← Chapters

အခန်း ၁၄၇-၁၄၈

Vol. 15 Ch. 147-148

အခန်း ၁၄၇-၁၄၈

Vol. 15 Ch. 147-148

အပိုင်း (၁၄၇) တုန်းဖု [၂]

မြေကမ္ဘာအင်မော်တယ်များနှင့် သွေးထွက်သံယို တိုက်ပွဲအပြီးတွင် အမှန်တရားမဟာမိတ်အဖွဲ့နှင့် နတ်ဆိုးဂိုဏ်းမဟာမိတ်အဖွဲ့တို့သည် ဤအဝင်ဝအား ပိတ်ဆို့ရန် အသံတိတ် နားလည်မှုဖြင့် အလျှင်အမြန်ပင် လူများစွာအား စေလွှတ်ခဲ့ကြ၏။ သို့ရာတွင် ပြည်နယ်ကိုးခုနှင့် နယ်မြေဆယ်ခု၏ အကျိုးအတွက်ဆိုစေကာမူ ဤအဖွဲ့နှစ်ဖွဲ့မှာ အခွင့်ကောင်းယူနေသည်ဟုထင်ကာ သူတို့နှင့်မသက်ဆိုင်ဟု ခံစားရသော ကျင့်ကြံသူ အများအပြားလည်း ရှိသေးသည်။ ထို့ကြောင့် သူတို့သည် မြေကမ္ဘာအင်မော်တယ်များ၏ ရှေးဟောင်းမြို့တော်မှ မကောင်းဆိုးဝါးများ အပြင်းအထန် တိုက်ခိုက်နေချိန်တွငိ သူတို့သည် စစ်မြေပြင်ထဲ တိတ်တဆိတ် ကွေ့ပတ်ကာ ခိုးကြောင်ခိုးဝှက် ဝင်ရောက်သွားခဲ့သည်။

သူတို့သည် နောက်ကျိနေသော ရေတွင် ငါးဖမ်းလိုသည့်စိတ်ဖြင့် ရောက်လာကြခြင်းဖြစ်၏။ ပြည်နယ်ကိုးခုနှင့ နယ်မြေဆယ်ခုရှိ အကြီးမားဆုံး အင်အားစုနှစ်ခု စစ်ပွဲမှ မထွက်ခွာနိုင်ခင်အား အခွင့်ကောင်းယူကာ ဤထူးခြားလှသော လိုဏ်ဂူတော်ထဲသို့ ဝင်ရောက်၍ အခွင့်အရေး တစ်ခုမဟုတ် နှစ်ခုကို အပိုင်စီးလိုကြသည်။ ထိုသို့သာ လုပ်ဆောင်နိုင်ခဲ့ပါက သူတို့သည် ထိုအင်အားစုနှစ်ခုလုံးကပင် လေးစားကြောက်ရွံ့ရလောက်အောင် အင်အားကြီးလာလိမ့်မည်ဟု မိုက်ရူးရဲဆန်စွာ တွေးနေခဲ့ကြသည်။

လူတိုင်းသည် အမြဲတစေ ကိုယ့်အကျိုးကိုယ်သာ ရှာတတ်ကြစမြဲဖြစ်သည်။ ဤကဲ့သို့ လောဘတက်သည့် ကိစ္စမျိုးမှာ အတိတ်တွင်လည်း အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး အကြိမ်ကြိမ် တားမြစ်ပိတ်ပင်ခံခဲ့ရဖူးသည်။ သို့သေည် ယခုအချိန်တွသ် လူများ ဝင်ရောက်သွားခဲ့ပြီဖြစ်၍ အမှန်တရားမဟာမိတ်အဖွဲ့နှင့် နတ်ဆိုးဂိုဏ်းမဟာမိတ်အဖွဲ့တို့အနေဖြင့်လည်း တားဆီးရန် အချိန်မမီတော့ချေ။

ကံကောင်းထောက်မစွာဖြင့် အဖွဲ့နှစ်ဖွဲ့မှာ အင်အားဖြည့်တင်းသောကြောင့် ပိတ်ဆို့လိုက်ပြီးနောက်တွင်မူ မည်သူမျှ ဤနေရာသို့ လျှို့ဝှက်စွာ မဝင်ရောက်နိုင်ကြတော့ပေ။

သေချာသည်မှာ အရာရာတိုင်းတွင် အကြောင်းပြချက်မျာစွယ ရှိစမြဲဖြစ်သည်။ အမှန်တရားမဟာမိတ်အဖွဲ့နှင့် နတ်ဆိုးဂိုဏ်းတို့ ပူးပေါင်း၍ ဤလိုဏ်ဂူတော်၏ အဝင်ဝအား ပိတ်ဆို့ခြင်းသည် သူတို့ကိုယ်တိုင်သာ အကျိုးအမြတ်ကြီးကြီးမားမား ရယူရန်အတွက် ဖြစ်သော်လည်း အခြားတစ်ဖက်တွင်မူ သိုင်းပညာမပြည့်စုံပဲ လိုဏ်ဂူဗိမာန်တော်ထဲသို့ လောဘဇောဖြင့် ဝင်ရောက်ကာ အချည်းနှီး အသက်စွန့်ရမည့်သူများအား တားဆီးရန်အတွက်လည်း ဖြစ်သည်။

ထို့အပြင် အစောပိုင်းက လျှို့ဝှက်ဝင်ရောက်သွားခဲ့သော ကျင့်ကြံသူများသည် အင်အားစုနှစ်ခုအပေါ် သက်ရောက်မှု လုံးဝမရှိခဲ့သည်တော့ မဟုတ်ချေ။ အနည်းဆုံးတွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရှိ ထိပ်သီးကျင့်ကြံသူ အနည်းငယ် ၀င်ရောက်သွားချိန် ရုတ်တရက် ကျရောက်လာသော ကောင်းကင်ကပ်ဘေးကြောင့် အပိုင်းပိုင်းအစစ သေဆုံးသွားသည်အား မြင်ပြီးနောက်တွင်မူ အင်အားစုနှစ်ခုလုံးသည် ဤလိုဏ်ဂူဗိမာန်၏ စည်းမျဉ်းတချို့ကို သဘောပေါက်သွားကြ၏။

'စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် အောက်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့်အထက်။'

ဤသည်မှာ လိုဏ်ဂူဗိမာန်သို့ ဝင်ရောက်ရန်အတွက် သတ်မှတ်ထားသော အသက်ဝင်ပေါက် ကန့်သတ်ချက်ပင် ဖြစ်သည်။ အကယ်၍ ဝင်ရောက်လာသူ၏ ကျင့်ကြံခြင်းအဆင့်သည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် သို့မဟုတ် ထိုထက်ပိုမြင့်မားနေမည်ဆိုပါက လိုဏ်ဂူအဝင်ဝရှိ လျှို့ဝှက်မန္တန်အစီအရင်မှာ ချက်ချင်း သက်ဝင်လှုပ်ရှားလာမည် ဖြစ်သည်။ ထို့နောက် ကြောက်မက်ဖွယ် ကောင်းကင်မိုးကြိုးကပိဘေးများအား အငမ်းမရ ဆွဲယူကာ ဝင်လာသူအား ကောင်းကင်ကပ်ဘေး၏ အရသာကို အပြည့်အဝ ခံစားစေလျက် ထိုနေရာတွင်ပင် ပြာကျသွားစေမည်။

ဤကောင်းကင်ကပ်ဘေးဆိုသည်မှာ မဟာတက်လှမ်းခြင်းအဆင့် မရောက်ရှိသေးသော ကျင့်ကြံသူများအတွက်သာမက မဟာတက်လှမ်းခြင်းအဆင့် ဖြတ်ကျော်ပြီးဖြစ်သည့် နာမည်ကျော် ဟွမ်ဖုဖိန်လို လူအတွက်ပင်လျှင် ဖြတ်ကျော်ရန် လုံလောက်သော အင်အားမရှိနိုင်လောက်အောင် ပြင်းထန်လှသည်။

အဝင်အထွက် ကန့်သတ်ချက်၏ အောက်ခြေအား အခြေခံတည်ဆောက်ခြင်းအဆင့် အထက်ဟု သတ်မှတ်ထားရခြင်းမှာမူ အခြားကြောင့်မဟုတ်ပဲ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိပြီးသော ကျင့်ကြံသူများသာလျှင် ဓားပျံများကို စီးနင်းလျက် ကောင်းကင်ယံ မိုင်ပေါင်းများစွာ အမြင့်တွင် တွဲလောင်းကျနေသော အဝင်ဝဆီသို့ အရောက်လှမ်းနိုင်မည် ဖြစ်သောကြောင့်ဖြစ်သည်။

သို့သော် ဤကန့်သတ်ချက် အားလုံးသည် လူတစ်ယောက်အတွက်မူ ယင်ကောင်တစ်ကောင်အလား မည်သည့် အကျိုးသက်ရောက်မှု မရှိချေ။

"ဒါကြောင့် ဒီတစ်ခေါက် ခရီးစဉ်ကို ငါကိုယ်တိုင် လိုက်သွားမယ်။"

ချီမင်ဓားဂိုဏ်း၏ ပင်မခန်းမဆောင်ကြီးအတွင်း၌ ပိုင်ချူးရန်သည် အကြီးအကဲများနှင့် ဂိုဏ်းချုပ်များ တစ်စုတစ်ဝေးတည်း ရှိနေသည့်ရှေ့တွင် လေးနက်ခိုင်မာသော လေသံဖြင့် ကြေညာလိုက်သည်။

"ကျန်တဲ့ လူအင်အားကိုတော့ မင်းတို့ဘာသာ စီစဉ်ကြပေါ့။ ဘာပဲဖြစ်ဖြစ် ငါတော့ အဲဒီအပေါ်ကို တက်သွားမယ်။"

"ဘိုးဘေးငယ်... အကယ်၍ ဘိုးဘေး ကိုယ်တိုင် သွားမယ်ဆိုရင်တော့ ကျွန်တော်တို့က လုံးဝ ကန့်ကွက်စရာမရှိပါဘူး။"

ကျူယွမ်ကျီ အလွန်ရိုသေစွာဖြင့် ပြောသည်။ "ဒီနေရာက အရမ်း အန္တရာယ်များတယ်။ ဘာပဲဖြစ်ဖြစ် ဒါက မြေကမ္ဘာအင်မော်တယ်တွေ သူတို့အသက်ကို ပဓာနမထားဘဲ နှိုးဆော်ထားခဲ့တဲ့ လိုဏ်ဂူဗိမာန်တော်ကြီးလေ။ အထဲမှာ ဘာတွေ ပုန်းကွယ်နေလောက်လဲ၊ မြေကမ္ဘာအင်မော်တယ်တွေက ဘယ်လိုလှည့်ကွက်တွေ ဖွက်ထားခဲ့လဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ပြီးတော့ ကျွန်တော်တို့က စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အောက် တပည့်တွေကိုပဲ လွှတ်လို့ရမှာဆိုတော့ ဘိုးဘေးငယ် ကိုယ်တိုင် လိုက်ပါ စောင့်ရှောက်ပေးမယ်ဆိုရင် ကျွန်တော်တို့ ပိုပြီး စိတ်အေးရမှာ သေချာပါတယ်။"

အပိုင်း (၁၄၈) တုန်းဖု [၃]

"ဟင့်အင်း။ ငါ ပြောချင်တာက အဲ့လိုမဟုတ်ဘူး "

ပိုင်ချူးရန် စကားဖြတ်ပြောလိုက်သည်။

"ဒီတစ်ခါ အဖွဲ့ဖွဲ့တဲ့အခါ ငါမပါဘူးလို့ပဲ သဘောထားပြီး သီးသန့်ဖွဲ့ရမယ်။ ငါက သူတို့နဲ့ အတူတူ သွားချင်ပေမယ့် ငါကိုယ်တိုင်လည်း အခွင့်အရေး တစ်ခုခု ရမလားလို့ ဝင်ရှာချင်တာ။ ဒါပေမယ့် ငါ တစ်ယောက်တည်း သီးခြားတော့ သွားစရာမလိုဘူး။ အားလုံး အတူတူသွားကြတဲ့အခါ ကလေးတွေကို ငါ ကာကွယ်နိုင်မယ်။ ဒါပေမယ့် ငါ တစ်ယောက်တည်း ထွက်သွားပြီဆိုရင်တော့ သူတို့ဘာသာသူတို့ ရပ်တည်ရလိမ့်မယ်။"

"နားလည်ပါပြီ"

ကျူးယွမ်ကျီသည် နားလည်ကြောင်း ရိုသေစွာ ပြန်ဖြေ၏

"ဒီကိစ္စကို မင်းတို့ ဘယ်လိုမြင်ကြလဲ။"

ကျူယွမ်ကျီသည် သူ၏ ဂိုဏ်းတူ အစ်ကို၊ အစ်မများအား တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ပိုင်ချူးရန်ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

"ဘိုးဘေးငယ်ကိုသာ အမြဲတမ်း အနောက်ကနေ လိုက်စောင့်ရှောက်ခိုင်းနေရင် ဒီကလေးတွေက ဘာအတွေ့အကြုံမှ ရမှာမဟုတ်ဘူး။ သူတို့နဲ့ ခွဲနေလိုက်တာ ပိုကောင်းပါမယ်။ ဘိုးဘေးငယ်က အရေးကြီးကိစ္စရှိလို့ သွားမယ်ဆိုရင် သူတို့ဘာသာ လမ်းစရှာကြပါစေ။ ဘိုးဘေးက သူတို့ အားလုံး အထဲရောက်သွားတဲ့အချိန်ကျမှ ကိုယ့်ဘာသာ အထဲဝင်ပြီး အခွင့်အရေးတွေကို ရှာဖွေပေးဖို့တော့ ပြောချင်ပါတယ်။ အကယ်၍ ကျွန်တော်တို့ရဲ့ တပည့်တွေ တကယ်ပဲ ဖြေရှင်းလို့မရနိုင်တဲ့ အသက်အန္တရာယ်မျိုးနဲ့ ကြုံတွေ့လာရပြီဆိုမှ ဘိုးဘေး ဝင်ကူညီပေးလည်း နောက်မကျပါဘူး။"

"ကောင်းပြီလေ။"

ပိုင်ချူးရန် ခေါင်းညိတ်လိုက်ပြီး သဘောတူသည်။

"ဒါဆိုရင်လည်း ဒီလိုပဲ လုပ်ကြတာပေါ့။ ကန့်ကွက်မယ့်သူ ဘယ်သူမှ မရှိဘူးမလား။"

ချီမင်ဓားဂိုဏ်းမှ အကြီးအကဲများအားလုံး တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြ၏။ ပိုင်ချူးရန် တစ်ယောက်တည်း လှည့်လည်သွားလာနေစဉ်အတွင်း ချီမင်ဓားဂိုဏ်းမှ တပည့်များသာ အခြားနေရာများ၌ အန္တရာယ်နှင့် ကြုံတွေ့ရပါက မည်သို့လုပ်မည်နည်းဟူသော အခြေအနေများကိုမူ မည်သူကမျှ ထုတ်မမေးမြန်းခဲ့ကြချေ။

ကျင့်ကြံခြင်းဆိုသည်မှာ အစတည်းက ကောင်းကင်ဘုံ၏ အလိုဆန္ဒအား အာခံဆန့်ကျင်ရသည့် သေမင်းနှင့်အပြေးပြိုင်ပွဲတစ်ခုဖြစ်သည်။ အမှန်တရားလမ်းစဉ်မှ ကျင့်ကြံသူများသည် အခြားသူများအား ထိခိုက်နစ်နာစေပြီး ကိုယ်ကျိုးရှာခြင်းကို အားမပေးသော်လည်း နတ်ဆိုးကျင့်ကြံသူများ ပြောသလိုပင် မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံခြင်းဆိုသည်မှာ ကောင်းကင်နှင့်မြေကြီးထံမှ ကောင်းမွန်သော ကံကြမ္မာများအား လုယူကာ ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်ရခြင်းသာဖြစ်၏။ ထိုသို့မဟုတ်ပါက ကျင့်ကြံသူများ နတ်ဘုရားအဖြစ် ကူးပြောင်းချိန်တွင် ကောင်းကင်ဘုံမှ အမျက်ဒေါသများဖြင့် ကောင်းကင်မိုးကြိုးများအား ပစ်ချလာမည် မဟုတ်ချေ။

ထို့အပြင် သူတို့ ကိုယ်ပိုင်တပည့်များအား ဆက်ဆံရာတွင်လည်း ကျင့်ကြံခြင်းလောကရှိ ဆရာသခင်များသည် တစ်ခါတစ်ရံ ပြတ်သားရန် လိုပေသည်။ လင်းယုန်ငှက်မကြီးသည် သူမ၏ သားပေါက်လေးများ အတောင်ပံခတ်နိုင်စေရန် မတ်စောက်လှသော ချောက်ကမ်းပါးပေါ်မှ ရက်စက်စွာ တွန်းချလိုက်သကဲ့သို့ သူတို့လည်း တပည့်များဈအား အသက်အန္တရာယ်ရှိသော အခြေအနေများသို့ ရည်ရွယ်ချက်ရှိရှိ တွန်းပို့ကာ ရှင်သန်နည်းကို ကိုယ်တိုင်သင်ယူခိုင်းရမည်။

အကျပ်အတည်းများအား ရင်ဆိုင်ရန် မသင်ယူနိုင်သော ကျင့်ကြံသူတစ်ဦးသည် မပျံသန်းနိုင်သော လင်းယုန်ငှက်တစ်ကောင်ကဲ့သို့ပင်။ အချိန်အတိုင်းအတာ တစ်ခုအထိတော့ သက်တောင့်သက်သာ နေထိုင်နိုင်မည် ဖြစ်သော်လည်း အနှေးနှင့်အမြန် ဆိုသလို ကြီးမားသော တန်ဖိုးတစ်ခုအား သွေးဖြင့် ပေးဆပ်ရမည်သာ ဖြစ်သည်။

ပိုင်ချူးရန် ကြယ်ခုနစ်ပွင့် တောင်ထွတ်သို့ ပြန်ရောက်ပြီးနောက် လိုဏ်ဂူဗိမာန်တော်အား စူးစမ်းလေ့လာရန် လိုအပ်သည်များကို စတင်ပြင်ဆင်တော့၏။ အမှန်တွင် သူ ပြင်ဆင်စရာ များများစားစား မရှိလှချေ။ သူအသုံးပြု၍ မရနိုင်သော မှော်ပစ္စည်းများ၏ နေရာတွင် အစားထိုးရန်အတွက် ရှာခြင်းအပြင် ချိတ်ပိတ်ခြင်း မန္တန်အစီအရင်များကို အသစ်ဖန်တီးကာ လိုဏ်ဂူဗိမာန်တော် စူးစမ်းရှာဖွေရာတွင် မရှိမဖြစ် လိုအပ်သော မှော်ပစ္စည်း အသေးစားလေးများနှင့် အသစ်စက်စက် သံမဏိဓားအလက် ရာပေါင်းများစွာကိုသာ သေချာစွာ ပြင်ဆင်ခဲ့သည်။

သူ ထိုအရာများအား လျှို့ဝှက်စွာလုပ်နေသဖြင့် သူနှင့် အတူနေထိုင်သော တပည့်မလေး ထန်ရော်ဝေ၏ သံသယကို သဘာဝကျစွာပင် နှိုးဆွလိုက်သော်လည်း ပိုင်ချူးရန်သည် သူမအား တခြားတပည့်များနှင့် တန်းတူရည်တူ ဆက်ဆံရန်သာ ရွေးချယ်ခဲ့ပြီး ဤကိစ္စနှင့် ပတ်သက်၍ မည်သည့်အရာမျှ မပြောပြခဲ့ချေ။

သို့ရာတွင် ယခုတစ်ကြိမ် ချီမင်ဓားဂိုဏ်းမှ စေလွှတ်လိုက်သော အထူးအဖွဲ့ထဲတွင် ထန်ရော်ဝေနှင့် ကောင်းကင်ဝိညာဉ်သွေးကြောပိုင်ရှင်အဆင့်ရှိ အခြားတပည့်တစ်ဦးတို့ ရွေးချယ်ခံခဲ့ရသည်။ သူတို့သည် အခြားသော ချီမင်တပည့်များနှင့် ပူးပေါင်း၍ အန္တရာယ်များလှသော မြေကမ္ဘာအင်မော်တယ်များ၏ လိုဏ်ဂူဗိမာန်တော်အား စူးစမ်းလေ့လာကြရမည် ဖြစ်သည်။

ထို့ထက် ပို၍ စိတ်ဝင်စားစရာကောင်းသည်မှာ ယခုတစ်ကြိမ် ချီမင်ဓားဂိုဏ်း၏ စူးစမ်းရှာဖွေရေးအဖွဲ့အား ဦးဆောင်မည့်သူသည် အခြားသူမဟုတ်ဘဲ ပိုင်ချူးရန်နှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်နေသူ တစ်ဦး ဖြစ်နေကြောင်း ထန်ရော်ဝေထံမှတစ်ဆင့် ကြားသိခဲ့ရသည်။

All Chapters