အခန်း (၃၄-၃၆)
Vol. 3 Ch. 34-36
အခန်း (၃၄)
တာဝန်ခံက သူ့နဖူးမှ ချွေးများကို သုတ်လိုက်သည်။ “မင်း အခု အမှာ တစ်သောင်းလို့ ပြောလိုက်တာလား “
သူက လောကကြီးကို မမြင်ဖူးသလိုမျိုး ခံစားနေရသည်မှာ အံ့ဩစရာမရှိပေ။ သူတို့၏ ပို့ဆောင်ရေးနေရာက မြို့တော်မှ တကယ်ပဲ ဝေးကွာပေသည်။ သူတို့က နေ့တိုင်း အမှာ ရာဂဏန်းလောက်ကိုသာ ပို့နိုင်ခဲ့လျှင် အဆင်ပြေနေပြီဖြစ်သည်။
ယနေ့ လောင်တုက ပို့ဆောင်ရေးလမ်းကြောင်း တစ်သောင်းပို့ခဲ့ပြီး ရုံးရှိ ပို့ဆောင်ရေးသမားအားလုံးနီးပါးက သူ့ကို ထုတ်ပိုးရန် ကူညီခဲ့ကြသည်။
ရလဒ်အနေဖြင့် လောင်တုက မနက်ဖြန်တွင် ပို့ရန် အမှာတစ်သောင်းရှိမည်ဟု ပြောလာခဲ့သည်။ သူက ဘယ်လိုလုပ် မအံ့ဩဘဲ နေနိုင်မည်နည်း။ “မင်း သေချာလား “
လောင်တု။ “ငါလည်း ဒီနေ့ ထပ်ခါထပ်ခါ မေးခဲ့တာ “
“ဖောက်သည်ပို့ချင်တဲ့ပစ္စည်းက ဘာလဲ “ သူက အလွန်အင်အားကြီးသည့် ရှင်းယွမ်ရှန်မှ ဖောက်သည်ကို မကြားဖူးခဲ့ချေ။
“အဲဒါ မက်မွန်သီးတွေပဲတော့ မဟုတ်ဘူးမလား “ လောင်တုက သေချာမမေးခဲ့ရချေ။
“သူမရဲ့စီးပွားရေးက အရမ်းကောင်းတာလား “ တစ်နေ့လျှင် အမှာတစ်သောင်း ရှိလိမ့်မည်ဟု တာဝန်ခံက တကယ်ပဲ မမျှော်လင့်ခဲ့ပေ။ ဒါက ဘယ်လိုအယူအဆမျိုးလဲ။
လောင်တုက သူ့ခေါင်းကို ခါလိုက်သည်။ ယင်းက ပစ္စည်းရောက်ငွေချေစနစ်ဖြစ်သည်က လွဲလို့ သူက အတိအကျ မသိချေ။
တာဝန်ခံက အချိန်အတော်ကြာ တွေးဆနေခဲ့သည်။ “ဒီတိုင်းဆိုရင် မင်း မနက်ဖြန်ကျ မနက်စောစော သွားတွေ့ရမယ်၊ ဒါက တကယ်ပဲ အမှာတစ်သောင်းဆိုရင် ငါတို့အားလုံး ကူညီပေးမယ် “
မလုံလောက်လျှင် သူက အနီးအနားရှိရုံးခွဲများမှ ဝန်ထမ်းများအားလုံးကို ခေါ်နိုင်ပေသည်။
…
မနက် ၅နာရီတွင် ရင်းနှီးနေသည့် စက်ပိုင်းဆိုင်ရာအသံက တာဝန်ကို စတင်ထုတ်ပြန်လာခဲ့သည်။
“ကျေးဇူးပြု၍ ၁၉နာရီအတွင်း မတူညီတဲ့ အသီးဆယ်မျိုးကို ထုတ်လုပ်ပါ “
ရှန်းထင်ရွှမ်းက ထထိုင်လိုက်ပြီး ကြီးမားသည့် မေးခွန်းသင်္ကေတများ သူမ၏ခေါင်းထဲတွင် ပေါ်လာခဲ့သည်။
“ထပ်ပြောပါဦး၊ နောက်တစ်ခေါက် ထပ်ပြောဦး “
“ကျေးဇူးပြု၍ ၁၈နာရီ ၅၉မိနစ်အတွင်း မတူညီတဲ့ အသီးဆယ်မျိုးကို စိုက်ပျိုးပါ၊ မစ်ရှင်ပြီးမြောက်ပါက ဝိညာဉ်သွေးကြော ၁၈% ကို ပြန်လည်ရရှိပါမည် “
“မဟုတ်ဘူး၊ မစ်ရှင်က ဘယ်လိုလုပ် ပြောင်းသွားတာလဲ “ သို့သော် ဤတာဝန်က လူတစ်သိန်းကို အသီးများစားခိုင်းခြင်းထက် ပိုပြီးလွယ်ကူပုံရသည်ဟု ခံစားရပေသည်။
စနစ်။ “တာဝန်က တစ်ခုတည်း မဟုတ်ဘူး၊ မပြောင်းလဲဘူး “
ရှန်းထင်ရွှမ်း။ “ဒါဆို တာဝန်က မနက်ဖြန်ကျရင် ပြောင်းနိုင်လား “
စနစ်။ “ဟုတ်တယ် “
ဒါဆို မနက်ဖြန် လူတစ်သောင်းမဲဖောက်စရာ မလိုတော့သည့်ပုံပင်။ မည်သို့ပင်ဆိုစေကာမူ စူပါမောအတွက် အသီးကတ်တီ ခြောက်ထောင်နှင့် ဩဂုတ်လဖရဲသီး နှစ်သောင်းပို့ပေးရန် ရှိနေဆဲဖြစ်သည်။ ဤအကြောင်းကို တွေးမိပြီးနောက် ရှန်းထင်ရွှမ်းက ပိုခံစားလို့ကောင်းလာခဲ့သည်။
ပထမဆုံးအကြိမ်အဖြစ် သူမက စနစ်ကို မျက်လုံးထဲတွင် ကြည့်လို့အဆင်ပြေသည်ဟု ခံစားလိုက်ရသည်။
ရှန်းထင်ရွှမ်းက အိပ်ရာထလိုက်ပြီး အသီးများကို ခူးလိုက်သည်။ စူပါမောအတွက် အသီးများက လက်ဝယ်ရှိထားရန် လိုအပ်ပေသည်။ အဆုံးတွင် ဤအရာက လက်မှတ်ထိုးထားသည့် သဘောတူစာချုပ်တစ်ခုဖြစ်သည်။
သူမက ဂျင်ဆင်းဝိညာဉ်ဖြစ်နေလျှင်တောင် ရှန်းထင်ရွှမ်းက ယုံကြည်စိတ်ချနိုင်ရပေမည်။
...
သူမက တောင်အောက်သို့ ဆင်းလာသောအခါ လောင်တုနှင့် ရှောင်ဖုန်းတို့ နှစ်ယောက်စလုံးက ဤနေရာတွင် ရှိနေသည်ကို သူမက တွေ့လိုက်ရသည်။
“ကျွန်မ ခုထိ အသီးတွေ မခူးရသေးဘူး၊ နောက်ပြီးကျမှ ရှင့်အတွက် ခူးပေးရမယ် “ ရှန်းထင်ရွှမ်းက လောင်တုကို ပြောလိုက်သည်။
လောင်တုက တဖန် အတည်ပြုလိုက်သည်။ “အဲဒါက အမှာ တစ်သောင်းဟုတ်တယ်မလား “
“အမ်း “
လောင်တုက တဖန် မေးလိုက်ပြန်သည်။ “ဒါဆို မနက်ဖြန်ရော အမှာအများကြီး ပို့ဦးမှာလား “
ရှန်းထင်ရွှမ်း။ “အများဆုံး ဆယ်ခုလောက်ပါပဲ “ တိုက်ရိုက်ထုတ်လွှင့်မှုရှိ မဲဖောက်မှုများက သာမန်ပင်ဖြစ်သည်။ ထို့ကြောင့် သာမန်အားဖြင့် မဲဖောက်ပေးရန် လူဆယ်ယောက်က အကောင်းဆုံးဖြစ်သည်။
ထိုအရာကို ကြားပြီး လောင်တုနှင့် ရှောင်ဖုန်းက သက်သာရာရစွာ သက်ပြင်းတစ်ချက် ချလိုက်ကြသည်။ နောက်တစ်ခါ အမှာတစ်သောင်းဆိုပါက ယင်းက အလွန် ကြောက်စရာကောင်းပေလိမ့်မည်။
ရှန်းထင်ရွှမ်းက စူပါမောသို့ ပစ္စည်းများ လွှဲပေးလိုက်ပြီး မက်မွန်သီးများကို ခူးရန် သွားလိုက်သည်။ ၎င်းတို့ကို လောင်တုအား ပေးလိုက်ပြီးနောက် ရှောင်ဖုန်းက ထိုနေရာတွင် ရှိနေဆဲဖြစ်ကြောင်း သူမက တွေ့လိုက်ရသည်။
လောင်တုက သူ၏ ပြင်ပတာဝန်ခံကို ပြန်သည့်လမ်းတွင် အစီရင်ခံလိုက်ပြီး ဤဌာနခွဲ၏ တာဝန်ခံကလည်း အမှာတစ်သောင်းအတွက် အကူအညီတောင်းရန် အလုပ်ရှုပ်နေခဲ့သည်။
ရှန်းထင်ရွှမ်း။ “ဘာကိစ္စရှိလို့လဲ “
ရှောင်ဖုန်းက ရှန်းထင်ရွှမ်း အဆင်ပြေနေပုံရသည်ကို မြင်လိုက်ပြီး ပြောလိုက်သည်။ “မင်း Weibo က ပို့စ်တွေ ဖတ်ပြီးပြီလား “
ရှန်းထင်ရွှမ်း။ “ဟင့်အင်း “ နေ့စဉ် တာဝန်ပြီးမြောက်ရန် သူမက တိုက်ရိုက်ထုတ်လွှင့်မှုကို ထုတ်လွှင့်ခြင်း၊ ကြည့်ရှုခြင်းတို့ဖြင့် အလုပ်ရှုပ်နေခဲ့သည်။ Weibo အတွက်မူ သူမက ၎င်းကို ကြည့်ရန် တကယ်ပဲ အချိန်မရှိခဲ့ပေ။
ရှောင်ဖုန်းက ရှန်းထင်ရွှမ်းကို Weibo ပေါ်ရှိ အရာများကို အတိုချုပ်ပြီး ရှင်းပြလိုက်သည် အင်တာနက်အသုံးပြုသူများက သူမကို ဆိုးရွားစွာ ဆူပူနေသည့်အကြောင်းအရာကိုတော့ တမင်သက်သက် ချန်ထားခဲ့လိုက်သည်။
ရှန်းထင်ရွှမ်းက အနည်းငယ် ဆွံ့အသွားခဲ့သည်။ “ငါက သူတို့အချက်အလက်တွေနဲ့ ဘာလုပ်ရမှာလဲ “
“မင်းရဲ့မဲဖောက်ပေးတဲ့ နည်းလမ်းက အရမ်းထူးခြားနေလို့လေ “
ရှန်းထင်ရွှမ်းက ရှောင်ဖုန်း၏ ပါဝင်ပတ်သက်မှုကို ကြားလိုက်ပြီး ၎င်းအကြောင်းကို ဂရုတစိုက် တွေးတောလိုက်သည်။ သူမက တာဝန်ပြီးမြောက်ရန်အတွက် ထိုကဲ့သို့ လူအမြောက်အများကို မဲဖောက်ပေးခြင်းက မှားယွင်းသွားပေသည်။
“ဒါဆို အကောင်းဆုံးဖြေရှင်းနည်းက အွန်လိုင်းစတိုးဆိုင် ဖွင့်ပြီး အင်တာနက်အသုံးပြုသူတွေကို သူတို့ကိုယ်တိုင် ဝယ်ခိုင်းရမှာလား “
ဤအကြံပြုချက်က ယခင်က ရှောင်ဖုန်း ပြောပြခဲ့ခြင်းဖြစ်သည်။ သို့သော် ရှန်းထင်ရွှမ်းက ငြင်းပယ်ခဲ့သည်။ ယခု ၎င်းက တကယ်ပဲ ကောင်းမွန်သည့်ရွေးချယ်မှုတစ်ခု ဖြစ်ပုံရပေသည်။ စနစ်က လူများ အသီးစားရန် ဤကဲ့သို့ပမာဏအတွက် တာဝန်တစ်ခုကို မည်သည့်အချိန်တွင် နောက်တစ်ခါ ထုတ်ပြန်လိမ့်မည်မှန်း သူမမသိပေ။
ရှောင်ဖုန်းက ခေါင်းညိတ်လိုက်သည်။
ရှန်းထင်ရွှမ်းက စတင်တွေးတောလိုက်သည်။ သူက အွန်လိုင်းစတိုးဆိုင်တစ်ခု ဖွင့်မည်ဆိုပါက စနစ်က လူများကို ပိုပြီးစားသုံးစေဖို့ လိုအပ်လာခဲ့လျှင် သူမက နေ့တိုင်းတွင် အသီးများ ပိုရောင်းရပေလိမ့်မည်။ စနစ်က ထုတ်ပြန်လာသည့် တာဝန်က ယနေ့လို အသီးပင်အမျိုးမျိုးကို စိုက်ပျိုးခြင်းကဲ့သို့ တူညီနေလျှင် သူမက မရောင်းဘဲ သို့မဟုတ် အနည်းငယ်ပဲ ရောင်းရပေလိမ့်မည်။
“ကောင်းပြီ၊ ကျွန်မ ဒီည အဲဒါကို လေ့လာလိုက်မယ် “
ရှောင်ဖုန်းက အံ့အားသင့်သွားခဲ့သည်။ ရှန်းထင်ရွှမ်းက အွန်လိုင်းစတိုးဆိုင်တစ်ခုဖွင့်ရန် တွန့်ဆုတ်နေခဲ့ဖူးသော်လည်း ယနေ့ သူမက သိပ်မကြာခင် သဘောတူလိုက်သည်လား။
“ဒါဆို တစ်ကြိမ်ကို ရောင်းလို့ရတဲ့ ပမာဏက ဘယ်လောက်လဲ “
ရှန်းထင်ရွှမ်းက သူမခေါင်းကို ခါလိုက်သည်။
“ သောင်းနဲ့ချီရောင်းဖို့တော့ မဖြစ်နိုင်ဘူး “ အရေအတွက်အတိအကျက စနစ်မှ ထုတ်ပြန်သည့် တာဝန်များပေါ်တွင် မူတည်နေပေသည်။
ရှောင်ဖုန်းက နားလည်ပေသည်။ ရှန်းထင်ရွှမ်းက သူမ၏ခံစားချက်ပေါ်တွင် မူတည်ပြီး ရောင်းချပေသည်။
“ငါ နောက်ကျမှ မင်းကို စတိုးဆိုင်ဖွင့်တဲ့ လမ်းညွှန်ရေးပေးမယ်၊ မင်း အဲဒီလမ်းညွှန်ချက်အတိုင်း အွန်လိုင်းစတိုးဆိုင်တစ်ခု ဖွင့်လို့ရတယ် “ ရှောင်ဖုန်းလည်း ဓာတ်ပုံရောင်းခဲ့တုန်းက အွန်လိုင်းစတိုးဆိုင်တစ်ခု ဖွင့်ခဲ့ပေသည်။ ၎င်းက ယခုထိ ဖွင့်ထားဆဲဖြစ်သည်။ သူက ဓာတ်ပုံဆရာအလုပ်တချို့ကိုလည်း တစ်ခါတစ်ရံ ရရှိခဲ့ကြောင်း သတိရသွားခဲ့သည်။
ရှန်းထင်ရွှမ်းက အိုခေဟု လက်ဟန်လုပ်ပြလိုက်သည်။
ရှန်းထင်ရွှမ်းက တာဝန်ပြီးမြောက်ရန် အလျင်လိုနေသောကြောင့် ရှောင်ဖုန်းနှင့် ပြောပြီးသည်နှင့် တောင်ပေါ်သို့ ပြန်သွားခဲ့သည်။
...
ရှောင်ဖုန်းကလည်း ရှင်းယွမ်ရှန်မှ ပြန်လှည့်လာခဲ့သည်။ သူက လွန်ခဲ့သည့်ညက အင်တာနက်အသုံးပြုသူများနှင့် စကားများခဲ့စဉ်က သူ့စိတ်ထဲတွင် ခိုင်မာသည့် အကြံတစ်ခုတောင် ရှိနေခဲ့သည်။
ယနေ့ သူက ရှန်းထင်ရွှမ်းနှင့် စကားပြောပြီးနောက် ရှောင်ဖုန်းက ယင်းအကြံကို ပိုသေချာသွားခဲ့ပြီး သူက ရှင်းယွမ်ရှန်တွင် ပို့ဆောင်ရေးဆိုင်တစ်ခု ဖွင့်ရန် ဆုံးဖြတ်လိုက်သည်။
ရှန်းထင်ရွှမ်းက အွန်လိုင်းစတိုးဆိုင်တစ်ခုဖွင့်ချင်ခဲ့သောကြောင့် ၎င်းကို ပို့ဆောင်ရမည် ဖြစ်သည်။ သူမက ဘာမှမရောင်းရသည့်နေ့တွင် ရှောင်ဖုန်းက ရွာသားများကို သူတို့၏ထုပ်ပိုးမှုများဖြင့် ကူညီရပေလိမ့်မည်။ သူမ ရောင်းရသည့်နေ့တွင် သူက ရှန်းထင်ရွှမ်းအတွက် အသီးများကို ပို့ဆောင်ပေးမည်ဖြစ်သည်။ အရမ်းများလွန်းလျှင် ရွာသားများထဲမှ အကူများကို စုဆောင်းနိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ပို့ဆောင်ရေးလုပ်ငန်းက သူ၏ အဓိက လုပ်ငန်းမဟုတ်ချေ။
ဤအကြောင်းကို တွေးနေရင်း ရှောင်ဖုန်းက သူ့အိပ်ခန်းထဲသို့ လျှောက်သွားလိုက်ပြီး အွန်လိုင်းစတိုးဆိုင်တစ်ခုဖွင့်ခြင်း၏ လုပ်ငန်းစဉ်ကို အရင်ဆုံံး ချရေးလိုက်ကာ စာဖိုင်တစ်ခုတင်လိုက်ပြီး ရှန်းထင်ရွှမ်းဆီသို့ ပို့လိုက်သည်။
ပြီးနောက် ရှောင်ဖုန်းက ထလိုက်ပြီး မြို့တော် Bသို့ ကားမောင်းသွားခဲ့ကာ ပို့ဆောင်ရေးလုပ်ပိုင်ခွင့်တစ်ခုကို ချိတ်ဆက်ရန် ရှာဖွေလိုက်သည်။
……
ရှန်းထင်ရွှမ်းက တောင်ပေါ်ရှိ အသီးများအကြောင်း စဉ်းစားရင်း တောင်ပေါ်သို့ တက်လာခဲ့သည်။ လက်ရှိတွင် ရှင်းယွမ်ရှန်မှ အသီးများက ဆီးသီး၊ မက်မွန်သီး၊ ဖရဲသီးများနှင့် ဩဂုတ်လဖရဲသီးများမှလွဲ၍ တခြား အမျိုးအစားမရှိပေ။
အမှန်တော့ သူမက တခြားအသီးများကို စိုက်ပျိုးခဲ့သည်။ သို့သော် စနစ်က ၎င်းတို့ကို ထည့်မတွက်ခဲ့ချေ။ တာဝန်မှပေးသည့် စကားလုံးက “ထုတ်ကုန်” ဖြစ်ပြီး ဆိုလိုသည်မှာ အထွက်တိုးပြီးသား အသီးများကို အောင်မြင်စွာ ထုတ်လုပ်ခြင်းဟု စဉ်းစားနိုင်ပေသည်။
ရှန်းထင်ရွှမ်းက တောင်ပေါ်တွင် စိုက်ပျိုးသောအခါ မတူညီသည့် မျိုးစေ့ပေါင်းများစွာကို စိုက်ပျိုးခဲ့သည်။ သို့သော် သူမက ရေလောင်းရန် ဝိညာဉ်စွမ်းအင်ကို ရွေးချယ်ပြီး အသုံးပြုခဲ့သည်။
ရှန်းထင်ရွှမ်းက အသီးမျိုးစေ့အမြောက်အများကို ကြဲထားခဲ့သည်။
သူမက အရင်ဆုံး ခြံဝင်းအပြင်ဘက်သို့ သွားလိုက်သည်။ ဤနေရာတွင် သူမက စပျစ်သီးမျိုးစေ့များကို ကြဲလိုက်သည်။ ထိုအချိန်၌ သူမက မျိုးစေ့များဘေးတွင် ရိုးရှင်းသည့် စင်တစ်ခုကို ဆောက်ရန် သစ်သားကို အသုံံးပြုလိုက်သည်။
သူမက ယခု ဝိညာဉ်စွမ်းအင်ကို လောင်းထည့်ချင်သောကြောင့် ရှန်းထင်ရွှမ်းက စင်ကို ယခင်ကထက် ပိုကြီးလာအောင် ကြိမ်ပေါင်းများစွာ ထပ်ချဲ့လိုက်သည်။
သူမက စပျစ်ပင်ပေါက်များကို ဝိညာဉ်စွမ်းအင်ဖြင့် စတင်ရေလောင်းလိုက်သည်။
မြေဆီလွှာထဲရှိ အပင်ပေါက်များက စင်အောက်ခြေမှ စတင်တွယ်တက်လာခဲ့ပြီး ခဏကြာပြီးနောက် စင်တစ်ခုလုံးကို စပျစ်နွယ်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
အစိမ်းရောင်အသီးများက ၎င်းတို့ပေါ်တွင် စတင်သီးလာခဲ့ပြီး ဤအသီးများက တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ တစ်စုံတစ်ယောက်က စပျစ်သီးရင့်မှည့်သည့် ဖြစ်စဉ်ကို အရှိန်မြှင့်တင်လိုက်သကဲ့သို့ အရောင်က အစိမ်းရောင်မှ ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အသီးများ ထွက်လာပြီးနောက် ရှန်းထင်ရွှမ်းက ၎င်းတို့ကို ရေဆက်မလောင်းတော့ပေ။
ဤအချိန်တွင် တာဝန်က တစ်ဝက်ပြီးမြောက်သွားပြီဖြစ်ပြီး ဝိညာဉ်စွမ်းအင်၏ ၃၀% ကို သုံးစွဲခဲ့ပြီးဖြစ်သည်။
ယင်းက ယခင်ကထက် ဝိညာဉ်စွမ်းအင် ပိုများသော်လည်း ရှန်းထင်ရွှမ်းက ဤစပျစ်ပျိုးပင်ပေါက်အားလုံးကို ရေလောင်းလိုက်သည်။
ရှန်းထင်ရွှမ်းက တောင်အနောက်ဘက်တွင် ပေါင်းပင်များ ရှင်းလင်းနေစဉ် သူမ တွေ့ခဲ့ဖူးသည့် ပျိုးပင်ပေါက်လေးရှိသည့်နေရာသို့ပြေးသွားလိုက်သည်။
ယင်းက မွန်ဂိုလီးယား ဘယ်ရီသီးပျိုးပင်တစ်ပင် ဖြစ်သည်။
မွန်ဂိုလီးယားဘယ်ရီသီးက အရိုင်းသီးတစ်မျိုးဖြစ်ပြီး စပျစ်မျိုးနွယ်လောက် မကြီးသောကြောင့် စပျစ်အသေးဟုလည်း ခေါ်ပေသည်။
ရှန်းထင်ရွှမ်းက ဝိညာဉ်စွမ်းအင်ဖြင့် ရေလောင်းလိုက်သည်။ မွန်ဂိုလီးယား ဘယ်ရီသီးပင်ပေါက်လေးက သေးငယ်သည့် အပင်လေးမှ တဖြည်းဖြည်း ကြီးထွားလာသည်ကို သူမက မြင်လိုက်ရသည်။ ထို့နောက် အနီရောင်အသီးများဖြင့် အရွယ်ရောက်သည့်အပင်တစ်ပင် ဖြစ်လာခဲ့သည်။
မွန်ဂိုလီးယားဘယ်ရီသီး၏ အရောင်က စပျစ်သီးများနှင့် ကွဲပြားပေသည်။ မွန်ဂိုလီးယားဘယ်ရီသီးက အနီရောင်ဖြစ်ပြီး ချိုချဉ်အရသာဖြင့် အနည်းငယ်ဆေးဖက်ဝင်ပေသည်။ သာမန်လူများက ဤအသီးမျိုးကို အသုံးမပြုကြချေ။
သို့သော် တစ်ခါအသုံးပြုပြီးသည်နှင့် ၎င်းကို အလွန်ကြိုက်နှစ်သက်သွားပေလိမ့်မည်။ ယင်းက ခရုခေါက်ဆွဲနှင့် တူညီပေသည်။
ဤအသီးနှစ်မျိုးကို ရေလောင်းပြီးနောက် ရှန်းထင်ရွှမ်းက သူမ၏ ဝိညာဉ်စွမ်းအင်တစ်ဝက်ကို သုံးစွဲခဲ့ပြီးဖြစ်သည်။
တာဝန်ပြီးမြောက်ရန်အတွက် ရှန်းထင်ရွှမ်းက တခြားအသီးလေးမျိုးအကြောင်း တွေးနေခဲ့သည်။ သူမက ကီဝီ၊ တောကြက်မောက်သီး၊ သခွားမွှေးနှင့် တရုတ်ဘယ်ရီပင်များကို ရေလောင်းခဲ့သည်။
သို့သော်လည်း ကီဝီနှင့် တောကြက်မောက်သီးပင်ကို ရေလောင်းခဲ့ပြီးနောက် ရှန်းထင်ရွှမ်း၏ ဝိညာဉ်စွမ်းအင်က ယာယီကုန်ခမ်းသွားခဲ့သည်။
သူမက တောင်ပေါ်သို့ ပြန်သွားခဲ့ပြီး မျိုးစေ့များကို စိုက်ပျိုးရန် မြေကြီးကို ထယ်ထိုးလိုက်ကာ သခွားမွှေးနှင့် တရုတ်ဘယ်ရီပင်များကို ရေသွားမလောင်းခင် ဝိညာဉ်စွမ်းအင်များ ပြည့်သွားသည့်တိုင် စောင့်နေခဲ့သည်။
အနီရင့်ရောင် တရုတ်ဘယ်ရီသီးများက ကြီးထွားလာသောအခါ စနစ်၏ထုတ်ပြန်သံက ထွက်ပေါ်လာခဲ့သည်။
“၁၈ ခုမြောက် မစ်ရှင်ကို ပြီးမြောက်သည့်အတွက် ဂုဏ်ယူပါတယ်၊ ဆုတစ်ခုရရှိပါသည်၊ ဝိညာဉ်သွေးကြောများ၏ ၁၈% ကို ပြန်လည်ရရှိပါသည် “
...
သုံးစွဲထားခဲ့သည့် ဝိညာဉ်စွမ်းအင်များက ခဏအတွင်း ပြန်လည်ပြည့်သွားခဲ့သည်။ တစ်ကြိမ်စီတွင် ဝိညာဉ်စွမ်းအင် ၁% သာ ပြန်လည်ရရှိခဲ့သော်လည်း သူမခန္ဓာကိုယ်ရှိ ပြောင်းလဲမှုများက သိသာထင်ရှားပေသည်။
ယခု ဝိညာဉ်စွမ်းအင် ၁၈% ဖြင့် ရှန်းထင်ရွှမ်းက အလွန်ပေါ့ပါးနေသလို ခံစားနေရပေသည်။
ရှန်းထင်ရွှမ်းက ဖုန်းပေါ်ရှိ အချိန်ကို တစ်ချက်ကြည့်လိုက်ရာ ညနေ ၅နာရီ ၁၀မိနစ်ခန့် ရှိပြီဖြစ်သည်။
သူမက တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်ပြီး လင့်ခ်ကို မျှဝေလိုက်သည်။
လူများစွာက မကြာမီ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ ရောက်လာခဲ့ကြသည်။
ရှန်းထင်ရွှမ်းက သူတို့ကို နှုတ်ဆက်လိုက်ပြီး တရုတ်ဘယ်ရီသီးတစ်လုံးကို ခူးလိုက်သည်။
“ဒါက ဒီနေ့ရဲ့ အသီးပါ၊ တရုတ်ဘယ်ရီသီးပါ “
ရှန်းထင်ရွှမ်းက လက်နှစ်ဖက်ပေါ်တွင် ဘယ်ရီသီးအား ထည့်ထားသည်ကို ဖုန်းမျက်နှာပြင်ကို ဖြတ်၍ မြင်နိုင်ပေသည်။ ယင်းက ပင်ပေါင်ဘောလုံးတစ်လုံး၏ အရွယ်အစားနီးပါး ရှိပေသည်။
[ဒီဘယ်ရီသီးက အရမ်းကြီးတာပဲ။]
[အရောင်ကလည်း အရမ်းကောင်းတယ်။ ငါ အရမ်းစားချင်နေပြီ။]
[ငါရောပဲ။]
[အားးးးးးး။ ငါ့သွားရည်တွေ ကျနေပြီ။]
......
ရှန်းထင်ရွှမ်းက တစ်ကိုက်ကိုက်လိုက်သည်။ အရသာက ချိုပြီး အနည်းငယ် ချဉ်ကာ အလွန်လတ်ဆတ်ပေသည်။
များစွာသော အင်တာနက် အသုံးပြုသူများက အောက်တွင် မှတ်ချက်များရေးလာကြသည်။
[တရုတ်ဘယ်ရီသီးတွေက ရေငတ်ပြေတယ်လို့ပြောကြတယ်။ ငါ အခု ရေအရမ်းငတ်နေတာ။ ငါ့ကို ကယ်ဖို့ ဘယ်ရီသီးတစ်လုံး အရမ်းလိုအပ်နေပြီ။]
[ကိုယ်ဝန်ဆောင်အမျိုးသမီးက ပြောတယ်။ ဘာလို့ ငါ့ကို ဒါတွေ ကြည့်ခွင့်ပြုနေတာလဲတဲ့။]
[စကားပြောနေတာ ရပ်လိုက်ကြ။ ငါ ခုပဲ မိန်ထွမ်ကနေ တရုတ်ဘယ်ရီသီး နှစ်ကတ်တီ မှာခဲ့တာ။] (TN: မိန်ထွမ်သည် ဖျော်ဖြေရေး၊ စားသောက်ကုန်၊ ပို့ဆောင်ရေး၊ ခရီးသွားခြင်းနှင့် တခြားဝန်ဆောင်မှုများပါဝင်သည့် ဒေသတွင်းလူသုံးကုန်များနှင့် လက်လီရောင်းချခြင်း ဝန်ဆောင်မှုများအတွက် စျေးဝယ်ပလက်ဖောင်းတစ်ခု ဖြစ်သည်။)
[အစ်မလေး။ ရှင် စျေးဆိုင်တစ်ခုဖွင့်ဖို့ တကယ်ပဲ မစဉ်းစားသေးဘူးလား။ ကျွန်မ အသီးတွေ ဝယ်မှာပါ။]
...
ဒါပေါ့။ တစ်ယောက်ယောက်ကတော့ ယနေ့မှတ်ချက်များကို ဝေဖန်နေဆဲပင်။
[မမေ့ကြနဲ့နော်။ ဒီဘလော့ဂါက လူလိမ်တစ်ယောက်ပဲ။]
[ဒီဘလော့ဂါက ကိုယ်ရေးအချက်အလက်တွေ စုဆောင်းပြီး ရောင်းစားနေတာ။]
...
ရှန်းထင်ရွှမ်းက တရုတ်ဘယ်ရီသီးတစ်လုံးကို စားပြီးသွားပြီး နောက်ထပ်အသီး အလုံးနှစ်ဆယ်ကို ခူးလိုက်သည်။
သူမက ခြံဝင်းဆီသို့ လမ်းလျှောက်လာရင်း ပြောလိုက်သည်။
"ငါ ဒီနေ့ လူတိုင်းအတွက် ဟင်းတစ်ပွဲချက်ပေးမယ် "
ခြံဝင်းထဲသို့ လမ်းလျှောက်လာခဲ့သည်။ အင်တာနက်အသုံးပြုသူများက ရှန်းထင်ရွှမ်း၏ အိမ်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။
[ခြံဝင်းက အကျယ်ကြီးပဲ။]
[ခြံထဲက ဥယျာဉ်ကို ကြည့်ပြီး ငါအရမ်းသဘောကျနေပြီ။]
[ငါ အနီးကပ်ကြည့်လိုက်တာ။ လက်စသတ်တော့ အဲဒါတွေက ပန်းတွေမဟုတ်ဘဲ ဟင်းသီးဟင်းရွက်တွေ ဖြစ်နေတာလား။]
[မဟုတ်လောက်ပါဘူး။]
[ဟားဟားဟား။ ငါ့အစ်မလေးက ကောင်းမွန်တဲ့ ဘဝမှာ နေနေတာပဲ။]
...
အင်တာနက်အသုံးပြုသူတစ်ယောက် ပြောလိုက်သည့်စကားကို အတည်ပြုလိုက်သကဲ့သို့ ရှန်းထင်ရွှမ်းက ကြက်သွန်မြိတ်များကို လက်အပြည့်ကောက်လိုက်ပြီး ချင်းတချို့ကို တူးလိုက်သည်။
[ဒီချင်းတွေက အရမ်းကြီးတာပဲ။]
[တကယ်တော့ အစ်မလေးက အပင်စိုက်တာတွေအကုန်လုံးမှာ တော်နေတာပဲ။]
[ကျောင်းက အလုပ်အတန်းက ငါတို့ကို ကြက်သွန်မြိတ်တွေ စိုက်ခိုင်းတာ။ ဒါပေမဲ့ ကိုယ့်လူတို့ရေ ငါစိုက်တာ အကုန်သေကုန်တာပဲဟ။ အဲဒီကစပြီး ငါကြက်သွန်မြိတ်ကို မကြိုက်တော့တာပဲ။]
...
ရှန်းထင်ရွှမ်းက ဖုန်းထားရန် နေရာတစ်ခုကို ရှာလိုက်ပြီး ဝက်လက်များကို ချက်ပြုတ်ရန် စတင်လိုက်သည်။
သူမက ဝက်လက်များကို မနေ့က ဝယ်ခဲ့ခြင်းဖြစ်သည်။ မူလက ၎င်းကို ဝိုင်နီရောက်ပြီးမှ စားချင်ခဲ့သည်။
သို့သော် မနက်ပိုင်းတွင် တာဝန်ကို လက်ခံပြီးနောက် ရှန်းထင်ရွှမ်းက ဝက်လက်များကို ယနေ့ စားရန် စီစဉ်လိုက်သည်။ ထို့ကြောင့် သူမက မနက်စောစောကတည်းက ဝက်လက်များကို ရေထဲတွင် စိမ်ထားခဲ့သည်။
ကြက်သွန်မြိတ်နှင့် ချင်းများကို ဆေးကြောပြီးနောက် ကြက်သွန်မြိတ်များကို လှီးဖြတ်လိုက်ကာ ချင်းများကို ပါးပါးလှီးလိုက်ပြီး ဘေးတွင် ချထားလိုက်သည်။
ဝက်လက်များကို ဆေးကြောပြီးနောက် အိုးတစ်အိုးထဲတွင် ထည့်လိုက်သည်။ ရှန်းထင်ရွှမ်းက ရေတချို့ခပ်ထည့်လိုက်ပြီး ဝက်လက်များကို ရေမြုပ်မမြုပ် သေချာအောင် လုပ်လိုက်သည်။
သူမက မဖြတ်ရသေးသည့် တချို့ ကြက်သွန်မြိတ်များကို လုံးချေလိုက်ပြီး လှီးဖြတ်ထားသည့် ချင်းများနှင့်အတူ အိုးထဲသို့ ထည့်လိုက်သည်။ နောက်ဆုံးတွင် ဟင်းချက်ဝိုင်တချို့ကို လောင်းထည့်လိုက်သည်။
-----
စာရေးသူမှာ ပြောစရာ ရှိနေပါတယ်။
အားချီ။ မင်း အံ့ဩသွားလား။ တာဝန်က ထပ်ပြောင်းသွားပြန်ပြီ။
စနစ်။ မင်း ဘာလို့ ငါ့လမ်းကြောင်းကို ခိုးနေတာလဲ…။
…
အခန်း (၃၅)
ဝက်လက်များ ချက်ပြုတ်ရန် အချိန်ကို ကောင်းကောင်းအသုံးချပြီး ရှန်းထင်ရွှမ်းက သူမ ခူးယူခဲ့သည့် တရုတ်ဘယ်ရီသီးများကို ထုတ်ယူကာ ရေဖြင့်ဆေးလိုက်ပြီး တခြားအိုးထဲတွင် ထည့်လိုက်သည်။
ဤအိုးကို ရှန်းထင်ရွှမ်းက ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဝယ်ခဲ့သည်။ လျှပ်စစ်မီးဖိုလည်း ပါလာခဲ့သည်။ ၎င်းက ဆောင်းတွင်းတွင် ဟော့ပေါ့လုပ်စားရန် အသုံးဝင်နိုင်ပေသည်။ သို့သော် ထိုအချိန်၌ ရှန်းထင်ရွှမ်းက တရုတ်ဘယ်ရီသီးဖျော်ရည်ကို ပြုလုပ်ရန် ၎င်းကို အသုံးပြုလိုက်ပြီဖြစ်သည်။
ရေအပြင် ရှန်းထင်ရွှမ်းက သကြားခဲပိုင်းများကိုလည်း ထည့်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် မှတ်ချက် အနည်းငယ်မျှ မရှိပေ။
[ငါ နိုင်ငံတကာက ဘလော့ဂါတစ်ယောက်ကို follow လုပ်ထားရသလိုပဲ။]
[ငါ ဗိုက်နည်းနည်းဆာလာသလိုပဲ။]
[နင် ဘာလို့ ငါရုံးပြန်တဲ့လမ်းမှာ ဒါကို ပြနေရတာလဲ။ အရမ်းရက်စက်တာပဲ။]
[ငါ အပူရှပ်ပြီး အရမ်းပူနေခဲ့တာ။ အခုတော့ တရုတ်ဘယ်ရီသီးဖျော်ရည်တစ်ခွက်လောက် သောက်ချင်နေပြီ။]
...
ရှန်းထင်ရွှမ်းက ဖုန်းကို ကြည့်ရန် အချိန်မရှိပေ။ ဝက်လက်အိုးထဲရှိ ရေက ဆူပွက်နေပြီဖြစ်သည်။ ရှန်းထင်ရွှမ်းက ၎င်းအထဲသို့ သကြားခဲကို ထည့်လိုက်ပြီး အပူချိန်လျှော့ရန် ထင်းတချို့ကို ထုတ်လိုက်သည်။
ဘယ်ရီသီးဖျော်ရည်က စတင် ဆူပွက်လာခဲ့သည်။ ရှန်ထင်ရွှမ်းက တူတချို့ ထုတ်လိုက်ပြီး နှစ်ကြိမ်ခန့် မွှေလိုက်သည်။ ထို့နောက် တရုတ်ဘယ်ရီသီးကို ယောက်မဖြင့် ဖိလိုက်သည်။ ဘယ်ရီသီးဖျော်ရည်ကို လောင်းမထည့်ခင် နောက်ထပ်နှစ်မိနစ်ခန့် ကျိုချက်လိုက်ကာ ကြီးမားသည့် ဖန်ပုလင်းတစ်လုံးထဲသို့ လောင်းထည့်လိုက်သည်။ သူမက ပန်းကန်လုံးတစ်လုံးသို့ ၎င်းကို ထည့်လိုက်ပြီး ရေအေးထဲတွင် စိမ်ထားလိုက်သည်။
ရှန်းထင်ရွှမ်းက တိုက်ရိုက်ထုတ်လွှင့်မှ သူမ ဝယ်ခဲ့သည့် ရေခဲသေတ္တာအကြောင်း တွေးနေမိသည်။ သူမက တရုတ်ဘယ်ရီသီးဖျော်ရည်အေးအေးလေး မကြာခင် သောက်နိုင်လိမ့်မည်ဟု တကယ်ပဲ မျှော်လင့်မိပေသည်။
သူမက တရုတ်ဘယ်ရီသီးဖျော်ရည်အတွက် အသုံးပြုထားသည့် အိုးကို ဆေးကြောလိုက်ပြီး ရေနွေးအိုးတည်လိုက်သည်။
အိုးထဲရှိ ဝက်လက်များနှင့် စွပ်ပြုတ်၏အရောင်က တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီး ရှန်းထင်ရွှမ်းက အိုးထဲသို့ ရေနွေးများကို လောင်းထည့်လိုက်သည်။ ထို့နောက် ကျန်နေသည့် ချင်းပြားတချို့ကို ထိုအထဲသို့ ထည့်လိုက်သည်။
[အစ်မလေး ဟင်းခတ်အမွှေးအကြိုင်မထည့်ဘူးလား။]
[ဟုတ်တယ်။ ငါတွေးနေတာ။ တခြားလူတွေရဲ့ ဝက်လက်ဟင်းက ဟင်းခတ်အမွှေးအကြိုင်ပါတယ်။]
[လေးညှင်းပွင့်တွေနဲ့ သစ်ကြံပိုးခေါက်တွေထည့်တာက အရသာကို ပိုကောင်းသွားမယ်လို့ ငါထင်တယ်။]
[ဒါပေမဲ့ အရောင်က အရမ်းကောင်းတယ်နော်။]
……
နောက်ဆုံးဝက်သားများကို ဖျော်ရည်ထဲသို့ စိမ်လိုက်သည့်တိုင် ရှန်းထင်ရွှမ်းက တခြားမည်သည့်ဟင်းချက်အမွှေးအကြိုင်ကိုမှ မထည့်ခဲ့ပေ။ ဆန့်ကျင့်ဘက်အနေဖြင့် သူမက စွပ်ပြုတ်ရည်ပျစ်ပျစ်ကို ခပ်ယူလိုက်ပြီး ဝက်လက်များပေါ်တွင် လောင်းလိုက်သည်။ ၎င်းကို အကြိမ်များစွာ လုပ်လိုက်ပြီး ထည့်လိုက်သည်။
ညိုဖျော့ဖျော့အရောင်ရှိသည့် ဝက်လက်များနှင့် ကြက်သွန်မြိတ်တို့က စားချင်စဖွယ်ဖြစ်နေပေသည်။
[ငါ ဝက်လက်ကို မုန်းတယ်။ ဒါပေမဲ့ ဒီနေ့ ငါ ဒါကို စားနိုင်တယ်လို့ ပြောလို့ရတယ်။]
[ငါ အိမ်ပြန်တဲ့လမ်းပေါ်မှာ။ ဒါပေမဲ့ ငါ အခု ဝက်လက်စားဖို့ သွားနေပြီ။]
[အစ်မလေးရဲ့ ဝက်လက်လိုမျိုး ပုံစံတူ မှာထားပြီးပြီ။ အခုချက်ချင်း စစားလိုက်တော့မယ်။]
[ဝိတ်ချတဲ့အစီအစဉ်မှာပါတဲ့သူတွေသာ ဒါကို မြင်ရင် သူတို့က ဒီနေ့ည အစားလျှော့စားတာကို နားမယ်လို့ ပြောလောက်တယ်။]
...
ရှန်းထင်ရွှမ်းက တရုတ်ဘယ်ရီသီးဖျော်ရည်တစ်ခွက်ကို ထည့်ရန် သွားလိုက်သည်။
သူမက ဝက်လက်များနှင့် တရုတ်ဘယ်ရီသီးဖျော်ရည်တို့ကို ထမင်းစားခန်းထဲသို့ ယူသွားလိုက်ပြီး သူမ၏ ဖုန်းကို ယူရန် သွားလိုက်သည်။
“ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကတော့ ဒီလောက်ပါပဲ၊ ဒါပေမဲ့ မပိတ်သေးခင် လူဆယ်ယောက်ကို မဲဖောက်ပေးပါမယ်၊ ဒီနေ့ ကျွန်မ ကီဝီသီးများကို မဲဖောက်ပေးပါ့မယ်၊ အခုက လူနည်းနည်းလေးဆိုတော့ ပို့ဆောင်ခကို ပေးစရာမလိုပါဘူး “
ရှန်းထင်ရွှမ်းက စတင်မဲနှိုက်လိုက်သည်။ မဲနှိုက်ပြီးနောက် သူမက အင်တာနက်အသုံးပြုသူများကို နှုတ်ဆက်လိုက်ပြီးနောက် ငြိမ်းငြိမ်းချမ်းချမ်းပဲ သူမ၏ ဝက်လက်များကို စားရန် စတင်လိုက်သည်။
အင်တာနက်အသုံးပြုသူများက ဆွံ့အသွားကြသည်။
[အစ်မလေး ကျွန်တော်တို့ကို ခင်ဗျားစားတာ ဘာလို့ ကြည့်ခွင့်မပေးတာလဲ။]
[ငါလည်း အားရွှမ်း ဝက်လက်စားတာကို ကြည့်ချင်တယ်လေ။]
...
ထိုအချိန်တွင် ရှန်းထင်ရွှမ်းက သူမ၏ဝက်လက်များကို ပျော်ရွှင်စွာ စားသောက်နေတော့သည်။
အချိန်အတော်ကြာ ချက်ပြုတ်ပြီးနောက် ဝက်လက်များက နူးညံ့အိစက်နေပေသည်။ သူမက မည်သည့်ဟင်းခတ်အမွှေးအကြိုင်မှ ထည့်မထားသည့်တိုင် တစ်ကိုက်ကိုက်လိုက်ပြီးနောက် မွှေးရနံ့သင်းပျံ့နေပေသည်။ လေးညှင်းပွင့်နှင့် သစ်ကြံပိုးခေါက်တို့က ဝက်လက်များ၏ မွှေးပျံ့သည့်ရနံ့ကို အကျိုးသက်ရောက်မှုရှိမှာ သူမက စိုးရိမ်နေခဲ့သည်။
ချင်းနှင့် ဟင်းချက်ဝိုင်တို့က ဝက်လက်၏ အညှီနံ့ကို ကောင်းစွာ ဖယ်ရှားပေးနိုင်ပေသည်။
ဤဝက်လက်ကို ချက်ပြုတ်နေစဉ်အတွင်း မီးနည်နည်းများသွားခြင်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့် ၎င်းက မီးခိုးနံ့အနည်းငယ် ရှိနေပေသည်။
သို့သော်လည်း သကြားခဲက ဤအနံ့ကို ဖုံးထားနိုင်ပြီး ကြက်သွန်မြိတ်များ၏ရနံ့ကလည်း ဝက်လက်များ၏ အားနည်းချက်ကို ဖုံးကွယ်ထားနိုင်ပေသည်။
ရှန်းထင်ရွှမ်းက ဝက်လက်များ၏ သုံးပုံတစ်ပုံကို စားလိုက်ပြီးနောက် တရုတ်ဘယ်ရီသီး ဖျော်ရည်တစ်ခွက်ကို သောက်လိုက်ကာ သူမကိုယ်ကို ကျေနပ်အားရစွာ လေတက်လိုက်သည်။
......
ထိုင်ခုံပေါ်တွင် ခဏလောက် ထိုင်ပြီးနောက် ရှန်းထင်ရွှမ်းက Weibo ကို ဖွင့်လိုက်ပြီး မှတ်ချက်များကို ပွတ်ဆွဲလိုက်သည်။ အရင်က ရှောင်ဖုန်း ပြောခဲ့သည်ကို မြင်သောအခါ ၎င်းတို့က တကယ်ပဲ သူမခံစားချက်ကို သက်ရောက်မှု ရှိပေသည်။
ရှန်းထင်ရွှမ်းက ဖုန်းကို ချလိုက်ပြီး ပန်းကန်ပြားများနှင့် ခွက်များကို မီးဖိုချောင်ထဲသို့ ယူသွားလိုက်သည်။
ရှန်းထင်ရွှမ်းက ယနေ့ည တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်ခဲ့ပေ။ သို့သော် ရှောင်ဖုန်းပြောသည့် နည်းလမ်းများအတိုင်း အွန်လိုင်းစတိုးဆိုင်တစ်ခုဖွင့်လိုက်သည်။
ဆိုင်နာမည်က “အားရွှမ်းဆိုင်” ဖြစ်သည်။
လက်ရှိတွင် ရှန်းထင်ရွှမ်းက ရှင်းယွမ်ရှန်မှ အသီးများနှင့် ဟင်းသီးဟင်းရွက်များအားလုံးတွင် ဆီးသီးများကိုသာ ဓာတ်ပုံရိုက်ထားခဲ့ရသည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းက ဆီးသီးပုံများကိုသာ ပို့စ်တင်လိုက်သည်။ သို့သော် လက်ကျန်ပစ္စည်းတော့ မရှိသေးပေ။
အိပ်ရာမဝင်ခင် သူမက မေးလိုက်သည်။ “စနစ်၊ မနက်ဖြန်က တာဝန်က ဘာလဲ “
စနစ်။ “...”
ကောင်းပြီ။ အရေးကြီးတဲ့အချိန်ဆို သေချင်ယောင်ဆောင်နေလိုက်။ ရှန်းထင်ရွှမ်းက မျက်လုံးများကို မှိတ်လိုက်ပြီး စတင်အိပ်စက်လိုက်တော့သည်။
တာဝန်ကိုတော့ သူမက မနက်ဖြန် မနက် ၅နာရီ၌ သိရပေလိမ့်မည်။
…
မနက် ၅နာရီ၌ စနစ်၏တာဝန်က အချိန်ကိုက် ရောက်လာခဲ့သည်။
“ကျေးဇူးပြုပြီး ၁၉နာရီအတွင်း မတူညီသည့် ဟင်းသီးဟင်းရွက် အမျိုး ၂၀ကို ထုတ်လုပ်ပါ။ “
ရှန်းထင်ရွှမ်း။ “???”
ဘာလဲဟ။ မနေ့က အသီးဆိုပြီး ဒီနေ့က ဟင်းသီးဟင်းရွက်ဖြစ်သွားပြန်ပြီ။ အဓိကက အမျိုး ၂၀ တောင်လေ။
ရှန်းထင်ရွှမ်းက မတုံ့ပြန်သည်ကို မြင်သောအခါ စနစ်က ထပ်မံ ထုတ်ပြန်လိုက်သည်။ “ကျေးဇူးပြုပြီး ၁၈နာရီ ၅၉မိနစ်အတွင်း မတူညီသည့် ဟင်းသီးဟင်းရွက် အမျိုး ၂၀ကို ထုတ်လုပ်ပါ။ စနစ်မှ ဝိညာဉ်စွမ်းအင် ၁၉ % ကို ပြန်လည်ဖြည့်တင်းပေးပါမည်။ “
ရှန်းထင်ရွှမ်း။ “မနက်ဖြန်ကျ အမျိုးအစားမတူတဲ့ အပင်အမျိုး ၄၀ ဖြစ်လာတော့မှာပဲ “
စနစ်။ “ကျွန်ုပ်မသိပါဘူး “
ရှန်းထင်ရွှမ်း။ “...” ဒါဆို နင်က ဘာသိတာလဲ။
ရှန်းထင်ရွှမ်းက ခဏကြာ တွေးနေပြီးနောက် မေးလိုက်သည်။ “ဒါဆို ငါ့ကို အရင်ဆုံးပြော၊ နွေကြက်သွန်နီ၊ ချင်း၊ ကြက်သွန်ဖြူ အဲ့လိုမျိုး ဟင်းသီးဟင်းရွက်တွေရော ထည့်တွက်လား “
“ရတယ်”
စနစ်က ပြန်ပြောပြီးနောက် ရှန်းထင်ရွှမ်းက ထရပ်လိုက်ပြီး တောင်ပေါ်တွင် သူမစိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များကို တွက်ချက်နေရင်း အသီးများကို စတင်ကောက်ယူနေလိုက်သည်။
ယခင်က သူမပြောထားခဲ့သည့် ကြက်သွန်မြိတ်၊ ချင်းနှင့် ကြက်သွန်ဖြူတို့အပြင် ဂေါ်ဖီထုပ်၊ ငရုတ်ကောင်း၊ သခွားသီးနှင့် ရွှေဖရုံတို့လည်း ပါဝင်ပေသည်။
ဟင်းသီးဟင်းရွက်အများစု၏ ကြီးထွားမှုကာလက အသီးများထက် အချိန်ပိုနည်းသော်လည်း ဝိညာဉ်စွမ်းအင်ဖြင့် ရေလောင်းရန် အကြိမ်အနည်းငယ်ခန့် လိုအပ်ပေသည်။ ယနေ့တာဝန်ကို ပြီးမြောက်ရန် မတူညီသည့် ဟင်းသီးဟင်းရွက်အမျိုးအစား ၂၀ လိုအပ်ပေသည်။
မကြာသေးခင်က ရှင်းယွမ်ရှန်တွင် ဟင်းသီးဟင်းရွက် ၇မျိုးသာ ရှိခဲ့သောကြောင့် ထုတ်လုပ်ရန် ဟင်းသီးဟင်းရွက် ၁၃မျိုး လိုအပ်ပေသည်။
ခြံဝင်းအတွင်း လျှောက်သွားပြီး ရှန်းထင်ရွှမ်းက မုန်လာဥဖြူ၊ မုန်လာဥနီ၊ ပဲစိမ်း၊ ဝဥနှင့် ခရမ်းချဉ်သီးစသည့် ဟင်းသီးဟင်းရွက် ၅မျိုးကို ရေလောင်းလိုက်သည်။ ၎င်းတို့အားလုံးက ယာမြေတစ်ဧကခန့် ရေလောင်းရပေသည်။
ဝိညာဉ်စွမ်းအင်က ကုန်ခမ်းသွားသောအခါ ရှန်းထင်ရွှမ်းက ခဏလောက် နားလိုက်ပြီး ရေဆက်လောင်းရန် ဝိညာဉ်စွမ်းအင် ပြည့်ဝအောင် စောင့်လိုက်သည်။
သပွတ်သီး၊ ကြက်သွန်မြိတ်၊ ဟင်းနုနွယ်နှင့် ပန်းဂေါ်ဖီတို့လည်း ရှိပေသည်။
သူမက နောက်တစ်ခုကို ရေမလောင်းခင် စနစ်၏စက်ပိုင်းဆိုင်ရာအသံကို ကြားလိုက်ရသည်။ “၁၉ ခုမြောက် တာဝန်ကို ပြီးမြောက်ခြင်းအတွက် ဂုဏ်ယူပါသည်။ ဆုအနေဖြင့် ဝိညာဉ်သွေးကြော ၁၉% ကို ပြန်လည်ရရှိပါသည်။ “
ရှန်းထင်ရွှမ်း။ “???” ငါ ဟင်းသီးဟင်းရွက် ၁၀မျိုးပဲ ရေလောင်းရသေးတာလေ။
စနစ်က ရှင်းပြလိုက်သည်။ “သင်က ငရုတ်ပင် အမျိုးအစား ၄မျိုး စိုက်ထားလို့ပါ။ “
၎င်းတို့အားလုံးက ငရုတ်ပင်များဖြစ်ကြသော်လည်း အမျိုးအစား ကွဲပြားပေသည်။ ၎င်းတို့ကို လေးမျိုးအဖြစ် ရေတွက်နိုင်ပေသည်။ ရှန်းထင်ရွှမ်းက ဤအရာကို ရှာဖွေတွေ့ရှိပြီးနောက် အံ့ဩသွားခဲ့သည်။ “အရမ်းရိုးရှင်းတာပဲလား “
သူမက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ အမှန်တော့ ဤတာဝန် ပြီးမြောက်အောင် ပြုလုပ်နေစဉ် အတောအတွင်း သူမက နေ့တိုင်း တာဝန်များဖြင့် အလွန်အလုပ်ရှုပ်နေခဲ့ပြီး တာဝန်ကို အကြိမ်ပေါင်းများစွာ မပြုလုပ်နိုင်တော့ဘူးလို့တောင် ထင်မိခဲ့သည်။
မမျှော်လင့်စွာပင် ဤတာဝန်က ရုတ်တရက် ခက်ခဲသည့်အခြေအနေမှ ရိုးရှင်းသည့်အခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။
...
တာဝန်က ယနေ့တွင် လျင်မြန်စွာ ပြီးဆုံးသွားခဲ့ပြီး အချိန်အများကြီး ရှိနေဆဲဖြစ်သည်။
သို့သော်လည်း ရှန်းထင်ရွှမ်းက အနားမယူရဲဘဲ စိုက်ပျိုးနေဆဲဖြစ်ကာ စနစ်က မနက်ဖြန်တွင် ပိုမိုများပြားသည့် တာဝန်များကို ပေးမည်ကို ကြောက်ရွံ့နေခဲ့သည်။
...
ရွာသားများက ရှင်းယွမ်ရှန်တွင် လွန်ခဲ့သည့် ရက်အနည်းငယ်က ထက်ပိုပြီး အသီးကတ်တီရာချီ ရောင်းချခဲ့ကြောင်း ရှာဖွေတွေ့ရှိသွားခဲ့ကြသည်။ သို့သော် ၎င်းတို့က လွန်ခဲ့သည့်ရက်များတွင် အများကြီး လျော့ကျသွားခဲ့သည်။ နေ့တိုင်း အသီးခြင်းတစ်ခြင်းစီသာ ရှိပြီး ၎င်းတို့က အလွန်လျင်မြန်စွာ ရောင်းကုန်သွားပေသည်။
သူတို့က ရှန်းထင်ရွှမ်းအား အသီးများပိုထည့်ထားပေးရန် အကြံပြုချင်ခဲ့ကြပြီး သူတို့က ရှန်းထင်ရွှမ်းနှင့် မဆက်သွယ်နိုင်ကြောင်း သိရှိသွားခဲ့ကြသည်။
များစွာသော ရွာသားများက မနက်ဖြန်မနက် ၇နာရီ၌ ရှင်းယွမ်ရှန်တောင်ခြေတွင် ၎င်းတို့ကို ဝယ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
နေ့လယ်တွင် နောက်ထပ် ပို့ဆောင်ရေးကားကြီးက ရှင်းယွမ်ရှန်တောင်ခြေတွင် ရပ်လိုက်သည်။
ရှန်းထင်ရွှမ်းက မီးအိမ်များ၊ ကြမ်းခင်းများ၊ ကော်ဇောများကို ဝယ်ခဲ့ပြီး ယင်းတို့က အိမ်အလှဆင်ပစ္စည်းများ ဖြစ်ကြသည်။
...
ရှန်းထင်ရွှမ်းက ပစ္စည်းများကို ခြံဝင်းအပြင်ဘက်တွင် ထားရန် ဝန်ထမ်းများကို တောင်းဆိုလိုက်သည်။ ပစ္စည်းထုပ်များက အလွန်များပြားပေသည်။
နံရံကပ်စက္ကူများကို တပ်ဆင်သည့်အရာများနှင့်အတူ ရောင်းချခဲ့ပြီး ကြမ်းခင်းများက ကိုယ်တိုင် ပြုလုပ်ရန် ကိရိယာများ ပါဝင်ပေသည်။ ဝန်ထမ်းများက ကြမ်းခင်းများနှင့် ကူညီပေးနိုင်သော်လည်း ထပ်ပေါင်းကုန်ကျငွေ လိုအပ်ပေသည်။
မီးဖိုချောင်နှင့် ရေချိုးခန်းမှ လွဲ၍ ရှန်းထင်ရွှမ်းက ကျန်သည့်အခန်းများအတွက် နံရံကပ်စက္ကူများ ဝယ်ယူခဲ့သည်။
ရှန်းထင်ရွှမ်းက ဤပစ္စည်းများကို ဝယ်ယူခဲ့ကြောင်း အတည်ပြုပြီးနောက် သူတို့က ခြံဝင်းဆီသို့ ရှန်းထင်ရွှမ်းနောက်မှ လိုက်ခဲ့ကြသည်။
ဤခြံဝင်းကို မြင်သောအခါ သူတို့သုံးယောက်က အနည်းငယ် အံ့ဩသွားခဲ့ကြသည်။ ဝယ်သူက နံရံကပ်စက္ကူအများအပြား ဝယ်ယူခဲ့သည်မှာ အံ့ဩစရာမရှိပေ။
သူတို့သုံးယောက်က ယနေ့အလုပ်သို့ ညရောက်မှ ပြန်နိုင်လိမ့်မည်ဟု ခံစားလိုက်ရသည်။
...
သုံးယောက်သားက ရှန်းထင်ရွှမ်းနောက်မှ လိုက်ခဲ့ပြီးနောက် ခြံဝင်းက အလွန်လှပသည်ကို တွေ့သွားကြသည်။ ဟင်းသီးဟင်းရွက်များက ခြံဝင်းထဲတွင် ကြီးထွားနေကြသော်လည်း သဟဇာတဖြစ်မှုကို မနှောင့်ယှက်ခဲ့ပေ။
ဦးဆောင်သည့်လူက မေးလိုက်သည်။ “ဘယ်အခန်းကနေ စမလဲ “
ရှန်းထင်ရွှမ်း။ “ဒီနေရာက “
“မင်း အကုန်လုံးကို တပ်ဆင်မယ်ဆိုရင် အသုံးပြုတာအနည်းဆုံးအခန်းကနေ စသင့်တယ် “
ခြံဝင်း၏တောင်ဘက်အကျဆုံးအပိုင်းက ဂိုထောင်ဖြစ်သည်။ ရှန်းထင်ရွှမ်းက ၎င်းကိုလည်း အရောင်တူ ဝယ်ခဲ့ပေသည်။
ရှန်းထင်ရွှမ်းက မည်သည့်ထင်မြင်ချက်မှ မရှိပေ။
သူတို့သုံးယောက်က ဂိုထောင်ထဲရှိ ပစ္စည်းများကို အရင်ဆုံး ထုတ်လိုက်ကြသည်။ အထဲတွင် ပစ္စည်းအများကြီး မရှိပေ။ ၎င်းတို့က အံဆွဲတချို့သာ ဖြစ်ပေသည်။
အံဆွဲများက အိုဟောင်းနေပြီး သစ်သားများက အတော်လေးကောင်းမွန်ပေသည်။ အထူးသဖြင့် ၎င်းတို့ကို အတူတကွ တပ်ဆင်ထားသောအခါ အလွန်အမင်း လေးလံသွားစေသည်။
သူတို့သုံးယောက်က အံဆွဲကို မလိုက်ကြပြီး ရွေ့လိုက်ကြသည်။ အချိန်အတော်ကြာပြီးနောက် စင်တီမီတာအနည်းငယ်သာ ရွေ့နိုင်ခဲ့သည်။
...
ရှန်းထင်ရွှမ်းက သက်ပြင်းချလိုက်ပြီး တစ်ဖက်မှ အံ့ဆွဲကို မလိုက်သည်။ ထို့နောက် စိတ်မပါလက်မပါ ပြောလိုက်သည်။ “ရှင်တို့သုံးယောက် တခြားတစ်ဖက်ကနေ မလိုက် “
ရှန်းထင်ရွှမ်းက အံ့ဆွဲတစ်ဖက်စွန်းကို မလိုက်သည်အား တွေ့လိုက်ကြသောအခါ သူတို့သုံးယောက်က ထိတ်လန့်သွားခဲ့ကြသည်။ သူတို့သာ အစောပိုင်းက အံ့ဆွဲကို မသယ်ခဲ့ဘူးဆိုရင် ရှန်းထင်ရွှမ်းက ရေမြှုပ်ချပ်ကို မလိုက်သည်ဟု သူတို့က ထင်မိပေလိမ့်မည်။
သူတို့က လျှောက်ထွက်သွားသောအခါ ရှန်းထင်ရွှမ်း၏ အင်အားက သူတို့ယောက်ျားကြီးသုံးယောက် ပေါင်းစည်းထားသည့်အင်အားထက် ပိုကြီးမားပုံရကြောင်း တွေ့ရှိသွားပြီး အလွန်ထိတ်လန့်သွားခဲ့ကြသည်။
တခြားသေးငယ်သည့် အံ့ဆွဲများကို သူတို့ယောက်ျားကြီးသုံးယောက်က အတူတကွ မခဲ့ကြပြီး ရှန်းထင်ရွှမ်းက တစ်လုံးကို သူမ တစ်ယောက်တည်း မခဲ့လိုက်ကာ ခြံဝင်းအပြင်တွင် ထားလိုက်သည်။
လူသုံးယောက်။ “...” ငါ ရှက်လိုက်တာ။
......
ရှန်းထင်ရွှမ်းက ခြံဝင်းအပြင်ဘက်သို့ ရွှေ့လိုက်သည့် အံ့ဆွဲများကို ကြည့်လိုက်သည်။ ၎င်းတို့က သိပ်ကြည့်မကောင်းတော့ပေ။ ထို့ကြောင့် သူမက သူမဘာသာ အသစ်တစ်ခုပြုလုပ်ရန် စီစဉ်လိုက်သည်။
အခန်းက ရှင်းလင်းသွားပြီးနောက် သူတို့က နံရံများကို စတင်သန့်ရှင်းလိုက်ကြသည်။ ထို့နောက် နံရံကပ်စက္ကူအဟောင်းများကို ခြစ်ထုတ်လိုက်ကြသည်။ ရှန်းထင်ရွှမ်းက ဘေးမှ ကြည့်နေခဲ့သည်။ ဝန်ထမ်းသုံးယောက်က နံရံကပ်စက္ကူအဟောင်းများကို ခြစ်ထုတ်ပြီးသောအခါ စတင်တပ်ဆင်လိုက်ကြတော့သည်။ တစ်ယောက်က ကော်သုတ်လိုက်ပြီး ကျန်သည့်နှစ်ယောက်က စက္ကူများကို ဖြတ်လိုက်ကြသည်။ ထို့နောက် သူတို့သုံးယောက်က ကော်သုတ်ထားသည့် နံရံပေါ်တွင် စက္ကူများကို စတင် ကပ်လိုက်ကြသည်။
ထိုသို့လုပ်နေစဉ်အတောအတွင်းတွင် ရှန်းထင်ရွှမ်းက သူတို့လက်များ၏ လှုပ်ရှားမှုများကို သတိထားမိပေသည်။ လေခိုခြင်းမရှိစေရန် သူတို့က စက္ကူပေါ်တွင် ခြစ်ပေးရန် လိုပေသည်။
သူမက နံရံတစ်ခုပြီးသွားသည်ကို မြင်သောအခါ ရှန်းထင်ရွှမ်းက နောက်အခန်းသို့ သွားလိုက်သည်။ သူမက ခြံဝင်းထဲသို့ ပစ္စည်းများကို ရွေ့ထုတ်လိုက်ပြီး စက္ကူအဟောင်းများကို ခြစ်ထုတ်လိုက်သည်။
သူတို့သုံးယောက်က ပထမဆုံးအခန်းထဲတွင် နံရံကပ်စက္ကူများ ကပ်ပြီးသွားသောအခါ ရှန်းထင်ရွှမ်းက တခြားအခန်းကို အဆင်သင့် ဖယ်ရှားထားပြီး နံရံများကိုလည်း ခြစ်ထုတ်ထားပြီးဖြစ်ကြောင်း တွေ့ရှိသွားကြသည်။
လူသုံးယောက်။ “?” နံရံကပ်စက္ကူဟောင်းတွေကို ခြစ်ထုတ်ရခြင်းက လွယ်ကူသည့်အလုပ် မဟုတ်ပေ။ ဤမိန်းကလေးက အဘယ်ကြောင့် လွယ်ကူနေရသနည်း။
သူတို့က အနီးကပ်ကြည့်လိုက်ပြီးနောက် မိန်းကလေးက သေချာပြုလုပ်ထားကြောင်း တွေ့သွားကြသည်။ သူတို့သုံးယောက်ထဲမှ တစ်ယောက်က ကော်သုတ်ရန် စတင်လိုက်ပြီး ကျန်နှစ်ယောက်က တိုင်းတာပြီးနောက် နံရံကပ်စက္ကူကို ဖြတ်လိုက်ကြသည်။
သူတို့က ထမင်းစားခန်းကို ပြီးသွားသောအခါ ရှန်းထင်ရွှမ်းက တခြားနှစ်ခန်းကို အဆင်သင့် ပြင်ဆင်ထားသည်ကို တွေ့လိုက်ရသည်။
လူသုံးယောက်။ “???” သူမက ငါတို့အလုပ်ကို လုယူနေတာလား။
သို့သော်လည်း ဤဖောက်သည်က သူတို့နှင့်အတူ အလုပ်တစ်ခုကို လုယူချင်လျှင် သူတို့ကို မထိန်းသိမ်းထားနိုင်ဘူးဟု ထင်ရပေသည်။
...
နောက်ဆုံးတွင် ရှန်းထင်ရွှမ်းက မြန်မြန်ဆန်ဆန်နှင့် ကောင်းကောင်းမွန်မွန် လုပ်ဆောင်ခဲ့သည်ကို ကြည့်ရှုပြီး ဝန်ထမ်းတစ်ယောက်က မမေးဘဲမနေနိုင်တော့ချေ။
“ခင်ဗျား အရင်က ဒါကို လုပ်ဖူးလား “
ရှန်းထင်ရွှမ်းက ခေါင်းခါလိုက်သည်။ “ဟင့်အင်း၊ ဒါ ပထမဆုံးအကြိမ်လုပ်ဖူးတာ “
တခြားနှစ်ယောက်က မေးသည့်သူကို သတိပေးသည့်မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်ကြသည်။ ဤစကားလုံးများကို မေးမြန်းသောအခါ သူတို့က ဖောက်သည်ကို စိတ်မသက်မသာဖြစ်အောင် လုပ်မိမနေဘူးလား။
စကားပြောလိုက်သည့်သူက အနည်းငယ် ဆွံ့အသွားခဲ့သည်။ သူက ပါးစပ်ကို တကယ်ပဲ အပြစ်တင်လိုက်မိသည်။
…
အပိုင်း (၃၆)
ရှန်းထင်ရွှမ်းက အလွန်လျင်မြန်ပေသည်။ တစ်ခဏလေးအတွင်း သူမက မြောက်ဘက်ခြမ်းရှိ အိမ်ခန်းထဲတွင် စတင်လိုက်သည်။
ရှန်းထင်ရွှမ်းက ဝန်ထမ်းသုံးယောက်ကို အလွန်စိတ်လှုပ်ရှားပျော်ရွှင်အောင် လုပ်လိုက်မိခြင်း ဖြစ်နိုင်ပေသည်။ သူတို့၏ အလုပ်ပြီးမြောက်မှုသည် ပုံမှန်ထက် အဆပေါင်းများစွာ တိုးတက်နေပေသည်။
မမှောင်ခင် အခန်းများအားလုံးထဲရှိ နံရံကပ်စက္ကူတပ်ဆင်ခြင်းက ပြီးသွားခဲ့သည်။ သူတို့က မီးချောင်းများကို ဆက်လက်တပ်ဆင်နေခဲ့ကာ ရှန်းထင်ရွှမ်းက ဤအခန်းများထဲရှိ ကွန်ကရစ်ကြမ်းပြင်များကို စတင် သန့်ရှင်းရေးလုပ်နေပြီ ဖြစ်သည်။
ဝယ်ယူထားသည့် ကြမ်းခင်းများက တပ်ဆင်ခြင်းတွင် မပါဝင်ခဲ့ပေ။ သင်က အကူအညီလိုအပ်ပါက အပိုအခကြေးငွေ ပေးဆောင်ရပေလိမ့်မည်။ သို့သော် မိန်းကလေးက သူတို့ပြုလုပ်ရမည့် အလုပ်ပမာဏ၏ တစ်ဝက်ထက်ပိုပြီး လုပ်ခဲ့သည်ကို လူသုံးယောက်က မြင်ခဲ့သည်။
သူတို့က နံရံကပ်ခြင်း၊ မီးချောင်းများတပ်ဆင်ခြင်း၊ မီးချောင်းများကို ခလုတ်များနှင့် ပလပ်ပေါက်တချို့အား ချိတ်ဆက်ခြင်းတို့ကို အလွယ်တကူ ပြီးမြောက်သွားခဲ့သည်။ သူတို့သုံးယောက်က ပလပ်ပေါက်များနှင့် ခလုတ်များကို ပြောင်းလဲပေးခဲ့သည်။
ထို့နောက် သူတို့က ကြမ်းခင်းများကို တပ်ဆင်ရန် ရှန်းထင်ရွှမ်းကို ကူညီဖို့ စီစဉ်ထားခဲ့သည်။
နံရံကပ်စက္ကူများ ကပ်ပြီးသောအခါ အခန်းက အဆင့်သင့်ဖြစ်သွားသည်။ သူတို့က ကြမ်းပြင်ကို အနည်းငယ် ပြန်ပြီး သန့်ရှင်းရေးလုပ်ရန်သာ လိုအပ်ပြီး ကြမ်းခင်းများကို တပ်ဆင်ရန် ရေစိုခံအဝတ်စများကို ဖြန့်ခင်းရန် လိုအပ်ပေသည်။
ဤကဲ့သို့ ကြမ်းခင်းအမျိုးအစားကို ဆက်ကြောင်းမရှိ၊ ဝက်အူမလိုအပ်သည့် အမျိုးအစားဟု လူသိများပေသည်။ သို့သော် ၎င်းက တပ်ဆင်ရန် အနည်းငယ် လက်ဝင်ပေသည်။
သူတို့က စတင်လိုက်ပြီး ပြောလိုက်သည်။ “သပ်သပ်ရပ်ရပ် တပ်ဆင်နိုင်ဖို့ ဒီနေရာမှာ ညှိရမယ် “
သူတို့သုံးယောက်က အစိတ်အပိုင်းတချို့အား တပ်ဆင်နေကြသည်ကို ကြည့်ပြီး သူမကိုယ်တိုင် ကြိုးစားလိုက်သည်။
ရှန်းထင်ရွှမ်းက မည်ကဲ့သို့ တပ်ဆင်ရမည်ကို သူတို့အား မေးလိမ့်မည်ဟု တွေးထင်ခဲ့ကြသည်။ သို့သော် ရှန်းထင်ရွှမ်းက ပြီးခဲ့သည့် အစိတ်အပိုင်းထဲသို့ သစ်သားပြားကို အလွယ်တကူ ညှိလိုက်သည်ကို သူတို့က မြင်လိုက်ရသည်။
လူသုံးယောက်။ “...”
မင်းက ဒါကိုလည်း ကောင်းကောင်း လုပ်တတ်တာပဲလား။
...
သုံးယောက်သားက ကြမ်းခင်းများတပ်ဆင်ရန် ရှန်းထင်ရွှမ်းကို ကူညီရန် ရည်ရွယ်ထားခဲ့သည်။ ရှန်းထင်ရွှမ်းက တကယ်ပဲ သူမကိုယ်တိုင် ကြိုးစားခဲ့ပြီး သူမ၏ ရလဒ်က လုံးဝ စိတ်ကျေနပ်စရာကောင်းပေသည်။ ထို့နောက် သူမက ပြောလိုက်သည်။
“နောက်တောင် ကျနေပြီ၊ နံရံကပ်စက္ကူတွေ ကူကပ်ပေးတဲ့အတွက် ရှင်တို့ကို ကျေးဇူးတင်ပါတယ်၊ ကျန်တာတွေ ကျွန်မဘာသာပဲ လုပ်လိုက်ပါ့မယ် “
အဖွဲ့ခေါင်းဆောင်က ပြောလိုက်သည်။ “ကျွန်တော်တို့ ကြမ်းခင်းတွေ ကူဆင်ပေးစရာမလိုဘူးလား “
သူတို့က ယနေ့ အနည်းငယ်ထိခိုက်ခဲ့သော်လည်း သူတို့က ရှန်းထင်ရွှမ်းကို ကြမ်းခင်းများတပ်ဆင်ရန် ကူညီချင်နေသေးသည်။
ရှန်းထင်ရွှမ်း။ “ရတယ်၊ ငါလုပ်နိုင်ပါတယ် “
“ဒါဆို ဒီပစ္စည်းတွေရော အထဲကို ကူသယ်ဖို့ လိုလား “ နောက်ပြီး ပို့ဆောင်ထားသည့် ကြမ်းများက အလွန်များပြားပေသည်။
“မလိုဘူး “ ခွန်အားကြီးသည့် ယော်ကျားသုံးယောက်က သိပ်မသန်မာဘူးဟု ခံစားနေရပြီး သူတို့က သူမတစ်ယောက်တည်း လုပ်သည်လောက် မကောင်းပေ။
ရှန်းထင်ရွှမ်းက ပစ္စည်းများကို မည်ကဲ့သို့ သယ်ဆောင်နေသည်အား တွေးလိုက်မိပြီး သူတို့သုံးယောက်ရန် တိတ်တိတ်နေရန်သာ ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးတွင် လုပ်ဆောင်ရန် ရိုးရှင်းသည့်အရာကို ရှာတွေ့သွားခဲ့သည်။ “ဒါဆို ကျွန်တော်တို့ အမှိုက်တွေ ကူရှင်းပေးမယ် “
“ကောင်းပြီ၊ ကျေးဇူးပါ “ ရှန်းထင်ရွှမ်းက အသီးများအပြည့်ပါသသည့် အိတ်တစ်လုံးစီ သူတို့သုံးယောက်ကို ပေးလိုက်သည်။
သူတို့သုံးယောက်က ထုပ်ပိုးပြီး မောင်းထွက်သွားကြသည်။
……
အရင်က သူမမဲဖောက်ပေးခဲ့သည့် မက်မွန်သီးတစ်သောင်းအား အင်တာနက်အသုံးပြုသူများက စတင်လက်ခံရရှိခဲ့ကြသည်။
ရှောင်ကျန်းက သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။ သူ့လိပ်စာကို ချန်ခဲ့သည်က အပျော်သက်သက်သာ ဖြစ်သည်။ သူက အချိန်တိုင်းတွင် အမြဲတမ်း ကံမကောင်းခဲ့ပေ။ သူက ပေါ်လာသည့် ခလုတ်ကို ထိလိုက်ပြီး ကံစမ်းမဲကို နှိပ်လိုက်သည်။
မျှော်လင့်မထားဘဲ သူက အနိုင်ရခဲ့သည်။ ရှောင်ကျန်းက သူ့လိပ်စာကို ချန်ထားခဲ့သည်။ သို့သော် ယနေ့တွင် ပစ္စည်းများကို လက်ခံရမည်ဟု မမျှော်လင့်ခဲ့ပေ။
ပို့ဆောင်ရေးသမားက ရှောင်ကျန်းရှေ့တွင် အထုပ်ကို ချထားလိုက်သည်။
“မင်္ဂလာပါ၊ ဒါက ခင်ဗျားအထုပ်ပါ၊ ၁၅ ယွမ် ကျသင့်ပါတယ် “
ရှောင်ကျန်း။ “အရမ်းစျေးကြီးတာပဲ “
ပို့ဆောင်ရေးသမားက ရှင်းပြလိုက်သည်။ “ပို့ဆောင်ခက နေရာအကုန်လုံး ဒီစျေးနှုန်းပါပဲခင်ဗျ “
မဲပေါက်သောကြောင့် ပျော်ရွှင်နေသည့် ခံစားချက်က ရုတ်ခြည်း မပျော်မရွှင်ဖြစ်လာခဲ့ပြီး ရှောင်ကျန်းက သူ အရူးလုပ်ခံရသလို ခံစားနေရပေသည်။
ပို့ဆောင်ရေးသမားက တဖန်ပြောလိုက်သည်။ “ခင်ဗျား ဒါကို လက်မှတ်ထိုးမှာလား “
“အင်း “ ရှောင်ကျန်းက QR ကုတ်ကို ဖတ်လိုက်ပြီး ၁၅ ယွမ် ပေးချေလိုက်သည်။ ယင်းက တန်ဖိုးကြီးသည့် မနက်စာ ဖြစ်သည်။
ပို့ဆောင်ရေးသမားက ထွက်သွားခဲ့သည်။
လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ထိုအရာကို မြင်သောအခါ မေးလိုက်သည်။ “ရှောင်ကျန်း မင်း ဘာဝယ်ခဲ့တာလဲ “ ဤနေ့များတွင် ပို့ဆောင်ခများကို ပေးဆောင်ရန် လိုနေဆဲ ဖြစ်သည်။ ဤပစ္စည်းအများစုက လူကြီးများကို လှည့်စားရန် ဖြစ်သည်။
ဥပမာ သူက အိမ်အရောက် ငွေချေဟု ပြောသည့် တီဗီစျေးဝယ်ခြင်းတစ်ခုကို မြင်ဖူးသည်။ air fryer တစ်ခုကို ၉၉၉ ယွမ် ရောင်းချပေသည်။ အဓိကအချက်က သူက ဆိုင်သို့ သွားဝယ်လျှင် ၉၉ ယွမ်သာ ရှိပေသည်။
သူ့အမေကို ဘယ်လိုပဲ ဖျောင်းဖျနေပါစေ သူမက သူ့ကို မယုံကြည်ခဲ့ပေ။ အွန်လိုင်းစျေးဆိုင်က လူလိမ်ဖြစ်ကြောင်း တွေးမိပြီး ၎င်းက ဘာလို့စျေးကြီးနေရသလဲဟူသည့် အကြောင်းတစ်ခုပင်ဖြစ်သည်။
ရှောင်ကျန်း၏ အသံက သိပ်မပျော်တော့ပေ။
"မပြောစမ်းပါနဲ့ကွာ၊ ငါ မဲပေါက်ထားတာ၊ ဒါပေမဲ့ ပို့ဆောင်ခကို မဲပေါက်တဲ့သူက ပေးရမယ်တဲ့ "
လုပ်ဖော်ကိုင်ဖက်က အံ့အားသင့်သွားပုံပေါ်ပေသည်။ "မင်း အလိမ်ခံလိုက်ရတာလား "
ရှောင်ကျန်းက စိတ်မဝင်စားစွာဖြင့် အထုပ်ကို ချလိုက်သည်။ "ဖြစ်နိုင်တယ် "
လုပ်ဖော်ကိုင်ဖက်က သူ့ဘေးတွင် မတ်တပ်ရပ်နေပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။ " အထဲမှာ ဘယ်လိုဆုမျိုးရှိလဲ ဆိုတာ ပြစမ်းပါဦး "
ဘူးကို ဖွင့်လိုက်ပြီးနောက် ၎င်းက စက္ကူဖြင့်ထုပ်ထားသည့် ကြီးမားလုံးဝန်းသည့် ဘောလုံးပုံစံတစ်ခု ဖြစ်သည်။ အနီးကပ်ကြည့်လိုက်သောအခါ ၎င်းက မက်မွန်သီးတစ်လုံး ဖြစ်သည်။
လုပ်ဖော်ကိုင်ဖက်က ရယ်မောလိုက်သည်။ "မင်း တကယ်ပဲ အလိမ်ခံလိုက်ရတာပဲ၊ ဒီမက်မွန်သီးက ကြည့်ကောင်းပေမဲ့ သေချာပေါက် ၁၅ယွမ်တော့ မတန်ဘူး "
ရှောင်ကျန်းက သက်ပြင်းချလိုက်သည်။ သူဘာပြောနိုင်မည်နည်း။ သင်ခန်းစာတစ်ခုကို ဝယ်ရန် ၁၅ ယွမ် သုံးစွဲခဲ့ပေသည်။ သူ၏ကံကောင်းမှုမျိုးက ကောင်းမွန်သည့်အရာတစ်ခု မဟုတ်သည်မှာ သေချာပေသည်။
သူ့စားပွဲသို့ ပြန်လာသည့် လမ်းတွင် မက်မွန်သီးကို ဆေးကြောရန် စားဖိုဆောင်သို့ သွားလိုက်သည်။
လုပ်ဖော်ကိုင်ဖက်က နှစ်သိမ့်လိုက်သည်။ "အရမ်းတွေးမနေပါနဲ့၊ ၁၅ယွမ်ပဲလေ၊ တောင်ပေါ်က ဆင်းရဲတဲ့သူကို ကူညီလိုက်ရတာပဲ "
"အမ်း " ရှောင်ကျန်းက မက်မွန်သီးကို တစ်ခြမ်းခြမ်းလိုက်သည်။ "စားမလား "
"ရနံ့က အလွန်မွှေးပေသည်။ လုပ်ဖော်ကိုင်ဖက်က ယူလိုက်သည်။ "ကျေးဇူး "
နှစ်ယောက်သားက စားဖိုဆောင်ထဲတွင် မတ်တပ်ရပ်နေခဲ့ကာ မက်မွန်သီးကို တစ်ကိုက်စီ ကိုက်လိုက်ကြသည်။ ထို့နောက် လုပ်ဖော်ကိုင်ဖက် မျက်နှာရှိ အပြုံးက အေးခဲသွားခဲ့သည်။ ရှောင်ကျန်း၏ မျက်နှာကလည်း မှင်တက်သွားပြီး သူ့ လုပ်ဖော်ကိုင်ဖက်ကို ကြည့်လိုက်သည်။
နှစ်ယောက်သားက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ကူးတစ်ခုက သူတို့စိတ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ ဤမက်မွန်သီးက ၁၅ ယွမ် မတန်ဘူးလို့ ဘယ်သူကပြောလဲ။
ရှောင်ကျန်း၏ လုပ်ဖော်ကိုင်ဖက်က သူ့လက်ထဲတွင် မက်မွန်သီးတစ်ခြမ်းကို ပိုက်ထားကာ စားပစ်လိုက်ပြီး လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ မက်မွန်သီးတစ်လုံးက ဒီလောက်အရသာရှိလိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။
ရှောင်ကျန်းက အသီးတစ်ခြမ်းကို ပြန်ယူသွားမည်အား အလွန်ကြောက်ရွံ့မိပေသည်။
ရှောင်ကျန်းက ဤမက်မွန်သီးကို ၁၅ယွမ်ဖြင့် ဝယ်ခဲ့သောကြောင့် အရင်က နောင်တရနေခဲ့သည်။ သို့သော် ယခု သူနောင်တရသည့်အရာက မက်မွန်သီးကို သူ့လုပ်ဖော်ကိုင်ဖက်အား တစ်ခြမ်းခွဲပေးလိုက်မိသောကြောင့် ဖြစ်သည်။
သို့သော်လည်း သူ ဘယ်လောက်နောင်တရရ သူ့မက်မွန်သီးကို ဘယ်တော့မှ ပြန်ရရှိတော့ပေ။
အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တစ်ယောက်က အထဲသို့ ဝင်လာပြီး စားဖိုဆောင်ထဲမှ မက်မွန်သီးရနံ့ကို ရလိုက်ကာ မေးလိုက်သည်။ “နင်တို့ အခု မက်မွန်သီး စားနေတာလား “
ရှောင်ကျန်းက ခေါင်းညိတ်လိုက်သည်။
အမျိုးသမီးလုပ်ဖော်ကိုင်ဖက်က မေးလိုက်သည်။ “အဲ့ဒါက အရမ်းမွှေးတာပဲ၊ နင် ဘယ်က ဝယ်ခဲ့တာလဲ “
ရှောင်ကျန်းက ခဏလောက် တွေးပြီးနောက် ပြောလိုက်သည်။
“ငါ ဝယ်ခဲ့တာမဟုတ်ဘူး၊ တိုက်ရိုက်ထုတ်လွှင့်မှုကနေ မဲပေါက်ခဲ့တာ “
ရှောင်ကျန်း၏ လုပ်ဖော်ကိုင်ဖက်။ “အဲဒီမှာ မက်မွန်သီး ရောင်းလား၊ ငါ ဝယ်ချင်တယ် “
“ငါ တစ်ချက်ကြည့်လိုက်ဦးမယ် “ ရှောင်ကျန်းက ရှန်းထင်ရွှမ်း၏ Weibo ကို ဖွင့်လိုက်ပြီး လူတိုင်းက ကြည့်ရှုရန် စုရုံးလာကြသည်။ အွန်လိုင်းစတိုးဆိုင်တစ်ခု၏ လင့်ခ်တစ်ခု ရှိပေသည်။ သို့သော် ထိုနေရာတွင် အသီးတစ်မျိုးသာ ရှိပြီး စင်ပေါ်တွင် ဘာမှမရှိသေးချေ။
ရှောင်ကျန်း၏ လုပ်ဖော်ကိုင်ဖက်က ရနံ့ကို ရှူလိုက်ပြီး ဆိုင်ကို တဖန် ကြည့်လိုက်သည်။ “ငါ့ကို မပြောနဲ့တော့၊ ငါ ဒီည တိုက်ရိုက်ထုတ်လွှင့်မှုကို သွားကြည့်မယ် “
...
ရှောင်ကျန်းအပြင် လူများစွာက ဤမက်မွန်သီးကို လက်ခံရရှိခဲ့ကြသည်။ အနိုင်ရသူအများစုက ပို့ဆောင်ခပေးချေရသည့်အတွက် အနည်းငယ် မပျော်ရွှင်ကြပေ။ သို့သော် ၎င်းက ကိစ္စမရှိဘူးဟု တချို့က တွေးကြသည်။
သူတို့အားလုံးက မက်မွန်သီးများကို စားပြီးနောက် မပျော်ရွှင်မှုများ ပျောက်ကွယ်သွားကြသည်။
သူတို့က ရှန်းထင်ရွှမ်း၏ ဆိုင်သို့ သွားကြည့်သောအခါ မက်မွန်သီးကို မတွေ့ဘဲ ဆီးသီးများကိုသာ တွေ့ခဲ့ရပြီး သူတို့က စင်ပေါ်တွင် မရှိနေသေးပေ။
ထို့ကြောင့် သူတို့က တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုရန် အဆင်သင့် စောင့်ဆိုင်းနေကြသည်။
...
ရှန်းထင်ရွှမ်းက ဝန်ထမ်းများ၏ အကူအညီကို မလိုအပ်သည့် အကြောင်းရင်းတစ်ခုက သူမက နံရံများကို ကပ်ပြီးနောက် စဉ်းစားမိသည့်အရာတစ်ခုရှိသောကြောင့် ဖြစ်သည်။ ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှု၏ အကြောင်းအရာက ကြမ်းခင်းများ တပ်ဆင်ရန် ဖြစ်သည်။
လူသုံးယောက်ကို ပြန်ပို့ပြီးနောက် ငါးနာရီကျော်နေပြီ ဖြစ်သည်။ ရှန်းထင်ရွှမ်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်သည်။
“မင်္ဂလာညနေခင်းပါ၊ ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မှုက ကြမ်းခင်းတွေ တပ်ဆင်တာ ဖြစ်ပါတယ် “
ခဏကြာပြီးနောက် များစွာသော အင်တာနက်အသုံးပြုသူများက မှတ်ချက်များပေးလာကြသည်။
[ငါ ဒီနေ့ မက်မွန်သီးတွေ ရတယ်။ အရမ်းအရသာရှိတာပဲ။]
[အစ်မလေး၊ မက်မွန်သီးတွေ စင်ပေါ်ကို ဘယ်ချိန်တင်မှာလဲ။]
အင်တာနက်အသုံးပြုသူတချို့ကလည်း ယနေ့ ရှန်းထင်ရွှမ်း တိုက်ရိုက်ထုတ်လွှင့်မည့် အကြောင်းအရာကို စတင်ဆွေးနွေးနေကြသည်။
[ငါ နားကြားမှားတာလား။]
[သူမက မနေ့က ဝက်လက်တွေ ချက်ခဲ့တာ။ ပြီးတော့ ဒီနေ့ ကြမ်းခင်းတွေ ဆင်မယ်ပေါ့။ ဒီနေရာက အကြီးကြီးပဲ။]
[ငါ အားရွှမ်းနဲ့ဆို ပျော်တယ်။ ငါက ဘယ်လို တိုက်ရိုက်ထုတ်လွှင့်မှုအမျိုးအစားကိုမဆို ကြည့်လို့ရတယ်။]
......
အခန်းများစွာ ရှိသောကြောင့် နေရာက အလွန်ကြီးမားပေသည်။ ထို့ကြောင့် ရှန်းထင်ရွှမ်း၏ ယနေ့ည တိုက်ရိုက်ထုတ်လွှင့်မှုက ကြာမည်ဖြစ်သည်။ ပထမဆုံးအခန်းကို ခပ်ဖြည်းဖြည်း တပ်ဆင်လိုက်သည်။ ရင်းနှီးကျွမ်းဝင်လာပြီးနောက် ရှန်းထင်ရွှမ်း၏ အမြန်နှုန်းက အလွန်မြန်ဆန်လာခဲ့သသည်။
[အစ်မလေးရဲ့ နှုန်းက အရမ်းမြန်တာပဲ။]
[တိုက်ရိုက်ထုတ်လွှင့်မှုသာ မဟုတ်ဘူးဆိုရင် ကြိုရိုက်ထားတယ်လို့ ထင်မိမှာပဲ။]
[ဒီကြမ်းခင်းတွေကို ငါသိတယ်။ ကြည့်တော့သာ လွယ်သလိုဖြစ်နေတာ။ ဒါပေမဲ့ တကယ်တမ်းကျ တပ်ဆင်ဖို့ အရမ်းခက်တာ။ တစ်ခုလောက် မှားတပ်မိတာနဲ့ သွားပြီပဲ။]
[ငါလည်း ဒီကြမ်းခင်းတွေ ဝယ်ဖူးတယ်။ တခြားသူတွေ တပ်ဆင်တာ ရိုးရှင်းတယ်လို့ မြင်ခဲ့တာ။ ဒါပေမဲ့ နောက်ကျ တပ်ဆင်ခပေးပြီး တပ်ဆင်ပေးဖို့ တောင်းဆိုနေရတုန်းပဲ။]
...
ရှန်းထင်ရွှမ်း၏ အမြန်နှုန်းက မြန်သထက်မြန်လာခဲ့သည်။ တစ်ခန်းကို တပ်ဆင်ပြီးနောက် ဒုတိယမြောက်တစ်ခန်းကို ပို၍ မြန်ဆန်စွာ တပ်ဆင်ခဲ့သည်။ ကြမ်းခင်းများက မြေပြင်ပေါ်တွင် တပ်ဆင်လိုက်ရုံနှင့် ပြီးသွားပုံပေါ်ပေသည်။
နှစ်နာရီခန့်ကြာပြီးနောက် ရှန်းထင်ရွှမ်းက သစ်သားကြမ်းခင်းများဖြင့် အခန်းအားလုံးကို တပ်ဆင်ခြင်းအား ပြီးဆုံးသွားခဲ့သည်။
[ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုက ထူးထူးခြားခြား ကြည့်လို့ကောင်းတယ်။]
[မင်းတို့ ငါ့ကို မယုံလောက်ဘူး။ ငါက ကြမ်းခင်းတပ်ဆင်တာကို ၂နာရီအပြည့် ကြည့်ခဲ့တာကွ။]
[ငါရောပဲလေ။]
...
ရှန်းထင်ရွှမ်းက ကြမ်းခင်းများ တပ်ဆင်ပြီးနောက် လူနှစ်သိန်းကျော်က သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြောင်း တွေ့ရှိသွားခဲ့သည်။ အင်တာနက်အသုံးပြုသူများ၏ မေးခွန်းများကို ကြည့်ရှုပြီးနောက် ရှန်းထင်ရွှမ်းက တစ်ခုပြီးတစ်ခု ဖြေလိုက်သည်။
“ဒီကြမ်းခင်းတွေက ဆင်ရတာ မခက်ပါဘူး၊ ဘယ်လိုလုပ်ရမလဲသိရင် ရပြီ “
“ငါလည်း ပထမဆုံးအကြိမ် ဆင်ဖူးတာ “
“အင်း ငါက ခြံဝင်းတစ်ခုထဲမှာ နေတာ၊ နောက်ဆုံးအခန်းတချို့က ဂိုထောင်တွေ “
...
သူမက လူတိုင်းကို စကားခဏလောက် ပြောပြီးနောက် စတင် မဲဖောက်လိုက်သည်။ “ဒီနေ့ လူဆယ်ယောက် မဲနှိုက်ပေးမယ်၊ တရုတ်ဘယ်ရီသီးတွေ ပို့ပေးပါမယ် “
[တရုတ်ဘယ်ရီသီး ငါ လိုချင်တယ်။]
[အစ်မလေး၊ ဆိုင်တစ်ဆိုင်မဖွင့်ဘူးလား။]
ရှန်းထင်ရွှမ်း။ “ဟုတ်တယ်၊ ဆိုင်က ဖွင့်ပြီးပြီ။ ဒါပေမဲ့ လောလောဆယ်တော့ မလည်ပတ်ရသေးဘူး “
[ဘယ်ချိန်ဖွင့်မှာလဲ။]
ပရိသတ်များစွာက မေးမြန်းနေကြသည်။ နောက်ပြီး စားချင်တာကို အလွယ်တကူ ဝယ်ရန် ဖြစ်သည်။
“အဲဒါကို ငါ ခုထိ မစဉ်းစားရသေးဘူး “ စင်ပေါ်တွင် ဘယ်ချိန်ရှိမှာလဲက စနစ်က ထုတ်ပြန်သည့် တာဝန်ကို စောင့်ဆိုင်းရပေမည်။
ပရိသတ်များနှင့် စကားစမြည်ပြောပြီးနောက် ရှန်းထင်ရွှမ်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီး အခန်းထဲသို့ ပရိဘောဂများကို ပြန်ရွေ့လိုက်သည်။
တစ်ချိန်တည်းတွင် ရှန်းထင်ရွှမ်းက အသုံးမပြုသည့် အံဆွဲများနှင့် ထိုင်ခုံများကဲ့သို့ ပရိဘောဂအများကြီးကို ရှင်းထုတ်လိုက်သည်။
ကြမ်းခင်းအသစ်က တောက်ပသည့် နံရံကပ်စက္ကူအညိုရောင်နှင့် အညိုရင့်ရောင်ဖြစ်သည်။ တစ်ခန်းလုံးက ချက်ချင်း ခြားနားသွားသလို ခံစားလိုက်ရသည်။
ရှန်းထင်ရွှမ်းက ခုတင်ကို အထဲသို့ ရွေ့လိုက်ပြီး အမှိုက်များကို သန့်ရှင်းရေးလုပ်လိုက်ကာ သူမဝယ်လာခဲ့သည့် ကော်ဇောကို ခုတင်ဘေးတွင် ဖြန့်ခင်းလိုက်သည်။ ဆောင်းတွင်း မဟုတ်သော်လည်း ၎င်းက နင်းရသည်မှာ သက်သောင့်သက်သာ ရှိပေသည်။
အခန်းကို သန့်ရှင်းပြီးနောက် ညရောက်နေပြီ ဖြစ်သည်။
ရှန်းထင်ရွှမ်းက ရေချိုးပြီး အိပ်ပျော်သွားခဲ့သည်။
……
အင်တာနက်အသုံးပြုသူများက ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှုမတိုင်ခင် မက်မွန်သီးများကို လက်ခံရရှိခဲဲ့ကြသည်။ ယနေ့ည တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်ပြီးနောက် ရှန်းထင်ရွှမ်းက လူတစ်သောင်း မဲမဖောက်ပေးရုံသာမက မက်မွန်သီးများကိုလည်း မဲမဖောက်ပေးကြောင်း တွေ့ရှိသွားကြသည်။
ရှောင်ကျန်းက မနေ့က အင်တာနက်ပေါ်တွင် ပို့စ်တစ်ခုကို တွေးခဲ့ပြီး Weibo တွင် ပို့စ်တစ်ခု တင်လိုက်သည်။
[အပေါ်က ပို့စ်တင်တဲ့လူ ခင်ဗျား ထွက်လာခဲ့။ ရှန်းထင်ရွှမ်းက ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ လူတစ်သောင်း၊ နှစ်သောင်းတောင် ဆွဲမထားနိုင်ဘူးဆိုရင် မင်း တိုက်ရိုက်ထုတ်လွှင့်ပြီး ချီးစားပြမယ်လို့ ပြောခဲ့တယ်မလား။ အခု စားပြလေ။]
...
ရှောင်ကျန်းကြောင့် တခြားအင်တာနက်အသုံးပြုသူများကလည်း ကူပြောလာကြသည်။
[တကယ်ပဲ အရမ်းဒေါသထွက်တယ်။ နောက်ဆုံးတော့ ဝမ်နျန်ဖေးက ဒီနေ့မှာ မဲပေါက်ခဲ့ပြီ။ ဒါပေမဲ့ မက်မွန်သီးရဲ့ အနံ့လေးကို စွဲကျန်နေတုန်းပဲ။ ဘာမှားနေလို့ ငါက ဘာမှ ဝယ်လို့ မရနိုင်တာလဲ။]
[စူပါမောရဲ့ အသီးတွေက ချင်ယွဲ့ကျီကြောင့် ရောင်းထွက်သွားတာလို့ ငါ အမြဲတမ်း ထင်နေခဲ့တာ။ ဒါပေမဲ့ ဒီနေ့တော့ အစတည်းက အသီးတွေက အရသာရှိမှန်း တွေ့လိုက်ရပြီ။]
[စူပါမောကို ဒီနေရာမှာ ရုံးခွဲဖွင့်ဖို့ အထူးတောင်းဆိုပါတယ်။]
[မင်း ဘာတွေးနေတာလဲ။ မြို့တော် B မှာရှိတဲ့ စူပါမောကတောင် မလုံလောက်ဘူး။ တခြားနေရာကို သွားဖွင့်စေချင်နေတာပဲ။]
...
ရှောင်ဖုန်းက ယနေ့ Weibo ကြည့်ရန် အချိန်မရခဲ့ပေ။ မဟုတ်ပါက ဤအင်တာနက်အသုံးပြုသူများကို သူက သေချာပေါက် သဘောကျပေလိမ့်မည်။ နေ့လယ်ခင်းတွင် သူပြန်ရောက်လာကတည်းက ဓာတ်ပုံများ ရိုက်ကူးနေခဲ့သည်။ သူက ရှန်းထင်ရွှမ်းရောင်းသည့် မက်မွန်သီးများနှင့် တခြားအသီးများအားလုံးကို ဓာတ်ပုံရိုက်လိုက်ပြီး ပုံများကို ရှန်းထင်ရွှမ်း၏ WeChat သို့ ပို့လိုက်သည်။
ထိုပုံများကို သူမဆိုင်တွင် တင်ရန် အသုံးပြုနိုင်ကြောင်း သူက ရှန်းထင်ရွှမ်းကို ပြောလိုက်သည်။
ဒါပေါ့။ ရှန်းထင်ရွှမ်းက တုံ့ပြန်မှုမရှိသေးပေ။
…
မနက် ငါးနာရီတွင် ရှန်းထင်ရွှမ်းက မျက်လုံးပွင့်လာခဲ့ပြီး စနစ်၏ စက်ပိုင်းဆိုင်ရာ အသံက ထွက်ပေါ်လာခဲ့သည်။ “ကျေးဇူးပြုပြီး မင်းစိုက်ထားတဲ့ ဟင်းသီးဟင်းရွက် ငါးမျိုးကို ၁၉ နာရီအတွင်း လူတစ်ယောက်ထဲကို စားခိုင်းပါ “
…