← Chapters

အခန်း (၁၄၈-၁၅၀)

Vol. 10 Ch. 148-150

အခန်း (၁၄၈-၁၅၀)

Vol. 10 Ch. 148-150

အပိုင်း (148)

“ကားတစ်စီးကို အရင်ပြည့်အောင်တင်လိုက်၊ နောက်ပြီး အဲဒီဘက်ကိုသွားပြီး ဆက်ဖြတ်၊ လွန်ခဲ့တဲ့ လအနည်းငယ် ကြိုးစားထားတဲ့ တာဝန်က နောက်ဆုံးတော့ ပြီးမြောက်သွားတော့မယ်”

“ငါဒီနေ့ အချိန်ပို လုပ်လိုက်မယ်၊ ညနေလောက်ဆိုရင်တော့ အတူထွက်သွားကြတာပေါ့”

အသားမည်းမည်း ပိန်ပိန်ပါးပါး သက်လတ်ပိုင်းလူက လက်မောင်းတွင် ကြီးမားသော အိတ်ကြီးကို ချိတ်ဆွဲထားရင်း ကားပေါ်သို့ သေသေသပ်သပ်တင်နေသည့် သစ်ပင်များကိုကြည့်ကာ ကျေကျေနပ်နပ်ပြုံးသည်။ ထို့နောက် လူများကိုကြည့်ကာ ရယ်ပြလိုက်သည့် အခိုက်အတန့်တွင် သူ၏ ရှေ့သွားက ရွှေရောင်သွားတစ်ချောင်းက ဝင်းထိန်လာသည်။

“ကောင်းပြီလေ လူကြီးမင်းချောင် ဒါကို တစ်ချက်ကြည့်ပါဦး”

လူတိုင်းက သူတို့၏ ချိတ်များကိုသုံးလျက် တပြိုင်တည်းအော်သည်။

“မဆိုးဘူး မဆိုးဘူး”

ချောင်လီက အိတ်ထဲမှ စီးကရက်ကို ထုတ်လိုက်ပြီး ဘေးဘက်မှ ကောင်လေးက နာခံစွာနှင့် မီးညှိပေးလိုက်သည်။

“ဟူး”

မီးခိုးငွေ့ အကွင်းလိုက်ကို မှုတ်ထုတ်ပြီးနောက် ချောင်လီက သူ၏ရွှေသွားကို တစ်ချက်ရပ်လိုက်ရင်း ပြုံးရယ်ကာပြောသည်။

“ငါတို့ တြိဂံနယ်မြေဟောင်းက အရာရှိတွေကိုလည်း ဒီနေရာကို ဖိတ်ခေါ်ရမယ်၊ မင်းတို့ ဒီလိုသာ လုပ်မယ်ဆိုရင်...”

“ပိုကောင်းတဲ့ နေရာရှာလိုက်....ပိုက်ဆံများများယူခဲ့၊ ကောင်မလေးတွေလည်း ဆယ်ယောက်ကျော်လောက်ခေါ်ခဲ့၊ ဒီလူတွေက ဒီလိုတွေပဲ၊ ဝန်ဆောင်မှုက အဆင်သင့်ဖြစ်တာနဲ့ ငါတို့ရဲ့နောက် ဖြိုချမဲ့ တောအုပ်နယ်မြေက အသိအမှတ်ပြုခံရဖို့ လွယ်သွားလိမ့်မယ်”

“ချောင်ကော နားလည်ပါပြီ”

တင်းကျပ်နေသော ကြွက်သားများဖြင့် ကောင်လေးက ပြောသည်။ သူက ဖားယားသော ပုံစံမျိုးဖြင့် ဆက်ပြောပြန်သည်။

“ငါတို့သာ ဒီတစ်သုတ် သစ်သားတွေကို ရောင်းချလိုက်မယ်ဆိုရင် ပိုက်ဆံအများကြီး ရမှာပဲ၊ တစ်ယောက်ကို တစ်သိန်းလောက်တော့ ရမယ်ထင်တယ်”

“ဟားဟား”

ချောင်လီက ပါးစပ်တွင် ဆေးလိပ်ကိုကိုက်ထားရင်း အနားတွင်ရှိသည့် ဟူကျစ်၏ ပခုံးကို ပုတ်လိုက်သည်။ သူက နောက်သလိုပြော၏။

“သူတို့တွေရဲ့ မျက်လုံးထဲမှာ တစ်သိန်းဆိုတာ တော်တော်များနေပြီ”

“လောင်စန်းရဲ့ နေရာကိုပဲကြည့်၊ ဆင်းရဲလွန်းလို့ အဲဒီကောင်မလေးက ယွမ်တစ်သောင်းနဲ့တောင် အိမ်မဝယ်နိုင်ဘူး၊ သူတို့တွေ တစ်သိန်းဆိုရင် ဘယ်လောက်တောင် ပျော်သွားကြမလဲ”

သူက တစ်ဖက်သို့ လှည့်လိုက်ပြီး ရှင်းလင်းလုနီးပါးဖြစ်နေသည့် တောကိုပြန်ကြည့်သည်။ ချောင်လီက အသက်ပြင်းပြင်းရှူပြီး စီးကရက်ကို မြေပြင်ပေါ် တိုက်ရိုက်ပစ်ချလိုက်သည်။

ဒါတွေအားလုံးက ရတနာတွေပဲ။

တြိဂံနယ်မြေဟောင်းကလူတွေက ဒီအပင်တွေရဲ့ တန်ကြေးကိုတောင် မသိဘူး။

ပို၍ဆိုးသည်မှာ ထိုအပင်များက နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သောကြောင့် လုံလောက်သော အဆီအနှစ်ကို ရရှိထားသည်။ ထိုအတွက်ကြောင့် အကောင်းဆုံးသစ်သားများ ဖြစ်နေသည်။

စက္ကလုပ်ခြင်းဖြစ်စေ တစ်ခါသုံးသူများအတွက်ပင်ဖြစ်စေ အကျိုးအမြတ်အများကြီး ရရှိနိုင်လေသည်။

သန်းနည်းနည်းလောက်ပေးပြီး ဆယ်သန်းကျော် အကျိုးအမြတ် ရမှာ။

ပို၍ဆိုးသည်မှာ.....။

ဒီနေရာတွင် တောအုပ်ပေါင်းများစွာ ရှိနေသည်။ သူတို့က ဆက်တိုက်ခုတ်ဖြတ်နေမည်ဆိုလျှင် ရာစုနှစ်အနည်းငယ် ကြာပြီးသည့်တိုင်အောင် ကုန်စင်ဦးမည်မဟုတ်ချေ။

တောအုပ်မရှိတော့သောအခါ မည်သူကမှလည်း သူတို့ဖွင့်ထားသည့် အဆက်အသွယ်ကို ဂရုစိုက်ကြတော့မည် မဟုတ်ချေ။

“ဟီးဟီး”

ချောင်လီက သဘောတကျ ပြုံးရယ်လိုက်ပြီး အနားရှိဟူကျစ်ကို ခပ်တိုးတိုးပြောသည်။

“ဒီည မြင်းကြီးတွေ များများရှာလိုက်၊ ငါဒီနေရာမှာ အကြာကြီးနေခဲ့ရတာ နည်းနည်းမောပန်းနေပြီ”

“နောက်ဆုံးတော့ အလုပ်က ပြီးသွားတော့မယ်၊ ငါတို့တွေ ညီအစ်ကိုတွေကိုလည်း အားလပ်ရက် ပေးရမယ်”

148 02

“ပြဿနာမရှိဘူး”

ဟူကျစ်က နှုတ်ခမ်းတစ်ချက်သပ်ပြီး ခပ်တိုးတိုးပြန်ပြောသည်။

“ဒီည ကစားပွဲကြီးစရင် ဘယ်လိုလဲ၊ ငါတို့ ဒီတောအုပ်ထဲမှာ တိရစ္ဆာန်တွေအများကြီး သတ်ထားတာ၊ အားလုံးက တောရိုင်းကောင်တွေပဲ၊ ဒီတော့ အရမ်းအရသာရှိတယ်”

“စီစဥ်မှုတွေကို ကြည့်ပါဦး၊ ဒီလိုဆိုမှ ငါမေးပါဦးမယ်၊ အဲဒီသောက်ကျိုးနည်းသိမ်းငှက်က လာပြီးပြဿနာရှာသေးလား”

“လူတိုင်းမှာ ပြောင်းတိုသေနတ်တွေ ရှိသေးတယ်မဟုတ်လား၊ ပေါ်လာတာနဲ့ ပစ်ချလိုက်တော့၊ ငါသူ့ကိုအရင်ဆုံး ပစ်ချလိုက်မယ်၊ ဒီသိမ်းငှက်က လယ်သမားတွေကို မျက်လုံးကန်းအောင်သာ မလုပ်သွားခဲ့ရင် ငါဒေါ်လာသိန်းကျော် လျော်ရပါ့မလား”

ချောင်လီက သူပေးခဲ့ရသော ပိုက်ဆံအကြောင်းကို တွေးမိပြီး ရင်နာလာသည်။

ထူးဆန်းတယ်။

တောက ဖြတ်ခုတ်ခံရတဲ့အချိန်မှာ တိရစ္ဆာန်တွေအများကြီး ထွက်လာကြတယ်။ သူတို့အားလုံးက မျောက်တွေ အကောင်ရာကျော် သတ်လိုက်သေးတယ်။

အကောင်ငယ်လေးများ ထွက်ပြေးသွားသော အခြေအနေကလွဲလျှင် သူတို့၏ နောက်ဆုံးရိက္ခာများက ဒီတောရိုင်းကောင်များ ဖြစ်နေခဲ့လေသည်။

သို့သော် သူတို့ကို ရန်ငြှိုးထားနေသလိုမျိုး သိမ်းငှက်နှစ်ကောင်ကသာ ပြဿနာလာလာရှာခြင်းဖြစ်သည်။

ထိုအချိန်က တောအုပ်က ခုတ်ဖြတ်ခါစဖြစ်သည်။ သူတို့ကလည်း ပြောင်းတိုသေနတ်များ မသယ်ထားခဲ့ချေ။ ထို့ကြောင့် သိမ်းငှက်နှစ်ကောင်က လူပေါင်းများစွာ၏ မျက်လုံးများကို ဖောက်ထုတ်သွားခဲ့သည်။

ထိုအကြောင်းအရာကို တွေးမိသော် ချောင်လီက ဒေါသထွက်လာသည်။

သိန်းကျော်။

တြိဂံနယ်မြေဟောင်းမှာ ဒါက ဘယ်လိုချိတ်ဆက်မှုလဲ။

တခြားလူတွေရဲ့ အရည်ရွှမ်းတဲ့ သမီးတွေကို ဝယ်ရင်တောင်မှ ဆယ်ယောက်ကျော်လောက်ရတယ်။

“ချောင်ကော ငါဒီနှစ်ကောင်ကို ရှာနေတာကြာပြီ၊ ဒါပေမဲ့ သူတို့က အခုတလော မပေါ်လာဘူး၊ ကြည့်ရတာ ငါတို့ရဲ့ စီမံကိန်းက ပြီးမြောက်တော့မှာဖြစ်လို့ သူတို့က တခြားနေရာကို ပျံသွားပြီထင်တယ်”

“ဒါပေမဲ့”

ဟူကျစ်က ရင်ဘတ်ကိုပုတ်ရင်း ကျိန်ဆိုသည်။

“သူတို့ပေါ်လာတာနဲ့ သာ့ကောမစိုးရိမ်နဲ့၊ ငါက မင်းဆီကို စားတော်ပွဲအဖြစ် ယူလာခဲ့ပေးမယ်”

“ကောင်းပြီ”

ချောင်လီက ကျေနပ်စွာခေါင်းညိတ်သည်။

“အဲဒီမှာ သစ်ပင်ရာကျော်လောက်ပဲ ကျန်တော့တယ်”

“ဟင်”

ချောင်လီက ခေါင်းတစ်ဖက်လှည့်လိုက်သည့်အချိန်တွင် မျက်မှောင်ကြုတ်လိုက်မိသည်။ အကြောင်းမူကား ကျောပိုးအိတ်နှင့် လူတစ်ယောက်က ဒီဘက်သို့ လာနေသည်။

သူ၏ပုံပန်းသွင်ပြင်အရ တစ်ဖက်သူဟာ တောင်တက်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြီးမားသည့် တောင်တက်အိတ်ကြီးကို လွယ်ထားသောကြောင့် ခရီးသွားဖြစ်လောက်သည်။

ဒါပေမဲ့ ဘာလို့ ဒီနေရာကို ရောက်လာတာလဲ။

“သတိထား အဲဒီလူကို မောင်းထုတ်လိုက်၊ ငါတို့က အထက်ကို လာဘ်ထိုးထားတယ်ဆိုပေမဲ့လည်း သတင်းထောက်တွေသိသွားရင် ပြဿနာများလိမ့်မယ်”

“အလုပ်မဖြစ်ရင်လည်း ပိုက်ဆံနည်းနည်းပေးလိုက်၊ ဒီပရောဂျက်က သိပ်မကြာခင် ပြီးတော့မှာ၊ အထွတ်တက်တာမျိုးတွေ ဖြစ်လို့မရဘူး”

ချောင်လီက အဝေးမှလာနေသော ဆုပိုင်ကိုကြည့်လိုက်ပြီး အနားမှဟူကျစ်ကို မျက်လုံးမှိတ်ပြလိုက်သည်။

တစ်ဖက်သူကလည်း နားလည်မှုအပြည့်နှင့် ဆုပိုင်ထံလျှောက်သွားသည်။

“ရပ်စမ်း”

“ဒီနေရာက ဆောက်လုပ်ရေးနေရာ၊ ခရီးသွားဧည့်သည်တွေ လာခွင့်မရှိဘူး”

ဟူကျစ်က ပြုံးရယ်လျက်ပြောပြီး ဆုပိုင်ကိုတားသည်။

ဆုပိုင်က သူ၏ရှေ့မှ မျက်နှာဖြူဖြူနှင့် တရုတ်လူမျိုးကို တစ်ချက်ကြည့်လိုက်ပြီး မနေနိုင်ဘဲ မေးလိုက်သည်။

“မင်းတို့က ဘယ်ကုမ္ပဏီကလဲ”

“ဒါက ကာကွယ်ထားတဲ့နေရာမဟုတ်လား၊ ဘာလို့တစ်တောလုံး ခုတ်ဖြတ်နေတာလဲ”

“ဟားဟား”

ဟူကျစ်က ထိုစကားကို ကြားသောအခါ အထင်သေးသလိုရယ်ပြီး ဆုပိုင်ကို ဘေးဘက်သို့ ဆွဲသွားကာ သူ၏လက်မောင်းထဲမှ ပိုက်ဆံတစ်အုပ်ထုတ်ပေးသည်။ သူက တစ်ဖက်သူ၏ အိတ်ကတ်ထဲ ထိုးထည့်လျက် ခပ်တိုးတိုးပြောလိုက်၏။

“မင်းက ဘယ်မဂ္ဂဇင်းက သတင်းထောက်လဲ”

148 03

“ဟားဟား ဒီနေရာက သစ်ပင်တွေအားလုံးက သေနေကြပြီလေ၊ ဒါကြောင့် ငါတို့က ခုတ်လိုက်တာပါ၊ မင်းအနေနဲ့လည်း ဒီပိုက်ဆံတွေကိုယူတာ ပြဿနာမရှိဘူးမဟုတ်လား”

ဆုပိုင်က ခေါင်းကိုငုံ့ပြီး သူ၏အိတ်ထဲသို့ အတင်းထိုးထည့်ထားသည့် ပိုက်ဆံတစ်ထပ်ကိုကြည့်သည်။ ထို့နောက် ပြုံးရယ်ကာ အပြင်ပြန်ထုတ်လိုက်ပြီး တစ်ဖက်သူ၏ လက်မောင်းအတွင်းသို့ ခပ်ကြမ်းကြမ်း ထိုးထည့်လိုက်သည်။

သစ်ပင်တွေက သေနေပြီဟုတ်လား။

ဟားဟား ဒီလူတွေ တကယ်ပြောရဲတယ်။

သို့ရာတွင် ဆုပိုင်ကလည်း သစ်ပင်ကို ခုတ်ဖြတ်သောလူများက တရုတ်လူမျိုးများ ဖြစ်နေမည်ဟု မထင်ထားမိချေ။

“ဟူး”

သူက အသက်ပြင်းပြင်းရှူလိုက်သည်။ ဆုပိုင်က တဖြည်းဖြည်းချင်းပြောသည်။

“မင်းတို့တွေ သစ်ပင်တွေကို ခုတ်ဖြတ်လဲချတဲ့အချိန်မှာ တောထဲက တိရစ္ဆာန်တွေက ဘယ်ရောက်သွားလဲ”

“မင်းက ဘယ်သူလဲ၊ မင်းမှာ ဝင်ထွက်ခွင့် ကတ်ရှိလား၊ ထုတ်လိုက်စမ်း”

ဟူကျစ်က သူ၏လက်ထဲသို့ ပြန်ရောက်လာသော ပိုက်ဆံများကို သုန်မှုန်စွာ ပြန်ကြည့်သည်။ ထို့နောက် ခေါင်းကိုမော့ပြီး အော်လိုက်သည်။

အရှေ့က လူက သတင်းထောက်နဲ့လည်း မတူပါဘူး။

သူတို့လိုမျိုး တရုတ်လူမျိုးပဲ။ နောက်ပြီး သစ်ပင်ခုတ်တာကို ကြောက်တာက ဖြစ်သင့်ပေမဲ့ တိရစ္ဆာန်တွေကတော့....။

ဒီတြိဂံနယ်မြေက ဘယ်သူကမှ တိရစ္ဆာန်တွေကို ဂရုမစိုက်ဘူး။ ဟုတ်ပြီလား။ တိရစ္ဆာန်ကို ကာကွယ်တဲ့ အဖွဲ့အစည်းလည်းမရှိဘူး။

“ဂါး”

ဆုပိုင်ကလည်း အဝေးမှ လယ်သမားများက လုပ်လက်စ အလုပ်များကို ရပ်တန့်လျက် ဆုပိုင်ကို လာဝိုင်းမည့် အနေအထားမျိုး ပြင်လိုက်ကြောင်း မြင်လိုက်ရလေသည်။

ထိုအခိုက်အတန့်တွင် လေထဲမှ ဒေါသတကြီးဖြစ်နေသော အော်သံတစ်သံကို ကြားလိုက်ရသည်။

ဆုပိုင်က မော့ကြည့်လိုက်သောအခါ ကြီးမားလွန်းသော ကိုယ်ထည်ကြီးများကို ပိုင်ဆိုင်ထားသည့် ငှက်ကြီးနှစ်ကောင်က တောင်ပံများကိုဖြန့်တန်းလျက် အလွန်အမင်း မြန်ဆန်သည့်အရှိန်နှုန်းဖြင့် ပျံသန်းလာနေကြောင်း မြင်လိုက်ရသည်။

မျောက်ဝံစားသိမ်းငှက်လား။

သို့ရာတွင် ထိုနှစ်ကောင်က အောက်ဘက်မှ လူတစ်အုပ်ကို မြင်သောအခါ ဒေါသထွက်သွားသည်။

ဆုပိုင်က ပဟေဋိဖြစ်နေသည့်အချိန်တွင် ထိုသိမ်းငှက်နှစ်ကောင်က ခပ်ကြမ်းကြမ်း တိုက်ခိုက်လာကြပြီဖြစ်သည်။

******

149 01

အပိုင်း (149) ရူးသွပ်စွာ ကလဲ့စားချေခြင်း

“အား”

လေပြင်းက ဖြတ်တိုက်သွားလိုက်သည်။ မည်သူကမှ မတုံ့ပြန်နိုင်ခဲ့ချေ။

ဆုပိုင်သည်လည်း ထိုသစ်ခုတ်သော လူများထံမှ ထွက်လာသည့် စူးရှသည့်အော်သံကို ကြားလိုက်ရလေသည်။

တြိဂံနယ်မြေမှ သက်လတ်ပိုင်းလူတစ်ယောက်က မြေပြင်တွင် မျက်လုံးကိုအုပ်လျက် လှဲနေသည်။ သူဟာနာကျင်စွာ အော်နေလေသည်။

သူ၏လက်ကြားထဲမှ တောက်ပသော အနီရောင်သွေးများက စီးကျလာသည်။

မျောက်ဝံစားသိမ်းငှက်နှစ်ကောင်က တစ်ဖက်လှည့်လိုက်ပြီး ကောင်းကင်သို့ ပြန်တက်သွားပြန်သည်။ မီးခိုးရောင်အမွေးနှင့် သိမ်းငှက်များ၏ မျက်ဝန်းတစ်စုံက အောက်ဘက်ရှိ လူများကို အေးစက်စွာ ကြည့်သည်။

“ဂါး”

သိမ်းငှက်နှစ်ကောင်ထဲမှ တစ်ကောင်က အောက်ဘက်ရှိ လူတစ်ယောက်ကို ကြည့်လိုက်သည်။ ထိုလူက သေနတ်ကိုမြှောက်ကာ ချိန်ထားသည်။ ထိုသိမ်းငှက်က တစ်ချက်နှာမှုတ်ပြီး လေထဲသို့ ထိုးတက်သွားသည်။

ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း။

လေထဲတွင် အစိမ်းရောင်မီးခိုးများက မြောက်တက်လာပြီးနောက်တွင် သွေးများက ပန်းထွက်သွားပြီဖြစ်သည်။

“ဂါး”

မျောက်ဝံစားသိမ်းငှက်တစ်ကောင်က ရုတ်တရက် ကြောင်အသွားပြီး မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။

ထိုအခြေအနေကို မြင်သောအခါ သူ၏အပေါင်းအဖော်ကလည်း ထိုသိမ်းငှက်နားသို့ ခပ်မြန်မြန်သွားလိုက်ပြီး လက်သည်းများဖြင့် တစ်ဖက်သူကို ဖမ်းရန်ကြိုးစားသည်။

“ငါ့အတွက် သတ်ပေးစမ်းပါ၊ ဒီကောင်တွေအားလုံးကိုသတ်”

ချောင်လီက မြေပြင်မှ ကုန်းထလာပြီး မျက်လုံးကန်းသွားသောလူကို တစ်ချက်ကြည့်သည်။ သူ၏မျက်နှာက နီရဲသွားပြီး အော်လိုက်သည်။

“ရှောင်းဟူ”

“ဘယ်လိုနည်းနဲ့မဆို ငါဒီကောင်တွေကို သတ်ရမယ်”

“ဒီနှစ်ကောင်ကြောင့် တော်တော်လေးကို စိတ်ရှုပ်နေရပြီ”

“ခရက်”

ရှောင်းဟူက ဘေးဘက်ရှိ လယ်သမားတစ်ယောက်ဆီမှ ပြောင်းတိုသေနတ်ကို ခပ်မြန်မြန် ဆွဲယူလိုက်ပြီး ခပ်မြန်မြန် မောင်းတင်လိုက်သည်။ ထို့နောက် လေထဲမှ အကောင်နှစ်ကောင်ကို ချိန်ကာပစ်သည်။

သူက ခလုတ်ကို နှိပ်တော့မည့်အချိန်တွင် သေနတ်မှ ကျည်ကုန်နေသော အသံမျိုးက ထွက်လာသည်။

သေနတ်က ရုတ်တရက် ဆွဲလုခံရသည်။

“မင်းက သေချင်နေတာလား”

ဘေးဘက်မှ လူငယ်လေးက လက်ဆန့်ထုတ်လာပြီး သေနတ်ကို လွှဲယူသွားကြောင်း မြင်သောအခါ သူက ဒေါသတကြီး အော်လိုက်သည်။

“မင်းမသေချင်ရင် ဘေးဖယ်နေ”

ရှောင်းဟူက သေနတ်ကိုပြန်လုလိုက်ပြီး သုန်မှုန်သောမျက်နှာနှင့် ဆုပိုင်ကို တစ်ချက်ကြည့်သည်။

“ဂါး”

ထိုအခိုက်အတန့်တွင် လေထဲမှ ရင်ကွဲမတတ် ကျယ်လောင်သည့် အော်သံကြီးက ပေါ်ထွက်လာပြီဖြစ်သည်။ လေထဲကျသွားသောသိမ်းငှက်က လည်တိုင်ကျိုးကျသွားပြီး မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားကြောင်း မြင်လိုက်ရသည်။

ဆုပိုင်က မြင်လိုက်သည့် အခိုက်အတန့်တွင် သူ၏ရင်က နိမ့်ချည်မြင့်ချည်ဖြစ်သွားသည်။

ဒိုင်း။

သူက ခပ်ကြမ်းကြမ်း လှုပ်ရှားလိုက်ပြီး အရှေ့မှလူကို မြေပြင်ပေါ်သို့ ဆောင့်ကန်လိုက်ကာ သေနတ်ကို လှမ်းလုလိုက်သည်။

ထို့နောက် သစ်သားများ အတင်အချလုပ်နေသော လူများဘက်သို့ ချိန်ပြီး အေးစက်စွာအော်သည်။

“သေနတ်တွေကိုချ မဟုတ်ရင်ငါပစ်မယ်”

ထိုလူများက အံ့အားတကြီး ခေါင်းမော့လိုက်ပြီး အရှေ့ဘက်မှလူငယ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်ကြသည်။ ထို့နောက် သူတို့ကလည်း လက်ထဲမှ သေနတ်ကို မြေပြင်ပေါ်သို့ ကြောက်လန့်တကြား ပစ်ချလိုက်ကြသည်။

ဆုပိုင်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် သိမ်းငှက်ရှိရာနေရာသို့ အပြေးသွားသည်။

149 02

ဒိုင်း။

သူက အရှေ့ဘက်သို့ တစ်ချက်ခုန်လိုက်ပြီး ထိုသိမ်းငှက်၏ခေါင်းကို လက်နှစ်ဖက်ဖြင့် ဂရုစိုက်၍ ကိုင်ကြည့်သည်။

“ဂါး”

မျောက်ဝံစားသိမ်းငှက်က မျက်လုံးကို တဖြည်းဖြည်းချင်း ဖွင့်လာပြီး သူ၏အပေါင်းအဖော်ကို တစ်ချက်ကြည့်သည်။ ထို့နောက် နာကျင်စွာ ညည်းညူလေသည်။

“ကလေး နိုး မဟုတ်ဘူး မရ”

ထို့နောက် သူ၏အတောင်များက တုန်ယင်စွာဖြင့် အောက်သို့ အားနည်းစွာ ပြုတ်ကျသွားလေသည်။

“ငါ”

ဆုပိုင်က မျက်လုံးကို မှိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူသည်။ ထို့နောက် တဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

“ဂါး”

ထိုအခိုက်အတန့်တွင် လေထဲရှိ မျောက်ဝံစားသိမ်းငှက်က ပါးစပ်ကြီးကိုဟပြီး စူးရှစွာ အော်မြည်နေသည်။ သူဟာ ရူးသွပ်သွားသလိုမျိုး အောက်ဘက်ရိီ လူတိုင်းကို ထိုးသုတ်ရန် ခုန်ဆင်းလာသည်။

သူ့ရဲ့အပေါင်းအဖော် သေသွားပြီ။

တစ်တောလုံးလည်း ဖျက်ဆီးခံထားရတယ်။

သူတို့ရဲ့ ကလေးတွေကလည်း သေကုန်ပြီ။

ဒါတွေအားလုံးက ဒီလူသားတွေကြောင့်ပဲ။

ဘာလို့လဲ။

ဆုပိုင်ကလည်း ထိုအော်သံထဲမှ ဒေါသများကို ခံစားမိလိုက်သည်။

ဒီသိမ်းငှက်က အသေခံဖို့.ဆုံးဖြတ်လိုက်မှာကို စိုးရိမ်ရတယ်။

ထိုအချိန်တွင် အောက်သို့ ထိုးဆင်းလာသော ကြီးမားသည့် အကောင်ကြီးကို မြင်လိုက်သောအခါ မြေပြင်တွင် လှဲနေသေည့် ချောင်လီက လက်ကိုဆန့်ထုတ်ပြီး ဆက်တိုက်အော်သည်။

“မင်းတို့ဘာကြောင်နေတာလဲ၊ မြန်မြန် ဒီကောင်ကို သတ်လေ၊ ဘယ်သူက သတ်နိုင် သတ်နိုင် အဲဒီလူကို ငါယွမ်တစ်သိန်းပေးမယ်”

“မြန်မြန်”

လူတိုင်းက အဝေးရှိ ဆုပိုင်ကို တစ်ချက်ကြည့်သည်။ ထို့နောက် မြေပြင်မှ သေနတ်ကို ခပ်မြန်မြန် ကောက်ကိုင်လိုက်ပြီး အောက်သို့ထိုးဆင်းလာသည့် သိမ်းငှက်ကို ချိန်လိုက်ကြသည်။

ဒိုင်း။

သေနတ်သံက ထွက်ပေါ်လာသည်။

ဆုပိုင်က ခပ်မြန်မြန် မော့ကြည့်လိုက်သည်။

ထိုအခါ လေထဲရှိ မျောက်ဝံစားသိမ်းငှက်ကြီးက တစ်ဖက်သို့ကွေ့ပြီး ထူးဆန်းသော ပုံစံမျိုးဖြင့် ရှောင်လိုက်ကြောင်း မြင်လိုက်ရသည်။

“အားအား ငါ့ကိုကယ်ပါ”

မိုးကြိုးတစ်ချက် ပစ်ခတ်လိုက်သလိုမျိုး မြန်ဆန်လွန်းသော အရှိန်နှုန်းနှင့် မျောက်ဝံစားသိမ်းငှက်ကြီးက မြေပြင်ပေါ်သို့ ဖြတ်ခနဲ ရောက်ရှိလာပြီး သူ၏ ထက်ရှလွန်းသော သိမ်းငှက်လက်သည်းကြီးကိုထုတ်ကာ ချောင်လီ၏ကျောမှ အရေပြားများကို ထိုးဖောက်လိုက်သည်။

ဒိုင်း။

အင်အားကြီးမားသော တောင်ပံများက တုန်ခါသွားပြီးနောက်တွင် ချောင်လီက လေထဲသို့ လှမ်းပစ်လိုက်ပြီဖြစ်သည်။

လူတိုင်းကလည်း သူတို့၏သေနတ်ကို မှင်တက်စွာမြှောက်လိုက်ကြသည်။ သို့သော် သူတို့ဘာလုပ်သင့်ကြောင်း မသိတော့ချေ။

“ချောင်ကော”

ဟူကျစ်က မြေပြင်မှ ကုန်းထလာပြီး လေထဲသို့ ပျံတက်သွားသည့် မျောက်ဝံစားသိမ်းငှက်ကြီးကို ကြည့်သည်။ ထို့နောက် အင်အားအပြည့်သုံးကာ အော်ဟစ်လိုက်သည်။

149 03

ထို့နောက် မျောက်ဝံစားသိမ်းငှက်ကြီးက ချောင်လီ၏ ခန္ဓာကိုယ်မှ အသားများကို ကုတ်လျက် လေထဲတွင် တွဲလောင်းဆွဲထားကြောင်းက်ို မြင်လိုက်ရလေသည်။

“ဂါး”

“သေ”

ဆုပိုင်က ဒေါသတကြီးအော်သံထဲမှ ထိုနှစ်လုံးကိုသာ နားလည်လိုက်သည်။ ထို့နောက် သိမ်းငှက်ကြီးက ရုတ်တရက် သူ၏လက်သည်းများကို လွှတ်လိုက်သည်။

“အားဟူကျစ် ငါ့ကိုကယ် ငါ့ကိုကယ်”

ချောင်လီကလည်း မြေပြင်ပေါ်သို့ ကြောက်လန့်တကြားကြည့်သည်။ သူ၏လက်များက ရမ်းခါနေရင်း အော်ဟစ်နေသည်။

“ဝုန်း”

သူက ဆုပိုင်၏ဘေးနားသို့ ခပ်ကြမ်းကြမ်း ပြုတ်ကျလာသည်။ ဒါက မျောက်ဝံစားသိမ်းငှက်၏ အလောင်းနားတွင်ဖြစ်သည်။

ချောင်လီက သွေးများကို ပန်းထုတ်လိုက်ရသည်။ သူ၏လက်က တဆတ်ဆတ် တုန်နေပြီး ထနိုင်ရန် ကြိုးစားသည်။

သူမသေနိုင်ဘူး။

ဒီစီမံကိန်းက ပြီးတော့မှာ။ သူ့ရဲ့ နေ့ရက်ကောင်းတွေက စတင်ခါစပဲ ရှိသေးတယ်။ သူက လူချမ်းသာ ဖြစ်လာတော့မှာ။ သူက ဒီနေရာမှာ သေလို့မရဘူး။

ထိုသို့ဖြင့် ရှောင်လီက ခက်ခက်ခဲခဲ ထသည်။

“ဂါးး”

လေပြင်းက ရောက်ရှိလာလေပြီး သူ၏အရှေ့တွင် သိမ်းငှက်လက်သည်းတစ်စုံက ပေါ်ထွက်လာသည်။ ထို့နောက်...။

“အား ငါ့မျက်လုံးတွေ ငါ့ရဲ့မျက်လုံးတွေ”

“သေစမ်း”

“ဟူကျစ် အမှိုက်ကောင်၊ မင်း ဘာလုပ်နေတာလဲ၊ မြန်မြန် ဒီကောင့်ကိုသတ်လေ၊ အား ငါ ဝူးဝူးဝူး၊ ကျေးဇူးပြုပြီး ငါ့ကို နာကျင်အောင်မလုပ်ပါနဲ့”

ချောင်လီက သူ့မျက်လုံးသူအုပ်ပြီး ကျယ်လောင်စွာ အော်ငိုနေသည်။

“ဒိုင်း ဝုန်း”

ရုတ်တရက် သူ၏ခေါင်းထိပ်မှ သွေးသံရဲရဲ မျက်လုံးကြီးတစ်စုံက ပြုတ်ကျလာပြီး သူ၏နဖူးကို ထိမှန်သွားသည်။

သူက လက်ဆန့်ထုတ်ကာ ထိတွေ့ကြည့်လိုက်ပြီးနောက် ချောင်လီက ပြိုလဲကျသွားပြီဖြစ်သည်။ သူက မြေပြင်တွင် ကူကယ်ရာမဲ့စွာဖြင့် စတင်ကာ တွားသွားသည်။ အရာအားလုံးက ရုတ်ချည်းဆန်စွာ ဖြစ်ပျက်သွားခဲ့သည်။

လူတိုင်းကလည်း ချောင်လီ၏ သနားစရာကောင်းသော ပုံစံက်ို မြင်လိုက်ရပြီး တုန်ယင်သွားကြသည်။

သူတို့က တစ်ယောက်ကိုယ်တစ်ယောက်ကြည့်သည်။ ထို့နောက် သေနတ်များကို ပစ်ချပြီး စိတ်ဓာတ်ကျစွာ ထွက်ပြေးသွားကြလေသည်။

“အဆုံးသတ်ပြီ”

“ချောင်ကော ငါ....”

ဟူကျစ်က တံတွေးများ မြိုချလိုက်သည်။ သူ၏တစ်ကိုယ်လုံးက တဆတ်ဆတ် တုန်ခါနေသည်။

ထိုသိမ်းငှက်ကြီးနှစ်ကောင်က ဒီတစ်ကြိမ်တွင် သူတို့၏အသက်ကိုရင်းပြီး တိုက်ခိုက်လာကြခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့ဘက်မှလည်း ရှင်သန်ရန် အခွင့်အရေးမရှိတော့ချေ။

ဒါက အရင်အခြေအနေတွေနဲ့ မတူဘူး။ သူက ဒီနေရာကိုလာပြီး သူတို့ကိုသတ်တာ။ သူက တစ်ချက်နက်နက်ရှိုင်းရှိုင်း လှည့်ကြည့်ပြီးနောက် အဝေးရှိ သစ်လုံးများ သယ်ဆောင်ထားသော ကားဆီသို့ အသားကုန်ပြေးလေသည်။

ဒိုင်း။

ထိုကားက စနှိုးလိုက်သည့်အချိန်တွင် တစ်ဝက်ခန့်သာ ခုတ်ဖြတ်ခံထားရသော သစ်တုံးတစ်တုံးက ပြုတ်ကျသွားသည်။ ထိုသို့ဖြင့် ကားအရှေ့ဘက်တစ်ခုလုံးကို ကြေမွသွားစေသည်။

“ကယ် ငါ့ကိုကယ်”

အော်သံတစ်သံက ထွက်လာသည်။ ဟူကျစ်က မျက်လုံးကြီးပြူးကျယ်လျက် အသက်မဲ့သွားပြီဖြစ်သည်။

ဆုပိုင်က အရှေ့မှ မြင်ကွင်းကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။

ငါပြောမယ်ဆိုရင် ဒါက ကိုယ်လုပ်တဲ့အတိုင်း ကိုယ်ပြန်ခံရတာပဲ။

ယခုလေးတင် သေသွားခဲ့သော မျောက်ဝံစားသိမ်းငှက်၏စကားအရ ထိုနှစ်ယောက်က လူသားများကို ရူးသွပ်စွာ တိုက်ခိုက်ခဲ့ကြောင်းကို အကြမ်းဖျဥ်း ခန့်မှန်းနိုင်သည်။

တစ်တောလုံးကို ဖျက်ဆီးတယ်။ သိမ်းငှက်လေးနှစ်ကောင်ကိုလည်း သတ်သေးတယ်။

ဒါက ဒီနှစ်ကောင်ကို ရူးသွားစေတာပဲ။

“မဟုတ်ဘူး”

ထိုအချိန်တွင် အကွာအဝေးတစ်ခုအထိရောက်အောင် တွားသွားပြီးသော ချောင်လီက ထပ်အော်ပြန်သည်။

ဆုပိုင်က လှည့်ကြည့်လိုက်သောအခါ မျောက်ဝံစားသိမ်းငှက်ကြီးက သူ၏အရှေ့တွင် ရပ်နေကြောင်း မြင်ရသည်။ သူ၏ ထက်ရှသောနှုတ်သီးက အောက်သို့ ဆက်တိုက်ဆိတ်နေသည်။ သူဆိတ်လိုက်ချိန်တိုင်း သွေးများက ပန်းထွက်လာပြီး အသားတုံးများက ကပ်ပါလာသည်။

သိပ်မကြာခင် ချောင်လီက ခြေထောက်ကို ဆန့်လိုက်သည်။ ထို့နောက် မြေပြင်ပေါ်တွင် ခံစားချက်မဲ့စွာ လဲကျသွားပြီဖြစ်သည်။

*****

150 01

အပိုင်း (150) ဒီမျောက်ဝံစားသိမ်းငှက်က သေချင်နေတာ

[ဒါ ဒါက ဝမ်းနည်းစရာကောင်းလွန်းတယ်၊ ဘယ်လိုကြောင့်များ ဒီလိုဖြစ်သွားရတာလဲ ]

[ဟုတ်တယ် ဒီတစ်ကြိမ် hostလာကယ်ရတဲ့ သတ္တဝါက ဒီလောက်ထိ ကြောက်စရာကောင်းမယ်လို့ မထင်ထားဘူး၊ ရွှေသိမ်းငှက်ထက်တောင် ရက်စက်သေးတယ်]

[မင်းတို့ ဒီလိုပြောလို့မရဘူးလေ၊ ဒီလူသားတွေက တောအုပ်ကိုသာ မဖျက်ဆီးရင် ဒီနှစ်ကောင်က ဒီလောက်ထိ ရူးသွားပါ့မလား]

[ဟုတ်တယ် တင်ဆက်သူက ဘာဖြစ်တာလဲ၊ ဒီနှစ်ယောက်က မုန်းတီးဖို့ ကောင်းပေမဲ့လည်း သေတဲ့အထိတော့ အပြစ်ပေးမခံရသင့်ဘူးထင်တာပဲ]

[တင်ဆက်သူက သူတို့ကို ကယ်ဖို့တောင် မကြိုးစားဘူးဆိုတာကို မြင်လိုက်ကြတယ်မဟုတ်လား၊ ဒါပေမဲ့ ငါကတော့ တန််တယ်လို့ထင်တယ်၊ အထူးသဖြင့် နောက်ဆုံးတစ်ကောင်ပဲ၊ ဒါက ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ပြန်ခံရတာပဲ၊ သစ်ပင်တွေကို ခုတ်ဖြတ်တယ်၊ အခုက သူက ဒီသစ်ပင်အောက်မှာ သေသွားပြီ ]

[အိုး လူသားတွေက ဒီလောက်လှပတဲ့တောကို ဒီလိုစုတ်ပြတ်သတ်အောင် လုပ်တဲ့အထိ လောဘကြီးလွန်းတယ်]

[ငါ့အထင် မျောက်ဝံစားသိမ်းငှက်ကလည်း သနားစရာကောင်းတယ်]

“.......”

တိုက်ပွဲက လျင်မြန်စွာ စတင်ပြီး လျင်မြန်စွာ အဆုံးသတ်သွားသည်။ နှစ်ဖက်လုံးက ကြီးမားသော တန်ကြေးကို ပေးဆပ်လိုက်ရသည်။

မျောက်ဝံစားသိမ်းငှက်တစ်ကောင် သေသွားသည်။ သစ်ပင်ခုတ်ဖြတ်ခဲ့သော လူသားနှစ်ယောက်ကလည်း သေသွားသည်။ တစ်ယောက်က သစ်တုံးပိပြီး တစ်ယောက်က ကန်းသွားသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ရှိသောမိတ်ဆွေများက ထိုရလဒ်ကို ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်ကြသည်။

အထူးသဖြင့် မျောက်ဝံစားသိမ်းငှက်ကြီးက သူ၏အပေါင်းအဖော်၏ အလောင်းနားသို့ သွားလိုက်သော မြင်ကွင်းကို မြင်လိုက်ရချိန်တွင် အားလုံးက ရှင်းပြရန်ခက်ခဲသည့် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။

လူသားတွေက ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးရုံတင်မဟုတ်ဘဲ တိရစ္ဆာန်တွေကိုလည်း ဒုက္ခပေးတယ်။

ဒါက....။

“ဟူး”

ဆုပိုင်က အလောင်းနားတွင် လာရပ်သော မျောက်ဝံစားသိမ်းငှက်ကိုကြည့်သည်။ ထိုသိမ်းငှက်က ဆက်တိုက်အော်ညည်းနေသည်။ သူက မနေနိုင်ဘဲ အသက်ပြင်းပြင်းရှူပြီး အနားသို့ ကပ်သွားလိုက်သည်။

“ဂါး”

ရုတ်တရက် မျောက်ဝံစားသိမ်းငှက်ကြီးက ခေါင်းကိုငုံ့ပြီး ဆုပိုင်ကို စိုက်ကြည့်သည်။

“ငါက ဒုက္ခမပေးပါဘူး”

ဆုပိုင်က လက်ကိုမြှောက်လျက် ရိုးသားသော လေသံဖြင့်ပြောသည်။

“ဂါး”

မျောက်ဝံစားသိမ်းငှက်ကြီးက သူ့ကို လျစ်လျူရှုလိုက်သည်။ သူ၏အပေါင်းအဖော်၏ အလောင်းကိုသာ သုတ်ချီလိုက်ပြီး တောင်ပံက်ို ဖြန့်ကားလျက် လေထဲသို့ စတင်ကာ ပျံသန်းသွားသည်။

ဆုပိုင်ကလည်း အဝေးရှိ မဖြတ်တောက်ရသေးသော တောအုပ်ထဲသို့ ပျံသန်းသွားသော မြင်ကွင်းကို ကြည့်နေရင်း နောက်မှ ခပ်မြန်မြန်လိုက်သည်။

မြေပြင်က အလောင်းနှစ်လောင်းအတွက်ကတော့....။

အခု ထွက်ပြေးသွားတဲ့ အလုပ်သမားတွေက လူပြန်ခေါ်ပြီး သယ်လာပါလိမ့်မယ်။

ယခုလုပ်ရမည့် အရေးအကြီးဆုံးကိစ္စက မျောက်ဝံစားသိမ်းငှက်၏ အကြံအစည်ကို စိုက်ကြည့်ရန်ဖြစ်သည်။ ယေဘူယျကျကျ ပြောရလျှင် လူသားများက လွတ်မြောက်သွားခဲ့လျှင် သူတို့၏တာဝန်က ပြီးမြောက်သွားပြီဖြစ်သည်။ သို့သော် ယခုအချိန်အထိ စနစ်က ပြီးမြောက်ကြောင်း မပြောသေးချေ။

ထို့အပြင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကောမန့်များကို ကြည့်ခြင်းအားဖြင့် ဆုပိုင်က လေးနက်စွာ ပြောလိုက်သည်။

“အခုလေးတင် သေသွားတဲ့ ဒီမျောက်ဝံစားသိမ်းငှက်က တစ်ဖက်တစ်ယောက်ရဲ့ လက်တွဲဖော်ဖြစ်လောက်တယ်၊ နောက်ပြီး ငါခန့်မှန်းရမယ်ဆိုရင် သူတို့ ဘာလို့ ဒီလိုမျိုး သစ်ခုတ်တဲ့လူတွေကို ဆိုးဆိုးရွားရွား လာပြီးတိုက်ခိုက်လဲဆိုတော့ ဒါက သူတို့ရဲ့ကလေးတွေနဲ့ ပတ်သက်လောက်တယ်”

“ဒါက ဟုတ်လားမဟုတ်လားဆိုတာကိုတော့ နောက်ကလိုက်ပြီးကြည့်ရင် သိရမှာပဲ”

“ဒါပေမဲ့ တောကိုဒီလိုမျိုး ပြုန်းတီးသွားရလောက်အောင် တူးထုတ်သွားတာက တိရစ္ဆာန်တွေကို အလုံးအရင်းနဲ့ သေဆုံးစေတယ်၊ နောက်ပြီး အခုလေးတင် သစ်ပင်တွင် ခုတ်ပိုင်းနေခဲ့တဲ့လူက တရားမဝင် လုပ်သွားတာ”

“နောက်ပြီး သူတို့ရဲ့ နည်းလမ်းက ရက်စက်လွန်းတယ်”

“ငါခန့်မှန်းရမယ်ဆိုရင် တောထဲမှာ ဘာတိရစ္ဆာန်မှ ရှာမတွေ့ဘူးဆိုတာက တောအုပ်ဆုံးရှုံးသွားတာကြောင့် ဒါမှမဟုတ်ရင် သူတို့ကြောင့် သေသွားလို့ပဲ”

ဆုပိုင်က စကားကိုအဆုံးသတ်ပြီးနောက်တွင် မျောက်ဝံစားသိမ်းငှက်ကြီးက တောအုပ်တစ်နေရာသို့ ဆင်းသက်လိုက်ကြောင်း မြင်လိုက်ရသဖြင့် ခပ်မြန်မြန် အရှိန်ကို မြှင့်လိုက်သည်။

ခရက်။

ညှိုးနွမ်းနေသော သစ်ပင်များနှင့် မြက်ပင်များကို ကျော်ဖြတ်ပြီးနောက် ဆုပိုင်က သစ်ပင်ကြီးတစ်ပင်ကို ပတ်လျှောက်လိုက်သည်။ ထို့နောက် သူက မျောက်ဝံစားသိမ်းငှက်ကြီး၏ ကျောဘက်နားသို့ ရောက်သွားလေသည်။

တုတ်ခိုင်လွန်းသော သစ်ပင်ကြီး၏ အောက်ခြေတွင် အမျိုးမျိုးသော အရွက်ခြောက်များဖြင့် လုပ်ထားသည့် အသိုက်တစ်သိုက်ရှိသည်။ မျောက်ဝံစားသိမ်းငှက်ကြီးက အသိုက်၏အရှေ့တွင် ရပ်နေသည်။

ဆုပိုင်က အနားသို့ အလောတကြီးမသွားရဲချေ။

သို့သော် သစ်ပင်အနောက်နားတွင်သာ ပုန်းနေလိုက်သည်။ သူက သတိအပြည့်ဖြင့် ခေါင်းကိုဆန့်ထုတ်ပြီး တစ်ချက်ကြည့်သည်။

“ဟစ်”

သူက မနေနိုင်ဘဲ အသက်ပြင်းပြင်းရှူလိုက်မိသည်။

150 02

အသိုက်ထဲတွင် လှဲနေသည်မှာ မျောက်ဝံစားသိမ်းငှက်အကောင်ပေါက်လေး နှစ်ကောင်ဖြစ်သည်။ သူတို့က အမွေးစပေါက်ခါစ အရွယ်သာဖြစ်သေးသည်။ သို့သော် သေနေသည်မှာ ကြာပြီဖြစ်လေသည်။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးက ကျုံ့နေလေပြီး အမျိုးမျိုးသော လောက်များကပင် တွယ်တက်နေပြီဖြစ်သည်။ သို့တိုင်အောင် အသက်ရှင်နေသေးသော မျောက်ဝံစား သိမ်းငှက်ကြီးက ကလေးများ၏ခေါင်းကို ချစ်မြတ်နိုးစွာ ပွတ်သပ်နေသေးသည်။

“ဂါး”

ထို့နောက် စူးရှသော အော်သံက ထွက်လာပြန်သည်။

အားလုံးသေသွားပြီ။

ကလေးတွေက သေရုံတင်မဟုတ်ဘဲ သူ့ရဲ့အဖော်ကလည်း သေသွားပြီ။ တောအုပ်က ဒီနေရာလေးပဲ ကျန်တော့တယ်။

မျောက်ဝံစားသိမ်းငှက်က အသိုက်နားတွင် တိတ်တဆိတ်လှဲနေသော မြင်ကွင်းကို ကြည့်ခြင်းအားဖြင့် ဆုပိုင်က အံကိုကြိတ်လိုက်ပြီး အနားသို့ လျှောက်သွားလိုက်သည်။ သို့သော် ဆုပိုင်ကို ပဟေဋိဖြစ်စေသည်မှာ သူက မျောက်ဝံစားသိမ်းငှက်၏အရှေ့သို့ ရောက်သွားသည့်တိုင်အောင် တစ်ဖက်က ခေါင်းမော့လာပြီး မကြည့်လာချေ။ အလောင်းများကိုသာ စောင့်ကြပ်နေသည်။

“ဒါက “

“ဒုက္ခပဲ”

ဆုပိုင်၏ မျက်နှာက ပြောင်းလဲသွားပြီး ညည်းညူလိုက်သည်။

မျောက်ဝံစားသိမ်းငှက်၏အမူအယာအရ သူက အသက်ရှင်ချင်စိတ် မရှိတော့ချေ။ သို့သော်.....။

ဟုတ်တယ်။ အိမ်ကလည်း ဖျက်ဆီးခံရတယ်။ လက်တွဲဖော်ကလည်း သေသွားတယ်။ ကလေးတွေကလည်း သေသွားပြီ။ သူ့နေရာမှာသာ လူသားတစ်ယောက်ဆိုရင် စိုးရိမ်တာက....။

“ဟူး”

ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို လှမ်းလွှဲလိုက်ပြီး အနားတွင် တိတ်တဆိတ် ဆောင့်ကြောင့်ထိုင်လိုက်သည်။

“အားလုံးကလည်း ဒီမျောက်ဝံစားသိမ်းငှက်က သေချင်စိတ်ရှိနေတာကို ရှာတွေ့ကြမယ်လို့ ထင််တယ်၊ သူက ဘယ်အရာပေါ်မှာမှ စိတ်ဝင်စားစိတ် မရှိတော့ဘူး၊ သူ့ရဲ့ရှေ့ကို မျောက်ဝံတစ်ကောင် ရောက်လာရင်တောင်မှ သူတိုက်ခိုက်မှာမဟုတ်ဘူး”

“အခုလေးတင် ကောမန့်တွေကို တွေ့လိုက်ပါတယ်၊ ခုနက ပြောထားတဲ့အတိုင်းပဲ၊ အမှန်တရားက ပေါ်လာပြီ”

“မျောက်ဝံစားသိမ်းငှက်နှစ်ကောင်က လူသားတွေကို ရူးရုးသွပ်သွပ် အမဲလာလိုက်တာက ဘာလို့လဲဆိုရင် သူတို့ရဲ့ကလေးတွေက လူသားတွေရဲ့ လက်ထဲမှာ သေသွားရလို့ပဲ”

“တချို့သူတွေကတော့ သူတို့လူသားတွေကို တိုက်ခိုက်တဲ့ပုံစံက ရက်စက်လွန်းတယ်လို့ ထင်ကြလိမ့်မယ်”

ထိုအချိန်ကို ရောက်ပြီးနောက် ဆုပိုင်က ကင်မရာအား အရှေ့ဘက်မှ မျောက်ဝံများထံ ချိန်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ ငါပြောချင်တာက တိရစ္ဆာန်တွေကလည်း ခံစားချက်တွေရှိတယ်၊ သူတို့ကလည်း အသိဉာဏ်ရှိတယ်ဆိုတာပဲ”

“ကောင်းပြီ သူတို့ရဲ့နောက်ခံကို လူသားတွေနဲ့ပြောင်းပြီး အစားထိုး စဥ်းစားကြည့်လိုက်”

“တကယ်လို့ မင်းသာ လူသားတစ်ယောက် နောက်ပြီး မင်း ပြန်ရောက်လာတဲ့အခါမှာ ကလေးနှစ်ယောက်က အသတ်ခံလိုက်ရတာကို တွေ့ရမယ်၊ ဒီလိုဆိုရင် ကလဲ့စားချေမယ်မဟုတ်လား”

“မင်းကလည်း လူသားတစ်ယောက်၊ မင်းရဲ့အိမ်က ဖျက်ဆီးခံရတယ်၊ မိသားစုဝင်တွေ အသတ်ခံရတာမြင်ရင် သူတို့ကိုသဘောကျပါဦးမလား”

“မင်းက လူသားတစ်ယောက်၊ ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ရတဲ့အခါ အနာဂတ်ကို ရင်ဆိုင်ချင်စိတ် ရှိပါတော့မလား”

ထိုစကားကို အဆုံးသတ်ပြီးနောက် ဆုပိုင်က ခေါင်းကိုငုံ့လိုက်ပြီး သူ၏အရှေ့မှ လှုပ်ရှားမှုမဲ့သွားသော မျောက်ဝံစားသိမ်းငှက်ကိုကြည့်ငါ သက်ပြင်းချမိပြန်သည်။

“ဒီအတိုင်း လူသားတွေရဲ့ ခံစားချက် ပိုများတယ်၊ လူသားတွေက သူတို့နည်း သူတို့ဟန်နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရည် ရှိကြတယ်”

“ဒါကြောင့် အတိတ်က လူသားတွေက အကျိုးအမြတ်အတွက်နဲ့ တိရစ္ဆာန်တွေကို နှလုံးသားထဲ မထည့်ကြဘူး”

“တောထဲမှာ သေသွားခဲ့တဲ့လူတွေရဲ့ အရေအတွက်ထက် တိရစ္ဆာန်တွေက ပိုများမှာပါ၊ တောက သူတို့ရဲ့အိမ်လေ၊ ဒါပေမဲ့ သူတို့က အိမ်ကို ဆုံးရှုံးလိုက်ရတယ်”

“သူတို့က အသိုက်ပြောင်းနိုင်ရင်တောင်မှ သေသွားတဲ့အရေအတွက်က မနည်းနိုင်ဘူး”

“ဂါး”

ရုတ်တရက် မျောက်ဝံစားသိမ်းငှက်က အရှေ့မှလူကို ကြည့်ပြီး ခပ်တိုးတိုးညည်းသည်။ သူက မျက်လုံးကိုဖွင့်ပြီး အရှေ့မှ လူသားကိုကြည့်သည်။

“လူသား မင်းသွား၊ ဒီလူတွေက သေချာပေါက် ပြန်လာမှာပဲ၊ တောထဲက တိရစ္ဆာန်တွေအားလုံး သေကုန်ပြီ၊ သူတို့သတ်သွားတာ”

“ငါသူတို့နဲ့ပဲ ထာဝရ နေသွားချင်တော့တယ်”

“ငါမသေသေးသမျှ ဒီနေရာက ငါတို့ရဲ့ အိမ်ပဲ”

မျောက်ဝံစားသိမ်းငှက်၏ အသံကိုနားထောင်ပြီး ဆုပိုင်က ရုတ်တရက် တိတ်ဆိတ်သွားသည်။

ကြည့်ရတာ ဒီတာဝန်က အဆုံးသတ်သွားပြီ။ ပြီးမြောက်ဖို့ မဖြစ်နိုင်လောက်တော့ဘူး။

ထိုအခိုက်အတန့်တွင် ဆုပိုင်က တိတ်ဆိတ်သွားသည်။

“စနစ် မျောက်ဝံစားသိမ်းငှက်ကို ပြန်ရှင်အောင်လုပ်ဖို့ နည်းလမ်းရှိလား”

အမှန်တကယ်အားဖြင့် နည်းလမ်းမရှိနိုင်ချေ။ ထို့ကြောင့် ဆုပိုင်က စနစ်ကိုသာ အကူအညီတောင်းလိုက်ရသည်။

မည်သို့ပင်ဆိုစေ သူကလည်း ဒီတာဝန်ကို လက်မလျှော့လိုပေ။ မျောက်ဝံစားသိမ်းငှက်၏ မိသားစုအပေါ် သက်ရောက်သွားသော ကိစ္စကြီးက ဝမ်းနည်းစရာ ကောင်းလွန်းလေသည်။

++++++

All Chapters