စီးမူဝူတင်
Vol. 6 Ch. 599
ကျီမုမြစ်၏ အနက်ရှိုင်းဆုံး နေရာသည် အေးစိမ့်လျက် ရှိလေသည်။ သို့သော် ဆန်းလျန်၏ စိတ်အာရုံမှ ယန်စွမ်းအားကို ထုတ်လွှတ်ထားသည့်အတွက် နွေးထွေးလျက် ရှိလေသည်။
ယင်စွမ်းအင်အတွင်းမှ ယန်စွမ်းအားသည် မရေမတွက်နိုင်သည့် မီးတောက်လေးများ ပျံသန်းနေသည်နှင့် ဆင်တူလေသည်။ ထိုယန်စွမ်းအား မီးတောက်လေးများသည် ကျီမုမြစ်ရေ ထက်တွင် ပေါလောမျောပါလျက် ရှိကြလေ၏။
ပေါလောမျောလျက် ရှိသည့် ယန်စွမ်းအား မီးတောက်လေးများသည် တစ်နေရာတည်းသို့ ဦးတည် စီးဆင်း နေကြလေသည်။ မီးတောက်လေးများ၏ဦးတည်ရာမှာ ဆန်းလျန်၏ ဝိညာဉ်တည်ရှိရာ နေရာသို့ပင် ဖြစ်တော့၏။
ယန်စွမ်းအား မီးတောက်လေးများသည် ကျီမုမြစ်၏ စွမ်းအား အနှစ်သာရများ ဖြစ်လေသည်။
ထိုမီးတောက်လေးများ သည်လူသား မိန်းမပျိုများကို ကိုယ်ဝန်ဆောင်စေပြီး အသစ်သော ဘဝများကို ဖန်တီးပေးသည့် "မရှိမှုတရား" ပင် ဖြစ်လေသည်။ "မရှိမှုတရား" သည် "ဖြစ်တည်မှု" အဖြစ် အသွင်ပြောင်းပြီး လောကသို့ရောက်ရှိ လာကြလေသည်။
ယခုအချိန်တွင်တော့ ယန်စွမ်းအား မီးတောက်လေးများသည် ဆန်းလျန်၏ မူလဝိညာဉ် ခန္ဓာဖြင့် လာရောက် ပေါင်းစည်း နေကြလေသည်။ သူတို့က ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာကို အသစ်ပြန်လည် ဖြစ်တည် စေလေသည်။
သေခြင်းရှင်ခြင်း စာအုပ်မှ ဖိအားများသည် ဆန်းလျန် အပေါ်တွင် သက်ရောက်နေဆဲ ဖြစ်လေသည်။ သို့သော် အသစ်ဖြစ်တည် လာသော မူလဝိညာဉ်ခန္ဓာသည် ပိုပြီး ကြံ့ခိုင်လာခဲ့ပြီ ဖြစ်သည်။
သူ၏ မူလဝိညာဉ် ခန္ဓာသည် ရုပ်ဝတ္ထုများ အဖြစ် စတင် ပြောင်းလဲ သွားလေသည်။
အသွေးအသားများ သာမက ကြွက်သားများ၊ သွေးပြန်ကြော၊ သွေးလွှတ်ကြောများ စတင်ဖြစ်တည် လာလေသည်။ ရုပ်ခန္ဓာတစ်ခု တဖြည်းဖြည်း ဖြစ်တည်လာပြီး သွေးကြော ဆုံချက်များလည်း ပုံပေါ် လာခဲ့လေသည်။
နောက်ဆုံးတွင်တော့ ကျီမုမြစ်ရေ၏ အနက်ရှိုင်းဆုံး တစ်နေရာတွင် လူသားတစ်ယောက် ပြန်လည် မွေးဖွားလာခဲ့ လေပြီ။ ထိုလူသားသည် သူ၏ရုပ်ခန္ဓာ ပြည့်စုံစွာ ဖြစ်တည်စေရန် အတွက် ကျီမုမြစ်ရေ၏ အနှစ်သာရ စွမ်းအားများကို အဆက်မပြတ် စုပ်ယူလျက် ရှိလေသည်။
ယင်စွမ်းအား အတွင်းတွင်တည်ရှိသည့် ယန်စွမ်းအားမှာ သန့်စင်သည့်အတွက် ကျစ်လျစ်သည့် အသွေးအသားများ ဖြစ်တည်လာစေသည်။
အရေပြားတစ်လွှာချင်းစီ…
သွေးကြောတစ်ခုချင်းစီ…
ဆံနွယ်တစ်မျှင်ချင်းစီ…သွေးစက်တစ်စက်တိုင်းစီ … ။
အရာအားလုံးသည် ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာ၏ ထိန်းချုပ်မှုအောက်တွင် ပေါင်းစပ် ဖြစ်တည် လာတော့သည်။
ဤသည်မှာ ပြီးပြည့်စုံသည့် "ဖန်ဆင်းခြင်းဖြစ်စဉ်" ပင်ဖြစ်လေတော့၏။
အသစ်ဖြစ်တည် လာသော ရုပ်ခန္ဓာသည် ဆန်းလျန်၏ ရုပ်ခန္ဓာဖြစ်သလို ဆန်းလျန်၏ မူလဝိညာဉ် ခန္ဓာလည်း ဖြစ်လေသည်။
ယခုအချိန်မှစပြီး… လောကတစ်ခွင်တွင် ဆန်းလျန်သည် အထူးဖန်ဆင်းခြင်း ဖြစ်စဉ်ဖြင့် ဖြစ်တည်လာခဲ့ပြီ ဖြစ်လေသည်။ မည်သည့် သက်ရှိသတ္တဝါနှင့်မှ မတူနိုင်သော လူသားတစ်ယောက် ဖြစ်လာခဲ့ရပြီ။ ဆန်းလျန်ကဲ့သို့ သောလူမျိုး နောက်ထပ်တစ်ယောက် လောကတွင် မရှိနိုင်ပေ။
နေ့ရက်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့လေသည်။
ကျီမုမြစ်ရေ၏ အနှစ်သာရများသည် တဖြည်းဖြည်း လျော့နည်းသွားခဲ့သလို ဆန်းလျန်၏ ရုပ်ခန္ဓာအသစ်သည်လည်း တဖြည်းဖြည်းကျစ်လျစ် သိပ်သည်း လာခဲ့လေသည်။ ကျီမုမြစ်၏ အနက်ရှိုင်းဆုံး နေရာရှိ ရေဖိအားသည် တန် (၁)သန်းနှင့် ညီမျှသည့် ဖိအားအလေးချိန် ရှိလေသည်။ သို့သော် ဆန်းလျန်၏ ရုပ်ခန္ဓာသည် ရေဖိအားကို ခံစားရခြင်း မရှိပေ။
ဆန်းလျန်သည် သူ၏ရုပ်ခန္ဓာ အသွေးအသားနှင့် ဝိညာဉ်ပေါင်းစပ်ပြီး မိုးမြေစွမ်းအားများကို စုပ်ယူလိုက် ထုတ်လွှတ်လိုက် ပြုလုပ်နေလေသည်။ ထို့ကြောင့် သူ၏တန်ခိုးစွမ်းအားများသည်လည်း အဆက်မပြတ် မြင့်တက် လာနေလေသည်။
ထိုအဆင့်သို့ ရောက်သည်နှင့် သူ၏စိတ်နှင့်ခန္ဓာသည် အသူရာချောက်မှ မိစ္ဆာ စွမ်းအားများနှင့် နက်ရှိုင်းစွာ ဆက်နွှယ် နေသည်ကို စတင်ခံစားရလေသည်။ ထိုအခါ ဖိအားတစ်ခုသည် စတင်ဖြစ်ပေါ် လာလေသည်။
ထိုဖိအားကို ဆန်းလျန်သည် လုံးဝခံနိုင်ရည် မရှိပေ။ ထို့ကြောင့် သူ၏ စိတ်နှင့်ခန္ဓာမှာ ခေတ္တခဏ အဆက်အသွယ် ပြတ်တောက် သွားရတော့သည်။
ထိုအချိန် ခဏအတွင်းမှာပင် ဖိအားက အဆက်မပြတ် ထိုးနှက်နေပြီး သူ၏ တာအို နှလုံးသားထဲမှ မရှိမှုစကြဝဠာ သည်ခိုင်မာသည်ထက် ခိုင်မာလာလေသည်။ နောက်ဆုံးတွင် ထိုစကြဝဠာသည် မျိုးစေ့တစ်ခု အဖြစ်သို့ ပြောင်းလဲ သွားလေသည်။
ဆန်းလျန်သည် ပျော်ရွှင်ခြင်းများဖြင့် ပြည့်နေလေသည်။ သူသည် ယခုတော့ ထိုက်ယီထျန်းရှန်း အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်လေသည်။
ဖြစ်တည်လာသည့် မျိုးစေ့သည် အမှားနှင့်အမှန်ကြားတွင် တည်ရှိ နေလေသည်။ ထိုမျိုးစေ့သည် သူ၏ ရုပ်ခန္ဓာတစ်ခု လုံးတွင် အရေးကြီးဆုံးသော အစိတ်အပိုင်း ဖြစ်လေသည်။
ထိုမျိုးစေ့သည် တဖြည်းဖြည်း မြင့်တက်လာပြီး ဆန်းလျန်၏ မျက်ခုံးနှစ်ခု ကြားနေရာသို့ ရောက်ရှိ သွားလေသည်။ မျိုးစေ့မြင့်တက် လာသည်နှင့် အမျှ ဆန်းလျန်၏ ခန္ဓာကိုယ်မှ ကလပ်စည်းတိုင်းသည် သိပ်သည်း လာခဲ့လေသည်။
ထို့နောက်တွင်တော့ ဆန်းလျန်၏ မျက်ခုံးနှစ်ခုကြားတွင် ပြဒါးရောင် တောက်နေသည့် အနီရောင် အမှတ်အသားတစ်ခု ထွက်ပေါ် လာလေသည်။ ထိုအမှတ်အသားသည် မိုးကောင်းကင်မှ ချီးမြှင့်သည့် ဆုလာဘ်အလား ခမ်းနား လှလေသည်။
ထိုအနီရောင်ပြဒါးရှင်သင်္ကေတသည် "သန္ဓေတည်မှုတစ်ခု" ဖြစ်သည်ဆိုသည့် အချက်ကို ဆန်းလျန် တစ်ယောက် သာလျှင် သိရှိလေသည်။ ထိုပြဒါးရှင်သည် ဆန်းလျန်၏ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးမှ တန်ခိုးစွမ်းအားများကို စုပ်ယူနေပြီး သူ့ကိုယ်သူ အားဖြည့်နေလေသည်။
သန္ဓေတည်မှုသည် တဖြည်းဖြည်း ကြီးထွား လာပေလိမ့်မည်။ သို့သော်… ထိုသန္ဓေတည်မှုမှ လူသားတစ်ယောက် မွေးဖွား လာမည်တော့ မဟုတ်ပေ။
အတိအကျပြောရလျှင် အနီရောင် ပြဒါးရှင် သင်္ကေတသည် မိုးမြေမှ မွေးဖွားလာခြင်းကို ကိုယ်စားပြုလေသည်။ အချိန်ကာလ ကြာလာသည်နှင့် အမျှ ထိုသင်္ကေတသည် ကြီးထွားလာပြီး လောက အသစ်တစ်ခုကို ဖွင့်လှစ်မည် ဖြစ်လေသည်။
ယခုတော့ သေခြင်းရှင်ခြင်း စာအုပ်သည် ထိုက်ယီထျန်းရှန်းအဆင့် နတ်ဘုရား (၃)ပါးကို အဘယ့်ကြောင့် မကျေမနပ်ဖြင့် ဖိနှိပ်ထားရသည် ဆိုသည့် အချက်ကို ဆန်းလျန် နားလည်သွားပြီ ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် သူတို့ (၃) ယောက်စလုံးသည် မိုးမြေမှ မွေးဖွားလာခြင်းကို ကိုယ်စားပြုနေသည့် အတွက် ဖြစ်လေသည်။
သူတို့အားလုံးသည် အသူရာချောက်မှ မိုးမြေစွမ်းအားများကို စုပ်ယူပြီး တစ်နေ့နေ့ တစ်ချိန်ချိန်တွင် လောက တစ်ခုကို ဖွင့်လှစ်ကြမည့် သူများ ဖြစ်လေသည်။
ထိုက်ယီထျန်းရှန်းအဆင့် နတ်ဘုရားများ ရှိနေခြင်းအားဖြင့် အသူရာ ချောက်မှာ ကိုယ်ဝန် ဆောင်ထားသည့် မိန်းကလေး တစ်ယောက်နှင့် ဆင်တူနေလေသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အသူရာချောက်မှ စွမ်းအားများကို စုပ်ယူပြီး လောကအသစ်များ မဖြစ်မနေ မွေးဖွားလာကြမည် ဖြစ်လေသည်။
သို့သော်… မတူညီသည့်အချက်တစ်ခုမှာ အသူရာချောက်သည် မိခင်တစ်ယောက် မဟုတ်သလို မိခင်ဗီဇရှိသည့် နေရာဒေသ တစ်ခုလည်း မဟုတ်ပေ။ ထို့ကြောင့် သူ့ထံမှ စွမ်းအားများကို စုပ်ယူပြီး လောကအသစ်ဖွင့်လှစ်ခြင်းကို ခါးသီးမုန်းတီးလေသည်။ ထို့ကြောင့် ထိုက်ယီထျန်းရှန်း နတ်ဘုရားများကို သေခြင်းရှင်ခြင်းစာအုပ်က ဖိနှိပ်ထားရခြင်း ဖြစ်လေသည်။
နောက်ဆုံးတွင် လောက အသစ်တစ်ခု မွေးဖွားဖြစ်တည် လာသည့် အခါတွင်တော့ ထိုလောကသည် အသူရာချောက်မှ ခွဲထွက်သွားပြီး သီးခြား ရပ်တည်မည် ဖြစ်လေသည်။
ထိုအဖြစ်အပျက်များကို သုံးသပ်ကြည့်လိုက်လျှင် ထိုက်ယီထျန်းရှန်း အဆင့်တွင် ကျင့်ကြံခြင်းသည် အကန့်အသတ် မရှိကြောင်းကို ဆန်းလျန် နားလည်ခဲ့ရလေသည်။ ထိုက်ယီထျန်းရှန်း အဆင့်ပြီးလျှင် နောက်ထပ် တက်လှမ်းစရာ မည်သည့်အဆင့်မှ မရှိတော့သည့်တိုင် တန်ခိုးစွမ်းအားများကတော့ စဉ်ဆက်မပြတ် တိုးပွားလာမည် ဖြစ်လေသည်။
သန္ဓေတည်မှုသည် မိုးမြေစွမ်းအားများကို မည်မျှစုပ်ယူ အားဖြည့်ပါစေ အကန့်အသတ် မဲ့လေသည်။
ယခင်က နတ်ဘုရားများသည် မိုးနှင့်မြေတွင် လွတ်လပ်စွာ သွားလာကြခြင်းမှာ မိုးမြေ၏ ကြီးမားသော အင်အားကို ထိန်းချုပ် နိုင်ခဲ့ကြသောကြောင့် ဖြစ်လေသည်။ ယခုလည်း မိုးမြေမှ မွေးဖွားလာခြင်းကို ကိုယ်စားပြုသည့် သန္ဓေဖြစ် တည်မှုသည် ထိုက်ယီထျန်းရှန်း အဆင့် သက်ဆိုင်သူများ အချင်းချင်း အကန့်အသတ်မရှိ လွတ်လပ်စွာ ဖြစ်တည်နိုင် လေသည်။
ကျင့်ကြံသူတစ်ယောက်သည် ထိုက်ယီထျန်းရှန်း အဆင့်သို့ ရောက်ရှိသွားပြီး စကြဝဠာတစ်ခု၏ အစကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဆိုလျှင် အဆုံးထိ အောင်မြင်မှု ရရှိပြီဟု ပြော၍ ရနိုင်လေသည်။ ထို့ပြင် မိုးကောင်းကင် အစစ်ဆေး ခံရခြင်းများမှ ကင်းလွတ်ပြီး ဘေးအန္တရာယ် အားလုံးကို ကျော်လွှားနိုင်ကာ တန်ခိုးစွမ်းအားလည်း အထွတ်ထိပ်သို့ ရရှိမည် ဖြစ်လေသည်။ ထိုအကြောင်းကို စဉ်းစားရုံမျှဖြင့် ဆန်းလျန် အံ့သြ တုန်လှုပ် ရလေသည်။
ထိုအဆင့်သို့ ရောက်လျှင် သူ့အနေဖြင့် လက်လေးတစ်ဖက် မြှောက်လိုက်ရုံ၊ ခြေလေးတစ်ဖက် ကြွလိုက်ရုံဖြင့် ရန်သူ အပေါင်းကို နှိမ်နင်းပြီးသား ဖြစ်နိုင်လေသည်။
ထိုသို့သော လူတစ်ယောက်သည် တာအိုဆရာသခင်ကြီးနှင့် ဗုဒ္ဓလောက် အဆင့်မြင့်မားခြင်း မရှိသည့်တိုင် တာအို ဆရာသခင်ကြီးနှင့် ဗုဒ္ဓတို့၏ လေးစားခြင်းကို ခံကြရမည် ဖြစ်လေသည်။
ပျောက်ကွယ် သွားခဲ့ကြသည့် ပထမမိုးနတ်မင်းနှင့် ဒုတိယ မိုးနတ်မင်းတို့ ရောက်လာပြီး ထိုသူကို ဖိအားပေးမည် ဆိုလျှင်တောင်မှ ထိုသူသည် လောကအလယ်တွင် လွတ်လပ်စွာဖြင့် ရပ်တည်နိုင်မည် ဖြစ်လေသည်။
ယင်းစန်းဒေသ၏ မြို့တော်နာမည်မှာ “ကျောက်ကဲ” ဖြစ်လေသည်။
ကျောက်ကဲ မြို့တော်သည် တိချိုးမြို့တော်ထက်ပိုပြီး ကြီးမားခမ်းနား လေသည်။ အသူရာချောက်တွင် အကြီးမားဆုံး ကုန်သွယ်ရေး အချက်အချာ ကျသည့် မြို့တော် တစ်ခုလည်း ဖြစ်လေသည်။ ကျောက်ကဲမြို့တော်တွင် တာအိုဂိုဏ်း ပေါင်းစုံမှ ကျင့်ကြံသူများဖြင့် နေ့ညမပြတ် စည်ကားလျက် ရှိလေသည်။ သူတို့က ကျင့်စဉ်များ၊ ဝိညာဉ်စွမ်းအား ပစ္စည်းများနှင့် ကျင့်စဉ်လမ်းတွင်လိုအပ်မည် ရတနာပစ္စည်းများကို အလဲအလှယ် ပြုလုပ်ကြလေသည်။
ထို့ပြင် ကျောက်ကဲမြို့တော်တွင် စွဲဆောင်မှုအရှိဆုံးနေရာမှာတစ်ခုရှိလေသည်။
ထိုနေရာမှာ"စီးမူဝူတင်" ဖြစ်လေသည်။
စီးမူဝူတင်ကို ယင်းစန်းဒေသ၏ တော်ဝင်မျိုးနွယ်တစ်ယောက် ဖြစ်သည့် ကျူးကျားက ဖန်တီးခဲ့ခြင်း ဖြစ်လေသည်။ စီးမူဝူတင်ကို ဖန်တီးရန်အတွက် သူ့ဘဝတစ်ခုလုံး စုဆောင်း ထားသမျှကို အသုံးပြုခဲ့ရလေသည်။ စီးမူဝူတင်သည် မည်မျှလေးလံသည်ကို မည်သူမှ မသိနိုင်ပေ။ ထိုအရာသည် ကျောက်ကဲမြို့တော် အလယ်ဗဟိုတွင် တိတ်ဆိတ်စွာဖြင့် တည်ရှိ နေခဲ့လေသည်။ ထိုအရာ၏ ပတ်ဝန်းကျင်တွင် အသက်ဓာတ်စွမ်းအားများနှင့် မိုးမြေစွမ်းအားများက ရစ်သိုင်း လွှမ်းခြုံလျက် ရှိလေ၏။
ကောလာဟလများအရ ဆိုလျှင်တော့ စီးမူဝူတင်ဘေးတွင် အသက်ဓာတ် စွမ်းအားများ၊ မိုးမြေစွမ်းအားများ ဝန်းရံနေ ခြင်းမရှိပါက ထိုအရာသည် မြေကြီးအတွင်းသို့ နစ်မြုပ်သွားပြီး အသူရာ ချောက်ကို ဖောက်ထွက်သွားနိုင်သည်ဟု ပြောကြလေသည်။
တစ်ချိန်ကတော့ ကျူးကျားကိုယ်တိုင် စီးမူဝူတင်ကို စမ်းသပ်မှု ပြုလုပ် ကြည့်ခဲ့ဖူးလေသည်။
သူက လောကနတ်ဘုရား အယောက် (၂၀)ကို ဖိတ်ခေါ်ကာ စီးမူဝူတင် တိုက်ခိုက် ခိုင်းခဲ့လေသည်။ အချိန်သာ (၁)နှစ်ကြာသွားခဲ့သည် စီးမူဝူတင်သည် ခြစ်ရာလေး တစ်ခုပင် မထင်ခဲ့ပေ။
အကယ်၍ လူတစ်ယောက်သည် စီးမူဝူတင် အတွင်းသို့ ပစ်ချခံရမည်ဆိုလျှင် ထိုသူသည် အရိုးတခြား အသားတခြား ဖြစ်သွားရမည်ဟု အားလုံးက ပြောကြလေသည်။
ကျူးကျားသည် လွန်ခဲ့သည့် နှစ်ပေါင်း (၂၀) ခန့်က စီးမူဝူတင်ကို စတင်ဖန်တီးခဲ့ခြင်း ဖြစ်လေသည်။ ထိုအချိန်မှစပြီး ကျူးကျားသည် စီးမူဝူတင်၏ ဘေးမှ တစ်ဖဝါးမှ မခွာခဲ့ပေ။
ထျန်းယီ အကြီးအကဲကို တိချိုးမြို့တော်သို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားပြီး အကျဉ်း ချလိုက်သည့်တိုင် ကျူးကျားသည် စီးမူဝူတင်ဘေးမှ တစ်ချက်မှ မရွေ့ခဲ့ပေ။
ကျူးကျား ဖြစ်ချင်သည့် ဆန္ဒကို ထျန်းယီက နားလည် ထားလေသည်။ သူက စီးမူဝူတင်ကို သူ၏ ကိုယ်ပိုင်ဝိညာဉ် စွမ်းအားပစ္စည်း အဖြစ် သန့်စင်လိုခြင်း ဖြစ်လေသည်။ ထိုသို့ပြုလုပ်နိုင်ပါက မည်သည့် ရန်သူကို မဆို ထိုရတနာပစ္စည်းဖြင့် နှိမ်နင်း နိုင်ပေလိမ့်မည်။
စီးမူဝူတင်ကို သန့်စင်နိုင်ရန် အတွက် အသက်ဓာတ် စွမ်းအားများနှင့် မိုးမြေစွမ်းအားများ အပေါ်တွင် မူတည်လေသည်။
"မင်းအခုလောက် စိတ်ရော ဝိညာဉ်ရော မတည်မငြိမ် ဖြစ်နေတာကို ကျုပ်ဘဝမှာ တစ်ခါမှ မတွေ့ဖူးဘူး၊ ဘာများ ဖြစ်လို့လဲကျုပ်ကို ပြောပြစမ်းပါ"
ကျူးကျား၏ အသံထွက်ပေါ် လာလေသည်။
ကျူးကျားသည် အသက် (၅၀) ဝန်းကျင်ရှိပြီ ဖြစ်သည့် အမျိုးသားတစ်ယောက် ဖြစ်လေ၏။
ယင်းစန်းဒေသ၏ အကြီးအကဲ ထျန်းယီသည် ကျူးကျားနှင့် မျက်နှာချင်းဆိုင်မှ လမ်းလျှောက် လာလေသည်။ ထျန်းယီ သည်လောကတွင် အကြီးမြတ်ဆုံးနှင့် တန်ခိုးစွမ်းအား အမြင့်မားဆုံး လူသားတစ်ယောက် ဖြစ်လေသည်။
ထျန်းယီက….
"မင်းသိတဲ့ အတိုင်းပဲလေ၊ လူရယ်လို့ ဖြစ်လာရင် မွေးလိုက်သေလိုက် သံသရာလည်နေမှာပဲ၊ ဟုတ်တယ်မလား၊ ဒါပေမဲ့… ရည်မှန်းချက်တွေ၊ တာဝန်တွေ မပြီးဆုံး နိုင်သေးသရွေ့ နောက်ဘဝ ရှိတယ် ဆိုရင်တောင် ကျုပ်ကတော့ ရှင်သန်နိုင်မယ် မထင်ဘူး၊ သေခြင်းရှင်ခြင်းနဲ့ သံသရာလည်ခြင်း တရားတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ကျုပ်တို့တွေ နားလည်ခဲ့ကြတယ်၊ ဒါပေမဲ့ မင်းရော ကျုပ်ရော ယင်းစန်းကို ဘယ်နည်းနဲ့မှ မစွန့်လွှတ်နိုင်ခဲ့ကြဘူး မဟုတ်လား၊ ဘာလို့လဲဆိုတော့ ယင်းစန်းရဲ့ တည်ရှိမှုဟာ ကျုပ်တို့ အားလုံးထက် ပိုပြီးအရေးပါတယ် ဆိုတာကို နားလည် ထားခဲ့ကြလို့ပဲ၊ ဒီနေ့တော့ ယင်းစန်းဟာ ကျုပ်တို့လက်ထဲမှာပဲ ပျက်စီးရတော့ မယ်ထင်ပါရဲ့၊ ပြောစမ်းပါ… ကျုပ် ဘယ်လိုလုပ် စိတ်အေးနိုင်မှာတဲ့လဲ"
***