အခန်း (၁၆-၁၈)
Vol. 2 Ch. 16-18
အခန်း (၁၆)
“ဟေး စနစ်၊ ညသန်းခေါင်ကြီး တာဝန်တွေ တင်တာ ရပ်ပေးလို့ရမလား “ အဲဒါက သူမ အိပ်နေတာကို နှောင့်ယှက်နေတယ်လေ။
ဤရက်အနည်းငယ်အတွင်း နေ့ဘက်တွင် ရှန်းထင်ရွှမ်းက တစ်နေ့ကို နှစ်နာရီခန့် ဝိညာဉ်စွမ်းအင်ဖြင့် အပင်များကို ရေလောင်းရသည်။ သူမရှေ့ရှိ အသီးများက လုံလောက်နေပြီဖြစ်သောကြောင့် သူမက ညလယ်တွင်ထပြီး ၎င်းတို့ကို နောက်ထပ် ရေလောင်းရန် မလိုတော့ချေ။
မမျှော်လင့်ဘဲ စနစ်က တုံ့ပြန်လာသည်။ “သင်က တာဝန်ဆယ်ခုပြီးရင် တာဝန်ချိန်ကို လျှော့ချဖို့ ညှိနှိုင်းနိုင်တယ် “
ရှန်းထင်ရွှမ်းက မျက်လုံးပင့်လိုက်သည်။ ယင်းက ဤတာဝန်ပြီးမြောက်ပြီးနောက် သူမက တာဝန်ချိန်ကို ပြုပြင်နိုင်သည့် အဓိပ္ပာယ်ပင်။
သူမက ထိုအချိန်အတောအတွင်း ကောင်းစွာ အိပ်နိုင်ပြီး မနက် ၅နာရီမတိုင်ခင်အထိ အိပ်ရာထစရာ မလိုပေ။ သူမက နေ့တိုင်း နှစ်ဆပြီးမြောက်ရမည့် တာဝန်ပမာဏကို တွက်ချက်လိုက်သည်။
ထို့ကြောင့် သူမက စူပါမားကတ်သို့ အသီးအများကြီး မထောက်ပံ့နိုင်တော့ပေ။ တစ်နည်းအားဖြင့် ၎င်းက အဆုံးတွင် ရေတိုထောက်ပံ့မှု ဖြစ်ပေလိမ့်မည်။
ယနေ့ လူ၅၁၂ယောက်က သူမစိုက်ပျိုးထားသည့် အသီးများကို စားရန် လိုအပ်သည်။ သူမက ဆီးသီး တစ်ထောင်ကတ်တီနှင့် မက်မွန်သီးတစ်ထောင်ကတ်တီကို ထောက်ပံ့ရန် စီစဉ်ထားသည်။
၇နာရီမတိုင်ခင် ရှန်းထင်ရွှမ်းက ကြိုတင်ပြင်ဆင်၍ ပြီးသွားသည်။ မက်မွန်သီးနှင့်ဆီးသီးများကို ခူးပြီး အပင်များအောက်တွင် ထားလိုက်သည်။ ရှန်းထင်ရွှမ်းက ဆက်လက်စိုက်ပျိုးရန် တောင်ခြေသို့ ပြန်သွားလိုက်သည်။
မျိုးစေ့လက်တစ်ဆုပ်စာကို စိုက်ပျိုးနေချိန် စူပါမောမှလူများ ရောက်လာကြသည်။
ရှန်းထင်ရွှမ်းက မျိုးစေ့များကို သိမ်းလိုက်ပြီး ပစ္စည်းများကို သယ်ရန် စူပါမောမှ လူများကို ကူညီလိုက်သည်။
...
မနေ့တုန်းက စူပါမော၏စင်များပေါ်တွင် ရှန်းထင်ရွှမ်း၏အသီးများကို တင်ထားခဲ့သည်။ ကုန်ပစ္စည်းများကို သယ်ပို့ပေးသည့် လူများက ပြန်သည့်လမ်းတွင် ကားနောက်ကိုယ်မှ ပျံ့လွင့်လာသော အသီးနံ့များကို ရှူရှိုက်မိကြသည်။ ၎င်းတို့ကို စင်ပေါ်တွင် တင်ထားပြီးနောက် သူတို့က တစ်ကတ်တီစီ ဝယ်လိုက်သည်။
စျေးနှုန်းက ဆီးသီးတစ်ကတ်တီအတွက် ၇ယွမ်ဖြစ်ပြီး မက်မွန်သီး တစ်ကတ်တီအတွက် ၁၂ယွမ်ဖြစ်သည်။ စူပါမားကတ် ဝန်ထမ်းများက ၃၀ % လျှော့စျေး ရရှိနိုင်ပေသည်။ လူတိုင်းက ကတ်တီအနည်းငယ်စီ ဝယ်ခဲ့ကြသည်။ ပြန်ရောက်ကြသောအခါ သူတို့က အလွန် အရသာ ကောင်းကြောင်း တွေ့ရှိသွားကြသည်။
အသီးများသည် လုပ်ငန်းစဉ်အတိုင်းမသွားဘဲ စင်ပေါ်တွင် တင်ထားသည့်အကြောင်းကို သူတို့ အစက တွေးနေခဲ့ကြသည်။ နောက်ကွယ်တွင် မည်ကဲ့သို့ ဆက်ဆံရေးမျိုး ရှိကြောင်း သူတို့ မသိချေ။ စားသုံးသူများကို ထိုသို့ပြုလုပ်ရန်က တာဝန်မဲ့သည် မဟုတ်လား။
သူတို့က ထိုအသီးများကို မြည်းစမ်းပြီးနောက် အရသာရှိသော အသီးများဖြစ်ကြောင်း သိရှိသွားကြသည်။ ထိုမြင့်မားသည့်အဆင့်အတန်းက သာမန်လုပ်ငန်းစဉ်များကို မျက်ကွယ်ပြုနိုင်ပေသည်။
သူတို့ မနေ့က စင်ပေါ်တွင် တင်ပြီးနောက် အသီးများက အချိန်သိပ်မကြာဘဲ ရောင်းကုန်သွားခဲ့သည်။ ယနေ့ စူပါမားကတ်၏အတွင်းလူများက ပိုပြီး ဝယ်နိုင်ရန် စောင့်ဆိုင်းနေကြသည်။ ထိုဝယ်သူအဖွဲ့များကလည်း အလွန် စိုးရိမ်နေကြသည်။
အသီးများကို တင်ပြီးနောက် မနေ့က ခေါင်းဆောင်ကပဲ ရှန်းထင်ရွှမ်းဆီသို့ ယွမ် ၁၅၀၀၀ ပို့ပေးခဲ့ပြီး ထွက်သွားခဲ့သည်။
မနေ့က သူတို့ အသီးများကို ဝယ်ယူသောအခါ သူတို့က ရှင်းယွမ်ရှန်မှ အသီးများ ထောက်ပံ့သည်ဟု ပြောခဲ့ပြီး သူတို့က တကယ့် အရသာကောင်းကို မြည်းစမ်းခဲ့ကြသည်။
မကြာသေးမီက ပိုင်လျန်စူပါမားကတ်ရှိ ဆီးသီးများနှင့် မက်မွန်သီးများနောက်ကို လူတိုင်းက လိုက်နေခဲ့ကြသည်။ ထို့ကြောင့် စူပါမော၏အသီးများက အသစ်ဖြစ်သည်။ ပထမက စူပါမောသည် ပိုင်လျန်၏ခြေလှမ်းနောက်သို့ လိုက်နေသည်ဟုသာ လူတိုင်းက တွေးထင်ခဲ့ကြသည်။
လူသိများသော စူပါမောသည် ပိုင်လျန်၏ခြေလှမ်းနောက်တွင် ကျရှုံးသွားပြီဟုတောင် လူတိုင်းက လှောင်ပြောင်နေခဲ့ကြသည်။
မနေ့က ပိုင်လျန်၏ ဝယ်သူများက တစ်နေ့လုံး စောင့်နေခဲ့ကြသည်။ သို့သော် စင်များပေါ်တွင် ဆီးသီးနှင့် မက်မွန်သီးများကို မတွေ့ခဲ့ကြချေ။ ပိုင်လျန်က တခြားညံ့ဖျင်းသော ဆီးသီးနှင့် မက်မွန်သီးများကို အစားထိုး တင်ထားခဲ့သည်။
ဝယ်သူများက သည်ထက်ပိုပြီး စောင့်နိုင်ကြသည်။ သို့သော် သူတို့ကို အရူးမလုပ်နိုင်ပေ။ ထို့ကြောင့် ဝယ်သူများက ပိုင်လျန်ကို တိုင်တန်းကြတော့သည်။
သို့သော်လည်း တိုင်တန်းမှုတစ်ခုက တိုင်တန်းမှုတစ်ခုသာ ဖြစ်သည်။ ယနေ့ ၉နာရီမထိုးခင်၌ ထိုဝယ်သူများက ပိုင်လျန်၏တံခါးတွင် ရပ်နေကြဆဲဖြစ်သည်။ ပိုင်လျန်က အသီးစင်နှစ်ခုကို တိုက်ရိုက် ဖြုတ်ချရန်သာ ရှိသည်။
မနေ့က ဝယ်သူတချို့က စူပါမော၏အသီးများကို မြည်းစမ်းကြည့်ရန် စူပါမောသို့ သွားခဲ့ကြသည်။ ပြီးနောက် ၎င်းက စျေးသက်သာပြီး အရသာရှိကြောင်း မြည်းစမ်းခဲ့ရသည်။
ယခု ပိုင်လျန်စူပါမားကတ်၏စင်များက ဖြုတ်ချလိုက်ရပြီး သူတို့က စူပါမောက ပိုင်လျန်စူပါမားကတ်၏ စီးပွားရေးကို လုယက်နေသည်လားဟု သံသယဝင်နေကြသည်။
လူတချို့ကတောင် ပိုင်လျန်၏ တရားဝင် WeChat အကောင့်တွင် သူတို့ဆက်မရောင်းသည်က စူပါမောမှ သူတို့ စီးပွားရေးကို လုယက်ခဲ့သည်မှာ ဟုတ်လား မဟုတ်လားဟူသည့် စာတစ်စောင် ပို့ထားခဲ့ကြသည်။
ဖန်းအုပ်စုရှိ အထွေထွေမန်နေဂျာ၏ ပို့ချမှုအောက်တွင် တရားဝင် တာဝန်ရှိသူက ထိုမေးခွန်းကို မဖြေကြားခဲ့ပေ။
စူပါမောက လူများကို အနိုင်ကျင့်နေသည်ဟု အင်တာနက်အသိုင်းအဝိုင်းမှ လူများကို ခံစားမိစေသည်။ လူတချို့ကတောင် စူပါမော၏စီးပွားရေးကို သပိတ်မှောက်ချင်ကြောင်း စတင် ပြောဆိုလာကြသည်။
လူများစွာက ထိုဆွေးနွေးမှုတွင် ပိုပိုပြီး ပါဝင်လာကြသည်။
#စူပါမောအကြီးနှင့်အသေး# ဟူသည့် ခေါင်းစဉ်က ရှာဖွေမှုစာရင်းတွင် လျင်မြန်စွာဖြင့် ရှာဖွေမှုအများဆုံးဖြစ်လာခဲ့သည်။
သိပ်မထင်ရှားသည့် အင်တာနက်သုံးသူတစ်ယောက်က ၎င်းကို နှိပ်ကြည့်လိုက်ပြီး စူပါမောက ပိုင်လျန်၏အသီးများကို လုယက်ခဲ့ခြင်းကြောင့်ဆိုတာကို တွေ့သွားခဲ့သည်။ သို့သော် သူတို့က လုယက်ခဲ့လျှင် စျေးနှုန်းက မည်သည်ကြောင့် ပိုနည်းနေရပါသနည်း။
ဤအရာက အနည်းငယ် ကျိုးကြောင်းမသင့်ပေ။
ဖေး၏ ပြင်ပလူမှုဆက်ဆံရေးဌာနကလည်း ဤရှာဖွေမှုအကြောင်းကို မြင်ကြသည်။ သူတို့က နည်းပညာဌာနကို ၎င်းအား စစ်ဆေးရန် တိုက်ရိုက်ပြောလိုက်ကြသည်။ ဖေး၏ နည်းပညာဌာနက မြို့တော် B တွင် ဒုတိယအဆင့်ရှိသည်။ ပထမအဆင့်က ချင်အုပ်စုဖြစ်သည်။
ထို့ကြောင့် အကြောင်းပြချက်ကို လျင်မြန်စွာ ရှာတွေ့သွားကြသည်။
ပိုင်လျန်စူပါမားကတ်၏ ထိပ်ဆုံးအလုပ်အမှုဆောင်အဖွဲ့နှင့် စျေးကွက်ဌာန၏ ဘာမှမလုပ်ဘဲနေခြင်းက အကြောင်းပြချက်ကို ရှာဖွေဖော်ထုတ်ရန် အင်တာနက်အသုံးပြုသူများ၏ စိတ်ကို ဖျက်လိုဖျက်ဆီး လှုံ့ဆော်နေပေသည်။ ထို့ကြောင့် ထိုကိစ္စက ပြန်လည်ဖြေရှင်းနိုင်ပေသည်။ ပြင်ပလူမှုဆက်ဆံရေးဌာနက ဝန်ထမ်းများကို ကြေညာချက်တစ်စောင်ထုတ်ပြီး Weibo ပေါ်တွင် တင်ရန် ချက်ချင်း စီစဉ်လိုက်သည်။
[စူပါမော ။ စူပါမောရှိ အသီးအသစ်များကို ကြေညာခြင်း
ကျွန်ုပ်တို့ စူပါမားကတ်ရှိ မက်မွန်သီးနှင့် ဆီးသီးအသစ်များသည် ရှင်းယွမ်ရှန်နှင့် တရားဝင် သဘောတူညီ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ ကျွန်ုပ်တို့က ပိုင်လျန်စူပါမားကတ်၏ စီးပွားရေးကို လုယူသည်ဟု အင်တာနက်အသုံးပြုသူများ ပြောသလို ကိစ္စမျိုး မရှိခဲ့ဖူးပါ။ အထက်ပါ ကောလာဟလများနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့အုပ်စုတွင် သက်သေပုံများ သိမ်းဆည်းထားပါသည်။ တရားရုံး၌ တွေ့ကြပါမည်။ ]
စူပါမော၏တုံ့ပြန်မှုက အလွန် ရှင်းလင်းပေသည်။ လူတိုင်းက အကြည့်တစ်ချက်နှင့်ပင် နားလည်နိုင်ကြသည်။ ထို့အပြင် စူပါမော၏စီးပွားရေးက ပိုင်လျန်ကဲ့သို့ တရုတ်ပြည်တွင်သာ ရှိသည်မဟုတ် တစ်ကမ္ဘာလုံးတွင် ရှိပေသည်။ တခြားသူ၏စီးပွားရေးကို ဆုပ်ကိုင်ရန် တကယ့်ကို မလိုအပ်ပေ။
ပိုင်လျန်စူပါမားကတ်က အချိန်တစ်ခုကြာ မတုံ့ပြန်ရဲခဲ့ပေ။ ထိုအချိန်၌ ဖန်းအုပ်စုတွင် အလုပ်လုပ်နေသည်ဟု အခိုင်အမာဆိုသည့် ဝန်ထမ်းတစ်ယောက်က ထွက်လာခဲ့သည်။
[လု။ မင်္ဂလာပါ။ အင်တာနက်အသုံးပြုသူများခင်ဗျာ။ ကျွန်တော်က ဖန်းအုပ်စုရဲ့ အိမ်ရာမြေစီမံခန့်ခွဲရေးဌာနကပါ။ လွန့်ခဲ့တဲ့တစ်ပတ်လောက်က ကျွန်တော်တို့ဌာနရဲ့ အဖွဲ့လိုက်လှုပ်ရှားမှုပွဲအတွက် ရှင်းယွမ်ရှန်ကို ရွေးခဲ့ပါတယ်။ ရှင်းယွမ်ရှန်မှာ ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက် ရှိပါတယ်။ သူက ရိုးသားပါတယ်။ ပြီးတော့ အရသာရှိတဲ့အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း စိုက်ပျိုးထားပါတယ်။
ကျွန်တော်တို့အုပ်စုက ပိုင်လျန်စူပါမားကတ်ကို ပိုင်ဆိုင်တာကြောင့် ကျွန်တော်က ထိုမိန်းကလေးနဲ့ စီးပွားရေးလုပ်ချင်ခဲ့ပါတယ်။ သဘောတူစာချုပ်ကိုလည်း အမှန်တကယ် လက်မှတ်ထိုးခဲ့ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီက နှစ်ရက်အတွင်းမှာပဲ စာချုပ်ကို ဖောက်ဖျက်ခဲ့ပါတယ်။ ဒါက လူတိုင်းက အရသာရှိတဲ့ မက်မွန်သီးနဲ့ ဆီးသီးတွေ နောက်ထပ် ဘယ်တော့မှ မစားနိုင်တော့တဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။
ဖန်းအုပ်စုက စာချုပ်ကို ဖောက်ဖျက်ပြီးတော့ ကျွန်တော်က အထက်ကို ဆုံးရှုံးမှုလျော်ကြေးစာရင်းရှင်းဖို့ တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီကိစ္စကို ဆွေးနွေးဖို့ ခေါင်းဆောင်က ငြင်းဆိုခဲ့ပါတယ်။
ကျွန်တော်က ဖေးအုပ်စုမှာ အနှစ်နှစ်ဆယ်ကြာ အလုပ်လုပ်ခဲ့သူပါ။ ကျွန်တော်ရဲ့ ငယ်ရွယ်တဲ့သက်တမ်းတစ်လျှောက်လုံးကို ဒီကုမ္ပဏီမှာ မြှုပ်နှံခဲ့တာပါ။ ကျွန်တော်က ဒီကုမ္ပဏီနဲ့အတူ ကြီးပြင်းလာတာပါ။ ဒီကုမ္ပဏီကို ချစ်ပါတယ်။ ဒါပေမဲ့ ေဒီအခိုက်အတန့်က ကျွန်တော်က သူတို့ဆီကနေ ခွဲခြားလိုက်တဲ့ အခိုက်အတန့်ပါပဲ။ ]
ဤ Weibo ပို့စ်က လုမင်ဟွေ့ တင်လိုက်ခြင်း ဖြစ်သည်။ သူက မကြာသေးခင်ကမှ အလုပ်ထွက်စာ တင်ထားခဲ့သည်။ ကုမ္ပဏီက ရှန်းထင်ရွှမ်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဖျက်သိမ်းပြီးနောက် သူတို့က ဆုံးရှုံးနစ်နာမှုလျော်ကြေးစာရင်းကိုတောင် မပေးဘဲနေမည်ဟု သူက မထင်ထားခဲ့ချေ။ ထို့ပြင် စပ်စုနေသည်ဟုတောင် အပြစ်တင်ခဲ့သည်။
လုမင်ဟွေ့ အလုပ်ထွက်သွားပြီးနောက် လီရင်နှင့် တခြားသူများကလည်း ထွက်စာတင်လိုက်ကြသည်။
...
ဖေး၏ ပြင်ပဆက်ဆံရေးဌာနက ရှန်းထင်ရွှမ်းအကြောင်း မသိခဲ့ပေ။ သို့သော် ထို Weibo ပို့စ်ကို မြင်ပြီးနောက် သူတို့က ချက်ချင်း ရှာဖွေမှုအမြင့်ဆုံးကို ချက်ချင်း ဝယ်လိုက်ကြသည်။ မကြာမီ ထို Weibo ပို့စ်က လူအများ၏ရှေ့တွင် ပေါ်လာတော့မည် ဖြစ်သည်။
မီဒီယာများစွာက ထိုရှာဖွေမှုအများဆုံးပို့စ်ကို ရုတ်တရက် ဖမ်းဆုပ်မိလိုက်ကြသည်။ ပြီးနောက် ဖေးအုပ်စု၏ အိမ်ခြံမြေစီမံခန့်ခွဲရေးဌာနမှ လူများစွာက အလုပ်ထွက်လိုက်ကြသည်ကို တွေ့လိုက်ရတော့သည်။
သတင်းက အားလုံး၏အထက်တွင် ပျံ့လွင့်နေပြီး ဖေး၏ ပြင်ပလူမှုဆက်ဆံရေးဌာန၏ စစ်ဆင်ရေးနှင့်အတူ နှစ်ဆဖြစ်သွားတော့သည်။ မကြာမီ လူတိုင်းက ရှာဖွေတွေ့ရှိသွားကြသည်။
ဤကိစ္စက စူပါမောအနေဖြင့် ဘာမှလုပ်စရာမလိုတော့ပေ။ ပိုင်လျန်က အများကြီး လုပ်ဆောင်နေပြီး စူပါမော၏ကျော်ကြားမှုကို အခွင့်ကောင်းယူချင်နေသည်။
အချိန်တခဏအတွင်းမှာပဲ လူတိုင်းက ပိုင်လျန်ကို စတင် သပိတ်မှောက်လိုက်ကြသည်။
...
၎င်းကို ဖေးဝမ်ရှု၏လက်အောက်ငယ်သားက တင်ပြခဲ့ပြီး သူက ၎င်းအကြောင်းကို သိခဲ့ရသည်။ ထို့ကြောင့် သူက ဖန်းယဲ့ကို ဖုန်းခေါ်ရန် သူ၏အတွင်းရေးမှူးကို ခိုင်းလိုက်သည်။
ဖေးဝမ်ရှုက သူ့ဆီသို့ ပြဿနာရှာရန် လာသည်ဟု ဖန်းယဲ့က အရင်ဆုံး တွေးလိုက်မိသည်။ ယနေ့ သူက Weibo ပေါ်မှ အကြောင်းအရာများကို လေ့လာလိုက်သောအခါ သူ့လက်အောက်လူများကို သေလောက်အောင် ဆူပူကြိမ်းမောင်းလိုက်သည်။
မင်းက ဖေးမိသားစုကို ထိနိုင်တယ်လား။ အသက်ရှင်ရတာ မလုံလောက်တော့ဘူးလား။
၎င်းက ရှန်းထင်ရွှမ်းကို ပေးရမည့် ဆုံးရှုံးနစ်နာမှုလျော်ကြေးကြောင့် ဖြစ်သည်ကို သိရှိသွားပြီး ဖန်းယဲ့က သက်သာရာရအောင် သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး သူ၏လူများကို ရှန်းထင်ရွှမ်းအား ပေးရမည့် ဆုံးရှုံးနစ်နာမှုလျော်ကြေးစာရင်းကို ချက်ချင်းမေးလိုက်သည်။
ရှန်းထင်ရွှမ်းက ပိုင်လျန်မှ လွှဲလိုက်သည့် ၁၀၀,၀၀၀ယွမ်ကို လက်ခံရရှိလိုက်ပြီး အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။ ထို့နောက် ဆုံးရှုံးနစ်နာမှုလျော်ကြေး ဖြစ်ရမည်ဟု တွေးလိုက်မိသည်။
ဖန်းယဲ့က ထိုင်ချလိုက်ပြီး ထိုအကြောင်းကို တွေးနေသည်။ ထိုမိန်းကလေးသည် ရှန်းမိသားစုကို မကျေမနပ်ဖြစ်စေသော ရှင်းယွမ်ရှန်မှ မိန်းကလေးဖြစ်သည်ကို ရုတ်တရက် ရှာဖွေတွေ့ရှိသွားသည်။ သို့သော် ဖေးမိသားစုက သူမကို မည်သည့်အတွက်ကြောင့် ထောက်ပံ့ပေးနေသနည်း။
သူက ထိုအကြောင်း ပိုတွေးလေ၊ ဖန်းယဲ့က ပိုပြီး ချွေးစေးများထွက်လာလေဟု ခံစားလိုက်ရသည််
...
ပိုင်လျန်စူပါမားကတ်တွင် တာဝန်ရှိသည့် စွန်းဖျင်က အထက်လူကြီးများ ဘာတွေတွေးနေကြမှန်း အဖြေရှာမရပေ။
မူလက သူတို့၏ ပိုင်လျန်စူပါမားကတ်က ရှန်းထင်ရွှမ်းကဲ့သို့ သေးငယ်သည့် ထောက်ပံသူနှင့်အတူ စီးပွားရေးမလုပ်သင့်ပေ။ သို့သော် သူတို့က သူမ၏ အရသာရှိလှစွာသော အသီးများကို တာဝန်မယူခဲ့ပေ။
အထူးသဖြင့် နိုင်ငံတွင်းတွင် ပိုင်လျန်သာလျှင် ဤအရသာရှိသောအသီးများကို ရောင်းခဲ့သည်။ သူတို့က ဤလမ်းကြောင်းကို သုံးပြီး ပိုင်လျန်ကို ကြော်ငြာနိုင်ပေသည်။
နှစ်ရက်အတွင်း အမြင့်ဆုံးခေါင်းဆောင်က သဘောတူညီမှုကို ပျက်စီးစေခဲ့သောကြောင့် စူပါမောက ၎င်းကို ကောက်ယူသွားခဲ့လေသည်။
သူတို့ပြောသလိုပင် ကုမ္ပဏီကြီးတစ်ခုက တကယ့်ကို အမြင်ပိုကျယ်ပေသည်။
-----
စာရေးသူမှာ ပြောစရာ ရှိနေပါတယ်။
အချိန်တစ်ခု ကြာပြီးနောက်
ဖန်းမိသားစုက ရှန်းထင်ရွှမ်းကို ရှာတွေ့သွားသည်။ “အစ်မကြီး အသီးတချို့ ထပ်ရောင်းနိုင်မလား “
ရှန်းထင်ရွှမ်း။ အိုး... တောင်းပန်ပါတယ်၊ အဲဒါတွေ ရောင်းကုန်သွားပါပြီ။
သတင်းထောက်များက ဖန်းယဲ့ကို အင်တာဗျူးသောအခါ ဖန်းယဲ့က ပြောလိုက်သည်။ “ဘာမှ မမေးကြနဲ့၊ ငါ နောင်တရနေတယ် .... “
...
အခန်း (၁၇)
အဘိုးဖေးက အမြင်ကျယ်သူတစ်ယောက် မဟုတ်ပေ။ အရိုးသားဆုံးပြောရလျှင် ရှန်းထင်ရွှမ်း၏ အသီးများက သူတို့၏စူပါမားကတ်ထံ အကျိုးကျေးဇူး အနည်းငယ်ကို အမှန်တကယ် ယူလာနိုင်ပေသည်။ သို့သော် ဤကဲ့သို့ အကျိုးကျေးဇူးက ကြီးမားသည့် စူပါမောကြီးအား ထိုက်သင့်သလောက် မဖော်ပြနိုင်ပေ။
အဘိုးဖေးက ရှန်းထင်ရွှမ်းကြောင့် ရိုးရိုးသားသား ကူညီနေခဲ့တာဖြစ်သည်။ တစ်ဖက်က စိုက်ပျိုးထားသော အသီးများကလည်း အရသာရှိသော်ငြား ပိုင်လျန်စူပါမားကတ်၏ ရက်စက်သော အလေ့အထကြောင့်သာ မကူညီတာဖြစ်သည်။
ထိုဖေးမိသားစုကြောင့်သာလျှင် ရှန်းထင်ရွှမ်း၏အသီးများကို စူပါမောတွင် တင်ခွင့်ရခဲ့သည်။
မနက်ပိုင်းက အလွန်အလုပ်ရှုပ်သည့် အချိန်ဖြစ်သည်။ ရှန်းထင်ရွှမ်းက ရှောင်ဖုန်းပို့ထားသည်ကို စစ်ဆေးရန်သာ အခွင့်အရေးရှိသည်။
ထိုပုံတွင် ရှန်းထင်ရွှမ်း၏နောက်ပိုင်းကိုသာ ဖော်ပြထားပြီး ၎င်းက တကယ့်ကို ကြည့်ကောင်းပေသည်။ ထို့နောက် သူမက ထိုပုံကို သူမ၏ WeChat အကောင့်ပုံအဖြစ် အသုံးပြုလိုက်သည်။
ရှောင်ဖုန်းပြောခဲ့သည်မှာ အင်တာနက်အသုံးပြုသူများက သူမကို ကြည့်ကောင်းသည်ဟု ပြောခြင်း ဖြစ်နိုင်ပေသည်။ သူတို့က သူမကို Weibo အကောင့်တစ်ခု ဖွင့်ရန် စိတ်ဝင်စားလားဟု မေးမြန်းခဲ့သည်။
ရှန်းထင်ရွှမ်း၏ပုံကို တင်ခဲ့သည့် ပို့စ်က ပြန်တင်သည့်သူ တစ်သိန်းကျော်သို့ ရောက်ရှိနေပြီး ၎င်းက နေ့တိုင်း ဆက်လက် မြင့်တက်နေခဲ့သည်။
သို့သော်လည်း ရှန်းထင်ရွှမ်းက ထိုအရာများကို လုံးဝ စိတ်မဝင်စားပေ။ ယခု သူမစိုက်ပျိုးထားသော အသီးများကို လူများအား ပိုစားခွင့်ပြုရန်သာ သူမတွင် စိတ်ကူး ရှိသည်။
စနစ်၏ ချဉ်းကပ်မှုအရ ရက်အနည်းငယ်အတွင်း လူထောင်ပေါင်းများစွာက သူမစိုက်ပျိုးထားသော အသီးများကို စားရန် ရှိပေသည်။
ထို့ကြောင့် ရှောင်ဖုန်း၏ အကြံပြုချက်ကို ရှန်းထင်ရွှမ်းက ချက်ချင်း ငြင်းပယ်လိုက်ရသည်။
ရှန်းထင်ရွှမ်းက မနက်တည်းက အလွန် အလုပ်ရှုပ်နေတာကြောင့် ရှောင်ဖုန်းက စကားအများကြီး မပြောခဲ့ချေ။
ဤအလုပ်ရှုပ်သည့် အချိန်လွန်သွားမှ ရှန်းထင်ရွှမ်းက တောင်ခြေရှိ စျေးဆိုင်ငယ်လေးသို့ ပထမဆုံး သွားခဲ့ပြီး လွှတစ်ခု၊ ဆောက်တစ်ခု၊ ပေကြိုး၊ ကော်ပတ်နှင့် ခဲတံတို့ကို ဝယ်ခဲ့သည်။ ထို့နောက် တောင်၏ အနောက်ဖက်မှတစ်ဆင့် ပြန်လာခဲ့သည်။
တောင်အနောက်ဘက်တွင် များစွာသော အမြဲစိမ်းပင်များနှင့် သစ်မာပင်များ ရှိကြသည်။ ၎င်းတို့က များသောအားဖြင့် သစ်သားပစ္စည်းများ ပြုလုပ်ခြင်းအတွက် ကုန်ကြမ်းများအဖြစ် အသုံးပြုကြသည်။ သို့သော် ယနေ့ ရှန်းထင်ရွှမ်းက တောင်ထိပ်ပေါ်ရှိ အနီရောင် စန္ဒာကူးသားကို သုံးမည်ဖြစ်သည်။
ရှန်းထင်ရွှမ်းက ခုတင်အသစ်ပြုလုပ်ရန် စီစဉ်ထားသည်။ သူမ ဂျင်ဆင်းမြစ်ဖြစ်နေသေးသည့် အချိန်တုန်းက သစ်သားရှာရန်အတွက် တောင်ပေါ်သို့ မကြာခဏ လာလေ့ရှိသည့် လက်သမားတစ်ယောက် ရှိပေသည်။
ထိုအချိန်၌ သူမက ပုံစံပြောင်းနိုင်ပေသည်။ ထို့ကြောင့် သူမက လေ့လာရန် တိတ်တိတ်လေး ပုန်းနေခဲ့သည်။ သို့သော် ထိုအချိန်၌ ရှန်းထင်ရွှမ်းက အရမ်းအတွေ့အကြုံ မရှိသေးပေ။ သူမခေါင်းကို ဖုံးအုပ်ထားသရွေ့ လက်သမားဆရာက သူမကို မမြင်နိုင်ဘူးဟု သူမက အမြဲတမ်း ထင်နေခဲ့သည်။
လက်သမားဆရာက သူမကို အမြဲတမ်း သိနေခဲ့သည်။ သို့သော် လူသားတစ်ယောက်၏ သက်တမ်းက အကန့်သတ်ရှိပေသည်။ နောက်ဆုံးတွင် လက်သမားဆရာက သူ မသေဆုံးမီ သူမအတွက် စာအုပ်တစ်အုပ်ကို ချန်ထားခဲ့သည်။
ရှန်းထင်ရွှမ်းက ပျင်းလာသည့်အခါ ထိုစာအုပ်ကို လေ့လာလေ့ရှိသည်။ ဤလေ့လာမှုက နှစ်ပေါင်းရာကျော် ကြာသွားခဲ့သည်။
ရှန်းထင်ရွှမ်းက အရင်ဆုံး တောင်နောက်သို့ ပြန်လာခဲ့ပြီး အနီရောင် စန္ဒာကူးသားနှစ်ပင်ကို ရွေးလိုက်သည်။ အနီရောင် စန္ဒကူးသားက အဖိုးတန်ဆုံးသစ်များထဲမှ တစ်ခု ဖြစ်သည်။ ၎င်းက ရှင်းယွမ်ရှန်တွင် အများကြီး မရှိပေ။ ထိုအရာက ခုတင်တစ်လုံးအတွက်ပဲ ဖြစ်လျှင်တောင် ရှန်းထင်ရွှမ်းက အကောင်းဆုံးသစ်သားကို အသုံးပြုချင်နေဆဲ ဖြစ်သည်။ ထို့အပြင် သူမမှာ ဝိညာဉ်စွမ်းအင်လည်း ရှိပေသည်။
သစ်ပင်များကို ခုတ်ပြီးနောက် ရှန်းထင်ရွှမ်းက ခြံဝန်းဆီသို့ ၎င်းတို့ကို ပြန်ရွေ့လာခဲ့သည်။
သူမ၏ အားလပ်ချိန်များတွင် ရှန်းထင်ရွှမ်းက မကြာခဏ တောင်ပတ်လည်ကို လမ်းလျှောက်လေ့ရှိသည်။ တောင်အောက်တွင် မြက်ပင်အချို့ရှိပြီး လူများက သစ်ပင်များကို ခုတ်ထားသည့် အရိပ်အယောင်တချို့ ရှိနေပေသည်။ မူလကိုယ်၏ အဘွားသေဆုံးပြီးနောက် တခြားသူများက ၎င်းအပင်များကို ခိုးယူသွားကြခြင်း ဖြစ်နိုင်ပေသည်။
တောင်ထိပ်၌ သစ်ပင်ကြီးတချို့ ရှိနေသေးပြီး တစ်စုံတစ်ယောက်က အပင်များကို ခုတ်နေချိန် နေရာအနေအထားက ပို့ဆောင်ရေးအတွက် အဆင်မပြေသည်ကို တွေးမိသွားတာ ဖြစ်နိုင်ပေသည်။
အားလုံးပြီးနောက် တစ်ခုတည်းသော ပြင်ဆင်ထားသည့် လမ်းက ခြံဝင်းဆီသို့ ဦးတည်ထားသည်။
ရှန်းထင်ရွှမ်းက မလိုအပ်သည့် သစ်ရွက်သစ်ခက်များကို ခုတ်ချလိုက်ပြီး ဘေးတွင် ချထားလိုက်သည်။ ထို့နောက် သစ်ပင်ဘက်မှ စတင်ကာ လေးဘက်လေးလံကို ဖြတ်တောက်လိုက်သည်။ ထို့ကြောင့် အလယ်တွင် ကျန်ခဲ့သည်မှာ လေးထောင့်ပုံသစ်သားပြားတစ်ခု ဖြစ်သည်။
ရှင်းထင်ရွှမ်းက ထောင့်လေးထောင့်ကို စက်ဝိုင်းခြမ်းပုံဖြစ်အောင် ဝိုင်းရန် ဆောက်တစ်ခုကို အသုံးပြုလိုက်သည်။ ထို့နောက် ၎င်းတွင် အပေါက်တချို့ ဖောက်ရန် ဓားတစ်ချောင်းကို သုံးလိုက်သည်။ ပုံမှန်လက်သမားများက ဓားကို မသုံးနိုင်ကြချေ။ ရှန်းထင်ရွှမ်းက သူမ၏ဝိညာဉ်စွမ်းအင်ကြောင့် သုံးနိုင်ပေသည၀င
ရှန်းထင်ရွှမ်းက အပေါက်တစ်စုံနှင့် အစွန်းတစ်စုံစီ တွဲလုပ်လိုက်သည်။ တစ်ခဏကြာပြီးနောက် သစ်သားအပိုင်းအစ လေးခုကို ဝက်အူများ အသုံးမပြုဘဲ ကြီးမားသော ဘောင်တစ်ခုထဲသို့ ချိတ်ဆက်လိုက်နိုင်သည်။
ရှန်းထင်ရွှမ်းက ကျန်ရှိနေသည့် အပြားများကို အလျား ၂၁၀စင်တီမီတာနှင့် အကျယ် ၂၀စင်တီမီတာ ဖြတ်လိုက်သည်။
ရှန်းထင်ရွှမ်းက သစ်သားပြားများကို လေးထောင့်ဘောင်ပုံစံဖြစ်အောင် ဖိလိုက်ပြီးနောက် ၎င်းတို့ကို ချိတ်ဆက်လိုက်သည်။
တစ်ခဏကြာပြီးနောက် ခုတင်တိုင်က အဆင်သင့် ဖြစ်သွားခဲ့သည်။
ရှန်းထင်ရွှမ်းက လေးထောင့်ပုံတိုင်လေးခုကို ပြောင်နေအောင်တိုက်ချွတ်လိုက်ပြီး ခုတင်ခြေထောက်ပြုလုပ်ရန် ခုတင်စင်အောက်တွင် ၎င်းတို့ကို ထားလိုက်သည်။
အားလုံးနေရာချပြီးသွားသောအခါ သူမက တစ်ခြားအပင်ကို လုပ်ရန် စတင်လိုက်သည်။ ဒီအခါ အချပ်များက ၇၀ စင်တီမီတာသာ ရှည်ပြီး ၅ စင်တီမီတာသာ ကျယ်ပေသည်။ ပြီးနောက် သူမက ၎င်းတို့ကို လေးထောင်ပုံစံဖြင့် တူညီစွာထားလိုက်သည်။
ခုတင်အောက်ရှိ သစ်သားခြေနင်းကို ပြုလုပ်လိုက်ပြီး ၎င်းကို ချောမွေ့ပြောင်လက်အောင် တိုက်ချွတ်လိုက်သည်။ ထို့နောက် ခုတင်စင်အောက်တွင် ခြေနင်းကို ထားလိုက်သည်။
ခုတင်တစ်လုံးက အဆင်သင့် ဖြစ်သွားပြီ ဖြစ်သည်။
ရှန်းထင်ရွှမ်းက ဆက်လက် တိုက်ချွတ်နေခဲ့ပြီး အရာရာတိုင်းကို အဖုထစ်မရှိဘဲ ချောမွေ့အောင် သေချာ ပြုလုပ်နေပေသည်။
နောက်ဆုံး ခုတင်ခြေထောက်ကို တိုက်ချွတ်ပြီးသွားသောအခါ ရှန်းထင်ရွှမ်းက ရပ်လိုက်ပြီး ခုတင်တစ်ခုလုံးကို ဂရုတစိုက် ကြည့်လိုက်သည်။ အနီရောင် စန္ဒကူးသားအရောင်က အလွန် ကြည့်ကောင်းပေသည်။ ထို့ကြောင့် ခုတင်လုပ်ရန် အလွန် ကောင်းပေသည်။
ခုတင်က ကြီးမားပေသည်။ ရှန်းထင်ရွှမ်းက ထိုကဲ့သို့ ခုတင်ကြီးကြီးတစ်လုံးကို သဘောကျပေသည်။ ၎င်းပေါ်တွင် အိပ်ရသည်က သက်သောင့်သက်သာ ရှိပေသည်။ ဆန္ဒရှိပါက ခုတင်ပေါ်တွင် လှိမ့်နေလို့ ရပေသည်။
သို့သော် တစ်စုံတစ်ခုကို မေ့နေဆဲ ဖြစ်သည်။ ရှန်းထင်ရွှမ်းက ဓားကို ကောက်ကိုင်လိုက်ပြီး ထွင်းရန် စတင်လိုက်သည်။
ရှန်းထင်ရွှမ်းက သူမ၏ညာဘက်လက်တွင် ဝိညာဉ်စွမ်းအင်ကို စုစည်းလိုက်ပြီး ထွင်းလိုက်သောအခါ ခုတင်ပေါ်ရှိဓားက စာရွက်ပေါ်တွင် လျင်မြန် ညင်သာစွာ ပုံဆွဲနေသော ခဲတံတစ်ချောင်းကဲ့သို့ ဖြစ်သွားသည်။
တစ်ခဏကြာပြီးနောက် နောက်မှီနှင့် ခုတင်အစွန်းပေါ်တွင် အလှဒီဇိုင်းများကို ထွင်းလို့ ပြီးသွားသည်။
နောက်မှီပေါ်တွင် သက်ရှိနှင့် လွန်စွာတူပြီး တစ်ခုချင်းစီက လှပသည့် ကြီးမားသော နဂါးတစ်ကောင် ရှိပေသည်။ အောက်ခြေတွင် အတိတ်နိမိတ်ကောင်းသော တိမ်အလွှာတစ်ခု ရှိပေသည်။
ပတ်ဝန်းကျင် ဘေးပတ်ပတ်လည် အပိုင်းကို ကြည့်ပါက တကယ့်ပန်းများက ဖူးပွင့်နေသကဲ့သို့ အသက်ဝင်နေပေသည်။
ထိုလှပသည့် ဒီဇိုင်းများနှင့် တောက်ပသည့်အနီရောင်က အရမ်းငြီးငွေ့ဖွယ် မကောင်းပေ။
ရှန်းထင်ရွှမ်းက ကော်ဖတ်နှစ်ခုကို သုံးပြီး တိုက်ချွတ်နေခြင်း ပြီးသွားပြီးနောက် အိပ်ရာများ လာပို့သည့် ဝန်ထမ်းဆီမှ ဖုန်းခေါ်ဆိုမှုကို သူမ လက်ခံရရှိလိုက်သည်။
ရှန်းထင်ရွှမ်းက ၎င်းတို့ကို ခြံဝန်းဆီသို့ ယူလာခဲ့သည်။ အိပ်ရာခင်းများကို သယ်လာသည့် လူသုံးယောက်က ခြံပြင်ရှိ ရှန်းထင်ရွှမ်း၏ခုတင်ကို မြင်သွားပြီး “မင်းက ခုတင်ကောင်းတစ်ခု ဝယ်ခဲ့တာပဲ “
ရှန်းထင်ရွှမ်းကလည်း ကျေနပ်အားရသွားပြီး “ကျေးဇူးပါ၊ ငါ ဒါကို ခုပဲ လုပ်ထားတာ“
ဝန်ထမ်းများက သူ့တို့ခြေထောက်ပေါ်မှ လဲကျလုနီးပါး ဖြစ်သွားသည်။ သူတို့က ပရိဘောဂလုပ်ငန်းကသာ ဖြစ်လျှင် ထိုခုတင်က ခိုင်မာတောင့်တင်းသော အနီရောင် စန္ဒကူးသားဖြင့် ပြုလုပ်ထားမှန်း မြင်ရသည်မှာ ထူးဆန်းမည်မဟုတ်ပေ။
ထိုကဲ့သို့ ခိုင်မာတောင့်တင်းသည့် သစ်သားခုတင်မျိုးက အလှဒီဇိုင်းမပါလျှင်တောင် အနည်းဆုံး ၅၀၀၀၀ ယွမ်အထက် ရှိကြောင်း သူတို့သိပေသည်။ ၎င်းက တန်ဖိုးကြီး အမှတ်တံဆိပ်ဖြစ်ပါက အနည်းဆုံး ၁၀၀၀၀၀ ယွမ် ဖြစ်ပေသည်။
၎င်းပေါ်ရှိ အလှဒီဇိုင်းများကို ထည့်မတွက်လျှင်တောင် အနည်းဆုံး ၂၀၀,၀၀၀ ယွမ် ရှိပေသည်။
ပိုပြီးပြောရပါက ထိုဒီဇိုင်းရှိ နဂါးနှင့်တိမ်များက တိမ်ထဲတွင် လွင်မျောနေသည့် တကယ့်နဂါးအစစ်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်မှာ အသက်ရှိနေသည့်အတိုင်းပင် ဖြစ်သည်။ ပြီးတော့ ပန်းများလည်း ရှိသည်။ သင် သေချာကြည့်ပါက အိပ်ရာအစွန်းတွင် တကယ့် အနီရောင်ပန်းအစစ်များ ထားထားသည်ဟု ထင်နေပေလိမ့်မည်။
စျေးကွက်ပေါ်ရှိ ခုတင်တစ်လုံးက မည်မျှ စျေးကြီးကြီး ကိစ္စမရှိပေ။ ၎င်းတို့က ဤအဆင့်ရောက်အောင် မထွင်းထုနိုင်ကြပေ။
မထင်ထားဘဲ ထိုမိန်းကလေးက သူမကိုယ်တိုင် ပြုလုပ်ခဲ့သည်ဟု ပြောလာသည်။ ထိုခုတင်ဘေးရှိ လွှစာမှုန့်များကို ကြည့်ခြင်းအားဖြင့် ၎င်းကို ထိုမိန်းကလေးကိုယ်တိုင် အမှန်တကယ် ပြုလုပ်ထားသည်ဟု အတည်ပြုနိုင်သည်။
ထိုဝန်ထမ်းက တံတွေးမျိုချလိုက်သည်။ သူ့ကို ခုတင်တစ်လုံးကူလုပ်ပေးရန် ထိုမိန်းကလေးကို သူ တကယ်ပဲ မေးချင်ပေသည်။
ယနေ့ခေတ်တွင် ငယ်ရွယ်သည့် မိန်းကလေးများက အလွန်တော်ကြသည်လော်။ ချစ်သူတစ်ယောကေ၏ အကျိုးကျေးဇူးတွေအကြောင်း သူ့အစ်မ အမြဲပြောနေသည်ကို မအံ့ဩတော့ပေ။ ဤကျွမ်းကျင်မှုများဖြင့် ဘာ့ကြောင့် ရည်းစားတစ်ယောက် ရှာနေဦးမည်နည်း။ တစ်ကိုယ်တည်း မွှေးပျံ့နိုင်ကြသည် မဟုတ်လော။
“ငါတို့ အထဲကို ရွှေ့မပေးရဘူးလား
ရှန်းထင်ရွှမ်းက “စိတ်မပူပါနဲ့၊ အရင်ဆုံး ခုတင်အဟောင်းကို ရွှေ့လိုက်ဦးမယ် “ ထို့နောက် သူမက အခန်းထဲသို့ လျှောက်သွားခဲ့သည်။
မကြာမီ ကြီးမားသည့်ခုတင်တစ်လုံးကို အပြင်သို့ ဆွဲထုတ်လာသည့် သူမကို ထိုလူသုံးယောက် မြင်လိုက်ကြသည်။
လူတိုင်းက ကူညီရန် အလျင်စလို ပြေးသွားကြပြီး အိမ်အပြင်သို့ ခုတင်ကို ရွေ့လိုက်ကြသည်။ ထို့နောက် အိမ်ထဲသို့ ခုတင်အသစ်ကို ရွှေ့ရန် ရှန်းထင်ရွှမ်းအား ကူညီလိုက်ကြပြီး ၎င်းပေါ်တွင် မွေ့ယာကို ထားလိုက်သညေ
အစက ထိုသုံးယောက်သည် သူတို့၏ကိုယ်ပိုင်အမှတ်တံဆိပ် မွေ့ယာက အကောင်းဆုံးဖြစ်သည်ဟု ထင်ခဲ့ကြသည်။ သို့သော် သူတို့ရှေ့ရှိ ခုတင်နှင့်ယှဉ်လိုက်သောအခါ အနည်းငယ် မထိုက်တန်ပုံ ပေါ်နေသည်ကို သူတို့ ခံစားလိုက်ရသည်။
ရှန်းထင်ရှန်းက ၎င်းကို အများကြီး မတွေးပေ။ ကျန်ရှိနေသော ငွေပမာဏကို ဝန်ထမ်းအား ပေးချေလိုက်ပြီး သူတို့အတွက် မက်မွန်သီးတစ်လုံးစီ ပေးလိုက်သည်။
သူမက သဘောထားမကြီးခြင်း မဟုတ်ပေ။ သို့သော် သူမက ရှေ့လျှောက်တာဝန်များကို ဂရုတစိုက် စီစဉ်ရပေမည်။
ဂျင်ဆင်းမြစ်တစ်ခု ဖြစ်ဖို့ သူမအတွက် လွယ်ကူနေသလား။
-----
စာရေးသူမှာ ပြောစရာ ရှိနေပါတယ်။
မကြာခဏ အချိန်ပိုဆင်းနေရတာ စာရေးသူအတွက် မလွယ်ပါဘူး....
...
အခန်း (၁၈)
ပို့ဆောင်ရေးသမားများ ထွက်သွားပြီးနောက် ရှန်းထင်ရွှမ်းက ယခင်က သုံးခဲ့သည့် ခုတင်ဘေးစားပွဲကို အပြင် ထုတ်လိုက်သည်။ ၎င်းအထဲတွင် ဘာမှမရှိပေ။ ထို့ကြောင့် သန့်ရှင်းစရာ မလိုအပ်ပေ။
ရှန်းထင်ရွှမ်းက ခြံဝင်းအပြင်သို့ ထပ်သွားလိုက်ပြီး ယခု ခုတင်မှ ကျန်ရှိနေသော သစ်သားများဖြင့် ခုတင်ဘေးစားပွဲ နှစ်လုံးကို ပြုလုပ်လိုက်သည်။
၎င်းကိုလည်း ဝက်အူတစ်ခုမှ မသုံးခဲ့ပေ။ ဆောက်ဖြင့် ချောမွေ့အောင် ထွင်းလိုက်ပြီးနောက် ရှန်းထင်ရွှမ်းက အိမ်ထဲတွင် ၎င်းတို့ကို ထားလိုက်သည်။
ယခင်က ရှိခဲ့သည့် ခုတင်နှင့် ခုတင်ဘေးစားပွဲတို့က ကျန်ရှိနေပြီး ရှန်းထင်ရွှမ်းက ၎င်းတို့ကို တိုက်ရိုက် ချိုးပစ်လိုက်ကာ မီးဖိုချောင်ထဲသို့ ထင်းအဖြစ်သုံးရန် ရွေ့လိုက်သည်။
ရှန်းထင်ရွှမ်းက အလုပ်များ လုပ်ပြီးနောက် ရေချိုးရန် သွားလိုက်သည်။
ထို့နောက် သူမက ငှက်မွေးဂွမ်းကပ်ကို ဖြန့်လိုက်ကာ ခုတင်အသစ်နှင့် အိပ်ရာအသစ်ပေါ်တွင် လှဲလိုက်ပြီး အရမ်း သက်သောင့်သက်သာရှိသည်ဟု ခံစားနေရသည်။
သူမက နေ့ခင်းထိတိုင် အိပ်နေခဲ့ပြီး တာဝန်ပြီးမြောက်ရန် ထုတ်ပြန်သည့် စနစ်၏အသံကိုတောင် မကြားခဲ့ပေ။
သူမ နိုးလာသောအခါ သူမ၏တစ်ကိုယ်လုံးက အတွင်းထဲမှ ကြီးမားသော ပြောင်းလဲမှုတစ်ခု ကြုံခဲ့ရပုံ ပေါ်သည်။
သူမက မှန်ရှေ့တွင် ဂရုတစိုက် စစ်ဆေးလိုက်ရာ သူမမျက်နှာပေါ်ရှိ အစက်အပျောက်တချို့နှင့် နီမြန်းနေခြင်းတို့က ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ မျက်နှာတစ်ခုလုံးက ချောမွတ်နေပြီး အစိုဓာတ် ပြည့်ဝနေပေသည်။
အထဲတွင်တော့ သူမ၏ခန္ဓာကိုယ်တစ်လုံးက အလွန်ချောမွေ့နေပြီး အလွန်သက်သောင့်သက်သာ ရှိနေသည်ဟု ခံစားနေရသည်။
ယင်းက ဝိညာဉ်သွေးကြောများ ၁၀% ပြန်လည်ရရှိခြင်း၏ အကျိုးကျေးဇူးကြောင့် ဖြစ်သည်။
ရှန်းထင်ရွှမ်းက စနစ်ကို ခေါ်လိုက်ပြီး “ငါ အခု အချိန်ပြောင်းလို့ ရပြီလား “
စနစ် “ရပါပြီ။ ဒါပေမဲ့ သင်က ငါးနာရီအတွင်းသာ အချိန်ရွေ့ပြောင်းနိုင်ပါတယ် “
ယင်းက တာဝန်ချိန်ကို ပြင်ဆင်ခြင်းတွင်တောင် ကန့်သတ်ချက်များ ရှိနေပေသည်။ သို့သော် ရှန်းထင်ရွှမ်းအတွက် ထိုကန့်သတ်ချက်က ညသန်းခေါင်တွင် တာဝန်ကို လက်ခံရခြင်းထက် ပိုကောင်းပေသည်။ “ဒါဆို ၅နာရီတိုင်အောင် အချိန်ရွေ့ပြောင်းဖို့ ကူညီပေးပါ “
စနစ် “ကောင်းပြီ။ တာဝန်ချိန် ထုတ်ပြန်မှုကို ၅နာရီထိ အချိန်ရွေ့ပြောင်းလိုက်ပါပြီ။ ဒါပေမဲ့ သင်က နေ့ခင်း ၁၂နာရီမတိုင်ခင် မစ်ရှင်ပြီးမြောက်ရန် လိုအပ်နေပါသေးတယ် “
ရှန်းထင်ရွှမ်း “...”
ဘယ်လိုအသုံးမကျတဲ့ဟာလဲ။
ရှန်းထင်ရွှမ်းက စနစ်ကို တဖန် အာရုံစိုက်ရန် စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။ ပြီးနောက် ညစာပြင်ဆင်ရန် ထလိုက်သည်။ ရှင်းယွမ်ရှန်က ထိုအချိန်၌ အမည်မသိ ပိုးမွှားတို့၏ အခါအားလျော်စွာ အော်မြည်နေသံမှလွဲ၍ အလွန်တိတ်ဆိတ်နေသည်။
သူမ ပထမဆုံးအကြိမ် လာခဲ့တုန်းကထက် အနည်းငယ် ပိုပြီး စည်စည်ကားကားရှိပေသည်။
သို့သော်လည်း ရှင်းယွမ်ရှန်က အင်တာနက်လိုင်း မငြိမ်ပေ။
“မနှစ်သက်သည့် ပရိသတ်များ၏ လှည့်စားမှုကြောင့် ဖြစ်ပွားခဲ့ရသည့် ကားမတော်တဆမှုတွင် ပါဝင်ခဲ့သော ချင်ယွဲ့ကျီ “ ဟူသည့် ခေါင်းစဉ်က ရှာဖွေမှုစာရင်းတွင် တဖြည်းဖြည်း နာမည်ကြီးလာပုံပေါ်သည်။ ထို့နောက် ခေါင်းစဉ်၏နောက်တွင် လူကြိုက်များမှုက ပွက်လောညံလာသည်။ တစ်မိနစ်မပြည့်ခင်မှာပဲ ၎င်းဟာ အနီရောင်အဆင့် “ပေါက်ကွဲနိုင်သော” စကားလုံးဖြစ်လာသည်။ ထို့နောက် Weibo ဟာ လိုင်းကြပ်သွားတော့သည်။
ထိုကိစ္စသည် မြို့တော် B ၏ တရားဝင်အစိုးရအကောင့်တစ်ခုက Weibo တွင် ပို့စ်တစ်ခု တင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ယင်းက မြို့တော် B ၏ ပြည်သူ့လုံခြုံရေးဌာန၏ တရားဝင် Weibo အကောင့်တစ်ခု ဖြစ်သည်။
[မြို့တော် B။ မိသားစုနာမည် ချင်ဖြင့် လူသိများသော အနုပညာရှင်တစ်ယောက် ပါဝင်ခဲ့သည့် မကြာသေးမီက ကားမတော်တဆမှုအကြောင်း ရှင်းလင်းတင်ပြချက်။
ချင်အမည်ရှိ လူသိများသော အနုပညာရှင်တစ်ယောက်သည် သူ့အလုပ်မှ အိမ်ပြန်သောလမ်းတွင် သူ၏ကားဘရိတ်က ဖျက်ဆီးခံခဲ့ရသည်။ အနက်ရောင် xx ကားတစ်စီးကို ချင်အမည်ရှိ အနုပညာရှင်တစ်ယောက်က မောင်းနှင်ခဲ့ပြီး ရှင်းယွမ်ရှန်ရှိ ဝါးတောကို တိုက်မိခဲ့သည်။ ကံအားလျော်စွာ ချင်အမည်ရှိ အနုပညာရှင်မှာ ဒဏ်ရာအပြင်းအထန် မရရှိခဲ့ပေ။
ယခုလက်ရှိ၌ သံသယရှိသူကို ဖမ်းဆီးပြီး တရားမျှတမှုအောင် ဆောင်ရွက်ပေးမည် ဖြစ်သည်။ ]
ဤ Weibo ပို့စ်က စကားလုံး အရေအတွက် နည်းနည်းလေးဖြစ်သော်လည်း ကြီးမားသော အချက်အလက်တစ်ခု ပါပေသည်။ အင်တာနက်အသုံးပြုသူ အများစုက ဖော်ပြပါ အနုပညာရှင်မှာ ချင်ယွဲ့ကျီဖြစ်သည်ဟု ခန့်မှန်းနေကြသည်။
အားလုံးပြီးနောက် ချင်နှင့်စသော လူသိများသည့် အနုပညာရှင်က အများကြီးမရှိပေ။ မနေ့က အလုပ်ပြီးမြောက်ခဲ့သူမှာလည်း ၎င်းတို့ထဲမှ အနည်းငယ်သာရှိသည်။
ထို့ကြောင့် သူတို့က ချင်ယွဲ့ကျီ၏ Weibo သို့ စုံစမ်းမေးမြန်းရန် သွားခဲ့ကြသည်။ မီဒီယာများစွာက သူ၏အေဂျင်စီကို တိုက်ရိုက် ဖုန်းခေါ်ခဲ့ကြသည်။
များစွာသည့် စုံစမ်းမေးမြန်းသူများ ရှိနေသောကြောင့် အိုက်မင်က ထွက်လာကာ Weibo ၌ ပို့စ်တစ်ခု တင်လိုက်ရသည်။
[အိုက်မင်။ မင်းတို့ ယွဲ့ကျီအတွက် စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ်။ ယွဲ့ကျီက အခု လောလောဆယ် တစ်ကိုယ်လုံး စစ်ဆေးမှု ပြုလုပ်ထားပါတယ်။ ဆိုးဝါးတဲ့လူတွေက အပြစ်ပေးခံရမယ်လို့ ငါယုံကြည်ပါတယ်။ ]
ချင်ယွဲ့ကျီက သရုပ်ဆောင် ကြယ်ပွင့်တစ်ယောက် ဖြစ်သည်။ သူ့၌ ပရိသတ်အင်အား ကြီးကြီးမားမား ရှိပေသည်။
ဒါ့အပြင် အနုပညာနယ်ပယ်ရှိ ကြယ်ပွင့်တိုင်းမှာ သူတို့ကို မနှစ်သက်သည့် ပရိသတ်ဟာ ရှိစမြဲပင်။ လူတိုင်းဟာလည်း သူတို့ရဲ့ အသည်းစွဲကို ထိုနည်း၎င်းပင် ဆက်ဆံခံရမည်ကို ကြောက်ရွံ့ ကြသည်။
ရုတ်ခနဲ၊ ချင်ယွဲ့ကျီ၏ ပရိသတ်များနှင့် များစွာသော အခြားလူများ၏ ပရိသတ်များက ထိခိုက်အောင် ပြုလုပ်ခဲ့သည့် ထိုပရိသတ်၏ အချက်အလက်ကို ဖော်ထုတ်ရန် ကြိုးပမ်းလာကြသည်။ တစ်ဖက်လူ၏ မိသားစုအချက်အလက် အားလုံးကို ဖော်ထုတ်ရန် ကြိုးပမ်းလာသည့် တစ်ယောက်တောင် ရှိပေသည်။
ထိုအခိုက်အတန့်၌ ချင်ယွဲ့ကျီက Weibo တွင် ပို့စ်တစ်ခု တင်ခဲ့သည်။ [ချင်ယွဲ့ကျီ။ လမင်းလေးများနဲ့ စိုးရိမ်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကျွန်တော် နေကောင်းပါတယ်။ ပြီးတော့ တစ်ဖက်လူရဲ့ အချက်အလက်တွေကို ရှာဖို့ မလိုပါဘူး။ အဲ့ဒီ ဆိုးဝါးတဲ့လူတွေက နောက်ဆုံးမှာ အပြစ်ပေးတာကို ခံရမှာပါ။ ]
ချင်ယွဲ့ကျီက ပရိသတ်များကို လမင်းလေးများလို့ ခေါ်ပေသည်။ (ဘာသာပြန်မှတ်စု။ ချင်ယွဲ့ကျီနာမည်ရှိ ယွဲ့သည် “လ” ဟု အဓိပ္ပာယ်ရသည့် ယွဲ့နှင့် အသံထွက်တူသည်။ ) Weibo တွင် ပို့စ်တင်တင်ချင်း ချင်ယွဲ့ကျီက အရမ်းကြင်နာတတ်သည်ဟု ပရိသတ်များက အော်ဟစ်နေကြသည်။
အချို့သော ဖြတ်သွားဖြတ်လာများကလည်း ချင်ယွဲ့ကျီက ကြင်နာမှုရှိသလို ဟန်ဆောင်နေသည်ဟု ထင်နေကြသည်။ သို့သော် သူတို့ ပို့စ်တင်ပြီးပြီးချင်း ပရိသတ်များက ထိုမှတ်ချက်များကို ရှုတ်ချလိုက်ကြသည်။
အိုက်မင်က ချင်ယွဲ့ကျီ Weibo မှ ထွက်လိုက်ပြီး သူ့ဘေးရှိလူကို တစ်ချက်ကြည့်လိုက်သည်။
“ဒါက ဘယ်လိုတောင်လဲ “
ချင်ယွဲ့ကျီက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ “သူက နောက်ကွယ်က တကယ်ကြိုးကိုင်နေတဲ့သူ မဟုတ်ဘူး “
သူ၏ ပထမဆုံးပွဲဦးထွက်ကတည်းက အိုက်မင်သည် ချင်ယွဲ့ကျီ၏ ကိုယ်စားလှယ်ဖြစ်ခဲ့သည်။ ချင်ယွဲ့ကျီက ပင်ကိုယ်စွမ်းရည်ရှိပြီး လုံ့လဝီရိယရှိကြောင်း သူက နောက်ကျ မြင်လာခဲ့သည်။ ထို့ကြောင့် သူ့ကို အနုပညာရှင်တစ်ယောက်အဖြစ် သူက ခေါ်ဆောင်လာခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူက ချင်ယွဲ့ကျီအကြောင်း သိလာရသည်။ သူက ထိုအကြောင်းကို ကြားပြီး သက်ပြင်းသာ ချနိုင်ခဲ့သည်။
ချင်ယွဲ့ကျီ “ဆိုက်ဘာအကြမ်းဖက်မှုကို မဖော်ပြချင်ဘူး၊ ပြီးတော့ ဆိုက်ဘာအကြမ်းဖက်မှု ဆိုတာကလည်း မှားနေတာပဲ “
အိုက်မင်က ခေါင်းညိတ်လိုက်သည်။ ချင်ယွဲ့ကျီက ထိုကိစ္စအပေါ် ဘာမှမပြောလျှင် သူ ဆွဲထုတ်ခံရလိမ့်မည်။ အနာဂတ်တွင် တစ်စုံတစ်ခု ဖြစ်ခဲ့ပါကလည်း သူက ပရိသတ်များနှင့် ဖြတ်သွားဖြတ်လာများကို လမ်းပြရန် ပျက်ကွက်ခဲ့ကြောင်း ပြောကြလိမ့်မည်။
မနက်ငါးနာရီတွင် စနစ်က တာဝန်ကို ထုတ်ပြန်လာသည်။
“ကျေးဇူးပြု၍ မင်းစိုက်ထားတဲ့အသီးတွေကို ၇နာရီအတွင်း လူ ၁၀၂၄ ယောက်ကို စားခိုင်းပါ။ “
ရှန်းထင်ရွှမ်းက မျက်လုံးများကို ဖွင့်လိုက်ပြီး မှင်တက်စွာ မေးလိုက်သည်။ “ဒါဆို ဘယ်သူဖြစ်ဖြစ် ညသန်းခေါင်နဲ့ ၅နာရီကြားမှာ အသီးတွေ စားခဲ့မယ်ဆိုရင် အဲဒါကိုရော ထည့်တွက်လို့ရလား “
စနစ်က လျင်မြန်စွာ ဖြေလိုက်သည်။ “ရတယ် ”
ကောင်းပြီ။ ရှန်းထင်ရွှမ်းက စနစ်ကို နှိုးစက်နာရီတစ်ခုအဖြစ် အသုံးပြုမည် ဖြစ်သည်။
မနက် ၇နာရီ၌ စူပါမောမှ လုမင်ဟွေ့က ရောက်လာခဲ့သည်။
လုမင်ဟွေ့သည် ပိုင်လျန်မှ အလုပ်ထွက်ခဲ့ပြီးနောက် ဖေးအုပ်စု၏ လူ့စွမ်းအားအရင်းအမြစ်ဌာနက သူ့ကို ခေါ်ယူခဲ့သည်။ ပထမ၌ လုမင်ဟွေ့က သူ့ကို လိမ်လည်သူတစ်ယောက်ဟု ထင်ခဲ့သည်။
နောက်ဆုံးတွင် သူက အစစ်အမှန်ဖြစ်ကြောင်း တွေ့ရှိသွားသည်။
ဖေးအုပ်စုမှ သေချာကမ်းလှမ်းလာမှု အတွက် လုမင်ဟွေ့က ဘယ်လိုလုပ် လက်မခံဘဲ နေမည်နည်း။ ထို့အပြင် ဖေးအုပ်စုက လုမင်ဟွေ့ကို တခြားသူများကိုလည်း ဖေးသို့ ခေါ်လာနိုင်ကြောင်း ပြောခဲ့သည်။ သို့သော် သူခေါ်လာသည့်လူများကတော့ အင်တာဗျူးရန် လိုအပ်နေဆဲ ဖြစ်သည်။
ထို့ကြောင့် လုမင်ဟွေ့က လီရင်နှင့် စွန်းဖျင်ကို ဖေးအုပ်စုသို့ ခေါ်ဆောင်လာခဲ့သည်။
အလုပ်စဝင်ပြီးနောက် သူတို့ လက်ခံရရှိခဲ့သည့် ပထမဆုံးတာဝန်က အသီးများ ဆွတ်ခူးရန်အတွက် ရှင်းယွမ်ရှန်သို့ လာရန် ဖြစ်ပြီး နောက်ဆက်တွဲ တိုးတက်မှုများအကြောင်း ပြောဆိုရန် ဖြစ်သည်။
ထို့ကြောင့် ယနေ့ လုမင်ဟွေ့က ရောက်လာခဲ့ခြင်းဖြစ်သည်။ အသီးများ စုဆောင်းမှုအပြင် သူက ရှန်းထင်ရွှမ်းနှင့်လည်း ဆွေးနွေးချင်ပေသည်။
ရှန်းထင်ရွှမ်းက အရသာရှိသော ဆီးသီးများနှင့် မက်မွန်သီးများကို စိုက်ပျိုးနိုင်လျှင် အခြားသော အရသာရှိသည့်အသီးများနှင့် ဟင်းသီးဟင်းရွက်များကိုလည်း စိုက်ပျိုးနိုင်လိမ့်မည်ဟု ဖေးမိသားစုက သဘာဝကျစွာ တွေးမိကြသည်။
ယခုလက်ရှိ၌ ရှန်းထင်ရွှမ်းက အသီးနှစ်မျိုးကို တစ်နေ့လျှင် ကတ်တီနှစ်ထောင်ခန့် ထုတ်ပေးနေသည်။ သို့သော် မြို့တော် B ရှိ စူပါမောတစ်ခုတည်းအတွက်ပင် ထိုပမာဏက မလုံလောက်ချေ။ အခြားနေရာများသို့လည်း ပို့ရဦးပေမည်။
လုမင်ဟွေ့က သူ၏အတွေးကို ပြောလိုက်ပြီး ရှန်းထင်ရွှမ်းကို ကြည့်လိုက်သည်။
...