← Chapters

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အခန်း (၂၈)

ဇူလိုင်လ ၂၇ ရက်နေ့က ချင်ယွဲ့ကျီ၏ မွေးနေ့ဖြစ်သည်။ ဤနေ့တွင် သူ၏ အေဂျင်စီက ဘယ်တော့မှ အလျှော့မပေးဘဲ နှစ်တိုင်း ကြိုတင်စီစဉ်ထားခဲ့သည်။

ဤနှစ်တွင် ချင်ယွဲ့ကျီ၏ မွေးနေ့ပွဲကို ထပ်ခါထပ်ခါ ဖြုတ်ချခဲ့ကာ အကြိမ်များစွာ ပြင်ဆင်ပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချခဲ့သည်။

အသေးစိတ်အချက်အလက်များကိုတောင် ပိုပြီး သေချာအောင် ပြုလုပ်ထားပေသည်။ အစားအသောက်စာရင်းကို အဆုံးမသတ်ခင် အကြိမ်ပေါင်းများစွာ ပြင်ဆင်ရန်အတွက် အချိုပွဲများကို မြည်းစမ်းရန် အကြိုက်မတူညီသည့် လူများကို ဖိတ်ကြားခဲ့သည်။

စားပွဲများကို အစီအစဉ်အတိုင်း နေရာချထားပြီး မည်သည့်အမှားကိုမှ ခွင့်မပြုပေ။ နေ့ခင်း ၁၂နာရီထိတိုင်အောင် ပြင်ဆင်နေခဲ့ပြီး နောက်ဆုံးတွင် ဧည့်ခံပွဲပြင်ဆင်ခြင်းက ပြီးသွားခဲ့သည်။

ဧည့်ခံပွဲကို စီစဉ်သည့် ဒါရိုက်တာက စားပွဲပေါ်ရှိ အသီးပန်းကန်ပြားအလွတ်များကို ကြည့်လိုက်ပြီး

“အသီးတွေ ဘယ်မှာလဲ “

ဘေးနားရှိ ဝန်ထမ်းက ပြောလိုက်သည်။ “မစ္စတာအိုက်က ပြောတယ်၊ သူတို့ မနက်ဖြန်ကျ ပို့လိုက်မယ်တဲ့ “

ဒါရိုက်တာက သူမ၏ ဒေါသကို ချုပ်ထိန်းလိုက်သည်။

“သူတို့က လက်လွတ်စပယ် အရမ်းလုပ်တာပဲ၊ အသီးတွေက အရသာမကောင်းရင် ဘယ်လိုလုပ်မလဲ“

သူမက သူ၏ဂုဏ်သတင်းကို မပျက်စီးစေချင်ပေ။ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အတွက် ဧည့်ခံပွဲပါတီတစ်ခု ကျင်းပရန်က မလွယ်ကူသော်လည်း ၎င်းကို ကောင်းကောင်းလုပ်နိုင်ခဲ့လျှင် သူမ၏ ဂုဏ်သတင်းက တိုးတက်လာပေလိမ့်မည်။ သို့သော် သူမက အနည်းငယ်လေးတောင် တိတိကျကျမလုပ်ခဲ့လျှင် ထောင်ပေါင်းများစွာသော ပရိသတ်များ၏ ဆူပူမှုကို ခံရပေလိမ့်မည်။

ဝန်ထမ်းက ဘာမှ ထပ်မပြောရဲခဲ့ပေ။ သူတို့က အိုက်မင်ကို အကြိမ်ပေါင်းများစွာ ရှာဖွေလိုက်ကြသည်။ သူတို့က အသီးများကို သယ်လာရန် ချင်ယွဲ့ကျီ၏ မွေးနေ့ဧည့်ခံပွဲနေ့တိုင်အောင် စောင့်ရလိမ့်မည်ဟု အိုက်မင်က အမြဲတမ်းပြောခဲ့သည်။ ဘာကြောင့်မှန်းတော့ သူတို့ မသိခဲ့ပေ။

ဒါရိုက်တာက စားပွဲများကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး နောက်ဆုံးတွင် သူမက ဖုန်းကို ထုတ်ယူလိုက်ကာ အိုက်မင်ဆီသို့ ဖုန်းခေါ်လိုက်သည်။ “ပွဲစားကြီး အသီးအနှံတွေ ဘယ်အချိန် ပို့ပေးမှာလဲ “

တကယ်တော့ ဒါရိုက်တာက ဧည့်ခံပွဲအတွက် အသီးများကို သူတို့ ပြင်ဆင်လိုက်မည်ဟု ပြောနေခဲ့သည်။ သို့သော် အိုက်မင်က သ‌ဘောမတူခဲ့ပေ။

အိုက်မင်က “စိတ်မပူနဲ့၊ မနက်ဖြန်ကျရင် ပို့လာလိမ့်မယ်၊ ဒါပေမဲ့ ငါ မင်းကို သတိပေးလိုက်မယ်၊ မင်း အဲဒါတွေကို ခိုးယူဖို့ ခွင့်မပြုဘူးနော် “

ဒါရိုက်တာက စိတ်လေသွားသည်။ “မနက်ဖြန် မနက် ၉နာရီ နောက်ဆုံးပဲ “

အိုက်မင် “အိုခေ၊ ငါသိပြီ “

“အိုခေ “ သို့သော် အိုက်မင်၏အသံက ဘာကိုမှ မဆိုလိုခဲ့ပေ။ ဒါရိုက်တာက သက်ပြင်းချလိုက်ပြီး ဖုန်းဖြင့် ဘာမှပြောစရာမရှိတော့ပေ။

ဤအရာက ချင်ယွဲ့ကျီ၏ မွေးနေ့ဧည့်ခံပွဲ ဖြစ်သည်။ အိုက်မင်က အလေးအနက် လုပ်ဆောင်ရပေလိမ့်မည်။ ဒါရိုက်တာက သူမကိုယ်သူမ ထိုကဲ့သို့ နှစ်သိမ့်လိုက်ပြီး “ကောင်းပြီ၊ လူတိုင်းပဲ ပြန်လို့ရပြီ၊ အနားယူပြီး မနက်ဖြန်မနက်စောစော လာခဲ့ကြပါ “

မနက် ရှစ်နာရီခွဲ၌ ဒါရိုက်တာက ရောက်လာခဲ့ပြီး အသီးများထည့်ရန် ပြင်ဆင်ခဲ့သည်။ မနက် ကိုးနာရီ၌ အိုက်မင်က ရောက်မလာခဲ့ပေ။ ကိုးနာရီ ဆယ်မိနစ်တွင် ဒါရိုက်တာက ဖုန်းမခေါ်ဘဲ မနေနိုင်တော့ချေ။ ဆယ်နာရီ မထိုးခင် အိုက်မင်က အသီးများ ယူလာခဲ့သည်။

မူလက စိတ်ဆိုးနေသည့် ဒါရိုက်တာက အသီးရနံ့ကို ရသွားပြီးနောက် သူမ၏ စိတ်ကို ချုပ်ထိန်းလိုက်ပြီး “လုပ်လုပ် “

အသီးက ဆီးသီး၊ မက်မွန်သီးနှင့် ဖရဲသီးဟူ၍ သုံးမျိုးသာရှိကြောင်း ဒါရိုက်တာက မြင်လိုက်ရသောအခါ သူမက အိုက်မင်ကို သံသယဖြစ်စွာ ကြည့်လိုက်သည်။ “အသီးက သုံးမျိုးတည်းလား “

ယင်းက ဧည့်ခံကျွေးမွေးရန် လုံလောက်သော်ငြား အမျိုးအစားစုံလင်မှုက နည်းလွန်းပေသည်။ ထိုအသီးသုံးမျိုးကလည်း အလွန်သာမန်ဆန်သည့် အသီးများဖြစ်သည်။ အိုက်မင်က ချင်ယွဲ့ကျီ၏ အေးဂျင့်သာမဟုတ်လျှင် အိုက်မင်က သူမကို တမှင်တက်သက် ဖျက်စီးနေသည်ဟု ထင်မိပေလိမ့်မည်။

“အကုန်လုံးက ထိပ်တန်းအရည်အသွေးတွေချည်းပဲ “ အိုက်မင်က ပြောလိုက်သည်။

ဒါရိုက်တာက ‘ငါ့ကို အရူးလို့ ထင်မနေနဲ့ ‘ ဟူသည့် အကြည့်ကို ပြလိုက်သည်။

အိုက်မင်က ဘေးတွင် လှီးထားသည့် ဖရဲသီးတစ်စိပ်ကို ယူရန် ခက်ရင်းတစ်ချောင်းကို သုံးလိုက်ပြီး ဒါရိုက်တာကို ကျွေးလိုက်သည်။ “ငါ မစားဘူး “

ဒါရိုက်တာက ငြင်းဆိုနေပေသည်။ သို့သော် ဖရဲသီးစိပ်က သူမ၏ပါးစပ်ထဲ ရောက်သွားပြီ ဖြစ်သည်။ ပထမဆုံး ချိုမြိန်မှုက အလွန်ကောင်းမွန်သောကြောင့် သူမ၏နှလုံးသားကို တည်ငြိမ်သွားစေခဲ့သည်။ ဒီဖရဲသီးက အရမ်းအရသာရှိတာပဲ။

တစ်ကိုက်စားပြီးနောက် ဒါရိုက်တာက သူမဘေးရှိ ဖရဲသီးကို ကြည့်လိုက်ပြီး အိုက်မင်၏ သတိထားနေသော အကြည့်ကို တွေ့ရှိသွားခဲ့သည်။ အသီးများအပေါ် ဒါရိုက်တာ၏ သံသယကြောင့်သာ မဟုတ်လျှင် အိုက်မင်က ဖရဲသီးကို သူမအား ကျွေးလိမ့်မည် မဟုတ်ပေ။

ဒါရိုက်တာက အနည်းငယ် ကူကယ်ရာမဲ့သွားခဲ့သည်။ ဖရဲသီးက တကယ်ပဲ အရသာရှိလွန်းပေသည်။ သို့သော် သူမကလည်း ပညာရှင်တစ်ယောက်အနေဖြင့် အောက်ခြေစည်းတစ်ခု ရှိပေသည်။ ယနေ့ဧည့်ခံပွဲက အထူးပွဲဖြစ်ကြောင်း သိပြီး သူမက ဘယ်လိုလုပ် ခိုးနိုင်မည်နည်း။ အများဆုံး သူလုပ်နိုင်သည်က သူတို့ကို ဖရဲသီးဝယ်ခိုင်းရန်သာ ရှိသည်။ သို့သော် ဖရဲသီးကို မြည်းစမ်းပြီးနောက် နောက်ဆုံးတွင် သူမက စိတ်သက်သာရာ ရသွားပေသည်။

၁၁ နာရီ၌ ပရိသတ်များက တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့ကြသည်။ အိုက်မင်နှင့် ရှောင်ယွီက ဧည့်ခံရေးပိုင်းတွင် တာဝန်ရှိပြီး ဒါရိုက်တာနှင့် ဝန်ထမ်းများက နောက်ဆုံးတွင် တခြားအခန်း၌ အနားယူနိုင်ပေသည်။

ချင်ယွဲ့ကျီ၏ အမာခံပရိသတ်များထဲမှ တစ်ယောက်ဖြစ်သည့် စစ်မိုင်သုန့်က မနက်စောစောတွင် ရောက်လာခဲ့သည်။ သူမက တံခါးနားမှ အချိုပွဲများကို ဓာတ်ပုံရိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ဒီနေ့ ငါ့အစ်ကိုရဲ့မွေးနေ့ဧည့်ခံပွဲကိုကောင်းကောင်း စီစဉ်ထားတာပဲ “ တံခါးနားတွင် စီစဉ်ထားသည်က ကောင်းကောင်း ပြုလုပ်ထားကြောင်း ပြောနိုင်ပေသည်။

ပုံရိုက်ပြီးနောက် သူမက ကိတ်မုန့်ကို မြည်းလိုက်သည်။ ၎င်းက နူးညံ့ပြီး ချိုမြိန်ပေသည်။ ၎င်းက စိတ်ချရသည့်တံဆိပ်တစ်ခု၏ အရသာဖြစ်သည်။

သူမက လျှောက်ဝင်သွားသောအခါ အိုက်မင်ကို မြင်လိုက်ပြီး သူမက သူ့ကို နှုတ်ဆက်လိုက်သည်။

တခြားပရိသတ်များနှင့် မတူဘဲ စစ်မိုင်သုန့်က ချင်ယွဲ့ကျီပွဲဦးထွက်ကတည်းက ယနေ့တိုင်အောင် လိုက်နေခဲ့သည်။ သူမ၏ မိသားစုကလည်း ချမ်းသာသောကြောင့် သူမက ချင်ယွဲ့ကျီ၏ ဖျော်ဖြေပွဲတိုင်းနှင့် တီဗီရှိုးတိုင်းသို့ သွားနိုင်ပေသည်။

ဒါပေါ့။ စစ်မိုင်သုန့်ကလည်း လုပ်နိုင်စွမ်းရှိပြီး စည်းရုံးရေး ကျွမ်းကျင်မှု ရှိပေသည်။ သူမက အဆင့်အတန်းရှိသည့် ညီမတစ်ယောက်ဖြစ်နိုင်ပြီး လှပသည့် ပုံကောင်းများကိုလည်း ရိုက်နိုင်ပေသည်။ အချိန်အတော်ကြာပြီးနောက် စစ်မိုင်သုန့်နှင့် အိုက်မင်က ရင်းနှီးလာကြသည်။

အိုက်မင် “ဒီနေ့ အသီးတွေ ကောင်းတယ် “ အိုက်မင်အတွက် ဤစာကြောင်းက စစ်မိုင်သုန့်အတွက် အကြင်နာဆုံး ဖြစ်သည်။

စစ်မိုင်သုန့်က ခေါင်းညိတ်လိုက်သည်။ “သိပါပြီ၊ ကျေးဇူးတင်ပါတယ် အစ်ကိုမင် “ ပရိသတ်များက အိုက်မင်ကို အစ်ကိုမင်ဟု ခေါ်ကြပေသည်။ နှစ်များကြာပြီးနောက် လူတိုင်းကလည်း ချင်ယွဲ့ကျီအပေါ် အိုက်မင်၏ ဂရုစိုက်မှုကို မြင်လာကြသည်။

အိုက်မင်က စစ်မိုင်သုန့်နှင့် အကြာကြီး ပြောမနေခဲ့ပေ။ သူက တခြားပရိသတ်များကို နှုတ်ဆက်ရန် ရှိပေသည်။

စစ်မိုင်သုန့်က ပွဲကျင်းပရာနေရာတွင် ဓာတ်ပုံများ ရိုက်နေခဲ့သည်။ ဓာတ်ပုံရိုက်ခြင်း ပြီးသွားသောအခါ သူမက အသီးများစားရန် သွားလိုက်သည်။ သို့သော် သူမက အသီးသုံးမျိုးသာ ရှိသည်ကို တွေ့သောအခါ အံ့ဩသွားခဲ့သည်။ ဖရဲသီး၊ မက်မွန်သီးနဲ့ ဆီးသီးပဲလား။

သို့သော် အိုက်မင်က ပြောခဲ့သည်။ ယင်းက လေးနက်သည့်အဓိပ္ပာယ်ရှိရမည်ဟု သူမက ခံစားလိုက်ရသည်။ ထို့ကြောင့် ၎င်းက အရမ်းသာမန်ဆန်သော်လည်း သူမက ဆီးသီးတစ်လုံးကို ကောက်ယူလိုက်သည်။ သို့သော် အသီးကို ဂရုတစိုက် ရွေးလိုက်သည်ကို မြင်နိုင်ပေသည်။

ကလေးလက်သီးဆုပ်အရွယ်လောက်ကြီးသည့် အရွယ်အစားနှင့် အသီးတစ်လုံးကို သူမက တစ်ကိုက်ကိုက်လိုက်ပြီး သူမလျှာကို ကိုက်လုနီးပါး ဖြစ်သွားခဲ့သည်။ ဒါက အရမ်းအရသာရှိတာပဲ။

‘မင်းနားလည်သွားမှာပါ’ ဟူသည့် အကြည့်တစ်ခုကို ပေးခဲ့သည့် အိုက်မင်ကို သူမက ကြည့်လိုက်သည်။

စစ်မိုင်သုန့်က ခေါင်းညိတ်လိုက်သည်။ အစ်ကိုမင်က သူမကို တကယ်ပဲ တမူထူးစွာ ဆက်ဆံပေးပေသည်။ ဆီးသီးများကို စားပြီးနောက် သူမက ဖရဲသီးများကို စားရန် သွားလိုက်သည်။ ဖရဲသီးကလည်း ဆီးသီးကဲ့သို့ အရသာရှိပေသည်။ စစ်မိုင်သုန့်က အော်ဟစ်ချင်နေခဲ့ပြီး မက်မွန်သီးကို ယူလိုက်သည်။ မက်မွန်တစ်လုံးလုံးစားပြီးနောက် သူမက ဧည့်ခံပွဲစီစဉ်သည့်လူကို ဤအသီးများ ဝယ်ခဲ့သည့်နေရာကို မေးရန် မစောင့်နိုင်တော့ပေ။

သူမက စားပြီးနောက် အသီးများ၏ အနီးကပ်ပုံသုံးပုံကို ရိုက်ယူလိုက်ပြီး ၎င်းတို့ကို Weibo တွင် ပို့စ်တင်လိုက်သည်။

[ယွဲ့ကျီရဲ့ ရှောင်သုန့်သုန့်။ အစ်ကို့ရဲ့မွေးနေ့ပါတီ။ ဒီအသီးက တကယ်ပဲ အရသာရှိတယ်။ (ပုံ) (ပုံ) (ပုံ)]

ထိုပုံသုံးပုံက ဆီးသီး၊ မက်မွန်သီးနှင့် ဖရဲသီးတို့၏ ပုံများ ဖြစ်ကြသည်။ အဆုံးတွင် ထိုပုံသုံးပုံက ကြီးမားသည့် ဂယက်ရိုက်မှုတစ်ခုကို ဖြစ်ပွားစေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ချင်ယွဲ့ကျီ၏ အမာခံပရိသတ်တစ်ယောက်ဖြစ်သည့် စစ်မိုင်သုန့်တွင် ပရိသတ် သိန်းချီရှိပေသည်။ Weibo တွင် ပို့စ်တင်ပြီးနောက် ချင်ယွဲ့ကျီ၏ ပရိသတ်များစွာက သူမကို မနာလိုဖြစ်သွားကြသည်။ ချင်ယွဲ့ကျီ၏ မွေးနေ့ဧည့်ခံပွဲကို မနာလိုဖြစ်နေကြသည်။

မကြာသေးမီကမှ ဆူပူကြိမ်း‌မောင်းခံခဲ့ရသည့် anti-fan များက နောက်ဆုံးတွင် ခုန်ထွက်လာရန် အခွင့်အရေးတစ်ခုကို ရှာတွေ့သွားကြသည်။

[သာမန်လူတွေတောင် သူတို့မွေးနေ့မှာ အသီးသုံးမျိုးထဲ ရှိမှာမဟုတ်ဘူး။ အဓိကကတော့ တစ်ယောက်ယောက်က ထုတ်ပြဖို့ ပုံရိုက်နေသေးတာပဲ။]

[lol ဒီသရုပ်ဆောင်ရဲ့မွေးနေ့ဧည့်ခံပွဲက လက်စသတ်တော့ မက်မွန်သီး၊ ဆီးသီးနဲ့ ဖရဲသီးတွေ ဧည့်ခံတာပဲ။ အရမ်းကို စုတ်ပြတ်သတ်နေတာပဲ။]

[ဟားဟားဟား။ ကုန်ကျစရိတ်ကို လျော့ချလိုက်တာလေ၊ ဟုတ်ပြီလား။ ပရိသတ်တွေရဲ့ ပိုက်ဆံကကောင်းတယ်လေ။ ဒီတော့ ပရိသတ်တွေကို ပြန်ပေးဖို့ အားထုတ်ကြိုးပမ်းထားတာပဲ။]

...

အနုပညာနယ်ပယ်တွင် များစွာသော ကြယ်ပွင့်များ၏ မွေးနေ့ပါတီများကို ပရိသတ်များက တိုက်ရိုက် စီစဉ်ကြပေသည်။ သို့သော် ချင်ယွဲ့ကျီ၏ မွေးနေ့က အမြဲတမ်းက ကုမ္ပဏီက ကျင်းပပေးခဲ့သည်။

anti-fan များက မှတ်ချက်များ ပေးပြီးနောက် ပရိသတ်များက သူတို့နှင့် စကားများ ငြင်းခုံကြတော့သည်။

တချို့ ပရိသတ်များက ပြန်တိုက်ခိုက်ကြသော်လည်း ဤအသီးများက အရမ်းစုတ်ပြတ်သတ်နေသည်ဟု သူတို့ကလည်း ခံစားနေခဲ့ရသည်။ ကုမ္ပဏီက ချင်ယွဲ့ကျီ၏ မွေးနေ့ဧည့်ခံပွဲကို သေသေချာချာ မစီစဉ်ပေးဘူးလို့တောင် သူတို့က ထင်နေခဲ့ကြသည်။

anti-fan များက အခွင့်အရေးတစ်ခုကို ရှာတွေ့သည်နှင့် အင်တာနက်ပေါ်တွင် သောင်းကျန်းကြတော့သည်။ ခဏကြာပြီးနောက် #ချင်ယွဲ့ကျီမွေးနေ့ကစုတ်ပြတ်သတ်နေတာပဲ# ဟူသည့် ခေါင်းစဉ်က ရှာဖွေမှုအမြင့်ဆုံး ရောက်နေခဲ့သည်။

ထိုအချိန်အတွင်းမှာပဲ အဓိကဇာတ်ကောင်က ပရိသတ်များ၏ ကျယ်လောင်သည့် အော်ဟစ်သံများအကြား ဧည့်ခံပွဲခန်းမထဲသို့ ဝင်ရောက်လာခဲ့သည်။

နှုတ်ဆက်စကားအနည်းငယ် ပြောပြီးနောက် အိုက်မင်က ပရိသတ်များပြုလုပ်ပေးထားသည့် ဗီဒီယိုကို စတင် ပြသလိုက်သည်။ ဤနှစ်ဖျော်ဖြေပွဲက ချင်ယွဲ့ကျီ၏ ကြယ်ပွင့်ခရီးဖြစ်သည်။

ဗီဒီယိုက ပြသနေပြီး ပရိသတ်များက မွေးနေ့လက်ဆောင်များပေးရန် စတင်လိုက်သည်။

ချင်ယွဲ့ကျီက ပရိသတ်များထံမှ တန်ဖိုးကြီးသည့်လက်ဆောင်များကို ဘယ်တော့မှ လက်မခံခဲ့ပေ။ ယေဘုယျအားဖြင့် စာများနှင့် ပန်းများကိုသာ လက်ခံပေသည်။ အချိန်တစ်ခုကြာပြီးနောက် ပရိသတ်များကလည်း ချင်ယွဲ့ကျီ၏ လက်ဆောင်လက်ခံသည့် စည်းမျဉ်းကို သိလာခဲ့ကြပြီး လက်ဆောင်အများစုက သူတို့ကိုယ်တိုင်ပြုလုပ်ထားသည့် လက်ဆောင်များဖြစ်ပေသည်။

အပြန်အလှန်အားဖြင့် ချင်ယွဲ့ကျီ၏ ဧည့်ခံပွဲအမှတ်တရလက်ဆောင်ပစ္စည်းကို အထူး‌ကောင်းမွန်စွာ ပြုလုပ်ထားခဲ့ပြီး သူတို့ထဲမှ တစ်ခုကတောင် ရာပေါင်းများစွာ ထိုက်တန်သင့်ပေသည်။ ၎င်းက အရေအတွက် အကန့်အသတ်ရှိပေသည်။ မွေးနေ့ပြီးသွားသည်နှင့် ယင်းက အနာဂတ်တွင် ရှိလာလိမ့်မည် မဟုတ်တော့ပေ။

လက်ဆောင်များ လက်ခံပြီးနောက် မွေးနေ့ကိတ်စားရတော့မည့်အချိန် ဖြစ်သည်။ ချင်ယွဲ့ကျီက ကိတ်ကို အပိုင်းအများကြီး ခွဲလိုက်ပြီး ပရိသတ်များကို ဝေပေးလိုက်သည်။ တစ်ဦးနှင့် တစ်ဦး အပြန်အလှန်တုံ့ပြန်ပြီးနောက် သူက ထွက်သွားခဲ့သည်။

ပြီးခဲ့သည့်နှစ်များတွင် ချင်ယွဲ့ကျီက ပရိသတ်များနှင့်အတူ နာရီအနည်းငယ်ကြာ နေခဲ့သည်။ ဤနှစ်တွင် ချင်ယွဲ့ကျီက ကားမတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ပရိသတ်များက သူ့ကို အကြာကြီးနေရန် မမျှော်လင့်ခဲ့ချေ။ ပရိသတ်များကလည်း နားလည်မှုကို ဖော်ပြကြပြီး ချင်ယွဲ့ကျီကို ကိုယ့်ကိုယ်ကို ဂရုစိုက်ရန် တောင်းဆိုကြသည်။

ချင်ယွဲ့ကျီထွက်သွားသောအခါ နောက်ဆုံးတွင် ပရိသတ်များက စားသောက်ရန် နေရာယူလိုက်သည်။ တချို့ပရိသတ်များက သူတို့၏ဖုန်းများကို ထုတ်လိုက်ကြပြီး Weibo တွင် ပို့စ်တင်ရန် ပြင်လိုက်ကြသည်။ သူတို့က ရှာဖွေမှုအမြင့်ဆုံးတွင် ချင်ယွဲ့ကျီကို မြင်လိုက်ကြသောအခါ သူတို့က ရုတ်တရက် အော်လိုက်ကြသည်။ “ရှာဖွေမှုအမြင့်ဆုံးစာရင်းမှာ အစ်ကို ရှိနေတယ် “

ပရိသတ်များက သူတို့၏ဖုန်းများကို တစ်ယောက်ပြီးတစ်ယောက် ထုတ်လိုက်ကြသည်။ သို့သော် ပထမဆုံးအကြည့်၌ပင် ဘာတွေဖြစ်နေတာလဲ။

ဒီမွေးနေ့ပါတီက စုတ်ပြတ်သတ်နေတာလား။

မြို့တော် B ၏ အဆင့်မြင့်ဆုံးဟိုတယ်တွင် ခုနှစ်လွှာမွေးနေ့ကိတ်ကို စိတ်ကြိုက်အပ်ထားခဲ့ပြီး အဝင်ဝရှိ အချိုပွဲများကလည်း အဆင့်မြင့်ကိတ်မုန့်ဆိုင်မှ ဖြစ်သည်။

ပရိသတ်များက နှိပ်ဝင်လိုက်ကြပြီး အသီးများကို တစ်ချက်ကြည့်လိုက်ကြသည်။ ထို့နောက် ၎င်းကို ကြည့်လိုက်ရာ အနည်းငယ် စုတ်ပြတ်နေပုံပေါ်ပေသည်။

ပရိသတ်များစွာက အိုက်မင်ကို ကြည့်လိုက်ကြပြီးနော်က သက်ပြင်းချလိုက်ကြသည်။ Anti-fan များက Anti-fan များသာဖြစ်သည်။ သူတို့က အသေးငယ်ဆုံးအရာများကိုတောင် ဖမ်းနိုင်ပေသည်။ ထို့နောက် သူတို့က အဆုံးထိ ချဲ့ကြည့်လိုက်သည်။ “မင်းတို့ ဘာလို့ အဲဒါကို အရင်ဆုံး မြည်းမကြည့်တာလဲ “

မူလက ထိုကိစ္စကို ဆွေးနွေးနေကြသည့် ပရိသတ်များသည် အိုက်မင်၏ စကားကို ကြားသောအခါ သူတို့က အသီးများကို စစားလိုက်ကြသည်။

လူတိုင်းက တည်ငြိမ်သွားကြပြီး တိတ်တဆိတ် အသီးများကို စားနေကြပေသည်။

ယနေ့ ဤနေရာတွင် ပရိသတ် တစ်ထောင်ခန့်ရှိပေသည်။ အသီးစုစုပေါင်း ကတ်တီ ၆၀၀ ဝယ်ခဲ့ရသည်။ တချို့ပရိသတ်များက ပိုစားခဲ့ကြပြီး ဒါရိုက်တာက သူမထွက်မသွားခင် အသီးတချို့ယူသွားခဲ့သည်။

ထို့ကြောင့် ဤတွေ့ဆုံပွဲ၌ လူတိုင်းက အနည်းငယ်စားလိုက်ကြပြီး အသီးများက ကုန်သွားခဲ့သည်။

လူအုပ်ထဲမှ တစ်ယောက်ယောက်က ပြောလိုက်သည်။ “အစ်ကိုမင် ဒီအသီးတွေကို စူပါမောက ဝယ်ခဲ့တာလား”

သူမက စူပါမောမှ အသီးတချို့ဝယ်ခဲ့ပြီး ၎င်းတို့က တကယ်ပဲ အရသာရှိပေသည်။ လိမ်လည်လှည့်စားသည့် စူပါမောက ဝယ်ယူမှုကို ကန့်သတ်လိုက်သောကြောင့် သူမက ၎င်းကို မဝယ်နိုင်တော့ပေ။

ထိုစကားထွက်လာသည်နှင့် တစ်ယောက်က ချက်ချင်း သဘောတူလိုက်သည်။

“ဟုတ်တယ်၊ ငါလည်း ဒီအရသာကို ရင်းနှီးနေပါတယ်လို့ တွေးနေတာ၊ စူပါမောက ရောင်းတဲ့ ဆီးသီးတွေနဲ့ တူတယ် “

“မက်မွန်သီးတွေကလည်း အရသာတူတယ် “

“ဖရဲသီးလည်း တူတူပဲ၊ ဒါက စူပါမောက ဝယ်ခဲ့တဲ့တစ်ခုပဲ၊ ဖရဲသီးက သေချာပေါက် တူတယ် “

...

စူပါမောမှ ဝယ်ခဲ့သည့် အသီးများဖြစ်လျှင် ချင်ယွဲ့ကျီမွေးနေ့က စုတ်ပြတ်သတ်နေသည်ဟူသော ကောလာဟလများကို အနိုင်ယူနိုင်ပေလိမ့်မည်။ မထင်ထားဘဲ အိုက်မင်က ခေါင်းခါလိုက်သည်။

“ငါတို့ တခြားနေရာက ဝယ်ခဲ့တာ “ အိုက်မင်က အာရုံမစိုက်ခဲ့ပေ။ ရှန်းထင်ရွှမ်းနှင့် စူပါမော အကြောင်းကို သူက မမြင်ဖူးခဲ့ပေ။ ထို့ကြောင့် သူမက ရှန်းထင်ရွှမ်း၏ အသီးများက စူပါမောသို့ တင်သွင်းကြောင်း သူက မသိခဲ့ပေ။

လက်ရှိ ပရိသတ်များက ထိုကိစ္စကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည့်အကြောင်းကို တွေးတောနေကြသည်။ သူတို့က ရှာဖွေမှုအမြင့်ဆုံးကို ဂရုစိုက်ရန်လိုပေသည်။ သူတို့က ချင်ယွဲ့ကျီ၏ မွေးနေ့ကို မကောင်းသည့်အမှတ်တရတစ်ခုအဖြစ် မချန်ခဲ့စေလိုပေ။

အိုက်မင်က ရှာဖွေမှုအမြင့်ဆုံးစာရင်းကို ရုပ်သိမ်းရန် ကုမ္ပဏီကို ဆက်သွယ်ရန် စီစဉ်လိုက်သည်။

သို့သော် ချင်ယွဲ့ကျီ၏ တခြားပရိသတ်များက Weibo ပေါ်တွင် ပြန်တိုက်ခိုက်ရန် စူပါမော၏ အသီးများကို သုံးရန် စတင်နေကြပြီ ဖြစ်သည်။

[Anti-fan တွေ ထွက်သွား။ ဒီအသီးတွေကို စူပါမောက ဝယ်ခဲ့တာပဲ။ ကုမ္ပဏီက အစ်ကို့မွေးနေ့ကို ဘယ်လိုလုပ် ဂရုမစိုက်ဘဲနေမှာလဲ။]

Weibo ပို့စ်များစွာကလည်း နှိုင်းယှဉ်ပြသည့်ပုံများကို ပူးတွဲတင်ထားကြသည်။ မြင်ကွင်းပေါ်ရှိ အသီးများက စူပါမောရှိ အသီးများနှင့် တကယ်ပဲ တူညီကြောင်း ပြောနိုင်ပေသည်။

Anti-fan များကလည်း ချက်ချင်း ပြန်တိုက်ခိုက်ခဲ့ကြသည်။

[ငါ စူပါမောရဲ့ ဝယ်သူဝန်ဆောင်မှုဌာနကို မေးခဲ့တယ်။ မကြာသေးခင်က အသီးကတ်တီရာကျော်ကို သူတို့ မရောင်းခဲ့ဘူးတဲ့။ သူတို့ရဲ့ ဆီးသီး၊ မက်မွန်သီးနဲ့ ဖရဲသီးတွေက အမြဲတမ်း ကန့်သတ်ထားခဲ့တာတဲ့။ ချင်ယွဲ့ကျီရဲ့ ပရိသတ်တွေက နေ့ခင်းကြီး အိပ်မက်မက်မနေသင့်ဘူး။ အရမ်းရုပ်ဆိုးတာပဲ။ (ပုံ)]

စူပါမော၏ ဝယ်သူဝန်ဆောင်မှုဌာနှင့် စကားပြောထားသည့်ပုံကို Weibo တွင် တွဲတင်လိုက်ကြသည်။

ခဏကြာပြီးနောက် ဖြတ်သွားဖြတ်လာအများစုက Anti-fan များဘက်တွင် ရပ်တည်လာကြသည်။

ပြီးနောက် စူပါမောတွင် ဝယ်ဖူးသည့် မည်သူမဆို စူပါမောက ထိုအသီးသုံးမျိုးဝယ်ယူမှုကို ကန့်သတ်ထားကြောင်း သိကြပေသည်။

…

ပရိသတ်များက တန်ပြန်တိုက်ခိုက်သည့် မှတ်ချက်များကို အလျင်စလို ရေးခဲ့ကြသော်လည်း သူတို့က စိုးရိမ်နေကြဆဲဖြစ်သည်။ ရုတ်တရက် တစ်ယောက်ယောက်က မေးလိုက်သည်။

“အစ်ကိုမင် ဒီအသီးတွေကို ရှင်းယွမ်ရှန်က ဝယ်ခဲ့တာလား “

အိုက်မင်က သူ့စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူက ယခု ရှင်းယွမ်ရှန်အကြောင်း ဘာမှမပြောခဲ့ပေ။ သူက ရှန်းထင်ရွှမ်းနှင့် သူတို့၏ဆက်ဆံရေးကို အလေးမထားချင်ပေ။ သို့သော် ပရိသတ်များက ရုတ်တရက် ဤအရာကို ဖော်ပြလာကြသည်။ ထို့ကြောင့် သူက မေးလိုက်သည်။

“မင်း ဘယ်လိုလုပ်သိတာလဲ “

ပရိသတ်က အိုက်မင်ပြောသည်ကို ကြားသောအခါ အဖြေကို ချက်ချင်း သိသွားခဲ့သည်။ သူမက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

“ လစန္ဓာတို့ရေ ရှင်းယွမ်ရှန်က အသီးတွေက စူပါမောကို တင်သွင်းတဲ့အသီးတွေနဲ့ တူတူပဲ၊ လူတိုင်းပဲ ပြန်တိုက်ခိုက်ကြစို့ “

ထို့ကြောင့် အဖွဲ့က Weibo သို့ ပြန်သွားခဲ့ကြပြီး အသီးများကို ရှင်းယွမ်ရှန်မှ ဝယ်ခဲ့ကြကြောင်း ရှင်းပြကြသည်။

အိုက်မင်က မှင်တက်သွားခဲ့သည်။ ရှန်းထင်ရွှမ်း၏အသီးများက စူပါမောသို့ တကယ်ပဲ တင်သွင်းနေတာလား။ မကြာသေးခင်က ချင်ယွဲ့ကျီ၏ ယာဉ်မတော်တဆမှုတွင် ရှင်းယွမ်ရှန် ပါဝင်လာပြီးနောက် အိုက်မင်သည် ချင်ယွဲ့ကျီ၏ ညွှန်ကြားချက်ကို နားထောင်ပြီး ရှာဖွေမှုအမြင့်ဆုံးကို ဖယ်ရှားရန် ကုမ္ပဏီကို တောင်းဆိုခဲ့သည်။ နောက်ပိုင်းတွင် သူက ဖိုရမ်ပေါ်တွင် ပို့စ်ကို မမြင်တော့ပေ။ ရှန်းထင်ရွှမ်းက ပါဝင်ပတ်သက်ပြီးဖြစ်ကြောင်း သူ မသိခဲ့တာ သဘာ၀ကျသည်။

...

[Anti-fanတွေ ထွက်သွား။ ဒီအသီးတွေက ရှင်းယွမ်ရှန်က ဝယ်ခဲ့တာ။ စူပါမောက အသီးတွေနဲ့ တူတူပဲ။]

…

မကြာမီ #ချင်ယွဲ့ကျီ ရှင်းယွမ်ရှန်# ဟူ၍ ရှာဖွေမှုအမြင့်ဆုံးစာရင်းတွင် ပေါ်လာခဲ့သည်။

…

အခန်း (၂၉)

များစွာသောဖြတ်သွားဖြတ်လာများက တကယ်ပဲ သူမ စိုက်ထားသည့် အသီးများလားဟု ကြည့်ရန် ရှန်းထင်ရွှမ်း၏ Weibo သို့ သွားခဲ့ကြသည်။

ထိုအချိန်တွင် ရှန်းထင်ရွှမ်းက ပို့ဆောင်မှုများအကြောင်း အဘိုးကြီးတုကို ပြောနေခဲ့သည်။ မနေ့က အဘိုးကြီးတုက ရှန်းထင်ရွှမ်းကို အကောင့် ဖွင့်လုပ်ပေးခဲ့သည်။ အထွက်တွင် သူက ရှန်းထင်ရွှမ်းကို သူ၏ ကိုယ်ပိုင်ဖုန်းနံပါတ်ကို ပေးခဲ့သည်။ ထို့ကြောင့် သူမက ဘယ်အထုပ်ကိုမဆို ပို့ချင်ပါက သူ့ကို ခေါ်နိုင်ပေသည်။ သူက ကောက်ယူရန် လာပေလိမ့်မည်။

ရလာဒ်အနေဖြင့် အဘိုးကြီးတုက မနက်စောစောတွင် ရှန်းထင်ရွှမ်းဆီမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ ထို့ကြောင့် သူက ရှင်းယွမ်ရှန်သို့ အလျင်စလို ပြေးသွားခဲ့သည်။

မမျှော်လင့်စွာပင် ၎င်းက ပို့ဆောင်မှု ၉၇ ခုရှိသည့် ကြီးမားသည့် အမှာများဖြစ်ပြီး အားလုံးက စီရင်စုအပြင်ဘက်တွင် ရှိကြသည်။ အဘိုးကြီးတုက မက်မွန်သီးများကို ကောက်ယူလိုက်ပြီး ၎င်းတို့ကို ထုပ်ပိုးရန် ကုမ္ပဏီသို့ ပြန်လာခဲ့သည်။ သူက အသီးများကို ကောင်းစွာ ထုပ်ပိုးပေးလိမ့်မည်ဖြစ်ကြောင်း ရှန်းထင်ရွှမ်းကို စိတ်ချထားရန် ပြောဆိုခဲ့သည်။

ရှန်းထင်ရွှမ်းက သူမ၏ Weibo အဝင်စာများနှင့် သီးသန့်စာများက ပေါက်ကွဲလုနီးပါးဖြစ်နေကြောင်း မသိပေ။ သူမက နေ့ခင်းတွင် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ရန် လုပ်လိုက်ပြီး သူမက Weibo သို့ လင့်ခ်ကို မျှဝေလိုက်သောအခါ တင်မရဖြစ်နေခဲ့သည်။

၎င်းက ရှောင်ဖုန်းဖြစ်မည်ဆိုပါက သူက လိုင်းကျနေကြောင်း သိနိုင်ပေသည်။ သို့‌သော် ရှန်းထင်ရွှမ်းက ရှောင်ဖုန်း မဟုတ်ပေ။ ထို့ကြောင့် သူမက တဖန် စတင်ရန် Weibo လိုင်းကျနေခြင်းအတွက် တည်ငြိမ်စွာ စောင့်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုလင့်ခ်ကို မျှဝေလိုက်သည်။ ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှုစာမျက်နှာသို့ ပြန်သွားလိုက်သည်။

ဤသီးသန့်စာတိုများနှင့် မှတ်ချက်များအတွက်တော့ ရှန်းထင်ရွှမ်းက ဘာကိုမှ မမြင်ခဲ့ပေ။

ပထမဆုံးဝင်လာသည့် ပရိသတ်များက သူမ၏ကိုယ်ပိုင် ပရိသတ်များ ဖြစ်ကြသည်။ ရှန်းထင်ရွှမ်းက ဟယ်လိုဟု ပြောလိုက်ပြီး ဆက်ပြောလိုက်သည်။

“ဒီနေ့ လူတိုင်းကို မိတ်ဆက်ပေးဖို့ အသီးအသစ်တစ်ခုရှိပါတယ် “

ရှန်းထင်ရွှမ်းက ပါးယွဲ့ကွားစိုက်ခင်းထဲတွင် ယခု မတ်တတ်ရပ်နေပြီး သူမက အက်ကွဲနေသည့် ပါးယွဲ့ကွားတစ်လုံးကို ခူးယူလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် မှတ်ချက်များက တိုးထွက်လာခဲ့သည်။

[အဲဒါက ဘာလဲ။]

[ပထမဆုံး မြင်ဖူးတာပဲ။]

[ငါ ပုံဖမ်းနိုင်တဲ့ဆော့ဝဲကို သုံးပြီး ရှာလိုက်တာ။ အဲဒီအသီးကို ပါးယွဲ့ကွားလို့ ခေါ်တယ်တဲ့။]

...

ရှန်းထင်ရွှမ်းက “ဒါက ပါးယွဲ့ကွားပါ၊ သူတို့က ကွဲသွားပြီးမှ စားလို့ရတာပါ၊ အတွင်းထဲက ဒီလိုမျိုး အဖြူရောင်အသားရှိတယ်၊ အရသာ ချိုတယ်၊ ဒါပေမဲ့ အသားတော့ အရမ်းမများဘူး၊ သူက အစေ့တွေများတယ် “

[ကြည့်ရတာ အရသာရှိမဲ့ပုံပဲ။]

[တစ်နိုင်ငံလုံးမှာ ဒီအသီးတွေက တောရိုင်းတွေမှာပဲ ရနိုင်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ရှန်းသခင်မလေးက တကယ်ပဲ ဒီလိုစိုက်ခင်းကြီးတစ်ခုကို စိုက်ပျိုးထားတာပဲ။]

[ငါ ဒီအသီးတွေကို ဘယ်မှာ ဝယ်လို့ရလဲ။]

[ဒီနေ့ စူပါမောရဲ့ စင်တွေပေါ်မှာ တွေ့ခဲ့တယ်။ ဒါပေမဲ့ ငါ ဒီအသီးတွေကို လုမယူနိုင်တာ သနားဖို့ကောင်းတယ်။]

[ဟုတ်တယ်။ စူပါ‌မောရဲ့ တရားဝင်အကောင့်မှာ ဒီနေ့ အဲ့ဒီအသီးပုံတွေ တင်ထားတာ။ ငါ like တောင်ပေးခဲ့သေးတယ်။]

[ငါ ပထမက ကန့်သတ်ပြီးရောင်းလို့ စူပါမောကို စိတ်တိုနေခဲ့တာ။ ဒါပေမဲ့ ဒီနေ့တော့ သူတို့ ကန့်သတ်ပြီးရောင်းတာ မှန်တယ်လို့ ငါ ထင်မိတယ်။ ဒီလိုဆိုရင်တောင်မှ ငါ့အတွက် အသီးတစ်လုံးကို လုယူဖို့ ခက်ခဲနေတုန်းပဲ။]

......

ရှန်းထင်ရွှမ်းက ပါးယွဲ့ကွားများကို စားပြီးနောက် ပြောလိုက်သည်။

“ဒီနေ့ တခြားတိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ် မရှိတော့ပါဘူး၊ ဒါမှမဟုတ် ရှင်တို့ ကျွန်မ စိုက်ပျိုးတာကို ကြည့်လို့ရတယ် “ ဘာပဲဖြစ်ဖြစ် ယခုက မမှောင်သေးပေ။ ထို့ကြောင့် စိုက်ပျိုးနေသည်ကို တိုက်ရိုက်ထုတ်လွှင့်ခြင်းက ပိုကောင်းပေလိမ့်မည်။

ထို့ကြောင့် ရှန်းထင်ရွှမ်းက ပေါက်ပြားကို ယူလိုက်ပြီး သူမ မြေကို တူးဆွနေသည့် နေရာကို အင်တာနက်အသုံးပြုသူများ မြင်နိုင်စေဖို့ သေချာအောင် ပြုလုပ်ရန် အမြင့်တစ်နေရာတွင် ဖုန်းကို ထားလိုက်သည်။ ပြီးနောက် သူက စတင်စိုက်ပျိုး‌တော့သည်။

…

ချင်ယွဲ့ကျီ၏ ပရိသတ်များနှင့် Anti-fan များက သက်သေပြရန် စာတိုများ ချန်ထားခဲ့ကြပြီး ရှန်းထင်ရွှမ်းက နောက်ဆုံးတွင် အွန်လိုင်းဖြစ်သွားသော်လည်း သူမက တိုက်ရိုက်ထုတ်လွှင့်မှုလင့်ခ်ကိုသာ ပြန်တင်ခဲ့ပြီး Weibo ရှိ သူတို့၏ မေးခွန်းများကို ပြန်မဖြေခဲ့ပေ။

ရလာဒ်အနေဖြင့် ချင်ယွဲ့ကျီ၏ ပရိသတ်များနှင့် Anti-fan များအားလုံးက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းသို့ ရောက်သွားခဲ့ကြပြီး ကမန်းကတန်း မေးမြန်းရန် စတင်လိုက်ကြသည်။ “အားရွှမ်း ချင်းယွဲ့ကျီရဲ့မွေးနေ့အတွက် အသီးတွေ တင်သွင်းခဲ့တာလား “

မေးခွန်းအများအပြားရှိနေသော်လည်း ဘယ်သူက တစ်ခုခုပြောလိုက်မှန်း မသိပေ။

“မနှောင့်ယှက်နဲ့၊ အားရွှမ်းက အပင်စိုက်နေတာ၊ သူမက နင်တို့မေးခွန်းတွေကို မြင်မှာမဟုတ်ဘူး “

တရစပ်မေးခွန်းများက ငြိမ်သက်သွားခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်သူက တကယ်ပဲ အပင်စိုက်တာကို လွှင့်ပြနေတာလား။

ပရိသတ်များ၊ Anti-fan များနှင့် ဖြတ်သွားဖြတ်လာများက အဖြေတစ်ခု ရနိုင်သရွေ့ သူတို့က စောင့်နိုင်သည်ဟု ပြောခဲ့ကြသည်။

ငါးမိနစ်ကြာပြီးနောက် ရှန်းထင်ရွှမ်းက တူးဆွနေဆဲဖြစ်သည်ကို လူတိုင်းက တွေ့ရှိလိုက်ကြပြီး ဆယ်မိနစ်ကြာပြီးနောက် သူမက တူးဆွနေဆဲဖြစ်သည်။

…

ရှောင်လီက နှစ်ရက်ဆက်တိုက် ရှန်းထင်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုပြီးပြီဖြစ်သည်။ မူလက ရှန်းထင်ရွှမ်း ယနေ့ တိုက်ရိုက်ထုတ်လွှင့်ပြီး လတ်ဆတ်သည့် အသီးများ စားပြမည့်အကြောင်းကို သူမက တွေး‌နေခဲ့သည်။ သို့သော် ရှန်ထင်ရွှမ်းက စိုက်ပျိုးပြလိမ့်မည်ဟုတော့ မမျှော်လင့်ခဲ့ပေ။ သူမက စိတ်အားထက်သန်စွာ ကြည့်နေသည်ဟု ခံစားလိုက်ရသည်။

ရှန်းထင်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို သုံးရက်ဆက်တိုက် ကြည့်ရှုနေသည့် ပရိသတ်များက ရှန်းထင်ရွှမ်းသည် သူတို့ကို နေ့တိုင်း အံ့ဩစရာများ လုပ်ပြနေဆဲဖြစ်သည်ဟု ခံစားလိုက်ရသည်။

သို့သော်လည်း ချင်ယွဲ့ကျီ၏ မွေးနေ့ဧည့်ခံပွဲမှ အသီးများကို သက်သေပြရန် ကြိုးစားနေသည့် Anti-fan များနှင့် ဖြတ်သွားဖြတ်လာများကိုလည်း ဤလူတစ်စုက ဆွဲဆောင်သွားခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတစ်ခုလုံးက တိတ်ဆိတ်နေပြီး ခဏကြာသည်အထိ မှတ်ချက်များ မရှိခဲ့ပေ။

...

သို့သော် မကြာမီ ရှန်းထင်ရွှမ်း၏ ပရိသတ်များ၊ ချင်ယွဲ့ကျီ၏ ပရိသတ်များ၊ Anti-fan များ၊ ဖြတ်သွားဖြတ်လာများနှင့် ရေတပ်အဖွဲ့ စသည့် အဖွဲ့ငါးဖွဲ့ကလည်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ ဝင်ရောက်လာကြသည်။

သူတို့က ဝမ့်ချန် မနေ့က ခန့်အပ်ထားသည့် ရေတပ်အဖွဲ့ဖြစ်ကြသည်။

မနေ့က တာဝန်က မပြီးမြောက်ခဲ့ပေ။ ရေတပ်များက ယနေ့ ဆက်လက် အလုပ်လုပ်ရပေမည်။ နောက်ပြီး လုပ်ငန်းအပ်နှံသူက ၎င်းအတွက် ငွေပေးချေထားခဲ့သည်။ ထို့ကြောင့် သူတို့က ကျွမ်းကျင်မှုကို ပြသရန် လိုအပ်ပေသည်မဟုတ်လား။

[ဒါက ဘာကြီးလဲ။ တိုက်ရိုက်ထုတ်လွှင့်ရဲတယ်လား။ ရုပ်ဆိုးလိုက်တာ။]

[ဒီလို ထုတ်လွှင့်သူမျိုးက တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်သင့်ဘူးလို့ အကြံပေးပါရစေ။]

[ဒီလို တိုက်ရိုက်ထုတ်လွှင့်တာမျိုးကို ငါကြည့်ပြီးပြီ။ ဒါက တစ်နှစ်လုံးအတွက် အိမ်မက်ဆိုးပဲ။]

...

ဒီရေတပ်သားများက သိသိသာသာပင် သူတို့၏ အိုင်ကျူက ပြဿနာတချို့ ရှိနေပေသည်။

[အပေါ်က ရေတပ်တွေက တကယ့် အဆိပ်အတောက်တွေပဲ။ နင်တို့ ဘယ်လို ကြည့်နေတာလဲ။]

[ဒီရေတပ်တွေကို ဘယ်သူ ဖိတ်လိုက်တာလဲ။ ငါ ရယ်ချင်လာပြီ။]

[ငါ ပျင်းနေခဲ့တာ။ အခုတော့ ငါ တကယ်ပဲ နင်တို့နဲ့ ကစားချင်လာပြီ။]

[ကြည့်ရတာ ချင်ယွဲ့ကျီပရိသတ်တွေက ပထမဆုံး မြေပြင်ပေါ်မှာ ချထားပြီး Anti-fan တွေကို အခြောက်ခံဖို့ ဆုံးဖြတ်လိုက်ပုံပဲ။]

[ချင်ယွဲ့ကျီရဲ့ Anti-fan တွေကလည်း အရင်ဆုံး တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာ။ ပြီးတော့ အားရွှမ်းရဲ့ပရိသတ်တွေပါ ရောက်လာတာ။]

[ဖြတ်သွားဖြတ်လာတွေ လာချိတ်တာက ကိစ္စမရှိဘူး။]

...

ရှန်းထင်ရွှမ်း၏ မူလပရိသတ်များသည် ရေတပ်အဖွဲ့က ပြုလုပ်ထားသည့် မှတ်ချက်များကို မြင်သောအခါ သူတို့က ချက်ချင်း ပြန်တိုက်ခိုက်လိုက်ကြသည်။

ရှန်းထင်ရွှမ်းက သူမဟာ သူမ ပျော်ရွှင်စွာ အပင်စိုက်နေခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကလည်း မှတ်ချက်များဖြင့် အလွန်စည်ကားနေပေသည်။

ရှန်းထင်ရွှမ်းက ကုန်းမြေ၏ တချို့အပိုင်းတွင် မျိုးစေ့များကို စိုက်ပျိုးပြီးသွားသောအခါ မှောင်လာခဲ့ပြီ ဖြစ်သည်။ ရှန်းထင်ရွှမ်းက သူမ၏ ဖုန်းကို ဆွဲယူလိုက်ရာ မှတ်ချက်များစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။

တစ်ချက်ကြည့်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုတွင် အကြောင်းအရာများစွာ ဖြစ်ပွားခဲ့ကြောင်း သိရှိသွားခဲ့သည်။

ပထမဆုံးက ချင်ယွဲ့ကျီ၏ မွေးနေ့ပါတီဖြစ်သည်။ ရှန်းထင်ရွှမ်းက အချက်အလက်များမှ အမှန်တရားကို ရှာလိုက်ပြီး “ချင်ယွဲ့ကျီက အရင်တုန်းက အသီးကတ်တီရာဂဏန်းလောက် ကျွန်မဆီက တကယ်ပဲ ဝယ်ခဲ့တာ “

ထိုစကားများ ထွက်လာသည်နှင့် ချင်ယွဲ့ကျီ၏ ပရိသတ်များက ခွန်အားများ ပြည့်ဝလာကြသည်။

[Anti-fan တွေ ဒီမှာမြင်လား။ အသီးတွေက ရှင်းယွမ်ရှန်က ဝယ်ထားတာ။]

Anti-fan များက အနည်းငယ် မကျေမနပ်ဖြစ်နေဆဲဖြစ်သည်။ [အားရွှမ်းက အရင်တုန်းကလို့ ပြောတာလေ။ ခုရက်ပိုင်းအတွင်းလို့ မပြောဘူး။]

ပရိသတ်များကလည်း ငြင်းခုံနေကြသည်။

[သူက အသီးကတ်တီရာဂဏန်းကို သူတစ်ယောက်ထဲစားလိုက်တာလို့ ဆိုလိုတာလား။ အဲဒါက ဧည့်ခံပွဲအတွက်ပဲ ဖြစ်ရမှာပေါ့။]

ပရိသတ်များနှင့် Anti-fan များ ငြင်းခုံနေကြသည်ကို မြင်‌သောအခါ ရှန်းထင်ရွှမ်းက သဘာဝကျစွာ ချင်ယွဲ့ကျီပရိသတ်များဘက်မှ ရပ်တည်လိုက်သည်။ နောက်ပြီး သူက bug ဖြစ်သည်။ စားဖို့ ကူညီရန် သူ၏ ပရိသတ်များစွာ ရှိသည်ကိုတော့ ဖော်ပြနေဖို့မလိုတော့ပေ။

“ အသီးတွေကို တစ်နေ့က ဝယ်သွားခဲ့တာ “

မေးခွန်းထုတ်သည့် တချို့ပရိသတ်များ ရှိကြပေသည်။ [ဒါဆို ငါ မေးပါရစေ။ မင်းရဲ့အသီးတွေက စူပါမောက အသီးတွေနဲ့ တူတူပဲလား။]

ရှန်းထင်ရွှမ်း “ငါစိုက်ထားတဲ့ အသီးသုံးမျိုးဖြစ်တဲ့ ဆီးသီး၊ မက်မွန်သီးနဲ့ ဖရဲသီးတွေက စူပါမောကို တင်သွင်းခဲ့တာ၊ ဒါပေမဲ့ ဝယ်ယူမှုကို တစ်နေ့ ကတ်တီတစ်ထောင် ကန့်သတ်ထားတာ “

ဤအဖြေကို ချင်ယွဲ့ကျီ၏ အသီးများက စူပါမောမှ အသီးများဟု သွယ်ဝိုက်ကာ ကောက်ချက်ချခဲ့ကြသည်။

[Anti-fan တွေ သိပြီဆိုရင် မြန်မြန်ပါးစပ်ပိတ်ထားလိုက်တော့။]

လက်မခံနိုင်သေးသည့် Anti-fan များလည်း ရှိကြပေသည်။ [စူပါမောက အသီးတွေကို ကန့်သတ်ထားတယ်ဆိုရင် ဘာလို့ တိုက်ရိုက်ဝယ်ယူတာကို ကန့်သတ်မထားတာလဲ။]

ရှန်းထင်ရွှမ်းက ပြန်ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ ငါရောင်းချင်လို့လေ “ တာဝန်ကို မပြီးမြောက်ခဲ့လျှင် သူမက စူပါမောများကို ပိုပြီးတောင် ရောင်းချင်ခဲ့သည်။

လူတိုင်း။ ...

...

ချင်ယွဲ့ကျီ၏ Anti-fan များက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ စိတ်သောကရောက်စွာ ထွက်သွားခဲ့ကြသည်။ ချင်ယွဲ့ကျီ၏ ပရိသတ်များက ရှန်းထင်ရွှမ်းကို ကျေးဇူးတင်လိုက်ကြသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိတချို့လူများက လက်ဆောင်များကို စောင့်နေဆဲဖြစ်သည်။

ထိုအကြောင်းများအရ တချို့ ဖြတ်သွားဖြတ်လာများက မှတ်ချက်များ ပေးလိုက်သည်။

[ပထမဆုံးတိုက်ရိုက်ထုတ်လွှင့်မှုတုန်းက လိပ်စာချန်ထားခဲ့တဲ့ အင်တာနက်အသုံးပြုသူတွေနဲ့ မနေ့က ဆုရသွားတဲ့သူတွေကို ငါ အရမ်းမနာလိုဖြစ်မိတယ်။]

[စူပါမောက အသီးတွေက အားရွှမ်းရဲ့အသီးတွေလို့ ငါက ဒီနေ့မှ ဘာလို့သိရတာလဲ။]

[မမေးနဲ့။ ငါအရမ်းနောင်တရနေပြီ။]

...

ရှန်းထင်ရွှမ်းက မေးခွန်းများကို ဖြေဆိုပြီးနောက် ကံစမ်းမဲနှိုက်ပေးရန် ပြင်ဆင်လိုက်သည်။

“ကောင်းကင်လည်း မှောင်နေပြီ။ ဆက်ပြီး စိုက်လို့မ‌ရတော့ဘူး။ ဒီတော့ ဒီနေ့ ကံစမ်းမဲ နှိုက်လိုက်ရ‌အောင် “

စိတ်ပူစရာ အိုင်ကျူနှင့် ရေတပ်များအတွက်တော့ ထိုအရာနှင့်ပတ်သက်ပြီး သူမက ဘာမှ မသိခဲ့ချေ။

ရှန်းထင်ရွှမ်းက ခြံဝန်းဆီသို့ လမ်းလျှောက်လာရင်း ပြောနေခဲ့သည်။ မနေ့က လူ တစ်ထောင်သာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့သည်။ ယနေ့တွင် ချင်ယွဲ့ကျီကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် လူ ငါးသောင်းနီးပါး ရှိခဲ့သည်။ ထိုအရေအတွက် တိုးလာနေဆဲ ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုရှိ လူအရေအတွက်ကို ကြည့်ပြီး ရှန်းထင်ရွှမ်းက ပြောလိုက်သည်။

“ဒီနေ့ လူတစ်ထောင် မဲဖောက်ပေးမယ်၊ ဆုက ဆီးသီးတွေပါ၊ ပို့ဆောင်ခပေးချင်တဲ့ မိတ်ဆွေများက ကံစမ်းမဲမှာ ပါဝင်နိုင်ပါတယ် “

ရှန်းထင်ရွှမ်းက အပင်များ စိုက်ပျိုးခဲ့သောကြောင့် ရေအနည်းငယ် ဆာနေခဲ့သည်။ ကံစမ်းမဲအကြောင်းတွေးပြီးနောက် သူမက ဆီးသီးတောသို့ လမ်းလျှောက်သွားခဲ့သည်။

“ကံစမ်းမဲက စတင်ပါပြီ၊ မကြာခင် အနိုင်ရသူတွေကို ကြေညာပေးပါ့မယ် “

စကားပြောပြီးနောက် ရှန်းထင်ရွှမ်းက ဆီးသီးများကို သာမန်ကာလျှံကာ ခူးလိုက်သည်။

သူမက ယခု ချွေးအများကြီးထွက်နေခဲ့ပြီး ရေဓာတ်ပြန်ဖြည့်ရန် လိုအပ်ပေသည်။ ဤဆီးသီးများက အရည်ရွှမ်းပေသည်။ အသီးတစ်လုံးကို စားပြီးနောက် သူမ၏ လည်ချောင်းက အရမ်းမခြောက်တော့ပေ။

ကံစမ်းမဲတွင် ပါဝင်သူတချို့က ဤအရာကို မြင်သောအခါ လှုပ်ရှားနေသည်ကို ရပ်တန့်လိုက်ကြပြီး တိုက်ရိုက်ထုတ်လွှင့်မှု တဖန် တိတ်ဆိတ်သွားပြန်သည်။ လူတိုင်းက ရှန်းထင်ရွှမ်း ဆီးသီးများ စားပြီးသည်ထိ ကြည့်နေကြသည်။

ရှန်းထင်ရွှမ်းက ဆီးသီးများကို အစေ့ထုတ်လိုက်ပြီး အပင်အောက်တွင် အခွံနွှာနေခဲ့သည်။ ထို့နောက် သူမက ဖုန်းကို ယူလိုက်ပြီး “အနိုင်ရသွားတဲ့ မိတ်ဆွေတွေက လိပ်စာချန်ထားခဲ့ဖို့ သတိရပါ၊ ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုက ပြီးပါပြီ၊ ကျေးဇူးတင်ပါတယ်၊ မနက်ဖြန်မှ တွေ့ကြမယ် “

တိုက်ရိုက်ထုတ်လွှင့်မှုမျက်နှာပြင်က အမည်းရောင် ပြောင်းသွားခဲ့ပြီး ဝမ့်ချန်ငှားထားသည့် ရေတပ်များက ရုတ်တရက် ငြိမ်သက်သွားကြသည်။ သူတို့က စိတ်လှုပ်ရှားစွာ ကျိန်ဆဲလိုက်ကြသည်။

ဒီဆီးသီးတွေက တကယ်ပဲ အရသာရှိပုံပဲ။

ရှန်းထင်ရွှမ်း ယခု စားနေသည်ကို မြင်သောအခါ သူတို့လည်း သွေးဆောင်ခံလိုက်ရသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ပထမဆုံးအကြိမ်ကြည့်ရှုနေသည့် အင်တာနက်အသုံးပြုသူများအတွက် ရှန်းထင်ရွှမ်း ဆီးသီးစားနေသည်ကို ကြည့်ရှုပြီးနောက် သူတို့က အလွန်စားချင်စိတ်ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။

တချို့ရေတပ်အဖွဲ့ဝင်များက သူတို့၏ကိုယ်ပိုင် Weibo အကောင့်များကို ဝင်လိုက်ကြပြီး ရှန်းထင်ရွှမ်းကို follow လုပ်လိုက်ကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအဆုံး၌ ရှန်းထင်ရွှမ်း၏ ပရိသတ်များက တစ်သိန်းခွဲအထိ တိုးလာခဲ့သည်။ သို့သော် ရှန်းထင်ရွှမ်းက ထိုအရာကို မသိပေ။ Weibo တွင် စိတ်လှုပ်ရှားစရာများ ဖြစ်ပွားပြီးနောက် သူမက ပိုပြီးတောင် နားလည်ရခက်လာခဲ့သည်။

…

တိုက်ရိုက်ထုတ်လွှင့်မှုပြီးနောက် #ချင်ယွဲ့ကျီမွေးနေ့က အသီးတွေက ရှင်းယွမ်ရှန်က လာတာ# ဟူသည့် ခေါင်းစဉ်က ရှာဖွေမှုအမြင့်ဆုံး ဖြစ်နေခဲ့သည်။

ရှန်းထင်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုကို ပရိသတ်များက မှတ်တမ်းယူထားခဲ့ပြီး Weibo တွင် တင်ခဲ့ကြသည်။

[Anti-fan တွေ ပါးစပ်ပိတ်လိုက်တော့။ ငါ့အစ်ကို မွေးနေ့အတွက် အသီးတွေကို သူမဆီက ဝယ်ခဲ့တာလို့ ရှင်းယွမ်ရှန်ပိုင်ရှင်က ဝန်ခံပြီးပြီ။]

ရှန်းထင်ရွှမ်း၏ Weibo ပရိသတ်များတွင် ဖေးအုပ်စုလည်း ပါဝင်ပေသည်။ ဖေးအုပ်စု၏ တရားဝင်အကောင့်ကလည်း အသီးများသည် ရှင်းယွမ်ရှန်မှ ဖြစ်ကြောင်း လွန်ခဲ့သည့် ရက်အနည်းငယ်က ပြောခဲ့သည်။

[ကုန်ကျစရိတ်လျှော့ချတဲ့အကြောင်း မပြောစမ်းနဲ့။ ငါ့အစ်ကိုက ငါ့ကို ယွမ်ရာဂဏန်းတောင် ပေးခဲ့တာ။ (ပုံ)]

များစွာသော ပရိသတ်များက ချင်ယွဲ့ကျီ၏ မွေးနေ့ဧည့်ခံပွဲမှ အမှတ်တရလက်ဆောင်ပစ္စည်းကို တင်ခဲ့ကြသည်။ လက်ဆောင်များက အလွန်ကောင်းမွန်ပြီး စျေးနှုန်းကလည်း သေချာပေါက် မနည်းပေ။ Anti-fan များက ခဏလောက် နှောင့်ယှက်ခံလိုက်ရပြီး ဘာမှ ထပ်မပြောရဲကြတော့ပေ။

ချင်ယွဲ့ကျီ၏ ပရိသတ်များက ချီးမွှန်းသည့်လှိုင်းတစ်ခုဖြင့်တိုက်ချနိုင်ရန် အခွင့်အရေးကို ရယူခဲ့ပြီး ရှာဖွေမှုအမြင့်ဆုံးစာရင်းကို အောင်မြင်ခဲ့သည်။

ရှာဖွေမှုအမြင့်ဆုံးစာရင်းကြောင့် ရှန်းထင်ရွှမ်း၏ Weibo ပရိသတ်များက သုံးသိန်းထိ ခုန်တက်သွားခဲ့ပြီး ဆက်လက် တိုးလာနေပေသည်။

သူတို့ထဲမှ တချို့က ချင်ယွဲ့ကျီ၏ ပရိသတ်များဖြစ်ပြီး တချို့က ဖြတ်သွားဖြတ်လာများ ဖြစ်ကြသည်။ ဤလူများက အဓိကအားဖြင့် ရှန်းထင်ရွှမ်း၏ လှပသည့်သွင်ပြင်ကြောင့် follow လုပ်ကြခြင်း ဖြစ်သည်။

အမှန်တော့ ချင်ယွဲ့ကျီ၏ မွေးနေ့ဧည့်ခံပွဲအသီးများက ရှာဖွေမှုအမြင့်ဆုံးတွင် ရောက်နေသကဲ့သို့ ရှန်းထင်ရွှမ်းပါဝင်သည့် တခြားသတင်းအပိုင်းအစများကလည်း ရှာဖွေမှုအမြင့်ဆုံးတွင် တဖြည်းဖြည်း တက်လာခဲ့သည်။

၎င်းက အပင်စိုက်တဲ့အားရွှမ်းနှင့် စူပါမောတို့ ဖြစ်ကြသည်။ ဤအချိန်တွင် ဖေးအုပ်စုက ရှာဖွေမှုအမြင့်ဆုံးကို မဝယ်ခဲ့ချေ။ ၎င်းကို အင်တာနက်အသုံးပြုသူများက တကယ်ပဲ ပို့စ်တင်ခဲ့ခြင်းဖြစ်သည်။ ရှာဖွေမှုအမြင့်ဆုံးစာရင်းကို ရောက်ရှိပြီးနောက် တစ်မိနစ်အကြာတွင် ဖူလဲ့ထျန်းက မြင်သွားခဲ့သည်။ သူက ချက်ချင်းပင် ၎င်းကို ဖယ်ရှားရန် တရားဝင် Weibo ကို ဆက်သွယ်ခဲ့သည်။

ရှန်းရွှမ်က ရှာဖွေမှုအမြင့်ဆုံးစာရင်းကို မြင်သောအခါ သူမက ခံစားချက်မကောင်းတော့ပေ။ သို့သော် refresh လုပ်လိုက်ပြီးနောက် ရှာဖွေမှုအမြင့်ဆုံးစာရင်းက ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။ ဘာပဲဖြစ်ဖြစ် သူမက လက်ရှိတွင် ရှန်းထင်ရွှမ်းနှင့် ပတ်သက်ပြီး စိုးရိမ်စရာမလိုပေ။ အဘယ့်ကြောင့်ဆိုသော် သူမက မနက်ဖြန် ရုပ်ရှင်အဖွဲ့သားများနှင့် ဆက်သွယ်ရမည်ဖြစ်သည်။ ယခု အရေးကြီးသည့်အရာက ဒါရိုက်တာကျန်း၏ ရုပ်ရှင်များအတွက် ကောင်းမွန်သည့်ရုပ်ရှင်တစ်ခု ရိုက်ကူးရန် ဖြစ်သည်။

…

ရှန်းထင်ရွှမ်း၏ ပရိသတ်များက ပူးပေါင်းဆောင်ရွက်မှုမရှိပေ။ ထို့ကြောင့် ရှာဖွေမှုအမြင့်ဆုံးစာရင်းကို ဖယ်ရှားလိုက်သောအခါ သူတို့က ဂရုမစိုက်မိပေ။ သို့သော် ဆက်စပ်သည့်ခေါင်းစဉ်များကို တင်နေကြသည့် များစွာသော အင်တာနက်အသုံးပြုသူများက ရှိနေကြဆဲဖြစ်သည်။

[တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ လူတစ်ထောင်မဲ‌‌ဖောက်ပေးတာတောင်၊ ငါ မရခဲ့ဘူး။ ဘာမှားနေလို့လဲ။]

[လူ ငါးသောင်းကြည့်နေပြီး လူတစ်ထောင်ကို ရွေးချယ်ခဲ့တာလေ။ အဲ့ဒါက တကယ်ပဲ ရနိုင်ချေ နည်းတယ်။]

[ငါ @အပင်စိုက်တဲ့အားရွှမ်း ကို အထူး follow လုပ်လိုက်ပြီ။ တိုက်ရိုက်ထုတ်လွှင့်မှု ရှိနေသ‌ရွေ့ ငါ သွားမှာပဲ။]

…

အခန်း (၃၀)

ရှန်းထင်ရွှမ်းက Weibo ကို မကြည့်ခဲ့ပေ။ ည ၈နာရီတွင် သူမက အိပ်ရာပေါ်တွင် လှဲလိုက်ပြီး ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်သည်။

ယနေ့၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဗီဗီက ပထမဆုံး မုန့်အမျိုးအစားများကို ဖော်ပြထားသည်။ သူမက ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှ ဝယ်ခဲ့သည့် မုန့်အားလုံးနီးပါးက ရောက်‌ရှိနေပြီဖြစ်သည်။ ခရုခေါက်ဆွဲမှ လွဲ၍ ရှန်းထင်ရွှမ်းက ပြန်ဝယ်ချင်သည့် အရာမရှိပေ။ သို့သော် စင်ပေါ်ရှိ ထုတ်ကုန် ၇ခုက ထွက်သွားခဲ့ပြီး ရှန်းထင်ရွှမ်းက မည်သည့်ခရုခေါက်ဆွဲကိုမှ မမြင်သေးပေ။

စင်ပေါ်ရှိ ကြက်ဥအနှစ်အဆာသွပ်မုန့်များ ရောင်းထွက်သွားသောအခါ ဗီဗီက လက်ဖက်ခြောက်ဘူးကို ထုတ်ယူလိုက်သည်။

ဤအရာကို မြင်ပြီးနောက် ရှန်းထင်ရွှမ်းက လက်ဖက်ရွက်စိုက်ပျိုးသင့်ကြောင်း တွေးလိုက်သည်။ အနာဂတ်တွင် သူမက လက်ဖက်များကို ရောင်းနိုင်ပေသည်။ နောက်ပြီး လက်ဖက်ခြောက်က လူအများစုအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခု ဖြစ်သည်။ ၎င်းက ဧည့်သည်များကို ဧည့်ခံရန် လိုအပ်သည့် ပစ္စည်းတစ်ခုလည်း ဖြစ်သည်။

ထိုအကြောင်း တွေးပြီးနောက် ရှန်းထင်ရွှမ်းက မနက်ဖြန်တွင် လက်ဖက်ရွက်ပျိုးပင်များကို ရှာဖို့ ရွာသို့သွားရန် ဆုံးဖြတ်လိုက်သည်။ ပြီးနောက် ၎င်းတို့ကို ဤနေရာတွင် ပြောင်းရွေ့စိုက်ပျိုးရပေမည်။

...

ထို့ကြောင့် သူမက လက်ဖက်ရွက်များကို မဝယ်ခဲ့ပေ။ သို့သော် ဝိုင်နီတစ်ဘူးကိုတော့ ဝယ်ခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် အရက်သောက်ခြင်းကို ခွင့်ပြုမထားပေ။ သို့သော် ဗီဗီက အရမ်းအင်အားကြီးပေသည်။ သူမက ၎င်းကို မသောက်ခဲ့သော်လည်း ဤဝိုင်နီများကို အရသာရှိပုံပေါ်အောင် စီစဉ်ထားနိုင်ဆဲ ဖြစ်သည်။

“ဒီဝိုင်နီတွေက ရောင်းအားအကောင်းဆုံးပဲ “

“အရသာက အရမ်း ပြည့်စုံနေတာပဲ “

“အနံ့အရသာအတုတွေနဲ့ ဆိုးဆေးတွေ မပါဝင်ဘဲ ဝက်လက်နဲ့တွဲစားရင် အရမ်းအရသာရှိပါတယ် “

ရှန်းထင်ရွှမ်းက ဝက်လက်မစားရတာ ကြာပြီဖြစ်ပြီး ဤအရာကို ကြားသောအခါ သူမက အမှာတစ်ခု တင်လိုက်ပြီး ဝိုင်ကို ဝယ်လိုက်သည်။

ဝက်လက်များအတွက်ကမူ မနက်ဖြန်တွင် သူမက လက်ဖက်ပျိုးပင်များအကြောင်း မေးရန် ရွာသားများ၏ အိမ်သို့ သွားသောအခါ လမ်းတွင် ဝယ်လို့ရပေသည်။

…

မနက် ငါးနာရီတွင် ရင်းနီးနေသည့် စနစ်၏ စက်ပိုင်းဆိုင်ရာ အသံက တဖန် ထွက်ပေါ်လာခဲ့သည်။ “ကျေးဇူးပြု၍ မင်းစိုက်ထားတဲ့အသီးတွေကို ၁၉နာရီအတွင်း လူ ၆၅၅၃၆ ယောက်ကို စားခိုင်းပါ “

ရှန်းထင်ရွှမ်းက အေးစက်နေသည့် စက်ပိုင်းဆိုင်ရာအသံကို အရမ်းမနှစ်သက်သလို မဖြစ်တော့ကြောင်း တွေ့ရှိသွားခဲ့သည်။ သူမက အိပ်ရာမှ ထလိုက်ပြီး ယနေ့တာဝန်ကို မည်ကဲ့သို့ ပြီးမြောက်အောင် လုပ်ဆောင်ရမည့်အကြောင်းကို စတင် တွေးတောနေခဲ့သည်။

စူပါမောရှိ ဝယ်သူအရေအတွက်က မျှမျှတတ သတ်မှတ်ထားပြီး သူတို့က ထပ်ပေါင်းလျှင် ၂၁၀၀၀ ခန့် ရှိပေသည်။

ရွာရှိ နေ့တိုင်း အသီးဝယ်ရန်လာသည့်လူက အများဆုံး တစ်ရာခန့် ရှိပေသည်။

လွန်ခဲ့သည့် နှစ်ရက်က မဲနှိုက်ပေးထားသည့် အသီးများကို အနိုင်ရသည့် အင်တာနက် အသုံးပြုသူများထံသို့ ယနေ့တွင် တစ်ယောက်ပြီး တစ်ယောက် ပို့‌ဆောင်ပေလိမ့်မည်။ သူတို့က တခြားသူများနှင့် မျှဝေချင်ခဲ့လျှင် ယင်းက ပိုများလာမည်ဖြစ်သည်။ သို့သော် ထိုပမာဏက အားထားလောက်သည့် အခြေအနေမဟုတ်ပေ။

တစ်နည်းအားဖြင့် ယနေ့ ပြီးမြောက်ရမည့် တာဝန်များ၏ ပမာဏက အများဆုံး သုံးသောင်းထက် ပိုမများပေ။

မနေ့က တာဝန်ကို ပြီးမြောက်ခဲ့ခြင်းသည် အဓိအားဖြင့် ချင်ယွဲ့ကျီ၏ မွေးနေ့ဧည့်ခံပွဲကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်ပေသည်။ ထို့အပြင် ချင်ယွဲ့ကျီဟူသည့် bug က ကောင်းကောင်း စားခဲ့ပေသည်။ ချင်ယွဲ့ကျီက သူမစိုက်ပျိုးထားသည့် အသီးများကို တစ်ကိုက်စားလိုက်သည့် အချိန်တိုင်း ကြမ်းပိုးက အဆင့်မြင့်တက်သွားပေလိမ့်မည်။

ချင်ယွဲ့ကျီက ပထမဆုံးအကြိမ် သူမ၏အသီးများကို စားခဲ့ပြီး ၎င်းက လူ ၁၀၀ စာနှင့် ညီမျှခဲ့သည်။ ချင်ယွဲ့ကျီက ဒုတိယအကြိမ် သူမ၏အသီးများကို စားခဲ့ပြီး ၎င်းက လူ ၂၀၀ စာနှင့် ညီမျှခဲ့သည်။ မနေ့က ချင်ယွဲ့ကျီက သူမ၏အသီးများကို စားခဲ့ပြီး ၎င်းက လူ ၄၀၀ စာနှင့် ညီမျှခဲ့သည်။ တစ်နည်းပြောရလျှင် ချင်ယွဲ့ကျီက နောက်တစ်ကြိမ် တစ်ကိုက်စားခဲ့လျှင် ၎င်းက လူ ၈၀၀ စာနှင့် ညီမျှပေလိမ့်သည်။

ချင်ယွဲ့ကျီက သူမစိုက်ပျိုးထားသည့် အသီးများကို နေ့တိုင်း တစ်ကိုက်လောက် စားနိုင်ရန် ရှန်းထင်ရွှမ်းက မျှော်လင့်နေပေသည်။

တကယ်တော့ ဤအရာက စိတ်ကူးတစ်ခုသာ ဖြစ်ပေသည်။ သူမက ယနေ့၏တာဝန်ကို ပြီးမြောက်ရန် ရှိနေဆဲ ဖြစ်သည်။

စူပါမောသို့ အသီးများ ပိုပေးပြီး မဲ‌ဖောက်ပေးခြင်းကိုလည်း ပိုတိုးပြီး ဖောက်ပေးရင် ကောင်းမလား။

ရှန်းထင်ရွှမ်း၏ ဝိညာဉ်သွေးကြောများကို ၁၆ % ပြန်လည်သိုလှောင်နိုင်ခဲ့ပြီး ဝိညာဉ်စွမ်းအင်က သူမ ပထမဆုံး ကူးပြောင်းလာသည့် အချိန်ကထက် အလွန့်အလွန် ပေါများနေပေသည်။ အသီးများခူးသည့်နှုန်းကလည်း တစ်စတစ်စ အရှိန်မြင့်တက်လာခဲ့သည်။ တစ်ပင်လုံးကို ခူးဆွတ်ရန် ဆယ်မိနစ်သာ ကြာပေသည်။

ထိုအကြောင်းတွေးလိုက်ပြီး ရှန်းထင်ရွှမ်းက ယနေ့မှစပြီး စူပါမောသို့ အသီးလေးမျိုး၏ အရေအတွက်ကို နှစ်ဆတိုးပြီး တင်သွင်းရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ပြီးနောက် တောင်ခြေတွင်လည်း အသီးပိုထားရပေမည်။

ထို့အပြင် ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြည့်ရှုသူ အလုံအလောက်ရှိလျှင် ရှန်းထင်ရွှမ်းက လူတစ်သောင်းခန့် မဲဖောက်ပေးမည် ဖြစ်ပြီး အသီးများကို တစ်ယောက်လျှင် ကတ်တီဝက်မှ တစ်‌ယောက်လျှင်‌ တစ်လုံးစီသို့ ပြောင်းလဲရပေမည်။ ထိုသို့ ပြုလုပ်မှသာ လူများ ပိုစားနိုင်ပေလိမ့်မည်။

တကယ်တော့ ရှန်းထင်ရွှမ်းက အရင်ဆုံး တိုက်ရိုက်ထုတ်လွှင့်မှုတွင် အင်တာနက်အသုံးပြုသူများကို‌ မေးမြန်းကာ သူတို့၏ အမြင်ကို တောင်းခံပြီး ဤကဲ့သို့ မဲဖောက်မှုမျိုးကို လူတိုင်းက လက်ခံနိုင်မှု ရှိ၊ မရှိ ကြည့်ရှုရန် စီစဉ်ထားခဲ့သည်။

ယနေ့တာဝန်က ပြဿနာတချို့ကို ဖြေရှင်းနိုင်သော်လည်း မနက်ဖြန်ကျ မည်သို့လုပ်မည်နည်း။ မနက်ဖြန်၏ တာဝန်တွင် လိုအပ်သည့်ပမာဏက လူတစ်သိန်းထက် ပိုများပေလိမ့်မည်။ သဘက်ခါတာဝန်တွင် လူနှစ်သိန်းထက် ပိုများပေလိမ့်မည်။ သူမက ၎င်းတာဝန်ကို မည်ကဲ့သို့ ပြီးမြောက်လိမ့်မည်နည်း။

အကောင်းဆုံးအဖြေတစ်ခုကို မစဉ်းစားနိုင်ပေ။ ရှန်းထင်ရွှမ်းက ရိုးရှင်းစွာပင် ထို့ထက်ပိုပြီး မတွေးတော့ပေ။ ယနေ့တာဝန်ကို အရင်ဆုံးပြီး‌‌အောင် လုပ်ရပေမည်။

အဝတ်စားဝတ်ဆင်ပြီးနောက် ရှန်းထင်ရွှမ်းက မက်မွန်တောသို့ တိုက်ရိုက် ပြေးသွားခဲ့ပြီး အသီးများကို စတင် ခူးယူလိုက်သည်။ ယနေ့ ခူးယူရမည့် အသီးအများအပြား ရှိသော်လည်း ရှန်းထင်ရွှမ်း၏ အမြန်နှုန်းက သူမ၏ ဝိညာဉ်သွေးကြောများ ၁၆% ပြန်လည်သိုလှောင်ပြီးနောက် ပိုပြီး မြန်ဆန်လာခဲ့သည်။

ထို့ကြောင့် မနက် ၇နာရီတွင် ပို့ဆောင်သောအခါ ပါးယွဲ့ကွားများမှ လွဲ၍ ကျန်သည့် အသီးများကို ကတ်တီနှစ်ထောင်စီ ခူးယူခဲ့သည်။

လုမင်ဟွေ့က ယနေ့တွင် အသီးများ ကတ်တီနှစ်ထောင်စီ ရရှိမည်ဖြစ်ပြီး ပါးယွဲ့ကွားများက အလုံးရေ နှစ်သောင်းခန့် ရရှိလိမ့်မည်ဟု ကြားသောအခါ သူက ထိုနေရာတွင် ကခုန်လုနီးပါး ဖြစ်သွားခဲ့သည်။

ရှန်းထင်ရွှမ်းက “ပါးယွဲ့ကွားတွေက မနေ့ကလိုပဲ၊ ၉နာရီမှ လာယူပေးပါ “

လုမင်ဟွေ့က “ပြဿနာမရှိဘူး “ ဤကတ်တီ နှစ်ထောင်စီက အလွန်များပြားသည်ဟု ထင်ရသော်လည်း မြို့တော်ဘီရှိ စူပါမားကတ်များအားလုံးကို ဖြန့်ဖြူးလျှင်တောင် အခွဲတစ်ခုတွင် အများကြီး မရရှိပေ။ သို့သော်လည်း ရှန်းထင်ရွှမ်းက တစ်နေ့ကို ကတ်တီနှစ်ထောင် တင်သွင်းရန် ဆန္ဒရှိပြီး သူက အလွန်ပျော်ရွှင်နေခဲ့သည်။

ရှန်းထင်ရွှမ်းက ထိုကဲ့သို့ အသီးတစ်မျိုးစီကို ကတ်တီသုံးထောင်ခန့် မကြာခင်တွင် ထောက်ပံ့နိုင်သည်လည်း ဖြစ်နိုင်ပေသည်။

...

သူတို့နှင့် အသီးများကို လက်လွှဲလိုက်ပြီးနောက် ရှန်ထင်ရွှမ်းက တောင်ပေါ်သို့ ပြန်ပြေးသွားခဲ့ပြီး ရွာထဲတွင် ရောင်းရန် အသီးများကို ခူးလိုက်ကာ တောင်ခြေရှိ စားပွဲပေါ်တွင် တင်ထားလိုက်သည်။

ထို့နောက် သူမက စူပါမောသို့ တင်သွင်းရန် အသီးများကို ဆက်ခူးရန် ပါးယွဲ့ကွားစိုက်ခင်းသို့ သွားလိုက်သည်။

ပါးယွဲ့ကွားများအားလုံး ခူးပြီး တောင်ခြေသို့ မောင်းလာသောအခါ လူစိမ်းတစ်ယောက်က တောင်ခြေတွင် ဆဲရေးတိုင်းထွာနေသည်ကို တွေ့လိုက်ရသည်။

ဤလူက ရွာသားတစ်ယောက် မဟုတ်ခဲ့ပေ။ သူ့ပါးစပ်က တကယ်ပဲ ဆိုးဝါးပေသည်။ သူက တစ်ရှူးတစ်ခုကို ကိုင်ထားပြီး သူ့ခေါင်းထိပ်ကို သုတ်နေပေသည်။ “ဘယ်လို #%$@ ငါက ... “

သူက တံတွေးထွေးကာ ကျိန်ဆဲနေသည်ကို ရှန်းထင်ရွှမ်းက မြင်လိုက်ပြီး သူမက ခေါင်းကို စောင်းလိုက်သည်။ သူမက ဘာဖြစ်နေမှန်း မသိခဲ့ပေ။

မနီးမဝေးမှ ငှက်ကလေးတစ်ကောင်က “အားရွှမ်း အားရွှမ်း ဒီလူက နင့်အသီးတွေကို ယူပြီး ပိုက်ဆံမပေးဘဲ ထွက်သွားတာ၊ အဲဒါကြောင့် ငါတို့ သူ့ခေါင်းပေါ် ချီးပါချလိုက်တာ “

ရှန်းထင်ရွှမ်းက လက်မထောင်လိုက်သည်။ မိုက်တယ်။

ဤလူက အလွန်အမင်း စိတ်တိုနေခဲ့သည်။ ရုတ်တရက် ကောင်းကင်ကနေ ဘာလို့ ငှက်တစ်ပုံတစ်ခေါင်းကြီး ချီးပါချလိုက်တာလဲ။

ဟုတ်တာပေါ့။ ၎င်းက တစ်ကောင်တည်း မဟုတ်ပေ။ တစ်ပြုံကြီးဖြစ်သည်။

၎င်းက သူ့ထိပ်ပေါ်တွင် အမှန်ပင် ရှိပေသည်။ တချို့က ဆံပင်ထိပ်မှ သူ့နဖူးဆီသို့ စီးကျလာပြီး သူ့မျက်လုံးထဲသို့ စီးဝင်လုနီးပါး ဖြစ်နေပေသည်။

သူက အချိန်အတော်ကြာ သန့်ရှင်းနေခဲ့သော်လည်း သူ့တစ်ကိုယ်လုံးက ငှက်ချီးနံ့များ ပြည့်နေပေသည်။

သူက အလုပ်ရှုပ်နေစဉ် တောင်ပေါ်မှ တစ်ယောက်ယောက်က ဆင်းလာသည်ကို မြင်လိုက်ရပြီး စူးစိုက်စွာ ကြည့်လိုက်သည်။ ၎င်းက လှပသည့်မိန်းကလေးတစ်ယောက်ဖြစ်သည်။ သို့သော် သူ့ခေါင်းပေါ်တွင် စီးကျနေသည့် ငှက်ချီးများက သူ့ကို စကားစပြောရန် ခက်ခဲသွားစေသည်။

၎င်းက စကားသွားပြောရန် မလွယ်ကူပေ။ သို့သော် ထိုလှပသသည့်အမျိုးသမီးက သူ့ကို စိုက်ကြည့်နေခြင်းမှ မကာကွယ်နိုင်ခဲ့ပေ။ သူက သူမကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက် ထိုအမျိုးသမီးကို အနည်းငယ် ရင်းနှီးနေကြောင်း တွေ့ရှိသွားသည်။ သူက အနီးကပ် ကြည့်ရှုလိုက်သောအခါ သူမက မနေ့က တိုက်ရိုက်ထုတ်လွှင့်မှုတွင် အပင်စိုက်ပျိုးခဲ့သည့် အပင်စိုက်တဲ့အားရွှမ်းဖြစ်သည်ကို တွေ့ရှိသွားသည်။

အင်တာနက်ဆယ်လီများ၏ လှပမှုက အလှအပဆိုင်ရာ စစ်ထုတ်သည့်ကိရိယာများကြောင့် ဖြစ်သည်ဟု သူက အမြဲတမ်း ယုံကြည်ထားခဲ့သည်။ သို့သော် သူက ယနေ့ ရှန်းထင်ရွှမ်းကို မြင်သောအခါ တကယ့်ရှန်းထင်ရွှမ်းက ဖန်သားပြင်ပေါ်ကထက် ပိုလှကြောင်း တွေ့ရှိသွားသည်။

သူက ထိုကဲ့သို့ နားလည်မှုလွဲခြင်းမျိုးကို မအံ့ဩပေ။ ယေဘုယျအားဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ထုတ်လွှင့်သူက အလှအပဆိုင်ရာကင်မရာ သို့မဟုတ် တစ်ခုခုကို ဖွင့်နိုင်ပေသည်။ ရှန်းထင်ရွှမ်းက ပုံမှန်ဖုန်းတစ်လုံးအပြင် တခြားဘာကိုမှ ယူမသွားခဲ့ပေ။

အဓိကအချက်က ရှန်းထင်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပုံမှန်ကင်မရာသာ အသုံးပြုထားခြင်း ဖြစ်ပေသည်။ တိုက်ရိုက်ထုတ်လွှင့်နေသည့် အတောအတွင်း မည်သည့် အလှအပပြင်ဆင်မှု ကိရိယာကိုမှ အသုံးမပြုထားပေ။

ထိုအရာက မည်းမှောင်လာပြီး လူကိုတောင် ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။

သူက ယခု အလွန်နောင်တ ရနေခဲ့သည်။ ဘာလို့ သူ့ခေါင်းပေါ်ကို ငှက်ချီးပါချရတာလဲ။ အကယ်၍ မဟုတ်ခဲ့လျှင် သူက ယခု စကားပြောရန် စတင်နိုင်ပေသည်။

ထိုအချိန်တွင် ရှန်းထင်ရွှမ်းက ကောင်းကင်သို့ လက်မထောင်ပြလိုက်သည်ကို သူက မြင်လိုက်သည်။

သူက ထိုနေရာကို ကြည့်လိုက်ရာ ငှက်တစ်ကောင်ကို တွေ့လိုက်ရသည်။ ရှန်းထင်ရွှမ်းက သူ့ကို လှောင်နေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ “ဟေး နင် နင့်လက်မကို ဘာလုပ်နေတာလဲ “

ရှန်းထင်ရွှမ်းက “မကောင်းတဲ့လူတချို့က သူတို့နဲ့ထိုက်တန်တဲ့ ဆုကို ရသွားတာပဲ “

ထိုလူ၏ မျက်နှာက နီမြန်းသွားခဲ့သည်။ “နင် နင် နင် ဘာကိုဆိုလိုတာလဲ “

ရှန်းထင်ရွှမ်းက ထိုလူကို ကြည့်လိုက်ပြီး “ဒီတိုင်းပဲ “

......

ဤလူက ချင်ယွဲ့ကျီ၏ Anti-fan ဖြစ်သည်။ မနေ့က ချင်ယွဲ့ကျီ၏ မွေးနေ့ဧည့်ခံပွဲအသီးများကို သက်သေပြရန် သူက ရှန်းထင်ရွှမ်း၏တိုက်ရိုက်ထုတ်လွှင့်မှုသို့ လာခဲ့သည်။

ဤ Anti-fan အဖွဲ့က ချင်ယွဲ့ကျီကို အမည်းရောင်ဆိုးသည့် ကိစ္စပေါ်တွင် အားစိုက်မထုတ်ချင်ပေ။ မနေ့က အဖြစ်အပျက်တွင် ချင်ယွဲ့ကျီ၏ ထင်ပေါ်ကျော်ကြားမှုက တဆင့်လောက် ပျက်စီးသွားနိုင်သည်ဟု တွေးခဲ့ကြသည်။ နောက်ပြီး စူပေါမောတွင် ဝယ်ယူမှုကို ကန့်သတ်ထားပြီး ထိုအသီးသုံးမျိုးကလည်း အရမ်းသာမန်ဆန်ပေသည်။

ဤအသီးများက တကယ်ပဲ သာမန်အသီးများ မဟုတ်ကြောင်း သူတို့က ဘယ်တော့မှ ထင်မထားခဲ့ချေ။

ထိုကိစ္စ၏ အမှန်တရားကို ရှင်းလင်းပြီးနောက် Anti-fan များက ဘာမှထပ်ပြီး မဖြန့်တော့ပေ။ ချင်ယွဲ့ကျီက မတရားသဖြင့် ခံခဲ့ရပြီး ထို Anti-fan များက ထွက်ပေါက်ရှာသည့်အနေဖြင့် ရှန်းထင်ရွှမ်းကို ပြဿနာရှာရန် ရောက်လာခဲ့ကြသည်။

ဤလူက မနက်စောစောတွင် ဤနေရာသို့ ရောက်လာခဲ့ပြီး ရှန်းထင်ရွှမ်းကို ဆုံးမရန် စီစဉ်ထားခဲ့သည်။ သို့သော် ရှန်းထင်ရွှမ်း မရှိသည်ကို မြင်ပြီးနောက် သူက အသီးတချို့ကို ယူပြီး ထွက်သွားရန် တွေးခဲ့သည်။ သို့သော် သူက ငှက်ချီးပါချခံလိုက်ရသည်။

သူက ထိုအကြောင်းကို တွေးလေလေ ပိုပြီး ခံပြင်းလေလေ ဖြစ်သည်။

“မင်းက အရမ်းကြည့်ကောင်းနေတာကို ဘာလို့ ချင်ယွဲ့ကျီကို ကြိုက်နေတာလဲ၊ မင်းမျက်လုံးက အရမ်းဆိုးတာပဲ၊ ဒီလောက်နဲ့ ရပ်လိုက်တာ ပိုကောင်းမယ် “

ရှန်းထင်ရွှမ်းက သူမရှေ့ရှိ ဦးနှောက်မကောင်းသည့် လူကို ကြည့်လိုက်သည်။

“ငါတော့ အသီးတွေကို ယူသွားပြီး ငွေမပေးချေတဲ့သူတွေက ငှက်ချီးတွေ ရွှဲစိုနေတာနဲ့ ထိုက်တန်တယ်ဆိုတာပဲ သိတယ် “

ထိုလူက ရှန်းထင်ရွှမ်းကို လက်ညှိုးထိုးလိုက်ပြီး “နင် သိနေတယ် “

သူ့အသံက အလွန်ဒေါသထွက်နေခဲ့ပြီး ဤငှက်ချေးများကို ရှန်းထင်ရွှမ်းက စီစဉ်ထားခဲ့သည်လို့တောင် သူက ထင်နေခဲ့သည်။

ရှန်းထင်ရွှမ်းက တစ်လုံးချင်း ပြောလိုက်သည်။

“ရှင်က ငယ်ငယ်လေးရှိသေးတယ်၊ ဒီလို မကောင်းတဲ့အရာတွေ မလုပ်သင့်ဘူး ကောင်လေး၊ ဒီလို မကောင်းတာတွေ အများကြီးလုပ်နေရင် မိုးကြိုးပစ်ခံရလိမ့်မယ် “

ရှန်းထင်ရွှမ်းက တည်ငြိမ်စွာ ပြောလိုက်သည်။ သို့သော် ထိုအချိန်တွင် သူက ဆန့်ကျင်ဘက် ခံစားနေရသည်။ မိန်းကလေး၏ မျက်လုံးများက အသူရာကဲ့သို့ အေးစက်နေသည်။ သူက ကျောချမ်းလာခဲ့ပြီး သူ၏ မော်တော်ဆိုင်ကယ်ခြင်းထဲမှ အသီးများကို ရှန်းထင်ရွှမ်း၏ စားပွဲပေါ်တွင် ထားလိုက်သည်။ ပြီးနောက် အထိတ်တလန့်ဖြင့် ဆိုင်ကယ်ပေါ်တက်ကာ နောက်ပြန်လှည့်မကြည့်တော့ဘဲ ထွက်ပြေးသွားတော့သည်။

“အားရွှမ်း ဘာလို့ သူ့ကို ဒီလိုမျိုး သွားခွင့်ပြုလိုက်တာလဲ “ ငှက်ကလေးက ပြောလိုက်သည်။

ရှန်းထင်ရွှမ်းက “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “

ဂျင်ဆင်းဝိညာဉ်က ကောင်းကင်နှင့် မြေကြီးကြားမှ ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်ပြီး သာမန်အားဖြင့် ၎င်းက မကောင်းသည့် စွမ်းအင်အဖြစ်လည်း ပြောင်းလဲနိုင်ပေသည်။ ထို့ကြောင့် ထိုလူ ထွက်မသွားခင် ရှန်းထင်ရွှမ်းက မကောင်းသည့် စွမ်းအင်အနည်းငယ်ကို ထည့်ပေးလိုက်သည်။

သူမက အချိန်အတော်ကြာ အသက်ရှင်နေထိုင်ခဲ့သည်။ သူမကို ခြိမ်းခြောက်နိုင်သည့်သူက သူမ ရာဇဝင်တွင် မရှိပေ။

...

ထိုအမျိုးသားထွက်သွားပြီး မကြာမီ ပို့ဆောင်ရေးကားက ရောက်ရှိလာခဲ့သည်။ ၎င်းက ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှ သူမ ဝယ်ခဲ့သည့် လျှပ်စစ်ပစ္စည်းများ ဖြစ်သည်။

ဤရွာက အနည်းငယ် အလှမ်းဝေးပြီး ဤနေရာသို့ သူတို့က သာမန်အားဖြင့် ပို့ဆောင်လေ့ မရှိကြပေ။ သို့မဟုတ်ပါက ပို့ဆောင်ခ အပိုပေးရပေလိမ့်မည်။ သို့သော် ယခု ရှန်းထင်ရွှမ်းက အများအပြား ဝယ်ထားခဲ့သည်။

ထို့ကြောင့် ပစ္စည်းများ ရောက်လာသောအခါ လူတစ်စုက ကားမောင်းလာခဲ့ပြီး သူတို့ကိုယ်တိုင် ရှန်းထင်ရွှမ်းကို ကူညီရန် ရောက်လာခဲ့ကြသည်။

ကားက ရပ်သွားပြီးနောက် ခေါင်းဆောင်က ပြောလိုက်သည်။ “ရှန်းထင်ရွှမ်းလားခင်ဗျ “

“ကျွန်မပါ “ ရှန်းထင်ရွှမ်းက သူတို့မောင်းလာသည့် ကားကို ကြည့်လိုက်သည်။ သူမဝယ်ထားသည့် လျှပ်စစ်ပစ္စည်းများက ရောက်လာပြီဖြစ်ကြောင်း သိလိုက်သည်။

“ဒါက ခင်ဗျားဝယ်ထားတဲ့ လျှပ်စစ်ပစ္စည်းတွေပါ၊ ဒီပစ္စည်းတွေကို ဘယ်နေရာမှာ ထားချင်လဲဗျ “

ရှန်းထင်ရွှမ်းက “ကျွန်မနဲ့ လိုက်ခဲ့ “

လူတစ်စုအား ခြံဝန်းဆီသို့ ခေါ်သွားခဲ့ပြီး စုစုပေါင်း လူလေးယောက် ရောက်လာခဲ့သည်။

သူတို့က ရောက်လာသောအခါ အရင်ဆုံံး ဤလျှပ်စစ်ပစ္စည်းများ ထားမည့်နေရာကို ရှန်းထင်ရွှမ်းနှင့် အတည်ပြုလိုက်ပြီး သူတို့ ကုန်ချခြင်း၊ တပ်ဆင်ခြင်းများ စတင်ပြုလုပ်လိုက်ကြသည်။

ရှန်းထင်ရွှမ်းက သူတို့လေးယောက်အတွက် ရေနွေးလေးခွက် ထည့်လိုက်ကာ အသီးတချို့ခူးသွားလိုက်ပြီး သူတို့ ဘေးတွင် ချပေးလိုက်သည်။

“ရှင်တို့ ပင်ပန်းနေရင် ရေသောက်ပြီး အသီးအစားပါဦး “

“ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် “

ဤခြံဝန်းရှိ အိမ်က အနည်းငယ် အို‌ဟောင်းနေသော်လည်း အခန်းအပြင်အဆင်က ကောင်းမွန်ပြီး အတော်အသင့် ကြီးမားပေသည်။

ဥပမာအားဖြင့် ရေချိုးခန်းတွင် ခြောက်သွေ့သည့်နေရာနှင့် စိုစွတ်သည့်နေရာဟူ၍ နှစ်ပိုင်းကန့်ထားပေသည်။ သူတို့က အပြင်တွင် အဝတ်လျှော်စက်ကို တပ်ဆင်လိုက်ပြီး မီးဖိုချောင်ထဲတွင် ပန်းကန်ဆေးစက်ကို တပ်ဆင်လိုက်သည်။

တပ်ဆင်နေစဉ် အတောအတွင်း ပျက်စီးနေသည့် ပလပ်ပေါက်တစ်ခုကို ရှာတွေ့သွားကြပြီး သူတို့က ၎င်းကို အဆင်ပြေအောင် ပြုပြင်ပေးလိုက်သည်။

...

ရှန်းထင်ရွှမ်းက ရေနှင့် အသီးများကို ထားပြီးနောက် သူမအခန်းထဲသို့ လိပ်စာများ စီရန် ပြေးသွားလိုက်သည်။ ထိုလေးယောက်က ပတ်ဝန်းကျင်ကို ရှုပ်ပွအောင် လုပ်မည်ကို မစိုးရိမ်ပေ။ နောက်ပြီး သူမ၏မျက်လုံးများက ဤတောင်ပေါ်ရှိ နေရာတိုင်းကို မြင်နိုင်ပေသည်။

ရှဉ့်လေးတစ်ကောင်က သူမ၏ပြတင်းပေါက်ကို ခုန်တက်လာခဲ့ပြီး “အားရွှမ်း တောင်အောက်မှာ အသီးတွေ ရောင်းကုန်သွားပြီ၊ လူအများကြီးက အသီးဝယ်ဖို့ စောင့်နေကြတုန်းပဲ၊ မင်း အသီးတချို့ ထပ်ထည့်သင့်တယ် “

“ကောင်းပြီ၊ ငါ ခုချက်ချင်း သွားလိုက်မယ် “

ရှန်းထင်ရွှမ်းက သူမ၏အလုပ်ကို ခဏချထားလိုက်သည်။ အသီးခြင်းအနည်းငယ်ကို ကောက်ယူလိုက်ပြီး သူမဖုန်းကို ထည့်လိုက်ကာ တောင်အောက်သို့ သယ်သွားလိုက်သည်။ တောင်အောက်သို့ ဆင်းသွားပြီးနောက် သူမက အသီးတင်သည့်စားပွဲဘေးတွင် လူအများအပြားကို တွေ့လိုက်ရသည်။

သူတို့က ရှန်းထင်ရွှမ်းကို မြင်သောအခါ စတင်နှုတ်ဆက်လိုက်ကြသည်။ ပြုံးနေသည့်လူများကို ရိုက်လို့မရဘူးဟူသည့် ဆိုရိုးစကား‌ရှိပေသည်။ ထို့ကြောင့် ရှန်းထင်ရွမ်းက ပြန်ပြုံးပြလိုက်သည်။

…

All Chapters