← Chapters

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

အခန်း (၁၃)

ရှန်းထင်ရွှမ်းက မစ္စတာဖေးကို ပို့ပြီးနောက် သူ၏ခြံဝင်းသို့ ပြန်လာခဲ့သည်။

အိပ်ရာပေါ်ရှိလူက အိပ်ပျော်နေဆဲဖြစ်ပြီး ရှန်းထင်ရွှမ်းက သူမ၏ဆံပင်ကို ရေထဲတွင် အရည်ဖျော်ပြီး သူ့ကို တိုက်လိုက်သည်။

ထို့နောက် ရှန်းထင်ရွှမ်းက အိပ်ရာအနီးရှိ ကြမ်းပြင်ပေါ်တွင် မွေ့ယာကို ဖြန့်လိုက်သည်။ ထို့နောက် ရှန်းမိသားစုမှ ပြန်ယူလာခဲ့သော မွေ့ယာကို ခင်းထားလိုက်ပြီး ၎င်းပေါ်တွင် လှဲလိုက်သည်။

ညသန်းခေါင်တွင် တာဝန်ကို တဖန် ထုတ်ပြန်လာသည်။

"ကျေးဇူးပြုပြီး မင်းစိုက်ထားတဲ့အသီးတွေကို ၁၂နာရီအတွင်း လူ ၂၅၆ယောက်ကို စားခိုင်းပါ "

ရှန်းထင်ရွှမ်းက သက်ပြင်းချလိုက်ပြီး မက်မွန်ပင်များကို ရေလောင်းရန် အိပ်ရာမှ ထလိုက်တော့သည်။ ယခု သူမက သူမ၏ ဝိညာဉ်ကြောများကို ၈% ပြန်လည်ရရှိထားပြီး တစ်ချိန်တည်းတွင် အပင်နှစ်ပင်ကို ရေလောင်းနိုင်ပေသည်။

သို့သော်လည်း သူမက အသီးပင်နှစ်မျိုးလုံးကို ရေလောင်းခဲ့လျှင်တောင် ၎င်းက အဓိပ္ပာယ်မရှိတော့ပေ။ ပိုင်လျန်စူပါမားကတ်က သူမ၏အသီးများကို ဆက်မရောင်းတော့ချေ။ ထို့ပြင် ရွာထဲ၌ ဝယ်သူဟောင်း ၂၅၆ ယောက်လည်း မရှိချေ။

အိပ်ရာပေါ်ရှိလူက လှုပ်ရှားလာပုံပေါ်သည်။

ရှန်းထင်ရွှမ်းက တစ်ချက်ကြည့်လိုက်ပြီး တခြားတစ်ဖက်က သတိကောင်းကောင်း မရသေးမှန်း တွေ့လိုက်ရသည်။

မနက် ၇နာရီ၌ ရှန်းထင်ရွှမ်းက အသီးများကို ခြင်းနှစ်လုံးစာ ကောက်လိုက်ပြီး တောင်ခြေသို့ ဆင်းလာခဲ့သည်။

ရှန်းထင်ရွှမ်းကို မြင်သောအခါ ရှောင်ဖုန်းက ပျော်ရွှင်စွာ မေးလိုက်သည်။ "ငါ မင်းရဲ့ပုံကို မနေ့က တင်ခဲ့သေးတယ်၊ မင်း အဲဒါကို မြင်လား "

ရှန်းထင်ရွှမ်းက WeChat မှ စာကို ဖတ်ရန် တကယ်ကို မေ့သွားခဲ့သည်။ မနေ့က ကိစ္စများစွာဖြစ်ခဲ့ပြီး သူမက WeChat ကြည့်ရန် အချိန်မရှိခဲ့ပေ။

ရှန်းထင်ရွှမ်းက WeChat မှ စာကို မဖတ်သည်ကို ရှောင်ဖုန်းက စိတ်ဆိုးပုံမပေါ်ပေ။ "ငါ မင်းကို ပို့လိုက်တဲ့ပုံတွေက Weibo မှာ ပြန်တင်တဲ့သူ အယောက် ၃၀၀၀၀ တောင်ကျော်နေပြီ "

အရင်က အဖြစ်အပျက်များပေါ်အခြေခံပြီး Weibo ၌ များစွာသော ပြန်တင်သူများ ရှိကြသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ရှန်းထင်ရွှမ်းက သင်ယူခဲ့ရသည်။ သူမက ပြောလိုက်သည်။

"ဂုဏ်ယူပါတယ် "

ရှန်းထင်ရွှမ်းက သာမန်မိန်းကလေးများနှင့် တကယ့်ကို ကွဲပြားသည်ဟု ခံစားရသည်။ တစ်စုံတစ်ယောက်က သူတို့၏ပုံများကို အကြိမ်များစွာ ပြန်တင်ခံရပါက သူတို့၏လှပမှုအတွက် သူတို့ကိုယ်သူတို့ ချီးမွမ်းနေမှာ ဖြစ်သည်။ သူတို့က သေချာပေါက် ပျော်ရွှင်ကြပေလိမ့်မည်။

သို့သော် ရှန်းထင်ရွှမ်းက ထိုအရာများကို ဂရုစိုက်သည့်ပုံမပေါ်ပေ။

လူများစွာက အသီးဝယ်ရန် ပိုပိုပြီး ရောက်လာကြသည်။ ရှောင်ဖုန်းက တခဏတာ တွေ့ဆုံပြီးနောက် နှုတ်ဆက်စကား ပြောလိုက်သည်။ ပြီးနောက် ပုံရိုက်ရန် မြို့တော်သို့ သွားခဲ့သည်။

ရှန်းထင်ရွှမ်းက တကယ့်ကို မပျော်ရွှင်ပေ။ ယနေ့တာဝန်က အလွန် ခက်ခဲပေသည်။ သူမက ယခု တာဝန်၏ ၇.၈% ကိုသာ ပြီးမြောက်သေးသည်။

ရွာထဲရှိ ဝယ်သူအဟောင်းတစ်သုတ်ကို လက်ခံရရှိပြီးနောက် တခြားကားတစ်စီးက ရှင်းယွမ်တောင်ခြေသို့ ရောက်လာခဲ့သည်။

၎င်းက ရှန်းရွှမ်ဖြစ်လျှင် သူမက အံ့အားသင့်သွားမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကားက တစ်ကမ္ဘာလုံးတွင် စုစုပေါင်း ၂၈၀ စီးသာ ကန့်သတ်ထုတ်လုပ်ထားသည့် ကားဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ပေသည်။

သက်လတ်ပိုင်းအရွယ်လူက ကားပေါ်မှ ဆင်းလာခဲ့သည်။ ရှန်းထင်ရွှမ်းက သူ့ကို မှတ်မိသွားသည်။ မနေ့တုန်းက သူမ အိပ်ခန်းထဲမှ ထွက်လာသောအခါ ထိုလူက ရှန်းမိသားစု၏ ဧည့်ခန်းထဲတွင် ထိုင်နေခဲ့သည်။

ရှန်းထျန်းသဲ၏အမူအရာက သူ့အပေါ် အလွန်လေးစားမှု ရှိပေသည်။

ဒါပေါ့။ အခု လာတဲ့သူက ဖေးဝမ်ရှုလေ။

မနေ့က သူ၏အဖေ ပေးသော အမိန့်တာဝန်များကို လက်ခံပြီးနောက် ဖေးဝမ်ရှုက အတွင်းရေးမှူးကို နောက်အလုပ်တစ်ခု စီစဉ်ခိုင်းလိုက်သည်။

သူက အိပ်ခန်းသို့ ပြန်ရောက်သည့်အခါမှသာလျှင် ဆီးသီးများနှင့် မက်မွန်သီးများ၏ ကောင်းမွန်သောအရသာက လျှာပေါ်တွင် စွဲထင်ကျန်နေသေးဆဲဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ထို့ကြောင့် သူက ရိုးရှင်းစွာပင် ယခုမနက်တွင် ပူးပေါင်းဆောင်ရွက်မှုအကြောင်း ပြောရန် ရောက်လာခဲ့သည်။

ရှန်းထင်ရွှမ်းက ဖေးဝမ်ရှုကို ကြည့်လိုက်ပြီး ကြင်နာစွာ ပြုံးပြလိုက်သည်။

ဖေးဝမ်ရှုက အမြဲတမ်း လျစ်လျူရှုလေ့ရှိသော်လည်း ပြန်ပြုံးပြခဲ့လေသည်။ ထိုမိန်းကလေး၏ အပြုံးက အလွန်ကြည်လင်လွန်းပေ၏။ စီးပွားရေလောက၌ နှစ်အတော်ကြာရှိပြီးနောက် ထိုကဲ့သို့ သန့်စင်သည့်လူမျိုးကို ထပ်တွေ့ရန် ခက်ခဲပေသည်။ ရှန်းထင်ရွှမ်း၏ အပြုံးက လူအများကို ပြန်မပြုံးပြဘဲ မနေနိုင်အောင် ဖြစ်စေသည်။

"မင်္ဂလာပါ ဖေးဝမ်ရှုပါ " ဖေးဝမ်ရှုက ဦးစွာ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

"မင်္ဂလာပါ "ရှန်းထင်ရွှမ်းက ဖေးဝမ်ရှုသည် ဤနေရာကို မည်သည့်ကြောင့် ရောက်လာမှန်း မသိပေ။ သို့သော် သူက သူမစိုက်ထားသော အသီးများကို စားခဲ့ပါက တာဝန်ပြီးမြောက်မှုမှာ ၀.၃၉% တိုးသွားနိုင်ပေသည်။

သို့သော် ဖေးဝမ်ရှုက ရှန်းထင်ရွှမ်း၏မေးခွန်းကို လျင်မြန်စွာ အဖြေပေးလိုက်သည်။

“ကိစ္စက ဒီလိုပါ၊ မနေ့က မစ္စရှန်း ကျွန်တော့်အဖေကို အသီးတွေပေးခဲ့တယ်လေ၊ ကျွန်တော်တို့မြည်းစမ်းကြည့်ပြီးတော့ အရသာက အရမ်းကောင်းတယ်၊ မစ္စရှန်းရဲ့အသီးတွေကို ကျွန်တော်တို့ စူပါမားကတ်မှာ တင်ထားဖို့ ဆန္ဒရှိလား မေးချင်တာပါ "

ဖေး၏စူပါမားကတ်ကို စူပါမောဟု ခေါ်ပြီး ၎င်းက တရုတ်ပြည်၌ရှိသည့် အကြီးမားဆုံးနှင့် အကောင်းဆုံးစူပါမားကတ်များထဲမှ တစ်ခုဖြစ်သည်။

စူပါမောတွင် အလွန်တိကျသည့် အကာအကွယ်စနစ်ရှိသောကြောင့် စားသုံးသူများက စူပါမော၏စင်များပေါ်ရှိ ထုတ်ကုန်များ အားလုံးကို ယုံကြည်ကြပေသည်။

ထုတ်ကုန်များက စူပါမော၏ စင်များပေါ်တွင် ရှိနေပြီးသားဖြစ်လျှင်တောင် သူတို့က သက်ညှာလိမ့်မည် မဟုတ်ပေ။ ပြဿနာတစ်ခု ရှာတွေ့သည်နှင့် ၎င်းတို့က စင်ပေါ်မှ ချက်ချင်း ဖယ်ရှားခံရလိမ့်မည် ဖြစ်သည်။ ဘယ်တော့မှ စာရင်းထဲရှိတော့မည် မဟုတ်ပေ။

ရှန်းထင်ရွှမ်းက ဖေး၏စူပါမားကတ်သည် ပိုင်လျန်ထက် အများကြီးပိုကြီးပြီး ဝယ်သူများလည်း ပိုရှိမှန်း မသိပေ။ သူမက စူပါမားကတ်ဟူသည့်စကားလုံးကို ကြားသည်နှင့် တန်းသဘောတူလိုက်တော့သည်။

အတွင်းရေးမှူးက သဘောတူစာချုပ်ကို ရှန်းထင်ရွှမ်းဆီသို့ ပေးရန် သွားသော်လည်း ဖေးဝမ်ရှုက သဘောတူစာချုပ်ကို လက်ခံလိုက်ပြီး ရှန်းထင်ရွှမ်းဆီသို့ ကိုယ်တိုင်ပေးလိုက်သည်။

"ဒါက ပူးပေါင်းလုပ်ဆောင်ခြင်း သဘောတူညီမှု စာချုပ်ပါ "

ရှန်းထင်ရွှမ်းက ပိုင်လျန်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခြင်း သဘောတူညီမှု စာချုပ်ကို လက်မှတ်ထိုးခဲ့ဖူးသည်။ ၎င်းက ဖေးဝမ်ရှုထံမှ တိုက်ရိုက် ရသော သဘောတူညီမှုစာချုပ် ဖြစ်ပြီး သူ၏နာမည်ကို လက်မှတ်ထိုးထားပေသည်။

ဖေးဝမ်ရှုက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူတို့ ဖေးမိသားစုက အလွန်ကောင်းမွန်သော်ငြား ပူးပေါင်းဆောင်ရွက်ကြရာတွင် သဘောတူညီမှု စာချုပ်ကို တစ်ချက်မှ မကြည့်ဘဲ တိုက်ရိုက် လက်မှတ်ထိုးလိုက်သည်မှာ ယင်းက ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

ဖေးဝမ်ရှုက ပိုင်လျန်နှင့် ရှန်းထင်ရွှမ်းတို့ကြား ပူးပေါင်းဆောင်ရွက်မှုက နေ့စဥ် ငွေပေးချေသည်ဖြစ်ကြောင်းလည်း သိထားသည်။ ပြီးနောက် ရှန်းထင်ရွှမ်း၏ ဘဏ်ကတ်က ရှန်းထျန်းသဲကြောင့် ပိတ်ထားခံရသည်။ ထို့ကြောင့် သူတို့နှင့် သဘောတူညီမှုစာချုပ်တွင် ဖေးဝမ်ရှုက နေ့စဥ် ငွေပေးချေမှုကိုလည်း ရေးထားသည်။

ဖေးဝမ်ရှုလည်း သဘောတူညီမှုစာချုပ်ကို လက်မှတ်ထိုးလိုက်ပြီး စာချုပ်တစ်ခုကို ရှန်းထင်ရွှမ်းအား ပေးလိုက်သည်။ "ငါတို့ အခု အသီးတချို့ ယူသွားလို့ရမလား "

"ရတာပေါ့၊ ဒါပေမဲ့ ကျွန်မကို ခဏစောင့်ပေးပါဦး " ပိုင်လျန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်လိုက်ပြီးနောက် ရှန်းထင်ရွှမ်းက မနက်စောစော ထပြီး အသီးများကို ခူးမထားခဲ့ချေ။

ဖေးမိသားစုက လိုချင်လာသောအခါ သူမက ယခု ခူးရတော့မည် ဖြစ်သည်။ သို့သော် ဝိညာဉ်စွမ်းအင်၏ အကျိုးကျေးဇူးကြောင့် အိတ်နှစ်လုံးအပြည့် အသီးခူးရန် ၁၀ မိနစ်သာ ကြာခဲ့သည်။

ရှန်းထင်ရွှမ်းက အသီးခူးရန် ပြောလိုက်ပြီးနောက် ဖေးဝမ်ရှုက အလုပ်လုပ်ရန် ကားထဲသို့ ပြန်သွားခဲ့သည်။ သူက ရှန်းထင်ရွှမ်းသည် ကီလိုအနည်းငယ်သာ ခူးလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် မိနစ် နှစ်ဆယ်ကြာပြီးနောက် ရှန်းထင်ရွှမ်းက လက်တစ်ဖက်စီ၌ အသီးအိတ်ကြီးတစ်လုံးစီကို ကိုင်ထားခဲ့ပေသည်။

၎င်းက တကယ့်ကို ကြီးမားသည့် အသီးအိတ်ကြီးတစ်လုံး ဖြစ်ပေသည်။

ဖေးဝမ်ရှု၏ အတွင်းရေးမှူးက ကားအပြင်တွင် ရပ်နေခဲ့ပြီး ရှန်းထင်ရွှမ်းကို မြင်သောအခါ ကူညီရန် ပြေးသွားခဲ့သည်။ ရှန်းထင်ရွှမ်းက လွယ်ကူသည့်ပုံ ပြနေသော်လည်း သူက ၎င်းကို သယ်လိုက်သောအခါ အောက်ကို ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

ဤအသီးအိတ်ကြီးက အနည်းဆုံး ၁၀၀ ကတ်တီခန့် ရှိပေသည်။

ဒီမိန်းကလေးက ဘယ်လိုလုပ် အလွယ်တကူ မနိုင်တာလဲ။

ရှန်းထင်ရွှမ်းလည်း အိတ်တစ်လုံးကိုသာ သယ်သွားသည်ဖြစ်ပြီး သူမ၏ လမ်းလျှောက်နှုန်းထက် ပိုပြီး မြန်ဆန်ပေသည်။ သူ့နောက်ရှိ အတွင်းရေးမှူးက ဆယ်လှမ်းသာ လှမ်းရသေးသော်လည်း ရှန်းထင်ရွှမ်းက ကားထဲသို့ ရောက်သွားပြီ ဖြစ်သည်။

သူမက ကားကိုယ်ထဲတွင် အသီးများကို ထားလိုက်ပြီး အတွင်းရေးမှူးဆီမှ ဆီးသီးအိတ်ကို ယူရန် ပြန်လှည့်သွားခဲ့သည်။ ပြီးနောက် ကားပေါ်တွင် ၎င်းကို ထားလိုက်သည်။

ဖေးဝမ်ရှုက အနည်းငယ် ပဟေဠိဖြစ်နေသည့်ပုံဖြင့် အတွင်းရေးမှူးကို ကြည့်လိုက်သည်။ ရှန်းထင်ရွှမ်းက ဤအသီးအိတ်ကို အဘယ့်ကြောင့် အလွန် လွယ်ကူစွာ သယ်နိုင်ရသနည်း။ သို့သော် အတွင်းရေးမှူးကမူ များစွာ ကြိုးစားနေရပေသည်။ အဆုံးတွင် ရှန်းထင်ရွှမ်းက ကူညီရန် လာခဲ့ရသည်။

အတွင်းရေးမှူးက ရှက်သွားခဲ့သည်။ ယောက်ျားတစ်ယောက်အနေဖြင့် သူက နေ့စဥ် အလုပ်လုပ်ရပေသည်။ သို့သော် သူ၏ခွန်အားက ဤမိန်းကလေးလောက် မကောင်းချေ။

အတွင်းရေးမှူးက အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလိုက်သည်။ "နောက်ကျရင် ကျွန်တော်တို့စူပါမားကတ်က ဝန်ထမ်းတွေကို အသီးခူးခိုင်းလိုက်ပါ့မယ်၊ မင်း အရမ်းအလုပ်ရှုပ်နေရင် သူတို့ ကူပြီး ခူးခိုင်းလို့ရတယ် "

ဖေးဝမ်ရှုက စကားအနည်းငယ် ပြောပြီးနောက် ထွက်သွားပြီး ကားထဲတွင် ထိုင်လိုက်သည်။ သူ၏အတွင်းရေးမှူးကို မမေ့မလျော့ ပြောလိုက်သေးသည်။ "မင်း လေ့ကျင့်ခန်း မလုပ်တဲ့ပုံပဲ "

အတွင်းရေးမှူး " "

သူက ထိုအသီးအိတ်များသည် အလွန်လေးကြောင်း ပြောပြချင်ပေသည်။

ဖေးဝမ်ရှုတို့ ထွက်လာပြီး သိပ်မကြာခင်မှာပဲ စူပါမောသို့ ရောက်လာခဲ့ကြသည်။ သူတို့၌ ကိုယ်ပိုင်ပို့ဆောင်ရေး သေတ္တာများ ရှိကြသည်။ ရှန်းထင်ရွှမ်းက အသီးတောအုပ်သို့ ၎င်းတို့ကို ယူလာပြီး အသီးနှစ်မျိုးလုံးကို အတူတကွ ခူးလိုက်သည်။

မကြာမီ စူပါမောရှိ လူများက ရှန်းထင်ရွှမ်း၏အသီးခူးနှုန်းမှာ အလွန်မြန်ဆန်ကြောင်း တွေ့ရှိသွားကြသည်။ ပြီးနောက် အပင်တက်သည့်နှုန်းကလည်း အလွန်မြန်ဆန်ပေသည်။

အစတွင် လူတိုင်းက ရှန်းထင်ရွှမ်းကို အပင်မှပြုတ်ကျမှာ စိုးရိမ်နေကြသည်။ သူမက တည်တည်ငြိမ်ငြိမ်ဖြင့် အကိုင်းတစ်ခုစီမှ ကူးသွားနေဆဲကို မြင်ပြီး မခူးရသေးသည့် အသီးများကိုသာ အဓိကထားလိုက်ကြသည်။

ဤနေရာသို့ လာခဲ့ကြသည့် လူအားလုံး၏ စုပေါင်းအင်အားကြောင့် သူမတစ်ယောက်တည်း လုပ်သကဲ့သို့ အင်အားမဟုတ်တော့ပေ။

သေတ္တာများ ပြည့်သွားသောအခါ ခေါင်းဆောင်က ရှန်းထင်ရွှမ်းအကောင့်သို့ ငွေလွှဲပေးသည်။ ဆီးသီး ကတ်တီတစ်ထောင်နှင့် မက်မွန်သီးကတ်တီ တစ်ထောင်အပြင် ဖေးဝမ်ရှုယူသွားသည့် တစ်ခုကို ထပ်ပေါင်းပါက ရှန်းထင်ရွှမ်းကို ပေးရန် စုစုပေါင်း ၁၆၅၀၀ ယွမ် ကျသင့်ပေသည်။

လူတစ်စုက ကမန်းကတန်း ထွက်ခွာသွားကြသည်။

နားထဲမှ စက်ရုပ်သံကို တဖန် ကြားလိုက်ရပြန်သည်။

"မစ်ရှင်ပြီးမြောက်ရန် မိနစ် ၆၀ ကျန်ရှိပါသေးသည်။ သင်၏မစ်ရှင်သည် ယခု ၁၁.၇၂% ပြီးမြောက်ထားပါသည်။ မစ်ရှင်ကျဆုံးလျှင် ဝိညာဉ်သွေးကြောမှ ၁၀% နုတ်ယူပါမည်"

ရှန်းထင်ရွှမ်းက ပျောက်သွယ်သွားတော့မည့် ကားအရိပ်ကို ကြည့်နေသည်။ ဤနေရာမှ စူပါမားကတ်သို့ ရောက်ရန် အချိန် မည်မျှ ကြာမည်မှန်း သူမ မသိပေ။

ရှန်းထင်ရွှမ်းက ဆီးသီးတောနှင့် မက်မွန်တောသို့ ပြန်သွားလိုက်ပြီး စွမ်းအင်ဖြင့် ရေလောင်းလိုက်သည်။ ထို့နောက် ခြံဝင်းသို့ ပြန်လာခဲ့သည်။

အိပ်ရာပေါ်ရှိလူက နိုးလာတော့မည့် လက္ခဏာပင်။ ရှန်းထင်ရွှမ်းက လျှောက်သွားလိုက်ပြီး သူမ၏ဆံပင်ကို အရည်ဖျော်ရန် ဝိညာဉ်စွမ်းအင်ကို သုံးလိုက်ပြီး ထိုအရည်ကို တိုက်လိုက်သည်။

ထိုလူ၏မျက်လုံးများက ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။

သူ၏မျက်လုံးများက ကြီးမားပြီး ရေကဲ့သို့ ကြည်လင်ပေသည်။

ထိုမျက်လုံးများက တကယ့်ကို လှပသည်။ ၎င်းက မှော်ဆန်ပြီး လူများကို ဆွဲဆောင်နိုင်ပေသည်။

ထိုလူက ချောင်းဟန့်လိုက်ပြီး ရှန်းထင်ရွှမ်းက သူ့ကို ကြည့်လိုက်သည်။

"ဆန်းကြယ်လိုက်တာ၊ ရှင့်အဆုတ်က မနေ့တည်းက အဆင်ပြေနေပုံပါပဲ " ဘာလို့ သူက ချောင်းဆိုးနေတာလဲ။

ချင်ယွဲ့ကျီက အနည်းငယ် အံ့အားသင့်သွားလေသည်။ သူက သတိပြန်ရပြီဖြစ်ကြောင်း ရှန်းထင်ရွှမ်းကို သတိပေးရန် ချောင်းဆိုးလိုက်ခြင်း ဖြစ်သည်။ သို့သော် ရှန်းထင်ရွှမ်းက နားလည်မှု လွဲသွားမည်ဟု မမျှော်လင့်ခဲ့ပေ။ "ငါ့ကို ကယ်ပေးတာ ကျေးဇူးတင်ပါတယ် "

သူက ကားမတော်တဆမှု ဖြစ်ခဲ့ကြောင်း မှတ်မိသွားသည်။

ဤလူ၏မျက်လုံးများကတောင် ကြည့်ကောင်းနေလျှင် သူ၏တစ်ကိုယ်လုံးက ပိုကြည့်ကောင်းပေလိမ့်မည်။ အသံကို ကြားပြီးနောက် ဘုရားသခင်က မမျှတဘူးဟု ခံစားမိပေသည်။ ကောင်းသည့်အရာအားလုံးကို ထိုလူအား ပေးထားပုံပေါ်လေသည်။

ရှန်းထင်ရွှမ်းက "ကောင်းပြီ၊ ဒါပေမဲ့ ငါ့ရဲ့ဝါးတောကို ဖျက်ဆီးလိုက်ပြီး ငါ့ရဲ့တောင်ကို ဝင်တိုက်ခဲ့တယ်လေ "

မိန်းကလေးက လေးပြောနေသည်ကို မြင်သောအခါ ချင်ယွဲ့ကျီ၏မျက်လုံးထဲတွင် နူးညံ့ရိပ်ဖြင့် လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ ပြီးတော့ တောင်းပန်ပါတယ် "

ထိုအချိန်က သူသည် တောအုပ်ထဲ ပြင်းပြင်းထန်ထန် ဝင်တိုက်ခဲ့မိသည်။ ကားပေါ်ရှိဘရိတ်များကို တစ်စုံတစ်ယောက်က ဖြတ်တောက်ထားသောကြောင့် ဤနေရာသို့ တောက်လျှောက် မောင်းလာရသည်။ ချင်ယွဲ့ကျီက အနီးအနားရှိ ဝါးတောကို တွေ့လိုက်ပြီး သူက ၎င်းကို တိုက်ရန် ရွေးချယ်ခဲ့သည်။

"ယခု သင်၏မစ်ရှင်လုပ်ဆောင်ချက်သည် 61% ဖြစ်ပါသည်။ မစ်ရှင်ကျဆုံးပါက ဝိညာဉ်သွေးကြောမှ ၁၀ % နုတ်ယူပါမည် "

ရှန်းထင်ရွှမ်းက တစ်ဖက်မှ ရိုးသားစွာ တောင်းပန်နေသည်ကို မြင်သည်။ သူမက ဆီးသီးကို သေးငယ်သော အပိုင်းလေးများ စိတ်လိုက်ပြီး သူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။ "စားလိုက်အုံး "

သူမက နေ့လယ်စာ မလုပ်ရသေးပေ။ သို့သော် သူမ ၎င်းကို လုပ်နိုင်ရန် အသက်ရှင်နေပါ့မလားတောင် မသိပေ။

နေ့လယ် ၁၂နာရီတွင် မစ်ရှင် မပြီးသေးပါက သူမ၏ဝိညာဉ်သွေးကြောမှ နုတ်ယူခံရမည် ဖြစ်သည်။ ၎င်းကို တွေးမိပြီး ရှန်းထင်ရွှမ်းက အနည်းငယ် စိတ်ဓာတ်ကျသလို ခံစားလိုက်ရပြီး သူမက အခန်းပြင်သို့ လျှောက်သွားလိုက်သည်။

ချင်ယွဲ့ကျီက အချိန်မည်မျှကြာ သတိလစ်နေမှန်း မသိခဲ့ချေ။ သို့သော် သူ့အစာအိမ်က အလွန်ဆာလောင်နေခဲ့သည်။ သူက ဗိုက်ဆာနေသော်လည်း ချိုမြိန်သည့်အရာများကို မစားချင်ခဲ့ပေ။

သို့သော် သူ့ရှေ့ရှိ မိန်းကလေးက ဘာ့ကြောင့် ရုတ်တရက် စိတ်ဓာတ်ကျသလို ဖြစ်သွားမှန်း သူက မသိခဲ့ချေ။ ပန်းကန်ပြားပေါ်ရှိ ထိုဆီးသီးရနံ့က အလွန်သင်းပျံ့နေပေသည်။

ချင်ယွဲ့ကျီက ဆီးသီးတစ်စိတ်ကို စားလိုက်သည်။ သူစားပြီးပြီးချင်း ချိုမြိန်သည့်အထိအတွေ့လေးက သူ၏လည်ချောင်းမှတဆင့် အစာအိမ်ထဲသို့ လျှောကျသွားပေသည်။

ဂရုတစိုက်နားထောင်ကြည့်ပါက စနစ်သည် ၄မိနစ်မှ ၃မိနစ်၊ ထို့နောက် ၂မိနစ် စသည်ဖြင့် ထုတ်ပြန်နေပေသည်။

သူမက ခြံဝင်းထဲရှိ ပန်းခင်းသို့ လမ်းလျှောက်လိုက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ သူမ၏လက်ဖြင့် ဒူးကို ဖက်ထားပြီး မျှော်လင့်ချက်မဲ့စွာဖြင့် ကောင်းကင်သို့ ကြည့်နေခဲ့သည်။

စနစ်က ထုတ်ပြန်သည်ကို နားထောင်လိုက်ရသည်။ "၉ခုမြောက် တာဝန်ကို ပြီးဆုံးခြင်းအတွက် ဂုဏ်ယူပါသည်။ ဆုအနေဖြင့် ဝိညာဉ်သွေးကြောကို ၉% ပြန်လည် ရရှိပါသည်”

...

အခန်း (၁၄)

ရှန်းထင်ရွှမ်းက ထခုန်လိုက်သည်။

"မဟုတ်ဘူးလား "

သိသိသာသာပင် လွန်ခဲ့သည့် တစ်စက္ကန့်ကတောင် စနစ်က တာဝန်သည် ၆၁% သာ ပြီးသေးကြောင်း ထုတ်ပြန်နေသည်။ ဒါက သူမ တာဝန်ပြီးမြောက်ပြီလို့ ဆိုလိုတာလား။

တစ်နည်းဆိုရလျှင် လူတစ်ရာခန့်က တစ်စက္ကန့်အတွင်း အသီးများကို စားလိုက်သည်လော။

ဖေးစူပါမားကတ်၏ စင်များပေါ်တွင် အဆင်သင့် ရှိနေပြီး ဝယ်ယူခဲ့သည့် လူတိုင်းက စားရန် ပြန်သွားခဲ့သောကြောင့်သာ ဖြစ်နိုင်သည်ဟု ရှန်းထင်ရွှမ်းက ခန့်မှန်းလိုက်သည်။ သူမက ယနေ့ အလွန်ကံကောင်းနေသည်ဟု ခံစားလိုက်ရသည်။

စက်သံကို ရုတ်တရက် ကြားလိုက်ရသည်။ "အိမ်ထဲက လူက bug တစ်ခုဆိုတာကို စနစ်က ရှာဖွေတွေ့ရှိခဲ့တယ်၊ အသီးတစ်ကိုက်စားတာက လူတစ်ရာစားတာနဲ့ ညီမျှနေတယ် " [bug က အမှားတစ်ခုခုလိုမျိုး]

ရှန်းထင်ရွှန်း "? ? ?"

ဘယ်လိုတောင် ထိတ်လန့်စရာ အဖြစ်အပျက်လဲ။

အထဲရှိလူက လူအယောက်တစ်ရာနှင့် တန်နေပေသည်။

ရှန်းထင်ရွှမ်းက မှန်ကန်သော လူတစ်ယောက်ကို ကယ်ခဲ့မိသည်ဟု ချက်ချင်း ခံစားလိုက်ရသည်။

မကြာမီ ရှန်းထင်ရွှမ်းက ပိုပြီး သံသရဖြစ်ဖွယ်အမူအရာဖြင့် သူ၏မျက်နှာ နှစ်ခေါက်ချိုး ဖြစ်သွားသည်။ "စနစ် နင် စကားပြောနိုင်လား "

စနစ်က တိတ်ဆိတ်နေပုံ ပေါ်သည်။ ရှန်းထင်ရွှမ်းက သူများအတွေးမှားသွားလားလို့ စဉ်းစားနေချိန်မှာပဲ အကြင်နာမဲ့သော စက်သံကို သူကြားလိုက်ရသည်။

“ပြောနိုင်တယ်”

ရှန်းထင်ရွှမ်း "..."

ကောင်းပြီ။

အစက သူမသည် ထိုလူအတွက် နေ့လယ်စာကို သာမန်ဟင်းသီးဟင်းရွက်များဖြင့် ပြုလုပ်ရန် စီစဥ်ထားပေသည်။ သို့သော် ယခု သူ့ကို တာဝန်ပြီးမြောက်အောင် ကူညီခဲ့သော လူကောင်းလေးကို ကျေးဇူးတင်ရပေမည်။

ရှန်းထင်ရွှမ်းက နေ့လယ်စာကောင်းတစ်ခုကို ပြုလုပ်ရန် စီစဉ်လိုက်သည်။

ဒဏ်ရာရထားသည့်သူက အထူးသဖြင့် တစ်နေ့လုံး ဘာမှမစားရသေးပေ။ ယခု အချိန်၌ အကောင်းဆုံး အစားအစာက နို့ဆန်ပြုတ်ပူပူလေး ဖြစ်သည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းက တောင်ခြေသို့ သွားပြီး ဆန်ဝယ်ရန် စီစဉ်ထားသည်။

လမ်းခုလတ်၌ ပို့ဆောင်ရေးကား ရောက်နေသည်ကို တွေ့လိုက်ရသည်။ ရှန်းထင်ရွှမ်းက ဆန်ဝယ်ရန် လိုအပ်နေသောကြောင့် တောင်အောက်ကို ဆင်းလိုက်သည်။

တကယ်တော့ ရှန်းထင်ရွှမ်းက ထိုပစ္စည်းများကို ဝယ်သည့်နေ့၌ အထုပ်များ ရောက်ပြီးသား ဖြစ်သည်။ သို့သော် ထိုပို့ဆောင်ရေးသမားများက ရွာသို့ ပို့ဆောင်ရမည့် ပစ္စည်းများကို စုပြီး အရေအတွက် လုံလောက်သည့်အချိန်မှသာ ၎င်းတို့ကို ပို့ဆောင်ပေးကြသည်။

ရှန်းထင်ရွှမ်းက မျိုးစေ့၊ ဆန်နှင့် ဆီ၊ အထူးသဖြင့် မျိုးစေ့များကို ဝယ်ခဲ့သည်။ ပို့ဆောင်ရေးကား အများအပြားရှိသောကြောင့် ရှန်းထင်ရွှမ်းက မျိုးစေ့အားလုံးကို ဝယ်ခဲ့သည်။

ပို့ဆောင်ရေးသမားက မေးလိုက်သည်။ "ဒီလမ်းက တက်သွားလို့ရလား "

"ရတာပေါ့ " တောင်ခြေမှ ခြံဝင်းအိမ်အထိ ပတ်လမ်းလေး တစ်ခု ရှိသည်။ ပိုင်လျန်စူပါမားကတ်ကြောင့် ရှန်းထင်ရွှမ်းက ဤလမ်းကို အချိန်အတော်ကြာကတည်းက ရှင်းလင်းထားခဲ့သည်။

"ငါ မင်းကို သယ်ပေးမယ်" ပို့ဆောင်ရေးသမားက ပြောလိုက်သည်။

ရှန်းထင်ရွှမ်းက "ကျေးဇူးပါ " ထိုအရာများက ရှန်းထင်ရွှမ်းအတွက် သိပ်မလေးပေ။ သို့သော် ပစ္စည်းများက ဟိုတစ်စု သည်တစ်စု ဖြစ်နေသည်။ ထို့ကြောင့် တစ်ယောက်တည်း သယ်ရန် တကယ့်ကို အဆင်မပြေပေ။

ရှန်းထင်ရွှမ်းက ကားထဲတွင် ထိုင်လိုက်ပြီး ပို့ဆောင်ရေးသမားနှင့်အတူ ခြံဝင်းသို့ ပြန်လိုက်သည်။

ကားကို ခြံဝင်းအပြင်ဘက်တွင် ရပ်လိုက်ပြီး ပို့ဆောင်ရေးသမားက တံခါးနား၌ အထုပ်များကို စနစ်တကျ ချထားပေးပြီး ရှန်းထင်ရွှမ်းကို ကူညီလိုက်သည်။ အချိန်ကို အကျိုးရှိစွာ အသုံးချပြီး ရှန်းထင်ရွှမ်းက တောင်ပေါ်သို့ ပြေးသွားကာ မက်မွန်သီး ၂ကတ်တီကို ခူးလိုက်သည်။

ရှန်းထင်ရွှမ်းက ပြန်လာခဲ့ပြီး ပို့ဆောင်ရေးသမားကို မက်မွန်သီးများ ပေးလိုက်သည်။ "ဒါ ရှင့်အတွက်၊ ကျွန်မကို ပစ္စည်းတွေ သယ်ပေးလို့ ကျေးဇူးတင်ပါတယ် "

ပို့ဆောင်ရေးသမားက မိန်းမငယ်လေး ရှန်းထင်ရွှမ်းအကြောင်း စဥ်းစားနေမိသည်။ ထိုအထုပ်များက လေးလံပြီး အဝေးကြီး သယ်ရန် အဆင်မပြေပေ။ သူက ကားမောင်းပြီး အနည်းငယ်အားထုတ်ရုံဖြင့် တောင်ပေါ်သို့ ပို့ပေးခဲ့သည်။ တခြားတစ်ဖက်က သူ့ကို အသီးများပေးမည်ဟု မမျှော်လင့်ခဲ့ချေ။ ထို့ကြောင့် သူက ၎င်းကိုယူရန် အနည်းငယ် ရှက်နေခဲ့သည်။

ရှန်းထင်ရွှမ်းက မက်မွန်သီးများကို ပို့ဆောင်ရေးကားနောက်တွင် ထားလိုက်သည်။ "ဒါက တောင်ပေါ်က အသီးတွေပါ၊ မြည်းကြည့်ဖို့ အိမ်ယူသွားနော် "

ပို့ဆောင်ရေးသမားက သူ့ခေါင်းကို ကိုင်လိုက်ပြီး "ကျေးဇူးတင်ပါတယ်၊ ဒါဆို ငါ တောင်အောက် ဆင်းတော့မယ် "

ပို့ဆောင်ရေးသမားကို လိုက်ပို့ပြီး ရှန်းထင်ရွှမ်းက ခြံဝင်းဆီသို့ အထုပ်များကို သယ်လာလိုက်သည်။ ထို့နောက် ဆန်၊ ဆီနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ထုတ်ယူလိုက်သည်။

ပထမဆုံး ဆန်ကို ရေသန့်ဖြင့် ဆေးကြောလိုက်ပြီ အိုးထဲသို့ ထည့်လိုက်သည်။ ပြီးနောက် ရေထည့်လိုက်သည်။

ထို့နောက် ကြက်သွန်၏အပြင်ဘက်နားရှိ ဂေါ်ဖီထုပ်ကို ကောက်ယူလိုက်ပြီး ဆေးကြောလိုက်သည်။ ပြီးနောက် ၎င်းကို နုပ်နုပ်စင်းပြီး ဘေးဘက်တွင် ထားလိုက်သည်။ အိုးက ဆူလာသောအခါ ရှန်းထင်ရွှမ်းက မီးဖိုထဲမှ ထင်းစတစ်ချောင်းကို ထုတ်လိုက်သည်။

အိုးထဲရှိ ဆန်များက စတင် ပျစ်လာသောအခါ နုပ်နုပ်စင်းထားသော ဂေါ်ဖီထုပ်ကို ထည့်လိုက်ပြီး ဇွန်းဖြင့် မွှေလိုက်သည်။ ပြီးနောက် တစ်ယောက်စာ ထည့်လိုက်သည်။

ရှန်းထင်ရွှမ်းက ပန်းကန်လုံးတစ်လုံးကို သယ်လာပြီး ချင်ယွဲ့ကျီဆီသို့ ကမ်းပေးလိုက်သည်။

ချင်ယွဲ့ကျီက ယူလိုက်ပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ အဖြူနှင့် အစိမ်းရောင်ရှိသည့် ၎င်းက အလွန်လတ်ဆတ်ပုံပေါ်ပေသည်။ ၎င်းကို သယ်လာသည့် ခဏလေးအတွင်းမှာပဲ ဆန်၏ ရနံ့က ဂေါ်ဖီထုပ်၏ရနံ့နှင့်အတူ ရောနှောနေပြီး သူ့နှာခေါင်းအတွင်းသို့ ဝင်လာလေသည်။

သူ့ရှေ့ရှိ ဆန်ပြုတ်ပန်းကန်လုံးက အလွန်ဆွဲဆောင်မှု ရှိပေသည်။ ဆန်ပြုတ်မစားရသည်မှာ အချိန်တော်ကြာပြီ ဖြစ်သောကြောင့် ယခုကဲ့သို့ ဖြစ်သည်ဟု ချင်ယွဲ့ကျီက ခန့်မှန်းလိုက်သည်။

သရုပ်ဆောင်တစ်ယောက်အနေဖြင့် ချင်ယွဲ့ကျီ၏ ခန္ဓာကိုယ်ထိန်းသိမ်းမှုက အလွန်တိကျသည်။ အသီးအရွက်ပြုတ်များကို စားခြင်းက သာမန်ဖြစ်သည်။ ဆန်ပြုတ်ကတော့ ကြုံတောင့်ကြုံခဲ စားခြင်း ဖြစ်သည်။

ဆီမပါ၊ ဆားမပါသည့် အသီးအရွက်များက အရသာရှိလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးချေ။ သို့သော် သူ၏ အသက်မွေးဝမ်းကြောင်းအလုပ်အတွက် ၎င်းကို စားနိုင်ပေသည်။

ချင်ယွဲ့ကျီက ဇွန်းကို ကောက်ကိုင်လိုက်ပြီး ဆန်ပြုတ်တစ်ဇွန်းအပြည့် ခပ်ယူလိုက်သည်။ ဇွန်းက ဆန်ပြုတ်ခွက်မှ ထွက်လာသောအခါ အလွန်မွှေးသည့် ဆန်ရနံ့က တဖန် ထွက်ပေါ်လာခဲ့သည်။

ချင်ယွဲ့ကျီက ဆန်ပြုတ်ကို စားလိုက်ရာ ဆန်ပြုတ်ရနံ့က ချက်ချင်း ပျံ့နှံ့သွားပြီး အသီးအရွက်များ၏ချိုမြိန်မှုက နောက်ကပါလာသည်။ ထိုအရသာနှစ်မျိုးက ကမ္ဘာပေါ်ရှိ အကောင်းမွန်ဆုံး အရသာများဖြင့် ပေါင်းစပ်ထားပုံပေါ်သည်။

ဆန်ပြုတ်တစ်ဇွန်းအပြည့်က အစာအိမ်ကို အတော်လေး ပူနွေးသွားစေပြီး နှုတ်ခမ်းနှင့် သွားများကြားတွင် ရနံ့များဖြင့် ပြည့်နေပေသည်။

ချင်ယွဲ့ကျီကို ဆန်ပြုတ်ပေးပြီးနောက် ရှန်းထင်ရွှမ်းကလည်း တစ်ပန်းကန် သွားထည့်လိုက်ပြီး ချင်ယွဲ့ကျီ ဘေးရှိ ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ ယခုအခေါက်တွင်တော့ သူမက ပန်းကန်လုံးလေးဖြင့် စားနေပြီး ချင်ယွဲ့ကျီကို ကြည့်လိုက်သည်။

ရှန်းထင်ရွှမ်းက သက်ပြင်းအနည်းငယ် ချလိုက်သည်။ ထိုလူက အစားစားနေလျှင်တောင် အလွန်ကြည့်ကောင်းပေသည်။ ထို့ကြောင့် မြင်သည့်လူတိုင်းက ပျော်ရွှင်မှုကို ခံစားရပေမည်။

ချင်ယွဲ့ကျီက ဆန်ပြုတ်ကို ဇွန်းအပြည့်ဖြင့် အနည်းငယ် စားပြီးနောက် သူ့ကို ရှန်းထင်ရွှမ်း ထပ်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ယင်းက သူ့ပရိသတ်များ၏ အကြည့်များနှင့် ကွဲပြားပေသည်။ ရှန်ထင်းရွှမ်း သူ့ကို စိုက်ကြည့်နေခြင်းက တကယ့်ကို နှစ်သက်စရာပင်။ သူမက သူ့ကို စိုက်ကြည့်နေသော်လည်း ချင်ယွဲ့ကျီက စိတ်မကျေမနပ်ဖြစ်မှုကို မခံစားရပေ။ "ဆန်ပြုတ်က အရသာရှိတယ်၊ ကျေးဇူးတင်ပါတယ် "

ရှန်းထင်ရွှမ်းက မျက်တောင်ခတ်လိုက်ပြီး "ရပါတယ် " ၎င်းကို ပြောပြီး သူမလည်း တဖက်လူကို ကျေးဇူးတင်သင့်ပေသည်။ တကယ်တော့ သူက တာဝန်ပြီးမြောက်အောင် သူကိုယ်တိုင် ကူညီခဲ့ပေသည်။

လေးနက်ပြီး ဆွဲဆောင်မှုရှိသည့်အသံက တဖန် ထွက်ပေါ်လာသည်။ "စကားမစပ် ကျွန်တော့်နာမည်က ချင်ယွဲ့ကျီပါ "

ထိုနာမည်သည် အလွန်ကောင်းပြီး ရင်းနှီးနေသည်ဟု ရှန်းထင်ရွှမ်းက တွေးလိုက်သည်။ သို့သော် သူမက ယင်းကို မမှတ်မိချေ။ အလေးအနက်တွေးနေရန်လည်း အစီအစဥ်မရှိပေ။ "ကျွန်မနာမည်က ရှန်းထင်ရွှမ်းပါ၊ စကားမစပ် ရှင် ဘယ်လိုလုပ် ဝါးတောကို ဝင်တိုက်လိုက်တာလဲ "

အရင်က ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီ၏ ကားမတော်တဆမှုကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ သို့သော် ယခု အသီးများကို ချင်ယွဲ့ကျီ တစ်ယောက်တည်း စားခြင်းက လူတစ်ရာစားသည်နှင့် ညီမျှနေသည်ကို သူမ တွေ့ရှိခဲ့ရသည်။

ထိုလူက သူမ အခက်အခဲဖြစ်သော အခိုက်အတန့်များ၌ အများကြီး ကူညီနိုင်သောကြောင့် သူမ ဂရုစိုက်ရမည်။

ချင်ယွဲ့ကျီ၏မျက်လုံးက အနည်းငယ် အတွေးနက်သွားပြီး "အဲဒါက ကားဘရိတ် အဖြတ်ခံလိုက်ရလို့"

ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီ ပြောသည်ကို အလျင်အမြန် နားလည်ရန် မူလကိုယ်၏မှတ်ဉာဏ်ကို အသုံးပြုလိုက်သည်။ သူ့ကား ဘရိတ်က အဖြတ်ခံလိုက်ရသည်။ ယင်းက ချင်ယွဲ့ကျီကို သေစေချင်နေတာ သိသာသည်။

ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းကို အနည်းငယ် ရှုပ်ထွေးနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သာမန် လူတစ်ယောက်က သူ့ကို တွေ့လျှင် ပထမဆုံး လုပ်ဆောင်မည်က ရဲကို ဖုန်းခေါ်ပြီး အကူအညီတောင်းရန် ၁၂၀ ကို ခေါ်သင့်သည်။

ရှန်းထင်ရွှမ်းက ရဲကိုလည်း မခေါ်ခဲ့သလို ၁၂၀ သို့လည်း မခေါ်ခဲ့ပေ။

အစက ချင်ယွဲ့ကျီသည် ဤနေရာ၌ ရှန်းထင်ရွှမ်း တစ်ယောက်တည်း နေတာကို တွေ့ခဲ့ပြီး ဤတောင်ပေါ်တွင် တရားမဝင်နေတာဟု ထင်ခဲ့သည်။ ထို့ကြောင့် တစ်စုံတစ်ခု ဖြစ်လာချိန်တွင် သူမ ရဲမခေါ်ချင်တာ ဖြစ်ရမည်။ သို့သော် ယခု ရှန်းထင်ရွှမ်းက ရဲခေါ်ခိုင်းနေသည်။ ယင်းက ချင်ယွဲ့ကျီကို အနည်းငယ်ပဟေဠိဖြစ်သွားစေသည်။

တကယ်တော့ ရှန်းထင်ရွှမ်းကို အပြစ်မတင်သင့်ပေ။ သူမက လူသားတစ်ယောက် မဟုတ်ပေ။ တစ်ခုခုကို ကြုံကြိုက်သောအခါ သူမက ဂျင်းဆင်းမြစ်တစ်ခုဖြစ်ပြီး လူများကို ကယ်ရန်သာ တွေးခဲ့သည်။ လူသားများတွေးသလို ရဲကိုခေါ်ရန် သူမက မည်ကဲ့သို့ တွေးနိုင်ခဲ့မည်နည်း။

ချင်ယွဲ့ကျီက ၎င်းကို နားမလည်သော်လည်း အလေးအနက် တွေးရန် အစီအစဥ်မရှိခဲ့ချေ။ "ငါ အကြောင်းကြားပြီးပါပြီ "

ရှန်းထင်ရွှမ်းက ခေါင်းညိတ်လိုက်ပြီး "အကြောင်းကြားပြီးပြီပေါ့ " သူမက လူများကို ကယ်ဆယ်နိုင်သည်။ သို့သော် သူမက ကိစ္စများကို ဖြေရှင်းရန်တော့ စွမ်းရည် မရှိပေ။

ချင်ယွဲ့ကျီ နိုးလာပြီးနောက် သူ့အေးဂျင့်ကို ဖုန်းခေါ်ပြီးချိန်တွင် ရှန်းထင်ရွှမ်းက ရဲ မခေါ်ခဲ့မှန်း သူ သိလိုက်ရသည်။

ကိုယ်စားလှယ်အိုက်မင်က ချင်ယွဲ့ကျီကို တစ်ညလုံး ဆက်သွယ်၍ မရခဲ့ပေ။ သူက ရဲကို ဖုန်းခေါ်ရမလား မခေါ်ရမလား တုံ့ဆိုင်းနေသည်။ ထို့ကြောင့် သူက ချင်ယွဲ့ကျီထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးမှသာ ချင်ယွဲ့ကျီက ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိခဲ့ရသည်။

အိုက်မင်သည် တတ်နိုင်သမျှ မြန်မြန် ရဲခေါ်ခဲ့သည်။ သူတို့က ဆရာဝန်နှင့်အတူ ရှန်းယွမ်ရှန်သို့ အလာလမ်းတွင် ရောက်နေလောက်ပြီဖြစ်သည်။

ချင်ယွဲ့ကျီက ဆန်ပြုတ်သောက်ပြီးသည်နှင့် အိုက်မင်က ဖုန်းခေါ်ကာ သူတို့ တောင်ပေါ်သို့ မတက်နိုင်ကြောင်း ပြောခဲ့သည်။

ရှမ်းထင်ရွှမ်းသည် ဂရုတစိုက် နားထောင်ပြီးနောက် တောင်အောက်သို့ ပြေးဆင်းပြီး အိုက်မင်နှင့် တခြားသူများကို ခေါ်ဆောင်လာခဲ့သည်။

အိုက်မင်က ရှန်းထင်ရွှမ်းကို မြင်သောအခါ အံ့အားသင့်သွားခဲ့သည်။ သို့သော် သူတို့က ပုန်းကွယ်နေကြသောကြောင့် သူတို့ကို မည်သူမျှ သတိမပြုမိလောက်ပေ။ မဟုတ်လျှင် သတင်းထောက်များ မြင်သွားပါက မင်းသားတစ်ယောက်က သူ့ မိန်းကလေးသူငယ်ချင်းတစ်ဦးနဲ့ တောင်ရဲ့ နက်ရှိုင်းတဲ့ သီးသန့်လျှို့ဝှက်နေရာတစ်ခုမှာ ချိန်းတွေ့နေသည် ဆိုသည့် သတင်းက မကြာခင် သေချာပေါက် ထွက်ပေါ်လာမည်ပင်။

ထိုအဖွဲ့က ခြံဝင်းဆီသို့ ရှန်းထင်ရွှမ်း နောက်မှ တိုက်ရိုက် လိုက်လာခဲ့ကြသည်။

ကားထဲရှိ ရဲအရာရှိက အနည်းငယ် စပ်စုချင်နေသည်။ "ဒီတောင်က မရှုပ်ထွေးပါဘူး၊ ငါတို့ ဘာလို့ တက်မလာနိုင်တာလဲ "

ရှန်းထင်ရွှမ်းက ခေါင်းခါလိုက်သည်။ ရှင်းပြရန် အဆင်မပြေသော ထိုအရာများကို သူမ မပြောချင်ပေ။

အိုက်မင်က ထိုအရာများကို ဂရုစိုက်မနေပေ။ သူက ချင်ယွဲ့ကျီ၏အခြေအနေကိုသာ မြင်ချင်နေသည်။

သူက အဆင်သင့် ဖြစ်နေသော်လည်း အိုက်မင်က ချင်ယွဲ့ကျီကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားခဲ့သည်။

ချင်ယွဲ့ကျီက အဖြူရောင် အင်္ကျီပွပွကို ဝတ်ထားသည်။ အရင်က သူ့အဝတ်များက သွေးများပေကျံနေသည်။ ရှန်းထင်ရွှမ်းက လဲပေးထားတာ ဖြစ်သည်။ ယခုမူ သူက ဂါဝန်ပွပွကို ဝတ်ထားသည်။ သို့သော် ကံကောင်းသည်မှာ ၎င်းက အဖြူရောင်ဖြစ်သောကြောင့် ကျား၊ မ နှစ်မျိုးလုံး ဝတ်နိုင်သည်။

အိုက်မင်က စိုးရိမ်ပူပန်စွာ မေးလိုက်သည်။ "ဘယ်လိုနေသေးလဲ "

ချင်ယွဲ့ကျီက ခေါင်းခါလိုက်သည်။ အိုက်မင် ခေါ်လာသည့် ဆရာဝန်က ချင်ယွဲ့ကျီကို အခြေခံစစ်ဆေးမှုများ အလျင်အမြန် ပြုလုပ်လိုက်သည်။

ရဲအရာရှိက ကားကို ကြည့်ရန် ရှန်းထင်ရွှမ်းအား ခေါ်သွားခိုင်းလိုက်သည်။

အလွန်ဆိုးရွားစွာ တိုက်မိထားသော ကားကို မြင်ပြီးနောက် ရဲအရာရှိက ဦးဆောင်ပြီး မေးလိုက်သည်။

"မတော်တဆမှုဖြစ်တုန်းက မင်း ဘာလို့ ရဲကို မခေါ်ခဲ့တာလဲ "

ရှန်းထင်ရွှမ်းက "ကျွန်မ အဲဒါကို မတွေးခဲ့မိဘူး "

ရဲအရာရှိ "..."

အဲဒါကို မတွေးခဲ့မိဘူး… ။ သို့သော် ရှန်းထင်ရွှမ်း၏ အမူအရာကို ကြည့်လိုက်ပြီး ရဲအရာရှိက သူမ အမှန်ပြောနေသည်ဟု ခံစားရသည်။

လူများစွာက ၎င်းကို မြင်ပြီးနောက် ချင်ယွဲ့ကျီ အသက်ရှင်နေသည်မှာ ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် အိုက်မင်က အချိန်ခဏကြာ ကြောက်လန့်သွားခဲ့ပြီး ချင်ယွဲ့ကျီကို ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုအပြည့် ပြုလုပ်ရန် ဆေးရုံသို့ ခေါ်ဆောင်သွားသည်။

ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီ ထွက်သွားမှာကို အမှန်တကယ် တွန့်ဆုတ်နေမိသည်။ သို့သော် ချင်ယွဲ့ကျီ၌ ကိုယ်ပိုင် အလုပ်ရှိrssef; သိသည်။ ထို့ကြောင့် သူမက အသီးအများအပြားကို ခူးရန်သွားခဲ့သည်။ ခြံဝင်းထဲရှိ နေလှန်းထားသော ဆီးသီးခြောက်များကိုတောင် ချင်ယွဲ့ကျီကို ထပ်ဖြည့်ပေးလိုက်သည်။ ပြီးတော့ ထပ်မှာလိုက်သည်။

"ရှင် ဒါကို နေ့တိုင်း စားဖို့ သတိရနော်၊ မနက်တိုင်း ဒါကို စားပေး၊ ဒါတွေက ရှင့်ခန္ဓာကိုယ်အတွက် ကောင်းတယ် "

ရှန်းထင်ရွှမ်း၏ အသီးများက တကယ့်ကို အရသာရှိပေသည်။ ချင်ယွဲ့ကျီက ပြုံးလိုက်ပြီး "ကောင်းပါပြီ "

အိုက်မင်က ထပ်ခါ ထပ်ခါ ကြည့်လိုက်မိသည်။ သူတို့မိသားစုမှ ယွဲ့ကျီက အခု တကယ်ပဲ ရယ်လိုက်တာလား။

အနုပညာလောကရဲ့ အေးစက်ပြီး အပျော်အပါးမရှိတဲ့ အမျိုးသားရော ဟုတ်သေးရဲ့လား။

ရယ်တောင် ရယ်လိုက်တာလေ။

ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီကို ကယ်ခဲ့သော်လည်း ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီ၏ ပရိသတ်တစ်ယောက်ဖြစ်မည်ဟု အိုက်မင်၏ မသိစိတ်က ယုံကြည်နေသည်။ ထို့ကြောင့် ချင်ယွဲ့ကျီကို ကားမတော်တဆမှု၌ တွေ့ပြီးနောက် သူမက ရဲကို မခေါ်ခဲ့တာဖြစ်မည်။

တွန့်ဆုတ်စွာဖြင့် အိုက်မင်က ချင်ယွဲ့ကျီရော အခြားသူများနှင့်အတူ ထွက်ခွာသွားခဲ့သည်။

နောက်တစ်ဖန် မမြင်ရတော့မည့် ကားကို ကြည့်လိုက်ပြီး ရှန်းထင်ရွှမ်းက သက်ပြင်းချလိုက်သည်။

သူမအသီးများကို ချင်ယွဲ့ကျီ နေ့တိုင်းစားရန် သူမက တကယ့်ကို မျှော်လင့်နေပေသည်။

စာရေးသူမှာ ပြောစရာရှိ

အမျိုးသားဇာတ်လိုက်။ ။ ??? ငါက bug တဲ့လား။

...

အခန်း (၁၅)

ရှန်းထင်ရွှမ်းက သက်ပြင်းချလိုက်ပြီး အခန်းထဲသို့ ပြန်သွားလိုက်သည်။ ရှင်းလင်းပြီးနောက် ခုတင်ပေါ်တွင် အိပ်ရာခင်းကို ပြန်ထားလိုက်သည်။

ထို့နောက် သူမ ဝယ်လာခဲ့သည့် မျိုးစေ့ထုပ်များကို သီးခြားယူလိုက်ကာ ပေါက်ပြားကို ယူလိုက်ပြီး ခြံဝန်းအပြင်သို့ ထွက်လာခဲ့သည်။ ပြီးနောက် အပင်စိုက်ရန် စတင်လိုက်သည်။

ခြံ၏တောင်ဘက်မှ တောင်အောက်ထိ အရင်ဆုံး ဟင်းသီးဟင်းရွက်မျိုးစေ့များကို စိုက်လိုက်သည်။ ယင်းက မျိုးစေ့တစ်ထုပ်ကို အသုံးပြုခြင်းနှင့် ညီမျှပေသည်။ ထို့နောက် အခြားအထုပ်များကိုလည်း စိုက်ပျိုးလိုက်သည်။

မျိုးစေ့နှစ်မျိုး စိုက်ပျိုးပြီး မှောင်သည့်တိုင်တောင် မြေဆီလွှာကို ထိုးဆွခြင်း၊ မျိုးစေ့များကို ကြဲခြင်းနှင့် ရေလောင်းခြင်းတို့ကို ပြုလုပ်နေပေသည်။

တကယ်တော့ ရှန်းထင်ရွှမ်း၏ အမြန်နှုန်းက အလွန်မြန်ဆန်ပြီးသား ဖြစ်သည်။ သို့သော် သူမက မျိုးစေ့အမြောက်အများကို အလွန်အမင်း ဝယ်ခဲ့လေသည်။

...

ပို့‌ဆောင်ပြီးနောက် ပို့ဆောင်ရေးသမားက ည၌ ကုမ္ပဏီသို့ ကားပြန်မောင်းလာခဲ့သည်။

ကားကို ပါကင်ထိုးလိုက်ပြီး ပို့ဆောင်ရေးသမားက ကားထဲမှ မက်မွန်သီးများကို ထုတ်ယူလိုက်၏။

လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ၎င်းကို မြင်သွားသောအခါ သူက စူးစမ်းချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။ “မင်း ဘာတွေ ယူလာတာလဲ “

“မက်မွန်သီးတွေ၊ မင်း တစ်လုံးလောက် ယူမလား ” ပို့ဆောင်ရေးသမားက မက်မွန်သီးတစ်လုံးကို အိတ်ထဲမှ ထုတ်ယူလိုက်ပြီး သူ၏လုပ်ဖော်ကိုင်ဖက်ကို ပေးလိုက်သည်။

လုပ်ဖော်ကိုင်ဖက်ကလည်း ၎င်းကို လက်ခံလိုက်ပြီး သူက တစ်ကိုက်မကိုက်ခင် အသီးကို သူ၏အင်္ကျီနှင့် ပွတ်လိုက်သည်။ ရုတ်တရက် သူ့မျက်လုံးများက လင်းလက်သွားသည်။

“ဟေး လောင်တု မင်း ဒီမက်မွန်သီးကို ဘယ်နေရာက ဝယ်ခဲ့တာလဲ၊ အရမ်း အရသာ ရှိတာပဲ၊ အာ ငါ့ကို ထပ်ပေးပါဦး “

ထိုပို့ဆောင်ရေးသမားကို လောင်တုဟုခေါ်ပြီး သူက သူ့လုပ်ဖော်ကိုင်ဖက်ကို နှစ်လုံး ထပ်ပေးလိုက်သည်။ “ရှင်းယွမ်ရှန်က ပစ္စည်းပို့ပေးရတဲ့ သူက ပေးလိုက်တာ “

“ငါ သိပြီ၊ ကျေးဇူးပဲ‌ လောင်တု “ အိတ်တစ်လုံးထဲ၌ မက်မွန်သီး ၅လုံးသာ ရှိပြီး သူက သူ့ကို သုံးလုံးပေးခဲ့သည်။ ၎င်းက ထပ်ပေးဖို့ ပြောသည်က တကယ့်ကို ဆိုးဝါးလွန်းပေသည်။

လုပ်ဖော်ကိုင်ဖက်ထွက်သွားသောအခါ လောင်တုက သူ့ခေါင်းကို ခါလိုက်သည်။ ဒါက မက်မွန်သီးတစ်လုံးပဲလေ။ လုပ်ဖော်ကိုင်ဖက်က အရမ်းပျော်ရွှင်သွားဖို့ လိုလို့လား။

လောင်တုက အိမ်ပြန်ရောက်သောအခါ သူက မက်မွန်သီးတစ်လုံးကို ဆေးလိုက်သည်။ တစ်ကိုက်ကိုက်လိုက်ပြီး သူက ထိတ်လန့်သွားသည်။ ထို့နောက် သူက အနည်းငယ် ဒေါသထွက်သွားသည်။ သူက အိတ်ထဲရှိ မက်မွန်သီးကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက နောင်တအပြည့်ဖြင့် ဖြစ်နေသည်။ “အဲဒီ ညစ်ပတ်တဲ့လောင်တန့် နည်းနည်းလေးတောင် မယဉ်ကျေးတော့ဘူးလား “

...

ဖေးမိသားစုကလည်း အံ့အားသင့်နေကြသည်။

တစ်နေကုန် အလုပ်ရှုပ်နေပြီးနောက် နေ့လယ်ခင်းတွင် ဖေးဝမ်ရှုက ကြီးမားသည့် အသီးအိတ် နှစ်လုံးနှင့် ဖေးအိမ်သို့ ပြန်လာခဲ့သည်။

သူက အလျင်လိုနေပြီး အဘိုးဖေးက သူ့ကို ကျေးဇူးတင်ရန်အလို့ငှာ အဘိုးဖေးကို အသီးများ ပြလိုက်သည်။

အဘိုးဖေးက သူ့မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မရှိသော်လည်း သူက အသီးတချို့ကို သူ့အခန်းဆီသို့ ပြန်ယူသွားနေဆဲဖြစ်သည်။

ဖေးလွေ့က အိမ်ပြန်ရောက်သောအခါ သူက အိမ်ထဲတွင် အသီးအိတ်ကြီး နှစ်လုံး ရှိနေသည်ကို မြင်လိုက်သည်။ ၎င်းတို့ကို ကြီးမားသည့် ရောင်စုံအစင်းများပါရှိသည့် အိတ်ကြီးများဖြင့် ထုပ်ပိုးထားသည်။ အရေးကြီးဆုံးကတော့ ၎င်းတို့က ဧည့်ခန်းထဲမှာ ရှိနေသေးတာပင်။

“ဒါတွေက အဒေါ်ကျန်း နေရာမှား ထားမိတာများလား “

အဒေါ်ကျန်းက ဖေးအိမ်တော်၏ အိမ်စေများထဲမှ တစ်‌ယောက်ဖြစ်သည်။ သူမက အသီးများကို ဝယ်ရန် တာဝန်ရှိသည်။

“သခင် ဒါတွေကို ပြန်ယူသွားလိုက်မယ် “ အဘိုးဖေးက အသီးတချို့ ယူသွားပြီးနောက် အဒေါ်ကျန်းက သန့်ရှင်းရန် သွားခဲ့သည်။ သို့သော် ဖေးလွေ့က ပြန်လာခဲ့သည်။

အသိမရှိတဲ့ ဘယ်လိုလူက ဒီလို အရည်အသွေးနိမ့်တဲ့အိတ်များနှင့် အသီးများကို ထည့်ပေးသလဲ။ ဖေးလွေ့က သံသယဖြစ်မိပေသည်။

သို့သော် သူက မက်မွန်သီးများ၏ရနံ့ကို ရှုရှိုက်မိသောအခါ ‌ဖေးလွေ့က ပြောလိုက်သည်။

“အဒေါ်ကျန်း အသီးတချို့ဆေးပြီး ကျွန်တော့်အခန်းကို ပို့ပေးပါ “

“ကောင်းပါပြီ သခင်လေး”

ဖေးလွေ့က ဖေးဝမ်ရှု၏ကလေးဖြစ်ပြီး သူက အိမ်ရှိ စီးပွားရေးကို စိတ်မဝင်စားပေ။ သူ၏အကြီးဆုံးဝါသနာက ကွန်ပျူတာများဖြစ်သည်။ သူက မကြာခဏ နည်းပညာအကြောင်း ဆွေးနွေးရန် ဖေးကုမ္ပဏီ၏ အိုင်တီဌာနသို့ သွားလေ့ရှိသည်။

အချိန်တစ်ခုကြာပြီးနောက် အတွေ့အကြုံအများအပြား ရလာခဲ့သည်။ ဖေးလွေ့က တရုတ်ပြည်ရှိ လူသိများသော ဟက်ကာတစ်ယောက်လည်း ဖြစ်သည်။

ဖေးလွေ့၏အခန်းက ပြင်ပအဆင်အယင်များမှ ကွဲပြားပေသည်။ အခန်းထဲတွင် ကွန်ပျူတာပေါင်းများစွာ တင်ထားသည့် စားပွဲကြီးတစ်ခု ရှိသည်။

တရုတ်လူမျိုးများ၏ အိမ်ပုံစံနှင့်မတူဘဲ ဖေးလွေ့၏အခန်းက အရမ်းကို ခေတ်မီပေသည်။

ကွန်ပျူတာ‌ရှေ့ရှိ ထိုင်ခုံက တရုတ်ပြည်၏ နောက်ဆုံးထွက်ရှိသည့် မော်ဒယ်ဖြစ်ပြီး ၎င်းက စျေးအကြီးဆုံး ဂိမ်းထိုင်ခုံ ဖြစ်သည်။

သူက အားလပ်ချိန်၌ အပြိုင်အဆိုင်များသည့် ဂိမ်းတချို့ကို ကစားလေ့ရှိသည်။

အဒေါ်ကျန်းက မက်မွန်သီးများ အခန်းထဲသို့ လာပို့သောအခါ ဖေးလွေ့က ကီးဘုတ်ဖြင့် စာရိုက်နေပြီး code များက ကွန်ပျူတာပေါ်တွင် ပေါ်လာသည်။

ဖေးလွေ့က code ရေးသောအခါ အချိန်အများစု၌ အမြဲတမ်း အာရုံစိုက်ထားလေ့ရှိသည်။ သို့သော် ယနေ့တွင် သူက သူ့အနီးရှိ မက်မွန်သီးများ၏ရနံ့က သူ့ကို အနှောင့်အယှက်ပေးနေသည်။

ဖေးလွေ့က ခက်ရင်းကို ကောက်ကိုင်လိုက်ပြီး မက်မွန်သီးတစ်စိတ်ကို ခက်ရင်းဖြင့် ထိုးယူကာ စားလိုက်သည်။

သူက ကီးဘုတ်ဖြင့် ဆက်ရိုက်လိုက်သည်။ သို့သော် သူက ချက်ချင်း ရပ်သွားပြီး အသီးစားခြင်းကိုသာ စတင်အာရုံစိုက်လိုက်တော့သည်။

မက်မွန်သီးတစ်ပန်းကန်ကို စားပြီးနောက် ဖေးလွေ့က အသီးများမှာ အရည်အသွေးမနိမ့်ကြောင်း တွေ့ရှိသွားသည်။ အသီးများအတွက် ဤကဲ့သို့အိတ်မျိုးက တကယ့်ကို အသုံးပြုရန် အကောင်းဆုံး ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယင်းက ကြီးမားသည့် လှည့်ကွက်တစ်ခု ဖြစ်သည်။

...

သူမ၏အသီးများကို လူမည်မျှ များများက စားပြီးပြီမှန်း ရှန်းထင်ရွှမ်းက မသိပေ။ မှောင်မဲနေသည့် ကောင်းကင်ကို ကြည့်လိုက်ပြီး ရှန်းထင်ရွှမ်းက အခန်းသို့ ပြန်လာခဲ့သည်။

မနက်ဖြန်ကျလျှင် သူမက ခုတင်တစ်လုံး ပြုလုပ်ချင်သည်။

ခြံဝန်းထဲရှိ ခုတင်က ခေတ်ဟောင်းခုတင်တစ်လုံးဖြစ်ပြီး အနည်းငယ် မာကျောပေသည်။ တချို့အစိတ်အပိုင်းများက ပျက်ဆီးနေပေသည်။ အိပ်ရာတွင်လည်း အပေါက်တစ်ပေါက် ရှိပေသည်။ ၎င်းက ကြမ်းပြင်ပေါ်တွင် အိပ်ရသည်ထက် ပိုပြီး သက်တောင့်သက်သာ ရှိနေဆဲသည်။ သို့သော် အရမ်းကောင်းသည်ဟုတော့ မပြောနိုင်ပေ။

ဤအရာကို စဉ်းစားလိုက်ပြီး ရှန်းထင်ရွှမ်းက အင်တာနက်ပေါ်မှ အိပ်ရာတစ်စုံကို ရွေးလိုက်သည်။ သူမက ရှန်းအိမ်ရှိ တံဆိပ်တစ်ခုကို သတိရသွားသည်။ ထို့ကြောင့် တူညီသည့်တံဆိပ်၏ နောက်ဆုံးမော်ဒယ်ကို ရွေးလိုက်သည်။

ငွေပေးချေလိုက်ပြီးနောက် ကုန်သည်က မနက်ဖြန်တွင် သူမ၏တံခါးရှေ့ထိ လာပို့လိမ့်မည်။

ညသန်းခေါင်တွင် စနစ်၏စက်ပိုင်းဆိုင်ရာအသံက တဖန် မြည်လာခဲ့သည်။ “ကျေးဇူးပြု၍ လူ ၅၁၂ယောက်ကို ၁၂နာရီအတွင်း မင်းစိုက်ထားတဲ့အသီးတွေ စားခိုင်းပါ “

...

စာရေးသူမှာ ပြောစရာရှိနေပါတယ်။

ထင်ရွှမ်း၏ပရိသတ်များ။ ငါတို့ ဘယ်ချိန်ပေါ်လာမှာလဲ။

စာရေးသူ။ ကျေးဇူးပြုပြီး စောင့်ပါဦး။

...

All Chapters