← Chapters

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

အခန်း (၁၀)

"ငါ မနေ့တုန်းက မင်းပုံကို ရိုက်ခဲ့သေးတယ်၊ ငါ အဲဒါကို Weibo မှာ တင်လို့ရမလား "

ထိုသို့ အမေးခံရပြီးနောက် ရှန်းထင်ရွှမ်းသည် မျက်နှာချင်းဆိုင်တွင် သတိထားလျက် ရပ်နေကာ အသံကျယ်ကျယ် ထွက်သွားမည်ကို စိုးရွံ့နေသည့်ပုံပေါ်သည့် ရှောင်ဖုန်းကို မြင်သွားသည်။

ဂျင်ဆင်းမြစ်တစ်ခုအနေဖြင့် သူမက ထိုအရာကို တကယ်ပင် ဂရုမစိုက်ချေ။ ထို့အပြင် ရှောင်ဖုန်းကို သူမ၏တာဝန်များ ပြီးမြောက်အောင် ကူညီပေးသည့်သူတစ်ယောက်အဖြစ် သတ်မှတ်ထားပေသည်။

ရှန်းထင်ရွှမ်းက သိပ်တွေးမနေဘဲ သဘောတူလိုက်သည်။ "ရပါတယ် " ရှောင်ဖုန်းက စိတ်သက်သာရာရလျက် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။ မထင်ထားဘဲ ရှန်းထင်ရွှမ်းက ထိုကဲ့သို့ လျင်လျင်မြန်မြန် သဘောတူလိုက်သောကြောင့် သူက မေးလိုက်သည်။

"ငါ မင်းကို WeChat မှာ အပ်လို့ရမလား " ရှန်းထင်ရွှမ်းက ငြင်းဆိုမည်ကို ကြောက်ရွံ့သောကြောင့် ရှောင်ဖုန်းက ရှင်းပြလိုက်သည်။ "ငါ မင်းကို ပုံပို့ပေးချင်လို့ပါ "

ရှန်းထင်ရွှမ်းက "ရတယ် " သူမက ဖုန်းတွင် WeChat ရှိသည်ကို သိသည်။ သို့သော် သူမ ကူးပြောင်းလာသည့်အချိန်တုန်းက တစ်ခါသာ နှိပ်ကြည့်ဖူးသည်။ ၎င်းတွင် ရှုပ်ယှက်ခတ်နေသော အရာများကို ပြောဆိုနေကြသည့် လူများကို တွေ့ခဲ့သည်။

ရှောင်ဖုန်းနှင့် ရှန်းထင်ရွှမ်းက WeChat တွင် မိတ်ဆွေများ ဖြစ်သွားကြပြီး ရှောင်ဖုန်းက ပျော်ပျော်ရွှင်ရွှင် အိမ်ပြန်သွားခဲ့သည်။ WeChat က ဖိုင်တစ်ခုကို အများဆုံး 20mb အထိ ပို့လို့ရသည်။ မူရင်းပုံက 70mb ထက်ပိုပေသည်။ သူက ရှန်းထင်ရွှမ်းဆီသို့ ပုံကို မပို့ခင် ၎င်းကို အကြိမ်များစွာ ချုံ့ခဲ့ရသည်။

၎င်းကို ပို့ပြီးနောက် ရှောင်ဖုန်းက အနည်းငယ် ဝမ်းနည်းသွားခဲ့သည်။ သူသာသိခဲ့ပါက ရှန်းထင်ရွှမ်း၏ အီးမေးအကောင့်ကို မေးခဲ့မည် ဖြစ်သည်။ မူရင်းပုံက ချုံ့ထားသည့် ပုံထက် အများကြီး ပိုကောင်းပေသည်။

ပို့ပြီးသွားသောအခါ စာပြန်လာခြင်း မရှိပေ။ ထို့ကြောင့် ရှောင်ဖုန်းက Weibo ကို ဝင်လိုက်ပြီး ပုံကို Weibo ပေါ်တွင် တင်လိုက်သည်။

[ဖန်းကော: မနေ့ကနဲ့ ဒီနေ့အတွက် အကောင်းဆုံးဖြစ်သည်။ ပြန်လည်ချေပချက် လက်မခံပါ (ပုံ)။ (TN: Weibo နာမည်၏ နောက်ရှိ V ဆိုသည်မှာ စိစစ်ထားသော အသုံးပြုသူများကို ဆိုလိုသည်]

ရှောင်ဖုန်းက Weibo တွင် ဖော်လိုဝါ (၁) သန်းအထက် ရှိသည်။ သူက နေ့စဥ် ပုံမှန် လမ်းဘေးပုံ ၉ပုံကို တင်လေ့ရှိသည်။ မနေ့က ရှန်းထင်ရွှမ်းဆီမှ ခွင့်ပြုချက် မရသေးသောကြောင့် သူက Weibo တွင် ပို့စ်မတင်ခဲ့ပေ။

ယနေ့ ရှောင်ဖုန်းက ရှန်းထင်ရွှမ်းကို ခွင့်ပြုချက်တောင်းပြီးဖြစ်သောကြောင့် Weibo တွင် ပုံကို တင်လိုက်သည်။

ထို့ကြောင့် ဤ Weibo တွင် ပုံတစ်ပုံသာရှိပေသည်။ ၎င်းက ပုံမှန်ထက် တစ်ရက်နောက်ကျပေသည်။

ယခင်ကနှင့် မတူဘဲ Weibo တွင် ပုံတင်ပြီးနောက် ရှောင်ဖုန်းက မှတ်ချက်များကို ဖတ်ရန် စတင်လိုက်သည်။ ဤပုံက သေချာပေါက် ထင်ပေါ်ကျော်ကြားလိမ့်မည်ဟု သူက စိတ်ထင်နေပေသည်။

တစ်မိနစ်မပြည့်ခင်မှာပဲ ပထမဆုံး မှတ်ချက်က တက်လာခဲ့သည်။

[ငါက ရှုခင်းတွေရိုက်တဲ့ ဓာတ်ပုံဆရာတွေကိုပဲ အာရုံစိုက်လေ့ရှိတာ၊ အနီးကပ်ကြည့်ပြီးမှပဲ အစ်ကိုဖန်းက အရမ်းမိုက်တာပဲ။ ]

ရှောင်ဖုန်းက ပျော်ရွှင်စွာ ပြုံးလိုက်ပြီးနောက် တဖန် Refresh လုပ်လိုက်သည်။ များစွာသော မှတ်ချက်များ ရှိလာပြီး ပို့စ်ပြန်တင်သည့် အရေအတွက်ကလည်း တိုးလာခဲ့သည်။

[ သုံးခါလောက် စိုက်ကြည့်ပြီးတော့ ငါ့ဖုန်းထဲမှာ ဒီပုံကို သိမ်းထားလိုက်ပြီ။]

[စခရင်ကို လျှာနဲ့လျက်လိုက်ပြီ]

[ဝိုး… ဒါက အောင်မြင်ပြီးသား သူတစ်ယောက်ကိုတောင် မရှုံးနိုင်ဘူး]

[ညီအစ်ကိုဖန်းရဲ့ ရိုက်ချက်တွေက ခမ်းနားနေတာပဲ]

[အရမ်းကောင်းတယ်။ wallpaper ထားဖို့ ဒေါင်းလုတ်ဆွဲလိုက်ပြီ။ နေ့တိုင်း ဒါကို ကြည့်နေတော့မယ်]

[ဒီပုံက ဒီလအတွက် အကောင်းဆုံးပုံပဲ]

၅မိနစ်အတွင်းမှာပင် မှတ်ချက်ပေါင်း ၁၀၀ ကျော်သွားခဲ့ပြီး ဆက်လက် မြင့်တက်နေခဲ့သည်။

ရှောင်ဖုန်းက ပြီးခဲ့သည့် မှတ်ချက်များကို ဖတ်ပြီးနောက် တဖန် Refresh လုပ်လိုက်သည်။ မှတ်ချက်များက ၅၀၀၀ ကျော်အထိ စံချိန်ချိုးသွားခဲ့သည်။ ပို့စ်ကို ပြန်တင်သည့်သူ အရေအတွက်ကလည်း ၁၀၀၀ ကျော်သွားပြီ ဖြစ်သည်။ သူ၏ပရိသတ် အရေအတွက်ကလည်း တဖြည်းဖြည်း တိုးလာခဲ့သည်။

များစွာသော မှတ်ချက်များထဲတွင် ရှောင်ဖုန်းက စာမပြန်ခဲ့ပေ။ ထိုမှတ်ချက်ကိုသာလျှင် သူက သဘောကျလေသည်။ [ဒီအမျိုးသမီးက ဘယ်သူလဲ။ ငါ သူမရဲ့နောက်ကိုပဲ ကြည့်နေရတယ်။ သူမရဲ့ ရှေ့ဘက်ကိုလည်း မြင်ချင်တယ်။ သူမရဲ့ရှေ့ဘက်ကနေလည်း ကြည့်ကောင်းမယ်လို့ ငါခန့်မှန်းမိတယ်]

ရှောင်ဖုန်းက Like ကို နှိပ်လိုက်ပြီးနောက် ထိုမှတ်ချက်က ထိပ်ဆုံးတန်းကို လျင်မြန်စွာ ရောက်ရှိသွားတော့သည်။

ရှောင်ဖုန်း ၎င်းကို Like လုပ်ပြီးကတည်းက ထိုပုံ၏ပိုင်ရှင်သည် အလွန်လှပကြောင်း သူသိပြီးဖြစ်မည်ဟု လူတိုင်းက ပြောနေကြတော့သည်။

ထိုအချိန်၌ လူတိုင်းက အရမ်းစပ်စုချင်နေကြသည်။ တစ်ယောက်ပြီးတစ်ယောက် ရှောင်ဖုန်းကို ရှေ့ဘက်မျက်နှာကို ထုတ်ဖော်ပြရန် တောင်းဆိုနေကြသည်။

Weibo တွင် အလွန် လှုပ်ရှားတက်ကြွနေသော်လည်း ထိုပုံထဲရှိလူက ထိုအခိုက်အတန့်တွင် မျက်မှောင်ကြုတ်ထားလေသည်။

ရှန်းရွှမ်ဒီမှာ ရောက်နေခြင်းကလွဲလို့ တခြားကြောင့် မဟုတ်ပေ။

ရှန်းရွှမ်က အလွန်နောက်ကျမှ ရောက်လာခဲ့ပြီး ရှန်းထင်ရွှမ်းသည် တောင်အောက်တွင် ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် အစီအရင်က ရှန်းရွှမ်ကို မရပ်တန့်နိုင်ပေ။

ဂျင်းဆင်းမြစ်၌ လူသားများကဲ့သို့ များစွာသော လိမ်လည်မှုများနှင့် လည့်ဖျားမှုများ မရှိချေ။ ထို့ကြောင့် မကြိုက်သည့်သူတစ်ယောက်ကို မြင်ပါက သဘာဝကျစွာပင် ပျော်ရွှင်နေသည့်မျက်နှာထားအား ပြမည်မဟုတ်ပေ။

ရှန်းရွှမ်က ရှန်းထင်ရွှမ်းကို မြင်သောအခါ သူမက ရှန်းထင်ရွှမ်းကို ရက်အနည်းကြာ မမြင်ခဲ့ရသည်ကို သဘောပေါက်သွားသည်။ တခြားသူ၏ အသားအရေနှင့် အနေအထားက အများကြီး ကောင်းမွန်လာပေသည်။ သူမ၏မျက်လုံးထဲရှိ မနာလိုမှုက တခဏတာ ဖျတ်ခနဲပေါ်လာခဲ့ပြီး ဝမ်းနည်းမှုနှင့် စိုးရိမ်ပူပန်မှုတို့က လျင်မြန်စွာ အစားထိုးသွားလေသည်။ ရှန်းထင်ရွှမ်းသာ စာအုပ်ထဲရှိ ဇာတ်လမ်းကို မသိထားခဲ့ပါလျှင် ရှန်းရွှမ်က သူမကို ဂရုစိုက်သည်ဟု ထင်ကောင်းထင်နေပေလိမ့်မည်။

"ညီမလေး ဒီအတောအတွင်း ဘယ်လိုတွေ နေခဲ့လဲ၊ အိမ်က လူတွေက ညီမလေးကို အရမ်းစိတ်ပူနေကြတာ "

၎င်းက စစ်မှန်သော အခြေအနေတစ်ခုလို့တောင် ထင်ရပေသည်။ သူမက ဝမ့်ချန်၏ သရုပ်ဆောင်စကေးထက်တောင် အများကြီး အဆင့်မြင့်ပေသည်။ ရှန်းထင်ရွှမ်းက သုန်မှုန်စွာ နားထောင်နေသည်။

"ညီမလေးက အသီးတွေ ရောင်းနေတာဆို၊ သူများတွေပြောတာ ကြားခဲ့တယ် "

ရှန်းထင်ရွှမ်းက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။

"ဘာမှ မမှားဘူးဆိုရင် ငါ အရင် သွားလိုက်တော့မယ် " ရှန်းရွှမ်က နောက်ကို ပြန်မကြည့်ဘဲ ထွက်သွားသော ရှန်းထင်ရွှမ်းကို ကြည့်ပြီး ပြုံးနေသည့် သူမမျက်နှာက အေးစက်သွားသည်။

...

ရှန်းရွှမ်က အိမ်သို့ ပြန်လာပြီး မာမားရှန်းက နီရဲသောမျက်လုံးများနှင့် ရှန်းရွှမ်ကို မြင်လိုက်ရသည်။ သူမက ချက်ချင်း လျှောက်လာပြီး "ဘယ်သူက ငါတို့မိသားစုရဲ့ရွှမ်ရွှမ်ကို အနိုင်ကျင့်တာလဲ၊ ရွှမ်ရွှမ် ဘာလို့ ငိုနေတာလဲ "

ရှန်းရွှမ်က သူမ၏မျက်လုံးထောင့်ကို သုတ်လိုက်ပြီး "ညီမလေးကို သွားကြည့်ခဲ့တာ၊ အသီးတွေ ရောင်းဖို့ ခက်ခဲနေတယ် "

မာမားရှန်က တစ်ရှူးကို သွားယူလိုက်ပြီး ရှန်းရွှမ်လက်ထဲသို့ ထည့်ပေးလိုက်သည်။

"ရွှမ်ရွှမ်က အရမ်းကြင်နာတာပဲ "

ရှန်းရွှမ်က ဒုတိယထပ်မှ ဆင်းလာသော တစ်စုံတစ်ယောက်ကို ကြည့်လိုက်ပြီး အနည်းငယ် ပိုပြီး စိတ်ထိခိုက်ရသလို ခံစားနေလိုက်သည်။ "ညီမလေးက အလုပ်ကြိုးစားတယ်ထင်တယ်၊ သမီးက အသီးတချို့ ဝယ်ချင်ခဲ့တာ၊ ဒါ့အပြင် သူတို့ပြောတာတော့ ညီမလေးရဲ့အသီးတွေကို ပိုင်လျန်စူပါမားကတ်မှာ ရောင်းတယ်တဲ့၊ ဒါ့ကြောင့် အရသာကတော့ ကောင်းမှာပဲ၊ အမေနဲ့ အဖေ့ဖို့ အသီးတချို့ ဝယ်ချင်ခဲ့ပေမဲ့… "

ရှန်းရွှမ်က ပြောနေရင်း ရှိုက်သံက ပိုကျယ်လာခဲ့သည်။ မာမားရှန်က ရှန်းရွှမ်၏ ကျောကို ဖွဖွပုတ်ပေးလိုက်ပြီး "စိတ်ကိုလျှော့၊ ဖြည်းဖြည်းပြောလို့ ရတယ် "

ရှန်းရွှမ်က သူမနှလုံးသားထဲရှိ ဝမ်းနည်းမှုအားလုံးကို ထိန်းချုပ်နေရသည့်ပုံဖြင့် မျက်ရည်များ အနည်းငယ် ပိုပြီး ကျလာခဲ့သည်။ "ညီမလေးကတော့ သမီးကို ဘာမှမပြောချင်တဲ့ ပုံပဲ "

ရှန်းရွှမ် ဤသို့ ပြောခဲ့တာက ရှန်းထင်ရွှမ်း၏ အကြင်နာမဲ့မှုကို ဖော်ပြရုံသာမက ရှန်းထင်ရွှမ်း၏ အဖေနှင့်အမေအပေါ် သူမ၏ သားသမီးဝတ္တရားသိတတ်မှုနှင့် ရှန်းထင်ရွှမ်းအပေါ် သူမ၏ စိုးရိမ်ပူပန်မှုကိုပါ ဖော်ပြရာရောက်ပေသည်။

ထိုအချိန်၌ သူမက ရှန်းထင်ရွှမ်းအတွက် စိုးရိမ်ပူပန်မှုကို မျှဝေပေးချင်ခဲ့ပြီး ပါပါးရှန်နှင့် မာမားရှန်အပေါ် သူမ၏ သားသမီးဝတ္တရားသိတတ်မှုကို ဖော်ပြရန် အသီးများအား ဝယ်ယူချင်ခဲ့သည်။ ရှန်းထင်ရွှမ်းက ၎င်းကို အသိအမှတ်မပြုခဲ့သည်မှာ သနားစရာ ဖြစ်နေသည်။ နှိုင်းယှဉ်ကြည့်ပါက ရှန်းထင်ရွှမ်းသည် မယဉ်ကျေးသော လူတစ်ယောက် ဖြစ်သွားတော့သည်။

မာမားရှန်က ရှန်းရွှမ်ကို နှစ်သိမ့်ပေးနေပြီး "ဘာဝယ်စရာ လိုလို့လဲ၊ သူသာ သားသမီးဝတ္တရား သိတတ်ရင် အသီးတချို့ ပြန်ပို့ပေးလိုက်မှာပေါ့ "

သေချာပေါက် ပါပါးရှန်က လှေကားကို ရိုက်ချလိုက်ပြီး အပြစ်တင်လိုက်သည်။ "ရှန်းမိသားစုက ထွက်သွားတည်းက သူက ဘာမှမဟုတ်တော့ဘူး "

ပါပါးရှန်းက သူ့ဖုန်းကို ထုတ်လိုက်ပြီး ဖန်းမိသားစု၏ခေါင်းဆောင်ကို ခေါ်လိုက်သည်။

ဖန်းယဲ့က ရှန်းထျန်းသဲ၏ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ (TN: နောက်ဆုံးတော့ ငါတို့မှာ နာမည်တစ်ခု ရှိလာပြီ။) သူက ဖုန်းချလိုက်သောအခါ သူ၏ခံစားချက်က သိပ်မကောင်းနေပေ။

သူက စူပါမားကတ်၏ အထွေထွေမန်နေဂျာကို တိုက်ရိုက် ဖုန်းခေါ်လိုက်သည်။

...

ရှန်းရွှမ် ထွက်သွားပြီးနောက် ရှန်းထင်ရွှမ်းက သူမ၏ခြံဝင်းသို့ ပြန်သွားတော့သည်။ တောင်အောက်ရှိ အစီအရင်တည်ဆောက်ပုံက တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူမ ခံစားမိပြီး အနားယူလိုက်တော့သည်။

ရှန်းထင်ရွှမ်းက သက်ပြင်းချလိုက်သည်။ သူမက မည်သူ့ကို ရန်စထားမိမှန်း မသိပေ။ နေ့စဥ် ပြဿနာများက တစ်ခုပြီးတစ်ခု လာနေကြသည်။

သူမက တောင်ခြေသို့ လျှောက်လာသောအခါ သူမ၏ ဝါးတောကို ဝင်တိုက်ထားသော အနက်ရောင် ကားတစ်စီးကို မြင်လိုက်ရသည်။ သူမ၏ခံစားချက်က ပိုတောင်ဆိုးသွားပေသည်။

သူမ ခက်ခက်ခဲခဲ ရွှေ့ပြောင်းစိုက်ပျိုးခဲ့ရသည့် ထိုဝါးတောကို ဘယ်လို ကောက်ကျစ်သည့်သူက ဝင်တိုက်လဲဆိုတာ သူမ မြင်ချင်ပေသည်။

ယောက်ျားတစ်ယောက်က သွေးများဖြင့် ဖုံးလွှမ်းနေပြီး ကားမောင်းသည့်ထိုင်ခုံတွင် လဲကျနေသည်ကို တွေ့ခဲ့ရသည်။

တောင်ခြေ၌ အစီအရင်အခင်းအကျင်းတစ်ခု ရှိသောကြောင့် ဝါးတောကို တိုက်မိသောအခါ ကား၏သက်ရောက်မှုကို အနည်းငယ်တော့ လျှော့ချပေးနိုင်ပေသည်။ သို့သော် အခြေအနေကတော့ အနည်းငယ် ဆိုးဝါးနေဆဲဖြစ်သည်။

ရှန်းထင်ရွှမ်းက ကားတံခါးကို ဆွဲဖွင့်လိုက်ပြီးနောက် ထိုယောက်ျားကို အပြင်ဘက်သို့ ဆွဲထုတ်လိုက်သည်။ သို့သော် သွေးများက နေရာတိုင်းကို ကျနေခဲ့သည်။

သူ သွေးအမြောက်အမြား ဆုံးရှုံးထားပြီး သူ၏မျက်နှာက အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်နေပေသည်။ သို့သော် ထိုလူက လူချောတစ်ယောက်ဖြစ်ခဲ့သည်ကို သူမ မြင်နိုင်သေးသည်။

ရှန်းထင်ရွှမ်းက သွေးထွက်နေသည်ကို ရပ်ရန် ဝိညာဉ်စွမ်းအင်ကို အသုံးပြုခဲ့သည်။ သူမက ဝိညာဉ်စွမ်းအင်ကို အတော်များများ သုံးလိုက်ရသည်။ ယခု ထိုယောက်ျား၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်မနေတော့ချေ။ သို့သော် သူက သတိလစ်နေဆဲ ဖြစ်သည်။

အသက်ပြင်းပြင်းရှူလိုက်ပြီး ရှန်းထင်ရွှမ်းက ထိုယောကျာ်းကို သူမ၏ကျောပေါ်တင်ပြီး သယ်သွားခဲ့သည်။ ထို့နောက် ခြံဝင်းဆီသို့ လျှောက်သွားလိုက်သည်။

ရှန်းထင်ရွှမ်းက အရင်ဆုံး ခြံဝင်းထဲတွင် ထိုယောကျာ်းကို ထားလိုက်ပြီး သူ၏ကိုယ်မှ သွေးများကို သန့်စင်သော ရေဖြင့် ဆေးကြောပေးလိုက်သည်။ ထို့နောက် သူ၏အဝတ်များနှင့် ဘောင်းဘီတို့ကို ချွတ်လိုက်ပြီး သူမ၏အိပ်ရာပေါ်တွင် ထားလိုက်သည်။

ရှန်းထင်ရွှမ်းက တီးတိုးရေရွတ်လိုက်သည်။ "ဒီမှာ အိပ်ရာတစ်ခုပဲ ကျန်တာ၊ ရှင်က ဒဏ်ရာရနေတဲ့သူဆိုတော့ ရှင့်ကိုပဲ ဦးစားပေးလိုက်မယ် "

ရှန်းထင်ရွှမ်းက သူမ၏ဆံပင်တစ်ချောင်းကို ယူလိုက်ပြီး ရေထဲတွင် ထားလိုက်သည်။ ပြီးနောက် သူမ၏ဝိညာဉ်စွမ်းအင်ဖြင့် အရည်ဖျော်လိုက်သည်။

ဂျင်ဆင်းများက ထာဝရ အသက်ရှင်ကြသည်။ နှစ်တစ်သောင်းဂျင်ဆင်းမြစ်တစ်ခုအနေဖြင့် သူမ၏တစ်ခုတည်းသော ဆံပင်က သေခြင်းမှ ပြန်ခေါ်ပေးနိုင်သည်။

သူမက ထိုယောက်ျား၏ပါးစပ်ထဲသို့ နည်းနည်းချင်းစီ ရေကို တိုက်လိုက်သည်။ ပြီးနောက် ထိုယောကျာ်း ဖျက်ဆီးထားသည့် ဝါးတောကို ရှင်းလင်းရန် တောင်ခြေသို့ ဆင်းလာခဲ့သည်။

ကံကောင်းစွာပင် ဝါးများက အများကြီး မပျက်စီးသွားခဲ့ပေ။ တချို့ကို ဖြောင့်အောင် ပြန်လုပ်ပြီး သုံးလို့ရနိုင်သည်။

ကျိုးသွားသည့်ဝါးများကတော့ ဆက်သုံးလို့မရနိုင်တော့ပေ။ ထို့ကြောင့် ရှန်းထင်ရွှမ်းက ၎င်းတို့ကို ဖြတ်တောက်လိုက်ပြီး တစ်ဝက်စီ ခွဲထားလိုက်သည်။ ၎င်းတို့ကို အတူတကွ စည်းထားလိုက်ပြီး ဝါးများကို အတန်းလိုက်ချည်ရန် တောင်မှ နွယ်ပင်များကို ရှာလိုက်သည်။

တိုသည့် ဝါးတချို့ကို အောက်ဘက်မှာ ခြေထောက်အဖြစ်ထားပြီး ပိုရှည်သည့် ဝါးများကို အပေါ်ဘက်တွင် လေးထောင့်ပုံစားပွဲအဖြစ် အထိုင်ချလိုက်သည်။

အသီးများကို ရှေ့လျောက် ထိုစားပွဲပေါ်တွင် တင်ရောင်းနိုင်ပေသည်။

ယခုမူ မြေဆီလွှာများ မရှိသည့်အတွက် ရှန်းထင်ရွှမ်းက အပင်စိုက်ရန် ဝါးတချို့ ပိုဝယ်ရန် စီစဥ်ထားသည်။

ခုတ်ဖြတ်ထားသည့် ဝါးပင်များ၏ အရွက်များကို အသုံးပြုပြီး ရှန်းထင်ရွှမ်းက ကားအနက်ကို ဖုံးထားလိုက်သည်။

...

လုမင်ဟွေ့ကို အထွေထွေမန်နေဂျာရုံးက ခေါ်ယူသောအခါ အထွေထွေမန်နေဂျာက သူ့ကို ချီးမွမ်းမည်ဟု သူထင်နေခဲ့သည်။ တကယ်တော့ ရှန်းထင်ရွှမ်း၏အသီးများနှင့် လွန့်ခဲ့သည့်နှစ်ရက်က ပိုင်လျန်သို့ ရောက်လာခဲ့သော ဝယ်သူများအား ခေါ်ဆောင်ထားသည်ကို သူတွေ့ခဲ့ရသည်။

သို့သော် သူ ရုံးခန်းထဲသို့ရောက်သောအခါ အထွေထွေမန်နေဂျာ၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"မင်း ရူးနေလား၊ မင်း ဘာလုပ်ခဲ့တယ်ဆိုတာရော သိလား၊ မင်းစင်ပေါ်တင်ထားတဲ့ ပစ္စည်းတွေက ရှန်းမိသားစုကို စော်ကားရာ ရောက်တယ်ကွ "

လုမင်ဟွေ့က မယုံသင်္ကာ ကြည့်လိုက်မိသည်။ အရင်ဆုံး သူက ဘာ့ကြောင့် ဝေဖန်ခံနေရမှန်း မသိခဲ့ပေ။ သို့သော် သူ့ကို ပိုပြီး ရှော့ရသွားစေသည်က ရှင်းယွမ်ရှန်၏ ပိုင်ရှင်ပင် ဖြစ်သည်။ ထိုမိန်းကလေးက အရမ်းဖြူစင်လွန်းတယ်၊ ဘယ်လိုလုပ် သူမက ရှန်းမိသားစုကို စော်ကားမလဲ။

သူ အထွေထွေမန်နေဂျာ၏ရုံးခန်းမှ ထွက်လာခဲ့ပြီး စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သည်။

မင်းက ဘာကြောင့် ဒီလို အရသာရှိတဲ့အသီးတွေနဲ့ စာချုပ်ကို ဖျက်သိမ်းချင်ရတာလဲ။

မင်းက ရှန်းမိသားစုကို စော်ကားခဲ့တာကြောင့်လား။

...

လုမင်ဟွေ့က သူ၏ရုံးသို့ ပြန်ရောက်သွားသည်။ လီရင်နှင့် တခြားသူများက လုမင်ဟွေ့နှင့်ပတ်သက်ပြီး တစ်စုံတစ်ခုမှားယွင်းနေသည်ကို တွေ့လိုက်ရသည်။ "ဘာဖြစ်တာလဲ ဘော့စ် "

လုမင်ဟွေ့က သူ့ထိုင်ခုံတွင် ထိုင်လိုက်ပြီး ရေရွတ်လိုက်သည်။

"အထွေထွေမန်နေဂျာက ငါတို့ကို ရှင်းယွမ်ရှန်နဲ့ ပူးပေါင်းတာကို ဖျက်သိမ်းစေချင်နေတယ် "

လူတိုင်းက ထိတ်လန့်သွားကြသည်။

...

ရှန်းထင်ရွှမ်းက တောင်ခြေ၌ စားပွဲကို နေရာချထားလိုက်ပြီး ပိုင်လျန်မှ ၂၂၀၁၅ ယွမ်ကို လက်ခံရရှိခဲ့သည်။ လုမင်ဟွေ့က မကြာမီ လာတော့မည်ဖြစ်သည်။

ရှန်းထင်ရွှမ်း၏ ပျင်းနေသည့်ခံစားချက်က အများကြီးလျော့ကျလာခဲ့ပြီး သူမက လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ယခု သူမက လုမင်ဟွေ့ နှင့် တခြားသူများကို ကျေးဇူးတင်ရမည်ပင်။ သူမ၏နေ့စဥ်တာဝန်များကို အလွန်လွယ်ကူစွာ ပြီးမြောက်နိုင်ပေသည်။

စိတ်အားထက်သန်စွာ လက်ဝှေ့ယမ်းပြနေသော ရှန်းထင်ရွှမ်းကို လုမင်ဟွေ့က မြင်လိုက်ရပြီး ပိုပြီး အပြစ်ရှိသလို ခံစားနေရသည်။ "ဒီနေ့ စီးပွားရေးအခြေအနေ ဘယ်လိုလဲ "

ရှန်းထင်ရွှမ်းက "ကောင်းပါတယ် "

လုမင်ဟွေ့က စိတ်မပါလက်မပါ ပြုံးလိုက်သည်။ သူက အချိန်အတော်ကြာ အစပျိုးပြီးနောက် ပြောလိုက်သည်။ "ငါတို့ မင်းနဲ့ အလုပ်ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး "

ရှန်းထင်ရွှမ်းက သံသယတချို့ဖြင့် နားထောင်လိုက်သည်။ သို့သော် သူမက လျင်မြန်စွာ လက်ခံလိုက်သည်။ သူမ သိပေသည်။ တာဝန်က ပြီးမြောက်ရန် မလွယ်ပေ။ "ပြဿနာမရှိပါဘူး "

လုမင်ဟွေ့က ရှန်းထင်ရွှမ်း ခေါင်းငုံ့သွားသည်ကို မြင်လိုက်ပြီး သူ့နှလုံးသားက ပိုပြီး မသက်မသာဖြစ်လာခဲ့သည်။ "မိန်းကလေး၊ မင်းက ဘယ်လိုလုပ် ရှန်းမိသားစုကို စော်ကားရတာလဲ "

သူက သူ့ဌာနရှိ လူများကိုတောင် မပြောခဲ့ပေ။ သို့သော် ယခု ရှန်းထင်ရွှမ်းကို တိုက်ရိုက် ပြောလိုက်သည်။

ရှန်းထင်ရွှမ်းက ယခု ပိုပြီးတောင် စိတ်ရှုပ်ထွေးသွားခဲ့သည်။ "အာ " မူလကိုယ်က ရှန်းမိသားစုမှ ဖြစ်သည်။ ရှန်းမိသားစုကို စော်ကားတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။

လုမင်ဟွေ့က သက်ပြင်းချလိုက်သည်။

"ငါတို့ စူပါမားကတ်ရဲ့ တာဝန်ရှိသူကို ဆက်သွယ်ခဲ့တဲ့သူက ရှန်းမိသားစုကလေ၊ သူတို့က မင်းရဲ့အသီးတွေကို ဖယ်ရှားပစ်ဖို့ ပြောခဲ့တာ "

ရှန်းထင်ရွှမ်း၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ဖော်ပြနေသည်။ ရှန်းရွှမ်က ဆိုးရွားသည့် လူတစ်ယောက်မှန်း သူမ သိခဲ့သော်လည်း ထိုမျှ ဆိုးဝါးလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။

ရှန်းထင်ရွှမ်း၏ အမူအရာကို မြင်သောအခါ လုမင်ဟွေ့က ဘာ့ကြောင့် ဖြစ်သည်ကို သူမ သိလောက်မည်ဟု ခန့်မှန်းလိုက်သည်။

"စိတ်မပူပါနဲ့၊ ဒါက ငါတို့ကုမ္ပဏီဘက်က စာချုပ်ဖောက်ဖျက်တာပဲ၊ မင်းအတွက် ဆုံးရှုံးမှုကို လျော်ကြေးပေးဖို့ နည်းလမ်းတစ်ခု ရှာလိုက်ပါ့မယ် "

ရှန်းထင်ရွှမ်းက ထိုလျော်ကြေးများနှင့်ပတ်သက်ပြီး အားလုံးကို ဂရုမစိုက်ပေ။ လုမင်ဟွေ့ ထွက်သွားပြီးသည့်တိုင်အောင် သူမက အလွန်ဒေါသထွက်နေဆဲဖြစ်သည်။

ရှန်းထင်ရွှမ်းက တက်စီကို တိုက်ရိုက်တားလိုက်ပြီး ရှန်းအိမ်သို့ ပြန်လာခဲ့သည်။

သူမက ရှန်းရွှမ်ကို မေးချင်ခဲ့သည်။ ငါက အသီးပဲရောင်းတာလေ။ ဒါကို နင်က ဘာလို့ ယုတ်မာနေတာလဲ။

…..

စာရေးသူမှာ ပြောစရာရှိနေပါတယ်။

အို့… အခန်း (၁၀) ပြီးသွားပြီပဲ။

...

အပိုင်း (၁၁)

ရှန်းထင်ရွှမ်းက ရှန်းမိသားစုအိမ်သို့ ရောက်သောအခါ ရှန်းရွှမ် အိမ်၌ ရှိနေသည်နှင့် ကြုံလိုက်ရသည်။ တခြားသူများကလည်း အိမ်၌ ရှိနေကြသည်။ လူတိုင်းက တစ်ခုခုကို စီစဥ်ရန် အလုပ်ရှုပ်နေကြပုံပေါ်သည်။

ရှန်းထင်ရွှမ်း ပြန်လာသည်ကို မြင်သောအခါ သူတို့အားလုံးက ဝိုင်းကြည့်လိုက်ကြသည်။

အတိတ်တွင်သာ ဖြစ်ပါက ရှန်းထင်ရွမ်းသည် သေချာပေါက် စိတ်တည်ငြိမ်နိုင်မည် မဟုတ်ပေ။ သို့သော် ယခု ရှန်းထင်ရွှမ်းက သူတို့ကို ဂရုမစိုက်ပေ။ ပြီးနောက် ရှန်းရွှမ်ဆီသို့ တည့်တည့် လျှောက်သွားလိုက်သည်။

ရှန်းရွှမ်က ရှန်းထင်ရွှမ်းကို မြင်လိုက်ပြီး အနည်းငယ် အံ့ဩသွားသည်။

"ညီမလေး နောက်ဆုံးတော့ အိမ်ပြန်လာပြီပေါ့၊ အမေနဲ့အဖေက ညီမလေးကို အရမ်းသတိရနေကြတာ "

ရှန်းထင်ရွှမ်းက ရှန်းရွှမ်ကို ခံစားချက်မဲ့စွာ ကြည့်လိုက်ပြီး "ရှင်းယွမ်ရှန်က ငါ့အသီးတွေကို ဖြတ်တောက်ဖို့ ပိုင်လျန်ကို ဘာကြောင့် ပြောခဲ့တာလဲ " ရှန်းရွှမ်က အနည်းငယ် ဂုဏ်ယူသလို ခံစားလိုက်ရသည်။ သို့သော် သူမက ခေါင်းကို ခါလိုက်ပြီး "ညီမလေး မမကို အထင်လွဲနေပြီ၊ ညီမလေးရဲ့အသီးတွေကို မဝယ်ဖို့ ပိုင်လျန်ကို ဘယ်တုန်းကမှ မလုပ်ခိုင်းခဲ့ဘူး… "

ရှန်းထင်ရွှမ်းက ရှန်းရွှမ်နှင့် အဓိပ္ပာယ်မရှိသော စကားများဆက်ပြောရန် အလွန် ပျင်းနေသည်။

"ကောင်းပြီ၊ ငါ အခု ဒီမှာ နင့်ကို ပြောမယ်… "

သူမ ပြော၍မပြီးသေးခင် ရှန်းထင်ရွှမ်းက တံခါးအပြင်ဘက်မှ အသံကို ကြားလိုက်ပြီး သူမက လှည့်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ဖောက်ခနဲ အသံတစ်ခု ထွက်လာသည်။

ရှန်းထင်ရွှမ်းက သူမခေါင်းကို ပြန်လှည့်လိုက်သောအခါ ရှန်းရွှမ်က ကြမ်းပြင်ပေါ်တွင် ထိုင်နေပြီး သူမ၏ညာဘက်မျက်နှာအား တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

ရှန်းရွှမ်က သူ့မျက်နှာကို အောက်ငုံ့ထားပြီး မည်သူမှ သူမ၏အမူအရာကို မမြင်နိုင်ပေ။ ယနေ့ အိမ်သို့ လာမည့်ဧည့်သည်က ကွဲပြားခြားနားသည်ကို သူမက သိသည်။ ပါပါးရှန်းနှင့် မာမားရှန်းက စောစောပြန်လာမည်မှာ သေချာသည်။

ပါပါးရှန်းက ရှန်းရွှမ်၏ရှေ့တွင် မတ်တတ်ရပ်နေသော ရှန်းထင်ရွှမ်းကို တွေ့လိုက်ပြီး ကြမ်းပြင်ပေါ်တွင် သူမမျက်နှာကို အုပ်လျက် ထိုင်နေသော ရှန်းရွှမ်ကို မြင်လိုက်ရသည်။

"ရှန်းထင်ရွှမ်း နင့်အသက် ငယ်ငယ်လေးနဲ့ ဒီလောက် ရက်စက်လိမ့်မယ်လို့ မထင်ထားဘူး "

"နင့်မမကို မြန်မြန်တောင်းပန်လိုက်စမ်း " ထိုအဆင့်ဆင့်အော်ငေါက်သံက ပါပါးရှန်းသည် ရှန်းထင်ရွှမ်းအပေါ် ချစ်ခင်နှစ်သက်ခြင်း မရှိဟု လူများကို ထင်မြင်သွားစေသည်။

"ရွှမ်ရွှမ် သမီး အဆင်ပြေလား " မာမားရှန်းက ရှန်းရွှမ်ကို ထူလိုက်ပြီး ရှန်းထင်ရွှမ်းကို သဘောမကျသည့်အကြည့်ဖြင့် ဖျတ်ခနဲ ကြည့်လိုက်သည်။

မိသားစုတစ်စုက တူညီသည့်ရန်သူကို တိုက်ခိုက်ရန် ရှိနေသကဲ့သို့ ထိုလူသုံးယောက်က တစ်တန်းထဲ ရပ်နေကြသည်။

နောက်ပြီး သူတို့၏ရန်သူက ရှန်းထင်ရွှမ်းပင်။

နှစ်တစ်သောင်းကြာ အသက်ရှင်နေထိုင်ခဲ့သည့် ဂျင်ဆင်းမြစ်တစ်ခုအနေဖြင့် သူမ အမုန်းဆုံးက မှားနေကြခြင်းကို ဖြစ်သည်။ ယခု ယခု သူမ၏ဝိညာဉ်သွေးကြောများက ၈% ပြန်လည်ရရှိပြီး ဖြစ်သည်။ ထို့ကြောင့် ခွန်အားအများကြီးသုံးရန် စွမ်းအင်အနည်းငယ်သာ လိုပေသည်။

"ဖြန်း " ရှန်းထင်ရွှမ်းက ရှေ့တိုးလိုက်ပြီး ရှန်းရွှမ်ကို ပါးရိုက်ချလိုက်သည်။ သို့သော် တကယ်တော့ ထိုရိုက်ချက်က စွမ်းအားအများအပြား ပါဝင်ပေသည်။

တစ်အိမ်လုံးက တိတ်ဆိတ်သွားသည်။ ထင်ရှားသည့် လက်ငါးချောင်းရာက ရှန်းရွှမ်၏မျက်နှာတွင် ပေါ်လာပြီး သူမ၏ပါးက ရောင်ကိုင်းနေသည်ကို မြင်နိုင်ပေသည်။

ရှန်းရွှမ်က သူမ၏ခေါင်း ချာချာလည်နေသည်ကိုသာ ခံစားနေရပြီး သူမ၏ပါးစပ်မှ သွေးအနည်းငယ် ထွက်လာခဲ့သည်။ ရှန်းထင်ရွှမ်း၏ ရိုက်ချက်က အားအပြည့်သုံးထားခြင်းဖြစ်သည်။ သို့သော် အပြင်ဘက်တွင်တော့ သူမက အားကုန် မသုံးထားပုံ ပြထားသည်။

ပါပါးရှန်းနှင့် မာမားရှန်းက တစ်စုံတစ်ယောက်ကို ရှန်းထင်ရွှမ်း ရုတ်တရက် ရိုက်လိမ့်မည်ဟု မထင်ထားချေ။ ရှန်းထင်ရွှမ်းကို အိမ်ပြန်ခေါ်ပြီးနောက် သူမက ရှန်းရွှမ်နှင့် အဆင်မပြေခဲ့သော်လည်း အရင်က သူမ၏လက်ကို ဘယ်သောအခါမှ မမြှောက်ခဲ့ပေ။

အချိန်တစ်ခုကြာ ပါပါးရှန်းနှင့် မာမားရှန်းက မတုံ့ပြန်နိုင်ခဲ့ပေ။

"နင့်ကို ငါက ရိုက်တယ်လို့ ပြောခဲ့မှတော့ ငါက ဒါကို အတည်ဖြစ်အောင် လုပ်ပေးရတာပေါ့ "

ရှန်းထင်ရွှမ်းက သူတို့သုံးယောက်ကို ဖြတ်သွားပြီး သူမအခန်းဆီသို့ လျှောက်သွားလိုက်သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူမက ရုတ်တရက် ပြန်လည့်လိုက်ပြီး "နင့်ဘာသာနင်ရိုက်တာနဲ့ သူများရိုက်တာ မတူဘူးဆိုတာ ရှင်းပြဖို့မလိုတော့ဘူးနော်၊ ငါ့ရဲ့ သိပ်တော်တဲ့အစ်မလေး "

ထိုစကားကို ကြားလိုက်သောအခါ ပါပါးရှန်းနှင့် မာမားရှန်းက ရှန်းရွှမ်၏ ဘယ်ဘက်မျက်နှာကို ကြည့်လိုက်ကြသည်။

ပါပါးရှန်းနှင့် မာမားရှန်းက သူမကို ယုံကြည်စေရန် ရှန်းရွှမ်၏ ကိုယ်ပိုင်ရိုက်ချက်က အားမနည်းပေ။ ထို့ကြောင့် အနီရောင်အရာတစ်ခု ရှိနေဆဲ ဖြစ်သည်။ သို့သော် လက်မရာက အောက်ဘက်တွင် ရှိနေပေသည်။

၎င်းက အပေါ်ဘက်တွင် လက်မရာရှိနေသည့် ရှန်းထင်ရွှမ်း၏ရိုက်ချက်နှင့် လုံးဝကွဲပြားပေသည်။

ရှန်းရွှမ်က သူမ၏မျက်နှာကို ထပ်အုပ်လိုက်ပြီး ငိုလျက် သူမ၏အခန်းသို့ ပြန်ပြေးသွားသည်။ သူမက ရှန်းထင်ရွှမ်းဘေး ဖြတ်သွားသောအခါ ရှန်းထင်ရွှမ်း၏ပခုံးကို ရိုက်ချင်ပုံပေါ်ပေသည်။ သို့သော်လည်း ရှန်းထင်ရွှမ်းက ကြောက်စရာကောင်းနေသည်။ ထို့ကြောင့် ရှန်းရွှမ်ခမျာ ဆောင့်အောင့် ထွက်သွားလေသည်။

"ကျွတ် ကျွတ် ကျွတ်" ရှန်းထင်ရွှမ်းက ပိုပြီးတောင် အထင်မြင်သေးသွားခဲ့သည်။ ရှန်းရွှမ်က သူမ၏ အလိမ်အညာတွေရှေ့မှာ ဒီလိုလုပ်ရဲတာ တော်ရုံ အရှက်မရှိပေ။

ရှန်းရွှမ်ကို သင်ခန်းစာပေးပြီး ရှန်းထင်ရွှမ်းက မွေ့ယာအစုံအနည်းငယ်ကို ထုပ်ပိုးရန် စီစဥ်လိုက်သည်။ ပြီးနောက် ၎င်းတို့ကို ရှင်းယွမ်ရှန်သို့ သယ်သွားရမည်ပင်။ သူမက ထိုမွေ့ယာများသည် အလွန်သက်သောင့်သက်သာရှိသည်ဟု အမြဲတမ်း ခံစားခဲ့ရသည်။

ဒါ့အပြင် ယနေ့ ဒဏ်ရာရနေသည့် လူတစ်ယောက်ရောက်လာခဲ့သောကြောင့် ညတုန်းက သူမသည် အိပ်ရာထဲ၌ မအိပ်နိုင်ခဲ့ပေ။ သူမကိုယ်တိုင်အတွက် သက်သောင့်သက်သာရှိသည့်အိပ်ရာကို သူမ ပြင်ဆင်ရပေမည်။

လက်ဆွဲအိတ်ကို လက်ခံရရှိပြီးနောက် ရှန်းထင်ရွှမ်းက ရောင်စုံအစင်းကွက်များပါသည့် အိတ်ကြီးတစ်လုံးကို ယူပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သို့သော် အောက်ထပ်တွင် ထိုင်နေသည့် လူစုလူဝေးကို တွေ့လိုက်ရသည်။

ပါပါးရှန်းက သူ၏ ပုံမှန်မာနကြီးသည့်အနေအထားကို ပြောင်းလဲလိုက်ပြီး ဆိုဖာပေါ်တွင် မဝံ့မရဲ ထိုင်နေခဲ့သည်။

ရှန်းထင်ရွှမ်း ထွက်လာကာ ရောင်စုံအစင်းကွက်များပါသည့် အိတ်ကြီး၂လုံး ကိုင်ထားသည်ကို မြင်လိုက်ကြပြီး စကားပြောနေကြသည့် လူတိုင်းက ရှန်းထင်ရွှမ်းကို ကြည့်လိုက်ကြသည်။

ရှန်းထင်ရွှမ်းက အိတ်များကိုသယ်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သူမက လူတိုင်းကို လျစ်လျူရှုထားပြီး တံခါးကို တိုက်ရိုက် သွားဖွင့်လိုက်သည်။

အသက်ကြီးသည့်လူကြီးတစ်ယောက်က အထဲသို့ဝင်လာရန် အပြင်ဘက်တွင် မတ်တတ်ရပ်နေခဲ့သည်။ ရှန်းထင်ရွှမ်းက တံခါးကို ဖွင့်လိုက်သောအခါ သူ၏မျက်လုံးများက လင်းလက်သွားသည်။ "မိန်းကလေး၊ ငါလာတာကို မင်းသိနေတာလား "

ရှန်းထင်ရွှမ်းက ခေါင်းခါလိုက်ပြီး "ကျွန်မက အခု အပြင်ထွက်မလို့ "

ပါပါးရှန်းနှင့် တခြားသူများက ထိုအသံကိုကြားသောအခါ တံခါးဆီသို့ ချက်ချင်း ရောက်လာကြသည်။ သူတို့က နှုတ်ဆက်ရန် အဆင်သင့်ရှိနေကြသည်။ သို့သော် ထိုအသက်ကြီးသည့် လူကြီးက ပြောလိုက်သည်။ "မင်းက ဘာလို့ အပြင်သွားမှာလဲ၊ ငါ ဒီနေ့ ဒီမှာ မင်းကို တွေ့ဖို့ ရောက်နေပြီလေ "

လူတိုင်းက ကြောင်သွားကြသည်။

...

စာအုပ်ထဲသို့ ကူးပြောင်းပြီး ပထမဆုံးနေ့၌ ရှန်းထင်ရွှမ်းက ပထမဆုံးတာဝန်ကို ပြီးမြောက်ရန်အတွက် အပူကြီးနေသည့် အဘိုးအိုတစ်ယောက်ကို ကယ်ဆယ်ရန် အနီရောင်ဘယ်ရီသီးကို သုံးခဲ့သည်။

ထိုအဘိုးအိုက ဖေးမိသားစုကို ပိုင်ဆိုင်သည့်သူမှန်း မည်သူမျှ မတွေးမိကြချေ။

အဘိုးဖေး ကားဖြင့် အပြင်ထွက်သွားသည်က တိုက်ဆိုင်မှုတစ်ခု ဖြစ်သည်။ သို့သော် ထိုနေ့တွင် ဒရိုင်ဘာ၏အိမ်၌ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် အဘိုးဖေးက ဒရိုင်ဘာကို ကားဖြင့် အရင်ဆုံး ထွက်သွားရန် ပြောခဲ့သည်။

ဘာပဲဖြစ်ဖြစ် အိမ်က သိပ်မဝေးပေ။ အဘိုးဖေးက သူကိုယ်တိုင် လမ်းလျှောက်ပြန်ရန် ရည်ရွယ်ခဲ့သည်။ သို့သော် အကွာအဝေးက အရမ်းမဝေးသော်လည်း အပူချိန်က မြင့်မားနေပေသည်။ သူက လမ်းလျှောက်လာသောအခါ အပူလျှပ်သလို ဖြစ်သွားခဲ့သည်။

ထိုနေ့တွင် အဘိုးအိုက သတိပြန်ရသောအခါ သူက ထွက်သွားပြီဖြစ်သည့် ရှန်းထင်ရွှမ်းကိုသာ မြင်ခဲ့သည်။ ထို့ကြောင့် သူ့ကို ကယ်ခဲ့သည့် မိန်းကလေးကို ရှာရန် သူ့သား ဖေးဝမ်ရှုကို ပြောခဲ့သည်။

ဖေးဝမ်ရှုက ထိုဖြစ်ရပ်ကို ကြားပြီးနောက် သူက ဆေးစစ်ရန် သူ့အဖေကို ဆေးရုံသို့ ခေါ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူ့အဖေကို ကယ်ခဲ့သည့်သူကို ရှာရန် သူ၏အတွင်းရေးမှူးကို မှာလိုက်သည်။

ရှာတွေ့ပါက ဖေးမိသားစုသည် သူတို့၏ကျေးဇူးတင်မှုကို ပြသရမည်။

နည်းလမ်းပေါင်းများစွာဖြင့် ရှာဖွေပြီးနောက် သူ့အဖေကို ကယ်ခဲ့သည့် ထိုမိန်းကလေးသည် ရှန်းမိသားစုမှဖြစ်ကြောင်း အတွင်းရေးမှူးက ဖေးဝမ်ရှုကို ပြောခဲ့သည်။

မူလက ထိုမိန်းကလေးကို ရှာတွေ့ပြီးနောက် သူက သူမကို ကျေးဇူးတင်ရန် တတ်နိုင်သမျှ အမြန်ဆုံး ရှန်းအိမ်သို့ လာချင်ခဲ့သည်။ သို့သော် ဆေးရုံရှိ အဘိုးဖေး၏ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုက မပြီးသေးပေ။ ထို့ကြောင့် ဖေးဝမ်ရှုက ဆေးစစ်ပြီးမှ လူကိုယ်တိုင် ကျေးဇူးတင်ရန် သူ့အဖေကို စောင့်ဖို့ အတင်းတောင်းဆိုးထားရသည်။

ဤအတောအတွင်း ဖေးဝမ်ရှုက ရုံး၌ ပရောဂျက်တစ်ခုကို ဆွေးနွေးရန် ရှိနေခဲ့ပြီး ယနေ့တိုင် ကြန့်ကြာသွားရခြင်း ဖြစ်သည်။

မနေ့က ဖေးဝမ်ရှုက ရှန်းထျန်းသဲကို သူတို့ ယနေ့ ကျေးဇူးတင်ရန် လာမည်ဖြစ်ကြောင်း ဖုန်းခေါ်ပြီး ပြောခဲ့သည်။ ထို့ကြောင့် ရှန်းထျန်းသဲက မနက်စောစော ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။

ကုမ္ပဏီကိစ္စများ ပြီးသွားသောအခါ ဖေးဝမ်ရှုက ကျေးဇူးတင်လက်ဆောင်များဖြင့် ရှန်းအိမ်သို့ တိုက်ရိုက်လာခဲ့လေသည်။

အဘိုးအိုဖေးက သူကိုယ်တိုင် ကျေးဇူးတင်လက်ဆောင်များကို ရွေးချင်ခဲ့သည်။ ထို့ကြောင့် သူက အနည်းငယ် နောက်ကျသွားခဲ့သည်။

ရှန်းရွှမ်က ဤအကြောင်းကို မနေ့က သိခဲ့ရသည်။ သူမက အဘိုးဖေးကို ကယ်ခဲ့တာ မမှတ်မိပေ။ သို့သော် အဘိုးဖေးကို ရှန်းထင်ရွှမ်းက ကယ်ခဲ့သည်ဟု သူမ မထင်ထားခဲ့ချေ။ ထို့ကြောင့် ပါပါးရှန်းက မနေ့တုန်းက ထိုအကြောင်း မေးသောအခါ ရှန်းရွှမ်က မရေမရာ ဖြေခဲ့သည်။

ထို့ကြောင့် ပါပါးရှန်းနှင့်မာမားရှန်းတို့ နှစ်ယောက်စလုံးက အဘိုးဖေးကို ရှန်းရွှမ်က ကယ်ခဲ့သည်ဟု ယုံကြည်ခဲ့သည်။

ဖေးဝမ်ရှုက ရှန်းမိသားစုတွင် သမီးတစ်ယောက်သာ ရှိသည်ဟု ထင်ခဲ့သည်။ တကယ်တော့ ရှန်းထင်ရွှမ်းက ပြန်ရောက်သောအခါ ရှန်းမိသားစုက ဧည့်ခံပွဲတစ်ခုကို မကျင်းပပေးခဲ့ပေ။

ထို့ကြောင့် ဖေးဝမ်ရှုက ရှန်းအိမ်သို့ ရောက်လာသောအခါ သူ့အဖေကို ကယ်ခဲ့သည့်တစ်ယောက်က ရှန်းရွှမ်ဟု သူလည်း ထင်ခဲ့သည်။

ထို့အပြင် သူက ကျေးဇူးတင်စကားများ ပြောသောအခါ ရှန်းထျန်းသဲက ဘာမှ မကန့်ကွက်ခဲ့ပေ။

ယခု အဘိုးဖေးက ရောက်လာခဲ့ပြီး သူရှာနေတဲ့တစ်ယောက်က ရှန်းထင်ရွှမ်းလားလို့ ပြောခဲ့သည်။

လူတိုင်းက တိတ်ဆိတ်သွားကြသည်။

ပါပါးရှန်းက ရှန်းထင်ရွှမ်းကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူ စိတ်ဓာတ်မျိုးနဲ့ အဘိုးဖေးကို ဘယ်လို ကယ်ခဲ့တာလဲ။

…

စာရေးသူမှာ ပြောစရာရှိနေပါတယ်။

အဘိုးဖေးက ပါပါးရှန်းကို တစ်ချက်ကြည့်လိုက်သည်။ မင်းရဲ့စိတ်ဓာတ်မျိုးနဲ့ မင်းကရော ထင်ရွှမ်းရဲ့ အဖေ ဘယ်လိုဖြစ်နိုင်မှာလဲ။

...

အခန်း (၁၂)

မာမားရှန်းက ရှန်းရွှမ်ကို တစ်ချက်ကြည့်လိုက်ရာ သူမက ဆုံးရှုံးမှုကို ကြည့်နေရင်း အောက်နှုတ်ခမ်းကိုက်ထားသည်ကို မြင်လိုက်သည်။

ရှန်းထင်ရွှမ်းက အဘိုးဖေးကို အမှန်တကယ် ကယ်ခဲ့မည်ဟု မည်သည့်အခါမှ ရှန်းရွှမ်က မထင်ခဲ့ချေ။ ဒါပေမဲ့ သူမက ဘာလို့ မပြောခဲ့တာလဲ။

ထို့အပြင် ရှန်းထင်ရွှမ်းကလည်း သူမကယ်ခဲ့သည့်သူမှာ အဘိုးဖေးဖြစ်မှန်း မထင်ထားခဲ့သည်မှာ ဖြစ်နိုင်သည်ဟု ရှန်းရွှမ်က တွေးနေခဲ့သည်။

သူတို့အားလုံးက ဘီမြို့တွင် ရှိကြသော်လည်း ဖေးမိသားစုသည် ရှန်းမိသားစုထက် ပိုကြီးပြီး သူမက အဘိုးဖေးကို မမြင်ဖူးခဲ့ပေ။ ရှန်းထင်ရွှမ်းလည်း ထို့အတူပင် ဖြစ်သည်။

ရှန်းထင်ရွှမ်းက သာမန်အဘိုးအိုတစ်ယောက်ကိုသာ ကယ်ခဲ့သည်ဟု ထင်နေခဲ့ခြင်း ဖြစ်နိုင်သည်။

ထိုအချိန်တွင် ရှန်းထျန်းသဲနှင့် ရှန်းရွှမ်အပေါ် ဖေးဝမ်ရှု၏ထင်မြင်ချက်က ရုတ်တရက် အနုတ်ဘက်သို့ ကျဆင်းသွားသည်။

သူမက တစ်ယောက်ယောက်ကို မကယ်ခဲ့ဘူးဆိုရင် ဘာ့ကြောင့် သူပြောတာကို လက်ခံခဲ့တာလဲ။

ရှန်းထင်ရွှမ်းက အဘိုးဖေးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ကျွန်မနဲ့ လုပ်စရာ ဘာမှမရှိဘူးမလား " ထိုသို့ပြောခြင်းက အဘိုးဖေးကို မသိခဲ့လျှင်တောင် အသက်ကြီးသည့်လူတစ်ယောက်ကို စကားပြောရာတွင် ထိုထက်ပိုပြီး လေးစားမှု ရှိသင့်ပေသည်။

သို့သော် ရှန်းထင်ရွှမ်းက နှစ်တစ်သောင်းကြာ အသက်ရှင်နေထိုင်ခဲ့သည့် ဂျင်ဆင်းမြစ်ဖြစ်သည်။ သူမ၏ အမြင်တွင် အဘိုးဖေး၏အသက်က လူသားကလေးတစ်ယောက်သာ ဖြစ်သည်။ သဘာဝကျစွာပင် သူမ၏အသံတွင် အသက်ကြီးသူကို လေးစားသည့်ဟန် မပါပေ။ ၎င်းအသံကပင် အလွန်ယဥ်ကျေးနေပြီ ဖြစ်သည်။

ရှန်းထျန်းသဲက ဒါကိုကြားပြီး အသည်းအသန် မျက်တောင်ခတ်ပြနေသည်။ သို့သော် သူမက ရှန်းထျန်းသဲကို ကြည့်တောင်မကြည့်ပေ။ သဘာဝကျစွာပင် သူက ရှန်းထျန်းသဲ အချက်ပြနေသည်ကို မသိခဲ့ပေ။

သို့သော် ပါပါးဖေးက သူမ စိတ်မကျေမနပ်ဖြစ်နေသည်ဟု မထင်ခဲ့ပေ။

"ပြီးခဲ့တဲ့အချိန်တုန်းက မင်း ငါ့ကို ကယ်ခဲ့တာအတွက် ကျေးဇူးတင်ချင်လို့ လာခဲ့တာပါ "

ရှန်းထင်ရွှမ်းက အရာအားလုံးကို ဂရုမစိုက်ချေ။ "ဒါက ပြဿနာမရှိပါဘူး " အားလုံးပြီးနောက် သူမက အဘိုးဖေးကို ကယ်ခဲ့သည်။ သို့သော် သူကလည်း သူမကို တာဝန်များပြီးမြောက်အောင် ကူညီပေးခဲ့သည်။

ရှန်းထျန်းသဲက အချိန်ကိုက် ဝင်ပြောလိုက်သည်။ "ဘာလို့ အထဲမဝင်တာလဲ၊ ထိုင်ပြီး စကားပြောရအောင်လေ "

အဘိုးဖေးက အထဲသို့ ဝင်လာရန် ဖြစ်သည်။

ရှန်းထင်ရွှမ်းက ပြောလိုက်သည်။ "ကျွန်မမှာ လုပ်စရာလေးတွေရှိသေးလို့၊ သွားခွင့်ပြုပါဦး "

အဘိုးဖေးက အချိန်အတော်ကြာ အသက်ရှင်နေထိုင်ခဲ့ပြီး ဖြစ်သည်။ ချမ်းသာခြင်းကို မည်ကဲ့သို့ နားမလည်ဘဲ နေမည်နည်း။ ဤအခိုက်အတန့်တွင်တော့ သူ့ကိုကယ်ခဲ့သည့် ရှန်းမိသားစုမှ ထိုမိန်းကလေးသည် မျက်နှာသာပေးခြင်း မခံရသည်ကို သူက တွေ့လိုက်ရသည်။

"မိန်းကလေး၊ မင်း ဘယ်ကိုသွားမှာလဲ၊ ငါလိုက်ပို့ပေးမယ် "

အစက ရှန်းထင်ရွှမ်းသည် မစ္စတာဖေးကို ဒုက္ခမပေးချင်ခဲ့ပေ။ သို့သော် မစ္စတာဖေးက ရှန်းထင်ရွှမ်းနှင့်အတူ တိုက်ရိုက် လျှောက်ထွက်လာခဲ့လေသည်။

ထိုအကြောင်းကို စဥ်းစားပြီးနောက် ယင်းက နောက်ကျ သူ့ဆီသို့ အသီးတချို့ပို့သည့်အခါ ကြီးမားသော အပေးအယူတစ်ခု ဖြစ်လာပေလိမ့်မည်။ ထို့အပြင် သူမ၏အသီးများကို စားခြင်းက သူ့အတွက် ကောင်းမွန်ပေသည်။ "ဒါဆို ရှင့်ကိုပဲ ဒုက္ခပေးရတော့မယ် "

အဘိုးဖေးက ပြုံးလိုက်ပြီး "ပြဿနာမရှိပါဘူး "

အဘိုးဖေးက ရှန်းအိမ်၏တံခါးသို့ မဝင်ဘဲ ရှန်းထင်ရွှမ်းနှင့်အတူ တိုက်ရိုက် ထွက်သွားခဲ့သည်။

အဘိုးအို ထွက်သွားပြီးနောက် ဖေးဝမ်က ပြောလိုက်သည်။ "ဒါဆို အနားယူနေတာကို မနှောင့်ယှက်တော့ပါဘူး " သူက ရှန်းအိမ်မှ ထွက်လာခဲ့ပြီး သူ၏မျက်နှာက အလာတုန်းကကဲ့သို့ မသာယာတော့ပေ။

ရှန်းထျန်းသဲက သူတို့ကို လိုက်ပို့လိုက်ပြီး ရှန်းရွှမ်ကို ကြည့်ရန် ဧည့်ခန်းထဲသို့ ပြန်လာခဲ့သည်။ "နင် မကယ်ခဲ့ဘဲနဲ့ ဘာလို့ လက်ခံခဲ့တာလဲ " ဤသည်က ရှန်းထျန်းသဲအနေဖြင့် ရှန်းရွှမ်ကို ပထမဆုံး ဒေါသထွက်ခြင်း ဖြစ်ပေသည်။ ယနေ့ သူက အများကြီး မျက်နှာပျက်ခဲ့ရပေသည်။

အဘိုးဖေးကို သူ့သမီးက ကယ်ခဲ့သော်လည်း နောက်ဆုံးတွင် ရှန်းရွှမ်က ကယ်ခဲ့သည် မဟုတ်ပေ။ သူတို့ပြောခဲ့သောကြောင့် ဖေးမိသားစုက ရှန်းရွှမ်ဟု ထင်နေခဲ့ကြသည်။ ၎င်းက ရှက်စရာကောင်းလှသည်။

"တောင်းပန်ပါတယ် အဖေ " ရှန်းရွှမ်က အလျင်အမြန် တောင်းပန်လိုက်သည်။

"သမီး အရင်က လူတစ်ယောက်ကို ကယ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ အဲဒီလူက အဘိုးဖေးဟုတ်မဟုတ်တော့ မသိခဲ့ဘူး"

မာမားရှန်းက နောက်က လိုက်ပြောလိုက်သည်။ "ဟုတ်တယ်၊ ရွှမ်ရွှမ်က အမြဲတမ်း ကြင်နာတတ်တဲ့သူလေ၊ လူတွေကို ကယ်တာက ပုံမှန်ပဲ "

ရှန်းထျန်းသဲက သက်ပြင်းချလိုက်သည်။ သူက ရွှမ်ရွှမ်၏စရိုက်ကို နားလည်သည်။ ထို့အပြင် ရှန်းရွှမ်က အဘိုးဖေးကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ချေ။

မာမားရှန်းက ဆက်ပြောလိုက်သည်။ "ပြီးတော့ မနေ့က ရွှမ်ရွှမ်က အဘိုးဖေးကို ကယ်ခဲ့တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလေ၊ သူမက လူတစ်ယောက်ကို ကယ်ခဲ့တယ်ပဲ ပြောခဲ့တာလေ "

သို့သော်လည်း လူများကို ကယ်ခဲ့သည်ဆိုကတည်းက အဘိုးဖေးဖြစ်ရမည်ဟု လူတိုင်းက မသိစိတ်မှ ထင်နေခဲ့ကြသည်။ ဆိုရလျှင် ရှန်းထင်ရွှမ်းက လူများကို မည်ကဲ့သို့ ကယ်တင်ခဲ့သနည်း။

၎င်းက ကယ်တင်ခဲ့သည်ဟု ကြားလိုက်သောကြောင့်ပင် ဖြစ်သည်။

ယွမ်ရှန်သို့ ပြန်သည့်လမ်းတွင် မစ္စတာဖန်းက ပြောလိုက်သည်။ "မိန်းကလေး ရှန်းအိမ်မှာ မနေဘူးလား "

ရှန်းထင်ရွှမ်းက "ကျွန်မ ရှင်းယွမ်ရှန်မှာ နေတာ "

စကားလုံးအနည်းငယ်ဖြင့် အဘိုးဖေးက ရှန်းထင်ရွှမ်းအနေဖြင့် ရှန်းမိသားစုနှင့် အဆင်မပြေမှန်း ပိုတောင် သေချာသိသွားတော့သည်။ "မိန်းကလေး မင်းမှာ အခက်အခဲတွေရှိရင် ကျုပ်ကို ပြောလို့ရပါတယ် "

ရှန်းထင်ရွှမ်းက တခြားသူများကို ဒုက္ခပေးရန် တွန့်ဆုတ်နေပေသည်။ အဘိုးဖေးက သူမ ပြဿနာများကို ဖြေရှင်းရန် ကူညီနိုင်သည်ဟု သူမက မထင်ခဲ့ချေ။ "ဘာအခက်အခဲမှ မရှိပါဘူး "

အရှေ့ခန်းမှ ဒရိုင်ဘာက အနည်းငယ် အံ့ဩသွားခဲ့သည်။ အဘိုးဖေးက စီးပွားရေးလောကတွင် အချိန်အတော်ကြာ ရှိနေခဲ့ပြီး ဖြစ်သည်။ သူ့စကားက အမြဲတမ်း အင်အားကြီးမားပေသည်။ ယနေ့ သူက မိန်းမငယ်လေးတစ်ယောက်ကို အလွန်ကြင်နာစွာ စကားပြောပေးခဲ့သည့်အပြင် သူက သူမအတွက် ပြဿနာကို ကိုယ်တိုင် ဖြေရှင်းပေးချင်နေသေးသည်။

ထိုအချက်ကို မိန်းကလေးက ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

အဘိုးဖေးက ရှန်းထင်ရွှမ်းကို တောင်ဆီသို့ လိုက်ပို့ခဲ့ပြီး ရှန်းထင်ရွှမ်းက အဘိုးဖေးကို စောင့်နေရန် ပြောခဲ့သည်။

သူမက အိတ်တစ်လုံးကို ယူလိုက်ပြီး ဆီးသီးနှင့် မက်မွန်သီး အများအပြားကို ထုပ်ပိုးလိုက်သည်။ ပြီးနောက် အိတ်တစ်လုံးထဲရှိ သေတ္တာအသေးလေးထဲသို့ ဆီးသီးခြောက်များကို ထည့်လိုက်သည်။

"ဒီအသီးတွေက သိပ်မဆိုးဘူး၊ တစ်နေ့ နည်းနည်းစားပေးရင် ခန္ဓာကိုယ်အတွက် ကောင်းတယ် "

ရှန်းထင်ရွှမ်းက အမှန်ကို ပြောခြင်းဖြစ်သည်။ ထိုအသီးများက သူမ၏ဝိညာဉ်စွမ်းအင်များဖြင့် ရေလောင်းထားခြင်း ဖြစ်သည်။

သူမက တာဝန်ကြောင့်သာ မဟုတ်ပါက ထိုအသီးများကို တခြားသူအား ပေးရန် ဆန္ဒရှိမည် မဟုတ်ပေ။

"ကောင်းပါပြီ၊ ကျေးဇူးပါ မိန်းကလေး " အဘိုးဖေးက ဒရိုင်ဘာကို ယူခွင့်မပေးခဲ့ပေ။ အသီးများကို သူကိုယ်တိုင် သယ်လိုက်သည်။ ထို့နောက် ကားဆီသို့ ပြန်သွားပြီး ထွက်ခွာသွားတော့သည်။

ရှန်းထင်ရွှမ်း နှစ်ဆဖြည့်ထားသည့် အသီးအိတ်ကို မပိတ်ထားခဲ့ပေ။ တခဏကြာပြီးနောက် ဆီးသီးနှင့် မက်မွန်သီးများ၏ ရနံ့က မွှေးပျံ့ထွက်လာတော့သည်။ ချိုမြန်ပြီးရင်း ချိုမြိန်နေသည့် ရနံ့က ကားတစ်လျောက် ပဲ့တင်ထပ်နေတော့သည်။

အဘိုးဖေးက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရာ ဆီးသီးများ၏ အနံ့ကို ရလိုက်သည်။ ၎င်းက အထဲရှိ ဆီးသီးခြောက်များမှ ဖြစ်ပုံပေါ်သည်။

နောက်ဆုံးတွင် သူက ဆီးသီးခြောက်များ ပါဝင်သော သေတ္တာကို ထုတ်ယူလိုက်ပြီး ဆီးသီးခြောက်တချို့ကို ယူပြီး စားလိုက်သည်။

ဆီးသီးခြောက်များက ရေဓာတ်အများအပြား မရှိပေ။ သို့သော် ‌ရေဓာတ်ပါဝင်မှုနည်းသောကြောင့် ဆီးသီးများ၏အရသာက နှစ်ဆပိုကောင်းနေသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ဆီးသီးခြောက်များက ချိုပြီး ချဉ်ကြပေသည်။ သို့သော် ထိုဆီးသီးခြောက်များကမူ အနည်းငယ်တောင် ချဉ်သည့်အရသာ မရပေ။

အဘိုးဖေးက တစ်ခုပြီးတစ်ခု စားနေသည်မှာ ပြီးဆုံးသွားပြီး သူ၌ အတွေးတချို့ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် သူက ရိုးရှင်းစွာပင် တခြားတစ်ခုကို ယူစားလိုက်သည်။

ကားမောင်းနေသည့် ဒရိုင်ဘာက ထိတ်လန့်သွားခဲ့သည်။ သူက အဘိုးဖေးကို ဆယ်စုနှစ်တစ်စုကြာ ကားမောင်းပေးခဲ့သည်။ သဘာဝကျစွာပင် အဘိုးဖေးက ကားထဲတွင် အစားအစာ စားသောက်ခြင်းကို မုန်းသည်ဟု သူ သိခဲ့သည်။ သူက ရေသောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းကိုပင် မလုပ်ခဲ့ချေ။

ယနေ့ အဘိုးဖေးက ကားထဲတွင် ဆီးသီးခြောက်များကို စားခဲ့သည်။ နောက်တစ်ခုကို စားနေသည်ကိုတောင် တွေ့လိုက်ရသည်။

သူက စတီယာရင်ဘီးကို တည်ငြိမ်အောင် မကိုင်နိုင်တော့ဘဲ အလွန်ကြောက်လန့်နေခဲ့သည်။

ထိုအသီးခြောက်များကို စားပြီးနောက် သူ့ကို ဘယ်အရာက ပိုပြီး ထိတ်လန့်စေခဲ့သည်ဟု ထင်ပါသလဲ။ အဘိုးဖေးက လတ်ဆတ်သည့် ဆီးသီးတစ်လုံးကို ကောက်ယူလိုက်ပြီး စတင် နွှာလိုက်ခြင်း ဖြစ်သည်။

ဆီးသီးများ၏ရနံ့က ကားထဲတွင် ရုတ်တရက် ပိုမိုမွှေးပျံ့လာတော့သည်။ ကားဒရိုင်ဘာက တံတွေးမျိုချချင်စိတ်ကို ထိန်းမရတော့ပေ။

တိတ်ဆိတ်သည့်ည၌ ထိုတံတွေးမျိုချသံက အလွန်ထင်ရှားကြောင်း ပြောနိုင်ပေသည်။ အဘိုးဖေးသည်လည်း ၎င်းကို ကြားရပေသည်။ သူက ကားထဲတွင် စားနေမှန်း သဘောပေါက်သွားဒ။ သို့သော် အနံ့က တကယ်ကို ကောင်းမွန်ပေသည်။ အစကို ပြန်တွေးကြည့်လိုက်တော့ ရှန်းထင်ရွှမ်းက သူ့ကို အနီရောင်ဘယ်ရီသီးတစ်လုံးနှင့် ကယ်ခဲ့သည်ပင်။

ဤရှန်းမိသားစုကလည်း မိန်းမကောင်းလေးတစ်ယောက်ကို ပျိုးထောင်ပေးခဲ့သည်။

အဘိုးဖေးက စိတ်ကောင်းများ ဝင်နေပြီး " အဘိုးကြီးတင်းလည်း ပြန်ရင် ဆီးသီးတချို့ ယူသွားလေ "

ဒရိုင်ဘာက လောင်တင်းဖြစ်ပြီး သူက အဘိုးဖေးကို ထပ်ခါထပ်ခါ ကျေးဇူးတင်နေလေသည်။

အဘိုးဖေးက အခွံနွှာပြီးသွားပြီး ၎င်းကို စားလိုက်သည်။ သူက ချက်ချင်း ဝမ်းနည်းသွားခဲ့သည်။

သူက လောင်တင်းကို ဆီးသီးတချို့ယူသွားရန် ပြောခဲ့မိသောကြောင့် ဝမ်းနည်းနေခြင်း ဖြစ်သည်။

ဆီးသီးခြောက်များကို စားပြီးသောအခါ အဘိုးဖေးက ထိုလတ်ဆတ်သည့်ဆီးသီးများက အရသာရှိရမည်ဟု သိပေသည်။ သို့သော် သူက လတ်ဆတ်သည့် ဆီးသီး၏ချိုမြိန်မှုကို နိမ့်ကျစွာ ခန့်မှန်းနေဆဲဟု မမျှော်လင့်ခဲ့ချေ။ ယခု သူက ဒရိုင်ဘာအား ဆီးသီးနှင့်မက်မွန်သီးများ နောက်ကျ ပေးရမည်ကို တွေးလိုက်မိပြီး သူ့နှလုံးသားက နာကျင်သွားသည်။

မကြာမီ ဖေးအိမ်သို့ ရောက်ရှိသွားပြီး အဘိုးဖေးက ဆီးသီးနှင့် မက်မွန်သီးတချို့ကို လောင်တင်းအား ပေးလိုက်ပြီး သူ့အား ထွက်သွားရန် ပြောခဲ့သည်။ သို့မဟုတ်ပါက သူသည် ၎င်းတို့အား မပေးချင်ဘဲ ဖြစ်နေပေလိမ့်မည်။

အဘိုးတင်းက အသီးများကို ယူပြီး ထွက်သွားခဲ့သည်။ မစ္စတာဖေးက သူ့ကို အသီးများပေးပြီး အဘယ်ကြောင့် အနည်းငယ် စိတ်သောကရောက်မှန်း နားမလည်ခဲ့ချေ။

မစ္စတာဖေးက ကျန်ရှိသည့်အသီးများနှင့် အိမ်သို့ လာခဲ့သည်။

မစ္စတာဖေးက အိမ်ထဲသို့ ဝင်လာပြီးနောက် သူ့မျက်နှာရှိ အေးစက်မှုက ပိုပြီး သိသာထင်ရှားလာခဲ့သည်။ ဖေးဝမ်ရှုက အသက်ငါးဆယ်ကျော်ပြီ ဖြစ်သော်လည်း သူက မစ္စတာဖေးကို ဤကဲ့သို့ မြင်လိုက်ရသောအခါ သူ့မျက်နှာပေါ်တွင် ချွေးသီးချွေးပေါက်များ ထွက်ပေါ်လာတော့သည်။

ကလေးဘဝတည်းက ဖိအားများ ရှိသည်ပင်။

"ဒီအကြောင်း ပြောရအောင် " အဘိုးဖေးက ကော်ဖီစားပွဲပေါ်တွင် အသီးများကို ထားလိုက်သည်။

သိသာထင်ရှားစွာပင် စကားလုံးများက ဖေးဝမ်ရှု၏စိတ်ကို ပိုပြီးတောင် ရှုပ်ထွေးသွားတော့သည်။

"အဖေ အခု ရှာတွေ့ခဲ့ ... “

ရှန်းမိသားစုမှ ပြန်လာပြီးနောက် ဖေးဝမ်ရှုက သူ အမှားတစ်ခုလုပ်မိကြောင်း သိပေသည်။ မဟုတ်ဘူး။ သူက သူကိုယ်တိုင် ရှန်းထင်ရွှမ်း၏ ကိစ္စကို စုံစမ်းစစ်ဆေးခဲ့သည်။ မကြာမီ ရှန်းထင်ရွှမ်း၏ အခြေအနေများကို ရှာတွေ့သွားခဲ့သည်။

ရှန်းထင်ရွှမ်းကို ရှန်းမိသားစုက အသက် ၁၈နှစ်ရောက်မှ ပြန်ခေါ်ခဲ့ကြောင်း အဘိုးဖေးက သိသွားသည်။ ပြန်ရောက်လာပြီးနောက် ရှန်းထျန်းသဲနှင့် ကျန့်ရှန်းမိန်က သူမကို သဘောမကျပေ။

ရှန်းထင်ရွှမ်း၏ မိခင်ရင်းက ရှန်းထင်ရွှမ်းကို မွေးပြီးမကြာသေးခင် သေသွားခဲ့သည်။ ထို့ကြောင့် ကျန့်ရှန်းမိန်က ရှန်းထင်ရွှမ်းကို မနှစ်သက်တာ နားလည်နိုင်ပေသည်။

သို့သော် ရှန်းထျန်းသဲက ရှန်းထင်ရွှမ်း၏ ဖခင်ရင်း ဖြစ်သည်။ သူက အပြင်လောကကို မပြောပြဘဲ သူ၏သမီးကို ရှာဖွေခဲ့သည်။ ထို့သို့ပြုလုပ်ခြင်းက ရှန်းရွှမ်ကသာ ရှန်းမိသားစု၏ တစ်ဦးတည်းသောသမီးဟု လူများစွာကို တွေးထင်စေခဲ့သည်။

ရှန်းထင်ရွှမ်းက ယခု ရှင်းယွမ်ရှန်တွင် နေသည်ကို သူ တွေ့လိုက်ရသည်။ ရှန်းထင်ရွှမ်း၏ အဘွား ဆုံးပါးသွားပြီးနောက် ရှင်းယွမ်ရှန်ကို စောင့်ရှောက်မည့်သူ မရှိပေ။

ထိုခွေးသား ရှန်းထျန်းသဲကလည်း ရှန်းထင်ရွှမ်း၏ဘဏ်ကတ်ကို ပိတ်ထားခဲ့သည်။ ထို့ကြောင့် မိန်းကလေးက အသီးရောင်းရန် လုပ်ရတော့သည်။

မစ္စတာဖေးကလည်း ပြင်ဆင်မွန်းမံခြင်းမရှိသည့် ခေတ်နောက်ကျနေသည့် ခြံဝင်းကို ယနေ့မြင်ခဲ့ရသည်။

ရှန်းထင်ရွှမ်း၏ အသီးများက အရသာရှိပြီး ဖန်းမိသားစု၏ ပိုင်လျန်စူပါမားကတ်သည် အပိုဝင်ငွေတချို့ ရစေရန် သူတို့ ဆိုင်တန်းပေါ် အသီးများ တင်ရန် လိုလားခဲ့သည်။ သို့သော် ရှန်းမိသားစုက ယင်းကို အမှန်တကယ် ဖိအားပေးခဲ့သည်။

သူတို့က တကယ် ကောင်းသည့်အရာများ မဟုတ်ကြပေ။

အဘိုးဖေးက ဒေါသထွက်ထွက်ဖြင့် ဆီးသီးခွံများကို နွှာလိုက်ပြိး အောက်သို့ ပစ်ချလိုက်သည်။ ချိုမြိန်နေသည့် အသီးရည်လေးက လူများ၏စိတ်ကို ကုသပေးပုံပေါ်လေသည်။

ဖေးဝမ်ရှုက ရှန်းထင်ရွှမ်းအကြောင်းပြောပြီးနောက် တစ်ဖက်တွင် ကျောမတ်မတ် ထိုင်နေသည်။

အဘိုးဖေးက သူ့ရှေ့ရှိ အသီးကို ညွှန်ပြလိုက်ပြီး "စား "

ဖေးဝမ်ရှုက အသီး၏ရနံ့ကို ရနေခဲ့ပြီးသားဖြစ်သည်။ သူ့အဖေက သူ့ကို စားခွင့်ပြုသောအခါ သူက တစ်လုံးကို ယူစားလိုက်သည်။ သူ့မျက်လုံးများက အနည်းငယ် ပင့်တက်သွားပြီး "အဖေ ဒီအသီးကို ဘယ်နေရာက ဝယ်ခဲ့တာလဲ "

ဖေးဝမ်ရှုက ကမ္ဘာပေါ်ရှိ အားလုံးနီးပါးကို စားဖူးသည်ဟု ပြောနိုင်ပေသည်။ သို့သော် သူ့ရှေ့ရှိ ဤဆီးသီးများက သူအမြဲတမ်းစားခဲ့သည့် အသီးများတွင် အကောင်းဆုံး ဖြစ်ပေသည်။

သူက ဆီးသီးများကို စားပြီးနောက် ဘာမှထပ်ပြောရန် မလိုတော့ပေ။ ထို့ကြောင့် သူက သူ့အနီးရှိ မက်မွန်သီးကို ယူလိုက်ပြီး တစ်ကိုက်ကိုက်လိုက်သည်။

အဘိုးဖေးက အိတ်ကိုချည်ပြီး မတ်တတ်ရပ်လိုက်သည်။ "ဒါက အဲဒီမိန်းကလေးဆီက ရလာတာပဲ၊ ဒီတော့ မင်း နောက်ထပ် ဘာလုပ်ဖို့ လိုတယ်ဆိုတာ ငါ ပြောဖို့ မလိုတော့ဘူး”

ထိုသို့ ပြောပြီးနောက် အဘိုးဖေးက အသီးများကို သူ့အခန်းထဲသို့ တန်းယူသွားတော့သည်။

ဖေးဝမ်ရှုက မက်မွန်သီးကို ကိုင်ထားပြီး သတိလစ်လုမတတ်ဖြစ်နေသည်။ သူ့အဖေက အနည်းငယ် ကာကွယ်နေသည့်ပုံပေါ်နေသည်။

ဖေးဝမ်ရှုက မက်မွန်သီးကို စားပြီးနောက် သူက လက်ကို သူ့အနီးရှိ လက်သုတ်ပုဝါဖြင့် သုတ်လိုက်သည်။ သူက အချိန်အတော်ကြာထိ ဤကဲ့သို့ မက်မွန်သီးမျိုးကို မစားဖူးခဲ့ချေ။ လူများက အသီးများကို ဖြတ်တောက်ပြီး သေးငယ်သော အစိတ်အပိုင်းများဖြင့် စားကြသည်ကို သူက နားမလည်ပေ။

မက်မွန်သီးတစ်လုံးလုံးကို သူ့လက်ထဲ၌ကိုင်ပြီး ယခုကဲ့သို့ စားရန် မဖြစ်နိုင်ပေ။ သို့သော် ထိုမက်မွန်သီးကို စားပြီးနောက် ဖေးဝမ်ရှု၏ မချင့်မရဲဖြစ်မှုက အတော်များများ ပျောက်ကွယ်သွားခဲ့သည်။ သူက သူ၏ဖုန်းကို ထုတ်ယူလိုက်ပြီး အတွင်းရေးမှူးကို ခေါ်လိုက်သည်။

…

All Chapters