အခန်း (၁၃၆-၁၃၈)
Vol. 10 Ch. 136-138
အပိုင်း (136)
“ချိ”
သူ၏အရှေ့ဘက် မြက်ခင်းပြင်အတွင်း တွင်းများတူးကာ အသိုက်ဆောက်နေသော လန်မင်ကြွက်များကို မြင်ရသောအခါ ဆုပိုင်က ဘေးဘက်တွင်ရပ်ပြီး စိုးရိမ်မှုအပြည့်နှင့် ရေရွတ်လိုက်မိသည်။
“လန်မင်ကြွက်တွေကြီးလာတဲ့အခါ စတင်ပြီး ထိန်းချုပ်ရမှာကို စိုးရိမ်မိတယ်၊ အရေအတွက်က တအားများနေမယ်”
တိရစ္ဆာန်ရုံထဲရှိ အသားစားတိရစ္ဆာန်များကလည်း သူ၏အမိန့်မရှိဘဲ သတ္တဝါများကို ဖမ်းလိမ့်မည်မဟုတ်ချေ။ သို့ရာတွင် လန်မင်ကြွက်များကမူ အလွန်မြန်ဆန်လွန်းစွာ သားဖောက်နိုင်သည်။
လက်ရှိ ကောင်းကင်ပြာတိရစ္ဆာန်ရုံ၏နေရာက အကန့်အသတ်နှင့်ရှိသည်။ ထို့ကြောင့် အလုံးအရင်းနှင့် သားဖောက်နိုင်ရန် အဆင်မပြေသေးချေ။
သို့သော် ထိုအကောင်များက တစ်ဖန်ထပ်ပြီး သားပွားပြီးသွားသောအခါ တရုတ်နိုင်ငံရှိ အစိုးရကို ပမာဏအချို့ပေးလျက် အလုံးအရင်းနှင့် သားဖွားခိုင်း၍ ရသည်။ ကျန်သော တစ်စိတ်တစ်ပိုင်းကိုသာ တိရစ္ဆာန်ရုံတွင် ဆက်ထားသင့်၏။
သူက တိရစ္ဆာန်ရုံတစ်ပတ် လိုက်ကြည့်၏။
ဆုပိုင်က ကျေနပ်သွားရသည်။ အရာအားလုံးက မှန်ကန်သည့် လမ်းကြောင်းအတိုင်း ဖြစ်နေသည်။
လန်ဒရစ်ဝက်များသည်လည်း အများကြီး ကြီးလာသည်။ မြောင်ထိုက်၏ ဂရုစိုက်မှုအောက်တွင် ပြဿနာမရှိနိုင်ချေ။
အတိတ်တွင် စိုက်ခင်းပြင်များတွင်နေသော တိရစ္ဆာန်များက ရောဂါများအလုံးအရင်းနှင့် ဖြစ်ပွားလာမှုကြောင့် အဆုံးသတ်သွားခဲ့ရသည်။
“ဒါရိုက်တာဆုပိုင်မဟုတ်လား”
ရုတ်တရက် အဝေးဘက်မှ လူတစ်အုပ်လျှောက်လာသည်။ အဝေးမှလှမ်းကြည့်လိုက်သောအခါ လူအိုကြီးတစ်ယောက်နှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်တို့ ဖြစ်ကြောင်း မြင်လိုက်ရသည်။ သူတို့၏မျက်နှာတွင် စိတ်လှုပ်ရှားမှုက အပြည့်ရှိနေသည်။
“ဟယ်လို ဒါရိုက်တာဆုပိုင်၊ ငါက မင်းကို အနှောင့်အယှက်ပေးရတော့မယ်ထင်တယ်၊ ငါတို့တွေ မင်းကိုဒီဟန်ချန်းမှာနေပြီး စောင့်နေတာ တော်တော်လေးကို ကြာပြီ၊ နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့”
“ပထမဦးဆုံးအနေနဲ့ ငါတို့ကိုယ်ငါတို့ မိတ်ဆက်ပေးပါရစေ၊ ငါကတော့ ပေကျင်းရဲ့ ခံတွင်းပျက်ပြန်လည်စောင့်ရှောက်ကုသရေးစင်တာက ဒါရိုက်တာ ကျန့်ဟုန်ပါ၊ ဒီတစ်ယောက်ကတော့ ငါ့ရဲ့လက်အောက်မှာ တာဝန်ယူထားတဲ့ လောင်ဟူပါ”
“အိုး”
ဆုပိုင်က ထိုနှစ်ယောက်ကိုကြည့်ပြီး စိတ်ရှုပ်ထွေးသလို မေးလိုက်သည်။
“ခံတွင်းပျက် ပြန်လည်စောင့်ရှောက်ရေး စင်တာဟုတ်လား၊ ကောင်းကင်ပြာတိရစ္ဆာန်ရုံက ဒီဌာနနဲ့ မပူးပေါင်းထားသလိုပဲ”
“ဟုတ်ပါတယ်”
ကျန့်ဟုန်က သူ၏ဖုန်းကို ထုတ်လိုက်ပြီး သူsaveထားသည့် ဓာတ်ပုံကိုပြသည်။
“ငါတို့အားလုံး ဟန်ကျိုးကို လာခဲ့တာက ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ခဲ့ကြလို့ပါ”
တည်းဖြတ်ထားသော အခန်းများက အတော်လေး ရှည်သည်။ သို့သော် ဆုပိုင်က ကင်မရာ၏အရှေ့တွင် ပင်လယ်စာထိုင်စားနေသော မြင်ကွင်းများသာ ဖြစ်နေလေသည်။
အချိန်တစ်ခုကြာသည်အထိ ဆုပိုင်က အနည်းငယ် စိတ်ရှုပ်နေသေးသည်။
ဒီပုံတွေနဲ့ ခံတွင်းပျက်တာနဲ့ ဘာဆိုင်လို့လဲ။
“အား”
လောင်လုက ဆုပိုင်၏ ပဟေဋိဖြစ်နေသော မျက်နှာထားကိုကြည့်ပြီး သက်ပြင်းချကာ စနောက်လိုက်သည်။
“ဒါက ဒီလိုပါ”
“ငါတို့ စောင့်ရှောက်ထိန်းသိမ်းရေးစင်တာက လူနာတွေက မတော်တဆ မင်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ကြည့်မိသွားတယ်၊ အထူးသဖြင့် အဲဒီက ဂဏန်းကြီးနဲ့ ပတ်သက်တဲ့ vdမှာပေါ့၊ လူနာအများစုက သူတို့ဘာသာ စားသောက်ချင်စိတ်ရှိကြောင်း ဖော်ပြလာကြတယ်”
“ဒါက အရင်က လုံးဝ ဖြစ်ပျက်ခဲ့ဖူးတဲ့ ကိစ္စပဲ”
“အတိတ်မှာ ငါတို့ကလည်း အစားအသောက်အမျိုးမျိုး စားပြပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ ကျော်ကြားသူတွေကို ဖိတ်ခေါ်ခဲ့တယ်၊ လူတိုင်းရဲ့ အရှေ့မှာတင် တိုက်ရိုက်လာပြီး စားသောက်ပြီး တိုက်ရိုက်ထုတ်လွှင့်ခိုင်းခဲ့တယ်၊ ဒါပေမဲ့ ဘာသက်ရောက်မှုမှ မရှိခဲ့ဘူး”
“ဒါပေမဲ့ မင်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီးတဲ့နောက်မှာ ဒါက အစားအသောက်နဲ့ ပတ်သက်တဲ့ ပြဿနာမဟုတ်ဘဲ ပါဝင်ပစ္စည်းတွေနဲ့ ပတ်သက်တာဆိုတာ သိလိုက်ရတယ်”
သူက ထိုသို့ပြောသည်။ လောင်လုက အဝေးရှိ ရုံဟွားကို လက်တစ်ချက်ရမ်းပြလိုက်ပြီး အဝေးတစ်နေရာတွင် ရပ်လျက် စောင့်ခိုင်းလိုက်သည်။ သူမက လက်ထဲတွင် ရှောင်ဟွေးကို ပွေ့ပိုက်ထားသေးသည်။
လောင်လုက သူမ၏ လက်မောင်းထဲမှ ကလေးကို ညွှန်ပြရင်း လေးနက်သော လေသံမျိုးနှင့်ပြောသည်။
“ဒီကလေးဆိုရင် ငါတို့ ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာက လူနာလေးတစ်ယောက်ပဲလေ၊ ဒါရိုက်တာဆုပိုင် သူဒီနှစ် ဘယ်နှနှစ်လို့ထင်လဲ”
ဆုပိုင်က တစ်ချက်လှည့်ပြီး ထိုကလေးကိုကြည့်သည်။ ကလေးက မျက်မှောင်ကြုတ်နေသည်။
ကလေးက ပိန်ကပ်လွန်းနေကတည်းက ပုံမှန်မဟုတ်ဟု ဆိုနိုင်သည်။ သူ၏ အရိုးပေါ်ရှိ အရေပြားများက ခပ်ပါးပါးသာ အုပ်လျက်ရှိတော့သည်။ သူ၏ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မှ အသားများကို မမြင်နိုင်ချေ။
ထိုကောင်ငယ်လေးကို ကြည့်နေရင်းမှ ဆုပိုင်ကလည်း ရူးသွပ်နေသော ပိုလာဝက်ဝံများကို တွေးမိသွားသည်။ တစ်ကောင်ချင်းစီတိုင်းက ယခုလို ဖြစ်နေကြသည်။
136 02
“ငါမပြောနိုင်ဘူး”
ဆုပိုင်က ခေါင်းကို အသာခါရမ်းသည်။
“ဦးလေး ငါက ဒီနှစ်ဆို ကိုးနှစ်ပါ”
ရှောင်ဟွေးက လေသံတိုးတိုးနှင့် လှမ်းပြောသည်။
“ဟုတ်ပါတယ် ဒါရိုက်တာဆုပိုင်”
လောင်လုက ကလေး၏ နဖူးကို အသာနမ်းရှိုက်လိုက်ပြီး ဆုပိုင်ကို နီရဲသော မျက်လုံးများဖြင့်ကြည့်ကာ လေးနက်သော လေသံဖြင့်ပြောသည်။
“အသက်ကိုးနှစ်ကို ရောက်နေတဲ့ ကလေးတစ်ယောက်ရဲ့ အလေးချိန်က 30kgတောင် မရှိဘူး၊ ကျောင်းကတောင်မှ သူ့ကိုလက်မခံဘူး၊ နောက်ပြီး ရှောင်ဟွေးလို ရောဂါကို ခံစားနေရတဲ့ တခြားကလေးတွေလည်း အများကြီးရှိနေသေးတယ်”
“တချို့ကလေးတွေရဲ့ အစာအိမ်တွေက အချိန်အတန်ကြာ မစားမသောက်မှုကြောင့် ကျုံ့သွားကြပြီ”
“ငါတို့က သူတို့ဆက်လက်ပြီး ရှင်သန်နေထိုင်နိုင်အောင် ဆေးတွေပဲ သွင်းပေးနေရတယ်၊ ဒါပေမဲ့ ဒီလိုဆေးသွင်းတာက အခြေအနေကို အရမ်းကြီး မဆိုးသွားအောင် ထိန်းသိမ်းနိုင်ပေမဲ့လည်း ရောဂါကို ဇစ်မြစ်ပျောက်သွားအောင် မလုပ်နိုင်ဘူး၊ ငါတို့မှာလည်း ရွေးချယ်စရာမရှိဘူးလေ၊ ဒါကြောင့် ..”
“ဟုတ်ပါတယ်”
ကျန့်ဟုန်ကလည်း ဘေးဘက်မှ ဝင်ပြောသည်။
“အဆင့်မြင့် ဆေးဝါးစင်တာက ငါတို့ကို သတိပေးထားတယ်၊ အခုရှိနေတဲ့ တိရစ္ဆာန်တွေအားလုံးက အရမ်းကို အဖိုးတန်တယ်၊ ဒါကြောင့် ငါတို့တွေ သနားစရာကောင်းအောင်ပြောပြီး ဝယ်ယူသုံးလို့ မရနိုင်ပါဘူး”
“ဒါပေမဲ့....”
“ခံတွင်းပျက်ရောဂါကို ခံစားနေရတဲ့ လူနာတွေရဲ့ နာကြင်မှုတွေကို မြင်နေရတဲ့အခါ ငါတို့ဆရာဝန်တွေတောင်မှ ရင်နာရပါတယ်”
“ဟူး”
ဆုပိုင်က သက်ပြင်းရှည်ကြီးကို ချသည်။ သူက အသက်ပြင်းပြင်းရှူရင်း အရှေ့မှ လူသုံးယောက်ကိုကြည့်ကာ ရှက်ရွံ့သလို ပြောလိုက်သည်။
“ကောင်းကင်ပြာ တိရစ္ဆာန်ရုံကလည်း တိရစ္ဆာန်တွေက လူသားတွေရဲ့ မိတ်ဆွေတွေလို့ အမြဲတစေ ယုံကြည်ထားခဲ့တာ ဖြစ်တယ်၊ လူသားတွေကလည်း တိရိစ္ဆာနိတွေရဲ့ မိတ်ဆွေတွေပါပဲ”
“ငါတို့က ခံတွင်းပျက် ဝေဒနာကို ခံစားနေရတဲ့ လူနာတွေရဲ့ နာကျင်မှုကို ဖယ်ရှားပေးဖို့ ကူညီပေးနိုင်မယ်ဆိုရင် တိရစ္ဆာန်ရုံတစ်ခုလုံးက ဆန္ဒရှိမှာပါ”
“ဒါပေမဲ့ မင်းတို့အခု မြင်တဲ့အတိုင်းပဲ ၊ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာတွေ့ခဲ့ရတဲ့ စားလို့ရတဲ့ သတ္တဝါတွေက မကယ်ဆယ်ရသေးဘူး၊ အခု ကောင်းကင်ပြာ တိရစ္ဆာန်ရုံထဲမှာ ကယ်ဆယ်ပြီးထားတဲ့ တိရစ္ဆာန်တွေထဲမှာ လန်ဒရစ်ဝက်ကပဲ နေ့စဥ်းစားသုံးဖို့အတွက် လုံလောက်တယ်”
“ဒါပေမဲ့ မြင်နိုင်နေတဲ့အတိုင်းပဲ၊ ဒီမှာ အကောင်၂၀ပဲ ရှိနေတာ၊ ဒီလောက်လူအများကြီးကို ကယ်တင်ချင်ရင် ငါစိုးရိမ်တာက....”
သူက စကားကို အဆုံးမသတ်လိုက်ချေ။ ဘေးဘက်မှ သုံးယောက်က ဆုပိုင်၏ ဆိုလိုရင်းကို နားလည်သည်။
ကောင်းကင်ပြာ တိရစ္ဆာန်ရုံက ကူညီပေးရန် ဆန္ဒရှိသည်။ သို့သော် လက်ရှိအခြေအနေကြောင့် ခက်ခဲနေသည်။
“ဝူး”
ထိုစကားကိုကြားပြီးနောက် ရုံဟွားက ပါးစပ်ကို အုပ်လိုက်ပြီး တစ်ဖက်သို့လှည့်ကာ ရှိုက်ငိုနေလေသည်။ ဘာမှ လုပ်၍မရတော့ချေ။ တတ်နိုင်သော အရာများလည်း မရှိချေ။
သူမက ဒီနေရာသို့မလာခင် အမျိုးမျိုးသော အဆက်အသွယ်များကို အသုံးပြုခဲ့သော်လည်း ရလဒ်ကောင်းကို ရရန် ခက်ခဲကြောင်း နားလည်ထားပြီးသားဖြစ်သည်။
သို့သော် ကိုယ်တ်ိုင်နားဖြင့် နားထောင်ပြီးနောက်တွင် ပြိုလဲကျသွားရသည်။
“အား”
လောင်လုနှင့် ကျန့်ဟုန်တို့က တစ်ယောက်ကိုယ်တစ်ယောက်ကြည့်ပြီး သက်ပြင်းချသည်။
“ဒါဆိုရင် ဒါရိုက်တာဆုပိုင် ဒါတွေကိုစောင့်....”
“ဒါပေမဲ့ တခြားနည်းလမ်းတော့ ရှိလောက်ပါတယ်”
ဆုပိုင်က တစ်ခဏခန့် တွေးတောပြီး ဆက်ပြောသည်။
“ဒီတစ်ကြိမ်မှာ မျိုးပွားနှုန်းတအားမြန်တဲ့ တိရစ္ဆာန်တစ်ကောင်ကိုတော့ ကယ်တင်လာတယ်၊ ဒါပေမဲ့ အဲဒီတိရစ္ဆာန်ရဲ့ ကိုယ်ပေါ်မှာရှိတဲ့ အသားတွေက ဒီလူနာတွေပေါ် သက်ရောက်မှု ရှိချင်မှ ရှိလိမ့်မယ်”
“ရိုးရိုးသားသားပြောရရင် ငါကိုယ်တိုင်တောင် မသိဘူး”
အတိတ်တွင် မြေကမ္ဘာမှ လူနည်းစုကသာ လန်မင်ကြွက်များကို စားကြသည်။
136 03
ဆုပိုင်သည်လည်း ထိုကောင်များ၏ အသွေးအသားများက ခံတွင်းပျက်လူနာများအပေါ် သက်ရောက်မှု ရှိနိုင်ချေ ရှိမရှိ မသေချာချေ။ မည်သို့ပင်ဆိုစေ ဒါဟာ အများက လက်ခံထားသော အစာတစ်ခု မဟုတ်ခဲ့ချေ။
“တကယ်လား”
ထိုစကားကိုကြားပြီးနောက် လောင်လုနှင့် တခြားသောသူများ၏ မျက်ဝန်းက တောက်ပသွာသည်။ သူတို့က တက်ကြွစွာ မေးကြသည်။
“ဒါဆိုရင် အဲဒီလို သတ္တဝါမျိုးကို အသုံးပြုဖို့ ဘယ်လောက်ကြာဦးမလဲလို့ မေးပါရစေ”
ဒါရိုက်တာဆုပိုင်က ပြောသောစကားက ဖြစ်သင့်သော်လည်း သူတို့အားလုံးက ရေနစ်နေသော လူများဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကို ကိုင်ဆွဲမိစေကာမူ ရအောင်ဆွဲပြီး ရုန်းကန်ရပေလိမ့်မည်။
“ရက်၂၀လောက်တော့ လိုအပ်လိမ့်မယ်”
ဆုပိုင်က တွေးတောကြည့်ပြီးနောက် တဖြည်းဖြည်းပြောလိုက်သည်။
အချိန်ရလာသောအခါ လန်မင်ကြွက်မိဘတစ်စုံနှင့် ကိုယ်ဝန်ရှိနေသော လန်မင်ကြွက်၅ကောင်ကို ထည့်တွက်လိုက်သော် အကောင်၆၀ခန့်အထိ ရရှိပေလိမ့်မည်။ နောက်ပြီး ကလေးတစ်ယောက်ချင်းစီတိုင်းက အနည်းဆုံး လန်မင်ကြွက်ဆယ်ကောင်ခန့် မွေးထုတ်ပေးနိုင်လောက်သည်။
နောက်ထပ် ရက်၂၀ခန့် ကြာမည်ဆိုလျှင်မူ အကောင်၆၀ကနေ အကောင်ရာကျော်သွားပေလိမ့်မည်။
******
137 01
အပိုင်း (137)
“တင် ကျေးဇူးပြုပြီး host ခံတွင်းပျက်ရောဂါကို ခံစားနေရတဲ့ လူနာတွေကို ကယ်တင်ပေးလိုက်ပါ၊ အောင်မြင်စွာ ကုသပြီးတဲ့နောက်မှာ hostကို climate circulation systemပါတဲ့ ရေခဲပြင်ကို ဆုလာဘ်အဖြစ် ချီးမြှင့်မှာပါ”
ထိုအခိုက်အတန့်တွင် စနစ်မှအသံက ရုတ်တရက် သူ၏စိတ်အတွင်း ထွက်ပေါ်လာသည်။ ဆုပိုင်ကပင် ကြောင်သွားရသည်။
တကယ်ကို စနစ်ဆိုတဲ့အတိုင်းပဲ။
သူက ငါးဖမ်းတဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ပဲ။ သူသဘောတူမယ်ဆိုတာကို သိနေတယ်။
သို့ရာတွင် စနစ်က ထိုသို့ တာဝန်မထုတ်ပြန်လျှင်ပင် ဆုပိုင်က သဘောတူမည်ဖြစ်သည်။
ထိုလူများ၏ သနားစရာကောင်းအောင် လုပ်ပြသော ဖြစ်ရပ်နှင့် ပတ်သက်ပြီး ဆွံ့အမိသည့်တိုင်အောင် အဆင့်မြင့်ဆေးဝါးစင်တာ၏ သတိပေးချက်ကို ရရှိထားသည့်တိုင်အောင် ကောင်းကင်ပြာတိရစ္ဆာန်ရုံသို့ လာသည့်အချက်ကို နားလည်ပေးနိုင်သည်။ သူတို့တွင် တခြားနည်းလမ်း မရှိသောကြောင့်ဖြစ်သည်။
ထို့အပြင်..... ။
အနှေးနှင့်အမြန်ဆိုသလို လန်မင်ကြွက်မွေးသည့် နယ်မြေတစ်ခုလုံးက ပို၍ မြင့်မားလာဖွယ်ရှိသည်။ ထို့ကြောင့် ဒီအခွင့်အရေးကိုသုံးပြီး ရက်၂၀အတွင်း ခမ်းနားသည့် ပွဲတစ်ခု ကျင်းပလျက် သူတို့၏ အစာအသစ်အား လူအများလက်ခံနိုင်အောင် မိတ်ဆက်ပေးသင့်သည်။
ကောင်းကင်ပြာ တိရစ္ဆာန်ရုံအတွင်းမှ တိရစ္ဆာန်များလောက်နှင့် လန်မင်ကြွက်များ၏ မျိုးပွားနှုန်းကို ထိန်းရန် မဖြစ်နိုင်ချေ။ တင်းတင်းကြပ်ကြပ် ထိန်းချုပ်မှုကလည်း လိုအပ်နေသေးသည်။
ထိုကဲ့သို့သော သတ္တဝါမျိုးက အရေအတွက် မြောက်မြားလာသည်နှင့်အမျှ ပတ်ဝန်းကျင်နယ်မြေတစ်ခုလုံးကို ဆိုးရွားစွာ ထိခိုက်အောင် ဖျက်ဆီးနိုင်လာသည်။
လန်မင်ကြွက်တစ်စုံကို တစ်နှစ်ခန့် မွေးမြူကာ သားဖောက်ပြီးနောက် သူတို့ကို မွေးထားသော နေရာတွင်ရှိသည့် ကျယ်ပြောသော မြက်ခင်းလွင်ပြင်တစ်ခုလုံးက မြက်တစ်ပင်မှမရှိသော နေရာအဖြစ် ပြောင်းလဲသွားနိုင်သည်။
ဒါက တစ်နှစ်တည်းဖြစ်သည်။ ဒုတိယနှစ်ကို ထည့်မတွက်ရသေးချေ။ ထိုသို့ ထည့်တွက်လိုက်လျှင် မြောက်မြားစွာ ပေါ်ထွက်လာသော အကောင်ရေများ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သိနိုင်သည်။ ထို့အပြင် အရေအတွက်က များပြားလွန်းသွားသောအခါ လန်မင်ကြွက်များကိုယ်တိုင်က သေရန် နည်းလမ်းရှာကြရတော့ပေမည်။
ထိုသို့ အဖြစ်ခံမည့်အစား သူတို့ကို ကျယ်ပြောသော နေရာတစ်ခုအတွင်း မွေးမြူထားလိုက်လျှင် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးအတွက် အကျိုးအမြတ် ရှိရုံသာ မကသေးလေဘဲ အရေအတွက်များကိုလည်း ထိန်းချုပ်နိုင်သည်။
ဒါက လန်မင်ကြွက် အသိုင်းအဝိုင်းတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် လုပ်ဆောင်ခြင်းဟုလည်း ဆို၍ရသည်။ သဘာဝတွင် ထာဝရ အုပ်စိုးနိုင်ရန်အလို့ငှာ အရေအတွက် အလွန်များနေ၍မရပေ။
အရေအတွက်က အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားပြီး ပမာဏက အတိုင်းအတာတစ်ခုအထိ များပြားသွားသော် တခြားသော ဇီဝဖြစ်တည်မှု အကောင်များအပေါ် သို့မဟုတ် ဝန်းကျင်များအပေါ် သက်ရောက်မှုက အလွန်ပြင်းထန်သွားနိုင်သည်။
ထိုအတွက်ကြောင့်လည်း အတိတ်တွင် တချို့သော တိုင်းပြည်များက တရုတ်သို့လာပြီး သူတို့၏တိုင်းပြည်မှ အရေအတွက်မြောက်မြားလွန်းသော အခွံမာသတ္တဝါများကို ထိန်းချုပ်ရန် အကူအညီတောင်းကြခြင်းဖြစ်သည်။
သူတို့က မစားတာမဟုတ်ဘဲ စားလို့မကုန်နိုင်တာ။
ထို့ကြောင့် တခြားသောသူများကို အကူအညီတောင်းရသည်။
“ဒါရိုက်တာဆုပိုင် ဒါဆိုရင် ငါတို့ ဘယ်အချိန်ပြလာ...”
လောင်လုက စိတ်လှုပ်ရှားမှုကို ဖိနှိပ်ရင်း သတိအပြည့်ထားကာမေးသည်။
“ရက်၂၀လောက်နေရင် ပြန်လာခဲ့ပါ၊ ကောင်းကင်ပြာတိရစ္ဆာန်ရုံအတွင်းမှာ အစားအသောက်စမ်းသပ်တဲ့ပွဲကိုလည်း ကျင်းပသွားမှာပါ၊ ဝင်ပါတဲ့သူတိုင်းက အိမ်မှာ လူနာတွေရှိမှ ဖြစ်လိမ့်မယ်”
ဆုပိုင်က ခေါင်းညိတ်လိုက်ပြီး အပြုံးနှင့်ပြောလိုက်သည်။
ဒီတာဝန် ပြီးမြောက်အောင်မြင်ပြီးနောက် သူ၏စနစ်ထဲတွင် မည်သည့်အံ့အားသင့်မှုအမှတ်မှ မကျန်ရစ်တော့ချေ။ သူက လန်မင်ကြွက်များ၏ အခြေအနေကို အခွင့်ကောင်းယူပြီး အံ့အားသင့်မှုအများကြီး စုဆောင်းလျက် နောက်တာဝန်တစ်ခုကို လုပ်ဆောင်ရပေလိမ့်မည်။
လူအများကို လိုက်ပို့ပြီးနောက် ဆုပိုင်က တိရစ္ဆာန်ရုံအတွင်း လျှောက်ပတ်လိုက်သည်။ 11နာရီထိုးအထိ လှည့်ပတ်ကြည့်ရှုနေဖြစ်သည်။
ထို့ကြောင့် တိရစ္ဆာန်များအားလုံးက အလယ်ဗဟိုရှိ မြက်ခင်းပြင်တွင် စုစည်းကာ အစည်းအဝေးထိုင်နေကြသည်။
ဟုတ်တယ်။
ဆုပိုင်ကလည်း အကြံပေါင်းများစွာကို သုံးရန်ကြံစည်နေရသည်။
137 02
မည်သို့ပင်ဆိုစေ ရက်၂၀ခန့်နေမှသာ တာဝန်များကို ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထိုအချိန်ကာလအတောအတွင်း နေ့စဥ်နှင့်အမျှ လာရောက်နေသော အတိုင်းအတာတစ်ခုခန့်သာရှိသည့် ကြည့်ရှုသူများ၏ အံ့အားသင့်မှုအမှတ်များကို မှီခိုနေ၍မရချေ။
ပြောရမည် ထိုပမာဏက မလုံလောက်ချေ။
သူတို့အားလုံးက တိရစ္ဆာန်များ ဖြစ်နေသော်လည်း လန်ဒရစ်ဝက်များနှင့် လန်မင်ကြွက်များကဲ့သို့ အရေအတွက်ပွားနိုင်သော အကောင်များကလွဲပြီး ကျန်သောအကောင်များအားလုံးက ဉာဏ်ရည်အလွန်မြင့်သည်။
“ဟေး ငါ မင်းတို့ကိုပြောပါဦးမယ်၊ ဒါရိုက်တာက ခဏနေ အစည်းအဝေး စတော့မယ်၊ ဘာလို့ မင်းတို့ မထိုင်နေကြတာလဲ”
ငှက်တောက ဆုပိုင်၏ပခုံးပေါ်တွင် နားနေပြီး အောက်ဘက်မှ တိရစ္ဆာန်များကို မာနတကြီး ငုံ့ကြည့်လိုက်သည်။ သူက ခမ်းနားထည်ဝါသော အသံဖြင့် ဆူပူလိုက်သေးသည်။
“မင်း ဘာကြည့်နေတာလဲ၊ ဘာလာကြည့်တာလဲ”
“နောက်ပြီး မိန်းကလေး ရွှေမြွေကို ကြည့်စမ်း၊ သေသေသပ်သပ်လေးနဲ့ ရစ်ခွေပြီး မလှုပ်မရှားဘဲ နေနေတာ ၊ ဘယ်လောက် လိမ္မာလိုက်သလဲ၊ နောက်ပြီး မင်းတို့အဖေနဲ့သား စားစရာတွေ လုနေကြပြန်ပြီလား”
“အူး”
တပိုင်က မြက်ခင်းပြင်ပေါ်တွင် လှဲနေပြီး မောက်မာသော ငှက်တောကိုကြည့်ကာ အော်သည်။ သူက တဖြည်းဖြည်းချင်း ကုန်းထလာသည်။ ဝက်ဝံလေးက မြေပြင်ပေါ်တွင် ထိုင်နေသည်။
“အူး”
“ဘာနားထောင်ရမှာလဲ”
ရှောင်ပိုင်က နောက်မှကပ်လိုက်လာပြီး ပန်ဒါကြီးကိုမှီလျက် ခပ်တိုးတိုးပြောသည်။
ဟင်။
ဒီကောင်က အခုတလော တော်တော်လေး ထောင်လွှားနေတယ်။ သူ့ကို တောင် အများရှေ့မှာ ရယ်ရဲတယ်။ အသက်ရှင်ရတာ ပင်ပန်းနေပြီလား။
“အစည်းအဝေးပြီးသွားတဲ့အခါ ဒီကောင်ကို ရှင်းလင်းဖို့ အချိန်တွေအများကြီး ရမှာပဲ”
တပိုင်က သူ၏မွေးစားသားလေး၏ နဖူးကို အသာပုတ်လိုက်ပြီး နှုတ်ခမ်းများကို ကော့တက်ကာ ပြုံးလိုက်သည်။
ရင်းနှီးကျွမ်းဝင်စွာ ညှိနှိုင်းပြီးနောက် ရှောင်ပိုင်လေးက ကောင်းကင်ပြာတိရစ္ဆာန်ရုံ၏ ပန်ဒါဥယျာဥ်အတွင်းသို့ အောင်အောင်မြင်မြင် ဝင်လိုက်နိုင်သည်။ ထိုသို့ဖြင့် သူဟာ တပိုင်၏ ကျော်ကြားသော မွေးစားသားလေးဖြစ်သွားသည်။
“ကောင်းပြီကောင်းပြီ၊ ငါဒီနေ့ လူတွေအားလုံးကို ဒီနေရာမှာ စုစည်းလိုက်ရတာက ဆွေးနွေးစရာရှိလို့ပဲ”
ဆုပိုင်က လက်ကို ဆန့်ထုတ်လိုက်ရင်း အားလုံးကို တိတ်တိတ်ငြိမ်ရန် အမူအယာပြပြီး ပြုံးလျက်ပြောသည်။
“ငါတို့ရဲ့ တိရစ္ဆာန်ရုံက သိပ်မဝေးတော့တဲအနာဂတ်မှာ လူအများကြီး ရောက်လာပြီး ကြည့်ရှုနိုင်မဲ့ ပွဲတစ်ခုကို ကျင်းပဖို့ ရှိတယ်၊ ဘယ်လိုပွဲမျိုး လုပ်သင့်လဲ၊ ငါမင်းတို့ရဲ့ ထင်မြင်ချက်တွေကို ကြားချင်တယ်”
“မင်းတို့ လွတ်လွတ်လပ်လပ် ပြောလို့ရတယ်၊ ဒါပေမဲ့ မပြောခင်မှာ လက်တွေကို မြှောက်ပေးဖို့ အကြံပေးချင်တယ်”
“ဟစ်ဟစ်”
ရုတ်တရက် ပျင်းတိပျင်းရောအသံလေးက ထွက်လာပြီး ရွှေမြွေလေးက သူမ၏လျှာလေးကို ထုတ်လာလျက် စိတ်ရှုပ်ထွေးမှုအပြည့်နှင့် လှမ်းကြည့်လာသည်။
“အာ”
ဆုပိုင်က အနည်းငယ် ကြောင်အသွားပြီး ရှက်ရွံ့စွာဖြင့် ခေါင်းကိုကုတ်လိုက်သည်။
ငါမေ့နေတာ။ သူတို့တွေမှာ လက်မှမရှိတာ။
“ဒါဆိုရင်လည်း တစ်ယောက်ချင်းစီပြောပေါ့”
“လာ ခေါင်းပြာတကော အရင်စပါလား”
ဆုပိုင်က အထင်သေးသော မျက်နှာထားဖြင့် ကြည့်နေသော ခေါင်းပြားတကောကို ရယ်လျက် လှမ်းပြောလိုက်သည်။
“ကွက်”
ပျားရည်ခွေးတူဝက်တူက သူ၏ခေါင်းလေးကို မော့ထားပြီး ကျဥ်းမြောင်းသော မျက်လုံးဖြင့် တစ်ချက်လှမ်းကြည့်လာသည်။ သူက လျှို့ဝှက်စွာဖြင့် တွေးတောနေပြီးလောက် လာပြောသည်။
“တိုက်ခိုက်ကြမလား၊ တိုက်ခိုက်ရေး ပွဲဆိုရင်ရော၊ ဒါဆိုရင် ဘယ်လောက်တောင် စိတ်အားထက်သန်ဖို့ကောင်း....”
“ကောင်းပြီ နောက်တစ်ယောက်က ဟာလီ”
ဆုပိုင်က ခပ်မြန်မြန် ကျော်လိုက်သည်။
လာနောက်နေတာလား။ လာကြည့်မဲ့သူအားလုံးက ကလေးတွေလေ။ ဘယ်လိုများ တိုက်ခိုက်မှာလဲ။ သေဖို့လား။
ထို့အပြင် ဒီနေရာမှာ ငှက်တွေနဲ့ ဆင်တွေကလွဲပြီး ဘယ်သူကများ မင်းကိုယှဥ်နိုင်လို့လဲ။
“ပြေးကြမလား”
ဟာလီက အချိန်အတန်ကြာအောင် တွေးတောပြီးနောက် မသေချာမရေရာသလို အော်သည်။
“အဓိပ္ပါယ်မရှိတာ၊ ဒါက လူတန်းစားခွဲခြားတာပဲ”
ထိုစကားကို ကြားပြီးနောက် ငှက်တောက ခပ်မြန်မြန် တောင်ပံကိုဖြန့်ပြီး တိရစ္ဆာန်များ၏ ခေါင်းပေါ်မှ ကျော်ဖြတ်လျက် အော်သည်။
“ငါတို့ငှက်တွေကို ထည့်မတွေးတော့ဘူးလား၊ ခေါင်းဆောင်ရွှေသိမ်းငှက်၊ အစ်ကိုကြီးလင်းတ၊ ငါတို့တွေ ဒီအခြေအနေကို ဘယ်လိုသည်းခံကြမလဲ”
“ခြေထောက်အများကြီးရှိတဲ့ ဒီကောင်တွေကို ကျော်ပြီး ငါတို့က ဘယ်လိုပျံရမလဲ၊ ဒါက မမျှတဘူး၊ ငါ....”
သူ၏စကားမဆုံးသေးခင် အဖြူအမည်း ပုံရိပ်တစ်ခုက ခပ်မြန်မြန် ထရပ်လာသည်။ ဝက်ဝံလက်သည်းက သူ့ကို ခပ်မြန်မြန် ဖြတ်ရိုက်လိုက်သည်။
“အူး”
“blind dateအစည်းအဝေးပွဲဆိုရင်ရော၊ ဒါက တော်တော်လေး ကျော်ကြားနေတာမဟုတ်လား၊ ပန်ဒါကြီးကို ထောက်ပံ့ချင်တဲ့ ဘယ်သူမဆို ငါနဲ့အတူ လာရပ်လို့ရတယ်”
တပိုင်က ခေါင်းကိုမော့ပြီးအော်သည်။
137 03
“မဟုတ်ဘူး ငါကတော့ သစ်ပင်ပေါ်တက်တာက ကောင်းတယ်လို့ထင်တယ်”
“ပေါက်ကရတွေ ရေချိုးတဲ့ပွဲဆိုရင်ရော ဘယ်လိုလဲ၊ ဒါမှမဟုတ် ရေမှုတ်တဲ့ပွဲဆိုရင်ကော”
“ပျံတဲ့ပွဲက ပိုကောင်းတယ်”
“.....”
ဆုပိုင်က ဝရုန်းသုန်းကား ဖြစ်နေပြီး ဆူပူနေသည့် တိရစ္ဆာန်အုပ်ကို ကြည့်ကာ ဆွံ့အသွားသည်။ သူ၏ မျက်မှောင်ကလည်း ကြုတ်နေမိပြီဖြစ်သည်။
တိရစ္ဆာန်တစ်ကောင်ချင်းစီတိုင်းက သူတို့အတွက် အားသာချက်များကို ထုတ်ပြောနေကြသည်။ သို့သော် .....။
“ကြည့်ရတာ ဆင်တွေပြောတာ မှန်လောက်တယ်၊ ရေပက်တဲ့ပွဲက မဆိုးဘူး”
ဆုပိုင်က တွေးတောမိသည်။
ဒီနေရာက တရုတ်နိုင်ငံ၏ တောင်ပိုင်းနယ်မြေကြီးဖြစ်ပြီး တခြားအာရှတိုင်းပြည်များတွင်ဆိုလျှင် နှစ်စဥ်နှင့်အမျှ ရေလောင်းသော ပွဲတော်များကို ကျင်းပလေ့ရှိသေးသည်။
နောက်ပြီး အဲဒီအချိန်မှာ ဆင်တွေတောင် ပါလို့ရလောက်တယ်။
နောက်ပြီး ဒီလိုပွဲမျိုးကို ကလေးတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားချင်ကြမှာပဲ။
အပြင်ဘက်အပူချိန်က အတော်လေး နိမ့်လာသော်လည်း ကောင်းကင်ပြာတိရစ္ဆာန်ရုံအတွင်းရှိ အစီစဥ်တကျ ထိန်းထားသော စနစ်ကြောင့် အပူချ်ိန်က ၂၅ဝန်းကျင်ခန့် ရှိနေလေသည်။ ထို့ကြောင့် ဒီပွဲကို ကျင်းပရန် သင့်လျော်သည်။
ဝရုန်းသုန်းကားဖြစ်နေသော လူအုပ်ကို လျစ်လျူရှုလိုက်ပြီးနောက် ဆုပိုင်က နောက်သို့လှည့်ကာ ရုံးခန်းထဲသို့ ဝင်သွားလိုက်သည်။
ထားလိုက်ပါတော့ ရေပက်တဲ့ပွဲပဲ လုပ်ကြတာပေါ့။ ဒါပဲ။
+++++
138 01
အပိုင်း (138)
“မား ဒါက ဘာလဲ”
ထိုအချိန်တွင် ချင်တု၏ mallအတွင်းမှ လူအများဆုံး အောက်ထပ်တွင် လူအုပ်က စုစည်းနေကြပြီး အထက်ဖန်သားပြင်တွင် ပေါ်နေသည့် ကြော်ငြာကို ကြည့်နေကြသည်။
အဖိုးဖြစ်သူ၏ လက်ကြီးကို ကိုင်ထားသော ကောင်မလေးတစ်ယောက်က ခေါင်းလေးကိုမော့ပြီး ထိုဘန်ဒါတွင်ပါသည့် တိရစ္ဆာန်တစ်အုပ်ကို လက်ညှိုးထိုးကာ ချိုမြိန်သော လေသံနှင့်ပြောသည်။
“ဒါက ကောင်းကင်ပြာတိရစ္ဆာန်ရုံက တပိုင်တို့မဟုတ်လား၊ သူတို့ဘယ်လိုဖြစ်ပြီး ဒီနေရာကို ရောက်နေတာလဲ”
“အဖိုး အဖိုးကြည့်ဦး အဲ အဲဒါ ဘာရေးထားတာလဲ”
“သူတို့ ဒီနေရာကိုလာပြီး ယိုယိုတို့နဲ့ ကစားမှာလား”
“ဟားဟား”
လူအိုကြီးက မြေးမလေး၏ နီရဲနေသောပါးကို ချစ်မြတ်နိုးစွာ အသာတို့ထိဆိတ်လိုက်ပြီး ရယ်မောကာပြောသည်။
“သူတို့က ဒီနေရာကိုလာပြီး ယိုယို့ကို ဏှာတာမဟုတ်ဘူး၊ လာ သူတို့က ယိုယို့ကို သူတို့နဲ့လာကစားဖို့ ဖိတ်ခေါ်ထားတာ”
“သူတို့က ကြော်ငြာတော် ပို့ထားရအောင် ယိုယို့ကို တအားချစ်လို့ဖြစ်လိမ့်မယ်”
“တကယ်လား”
ယိုယို့၏ မျက်ဝန်းများက ချက်ချင်းလိုလို ပြူးကျယ်သွားပြီး ပါးစပ်လေးကိုအုပ်ကာ အံ့အားတကြီးပြောသည်။
“အဲဒီလိုရေးထားတာလား ဟီးဟီးဟီး”
“ဟုတ်တယ် အိမ်ပြန်ပြီး အဝတ်အစား မြန်မြန်သွားလဲတော့၊ အတွင်းမှာ တအားနွေးနေမှာ၊ အဖိုးက မြေးမလေးဝတ်ဖို့ အလှဆုံး ဂါဝန်လေးကို ထုတ်ပေးမယ်၊ ဒီတစ်ကြိမ် တပိုင်ကို ကျွေးဖို့အတွက် ဝါးမျှစ်တွေကိုလည်း သယ်သွားရမယ်”
“ဟားဟားဟား”
အဖိုးကြီးက ကောင်မလေး၏ ချစ်စရာကောင်းသော မျက်နှာလေးကိုကြည့်လိုက်ပြီး ရယ်မောလိုက်၏။
“ကောင်းပြီကောင်းပြီ သွားရအောင်၊ အိမ်ကိုပြန်ပြီး ယိုယို့ရဲ့အဝတ်အစားတွေကို လဲကြမယ်၊ တစ်မိသားစုလုံးက ယိုယိုနဲ့အတူ ကောင်းကင်ပြာတိရစ္ဆာန်ရုံကို သွားမယ်၊ ဟုတ်ပြီလား ဒီညသွားမယ်”
“အိုးအိုးအိုး အဘိုးက တအားချစ်ဖို့ကောင်းတာပဲ မွ”
ယိုယိုက သူမ၏လက်ကလေးများဖြင့် လက်ခုပ်တီးနေရင်း ပြုံးရယ်နေသည်။ ထို့နောက် အဘိုးဖြစ်သူကို အသာနမ်းလိုက်ပြီး အိမ်သို့ အမြန်ပြန်ရန် ဆွဲခေါ်သွားလေသည်။
“ဟစ် ကောင်းကင်ပြာတိရစ္ဆာန်ရုံမှာ ပွဲကျင်းပမှာပဲ၊ တိရစ္ဆာန်ရေ ပက်ဖျန်းခြင်းပွဲ ဟုတ်လား၊ သတ္တိရှိလွန်းလို့ ငါတို့နဲ့လာပြီး တိုက်ခိုက်ချင်တာပေါ့”
“အားအားအား ငါသေချာပေါက် သွားရမယ်၊ တိရစ္ဆာန်လေးတွေနဲ့ရေတိုက်ပွဲ ဆင်နွှဲရမှာပေါ့၊ တွေးကြည့်ရုံနဲ့တင် စိတ်ဝင်စားဖို့ကောင်းတယ်၊ ငါ၂၀၁၆က တိရစ္ဆာန်ရုံ ပက်ဖျန်းခြင်းပွဲဆိုတဲ့ နန်တုမှာ ကျင်းပခဲ့တဲ့ပွဲအကြောင်း ဖတ်ထားကြည့်တာ တော်တော်လေးကို ပျော်စရာကောင်းတယ်ဆိုပဲ၊ တိရစ္ဆာန်တွေသာ ဝင်ပါမယ်ဆိုရင် ပိုပြီးတော့ ပျော်စရာကောင်းသွားလိမ့်မယ်”
“ကောင်းကင်ပြာတိရစ္ဆာန်ရုံက ဘယ်မှာလဲ၊ ဘာလို့ တုံ့ပြန်မှု ဒီလောက်ကြီးနေတာလဲ”
“ဟားဟား ကောင်းကင်ပြာတိရစ္ဆာန်ရုံမှာ ရှိနေတဲ့ တိရစ္ဆာန်တွေအကြောင်းကို မင်းမသိဘူးလား၊ ဘာလဲ မင်းတို့ရက်ကွက်ထဲမှာ အင်တာနက်မရလို့လား”
“တရုတ်နိုင်ငံမှာ ကယ်တင်ခံထားရတဲ့ အစစ်အမှန်တိရစ္ဆာန်တွေရှိတဲ့ တစ်ခုတည်းသော တိရစ္ဆာန်ရုံကြီးလေ၊ မင်းမသွားရင် နောင်တရနေလိမ့်မယ်”
........။
138 02
တိရစ္ဆာန်များပါသော ဖန်သားပြင်ကြီး၏အရှေ့တွင် ရပ်လျက်ရှိနေကြသော လူအုပ်ကို မြင်သောအခါ လူတိုင်းက မှင်တက်သွားကြသည်။
တိရစ္ဆာန်ရုံက ဒီလိုပွဲမျိုး ကျင်းပမယ်လို့ မထင်ထားဘူး။
သို့ရာတွင် လူတိုင်းကလည်း ထိုပွဲတွင် သေချာပေါက် ပါဝင်ရမည်ဟု ဆုံးဖြတ်ထားကြသည်။
“ကြည့်ပါဦး ပွဲပြီးသွားတဲ့အခါ ဆုလာဘ်ချီးမြင့်တာတွေ ရှိသေးတယ်”
ရုတ်တရက် လူအုပ်ထဲမှ တအံ့တသြ အော်သံက ထွက်လာသည်။
လူတိုင်းကလည်း ထိုအခါမှသာ ပြောင်းလဲသွားသော ဖန်သားပြင်ကို သေချာစိုက်ကြည့်မိကြသည်။
လိမ္မော်ရောင်ဆံပင်နှင့် ကောင်ငယ်လေးတစ်ယောက်က ဖန်သားပြင်တွင် ပေါ်ထွက်လာပြီဖြစ်သည်။ သူက သေးငယ်သော မျက်ဝန်းတစ်စုံနှင့် အရှေ့မှ ကြီးမားသော ထမင်းစားပန်းကန်ဖြူကြီးကို စိုက်ကြည့်ရင်း ပြုံးလိုက်သည်။
“ငါက လန်မင်ပါ၊ ငါပထမဦးဆုံးအကြိမ် ပွဲဦးထွက်တာ၊ အနိုင်ရသူ ထိပ်ဆုံးအယောက်၂၀က လန်မင်ကြွက်သားကို အလကား မြည်းစမ်းခွင့် ရမှာလေ”
“အားလုံးပဲ လာပြီး reviewကောင်းကောင်းပေးဖို့ မျှော်လင့်ပါတယ်”
“ဝိုး”
လူအုပ်က ပွက်လောရိုက်သွားသည်။
ဒီကြော်ငြာက ဘာကိုဆိုလိုတာလဲ။
ကောင်းကင်ပြာ တိရစ္ဆာန်ရုံက အခု လူသားတွေစားသုံးဖို့ အဆင်ပြေသင့်လျော်မဲ့ တိရစ္ဆာန်မျိုးကိုတောင် ကယ်ဆယ်နိုင်လိုက်ပြီလား။
နောက်ပြီး ဒီချစ်စရာကောင်းတဲ့ကောင်လေးက အစားခံရမဲ့သူလား။
လူတိုင်းက အနည်းငယ် တွန့်ဆုတ်သွားကြသည်။ ဖန်သားပြင်တွင် ပေါ်လာသော ကောင်ငယ်လေးကို စားစရာအဖြစ် ပြောင်းရမည့် အခြေအနေကို တွေးမိသော် အားလုံး၏ ခံစားချက်များက ရှုပ်ထွေးသွားကြသည်။
ရုတ်တရက် ဖန်သားပြင်ပြီးက ပြောင်းလဲသွားပြန်သည်။ ဒီတစ်ကြိမ်တွင် ဖန်သားပြင်ပေါ်တွင် သိပ်သည်းလွန်းသော ကြွက်အုပ်က ပေါ်နေသည်။ ဒါက ကွန်ပျူတာကိုသုံးပြီး special effect သုံးထားခြင်းဖြစ်သည်။ သို့သော် အရေအတွက်က လူတိုင်းကို ဆံပင်မွေးထောင်ထသွားစေလောက်အောင် မြောက်မြားလွန်းနေသည်။
ထို့နောက် ကြီးမားသော စာတန်းတစ်တန်းက ပေါ်လာသည်။
“ငါတို့ရဲ့ အရေအတွက်ကို မစိုးရိမ်ပါနဲ့၊ ဒါက ငါတို့ရဲ့ မိသားစုလေ၊ ငါတို့ရဲ့ လန်မင်ကြွက်မိသားစုပေါ့၊ ငါတို့က တစ်နှစ်မှာ ၁.၅သန်းလောက်အထိ အကောင်ရေပွားနိုင်တယ်”
“နောက်ပြီး ရက်၂၀တည်းနဲ့နော်”
“ငါတို့က ကောင်းကင်ပြာ တိရစ္ဆာန်ရုံမှာ မင်းတို့ကိုစောင့်နေမယ်၊ ဘာမှမစားဘဲလာဖို့ သတိရဦးနော်”
“သေစမ်း ဆိုလိုတာက တစ်နှစ်တည်းနဲ့တင် ဒီလိုအကောင်၂ကောင်က တစ်သန်းကျော်တဲ့အထိ သားပွားနိုင်တာလား၊ ငါမယုံနိုင်ဘူး၊ ဒါက ကြောက်စရာကောင်းလွန်းတယ်”
“မယုံနိုင်စရာပဲ၊ ဒါပေမဲ့ ကောင်းကင်ပြာတိရစ္ဆာန်ရုံကတော့ ပေါက်ကရပြောမှာမဟုတ်ဘူး၊ ဆိုလိုတာက ဒီတစ်ကြိမ်မှာ ငါတို့အသားအစစ်ကို စားနိုင်တော့မယ်”
“အား အသားအစစ်၊ မဟုတ်သေးဘူး တိရစ္ဆာန်ရေပက်ဖျန်းခြင်းပွဲမှာ ဝင်ပါမဲ့လူတွေက တော်တော်လေးကို များနေမှာသေချာတယ်၊ ငါပြန်ပြီး ပြင်ဆင်ရမယ်”
......။
ကြောက်မက်ဖွယ်ကောင်းလောက်အောင် သားဖွားနိုင်သော စွမ်းရည်ရှိသည့် လန်မင်ကြွက်များကို မြင်လိုက်ရပြီးနောက် သူတို့၏ နှလုံးသားထဲရှိ ပြင်းပြသော ခံစားချက်များက ပျောက်ပြယ်သွားပြီဖြစ်သည်။ ထိုသားဖွားနှုန်းက အလွန်မြောက်မြားလွန်းသည်။ ထို့ကြောင့် သူတို့က စားသောက်မည်ဆိုလျှင်ပင် ပြဿနာမရှိနိုင်တော့ချေ။ သူတို့က ပြန်လည်ပြီး မျိုးတုန်းသွားဦးမည်မဟုတ်ချေ။
138 03
ထိုအကြောင်းအရာကို တွေးမိသော် ထိုလူအုပ်ကလည်း SEG mallမှ အမြန်ထွက်သွားကြသည်။
ထိုအချိန်တွင် ကောင်းကင်ပြာတိရစ္ဆာန်ရုံက ချင်တုတွင်ရှိသောလူများအတွက်သာ ကျော်ကြားခြင်းမဟုတ်ဘဲ တရုတ်နိုင်ငံ တစ်နိုင်ငံလုံးရှိ လူတိုင်းကိုပင် မွှေနှောက်နိုင်သွားသည်။
သေချာပေါက် ပြန်ပြီး မြန်မြန်ပြင်ဆင်ရမယ်။
ရေနဲ့နီးတဲ့သူတွေက လမျှော်စင်ထဲကို အရင်ရောက်နိုင်လိမ့်မယ်။ တခြားစီရင်စုက လူတွေက ဒီစီရင်စုက လူတွေကို ကျော်ပြီး ထိပ်ဆုံးစာရင်းကို မဝင်နိုင်စေရဘူး။
.......။
မြို့တော်....။
တိရစ္ဆာန်ကယ်ဆယ်စောင့်ရှောက်ရေးဌာန အစည်းအဝေးခန်း....။
“ငါတို့က ဒါရိုက်တာဆုပိုင်ကို မဆက်သွယ်သေးခင် လန်မင်ကြွက်လို သတ္တဝါမျိုးကို အောင်အောင်မြင်မြင် ကယ်ဆယ်လိုက်နိုင်မယ်လို့ မထင်ထားဘူး၊ နောက်ပြီး ဒီကျင်းပတဲ့ပွဲက တော်တော်လေးကို အဆင်ပြေသွားတယ်၊ ဖတ်စာအုပ်ထဲမှာတောင် ထည့်သွင်းထားသင့်တဲ့ ပွဲတစ်ပွဲလိုပဲ”
“ရေပက်ဖျန်းခြင်းပွဲကိုသုံးပြီး လူတွေကို အရင်ဆုံး ဆွဲဆောင်တယ်၊ အဲဒီနောက် လန်မင်ကြွက်သားကို အရသာခံရမယ်ဆိုတဲ့ဆုနဲ့ ကမ်းလှမ်းတယ်၊ ဒါက လူတွေအများကြီးကို ဝင်ပါချင်စိတ် ဖြစ်လာစေမှာပဲ”
နန်ကုန်းယွမ်က သူ၏ လက်နှစ်ဖက်လုံးဖြင့် အစည်းဝေးခန်းမရှိ စားပွဲကြီးကို ထောက်ထားသည်။ သူကတဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ဘေးဘက်ရှိ လက်ထောက်ကို လှမ်းပြောလိုက်သည်။
“မြန်မြန်လေး ငါ့အတွက် လက်မှတ်တစ်စောင်ဖြတ်ပေး၊ ငါလည်း ကောင်းကင်ပြာတိရစ္ဆာန်ရုံကိုသွားမယ်”
“အာ”
“ဒါရိုက်တာ ငါတို့ရှေ့ဆုံးကနေ ကြည့်လို့တော့ ရပါတယ်၊ သွားစရာထိတော့ မလိုပါဘူး၊ အဲဒီမှာလည်း လူတွေအများကြီး ရှိနေမှာပဲ၊ နောက်ပြီး ဒါရိုက်တာရဲ့ လုံခြုံရေးက...”
လက်ထောက်က အကူအညီရလိုရငြား တခြားသော ခေါင်းဆောင်များကို ကြည့်သည်။ ခေါင်းဆောင်တိုင်းက အနည်းငယ် ရှက်နေကြသည်။
ဒါရိုက်တာ နန်ကုန်းသည် ဒီနှစ်တွင် အသက်၇၀ ပြည့်လေပြီ။ ထို့ကြောင့် ရှေ့တန်းသို့ ကိုယ်တိုင်သွားရန် မလိုအပ်တော့ချေ။
“ပေါက်ကရတွေ”
“ငါကလည်း ဒီပွဲမှာ ဝင်ပါရမှာပေါ့၊ ငါက သေချာပေါက် အတော်ဆုံး ဖြစ်မှာပဲ”
နန်ကုန်းယွမ်က လက်ထောက်ကို စူးစိုက်ကြည့်လိုက်ပြီး ယုံကြည်မှုအပြည့်နှင့်ပြောသည်။
“ငါတို့အဘိုးကြီးတွေက လုံလောက်အောင် နားပြီးပြီ၊ ငါတို့ဒီလိုပွဲတွေမှာ အနည်းနဲ့အများ ဝင်ပါသင့်တယ်မဟုတ်လား၊ ဒီတစ်ကြိမ်မှာ မင်းတို့ဆန္ဒရှိရင် သွားလို့ရတယ်၊ ဒါပေမဲ့ အရာအားလုံးက ကိုယ့်စားရိတ်နဲ့ကိုယ် ခံရမယ်၊ ဌာနက တည်ထောင်ထားခါစပဲ၊ ဒီတော့ ဌာနထဲက ပိုက်ဆံတွေစိုက်ယူဖို့ မစဥ်းစားနဲ့၊ ငါတောင်မှ ငါ့စားရိတ်ငါပေးမှာ”
သူက ထိုသို့ပြောပြီး ဘေးနားရှိလက်ထောက်ကို ဖျန်းခနဲ ရိုက်လိုက်သည်။
“ဘာကြောင်နေတာလဲ၊ မြန်မြန်သွားပြီး လက်မှတ်ဖြတ်တော့လေ၊ တခြားအဘိုးကြီးတွေကို အရင်မဦးစေနဲ့”
“အို နန်ကုန်း မင်းကျင့်ဝတ်တောင် မရှိတော့ဘူးလား”
“ဟုတ်တယ် ဟုတ်ယတ် ငါလည်း ဒီလိုပဲ လုပ်ရမယ်”
ထိုသို့ဖြင့် အားလုံးက လက်မှတ်ထဖြတ်ရန် ကြံစည်နေကြသည်။
“ဟားဟားဟား အဘိုးကြီးတွေ၊ ငါနန်ကုန်းကို စောင့်ကြည့်ထားမယ်၊ ငါသေချာပေါက် သူ့ကိုပဲ ရေပက်မှာ၊ ဘယ်သူ့ကို ကြောက်ရမှာလဲ”
ထိုသို့ဖြင့် ရုံခန်းထဲတွင် အသက်၅၀ ကျော် လူအိုကြီးတစ်အုပ်က သဘောတကျ ရယ်မောကာ အော်ဟစ်နေကြပြီး နန်ကုန်းကို တားရန်ကြံစည်ကြသည်။
“ကောင်းပြီကောင်းပြီ အဲဒီကို သွားကြတာပေါ့”
နန်ကုန်းကလည်း လူတစ်အုပ်ကို ကြည့်လိုက်ပြီး စားပွဲကို ဖြောင်းခနဲရိုက်ကာ ခေါင်းမာမာနှင့် အော်လိုက်သည်။
ကောင်းပြီလေ။
တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနက တည်ထောင်ထားသည်မှာ အချိန်တစ်ခု ကြာပြီဖြစ်သည်။ နောက်ဆုံးတွင် အမှန်တကယ် လှုပ်ရှားရမည့် နေ့ရက်က ရောက်ရှိလာပြီဖြစ်သည်။
သူတို့နောက်ဆုံးတော့ အစစ်အမှန်တိရစ္ဆာန်တွေကို အပြင်ဘက်မှာ အမှန်တကယ် တွေ့နိုင်တော့မယ်။
ဒီတစ်ကြိမ်.....။
သူတို့၏ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနက မည်သူ့အပေါ်မှ စိတ်မပျက်စေရအောင် ကြိုးစားရမည်။ သို့မဟုတ်လျှင် သူတို့က ထိုတိရစ္ဆာန်များကို စိတ်ပျက်အောင် လုပ်မိပေလိမ့်မည်။
+++++