← Chapters

အခန်း ၁၄၅-၁၄၆

Vol. 15 Ch. 145-146

အခန်း ၁၄၅-၁၄၆

Vol. 15 Ch. 145-146

အပိုင်း (၁၄၅) မျှော်လင့်ချက်များနဲ့ မိန်းကလေး [၂]

ထိုအချိန်တွင်...

ရှေးဟောင်းမြို့တော်ထဲသို့ ဝင်ရောက်ရှာဖွေနေကြသော ရွှမ်ဖကျောင်းတော်မှ တပည့်များသည် မှောင်မိုက်လှိုင်းထနေသော မြေအောက်ဂူသင်္ချိုင်းတစ်ခုအတွင်းမှ အနက်ရောင် သလင်းတုံးနှစ်တန်းအား ထူးဆန်းရှာတွေ့ခဲ့သည်။

ရုတ်တရက်ဆိုသလို သင်္ချိုင်းဂူတစ်ခုလုံးအား တုန်ခါသွားစေလောက်သည့် ပြင်းထန်သေည လေပြင်းတစ်ချက်မှာ သူတို့အား ဖြတ်သန်းတိုက်ခတ်လာ၏။

ထိုလေပြင်းမှာ ရိုးရိုးလေမျိုး မဟုတ်ဘဲ သေခြင်းတရား၏ အငွေ့အသက်များ ပါဝင်နေသကဲ့သို့ အလွန်အေးစက်နေသည်။ တပည့်များမှာ ကျင့်ကြံခြင်းအဆင့်များ မြင့်မားနေပြီဖြစ်၍ အပူအအေးဒဏ်ကို မမှုတော့သည့်တိုင် ယခုလေပြင်းကမူ သူတို့၏ ကျောရိုးတစ်လျှောက်အား စိမ့်တက်သွားစေပြီး ရေခဲဂူနက်ကြီးထဲသို့ ကျဆင်းသွားသည့်အလား ခံစားလိုက်ကြရကာ စိတ်၀ိဉာဥိပငိ ထုံကျင်သွားရသည်။

လေပြင်း တိုက်ခတ်အပြီးတွင် ရွှမ်ဖကျောင်းတော်မှ တပည့်များ သတိပြန်လည်လာကြသော်လည်း ဤမြေအောက်ဂူသင်္ချိုင်းအတွင်း ရှိနေသော သလင်းတုံးများသည် သူတို့မျက်စိရှေ့တွင်ပင် အလိုအလျောက် အက်ကွဲကြေမွသွားကာ အနက်ရောင် သဲမှုန့်ပုံများအဖြစ်သို့ ပြောင်းလဲသွားသည်အယး ထိတ်လန့်ဖွယ်ရာ မျက်မြင်ကိုယ်တွေ့ မြင်လိုက်၏။

တပည့်များမှာ အချင်းချင်း အလျင်အမြန် အသိပေးလိုက်ကြပြီး အဆုံးတွင် ရွှမ်ဖကျောင်းတော်မှ အကြီးအကဲရွှယ်သည်လည်း အခြားသူများနှင့်အတူ ပြေးလာကာ ထိုအရာအားမြင်လိုက်ရချိန် အလွန်အံ့အားသင့်သွားကာ အသံများပင် တုန်ရီနေသည်။

"ဒါ... ဒါ ဘယ်လိုဖြစ်ရတာလဲ။"

အကြီးအကဲရွှယ် အလန့်တကြား မေးမြန်းလိုက်သည်။

"တပည့်တို့လည်း မသိပါဘူး။ အရိုးထဲထိ စိမ့်သွားမတတ် အေးစက်တဲ့လေပြင်း တစ်ချက် တိုက်သွားတာကို ခံစားလိုက်ရပြီးတာနဲ့ ဒီနေရာက အခုလို တစ်စစီ ဖြစ်သွားတော့တာပါပဲ။"

တပည့်အချို့သည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြန်လည်ဖြေကြားလိုက်ကြသော်လည်း အကြောင်းရင်းကိုမူ တိတိကျကျ မပြောနိုင်ကြပေ။ အကြီးအကဲရွှယ် အောက်သို့ဆင်း၍ စစ်ဆေးကြည့်ရာ သဲမှုန့်များထဲတွင် မည်သည့် ဝိညာဉ်တုံ့ပြန်မှုမျှမရှိသည်ကို တွေ့လိုက်ရသဖြင့် ဒေါသတကြီး ပြောမိသွားသည်။

"အရင်က ကွဲသွားတဲ့ သလင်းတုံးတွေတုန်းကလည်း ဒီလိုပဲ၊ အခု ဒါတွေကလည်း ထပ်ဖြစ်ပြန်ပြီ။ ဒီအရာတွေက မြေကမ္ဘာအင်မော်တယ်တွေရဲ့ လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်နေတဲ့ အဖိုးတန်ဆုံး ပစ္စည်းတွေလေ။ အခုတော့ အကုန် ရေစုန်မျောပြီပေါ့။"

ဤနေရာတွင် စောင့်ကြပ်ရန် တာဝန်ကျသော တပည့်များသည် ခေါင်းငုံ့ထားကြပြီး မည်သည့်စကားမျှ မဟရဲကြချေ။

"ကဲ အကြီးအကဲရွှယ်။ ဆက်ပြီး ဒေါသထွက်မနေပါနဲ့တော့။"

ထိုစဉ် ပိုင်ချူးရန်သည် ဂူသင်္ချိုင်းအပြင်ဘက်မှ လျှောက်ဝင်လာ၏။ သူသည် မြေပြင်ပေါ်၌ သဲမှုန့်များအဖြစ် ကြေမွနေသော သလင်းတုံးများကို တစ်ချက်ကြည့်လိုက်ပြီးနောက် အကြီးအကဲရွှယ်အား သက်သောင့်သက်သာပင် ပြောလာသည်။ "ဒါကို ဘယ်သူလုပ်သွားလဲဆိုတာ ငါသိတယ်။ ဒီတပည့်လေးတွေကို အပြစ်မတင်ပါနဲ့တော့။"

"ဓားဘိုးဘေး။"

အကြီးအကဲရွှယ်သည် ခေတ္တမျှ ကြက်သေသေသွားပြီးနောက် သူ၏ ဒေါသကို ထိန်းချုပ်ကာ မေးလိုက်သည်။ "ဘယ်သောက်ကောင် လုပ်သွားတာလဲ။"

ပိုင်ချူးရန်သည် အကြီးအကဲရွှယ်အနီးသို့ လျှောက်သွားကာ သူ၏ နားထဲသို့ ခပိတိုးတိုး ပြော၏။ ထိုအခါမှ အကြီးအကဲရွှယ် ရုတ်တရက် သဘောပေါက်သွားသည်။

"ဪ... သူဖြစ်နေတာကိုး။"

"သိရင်ပြီးတာပါပဲ။"

ပိုင်ချူးရန်က ပြေ။သည်။ "ဒီရှေးဟောင်းမြို့တော်ထဲမှာ ကျန်နေသေးတဲ့ အရာတွေ အများကြီး ရှိပါသေးတယ်။ ခင်ဗျားတို့ လေ့လာစရာ အချိန်အလုံအလောက် ရမှာပါ။"

ပိုင်ချူးရန်သည် လှည့်၍ ဂူသင်္ချိုင်းအတွင်းမှ ထွက်လာခဲ့ပြီး သူ၏ ဦးခေါင်းအထက်ရှိ မိုးထိတောင်ထွတ်အား ငေးမောကြည့်မိသွားသည်။ အချိန်အနည်းငယ် ကြာပြီးနောက် စုရှန်းရွှယ်သည် ပိုင်ချူးရန် အနီးသို့ ရောက်လာပြီး ကောင်းကင်အား သူနှင့်အတူ မော့ကြည့်ကာ မေးလိုက်၏။ "မြေကမ္ဘာအင်မော်တယ် ဝိညာဉ်ကို ဟို ငရဲတမန် ဖမ်းသွားပြီလား။"

"အင်း။ သူ အလုပ်လုပ်ရတာ မခက်ခဲစေဖို့ မြေကမ္ဘာအင်မော်တယ်ရဲ့ ဝိညာဉ်ကို ငါ ချန်မထားခဲ့ပါဘူး။"

ပိုင်ချူးရန်က ပြန်ဖြေသည်။ "ရာထူးသစ်ရထားတဲ့ အရာရှိလေးက အခုမှ အဖော်တွေ့သွားတာလေ။ သူ သက်ရှိထင်ရှား ရှိတုန်းက ရည်းစားမရှိတဲ့ လူပျိုကြီးဖြစ်ခဲ့ပေမယ့် သေသွားတဲ့အချိန်မှာတော့ အဆင်ပြေသွားတာပဲ။ ဘာပဲပြောပြော ငါတို့က နှစ်ပေါင်းများစွာ သိလာခဲ့ကြတဲ့ မိတ်ဟောင်းဆွေဟောင်းတွေလည်းဖြစ်တဲ့အပြင် ဒီတစ်ခေါက် ဒီရှေးဟောင်းမြို့တော်ကို ဝင်တားနိုင်ခဲ့တာကလည်း သူ့ရဲ့ အကူအညီကြောင့်ပဲ၊ ဒါကြောင့် သူ့ရဲ့ မင်္ဂလာသတင်းကို အသုဘသတင်းအဖြစ် ငါ မပြောင်းပစ်ရက်ပါဘူးလေ။"

"တမလွန်က ဝိညာဉ်တွေတောင် နွေဦးပေါက်ချိန် ရောက်လို့ ဖူးပွင့်နိုင်ပြီဆိုတော့ ရှင်ကရော ဘယ်တော့များမှ ပွင့်ဖူးပြီး အသီးသီးနိုင်မှာလဲ။"

စုရှန်းရွှယ်သည် မျှော်လင့်ချက်များ ပါ၀င်နေသော လေသံခပ်တိုးတိုးဖြင့် ပြောလိုက်သည်။ ပိုင်ချူးရန်က သက်ပြင်းချကာ မရေရာစွာ ပြန်ပြောသည်။ "အင်းလေ... ဘယ်တော့များမှလဲ မသိဘူး။"

"သံမဏိသစ်ပင်တောင်မှ အဖူးအညွန့်တွေ ဝေဆာပြီး ပန်းပွင့်နိုင်သေးတယ်။ သေလုမျောပါး သစ်ခြောက်ပင်တွေတောင် နွေဦးပေါက်ရင် ပြန်လည်ရှင်သန်ခွင့် ရှိသေးတာပဲ။ ကုန်လွန်သွားတဲ့ လူငယ်ဘဝဆိုတာ ပြန်မရနိုင်တော့ဘူး ချူးရန်ရဲ့။ ရှင်ကရော ဘယ်တော့များမှများ အိမ်ထောင်ပြုမှာလဲ။"

စုရှန်းရွှယ်သည် သူမရင်ထဲမှ မျှော်လင့်ချက်များအား ထိန်းချုပ်ကာ ခပ်တိုးတိုး ရေရွတ်သည်။

"မင်း ငါ့ကို တမင် ပြဿနာလာရှာတာလား။"

ပိုင်ချူးရန်က မျက်နှာရှုံ့မဲ့လျက်ပြော၏။

စုရှန်းရွှယ်မှာ ဒီအစ်မကြီးက တကယ်တော့ အချစ်ခံချင်လို့ လာတာဟုသာ ပြန်ဖြေချင်စိတ်ပေါ်လာသော်လည်း ထိုစကားမှာ အလွန်ရိုင်းစိုင်းလွန်းသည်ဟု ခံစားလိုက်ရသဖြင့် မျိုသိမ့်လိုက်ရသည်။ သူမသည် ပိုင်ချူးရန် သဘောမကျမည်ကို စိုးရိမ်သဖြင့် သူမစိတ်ထဲမှ စကားအား ချက်ချင်း ပြောင်းလိုက်၏။

"ကျွန်မ အတည်ပြောတာ။ ရှင် အိမ်ထောင်ပြုဖို့ရော စဉ်းစားဖူးလား။"

အပိုင်း (၁၄၆) တုန်းဖု [၁]

စုရှန်းရွှယ်သည် ပိုင်ချူးရန်အား မျှော်လင့်တကြီး မော့ကြည့်ပြီး သူစိတ်မပါပဲမနေအောင် လှုံဆော်လိုက်သည်။ "ကျင့်ကြံသူတစ်ယောက်အတွက် ပစ္စည်းဥစ္စာ၊ လက်တွဲအဖော်၊ ကျင့်စဉ်နဲ့ နေစရာနေရာတွေက မရှိမဖြစ် လိုအပ်တယ်ဆိုတဲ့ စကားက အချည်းနှီးပြောထားတာမှ မဟုတ်တာ။ ရှင်သာ သင့်တော်တဲ့ ကောင်မလေးတစ်ယောက် ရှာတွေ့သွားရင် စိတ်ကူးဉာဏ်သစ်တွေရလာပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဖောက်ထွက်နိုင်ရင် ဖောက်ထွက်နိုင်လောက်တယ်လေ။"

"ဒါကတော့...။"

ပိုင်ချူးရန်၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားသလို ထင်ရသော်လည်း သူ သေချာစဉ်းစားပြီးနောက် ခေါင်းကို ခပ်ပြတ်ပြတ်ယမ်းကာ ငြင်းဆို၏။ "အိမ်ထောင်ပြုတယ်ဆိုတာ အတင်းအကျပ်လုပ်တာ မသင့်တော်ပါဘူး။ ပြီးတော့ ငါ့ရင်ထဲမှာလည်း သင့်တော်တဲ့သူ မရှိသေးတော့ ငါ့နည်းငါ့ဟန် ထပ်ပြီးကြိုးစားကြည့်လိုက်ဦးမယ်၊ ငါ့ဘာသာငါ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဖောက်ထွက်နိုင်မလားဆိုတာ တစ်ချက် စောင့်ကြည့်ရသေးတာပေါ့။"

စုရှန်းရွှယ်သည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းမောချကာ လက်မလျှော့ပဲ ဆက်ပြောသည်။ "အားနာနာနဲ့ပဲ ပြောရမယ်ဆို ရှင် ကြိုးစားလာခဲ့တာ နှစ်ပေါင်း သုံးထောင်တောင် ကျော်နေပြီလေ။"

"ဒီတစ်ခါတော့ မတူတော့ဘူး။"

ပိုင်ချူးရန်သည် ကောင်းကင်ယံအား စူးစိုက်ကြည့်ကာ ပြောင်းပြန်ဖြစ်နေသော တောင်ထွတ်အား လက်ညှိုးညွှန်ပြလျက် လေးနက်သောမျက်နှာထားဖြင့် ပြောလာသည်။

"ဒီတစ်ခေါက်တော့ ငါ့လိုလူမျိုး အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဖောက်ထွက်နိုင်ဖို့ လမ်းစတွေ အဲဒီမှာ ရှိနေနိုင်တယ်လို့ တစ်ယောက်ယောက်က သေသေချာချာ ပြောသွားခဲ့တယ်။ အနည်းဆုံး ငါ သွားကြည့်သင့်တာပေါ့။"

————————————

သာမန်လူသားတို့၏ မျက်စိထဲတွင် လိုဏ်ဂူဆိုသည်မှာ နတ်ဘုရားတို့ ကိန်းအောင်းရာ နေရာမျှသာ ဖြစ်သည်။ သို့သော် တောင်တန်းများအား လက်ဖဝါးဖြင့် ရွှေ့ပြောင်းနိုင်ပြီး ပင်လယ်သမုဒ္ဒရာများကို မျက်စိတစ်မှိတ်အတွင်း ခန်းခြောက်စေနိုင်စွမ်းရှိသည့် ထိပ်တန်း ကျင့်ကြံသူကြီးများအတွက်မူ ထိုအမြင်မှာ ကွဲပြားသည်။ ကျင့်ကြံသူများသည် သူတို့တွင်ရှိသော အတိုင်းအဆမသိ ကြီးမားလှသော ဝိညာဉ်စွမ်းအင်များကို သုံးစွဲကာ ဝိညာဉ်ဓာတ်များ စုဝေးရာ အလွန်လျှို့ဝှက်နက်နဲလှသောနေရာများ၌ သီးခြား ကမ္ဘာငယ်လေးတစ်ခုကို ကိုယ်ပိုင် ဖန်ဆင်းလေ့ရှိကြသည်။ ထိုအရာပင် လိုဏ်ဂူဗိမာန်ဟု ခေါ်ဆိုကြ၏။

သို့သော် ယနေ့ခေတ် ကျင့်ကြံခြင်းလောကကြီးတွင် ဤကဲ့သို့ သီးခြားကမ္ဘာငယ်တစ်ခုအား ဖန်တီးနိုင်သည့် ရှေးဟောင်းအာကာသ မှော်ပညာရပ်များမှာ တိမ်ကောပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုဆိုသော်လည်း လူသားများနှင့် နတ်ဆိုးများကြား အသေအကြေ ယှဉ်ပြိုင်ခဲ့ကြသော မဟာစစ်ပွဲကြီး မတိုင်မီက တည်ရှိခဲ့သည့် ရှေးဟောင်းဂိုဏ်းကြီးအချို့၏ လျှို့ဝှက်ကျမ်းစာများထဲတွင်မူ ယနေ့တိုင် နားလည်သဘောပေါက်ရန် ခက်ခဲလှသော မှတ်တမ်းအချို့ ကျန်ရစ်နေဆဲ ဖြစ်သည်။

ထိုမှတ်တမ်းများအရ ယခင်ခေတ်ကာလများက ကျင့်ကြံသူတစ်ဦးသည် ခန္ဓာကိုယ်ပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိသွားသည်နှင့် ကိုယ်ပိုင် သီးခြားလိုဏ်ဂူတော်အား ဖွင့်လှစ်ရန် အထူးအာကာသမှော်ပညာကို စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်းပါရှိသည်။ သို့တိုင် ဤသည်မှာ အစပြုရုံမျှသာဖြစ်၏။

ရှန်တုယုလော်အပြင် ရွှမ်ဖကျောင်းတော်နှင့် အခြားသော နာမည်ကျော် ဂိုဏ်းကြီးများတွင်သာလျှင် အာကာသနည်းပညာအား အသုံးပြုထားသည့် နေရာတစ်ခု၊ နှစ်ခုခန့်သာ ကျန်ရှိတော့သည်။ သို့သော် မြေကမ္ဘာအင်မော်တယ်များ၏ ရှေးဟောင်းမြို့တော်ကြီးတွင် အသုံးပြုထားသော အာကာသထိန်းချုပ်မှု နည်းစနစ်များနှင့် နှိုင်းယှဉ်လိုက်လျှင် ပြင်ပနာမည်ကြီးဂိုဏ်းများမှာ အလွန်ပင် အကြမ်းထည်ဆန်လွန်းနေဆဲဖြစ်ပြီး ၎င်းတို့ကို သုံးရန်အတွက် လူအင်အားနှင့် အရင်းအမြစ် အမြောက်အမြား စတေးရသဖြင့် အလွန်ပင် လက်ပေါက်ကပ်လှသည်။

ယနေ့ခေတ် ကျင့်ကြံခြင်းလောကတွင် တည်ရှိနေသော လိုဏ်ဂူဗိမာန်အများစုမှာ လွန်ခဲ့သော နှစ်ပေါင်းမည်မျှကမှန်း မသိနိုင်တော့သည့် ရှေးဟောင်း တန်ခိုးရှင်ကြီးများ၏ ချန်ရစ်ခဲ့သော အကြွင်းအကျန်များသာဖြစ်၏။

သို့သော် ထိုကျန်ရစ်ခဲ့သမျှ လိုဏ်ဂူတော် အားလုံးကို ပေါင်းလိုက်လျှင်ပင် ယခုသူတို့ရှေ့တွင်ရှိနေသော မြေကမ္ဘာအင်မော်တယ်များ ကြိုးစားနိုး‌ထစေရန် ပြုလုပ်ခဲ့သော ရှေးဟောင်းမြို့တော် အပေါ်တွင်ပေါ်လာသည့် အိပ်မက်ဆိုးတစ်ခုပမာ ဂူဗိမာန်တော်ကြီးနှင့်မူ လုံးလုံးကွာခြားပေသည်။

ကောင်းကင်ပြင်ကြီးတစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကွဲအက်နေပြီး ထိုအက်ကွဲကြောင်းကြီးထဲတွင် အရာခပ်သိမ်းပား ဝါးမြိုပစ်မည့် အာကာသ လေဝဲကတော့ကြီးမှာ ဟိန်းဟောက် ရစ်ပတ်ထား၏။ မိုးထိအောင်မြင့်မားသော တောင်ထွတ်ကြီးများသည်ပင် ကောင်းကင်ယံထက်မှ ပြောင်းပြန် ဇောက်ထိုး တွဲလောင်းကျနေသည်မှာ ရင်သပ်ရှုမောဖွယ်ကောင်းလှသလို ကြက်သီးမွေးညင်းထဖွယ်ကောင်းသော်လည်း ထိုအရာသည် ဂူဗိမာန်တော်၏ အဝင်ဝသက်သက်မျှသာ ရှိသေးသည်။

All Chapters