← Chapters

ရဲကားထဲသို့ အတင်းဝင်ရောက်ခြင်း။

Vol. 10 Ch. 98

ရဲကားထဲသို့ အတင်းဝင်ရောက်ခြင်း။

Vol. 10 Ch. 98

တောက်ပလှသော နေရောင်ခြည်အောက်တွင် တန်ဝမ်ကျဲသည် ကျားမင်နှင့်အတူ မြို့ထဲသို့ ပြန်လာခဲ့သည်။ သူတို့နှစ်ဦး ဘေးချင်းယှဉ်လျှောက်လာပုံမှာ လမ်းသွားလမ်းလာများအဖို့ သာမန်စုံတွဲလေးတစ်တွဲကဲ့သို့ပင်။

ကံကောင်းထောက်မစွာဖြင့် ကျားမင်၏အကူအညီကြောင့် သူသည် လမ်းတစ်လျှောက် စကားတစ်လုံးမှပြောစရာမလိုဘဲ ကားကြုံစီး၍ ပြန်လာနိုင်ခဲ့သည်။ ထို့ပြင် နှာခေါင်းစည်း တပ်ထားခြင်းဖြင့် လူမသိအောင် မျက်နှာကို ဖုံးကွယ်ထားပြီး ကျန်းမာရေးမကောင်းသူတစ်ဦးအဖြစ် ဟန်ဆောင်ထားခဲ့သည်။

“ငါက တကယ်ပဲ အလိုရှိတရားခံတစ်ယောက်ဆိုရင် နင်မကြောက်ဘူးလား။”

တန်ဝမ်ကျဲ၏ အမေးစကားကြောင့် ကျားမင်သည် ငေးမောနေရာမှ သတိဝင်လာသည်။ မနေ့ညက အတွေ့အကြုံမှာ အိပ်မက်တစ်ခုလိုပင်။ အခုတော့ သူမသည် ရဲကအလိုရှိနေသော ရာဇဝတ်သားတစ်ဦးကို သူမ၏အိမ်ထဲသို့ ခေါ်လာရန် ကြံရွယ်နေမိပြီ။

ရုပ်ရှင်နှင့် ဝတ္ထုများထဲက ဖော်ပြချက်အရ ရာဇဝတ်သားတစ်ယောက်က ရုပ်ချောသည်။လူတွေကို လှည့်ဖျားရာမှာ ပိုတော်လေလေဟု ဆိုကြသည်။

“ရှင်က အဲဒီလိုလူမျိုး မဟုတ်ပါဘူး။”

သူမခဏတာ တုံ့ဆိုင်းသွားပြီးမှ ခိုင်ခိုင်မာမာ ခေါင်းခါပြလိုက်သည်။

တန်ဝမ်ကျဲသည် သူမကဲ့သို့ပင် သရဲတစ္ဆေများကို မြင်နိုင်စွမ်းရှိသဖြင့် သူ၏ ထူးဆန်းသော အပြုအမူများစွာကို နားလည်ပေး၍ ရသည်။ သူသည် မကောင်းသော ရာဇဝတ်သားတစ်ဦး မဖြစ်နိုင်ပေ။ ထိုစဉ်က အဖြစ်အပျက်မှာလည်း နတ်ဆိုးသခင် လူတွေကို ဒုက္ခပေးရန် ကြံစည်နေသဖြင့် ထိုနတ်ဆိုးကို အောင်နိုင်ရန်အတွက် သူက ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

သူ့၏ ကူညီပုံနည်းလမ်းမှာ အနည်းငယ် အစွန်းရောက်နေပြီး သားအမိနှစ်ယောက်ကို ခုနစ်ရက်တိုင်တိုင် ပိတ်လှောင်ထားခဲ့ခြင်းကသာ ကျားမင်ကို အနည်းငယ် တွန့်ဆုတ်စေခြင်းဖြစ်သည်။ ဘယ်လိုပဲကြည့်ကြည့် သားအမိနှစ်ယောက်ကို ပိတ်လှောင်ထားခြင်းမှာ အလွန်အမင်း ပြင်းထန်လွန်းလှသည်။

“ဘုရားကျောင်းက ဘယ်ဘက်မှာလဲ။”

ကျားမင်က သူမ၏ဖုန်းကို ကြည့်လိုက်ပြီးနောက် လက်ညှိုးညွှန်ပြသည်။

“ဟိုဘက် အရှေ့တည့်တည့်မှာ ထင်တယ်။”

“ဂွီ...ဂွီ...”

သူမ ဗိုက်ထဲမှ အသံမြည်လာသည်။

တန်ဝမ်ကျဲ၏ မျက်နှာတွင် ရှက်ရွံ့သော အရိပ်အယောင် အနည်းငယ်မျှ မရှိပေ။ ထိုအစား ကျားမင်၏ အိမ်ဘက်သို့ ကြည့်ကာ ပြောလိုက်သည်။

“လမ်းမှာ ငါ နင့်ကို အကာအကွယ်ပေးလာတာပဲ... ငါ့ကို တစ်ခုခု ကျွေးဦးမလား။”

ကျားမင်သည် မရယ်မိအောင် နှုတ်ခမ်းကို ဖိထားရင်း။

“ဟုတ်ကဲ့... ကျွန်မအိမ်မှာ အရင်ဆုံး တစ်ခုခု လိုက်စားမလား။”

တန်ဝမ်ကျဲက သူ့ဗိုက်ကို ပွတ်ရင်း။

“နင်က ဒီလောက်တောင် စိတ်ရင်းနဲ့ ဖိတ်နေမှတော့ ငါ နည်းနည်းပါးပါး စားပေးရမှာပေါ့။ အများဆုံး ဟင်းလေးခွက်နဲ့ စွပ်ပြုတ်တစ်ခွက်ပဲနော် အဲဒီထက် ပိုကောင်းရင်တော့ ငါ အားနာလွန်းလို့ သေလိမ့်မယ်။”

အိမ်ခန်းလေးမှာ မကျယ်လှဘဲ ထူးဆန်းသော အနံ့တစ်ခု ရနေသည်။ တန်ဝမ်ကျဲ၏ နှာခေါင်းက အနည်းငယ် လှုပ်ရှားသွားပြီး အိပ်ခန်းဘက်သို့ ကြည့်လိုက်သည်။

“မနေ့ညက နင့်မိသားစုဝင်တွေ အဆီအဆိမ့်တွေ အများကြီး စားထားတာပဲ။ နင့်အခန်းက ဘယ်ဘက်လဲ။”

“ညာဘက်အခန်းပါ။ ဘာလုပ်မလို့လဲ။”

ကျားမင်က အသင့်စား ခေါက်ဆွဲဘူးနှစ်ဘူးကို ကိုင်လာရင်း စိုးရိမ်တကြီး မေးလိုက်သည်။ သူက လူတွေကို ပိတ်လှောင်ဖူးသည့် ရာဇဝင်ရှိသဖြင့် တစ်ခုခု လုပ်မလားဟု သူမ စိတ်ပူသွားခြင်းဖြစ်သည်။

သို့သော် တန်ဝမ်ကျဲက ခေါက်ဆွဲဘူးကို လှမ်းယူလိုက်ကာ။

“ထိုင်... ထိုင် အားမနာနဲ့ကိုယ့်အိမ်လိုပဲ သဘောထား။”

“ဒါက ကျွန်မအိမ်လေ။”

တန်ဝမ်ကျဲက အိမ်ရှင်ကဲ့သို့ လုပ်နေသည်ကို မြင်ရသဖြင့် ကျားမင်လည်း ကုလားထိုင်ကို ဆွဲကာ ထိုင်လိုက်သည်။

စားသံတစ်ခု ကြားလိုက်ရသည်။ အလွန် အလောတကြီး စားနေသည့် အသံပင်။

ကျားမင်လည်း စိတ်မအေးဖြစ်လာသည်။ အိမ်ထဲတွင် တစ်ခုခု ဖြစ်နေပုံရသည်။ တန်ဝမ်ကျဲက အစားစားချင်လို့ ဝင်လာတာ မဟုတ်ဘဲ တစ်ခုခုကို သတိပြုမိသွားသဖြင့် အကြောင်းပြချက် ပေးလိုက်ခြင်း ဖြစ်နိုင်သည်။

အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။

“ရပြီ “

တန်ဝမ်ကျဲကခေါက်ဆွဲဘူးကို ဖွင့်ကာ တူဖြင့် မွှေလိုက်ပြီးနောက် ကျားမင်ကို ကြည့်ကာ။

“နင်ကရော ဘာလို့ မစားတာလဲ။”

ကျားမင်သည် တန်ဝမ်ကျဲရှေ့က ခေါက်ဆွဲဘူးနှစ်ဘူးကို ကြည့်လိုက်မိသည်။ ဘာလဲ... သူမအတွက် တစ်ဘူးတောင် မချန်ထားဘူးလား။

သို့သော် တန်းဝမ်ကျဲ စားနေစဉ်မှာပင် အသံက ဘယ်ကလာသည်ကို ကျားမင် ရှာတွေ့သွားသည်။ သူမ၏ ဦးလေးဖြစ်သူမှာ ဘယ်အချိန်က ပြန်ရောက်နေမှန်းမသိဘဲ ထောင့်တစ်နေရာတွင် ကျောပေးကာ တစ်ခုခုကို အငမ်းမရ စားနေခြင်းဖြစ်သည်။

“ရှူး... ရှူး...”

တန်ဝမ်ကျဲကခေါက်ဆွဲကို မှုတ်ကာ ပါးစပ်ထဲသို့ သွင်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ဘူးထပ်ကုန်သွားသည်။

သို့သော် တန်ဝမ်ကျဲသည် သူမ၏ ဦးလေးကို သတိမထားမိပုံရသည်။ ဒုတိယတစ်ဘူးကို ထပ်မွှေရင်း ပြောလိုက်သည်။

“ရဲတွေ နင့်ဆီ လာရှာလိမ့်မယ်။ ငါ နင့်ကို ပြန်ပေးဆွဲသွားတယ်လို့ပဲ ပြောလိုက်နော်။”

ထိုသို့ပြောရင်း တန်ဝမ်ကျဲက ညည်းတွားလိုက်သည်။

“ဘယ်တံဆိပ် ခေါက်ဆွဲပဲဖြစ်ဖြစ် ငါကတော့ ဒုတိယတစ်ဘူးကို စားရတာ သိပ်မကြိုက်ဘူး။”

ထိုအချိန်တွင် ဦးလေးဖြစ်သူသည် တန်ဝမ်ကျဲ၏ နောက်သို့ ရောက်လာပြီဖြစ်သည်။

“အားးးး”

ကျားမင်သည်ထိုမျက်နှာကို မြင်လိုက်ရချိန်တွင် ထိတ်လန့်သွားကာ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားတော့သည်။

ဦးလေး၏ မျက်နှာမှာ ဖြူဖြော့ဖြော့ဖြစ်နေပြီး အပြာရောင် သွေးကြောများ ထနေသည်။ မျက်လုံးအိမ်များမှာ သွေးကဲ့သို့ ရဲနေပြီး ကြိုးဆွဲချ သေဆုံးခဲ့စဉ်က ခံစားခဲ့ရသော ဝေဒနာများမှာ မျက်နှာပေါ်တွင် အထင်အသား ကျန်ရစ်နေသည်။

တန်းဝမ်ကျဲက စားပွဲကို အားပြုကာ ထလိုက်ရာ ကုလားထိုင်ခြေထောက်နှင့် ကြမ်းပြင်ပွတ်တိုက်သံက စူးရှစွာ ထွက်ပေါ်လာသည်။

ကျားမင် မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေစဉ်မှာပင် တန်ဝမ်ကျဲသည် လက်လှမ်းကာ သရဲဦးလေး၏ ခေါင်းကို ပုတ်လိုက်သည်။

ခေါင်းက နောက်သို့ လန်သွားပြီး ကြိုးဆွဲချခံထားရသည့် ဒဏ်ရာများမှာ အထင်အသား ပေါ်လာသည်။

တန်ဝမ်ကျဲက ကျားမင်၏ လက်ကောက်ဝတ်ကို ဆွဲကာ နောက်သို့ ဆွဲထုတ်လိုက်သည်။ ကျားမင်သည် တစ်ခုခု ပြောချင်သော်လည်း ခြေကုန်လက်ပန်း ကျနေသဖြင့် သူဆွဲရာနောက်သို့သာ ပါသွားတော့သည်။

“ဒီသရဲက စိတ်ဝင်စားဖို့ကောင်းသားပဲ။”

ကျားမင်သည် သူ၏လက်ထဲတွင် သားရေသေတ္တာတစ်လုံး ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သူက ထိုသေတ္တာထဲမှ ပလတ်စတစ် နှင်းပန်းအိုးတစ်လုံးကို ထုတ်လိုက်သည်။

“အားး... သူ... သူ လာနေပြီ။”

သူမ၏ ဦးလေးက သူတို့ဆီသို့ ခုန်အုပ်လာသည်ကို ကျားမင် မြင်လိုက်ရသည်။

“တွေ့ပြီ။”

တန်ဝမ်ကျဲသည် ချောကလက်ထုပ်တစ်ထုပ်နှင့် ပလတ်စတစ်စက္ကူ တစ်လိပ်ကို ထုတ်လိုက်သည်။

ထို့နောက် သူသည် ချောကလက်တစ်တုံးကို ယူကာ ခုန်အုပ်လာသော ဦးလေးဆီသို့ ပစ်ပေါက်လိုက်သည်။

“ဘုန်းးးး”

ဦးလေးသည် အမည်းရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး အခန်းထဲတွင် ပျံ့လွင့်သွားသည်။

“တော်တော် ဇွဲကောင်းတာပဲ။”

တန်ဝမ်ကျဲကနောက်ထပ် ချောကလက်တစ်တုံးကို ကိုင်လိုက်သည်။ သရဲတွေကို တိုက်ခိုက်ဖို့ဆိုရင် ချောကလက်က အကောင်းဆုံးပဲ။

ဒုတိယတစ်တုံးက အမည်းရောင်မြူခိုးကို တည့်တည့်မှန်သွားရာ ဦးလေးဖြစ်သူမှာ ကြမ်းပြင်ပေါ်သို့ ပြန်ကျလာသည်။ တန်ဝမ်ကျဲက ချက်ချင်းပြေးသွားကာ ပလတ်စတစ်စက္ကူဖြင့် ပတ်ပြီး ဘောလုံးတစ်လုံးကဲ့သို့ လိပ်ပစ်လိုက်သည်။

ကျားမင်မှာ စကားပင် မပြောနိုင်တော့ပေ။ ချောကလက်နှင့် ပလတ်စတစ်စက္ကူကို အသုံးပြု၍ သရဲဖမ်းသည်ကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

“ဒီအရာကို ဘုရားကျောင်းကို ယူသွားလိုက်။ အခြေအနေကို အသေအချာ ရှင်းပြပြီး နတ်ဘုရားရဲ့ အကာအကွယ်ကို တောင်းပါ။”

တန်ဝမ်ကျဲကပလတ်စတစ်စက္ကူဖြင့် ထုပ်ထားသော အထုပ်ကို ကျားမင်ရှေ့တွင် ချထားပေးလိုက်သည်။

“ရှင်... ရှင် ဘုရားကျောင်းကို မလိုက်ဘူးလား။”

ကျားမင်ကထိုအထုပ်ကို ကိုင်ရန် ကြောက်နေသည်။

“ရဲတွေ ရောက်လာပြီ။ ငါ အမြန်သွားမှဖြစ်မယ်။ဒီမှာ ဆက်နေလို့ မရတော့ဘူး။”

အပြင်ဘက်တွင် ရဲကားသံများ ကြားနေရပြီဖြစ်သည်။ တန်ဝမ်ကျဲသည် ကျားမင်၏ အဒေါ်အခန်းထဲမှရုပ်ဆိုးလှသော နတ်ဆိုးရုပ်တုတစ်ခုကို ထုတ်ယူလိုက်ကာ ရိုက်ခွဲပစ်လိုက်သည်။

ထိုစဉ် အပြင်ဘက်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

“မင်းတို့ကို ကောင်းကင်ဘုံကိုလည်း မတက်စေရဘူး။မြေကြီးပေါ်မှာလည်း မနေစေရဘူး။”

ရဲအရာရှိနှစ်ဦး ကျားမင်၏ အိမ်သို့ မောင်းနှင်လာကြသည်။ ဂရစ်ဇလီနှင့် ချန့်ချန့်တို့ထံမှ ရရှိသော အချက်အလက်များအရ သူတို့သည် အချောဆုံး အလိုရှိတရားခံ ကို လာရောက်ရှာဖွေခြင်း ဖြစ်သည်။

ရုတ်တရက် ရဲအရာရှိတစ်ဦး၏ မျက်လုံးများ သွေးကဲ့သို့ နီရဲလာကာ စိတ်ဖောက်ပြန်သလို ဖြစ်လာသည်။ သူသည် ကားပေါ်မှ ဆင်းကာ သေနတ်ကို ထုတ်၍ ကျားမင်၏ အိမ်ဘက်သို့ ပြေးသွားတော့သည်။

“ဟေး... ဘာလုပ်တာလဲ။”

နောက်ထပ်ရဲအရာရှိတစ်ဦးက လိုက်တားသော်လည်း မရပေ။

တန်ဝမ်ကျဲသည် ခြုံပုတ်ထဲမှ ထွက်လာကာ ရဲအရာရှိတစ်ဦးကို တိုက်ခိုက်လိုက်သည်။ ထိုရဲအရာရှိမှာ ကားဖြင့် တိုက်ခံရသလိုပင် လွင့်ထွက်သွားသည်။

“မလှုပ်နဲ့နော် ...ပစ်လိုက်မယ်။”

ကျန်ရှိနေသောရဲအရာရှိက သေနတ်ဖြင့် ချိန်လိုက်သည်။

သို့သော် တန်ဝမ်ကျဲသည် သေနတ်ကျည်ဆန်များကို ရှောင်တိမ်းနိုင်ရုံသာမက လက်ချောင်းဖြင့် သေနတ်ပစ်သည့် ပုံစံလုပ်ကာ လေဖိအားဖြင့် ရဲအရာရှိကို လဲကျသွားအောင် လုပ်လိုက်သည်။

နတ်ဆိုးသခင်၏ အစွမ်းမှာ တန်ဝမ်ကျဲ ထင်ထားသည်ထက် ပိုမိုထိရောက်နေသည်။ သူသည် လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် ထိန်းချုပ်နိုင်ရုံသာမက နေရောင်ကိုလည်း မကြောက်ပေ။

တန်ဝမ်ကျဲသည် ရဲကားဆီသို့ အမြန်ပြေးသွားကာ ကားပေါ်သို့ တက်လိုက်သည်။ သူသည် ရဲကားကို အကာအကွယ်အဖြစ် အသုံးပြုကာ မောင်းနှင်ထွက်ခွာသွားတော့သည်။

All Chapters