အခန်း (၁၃၃-၁၃၅)
Vol. 9 Ch. 133-135
အပိုင်း (133) ဝမ်းနည်းဖွယ်အဖြစ်အပျက်
“အား”
ဟင်နရီက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူက ကျိုးသွားသော လက်မောင်းတစ်ဖက်ကို ကိုင်ရင်း အော်နေသည်။
သူ၏အရှေ့တွင် ပိုလာဝက်ဝံတစ်ကောင်ရှိသည်။ ထိုအကောင်က ခေါင်းကိုငုံ့ပြီး သူ၏လက်မောင်းကို စစားသည်။
ဂျွတ်။
ဂျွတ်။
ဂျွတ်။
အရိုးကျိုးသံက သူ၏နားထဲတွင် မြည်ဟီးနေသည်။ ကျိုးသွားသော လက်မောင်းပေါ်မှ အသွေးနှင့် အသားများကို ကြည့်နေရင်း ဟင်နရီ၏မျက်လုံးက သွေးနီရောင်သန်းသွားသည်။
“သေစမ်း”
“သားရဲကောင်”
“အား မင်းတို့သားရဲကောင်တွေ၊ ဘယ်လိုကြောင့်များ ငါက ဒီနေရာမှာ သေရမှာလဲ၊ ငါမင်းတို့ကို သေတဲ့အထိ သတ်မယ်”
ဒိုင်း။
အရှေ့ဘက်ရှိ ပိုလာဝက်ဝံ၏ နဖူးမှ သွေးနီများက ပေါက်ထွက်သွားသည်။
ထိုပိုလာဝက်ဝံက မြေပြင်ပေါ်တွင် လဲကျသွားကြောင်း မြင်သောအခါ ဟင်နရီက နာကျင်မှုကို သည်းခံရင်း မြေပြင်ပေါ်မှ ကုန်းထလိုက်သည်။
“ဖာ့ခ်”
သူက အော်သည်။
သို့သော် ဘတ်၏ ပုံရိပ်ကို မမြင်ရတော့ချေ။ သူက ပြတ်ထွက်သွားသော လက်မောင်းကိုအုပ်ရင်း စက်ရုံရှိရာဘက်သို့ အလျင်အမြန်ပြေးသည်။
“ဟင်နရီ”
ရုတ်တရက် အနောက်ဘက်မှ ထိတ်လန့်တကြားအော်သံကို ကြားရသဖြင့် လှည့်ကြည့်လိုက်မိသည်။
ဘတ်၏တစ်ကိုယ်လုံး သွေးများစိုရွှဲနေသည်။ သူ၏ရင်ဘတ်ရှိ အဝတ်များက ဆုတ်ဖြဲခံထားရပြီး သွေးလွှမ်းနေသော အူကပင် ဗိုက်ထဲမှ တွဲလောင်းကျနေသည်။
ဟင်နရီက သူ၏အနောက်ဘက်မှ ရူးသွပ်စွာ အပြေးလိုက်လာသော ဝက်ဝံတစ်အုပ်ကို ကြည့်လိုက်ရင်း တစ်ကိုယ်လုံးက တုန်ယင်သွားသည်။
“ငါ ငါ... ငါ ငါမင်းကို မကယ်နိုင်ဘူး”
သူက ခပ်တိုးတိုးအော်လိုက်သည်။
ပလုံ။
ထိုအခိုက်အတန့်တွင် အဝေးရှိဘတ်က မြေပြင်ပေါ်သို့ ခြေချော်ကျသွားလေသည်။ သူက လက်ကိုဆန့်ထုတ်ရင်း ထိတ်လန့်တကြား ကုန်းထသည်။
“ဟင်နရီ ငါ့ကို ကယ်ပါ ငါ့ကိုကယ်ပါ”
“ငါမသေချင်ဘူး ငါ.....”
“မသွားပါနဲ့ ငါ့ကိုကယ်ပါ”
ဘတ်၏ အသနားခံသံကို နားထောင်နေရင်း ဟင်နရီက ပစ္စတိုကို တုန်ယင်စွာ မြှောက်လိုက်သည်။
ကလစ်။
သို့သော် ထိုင်းမှိုင်းသော အသံကသာ ထွက်လာသည်။ ဟင်နရီ၏စိတ်က ဗလာဖြစ်သွားပြီး ကြောက်လန့်တကြား စတင်ကာ ဆုတ်သည်။
“ဘတ် ကျည်ဆန် ...ကျည်.. ကျည်ဆန်မရှိတော့ဘူး၊ ဘတ် ငါတောင်းပန်ပါတယ်၊ အူး ငါတောင်းပန်ပါတယ်”
ဘတ်၏ ခန္ဓာကိုယ်ကို ခုန်အုပ်လိုက်သည့် ပိုလာဝက်ဝံတစ်အုပ်ကို မြင်လိုက်ရသောအခါ ဟင်နရီက ကျယ်လောင်စွာ အော်ဟစ်ရင်း ခေါင်းကိုလှည့်ကာပြေးသည်။
မလိုချင်ဘူး။
ငါ့နောက်ကို မလိုက်ပါနဲ့၊ တောင်းပန်ပါတယ်။
ဝေါင်း။
ဒိုင်း။
133 02
ကြီးမားသော ကိုယ်ထည်ကြီးတစ်ခုက သူ၏ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ တွန်းချလိုက်သည်။ သွေးနီရောင်သန်းသည့် မျက်ဝန်းတစ်စုံကို မြင်ရသောအခါ ဟင်နရီက စိတ်ဓာတ်ကျစွာဖြင့် မျက်လုံးကိုမှိတ်လိုက်သည်။
သွားပြိီ။
သူတို့အားလုံး ဒီနေရာမှာ သေရတော့မှာ။ သူတို့ တစ်ပတ်နေရင် ပြန်ရတော့မှာကို ဒီလိုနဲ့ အဆုံးသတ်ရတော့မှာလား။
မမျှော်လင့်ထားဘဲ ဒီအရူးကောင်တွေရဲ့ လက်ထဲမှာ သေရတယ်။
“ဟီး”
ပိုလာဝက်ဝံက သူ၏လက်ဝါးကို သူ၏ရင်ဘတ်ပေါ်သို့ တင်ထားသည်။ တံတွေးများက အစွယ်ထဲမှ တောက်လျှောက်စီးကျနေသည်။
ဝေါင်း။
သူက ခေါင်းကိုမော့ပြီးဟိန်းသည်။
ထက်ရှသော အစွယ်များ ပေါ်လာပြီးနောက် အောက်သို့ ခပ်ကြမ်းကြမ်း ကိုက်ချလိုက်သည်။
“ဟစ်”
ဆုပိုင်က ပိုလာဝက်ဝံလေးကို ဖက်ထားပြီး မြေပြင်ရှိ သွေးလွှမ်းနေသော အရိုးပုံများကို ကြည့်သည်။ သူက အသက်ပြင်းပြင်းရှူလိုက်မိသည်။
လူသားများ သေသွားရုံသာ မကသေးလေဘဲ ပိုလာဝက်ဝံပေါက်ပေါင်းများစွာလည်း သေသွားသည်။ အံ့အားသင့်စရာကောင်းလောက်အောင် အားလုံးက အစားခံရသည်။
“အူး”
ရှောင်ပိုင်က အရှေ့မှ မြင်ကွင်းကို မော့ကြည့်လိုက်ပြီး အလွန်အမင်း ကြောက်နေပုံပေါ်သည်။ သူ၏ခေါင်းလေးကို ဆုပိုင်၏ လက်မောင်းအတွင်းသို့ မြှုပ်ထားရင်း ခန္ဓာကိုယ်က တဆတ်ဆတ်တုန်နေ၏။
“မကြောက်နဲ့”
ဆုပိုင်က ထိုကောင်ငယ်လေး၏ နဖူးကို အသာပွတ်သပ်ပေးလိုက်ရင်း နောက်သို့လှည့်ကာ ခပ်မြန်မြန် လမ်းလျှောက်သည်။ ကံကောင်းသည်မှာ ထိုကောင်ငယ်လေးက ဉာဏ်ကောင်းသည်။ ထို့ကြောင့် စွန့်ပစ်ခံရသည့် အခိုက်အတန့်တွင် ထွက်ပြေးလာခဲ့လေသည်။ သို့မဟုတ်လျှင် ပိုလာဝက်ဝံများက တွေ့သွားသည်နှင့် ရှင်သန်လွတ်မြောက်ရန် ခက်ခဲသွားပေလိမ့်မည်။
ဒီနေရာက အလွန်အန္တရာယ်များသည်။
.......။
လူသားနှစ်ယောက် သေသွားသည်။ ဆီစက်ရုံကပင် ချမ်းသာခံရမည်မဟုတ်ချေ။
“ဟူး”
သူက နောက်လှည့််လိုက်သည့်အခိုက်အတန့်တွင် ရုတ်တရက် သူ၏ခြေထောက်နားသို့ ခပ်မာမာ သတ္ထုပစ္စည်းတစ်ခုက ရောက်လာသည်။ ဆုပိုင်က ငုံ့ကြည့်လိုက်သည်။
သူမြင်ရသောအရာက ခေတ်နောက်ကျနေသည့် အိတ်ဆောင်နာရီလေးဖြစ်သည်။ သူက ငုံ့ကိုင်းပြီး ကောက်ယူလိုက်၏။ ထို့နောက် ဖွင့်ကြည့်လိုက်သောအခါ အတွင်းတွင် အရောင်အသွေးပါသော ဓာတ်ပုံတစ်ပုံကို မြင်ရသည်။
ပျော်ရွှင်သော အပြုံးနှင့် ရွှေအိုရောင်ဆံပင်နှင့် လူတစ်ယောက်က ဆံပင်နီနီနှင့် အပြာရောင်မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးကို ထွေးပွေ့ထားသည်။ သူတို့၏အရှေ့တွင် ကလေးနှစ်ယောက်ရှိသည်။ ကောင်လေးနှင့် ကောင်မလေးတစ်ယောက်ဖြစ်သည်။ ထိုမိသားစုက အလွန်ပျော်ရွှင်ပုံရသည်။
ဆုပိုင်ကို ဝမ်းနည်းစေသည်မှာ သူတို့၏အနောက်တွင် ဖြူဖွေးသန့်စင်နေသော အမွေးလေးများကို ချိတ်ဆွဲထားခြင်းဖြစ်သည်။
“ငွေနီ ငါနင့်ကို ချစ်တယ်”
“ဘတ်”
ဓာတ်ပုံ၏ နောက်တွင် ထိုစကားလုံးများကို ရေးထားသည်။
“ဟား”
ဆုပိုင်က သူ့ကိုယ်သူ လှောင်ရယ်သည်။ ထိုလူ၏အိမ်တွင် ပိုလာဝက်ဝံအမွေးပေါင်းမြောက်မြားစွာကို ချိတ်ဆွဲထားသည်။ ကြည့်ရသည်မှာ ဒီနေရာတွင် အမဲလိုက်ခံရသော ပိုလာဝက်ဝံပမာဏက မနည်းပါးနိုင်ချေ။ သို့သော် သူက ပိုလာဝက်ဝံတစ်ကောင်၏ လက်ထဲတွင် သေသွားသည်။ သူ၏ကိုယ်ကပင် အကြွင်းအကျန်အဖြစ် မကျန်ရစ်ခဲ့ချေ။
ဒီလူက ဒီလိုအဆုံးသတ်မှန်းသာသိရင် သူ့ရဲ့ကျည်ဆန်ကိုမြှောက်ပြီး ပိုလာဝက်ဝံတွေကိုချိန်လို့ ပစ်ရဲခဲ့မလားဆိုတာကို သိချင်တယ်။
ဒါက လူသားတွေ နေထိုင်နေတဲ့ပုံစံပဲ။
လက်သင့်မခံနိုင်လောက်တဲ့ ရလဒ်မျိုးတွေ ထွက်လာတဲ့အခါ နောင်တရဖို့ နောက်ကျသွားလိမ့်မယ်။
133 03
[အား ငါဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး၊ မူလကတော့ ဒီလူနှစ်ယောက်ကို သနားချင်နေတာပဲ၊ ဒါပေမဲ့အခု ဒါလူသားတွေရဲ့ အမှားလို့ပဲ ထင်ရတော့တယ်]
[ပြောရမယ်ဆိုရင် တိရစ္ဆာန်တွေရဲ့ ရှင်သန်နေထိုင်တဲ့ဝန်းကျင်ကိုက ဒီလိုမျိုးဖြစ်နေတော့ ဝမ်းနည်းဖို့ကောင်းသွားတာ၊ သူတို့တွေက လူသားတွေကို တိုက်ခိုက်ကြတယ်၊ ဒါပေမဲ့ လူသားတွေကလည်း တိုက်ခိုက်တာပဲမဟုတ်လား]
[ဒီနေ့ တင်ဆက်သူ တိုက်ရိုက်ထုတ်လွှင့်ပြတဲ့ဇာတ်ကြောင်းက တော်တော်လေးကို နှိုးဆွနိုင်လွန်းတယ်၊ ငါ ငါ့ရဲ့ကလေးကိုတောင် သုံးသပ်စာ စာလုံးရေတစ်သောင်း ရေးခိုင်းထားပြီးပြီ]
[ဟွန့် မင်းကအကျင့်မကောင်းတာပဲ၊ သုံးသပ်စာ စာလုံးရေတစ်သောင်းကို ဖတ်ပြီးတဲ့နောက်မှာ ဘာတွေဆက်တွေးမှာလဲ]
[ငါ့အထင် တိရစ္ဆာန်တွေကို ပြန်လည်ကယ်ဆယ်သွားပြီးတဲ့နောက်မှာ ဒီလိုအခြေအနေမျိုးကို လုံးဝ ပြန်ဖြစ်ခွင့် ပြုလို့မရဘူး၊ ဒါက ကြည့်နေရတာကတင် တော်တော်လေးကို ကျောချမ်းဖို့ကောင်းတယ်]
[ဟုတ်တယ် ဒီရူးနေတဲ့ ပိုလာဝက်ဝံတွေက သနားစရာကောင်းလွန်းရုံသာ မကသေးဘဲ လူသားတွေကလည်း ကောင်းမွန်တယ်လို့ ခံစားရမှာမဟုတ်ဘူးလေ]
[ဒါက အပြစ်ပေးခံရတာပဲ၊ ငါတို့ကပဲ သက်ရှိဥပမာတွေမဟုတ်လား၊ တိရစ္ဆာန်တွေ မျိုးတုန်းပျောက်ကွယ်သွားပြီးတဲ့နောက်မှာ ငါတို့ရဲ့ လူမျိုးစုတွေက ဘယ်လောက်တောင် လျော့ကျသွားခဲ့သလဲ၊ ရှင်သန်နေထိုင်ဖို့တောင် တအားခက်ခဲသွားတယ်လေ ]
........။
ကြမ်းပြင်ပေါ်ရှိ သွေးများကို ကြည့်နေရင်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲရှိ လူတိုင်းက တိတ်ဆိတ်နေကြသည်။
ပိုလာဝက်ဝံများ၏ အငတ်ဘေးအခြေအနေကြောင့် အားလုံးက စာနာသနားရုံသာ မကသေးလေဘဲ လူသားတစ်ယောက်၏ ဒုက္ခကြောင့်လည်း အနည်းငယ် ဝမ်းနည်းမိကြသည်။
ဒဏ်ရာအစပိုင်းမှအခြေအနေက မည်မျှရက်စက်စေကာမူ နောက်ပိုင်းပြန်ခံရသော အခြေအနေကလည်း ရက်စက်လွန်းလေသည်။
သိပ်မကြာခင် လူတိုင်းက ရှောင်ပိုင်ကို ပို၍စိုးရိမ်လာမိသည်။ ဒါက ဒုတိယရက်သာ ဖြစ်သည်။ နောက်ထပ် ၁၃ရက် ကျန်သေးသည်။
ဒီနေရာမှာ ၁၅ရက်တောင် နေနိုင်ပါ့မလားမသိဘူး။ ဒီရူးနေတဲ့ ပိုလာဝက်ဝံတွေကသာ အနံ့နောက်ကိုလိုက်ပြီး သူတို့ရှိရာနေရာကို ရောက်သွားခဲ့မယ်ဆိုရင် အဲဒီနောက်.....။
“အနာဂတ်မှား ထွက်ပြေးနိုင်မလား ကြည့်ရတာပေါ့”
ဆုပိုင်က ထိုကောင်ငယ်လေးကို ချီထားပြီး နားရွက်နားကပ်ကာ ခပ်တိုးတိုး ဆူပူသည်။
ကံကောင်းသည်မှာ ထိုလူသားနှစ်ယောက်က ဖမ်းသွားရုံသာ ဆန္ဒရှိခဲ့သည်။ ရှောင်ပိုင်ကသာ ချက်ချင်းအပစ်ခံရပြီး အသတ်ခံရမည်ဆိုလျှင် ချက်ချင်းသေသွားပေလိမ့်မည်။ ထို့နောက် ရှောင်ပိုင်က သေဆုံးသွားရုံသာ မကသေးလေဘဲ ပိုလာဝက်ဝံကလည်း ထာဝရ ပျောက်ကွယ်သွားပေလိမ့်မည်။
ဆုပိုင်က ထိုအကြောင်းအရာကို တွေးမိသော် ကြောက်လန့်သွားသည်။
“အူး”
“ငါ..ငါမရည်ပါဘူး ငါ..ငါ အဲဒီမှာ ကြေးခွံလေးကို ရှာတွေ့လို့ပါ”
ထိုကောင်ငယ်လေးက ဆုပိုင်ကို ကြောက်လန့်တကြားကြည့်ပြီး ခပ်တိုးတိုးအော်သည်။
ရှောင်ပိုင်က သူ၏နဖူးကို ဆုပိုင်၏ရင်ဘတ်နားသို့ အသာ ပွတ်သပ်ပြီး ခေါင်းလေးကို မြှောက်ကာ ပါးကို လာလျက်သေးသည်။
သူ၏ မျက်လုံးကြီးများကို တဖျတ်ဖျတ်ခတ်ရင်း သနားစဖွယ်ကောင်းသော ပုံစံမျိုးဖြင့် ကြည့်လာလေသည်။
“အား”
ဆုပိုင်က သက်ပြင်းချသည်။ ထိုကောင်ငယ်လေးကို လက်မောင်းကြားထဲတွင် ထွေးပွေ့သွားရင်း ရေခဲနွံအိုင်များဆီ ခပ်မြန်မြန်သွားသည်။
ဒီကောင်ငယ်လေးက တပိုင်နဲ့ တော်တော်လေးတူတယ်။
တိရစ္ဆာန်ရုံထဲကို ရောက်သွားတဲ့အချိန်မှာ ဘယ်လိုပြဿနာတွေ ရှာဦးမလဲဆိုတာကိုတောင် တွေးကြည့်လို့ရနေပြီ။
သူ တိရစ္ဆာန်ရုံသို့ ၁၅ရက်လုံးလုံး ပြန်ဖြစ်မည်မဟုတ်ချေ။ ဒါဆိုရင် ဒီကောင်တွေ ဘာများ လုပ်နေလောက်မလဲ။
ဘာမှတော့ မဖြစ်လောက်ပါဘူးနော်။
++++
134 01
အပိုင်း (134) ထူးဆန်းတဲ့ တိရစ္ဆာန်ရုံ
“မင်းသေချာ စုံစမ်းပြီးပြီလား”
ကျန့်ဟုန်က ဘတ်စ်ကားပေါ်တွင် ထိုင်ရင်း ဘေးဘက်ရှိ ရှောင်ကျန်းကိုကြည့်သည်။ သူက လေးနက်သော လေသံမျိုးနှင့်ပြောသည်။
”ကောင်းကင်ပြာတိရစ္ဆာန်ရုံရဲ့ ဒါရိုက်တာဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှုတွေကို လုပ်နေတဲ့သူလို့ မထင်ထားမိဘူး၊ ဒီဆုပိုင်က အခုတလော တရုတ်ဆေးဝါးဌာနတစ်ခုလုံးမှာတောင် တော်တော်လေးကို ကျော်ကြားနေတဲ့သူလေ”
”သူက ပြင်းထန်တဲ့ စိတ်ကျရောဂါကို ခံစားနေရတဲ့ လူတွေကို ကုသပေးနိုင်တဲ့ နည်းလမ်းကို ရှာတွေ့ခဲ့ရုံသာ မကသေးဘဲ သူတို့ရဲ့ တိရစ္ဆာန်ရုံက အဲဒီသတ္တဝါတစ်ကောင်က ALSရောဂါလို ရောဂါမျိုးကိုတောင် ကုသပေးနိုင်တယ်၊ ဒါက မယုံနိုင်စရာကောင်းတဲ့ ကိစ္စပဲ”
ကျန့်ဟုန်က တွေးသည်။ အဆင့်မြင့် ဆေးဝါးစင်တာမှ သတိပေးချက်ကြောင့် သူသည်လည်း အားအင်မဲ့သွားရသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ commentများမှတစ်ဆင့် ယခင်တစ်ခေါက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် တွေ့ခဲ့ရသည့် အနီရောင်ဂဏန်းဘုရင်၏ တန်ကြေးက်ို မြင်နိုင်ခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်းတွင် လူပေါင်းများစွာက တန်ကြေးမြှင့်ပေးကာ ကမ်းလှမ်းခဲ့ကြသည်။ သူတို့က ထိုသတ္တဝါ၏ အရသာကိုသာ ခံယူလိုခဲ့သည်။
ဒါဆိုရင် သူတို့ရဲ့ စင်တာအတွက် ပိုက်ဆံဘယ်လောက်တောင် ကုန်သွားမှာလဲ။
ခံတွင်းပျက်ရောဂါကို ခံစားနေရသည့် လူနာပေါင်းများစွာက သာမန်လူများဖြစ်သည်။ ကယ်ဆယ်ထားသော တိရစ္ဆာန်များထံမှ ရရှိမည့် အစစ်အမှန်အသွေးအသားများကို သုံးပြီး ခံတွင်းပျက်ရောဂါကို ကယ်တင်ရန် ခက်ခဲသည်။
”ကောင်းပြီလေ အရင်ဆုံး တစ်ချက်သွားပြီး ဆက်သွယ်ကြည့်ကြတာပေါ့”
”ငါကြားထားတဲ့အတိုင်းဆို ဒါရိုက်တာဆုပိုင်က တော်တော်လေးကို စိတ်အားထက်သန်တဲ့လူမျိုး၊ အရင်တစ်ခေါက် ဖျားနာတဲ့ကလေးတွေဆိုရင် ဘာဝင်ကြေးမှ ပေးစရာမလိုဘဲနဲ့ ကောင်းကင်ပြာ တိရစ္ဆာန်ရုံထဲကို ဝင်နိုင်တယ်တဲ့”
”ငါတို့လည်း အခွင့်အရေး ရှိနိုင်ပါတယ်”
လောင်လုက သက်ပြင်းချရင်း နှစ်သိမ့်ပေးသည်။
”ရှောင်းဟွေ့ ငါတို့အဲဒီကို ရောက်တော့မယ်”
ဘေးဘက်တွင် ထိုင်နေသော ရုံဟွားကလည်း သားဖြစ်သူကို ဖက်ထားရင်း တူညီသော မျှော်လင့်ချက်များနှင့်အတူ ပြတင်းပေါက်အပြင်ဘက်သို့ကြည့်သည်။
တိရစ္ဆာန်ရုံထဲတွင် ရှိနေသော တစ်စုံတစ်ရာက သားဖြစ်သူ၏ ခံတွင်းပျက်ရောဂါကိုသာ ကုသပေးနိုင်မည်ဆိုလျှင် သူမ၏ ဘဝတစ်ခုလုံးကိုသုံးပြီး အလုပ်အကျွေးပြု၍ ရမည်ဆိုလျှင်ပင် ဆန္ဒရှိလေသည်။
”ကောင်းပြီလေ”
ရှောင်ဟွေ့က ရုံဟွား၏ လက်မောင်းအတွင်းတွင် လှဲနေပြီး အပြင်ဘက်ရှိ မြင်ကွင်းများကို သဘောတကျ ကြည့်နေသည်။ အရာအားလုံးက ဂရုစိုက်နေသည်။
ထို ခရီးသွားဧည့်သည်တစ်အုပ်ကို သယ်ဆောင်လာသည့် ဘတ်စ်ကားက ကောင်းကင်ပြာတိရစ္ဆာန်ရုံ၏ အရှေ့ဘက်ဝင်ပေါက်သို့ တဖြည်းဖြည်းချင်း ရောက်ရှိသွားပြီး ကားက ရပ်သွားသည်။
အတွင်းရှိ လူတိုင်းကလည်း ကောင်းကင်ပြာ တိရစ္ဆာန်ရုံကို သိချင်စိတ်ပြင်းပြစွာနှင့် ကြည့်ကြသည်။
134 02
”ဘတ်စ်ကားပေါ်ကနေ အစီစဥ်တကျ ဆင်းကြ၊ လူကြီးမင်း ဖူကာဒါကို သိတဲ့လူတွေက လက်မှတ်ဝယ်တဲ့အခါ ၂၀% လျှော့ဈေးရမယ်”
ထိုအခိုက်အတန့်တွင် ကြီးမားသော အသံချဲ့စက်ကြီးအရှေ့တွင် နားနေသည့် ထူးဆန်းသော အရောင်နှင့် ငှက်တစ်ကောင်က အဆုပ်များ ကွဲထွက်မတတ် အော်ဟစ်နေသည်။
ဘတ်စ်ကားပေါ်မှလူတိုင်း ဆင်းလာပြီးနောက် ငှက်တောက ခေါင်းကို စိတ်ပျက်လက်ပျက် ခါသည်။
သူ့ကို ဘယ်သူ့မှ မသိဘူး။
ဘာဖြစ်တာလဲ။
ငါ့ရဲ့ဆရာ ဖူကာဒါက မျှော်လင့်ချက် မဲ့နေပြီလား။ ဘာလို့ ဘယ်သူမှ မသိတာလဲ။
ဘယ်လို ပျော်ရွှင်မှုကို ခံစားရမှန်းမသိတဲ့ လူသားတစ်အုပ်ပဲ။
”ဟင်”
ဘတ်စ်ကားပေါ်မှ ဆင်းလာသည့် လူများထဲမှ နောက်ဆုံးသို့ရောက်နေသည့် လူတိုင်းကို တစ်ချက်ကြည့်ပြီးနောက် ထိုငှက်တောက လည်ချောင်းကိုမြှောက်လိုက်ကာ ဂရုတစိုက် လှမ်းကြည့်လိုက်သည်။
”နောက်ထပ်လူနာတွေလား”
သိသာစွာပင် ထိုကောင်ငယ်လေးက ပြင်းပြင်းထန်ထန် ဖျားနာနေသည်။ သူက လမ်းကို ကိုယ့်ဘာသာကိုယ်ပင် မလျှောက်နိုင်ချေ။
သို့ရာတွင် ဒီနေ့က စိတ်ကျရောဂါကို ကုရမည့်နေ့မဟုတ်ချေ။
ငှက်တောက တောင်ပံကို တစ်ချက်ခတ်လိုက်ပြီး လတ်မှတ်ကောင်တာသို့ ပျံသန်းသွားသည်။ သူက လူအိုကြီးတစ်ယောက်၏ ခေါင်းပေါ်တွင် နားလိုက်ပြီး အမျိုးသမီး၏ လက်ထဲမှ ကလေးကို လှမ်းကြည့်သည်။
”ဆရာဝန်လာပြတာလား၊ စိတ်ကျရောဂါကို ခံစားနေရတဲ့လူဆိုရင်တော့ မနက်ဖြန်မှ ပြန်လာခဲ့၊ ဒီနေ့က ကုသပေးမဲ့နေ့မဟုတ်ဘူး၊ တကယ်လို့ ALSဆိုရင်တော့ စိတ်မကောင်းပါဘူး၊ အချိန်တစ်ခုကြာတဲ့အထိ ကုပေးလို့မရသေးဘူး”
”မလှုပ်နဲ့၊ ငါလျှောဆင်းလာမယ်”
သူက တောင်ပံကို တစ်ချက်ဆန့်ထုတ်လိုက်ပြီး ထိုလူအိုကြီး၏ နဖူးပေါ်မှ ခြေထောက်သို့ ခုန်ဆင်းလာသည်။
”အာ”
ရုံဟွားက ဒါရိုက်တာလု၏အနောက်တွင်ရပ်နေသော ထူးဆန်းသောငှက်ကို ကြည့်သည်။ တစ်ဖက်ကောင်လေးက လူသားစကားများကို ပြောနေလေသည်။ သူမက ခပ်မြန်မြန် ပြောလိုက်သည်။
”ငါတို့က ငါတို့က ဆရာဝန်လာပြတာမဟုတ်ပါဘူး၊ ဒါရိုက်တာဆုပိုင်နဲ့ ဆွေးနွေးချင်လို့ပါ”
”အိုး ဒါရိုက်တာကို လာရှာတာဆိုရင်တော့ စိတ်မကောင်းပါဘူး၊ ဒါရိုက်တာက ဒီမှာမရှိဘူး၊ နောက်မှပြန်လာခဲ့ပါ”
ငှက်တောက ပြောသည်။ သူက တောင်ပံကိုခတ်ပြီး လေထဲသို့ ပျံတက်သွားသည်။
”ဒီမှာမရှိဘူးလား”
ရုံဟွားက ရပ်တန့်သွားပြီး နောက်ဘက်သို့ ပြန်ကြည့်သည်။ နောက်ဘက်တွင် ထိုင်နေသော ကျန့်ဟုန်ကလည်း ပါလာသည်။
”တိုက်ရိုက်ထုတ်လွှင့်နေသေးတာဖြစ်မယ်၊ ရက်အနည်းငယ်လောက်နေမှ ပြန်လာကြတာပေါ့၊ အရင်ဆုံးဝင်သွားပြီး အခြေအနေကို ကြည့်ရအောင်၊ တခြားနည်းလမ်းတော့ ရှိလောက်မှာပါ”
ကျန့်ဟုန်က တွေးတောလိုက်ပြီး လူတိုင်းကို နှစ်သိမ့်ပေးသည်။
ယခုအခါ ဒီနေရာကို ရောက်နေပြီဆိုကတည်းက အထဲသို့ ဝင်ပြီး ကြည့်သင့်လေသည်။
134 03
မည်သို့ပင်ဆိုစေ တိရစ္ဆာန်ရုံတစ်ခုလုံးက အစစ်အမှန်တိရစ္ဆာန်များ ပြည့်နှက်နေသည်။ ကလေးများ၏ စိတ်အခြေအနေက ကောင်းသွားပြီး စားချင်စိတ်လည်း ဖြစ်လာလောက်လေသည်။
ရောဂါကို မည်သို့ ကုနိုင်စေကာမူ စိတ်အခြေအနေကောင်းနေရင် အရေးအကြီးဆုံးဖြစ်သည်။
စိတ်အခြေအနေ ကောင်းနေသောအခါ ကလေး၏ အလိုလို တိုက်ထုတ်စိတ်က မြင့်တက်လာပေလိမ့်မည်။
လူတိုင်းက လက်မှတ်များကို ဝယ်ယူပြီးနောက် လူအုပ်နောက်မှ တန်းစီနေရင်းအထဲသို့ တဖြည်းဖြည်းချင်း ဝင်သည်။
”သူ....”
ရုံဟွားက ပိန်ကပ်နေသော သားကို ပွေ့ဖက်လျက် တိရစ္ဆာန်ရုံထဲတွင် ရပ်ရင်း မြက်ခင်းပြင်ထဲတွင် ပျော်ရွှင်စွာ ခုန်ပေါက်နေသော ကလေးတစ်အုပ်ကို မနာလိုကြီးစွာနှင့် ကြည့်နေမိလေသည်။
”ငါ့ရဲ့သားလေးလည်း ဒီကလေးတွေလို ပျော်ပျော်ရွှင်ရွှင်ပြေးနိုင်ရင် ကောင်းမှာပဲ”
”အမေ အဲဒီကိုကြည့်ဦး”
ရုတ်တရက် ရှောင်ဟွေးက သူ၏လက်ချောင်းလေးကို ခက်ခက်ခဲခဲ ဆန့်ထုတ်လိုက်ပြီး အဝေးရှိ စီးဆင်းနေသော မြစ်များထံသို့ ထိုးပြကာပြောသည်။
လူတိုင်းကလည်း လှမ်းကြည့်လိုက်ကြသည်။
ထိုအခါ ခြောက်နှစ်အရွယ်ခန့်ရှိ ကောင်မလေးတစ်ယောက်က ခေါင်းပေါ်တွင် ဘီးကုတ်လေးကို ပန်ဆင်လျက် အပြုံးလေးနှင့်အတူ ကြီးမားသော တစ်စုံတစ်ရာပေါ် ထိုင်နေကြောင်း မြင်လိုက်ရသည်။ သူမ၏အရှေ့တွင် လတ်ဆတ်သော မုန်လာဥများ ပြည့်နှက်နေသည့် ဝါးခြင်းတောင်းလေးရှိသည်။
”ဟီးဟီး”
ဘေဘီက ကြီးမားသော ဆင်ပေါက်လေး၏ ကျောပေါ်တွင် မှီလှဲနေသည်။ နောက်ဘက်တွင်လည်း ဆင်တစ်အုပ်က လိုက်ပါလာကြသည်။ သူတို့က တိရစ္ဆာန်ရုံမှ တဖြည်းဖြည်းချင်းလာနေသည်။
”အိုး အိုး ဒီမှာနင့်အတွက်”
သူမက တစ်ချက်လှည့်ပြီး အရှေ့ဘက်မှ ဆင်ပေါက်လေးကို လှမ်းအော်သည်။ ထို့နောက် အသားများသော နှာမောင်းကြီးက ထွက်လာလေပြီး ဘေဘီ၏နဖူးကို အသာပွတ်သပ်ကာ လှမ်းပေးသော မုန်လာဥနီကို ယူလေသည်။
သူက ပါးစပ်ထဲသို့ ထိုးသွင်းလိုက်ပြီး ကိုက်ဝါးလိုက်သည်။
”တပိုင်”
ဘေဘီက အဝေးရှိ မြက်ခင်းပြင်ပေါ်တွင် လှဲနေသော ပန်ဒါကြီးကို လှမ်းခေါ်သည်။ ပန်ဒါကြီးက အိပ်နေပုံရသည်။
”အူး”
”ဘုရားရေ ငါ့ကို ခဏလောက် အိပ်ခိုင်းပါဦးလား”
တပိုင်က မျက်လုံးကို ဖွင့်လိုက်ပြီး ကောင်မလေးကို ကြည့်လိုက်ကာ တွန့်ဆုတ်စွာနှင့် ထလိုက်သည်။ ထို့နောက် ဆင်များထံသို့ တဖြည်းဖြည်းချင်း လျှောက်လှမ်းလာလေသည်။
”ဘာလို့ အခုတလော အိပ်ပဲအိပ်နေတာလဲ”
ဘေဘီက တပိုင်ကို ကြည့်လိုက်ရင်း နှုတ်ခမ်းကို တင်းတင်းစေ့လျက် စူလိုက်သည်။
”နင်ဘယ်လောက်ဝနေပြီလဲ ကြည့်ဦး၊ နင်ငါတို့နဲ့အတူ လေ့ကျင့်ခန်းလုပ်ရမယ်”
”အူး”
တပိုင်က စိတ်ပျက်အားငယ်စွာဖြင့် ခေါင်းကိုငုံ့လိုက်သည်။ သူက သူ၏ လုံးဝိုင်းနေသော ဗိုက်ကို တစ်ချက်ကြည့်ပြီးနောက် မနေနိုင်ဘဲ အော်လေသည်။
ဝိတ်ချရတာ တအားခက်တယ်။
ဒီဘဝမှာတော့ ဝိတ်ချဖို့ မဖြစ်နိုင်မှာကိုတောင် စိုးရိမ်မိပါသေးတယ်။
အချစ်တွေဘာတွေ ညာတွေ နောက်ပြီး ပန်ဒါမတွေဘာတွေ သူမလိုချင်တော့ဘူးလေ။ ဟုတ်ပြီလား။
သူက အံကိုကြိတ်လိုက်ပြီး ဆင်ပေါက်လေး၏ အနောက်မှလိုက်ကာ တိရစ္ဆာန်ရုံ၏ ဝင်ပေါက်သို့ လျှောက်လာသည်။
134 04
”ငါ..ငါ..ငါလည်း သွားချင်တယ်”
ရှောင်ဟွေးက မျက်လုံးကို ပြူးနေအောင်ဖွင့်ပြီး ဆင်ကျောပေါ်တွင်ထိုင်နေသည့် ဘေဘီ့ကို မနာလိုမှုအပြည့်ဖြင့် ကြည့်ကာပြောသည်။
”အာ ကောင်းပြီလေ မားမေးပေးမယ်နော်”
ရုံဟွားက သားဖြစ်သူကို စိတ်ဓာတ်ကျစွာကြည့်ပြီး အသက်ပြင်းပြင်းထပ်ရှူလျက် ဆင်အုပ်နားသို့ လျှောက်သွားသည်။
”ကောင်မလေး ငါ့ရဲ့သားလေးကိုလည်း အဲဒီမှာ ထိုင်ခိုင်းလို့ရမလား”
”အာ”
ဘေဘီက ကျန်းမာရေးမကောင်းကြောင်း သိသာနေသည့် ကောင်လေးကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာပြောသည်။
”သူက နေမကောင်းဘူးလား”
”သူ့ကိုတက်လာခိုင်းလိုက်လေ၊ ဒါပေမဲ့ သတိတော့ထားနော်”
သူမက နောက်ဘက်မှဆင်များကို လက်ရမ်းပြလိုက်သည်။
ဆင်တစ်ကောင်က အုပ်ထဲမှထွက်လာပြီး နှာမောင်းလေးကို ညင်သာစွာ ဆန့်ထုတ်လျက် ရုံဟွား၏ လက်မောင်းအတွင်းမှ ရှောင်ဟွေးကို အသာရစ်ပတ်လိုက်သည်။
သူ၏ကျောပေါ်သို့ တင်ပြီးနောက် ဘေဘီ၏အရှေ့သို့ တစ်ဖန်လျှောက်သွားလေသည်။
”ဟစ်”
”ဒါက ရှောင်ဟွေးပထမဦးဆုံးအကြိမ် တောင်းဆိုတာ မဟုတ်လား”
ကျန့်ဟုန်ကလည်း ဆင်ကျောပေါ်သို့ ရောက်သွားပြီး ပျော်ရွှင်စွာလှဲနေသည့် ကောင်ငယ်လေးကိုကြည့်ပြီး ခံစားချက်အပြည့်နှင့်ပြောသည်။
”ငါတို့ အချိန်ကိုက် ရောက်လာမိသွားတာပဲ၊ စားစရာတွေ မရှိရင်တောင်မှ ဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် လူနာတွေက သူတို့ရဲ့ ခံတွင်းပျက်ပြီး စားချင်စိတ်မရှိနေတဲ့ စိတ်ကို တိုက်ထုတ်ချင်စိတ် ဖြစ်လာလိမ့်မယ်”
++++
135 01
အပိုင်း (135)
[ပန်းတွေကြဲပေးလိုက်ပြီ၊ ဒီနေ့က နောက်ဆုံးနေ့ပဲ၊ စိန်ခေါ်မှုက နောက်ဆုံးတော့ အဆုံးသတ်တော့မယ်]
[ဟုတ်တယ်ဟုတ်တယ်၊ ငညအခုတလော ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို တစ်ရက်မှမလွတ်အောင် ကြည့်နေတာ၊ အဲဲဒီနောက်မှာ 5 ပေါင်တောင် ကျသွားတယ်၊ တင်ဆက်သူကို ကျေးဇူးတင်ပါတယ်၊ ငါ ပေါင်၁၁၀ကနေ ၁၀၅ပေါင်အထိ ကျသွားပြီ၊ ကျေးဇူးပါပဲ၊ ငါနောက်ဆုံးတော့ ကောင်ချောလေးဖြစ်သွားပြီ]
[Ahahahaha ငါအပေါ်ထပ်ကတစ်ယောက်ကို စိတ်မကောင်းလိုက်တာ၊ ဒီချစ်စရာကောင်းတဲ့ကောင်မလေးကတော့ ဆယ်ပေါင်တောင်ကျသွားတာ၊ ဘယ်လောက်ကောင်းလိုက်သလဲ၊ တင်ဆက်သူ နေ့တိုင်းစားနေတာကိုကြည့်ရုံနဲ့ ငါဘာကိုမှ စားကောင်းတယ်လို့ မထင်တော့ဘူး]
[ဒီလောက်ထိ သက်ရောက်မှုကြီးတာလား၊ ငါဘာလို့ မခံစားမိတာလဲ၊ ငါကတော့ ပိုစားလာတယ်၊ ငါစားသောက်ဖို့အတွက် အရွက်တွေတောင် မလိုတော့ဘူး၊ ဒီတိုင်း ဆုပိုင်စားတာကို ကြည့်ရုံနဲ့ ဘာမဆို ပါးစပ်ထဲ ထည့်လိုက်တာပဲ]
[ပြောမနေနဲ့တော့၊ ငါတို့တွေ ဘယ်အချိန်မှများ ဒီအသွေးအသားတွေကို စားနိုင်မှာလဲ၊ အဲဒီနောက်.....]
[ဟစ် ငါဆက်ပြီးတော့တောင် မတွေးရဲတော့ဘူး၊ တွေးရုံတင် သွားရည်ကျလာတယ်၊ ငါအခုတလော ထင်ယောင်ထင်မှား ဖြစ်နေသလိုပဲ၊ ဘယ်အရာကိုကြည့်ကြည့် ခုံးအခွံတွေပဲ မြင်နေတယ်]
......။
ဆုပိုင်က သူ၏ခရီးဆောင်အိတ်ကို ထုတ်ပိုးပြီး သူ၏ခြေထောက်နားမှ ကောင်ငယ်လေးများကိုကြည့်သည်။
သူက မအံ့သြချေ။ လန်မင်ကြွက်သခင်ကြီးများက အချစ်အတွက် အသေခံရန် ဆန္ဒရှိသည်။
ထိုအရာသာမကသေးချေ။ လန်မင်ကြွက်အမများကလည်း အရွယ်ရောက်ပြီးနောက်တွင် ကိုယ်ဝန်ဆောင်နိုင်သွားကြသည်။
လန်မင်ကြွက်ဆိုသည့်အတိုင်း သူတို့၏ တစ်ဘဝလုံး ခက်ခက်ခဲခဲ ကြိုးစားပြီး မျိုးပွားရန်သာ အားထုတ်နေကြလေသည်။
စားစရာနှင့် ရှင်သန်နေထိုင်ရေးအတွက် စိုးရိမ်စရာ မလိုအပ်ဘဲ လဝက်လုံး ရှင်သန်နေထိုင်ပြီးနောက် ပိုလာဝက်ဝံလေးက အရွယ်အစားကြီးလာသည်။
ထိုအချိန်တွင် အာတိတ်မြေခွေးပေါက်လေးက သူ၏ကျောပေါ်တွင် လှဲပြီး မျက်လုံးလေးကိုဖွင့်လျက် ဘေးဘီကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်နေလေသည်။
ဆုပိုင်က ခေါင်းကိုငုံ့လိုက်ပြီး သူ၏အဝတ်များကိုကြည့်သည်။ အားလုံးက စွန်းပေနေသည်။ သူက မေးစေ့မှ မုတ်ဆိတ်များကိုလည်း ကြည့်သည်။ သူဟာ အတော်လေး စုတ်ပြတ်နေလောက်လေပြီ။
ထိုအကြောင်းအရာကို တွေးမိသော ဆုပိုင်က နှုတ်ခမ်းများကို ကွေးလိုက်မိသည်။
သူနေ့တိုင်း ပင်လယ်စာ စားနေရပေမဲ့လည်း ဘယ်သူကမှတော့ တစ်ဘဝလုံး မစားနိုင်ဘူးလေနော်။
”ဟူး”
သူ၏နောက်ဘက်တွင် အရည်ပျော်နေသေးသည့် အာတိတ်ရေခဲပြင်ကို ကြည့်ရင်း ဆုပိုင်က အသက်ပြင်းပြင်းရှူလိုက်ကာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကိုကြည့်ပြီး အလေးအနက်ထားကာ ပြောလိုက်သည်။
”ဒီတိုက်ရိုက်ထုတ်လွှင့်မှုရဲ့ တာဝန်က အဆုံးသတ်တော့မယ်”
”လဝက်လုံးလုံး အဖော်ပြုပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ အားလုံးလည်း ရေခဲပြင် အရည်ပျော်ကျသွားတဲ့အခါ ဘယ်လောက်တောင် အခြေအနေ ဆိုးရွားသွားနိုင်သလဲဆိုတာကို နားလည်ကြပြီလို့ထင်တယ်”
”ဒီတော့ ဒီလူတွေအားလုံးက အနာဂတ်မှာ ဒီအခြေအနေတွေမဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းနေကြဖို့ မျှော်လင့်ပါတယ်”
”သဘာဝဝန်းကျင်က ငါတို့တစ်ယောက်ချင်းစီတိုင်းနဲ့ ဆက်စပ်နေတာ၊ ငါတို့က ဒီမြေကမ္ဘာလောကကြီးကို သက်ရောက်မှုရှိအောင် ကာကွယ်နိုင်ဖို့အတွက် အထူးတလည် အာရုံစိုက်ဖို့ လိုအပ်နေသေးတယ်၊ ဒီလိုမှပဲ အနာဂတ်မှာ ကယ်ဆယ်ပြီးတဲ့ တိရစ္ဆာန်တွေက တစ်ဖန်ထပ်ပြီး မျိုးမတုန်းသွားမှာပေါ့”
”ဒီတာဝန်ယူမှုကလည်း ငါတို့အားလုံးနဲ့ သက်ဆိုင်နေတယ်”
”တိရစ္ဆာန်တွေရဲ့ ငါတို့လူသားတွေအပေါ် အရေးပါမှုကို ဒီနေရာမှာရှိနေတဲ့ လူသားတစ်ယောက်ချင်းစီတိုင်းက နားလည်နေပြီလို့ မျှော်လင့်တယ်၊ ဒီတော့ လူသားတွေက အနာဂတ်မှာ တိရစ္ဆာန်တွေကို ကြင်ကြင်နာနာ ဆက်ဆံပေးဖို့ မျှော်လင့်တယ်၊ သူတို့က ငါတို့စားဖို့ ဖြစ်တည်နေတဲ့အသားပဲ ဖြစ်ဖြစ်၊ ဒီတိုင်း အလှမွေးတဲ့ သတ္တဝါပဲ ဖြစ်ဖြစ်၊ ထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ သတ္တဝါပဲ ဖြစ်ဖြစ် အားလုံးကို ညီတူမျှတူ ဆက်ဆံပေးသင့်တယ်”
”ကောင်းပြီ နောက်အပိုင်းမှ ဆက်တွေ့ကြတာပေါ့”
135 02
ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို လက်ရမ်းပြလိုက်သည်။ သူ၏လက်ကိုရမ်းနေရင်း system၏ ဇယားတွင် ပေါ်လာသည့် အံ့အားသင့်မှု အမှတ်များကိုကြည့်သည်။
လဝက်ခန့် ဆက်တိုက် တိုက်ရိုက်ထုတ်လွှင့်ပြီးနောက် ထိုအကောင်ငယ်လေးများအားလုံးကို ခေါ်သွားရန် အမှတ်က လုံလောက်သွားပြီဖြစ်သည်။
သို့သော်....။
ဒီတစ်ကြိမ်ပြန်သွားသောအခါ နောက်ထပ် ရက်၂၀ကြာသည်အထိ ဒီအပိုင်းအစတာဝန်ကို ဆက်လုပ်၍မရတော့ချေ။
ထို့ကြောင့် ပိုများသည့် အံ့အားသင့်မှုအမှတ်များကို လိုချင်လျှင် ကောင်းကင်ပြာ တိရစ္ဆာန်ရုံအတွင်း ပွဲတစ်ခုခု ကျင်းပရန် စဥ်းစားရတော့ပေမည်။
ထိုနည်းအားဖြင့် လူအများကြီး လာရောက်ရန် မျှော်လင့်ရသည်။
ဒီတစ်ကြိမ်တွင် ပိုလာဝက်ဝံ၊ အာတိတ်မြေခွေးအပါအဝင် အားလုံးက အေးစက်လွန်းသော ဝန်းကျင်ကို လိုအပ်လေသည်။
”ဒုက္ခတော့ ရှိလောက်တယ်”
ဆုပိုင်က မျက်မှောင်ကြုတ်ပြီး ခပ်တိုးတိုးပြောသည်။
သူတို့က တိရစ္ဆာန်ရုံတွင် ရှင်သန်နိုင်သော်လည်း အာတိတ်ကဲ့သို့ ဝန်းကျင်မျိုးကသာ ထိုအကောင်များကို ပို၍ကောင်းမွန်စွာ ရှင်သန်နိုင်စေပေလိမ့်မည်။
သူ ဒီအကောင်၂ကောင်အတွက် နေထိုင်ဖို့အဆင်ပြေတဲ့ ရေခဲကန်လိုနေရာမျိုးကိုတော့ ဆောက်သင့်ပြီထင်တယ်။
”တင် ဂုဏ်ယူပါတယ် အသုံးပြုသူက ၁၅ရက်တာ ရှင်သန်ခြင်းစိန်ခေါ်မှုကို အောင်မြင်ပြီးမြောက်သွားပါတယ်”
”တင် ဂုဏ်ယူပါတယ် အသုံးပြုသူက ပိုလာဝက်ဝံကို အောင်မြင်စွာ ကယ်ဆယ်လိုက်နိုင်ပါတယ်”
”စနစ်က ပြန်လည်ပို့ဆောင်ပါတော့မယ်၊ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကိုလည်း ပိတ်သိမ်းလိုက်ပါတော့မယ်”
တောက်ပသော အလင်းများ ဖြတ်ပြေးသွားပြီးနောက် ဆုပိုင်က မျက်လုံးကို အုပ်လိုက်မိသည်။
အချိန်အတန်ကြာ စောင့်ဆိုင်းပြီးနောက် မျက်လုံးကို ပြန်ဖွင့်လိုက်သောအခါ ကောင်းကင်ပြာတိရစ္ဆာန်ရုံ၏ ဝင်ပေါက်သို့ ရောက်နေကြောင်း တွေးလိုက်သည်။
ထို့နောက်....။
”အိုး ဒါက ဘာအနံ့လဲ၊ ဘယ်က နံဟောင်နေတဲ့အနံ့က ထွက်လာတာလဲ၊ တော်တော်လေးကို ဆိုးရွားတာပဲ”
”ဘယ်နေရာက သူတောင်းစားက ရောက်လာတာလဲ”
”ပြေးကြည့်ဦး သူက သနားဖို့ကောင်းလိုက်တာ၊ သူ့ကို ပိုက်ဆံနည်းနည်းလောက် ပေးကြမလား”
ထောင့်တစ်နေရာနားတွင် ရပ်နေသော ဆုပိုင်ကို လူတစ်အုပ်က ကြည့်ရင်း နှာခေါင်းကိုရှုံ့ကာ နောက်ဆုတ်သွားကြသည်။
အာတိတ်၏ အပူချိန်နိမ့်သော အနေအထားမျိုးကြောင့် ဆုပိုင်၏တစ်ကိုယ်လုံးတွင် ပြည့်နှက်နေသော ငါးညှီနံ့များက သိသာထင်ရှားခဲ့ခြင်း မရှိချေ။ သို့သော် သူက ပြန်လာသည့်အခိုက်အတန့်တွင် ပင်လယ်ရေ၏ ညှီစို့သော အနံ့နှင့် သူ၏အဝတ်အစားများပေါ်မှ အနံ့က သူ့ကိုယ်သူ မျက်လုံးပင် မဖွင့်ရဲအောင် ဖြစ်သွားစေသည်။
သူ၏ နှုတ်ခမ်းများက ရှုံ့မဲ့သွားသည်။
ဆုပိုင်က နောက်ကို ပြန်လှည့်ကြည့်လိုက်သောအခါ သူခေါ်လာသော အကောင်ငယ်လေးများက အနားတွင် မရှိချေ။ သူက မျက်နှာကို ခပ်မြန်မြန်အုပ်ပြီး တိရစ္ဆာန်ရုံထဲ ဝင်သွားလိုက်သည်။
”အား ဘယ်နေရာက ရောက်လာတာလဲ”
ငှက်တောက တောင်ပံကိုခတ်ပြီး နောက်ဆုတ်သည်။
”တစ်ယောက်ယောက် လာကြပါဦး၊ ဒီမှာနံဟောင်နေတဲ့ အကောင်တစ်ကောင် ရောက်လာတယ်”
”ပါးစပ်ပိတ်စမ်း”
ဆုပိုင်က ခပ်မြန်မြန် လှမ်းဆွဲလိုက်ပြီး ခပ်တိုးတိုးအော်သည်။
”အာ”
ရှေ့မှလူက ဒါရိုက်တာဖြစ်ကြောင်း မြင်သောအခါ ငှက်တော၏ အမွေးများက ကြောက်လန့်တကြား ထောင်တက်သွားသည်။
သွားပြီ။
ငါဒါရိုက်တာကို ထပ်ပြီး ရန်စမိသွားပြီ။ ငါအရိုက်ခံရဦးမှာလား။
”အင်း နောက်တာနော်”
”ဒါရိုက်တာ ဒါရိုက်တာရဲ့ပုံစံက အရမ်းထူးဆန်းတာပဲ၊ အရင်ထက်ရှတဲ့ တကောလိုပဲ၊ ဒါရိုက်တာ အဲဒီလူကို သိလား၊ သူက”
” တအားနာမည်ကြီးတာ”
”သူကလေ.....”
”သွားသွားသွား”
ဆုပိုင်က ထိုကောင်ငယ်လေးကို လေထဲသို့ ပစ်ထုတ်လိုက်ပြီး ရုံးခန်းထဲသို့ ပြေးသွားသည်။
သူမြန်မြန် သန့်ရှင်းရေး လုပ်ရမယ်။
သူ့အနံ့သူတောင် မခံနိုင်တော့ဘူး။
ဆုပိုင်က ရုံးခန်းထဲသို့ ဝင်လိုက်သည့်အချိန်တွင် ရှောင်ပိုင်က မြက်ခင်းကြားထဲမှ ခုန်ထလာပြီး ပတ်ဝန်းကျင်ကို သိချင်စိတ်ပြင်းပြစွာနှင့် ကြည့်သည်။
သူဒီလို စိမ်းလန်းတဲ့ မြင်ကွင်းကို မမြင်ဖူးဘူး။ နောက်ပြီး အဝေးမှာ လူတွေ အများကြီး ရှိနေတာလည်း သူမမြင်ဖူးဘူး။
ရုတ်တရက်.....။
ရှောင်ပိုင်က မြက်ခင်းပြင်ထဲတွင် လှဲနေသော တစ်စုံတစ်ယောက်ကို ကြည့်မိသွားသည်။ သူက ငုံ့ကြည့်ပြီး သူ့ခန္ဓာကိုယ်သူ ကြည့်သည်။
တော်တော်လေး တူတာပဲ။
”ဝူး”
သူက စိတ်လှုပ်ရှားစွာအော်ပြီး ထိုပုံရိပ်ထံ ပြေးသွားသည်။
သူက ရှေ့သို့ခုန်လိုက်ပြီး တပိုင်၏ဖင်ပေါ်တွင် တိုက်ရိုက်ပစ်လှဲလိုက်ကာ ခပ်ပြင်းပြင်းပွတ်သည်။
အမွေးတွေကလည်း တူတယ်။ အရောင်ကတော့ နည်းနည်း ခြားနားသလိုပဲ။
”ဟင်”
တပိုင်က သူ၏မျက်လုံးကို ပျင်းတိပျင်းရွဲ ဖွင့်လိုက်ပြီး အနောက်သို့ စိတ်ရှုပ်ထွေးစွာ လှမ်းကြည့်သည်။
ဘယ်အကောင်က သူအိပ်နေတုန်း လာပြီးနှောင့်ယှက်ရဲတာလဲ။
135 03
အသက်မရှင်ချင်တော့ဘူးလား။
သူက နောက်လှည့်လိုက်သည့် အခိုက်အတန့်တွင်..။
”ဝေါင်း”
တပိုင်၏အမွေးများက ထောင်တက်သွားပြီး မြေပြင်မှ ကမန်းကတန်း ထလိုက်သည်။ သူက သူ၏အရှေ့မှ ကောင်ငယ်လေးကို မယုံကြည်နိုင်သလိုကြည်သည်။
မဖြစ်နိုင်တာ။
ဘယ်လိုဖြစ်ပြီး ဒီတစ်ကောင်က ရောက်လာတာလဲ။
....နောက်ပြီးဘာလို့ ဒီကောင်က ဒီလောက်ရုပ်ဆိုးတာလဲ။ မျက်လုံးအောက်မှာလည်း အမည်းကွင်းတွေမရှိဘူး။ ဒါက ပန်ဒါဟုတ်ရဲ့လား။
”မင်းဘယ်နေရာက ရောက်လာတာလဲ”
တပိုင်က သုန်မှုန်သောမျက်နှာနှင့် အရှေ့မှ အမည်းကွင်းများမပါသော ကောင်ငယ်လေး၏ ကိုယ်ကို ဝိုင်းပတ်ကာ လျှောက်ရင်း မေးလိုက်သည်။
”အူး”
”မင်းက ပိုလာဝက်ဝံလား”
ရှောင်ပိုင်က တပိုင်၏ရင်ဘတ်ကို သိချင်စိတ်ပြင်းပြစွာနှင့် လှမ်းကြည့်သည်။ ထို့နောက် လျှာလေးကိုဆန့်ထုတ်လိုက်ရင်း သူ၏နှုတ်ခမ်းကို သပ်သည်။ သူက တဖြည်းဖြည်းချင်း နီးကပ်လာဟန်ပြင်သည်။
ပိုလာဝက်ဝံမဟုတ်လား။
သောက်ကျိုးနည်း ဘာလဲ။
တပိုင်က အရှေ့မှ ပါးစပ်လေးဟထားသော အကောင်ငယ်လေးကို မှင်တက်စွာ စိုက်ကြည့်နေသည့်အချိန်တွင် ထိုကောင်ငယ်လေးက သူ၏ရင်ဘတ်ကို လှမ်းကိုက်လိုက်သည်။
ဝေါင်း။
သူက ချက်ချင်းလိုလို ကြောက်လန့်တကြား နောက်ဆုတ်လိုက်လေသည်။
++++