အခန်း (၁၄၂-၁၄၄)
Vol. 10 Ch. 142-144
အပိုင်း (142) ဆုများ
“ဝူးဟူး”
“ငါတို့နိုင်ပြီ”
ကလေးတစ်အုပ်က သူတ်ို့ရေသေနတ်များကို မြေပြင်ပေါ်သို့ ပစ်ထုတ်လိုက်ကြောင်း မြင်သောအခါ လူအများက နားလည်မှုအပြည့်နှင့် ရယ်လိုက်မိကြသည်။ သူတို့က မြက်ခင်းပြင်နေရာတွင် စတင်ကာ စုစည်းလာကြသည်။
နောက်ဆုံးရလဒ်က မည်သူ့ကိုမှ စိတ်မပျက်စေပေ။ ကလေးတစ်အုပ်ကသာ နိုင်သွားသည်။
အဆုံးသတ်တွင် လူကြီးများက ရည်ရွယ်ချက်ရှိရှိ မြစ်ထဲသို့ ခုန်ချပစ်လိုက်ကြသည်။ ပို၍ဆိုးသည်မှာ ကောင်းကင်ပြာတိရစ္ဆာန်ရုံသို့ အတူလာသော လူကြီးများအားလုံးက ကလေးမိဘများ ဖြစ်နေသည်။
ပွဲစတင်ကျင်းပကတည်းက လူတိုင်းက နားလည်ထားပြီးသားဖြစ်သည်။ ဒီပွဲ၏ အဓိက ဇာတ်လိုက်က ကလေးများဖြစ်သည်။
တိရစ္ဆာန်တိုင်းနီးပါးကလည်း ကလေးများနှင့် ဆော့ကစားရင်းဖြင့်သာ အဆုံးသတ်သွားခြင်းဖြစ်သည်။
“မြန်မြန် ငါ့ကိုချပေးဦး၊ တပိုင် ဒီိကိုလာ”
ဆုပိုင်က ကျောပေါ်မှ တုန်ယင်စွာဖြင့် ဆင်းလာပြီး သူ၏ စိုရွှဲနေသော အဝတ်များကို ချွတ်သည်။
တအားရူးလွန်းတာပဲ။
အဆုံးသတ်တွင် ဆင်ခေါင်းဆောင်ကလွဲပြီး ဆင်တိုင်းနီးပါးက သူ့ကို ပုန်ကန်သွားသည်။
ကလေးတစ်အုပ်က သူ့ကို ရူးသွပ်စွာ တိုက်ခိုက်သည်။ သူ့ကို ပို၍ ဝမ်းနည်းစေသည်မှာ ဆင်ခေါင်းဆောင်ကပင် မလှုပ်ရှားဘဲ ရပ်ပေးနေခြင်းဖြစ်သည်။
ဒါက ဆုပိုင်အတွက် အနာကျင်ဆုံးဖြစ်သည်။ သူ့မျက်လုံးတွေ နာကျင်လွန်းလို့ ဖွင့်ကိုမဖွင့်နိုင်ဘူး။
“သေစမ်း ငါ့ရဲ့ဖိနပ်တွေက ဘယ်မှာလဲ”
သူက အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူ၏ဖိနပ်ကပင် ပျောက်နေ၏။
ဆုပိုင်က ဆင်ကျောပေါ်မှ ခုန်ချလိုက်ပြီး တပိုင်၏အနားသို့ သွားသည်။ သူ၏မျက်နှာမှရေများကို တစ်ချက်သုတ်ရင်း ကွင်းထဲမှ လျှောက်ထွက်လာသည်။
“ဟားဟားဟား ဒါရိုက်တာဆုပိုင် ချစ်တယ်နော်”
“နင်တို့က တအားရက်စက်တာပဲ၊ ဒါရိုက်တာဆုပိုင်ကို ဘယ်လိုများ ဒီလိုဆက်ဆံရတာလဲ၊ ဘယ်လောက်တော်လိုက်သလဲ”
“ဒီပွဲက တအားကောင်းတာပဲ၊ တော်တော်လေးကို အောင်မြင်သွားတယ်၊ ငါ့ရဲ့မြေးလေးကလည်း ဆုရသွားတယ်”
“......”
လူအိုကြီးတစ်အုပ်က ဆုပိုင်၏ ရှက်ရွံ့နေသော ပုံစံကိုကြည့်ပြီး ပါးစပ်ကို အုပ်ကာရယ်နေကြသည်။
“အဟမ်း”
ထိုအချိန်တွင် ငှက်တောက လူတိုင်း၏အရှေ့သို့ ပျံသန်းလာပြီး အဆုပ်များကွဲမတတ် အော်ဟစ်သည်။
“မိဘတွေ ကျေးဇူးပြုပြီး ကိုယ့်ကလေးကိုယ်ခေါ်ပြီး အဝတ်အစားလဲဖို့ သွားကြပါ၊ အနိုင်ရတဲ့ကောင်လေးတွေက ခဏနေရင် တိရစ္ဆာန်ရုံ ဝင်ပေါက်နားမှာ လာပြီး စုစည်းပေးကြပါ အား”
ထိုသို့ပြောပြီးနောက် သူက လေထဲသို့ ခုန်တက်လျက် ဆုပိုင်၏နောက်မှလိုက်ကာ ပျံသန်းသွားလေသည်။
“ဟားဟား မြန်မြန်သွားပြီး တစ်ချက်ကြည့်ရအောင်၊ ဆုတွေကို အရသာခံဖို့ လဝက်လောက် လိုသေးတယ်၊ ဒီနေ့ဆုက သာမန်တော့ မဟုတ်လောက်ဘူး”
နန်ကုန်းယွမ်က အပြုံးနှင့် မြေပြင်မှ ထရပ်လိုက်သည်။ သူက လူတိုင်းကိုခေါ်ပြီး တံခါးဝသို့ အရင်သွားသည်။
အားလုံးက အဝတ်အစားလဲပြီး ထွက်လာကြလေသည်။
တိရစ္ဆာန်ရုံသို့ ဝင်သည့် ဝင်ပေါက်တစ်ခုလုံးကို ရေများက စိုရွှဲလျက် ဝိုင်းထားသည်။ သို့ရာတွင် မြို့၏ လုံခြုံရေးအရာရှိများကြောင့် လူတိုင်းက သတိအပြည့်ကပ်နေကြသည်။ ကလေးများကလည်း ရှေ့ဆုံးတွင် ရပ်နေပြီး လူကြီးများက အနောက်တွင်ရပ်လျက် ကာကွယ်ပေးထားကြလေသည်။
သူတို့၏အရှေ့တွင်မူ အစိမ်းရောင်နွယ်ပင်များဖြင့် လုပ်ထားသော သတ္ထုစင်မြင့်ကြီးရှိသည်။
လူတိုင်းကလည်း စင်မြင့်ကို သိချင်စိတ် ပြင်းပြစွာဖြင့်ကြည့်ပြီး ခပ်တိုးတိုး ပြောနေကြသည်။ သူတို့က ပေးမည့်ဆုကို သိချင်နေကြသည်။ မည်သို့ပင်ဆိုစေ ကြော်ငြာထဲတွင် နောက်ဆုံးလူအယောက်၂၀ကသာ လန်မင်ကြွက်အရသာ မြည်းစမ်းသည့်ပွဲတွင် ဝင်ပါရန် အရည်အချင်းပြည့်မီသည်ဟု ဆိုထားခြင်းဖြစ်သည်။
သို့သော် အဆုံးသတ်တွင် လူ၂၀ ကျော် ကျန်နေသေးသည်။ ကလေးက အယောက်၁၀၀နီးပါး ဖြစ်နေ၏။
“မား ဦးလေးဆုပိုင်က ဘယ်ဆုပေးမှာလဲ”
142 02
ဘေဘီက ရှေ့ဆုံးတွင် ရပ်နေပြီး ခေါင်းကိုလှည့်ကာ အနောက်ဘက်မှ ကောင်းရဲ့ကို ကြည့်ရင်း သတိအပြည့်ထားကာမေးသည်။
“ဦးလေးဆုပိုင်က မားကို ခိုးပြီးမပြောထားဘူးလား၊ မား ဘေဘီ့ကို တိုးတိုးလေး ပြောပြပါလား”
“ဘယ်သူ့ကိုမှ မပြောပါဘူး”
“မားမသိဘူး”
ကောင်းရဲ့ကလည်း ကောင်မလေး၏ နဖူးကို ပွတ်ရင်း ရယ်လိုက်သည်။
ကလေးငယ်၏ ကျန်းမာရေးက ပြန်လည်ကောင်းမွန်သွားကတည်းက သူတို့သည် ကောင်းကင်ပြာတိရစ္ဆာန်ရုံတွင်သာ ဆက်နေဖြစ်ခဲ့သည်။
ထို့ကြောင့် လာကြည့်သော လူအများစုကမူ သူမက ဆုပိုင်နှင့် မရှင်းလင်းသော ဆက်ဆံရေးမျိုး ရှိနေသည်ဟု ထင်နေကြသည်။
“တိတ်ဆိတ်မယ်”
ရုတ်တရက် ငှက်တောက ဂိတ်ထိပ်တွင် ရပ်ရင်း ရှေ့မှ အသံချဲ့စက်နားသို့ ကပ်ကာအော်လိုက်သည်။
“ဘား”
ဘေးဘက်ရှိ လင်းတက တစ်ချက်အော်သည်။ သူက တောင်ပံကို ဖြန့်ကားရင်း သူ၏ ဘေးနားမှ ကောင်ငယ်လေးကို ရွံရှာသလို ကြည့်လျက် ထွက်သွားလေသည်။
“သေစမ်း မင်းမှာ ကန့်ကွက်ချင်တာ ရှိလို့လား”
ငှက်တောက ခေါင်းကိုလှည့်ပြီး သူ့ကိုကြည့်သည်။ သူက မနေနိုင်ဘဲ ကျိန်ဆဲမိသွားသည်။
ဘယ်သူမှ မပူးပေါင်းကြဘူး။
တိရစ္ဆာန်ရုံရဲ့ ဝင်ပေါက်တစ်ခုလုံးက ပွဲတွေကို ပူးပေါင်းပေးမယ်လို့ တာဝန်ယူထားတာမဟုတ်ဘူးလား။
ဒီလို တိုက်ရိုက်ထွက်သွားတာက ဘာကိုဆိုလိုတာလဲ။
“ခေါင်းဆောင်ရွှေရောင်သိမ်းငှက်...”
သို့သော် သူ၏စကားမဆုံးသေးခင် ရွှေရောင်သိမ်းငှက်ကလည်း သူ၏တောင်ပံကိုဖြန့်လျက် ထွက်သွားကြောင်း တွေ့လိုက်ရသည်။
“ငါ.....”
“ငါမှတ်ထားမယ်”
ငှက်တောက လည်တိုင်ကို စောင်းလျက် ထွက်သွားသော ကောင်နှစ်ကောင်ကို ကြည့်သည်။ ထို့နောက် ဒေါသတကြီး ထွက်သွားလေသည်။
လာနောက်နေတာလား။ ဘယ်သူကမှ မကူညီမှတော့ ကျောင်းအုပ်ဆုပိုင်ကိုပဲ ကိုယ်တိုင်လုပ်ခိုင်းလိုက်တော့မယ်။
“ဟူး”
ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး အထက်မှ ငှက်တောကို တစ်ချက်ကြည့်သည်။ ထို့နောက် သူ၏ ဝတ်စုံကို သပ်ရပ်အောင် တစ်ချက်ချိန်ညှိလိုက်ပြီး စင်ပေါ်သို့ တစ်လှမ်းချင်းစီတက်သည်။
နေ့တစ်နေ့၏ အဆုံးသတ်တွင် ကလေး ၁ရာနီးပါး နေရာရသွားကြသည်။
သို့သော် ဒီတစ်ကြိမ်ဆုက လူတိုင်းကို အံ့အားသင့်စေမည်ဟု မျှော်လင့်သည်။
ပြုံးနေသော ဆုပိုင်က သူ၏အရှေ့မှ နာနာခံခံရှိနေသည့် ကောင်ငယ်လေးကို တစ်ချက်ကြည့်ရင်း ရယ်လိုက်သည်။
“တိရစ္ဆာန်ရေပက်ဖျန်းခြင်းပွဲတော်ကို လူတွေအများကြီး လာရောက်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်”
“လဝက်လောက်နေရင်း အရသာမြည်းစမ်းရမဲ့ပွဲအပြင် ဒီနေ့ ကလေးတွေကိုလည်း ဆုလာဘ်တွေ ချီးမြှင့်သွားမှာပါ”
“ဒါပေမဲ့ အရင်ဆုံးတော့ ပထမနေရာကို ရွေးချယ်ဖို့ လိုအပ်သေးတယ်”
ဆုပိုင်က ရှေ့ဆုံးမှ ကောင်ငယ်လေး၏အရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း ခပ်တိုးတိုးမေးသည်။
“ကောင်လေး ပထမနေရာက ဘယ်သူလို့ထင်လဲ”
“အင်း”
ကောင်လေးက နဖူးကို အသာအုပ်ပြီး တွေးတောသည်။ ထို့နောက်ပြောသည်။
“အစ်မကြီးပေါင်ပေါင်းပဲ ဖြစ်မယ်၊ တိရစ္ဆာန်တွေအားလုံးက သူမရဲ့စကားကို နားထောင်တယ်၊ အစ်မကြီးပေါင်ပေါင်းကြောင့်သာမဟုတ်ရင် ငါတို့နိုင်မှာမဟုတ်ဘူး”
“ဟုတ်တယ်ဟုတ်တယ် ငါတော့ အစ်မကြီးပေါင်ပေါင်းလို့ပဲ ထင်တယ်”
“အစ်မကြီးပေါင်ပေါင်းက no1 နေရာပေါ့”
ထိုစကားထွက်လာပြီးပြီးချင်း ကလေးငယ်များအားလုံးက တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်ကြသည်။
“ကောင်းပြီကောင်းပြီ ဒါဆိုရင် ဘေဘီက no 1 ပေါ့”
ဆုပိုင်က ရယ်ပြီး သူမကို လက်ရမ်းပြသည်။
“ရေး”
ပေါင်ပေါင်းက သူမ၏ပါးစပ်လေးကို အုပ်လျက် စင်ပေါ်သို့ တက်လာသည်။ သူမက အနည်းငယ် ကြောက်နေသေး၏။
“ဦးလေးဆုပိုင်”
“မြှောင်”
142 03
ရုတ်တရက် ဆုပိုင်၏ ဆုအိတ်ကပ်ထဲမှ ရက်ကွန်းကြောင်လေး၏ ခေါင်းလေးက ထွက်လာပြီး ဘေဘီ့ကို မျက်လုံးဝိုင်းကြီးများဖြင့်ကြည့်သည်။
“ဟူး”
ဆုပိုင်က အသက်ပြင်းပြင်း တစ်ချက်ရှူပြီး ခေါင်းကိုငုံ့ကာ ရက်ကွန်းကြောင်လေးကို ကောက်ယူလိုက်သည်။
“လာ လက်လေးဆန့်ထုတ်လိုက်”
သူက စီးဖတ်ကြောင်ကို ဘေဘီ၏လက်ထဲသို့ထည့်ပြီး ပြုံးရယ်ကာပြောသည်။
“သူ့ကို ကောင်းကောင်းဆက်ဆံပါမယ်လို့ ကတိပေးနိုင်လား၊ ဘယ်တော့မှ နာကျင်အောင် မလုပ်ပါဘူးလို့ သတိပေးနိုင်လား”
“အွန်း”
ဦးလေးဆုပိုင်က မည်သည့်ရည်ရွယ်ချက်ကြောင့် ထိုသို့မေးမြန်းသည်ဟု မသိသော်လည်း သူမက အလေးအနက်ထားကာ ခေါင်းညိတ်လိုက်သည်။
ရက်ကွန်းကြောင်လေးက သူမကျန်းမာရေးမကောင်းကတည်းက သူမနှင့်အတူ ရှိနေခဲ့သည်။ ထို့ကြောင့် သူဟာ သူမအပေါ် သေချာပေါက် ကောင်းပေလိမ့်မည်။
“ကောင်းပြီလေ ဒါဆိုရင် ဒီရက်ကွန်းကြောင်လေးက အခုကစပြီး ဘေဘီ့ရဲ့ မိသားစုပဲ၊ သူ့ကို နာမည်ပေးလိုက်တော့”
“မဟုတ်တာ မဟုတ်တာ”
ရုတ်တရက် လူအုပ်ထဲတွင် ရပ်နေသော ကောင်းယွဲ့က စင်ပေါ်သို့ တက်လာပြီး လက်ကို ရမ်းပြကာပြောသည်။
“ဒီလိုဖြစ်ခွင့်ပြုလို့မရဘူး၊ ဒါက ဈေးကြီးလွန်းတယ်”
“ကောင်းကင်ပြာတိရစ္ဆာန်ရုံတစ်ခုလုံးမှာ ဖီးဘတ်ကြောင်လေးတစ်ကောင်ပဲ ရှိတာမဟုတ်လား၊ ဘယ်လိုကြောင့်များ ဆုအဖြစ် သုံးရမှာလဲ”
“ဘေဘီ မားတို့ ယူလို့မရဘူးနော် ဟုတ်ပြီလား”
လူတိုင်းကလည်း ကြောက်လန့်နေကြသည်။ ဆုပိုင်က ပေးသောဆုက အစစ်အမှန်တိရစ္ဆာန်ဖြစ်နေသည်။
ဒါက ဈေးကြီးလွန်းသည်။ ကောင်းကင်ပြာ တိရစ္ဆာန်ရုံတွင် အစစ်အမှန် တိရစ္ဆာန်များက ကောင်းကင်သို့ ထိုးတက်နေသော တန်ကြေးများ ရှိမည်ဆိုလျှင်ပင် ချဲ့ကားရာမရောက်ချေ။
“အားလုံးပဲ မစိုးရိမ်ကြပါနဲ့”
ဆုပိုင်က မြေပြင်မှ ဘေဘီကို ကောက်ပွေ့လိုက်ပြီး အားလုံးကို တစ်ဖန်ပြန်ကြည့်ကာ ပြုံးရယ်ရင်း ပြောပြသည်။
“ပထမနေရာက တိရစ္ဆာန်ရရုံတင် မကသေးဘဲ ကျန်တဲ့ ကလေးတွေအားလုံး သေးငယ်တဲ့ တိရစ္ဆာန်လေးတစ်ကောင်ကို ဆုအဖြစ် ရရှိမှာပါ”
++++
143 01
အပိုင်း (143) အထူးဆု
“ဝိုး”
ထိုစကားထွက်လာပြီးပြီးချင်း လူအုပ်က ပွက်လောရိုက်သွားသည်။
ဘယ်လိုဖြစ်နိုင်မှာလဲ။
ကောင်းကင်ပြာတိရစ္ဆာန်ရုံက တိရစ္ဆာန်တွေရဲ့ အရေအတွက်က ဘယ်လောက်နည်းပါးလိုက်သေးသလဲ။
လန်မင်ကြွက်တွေက ရူးရူးသွပ်သွပ် မျိုးပွားနိုင်တယ်ဆိုရင်တောင်မှ သက်ရှိသတ္တဝါတွေကို ရဖို့က မဖြစ်နိုင်သေးဘူးလေ။
တရုတ်ပြည်က ဘယ်လောက်ကြီးလိုက်သလဲ။
နောက်ပြီး လူမျိုးစုက ဘယ်လောက်လဲ။
......။
လန်မင်ကြွက်အမျိုးအစားမျိုးက ထွက်လာသောအခါ သူတို့၏ မျိုးပွားနှုန်းက မည်မျှ အံ့အားသင့်စရာကောင်းနေသေးစေကာမူ တန်ကြေးက မိုးထိုးတက်နေပေလိမ့်မည်။ ရိုးသားစွာပြောရသော် ဒီနေရာသို့ ရောက်လာသည့် လူအများစုက သို့မဟုတ် မိဘများအားလုံးက သာမန်လူများ ဖြစ်ကြသည်။ သူတို့၏ကလေးများ မည်မျှ သဘောကျစေကာမူ မည်သူကမှ ပိုက်ဆံအများကြီးသုံးပြီး အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို ဝယ်ပေးနိုင်လိမ့်မည်မဟုတ်ချေ။
ပို၍ဆိုးသည်မှာ ဒါဟာ အစစ်အမှန်တိရစ္ဆာန်တစ်ကောင် ဖြစ်နေသေးသည်။
အစာကျွေးသည့်ဖြစ်စဥ်အတောအတွင်းတွင် တစ်စုံတစ်ရာဖြစ်လာခဲ့လျှင် တိရစ္ဆာန်တစ်ကောင်ကို မမျှော်လင့်ဘဲ သေဆုံးသွားစေနိုင်သေးသည်။
ထို့နောက် ကလေးပင်မဆိုထားဘိ သူတို့ကပင် ဒီဖြစ်ရပ်ကို လက်ခံနိုင်မည်မဟုတ်ချေ။
“အားလုံးပဲ မစိုးရိမ်ကြပါနဲ့”
ဆုပိုင်က သူ၏လက်ကိုမြှောက်ပြီး အားလုံးကို တိတ်တိတ်နေရန် အချက်ပြသည်။ ထို့နောက် ရယ်ကာပြောလိုက်၏။
“ဒီတစ်ကြိမ် တိရစ္ဆာန်တွေကို ဆုရတဲ့ မိသားစုတွေက အများကြီး စိုးရိမ်ဖို့မလိုအပ်ဘူး”
“အားလုံးလည်း မှတ်မိကြမယ်လို့ထင်တယ်၊ ဟုတ်တယ် လဝက်နေရင် အရသာမြည်းစမ်းတဲ့ ပွဲပြီးသွားတဲ့နောက်မှာ တိရစ္ဆာန်တွေအားလုံးက ကောင်းကင်ပြာတိရစ္ဆာန်ရုံကနေ လန်မင်ကြွက်လေးတွေ တစ်ကောင်စီကိုရရှိမယ်”
“ဒါပေမဲ့...”
“ဒီတစ်ကြိမ် ငါတို့အားလုံးမှာ တာဝန်တစ်ခုရှိတယ်”
ဆုပိုင်က အဝေးရှိ နန်ကုန်းယွမ်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းအသာညိတ်လိုက်ပြပြီး ဘေးသို့ ထရပ်ပေးလိုက်သည်။
လန်မင်ကြွက်ကဲ့သို့ အစစ်အမှန်တိရစ္ဆာန်များကို ဆုအဖြစ် အသုံးပြုရခြင်းဟာ ဆုပိုင်နှင့် တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနကြားမှ ဆွေးနွေးမှုကြောင့် ဖြစ်သည်။
တိရစ္ဆာန်များ၏ အရေအတွက် တိုးလာသည်နှင့်အမျှ အနာဂတ်တွင် လူသားများက ဆက်လက်ပြီး စောင့်ရှောက်ပေးရန် လိုအပ်လာလေသည်။ ထို့အပြင် သာမန်လူသားများအတွက် အများကြီး ကူညီပေးနိုင်သော တိရစ္ဆာန်များက အနှေးအမြန် ဖွဲ့စည်းလာပေလိမ့်မည်။
တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနကို တစ်ဖန်ပြန်လည်တည်ထောင်ရန် လိုအပ်လာပေလိမ့်မည်။ အမျိုးမျိုးသော အခြေအနေများအတွက် ထိုနည်းလမ်းကို ဆုပိုင်ကြိုတင်ကာ ဆွေးနွေးထားခြင်းလည်း ဖြစ်လေသည်။
လူမှုအသိုင်းအဝိုင်းအတွင်း အိမ်မွေးတိရစ္ဆာန်အဖြစ် ထိန်းသိမ်းထားရန် သင့်တော်ခြင်းရှိမရှိ စမ်းသပ်ရန်လည်းဖြစ်သည်။
“ဟယ်လိုအားလုံးပဲ ငါက တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနက ဒါရိုက်တာပါ”
“ဘာလို့ ဒီတစ်ကြိမ်မှာ ဆုရတဲ့သူတွေအားလုံးက လန်မင်ကြွက်တစ်ကောင်စီကို ဆုအဖြစ် ရရှိသလဲဆိုတော့ ဒီအဘိုးကြီးက ဒါရိုက်တာဆုပိုင်ကို အချိန်အကြာကြီး တောင်းဆိုထားခဲ့ရလို့ပါပဲ”
“ငါတို့ တိရစ္ဆာန်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနက အိမ်မှာမွေးမြူနိုင်တဲ့ အိမ်မွေးတိရစ္ဆာန်တွေအတွက် အစစ်အမှန် နာမည်နဲ့ စာရင်းသွင်းထားပြီး သတင်းအချက်အလက်တွေအားလုံးကို စုဆောင်းထားပါတယ်၊ တိရစ္ဆာန်တစ်ကောင်ချင်းစီတိုင်းကို ပြည်နယ်ဌာနအသီးသီးမှာ စာရင်းသွင်းထားဖို့ လိုအပ်ပါတယ်”
143 02
“နောက်ပြီး အချိန်တစ်ခု ကြာပြီးတဲ့နောက်မှာ ဝန်ထမ်းတွေက အခြေအနေကို မကြာခဏ လာရောက်ပြီး စစ်ဆေးကြည့်ဦးမှာပါ”
“ဟူး”
နန်ကုန်းယွမ်က အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ရိုးသားစွာ ဆက်ပြောသည်။
“ကောင်းကင်ပြာတိရစ္ဆာန်ရုံကို လာတဲ့လူတိုင်းကလည်း တိရစ္ဆာန်တွေကို နှလုံးသားအောက်ခြေကနေ ရင်းရင်းနှီးနှီး နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးလိမ့်မယ်လို့ ယူဆတယ်၊ ဘာပဲဖြစ်ဖြစ် ငါတို့က တိရစ္ဆာန်တွေကို ဆုံးရှုံးထားရတာ တအားကြာခဲ့ပြီမဟုတ်လား”
“ဒါရိုက်တာဆုပိုင် ပြောသွားသလိုပဲ၊ လူတိုင်းကလည်း သူတို့ကို ကိုယ်ပိုင်မိသားစုဝင်တွေလိုမျိုး ဆက်ဆံပေးစေချင်တယ်၊ တိရစ္ဆာန်တွေမဟုတ်ဘဲ ကိုယ်ပိုင်မိသားစုဝင်တွေပေါ့၊ ဘယ်သူကများ ကိုယ့်မိသားစုကို ထိခိုက်အောင် လုပ်မှာလဲ”
“ဆုရတဲ့သူတွေက ငါတို့ရဲ့ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနက စာရင်းသွင်းတဲ့ ပထမတစ်သုတ် ဖြစ်သွားလိမ့်မယ်”
ထိုသို့ဖြင့် နန်ကုန်းယွမ်က လက်ကိုတစ်ချက်ရမ်းလိုက်သည်။ သူ၏လက်ထောက်ကို ခေါ်လိုက်ရင်း ကျယ်လောင်စွာပြောသည်။
“ဒီပထမတစ်သုတ် စာရင်းသွင်းထားတဲ့ အသုံးပြုသူတွေအားလုံးကို ငါတို့ရဲ့ဌာနက သားဖွားတဲ့ဖြစ်စဥ်တွေအားလုံးပါ တာဝန်ယူပေးမယ်၊ နောက်ပြီး တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးကြည့်တာမျိုး၊ မတော်တဆ သေသွားတဲ့အခြေအနေတွေ မရှိအောင် ကာကွယ်ပေးတာမျိုး၊ အမျိုးမျိုးသော အခြေအနေတိုင်းအတွက် တာဝန်ယူပြီး ကာကွယ်စောင့်ရှောက်ပေးသွားမှာပါ”
“ငါတို့မှာလည်း အခြေအနေတွေအားလုံးအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေအားလုံး ပြုလုပ်ထားပြီးပါပြီ”
“ငါတို့ရဲ့ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနက လူတိုင်းနဲ့အတူ အချင်းချင်း နားလည်မှုအပြည့်နဲ့ စောင့်ကြည့်ပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးဖို့ ဆန္ဒရှိပါတယ်၊ မင်းတို့ကသာ တိရစ္ဆာန်တစ်ကောင်ကို အကြောင်းပြချက်မရှိ ထိခိုက်အောင် လုပ်လိုက်မယ်ဆိုရင် စိတ်မရှိပါနဲ့၊ ဥပဒေအရ အပြစ်ပေးခံရမှာပါ၊ တကယ်လို့ တိရစ္ဆာန်တွေက ဖျားနာလို့ ကျန်းမာရေးမကောင်းလို့ ဌာနဆီက အကူအညီတောင်းတာပဲဆိုရင်လည်း ငါတို့က ဒီပြဿနာကို ဖြေရှင်းပေးမဲ့အပြင် မင်းတို့ကိုလည်း ပြဿနာရှာမှာမဟုတ်ပါဘူး”
“ငါတို့ရဲ့တာဝန်အရ ငါက ဒီနေရာမှာ အာမခံနိုင်ပါတယ်၊ အဲဒီနောက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဂရုစိုက်ရမဲ့ အချက်လက်တွေအားလုံးကိုလည်း သင်ပြပေးသွားမှာပါ”
“ကောင်းပြီ”
သူက စကားကို အဆုံးသတ်လိုက်သည်။
အောက်ဘက်မှ စိတ်လှုပ်ရှားနေသော အော်သံများက ထွက်လာသည်။ လူတိုင်းက စိတ်လှုပ်ရှားစွာ လက်ခုပ်တီးကြ၏။
ကောင်းကင်ပြာတိရစ္ဆာန်ရုံ၏ ရေပက်ဖျန်းခြင်းပွဲတွင် ဝင်ပါသောလူတိုင်းက ချင်တုမှလူများဖြစ်နေသည်။ ထို့ကြောင့် ဒီနေရာသို့ ပထမဦးဆုံးလာသော လူများအပြင် ကျန်သောလူအများစုက ချင်တုမှဖြစ်နေလေရာ ဒီတိရစ္ဆာန်ရုံကို ကောင်းကောင်းနားလည်နေလေသည်။
“တိရစ္ဆာန်တွေကို ကာကွယ်တာက ရေရှည်လုပ်ရမဲ့ဖြစ်စဥ်ပဲ”
“တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနရဲ့ ကိုယ်စားအနေနဲ့ ငါတို့ရဲ့ လုပ်ဆောင်မှုတွေအားလုံးကို ထောက်ပံ့ကူညီပေးကြလို့ လူတိုင်းကို ကျေးဇူးတင်ပါတယ်”
အောက်ဘက်မှ စိတ်လှုပ်ရှားသော အော်သံများကို နားထောင်ရင်း နန်ကုန်းယွမ်က နီရဲသော မျက်လုံးများဖြင့် ဂါရဝပြုလိုက်သည်။
143 03
“ဒါရိုက်တာ ပြောစရာတောင်မလိုတော့ဘူး၊ ငါတို့က အပြည့်အဝ ထောက်ပံ့ပေးပါတယ်”
“ဟုတ်တယ် ဟုတ်တယ်၊ တိရစ္ဆာန်တွေကို ကာကွယ်တာက လူတိုင်းတာဝန်ယူရမဲ့ကိစ္စပဲ၊ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနက တည်ထောင်ခါစ၊ ဒီတော့ အကူအညီတွေ အများကြီး လိုအပ်လိမိ့မယ်၊ ငါတို့ကလည်း ကူညီပေးဖို့ ဆန္ဒရှိပါတယ်”
“ဟုတ်တယ် ဟုတ်တယ် ၊ ငါတို့ဒီမှာရှိတယ်၊ ငါတို့ရဲ့ ဒီဘဝမှာတော့ တိရစ္ဆာန်တွေအားလုံးကို မြင်ခွင့်ရချင်မှ ရလိမ့်မယ်၊ ဒါပေမဲ့ ငါတို့ရဲ့ ကလေးတွေအတွက် ငါတို့နောက်တွန့်လို့ မရဘူး၊ လူတိုင်းက ပူးပေါင်းမှပဲ တိရစ္ဆာန်တွေ ခံစားရတာက နည်းသွားလိမ့်မယ်”
“ကောင်းပြီ အနိုင်ရသူတွေ...အရင်ဆုံး စာရင်းသွင်းကြပါ၊ လဝက်လောက်နေရင် လန်မင်ကြွက်လေးတွေကို လူတိုင်းရဲ့ စာရင်းသွင်းထားတဲ့ လိပ်စာအသီးသီးဆီကို ပို့ဆောင်ပေးမှာပါ”
“ဒီဆယ်ရက်အတွင်းမှာတော့ ကလေးတွေက အရမ်းလန်းတဲ့နာမည်လေးတွေ စဥ်းစားထားကြပေါ့ ဟုတ်ပြီလား”
ဆုပိုင်က လက်ထောက်ကို တစ်ချက်ညွှန်ပြရင်း ပြောလိုက်သည်။
ချက်ချင်းဆိုသလိုပင် အဆင့်သတ်မှတ်ချက်စာရင်းဝင်သော မိဘများအားလုံးက တန်းစီကာ စာရင်းသွင်းကြသည်။
သူတို့အားလုံးက ဒီကမ္ဘာကြီးတစ်ခုလုံးတွင် အိမ်မွေးတိရစ္ဆာန်များကို ပိုင်ဆိုင်ခွင့်ရသည့် ပထမဦးဆုံး မိဘများဖြစ်လောက်သည်။ သူတို့သည်လည်း ထိုကလေးများကို သူတို့၏ကိုယ်ပိုင်မိသားစုဝင်လို ဆက်ဆံရပေလိမ့်မည်။ အနာဂတ်မျိုးဆက်အတွက် နမူနာကောင်းဖြစ်အောင် လုပ်ရပေလိမ့်မည်။
“ဦးလေးဆုပိုင်၊ ဘေဘီက တိရစ္ဆာန်ရုံမှာ နေ့တိုင်းနေတာဆိုတော့ စာရင်းသွင်းဖို့ လိုသေးတာလား”
ဘေဘီက ထိုအခါမှ အသိပြန်ဝင်လာပြီး မျက်လုံးကြီးများကို တဖျတ်ဖျတ်ခတ်လျက် ဆုပိုင်ကိုကြည့်ရင်းမေးသည်။
“ဟားဟား ဒါပေါ့ ဘေဘီလည်း စာရင်းသွင်းဖို့ လိုအပ်တာပေါ့”
ဆုပိုင်က ပြုံးရယ်ရင်း ကောင်မလေး၏ ဆံပင်ကို ပွတ်သပ်ကာ ခပ်တိုးတိုးပြောသည်။
“စာရင်းသွင်းထားပြီးတဲ့နောက်မှာ ဘေဘီဘယ်သွားသွား ဒီရက်ကွန်းကြောင်လေးက အနောက်ကနေ လိုက်နေမှာလေ ဟုတ်ပြီလား”
“တကယ်လား ဒါဆိုရင် ဘေဘီလည်း စာရင်းသွင်းလိုက်မယ်”
ဆုပိုင်က နောက်ဆုံးမှသာ စိတ်အေးသွားနိုင်သည်။ ထိုကောင်ငယ်လေးက ဆီးဖတ်ကြောင်လေးကို ပွေ့ပိုက်လျက် စာရင်းသွင်းရန် ပြေးသွားလေသည်။
ဒီလူတွေ လန်မင်ကြွက်လေးတွေကိုလည်း ကောင်းကောင်းဆက်ဆံဖို့မျှော်လင့်တယ်။
“ဒီလိုဆိုရင် အနာဂတ်မှာ တိရစ္ဆာန်တွေအားလုံးရဲ့အခြေအနေက ကောင်းသထက်ကောင်းလာမှာပဲ”
နန်ကုန်းယွမ်က ဆုပိုင်၏ပခုံးကိုပုတ်ပြီး ရိုးသားစွာပြောသည်။
“ငါတို့ တတ်နိုင်တာလည်းမရှိဘူးလေ၊ မင်းပြောတဲ့အတိုင်းဆိုရင် အနာဂတ်မှာ တိရစ္ဆာန်တွေ ပိုများလာတဲ့အခါ တိရစ္ဆာန်ရုံကနေ ထွက်သွားဖို့ လိုအပ်လာမှာပဲ”
“နောက်ပြီး အဲဒီအချိန်ကျရင် အကျိုးအမြတ်အတွက်ကြောင့်နဲ့ ရှေးခေတ်အချိန်ကလိုမျိုး ရန်စချင်တဲ့လူတွေက ရှိလာဦးမှာပဲ၊ ဒါကို ငါတို့အစိုးရိမ်ဆုံးပဲ”
“ငါတို့ရဲ့ လူတွေရဲ့ အသိစိတ်ကို တတ်နိုင်သမျှ ပြောင်းလဲပေးရမယ်၊ သူတို့ကိုလည်း တိရစ္ဆာန်တွေရဲ့ လူသားတွေအတွက် အရေးပါမှုကို နားလည်အောင် လုပ်ထားရမယ်၊ ဒီလိုနဲ့ တိရစ္ဆာန်တွေကို သူတို့ရဲ့ ကိုယ်ပိုင်မိသားစုဝင်တွေလို သတ်မှတ်အောင် လုပ်ပေးထားရမယ်”
“ဒီလိုနည်းနဲ့မှပဲ အတိတ်က ဝမ်းနည်းစရာကောင်းတဲ့အဖြစ်ပျက်တွေ ထပ်မဖြစ်လာမှာပေါ့”
“ဟုတ်တယ်”
ဆုပိုင်ကလည်း ထိုစကားကို လေးစားမိသွားသည်။
တိရစ္ဆာန်များကို ပြန်လည်ကယ်ဆယ်ရခြင်းက သူ၏ ကြိုးစားအားထုတ်မှု သီးသန့်သာဖြစ်သည်။ သို့သော် တိရစ္ဆာန်များအားလုံးကို ရေရှည် အသက်ရှည်စေလိုလျှင် လွတ်လပ်ပေါ့ပါးသော ဘဝကို ပိုင်ဆိုင်စေလိုလျှင် လူမှုအသိုင်းအဝိုင်းကြီးတစ်ခုလုံး၏ အထောက်အပံ့ကို လိုအပ်လေသည်။
အတူတကွ စုစည်းကြပြီး တိရစ္ဆာန်များကို နာမည်ပေးရန် စဥ်းစားနေကြသည့် ကလေးတစ်အုပ်ကိုကြည့်ရင်း ဆုပိုင်က ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။
ဒီကလေးတွေက အနာဂတ် တိရစ္ဆာန်တွေရဲ့ စောင့်ရှောက်သူတွေပဲ။
******
144 01
အပိုင်း (144) အထူးအဖွဲ့
လဝက်ခန့်ကြာပြီးနောက်....။
အထူးအဖွဲ့တစ်အုပ်က ဘတ်စ်ကားကိုစီးရင်း ကောင်းကင်ပြာတိရစ္ဆာန်ရုံသို့ ရောက်ရှိလာလေသည်။
“ရှောင်ဟွေး မားတို့ခဏနေ ရောက်တော့မယ်နော်၊ သား ဆင်လေးတွေကို ကြည့်ချင်တယ်မဟုတ်လား၊ မားက သားကိုခေါ်သွားပေးမယ်၊ ဟုတ်ပြီလား”
ရုံဟွားက သားဖြစ်သူ၏ တောင့်တလွန်းသော မျက်ဝန်းများကိုကြည့်ရင်း စိတ်ဓာတ်ကျစွာပြောလိုက်သည်။
ဒီလဝက်က အခက်ခဲဆုံးလဝက် ဖြစ်ခဲ့လေသည်။ နေ့တိုင်းလိုလို saveထားသော vdများကိုဖွင့်ပြီး ကောင်ငယ်လေး၏အရှေ့တွင် ဖွင့်ပြခဲ့သော်လည်း အချိန်အတော်ကြာသည်နှင့်အမျှ vdများ၏ သက်ရောက်မှုက နည်းသထက် နည်းပါးလာသည်။
စောင့်ရှောက်ရေးအိမ်များတွင်ပင် လူနာအများစုက ဒီပွဲနှင့်ပတ်သက်ပြီး မျှော်လင့်ချက်အများကြီး မထားထားကြချေ။
မည်သို့ပင်ဆိုစေ သူတို့က ခံတွင်းပျက်ရောဂါကို ခံစားနေရပြီမှာ အချိန်အတန်ကြာပြီဖြစ်သည်။ ကုသမှုအမျိုးမျိုးကိုလည်း ကျော်ဖြတ်ပြီးကြလေပြီ။ အစပိုင်းတွင် မျှော်လင့်ချက်ရှိနေခဲ့ရာမှ တဖြည်းဖြည်းချင်း ထုံထိုင်းနေကျဖြစ်သည်။
လူအများစုက နေ့ရက်တိုင်းလိုလို အားဖြည့်ဆေးရည်များကိုသာ ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းရင်းမှီခိုနေထိုင်ရခြင်းဖြစ်သည်။
ခန္ဓာကိုယ်များကလည်း ပိန်သထက် ပိန်ကပ်လာကြသည်။ ခွန်အားများကလည်း ဆိုးရွားသထက် ဆိုးရွားကာ ယုတ်လျော့နည်းပါးလာကြသည်။
Nursing homeများတွင် နေ့တိုင်းလိုလို နေထိုင်နေခြင်းအပြင် မြင်နေရသမျှက တိတ်ဆိတ်မှုနှင့် အထီးကျန်ဆန်မှုများသာ ဖြစ်လာသည်။
မည်သူကမှ စကားပြောရန်ပင် ခွန်အားမရှိကြတော့ချေ။ မည်သူကမှလည်း စကားပြောချင်စိတ်မရှိကြတော့ချေ။
အပြင်လောကနှင့် မဆက်သွယ်နိုင်တော့သောအခါ လူတိုင်းက သူတို့၏ ပိန်ကပ်နေသော ခန္ဓာကိုယ်ကို ကြည့်လိုက်ရုံနှင့် တစ်ဖက်သူများဟာ မိမိကိုယ်ကို မကောင်းဆိုးဝါးများဟု ထင်မြင်နေသည်ဆိုသော ခံစားချက်မျိုးကို ရလာကြလေသည်။ ထို့ကြောင့် သူတို့က စိတ်ကျရောဂါကိုပါ ပူးတွဲခံစားလာရသည်။
ဒီနေ့ အရသာခံပွဲသို့ ရောက်လာသောသူများအားလုံးက သူတို့၏နေရာအတွက် တွက်ချက်ထားပြီးသားဖြစ်သည်။
လူတိုင်းက သူတို့၏ အရှေ့ဘက်မှ မြင်ကွင်းများကို ဘတ်စ်ကား၏ ဖန်သားများကတစ်ဆင့် ကျော်ဖြတ်ကာ ကြည့်ရှုနေကြသည်။ သူတို့ဟာ ဒီလိုမြင်ကွင်းမျိုးကို မမြင်ဖူးကြချေ။
တိရစ္ဆာန်ရုံဝန်းကျင်တစ်ခုလုံး၏ ကာကွယ်မှုများကြောင့် ယာဥ်တိုင်းက ရုံနှင့်အနည်းငယ်ဝေးကွာသော ပါကင်နေရာတွင် ရပ်တန့်ရမည်ဖြစ်သည်။
ထို့ကြောင့် သူတို့ကလည်း ထိုနေရာသို့ တိုက်ရိုက်မသွားနိုင်ချေ။
လူတိုင်းက အံ့အားသင့်နေကြသည့်အချိန်တွင် ဘတ်စ်ကားတံခါးက ခပ်ဖြည်းဖြည်းပွင့်သွားသည်။
“ဟူး”
အဝေးတွင်ရပ်နေသော တုန်းယွဲ့က မိုက်ခရိုဖုန်းကို လှမ်းယူလိုက်သည်။ သူက အသက်ပြင်းပြင်းရှူပြီးနောက် ဘတ်စ်ကားဘက်သို့ လှည့်ကြည့်ရင်း အလေးအနက်ထားကာ ပြောလိုက်သည်။
“ဟယ်လိုအားလုံးပဲ ငါက တုန်းယွဲ့ပါ”
“လဝက်လောက်ကြာသွားပြီ၊ အခုက ကောင်းကင်ပြာ တိရစ္ဆာန်ရုံကို ပြန်လာရမဲ့အချိန်ပဲ”
“ငါတို့တွေ ကောင်းကင်ပြာတိရစ္ဆာန်ရုံနဲ့ပတ်သက်ပြီး တတိယအကြိမ်မြောက် reportယူဖြစ်တာပါ၊ အစောပိုင်းအဆင့်တွေက ကနဦး စိတ်ကျရောဂါ ခံစားနေရတဲ့ လူနာတွေ၊ နောက်တော့ ansလူနာတွေ”
“ကောင်းကင်ပြာတိရစ္ဆာန်ရုံက တစ်ကြိမ်ပြီးတစ်ကြိမ် အံ့အားသင့်စရာကောင်းတဲ့ ဖြစ်ရပ်တွေကို ဖန်တီးပေးနိုင်ခဲ့တယ်”
“နောက်ပြီးဒီတစ်ကြိမ်မှာ ကောင်းကင်ပြာတိရစ္ဆာန်ရုံကို အထူးလူနာတစ်ဖွဲ့က ရောက်ရှိလာကြတယ်၊ သူတို့အားလုံးက တစ်နှစ်ပတ်လုံး အတွင်းစိတ် ကြောက်ရွံ့မှုတွေနဲ့ ရှင်သန်နေတာ၊ သူတို့ကြောက်လန့်တာက စားစရာတွေကိုပဲ”
“ဒီတစ်ကြိမ်မှာ ဒီလူနာတွေက ပြင်းထန်လွန်းတဲ့ ခံတွင်းပျက်ရောဂါကို ခံစားနေရတဲ့ လူတွေပဲ”
144 02
တုန်းယွဲ့က မိုက်ခရိုဖုန်းကို ကိုင်ထားရင်းတဖြည်းဖြည်းချင်း ရွှေ့လာသည်။ သူမက ဘတ်စ်ကားတံခါးဝနားသို့ ရောက်လာသည်။
“မင်းတို့တွေ ဒီရောဂါနဲ့ မရင်းနှီးလောက်ဘူး၊ ဒါပေမဲ့ ဒီတုန်းယွဲ့ကတော့ ဒီရောဂါက ဘယ်လောက်တောင် ကြောက်စရာကောင်းပြီး နှိပ်စက်နိုင်သလဲဆိုတာကို သံသယမရှိဖို့ ပြောချင်တယ်”
“ဒါက တော်တော်လေးကို ရှားပါးတဲ့ စိတ်ရောဂါတစ်မျိုးပေါ့၊ ဒီလူနာတွေက သိပ်မကြာခင်မှာ ဆေးရုံက ဆင်းရတော့မှာ၊ ဒါပေမဲ့ သက်သာသွားလို့ မဟုတ်ဘူးနော်၊ ပြင်းထန်တဲ့ ခံတွင်းပျက်ရောဂါ ခံစားနေရတဲ့လူတွေ ဘယ်လိုခံစားနေရပြီး သနားစရာကောင်းလဲဆိုတာကို တစ်ချက်ကြည့်ကြပါဦး”
တုန်းယွဲ့၏ အနောက်တွင်ရပ်နေသောလူတိုင်းကလည်း သတင်းထောက်ကပြောနေသော စကားများကြောင့် အသိဝင်သွားသည်။ သူတို့အားလုံးက ဘတ်စ်ကားသို့ ကြည့်လိုက်ကြသည်။
“ရှောင်းဟွေး မကြောက်နဲ့၊ မားက သားကိုချီသွားပေးမယ်”
ရုံဟွားက သားဖြစ်သူကို ခပ်တိုးတိုးနှစ်သိမ့်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ ဘတ်စ်ကားထဲမှ တစ်လှမ်းချင်းစီလှမ်းသည်။
အပြင်သို့ ထွက်လိုက်သည့်အခိုက်အတန့်တွင် ဘေးဘက်ခြမ်းတွင် ရပ်နေသော လူပေါင်းများစွာ၏ အံ့အားသင့်နေသည့် မျက်ဝန်းများကို မြင်လိုက်ရလေသည်။
သူမသည် ဒီလိုအကြည့်မျိုးကို နှစ်ပေါင်းများစွာ ကြုံတွေ့ပြီးလေပြီ။ ယခင်ကအတိုင်း လူတိုင်းကို ခါးသည်းစွာသာ ပြုံးပြလျက် ဂါရဝပြုလိုက်ရင်း တိရစ္ဆာန်ရုံအတွင်းသို့ ဝင်သွားလိုက်သည်။
ဘေးဘက်မှ လူများကလည်း မှင်တက်စွာ အံ့အားသင့်ရသည်။
ဆင်းလာသော ရောဂါသည်တိုင်းနီးပါးက တစ်ယောက်တည်းသီးသန့် မလျှောက်နိုင်ကြတော့ချေ။ ဘေးဘက်မှ သူနာပြုများ၏ ထိန်းကူပေးမှုကို လိုအပ်နေသည်။
အံ့အားသင့်စရာအကောင်းစေဆုံး အချက်ကမူ ထိုသူများ၏ မျက်ဝန်းထဲတွင် ရှင်သန်လိုစိတ်များ မရှိချေ။ သူတို့က လမ်းလျှောက်နေသော ဖုတ်ကောင်များနှင့် တူနေသည်။
“ဝူးဝူးဝူး”
လက်မောင်းထဲတွင် ချီထားသော ကလေးတစ်ယောက်က ထငိုသည်။
“သူတို့က တအားပိန်တာပဲ၊ လူတွေနဲ့တောင် မတူတော့ဘူး၊ ဘယ်လိုဖြစ်နိုင်မှာလဲ”
“ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်”
“စိတ်ကူးကြည့်ဖို့တောင် ခက်ပါသေးတယ်၊ ဒီလူတွေဘယ်လိုများ ရှင်သန်နေထိုင်ကြတာလဲ”
“......”
ယခုလို ဆိုးရွားသည့်ပုံစံမျိုးကို မမြင်ဖူးကြသည့် လူအုပ်ထဲရှိလူတိုင်းက တိတ်ဆိတ်သွားကြသည်။
ခံတွင်းပျက်ရောဂါက လူတစ်ယောက်ကို လူလားသရဲလား မကွဲတော့သည့် အတိုင်းအတာအထိ နှိပ်စက်နိုင်မည်ဟု မထင်ထားကြပေ။
“ဟူး”
တုန်းယွဲ့ကိုယ်တိုင်ကလည်း သူမ၏ရင်ဘတ်ထဲမှ ပြည့်ကျပ်နေသော လေများကို မှုတ်ထုတ်လိုက်သည်။
သူတို့က ဒီprogrammကြောင့် အမျိုးမျိုးသော လူနာများနှင့် ထိတွေ့ဆက်ဆံမှု ရှိခဲ့သော်လည်း ပြင်းထန်သည့် ခံတွင်းပျက်ရောဂါ ခံစားနေရသည့် သနားစရာကောင်းလွန်းသော လူများကို ပထမဦးဆုံးအကြိမ် အာရုံစိုက်မိကြခြင်းဖြစ်သည်။
သူတို့၏ ယခင်ဗဟုသုတများအရ ထိုရောဂါက ရောဂါဟုပင် မထင်ရချေ။
144 03
မစားဘူးဟုတ်လား။
တကယ်ဆာလောင်နေတဲ့သူတွေက မစားဘဲ နေနိုင်မှာတဲ့လား။
သို့ရာတွင် ထိုလူများ၏ ပုံပန်းသွင်ပြင်ကို မြင်ရပြီးနောက် တုန်းယွဲ့အပါအဝင် သူတို့၏ ထင်မြင်ချက်များက မှားယွင်းကြောင်း နားလည်လိုက်ကြသည်။
“အားလုံးပဲ သူတို့ကို ထူးဆန်းတဲ့ပုံစံမျိုးနဲ့ မကြည့်ကြဖို့ မျှော်လင့်တယ်၊ တုန်းယွဲ့ကိုယ်တိုင်ကလည်း ဒီလူတွေက ပြင်းထန်တဲ့ ခံတွင်းပျက်ရောဂါကို ခံစားနေကြရပြီး ပြင်းထန်တဲ့ စိတ်ကျရောဂါကို ပူးတွဲခံစားနေရတဲ့အကြောင်းကို အတည်ပြုထားပြီးပါပြီ၊ ဒါကြောင့် သူတို့က စားစရာတွေကို ကြောက်ရုံတင် မဟုတ်သေးဘဲ အပြင်လူတွေကိုလည်း ကြောက်တယ်၊ အပြင်လောကကိုလည်း ကြောက်ကြတယ်”
“နောက်ပြီး....”
တုန်းယွဲ့က သူမ၏မျက်ဝန်းထောင့်မှ မျက်ရည်များကို သုတ်ရင်းဆက်ပြောသည်။
“ငါ nursing homeကနေ ကြားထားတဲ့အတိုင်းဆိုရင် ဒီဒဏ်ကို မခံစားနိုင်တော့လို့ သေလိုက်ချင်လွန်းလို့ သွင်းတဲ့ဆေးရည်တွေကိုတောင် ခိုးပြီး ဖယ်ရှားပစ်တယ်လို့ ပြောကြတယ်၊ သူတို့ရဲ့သတ္တိက ဘယ်လောက်ကြီးလိုက်သလဲ”
“ဘယ်လိုအခြေအနေမျိုးမှာများ လူတစ်ယောက်က အစာအငတ်ခံပြီး သေချင်စိတ်ရှိရတာလဲ”
“ငါတို့ရဲ့ programmကတော့ အချစ်နဲ့ မျှော်လင့်ချက်လို့ခေါ်တယ်”
“ကောင်းကင်ပြာတိရစ္ဆာန်ရုံက ငါတို့ကို အံ့အားသင့်စရာကောင်းတဲ့ အခြေအနေတွေအများကြီး ဖန်တီးပေးခဲ့တယ်၊ ဒီတစ်ကြိမ်မှာ ပြင်းထန်တဲ့ စိတ်ကျရောဂါ ခံစားနေရတဲ့ လူနာတွေကို ကယ်နိုင်မလားဆိုတာကို မျှော်လင့်ရင်း စောင့်ကြည့်ကြရအောင်”
ထိုသို့ပြောပြီးနောက် တုန်းယွဲ့၏ နှုတ်ခမ်းများက တင်းတင်းစေ့ပိတ်သွားသည်။ သူမက မျက်လုံးထဲမှ မျက်ရည်များကို မကျလာအောင် ထိန်းလိုက်ပြီး အနောက်ဘက်မှ ဂရုစိုက်လိုက်သည်။
“ပါး ဒီကလေးက အရမ်းသနားဖို့ကောင်းတာပဲ၊ သူသာကျောင်းတက်ရင် အနိုင်ကျင့်ခံရမှာပဲ”
ကောင်ငယ်လေးတစ်ယောက်က နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်လိုက်သည်။ သူက အနားရှိသက်လတ်ပိုင်းလူကြီး၏ အင်္ကျီကိုဆွဲရင်း ခပ်တိုးတိုးပြောသည်။
“သား သားရဲ့နေရာကို သူ့ကိုပေးလိုက်ရင်ကောင်းမလား”
“ဦးလေးဆုပိုင်ကပြောတယ်၊ ဒီခရီးက စားစရာတွေက တအားအရသာရှိတာတဲ့၊ အဲဒီကလေးလေးကို ပေးလိုက်ရင်ဘယ်လိုလဲ”
“ကောင်းပြီ”
ကလေး၏လက်ကိုကိုင်ထားသော အဖေဖြစ်သူက မျက်ရည်စများနှင့် ပြုံးလိုက်သည်။
“အင်း သူ့ကိုပေးလိုက်ပါ၊ သားက တကယ်အရွယ်ရောက်လာပြီပဲ”
ခြောက်နှစ်အရွယ်သာရှိသေးသော သားဖြစ်သူ၏ပါးစပ်မှ ထိုစကားမျိုး ထွက်လာမည်ဟု မမျှော်လင့်ထားမိချေ။ ထိုအခိုက်အတန့်တွင် သက်လတ်ပိုင်းလူကလည်း ခေါင်းကိုမော့ရင်း မျက်ရည်များကို ထိန်းလိုက်မိသည်။
အရမ်းကို သိတတ်တာပဲ။
ဒီလောက်ငယ်ရွယ်သေးတဲ့အချိန်မှာတောင် ဒီလောက်သိတတ်နေရင် အရွယ်ရောက်လာတဲ့အခါ.....။
ကြည့်ရတာ ဒါရိုက်တာဆုပိုင်ပြောတဲ့စကားက မှန်လောက်တယ်။ တိရစ္ဆာန်ငယ်လေးတွေနဲ့ အချိန်အတန်ကြာ အတူရှိသွားပြီးတဲ့နောက်မှာ လူတွေက ပိုပြီး စာနာသနားတတ်လာကြတယ်။
“သွားရအောင် ပါးကသားကို ခေါ်သွားပေးမယ်၊ သားရဲ့နေရာကို သူ့ကိုပေးလိုက်နော်”
“မား သားလည်း သားရဲ့နေရာကို သူတို့ကို ပေးချင်တယ်”
“သားလည်း မစားတော့ပါဘူး၊ သားမနက်က မနက်စာစားခဲ့ပြီးသား ၊ အခုဗိုက်မဆာဘူး”
“အဘိုး မစားတော့ဘဲနေရအောင် ဟုတ်ပြီလား”
သက်လတ်ပိုင်းအရွယ်လူကြီးက ဦးဆောင်ဝင်သွားပြီးနောက် နောက်မှကလေးတစ်အုပ်ကလည်း ခေါင်းကိုမော့ကာ လေးနက်သော မျက်နှာများဖြင့် ပြောကြသည်။
“ကောင်းပြီ ကောင်းပြီ ဝင်ရအောင်၊ ငါတို့ရဲ့ လိမ္မာတဲ့ကလေးတွေက နေရာတွေကို သူတို့ဆီ လွှဲပေးလိုက်ကြမယ်နော်”
“ကောင်းပြီ ကလေးတွေ အရွယ်ရောက်လာကြပြီ၊ ငါတို့က တရုတ်ပြည်က လိမ္မာတဲ့ကလေးတွေပဲ၊ အနာဂတ် အရွယ်ရောက်လာပြီးတဲ့နောက်မှာလည်း သေချာပေါက် တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ရမှာ သေချာတယ်”
“haha အရမ်းသိတတ်တာပဲ၊ ဒီလိုကလေးမျိုးကို ပိုင်ဆိုင်ရတဲ့အတွက် အဘိုးက တအားဂုဏ်ယူမိတယ်”
လူတစ်အုပ်က ကလေးများကိုဦးဆောင်၍ တိရစ္ဆာန်ရုံအတွင်းသို့ ဝင်သွားကြသည်။
သူတို့က အရသာခံသောနေရာများကို လူနာများကို ပေးလိုစိတ် ရှိကြလေသည်။
++++