွားပြီးလောက်လေပြီ။
သို့မဟုတ်လျှင် သူက ရေမှော်ပင်ပေါ်သို့ ရောက်သည်နှင့် ချက်ချင်းတွေ့လောက်သည်။
“ဂလု”
ဆုပိုင်က ခပ်တိုးတိုး အသက်ရှူထုတ်သည်။ သူက လက်ထဲတွင် ဓားမြှောင်ကို ဆုပ်ကိုင်ထား၏။ သူက တဖြည်းဖြည်းချင်း ရှေ့မှ ပင်လယ်ရေမှော်များကို ဘေးဘက်သို့ တွန်းထုတ်လိုက်သည်။
မီးခိုးရောင် ဂဏန်းဘုရင်ကြီးက အာတိတ်ပုစွန်ကြီးကို ခွဲထုတ်လျက် ဝါးမြိုနေလေသည်။
“ဟေး”
ရုတ်တရက် ဂဏန်းဘုရင်က ဝါးမြိုနေရာမှ ကြောင်အသွားပြီး ရပ်တန့်သွားသည်။ သူ၏မျက်လုံးကြီးနှစ်လုံးက ပြူးထွက်လာပြီး လည်လာသည်။
သူက သူ၏ဂဏန်းလက်မများဖြင့် ညှပ်ထားသည့် ပုစွန်အသားကြီးကို ခပ်ကြမ်းကြမ်း ပစ်ချလိုက်ပြီး ရေမှော်များအတွင်းသို့ ဝင်ရောက်ကာ ထွက်ပြေးရန် ကြံစည်လေသည်။
+++++
129 01
အပိုင်း (129) လန်မင်ကြွက်တွေက သူတို့ရဲ အသက်မွေးဝမ်းကျောင်းအလုပ်ကို တအားချစ်တယ်
”မသွားပါနဲ့”
ဆုပိုင်က စိတ်ထဲတွင် အော်ဟစ်လိုက်သည်။ သူက ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်းလိုလို ဓားမြောင်ကို ဆွဲထုတ်လိုက်သည်။
ခရက်။
ချက်ချင်းဆိုသလိုပင် ထိုဓားမြောင်က ဂဏန်းဘုရင်၏ အပေါ်ပိုင်း မျက်နှာပြင်ကို ဖောက်ဝင်သွားသည်။
သူက ခပ်မြန်မြန် ပြေးသွားလိုက်ပြီး ဓားမြောင်ကို ဂရုစိုက်ကိုင်လျက် ဂဏန်း၏ ရမ်းခါနေသော လက်မကြီးများကိုလည်း ရှောင်ရသေးသည်။
ထ်ိုဂဏန်းကောင်ကို အိတ်ထဲသို့ ပစ်ထည့်ပြီးနောက် ဆုပိုင်က နောက်ထပ်အာတိတ်ခုံးများကို တစ်ဖန်ပြန်လည်ကောက်ယူသည်။ ထို့နောက် ကြိုးကိုကိုင်လျက် အပေါ်သို့ ပြန်လည်တက်သွားလိုက်သည်။
ထိုအာတိတ်ခုံးများနှင့် ဂဏန်းဘုရင်ကြောင့် ဒီနေ့ရိက္ခာက လုံလောက်သွားပြီဖြစ်သည်။ ထို့အပြင် အလွန်အမင်း အရသာရှိသော ပင်လယ်စာက ရှိနေသည်။
ထိုအကြောင်းအရာကို တွေးမိပြီးနောက် ဆုပိုင်က သူ၏လက်ဖဝါးကို ခပ်မြန်မြန် ရိုက်ချလိုက်သည်။
”ဟူး”
ပင်လယ်ရေထဲမှ ထွက်ပြီးနောက် သူက အသက်ပြင်းပြင်းရှူသည်။ အိတ်ကို မြေပြင်ပေါ်သို့ ပစ်တင်လိုက်ပြီးနောက် ခက်ခက်ခဲခဲ ကုန်းတက်လိုက်နေသည်။
ပင်လယ်ရေတွင် တစ်ချိန်လုံး နေသည့်အခါ ရုပ်ပိုင်းဆိုင်ရာ ဆန့်ထုတ်မှုအားကို မခံစားနိုင်ချေ။ သို့သော် မြေပြင်ပေါ်သို့ တက်လိုက်သည်နှင့် နွမ်းနယ်မှုက ဦးနှောက်ထိတိုင် ရေလွှမ်းသလို လွှမ်းမိုးလာပြီဖြစ်သည်။
ဆုပိုင်၏ တစ်ကိုယ်လုံးက ကျိန်းစက်နေသည်။
သူက ဘေးဘက်ခြမ်းမှ ဝက်ဝံပေါက်လေးကို ကောက်ယူလိုက်ပြီး သူ၏ကိုယ်ပေါ်သို့တင်ကာ တဖွဖွ ပုတ်ပေးသည်။ ဆုပိုင်က မျက်တောင်တစ်ချက်ခတ်လိုက်ရင်း မှင်တက်သွားသော အကောင်လေးကိုကြည့်သည်။
”ဒီလိုမျိုးပဲ ပွတ်ပေးရမယ်”
သူက ထိုသို့ပြောပြီး ခြေထောက်ကို အသာဆန့်လျက် ဝက်ဝံပေါက်လေးကို သူ၏ခြေထောက်ရှေ့တွင် ချထားလိုက်သည်။
”အူး”
ရှောင်ပိုင်လေးက စိတ်လှုပ်ရှားစွာ အော်သည်။ သူက ဝက်ဝံလက်သည်းလေးတစ်ဖက်ကို မြှောက်လိုက်ရင်း ဆုပိုင်၏ ပေါင်ကို အသာပုတ်လေသည်။
”ဟစ်”
ဆုပိုင်၏ နှုတ်ခမ်းထောင့်စွန်းများက အသာကော့တက်သွားသည်။ သူက ခြေထောက်ကို မြန်မြန်ရုတ်လိုက်ရသည်။
သေစမ်း ဒီကောင်လေးက ဒီလောက်သာသေးတာ။ အားက တအားပြင်းတာပဲ။
အနည်းငယ်ပုတ်ပြီးနောက် တစ်ကိုယ်လုံး အရှိုးရာများ ပြည့်နှက်သွားလောက်သည်။
”ကောင်းပြီကောင်းပြီ မလုပ်ပါနဲ့တော့”
ကောင်ငယ်လေးက အိတ်ကို စိုက်ကြည့်နေကြောင်း မြင်လိုက်ရသည်။ အတွင်းတွင် တစ်စုံတစ်ရာက ခပ်ကြမ်းကြမ်း ရုန်းကန်နေကြောင်း မြင်သဖြင့် သူက သိချင်စိတ် ပြင်းပြသွားပုံပေါ်သည်။ ဆုပိုင်က သူ့ကို ခပ်မြန်မြန် ဆူလိုက်သည်။
”ဒါက ဂဏန်းဘုရင်နော်၊ မင်းကို ညှပ်လိမ့်မယ်၊ အဲဒီအခါကျမှ မငိုနဲ့”
”အူး”
သူ၏ စကားဆုံးသွားသည့်အချိန်တွင် အရှေ့မှ ပိုလာဝက်ဝံလေးက အော်ဟစ်လိုက်ပြီး သူရှိနေသောနေရာမှ လှမ်းခုန်လိုက်သည်။
”နာတယ်”
”နာတယ် ဝူး ဝူး”
ထို့နောက် သူ၏ ဝက်ဝံလက်သည်းလေးကို ရူးသွပ်စွာ ရမ်းခါတော့သည်။
”အူးအူးအူးအူး”
ဆုပိုင်လည်း ထိုအကောင်ငယ်လေး၏ ဝက်ဝံလက်သည်းမှ စိမ့်ထွက်လာသော သွေးများကို မြင်လိုက်ရသည်။ သူက အသက်ပြင်းပြင်းရှူလိုက်ပြီး လှေပေါ်တွင် ထရပ်လိုက်သည်။
မင်းဘာသာ တောင်းဆိုတာပဲ။
သူက ဓားမြောင်ကို ထုတ်လိုက်ပြီး ဂဏန်းလက်မကို ခုတ်ဖြတ်လိုက်သည်။
ထိုအကောင်ငယ်လေးက သူ၏လက်မောင်းကြားထဲသို့ ဝင်ရောက်လာသည်။ ထို့နောက် မျက်ရည်များ ပြည့်နှက်နေသော မျက်လုံးမျိုးဖြင့် သူ့ကိုကြည့်လာပြီး သူ၏ ဒဏ်ရာရသွားသော ဝက်ဝံလက်ကလေးကို သူ၏မျက်စိရှေ့တွင် မြှောက်ပြလေသည်။
ကောင်ငယ်လေး၏ နဖူးကို အသာပွတ်သပ်ပြီးနောက် ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ကြည့်လိုက်သည်။
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်းရှိ ပရိသတ်များက အေးခဲကုန်ကြသည်။ ထို့နောက်မှသာ လှုပ်ရှားလာကြ၏။
[တင်ဆက်သူ ဘာလို့ ဒီလိုကြောက်စရာကောင်းတဲ့ အကောင်ကြီးကို ဖမ်းလာတာလဲ၊ စားချင်လို့လား]
[ဒါက အကြိုက်ကြီးတာပဲမဟုတ်လား၊ ဘယ်လိုပဲ ကြည့်ကြည့် စားလို့ကောင်းမှာလည်း မဟုတ်ဘူးလေ၊ ခုံးကောင်တွေလောက် အရသာမရှိလောက်ပါဘူး]
[နောက်ပြီး ဆူးတွေကလည်း ပါသေးတယ်၊ ဒါမျိုးကို စားနိုင်မယ်ဆိုတာ သေချာရဲ့လား]
[ကြည့်ပါဦး ပိုလာဝက်ဝံလေးတောင်မှ အညှပ်ခံလိုက်ရတယ်၊ မြန်မြန် လွှင့်ပစ်လိုက်၊ ငါ့ကိုပေးမယ်ဆိုရင်တောင်မှ ငါစားမှာမဟုတ်ဘူး ]
[ဟားဟားဟားဟား ပိုလာဝက်ဝံလေးက မတရားခံနေရပြီ]
129 02
[လွှင့်ပစ်လိုက်၊ ဒီလိုအရာမျိုးကို စားနိုင်တယ်လို့တော့ မထင်ပါဘူး၊ တင်ဆက်သူ ဘာတွေတွေးနေလဲဆိုတာကို ဘယ်သူက သိမှာလဲ၊ သူခဏနေမှ နောင်တရလိမ့်မယ်]
.........။
ဆုပိုင်က ကောမန့်ကိုကြည့်ပြီး ရယ်သည်။
တိရစ္ဆာန်များ မျိုးတုန်းပျောက်ကွယ်သွားသည်မှာ ဝမ်းနည်းစရာကောင်းသည်။ သာမန်လူများက ဂဏန်းဘုရင်၏ အရသာရှိမှုကိုပင် မမှတ်မိကြတော့ချေ။
ခဏနေ ငါဂဏန်းဘုရင်ကို ချက်ပြီးမှ ဒီလူတွေဘာပြောမလဲ ကြည့်ရအောင်။
”ဟီးဟီး”
ဆုပိုင်က ကင်မရာကိုကြည့်ပြီး လျှို့ဝှက်ဆန်းကြယ်သလိုရယ်သည်။ ထို့နောက် မကောင်းသော ရည်ရွယ်ချက်မျိုးဖြင့် ပြောလိုက်သည်။
”မင်းတို့အားလုံးမှန်တယ်၊ ဒီစားစရာက တော်တော်လေးကို မသင့်တော်လှဘူး၊ ဒီတော့ တင်ဆက်သူက ရွေးချယ်စရာမရှိဘူးလေ”
”တစ်ခဏနေ ငါချက်ပြီးသွားတဲ့အခါ ကြည့်ရှုသူတွေကို ငါစားသောက်နေတာကိုပဲ ကြည့်ခိုင်းပါတော့မယ်”
”သွားရအောင် မင်းရဲ့လက်ကလေးကို မြှောက်မနေနဲ့တော့၊ သွေးက ထွက်တော့တာမဟုတ်ဘူး”
ဆုပိုင်က သူ၏မျက်စိရှေ့သို့ အတင်းတွန်းပို့နေသော ဝက်ဝံလက်ကလေးကို အသာပုတ်ချလိုက်ပြီး ကမ်းစပ်ဘက်သို့ လှည့်လိုက်သည်။
ရွက်ဖျင်တဲအတွင်းမှ ခေါင်းလေးကို ဆန့်ထုတ်နေသည့် နှင်းဖြူရောင် အာတိတ်မြေခွေးလေးကိုလည်း မြင်လိုက်ရသည်။ ထိုအကောင်လေးက ပင်လယ်ဘက်သို့ ကြည့်နေသည်။
”ဘယ်လောက်တောင် အသိဉာဏ်မြင့်လိုက်သလဲ”
သက်ပြင်းချပြီးနောက် ဆုပိုင်က ထရပ်ကာ လှေလှော်သည်။
”အူး”
အာတိတ်မြေခွေး၏ ပုံရိပ်ကို မြင်လိုက်သည်နှင့် ရှောင်ပိုင်လေးက သူ၏လက်မှ ဒဏ်ရာကို မေ့သွားသည်။ သူက ခပ်မတ်မတ် ထရပ်လိုက်ပြီး ထိုဒဏ်ရာရထားသော လက်ကလေးကို လေထဲတွင် ရမ်းလျက် အာတိတ်မြေခွေးကို လှမ်း၍နှုတ်ဆက်လေသည်။
”နို့...ငါ့ရဲ့ သားရဲလေး”
ဆုပိုင်က တစ်ချက်ကြည့်လိုက်သည်။ သူက ထိုအကောင်ငယ်လေး၏အမွေးကို အသာပွတ်လျက် မြေပြင်ပေါ်သို့ တွန်းချလိုက်သည်။
သူက ဒီကောင်နဲ့ ရင်းနှီးလာတာနဲ့အမျှ ပန်ဒါကြီးနဲ့ တူလာသလိုပဲ။ ဘယ်လိုတောင် သွေးနီးတာလဲ။
ဒီတာဝန်က ပြီးမြောက်သွားပြီးလျှင် သူဟာ ထိုအကောင်လေးကိုလည်း ကောင်းကင်ပြာ တိရစ္ဆာန်ရုံသို့ ခေါ်သွားရပေလိမ့်မည်။ ထို့အပြင် တပိုင်နှင့် လွှတ်ထား၍ မရချေ။
မည်သို့ပင်ဆိုစေ သူတို့အားလုံးက အရှက်မဲ့ကြသည်။ ထို့ကြောင့် ဘာသာစကားတူလောက်၏။
”နို့”
ရှောင်ပိုင်လေးက ဆုပိုင်ကို ခပ်ကြမ်းကြမ်းထိလိုက်ပြီး မြေပြင်ပေါ်မှ ကုန်းထပြန်သည်။
ဒီလောက် အကြာကြီး လျှောက်သွားနေရတာ ငါဗိုက်ဆာတယ် ဟုတ်ပြီလား။
ငါဘာလို့ မတရားခံရတာလဲ။
ငါမနေ့ညက အိပ်မက်ထဲမှာ နို့သောက်နေတယ်လို့တောင် အိပ်မက်မက်သေးတာ။ ဒါပေမဲ့ ဘာမှလည်းမစားရဘူး။
သေစမ်း။
ဖုန်း။
လှေကို ကမ်းကပ်ပြီးနောက် ဆုပိုင်လေးက အဝတ်အိတ်များအတွင်းသို့ အာတိတ်ခုံးများကို ကောက်ထည့်သည်။ ထို့နောက် သေသွားသော ဂဏန်းဘုရင်ကိုလည်း သယ်ပြီး လှေတစ်ဖက်ခြမ်းမှ တစ်ခြမ်းတည်းနှင့် အောက်သို့ခုန်ဆင်းလိုက်သည်။
အာတိတ်မြေခွေးက စိတ်လှုပ်ရှားစွာ ပြေးလာပြီး ဆုပိုင်၏ နောက်သို့ ရောက်လာသည်။ ထို့နောက် အိတ်ထဲမှ ပင်လယ်စာများကိုကြည့်ပြီး အော်လေသည်။
”အူး”
”ဟေး ငါ....ငါ့ကို လွှတ်”
ထိုအချိန်တွင် လှေထဲမှ ကြီးမားလုံးဝိုင်းသည့် မျက်နှာကြီးတစ်ခုက ထွက်ပေါ်လာသည်။ သူက ရယ်မောကာ အော်ဟစ်ပြီး လှေပေါ်မှ တိုက်ရိုက်လိမ့်ဆင်းလာသည်။
မြေပြင်တွင် နှစ်ကြိမ်ခန့် လိမ့်ပြီးနောက် ရှောင်ပိုင်လေးက လျှာလေးကိုထုတ်သည်။ သူက နှုတ်ခမ်းထောင့်စွန်းကိုအသာသပ်ရင်း အာတိတ်မြေခွေးထံ အပြေးသွားသည်။
”ဝေါင်း”
သူက အာတိတ်မြေခွေးကို မြေပြင်ပေါ်သို့ တစ်သုတ်တည်းနှင့် တွန်းလှဲလိုက်ပြီး နေရာကို ကျွမ်းကျင်စွာ ရှာဖွေလိုက်သည်။
”ကျစ်”
သူက ခပ်ပြင်းပြင်း တစ်ချက်စုတ်သပ်ပြီးနောက် သူ၏စိတ်နှင့် ခန္ဓာကိုယ်က ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
ဝက်ဝံလက်သည်းကပင် မနာတော့ချေ။
ဆုပိုင်က အရှက်မရှိသောအကောင်ကို ကြည့်လိုက်ပြီး အဝတ်အိတ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် ခေါင်းကိုငုံ့ကာ ရွက်ဖျင်တဲအတွင်းသို့ ဝင်သည်။
သူက ရေနံစည်မီးအိမ်ကို ကောက်ကိုင်လိုက်ပြီး အိုးငယ်လေးကို ယူလိုက်သည့်အချိန်တွင် ရုတ်တရက် ထောင့်နားရှိ လန်မင်မိသားစုကို တစ်ချက်ကြည့်မိသွားသည်။
”ချိ”
129 03
လန်မင်အထီးက သူ၏သေးငယ်သော လက်သည်းလေးကို လန်မင်အမ၏ ပခုံးပေါ်သို့ တင်ထားပြီး သူ၏ဖင်လေးကို ရှေးတိုးနောက်ဆုတ် လုပ်နေလေသည်။ သူက ခက်ခက်ခဲခဲ ရိတ်သိမ်းနေပုံပေါ်သည်။
မျက်ဝန်းတစ်စုံက သူ့ကို ကြည့်နေကြောင်း ခံစားမိသောကြောင့် ဖြစ်လောက်သည်။ သူက မနေနိုင်ဘဲ ခေါင်းမော့လိုက်သည်။
ထို့နောက် မှင်တက်ကာ မျက်မှောင်ကြုတ်လျက်ကြည့်နေသော ဆုပိုင်ကို ရန်စသလိုမျိုး တစ်ချက်ကြည့်လေသည်။ သူက ဖင်ကိုခါပြီးနောက် ခြားနားသော ပုံစံမျိုးဖြင့် လန်မင်အမလေးကို ဦးဆောင်သည်။ အရှေ့မှ ကလေးပေါင်း မြောက်မြားစွာကို မျက်နှာမူရင်း ဆက်လက်ပြီး မွှေနှောက်ပြန်သည်။
”ဖာ့ခ်”
ဆုပိုင်က သူ၏နဖူးကို အရှက်မရှိစွာ ပွတ်လိုက်ပြီး ခပ်မြန်မြန် နောက်ဆုတ်လိုက်သည်။
ပြောရမယ်ဆို ဒီလန်မင်ကြွက်တွေက စိတ်ထားအရိုးရှင်းဆုံးပဲ။ အရွယ်ရောက်လာပြီဆိုတာနဲ့ သူတို့ရဲ့စိတ်ထဲမှာ တခြားအတွေးတွေ မရှိတော့ဘဲ ဒီအကြောင်းအရာပဲ ရှိနေတာပဲ။
တကယ်လို့ မျိုးဆက်အတွက် မမွေးထုတ်ဘူးဆိုရင် အဲဒီလို မွေးထုတ်နိုင်အောင် ကြိုးစားလိမ့်မယ်။
သူတို့ရဲ့ တစ်ဘဝလုံးစာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းက ဒါဖြစ်နေတာပဲ။
ဒါတောင် အခုလန်မင်ကြွက် တစ်စုံပဲ ရှိနေတယ်။ ရက်အနည်းငယ်လောက်နေရင် နောက်ထပ်အကောင်လေးတွေက အရွယ်ရောက်သွားတော့မယ်။
ဆုပိုင်က စစ်ဆေးကြည့်ပြီးလေပြီ။ တစ်ဝက်ခန့်အထိ အရွယ်ရောက်နေသော လန်မင်အထီးနှင့်အမက ဆယ်ကောင်ရှိသည်။ ထို့နောက် လန်မင်အတွဲ၅စုံ ထွက်ပေါ်လာပေလိမ့်မည်။ ထိုအပြင် ယခုအခြေအနေအရ.... ။
ဟစ်။
တွေ့ကြည့်ရုံနဲ့ ကြောက်ဖို့ကောင်းတယ်။
ဟူး။
ရေနံစည်မီးအိမ်ကို ထုတ်ယူကာ မီးထွန်းလိုက်ပြီးနောက် ဆုပိုင်က ဓားမြောင်ကို တစ်ဖန်ထုတ်ယူလိုက်ပြီး ဂဏန်းဘုရင်ကို ဆွဲလာသည်။ သူက စတင်ကာ ကိုင်တွယ်ရန် ကြံစည်လေသည်။
ဘုတ်က လုံလောက်အောင်မကြီးချေ။ ထို့ကြောင့် ဂဏန်း၏ ခြေလက်များအားလုံးကို ဖယ်ရှားရန် လိုအပ်သည်။
သို့သော်...။
ခဏနေစားတဲ့အခါ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို အနီးကပ်ရိုက်ပြီး ကြည့်ခိုင်းရမယ်။ အဲဒီအခါ ဒီလူတွေ ကောင်းကောင်းကြည့်ပြီး ဒီစားစရာက အရသာရှိမရှိ ဆုံးဖြတ်ခိုင်းရတာပေါ့။
++++