← Chapters

အခန်း (၁၀၂၅-၁၀၂၆)

Vol. 86 Ch. 1025-1026

အခန်း (၁၀၂၅-၁၀၂၆)

Vol. 86 Ch. 1025-1026

အခန်း ၁၁၂၅ -

ကောင်းကင်ဘုံကိုးပါးဓား၏ လျှို့ဝှက်ချက်။

လူတိုင်း၏အမြင်တွင် စုရီသည် ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြတ်သတ်နေပြီး ပြင်းထန်စွာ ဒဏ်ရာရရှိထားသဖြင့် မည်သည့် အချိန်တွင်မဆို ပြိုလဲကျသွားနိုင်သည့် ပုံစံမျိုးဖြစ်နေသည်။

ရှေးခေတ်မျိုးနွယ်စုကြီးများမှ သေလွန်ဝိညာဉ်အချို့မှာမူ တိုက်ပွဲအတွင်းသို့ ဝင်ရောက်ရန်ပင် တာစူနေကြချေပြီ။

ဤတိုက်ပွဲမှာ အဆုံးသတ်ရန် နီးကပ်နေပြီဖြစ်သောကြောင့် ယခုအချိန်သည် အခွင့်အရေးယူရန် အကောင်းဆုံးအချိန်ဖြစ်၏။

သို့သော် မျက်စိတမှိတ်အတွင်း ဓားဖျားသည် ပန်းချီဆရာ၏ ရင်ဘတ်ထံ တိုက်ရိုက်ထိုးဖောက် သွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ချေ။

၎င်းမှာ လျှပ်တပြက်အတွင်း ဖြစ်ပေါ်လာသော အံ့သြဖွယ်ရာ ပြင်းထန်သည့် တိုက်ကွက်တစ်ခု ဖြစ်သည်။

ရန်ထောင်လင်၊ တံငါသည်နှင့် တျန်ကျောက်တို့သည် ချက်ချင်းမျက်နှာများ ပြောင်းလဲသွား၏။

သူတို့သည် ဗီဇအသိအရ ထိတ်လန့်စွာဖြင့် နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်သည်။ သူတို့သည် စုရီနှင့်အနီးဆုံးတွင် ရှိနေသော်မှ မည်သို့တိုက်ခိုက်လိုက်သည်ကို မသိခဲ့ချေ။

“ မင်း ... ။ ”

ပန်းချီဆရာခမျာ မျက်လုံးများ မယုံနိုင်ဖွယ် ပြူးကျယ်လာသည်။ သည့်နောက် စုရီကို စိုက်ကြည့်ကာ၊

“ မင်းမှာ ဒီလို ဝှက်ဖဲမျိုးရှိနေရင် ဘာလို့ဒီလောက် ဒဏ်ရာအပြင်းအထန်ရတဲ့ အထိ စောင့်နေရတာလဲ။ ”

-ဟု မေးမြန်းလိုက်၏။

“ ငါ မင်းကို စိတ်ပျက်အောင် ... လုပ်လိုက်မိလို့ တောင်းပန်ပါတယ် ငါ့အမှားပါ ငါ့မှာ ကစားချင်စိတ်များသွားတယ်။ ”

“ ဟမ့် ... ကစားချင်စိတ်များသွားလို့လား။ ”

ထိုအဖြေကို မမျှော်လင့်ထားသော ပန်းချီဆရာခမျာ အံကြိတ်လိုက်မိလေသည်။ ဤသည်မှာ မည်မျှယုတ္တိမဲ့သနည်း။ အဝေးမှ ပရိသတ်ကြီးသည်ပင် တိတ်ဆိတ်သွား၏။

“ မင်း ... တကယ်ပဲ အမြဲတမ်း ငါ့ကို ဒီလိုမျိုးကစားနေခဲ့တာလား။ ”

ပန်းချီဆရာ၏ အသံမှာ တဖြည်းဖြည်း အားနည်းလာပြီး သူ့အကြည့်များ မှိန်ဖျော့လာ ခဲ့သည်။ စုရီမှ ပြန်မဖြေချေ။

ပန်းချီဆရာတစ်ယောက် အဖြေကို သိရှိသွားသည့်အလား နာကျည်းစွာပြုံးမိသည်။ အဆုံး၌ သက်ပြင်းချလျက်၊

“ ငါ နားလည်သွားပြီ ... မင်းနဲ့ တစ်ခေတ်တည်းမှာ မွေးဖွားလာရတာဟာ တကယ့်ကို စိတ်ပျက်စရာကောင်းတယ် ... ။ ”

“ ခရစ် ... ။ ”

စကားဆုံးသည်နှင့် ပန်းချီဆရာ၏ ရုပ်ခန္ဓာကြီးသည် ချက်ချင်း အက်ကွဲသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွား၏။ ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ လုံးဝ ပျက်စီးသွားခဲ့ခြင်း ဖြစ်လေသည်။

ဤမြင်ကွင်းကြောင့် လူအုပ်ကြီးမှာ ဆူညံသွားပြီး ရှေးခေတ်မျိုးရိုးမှသေလွန်ဝိညာဉ် အချို့သည်ပင် လေးနက်သွားခဲ့၏။

ထိုပန်းချီဆရာဟူသည် တစ်ချိန်က ကြယ်လွင်ပြင်တစ်ခုလုံးကို လွှမ်းမိုးခဲ့သူဖြစ်ပြီး လူအများ၏ လေးစားခြင်းကို ခံခဲ့ရသည်။

သို့သော် ယနေ့တွင် လောကကြီးမှ အပြီးတိုင်ပျောက်ကွယ်သွားပြီ ဖြစ်၏။ စုရီက ဝိုင်အိုးကို ထုတ်၍ ပင့်မြောက်ပြကာ၊

“ ငါမင်းကို အမြဲတမ်းအထင်သေးခဲ့တာ မှန်ပေမယ့် ငါတို့တွေသိနေခဲ့တာကြာရှည်ပါပြီ ဒါကြောင့် မင်းအတွက် ငါ့ရဲ့ နောက်ဆုံး သေရည်တစ်ခွက်နဲ့ နှုတ်ဆက်ပါတယ်။ ”

-ဟုဆိုပြီး ခေါင်းကိုမော့၍ သောက်ချလိုက်သည်။ ထို့နောက် တံငါသည်နှင့် ကျန်လူများဘက်သို့ လှည့်ကြည့်လျက်၊

“ ငါတို့ ဆက်ကြမလား။ ”

-ဟု မေးမြန်းလိုက်၏။

“ သေချာပေါက် ဆက်တိုက်မယ်။ ”

တျန်ကျောက်မှ အလွန်အမင်း တည်ငြိမ်လျက်ချက်ချင်း ပြန်ဖြေလိုက်သည်။ ရန်ထောင်လင်က ရှေ့သို့လှမ်းတက်ကာ၊

“ ငါ ကြိုးစားပါရစေ။ ”

-ဟု ဆိုလိုက်၏။

တစ်ဆက်တည်းမှာပင် ကြေးဝါဓားသေတ္တာကြီးကို ကိုင်လျက် စုရီထံ စိုက်ကြည့်ကာ၊

“ ဒီသေတ္တာထဲမှာ ကောင်းကင်ဘုံကိုးပါးလို့ခေါ်တဲ့ ဓားတစ်လက် ရှိနေတယ်။ ”

-ဟု ဆိုပြီး သေတ္တာကိုဖွင့်ချလိုက်သည်။

“ ချွင် ... ။ ”

ကြည်လင်လှသော ဓားမြည်သံကြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ရုတ်ချည်း ပဲ့တင်ထပ်သွားခဲ့၏။

ရိုးရှင်းပြီး သုံးပေခန့်ရှည်သော ဓားတစ်လက်သည် နှစ်ပေါင်းများစွာကို ဖြတ်ကျော်လာသည့်အလား ရှေးဟောင်း ရောင်ဝါများ ထုတ်ဖော်နေသည်။

ဤသည်မှာ ကောင်းကင်ဘုံကိုးပါး နန်းတော်သို့ဝင်ရောက်လိုကြသည့် တပည့်တိုင်း တာအိုကျိန်စာအဖြစ် သစ္စာပြုကြရသည့် ဓား ပေပင်။

သို့သော် ရန်ထောင်လင်မှ တစ်ပါး မည်သူမျှဤဓား၏အမည်နှင့် နောက်ခံကို မသိချေ။

“ ချွင် ... ။ ”

ရန်ထောင်လင်က ကောင်းကင်ဘုံ ကိုးပါးဓားကိုဆွဲထုတ်လိုက်ပြီး ဓားသေတ္တာအား ဘေးသို့ ပစ်ချလိုက်၏။

“ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အပ်ချုပ်သမားက ဒီဓားကိုယူပြီးတော့ အထဲမှာ လျှို့ဝှက်အမှတ်အသားတစ်ခုကို ချိပ်ပိတ် ပေးထားခဲ့တယ် ...

... သူ့စကားအရတော့ ငါသာ ဒီဓားနဲ့ မင်းအပေါ်အသုံးပြုခဲ့မယ်ဆိုရင် မင်းအတွက် အန္တရာယ်ကြီးတစ်ခု ပေးနိုင်တယ်တဲ့။ ”

စုရီမှ မျက်လုံးများ မှေးစင်းလျက် ဓားကို စိုက်ကြည့်လိုက်တော့သည်။ ရန်ထောင်လင်က တာအိုဥပဒေကို ဓားအတွင်းသို့ ထည့်သွင်းကာ စုရီထံသို့ ထိုးညွှန်ပြလိုက်၏။

“ သွား ... ။ ”

ဓားချက်တစ်ချက်တည်းနှင့် ကြယ်တာရာ ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာသကဲ့သို့ ရောင်ဝါများ အရပ်မျက်နှာအနှံ့ ဖုံးလွှမ်းသွားလေသည်။

“ ဝုန်း ... ။ ”

စုရီသည်လည်း တုန့်ဆိုင်းခြင်းမရှိ သေမျိုးနယ်ပယ်ဓားဖြင့် သစ်ဆွေးတုံးကြီးကို ခုတ်ပိုင်းသကဲ့သို့ ဖြတ်တောက်ပစ်လိုက်၏။

သို့သော် ထိုဓားရောင်ဝါကြားမှ ချိပ်ပိတ်ထားသည့် စွမ်းအင်တစ်ခုပေါက်ကွဲ ထွက်လာခဲ့ပြီး သူ့အသိစိတ်ပင်လဲထဲ ပြေးဝင်လာတော့သည်။

ယင်းသည် နှင်းကဲ့သို့ ဖြူလွနေသော ဝတ်စုံဖြင့် ချစ်စရာကောင်းလှသည့် အမျိုးသမီး တစ်ဦး ဖြစ်ချေပြီ။

ထိုသူကိုမြင်ချိန်၌ အသိစိတ်ပင်လယ်ရှိ ငရဲဘုံကိုးပါးဓားသည် ပြင်းစွာတုန်ခါလာသည်။ အဆုံးတွင် ရှန့်မူဘဝကို ချိပ်ပိတ်ထားသည့် နတ်သံကြိုးတုန်ခါလျက် ပေါက်ကွဲသွား၏။

သူသည်လည်း နှင်းကဲ့သို့ ဖြူလွလွ ဝတ်စုံကိုဝတ်ဆင်ထားသော ခန့်ညားလှသည့် လူငယ်တစ်ဦး ဖြစ်နေသည်။

“ ရှန့်မူ ... ။ ”

စုရီတစ်ယောက် ချက်ချင်းပင် လေးနက်သွားလေသည်။ ဤကောင်းကင်ဘုံ ကိုးပါးဓားအတွင်း ချိပ်ပိတ်ထားသောတံဆိပ်မှာ ရှန့်မူထံ ရည်ရွယ်ချေပြီ။

ထိုအမှတ်အသားဖြင့် သတ္တမမြောက် နတ်သံကြိုးအတွင်းရှိ ရှန့်မူ၏မှတ်ဉာဏ်များကို နိုးထစေအောင် ပြုလုပ်ခြင်းဖြစ်သည်။

“ သတ် ... ။ ”

ထိုစဉ် ရန်ထောင်လင်း၊ တျန်ကျောက်နှင့် တံငါသည်သည် စုရီကို ပူးပေါင်းတိုက်ခိုက်လာပြီ ဖြစ်၏။

“ ဝုန်း ... ။ ”

စုရီမှ ချက်ချင်း ခုခံလိုက်သော်လည်း နောက်သို့လွင့်ထွက်သွားကာ အတွင်းအင်္ဂါများ အကြီးအကျယ် ဒဏ်ရာရရှိသွားခဲ့သည်။

များပြားလှသော ဒဏ်ရာများမှလည်း သွေးများ ရေတံခွန်ပမာ ပန်းထွက်လာတော့၏။ လူအုပ်ကြီးမှာ မှင်သပ်ကုန်သည်။ ကောင်းကင် ကိုးပါးဓားကို ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် စုရီတစ်ယောက် ငေးငိုင်သွားချေပြီ။

“ ဒါက သံသယဖြစ်စရာ မလိုပါဘူး ... ကောင်းကင်ဘုံကိုးပါးဓားထဲမှာ စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်တဲ့ စွမ်းအား ရှိနေပုံရတယ်။ ”

ကြည့်ရှုသူ အများအပြားမှ ဤအချက်ကိုသတိပြုမိကြသဖြင့် စိတ်လှုပ်ရှား လာတော့သည်။ သည်အဆင့်တိုက်ပွဲတွင် ယခု ကဲ့သို့ ငေးငိုင်သွားခြင်းသည် ကြီးစွာသော အားနည်းချက်ဖြစ်လာပေမည်။

ရန်ထောင်လင်တို့သည်လည်း တိုက်ခိုက်မှုအောင်မြင်ခဲ့သဖြင့် ရပ်တန့်မနေဘဲ တဟုန်ထိုးလိုက်ပါ တိုက်ခိုက်လိုက်ကြ၏။

“ ကလန် ... ကလန် ... ။ ”

စုရီခမျာ အကြည့်များ ရှုပ်ထွေးနေ သော်လည်း ထိုတိုက်ခိုက်မှုများကို ခုခံကာကွယ် နေရတော့သည်။

တစ်ချိန်တည်းမှာပင် သူ့အသိစိတ် ပင်လယ်အတွင်း၌ ပြောင်းလဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့၏။

“ ကျောက်စိမ်းနှင်းဆီလေး ... မင်း ငါ့ဆီလိုက်လာတာလား။ ”

ရှန့်မူတစ်ယောက် အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးကိုကြည့်ပြီး အံ့အားသင့်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းများ ဖြစ်ပေါ်လာခဲ့ရသည်။

သံသယဖြစ်စရာ မလိုချေ။ ဤအမျိုးသမီးပုံရိပ်သည် သူ့ချစ်သူအမျိုးသမီး ဖြစ်ချေပြီ။

ယင်းသည် စုရီကို အလွန်အမင်း ဒေါသထွက်သွားစေသည်။ ဤလူမိုက်သည် သူ့ကိုသတ်ခဲ့သော အမျိုးသမီးအကြောင်း တချိန်လုံး စဉ်းစားနေပုံရ၏။

“ ဝှစ် ... ။ ”

ထို့ကြောင့် ဇာတိဓမ္မပုံရိပ်အဖြစ် အသိစိတ်ပင်လယ်ထဲ ဝင်ရောက်လိုက်ကာ၊

“ အဲ့ဒီပုံရိပ်ယောင်ကို သတ်ပစ်လိုက် ဒီနေ့တိုက်ပွဲပြီးရင် ငါမင်းကို အရာအားလုံး ရှင်းပြပေးမယ်။ ”

-ဟု ပြောကြားလိုက်သည်။

ရှန့်မူတစ်ယောက် ငေးကြောင်သွားသည်။ ထိုအချိန်တွင် ပုံရိပ်ယောင်က စုရီထံညွှန်ပြကာ၊

“ ရှန့်မူ ... သူက မင်းရဲ့ဒုတိယဘဝပဲ နင်သူ့ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်မယ်ဆိုရင် ငါနဲ့ ပြန်တွေ့နိုင်ပါလိမ့်မယ်။ ”

-ဟု ပြောကြားလာ၏။

သူမစကားကြောင့် ရှန့်မူခမျာ ရှုပ်ထွေးသောအကြည့်များဖြင့် တိတ်ဆိတ် သွားလေသည်။ စုရီမှ ထိုပုံရိပ်ယောင်ကို ဖျက်ဆီးရန် ကြိုးစားလိုက်တော့၏။

“ မလုပ်နဲ့ ... ဒီပုံရိပ်က ငါမသေခင် ချန်ထားခဲ့တဲ့ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုပဲ ကျေးဇူးပြုပြီး သနားညှာတာပေးပါ။ ”

သို့သော် အသိစိတ်ပင်လယ်ပြင်ကြီး တစ်ခုလုံးပြင်းစွာ တုန်ခါလာစဉ် ရှန့်မူပုံရိပ်သည် သူ့ရှေ့သို့ ချက်ချင်းရောက်ရှိလာခဲ့သည်။

စုရီမှာ ခေါင်းကိုက်သွားသည်။ သူသည် ရန်ထောင်လင်တို့နှင့် ပြင်ပတွင် တိုက်ခိုက်နေရ သဖြင့် အချိန်မဖြုန်းနိုင်ချေ။

အကယ်၍ ဤပုံရိပ်ယောင်ကို မဖျက်ဆီးပစ်ပါက ရှန့်မူ၏ တာအိုအမှတ်အသား အမျိုးသမီးသည် မခန့်မှန်းနိုင်သောရလာဒ်ကို ယူဆောင်လာပေမည်။

ဥပမာအားဖြင့် သူ တိုက်ပွဲအပေါ် အာရု့စိုက်နေစဉ် အသိစိတ်ပင်လယ်ပြင်ကြီးကို သိမ်းပိုက်ကာ ရုပ်ခန္ဓာထံ ထိန်းချုပ်လာနိုင်၏။

“ မင်းငါ့ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြံရွယ်နေတာလား။ ”

စုရီက ရှန့်မူကို မေးလိုက်သည်။

“ မဟုတ်ဘူး။ ”

ရှန့်မူမှ ချက်ချင်း ပြန်ဖြေ၏။

“ ဒါဆို အဲ့ဒီအမျိုးသမီးက မင်းကို အဲ့ဒီလိုလုပ်ဖို့ ခိုင်းလာရင်ရော။ ”

ဤတစ်ကြိမ်တွင်မူ ရှန်မူခမျာ အဖြေမပေးနိုင်တော့ဘဲ ရှုပ်ထွေးသွားသည်။ စုရီက စကားအပို မပြောတော့ဘဲ ငရဲဘုံကိုးပါး ဓားရောင်ဝါဖြင့် အမျိုးသမီးပုံရိပ်အပေါ် ချုပ်နှောင်ပစ်လိုက်၏။

“ မင်း ... ။ ”

ရှန့်မူတစ်ယောက် အကြီးအကျယ် ဒေါသထွက်သွားသည်။ သို့သော် စုရီသည် ဂရုမစိုက်ဘဲ၊

“ သတိရပါ ... ငါက မင်းပဲ ... မင်းကလည်းငါပဲ ... အခုငါတို့တွေရန်သူတွေကို ရင်ဆိုင်နေရတယ် မင်းထပ်ပြီး နှောင့်ယှက် ဦးမယ်ဆိုရင် ငါတို့နှစ်ယောက်စလုံး သေသွားလိမ့်မယ်။ ”

-ဟု သတိပေးလိုက်၏။

ထို့နောက် စုရီသည် အသိစိတ် ပင်လယ်အတွင်းမှ ချက်ချင်းထွက်ခွာလာ ခဲ့လေသည်။

ရှန့်မူတစ်ယောက် ရုတ်ချည်း တောင့်တင်းအေးခဲသွားပြီးနောက် လုံးဝပင် တိတ်ဆိတ်သွားချေပြီ။

“ ဘန်း ... ။ ”

ထိုအချိန်တွင် စုရီတစ်ယောက် ပြိုင်ဘက်သုံးဦး၏ တိုက်ခိုက်မှုများထိမှန်ကာ နောက်တစ်ကြိမ် လွင့်ထွက်သွားပြန်၏။

“ အဟွတ် အဟွတ် ... ။ ”

သွေးချောင်းဆိုးလျက် နှုတ်ခမ်းမှ သွေးများစီးကျလာသည်။ သို့တိုင် သုတ်ဖယ်ရန် အချိန်မရှိဘဲ ရန်ထောင်လင်၊ တံငါသည်နှင့် တျန်ကျောက်တို့၏ အဆက်မပြတ် တိုက်ခိုက်မှု အပေါ် ဆုတ်ခွာပေးနေရသည်။

ခန္ဓာကိုယ်အနှံ့ စုတ်ပြတ်သတ်နေပြီး ဒဏ်ရာများသည်လည်း ပိုမို ဆိုးရွားလာခဲ့၏။ ဤမြင်ကွင်းက ကြည့်ရှုနေသူများကို အသက်ရှူရန် မေ့လျော့သွားစေသည်။

“ အချိန်မီတိုက်ခိုက်ဖို့ ပြင်ဆင်ထား ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ... အဲဒီဝင်စားသူကို ငါတို့မိအောင်ဖမ်းဆီးရမယ်။ ”

ရှေးခေတ်မျိုးနွယ်စု၏ သေလွန်ဝိညာဉ်များသည် ဝင်ရောက်လုယက် တိုက်ခိုက်နိုင်ရန် အသင့်ပြင်လာကုန်သည်။

“ သတိထား သူတို့လှုပ်ရှားတာနဲ့ နောက်မကျစေနဲ့။ ”

တစ်ဖက်တွင် လက်ရှိခေတ်၏ နတ်ဝိညာဉ်အဆင့် အဖိုးကြီးများသည်လည်း အချင်းချင်း ဆက်သွယ်လိုက်ကြ၏။

သူတို့အမြင်အရ ဤတိုက်ပွဲတွင် မည်သူအနိုင်ရသည်မှာ အရေးမကြီးတော့ချေ။ အရေးကြီးသည်မှာ ဝင်စားခြင်းဥပဒေကို မည်သူ ရယူနိုင်သည်ဖြစ်သည်။

***

အခန်း ၁၀၂၆ –

ရန်ငြိုးများ အဆုံးသတ်သွားခြင်း။

“ သူ့ကို သတ် ... ။ ”

ကောင်းကင်ထက်တွင် ရန်ထောင်လင်တစ်ယောက် အော်ဟစ်လျက် ခုန်ဝင်လိုက်တော့သည်။ တစ်ချိန်တည်းမှာပင် မြေကမ္ဘာနတ်ဘုရားများ တံဆိပ်တုံးကို အသုံးပြု၍ တံငါသည်မှ လိုက်ပါလာ၏။

“ ချိုးနှိမ်ထား ... ။ ”

တစ်ဖက်တွင် တျန်ကျောက်သည် ကျိုးပဲ့နေသောဓားကိုဝှေ့ယမ်းကာ ချဉ်းကပ် လာခဲ့ပြန်သည်။

သုံးဦးသား စုရီကို လက်စသပ်ရန် ရည်ရွယ်ထားချေ၏။ ထို့ကြောင့်သတ်ဖြတ်ခြင်း ရောင်ဝါများသည် လေဟာနယ်ကို ပိတ်ဆို့ ထားချေပြီ။

စုရီအတွက် အလွန်အမင်း အန္တရာယ်ကြီးမားသော အခြေအနေဖြစ်သည်။ ရှောင်တိမ်းစရာနေရာပင် မရှိတော့ချေ။

ထိုအခိုက်တွင် ပတ်ဝန်းကျင်ရှိ သေလွန် ဝိညာဉ်များသည် သည်းမခံနိုင်တော့ဘဲ သူတို့၏ ရတနာများကို ထုတ်ယူလိုက်ကြပြီဖြစ်၏။

သို့သော် ထိုအချိန်မှာပင် လွတ်မြောက်ရန် လမ်းစမရှိဟု ထင်ရသော စုရီ၏ မျက်လုံးများ၌ အေးစက်သောအလင်းများ လက်လာသည်။

“ ဝှစ် ... ။ ”

ကြောက်စရာကောင်းလှသော စွမ်းအင်လှိုင်းကြီးတစ်ခု သေမျိုးနယ်ပယ်ဓားမှ ပေါက်ကွဲလာပြီး လေဟာနယ်ကို အပေါက်ကြီး အဖြစ် ဆုတ်ဖြဲသွားခဲ့သည်။

“ ခရစ် ... ။ ”

“ ဝုန်း ... ။ ”

ကောင်းကင်ဘုံကိုးပါးဓားသည် တစ်ချက်တည်းဖြင့် သည်းမခံနိုင်တော့ဘဲ အော်မြည်သံပြုကာ ကျိုးကျသွားတော့၏။ ရန်ထောင်လင်သည်လည်း ရှောင်တိမ်းရန် အချိန်မရလိုက်ချေ။

ထိုဓားချက်ကြောင့် နောက်သို့ လွင့်ထွက်သွားခဲ့ပြီး ရင်ဘတ်တွင် သွေးချင်းချင်း နီနေသော ပြတ်ရှရာကြီးတစ်ခု ပေါ်လာခဲ့သည်။

“ အဟွတ် အဟွတ် ... ။ ”

စုရီက ရပ်တန့်ခြင်းမရှိ ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် တျန်ကျောက်ဖြစ်၏။

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ”

တျန်ကျောက်ခမျာ ပါးစပ်နှင့် နှာခေါင်းမှ သွေးများပန်းထွက်လာခဲ့ပြီး အံ့အားသင့်မှုများ ပြည့်နှက်လျက် လွင့်ထွက်သွားရသည်။

ရုတ်ချည်းဖြစ်သဖြင့် တံငါသည်ပင် ရှောင်တိမ်းရန် အချိန်မရလိုက်ချေ။ မြေကမ္ဘာ နတ်ဘုရားများ တံဆိပ်တုံးကြီးသည် လေထဲ၌ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားလေသည်။

အကျိုးဆက်အနေဖြင့် မိုးကြိုးပစ် ခံလိုက်ရသကဲ့သို့ သူသည်လည်း နောက်သို့ ယိမ်းယိုင်ဆုတ်ခွာသွားခဲ့ရ၏။

ကောင်းကင်ယံထက် ပြုတ်ကျလုနီးပါး ဖြစ်သွားကာ မျက်နှာသည် လူသေကောင်ပမာ ဖြူဖျော့သွားလေသည်။

အခွင့်အရေးယူရန် အသင့်ပြင်နေသည့် သေလွန်ဝိညာဉ်များခမျာ ရပ်တန့် ထိတ်လန့် သွားကြတော့၏။

“ ဘာတွေ ဖြစ်ကုန်တာလဲ။ ”

စုရီတစ်ယောက် အခြေအနေကို မပြောင်းလဲနိုင်တော့ဟု ထင်ထားခဲ့ကြသဖြင့် ကျောက်ရုပ်များပမာ အေးခဲကုန်သည်။

တစ်ဖက်လူ၏ ဒဏ်ရာများသည် အလွန် ပြင်းထန်လှသဖြင့် တခြားသူများသာဆိုသော် လဲကျသွားမည်ဖြစ်၏။

သို့သော် ယခုမူ ယခင်ကဲ့သို့ပင် စုရီသည် မတ်တပ်ရပ်နေဆဲဖြစ်ပြီး အကြည့်များမှာလည်း တည်ငြိမ်နေချေပြီ။

ကောင်းကင်နှင့် မြေကြီးပြိုကျလျှင်ပင် သူ့ကိုအနည်းငယ်မျှ တုန်လှုပ်စေနိုင်လိမ့်မည် မဟုတ်ဟုပင် ထင်မှားလာစေ၏။

“ အရမ်း အစွမ်းထက်တယ်။ ”

ပတ်ဝန်းကျင်တစ်ခုလုံး သေမင်းတမန် တိတ်ဆိတ်သွားကာ လူတိုင်း၏ရင်ဘတ်ထဲတွင် ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့ရသည်။

အဝေးတစ်နေရာတွင်မူ ရန်ထောင်လင်၊ တျန်ကျောက်နှင့် တံငါသည်သည် မကြုံစဖူးပင် ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။

လေထုအလယ်တွင် စုရီမှာမူ သွေးစွန်းနေသောဝတ်ရုံစများ တဖျပ်ဖျပ် လွင့်မျောလျက် ရပ်နေ၏။

ပြင်းထန်သော ဒဏ်ရာများကို အရေးမစိုက်ဘဲ ဝိုင်အိုးထုတ်ယူကာ အဝေးရှိ ရန်ထောင်လင်ထံ ဂုဏ်ပြုလိုက်သည်။

“ မင်းနဲ့ အပ်ချုပ်သမားဟာ တခြားသူတွေနဲ့မတူဘဲ တစ်မူထူးခြားတယ် ဆိုတာ ငါဝန်ခံပါတယ်။ ”

ထို့နောက် စကားခဏရပ်ကာ ဝိုင်ကို တစ်ငုံသောက်လိုက်လေသည်။ ရန်ထောင်လင်မှ ခံစားချက်ပေါင်းစုံ ရောယှက်နေသော အကြည့်ဖြင့်၊

“ ဒီဘဝမှာ မင်းလိုလူမျိုးနဲ့ ရန်သူဖြစ်ခွင့်ရတာဟာ ငါ့အတွက်တော့ အကြီးမားဆုံး ကံကောင်းခြင်းပါပဲ။ ”

-ဟု ဆိုလျက် တဟုန်ထိုး ပြေးဝင်လာပြန်သည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ထက်ရှသောဓားတစ်လက်အလား စူးရှလျက် သွေးနှင့်ချီများ လောင်မြိုက်လာခဲ့၏။

ရန်ငြိုးကို အဆုံးသတ်ရန်အတွက် အသက်နှင့်ကျင့်ကြံမှုကိုဖျက်ဆီးကာ စုရီကို အတူခေါ်သွားရန် ဆုံးဖြတ်လိုက်ချေပြီ။

“ ဝုန်း... ။ ”

ထိုစဉ် ကောင်းကင်နှင့် မြေကြီး ပြင်းစွာတုန်ခါလျက် လေဟာနယ်အက်ကွဲသွား တော့သည်။ လူတိုင်း၏ မျက်ဝန်းများသည် အလင်းကြောင့် ကျိန်းစပ်သွားရ၏။

ရင်ထဲတွင်လည်း ဖိနှိပ်မှုဒဏ်ကြောင့် အသက်ရှူကျပ်သွားကြသည်။ ထိုဝေဝါးနေသော မြင်ကွင်းထဲတွင် ရန်ထောင်လင်းသည်သာ ဓားလူသားအဖြစ် ပျံသန်းနေသည်။

“ နောက်ဆုံး ကြိုးစားမှုလား။ ”

ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်နေရသော စုရီမှခပ်တိုးတိုးသက်ပြင်းချကာ သူ့ဓားဖြင့် ဆီးကြိုခုတ်ပိုင်းချလိုက်သည်။

“ ဝှစ် ... ။ ”

“ ဘုန်း ... ။ ”

ဟင်းလင်းပြင်တစ်ခုလုံး အပိုင်းပိုင်းအပြတ်ပြတ် ပြိုကွဲထွက်သွားကာ ရန်ထောင်လင်ခန္ဓာကိုယ်မှ နတ်မီးတောက်များ တဖြည်းဖြည်း ငြိမ်းသတ်သွား၏။

“ ခရစ် ... ။ ”

တစ်ချိန်တည်းမှာပင် ရန်ထောင်လင်သည် စုရီနှင့်သုံးပေအကွာ၌ ရပ်တန့်သွားပြီး ခန္ဓာကိုယ်သည် ကြွေထည်ကဲ့သို့ ချက်ချင်း ပြိုကွဲလာချေပြီ။

ကြည့်ရှုနေသူများအားလုံး အံ့အားသင့်လွန်းသဖြင့် မျက်လုံးများပြူးကျယ် ကုန်တော့၏။

နတ်ဝိညာဉ်အဆင့် တစ်စုံတစ်ဦးသည် အသက်နှင့်ကျင့်ကြံမှုကို ဖောက်ခွဲလိုသော်လည်း မအောင်မြင်ခဲ့ချေ။ မည်သို့သော ဥပဒေသည် ဤမျှ အစွမ်းထက်နေသနည်း။

သူတို့အမြင်၌ ရန်ထောင်လင်သည် လေထဲရပ်တန့်နေကာ အရာခပ်သိမ်းဖျက်သိမ်း ခံလိုက်ရသည့်အလား စုရီနှင့်သုံးပေအကွာတွင် ပျက်စီးသွားခဲ့ချေသည်။

“ မင်းမှာ တခြားပြောစရာရှိသေးလား။ ”

စုရီက မေးလိုက်သည်။ ရန်ထောင်လင်မှ ခဏမျှတုံ့ဆိုင်းသွားပြီးမှ ခေါင်းကိုဖြည်းညှင်းစွာ ခါရမ်းပြတော့၏။

သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် အရာအားလုံးသည် အရေးမပါဘဲ အချည်းနှီးသာ ဖြစ်ရချေမည်။

“ ဒါဆို နှုတ်ဆက်ပါတယ် ငါလိုက်မပို့နိုင်တော့ဘူး။ ”

စုရီက ဓားကိုဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ ထိုခဏ ရန်ထောင်လင် ပုံရိပ်သည် လုံးဝဥဿုံပျက်ပြယ်သွားချေပြီ။

အရှေ့ပိုင်းကြယ်လွင်ပြင်ကြီးကို နှစ်ပေါင်းများစွာ အုပ်စိုးခဲ့သော ကြယ်ဘီလူးကြီး တစ်ကောင်သည် ဤသို့ဇာတ်သိမ်း သွားခဲ့ရလေသည်။

ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးတစ်ဦး၏ နောက်ဆုံးအချိန်ကို မြင်တွေ့လိုက်ရသဖြင့် လူအုပ်ကြီး၏ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ဝင်ရောက်လာတော့သည်။

“ တာအိုကွမ်ကျူး ... ငါ့မှာ ဓားတစ်ချက်ရှိသေးတယ် လမ်းညွှန်ပေးပါဦး။ ”

ရုတ်တရက် တျန်ကျောက်သည် ရောင်ဝါများပွင့်ထွက်လာပြီး ဝတ်ရုံစများ တဖျပ်ဖျပ်လွင့်မျောလာခဲ့သည်။

စုရီမှ ခေါင်းညိတ်ပြ၏။ တျန်ကျောက်က ကျိုးပဲ့နေသောဓားကို ဖွဖွလေးပွတ်သပ်လိုက်ပြီး ဘေးသို့ လွှင့်ပစ်လိုက်သည်။

ထိုအချိန်တွင် သူ့ရောင်ဝါသည် အတားအဆီးတစ်ခုကို ဖောက်ထွင်းလိုက် သကဲ့သို့ သိသိသာသာ မြင့်တက်လာခဲ့၏။

“ တိုက်ပွဲအတွင်းမှာ အဆင့်ချိုးဖြတ် လိုက်တာလား။ ”

ထိုမြင်ကွင်းကြောင့် လူအုပ်ကြီးထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ ကနဦး နတ်ဝိညာဉ်အဆင့်မှသည် အလယ်အလတ် အဆင့်သို့ တက်လှမ်းနေချေ၏။

ဤနယ်ပယ်တွင် တိုက်ပွဲအတွင်း အဆင့်ချိုးဖြတ်ရန်သည် မည်မျှခက်ခဲလှသည်ကို သူတို့ကဲ့သို့ သေလွန်ဝိညာဉ်များမှ သိရှိထားကြသည်။

“ ဒီလိုအောင်မြင်မှုမျိုးရတဲ့အတွက် ငါမင်းကိုဂုဏ်ပြုပါတယ်။ ”

စုရီက ဝိုင်အိုးကိုမြှောက်ကာ အဝေးမှ အရိုအသေပေးပြီးနောက် မော့ချလိုက်ပြန်သည်။ တျန်ကျောက်မှ ပြုံးလိုက်၏။ ဤတစ်ကြိမ်သည် သူ့အတွက် နောက်ဆုံးအကြိမ်ဖြစ်နိုင်သလို အတောက်ပဆုံးလည်းဖြစ်သည်။

“ တာအိုကွမ်ကျူးကြောင့်သာ ဒီအတားအဆီးကို ငါ ဖြတ်ကျော်နိုင်ခဲ့တာပါ။ ”

စကားဆုံးသည်နှင့် တျန်ကျောက်က လေထဲသို့ ခြေတစ်လှမ်း လှမ်းတက်လာသည်။ အမူအရာသည် အပူအပင်ကင်းသော နတ်ဘုရား တစ်ပါးကဲ့သို့ တည်ငြိမ်နေ၏။

“ သတိထား ... ။ ”

သူ့လက်ချောင်းများကို ဓားကဲ့သို့ အသုံးပြုကာ ကျင့်ကြံမှုအကုန်အစင်သွန်းလျက် တိုက်ခိုက်လိုက်တော့သည်။

“ ရွှပ် ... ။ ”

ပြိုင်ဘက်ကင်း ဓားအလင်းတစ်လက် ထွက်ပေါ်လာပြီး ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက် သွား၏။

ဤဓားချက်သည် အာရုံခြောက်ပါးကို ပိတ်ဆို့ကာ စိတ်ဝိညာဉ်ကို ဖျက်ဆီးနိုင်သည်။ ယင်းသည် သူ့တစ်ဘဝလုံးစာ ကျင့်ကြံမှုများ သွန်းလောင်းထား၏။

ဤဘဝတွင် ပြီးပြည့်စုံသော ဓားချက် တစ်ချက်ပေပင်။ ယနေ့၌ ထုတ်ဖော်ခွင့်ရလိုက် သဖြင့် နောင်တမရှိသေနိုင်ပြီဖြစ်သည်။

တစ်စုံတစ်ယောက်အတွက် ထိုသို့သော အခွင့်အရေးမျိုးရရှိရန်သည် ထိုက်တန်လှသည့် ပြိုင်ဘက်ရှိရန်လိုချေပြီ။

“ ဝှစ် ... ။ ”

စုရီက ဓားကိုအသုံးမပြုတော့ဘဲ ညာဘက်လက်ဖြင့်တံဆိပ်တစ်ခု ထုတ်ဖော်ကာ လေဟာနယ်ကို ကိုးကြိမ်တိုင်တိုင် ပုတ်ခတ် ပစ်လိုက်သည်။

ထို့ကြောင့် တျန်ကျောက်၏ အစွမ်းထက်လှသော ထိုဓားစွမ်းအင်များသည် သုံးပေအကွာတွင် ပိတ်ဆို့ခြင်းခံလိုက်ရပြီး တစ်လက်မပင် တိုးမရတော့ချေ။

“ တကယ်ပဲ ပြိုင်ဘက်ကင်းနေတာလား။ ”

တျန်ကျောက်ခမျာ စိတ်ပျက်သွားပြီး တဖြည်းဖြည်းပျက်ပြယ်နေသော ဓားအလင်းထံ ပြန်ကြည့်ကာ၊

“ ငါ့တစ်ဘဝစာလုံးရဲ့ အနှစ်သာရတွေစုစည်းထားတဲ့ အပြင်ထန်ဆုံး ဓားချက်က မင်းအင်္ကျီကိုတောင် မထိဖူးလား ဘယ်လောက်အထိ ရက်စက်လိုက်တဲ့ အမှန်တရားလဲ။ ”

-ဟု ခါးသီးစွာ ညည်းတွားလိုက်သည်။ စုရီမှခေါင်းရမ်းပြလျက်၊

“ မင်းရဲ့ဓားဟာ တကယ်ကို ရက်စက်ပြင်းထန်ပါတယ် လွန်ခဲ့တဲ့လကဆိုရင် ဒီဓားကိုခုခံဖို့ ငါအစွမ်းကုန်ကြိုးစားရလိမ့်မယ်။”

-ဟု ဝန်ခံလိုက်တော့သည်။ တျန်ကျောက်မှ စုရီကိုပြန်ကြည့်ကာ၊

“ ကျေးဇူးတင်ပါတယ်။ ”

-ဟု ပြုံးပြလိုက်၏။ ဤသည်မှာ နှစ်သိမ့်ခြင်းပင်လော၊ အမှန်တရားပင်လော မသိချင်တော့ချေ။

ထိုစဉ် သူ့ခန္ဓာကိုယ်ကြီးသည် ချက်ချင်းအိုမင်းရင့်ရော်လာပြီး အဆုံးတွင်အမှုန် အဖြစ် ပြောင်းလဲလွင့်စင်သွားတော့သည်။

သူသည် စုရီလက်၌ သေဆုံးမည့်အစား ဂုဏ်သိက္ခာအပေါ် ထိန်းသိမ်းရန် ကိုယ့်ကိုယ်ကို အဆုံးသတ်လိုက်ခြင်းပေပင်။

တံငါသည်တစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။ သူသည်လည်း မျက်နှာ၌ ရှုပ်ထွေးသော ခံစားချက်များ ထင်ဟပ်နေ၏။

“ တံငါသည် ... မင်းဘဝမှာ ငါ့ကို အသတ်ချင်ဆုံးဆိုတာ ငါသိတယ် ဘာပဲဖြစ်ဖြစ် မင်းရဲ့ကြိုးစားမှုတွေဟာ လေးစား ထိုက်ပါတယ်။ ”

စုရီက နောက်ဆုံးသော ဂုဏ်ပြုဟန်လုပ်ပြကာ ဝိုင်အိုးကိုမော့သောက် ချလိုက်သည်။ တံငါသည်မှ သက်ပြင်းချ၏။

“ မင်းရဲ့ဒဏ်ရာတွေက အရမ်းပြင်းတယ် ခွေးအိုကြီးတွေဝိုင်းရံထားတဲ့ကြားကနေ ဒီကနေ့ မင်းလွတ်မြောက်နိုင်မယ်ထင်လား။ ”

စုရီမှ ပြုံးသည်။ ထို့နောက်၊

“ ဒီနေ့ ငါ့ရန်သူတွေအားလုံးကို သတ်ပစ်ဖို့အတွက် ငါထွက်လာတာ ထွက်ပြေးဖို့ ထွက်လာတာ မဟုတ်ဘူး။ ”

-ဟု ပြန်ဖြေလိုက်သည်။ ထိုအဖြေကြောင့် တံငါသည်ခမျာ ကူကယ်ရာမဲ့စွာ ခေါင်းညိတ်၏။

“ ငါသိတယ်၊ ဒါကြောင့်လည်း ... ငါ့ဘဝမှာအလေးစားဆုံးနဲ့ အသတ်ချင်ဆုံး လူက မင်းတစ်ယောက်ပဲ ဖြစ်နေရတာ။ ”

စကားဆုံးသည်နှင့် နတ်မီးတောက်များ လောင်ကျွမ်းလျက် ရုတ်ချည်းပြာကျသွားသည်။ တျန်ကျောက်၏ ဓားချက်နှင့် ရန်ထောင်လင်၏ အသေခံဖောက်ကွဲမှုသည် မအောင်မြင်ကြောင်း တွေ့ရှိပြီးနောက်တွင် သူ့ကိုယ်သူသတ်သေရန် ရွေးချယ်ခဲ့ခြင်းဖြစ်လေသည်။

ပန်းချီဆရာ၊ ရန်ထောင်လင်၊ တျန်ကျောက်နှင့် တံငါသည်တို့သည် တစ်ခေတ် တစ်ခါက ဒဏ္ဍာရီလာ ကြယ်ဘီလူးကြီး လေးပါးပေပင်။

အရှေ့ဘက်ကြယ်လွင်ပြင်တွင် ပထမတန်းစား ဒဏ္ဍာရီများဖြစ်၏။ ရှေးခေတ် သေလွန်ဝိညာဉ်များပင် မလေးမစား မဆက်ဆံဝံ့ချေ။

ယခုမူ ယနေ့တွင် ဤလောကကြီးမှ အပြီးတိုင်ပျောက်ကွယ်သွားချေပြီ။ သွေးများ အလိမ်းလိမ်းဖြင့် လူငယ်တစ်ယောက်တည်းသာ လေထုအလယ် ရပ်ကျန်ရစ်တော့၏။

***

All Chapters