← Chapters

အခန်း (၁၃၀-၁၃၂)

Vol. 9 Ch. 130-132

အခန်း (၁၃၀-၁၃၂)

Vol. 9 Ch. 130-132

အပိုင်း (130) ငါတအားရေဆာတယ်

“ခရက်”

ဆုပိုင်က အနီရောင် ဂဏန်းလက်သည်းများကို ဖွင့်လိုက်ပြီး အခွံကို ညင်သာစွာခွာသည်။ ထို့နောက် အတွင်းမှ နှင်းလိုဖြူဖွေးနေသော အသားများက ပေါ်ထွက်လာလေသည်။

“ဂလု”

ဘေးဘက်တွင် ရပ်နေသော အာတိတ်မြေခွေးက တံတွေးမြိုချသည်။ သူ၏မျက်လုံးက ဆုပိုင်၏ လက်ထဲမှ အရသာရှိသော စားစရာထံတွင်သာဖြစ်သည်။

“ကွိ”

“မွှေး တအားမွှေးတာပဲ”

“ဟားဟား”

ဆုပိုင်က အာတိတ်မြေခွေး၏ အမွေးကို ပွတ်သပ်လိုက်ပြီး အတွင်းမှ ဂဏန်းအသားများကို ဖယ်ယူရင်း သူ၏အရှေ့တွင် တဖြည်းဖြည်းချင်း ချပေးလိုက်သည်။

“ကွိ”

အာတိတ်မြေခွေးက ခေါင်းကို ခပ်မြန်မြန် ငုံ့လိုက်ပြီး ခပ်ပြင်းပြင်း အနံ့ရှူသည်။ ထို့နောက် ပါးစပ်ကိုဖွင့်လိုက်ပြီး ဂဏန်းအသားတစ်တုံးကို ပါးစပ်ထဲသို့ ကိုက်ဝါးလိုက်သည်။

“ကောင်းလိုက်တာ”

သူ၏ မျက်လုံးက အနည်းငယ် မှေးကျဥ်းသွားသည်။ ယစ်မူးသော မျက်နှာထားမျိုးကလည်း ပေါ်လာသည်။

“ချိ”

လန်မင်ကြွက်တစ်အုပ်ကလည်း အနံ့ရသဖြင့် ထွက်လာကြသည်။ သူတို့က စီတန်းကာ ရောက်လာကြပြီး လက်ဖဝါးလေးများကို ပွတ်လျက် သူတို့၏ ရှေ့မှ ကြီးထွက်နေသော အသားများကို ဖော်ပြကာ ဆုပိုင်ကို မျှော်လင့်တကြီးကြည့်သည်။

ဖုန်း။

လန်မင်ကြွက်အထီးက ချက်ချင်းလိုလို လှည့်လာပြီး ဆုပိုင်၏အရှေ့သို့ လန်မင်ကြွက်တစ်ကောင်ကို တွန်းထိုးပေးကာ မျက်တောင်ကို ခတ်ပြသည်။

အဓိပ္ပါယ်က သိသာသည်။ မင်းကို တစ်ကောင်ပေးမယ် ငါ့ကို အသားပေး။

ဆုပိုင်..

“......”

ဆုပိုင်က ဆွံ့အစွာနှင့် ဂဏန်းအသားတစ်တုံးကို ခွာယူလိုက်ပြီး ထိုကောင်၏ရှေ့သို့ ချပေးလိုက်ရသည်။ ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ပြန်ကြည့်သည်။

ဆုပိုင်က ချက်ပြုတ်မည့် အိုးကြီးကို ကင်မရာအရှေ့သို့ ချလိုက်ရင်း အနီးကပ်ရိုက်ချက်ကိုပြသည်။ သူက ရယ်ကာပြောလိုက်သည်။

“ဒါက အဆိပ် ရှိမရှိ ရအောင်၊ ငါက အရင်ဆုံး ဒီပါဝင်ပစ္စည်းက စားလို့ရလား အရသာရှိလားဆိုတာကို သိအောင် စမ်းသပ်လိုက်တော့မယ်”

ထိုသို့ပြောပြီးနောက် သူက အနီရောင်အခွံတစ်ခုကို ချိုးလိုက်သည်။ အတွင်းမှ အရသာရှိသော ဂဏန်းအသားက ထောင်တက်လာသည့်အချိန်တွင် သူက တစ်ချက်ကိုက်သည်။

“အင်း”

သူက သဘောတကျ ချီးကျူးရင်း သက်ပြင်းကို ချလိုက်သည်။ ဆုပိုင်က သူ၏ပါးစပ်ထဲတွင် ဂဏန်အသားကို ဂရုထားကာ ဝါးသည်။

“ဂလု”

သူက တစ်သုတ်တည်းနှင့် အားလုံးကို စုယူကာ ဝါးမြိုလိုက်သည်။

“ဒီအရသာက တအားကို....ဒီလိုသတ္တဝါမျိုးကသာ အနာဂတ်မှာ အသက်ရှင်လာခဲ့မယ်ဆိုရင် မင်းတို့တွေ မဝယ်ဖို့ အကြံပေးချင်တယ်၊ အရသာမရှိဘူး”

သူက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ပြည်သူများကို နောက်နေသည်။

[သေစမ်း ငါကောင်းကောင်း စာမသင်ခဲ့ရဘူး၊ ဒါပေမဲ့ ငါ့ကို လာမလိမ်နဲ့နော်၊ မင်းရဲ့မျက်လုံးတွေက လခြမ်းကွေးလို ဖြစ်နေတာ၊ ဒါကိုတောင် အရသာမရှိဘူးလို့ လာပြောနေတာလား၊ ဓားဘယ်မှာလဲ၊ မားရေ ဓားယူလာပေးပါ]

[ဒါရိုက်တာဆုပိုင်က တော်တော်လေးကို လေးနက်တည်ကြည်တဲ့ လူမျိုးလို့ ထင်နေခဲ့တာ၊ ငါမှားသွားတာပဲ၊ လူလိမ်၊ သိသိသာသာကို အရသာရှိနေတာပဲ၊ ဒါကိုတောင်မှ အရသာမရှိဘူးလို့ ပြောနေသေးတယ်၊ ငါယုံမိတော့မလို့]

[အခုလေးတင် အရုပ်ဆိုးတဲ့ကောင်က ချက်ပြီးသွားတဲ့အခါ ဒီလိုမျိုး ဖြစ်သွားတာလား၊ ဘယ်လိုပဲ ကြည့်ကြည့် စားချင်စိတ်က ရှိလာတယ်၊ ဟုတ်ပြီလား ]

[လန်မင်ကြွက်က သူ့ရဲ့ဇနီးနဲ့ အစားတစ်လုပ်ကို လဲလိုက်တယ်၊ ဒါက အရသာမရှိဘဲ နေမလား]

[စကားမစပ် ဒီအကောင်ကို ဘယ်အချိန်မှ ကယ်တင်မှာလဲ၊ ငါလည်းစားချင်တယ်လေ]

[ငါလည်း ဆာလောင်နေပြီ]

.......။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူတိုင်းက ဆုပိုင်၏ အရှက်မရှိသော စကားများကို ကြည့်ပြီး လှောင်နေကြသည်။

လူတိုင်းကလည်း ဆုပိုင်၏ မျက်နှာအပြောင်းအလဲကို မြင်လိုက်ကြလေသည်။

ဒါကို အရသာမရှိဘူးလို့ပြောတယ်။ ဟုတ်ပါ့မလား။

မနေ့က အာတိတ်ခုံးများက လူတိုင်းအတွက် အရသာရှိသလို ထင်ရသည်။ သို့သော် အာတိတ်မြေခွေးပင်ဖြစ်စေ ဆုပိုင်ပင်ဖြစ်စေ ထင်သလောက် မတုံ့ပြန်ခဲ့ကြချေ။

ဂဏန်းဘုရင်က သိသာစွာပင် အာတိတ်ခုံးများထက် အရသာပိုရှိပေလိမ့်မည်။

“ဟားဟားဟားဟား”

ဆုပိုင်က လက်ချောင်းများကို လျက်ပြီး အိုးလေးထဲမှ ဂဏန်းလက်တစ်ခုကို ထုတ်ယူလိုက်ပြန်သည်။

သူက လူတိုင်း၏ရှေ့တွင် ရယ်ပြရင်း ပြောပြသည်။

“ဒီလိုသတ္တဝါမျိုးကို ကယ်ဖို့က အချိန်တော်တော်ကြာဦးမယ်လို့တော့ ယူဆရတယ်၊ ဒီလိုသတ္တဝါမျိုးက တအားအရသာရှိပေမဲ့လည်း....တအားများသွားတာနဲ့ သဘာဝဝန်းကျင်ကို ဖျက်ဆီးလိမ့်မယ်၊ sexual ဖျက်ဆီးမှုတစ်ခုလိုပဲ”

“ဒီတော့ ဒီလိုသတ္တဝါမျိုးကို ကယ်တင်ပြီးတာနဲ့ သူတို့ရဲ့ သဘာဝရန်သူက လေးငါးခြောက်ကောင် ဒါမှမဟုတ် အနည်းဆုံး ဆယ်ကောင်အကျော်လောက်ထိ ရှိနေမှရမယ်”

“မစိုးရိမ်ပါနဲ့ အားလုံး အနှေးနဲ့အမြန် ဂဏန်းဘုရင်ရဲ့ အရသာကို မြည်းစမ်းကြည့်ကြရမှာပါ”

.......။

တရုတ်...ပေကျင်း...။

ကားများနှင့် အရုပ်များပြည့်နေသော ကလေးတစ်ယောက်၏ အခန်းအတွင်းတွင် ရိုဟွားက သူ၏သားငယ်လေးကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

ကိုးနှစ်အရွယ်သာရှိသေးသော ကလေးက ရပ်ကွက်အတွင်းမှ ခြောက်နှစ်အရွယ်ကလေးလောက်ပင် အရပ်မရှည်ချေ။ သူက ကြောက်စရာကောင်းလောက်အောင် ပိန်နေသည်။

သူ့ကိုပိန်ကပ်နေသည်ဟုပြောလျှင် ချဲ့ကားရာမရောက်ချေ။ သူ၏မျက်လုံးကလည်း ဟောင်းလောင်းပေါက်နီးပါး ဖြစ်နေပြီး ပါးရိုးများကလည်း မြင့်တက်လျက် ပေါ်နေသည်။ ရိုဟွားအနေဖြင့် သားဖြစ်သူကိုကြည့်ရင်း သူ၏နှလုံးသား ခုန်နေသောကြောင့်သာ သက်ရှိဟု သတ်မှတ်ရလေသည်။

လွန်ခဲ့သောတစ်လခန့်က သူ၏သားရှောင်ဟွေးက ကျောင်းမှ ထုတ်ပယ်ခံလိုက်ရသည်။ တခြားနည်းလမ်းလည်း မရှိတော့ချေ။ သူဟာ မည်သူ့အပေါ် မှီခိုမှမရှိဘဲ မရှင်သန်နိုင်တော့ချေ။ ကျောင်းရှိ အတန်းဖော်များအားလုံးကလည်း သူ့ကို မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ကြည့်ကြသည်။ အခြေအနေအားလုံးက သိသာထင်ရှားသည်။

သူသည်လည်း အချိန်ပေါင်းများစွာ ခိုးငိုနေရသည်။

သို့သော် သူတတ်နိုင်သည်များလည်း မရှိချေ။

ကလေးက လွန်ခဲ့သော တစ်နှစ်ခန့်က စတင်ပြီး ပြင်းထန်လွန်းသည့် ခံတွင်းပျက်ရောဂါကို ခံစားနေရသည်။ အခြေအနေက ဆိုးရွားသထက် ဆိုးရွားလာသည်။

သူတို့၏ တစ်မိသားစုလုံးက တရုတ်ပြည်ရှိ နာမည်ကြီးဆေးရုံတိုင်းသို့ သွားရောက်ပြီးပြီဟုဆိုလျှင် ချဲ့ကားရာမရောက်ချေ။ ထို့အပြင် တရုတ်ရိုးရာ တိုင်းရင်းဆေးများကိုပင် အကြိမ်ပေါင်းများစွာ စမ်းသပ်ကြည့်ခဲ့ကြပြီးလေပြီ။ သို့သော် မည်သည့်သက်ရောက်မှုမှ မရှိခဲ့ချေ။

သို့သော် ဒီနေ့ဆိုလျှင် ရှောင်ဟွေးက တစ်နေ့လုံး ဘာမှမစားရသေးပေ။

“ရှောင်ဟွေး ပဲနို့လေး နည်းနည်းလောက် သောက်ပါလား”

ရုံဟွားက အိပ်ရာအစွန်းနားတွင်ထိုင်လျက် ပိန်ကပ်နေသော ကလေး၏ လက်ဝါးလေးကို ဆုပ်ကိုင်လိုက်ပြီး မျှော်လင့်တကြီး မေးမြန်းလိုက်သည်။

ဒီအကောင်ငယ်လေး ခေါင်းညိတ်ဖို့ မျှော်လင့်တယ်။

မည်မျှ ကုန်ကျစေကာမူ ကလေးကသာ သာမန်အတိုင်း စားမည်ဆိုလျှင် သာမန်လူအတိုင်း နေနိုင်မည်ဆိုလျှင် သူတို့စုံတွဲကလည်း ကျေနပ်ပေလိမ့်မည်။

“မစား မစားဘူး”

ရှောင်ဟွေးက ခေါင်းကိုခါသည်။ သူက တစ်ချက်လှည့်ရင်း သြရှသော လေသံနှင့် ပြောလာသည်။

“ရေဆိုရင် ဘယ်လိုလဲ”

“အရွက်ဆိုရင်ရော”

“အကောင်းဆုံး နည်းပညာမြင့် အသာတုဆိုရင်ရော”

ရုံဟွားက ကလေး၏ ပိန်ကပ်နေသော ပါးကို အသာထိတွေ့လိုက်ရင်း ခပ်တိုးတိုး ပြောလိုက်ပြန်သည်။

သူ၏သားက ခေါင်းကိုသာ ထိုင်းမှိုင်းစွာ ရမ်းခါလိုက်ကြောင်း မြင်လိုက်ရသည်။သူ၏အကြည့်က နံရံပေါ်တွင် ကပ်ထားသော tvဖန်သားပြင်သို့ မြဲမြံစွာ ရောက်ရှိနေသည်။

ရုံဟွားက သူ၏အကြည့်နောက်လိုက်ပြီး ကြည့်လိုက်သောအခါ ဖန်သားပြင်ပေါ်တွင် လူငယ်လေးတစ်ယောက်ကို မြင်လိုက်သည်။ သူက မြေပြင်ပေါ်တွင် ဖြစ်သလို ထိုင်နေပြီး ကြောက်မက်ဖွယ်ကောင်းသော နီရဲနေသည့် တစ်စုံတစ်ရာကို ကိုင်ထားသည်။ ထို့နောက် ထိုအရာကို ကိုက်စားလိုက်သည်။

အရသာရှိမဲ့ပုံပဲ။

သို့သော်.....။

“ရှောင်ဟွေး တခြားအရာပြောင်းကြည့်ရအောင်၊ ဒါတွေအားလုံးက လိမ်နေတာ၊ ဒါက အထူးeffectတွေသုံးထားတဲ့ နည်းပညာမြှင့်ပြီးလုပ်ထားတဲ့ အရာတွေပဲ ဖြစ်လိမ့်မယ်”

ရုံဟွားက မျက်မှောင်ကြုတ်ပြီး ခပ်တိုးတိုးပြောသည်။

“မားက သားအတွက် နှင်းဆီပျားရည်လေး အခွံနွာပေးရမလား၊ သားနှင်းဆီပျရည် နည်းနည်းလောက် စားလိုက်လေ၊ ဒါဆိုရင် စားချင်စိတ်ရှိလာမှာပဲ”

“မစားဘူး”

ရှောင်ဟွေးက ဆုပိုင်၏လက်ထဲမှ ဂဏန်းဘုရင်၏အသားကိုသာ စိုက်ကြည့်နေရင်း တဖြည်းဖြည်းချင်း ခေါင်းခါသည်။

“ငါ အဲဒါစားချင်တယ်”

ရှောင်ဟွေးက လက်ကို တုန်ယင်စွာ ဆန့်ထုတ်လိုက်ရင်း နှင်းဖြူရောင် ဂဏန်းအသားကို ညွှန်ပြသည်။ ရှောင်းဟွေးက လျှာကိုသပ်လိုက်ရင်း မျှော်လင့်ချက်အပြည့်နှင့်ပြောသည်။

“ဒါက အရသာရှိမှာပဲ”

“မား ငါဒါကို စားချင်လာပြီး ဗိုက်ဆာလာတယ်လို့ ခံစားရတယ်၊ ငါဒါကို စားချင်တယ်”

“ဒါက....”

ရုံဟွားက ဖန်သားပြင်တွင် ပေါ်နေသော ပုံရိပ်ကို တစ်ချက်ကြည့်သည်။ ထို့နောက် မျှော်လင့်ချက်ပြည့်ဝနေသော သားဖြစ်သူ၏ မျက်လုံးကိုကြည့်ရင်း မျက်ရည်များကို ခိုးသုတ်လိုက်သည်။

ဒါက လှည့်စားထားတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုပဲ။ ဒီကမ္ဘာပေါ်မှ တိရစ္ဆာန်တွေမရှိတာ ဘယ်လောက်ကြာပြီလဲ။ တိရစ္ဆာန်တွေ မျိုးတုန်းပျောက်ကွယ်သွားတာမျိုးကြောင့်သာ မဟုတ်ရင် သူတို့ရဲ့ စားချင်စိတ်ကလည်း သက်ရောက်ခံရမှာမဟုတ်ဘူး။

နောက်ပြီး သူမရဲ့သားကလည်း ဒီလိုခံတွင်းပျင်ရောဂါကို ခံစားရမှာမဟုတ်ဘူး။

တရုတ်ပြည်တစ်ခွင်လုံးမှာ ဒီလိုအလားတူတဲ့ ရောဂါကို ခံစားနေရတဲ့ ကလေးတွေမှ အများကြီးပဲ။ နှစ်တိုင်းလိုလို ခံတွင်းပျက်ရောဂါကြောင့် သေသွားကြတဲ့ ကလေးတွေလည်း တအားများတယ်။

ခံတွင်းပျက်ရောဂါရဲ့ နောက်ဆုံးအဆင့်ကို ရောက်သွားရင် နေ့စဥ် ဆေးသွင်းနေဖို့ လိုအပ်တယ်။ ခန္ဓာကိုယ်ကို ထိန်းထားနိုင်ဖို့ အားဖြည့်ဆေးရည်တွေကို လိုအပ်လာတယ်။

ဒါပေမဲ့ ခံတွင်းပျက်ရောဂါကို ခံစားနေရတဲ့ လူနာရဲ့အခြေအနေက ပိုဆိုးသထက် ဆိုးသွားရုံတင်မကသေးဘဲ အစာအိမ်ကလည်း ကျုံ့သထက် ကျုံ့သွားတယ်။ အဲဒီနောက် သေသွားရမှာပဲ။

“ဟူး”

“မား ဒါကို သားအတွက် ရှာပေးရမလား”

“ဒါဆိုရင် အရင်ဆုံး ပဲနို့နည်းနည်း သောက်ထားလိုက်၊ နည်းနည်းလောက် သည်းခံထားလေ၊ သား နည်းနည်းတော့ သောက်ထားလေ၊ ဟုတ်ပြီလား”

“မားမနက်ဖြန်ကျရင် အပြင်ထွက်ပြီး သားအတွက် သွားရှာပေးမယ်”

ရုံဟွားက အသက်ပြင်းပြင်းရှူသည်။ သူမက စားပွဲပေါ်မှ သေချာကျိုချက်ထားသော ပဲနို့လေးကို လှမ်းယူလိုက်ရင်း ကလေးကို ကမ်းပေးလျက် အပြုံးနှင့် ပြောလိုက်သည်။

“ကောင်းပြီ”

မမျှော်လင့်ထားစွာပင် ဘာမှမစားမသောက်သည်မှာ အချိန်တန်ကြာပြီဖြစ်သည့် ရှေ့မှ သားဖြစ်သူက ရုတ်တရက် ခေါင်းညိတ်လာသည်။

အရမ်းကောင်းလိုက်တာ။

ဒီလို တစ်ခုခု စားလိုက်တာနဲ့ ရှောင်ဟွေးလေးက ကျန်းမာရေး ကောင်းလာမှာပဲ။

+++

131 01အပိုင်း (131) တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတစ်ခုကလည်း အစားအသောက်တစ်ပွဲ တည်ခင်းဧည့်ခံနေသလိုပါပဲ

“လောင်လု အလျင်စလို ဘာလုပ်နေတာလဲ”

“မင်းအချိန်မီရောက်လာတာပဲ လာလာလာ ငါ့ကိုလာပြီး ကူညီဦး၊ လူနာတွေက ဒီနေ့ကစပြီး စားသောက်ချင်ကြပြီတဲ့

“ဘာ တကယ်လား”

“နောက်နေတာမဟုတ်လား၊ သူတို့အားလုံး နည်းနည်းလောက်ပဲ စားတယ်ဆိုရင်တောင်မှ ပြုစုစောင့်ရှောက်ရေးစင်တာတစ်ခုလုံးက အလန့်တကြား ဖြစ်သွားမှာလေ၊ ခံတွင်းပျက်ရောဂါရဲ့ ပြင်းထန်တဲ့လက္ခဏာတွေကို ခံစားနေရတဲ့လူတွေတောင်မှ ဆန်ပြုတ်နည်းနည်း သောက်ပြီတဲ့”

“သွားသွားသွားသွား တစ်ချက်သွားကြည့်ရအောင်၊ ဒါက ကိစ္စကြီးပဲ”

လောင်လုက သူ၏အဖြူရောင်ကုတ်ကို အမြန်ကောက်ဝတ်လိုက်ပြီး ဒုတိယထပ်ရှိ လူနာခန်းများရှိရာသို့ အပြေးအလွှားသွားသည်။

သူတို့သည် ပေကျင်းရှိ အထူးထိန်းသိမ်းစောင့်ရှောက်ရေးစင်တာမှ ဖြစ်သည်။ အသက်၅နှစ်အရွယ်ခန့်သာ ရှိသေးသော ငယ်ရွယ်လွန်းသော ကလေးမြောက်မြားစွာက ဒီစင်တာတွင် ရောက်ရှိနေကြသည်။ ထို့အပြင် ဆံပင်ဖြူများနှင့် ပါးရည်များတွန့်နေပြီး ပိန်ကပ်နေသော လူအိုကြီးများလည်း ရှိသည်။ သူတို့အားလုံးက တူညီသောရောဂါကို ခံစားနေရသည်။ ဒါဟာ ခံတွင်းပျက်ရောဂါဖြစ်သည်။ သူတို့အားလုံး၏ လက္ခဏာများက ပြင်းထန်လွန်ကဲသောအဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သည်။

ထိုလူများဟာ နေ့တိုင်းလိုလို သူတို့၏ ကုန်ဆုံးသွားသော လိုအပ်သော အင်အားများနှင့် ခန္ဓာကိုယ်ကို ထိန်းထားနိုင်ရန် ဆေးကိုသာ ဆက်တိုက်သွင်းနေရသည်။

မည်သည့်လူနာမဆို အားလုံးက ပိန်ကပ်နေပြီးသားဖြစ်သည်။ လူအများစုဆိုလျှင် အိပ်ရာထဲမှ မထွက်နိုင်ကြတော့ချေ။

“ဒီနေ့ဘာဖြစ်တာလဲ၊ ဘယ်လိုဖြစ်ပြီး လူတိုင်းက ရုတ်တရက် သူတို့ရဲ့ အတွင်းခုခံမှုကို ကျော်လွန်ပြီး စစားကြတာလဲ”

ပဟေဋိ ဖြစ်နေပုံရသော လောင်လုကလည်း ပြန်ဖြေသည်။

“ငါလည်း ဒါကိုပဲ စိတ်ရှုပ်နေတာ၊ ငါကြားထားတဲ့အတိုင်းဆိုရင် ရှောင်ကျန်းက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတစ်ခုကို ဖွင့်ထားတယ်၊ အဲဒီနောက် ဒီလိုသတင်းကို ကြားရတာပဲ၊ ငါမျက်နှာတောင် မသစ်ရသေးဘူး တိုက်ရိုက်လာတာ”

တာဝန်ကျဆရာဝန်ကျန့်ဟုန်ကလည်း မျက်မှောင်ကြုတ်ရင်း စိုးရိမ်တကြီးပြောသည်။

“ရောဂါက ဆင့်ကဲပြောင်းလဲသွားတာကြောင့်တော့ မဟုတ်လောက်ပါဘူးနော်၊ သူတို့ကို အအေးစာလေးတွေပဲ ကျွေးရဦးမယ်ထင်တယ်၊ မနက်ဖြန်မှာလည်း ဒီလိုအခြေအနေအတိုင်းပဲဆ်ိုရင်တော့ လက္ခဏာတွေကို ပြန်ပြီး စမ်းသပ်ဖို့ လိုအပ်လိမ့်မယ်”

“မစိုးရိမ်ပါနဲ့ လူတိုင်းရဲ့မိသားစုကို ချက်ချင်းဆက်သွယ်ပြီး အခြေအနေကို စုံစမ်းခိုင်းတာ ပိုကောင်းမယ်”

လောင်လုက သူ၏ကြယ်သီးများကို ခပ်မြန်မြန်တပ်သည်။ သူတို့နှစ်ယောက်က စကားပြောနေသည့်အချိန်တွင်ပင် မရပ်တန့်အားဘဲ အလျင်အမြန်သွားကြသည်။ သူတို့က လူနာအခန်းတစ်ခုအတွင်းသို့ ဝင်သွားသည်။

“ရှလွတ်”

“ဂလု”

“ဂျွတ်”

သူတို့က တံခါးဝသို့ ရောက်သွားသည့်အချိန်တွင် အတွင်းမှ စားစရာများ ဝါးမြိုနေသည့် အသံကို ကြားလိုက်ရသည်။

သူတို့နှစ်ယောက်က စိတ်လှုပ်ရှားနေသော မျက်ဝန်းမျိုးဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။

တကယ်မှန်နေတာပဲ။ လူတိုင်းစပြီး စားနေကြပြီ။

သူတို့၏ တုံ့ပြန်မှုများအရ အစားအစာများကို ငြင်းဆန်ချင်နေကြသေးပုံပေါ်သော်လည်း အချိန်တစ်ခု ကြာသွားသည်နှင့် စားသောက်ရန်ဆန္ဒရှိလာပေလိမ့်မည်။

131 02

“ဘာတွေဖြစ်နေတာလဲ”

သူက လက်ကိုတစ်ချက်ရမ်းရင်း သူနာပြုရှောင်ကျန်းကို လှမ်းခေါ်လိုက်သည်။ ကျန့်ဟုန်ကလည်း ခပ်မြန်မြန် မေးလိုက်၏။

“မင်းသူတို့ကို ဘာပြလိုက်တာလဲ၊ ဘယ်လိုကြောင့် ဒီလို သိသာတဲ့သက်ရောက်မှုက ရှိလာတာလဲ”

“အစားအသောက်ရှိုးလား၊ ငါတို့လည်း အရင်က ဒီနည်းလမ်းကို သုံးခဲ့ဖူးတာပဲ၊ ဒါပေမဲ့ သက်ရောက်မှုက မရှိသလောက်ပဲ မဟုတ်လား”

ကျန့်ဟုန်ကလည်း သူ၏ ဆရာဝန်ဆိုသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့်ပတ်သက်ပြီး သံသယဝင်နေမိသည်။ သူသည် သူ၏တစ်ဘဝလုံး ခံတွင်းပျက်ရောဂါကို ခံစားနေရသော လူနာများကို ကုသလာခဲ့သည်။ အမျိုးမျိုးသော နည်းလမ်းပေါင်းစုံ အသုံးပြုဖူးသည်။ သူက အစားအသောက်ကို တိုက်ရိုက်ထုတ်လွှင့်ပြသည့် အနုပညာရှင်များကိုပင် ဆေးရုံသို့လာပြီး တိုက်ရိုက်ထုတ်လွှင့်ရန် ဖိတ်ခေါ်ခဲ့ဖူးသည်။ သို့သော် မည်သည့်အရာကမှ အလုပ်မဖြစ်ခဲ့ပေ။ သက်ရောက်မှုပင် မရှိခဲ့ချေ။

“ငါက ပိုလာဝက်ဝံ တိရစ္ဆာန်ကယ်ဆယ်ရေး အပိုင်းအစ တာဝန်ဆိုတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကို ကြည့်နေတာ”

ရှောင်ကျန်း၏ နှုတ်ခမ်းပါးများက စေ့ပိတ်သွားသည်။ သူက အရှေ့မှ ခေါင်းဆောင်နှစ်ယောက်ကို ကြောက်လန့်နေသော မျက်နှာထားမျိုးဖြင့်ကြည့်ပြီး လေသံကို တိုးကာပြောသည်။

“ငါ....ဒီတိုင်း ပုံမှန်အတိုင်းပဲ အလုပ်လုပ်တာပါ၊ မမျှော်လင့်ထားဘဲ ငါ့ရဲ့ဖုန်းနဲ့ ဖန်သားပြင်က ချိတ်ဆက်မိသွားတယ်၊ ဒါကြောင့် ဖန်သားပြင်က ပြောင်းလဲသွားပြီး....ဒါရိုက်တာကျန့် ငါ ငါတကယ် မရည်ရွယ်ပါဘူး၊ ငါ့ကိုတော့ အလုပ်မဖြုတ်ပါနဲ့”

ကြောက်လန့်နေသော ကောင်မလေးကို မြင်သောအခါ ကျန့်ဟုန်နှင့် လောင်လုတို့က တစ်ယောက်ကိုယ်တစ်ယောက်ကြည့်ပြီး တစ်ပြိုင်တည်းလိုလို ပြောလိုက်သည်။

“တိုက်ရိုက်ထုတ်လွှင့်မှုက ဘယ်မှာလဲ”

“အား အတွင်းမှာ ဖွင့်ထားရသေးတယ်၊ အားလုံးက ကြည့်နေကြပြီး ငါ့ကို မပိတ်ခိုင်းဘူး”

သူမ၏စကားက မဆုံးသေးခင် ဒါရိုက်တာနှစ်ယောက်လုံးက အတွင်းသို့ ဝင်သွားကြသည်။

“ဒါက...”

သူတို့နှစ်ယောက်က ဖန်သားပြင်၏အရှေ့တွင်ရောက်သွားပြီး မြေပြင်တွင်ထိုင်ကာ နီရဲသော မျက်နှာပြင်တစ်ခုကို ကိုင်ထားရင်း အတွင်းမှနှင်းဖြူရောင်အသားများကို ဆွဲထုတ်လျက် ပါးစပ်ထဲသို့ တိုက်ရိုက်သွင်းကာ စားနေသော လူငယ်တစ်ယောက်ကို ကြည့်နေကြသည်။

“ဂလု”

ကျန့်ဟုန်ကပင် တံတွေးမြိုချလိုက်မိသည်။

ဖန်သားပြင်ကနေတစ်ဆင့်တောင်မှ အဲဒါက တော်တော်လေး အရသာရှိမယ်လို့ ခံစားနေရတယ်။

ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြမ်းတမ်းနီရဲသော မျက်နှာပြင်အောက်ဘက်တွင် နှင်းလိုဖြူဖွေးနေသော အသားများက ရှိနေသည်။

ဒါက ဘာလဲ။

“ဒီတင်ဆက်သူကို အမြန်ဆုံးဆက်သွယ်ပြီး သူဘာစားနေလဲဆိုတာကို သိရအောင်လုပ်စမ်း၊ ဘယ်လောက်ပဲ ပေးရပေးရ ငါဒါကို ဝယ်ဖို့ဆန္ဒရှိတယ်”

ကျန့်ဟုန်က ဆုပိုင်၏လက်ထဲရှိ စားစရာကို ဖန်သားပြင်မှတစ်ဆင့် အချိန်အတန်ကြာအောင် စိုက်ကြည့်နေပြီးနောက်မှသာ ထုတ်ပြောလိုက်သည်။ လောင်လုကလည်း တည်ကြည်သော မျက်နှာထားဖြင့် ခေါင်းညိတ်သည်။

ဖန်သားပြင်ကနေတစ်ဆင့်တောင်မှ ခံတွင်းပျက်နေတဲ့လူနာတွေက သူတို့ရဲ့ ခုခံမှုကို ကျော်လွန်ပြီး စားသောက်ဖို့ ဆန္ဒရှိကြရင် တကယ်အစစ်အမှန် စားသောက်စရာကိုသာ ရမယ်ဆိုရင်....။

ဒီရောဂါကို ကုနိုင်လောက်တယ်။

131 03

ဒီနေ့ခေတ် လူမှုအသိုင်းအဝိုင်းတွင် လုပ်ထားသော အသားတိုင်းက ဉာဏ်ရည်မြင့် နည်းပညာနှင့် ဖန်တီးထားသည့် အတုအယောင် အသားများဖြစ်နေသည်။ ထို့ကြောင့် ခံတွင်းပျက်ရောဂါခံစားရသည့် လူနာများက များသထက်များလာသည်။ မည်သို့ပင်ဆိုစေ အသားတုများက အစစ်အမှန်အသားနှင့်အသွေးများတွင် ပါဝင်သည့် ဓာတ်များကို မသယ်ဆောင်ထားနိုင်ချေ။

ယခုလိုအခြေအနေကသာ အချိန်တန်ကြာလာမည်ဆိုလျှင် ခံတွင်းပျက်ရောဂါကို ခံစားရသော လူပမာဏက ပိုများလာချေရှိသည်။

“မြန်မြန် နည်းလမ်းတစ်ခုရှာပြီး ဆက်သွယ်ဖို့ ကြိုးစားစမ်းပါ၊ ငါဒီအကြောင်းအရာကို အဆင့်မြင့်ဆေးဝါးစင်တာကို သတင်းပို့လိုက်မယ်၊ ဒါက ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုကြီးပဲ”

ကျန့်ဟုန်က တဖြည်းဖြည်းချင်း စားသောက်နေသော လူနာကိုကြည့်ပြီး အလေးအနက်ထားကာ ပြောလိုက်သည်။

........။

“အု”

ဆုပိုင်က လက်ချောင်းများကို လျက်နေရင်း လက်ထဲမှ ဂဏန်းအခွံကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

တအားအရသာရှိတာပဲ။ နောက်ဆုံးတော့ ဂဏန်းဘုရင်ကို အဆုံးသတ်နိုင်လိုက်ပြီ။

ဒါက တကယ်ကို ထိပ်တန်းအရေအသွေးရှိတဲ့ ပင်လယ်စာရိုင်းဆိုတဲ့အတိုင်းပဲ။ အရသာက ....သူစားဖူးသမျှ ဂဏန်းအရသာတွေထဲမှာတောင်မှ အကောင်းဆုံးပဲ။

[ဝူးဝူးဝူး]

[မငိုနဲ့ မငိုနဲ့ ငါတင်ဆက်သူကို အားကျလို့ ခေါက်ဆွဲသွားပြုတ်တာ၊ တစ်ကိုက်လောက် ကိုက်လိုက်ပြီးတဲ့နောက်မှ ဆွံ့အသွားတယ်]

[ရက်စက်လိုက်တဲ့လူ]

[အသက်၅၀ ကျော် ရှင်သန်နေထိုင်ပြီးတဲ့နောက်မှာ တစ်ရက်မှာတော့ ကီးဘုတ်ပေါ်ကို သွားရည်ကျမိမယ်လို့ မတွေးမိဘူး]

[အပေါ်ထပ်ကလူ စကားဆက်မပြောနဲ့တော့...သွားရည်ကျနေတဲ့အချိန်မှာ စကားပြောရင် အပြင်ကို ပန်းထွက်လာနိုင်တယ်ဆိုတာကို မသိဘူးလား]

[Ahahaha အပေါ်ထပ်ကလူတွေ ဒါပေမဲ့ ငါက ဉာဏ်ကောင်းလို့ သုတ်လိုက်နိုင်တယ်၊ တင်ဆက်သူ ဂဏန်းစားတာကို မြင်လိုက်တဲ့အချိန်မှာ အိမ်သာထဲကို ဝင်နေတဲ့အချိန်မှာတောင်မှ ဂဏန်းအနံ့ကို ရနေသလိုပဲ]

.......။

“ဖူး”

ဆုပိုင်က ကောမန့်များကိုကြည့်ပြီး သောက်လက်စရေများကိုပင် ပန်းထုတ်မိသွားသည်။

ဒီပြည်သူတစ်အုပ်က တော်တော်လေးကို ပါရမီပါတာပဲ။

ဒါက ဒီအတိုင်း ဂဏန်းဘုရင်တစ်ကောင်ပါပဲ။ အနာဂတ်မှာ တိရစ္ဆာန်တွေကို ကယ်ဆယ်ပြီးသွားတဲ့နောက်မှ မရေမတွက်နိုင်တဲ့ အရသာရှိတဲ့ စားစရာတွေက ပြန်လည်ပေါ်ထွက်လာတော့မှာလေ။

သို့ရာတွင် ရှားပါးသော တိရစ္ဆာန်များကိုမူ ဆုပိုင်က စားသောက်စရာအဖြစ် မပြောင်းလဲနိုင်ချေ။ ထိုသို့မလုပ်သင့်ပါချေ။

အတိတ်တွင် မြောက်မြားလှစွာသော သတ္တဝါများက စားသောက်ခံရသောကြောင့် မျိုးတုန်းပျောက်ကွယ်သွားရခြင်းဖြစ်သည်။ ဒါတွေအားလုံးက လူသားများကြောင့် ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ကိစ္စမျိုးကို ပြန်လည်ထပ်ဖြစ်ခွင့် ပြု၍မရချေ။

“ရှောင်ပိုင်”

ဆုပိုင်က သူ၏ခြေထောက်အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ထိုကောင်ငယ်လေးကို မမြင်ရ၍ မျက်မှောင်ကြုတ်လိုက်ကာ ဘေးဘီကိုရှာကြည့်သည်။

131 04

အာတိတ်မြေခွေးက ဗိုက်အပြည့်စားပြီးနောက် ရွက်ဖျင်တဲအတွင်းသို့ ပြန်သွားပြီး သူ၏အကောင်ပေါက်လေးနှင့်အတူ အိပ်စက်နေသည်။ လန်မင်ကြွက်များကမူ သူတို့၏ ချစ်ခြင်းသဘောတရားကို ဖော်ကျူးနေကြသည်။

သို့သော် ပိုလာဝက်ဝံလေးကို မမြင်ရချေ။

“ရှောင်ပိုင်”

ဆုပိုင်က အော်လိုက်သည်။ သူက နောက်သို့ တစ်ဖက်လှည့်လိုက်ပြီး ချောက်ကမ်းပါးဘေးဘက်သို့ ခပ်မြန်မြန်သွားလိုက်သည်။

တစ်ဖက်ခြမ်းတွင် နွံအိုင်များစွာရှိသည်။ ပိုလာဝက်ဝံလေးက ထိုနွံအိုင်များကို မခွဲခြားနိုင်ချေ။ အတွင်းသို့ ကျသွားသည်နှင့် မိနစ်အနည်းငယ်အတွင်း နွံအိုင်၏ ဝါးမြိုမှုကို သေချာပေါက် ခံရပေလိမ့်မည်။

ဆုပိုင်က တွေးလေလေ စိတ်မရှည်လေလေ ဖြစ်လာသည်။

“ရှောင်ပိုင်”

“ရှောင်ပိုင်”

ရှောင်ပိုင်”

သူက ဆက်တိုက် အော်ရင်း ပြေးနေသည်။

ကျောက်တုံးကြီးပေါ်တွင် ရပ်ပြီးနောက် ဆုပိုင်က မျက်လုံးကိုမှေးကျဥ်းလျက် အဝေးတစ်ဖက်ခြမ်းသို့ ကြည့်လိုက်သည်။ သို့သော် ရှောင်ပိုင်လေးကို မတွေ့ရသေးချေ။

“ဘယ်နေရာကို ပြေးသွားတာလဲ”

ဆုပိုင်က ရေရွတ်နေသည်။ သူက နွံအိုင်နားတွင် ပတ်ပတ်လည် ပတ်လျှောက်နေပြီး စတင်ကာရှာဖွေသည်။

“အူး”

ရုတ်တရက် အဝေးမှ အသံတစ်သံထွက်လာသည်။

ဆုပိုင်၏ မျက်နှာထားက ပြောင်းလဲသွားပြီး အသံလာရာအရင်းမြစ်ရှိရာဘက်သို့ ခပ်မြန်မြန်ပြေးသည်။ သူက နွံအိုင်နားတွင် ရှိနေသည့် ကျောက်သားစွန်းနားပေါ်တွင် ကျော်ဖြတ်ပြေးသွားလိုက်သည်။

“ဖုန်း”

သူက အနားသို့ မရောက်နိုင်သေးခင် နောက်ထပ် သေနတ်ပစ်သံကို ကြားလိုက်ရသည်။ ဆုပိုင်က နေရာတွင်ပင် မှင်တက်သွားမိ၏။ အသံအရ ဒါက ပြောင်းတိုသေနတ် မဟုတ်လောက်ချေ။ သူကြားဖူးသော ပစ္စတိုအသံမျိုးဖြစ်နေသည်။

မကောင်းတော့ဘူး။

တစ်ယောက်ယောက်က ပိုလာဝက်ဝံလေးကို ဖမ်းချင်နေတယ်။

ဆုပိုင်က ကိုယ်ကို ခပ်မြန်မြန် ငုံ့ချလိုက်ပြီး ခန္ဓာကိုယ်ကို ကုန်းလျက် အရှေ့မှ ကျောက်သားကို ခပ်မြန်မြန် လှမ်းကိုင်လိုက်သည်။

++++++

132 01

အပိုင်း (132) ရူးသွပ်နေတဲ့ ပိုလာဝက်ဝံ

ခရက်။

ဆုပိုင်က ကျောက်တုံးကြီးနောက်တွင် ဂရုထားကာ ငုံ့ကိုင်းမှီထားလိုက်ရင်း ခေါင်းကို ဆန့်ထုတ်လျက် ကြည့်လိုက်သည်။

ပိုလာဝက်ဝံလေးကို မြေပြင်ပေါ်သို့ ပစ်ချထားသည့် ရွှေအိုရောင်ဆံပင်နှင့် တိုင်းတစ်ပါးသား လူနှစ်ယောက်ကို တွေ့ရသည်။ ထို့နောက် ထိုအကောင်ငယ်လေးကို တစ်ဖက်ခြမ်းရှိ သိုးမွေးထိုးထားသော အိတ်ထဲသို့ ထိုးထည့်နေသည်။

”ဟဟ နောက်ဆုံးတော့ အကောင်ပေါက်လေးကို ဖမ်းမိပြီ၊ ငါတို့ပြန်သွားတဲ့အခါ အသားစားရတော့မှာပဲ”

ဟင်နရီက ထိုအိတ်ကို စောင့်ကန်လိုက်ရင်း ရယ်သည်။

”ကောင်းပြီ ဒီကောင်ငယ်လေးက အခုခေတ်မှာ တော်တော်လေး ရှားနေပြီ၊ ငါတို့ပြန်ဖို့ တစ်ပတ်လောက်တော့ အချိန်ယူရလိမ့်မယ်၊ ဘာလို့ ဒီကောင်လေးကို မသယ်သွားရမှာလဲ”

”ငါ့ရဲ့ကလေးတွေက တအားသဘောကျမှာ”

ဘတ်ကလည်း သတိထားကာပြောရင်း ထိုသိုးမွေးအိတ်ကို ကောက်ကိုင်လိုက်ကာ လေသံကို တင်းမာလိုက်သည်။

”ဟင်နရီ မင်းဒီကောင်လေးကို ငါ့ကိုသာ ပေးမယ်ဆိုရင် ငါ့ရဲ့လစာထဲက ခွဲပေးမယ်လေ ဘယ်လိုလဲ”

”နောက်ပြီး ငါတို့အခြေစိုက်စခန်းအပြင်ဘက်မှာ ပိုလာဝက်ဝံတွေကို စားနေကျမဟုတ်လား၊ ဒီတော့ ဒီအသားက သာမန်ပါပဲ”

”ဟဟ”

ဟင်နရီက ရယ်ပြီး ဘတ်ကို အပေါ်အောက် စုံချည်ဆန်ချည်ကြည့်ကာ ပြောလိုက်သည်။

”မင်းတိုးတက်မှုလုပ်တာ မြန်လှချည်လား”

”ဒီအကောင်ငယ်လေးကိုယူပြီး အဲဒီကောင်မလေးကို စိတ်ကျေနပ်အောင် လုပ်မလို့လား၊ ဒါပေမဲ့ သူမမှာ ကလေးတစ်ယောက်တောင်ရှိတယ်၊ မင်းသေချာစဥ်းစားပြီးပြီလား”

”စဥ်းစားပြီးပြီ”

ဘတ်က ခေါင်းညိတ်သည်။ သူ၏မျက်ဝန်းထဲတွင် တောင့်တမှုများကို မြင်နိုင်သည်။ သူ၏နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ်ကော့တက်သွားသည်။

”အခုလက်ရှိ အနေအထားအရ အသက်ရှင်ဖို့တောင် တအားခက်ခဲနေတာ၊ ငါတို့က တစ်နှစ်ပတ်လုံး အာတိတ်မှာပဲ နေနေရတာလေ၊ ဘယ်လိုမိန်းမကောင်းကများ ငါတို့နောက်ကို လိုက်မှာလဲ၊ ကလေးတစ်ယောက်ရှိတာကလည်း အဆင်ပြေပါတယ်”

”ဒါ့အပြင် ငါတို့က အချိန်တစ်ခုကြာအောင် ဒီနေရာမှာနေပြီး ပိုက်ဆံရှာနိုင်တယ်၊ သူမလေးကတော့ တစ်ယောက်တည်းဖြစ်နေတာလေ၊ သနားစရာကောင်းလွန်းတယ်၊ ဒါကြောင့် ငါက ကူညီပေးချင်တာ”

”အား”

ထိုစကားကို ကြားသောအခါ ဟင်နရီက သက်ပြင်းချသည်။

”ဒီသောက်ကျိုးနည်း လူမှုအသိုင်းအဝိုင်း....ရေခဲပြင်တွေသာ အရည်မပျော်ဘူးဆိုရင် ငါတို့ရဲ့ နေထိုင်မှုပုံစံက ဒီလောက်ထိ ခက်ခဲစရာအကြောင်းမရှိဘူး”

ဆုပိုင်က ထိုလူနှစ်ယောက်၏ လက်ထဲမှ သေနတ်များကို ကြည့်ပြီး အံကိုကြိတ်ထားသည်။

သူတို့က ဝေးလွန်းနေသည်။ ထို့ကြောင့် ထိုလူများ၏ စကားများကို မကြားရချေ။ သို့သော် ပိုလာဝက်ဝံလေးကမူ ထိုလူများ၏ လက်ထဲသို့ ရောက်သွားခဲ့လျှင် အဆုံးသတ်ကောင်းလိမ့်မည်မဟုတ်ချေ။

ထိုအကြောင်းအရာကို တွေးမိသောအခါ ဆုပိုင်က ထိုသူများသွားသော လမ်းကြောင်းတိုင်းသို့ ဂရုတစိုက်လိုက်ပြီး နောက်မှ ကပ်လိုက်သွားသည်။

ထိုလူများ၏ အဝတ်အစားအရ သူတို့က ဒီအနီးနားရှိ ဆီနယ်ပယ်တွင် လုပ်ကိုင်သောလူများ ဖြစ်လောက်သည်။

ဆုပိုင်ကလည်း အာတိတ်ကုန်းမြေသို့ စိုက်ရောက်သော ပထမနေ့ကတည်းက ဒီအခြေအနေကို မျှော်လင့်ထားပြီးသားဖြစ်သည်။

အတိတ်တွင် အာတိတ်နယ်မြေကြီးတစ်ခုလုံးက အရည်ပျော်လာသောအခါ အချို့သောတိုင်းပြည်များက အာတိတ်ရေခဲပြင်များအောက်မှ အရည်များကို ရယူရန်ကြံစည်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေ လူသားများက ဒီနေရာကို မလာရောက်သည်မှာ နှစ်သန်းရာကျော် ကျော်သွားပြီဖြစ်သည်။ ထို့ကြောင့် အောက်ဘက်တွင် မရေမတွက်နိုင်အောင် မြောက်မြားသည့် ဆီရည်များ ရှိနေသည်။

မည်သည့်တိုင်းပြည်က ရသွားစေကာမူ ဒါဟာ အဆုံးအစမဲ့သည့် ကျော်ကြားမှုမျိုးကို ပိုင်ဆိုင်ရပေလိမ့်မည်။

132 02

ဒီတာဝန်နယ်ပယ်တွင် မြောက်ပိုင်းဝင်ရိုးစွန်းနယ်မြေတစ်ခုလုံးက အရည်ပျော်ကျသွားခြင်းက ထိုလူများ လိုချင်နေသည့် အခြေအနေနှင့် ကွက်တိဖြစ်သည်။

”ဟူး”

ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး လက်ထဲမှ ဓားမြောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ ထို့နောက် ထိုနှစ်ယောက်နောက်မှ ဂရုစိုက်လိုက်ပြီး တဖြည်းဖြည်းချင်းလျှောက်သွားလေသည်။

[သေစမ်း ဒီလူနှစ်ယောက်က တကယ်ကို အသုံးမကျတဲ့ကောင်တွေပဲ၊ ဘယ်လိုကြောင့်များ ပိုလာဝက်ဝံလေးကို ဖမ်းသွားရတာလဲ]

[အခြေအနေအရ သူတို့နှစ်ယောက်က ရှောင်ပိုင်ကို ချက်ချင်းနာကျင်အောင် လုပ်မှာ မဟုတ်လောက်ဘူး၊ ဒါပေမဲ့ ပိုဆိုးတဲ့ အခြေအနေဖြစ်သွားမှာကို စိုးရိမ်ရတယ်]

[တင်ဆက်သူ သတိထားနော်၊ နောက်ပြီး သူတို့သွားတဲ့ လမ်းကြောင်းက အဲဒီ ပိုလာဝက်ဝံအရူးတွေဆီကို ဦးတည်နေတာ]

[ဒီကောင်ငယ်လေးက နာခံတာမဟုတ်ဘူး၊ ဘယ်လိုကြောင့်များ ဒီနေရာကို ရောက်လာရတာလဲ၊ အခုတော့ အဖမ်းခံလိုက်ရပြီ]

[ပေါက်ကရတွေ၊ မြေပြင်ကိုကြည့်ဦး၊ အဲဒီမှာ ကြေးခွံတစ်ခု ကျကျန်ခဲ့တာကို တွေ့ဖူးလား၊ သိသိသာသာပဲ ရှောင်ပိုင်လေးက တင်ဆက်သူအတွက် အစာလာရှာပေးတာလေ]

[အိုး ဒါကဒုတိယမြောက်ပဲ ရှိသေးတယ်၊ တင်ဆက်သူ သတိထားရမယ်နော်၊ အလာလမ်းကြောင်းအတိုင်းပြန်ဖို့က တော်တော်လေးခက်မှာ၊ နောက်ပြီး အစားအစာရှာဖို့ကလည်း တအားခက်တယ်]

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ရေတွက်မိတ်ဆွေများက သေနတ်သံကို ကြားသောအခါ သူတို့၏ နှလုံးသားက လည်ပင်းထံသို့ တစ်သွားသည်။ လူနှစ်ယောက်က ပိုလာဝက်ဝံလေးကို သယ်သွားကြောင်း မြင်လိုက်ရချိန်တွင်မူ ချက်ချင်းလိုလို အပြေးရောက်လာကြသည်။

လူတိုင်းကလည်း ဆုပိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို နှစ်ရက်လုံးလုံး စောင့်ကြည့်နေကြသည်။

စားစရာရှာရခြင်းက လွယ်ကူသည်ဟု ထင်ရသော်လည်း ဂရုသာ မထားမိလျှင် အသက်ကို ဆုံးရှုံးခံရနိုင်ကြောင်း နားလည်နေကြသည်။

ဆုပိုင်သာမကချေ။ ပိုလာဝက်ဝံတစ်အုပ်ကလည်း ရှင်သန်နေထိုင်ရာအတွက်ကြောင့်နှင့် ရူးသွပ်သွားကြသည်။

တိရစ္ဆာန်ပေါင်းများစွာ မျိုးတုန်းပျောက်ကွယ်သွားပြီး ဒုက္ခရောက်နေသည့်တိုင်အောင် ထိုလူတစ်အုပ်က ထိုသတ္တဝါများကို ဖမ်းချင်နေကြသေးသည်။

အပြစ်ဒဏ်မသင့်ဘဲ နေပါ့မလား။ လူသားတွေကသာ အရင်းမြစ်ကို နည်းနည်းလေး ဝေမျှပေးမယ်ဆိုရင် ဒီတိရစ္ဆာန်တွေကလည်း မျိုးတုန်းပျောက်ကွယ်သွားစရာ အကြောင်းကို မရှိဘူး။

”ဝေါင်း”

ရုတ်တရက် အဝေးမှ စူးရှသော သားရဲဟိန်းသံကြီးက ထွက်ပေါ်လာသည်။ ထို့နောက် သွေးနီရောင်အဖြစ် ပြောင်းနေသည့် မျက်ဝန်းအစုံပေါင်းမြောက်မြားစွာက ပေါ်ထွက်လာလေသည်။

ထို့နောက် ပိန်ကပ်နေသော ပိုလာဝက်ဝံတစ်အုပ်က ဖုတ်ကောင်များလို သွားလာနေကြောင်းကို မြင်လိုက်ရသည်။ အပေါ်မှ အဖြူရောင်အမွေးများက သွေးညိုရောင် ပြောင်းနေပြီဖြစ်သည်။

သူတို့က အဝေးရှိ လူသားနှစ်ယောက်ကို ရှာတွေ့လိုက်သလိုမျိုး တပြိုင်တည်း ဟိန်းဟောက်လိုက်ကြသည်။ ထို့နောက် ထိုလူနှစ်ယောက်ရှိရာနေရာသို့ ရူးသွပ်စွာ ပြေးလာသည်။

”သတိထား”

အရှေ့မှ ဟင်နရီ၏မျက်နှာက နီရဲသွားသည်။ သူက လက်ထဲမှ သေနတ်ကိုမြှောက်ပြီး ဆာလောင်နေသော ပိုလာဝက်ဝံတစ်အုပ်ထံ ချိန်ရွယ်ကာ ပစ်ခတ်လေသည်။

ဒိုင်း။

သေနတ်ကျည်ဆန်တစ်ခုက ထိုးထွက်သွားပြီး အပြေးလာသည့် ရှေ့ဆုံးက ပိုလာဝက်ဝံတစ်ကောင်၏ ပခုံးကို ဖောက်ထွက်လျက် သွေးညှီနံ့က ပျံ့သွားသည်။ ထို့နောက် သူက ရပ်တန့်သွားသည်။

သူက အနောက်ဘက်မှ ပိုလာတစ်အုပ်ကြောင့် မြေပြင်ပေါ်သို့ တွန်းချခံလိုက်ရသည်။

ဝေါင်း။

သူက လည်တိုင်ကိုမော့ပြီး ဟိန်းသည်။ သွေးများက နေရာအနှံ့ ပန်းထွက်သွားသည်။ သူ၏ ဗလာဖြစ်နေသော မျက်ဝန်းများက အဝေးရှိ လူနှစ်ယောက်ကို သေသွားသည်အထိ စိုက်ကြည့်သွားသည်။

”မြန်မြန် မြန်မြန် မြန်မြန်”

”ငါတို့မှာ သေနတ်သာမရှိရင် ဒုက္ခရောက်လိမ့်မယ်၊ ဒီရက်တွေမှာ ဒီကောင်တွေက စားသောက်ပြီးတာနဲ့ ထွက်သွားဖို့ ခက်သွားလိမ့်မယ်”

132 03

ဘတ်က သူ၏ပစ္စတိုကို ထပ်မြှောက်ပြီး တစ်ချက်ပစ်ပြန်သည်။ ထိုသို့ဖြင့် သိုးမွေးအိတ်ကို ပခုံးပေါ်သို့ တင်လျက် ခပ်မြန်မြန် ပြေးသွားသည်။

ဝေါင်း။

ထိုအချိန်တွင် ပိုလာဝက်ဝံတစ်ကောင်က အသွေးအသားများနှင့် အမွေးများကို ပါးစပ်အပြည့် ဝါးမြိုလိုက်ပြီး ထွက်ပြေးသွားသော လူသားနှစ်ယောက်ကိုကြည့်ကာ အော်ဟစ်ရင်း နောက်မှအမြန်လိုက်သည်။

မျက်တောင်တစ်ခတ်အချိန်အတွင်း ပိုလာဝက်ဝံတစ်ကောင်က မြေပြင်ပေါ်သို့ လဲကျသွားပြီး အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သည်အထိ ဆုတ်ဖြဲကာ စားသောက်ခံလိုက်ရပြီဖြစ်သည်။

ဆာလောင်နေပြီမှာ အချိန်အတန်ကြာပြီဖြစ်သည့် ပိုလာဝက်ဝံများ အားလုံးကို ပို၍ ရူးသွပ်သွားစေသည်။

သူက ခေါင်းကိုမော့သည်။ သူ၏ အစွယ်ကိုဖြဲလျက် ဟိန်းဟောက်လိုက်ရင်း လူသားနှစ်ယောက်၏ နောက်မှလိုက်သည်။

ဆုပိုင်က အဝေးတွင် ပုန်းနေပြီး ပိုလာဝက်ဝံတစ်အုပ်က နောက်မှလိုက်သွားသည့် မြင်ကွင်းကို ကြည့်နေရင်း တိတ်တဆိတ် ထွက်လာခဲ့လိုက်သည်။

သူက ခေါင်းသာကျန်ခဲ့သည့် ပိုလာဝက်ဝံကို ငုံ့ကြည်လိုက်ရင်း သက်ပြင်းအရှည်ကြီးကို ချလိုက်မိသည်။

ထိုပိုလာဝက်ဝံများက ရူးသွပ်သွားပြီဖြစ်သည်။

သူတို့က အစားအသောက်ကို ရှာဖွေရုံလောက် မဟုတ်တော့ဘဲ ဇာတ်တူသားများကို စားနေကြပြီဖြစ်သည်။ အနှေးနှင့်အမြန် အားလုံးက မျိုးတုန်းပျောက်ကွယ်သွားပေလိမ့်မည်။

”ဟူး”

ဆုပိုင်က အသက်ပြင်းပြင်းရှူသည်။ သူက လက်ထဲမှ ဓားမြှောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး အနောက်မှလိုက်သည်။

ဒိုင်း ဒိုင်း ဒိုင်း။

သေနတ်သံများက ဆက်တိုက်ထွက်ပေါ်နေသည်။

ပိုလာဝက်ဝံများ၏ ဟိန်းသံများကလည်း ထွက်ပေါ်နေ၏။ ဆုပိုင်က လမ်းတောက်လျှောက် လဲကျသေဆုံးနေသည့် အလောင်းများကို မြင်ရင်း မျက်မှောင်ကြုတ်နေမိသည်။

”အူး”

ရုတ်တရက် အဝေးမှ ရင်းနှီးကျွမ်းဝင်သောအသံလေးကို ကြားလိုက်ရ၍ ဆုပိုင်က ကြောင်သွားသည်။

ဒါက ရှောင်ပိုင်ရဲ့အသံပဲ။ ဖြစ်နိုင်တာက။

သူက ဘာကိုမှ ဂရုမစိုက်နိုင်တော့ချေ။ ထို့ကြောင့် ဆုပိုင်က အသားကုန် အရှိန်မြှင့်ကာ ပြေးလိုက်သည်။ သူက သေဆုံးသွားသော ပိုလာဝက်ဝံအလောင်းပေါင်းများစွာကို ကျော်ဖြတ်သွားပြီး အသံလာရာနေရာသို့ ရောက်ရှိသွားလေသည်။

+++++

All Chapters