← Chapters

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

…

အခန်း (၂၅)

ရှောင်ဖုန်းက ရှန်းထင်ရွှမ်းကို တစ်ခဏကြာ နှစ်သိမ့်ပေးနေသော်လည်း ရှန်းထင်ရွှမ်းကို ပိုကောင်းလာအောင် မလုပ်နိုင်ပေ။

ရှန်းထင်ရွှမ်းက တောင်ခြေရှိ စားပွဲပေါ်တွင် အသီးများကို တင်လိုက်ပြီး မက်မွန်တောသို့ ပြန်လှည့်သွားသည်။ အပင်များတွင် မက်မွန်ပင်များက တစ်ဝက်အပြည့် ရှိနေဆဲဖြစ်ပြီး ၎င်းတို့၏ မွှေးရနံ့က သင်းပျံ့နေပေသည်။

အရင်တုန်းက ရှန်းထင်ရွှမ်းသည် ထိုရနံ့ကို ရသောအခါ ပျော်ရွှင်လာခဲ့သည်။ သို့သော် ယခုမူ ရှန်းထင်ရွှမ်းက မက်မွန်မပင်ကြီးတစ်ပင်ကို ရွေးလိုက်ပြီး ထိုအပင်ဘေးရှိ မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။

ဂျင်ဆင်းဝိညာဉ်တစ်ခုအနေဖြင့် ရှန်းထင်ရွှမ်းက မပျော်ရွှင်သောအခါ မြေပေါ်တွင် ထိုင်ရသည်ကို နှစ်သက်ပေသည်။ ယင်းသို့ ထိုင်ခြင်းက သူမကို လုံခြုံသည့် ခံစားချက်များ ပေးစွမ်းနိုင်ပေသည်။

အမည်မသိ ငှက်များက အော်မြည်နေပြီး ရှန်းထင်ရွှမ်းက ခြေထောက်ပေါ် လက်တင်ကာ ထိုင်လိုက်ပြီး သူမ၏လက်များပေါ် ခေါင်းလေးကို မှီလိုက်ကာ ရှေ့သို့ ဗလာသက်သက် စိုက်ကြည့်နေပေသည်။

ဘဝက တကယ်ကို ခက်ခဲပေသည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက် ရှန်းထင်ရွှမ်းက မတ်တတ်ထရပ်လိုက်သည်။ သူမက ဘောင်းဘီပေါ်ရှိ ဖုန်များကို ခါလိုက်ပြီး အသီးများကောက်ရန် ဆုံးဖြတ်လိုက်သည်။ နောက်ထပ် ၃၀၀ ပဲ မဟုတ်ဘူးလား။ သူမကသာ ဒီလိုထိုင်နေမယ်ဆိုရင် မစ်ရှင်က သေချာပေါက် ကျရှုံးမှာပဲ။

သူမက ကောင်းကောင်း လုပ်ဆောင်ရပေမည်။

အရင်တုန်းက ရှန်းထင်ရွှမ်းသည် ရွာထဲတွင် နေ့တိုင်း ဆီးသီးနှင့် မက်မွန်သီးများကို ကတ်တီ ၅၀ သာ ထားထားသည်။ ဤအချိန်တွင် ရှန်းထင်ရွှမ်းက အသီးတစ်မျိုးစီကို ကတ်တီ ၅၀ လောက် ပိုခူးမည်ဖြစ်ပြီး တောင်ပေါ်မှ ဖရဲသီးတချို့ကိုလည်း ခူးယူရန် စီစဉ်ထားခဲ့သည်။ ပြီးနောက် တောင်ခြေတွင် ၎င်းတို့ကို ရောင်းရန်အတွက် ထားမည်ဖြစ်သည်။

ဝယ်သူတစ်ယောက်က ဖရဲသီးတစ်လုံးလုံးဝယ်လျှင် လူတစ်ယောက်ထဲက တစ်လုံးလုံးကုန်အောင် သေချာပေါက် စားနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရှန်းထင်ရွှမ်းက ဖရဲသီးတစ်လုံးကို အစိပ်အများကြီး စိပ်ပြီး ရောင်းရန် စီစဉ်ထားခဲ့သည်။

ရှန်းထင်ရွှမ်းက တောင်ခြေ၌ ဆီးသီးနှင့် မက်မွန်သီးများကို ထားပြီးနောက် ဖရဲသီးများ ခူးယူရန် ပြန်လှည့်သွားခဲ့သည်။ သူမက ဖရဲသီးများခူးပြီး ပြန်လာသောအခါ စားပွဲရှေ့တွင် တခြားကားတစ်စီး ထိုးရပ်ထားသည်ကို ရှန်းထင်ရွှမ်းက တွေ့လိုက်ရသည်။

ထိုကားက မရင်းနှီးသည့် ကားတစ်စီးဖြစ်သည်။

ရှန်းထင်ရွှမ်းက အနီးကပ်ပြီး မကြည့်ခဲ့ပေ။ ၎င်းက ချင်ယွဲ့ကျီမဟုတ်လျှင် သူမက စိတ်မဝင်စားပေ။ သူမက စားပွဲပေါ်တွင် ဖရဲသီးများ တင်ထားပြီးနောက် ကားထဲမှ လူနှစ်ယောက်ထွက်လာသည်ကို မြင်လိုက်ရသည်။

နောက်ထပ် မမျှော်လင့်ထားတဲ့ လူပဲ။

ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီနှင့် အိုက်မင်တို့ တကယ်ပဲ ဒီနေရာတွင် ရှိမည်ဟု မမျှော်လင့်ခဲ့ချေ။

ရက်အနည်းငယ်ကြာပြီးနောက် ချင်ယွဲ့ကျီ၏မျက်နှာပေါ်ရှိ သွင်ပြင်က အရင်ကထက် ပိုကောင်းလာခဲ့သည်။ သူက ရှန်းထင်ရွှမ်းကို ကြည့်လိုက်ပြီး “မတွေ့တာကြာပြီနော် “

ချင်ယွဲ့ကျီက မုန့်တချို့ ဝယ်လာခဲ့သည်။ မူလက သူသည် အသီးတချို့ဝယ်ရန် စီစဉ်ထားသော်လည်း ရှန်းထင်ရွှမ်းက သူမကိုယ်တိုင် အသီးများစိုက်ပျိုးသည်ကို စဉ်းစားမိသွားသည်။ နောက်ဆုံးတွင် အိုက်မင်က မိန်းကလေးများကြိုက်တတ်သည့်အရာများကို ပြောပြီး မုန့်တချို့ သွားဝယ်ခဲ့သည်။

အိုက်မင်က ရှန်းထင်ရွှမ်းကို မုန့်ထုပ်ကြီးနှစ်ထုပ် ကမ်းပေးလိုက်သည်။ “ဒါက မင်းအတွက်ပါ “

ရှန်းထင်ရွှမ်းက မုန့်များအကြောင်း အာရုံမရှိပေ။ သူမက ချင်ယွဲ့ကျီကို မြင်ရသည့်အချိန်တွင် ပျော်ရွှင်သွားတော့သည်။

ရှန်းထင်ရွှမ်းက မုန့်များ မယူသည်ကို အိုင်မင်က မြင်လိုက်ရသည်။ ထို့နောက် သူမက လှည့်ထွက်သွားပြီး စားပွဲပေါ်ရှိ ဖရဲသီးကို လက်ဗလာဖြင့် ခွဲလိုက်သည်။ အိုက်မင်က အလွန်ထိတ်လန့်သွားသောကြောင့် သူ့လက်ကို ခါလိုက်သည်။ ဖရဲသီးက တစ်ချက်ကြည့်ရုံဖြင့် ၁၀ ကတ်တီလောက်ရှိပေသည်။ ၎င်းကို နှစ်ခြမ်းဖြစ်အောင် ခွဲနိုင်သည့်သူက အလွန်အမင်း အားစိုက်ရပေမည်။

ရှန်းထင်ရွှမ်းက အစိပ်အသေးတစ်စိပ် ခွဲလိုက်ပြီး ချင်ယွဲ့ကျီကို ကမ်းပေးလိုက်သည်။ “စားကြည့် ဒီဖရဲသီးက မှည့်နေပြီ၊ အရမ်းချိုတယ် “

ချင်ယွဲ့ကျီငြင်းဆိုလိမ့်မည်ကို စိုးရိမ်သွားပြီး ရှန်းထင်ရွှမ်းက ဖရဲသီးကို ချင်ယွဲ့ကျီ၏ ပါးစပ်ထဲသို့ တိုက်ရိုက် ထိုးထည့်လိုက်သည်။

ချင်ယွဲ့ကျီ၏ အေးစက်သည့်အမူအရာက ပျောက်သွားကာ ချိုမြိန်သည့်ဖရဲသီးရည်လေးက သူ့နှုတ်ခမ်းနှင့် သွားများကြားမှ အစာအိမ်ထဲသို့ လျင်မြန်စွာ စီးကျသွားခဲ့သည်။ သူက ပါးစပ်အတွင်း ကျန်ရှိနေသည့် ဖရဲသီးများကို မသိစိတ်အရ မျိုချလိုက်မိသည်။

ချင်ယွဲ့ကျီက တစ်ကိုက်ကိုက်သည်ကို မြင်ပြီးနောက် အိုက်မင်က မှင်တက်နေရာမှ လန့်နိုးလာခဲ့ပြီး ပြောလိုက်သည်။ “ယွဲ့ကျီလား “

နောက်ဆုံးတွင် ချင်ယွဲ့ကျီက ဖရဲသီးများကို စားပြီးသွားပြီး သူ့မျက်နှာက တည်ငြိမ်နေပေသည်။

“ငါတို့ အသီးတချို့ ဝယ်ချင်လို့ “

“ကောင်းပြီ “ ရှန်းထင်ရွှမ်းက ရောင်းဖို့မပြောနဲ့ ချင်ယွဲ့ကျီက အသီးများကို စားနေသရွေ့ သူမက အကုန်လုံး ပေးပစ်လိုက်ရလည်း ကိစ္စမရှိပေ။

အိုက်မင်က ချင်ယွဲ့ကျီကို ကြည့်လိုက်သည်။ ဤမိန်းကလေးက ချင်ယွဲ့ကျီ၏ ပရိသတ်အကြီးစား ဒါမှမဟုတ် အလွန်ရူးသွပ်သည့် ပရိသတ်တစ်ယောက် ဖြစ်ရမည်ဟု သိထားတာ ကြာပြီ ဖြစ်သည်။

ချင်ယွဲ့ကျီ ကားမတော်တဆဖြစ်သောအခါ သူမက အဘယ့ကြောင့် ရဲကို မခေါ်ခဲ့သနည်း။ ထိုအစား ချင်ယွဲ့ကျီကို ကောင်းကောင်း ဂရုစိုက်ပေးနေသည်။ သူတို့ ပြန်သောအခါ သူမက အသီးအများကြီးကိုတောင် ပေးခဲ့သေးသည်။

အိုက်မင်က ရှန်းထင်ရွှမ်း၏ ယာယီစားပွဲပေါ်ရှိ အသီးများကို မြင်သောအခါ ပြောလိုက်သည်။

“ငါတို့က အများကြီးလိုတာ၊ မင်း ဘယ်လောက်များများ ပေးနိုင်လဲ “

ရှန်းထင်ရွှမ်းက နောက်ရက်များရှိ တာဝန်များ၏ ပမာဏကို တွက်ချက်လိုက်သည်။ ထို့‌နောက် ပြောလိုက်သည်။

“ကတ်တီထောင်‌ရေ အနည်းငယ်လောက်ဆိုရင်တော့ ပြဿနာမရှိပါဘူး “

အိုက်မင်က နင်သွားသည်။ ပထမဆုံး ရှန်းထင်ရွှမ်းက လက်ဗလာဖြင့် ဖရဲသီးကို ခွဲလိုက်သည်။ ထို့နောက် ချင်ယွဲ့ကျီက ဣန္ဒြေမဆည်ဘဲ ဖရဲသီးကို စားခဲ့သည်ကို မြင်ပြီး ရှန်းထင်ရွှမ်းတွင် တစ်တောင်လုံး ရှိသည်ကို သူ့က မေ့သွားပေသည်။ သူက ချင်ယွဲ့ကျီကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ဆီးသီး၊ မက်မွန်သီးနဲ့ ဖရဲသီးတွေကို ၂၀၀ ကတ်တီစီ ပေးပါ “

“ခဏစောင့်ပေးဦး၊ ကျွန်မ အသီးတွေခူးဖို့ တောင်ပေါ်သွားလိုက်ဦးမယ် “ စားပွဲပေါ်ရှိ ဆီးသီးနှင့် မက်မွန်သီးများက တစ်ရာကတ်တီလောက်သာ ရှိပြီး မလုံလောက်ပေ။ ရှန်းထင်ရွှမ်းက အိုက်မင်ကို ဖရဲသီးတစ်စိပ် ပေးလိုက်သည်။ ထို့နောက် သူမက အသီးများခူးရန် ပြန်သွားလိုက်သည်။

အိုက်မင်က ဖရဲသီးကို ကိုင်ထားပေသည်။ ချင်ယွဲ့ကျီက သူ့ကို ခေါ်လာသောကြောင့် ဤဖရဲသီးကို စားနိုင်သည်ဟု သူက ခံစားနေရသည်။

သူက ခေါင်းငုံ့ကာ ဖရဲသီးတစ်ကိုက် ကိုက်လိုက်သည်။ အရင်က ချင်ယွဲ့ကျီပြန်ယူလာသည့် အသီးများကို အိုက်မင်က တွေးနေခဲ့သည်။ ၎င်းက အလွန်အရသာရှိပေသည်။

ယခုထိတိုင် သူစားခဲ့ဖူးသည့် ပထမဆုံးတစ်ကိုက်ကို သတိရနေဆဲဖြစ်သည်။ ၎င်းက ဆီးသီးဖြစ်ပြီး တစ်ကိုက်ကိုက်ပြီးနောက် သူစားခဲ့ဖူးသမျှ အသီးများတွင် ထိုဆီးသီးက အကောင်းဆုံးအသီးလို့တောင် တွေးနေခဲ့သည်။ နူးညံ့ချိုမြိန်ပြီး အရသာက ကောင်းလွန်းပေသည်။

ယခု သူ့ရှေ့ရှိ ဖရဲသီးက ဆီးသီးများထက် မလျော့ကြောင်း သိလိုက်ရသည်။ တစ်ကိုက် စားကြည့်ပြီးနောက် သူ့လျှာဖျားက ကခုန်နေသည်ဟုတောင် ခံစားခဲ့ရသည်။ ၎င်းက လုံးဝ ဆီးသီးများနှင့် ကွဲပြားပေသည်။ ၎င်းက ယခုလို ပူပြင်းသည့် နွေရာသီတွင် တစ်ကောက်လောက် စားရုံဖြင့် တကယ့်ကို လန်းဆန်းသွားပေလိမ့်မည်။

ချင်ယွဲ့ကျီက ယခု ဖရဲသီးစိပ်များအားလုံးကို စားပစ်လိုက်တာ အံ့ဩစရာ မရှိတော့ပေ။

ရှန်းထင်ရွှမ်းက အသီးများကို လျင်မြန်စွာ ခူးလိုက်သည်။ တစ်မျိုးကို ၂၀၀ ကတ်တီစီဟု ပြောခဲ့သော်လည်း ရှန်းထင်ရွှမ်းက အများကြီး ပိုထည့်ပေးလိုက်သည်။

အိုက်မင်က ငွေပေးချေလိုက်သည်။

ချင်ယွဲ့ကျီက များစွာသော အချိန်ဇယားများဖြင့် အလုပ်ရှုပ်နေခဲ့သည်။ ကားမတော်တဆ ဖြစ်ပြီးနောက် သူက ဆေးရုံတွင် ရက်အနည်းငယ်ကြာ ပြန်လည်အားဖြည့်နေရပြီး ပြဿနာမရှိတာ အတည်ပြုပြီးနောက် သူက သူ့အချိန်ဇယားများကို အပြေးအလွှား စတင်လိုက်သည်။ ထို့ပြင် သူက အသီးများ ဝယ်ရင်း ရှန်းထင်ရွှမ်းကို လူကိုယ်တိုင် ကျေးဇူးတင်ချင်သေးသည်။

ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီကို အသီးများအား နေ့တိုင်းစားရန် လိုအပ်ကြောင်း ထပ်ခါထပ်ခါ ရှင်းပြနေခဲ့ပြီး နောက်ဆုံးတွင် ရှန်းထင်ရွှမ်း၏ တွန့်ဆုတ်သည့် မျက်လုံးများအောက်တွင် အိုက်မင်က ချင်ယွဲ့ကျီကို အဝေးသို့ ခေါ်သွားပေသည်။

ပြူးကျယ်သည့်မျက်လုံးများဖြင့် မကျေမနပ်ကြည့်နေသည့် ရှန်းထင်ရွှမ်းကို နောက်ကြည့်မှန်မှ မြင်လိုက်ရပြီး အိုက်မင်က လူဆိုးတစ်ယောက်လို ခံစားလိုက်ရသည်။

ချင်ယွဲ့ကျီကလည်း ရှန်းထင်ရွှမ်း၏ အမူအရာကို မြင်လိုက်သည်။ သူ၏ အမြဲတမ်း စိတ်မဝင်စားသလို ဖြစ်နေသည့် မျက်လုံးများက နွေးထွေးသွားပေသည်။

အိုက်မင်က ကားထဲရှိ အသီးများ၏ ရနံ့ကို ရလိုက်ပြီး “ယွဲ့ကျီက ပရိသတ်တွေကို တကယ် ကောင်းတာပဲ “

ချင်ယွဲ့ကျီ၏ မွေးနေ့က ဇူလိုင် ၂၇ ရက်နေ့ ဖြစ်သည်။ သူ၏ ပထမဆုံးပွဲဦးထွက်ကတည်းက ချင်ယွဲ့ကျီသည် သူ့မွေးနေ့ကို နှစ်တိုင်း ပရိသတ်များဖြင့် ကုန်ဆုံးခဲ့သည်။ ဤနှစ်တွင် ကားမတော်တဆဖြစ်သွားသော်လည်း ကံကောင်းစွာပင် ချင်ယွဲ့ကျီက လျင်မြန်စွာ ပြန်ကောင်းလာခဲ့သည်။

အခုက ၂၇ရက်နေ့သို့ နီးကပ်လာပြီဖြစ်သည်ကို မြင်သောအခါ အိုက်မင်က ချင်ယွဲ့ကျီအနားယူရန် အချိန်ဇယားကို စီစဉ်ထားခဲ့သည်။ သို့သော် ချင်ယွဲ့ကျီက ငြင်းဆိုလိုက်ပြီး သူ့ပရိသတ်များနှင့်အတူ အချိန်ဖြုန်းမည်ဟု ပြောခဲ့သည်။

မွေးနေ့ဧည့်ခံပွဲအတွက် အသီးများနှင့် မုန့်များ ဝယ်ရန် လိုပေသည်။ ထိုအချိန်တွင် ချင်ယွဲ့ကျီလက်ထောက် ရှောင်ယွဲ့နှင့် ချင်ယွဲ့ကျီက သူတို့ ရှင်းယွမ်ရှန်ကို အသီးဝယ်ရန် သွားကြမည်ဟု ပြိုင်တူ ပြောခဲ့ကြသည်။ အိုက်မင်က ဘာမှမပြောသော်လည်း သူလည်း စိတ်ထဲတွင် သဘောတူပေသည်။

…

ယာဉ်မတော်တဆ ဖြစ်ပြီးနောက် ချင်ယွဲ့ကျီက အသီးများ ယူလာသောအခါ ရှောင်ယွဲ့က အသီးရနံ့များကို ရသွားသည်။

သူက ကော်ဖီစားပွဲပေါ်တွင် အသီးများကို တင်ထားခဲ့ပြီး အားလုံးကို စိတ်ကြိုက် စားခွင့်ပေးထားခဲ့သည်။

တကယ်တော့ ရှောင်ယွဲ့က အစားအစာအတွက် သိပ်မတောင်းဆိုခဲ့ပေ။ ချင်ယွဲ့ကျီ မကျော်ကြားသေးသည့် အချိန်ကတည်းက သူက ချင်ယွဲ့ကျီနှင့် နေ့လယ်အတူစားခဲ့ပြီး တစ်ခါတစ်ရံ ညစာအတွက် အသီးရွက်ပြုတ်များတောင် စားခဲ့သည်။

ချင်ယွဲ့ကျီ အောင်မြင်လာပြီး နောက်မှ ရှောင်ယွဲ့က ပို၍ ကောင်းကောင်းမွန်မွန် စားခဲ့ရသည်။ သူက ဆင်းဆင်းရဲရဲ စားခဲ့ရသော်လည်း ‌ရှောင်ယွဲ့က အဆင်ပြေပေသည်။

ရှောင်ယွဲ့က ဆီးသီးတစ်အိတ်ကို ထုတ်ယူခဲ့ပြီး “ဒီဆီးသီးတွေက အရသာရှိမဲ့ပုံပဲ “

ပရိသတ်များစွာကလည်း ချင်ယွဲ့ကျီဆီသို့ နိုင်ငံခြားမှ ဝယ်ယူခဲ့သည့် အသီးများအပါအဝင် အသီးမျိုးစုံကို ပို့ပေးခဲ့ကြသည်။ ချင်ယွဲ့ကျီက တစ်ခါတစ်ရံ ဝန်ထမ်းများကို အသီးများ ပေးလေ့ရှိသည်။

ရှောင်ယွဲ့က ကောင်းမွန်သည့် အသီးအများအပြားကို စားဖူးသည်ဟု ပြောနိုင်ပေသည်။

သို့သော် ဒီဆီးသီးများက သူအရင်က စားဖူးခဲ့သည့် အကောင်းဆုံးအသီးများထက် ပိုကောင်းကြောင်း ဝန်ခံပေသည်။

အိုက်မင်က တစ်ချက် ကြည့်လိုက်သည်။ ထို့နောက်က သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး နောက်ဆက်တွဲကိစ္စများကို မည်သို့ ကိုင်တွယ်ရမလဲ ချင်ယွဲ့ကျီကို ဆက်မေးရန် အဆင့်သင့် ဖြစ်နေခဲ့ပေသည်။

သူက ရနံ့ရလိုက်သည်။ ဘေးရှိ ရှောင်ယွဲ့က အခွံနွှာပြီးနေပြီ ဖြစ်ပြီး ဆီးသီး၏ ရနံ့က ကောင်းကောင်းထွက်ပေါ်လာပေသည်။

ထို့နောက် ရှောင်ယွဲ့က ဆီးသီးများစားနေပြီး အသီးရည်များ ဖိတ်စင်သွားသည်ကို အိုက်မင်က မြင်လိုက်ရသည်။

ထိုမြင်ကွင်းက အနှေးပြကွက်ဖြင့် မြင်လိုက်ရပုံပေါ်ပြီး အိုက်မင်က တံတွေးမျိုချလိုက်သည်။

ပြီးနောက် အိုက်မင်က ရုတ်တရက် ချင်ယွဲ့ကျီကို မေးမည့် မေးခွန်းကို မေ့သွားကာ ရှောင်ယွဲ့နောက်လိုက်ပြီး ဆီးသီးများ စားနေတော့သည်။

နာရီဝက်ထက်မနည်းကြာသည်ထိ သူတို့နှစ်ယောက်သားက ရှန်းထင်ရွှမ်းပေးခဲ့သည့် အသီးများကို စားနေကြသည်။

အမှန်တိုင်းဆိုရလျှင် ဆီးသီးများကို အရမ်းမစားနိုင်ကြတော့ပေ။ သို့သော် အစားကြီးသည့် ထိုနှစ်ယောက်က သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြပေ။ ဘယ်သူက ဒီဆီးသီးကို အရမ်းအရသာရှိအောင် လုပ်ထားတာလဲ။

သူတို့နှစ်ယောက်က စားသောက်ပြီးနောက် မသက်မသာ ခံစားနေရဆဲ ဖြစ်သည်။ သူတို့က တူတစ်ချောင်းကို ရှာပြီး ဆီးသီးအူတိုင်ကို ခွဲလိုက်ကာ အတွင်းမှ အစေ့များကို စားလိုက်ကြသည်။

ကံကောင်းထောက်မစွာပင် သူတို့နှစ်ယောက်က နောက်တစ်နေ့တွင် အဆင်ပြေနေခဲ့ပေသည်။

ရှောင်ယွဲ့က ချင်ယွဲ့ကျီ ပြန်ကောင်းလာသည်ကို စောင့်နေခဲ့ပြီးနောက် အသီးတချို့ ပြန်သွားဝယ်ချင်ခဲ့သည်။ သို့သော် ချင်ယွဲ့ကျီက ဆေးရုံမှဆင်းလာသောအခါ အလုပ်များကို အပြေးအလွှား စတင်လိုက်တော့သည်။

ထို့ကြောင့် သူက ယနေ့တိုင် စောင့်နေခဲ့ရသော်လည်း ယနေ့တွင် ချင်ယွဲ့ကျီ၏ စာရွက်စာတမ်းများကို ယူရန် ကုမ္ပဏီက ပြန်ခေါ်ခဲ့သည်။

အိုက်မင်က ကားထဲရှိ အသီးရနံ့ကို ရလိုက်ကာ တံတွေးမျိုချလိုက်ပြီး သူက အနည်းငယ် ရှက်သလိုဖြစ်သွားသည်။ ထို့ကြောင့် သူက ခေါင်းစဉ်တစ်ခုရှာလိုက်သည်။ “ပွဲမစခင် ရှောင်ယွဲ့က အသီးတွေ စားပစ်လိုက်မှာကို ငါ နည်းနည်းတော့ စိုးရိမ်မိတယ် “

ချင်ယွဲ့ကျီ “...” ငါက မင်းကိုလည်း စိုးရိမ်မိတယ်။

ထိုအချိန်တုန်းက သူတို့နှစ်ယောက် ဆီးသီးစားသည့်နှုန်းက မယုံနိုင်စရာ ဖြစ်သည်။

အိုက်မင်က ချင်ယွဲ့ကျီ၏ အကြည့်များကို မြင်ပြီး သူက နှာခေါင်းကို ပွတ်လိုက်သည်။ ကောင်းပြီ။ ရှန်းထင်ရွှမ်းစိုက်ထားတဲ့ အသီးတွေကို ဘယ်သူက အရမ်းအရသာရှိ‌အောင် လုပ်ခိုင်းထားလို့လဲ။ ချင်ယွဲ့ကျီ၏ မွေးနေ့ပွဲက သန်ဘက်ခါတွင် အံ့ဩဖွယ်ရာများ ဖြစ်လိမ့်မည်ဟု သူက ခန့်မှန်းမိပေသည်။

ချင်ယွဲ့ကျီ ထွက်သွားပြီးနောက် ရှန်းထင်ရွှမ်းက စနစ်၏ စက်ပိုင်းဆိုင်ရာအသံကို ကြားလိုက်ရသည်။

“ဆယ့်ငါးကြိမ်မြောက် မစ်ရှင်ကို ပြီးမြောက်ခြင်းအတွက် ဂုဏ်ယူပါသည်။ ဆုတစ်ခုရရှိပါသည်။ ဝိညာဉ်သွေးကြော ၁၅% ကို ပြန်လည်ရရှိပြီး ယခင်က စကေးဖြစ်သည့် တိရစ္ဆာန်များနှင့် ဆက်သွယ်နိုင်ခြင်းစွမ်းရည်ကို ပြန်လည် အသက်သွင်းလိုက်ပါပြီ “

“ဟေး မစ်ရှင် ပြီးသွားပြီပဲ “ ရှန်းထင်ရွှမ်းက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ယနေ့က လူ‌အယောက် ၁၆၀၀၀ ကျော် ရှိပေသည်။ သူမက အနည်းဆုံးတော့ နေ့လယ်လောက်မှ ပြီးမည်ဟု ထင်ထားခဲ့သည်။ ဆိုရလျှင် ချင်ယွဲ့ကျီကို လူတစ်ရာစာ တွက်နိုင်သည်။

စနစ်က အင်တင်တင် ပြောလိုက်သည်။

“BUG အဆင့်မြှင့်တင်လိုက်တာ၊ သူ တစ်ကိုက်စားတာက လူ ၂၀၀ စားတာနဲ့ ညီမျှတယ် “

ရှန်းထင်ရွှမ်း "!!!"

လူသားတွေက BUG ကို အဆင့်မြှင့်တင်နိုင်တာပဲ။ သူမက အင်တာနက်ဆယ်လီတစ်ယောက် ဖြစ်ဖို့ အလုပ်ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။ ပြီးနောက် သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုသို့ ချင်ယွဲ့ကျီကို ဖိတ်ရပေမည်။

သတင်းများ နားထောင်ပြီးနောက် အရမ်းပျော်ရွှင်နေခဲ့ပြီး သူမက ရုတ်တရက် တခြားအရာကို တုံ့ပြန်မိသွားသည်။ စနစ်က ပြောခဲ့သည်။ သူမ၏ အရင်စကေးကို အသက်သွင်းခဲ့ပြီး ယင်းက တိရစ္ဆာန်များနှင့် ဆက်သွယ်နိုင်သည်လား။

ဂျင်ဆင်းဝိညာဥ်အနေဖြင့် နှစ်များစွာ ရှင်သန်ခဲ့ပြီးနောက် သူမက တိရစ္ဆာန်အားလုံးနှင့် ဆက်သွယ်နိုင်ခဲ့သည်။ သို့သော် ရှန်းထင်ရွှမ်းအဖြစ် ကူးပြောင်းလာခဲ့ပြီးနောက် သူမ၏ကိုယ်က လူသားတစ်ယောက်ဖြစ်နေသည်။ ထို့ကြောင့် သူမက ရှင်းယွမ်ရှန်ရှိ တိရစ္ဆာန်များနှင့် မည်သို့စကားပြောရမည်မှန်း မသိခဲ့ချေ။

သို့သော် ယနေ့ ထိုစကေးကို အသက်သွင်းပြီးနောက် ရှန်းထင်ရွှမ်းက ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်များ စကားပြောနေသည်ကို နားလည်နိုင်ကြောင်း ရှာတွေ့သွားခဲ့သည်။

ဥပမာအားဖြင့် မနီးမဝေးရှိငှက်တစ်ကောင်က အော်မြည်နေပေသည်။ "ပူတယ် အရမ်းပူတယ် "

ဘေးနားရှိ ငှက်က တုံ့ပြန်လိုက်သည်။ "မအော်နဲ့၊ အရမ်းဆူတာပဲ "

အဝေးရှိ သစ်တောတွင် ပိုးကောင်တစ်ကောင်လည်း ရှိပေသည်။ "နှလုံးသားက တည်ငြိမ်နေရင် မင်းက သဘာဝကို ကောင်းကောင်း ခံစားမိလိမ့်မယ် "

ရှန်းထင်ရွှမ်းက ပြုံးလိုက်သည်။ ဒီနေ့က တကယ့်ကို နေ့ကောင်းလေးပဲ "

ဘေးဘက်မှ စနစ်၏ အေးစက်စက်အသံက ထွက်ပေါ်လာသည်။ "ဒီနေ့တာဝန်က ပြီးမြောက်ဖို့ လူ ၃၂၇၆၈ ယောက် လိုတယ် "

ရှန်းထင်ရွှမ်း "..." ငါ နင့်ကို ပြောခွင့်ပြုလို့လား။

စနစ် "သင့်ရဲ့ ဝိညာဉ်သွေးကြောတွေ ပိုပြီးရရှိဖို့ စနစ်ရဲ့ လုပ်ဆောင်ချက်တွေကို တိုးမြှင့်ရလိမ့်မယ် "

ရှန်းထင်ရွှမ်း၏ မျက်လုံးများက တောက်ပလာပြီး "ဥပမာကရော "

စနစ် "လုပ်ဆောင်ချက်တွေအကြောင်း ပြောရရင် လူသားပိုဆန်လာနိုင်တယ်၊ ဥပမာအားဖြင့် ငါက မင်းရဲ့အတွေးတွေကို ဖတ်နိုင်လာလိမ့်မယ် "

"ငါ ဒီအစီအစဥ်ကို ပိတ်ဖို့ တောင်းဆိုလို့ရမလား " စနစ်က သူမစိတ်ထဲမှ အတွေးများကို သတင်းရယူခြင်းက ကောင်းသည့်အရာ မဟုတ်ပေ။

စနစ်က ထပ်မပြောတော့ပေ။ ရှန်းထင်ရွှမ်းက သက်ပြင်းချလိုက်သည်။

ရှန်းထင်ရွှမ်းက ခဏလောက် စိုက်ပျိုးနေခဲ့ပြီး ငှက်တစ်ကောင်က ပျံသန်းလာပြီး တီးတိုးပြောလိုက်သည်။ “အားရွှမ်း အာရွှမ်း တစ်ယောက်ယောက်က မင်းကို အောက်မှာ စောင့်နေတယ် "

"အိုခေ ကျေးဇူးပါ " ရှန်းထင်ရွှမ်းက မျိုးစေ့များကို ချထားလိုက်ပြီး တောင်အောက် ပြေးဆင်းသွားလိုက်သည်။

-----

စာရေးသူမှာ ပြောစရာ ရှိနေပါတယ်။

ရှန်းထင်ရွှမ်း။ ချင်ယွဲ့ကျီကို သိမ်းထားမယ်။

အိုက်မင်။ ငါပြောပါတယ်။ သူက မင်းပရိသတ်ပါဆို။

စနစ်။ မဟုတ်ဘူး။ သူမက အဲ့လိုမဟုတ်ဘူး။ သူမက တာဝန်ပြီးမြောက်ဖို့ BUG ကို လိုအပ်နေတာ။

ချင်ယွဲ့ကျီ။ ?

…

အခန်း (၂၆)

လက်စသတ်တော့ ဝိုင် ပို့ဆောင်ရေးကား ရောက်လာတာပဲ။

သို့သော်လည်း ယနေ့ ပို့ဆောင်ပေးရန် လာသည့် ပို့ဆောင်ရေးသမားက အရင်က ပို့ဆောင်ရေးသမား အဘိုးကြီးတု မဟုတ်ခဲ့ပေ။ လောင်တိန့်ဟုခေါ်သည့် တခြားတစ်ယောက်ဖြစ်သည်။

“ဒါက အားရွှမ်းလား ခင်‌ဗျ “

ရှန်းထင်ရွှမ်း “ဟုတ်ပါတယ် “

“မင်းရဲ့ အထုပ် ရောက်ရှိပါပြီ “ လောင်တိန့်က ရှန်းထင်ရွှမ်း၏ အထုပ်များအားလုံးကို တောင်ခြေတွင် ထားလိုက်သည်။

၎င်းတို့က တစ်ဒါဇင်လောက်ရှိသည့် အထုပ်များဖြစ်ပြီး အထုပ်အားလုံးသည် မနေ့က ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှ ဝယ်ခဲ့သည့်မုန့်များ ဖြစ်ပေသည်။ ထို့ကြောင့် အရမ်းမလေးပေ။

လောင်တိန့်က တောင်ခြေတွင် အထုပ်များကို ထားပြီးနောက် သူက ဘေးတွင် မတ်တတ်ရပ်ပြီး စောင့်နေပေသည်။ ရှန်းထင်ရွှမ်းက အဘိုးကြီးတုကို မက်မွန်သီးများ ပေးခဲ့သည့်အတွက် သူမက သူ့ကိုလည်း အသီးအချို့ ပေးပေလိမ့်မည်။

ထို့ကြောင့် လောင်တိန့်က ခဏလောက် စောင့်နေခဲ့သည်။ သို့သော် ရှန်းထင်ရွှမ်းက တစ်ခုခုယူလာသည်ကို သူက မမြင်မိပေ။

ဆန့်ကျင့်ဘက်အနေဖြင့် ရှန်းထင်ရွှမ်းက ထိုအထုပ်များကို ဖောက်လိုက်ပြီး သူမ၏ ခြင်းထဲသို့ ထည့်လိုက်သည်။ အားလုံးလုပ်ဆောင်ပြီးနောက် လောင်တိန့်က ဤနေရာတွင် ရှိနေဆဲဖြစ်သည်ကို မြင်သွားပြီး ရှန်းထင်ရွှမ်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။ “ဘာပြဿနာ ရှိလို့လဲ “

လောင်တိန့်က သူ့နှာခေါင်းကို ထိလိုက်ပြီး အနည်းငယ် ရှက်သွားခဲ့သည်။ “အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်၊ ဒါဆို ကျွန်တော်သွားပါတော့မယ် “

ရှန်းထင်ရွှမ်းက သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး ဘူးခွံများကို မနီးမဝေးရှိ အမှိုက်ပုံးထဲသို့ လှမ်းပစ်လိုက်သည်။ ထို့‌နောက် မုန့်များနှင့်အတူ တောင်ပေါ်သို့ တက်သွားခဲ့သည်။ ရှန်းထင်ရွှမ်းက လမ်းမမှတဆင့် ခြံဝန်းထဲသို့ ပြန်လျှောက်မလာတော့ဘဲ တောင်ပတ်လမ်းတစ်လျှောက် ပတ်သွားလိုက်သည်။

နောက်ဆုံးအခေါက်တုန်းက အဘိုးကြီးတုသည် သူမကို အထုပ်များအား ခြံဝန်းဆီသို့ သယ်ရန် ကူညီပေးခဲ့သည်။ သူမက ကျေးဇူးတင်သွားခဲ့သည်။ သို့သော် ပို့ဆောင်ရေးသမားက တူညီသောနည်းဖြင့် မပို့ဆောင်လျှင် သူမက မည်သည့်အရာကိုမှ ကျေးဇူးတင်မည် မဟုတ်ပေ။

လောင်တိန့်က တောင်ခြေ၌ အနည်းငယ် မပျော်မရွှင်ဖြစ်နေခဲ့သည်။ ဒီမိန်းကလေးက အဘိုးကြီးတုကိုတော့ ပေးပြီး ဘာလို့ သူ့ကို မပေးခဲ့တာလဲ။

…

ရှန်းထင်ရွှမ်းက နောက်ဘက်တွင် လမ်းလျှောက်နေခဲ့ပြီး အလွန်ပျော်ရွှင်နေခဲ့သည်။ ရှန်းထင်ရွှမ်းက အာလူးကြော်များ မရရှိခဲ့သော်လည်း တခြားအရသာရှိသည့် စားစရာ အမြောက်အများကို လုယူနိုင်ခဲ့ပေသည်။ ယနေ့တွင် ချင်ယွဲ့ကျီကလည်း မုန့်ထုပ်အများကြီးကို ပေးခဲ့သည်။

ရှန်းထင်ရွှမ်းက ထိုမုန့်များကို အိပ်ခန်းထဲရှိ ဗီရိုတွင် ထုပ်ပိုးထားပြီး ၎င်းတို့ကို သပ်သပ်ရပ်ရပ် စီထားခဲ့သည်။

ထို့နောက် သူမက အလယ်ထပ်ရှိ အံဆွဲထဲမှ ခရုခေါက်ဆွဲတစ်အိတ်ကို ထုတ်ယူလိုက်သည်။

မနေ့က တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲတွင် ဗီဗီထံမှ မုန့်များကို စတင်ဝယ်ယူနေသောအခါ အင်တာနက်အသုံးပြုသူများ ရေးနေသည့် “ခရုခေါက်ဆွဲ “ ဟူသည့်စကားလုံးများက အောက်ဘက်ရှိ မှတ်ချက်နေရာတွင် ဖော်ပြထားပေသည်။

ယင်းက ရှန်းထင်ရွှမ်းကို ထိုစကားလုံးသုံးလုံးအား လျင်မြန်စွာ သတိရသွားစေခဲ့သည်။

နာရီဝက်ခန့်ကြာပြီးနောက် ဗီဗီက နောက်ဆုံးတွင် ခရုခေါက်ဆွဲများကို ထုတ်ယူလာခဲ့ပြီး ညာဘက်ထောင့် အောက်နားရှိ မှတ်ချက်များကို လျင်မြန်စွာ တိုက်ချလိုက်သည်။

ဗီဗီ၏ လက်ထောက်က ခရုခေါက်ဆွဲငါးပွဲကို ယူလာခဲ့သည်။ ဗီဗီအပါအဝင် စုစုပေါင်း လူငါးယောက်က တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်ပေါ်တွင် အတူတကွ ပေါ်လာခဲ့သည်။

ထိုငါးယောက်ထဲမှ တချို့က မတ်တတ်ရပ်နေကြပြီး တချို့က ထိုင်နေကြပေသည်။ သို့သော် သူတို့အားလုံးက ခရုခေါက်ဆွဲများကို အတူတကွ စားပြနေကြသည်။

ရှန်းထင်ရွှမ်းက နောက်ဘက်တွင် မတ်တတ်ရပ်ကာ ခရုခေါက်ဆွဲစားနေသည့် ကောင်လေးကို သတိရသွားခဲ့သည်။ ထိုအရာက ရှန်းထင်ရွှမ်းကို ဗိုက်ဆာလာစေသည်။

အင်တာနက်အသုံးပြုသူများက လင့်ခ်ပေးရန် ဗီဗီကို ခေါ်နေကြပေသည်။

ဗီဗီက အနည်းငယ်လောက် စားပြီး ဤခေါက်ဆွဲက ဘယ်လောက်ကောင်းကြောင်း ဆက်ပြောနေခဲ့သည်။ အင်တာနက်အသုံးပြုသူများက နှစ်မိနစ်ခန့် အော်ပြီးနောက် ဗီဗီက နောက်ဆုံးတွင် လင့်ခင်ကို ချပေးလိုက်သည်။

ရှန်းထင်ရွှမ်းကလည်း ‌ကော်ပီကူးလိုက်သည်။ ကူးပြီးသည်နှင့်တပြိုင်နက် ၎င်းကို စင်ပေါ်မှ ဆွဲယူလိုက်သည်။ မနေ့ညတွင် ၎င်းက တစ်ကြိမ်တည်း အပြည့်ဖြည့်ထားခဲ့သည့် ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်အခန်းထဲရှိ တစ်ခုတည်းသော ကုန်ပစ္စည်းဖြစ်သည်။

ခရုခေါက်ဆွဲတစ်အိတ်ကို ဖွင့်လိုက်သောအခါ အထဲတွင် များစွာသော ခရုခေါက်ဆွဲအထုပ်လေးများ ပါရှိပြီး ယင်းအထုပ်လေးများထဲတွင် ဂျုံခေါက်ဆွဲအပြင် အမျိုးမျိုးသော ဟင်းခတ်အမွှေးအကြိုင်များလည်း ပါရှိပေသည်။

ရှန်းထင်ရွှမ်းက အိတ်ခွံပေါ်ရှိ ချက်ပြုတ်ခြင်း နည်းလမ်းကို ဂရုတစိုက် ကြည့်လိုက်ပြီး ခေါက်ဆွဲများကို စတင်ချက်ပြုတ်လိုက်သည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက် သူမက ခေါက်ဆွဲများကို ဆယ်လိုက်ပြီး ဟင်းခတ်အမွှေးအကြိုင် အထုပ်လေးများကို ထည့်လိုက်သည်။ ရှန်းထင်ရွှမ်းက မျှစ်ချဉ်များကို သီးခြားခွဲထုတ်လိုက်သောအခါ သူမက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ဆယ့်တစ်မိနစ်ခန့်ပြီးနောက် သူမက ခေါင်မိုးပေါ်ရှိ ငှက်လေးက အော်နေသည်ကို ကြားလိုက်ရသည်။ “အားရွှမ်း မင်းဟင်းချက်နေတာလား၊ ချီးပဲ “

ရှန်းထင်ရွှမ်း “...”

ငှက်ကလေးက ရွံစရာကောင်းသည်ဟု ပြောသော်လည်း ရှန်းထင်ရွှမ်းက စိတ်ရှည်လက်ရှည်ဖြင့် အိုးထဲသို့ ပါဝင်ပစ္စည်းအားလုံးကို ဆက်ထည့်နေခဲ့ပြီး ပုံမှန်မွှေပေးလိုက်သည်။ ထို့နောက် ၎င်းတို့ကို ထည့်လိုက်ပြီး အပေါ်တွင် တို့ဟူးများ၊ မြေပဲများတင်ထားလိုက်ပြီး နောက်ဆုံးတွင် ငရုတ်ဆီဆမ်းလိုက်သည်။

ဤနေရာ၌ စားပွဲမရှိပေ။ ရှန်းထင်ရွှမ်းက ခြံပြင်သို့ ထွက်သွားခဲ့ပြီး စားသောက်ရန် တံခါးပေါက်အောက်ရှိ လှေကားပေါ်တွင် ထိုင်ချလိုက်သည်။

၎င်းကို ချက်ပြုတ်ပြီးသောအခါ ပန်းကန်လုံးထဲရှိ အနံ့ဆိုးက အရမ်းမဆိုးတော့ပေ။ ရှန်းထင်ရွှမ်းက မျက်လုံးမှိတ်လိုက်ပြီး ခေါက်ဆွဲကို သူမပါးစပ်ထဲသို့ ထည့်လိုက်သည်။

ဤခရုခေါက်ဆွဲ၏ အနံ့က ဆိုးရွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သို့သော် ၎င်းကို ပါးစပ်ထဲသို့ ထည့်ပြီး စားလိုက်သောအခါ ၎င်း၏ အနံ့ကို မရတော့ပေ။ သူမ၏ ပါးစပ်က ပူသွားသော်လည်း ရှန်းထင်ရွှမ်းက ထွေးမထုတ်ချင်ပေ။

ခေါက်ဆွဲများကို ဆယ်မိနစ်ခန့်သာ ပြုတ်ထားခဲ့သောကြောင့် ၎င်းတို့က သိပ်မနူးညံ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့ကို အနည်းငယ် ဝါးရသည်။ မျှစ်ချဉ်၏ အရသာနှင့်အတူ မြေပဲ၊ တို့ဟူးတို့ကို ကောင်းစွာ ရောနှောထားပြီး ဤခရုခေါက်ဆွဲက တကယ့်ကို အရသာရှိပေသည်။

ရှန်းထင်ရွှမ်းက အစပ်ကြောက်သောကြောင့် သူမက ငရုတ်ဆီကို တစ်ဝက်သာ ထည့်ခဲ့သည်။ ဒါတောင် အရသာက တော်တော် စပ်နေဆဲ ဖြစ်သည်။ ခဏကြာပြီးနောက် သူမ၏ မျက်နှာတစ်ပြင်လုံး နီရဲလာတော့သည်။

သူမက နှုတ်ခမ်းစူကာ ခေါက်ဆွဲများကို စားနေခဲ့သည်။ ဒီခရုခေါက်ဆွဲက တကယ့်ကို အရသာရှိတာပဲ။

အများကြီး စားပြီးနောက် အစပ်၏ အရသာက ရောက်ရှိလာခဲ့ပေသည်။ ရှန်းထင်ရွှမ်းက မျက်ရည်များကျလာခဲ့သည်။ သို့သော် သူမက တူကို မချချင်ပေ။ ထို့ကြောင့် သူမက အသက်တစ်ရှိုက်အတွင်း ခေါက်ဆွဲတစ်ပန်းကန်လုံးကို စားလိုက်သည်။ နောက်ဆုံးကျန်ခဲ့သည့် မှိုကိုတောင် စားလိုက်သည်။

ပန်းကန်လုံးကို မီးဖိုချောင်ထဲသို့ ပြန်ထားလိုက်ပြီး ကျေနပ်အားရစွာ လေချဉ်တက်လိုက်သည်။

ချင်ယွဲ့ကျီယူလာခဲ့သည့် မုန့်က ဒိန်ချဉ်ဖြစ်သည်။ ရှန်းထင်ရွှမ်းက အိပ်ခန်းထဲသို့ လှည့်ပြန်သွားပြီး အံဆွဲထဲမှ ဒိန်ချဉ်တစ်ပုလင်းကို ယူလိုက်ကာ ပိုက်တံကို တပ်လိုက်ပြီး နှစ်ငုံမျှ စုပ်သောက်လိုက်သည်။

ပါးစပ်ထဲရှိ အစပ်အရသာက အတော်လေး ပြေပျောက်သွားသည်။

မီးဖိုချောင်ကို ရှင်းလင်းပြီးနောက် သူမက ဂရုတစိုက် နားထောင်လိုက်ပြီး မျှစ်ချဉ်နှင့် ပဲကဲ့သို့ ဟင်းသီးဟင်းရွက်များကို ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူမက ၎င်းတို့ကို ကြိုတင်၍ စိုက်သင့်ပေသည်။

...

ရှန်းထင်ရွှမ်းက အနားယူလိုက်သည်။ ထို့နောက် တောင်ခြေသို့ ပြေးဆင်းသွားပြီး ပဲ၊ မှို၊ မုန်လာဥဖြူ၊ မြေပဲနှင့် နေ့လီလီပန်း စသည်တို့၏ မျိုးစေ့များကို စိုက်ပျိုးလိုက်သည်။

နောက်ဆုံးတွင် ဆန်စပါးကိုလည်း စိုက်ပျိုးလိုက်သည်။ ခရုခေါက်ဆွဲတစ်ပန်းတွင် ဆန်မှ ပြုလုပ်ထားသည့် ခေါက်ဆွဲများက အသက်ဖြစ်သည်။

......

ဤတာဝန်များအားလုံးကို နေ့ခင်း ငါးနာရီဝန်းကျင်တွင် ပြီးဆုံးသွားပြီး ကောင်းကင်က သိပ်မမှောင်သေးပေ။ ရှန်းထင်ရွှမ်းက တိုက်ရိုက်ထုတ်လွှင့်ခြင်းကို စမ်းကြည့်ချင်ပေသည်။

သူမက တိုက်ရိုက်ထုတ်လွှင့်သည့် အက်ပလီကေးရှင်းကို ဖွင့်လိုက်သည်။ မနေ့က ရှန်းထင်ရွှမ်းသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့စဉ် အကောင့်တစ်ခုကို စာရင်းသွင်းခဲ့သည်။ ရှန်းထင်ရွှမ်းက တိုက်ရိုက်ထုတ်လွှင့်မှုလင့်ခ်ကို Weibo သို့ မျှဝေလိုက်သည်။

[အပင်စိုက်တဲ့ အားရွှမ်း။ အားရွှမ်းက တိုက်ရိုက်ထုတ်လွှင့်နေပါပြီ၊ ကြည့်ရှုဖို့ လာခဲ့ကြပါ...]

ရှောင်ဖုန်း၏ ဖုန်းတွင် သတိပေးချက်တစ်ခု ပေါ်လာပေသည်။ သူက ရှန်းထင်ရွှမ်းကို follow စလုပ်ကတည်းက သူမကို အထူးအာရုံစိုက်သည့် အဖွဲ့တွင် ထည့်ထားခဲ့ပြီး သူမက Weibo တွင် အသစ်တင်သည့်နှင့်တပြိုင်နက် စနစ်က ချက်ချင်း ပို့ပေးပေလိမ့်မည်။

ရှောင်ဖုန်းက Weibo ကို နှိပ်လိုက်ပြီး ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့သည်။ သူက ရှန်းထင်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုလင့်ခ်ကို သူ့ဖော်လိုဝါများဆီသို့ ချက်ချင်း လက်ဆင့်ကမ်းလိုက်သည်။

[Feng Ge Street Photography V။ နောက်ကျောအလှဆုံးပိုင်ရှင်က တိုက်ရိုက်ထုတ်လွှင့်နေပါတယ်။ @အပင်စိုက်တဲ့ အားရွှမ်း ...]

ပို့စ်ပြန်တင်ပြီးနောက် ရှောင်ဖုန်းက ရှန်းထင်ရွှမ်းအတွက် ရှာဖွေမှုအများဆုံးစာရင်းတစ်ခုကို ဝယ်သင့် မဝယ်သင့်တောင် တွေးနေပေသည်။ သို့‌သော် ရှန်းရွှမ်နှင့် ရှန်းမိသားစုကို တွေးမိပြီးနောက် ရှောင်ဖုန်းက လက်လျှော့ရန် ဆုံးဖြတ်လိုက်သည်။ အရမ်း အလောတကြီး ပြုလုပ်၍ မရနိုင်သည့် အရာများ ရှိပေသည်။

ရှန်းထင်ရွှမ်းက သေချာပေါက် ကျော်ကြားလာလိမ့်မည်ဟု သူက ယုံကြည်ပေသည်။

…

ရှန်းထင်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုက အလွန်သာမန်ဆန်နေပေသည်။ အဝတ်အစားများကို ပြောင်းလဲခြင်းမရှိဘဲ ချည်သားတီရှပ်နှင့် ချည်သားဘောင်းဘီကိုသာ ဝတ်ဆင်ထားသည်။ ထိုကဲ့သို့ အဝတ်အစားများက ခပ်ပွပွပုံစံဖြစ်ပြီး ၎င်းကို ဝတ်ဆင်ထား‌သောအခါ ဝတ်ဆင်သူ၏ ကိုယ်နေဟန်ထားကို ဘယ်သူမှ မမြင်နိုင်ပေ။ သို့သော် ၎င်းက ဝတ်ရသည်မှာ အဆင်ပြေပြီး သက်သောင့်သက်သာ ရှိပေသည်။ အထူးသဖြင့် ယခုလို နွေရာသီတွင် သူမက နေရောင်ခြည်ကို ကာကွယ်ရန် လက်ရှည်များကို ဝတ်ဆင်ထားပေသည်။

သူမက မိတ်ကပ်လိမ်းရန်လည်း အာရုံမရှိဘဲ မျက်နှာပြောင်နှင့် ဖြစ်သည်။ သို့သော် သူမက တိုက်ရိုက်ထုတ်လွှင့်ရန် စိတ်အနှောင့်အယှက် ဖြစ်ပုံမရပေ။

ရှန်းထင်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှု စတင်ပြီးနောက် သုံးမိနစ်ကြာသောအခါ လူသုံးယောက် ရောက်လာခဲ့သည်။ သူမက ကင်မရာကို ဖွင့်လိုက်ပြီး ရောက်လာသည့် ပရိသတ်များကို နှုတ်ဆက်လိုက်သည်။ “အားလုံးပဲ မင်္ဂလာနေ့လယ်ခင်းပါ “

ဘယ်သူကမှ မတုံ့ပြန်ကြသော်လည်း ရှန်းထင်ရွှမ်းက စိတ်ထဲမရှိပေ။ သူမက အနောက်သို့ ပြသည့် ကင်မရာခလုတ်ကို နှိပ်လိုက်သည်။

“ဒါတွေကတော့ ရှင်းယွမ်ရှန်မှာ အားရွှမ်းစိုက်ထားတဲ့ ဆီးသီးတွေပါ “ သူမက ထိုအကြောင်း ပြောနေရင်း ဆီးသီးတစ်လုံးကို ခူးယူလိုက်သည်။

ရှန်းထင်ရွှမ်းက ဆီးသီးကို အခွံနွှာလိုက်ပြီး “ဒီဆီးသီးက အခွံပါးတယ်၊ ပြီးတော့ ဒါကို အခွံနွှာရတာလည်း လွယ်တယ် “

ဤဆီးသီးများက ကြည့်ကောင်းပြီးသားဖြစ်သည်။ သို့သော် ၎င်းကို အခွံနွှာပြီးနောက် အတွင်းမှ ရွှေရောင်အသားများကို မြင်နိုင်ပေသည်။ ရှန်းထင်ရွှမ်းက တစ်ကိုက်ကိုက်လိုက်သည်။

…

ရှန်းထင်ရွှမ်းက Weibo တွင် ပရိသတ် တစ်သိန်းခန့်ရှိပြီး ရှောင်ဖန်းက သူ့ပရိသတ်များကို လက်ဆင့်ကမ်းပို့လိုက်ရာ အချိန်တိုအတွင်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ကြည့်ရှု့သူ တစ်ထောင်ကျော်လွန်သွားပေသည်။

များစွာသော အင်တာနက်အသုံးပြုသူများက ရှောင်ဖုန်းပြန်တင်သည့် ပို့စ်ကို မြင်သွားကြပြီး ၎င်းကို နှိပ်ကြည့်လိုက်ကြသည်။

ရှောင်လီက ရုံးဝန်ထမ်းတစ်ယောက် ဖြစ်ပြီး ရှောင်ဖုန်းကို follow လုပ်ထားပေသည်။ သူမက မည်ကဲ့သို့ ဝတ်စားဆင်ယင်ရမည်ကို လေ့လာချင်သည်။

သူမက အိမ်သို့ပြန်သည့် မြေအောက်ရထားပေါ်တွင် ရှိနေစဉ် သူမက ရှောင်ဖုန်း၏ Weibo မှ လင့်ခ်ကို မြင်လိုက်ပြီး ၎င်းကို နှိပ်ကြည့်လိုက်သည်။

အရင်က သူမသည်လည်း ထိုနောက်ကျောအလှဆုံးပိုင်ရှင်ကိုသိခဲ့ပြီး ယနေ့ ထိုသူက မည်ကဲ့သို့ ဝတ်ဆင်ရမည်ကို မိတ်ဆက်ပေးမည်ဟု ထင်ခဲ့သည်။ သို့သော် သူမက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ ရောက်သောအခါ ချည်သားနှင့် လီနင်သာ ဝတ်ဆင်ထားသည့် မိန်းကလေးကို တွေ့လိုက်ရသည်။

ရှောင်လီက မသင်္ကာဖြစ်သွားပြီး နောက်ကြောင်းပြန်လှည့်ကာ လင့်ခ်ကို ထပ်စစ်လိုက်သည်။ တကယ်တော့ မိန်းကလေးက ဆီးသီးများ ခူးယူနေခြင်း ဖြစ်သည်။ ဆီးသီးတောထဲရှိ ဆီးသီးများက အလွန်ညှို့ယူဖမ်းစားနိုင်ပေသည်။

သူမက မျက်နှာ မပြခဲ့ပေ။ ယင်းက အနည်းငယ် ပျင်းစရာကောင်းပေသည်။ ရှောင်လီက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ။ခုပဲ ထွက်ခွာရန် ရည်ရွယ်ထားသည်။ မိန်းကလေးက ပုံမှန်ထက်ကြီးသော ဆီးသီးတစ်လုံးကို ခူးလိုက်ကာ အခွံနွှာပြီး တစ်ကိုက်ကိုက်လိုက်ရာ အသီးရည်များ ထွက်လာခဲ့သည်။

ရှောင်လီက တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်သည်။

ဖန်သားပြင်ကို ဖြတ်ပြီး သူမက ဆီးသီးရနံ့ကိုတောင် ရနေသလိုပင်။

ထို့ကြောင့် သူမက ညာဘက်ထောင့် အောက်နားသို့ ကြည့်လိုက်သော်လည်း မည်သည့် ကုန်ပစ္စည်းလင့်ခ်မှ မမြင်ခဲ့ပေ။ ယနေ့ခေတ်တွင် တိုက်ရိုက်ထုတ်လွှင့်မှုများသည် အမြဲတမ်း ပစ္စည်းများ ရောင်းကြသည်။ ဘာလို့ ဒီတိုက်ရိုက်ထုတ်လွှင့်မှုမှာ လင့်ခ်ကို ရှာမတွေ့ရတာလဲ။

ရှောင်လီကဲ့သို့ စိတ်ရှုပ်ထွေးနေကြသည့် အင်တာနက်အသုံးပြုသူ အနည်းငယ်မက ရှိခဲ့ပြီး သူတို့အားလုံးက စတင်မှတ်ချက်ရေးလာကြသည်။

[အစ်မ၊ ဒီဆီးသီးတွေ ဘယ်လိုရောင်းလဲ။]

[ဆီးသီးတွေက တကယ် အရသာရှိပုံပဲ။]

[အားးးးးးးး ဆီးသီးစားချင်တယ်။]

[လင့်ခ်ရှိလား၊ ငါ ဘာလို့ မတွေ့တာလဲ။]

[ငါ ခုပဲ ညစာစားပြီးတာလေ၊ ဘာလို့ ဗိုက်ဆာနေသေးတာလဲ။]

[မင်းက ညစာစားပြီးသွားပြီ၊ ငါကတော့ အလုပ်ကနေ အိမ်ပြန်တဲ့လမ်းမှာပဲ ရှိနေသေးတယ်။]

......

ရှန်းထင်ရွှမ်းက ဆီးသီးတစ်လုံးစားပြီးနောက် မှတ်ချက်အများအပြားကို တွေ့လိုက်သည်။ ထို့ကြောင့် သူမက ကင်မရာဆီသို့ တုံ့ပြန်လိုက်သည်။

“ကျွန်မ စိတ်မကောင်းပါဘူး၊ ဒီမှာ အွန်လိုင်းကနေ စျေးဝယ်လို့မရဘူး၊ အခုလောလောဆယ်တော့ လင့်ခ် မရှိသေးဘူး “

“အသီးတွေကို ရှင်းယွမ်ရှန်မှာ ရောင်းပါတယ်၊ ဒီအနီးအနားကပဲဆိုရင် လာဝယ်လို့ရတယ်၊ မြို့ထဲကဆိုရင်တော့ မလာပါနဲ့၊ ကားခ စျေးကြီးတယ် “

“ဒါပေမဲ့ ရှင်တို့ ကြိုက်တယ်ဆိုရင် ကျွန်မ မဲနှိုက်ပေးပါ့မယ်၊ ဒါပေမဲ့ ဘယ်လိုမဲနှိုက်ပေးလို့ရလဲ ကျွန်မမသိသေးဘူး “

...

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသည့် အင်တာနက်အသုံးပြုသူများက ချက်ချင်းပင် ဆန္ဒစောသွားကြသည်။

[ကံစမ်းမဲအတွက်၊]

[ညာဘက်ထောင့် အောက်နားကို ကြည့်လိုက်၊]

[အားရွှမ်း ငါ့နောက် လိုက်ခဲ့၊ ပထမဆုံးနှိပ်ရမှာက ...]

...

အင်တာနက်အသုံးပြုသူများ၏ လမ်းညွှန်မှုအောက်တွင် ရှန်းထင်ရွှမ်းက ကံစမ်းမဲရွေးချယ်ခြင်းကို ရှာတွေ့သွားသည်။ သို့သော် သူမ၏အဆင့်က နိမ့်လွန်းသောကြောင့် သူမက ဘာကိုမှ ဖွင့်မရချေ။

“ဒီလိုလုပ်ရင်ရော ရှင်တို့ စားချင်တယ်ဆိုရင် နောက်ပြီးကျ ကျွန်မကို ကိုယ်ပိုင်လိပ်စာတစ်ခု ပို့ထားလိုက်၊ ကျွန်မ ရှင်တို့ကို အသီးတွေ ပို့ပေးမယ်၊ မနက်ဖြန်ကျ ကံစမ်းမဲ နှိုက်လိုက်မယ် “

ရှန်းထင်ရွှမ်းက ကင်မရာသို့ ရိုးရိုးသားသား ပြောလိုက်ပြီး အထူးသဖြင့် ထိုကြီးမားသည့် မျက်ဝန်းများဖြင့် တောင်းပန်လိုက်သည်။ ကံစမ်းမဲတွင် ပါဝင်ရန် မရှိသည့် အင်တာနက်အသုံးပြုသူများက နေမထိထိုင်မသာ ဖြစ်သွားပြီး နှစ်သိမ့်ရန် မှတ်ချက်များ ပို့လိုက်ကြသည်။

[အဆင်ပြေပါတယ် မိန်းကလေး။]

[မင်း ကံစမ်းမဲမနှိုက်လည်း အဆင်ပြေတယ်။]

ရှောင်လီတောင် ရှန်းထင်ရွှမ်းကို နှစ်သိမ့်ရန် အဆင်ပြေကြောင်း မှတ်ချက်များ ပို့လိုက်သည်။

……

ရှန်းထင်ရွှမ်းက သူမကို လူတိုင်းက အပြစ်မတင်ကြသည်ကို မြင်လိုက်သည်။ “ဒါဆို လူတိုင်းပဲ အရင်ဆုံး လိပ်စာတွေ ချန်ထားလို့ ရပါတယ်၊ အခု ကျွန်မ မက်မွန်တောကို ပြဖို့ လူတိုင်းကို ခေါ်သွားပေးပါ့မယ် “

သူမက မက်မွန်တောဆီသို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။

“ဒီမက်မွန်သီးတွေကလည်း အရမ်း အရသာရှိတယ် “ သူမက မက်မွန်သီးတစ်လုံးကို ခူးလိုက်ပြီး တစ်ကိုက်ကိုက်လိုက်သည်။

ရုတ်တရက် မှတ်ချက်များက တဖန် မြင့်တက်လာခဲ့သည်။

[အရင်ကတော့ ငါ့လိပ်စာကို မပို့ချင်ခဲ့ဘူး၊ ဒါပေမဲ့ အခုတော့ ငါပို့ချင်လာပြီ။]

[ငါရောပဲ...]

[ဆီးသီးတွေကို ငါ စိတ်မဝင်စားဘူး။ ဒါပေမဲ့ မက်မွန်သီးတော့ စိတ်ဝင်စားတယ်လေ။]

[ဒီမက်မွန်သီးတွေက အရမ်းကြီးတာပဲ။ အရမ်း အရသာမရှိလောက်ဘူးလို့ ငါထင်ခဲ့တာ၊ ဒါပေမဲ့ အားရွှမ်းစားလိုက်တော့ တကယ်ပဲ ချိုမြိန်ပြီး အရည်ရွှမ်းမယ်လို့ ခံစားရတယ်။]

[ငါလည်း အဲ့လိုခံစားရတယ်။]

...

ရှန်းထင်ရွှမ်းက အသီးများ စားပြီးနောက် အင်တာနက်အသုံးပြုသူများကို ပြောလိုက်သည်။ “ဒီနေ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ် ပြီးပါပြီ၊ ရှင်တို့တွေ ဆီးသီးစားချင်တယ်ဆိုရင် လိပ်စာတွေချန်ခဲ့ဖို့ သတိရပါ၊ ပြီးရင် ကျွန်မ ရှင်တို့ဆီ ပို့ပေးလိုက်ပါ့မယ်၊ ဘိုင့် “

...

ရှောင်ဖုန်းက တိုက်ရိုက်ထုတ်လွှင့်မှုပြီးနောက် သူ့ဖုန်းမျက်နှာပြင်ကို ကြည့်နေသည်။ ရှန်းထင်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုက အလွန်တိုတောင်းလိမ့်မည်ဟု သူက မမျှော်လင့်ခဲ့ချေ။ ယင်းက နာရီဝက်အတွင်း ပြီးဆုံးသွားသည်။

သို့သော် ၎င်းက လုံးဝ ဆွဲဆောင်မှု ရှိပေသည်။ ရှောင်ဖုန်းက တိုက်ရိုက်ထုတ်လွှင့်မှုမှ ထွက်လိုက်ပြီး ပြန်မောင်းလာခဲ့သည်။

...

စနစ်က ငါးနာရီတွင် တာဝန်ကို ထုတ်ပြန်ခဲ့သည်။ “ကျေးဇူးပြု၍ မင်းစိုက်ထားတဲ့ အသီးတွေကို ၁၉နာရီအတွင်း လူ ၃၂၇၆၈ ယောက်ကို စားခိုင်းပါ “

ရှန်းထင်ရွှမ်းက သူမ၏မျက်လုံးများအောက်တွင် အမည်း‌ရောင်အကွင်းနှစ်ကွင်းဖြင့် ထထိုင်လိုက်သည်။ အဝတ်အစားများ ဝတ်ဆင်လိုက်ပြီး အသီးတောသို့ ပြေးသွားကာ အသီးများ ခူးရန် စတင်လိုက်သည်။ မနေ့က သူမ၏ကြည့်ရှုသူများကို လိပ်စာများချန်ခဲ့ရန် ပြောခဲ့သည်။ တကယ်ပဲ အင်တာနက်အသုံးပြုသူများက စုစုပေါင်း ၂၃၃ ယောက် ရှိပြီး သူမက လိပ်စာများ ကူးရေးနေသည်မှာ ညသန်းခေါင်နားနီးမှ ပြီးသွားခဲ့သည်။

ဤအရာက ရှန်းထင်ရွှမ်းကို စိတ်ပျက်အောင် မလုပ်နိုင်ပေ။ သူမ စိတ်ပျက်နေသည့်အရာက ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို လွတ်သွားခဲ့၍ ဖြစ်ပြီး သူမက အသီးများခူးရန် မနက်စောစော ထလိုက်ရ၍ ဖြစ်သည်။

…

အခန်း (၂၇)

ယနေ့၏ တာဝန်က အသီးများကို စားရန် လူ ၃၂၇၆၈ ယောက် လိုအပ်ပေသည်။ အရမ်းများသော်လည်း ရှန်းထင်ရွှမ်းက အဆင်သင့် ဖြစ်နေခဲ့သည်။

ရှန်းထင်ရွှမ်းက တောင်အောက်သို့ မဆင်းခင် ရှောင်ဖုန်းက သူမကို ရှင်းယွမ်ရှန်တောင်ခြေတွင် စောင့်နေခဲ့သည်။ သူက ရှန်းထင်ရွှင်းကို WeChat မှ ရှာရန် အဓိပ္ပာယ်မရှိကြောင်း သိပေသည်။ အဘယ်ကြောင့်ဆိုသော် ရှန်းထင်ရွှမ်းက WeChat မှ စာများကို ဖတ်လိမ့်မည် မဟုတ်ပေ။

လွန်ခဲ့သည့် တစ်ခေါက်က တောင်၏ အနောက်ဘက်တွင် သေခါနီးဖြစ်နေသည့် ဩဂုတ်လ ဖရဲပင်ပေါက်များကို ရှာတွေ့ခဲ့သည်။

ပါးယွဲ့ကွားများက ခရမ်းနုရောင်မှ အညိုရောင်အထိ ရှိသည့် အရိုင်းသီးအမျိုးအစားတစ်ခု ဖြစ်သည်။ ၎င်း၏ အတွင်းက ငှက်ပျောသီးပုံစံကဲ့သို့ ဖြစ်သည်။ အသီးများက အက်ကွဲပြီးမှသာ စားနိုင်ပေသည်။ ထို့ကြောင့် ပါးယွဲ့ကွားများကို ဩဂုတ်လအက်ကွဲသီးများဟုလည်း ခေါ်ပေသည်။

ရှန်းထင်ရွှမ်းက ထိုဩဂုတ်လဖရဲပင်ပေါက်ကို ပြန်လည်ရှင်သန်လာစေရန် ဝိညာဉ်စွမ်းအင်ကို အသုံးပြုခဲ့သည်။ အသီးများ သီးလာပြီးနောက် သူမက ထိုပါးယွဲ့ကွားရှိ အစေ့များကို တဖန် ပြန်လည် စိုက်ပျိုးခဲ့သည်။

ဤရက်များတွင် ထိုကဲ့သို့ လုပ်ဆောင်ချက်များကို ထပ်ခါထပ်ခါ ပြုလုပ်ခဲ့ရာ ပါးယွဲ့ကွားပင်များက ဧကများစွာ ရှိလာပေသည်။

ပါးယွဲ့ကွားများက အက်ကွဲလာပြီးနောက် အတွင်းရှိ ငှက်ပျောသီးပုံစံ အဖြူရောင်အသီးက ပေါ်လာပေသည်။ အသားက အရမ်းမများပေ။ ၎င်းက အနက်ရောင်အစေ့များဖြင့် ဖုံးလွှမ်းထားသည်။

ရှန်းထင်ရွှမ်းက အခြားအသီးသုံးမျိုး (ဆီးသီး၊ မက်မွန်သီးနှင့် ဖရဲသီး) ကို ခူးယူလိုက်ပြီး သူမက ပါးယွဲ့ကွားများကို စတင် ခူးယူလိုက်သည်။

ရှန်းထင်ရွှမ်းက ပါးယွဲ့ကွားပင်များကို ဝိညာဉ်စွမ်းအင်ဖြင့် ရေလောင်းသောအခါ သူမက အကုန်လုံး မလောင်းခဲ့ပေ။ အသီးများ အက်ကွဲခြင်းမှ ထိန်းသိမ်းရန် အနည်းငယ် ချန်ထားလိုက်သည်။ ထိုအက်ကွဲနေသည့် ပါးယွဲ့ကွားများက တင်ပို့ရန် မလွယ်ကူပေ။

လုမင်ဟွေ့နှင့် တခြားသူများကို စူပါမားကတ်သို့ အသီးများ ပို့ဆောင်ရန် စောင့်ဆိုင်းနေပြီးနောက် ၎င်းတို့ကို ရောင်းရန်အတွက် စင်ပေါ်တွင် တင်ထားလိုက်သည်။

အမှန်တော့ စိုက်ခင်းထဲတွင် ရင့်မှည့်နေသည့် ပါးယွဲ့ကွား တစိတ်တပိုင်းလည်း ရှိပေသည်။ ရှန်းထင်ရွှမ်းက တောင်ခြေမှ ရွာသားများကို ရောင်းရန် ထိုအပိုင်းကို သုံးလိုက်သည်။

ရှန်းထင်ရွှမ်းက အများကြီး မခူးခဲ့ချေ။ သူမက အရင်ဆုံး ရင့်မှည့်သည့် အသီးများထဲမှ တစိတ်တပိုင်းကိုသာ ခူးခဲ့ပြီး မအက်ကွဲသည့် ပါးယွဲ့ကွားတချို့ကို တောင်ခြေသို့ ယူလာခဲ့သည်။

မနက် ၇နာရီတွင် ရှောင်ဖုန်းက အစောဆုံး ရောက်နေခဲ့သည်။ ရှန်းထင်ရွှမ်းက ထော်လာဂျီအသေးလေးကို တောင်ခြေသို့ မောင်းလာသောအခါ သူမက ထိုနေရာတွင် ရှိနေသည့် ရှောင်ဖုန်းကို တွေ့လိုက်ရသည်။

ရှောင်ဖုန်းက စားပွဲပေါ်တွင် ဆီးသီး၊ မက်မွန်သီးနှင့် ဖရဲသီးများ ထားရန် ကူညီ‌ပေးလိုက်ပြီး သူ့ဘေးရှိ အသီးအသစ်ကို မြင်သွားခဲ့သည်။ “ဒါက ဩဂုတ်လအက်ကွဲသီးတွေလား “

ရှန်းထင်ရွှမ်းက “အမ်း “

“ဒါကောင်းတယ်၊ မင်းရောင်းမှာလား “

“အင်း “

ရွာထဲရှိလူများက ပုံမှန် တစ်လုံးကို နှစ်ယွမ်ဖြင့် ရောင်းချသည်ကို ရှောင်ဖုန်းက သိပေသည်။ သို့သော် သူက ရှန်းထင်ရွှမ်း၏ အသီးများက သာမန်မဖြစ်နိုင်ကြောင်း တွေးမိပြီး စျေးနှုန်းကို တူညီစွာ သတ်မှတ်လို့ မရနိုင်ပေ။ “စျေးနှုန်းသတ်မှတ်ထားလား “

ရှန်းထင်ရွှမ်းက ခေါင်းခါလိုက်သည်။ “မရှိသေးဘူး “

ရှောင်ဖုန်းက သူခန့်မှန်းထားသကဲ့သို့ ကြည့်လိုက်သည်။ “တစ်ကတ်တီကို သုံးယွမ်ရောင်းဖို့ ငါ အကြံပေးချင်တယ် “

“ကောင်းပြီ “ ရှန်းထင်ရွှမ်းက ‌စျေးနှုန်းအတွက် ရှောင်ဖုန်းကို ယုံကြည်ပြီးသားဖြစ်သည်။

ရှန်းထင်ရွှမ်းက သဘောတူသည်ကို မြင်သောအခါ ရှောင်ဖုန်းက စျေးနှုန်းကဒ်ပြားကို ပရင့်ထုတ်ရန် ပြန်လာခဲ့သည်။ ရှန်းထင်ရွှမ်းတွင် ယခု ပရင်တာတစ်လုံးရှိသော်လည်း ပလပ်စတစ်လောင်းသည့် စက်တစ်ခု မရှိပေ။

ရှောင်ဖုန်းက စျေးနှုန်းကတ်ကို ပလတ်စတစ်လောင်းပြီး ပြန်လာသောအခါ လုမင်ဟွေ့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

...

လုမင်ဟွေ့သည် ငယ်ရွယ်စဉ်က ကျေးလက်ဒေသတွင် နေထိုင်ခဲ့ပြီး သူက ပါးယွဲ့ကွားကို မြင်ဖူးပေသည်။ သို့သော် သူက ရှန်းထင်ရွှမ်း၏ အသီးများကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ချေ။

ရှန်းထင်ရွှမ်းက သူတို့ကို ခွဲပြီးသား ပါးယွဲ့ကွားများ ပေးလိုက်သည်။ တခြားသူများက စိတ်ရှုပ်ထွေးနေကြစဉ် လုမင်ဟွေ့က အလွန်စိတ်လှုပ်ရှားနေပေသည်။ ဒါက ဘယ်လိုအသီးမျိုးလဲ။ သူတို့က ဘယ်လို စားရမှာလဲ။

ကံကောင်းထောက်မစွာပင် လုမင်ဟွေ့က ၎င်းကို စားဖူးပေသည်။ တခြားနှစ်ယောက်က လုမင်ဟွေ့စားသည့် နည်းလမ်းအတိုင်း လိုက်စားလိုက်ကြသည်။

လုမင်ဟွေ့က သူငယ်ငယ်တုန်းက ထိုအသီးများကို စားဖူးပေသည်။ သူက မြို့တော်သို့ ပြောင်း‌သွားသောအခါ ထိုအသီးများကို ဘယ်တော့မှ မစားရတော့ပေ။ အချိန်အကြာကြီးနေမှ ထိုအသီးများကို နောက်ထပ် စားရမည်ဟု မမျှော်လင့်ခဲ့ချေ။

သူ့ထင်မြင်ချက်အရ ပါးယွဲ့ကွားအသီးများ၏ အရသာက အနည်းငယ် ချိုသော်လည်း အသားမများဘဲ အစေ့များစွာ ပါဝင်ပေသည်။

ရှန်းထင်ရွှမ်း၏ ပါးယွဲ့ကွားများက အရသာရှိကြောင်း လုမင်ဟွေ့က သိပေသည်။ သို့သော် သူ စားကြည့်သောအခါ ဤပါးယွဲ့ကွားများက သူတွေးထားသည်ထက် ပိုချိုကြောင်း တွေ့ရှိသွားပြီး အသားလည်း ပိုများပေသည်။

တခြားနှစ်ယောက်က ထိုအသီးများသည် အလွန်အရသာရှိမည်ဟု မမျှော်လင့်ခဲ့ချေ။ အားနည်းချက်တစ်ခုပဲ ပြောစရာရှိပေသည်။ ၎င်းတွင် အသားအလွန်နည်းလွန်းခြင်းပင် ဖြစ်သည်။

“ဒီအသီးတွေကို ဘယ်လောက်ထုတ်ပေးနိုင်လဲ “ လုမင်ဟွေ့က ရှန်းထင်ရွှမ်းနှင့် ချိတ်ဆက်ရန် တာဝန်ရှိပေသည်။

လုမင်ဟွေ့က အသီးအသစ်များကို ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ သူက ဤပါးယွဲ့ကွားများကို သေချာပေါက် စင်ပေါ် တင်နိုင်ကြောင်း သိစေရန် အထက်လူကြီးများကို တောင်းဆိုရန် လိုအပ်ပေသည်။

ရှန်းထင်ရွှမ်းက တစ်လုံးကို သုံးယွမ်ဖြင့် သူတို့ကို ရောင်းချလိုက်သည်။ သူတို့က သုံးယွမ်ပေးချေလိုက်သော်လည်း နောက်ကျ စူပါမားကတ်တွင် လုမင်ဟွေ့က ငါးယွမ် သတ်မှတ်ရန် ဆုံးဖြတ်လိုက်သည်။ ပါးယွဲ့ကွား၏ ရင့်မှည့်မည့်ရက်က ယခုလတွင်သာ ဖြစ်သည်။ ထိုလပြီးနောက် အသီးများ ကုန်သွားလိမ့်မည် ဖြစ်သည်။

ပြီးနောက် ထိုအသီးများက စားရန် လွယ်ကူသည် မဟုတ်ပေ။

“ကတ်တီတစ်သောင်းလောက်၊ ဒါပေမဲ့ ရှင်တို့ ၉နာရီမှာ လာယူလို့ရမယ် “ ရှန်းထင်ရွှမ်းက ပြောလိုက်သည်။

“စကားမစပ် ကျွန်မပေးမဲ့ အသီးတွေက ရင့်မှည့်ခါနီးအသီးတွေ၊ အဲ့ဒါတွေကို စင်ပေါ်မတင်ခင် အက်ကွဲတဲ့အထိ စောင့်ရမယ် “

“အဲ့ဒါက ပြဿနာမရှိပါဘူး “ လုမင်ဟွေ့က ထိုအသီးများကို စားဖူးပေသည်။ ထို့ကြောင့် သူတို့က မစားခင် ထိုအသီးများ ကွဲရန် လိုအပ်ကြောင်း သိပေသည်။ သူက အရင်ဆုံး ဝန်ထမ်းများအား တခြားအသီးများကို ပြန်ပို့ရန် စီစဉ်လိုက်ပြီး နောက်မှ ပါးယွဲ့ကွားများကို သယ်ရန် ပြန်လာခဲ့သည်။

ဝန်ထမ်းများ ထွက်ခွာသွားသောအခါ ရှောင်ဖုန်းက သူပြောချင်သည့်အကြောင်းများကို ပြောရန် အချိန်ရသွားခဲ့သည်။ မူလက မနက်အစောပိုင်းတွင် သူသည် မနေ့က တိုက်ရိုက်ထုတ်လွှင့်မှုအကြောင်းကို ပြောရန် ဖြစ်သည်။ သို့သော် ပါးယွဲ့ကွားများကို မြင်သောအခါ အနည်းငယ် အာရုံပြောင်းသွားခဲ့သည်။

“ငါ မနေ့က တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ခဲ့တယ် “

ရှောင်ဖုန်းက သူမကို ကြော်ငြာပေးရန် ကူညီပေးခဲ့ကြောင်း ရှန်းထင်ရွှမ်းက မသိခဲ့ပေ။ မနေ့က တိုက်ရိုက်ထုတ်လွှင့်မှုကို တွေးလိုက်ပြီး သူမက သက်ပြင်းချလိုက်သည်။

“တိုက်ရိုက်ထုတ်လွှင့်တာက ကြည့်ရင်တော့ လွယ်သလိုပဲ၊ ဒါပေမဲ့ တကယ်တမ်းကျ မလွယ်ကူဘူးပဲ“

သူမသည် အရင်က ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို မြင်ခဲ့ပြီး မုန့်အနည်းငယ် စားရုံဟု ထင်ခဲ့သည်။ သို့သော် သူမက တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ပြုလုပ်သောအခါ အနည်းငယ် ရှက်စရာကောင်းသည်ကို တွေ့ရှိသွားသည်။ သူမက ဗီဗီကဲ့သို့ ပေါ့ပေါ့ပါးပါး မလုပ်ဆောင်နိုင်ပေ။

ရှန်းထင်ရွှမ်းက ကင်မရာရှေ့တွင် မျက်နှာပြရသောအခါ တောင့်တင်းနေသည်ဟု ခံစားရပြီး တစ်ခါတစ်ရံတွင် သူမ၏ လက်များကို မည်သည့်နေရာတွင် ထားရမှန်းတောင် မသိပေ။

သူမက ဘာပြောရမလဲ မသိပေ။ သူမက အသီးများစားသည့်အချိန်တွင်သာ ကင်မရာကို ခဏ မေ့ထားနိုင်ပေသည်။

“မင်း ကောင်းကောင်းလုပ်ခဲ့ပါတယ် “ ရှန်းထင်ရွှမ်းက သူမနောက်တွင် အဖွဲ့တစ်ခုမရှိပေ။ အတွေ့အကြုံ မရှိသေးသည့်သူတစ်ယောက်သာ ဖြစ်သည်။ ပထမဆုံးတိုက်ရိုက်ထုတ်လွှင့်မှုကို လူရာချီ ကြည့်ရှုခဲ့ခြင်းက တကယ် မဆိုးပေ။

ထို့အပြင် ရှောင်ဖုန်းက တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရှန်းထင်ရွှမ်းက သဘာဝမကျတာမျိုး မမြင်မိချေ။

“စကားမစပ် မနေ့တုန်းက လိပ်စာပို့တဲ့ အင်တာနက်သုံးစွဲသူအရေအတွက် ဘယ်လောက်များလဲ “

“၂၃၃ ယောက် “ ရှန်းထင်ရွှမ်းက ရှင်းရှင်းလင်းလင်း မှတ်မိပေသည်။ သူမက လိပ်စာတစ်ခုချင်းစီကို ကူးရေးခဲ့ပြီး အရေအတွက်ကို မှတ်သားထားကာ ၂၃၃ ယောက်ကို ချရေးထားခဲ့သည်။ ရှန်းထင်ရွှမ်းက အလွန် ပျော်ရွှင်နေခဲ့သည်။ သို့သော် သူမက ပို့ဆောင်ရေးသမားကို ဆက်သွယ်ရန် လိုအပ်ပြီး အသီးများကို မြန်မြန် ပို့ရမည်ဖြစ်သည်။

မျှော်လင့်မထားသည်က တိုက်ရိုက်ထုတ်လွှင့်မှုရှိ လူတစ်ဝက်နီးပါးက လိပ်စာများ ချန်ထားခဲ့ကြသည်။ အားလုံးပြီးနောက် ယင်းက ရှန်းထင်ရွှမ်း၏ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှု ဖြစ်သည်။

“စကားမစပ် မင်း နောက်ကျရင် အွန်လိုင်းစျေးဆိုင်တစ်ခု ဖွင့်ဖို့ စီစဉ်ထားလား “

“အခုတော့ မလုပ်သေးဘူး “ ရှန်းထင်ရွှမ်းက အလွန်များပြားသည့် လိပ်စာများကို ရေးရမည့်အကြောင်း တွေးလိုက်မိသောအခါ သူ၏ခေါင်းက ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့သည်။

ရှန်းထင်ရွှမ်းက အမြဲတမ်း ကိုယ်ပိုင်စိတ်ကူးစိတ်သန်းများရှိသည့် လူတစ်ယောက်ဖြစ်ကြောင်း ရှောင်ဖုန်းက သိပေသည်။ ထို့ကြောင့် သူက စကားပြောနေသည်ကို ရပ်လိုက်သည်။ “ပြီးရင် အဲဒီလိပ်စာတွေကို ကူပြီး စီပေးမယ် “

“ရတယ်၊ ငါ အဲ့ဒါတွေကို ကူးရေးပြီးပြီ “

ရှောင်ဖုန်းက အံ့အားသင့်သွားပြီး မယုံကြည်နိုင်စွာ မေးလိုက်သည်။

“မင်း လက်နဲ့ ချရေးထားတာတော့ မဟုတ်ဘူးမလား “

ရှန်းထင်ရွှမ်းက သံသယဖြစ်နေဟန်ဖြင့် ပြောလာသည်။ “ဒါပေါ့ “ အဲ့လိုမဟုတ်ရင် ဘယ်လိုလုပ်ရမှာလဲ။

ရှောင်ဖုန်းက ရှန်းထင်ရွှမ်း၏ အမူအရာကို မြင်လိုက်ပြီး ခဏလောက် ဘယ်လိုပြုမူရမလဲ မသိတော့ပေ။ ရှန်းထင်ရွှမ်းက လိပ်စာများကို လက်ဖြင့် ကူးရေးရန်သာ နည်းလမ်းရှိသည်ဟု တွေးနေပုံရပေသည်။ “တကယ်တော့ မင်း URL ကို ကူးယူပြီး ပို့ဆောင်ရေးသမားလာတာကို စောင့်နေလိုက်၊ ပြီးရင် ကူးယူထားတဲ့ဟာကို လက်ခံသူနေရာမှာ ကူးထည့်လိုက်လို့ရတယ် “

ရှန်းထင်ရွှမ်းက အင်တာနက်ပေါ်ရှိ ကိစ္စအများစုကို နားမလည်ကြောင်း ရှောင်ဖုန်းက တွေ့ရှိသွားသည်။ သူက ရှန်းထင်ရွှမ်း၏ ဘဝအတွေ့အကြုံကို တွေးမိသွားပြီး နားလည်သွားခဲ့သည်။ ထို့ကြောင့် သူက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ “မင်း ပရင်တာကိုလည်း သုံးလို့ရတယ်၊ မင်းက ပို့ဆောင်ရေးကုမ္ပဏီနဲ့ သဘောတူညီမှုတစ်ခုရှိရင် စာရင်းကို မင်းကိုယ်တိုင် တိုက်ရိုက် ပရင့်ထုတ်လို့ရတယ် “

ရှန်းထင်ရွှမ်းက ဂရုတစိုက် နားထောင်ခဲ့သည်။

ရှောင်ဖုန်းက ပစ္စည်းများ ပို့ဆောင်ရန် မည်ကဲ့သို့ ပြုလုပ်ရမည့်အကြောင်းကို ပြောပြပြီးနောက် သူက တိုက်ရိုက်ထုတ်လွှင့်ခြင်း၏ စည်းမျဉ်းများအကြောင်းကို စတင်ပြောလိုက်သည်။ နောက်ပြီး သူလည်း တိုက်ရိုက်ထုတ်လွှင့်မှုတချို့ ရှိခဲ့သည်။ သို့သော် ပြဿနာတချို့ ရှာတွေ့ခဲ့သည်။ သူက ဆက်ပြီး တိုက်ရိုက်ထုတ်လွှင့်ရန် ငွေမလုံလောက်ခဲ့ပေ။ ထို့ကြောင့် သူက တိုက်ရိုက်ထုတ်လွှင့်မှုကို ရံဖန်ရံခါမျှသာ ပြုလုပ်ပေသည်။ သို့သော် သူက စည်းမျဉ်းများကို နားလည်နေဆဲဖြစ်သည်။

“မင်း ဒီနေ့ ကံစမ်းမဲနှိုက်လို့ရတယ်၊ ငါ မင်းကို အကြံပေးမယ်၊ နောက်တစ်ခါ ကံစမ်းမဲနှိုက်ပေးရင် ပို့ဆောင်ခအတွက် ကြည့်ရှုသူတွေဘက်က ပေးရမယ်လို့ ပြောလိုက် “

ရှန်းထင်ရွှမ်းက လတ်တလောတွင် အွန်လိုင်းစျေးဆိုင် ဖွင့်ရန် အစီအစဉ်မရှိပေ။ သူမက တိုက်ရိုက်ထုတ်လွှင့်မှုတွင် မကြာခဏ လက်‌ဆောင်များပေးလျှင် ပို့ဆောင်ခအများအပြားကို တာဝန်ယူပေးပေလိမ့်မည်။ ရှောင်ဖုန်း၏စိတ်ထဲတွင် ရှန်းထင်ရွှမ်းက စားဝတ်နေရေးအတွက် ရုန်းကန်နေရသည့် မိန်းကလေးတစ်ယောက် ဖြစ်နေဆဲပင်။

“အိုး နားလည်ပြီ “ ရှောင်ဖုန်းက ထိုအပိုင်းတွင် အလွန်ကျွမ်းကျင်ကြောင်း သူမ သိပေသည်။ ထို့ကြောင့် သူမက ရှောင်ဖုန်း၏ အကြံပြုချက်များကို ချရေးထားလိုက်သည်။

“နောက်ပြီးတော့ အသီးတွေ ပို့ရင် ကတ်တီတစ်ဝက်စာလောက်ပဲ ပို့သင့်တယ်၊ ဒါမှ ပို့ဆောင်ခက အခြေခံပို့ဆောင်ခ ဖြစ်မှာ “

...

ရှောင်ဖုန်းက ထွက်မသွားခင်ထိ နာရီဝက်ကြာအောင် ရှန်းထင်ရွှမ်းကို ရှင်းပြပေးခဲ့သည်။

နေ့လယ်တွင် ရှန်းထင်ရွှမ်းက ဝိုင်ပို့ဆောင်ရေးကို မဆက်သွယ်ခင် သူမက ဝိုင်ိပု့ဆောင်ရေးကားကို မြင်လိုက်သည်။ ယနေ့က အဘိုးကြီးတု ဖြစ်သည်။ သူက ဤရွာရှိ ပစ္စည်းပို့ဆောင်‌ရေးအတွက် အမြဲတမ်း ပို့ဆောင်ပေးလေ့ရှိသည်။ သူက ကန့်သတ်ထားသည့် ပမာဏပြည့်သည်နှင့် ပို့ဆောင်ပေးပေသည်။ မနေ့က လောင်တိန့်က ရုတ်တရက် အရူးထပြီး ရွာသို့ လာပို့ခဲ့သည်။

လောင်တိန့်က ရွာသို့ ပို့ဆောင်ရေး၏ တစ်စိတ်တစ်ပိုင်းကိုသာ ပို့ဆောင်ခဲ့သည်။ ထို့ကြောင့် အဘိုးကြီးတုက ယနေ့ ဤနေရာသို့ လာရောက်နေရဆဲ ဖြစ်သည်။

ရှန်းထင်ရွှမ်းက ယနေ့ အထုပ်ငါးခုနှင့် စောင့်မျှော်နေပြီး စားပွဲပေါ်တွင် အထုပ်များကို ထားရန် အဘိုးကြီးတုကို စောင့်ဆိုင်းနေခဲ့သည်။

“ရှင့်အထုပ်တွေ အကုန်လုံးပို့ပြီးရင် ဒီကို နောက်တစ်ခေါက် ပြန်လာလို့ရမလား၊ ကျွန်မ ပစ္စည်းထုပ်တချို့ ပို့ချင်လို့ “

အဘိုးကြီးတုက “ကောင်းပြီ “

ရှန်းထင်ရွှမ်းက ခေါင်းညိတ်လိုက်ပြီး ဆီးသီးများကို ခူးရန် တောင်ပေါ်သို့ သွားလိုက်သည်။ ရှောင်ဖုန်း၏ အကြံပြုချက်အရ လူ ၂၃၃ ယောက်အတွက် တစ်ဦးကို အသီးကတ်တီဝက်စီ ပေးမည်ဖြစ်ပြီး ဆီးသီး ၁၁၆.၅ ကတ်တီ ခူးရန် လိုအပ်ပေသည်။ ရှန်းထင်ရွှမ်းက ဆီးသီးအရေအတွက်ကို ခန့်မှန်းတွက်ချက်လိုက်သည်။

သူမက တောင်အောက်သို့ဆင်းပြီး အလေးချိန်ကြည့်လိုက်သောအခါ ၎င်းက ၁၁၇.၂ ကတ်တီ ဖြစ်သည်။ မကြာမီ အဘိုးကြီးတုကလည်း အထုပ်များ ပို့ဆောင်ပြီးသွားပြီး ပြန်လာခဲ့သည်။

“ကျွန်မက ဒီဆီးသီးတွေ ပို့ဖို့ လိုတယ်၊ ပိုတဲ့ဟာတွေကို ရှင် ယူသွားလို့ ရတယ် “

ရှန်းထင်ရွှမ်က ပြန်ပို့ရန် ပစ္စည်းတချို့သာ လိုအပ်သည်ဟု အဘိုးကြီးတုက ထင်ခဲ့သည်။ သို့သော် သူက ဆီးသီးခြင်းကို မြင်သောအခါ ကိစ္စကြီးတစ်ခုဖြစ်ကြောင်း သ‌ဘောပေါက်သွားခဲ့သည်။

ပို့ဆောင်ရန် ပို့ဆောင်‌ရေးလမ်းကြောင်း ၂၃၃ ခုတောင် ရှိပေသည်။ ပို့ဆောင်ရေးသမားများ၏ လစာကလည်း သူတို့၏ လုပ်ဆောင်ချက်များနှင့် ဆက်စပ်နေပေသည်။ အလွန်များပြားသည့် ပို့ဆောင်‌ရေးလမ်းကြောင်းများဖြင့် သူက ယခုလအတွက် သူ၏ သတ်မှတ်ချက်တစ်ပိုင်းကို အပြီးသတ်နိုင်ပေသည်။

“ဒါပေမဲ့ ထုပ်ပိုးပြီး ပို့ပေးဖို့ ရှင့်ကို လိုတယ် “ ဤအရာကလည်း ရှောင်ဖုန်းရှင်းပြသည့်အရာများထဲမှ တစ်ခု ဖြစ်ကြောင်း ရှန်းထင်ရွှမ်း သိပေသည်။ ပို့ဆောင်ရေး ကုမ္ပဏီက ထုပ်ပိုးရန် ကူညီနိုင်ပေသည်။

အဘိုးကြီးတု “ပြဿနာမရှိပါဘူး၊ မင်းက တစ်ကြိမ်တည်းနဲ့ အထုပ်တွေ အများကြီး ပို့တာပဲ၊ ပြီးတော့ ကျွန်တော် အဖွဲ့ဝင်စျေးနှုန်းနဲ့ တွက်လိုက်မယ်၊ မင်းက မြို့နယ်တူတူချင်းပို့ရင် ဘယ်ကနေပို့ပို့ ကိစ္စမရှိဘူး၊ အဲ့ဒါက တစ်ခုစီကို ၆ယွမ် ကျသင့်လိမ့်မယ်၊ မြို့နယ်အပြင်ကို ပို့ချင်တာဆိုရင်တော့ တစ်ခုစီကို ၈ယွမ် ကျသင့်လိမ့်မယ် “

“ကျေးဇူးတင်ပါတယ် “

ရှန်းထင်ရွှမ်းက ငွေပေးချေလိုက်ပြီး အဘိုးကြီးတုက ပြန်သွားရန် မစီစဉ်ရသေးခင် လိပ်စာများကို ယူလိုက်သည်။ ရှောင်ဖုန်းက ပြန်လာသည်ကို သူမက မြင်လိုက်သည်။

သူက ဝိုင်ပို့ဆောင်ရေးကားကို မြင်ခဲ့ပြီး ချက်ချင်း ဆင်းလာခဲ့ကာ အဘိုးကြီးတုကို တားလိုက်သည်။

“ အခု မသွားနဲ့ဦး၊ ရှန်းထင်ရွှမ်းကို ခင်ဗျားရဲ့ ပို့ဆောင်ရေး အကောင့်ခွင့်ပြုချက် ပေးလိုက်ဦး၊ နောက်ကျ သူမက သူမကိုယ်တိုင် လိပ်စာကို ပရင့်ထုတ်လို့ရအောင် “

ဤမိန်းကလေးက အသီးများ ရောင်းသည်ကို အဘိုးကြီးတုက သိသွားခဲ့သည်။ ယခု များစွာသော အမှာများကလည်း အွန်လိုင်းမှ ရောင်းချခြင်းဖြစ်နိုင်ပေသည်။ ရှောင်ဖုန်းက ဤအရာကို ပြောလာသောအခါ သူက ချက်ချင်း ပြောလိုက်သည်။

“ပြဿနာမရှိပါဘူး၊ ကျွန်တော် လက်ခံလိုက်ပါ့မယ် “

လက်ခံပြီးနောက် ရှောင်ဖုန်းက ဖုန်းထဲ ၎င်းကို သွင်းနိုင်ရန် ရှန်းထင်ရွှမ်းကို ကူညီလိုက်ပြီး နောက်တစ်ကြိမ် လုပ်ပြလိုက်သည်။ “ငါ မင်းအတွက် ပရင်တာတစ်လုံး ယူလာခဲ့တယ်၊ မနက်ဖြန်ကစပြီး မင်းဖုန်း‌နဲ့ စီမံလို့ရပြီ “

ရှန်းထင်ရွှမ်းက ရှောင်ဖုန်းဆီမှ ချက်ချင်း လုပ်ဆောင်ချက်များကို လေ့လာခဲ့ပြီး သူမကိုယ်တိုင် ကြိုးစားလုပ်ကြည့်လိုက်သည်။ ၎င်းက လက်ဖြင့် ချရေးခြင်းထက် ပိုအဆင်ပြေပေသည်။

“စကားမစပ် ပရင်တာက ဘယ်လောက်လဲ “

ရှန်းထင်ရွှမ်းက ပိုက်ဆံနှင့်ပတ်သက်၍ လေးနက်သည့်သဘောထား မရှိသော်လည်း ကောင်းကျိုးတိုင်းတွင် ဆုတစ်ခုရှိကြောင်း သူမသိပေသည်။ ထို့ကြောင့် သူမက တခြားသူ၏ ပစ္စည်းများကို ပေါ့ပေါ့တန်တန် မယူနိုင်ပေ။

ရှောင်ဖုန်းသည် ရှန်းထင်ရွှမ်းအတွက် ပရင်တာကို ရောင်းရန် ယူလာခဲ့သည်။ အရင်တည်းက သူက ပိုက်ဆံစုရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ “သိပ်မများပါဘူး “

“အဲဒါ မကောင်းဘူး၊ ရှင်မပြောဘူးဆိုရင် ကျွန်မ မယူချင်တော့ဘူး “

ရှောင်ဖုန်းက ရွေးချယ်စရာမရှိတော့ဘဲ စျေးနှုန်းကို ပြောလိုက်ရသည်။

ရှန်းထင်ရွှမ်းက ရှောင်ဖုန်းကို ပျော်ရွှင်စွာ ပိုက်ဆံလွှဲပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ် “

“စကားမစပ် မင်း ဒီနေ့ရော တိုက်ရိုက်ထုတ်လွှင့်မှု ရှိလား “ ရှောင်ဖုန်းက မေးလိုက်သည်။

ရှန်းထင်ရွှမ်းက “ရှိတယ် “

နှစ်ယောက်သား ခဏလောက် စကားပြောနေခဲ့ကြပြီး ရှန်းထင်ရွှမ်းက ပရင်တာနှင့် ခြံဝန်းထဲသို့ ပြန်သွားခဲ့သည်။

နေ့လယ်တွင် အပင်စိုက်ပြီးနောက် ညနေ ၅နာရီတွင် ရှန်းထင်ရွှမ်းက ဖုန်းကို ယူလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို နှိပ်လိုက်ပြီး Weibo တွင် မျှဝေလိုက်သည်။ ထိုလုပ်ဆောင်မှုက တစ်ခါတည်းနှင့် လုပ်ပြီးသွားခဲ့သည်။

ရှန်းထင်ရွှမ်းက မနေ့က ဆီးသီးများနှင့် မက်မွန်သီးများကို စားခဲ့ပြီး ယနေ့ သူမက ဖရဲသီးများကို စားပြဖို့ စီစဉ်ထားခဲ့သည်။

ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှု အစတွင် အင်တာနက်အသုံးပြုသူ ဆယ်ယောက်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ ဝင်လာကြသည်။ ရှန်းထင်ရွှမ်းက သူမ မနေ့ကထက်ပိုပြီး တည်ငြိမ်လာသည်ဟု ခံစားလိုက်ရသည်။

“မနေ့က လိပ်စာချန်ထားခဲ့တဲ့ ကြည့်ရှုသူများရှင့်၊ ကျွန်မ ပို့ဆောင်ရေးကုမ္ပဏီကို အသီးတွေ ပို့ဆောင်ထားပြီးပါပြီ၊ ရှင်တို့ မကြာခင် ဆီးသီးတွေ လက်ခံရရှိပါလိမ့်မယ် “

လိပ်စာချန်ထားခဲ့ကြသည့် တချို့ အင်တာနက်အသုံးပြုသူများက သူတို့ အသီးများကို လက်ခံရရှိလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။ တချို့က သက်သက်ကြီး လိပ်စာ ချန်မထားခဲ့ချင်ကြပေ။ တချို့က အလွယ်တကူ မယုံကြည်နိုင်ချေ။ တချို့က ရှန်းထင်ရွှမ်းကို လူလိမ်တစ်ယောက်ဟု ထင်ကြပြီး သူတို့၏လိပ်စာများကို ချန်မထားခဲ့ကြချေ။

ရှန်းထင်ရွှမ်းက ဖရဲစိုက်ခင်းသို့ သွားလိုက်သည်။

“ကျွန်မ မနေ့က ဆီးသီးနဲ့ မက်မွန်သီးတွေ စားခဲ့တယ်၊ ဒီနေ့ ဖရဲသီးစားကြရအောင်၊ ဒါကတော့ အားရွှမ်းရဲ့ ဖရဲစိုက်ခင်း ဖြစ်ပါတယ် “

ဖုန်းကင်မရာ သွားသည့်နေရာတိုင်းတွင် ကြီးမားသည့် ဖရဲသီးများ ရှိကြပေသည်။

[စိုက်ခင်းထဲမှာ ဖရဲသီးတွေ အများကြီး ရှိတာပဲ။]

[ဖရဲသီးတွေ အများကြီးပဲ။ အဲဒါတွေက အကြီးကြီးပဲ။]

[ဒီဖရဲသီးတွေက အရသာရှိလောက်တယ်။ ငါ ဒီလိုဖရဲသီးအကြီးကြီး ဝယ်ရတာ ကြိုက်တယ်။]

……

ရှန်းထင်ရွှမ်းက ဖရဲသီးတစ်လုံးကို ရွေးလိုက်သည်။ “ဒီဟာပဲ “

ထို့နောက် အင်တာနက်အသုံးပြုသူများ၏ အကြည့်အောက်တွင် ရှန်းထင်ရွှမ်းက လက်ဝါးတစ်ဖက်ဖြင့် ဖရဲသီးကို ခွဲလိုက်သည်။

[? ? ?]

[ငါ မှားမြင်နေတာလား။]

[အစ်မရေ ရှင် အမှားတစ်ခု လုပ်လိုက်တာလား။]

[ငါ့ဖုန်းက တုန်နေတယ်လို့ ခံစားရတယ်။]

[ငါ တိုက်ရိုက်ထုတ်လွှင့်မှုအခန်း မှားဝင်မိတာလား။]

[ငါ တိုက်ရိုက်ထုတ်လွှင့်မှုကို ကွန်ပျူတာနဲ့ ကြည့်နေတာ။ ခုနက မြင်ကွင်းက ငါ့ကို လက်ဖက်ရည်နဲ့ တည့်တည့် ပက်လိုက်သလိုပဲ။]

[အစ်မရေ အရမ်းကြမ်းတာပဲ။]

...

သို့သော် မကြာမီ မှတ်ချက်နေရာက ငြိမ်ကျသွားခဲ့သည်။ ရှန်းထင်ရွှမ်းက ဖရဲသီးတစ်စိပ်ကို ဖဲ့လိုက်ပြီး အနက်ရောင်အစေ့တချို့ပါရှိသည့် အနီရောင် ဖရဲသီးအသားကို ပြလိုက်သည်။

ရှန်းထင်ရွှမ်းက တစ်ကိုက်ကိုက်စားလိုက်သည်။

မနေ့က တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီးနောက် ‌ရှောင်လီက ရှန်းထင်ရွှမ်းကို follow လုပ်ခဲ့သည်။ ယနေ့ သူမက ရှန်းထင်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို မြင်ပြီးနောက် သူမက ချက်ချင်း နှိပ်ဝင်လိုက်သည်။

သူမ ဝင်လာသည်နှင့်တပြိုင်နက် ရှန်းထင်ရွမ်းက ဖရဲသီးကို လက်ဝါးဖြင့် ခွဲလိုက်သည်ကို မြင်ပြီး ထိတ်လန့်သွားခဲ့သည်။ ရှောင်လီက စိတ်သက်သာရာ မရခင် ရှန်းထင်ရွှမ်းက ဖရဲသီး စားနေသည်ကို မြင်လိုက်သည်။

မြေအောက်ရထားပေါ်တွင် ရှောင်လီက မသိစိတ်အရ တံတွေးမျိုချလိုက်မိသည်။ ဤအားရွှမ်းက အနည်းငယ် အားကောင်းပေသည်။ သူမက နှစ်ကိုက်လောက် ကိုက်စားပြီး လူများကို သူမနှင့်အတူ စားချင်သွားအောင် လုပ်နိုင်ပေသည်။

...

ရှန်းထင်ရွှမ်းက ဖရဲသီးများကို စားပြီးနောက် သူမက ဖုန်းကို ယူလိုက်ပြီး ခြင်းထဲတွင် ဖရဲသီးများကို ထည့်လိုက်ကာ တောင်အောက်ရှိ စားပွဲပေါ်တွင် တင်လိုက်သည်။

“ဒီနေရာက အားရွှမ်း အသီးရောင်းတဲ့ နေရာပါ၊ ရှင်တို့ ကိုယ်တိုင် အလေးချိန်ပြီး ကိုယ်တိုင် ငွေပေးချေလို့ရတယ် “

[ဒီရွာက အရမ်းရိုးတာပဲ။]

[မင်း အသီးတွေကို အဲ့ဒီနေရာမှာ ထားပြီးရင် အဒေါ်ကြီးတွေနဲ့ ဦးလေးကြီးတွေက ဆွဲယူသွားမှာ သေချာတယ်။]

…

ရှန်းထင်ရွှမ်းက ဖရဲသီးများကို ထားလိုက်ပြီး ပြောလိုက်သည်။

“ကျွန်မ ဒီနေ့ ကံစမ်းမဲ နှိုက်ပေးလို့ ရတယ်၊ ဆုက မက်မွန်သီးတွေ၊ လူအယောက် ၁၀၀ မဲဖောက်ပေးမယ်၊ ဒါပေမဲ့ ရှင်တို့ ပို့ဆောင်ခတော့ ပေးဖို့ လိုတယ်၊ ဒါကြောင့် ကံစမ်းမဲမှာ ပါဝင်မဲ့ ကြည့်ရှုသူတွေက ကျေးဇူးပြုပြီး နှစ်ခါလောက် စဉ်းစားကြပါ “

ဘယ်သူကမှ ပို့ဆောင်ခအတွက် မပေးဆောင်ချင်ကြပေ။ ဤအရာက ရှောင်းဖုန် ပြောပြခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမက မဲနှိုက်မည့်အချိန်တွင် လူတိုင်းကို သတိပေးရပေမည်။

မနေ့က ၂၃၃ ဦးဖြစ်ပြီး အရမ်းများလွန်းပေသည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းက ယနေ့တွင် အယောက် ၁၀၀ သာ စီစဉ်ထားခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ခဏလောက် ငြိမ်သက်သွားခဲ့သည်။ ယေဘုယျအားဖြင့် အများဆုံး ၁၀ ယောက်သာ မဲဖောက်ပေးကြပြီး ယခုက အယောက် ၁၀၀ ဖြစ်သည်။ သူတို့က ပို့ဆောင်ခအတွက် ပေးဆောင်ရန် လိုအပ်ပေသည်။

ရှန်းထင်ရွှမ်းက ကံစမ်းမဲနည်းလမ်းကို သတ်မှတ်လိုက်ပြီး မဲနှိုက်ရန် ပေါ်လာသည့် မျက်နှာပြင်ကို သုံးလိုက်သည်။ လူ ၁၀၀ က လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။

“ပို့ဆောင်ခပေးဖို့ ဆန္ဒရှိတဲ့ မဲပေါက်သွားတဲ့ မိတ်ဆွေများ ရှင်တို့ရဲ့ လိပ်စာကို ချန်ထားခဲ့လို့ ရပါပြီ “

ရှန်းထင်ရွှမ်းပြောပြီး မကြာမီ “ကောင်းပြီ၊ ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးပါပြီ၊ အားလုံးကို နှုတ်ဆက်ပါတယ် “ စကားပြောပြီးနောက် ရှန်းးထင်ရွှမ်းက တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်လိုက်သည်။

...

ဝမ့်ချန်က အနက်ရောင် ဖုန်းမျက်နှာပြင်ကို မြင်သောအခါ သူမ၏ဖုန်းကို ရိုက်ခွဲလုနီးပါး ဖြစ်သွားခဲ့သည်။

မနေ့က ရှန်းထင်ရွှမ်းသည် တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ခဲ့ကြောင်း သူမက သိခဲ့သည်။ ဝမ့်ချန်က စကားလုံးအနည်းငယ်ဖြင့် ကျိန်ဆဲနေဆဲဖြစ်သည်။ သို့သော် သူမကို အင်တာနက်အသုံးပြုသူများက တစ်လှည့် တိုက်ခိုက်ခဲ့သည်။

ယနေ့ ရှန်းထင်ရွှမ်းက နောက်ထပ် တိုက်ရိုက်ထုတ်လွှင့်နေသည်ကို မြင်သောအခါ ဝမ့်ချန်က ကောင်းစွာ သင်ယူလိုက်ပြီး သူမက တိုက်ရိုက်မဆဲတော့ပေ။ ထိုအစား သူမက ရေတပ်ဒါဇင်လိုက် ငှားခဲ့သည်။ ထို့ကြောင့် ရေတပ်က တိုက်ရိုက်ထုတ်လွှင့်မှုကို ချိတ်ဆက်လိုက်သော်လည်း ရှန်းထင်ရွှမ်းက တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်လိုက်လေသည်။

...

တခြားတစ်ဖက်တွင် ရှောင်ဖုန်းက ပြုံးနေပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။ ရှန်းထင်ရွှမ်းက လက်ဗလာဖြင့် ဖရဲသီးခွဲသည်ကို မြင်လိုက်သောအခါ သူက အင်တာနက်အသုံးပြုသူများကဲ့သို့ အထိတ်တလန့် တုံ့ပြန်ခဲ့သည်။ အားနည်းပြီး နုနယ်ပုံရသည့် မိန်းကလေးတစ်ယောက်က အလွန်ခွန်အားကြီးမည်ဟု မမျှော်လင့်ခဲ့ချေ။

သို့သော်လည်း ရှန်းထင်ရွှမ်းက နေ့တိုင်း တောင်ခြေသို့ အသီးအများကြီး သယ်လာလေ့ရှိသည်ကို စဉ်းစားမိပြီး အလေ့အကျင့်ဖြစ်လာသည်ဟု ခန့်မှန်းလိုက်သည်။ ဤသို့တွေးမိပြီး ရှောင်ဖုန်းက သူ့စိတ်ထဲတွင် ရှန်းထင်ရွှမ်းကို ဆူပူလိုက်သည်။

သူက ရှင်းယွမ်ရှန်သို့ ကားမောင်းလာခဲ့ပြီး စားပွဲပေါ်တွင် ရှန်းထင်ရွှမ်းထားခဲ့သည့် ဖရဲသီးတစ်ဝက်ကို တွေ့ရှိသွားသည်။ ထို့ကြောင့် သူက တခြားတစ်ဝက်ကို ချိန်လိုက်ပြီး QR code ဖြင့် ငွေပေးချေလိုက်ကာ အိမ်သို့ ပြန်ယူလာခဲ့သည်။

...

ရှန်းထင်ရွှမ်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ပြီးနောက် သူမက ပရင်တာကို ကြိုးစားကြည့်လိုက်သည်။ ရှောင်ဖုန်းပြောခဲ့သည့် နည်းလမ်းကို လိုက်ပြီး ရှန်းထင်ရွှမ်းက ပို့ဆောင်ရေးဖြတ်ပိုင်းကို ပရင့်ထုတ်ရန် စတင်လိုက်သည်။

မဲပေါက်သူ အယောက် ၁၀၀ ရှိပြီး ၉၇ ယောက်က သူတို့၏ လိပ်စာများ ချန်ထားခဲ့သည်။

ရှန်းထင်ရွှမ်းက ပထမဆုံး အမှာစာတချို့ကို ပရင့်ထုတ်လိုက်သောအခါ အနည်းငယ်နှေးပေသည်။ နောက်ပိုင်းတွင် သူမက လုပ်ဆောင်ချက်များကို ကျွမ်းကျင်လာပြီး များစွာသော အမှာစာများကို တစ်မိနစ်အတွင်း ပရင့်ထုတ်နိုင်ခဲ့သည်။

တစ်နာရီမပြည့်ခင် ရှန်းထင်ရွှမ်းက ပို့ဆောင်ရမည့်အမှာများအားလုံးကို ပရင့်ထုတ်ပြီးသွားခဲ့သည်။

ရှန်းထင်ရွှမ်းက စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ညစာပြင်ရန် မီးဖိုချောင်သို့ ပြေးသွားခဲ့သည်။

...

မနေ့က အဘိုးကြီးတု ပြန်လာပြီးနောက် ရှန်းထင်ရွှမ်း၏ အထုပ်များအားလုံးကို ထုပ်ပိုးရန် အချိန်ပိုဆင်းခဲ့ရပြီး ၎င်းတို့ကို ပို့ဆောင်ခဲ့သည်။

ဤအကြောင်း ပြောရလျှင် အလယ်တွင် ဇာတ်လမ်းလေးတစ်ခု ရှိပေသည်။ အဘိုးကြီးတုက ပြန်ရောက်သောအခါ လောင်တိန့်က ကားထဲသို့ သေသေချာချာကြည့်လိုက်ပြီး ကားတစ်စီးအပြည့် အသီးများကို တွေ့သွားခဲ့ပြီး အလွန်အံ့ဩသွားခဲ့သည်။ “သူမက မင်းကို တကယ်ပဲ အသီးတွေ အများကြီး ပေးခဲ့တာလား “

အဘိုးကြီးတုက “ပေါက်ကရတွေ ပြောမနေနဲ့၊ ဒါတွေက ဝယ်သူတွေဆီ ပို့ရမဲ့ အသီးတွေ “

လောင်တိန့်က ခေါင်းညိတ်လိုက်သည်။ သို့သော် အလွန်များပြားသည့် အသီးများကို ပို့ရန် ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်းဟု တွေးနေပေသည်။ “လူဘယ်နှယောက် ပို့ရမှာလဲ “

အဘိုးကြီးတုက ပြောလိုက်သည်။ “တစ်ရာကျော်တယ် “

လောင်တိန့်၏ မျက်လုံးများက ပင့်တက်သွားသည်။ “ငါ ကူညီပေးမယ် “

အဘိုးကြီးတုက တိုက်ရိုက်ငြင်းဆိုလိုက်သည်။ “မလိုဘူး၊ ငါကိုင်တွယ်နိုင်တယ် “

လောင်တိန့်က သူ၏မက်မွန်သီးများကို စားလိုက်သည့် အချိန်တည်းက အဘိုးကြီးတုသည် လောင်တိန့်အပေါ် အမြင်တစ်ခု ရှိပေသည်။

လောင်တိန့်က သူ့ကို ခဏလောက် ဖျောင်းဖျနေခဲ့သည်။ သို့သော် အဘိုးကြီးတုက သူ့အကူအညီကို တကယ်ပဲ မလိုချင်ကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် သူက ထွက်သွားခဲ့ရသည်။

အဘိုးကြီးတုက ပို့ဆောင်ရမည့် အထုပ်များအားလုံးကို ထုပ်ပိုးလိုက်ပြီး များစွာသော နေရာများကို ပို့ဆောင်ရန် ပို့ဆောင်ရေးကားများဆီသို့ ပို့ပေးခဲ့သည်မှာ နောက်နေ့မနက် ခြောက်နာရီမတိုင်ခင်ထိ ဖြစ်သည်။

…

နေ့ခင်း ငါးနာရီခွဲတွင် ရှန်းထင်ရွှမ်း ပို့ခဲ့သည့် ပစ္စည်းထုပ်ကို ပထမဆုံး လက်ခံရရှိသည့် တစ်ယောက်က မြို့တော် Bမှ ကံကောင်းသည့် အမျိုးသားတစ်ယောက် ဖြစ်သည်။

ဤကံကောင်းသည့်တစ်‌ယောက်က လင်းလင်ဖြစ်သည်။ သူမက ရှန်းထင်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုဖြစ်သည်က တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သည်။ သူမက အရမ်းအာရုံမစိုက်ဘဲ အထက်အောက်ရွေ့ကြည့်နေရင်း တခြားသူများ၏ တိုက်ရိုက်ထုတ်လွှင့်ခြင်းများကို ကြည့်ရှုနေခဲ့ပြီး ရှန်းထင်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို မတော်တဆ နှိပ်မိသွားခဲ့သည်။

ရှန်းထင်ရွှမ်း ဆီးသီးများ စားပြနေခဲ့ခြင်းက သူမကို ဆွဲဆောင်သွားခဲ့သည်။ ပြီးနောက် ရှန်းထင်ရွှမ်းက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် လိပ်စာတစ်ခု ချန်ထားခဲ့ပြီး အသီးများ လက်ခံရရှိနိုင်သည်ဟု ပြောခဲ့သည်။ လင်းလင်က ကြိုးစားချင်ရုံသက်သက်ဖြင့် လိပ်စာကို ချန်ထားခဲ့သည်။

သူမက လူလိမ်များနှင့် တွေ့ဆုံရမည်ကို မကြောက်ပေ။ နောက်ပိုင်းတွင် များစွာသော အင်တာနက်ဆယ်လီများက ယနေ့ခေတ်တွင် သူတို့၏ ပစ္စည်းများကို ရောင်းချရန် ဤနည်းလမ်းကို အသုံးပြုပေသည်။ ပထမဆုံး ပို့ဆောင်သည့် ပစ္စည်းများက ယေဘုယျအားဖြင့် ကောင်းမွန်ပေသည်။ အွန်လိုင်းဂုဏ်သတင်းက မြင့်တက်လာပြီးနောက် ထိုထုတ်လွှင့်ကြသည့် လူများက အွန်လိုင်းစျေးဆိုင်ကို ဖွင်လှစ်လာကြပြီး သူတို့ရောင်းသည့် ကုန်ပစ္စည်းများက အရည်အသွေး ကွဲပြားပေသည်။

လင်းလင်က ပို့ဆောင်ရေးဘူးခွံကို မ ကြည့်လိုက်သည်။ ၎င်းက အရမ်းမလေးပေ။ အသီးက ကတ်တီဝက်ခန့် ရှိသင့်သော်လည်း သူမ နားလည်နိုင်ပေသည်။ များစွာသော အင်တာနက်အသုံးပြုသူများက လိပ်စာများ ချန်ထားခဲ့ခြင်း ဖြစ်ရပေမည်။ မြည်းစမ်းကြည့်ရအောင်။

သင်က တကယ်ပဲ အများကြီး ပို့ခဲ့မယ်ဆိုရင် ပိုက်ဆံအများကြီး ကုန်သွားပေလိမ့်မည်။

လင်းလင်က အထုပ်ကို ဖွင့်ကြည့်လိုက်ရာ မျက်နှာပြင်တွင် လေပူဖောင်း သေးသေးလေးများပါရှိသည့် လေဖောင်းပလပ်စတစ်ဖြင့် ထုပ်ပိုးထားသော အသီးများကို တွေ့လိုက်ရပြီး အနည်းငယ် အံ့ဩသွားခဲ့သည်။

မှန်တာ‌ပေါ့။ မနေ့က အဘိုးကြီးတုသည် ဆီးသီးများကို ထုတ်ပိုးခဲ့သောအခါ ၎င်းတို့ကို လေဖောင်းပလပ်စတစ်ဖြင့် တင်းတင်းကြပ်ကြပ် ထုပ်ပိုးထားခဲ့သည်။ သူက ထိုအသီးများကို စားဖူးပေသည်။ ထို့ကြောင့် ၎င်းတို့က မပျက်စီးနိုင်ကြောင်း သူသိပေသည်။

သယ်ယူပို့ဆောင်‌ရေးလုပ်ငန်းစဉ်တွင် ပို့ဆောင်နေစဉ် အလေအလွင့်ဖြစ်မှုများ မလွဲမသွေ ကြုံတွေ့နိုင်ပေသည်။ အသီးများက ပြင်းထန်သည့် သက်ရောက်မှုများကို မခံနိုင်သောကြောင့် အဘိုးကြီးတုက ဤလေဖောင်းပလပ်စတစ်များဖြင့် ၎င်းတို့ကို ထုပ်ပိုးထားခဲ့သည်။

...

လင်းလင်က လေဖောင်းပလပ်စတစ်အလွှာကို ဖွင့်လိုက်ပြီး မူလဆီးသီးရနံ့က ထွက်ပေါ်လာတော့သည်။ လင်းလင်က ခေါင်းညိတ်လိုက်သည်။ ဤထုတ်လွှင့်သူက အနာဂတ်တွင် ထိုကဲ့သို့ အသီးများကို ရောင်းချပါက အလွန်ကောင်းမွန်ပေသည်။

သူမက ဆီးသီးတစ်လုံးကို ထုတ်ယူလိုက်ပြီး ရေဆေး၊ အခွံနွှာလိုက်ကာ တစ်ကိုက်စားကြည့်လိုက်ပြီး အံ့အားသင့်သွားခဲ့သည်။

မနေ့က တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသောအခါ အမျိုးသမီးထုတ်လွှင့်သူက အားပါးတရ စားနေခဲ့သည်ကို မြင်ခဲ့သည်။ သို့သော် ၎င်းက ရောင်းချခြင်းအတွက်ကိရိယာတစ်ခု ဖြစ်မည်ဟု ထင်ခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုများက ဤကဲ့သို့ အငွေ့အသက်တစ်ခုကို ဖန်တီးနိုင်ကြသည်။ သို့သော် ဤဆီးသီး၏ အရသာက သူမတွေးထားသည်ထက် ပိုပြီးတောင် အရသာရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

တစ်လုံးစားပြီးနောက် လင်းလင်က ကျန်သည့်ဆီးသီးများကို မဆေးတော့ဘဲ တစ်လုံးပြီးတစ်လုံး စားလိုက်တော့သည်။ နောက်ဆုံးတစ်လုံးစားပြီးသောအခါ သူမက ဓာတ်ပုံရိုက်ရန် မေ့သွားခဲ့ကြောင်း ရုတ်တရက် သိသွားခဲ့သည်။ သို့သော် ထိုအချိန်တွင် ဆီးသီးတစ်လုံးမှ မရှိတော့ပေ။ အခွံများနှင့် ဆီးသီးအူတိုင်များသာ ကျန်ခဲ့တော့သည်။

လင်းလင်က ဖုန်းကို ကောက်ယူလိုက်ပြီး ဆီးသီးခွံများကို ဓာတ်ပုံရိုက်လိုက်ကာ Weibo တွင် ပို့စ်တစ်ခု တင်လိုက်သည်။

[ရွှမ်းမူ။ မနေ့က @အပင်စိုက်တဲ့အားရွှမ်း ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ အားရွှမ်းက လိပ်စာချန်ထားခဲ့ပြီး အသီးတွေ ရနိုင်တယ်လို့ ပြောခဲ့တယ်။ ငါက ကြိုးစားကြည့်ချင်လို့ လိပ်စာချန်ထားခဲ့လိုက်တယ်။

မထင်ထားဘဲ ဒီနေ့ အထုပ်ကို လက်ခံရရှိခဲ့တယ်။ ငါ ဒီအထုပ်ကို ရတော့ ပထမဆုံးတုံ့ပြန်မှုက သိပ်မလေးဘူးပေါ့။ ထုပ်ပိုးထားတဲ့ ဘူးခွံကို ဖယ်လိုက်တော့ အသီးက ကတ်တီဝက်လောက်တော့ ရှိတယ်။ အဲ့ဒါကို ငါ နားလည်တယ်။ ပြီးတော့ ပို့ဆောင်ခကလည်း အခမဲ့လေ။

ငါ အထုပ်ကို ဖွင့်လိုက်ပြီး ဒူးထောက်လိုက်တယ်။ ဒီဆီးသီးတွေက ကြီးမားပြီး လုံးဝန်းနေတာပဲ။ အရောင်အပြည့်၊ မွှေးရနံ့အပြည့်ပဲ။

တစ်ကိုက်စားလိုက်ပြီး ငါ့တစ်ကိုယ်လုံး စိတ်လှုပ်ရှားပြီး အော်လိုက်မိတယ်။ ဒါက အရမ်းအရသာရှိတာပဲ။ ငါ ဘာမှဂရုမစိုက်တော့ဘဲ အကုန်လုံးကို စားပစ်လိုက်တယ်။ စားပြီးခါမှ ငါ ဓာတ်ပုံရိုက်ဖို့ သတိရသွားတယ်။ အခု ဒီတစ်ပုံပဲရှိတယ်။ [ပုံ]]

ပုံက ဆီးသီးခွံများဖြင့် ပြည့်နေသည့် အမှိုက်ပုံးတစ်ပုံး ဖြစ်သည်။ Weiboတွင် ပို့စ်တင်ပြီးနောက် တချို့အင်တာနက်အသုံးပြုသူများက မှတ်ချက်များ ပေးခဲ့ကြသည်။

[ပုံကို ကြည့်ရတာ ကောင်းတယ်။]

[တကယ်လား။]

[အဲဒါက စိတ်ချရလို့လား။]

[ငါ တစ်ချက်ကြည့်ရုံနဲ့ အဲ့ဒီ ‘အပင်စိုက်တဲ့အားရွှမ်း’က ကျောထောက်နောက်ခံ ရှိနေသလို ခံစားရတယ်။ ပွဲဦးထွက်ချင်တဲ့ အင်တာနက်ဆယ်လီတစ်ယောက်လို့ ထင်တယ်။]

လင်းလင်က သူမကြိုးကြိုးစားစားရေးထားခဲ့သည့် ထင်မြင်ချက်စာရှည်ကို မေးခွန်းထုတ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ သူမက ချက်ချင်းပင် အောက်တွင် တိုက်ရိုက် စာပြန်လိုက်သည်။ [နင် ငြင်းခဲ့တဲ့ နင့်ကို အလကားပေးခဲ့တဲ့ပစ္စည်းတွေလေ။ အခု လက်ခံထားတဲ့သူတစ်ယောက်က ပြန်လည်သုံးသပ်ပေးတာကို နင်က မေးခွန်းထုတ်ရဲတယ်လား။]

...

ဤ Weibo ပို့စ်ပြီးနောက် တခြားပို့စ်များလည်း ရှိပေသည်။ လူတိုင်းက အပင်စိုက်တဲ့အားရွှမ်း၏ အသီးများက အရသာရှိကြောင်း ‌ဖော်ပြကြသည်။

[ငါ အလုပ်ကနေ ပြန်လာတော့ အထုပ်ကို လက်ခံရရှိခဲ့တယ်။ ငါ အလုပ်မှာတုန်းက ဒေါသတကြီး ငိုနေပြီးတော့ အရမ်းဒေါသထွက်နေခဲ့တာ။ ငါ ဆီးသီးကို တစ်ကိုက်ကိုက်စားပြီးတော့ မပျော်ရွှင်နေတာတွေအကုန်လုံး ပျောက်ကွယ်သွားခဲ့တယ်။]

[ငါက ငါ့လိပ်စာကို ရည်ရွယ်ချက်မရှိဘဲ ဒီတိုင်း ထားခဲ့လိုက်တာ။ အရမ်းအရသာရှိတဲ့အသီးတွေ ဖြစ်မယ်လို့ ငါမမျှော်လင့်ခဲ့ဘူး။ ငါ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို နောက်ထပ်သွားကြည့်တော့ @အပင်စိုက်တဲ့အားရွှမ်း ရဲ့ ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မှုက ပြီးသွားခဲ့ပြီ။]

[ငါ အခု နောင်တရနေပြီ။ ငါ ဘာလို့ မနေ့က ငါ့မိဘတွေရဲ့ အိမ်လိပ်စာကို ချန်ခဲ့မိတာလဲ။ မဟုတ်ရင် အနည်းဆုံးတော့ လက်ထဲမှာ ဆီးသီးကတ်တီဝက်တော့ ရှိနေမှာ။]

[ငါ Weibo မှာ ဘယ်တုန်းကမှ review မတင်ခဲ့ဘူး။ ဒါပေမဲ့ ဒီနေရာကလွဲလို့ တခြားဘယ်မှာ ပေးရမလဲ မသိဘူး။ @အပင်စိုက်တဲ့အားရွှမ်း ရဲ့ ဆီးသီးတွေက အရမ်းအရသာရှိတယ်လို့ ငါပြောချင်တယ်။ တိုက်ရိုက်ထုတ်လွှင့်မှု ရှိရင် ငါ အဲ့ဒါကို ဝယ်မယ်။]

...

ဆီးသီးများကို လက်ခံရရှိခဲ့သည့် လူများက သာမန်အားဖြင့် Weibo တွင် ပို့စ်တင်ပေးခဲ့ကြသည်။ လူတိုင်းက ရှန်းထင်ရွှမ်း၏ Weibo ‌အောက်တွင် ဆီးသီးများက ဘယ်‌လောက်အရသာရှိကြောင်း မှတ်ချက်များပေးခဲ့ကြပြီး ယင်းက များစွာသော အင်တာနက်အသုံးပြုသူများကို လိပ်စာချန်မထားခဲ့မိသည့်အတွက် နောင်တရသလို ခံစားရစေခဲ့သည်။

ဆွေးနွေးမှုများ အရှိန်တက်လာပြီးနောက် ပရိသတ်သန်းချီရှိသည့် ဘလော့ဂါတစ်ယောက်က ရှန်းထင်ရွှမ်း၏ နောက်ဆုံး Weibo ပို့စ်အောက်တွင် မှတ်ချက်ပေးလိုက်သည်။

[ဒါပေါ့။ အသီးတွေက အရသာရှိတယ်။ သူမက စူပါမောကို တင်သွင်းပေးတဲ့ တစ်ယောက်လေ။]

...

ထိုမှတ်ချက်ကို မြင်လိုက်သည့် အင်တာနက်သုံးစွဲသူများက အလွန်အံ့အားသင့်သွားကြသည်။ ထို့နောက် သူတို့က အရင်က သတင်းများကို ရှာဖွေလာကြပြီး မှန်ကန်ကြောင်း တွေ့ရှိသွားကြသည်။ အသီးတွေက အရမ်းအရသာရှိတာ အံ့ဩစရာမဟုတ်ဘူးပဲ။ ထိုထုတ်လွှင့်သူက အနာဂတ်ကျ ဆိုင်တစ်ဆိုင် ဖွင့်လိမ့်မည်ဟု သူတို့က တွေးနေကြဆဲဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုက အပျော်သက်သက် ဖြစ်နိုင်ကြောင်း သူတို့ ရှာတွေ့ခဲ့ကြသည်။

[ပထမအကြိမ်တုန်းက လိပ်စာချန်ထားခဲ့တဲ့သူတွေကို ငါ တကယ်ပဲ မနာလိုဘူး။]

[အရင်က ဆီးသီးတွေကို အမွှမ်းတင်နေတဲ့ မှတ်ချက်တွေကို မြင်တော့ လိပ်စာချန်မထားမိလို့ ငါ နည်းနည်း နောင်တရသလို ခံစားရတယ်၊ ဒါပေမဲ့ အခုတော့ အူထဲအသည်းထဲကကို နောင်တရနေပြီ။]

[ဒီဆီးသီးရဲ့အရသာက ဘာလို့အရမ်းရင်းနှီးနေတာလဲလို့ ငါ တွေးနေတာ။ အားးးးးးး ငါ ဘာလို့ ဒီနေ့ တိုက်ရိုက်ထုတ်မှုအခန်းကို မသွားခဲ့တာလဲ။]

[အဲဒါက မင်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကိုသွားရင် ဆုတစ်ခုရနိုင်သလို ထင်ရတယ်။]

…

အင်တာနက်အသုံးပြုသူများ၏ ဆွေးနွေးမှုဖြင့် ရှန်းထင်ရွှမ်း၏ ပရိသတ်များက တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး မကြာမီ တစ်သိန်းခွဲအထိ ရောက်လာခဲ့သည်။

ထိုအချိန်အတောအတွင်း ရှန်းထင်ရွှမ်းက ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှု့နေခဲ့သည်။

ယနေ့ ဗီဗီ၏ အဓိကရည်ရွယ်သည့် တိုက်ရိုက်ထုတ်လွှင့်မှုက နေထိုင်မှုပွဲတော်ဖြစ်သည်။ ရောင်းချသည့် ပစ္စည်းအားလုံးက နေ့စဉ် လိုအပ်သည့်အသုံးအဆောင်များ ဖြစ်သည်။

ရှန်းထင်ရွှမ်းက ကမ္ဘာသစ်တစ်ခုသို့ တံခါးဖွင့်လိုက်သည်ဟု နောက်တစ်ကြိမ် ခံစားလိုက်ရသည်။ ဥပမာအားဖြင့် အလိုအလျောက် အဝတ်လျှော်စက်၊ ပန်းကန်ဆေးစက်၊ အပူချိန်ထိန်းညှိပေးသည့် ခြေဆေးစက်၊ နရံဖျက်ကိရိယာများ၊ အဝတ်လျော်ဆပ်ပြာလုံးများနှင့် အလွန်လျင်မြန်သော ဓားများ ဖြစ်သည်။

မူလကိုယ်က ငယ်ရွယ်စဉ်တွင် ကျေးလက်ဒေသ၌ နေထိုင်ခဲ့ရသည်။ ထို့ကြောင့် သူမတွင် လျှပ်စစ်ပစ္စည်းအသုံးအဆောင်များ မရှိခဲ့ပေ။ သို့သော် သူမက ရှန်းမိသားစုသို့ ပြန်လာသောအခါ သူမက ထိုပစ္စည်းများကို သုံးရန် မလိုအပ်ခဲ့ပေ။ ရှန်းထင်ရွှမ်းက ကူးပြောင်းလာခဲ့ပြီး သူမ လက်ဆင့်ကမ်းရရှိခဲ့သည့် မှတ်ဉာဏ်တွင် ထိုလျှပ်စစ်ပစ္စည်းအသုံးအဆောင်းများနှင့် ပတ်သက်ပြီး မရှိခဲ့ပေ။

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ရှန်းထင်ရွှမ်း၏ အ‌ကောင့်ထဲရှိ ပိုက်ဆံက ၁၃၉၀၈၇ ယွမ်မှ စတင်ပြီး ဆက်လက်လျော့ကျနေပေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုပြီးသွားသောအခါ ရှန်းထင်ရွှမ်း၏ အကောင့်ထဲရှိ လက်ကျန် ပမာဏက ဂဏန်းငါးလုံးထိ လျော့ကျသွားပေသည်။

ရှန်းထင်ရွှမ်းက တကယ်ပဲ ယွမ် ငါးသောင်းကျော် သုံးစွဲခဲ့ပေသည်။

သူမက ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် အနှစ်သက်ဆုံးပရိသတ်တစ်ယောက် ဖြစ်လာခဲ့သည်။ သူမသာ ၎င်းကို မကြာခဏ ကြည့်ပါက ဗီဗီ၏ အမြင့်ဆုံးအဆင့်ပရိသတ်တစ်ယောက် ဖြစ်လာနိုင်သည်ဟု ရှန်းထင်ရွှမ်းက ခန့်မှန်းမိပေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုပြီးနောက် ရှန်းထင်ရွှမ်းက သူမဖုန်းကို ဘေးတွင် ထားလိုက်ပြီး အိပ်ရန် သွားလိုက်သည်။

မြို့‌တော်ဘီရှိ အဆင့်မြင့်ဆုံး ဟိုတယ်တစ်ခုတွင် လူတစ်စုက မနက်ဖြန်ဧည့်ခံပွဲအတွက် နေရာချရင်း အလုပ်ရှုပ်နေကြဆဲဖြစ်သည်။

…

All Chapters