← Chapters

ဒီလှေနဲ့ဆိုရင် တစ်ဖက်ကမ်းကိုကူးနိုင်မလား

Vol. 6 Ch. 589

ဒီလှေနဲ့ဆိုရင် တစ်ဖက်ကမ်းကိုကူးနိုင်မလား

Vol. 6 Ch. 589

မျောက်ဝံဖြူကြီး၏ ပြင်းထန်သည့် တန်ခိုးစွမ်းအားများကြောင့် လေများ တိုက်ခတ်လာပြီး မိုးများ သည်းထန်စွာ ရွာသွန်းလာကာ တိမ်များမှာလည်း ကျောက်ဆောင်များ အလား အပိုင်းပိုင်း ကွဲပျက် ကုန်ကြလေသည်။

ပြင်းထန်သည့် တန်ခိုးစွမ်းအားများ အောက်တွင် ဆန်းလျန်၏ ဝတ်ရုံသည် တဖျတ်ဖျတ် လူးလွန့်လျက် ရှိလေသည်။ သူ၏မျက်ဝန်းများက ခံစားချက် ကင်းမဲ့နေပြီး အေးစက်လျက် ရှိလေ၏။

ဧရာမ မျောက်ဝံဖြူကြီး၏ နောက်မှ ရေစီးကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး ယင်ဝိညာဉ်များစွာ ထွက်ပေါ် လာလေသည်။ ထိုဝိညာဉ်များမှာ မြစ်ရေထဲမှ အဖြူရောင် လှေထိုးသမား ကဲ့သို့သော ပုံစံများ ဖြစ်လေသည်။

ဆန်းလျန်သည် ထိုယင်ဝိညာဉ်များကို သေချာပေါက် မှတ်မိလိုက်လေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာ … သူ ချင်းရွှမ်နတ်တံခါးသို့ စတင်ရောက်ရှိသည့် အချိန်တွင် အဖြူရောင် ဝတ်ဆင်ထား သည့်ဝိညာဉ် ဆင့်ခေါ်သူနှင့် ဆုံတွေ့ ခဲ့ရဖူးလေသည်။ ဝိညာဉ် မြစ်တစ်လျှောက်တွင် လှေတစ်စင်းဖြင့် ဖြတ်သန်းလာ သည့်ဝိညာဉ် ဆင့်ခေါ်သူ ဖြစ်လေသည်။ ဆရာဘွားဘွား ကျိလင်သာ သူ့ကို မကယ်တင်ခဲ့လျှင် ထိုနေ့က သူ့ဘဝဒုက္ခ ရောက်မည့်နေ့ပင် ဖြစ်လေသည်။

သို့သော်… ယခုအချိန်တွင်တော့ သူသည် ထိုအချိန်တုန်းက ဆန်းလျန် မဟုတ်တော့ပါ။

ဧရာမ မျောက်ဝံဖြူကြီးသည် ယင်ဝိညာဉ်များ ပေါ်ထွက်လာစေရန် အတွက် မိုးမြေစည်းကမ်းများကို ချိုးဖောက်လိုက် ဟန်ရှိလေသည်။ မိုးမြေတစ်ခုလုံးသည် အသူရာချောက်မှ ယင်စွမ်းအားများနှင့် ပြည့်နှက် နေလေတော့သည်။

အသူရာချောက်မှ တန်ခိုးစွမ်းအား များသည် အစကတည်းက ယင်စွမ်းအား ပိုပြီး နက်ရှိုင်း လေသည်။ သာမန်လူများသာ ရောက်ရှိလာလျှင် ရာသီဥတု အေးစိမ့်သည်ဟု ခံစားရမည် ဖြစ်လေသည်။ ထိုအအေးဓတ်ကြောင့် သေလွန်သူ များ၏ ဝိညာဉ်များသည် လျင်မြန်စွာ ပျောက်ကွယ် သွားနိုင်လေသည်။

အပြာရောင် ခရီးရှည် နန်းတော်ထဲသို့ အေးစိမ့်သည့် တန်ခိုးစွမ်းအားများ ဝင်ရောက် လာသည့်အခါ ယွမ်ကျွင်းဧကရီ သည်ထိတ်လန့် အံ့သြသွားရလေသည်။ ထိုအအေး စွမ်းအားများသည် ယွမ်ကျွင်းဧကရီ၏ နတ်ဘုရား စွမ်းအားများကိုပင် လာရောက် ဖိနှိပ်နေလေသည်။

"ရာမ… ရှင့်ရဲ့မျောက်ဝံကြီးကတော့ ပြဿနာရှာနေပြီ…”

ယွမ်ကျွင်းဧကရီ၏အသံသည် လေထုကို ထိုးဖောက်သွားပြီး သွေးနီရောင် ပင်လယ်ထဲသို့ ရောက်ရှိ သွားလေသည်။ သွေးနီရောင်ပင်လယ်ထဲမှ တောင်များ၊ စေတီတော်များနှင့် ရောင်ခြည်များ ထုတ်လွှတ်နေသည့် နေရာတွင် သူမ၏ အသံသည် ထွက်ပေါ်လာလေသည်။

“ရာမ” ဆိုသည်မှာ သွေးနီရောင် ပင်လယ်ထဲမှ ဘုန်းတော်ကြီး၏ အမည်ပင် ဖြစ်လေသည်။ အသူရာ ချောက်တွင် ထိုဘုန်းတော်ကြီး၏ အမည်ကိုသိသူ အနည်းငယ်သာ ရှိလေသည်။ ထိုသို့ သိကျွမ်းသူများထဲတွင် ယွမ်ကျွင်း ဧကရီမှာလည်း တစ်ဦးအပါအဝင် ဖြစ်လေသည်။

“မင်း သူ့ကို အပြစ်မတင်နဲ့၊ အဲဒီလူက ဟာနုမာန်ရဲ့ မကောင်းတဲ့ တန်ခိုးစွမ်းအားတွေ ထွက်ပေါ်လာအောင် လုပ်နေတာကိုး၊ သူ့ကြောင့် အသူရာချောက်မှာ ဒီလောက် ပြဿနာတွေ ရှုပ်ကုန်တာတောင် သူက မလုံလောက်သေးလို့ ထပ်ပြဿနာရှာနေတာလား မသိဘူး”

ဘုန်းတော်ကြီး၏ စကားသံဆုံးသွားသည်နှင့် တရားသံများ ထွက်ပေါ်လာပြီး လေထုထဲသို့ ထိုးဖောက် ဝင်ရောက် သွားလေသည်။

ဘုန်းတော်ကြီး၏ အသံသည် ယွမ်ကျွင်းဧကရီ၏ နားထဲသို့ ဝင်ရောက် လာလေသည်။

ရာမသည် ဆန်းလျန်ကို အမည်ခေါ်ဆိုခြင်း မပြုဘဲ “အဲဒီလူ”၊ “သူ” ဆိုသည့် အသုံးအနှုန်းများကိုသာ အသုံးပြုခဲ့လေသည်။

ယွမ်ကျွင်းဧကရီက စကား ဆက်မပြောတော့ပါ။

သူမက သေခြင်းရှင်ခြင်း စာအုပ်မှ တန်ခိုးစွမ်းအားများကို ထုတ်ယူ အသုံးပြုလိုက်ပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ကာကွယ် ထားလိုက်လေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးတွင်တော့ တန်ခိုးစွမ်းအား ဖိအားများသည် ယခင်ကထက် ၃၀% ခန့် မြင့်တက်လာလျက် ရှိလေတော့သည်။

ဧရာမ မျောက်ဝံကြီးသည် သူ၏ တန်ခိုးစွမ်းအားများဖြင့် ဧရာမ ဝိညာဉ်တုတ်ချောင်းကြီး တစ်ချောင်းကို ဖန်ဆင်းကာ ကောင်းကင်ကို ထိုးဖောက် ထားလေသည်။ ထိုတုတ်ကြီးကို ဝှေ့ယမ်းလိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးတွင် လေပြင်း မုန်တိုင်းများ တိုက်ခတ် သွားလေသည်။

မျောက်ဝံကြီးသည် တုတ်ချောင်းကြီးဖြင့် ဆန်းလျန်ရှိရာသို့ ထိုးစိုက် ချလိုက်လေသည်။

ဆန်းလျန်၏ မျက်နှာ အမူအရာက ပြောင်းလဲသွားခြင်း မရှိပါ။

သူ့လက်ထဲတွင် ဓားတစ်လက် ပေါ်လာပြီး ထိုဓားသည် ငါးမျှားတံ တစ်ခုအဖြစ် ပြောင်းလဲ သွားကာ မျောက်ဝံကြီး၏ တုတ်ချောင်းကြီးကို ရစ်ပတ် တားဆီးထားလိုက်လေသည်။

ဆန်းလျန်သည် မရဏဓားကို ပြုလုပ်ပြီးသွားသည့် နောက်ပိုင်း ဓားသိုင်းစွမ်းရည်မှာလည်း များစွာ မြင့်တက်လာခဲ့ လေသည်။ သူသည် ငါးမျှားတံကို ငါးက အစာလာဟပ်သည့် အချိန်တွင် စောင့်ဆွဲလိုက်သကဲ့သို့ သူ၏ငါးမျှားတံကိုလည်း စောင့်ဆွဲလိုက်လေသည်။

ငါးမျှားတံ၏ထိပ်ဖျားတွင် မရဏ ဓားသွား ပေါ်ထွက်နေပြီး စကြဝဠာ တစ်ခုလုံးကိုပင် တုန်လှုပ်စေနိုင်စွမ်း ရှိလေသည်။ ဓားသွားမှ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လေထဲတွင် တန်ခိုးစွမ်းအားလှိုင်းများ ထွက်ပေါ် လာလေသည်။

ထိုတန်ခိုးစွမ်းအား လှိုင်းများကို ခံစားရသူတိုင်း ကျောရိုးထဲအထိ အေးစိမ့်သွားသည် အထိ ထိတ်လန့် ကြောက်ရွံ့မိ မည်ဖြစ်လေသည်။ ထိုစွမ်းအားများဖြင့် ထိမှန်ခံရပါက ရုပ်ခန္ဓာရော စိတ်ဝိညာဉ်ပါ လွင့်စဉ်ပျောက်ကွယ်သွားနိုင်လေ သည်။

ထိုစွမ်းအား လှိုင်းလုံးများသည် မျောက်ဝံကြီး ကိုင်ထားသည့် ဝိညာဉ် တုတ်တံကြီးဆီသို့ ပျံ့နှံ့သွားပြီး တုတ်တံကြီးမှာ တစစီ ပျက်စီး သွားရလေသည်။ ဧရာမမျောက်ဝံကြီးက နာကျင်စွာ အော်ဟစ် လိုက်လေသည်။ သူ၏အသံနက်ကြီးမှာ မိုးကြိုးမုန်တိုင်း တိုက်ခတ်သည့် အလား ကျယ်လောင် လွန်းလှလေသည်။

ဧရာမမျောက်ဝံကြီး မည်မျှပင် တန်ခိုးစွမ်းအား မြင့်မားပါစေ ဆန်းလျန်ကိုတော့ မည်သည့် နည်းနှင့်မျှ ယှဉ်နိုင်မည် မဟုတ်ပေ။

ပထမတော့ ဆန်းလျန်က မျောက်ဝံကြီးကို ဖမ်းဆီးပြီး ယင်ဝိညာဉ်များနှင့် ပတ်သက်သည့် ပြဿနာကို ဖြေရှင်းရန် စဉ်းစားထားမိလေသည်။ သို့သော် ရုတ်တရက် စိတ်ပြောင်း သွားလေသည်။

ထိုအချိန်မှာပင်…

သွေးနီရောင်ပင်လယ်ရှိ “ရာမ” နေထိုင်ရာတောင်ပေါ်မှ ခရမ်းရောင် ရွှေသပိတ်တစ်ခု ထွက်ပေါ်လာပြီး မျောက်ဝံဖြူကြီး၏ ဦးခေါင်းကို ထိမှန် သွားလေသည်။ ထို့နောက် ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာကာ မျောက်ဝံကြီးကို ကာကွယ် ပေးထားလိုက်လေသည်။

ဧရာမမျောက်ဝံကြီးသည် တဖြည်းဖြည်း သေးငယ်သွားပြီး ခရမ်းရောင် ရွှေသပိတ် အတွင်းသို့ ဝင်ရောက်သွားလေ တော့သည်။ ရွှေရောင် အလင်းတန်းများသည်လည်း သပိတ်တွင်းသို့ တစ်ပါတည်း ဝင်ရောက် သွားလေသည်။

စုရုံးနေကြသည့် ယင်ဝိညာဉ်များမှာလည်း တဖြည်းဖြည်း အရည်ပျော်ကာ ပျောက်ကွယ် သွားကြလေသည်။ လွတ်လပ်မှု တစ်ခုကို ရှာဖွေ တွေ့ရှိသွားသည့် အလား ဖြည်းဖြည်းချင်း အရည်ပျော်ကာ ပျောက်ကွယ် သွားကြခြင်း ဖြစ်လေသည်။

“ဒကာလေး၊ ဒီတိရစ္ဆာန်က ကျုပ်နဲ့အချိန် အကြာကြီး နေလာခဲ့တဲ့သူပါ၊ သူဘယ်အချိန်က ကျုပ်ဆီက ထွက်ပြေးသွား မှန်းမသိလိုက်ဘူး၊ အခုတော့ ပြဿနာတွေ ဖြစ်စေခဲ့ပြီ၊ အခုတော့ ကျုပ်သူ့ကို စေတီတော် အောက်မှာ ချုပ်နှောင် ထားလိုက်တော့မယ်၊ တရားကျင့်စေပြီး မကောင်းတဲ့ စွမ်းအားတွေကို ပယ်သက်စေမယ်၊ ဒကာလေးသံသယ ရှိနေသေးတယ် ဆိုရင်တော့ သွေးနီရောင် ပင်လယ်မှာ ကျုပ်ကိုလာရှာနိုင်ပါတယ်၊ ကျုပ်နာမည်က ဘုန်းတော်ကြီး ရာမပါ၊ ကျုပ်သိတာတွေ အားလုံး မခြွင်းမချန် ဒကာလေးကို ပြောပြပါ့မယ်”

ဘုန်းတော်ကြီး၏ အသံထွက်ပေါ်လာပြီး ထိုအသံသည် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နေ လေသည်။

ခရမ်းရောင် ရွှေသပိတ်မှ စူးရှသည့် အသံတစ်သံ ထွက်ပေါ်လာပြီး မျောက်ဝံကြီးကို ပိတ်လှောင်ကာ သွေးနီရောင် ပင်လယ်ရှိရာအရပ်သို့ ပျံသန်း ထွက်ခွာ သွားလေတော့သည်။

မိုးနှင့်မြေတွင် မငြိမ်မသက် ဖြစ်နေသည့် အသက်ဓာတ် စွမ်းအားများမှာလည်း ရပ်တန့် သွားခဲ့လေသည်။

မှောင်မှိုင်းသည့်မြစ်ရေပြင်သည် ငြိမ်သက် နေဆဲဖြစ်ပြီး ကြမ်းခင်း မရှိသည့် လှေသည်လည်း ကမ်းစပ်တွင် ရှိနေမြဲ ဖြစ်လေသည်။ သို့သော် ဝိညာဉ် ဆင့်ခေါ်သူကတော့ လှေပေါ်တွင် ရှိမနေတော့ပေ။

ယခုတစ်ကြိမ်သည် ဘုန်းတော်ကြီးရာမနှင့် ဆန်းလျန်တို့ ဒုတိယအကြိမ် တွေ့ဆုံရခြင်း ဖြစ်လေသည်။ ထိုက်ယီထျန်းရှန်း အဆင့်သည် အလွန်မှ ခန့်မှန်းရခက်လေသည်။ ထို့ပြင် ယခု ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကိုလည်း ဆန်းလျန်အနေဖြင့် ပေါ့ပေါ့တန်တန် သဘော မထားဝံ့တော့ပါချေ။

မျောက်ဝံဖြူကြီးသည် ဧရာမမျောက်ဝံကြီး အဖြစ် ပြောင်းလဲ သွားပြီသည့်နောက် သူ၏ ခန္ဓာကိုယ်ထဲမှ ရက်စက် ကြမ်းကြုတ်သည့် တန်ခိုးစွမ်းအားများ ထွက်ပေါ် လာခဲ့လေသည်။ ထိုတန်ခိုးစွမ်းအား များထဲတွင် ဆင်းရဲဒုက္ခကို ကျော်လွှားခြင်းနှင့် လွတ်လပ်ခြင်း တရားများကို တွေ့မြင် ရလေသည်။

ဘုန်းတော်ကြီးရာမပြောသည် “မကောင်းတဲ့ စွမ်းအားများ” ဆိုသည်မှာ ထိုအသက်ဓာတ် စွမ်းအားများကို ဆိုလိုခြင်း ဖြစ်လေသည်။

သို့သော် ဘုန်းတော်ကြီး၏ စကားများကတော့ အမှန်တရားများ ဖြစ်ပုံရလေသည်။ ဆန်းလျန်ကလည်း သွေးနီရောင် ပင်လယ်ကို ပြန်ပြီး ဘုန်းတော်ကြီးနှင့် တွေ့ဆုံရန် အစီအစဉ် မရှိသေးပါ။ လောလောဆယ်တော့ ယခုလောက် ပြဿနာများ ရင်ဆိုင်လိုက်ရခြင်းက သူ့အတွက် လုံလောက်သွားပြီ ဖြစ်လေသည်။

ဘုန်းတော်ကြီးရာမသည် အလွန်မှ တန်ခိုးစွမ်းအား မြင့်မားသူ တစ်ယောက် ဖြစ်လေသည်။ သို့သော် ယခုအချိန်ထိ သူသည် အသူရာချောက်တွင်ပိတ်မိနေဆဲ ဖြစ်လေသည်။

အသူရာချောက်တွင် လျှို့ဝှက်ချက်များ လွန်စွာမှ များပြားလွန်းလေစွ။

ဆန်းလျန်မှာ ထိုပြဿနာများကို သူတစ်ယောက်တည်း ရင်မဆိုင်ရသည့် အတွက် ကျေးဇူး တင်လိုက်မိသည်။ ချန်ကျန့်မေသည် သွေးနီရောင်ပင်လယ်မှ ထွက်ခွာလာနိုင်ခြင်း မရှိသေးသည့်တိုင် အနှေးနှင့်အမြန်ပင် သူ့ကို ကူညီလိမ့်မည် ဖြစ်လေသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ချန်ကျန့်မေ အကူအညီ လိုအပ်သည့် အခါတွင်လည်း  ဆန်းလျန်က ချန်ကျန့်မေကို ပြန်လည် ကူညီမည်ပဲ ဖြစ်လေသည်။

ချင်းရွှမ်နတ်တံခါးမှ ဂိုဏ်းတူညီအစ်ကိုများ အချင်းချင်း ရိုင်းပင်း ကူညီရန်မှာ ဆရာဘိုးဘိုး ယွမ်ချင်းကိုယ်တိုင် ချမှတ်ခဲ့သည့် လမ်းစဉ် ဖြစ်လေသည်။

ဆန်းလျန်သည် ခံစားချက်များကိုမေ့ပစ်လိုက်ပြီး အနာဂတ်ကို မျှော်ကြည့်လိုက်လေသည်။

ဝိညာဉ်ဆင့်ခေါ်သူမရှိသည့် ကြမ်းခင်းမဲ့ လှေလေးသည် မြစ်ရေထဲတွင် တိတ်တဆိတ် မျောပါနေလေသည်။

လှေဆီမှ မိစ္ဆာအသံများ ထွက်ပေါ်နေပြီး ဆန်းလျန်ကို လှေပေါ်တက်စေရန် ဖိတ်ခေါ်နေသည့် အလားပင် ထင်မှတ်ရလေ၏။ မိစ္ဆာသံများမှာ ထိုလှေပေါ်သို့ တက်လိုက်သည်နှင့် လူတိုင်း ရောက်ချင်သည့် ပရဒိသုဘုံသို့ ရောက်ရှိမည့်အလား စွဲဆောင်နေကြလေသည်။

ဆန်းလျန်သည် လှည့်ထွက်လုဆဲဆဲတွင် ခြေလှမ်းများကို ရပ်တန့် လိုက်လေသည်။ ထို့နောက် နှာခေါင်း တစ်ချက်ရှုံ့လိုက်ပြီး…

"မင်းကိုစီးပြီး တစ်ဖက်ကမ်းကို ရောက်အောင် ကူးနိုင်မှာလား…”

ကြမ်းခင်း မရှိသည့်လှေက ဆန်းလျန်၏ အမေးကို ဖြေကြားခြင်းမရှိပါ။ ရေစီးဆင်းသံမှ တစ်ပါး ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ် နေလေသည်။

ဆန်းလျန်က…

"ဘယ်လိုလုပ်ရောက်နိုင်မှာတဲ့လဲ"

ထို့နောက် ဆန်းလျန်သည် လှေငယ်ကို ကျောခိုင်းလိုက်ပြီး ထွက်ခွာ သွားလေတော့သည်။ သူ၏ဝိညာဉ် အရိပ်သည် မိုးနှင့်မြေကြားတွင် သဲလွန်စမကျန်အောင် ပျောက်ကွယ် သွားလေသည်။

ဆန်းလျန် ပျောက်ကွယ်သွားသည်နှင့် ကြမ်းခင်းမဲ့ လှေငယ်လေးသည် ကျောက်ဆစ် ပန်းပုရုပ်တု တစ်ခုအသွင် ပြောင်းလဲသွားပြီး မြစ်ရေထဲတွင် ပျောက်ကွယ် သွားလေတော့သည်။

မိုးနှင့်မြေကြားတွင် သက်ပြင်းချသံ သဲ့သဲ့တစ်ချက် ထွက်ပေါ်လာလေသည်။ ထိုသက်ပြင်း ချသံထဲတွင် နောင်တရခြင်းနှင့် မကျေနပ်ခြင်းများ ပါဝင်နေလေ၏။

***

All Chapters