အခန်း (၄၆-၄၈)
Vol. 4 Ch. 46-48
အခန်း (၄၆) ( က)
ထိုကာလအတွင်း ရှန်းထင်ရွှမ်းသည် တာဝန်များပြုလုပ်ခြင်းဖြင့် အလုပ်များနေသည်။ ဟင်းသီးဟင်းရွက်အမျိုးအစား ငါးဆယ်ကို စိုက်ပျိုးသည့် နောက်ဆုံးတာဝန်ပြီးနောက် သူမသည် ကျန်သည့်တာဝန်သုံးခုကို ပြုလုပ်နိုင်ခဲ့ကာ သူမ၏ ဝိညာဉ်သွေးကြောကလည်း ၂၉ % ပြန်ရလာ၏။
မနက်ငါးနာရီတွင် စနစ်က တာဝန်တစ်ခုထုတ်ပြန်၏။
“Host ကျေးဇူးပြုပြီး ၆၇နာရီအတွင်း ပါဝင်ပစ္စည်းဆယ်မျိုးနဲ့ စားသောက်ဖွယ်ရာတစ်ခုကို ပြုလုပ်ပါ။ ခင်မင်ရင်းနှီးမှုနဲ့ သတိပေးလိုက်ပါမယ်။ ဒါက ၁၃ ခုမြောက်တာဝန်ပါ။ တာဝန်ပြီးမြောက်သွားတာနဲ့ Host က ဝိညာဉ်သွေးကြော ၃၀% ပြန်ရရုံတင်မကဘူး တစ်ရက်ကြာ အဆင့်မြှင့်တင်ဖို့ တာဝန်ကိုသိတဲ့ လုပ်ဆောင်ချက်ကိုလည်း ပွင့်သွားပါမယ် “
“စိတ်မပူနဲ့ “ ရှန်းထင်ရွှမ်းသည် ယနေ့တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ရမည့်ပုံကို သိပြီးသားဖြစ်သည်။
နေ့စဉ်လိုအပ်သည့် သစ်သီးများ အပြီးသတ်ပြီးနောက် ရှန်းထင်ရွှမ်းက ဝက်နံရိုး၊ ကြက်နှင့် အသားတချို့ ဝယ်ရန်အတွက် ရှောင်ဖုန်း၏ အိမ်သို့သွားရန် စီစဉ်လိုက်သည်။ ပြီးခဲ့သည့်အခေါက်က သူသည် ပစ္စည်းများစွာ ပို့ဆောင်ခဲ့ရသောကြောင့် ရှောင်ဖုန်းသည် ရက်အနည်းငယ် ပျင်းရိနေခဲ့၏။ ပစ္စည်းများ ပို့ရန်လိုအပ်သည့် ရွာသားအချို့ ရံဖန်ရံခါ ရောက်လာသည်မှအပ ဖြစ်သည်။
ရှောင်ဖုန်း၏ မိခင်က ရှန်းထင်ရွှမ်း၏ ရည်ရွယ်ချက်ကို ကြားသည့်အချိန်တွင် သူမက မေးလိုက်တော့သည်။
“အဆီပြင်မရှိဘူး၊ အဆီသက်သက်တော့ ရှိတယ်၊ အဆင်ပြေလား “
“ရတယ် “ ရှန်းထင်ရွှမ်းသည် အဆီဆယ်ကတ်တီ ဝယ်လာခဲ့ပြီး ဝက်အရိုးတုံးနှစ်တုံးနှင့် အခြောက်ခံထားသော ကြက်တစ်ကောင် ဝယ်လာ၏။ ထွက်မလာခင် ရှောင်ဖုန်း၏မိခင်က မေးလိုက်တော့သည်။
“ဒါနဲ့ သမီးရဲ့ ဆိုင်မှာ သစ်သီးတွေ ဘယ်တော့ပြန်တင်မှာလဲ “
ရှန်းထင်ရွှမ်း ပြော၏။ “အချိန်တစ်ခုတော့ လိုဦးမယ် “
ရှောင်ဖုန်း၏ မိခင်က ခေါင်းညိတ်ပြီး ထပ်မမေးတော့ချေ။ သူမသည် ဤရက်ပိုင်းအတွင်း အလုပ်များနေသည့်တိုင် ပိုက်ဆံရှာနေမှန်း သူမသိသည်။ ထိုကာလအတွင်း သူမ ပျင်းသလိုခံစားနေရသော်ငြား အနည်းငယ် မသက်မသာတော့ ဖြစ်နေ၏။
ခြံဝန်းထဲသို့ ပြန်ရောက်လာပြီးနောက် ရှန်းထင်ရွှမ်းသည် ဝက်အရေခွံကို ဖယ်ရှားပြီးနောက် အသားကို ခုတ်ကာ ကျန်ရှိသည့်အဆီကို အတုံံးလေးများ တုံးလိုက်၏။ ပြီးနောက် အိုးကို အပူပေးပြီးနောက် ဝက်အဆီတုံးလေးများကို တင်လိုက်သည်။ ပြီးနောက် အဆီက ထွက်လာတော့၏။
ရှန်းထင်ရွှမ်းသည် အဆီကို ခဏတဖြုတ် မွှေနေပြီးနောက် အဆီခဲလာသည့်အချိန်တွင် ကျန်ရှိသည့် အဆီများနှင့် ဆီတို့သည် တသီးတခြားစီ ဖြစ်သွား၏။ ခုနစ်ကတ်တီခန့် ဆီထုတ်ပြီးနောက် အဆီပြင်ကလည်း ခဲလာကာ အအေးခံပြီးနောက် အရောင်ပြောင်းလဲသွားတော့သည်။
ရှန်းထင်ရွှမ်းသည် ကျန်ရှိသည့် ဝက်ဆီများအတွက် ကြွေရည်သုတ်ကရားတစ်ခုကို ရှာပြီးနောက် ကြောင်အိမ်ထဲထည့်လိုက်သည်။
ရှန်းထင်ရွှမ်းက ခြံဝန်းထဲထပ်သွားပြီး ငရုတ်သီးခြောက်အနီအချို့ကို မီးဖိုချောင်ထဲ ယူလာ၏။
သူမသည် သန့်စင်ထားသော ဝက်ဆီတစ်ဇွန်းကို ခပ်ပြီးနောက် အိုးထဲထည့်ကာ ဆူအောင်တည်လိုက်ပြီး ငရုတ်သီးခြောက်များကို ထည့်ကာ ခြောက်သွားသည့်အချိန်၌ ဖယ်လိုက်သည်။
ညနေ ငါးနာရီထိုးခါနီးအချိန်၌ ရှန်းထင်ရွှမ်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်တော့သည်။
“အားလုံးပဲ မင်္ဂလာနေ့လယ်ခင်းပါ “
[ရှေ့တန်းက သတင်းပို့နေပြီ။]
[ငါ ဒီမှာ။]
ကြီးမားလှသော မာတိကာသည် ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှု၌ ပြသထားသောကြောင့် ရှန်းထင်ရွှမ်းသည် အင်တာနက်အသုံးပြုသူများနှင့် စကားသိပ်မပြောခဲ့ပေ။ သူမ၏ ဖုန်းကို မီးဖိုချောင်စားပွဲထိပ်၌ တင်ထားပြီးနောက် အိုးထဲ ရေအချို့ထည့်ကာ ရေနွေးတည်လိုက်သည်။
ခြံဝန်းထဲရှိ ကြိတ်ဆုံထဲ၌ ဆန်ကို စိမ်ထားပြီးနောက် ကြိတ်လိုက်တော့သည်။ ပြီးနောက် ဆန်မှုန့်များကို ဒယ်ပြားပေါ်တင်ပြီးနောက် ရေပွက်ပွက်ဆူထားသော အိုးထဲသို့ ဒယ်ပြားကို တင်ပြီး ၎င်းကို လျော့သွားစေရန် အကြိမ်ရေအနည်းငယ် ခါလိုက်၏။ ပြီးနောက် ဒယ်ပြားပေါ်မှ ဆန်ပြားကို ထုတ်ကာ ကြိုးပေါ်ချိတ်ထားလိုက်သည်။ ရှန်းထင်ရွှမ်းက ထိုဖြစ်စဉ်ကို အကြိမ်ရေအနည်းငယ် ထပ်တလဲလဲ ဆောင်ရွက်နေ၏။ ဆန်လွှာကို အခြောက်ခံပြီးနောက် ရှန်းထင်ရွှမ်းသည် ရှောင်ဖုန်းဆီမှ ယူလာသည့် ကြက်ကို ထုတ်ကာ အိုးထဲထည့်ပြီးနောက် ဝက်အရေခွံနှင့် အရိုးများထည့်လိုက်၏။
ထို့အပြင် သူမက ချင်းနှင့် ပြီးခဲ့သည့်အခေါက်က တိုက်ရိုက်ထုတ်လွှင့်မှုကနေ ဝယ်ထားသော ဝိုင်နှင့် စပျစ်သီးဖြင့် စိမ်ထားသည့် ဝိုင်အချို့ကို ထုတ်လိုက်၏။ ထိုပါဝင်ပစ္စည်းများကို ထည့်ပြီးနောက် ရှန်းထင်ရွှမ်းသည် ရေအေးထည့်ကာ မီးပြင်းပြင်းဖြင့် ကျိုလိုက်တော့သည်။
ရှန်းထင်ရွှမ်းသည် သူမဘေးရှိ ခြင်းတောင်းလေးကို ယူလိုက်၏။ ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်ရန် ဖုန်းကို ယူလိုက်တော့သည်။
[ဒီတောင်ရဲ့ ရှုခင်းက သိပ်လှတာပဲ။ စမ်းရေက ကြည်နေတာပဲ။]
[ဒီအစ်မကို တကယ်အားကျတယ်။ အဲ့ဒီမှာနေရတာ ဇိမ်ရှိလား။]
ရှန်းထင်ရွှမ်းက လျှောက်လာပြီးနောက် အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များကို မြင်လိုက်၏။
“ဇိမ်ရှိတယ်၊ ဒီမှာနေရတာ တကယ်သက်သောင့်သက်သာရှိတယ် “
စမ်းချောင်းသို့ ရောက်ပြီးနောက် ရှန်းထင်ရွှမ်းသည် အနီးရှိကျောက်ဆောင်ပေါ်၌ ဖုန်းကို တင်ထားလိုက်ရာ ရေတိမ်သည့်နေရာကို ရှာတွေ့ပြီး ခရုရှိမရှိ ရှာလိုက်၏။ သူမသည် ခရုများ ရှာတွေ့သည့်အချိန်၌ ခရုများကောက်ပြီးနောက် ခြင်းထဲပစ်ထည့်လိုက်သည်။
တစ်ဖက်ခြမ်းရှိ ငါးလေးက ပြော၏။ “အားရွှမ်း ငါတို့ကို မစားနဲ့နော် “
ရှန်းထင်ရွှမ်းက ပြုံးပြီး အသံတိုးတိုးဖြင့် ပြောလိုက်၏။ “စိတ်မပူနဲ့ “
ဖုန်းက ဝေးနေသောကြောင့် အင်တာနက် အသုံးပြုသူများသည့် ရှန်းထင်ရွှမ်း၏ အသံကို မကြားနိုင်ပေ။ သို့သော်ငြား ရှန်းထင်ရွှမ်း၏ အပြုံးကို မြင်နိုင်၏။
[အားရွှမ်းက တကယ်ပြုံးလိုက်တယ်။]
[ငါ ဒီအပြုံးကို သိပ်ချစ်တာပဲ။]
ခြံဝန်းထဲသို့ ပြန်သွားပြီးနောက် ရှန်းထင်ရွှမ်းသည် ရေထဲ ခရုများကို စိမ်ထားကာ ဆားအချို့ဖြူးလိုက်၏။ ပြီးနောက် မျှစ်ချဉ်များနှင့် ယခင်က မြေအိုးထဲရှိ ပဲသီးစိမ်းများကို ထုတ်ပြီး သူတို့ကို လှီးကာ ပန်းကန်ပြားထဲထည့်လိုက်သည်။ ရေထဲ၌ မှိုခြောက်များကို စိမ်ထားလိုက်တော့သည်။
အင်တာနက်အသုံးပြုသူများအားလုံးက ၎င်းကို မှတ်မိသည်။ ခရုခေါက်ဆွဲပြုလုပ်သည့် ပထမဆုံးနေ့၌ ရှန်းထင်ရွှမ်းသည် မျှစ်ကြီးများတူးပြီး ပဲသီးစိမ်းများကို ခူးကာ သူတို့ကို မြေအိုးထဲထည့်ထားခဲ့၏။ ထိုစဉ်က သူမသည် မြေအိုးထမင်းပြုလုပ်မည်ဟု သူတို့ ထင်ခဲ့တာပဲဖြစ်၏။
ရှန်းထင်ရွှမ်းက ဂေါ်ဖီထုပ်နှင့် လီလီများ သွားခူးပြီးနောက် သူတို့ကို ဆေးကြောကာ ဘေးတွင် ထားလိုက်၏။ ဂေါ်ဖီကိုလည်း သူမလက်ဖြင့် အစိပ်သေးသေးလေးများ စိပ်လိုက်သည်။
ရှင်းယွမ်ရှန်ရှိ ရေက ကြည်လင်နေသောကြောင့် ခရုထဲတွင် သဲများများစားစားမရှိပေ။ သူမက ၎င်းတို့ကို ဆားရည်ထဲတွင် အတန်ကြာ စိမ်ထားပြီးနောက် ရေသန့်သန့်ဖြင့် ဆေးလိုက်၏။ ပြီးနောက် ရှန်းထင်ရွှမ်းသည် ပွက်ပွက်ဆူနေသောအိုးထဲသို့ ၎င်းတို့ကို ပစ်ထည့်လိုက်သည်။
မှိုများကိုလည်း စိမ်ထားပြီး ၎င်းတို့ကို ဂရုတစိုက် ထုတ်ကာ သူမက ညှပ်လိုက်တော့သည်။ ပြီးနောက် အခြောက်ခံထားသော ဆန်လွှာတစ်ခုကို ယူပြီးနောက် အမျှင်လေးများ ညှပ်လိုက်တော့၏။
မြေအိုးထဲရှိ ခရုအနံ့ကလည်း ပြင်းသည်ထက်ပိုပြင်းလာ၏။ ရှန်းထင်ရွှမ်းသည် သူမဘေးရှိ လျှပ်စစ်မီးဖိုကို ဖွင့်ကာ အိုးလေးတစ်လုံးကို ထုတ်ပြီးနောက် ဟင်းရည်အချို့ခပ်ထည့်လိုက်သည်။ ၎င်းကို ပွက်ပွက်ဆူအောင်လုပ်ပြီးနောက် ဆန်ခေါက်ဆွဲ၊ မှို၊ မျှစ်၊ ပဲသီးစိမ်းနှင့် လီလီများကို ထည့်လိုက်၏။ အပိုဆောင်းအနေဖြင့် သူမသည် ခြံဝန်းထဲက ယူလာသည့် မုန်လာခြောက်များကို သေးသေးလေးများ ညှပ်ပြီးနောက် ပစ်ထည့်လိုက်တော့သည်။
အတော်ကြာ တည်ထားပြီးနောက် သူမသည် တို့ဟူးခြောက်၊ ပဲသီးနှင့် ဂေါ်ဖီတို့ကို ထည့်လိုက်တော့၏။
ဂေါ်ဖီနှင့် ခေါက်ဆွဲကို သမအောင် မွှေပြီးနောက် ယခင်က ကြော်ထားသည့် ငရုတ်ဆီတစ်လွှာကို ခပ်ပြီး ခေါက်ဆွဲပေါ်လောင်းလိုက်၏။ ဟင်းချိုရည်ကလည်း ချက်ချင်း နီသွားတော့သည်။
တစ်ချိန်တည်းထဲတွင် စနစ်အသိပေးသံက ပေါ်လာ၏။
“ဂုဏ်ပြုပါတယ် Host ၊ အခုသုံးဆယ်မြောက်တာဝန်ကို ပြီးမြောက်သွားပါပြီ၊ ဆုလာဘ်တစ်ခု ရရှိပါတယ်၊ ဝိညာဉ်သွေးကြော ၃၀% ပြန်ဖြည့်တင်းနိုင်ပါပြီ၊ တစ်နေ့တာအတွက် လုပ်ရမဲ့တာဝန်ကို ကြိုသိတဲ့ လုပ်ဆောင်ချက် ပွင့်သွားပါပြီ “
သူမ တိုက်ရိုက်ထုတ်လွှင့်နေသောကြောင့် ရှန်းထင်ရွှမ်းသည် ရင်ထဲရှိစိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားလျက် ခရုခေါက်ဆွဲကို ညစာစားခန်းထဲ သယ်သွား၏။ “ခရုခေါက်ဆွဲ အသင့်ဖြစ်ပြီ “
[ခရုခေါက်ဆွဲကို အနီးကပ်ကြည့်ဦး။ ငါ သွားရည်ကျနေပြီ။]
[ဖန်သားပြင်ကနေ ခရုခေါက်ဆွဲအနံ့ရနေတယ်နော်။]
[ခရုခေါက်ဆွဲအတွက် ငါ အော်ဒါတင်ထားလိုက်ပြီ။]
ရှန်းထင်ရွှမ်းက အနံ့ခံကြည့်လိုက်ရာ ဟင်းချိုနံ့သည် တိုက်ရိုက်ထုတ်လွှင့်မှုကနေ ဝယ်ထားသော အသင့်စား ခရုခေါက်ဆွဲထက် အနံ့ပိုမွှေးကြောင်း သိလိုက်ရ၏။
သူမသည် ခေါက်ဆွဲတစ်ဇွန်းခပ်ပြီးနောက် ပါးစပ်ထဲထည့်လိုက်၏။ အစပ်အရသာကို ဦးစွာ ရလိုက်ပြီးနောက် လတ်ဆတ်မှုနှင့် ချဉ်သည့်အရသာတို့က လိုက်ပါလာသည်။ စားသောက်ပြီးနောက် သူမသည် ကျယ်လောင်စွာ ချီးကျူးချင်သွားသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက တိတ်ဆိတ်နေသောကြောင့် ရှန်းထင်ရွှမ်း ခရုခေါက်ဆွဲစားနေသည့်အသံသာ ကြားနေရသည်။
ငရုတ်ခြောက်အနီများကလည်း စပ်၏။ ထို့ကြောင့် ငရုတ်ဆီက အစပ်အရသာရှိသည်။ ရှန်းထင်ရွှမ်းသည် အစပ်စားရာ၌ မတော်သော်ငြား အစပ်ကြိုက်သည်။ ခဏကြာ၌ သူမ၏ နဖူးပေါ်၌ ချွေးများ စို့လာသည်။ ခရုခေါက်ဆွဲအများစုကို စားခဲ့၏။ သို့သော်ငြား စပ်လွန်းသောကြောင့် သူမလျှာလေးကို ထုတ်ထားကာ ပါးများက နီရဲလာလေသည်။
အင်တာနက်အသုံးပြုသူများက ထိုမြင်ကွင်းကို ပုံရိုက်ထားလေ၏။
[ထွက်နေတဲ့လျှာလေးက ချစ်ဖို့ကောင်းလိုက်တာ။]
[အီမိုဂျီအနေနဲ့ သုံးဖို့ထားရမယ်။]
[ငါ့လိုပဲ အရမ်းစပ်တာကို စားတဲ့အချိန်တိုင်း အဲ့လိုဖြစ်တယ်။]
[ငါ တကယ် ဗိုက်ဆာနေပြီ။ ဒါပေမဲ့ ခရုခေါက်ဆွဲက ရောက်မလာသေးဘူး။]
ရှန်းထင်ရွှမ်းသည် ခရုခေါက်ဆွဲတစ်ပန်းကန်ကို ကျေနပ်အားရစွာ စားသောက်ပြီးသွား၏။ ပြီးတော့မှ အင်တာနက်အသုံးပြုသူများက ၎င်းကို မဲဖောက်ပေးရန် မေးနေတာကို တွေ့လိုက်ရသည်။
“ဒါက ခက်ခဲလွန်းတယ်၊ ဒီနေ့ ကြည့်ရှုသူဆယ်ယောက်ကို မဲဖောက်ပေးမယ်၊ သူတို့ကို မျှစ်ချဉ်တွေပို့ပေးမယ်လေ၊ ကိုယ့်ဘာသာကိုယ် ခရုခေါက်ဆွဲလုပ်လို့ရတာပေါ့ “
[ဆန်ခေါက်ဆွဲနဲ့ ခရုဟင်းချိုကိုပါ ထည့်ပို့ပေးလိုက်ဖို့ အကြံပြုချင်ပါတယ်။ ပြုံးနေသောပုံ]
ရှန်းထင်ရွှမ်းသည် အနိုင်ရသူများကို ရွေးပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်၏။
“စနစ် ငါ အရင်တုန်းက ပါဝင်ပစ္စည်းဆယ်မျိုးကျော် သုံးခဲ့တာပဲ၊ ဘာကြောင့် မအောင်မြင်တာလဲ၊ နှောင့်နှေးနေတာကြောင့်လား “
စနစ်။ “မဟုတ်ဘူး၊ တာဝန်မှာ သုံးထားတဲ့ ပါဝင်ပစ္စည်းတွေက Host ကို ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေပဲဖြစ်ရမယ်၊ ဥပမာ ပဲသီးချဉ်၊ ဆန်နဲ့ မှိုတွေလိုပေါ့ “
“ခရုကို ထည့်မတွက်ဘူးလား၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ရှင်းယွမ်ရှန်ကပဲလေ“
“မတွက်ဘူး၊ Host က သူတို့ကို မျိုးပွားအောင် ဝိညာဉ်စွမ်းအင်သုံးပေးထားတာကြောင့် မဟုတ်ရင် သူတို့ကို ထည့်တွက်လို့ ရမှာ မဟုတ်ဘူး “
“ “ ရှန်းထင်ရွှမ်း၏ အမူအရာက သုန်မှုန်သွားသည်။ သူမ ထပ်သည်းမခံနိုင်တော့ဘူး။ စွမ်းအင်သုံးပြီး ခရုမျိုးပွားအောင် လုပ်ပေးရမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။
ပြီးနောက် ရှန်းထင်ရွှမ်းက မေးလိုက်တော့၏။ “တခြားစွမ်းရည်တွေကရော ဘယ်အချိန်မှာ ပွင့်မှာလဲ “
ယခင်က ဝိညာဉ်သွေးကြော ၁၅% ပြန်ကောင်းလာချိန် တိရစ္ဆာန်များနှင့် ဆက်သွယ်နိုင်သည့် အရည်အချင်းက ပွင့်လာလေ၏။
စနစ်။ “နောက်ထပ်စွမ်းရည်တွေက ဝိညာဉ်သွေးကြော ၄၅% ပြန်ရလာပြီးမှ ပွင့်မှာပါ “
“ဒါဆို မနက်ဖြန် ငါ့ရဲ့ တာဝန်က ဘာလဲ “ ရှန်းထင်ရွှမ်းက ထပ်မေးလိုက်၏။
စနစ်။ “Host က တာဝန်ကို တစ်ရက်ပဲ ကြိုသိမှာ၊ ဒါကြောင့် သဘက်ခါမှ နောက်လာမဲ့ တာဝန်ကို သိမယ် “
ရှန်းထင်ရွှမ်းက ဒေါသထွက်သွား၏။ “ “ စနစ်က သူမနှင့် စကားလုံးဂိမ်းဆော့နေတာပဲ ဖြစ်သည်။
ချင်ယွဲ့ကျီသည် လတ်တလော၌ ရုပ်ရှင်ရိုက်ရတာ အတော်လေးပင်ပန်းလာလေ၏။ သူ၏ သီးခြားရိုက်ကွက်အများစုသည် တစ်ကြိမ်တည်းရိုက်ပြီးသော်ငြား တွဲရိုက်သည့် ပါတနာကမူ သဟဇာတသိပ်မဖြစ်ပေ။ အကြိမ်တိုင်း NG ဖြစ်နေပြီးနောက် တစ်ဖက်လူသည် သူ့ကို ဦးစွာတောင်းပန်ခဲ့ပြီး ကျန်သည့်သူများ ဝေဖန်ရခက်ခဲသွားစေတော့၏။
အမှန်တကယ်တွင် ဇာတ်လိုက်၏ သရုပ်ဆောင်စွမ်းရည်က မကောင်းတာမဟုတ်ဘဲ ချင်ယွဲ့ကျီ၏ သရုပ်ဆောင်စွမ်းရည်က မြင့်မားလွန်းနေတာပဲဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် သူမ၏ သရုပ်ဆောင်စွမ်းရည်က သဘာဝမကျတော့ပေ။
နေ့လယ်တွင် ဒါရိုက်တာသည် NG သုံးခါ ရိုက်ကူးပြီးနောက် ရိုက်ကူးရေးကို နားလိုက်သည်။ သို့မှသာ ရိုက်ကွင်းအတွင်းရှိ ဇာတ်လိုက်ကလည်း တဖက်၌ မှန်ကန်သည့် စိတ်ခံစားချက်ရှာနိုင်လိမ့်မည်။
ဝန်ထမ်းအချို့က အနည်းငယ် ပျင်းလာလေ၏။ နေ့လယ်စာစားချိန်ရောက်ပြီဖြစ်သော်ငြား ရိုက်ကွင်းက နှေးနေသောကြောင့် သူတို့ မည်သည့်အချိန်ကျမှ နေ့လယ်စာစားနိုင်မည်မှန်း မသိရပေ။
ချင်ယွဲ့ကျီက ခုံတွင် ထိုင်ကာ စိတ်ကို အနားပေးရန် မျက်လုံးမှိတ်ထားလိုက်၏။
ရှောင်ယွဲ့၏ ဖုန်းထဲကနေ စားသောက်နေသည့် အသံကို ကြားလိုက်ရချိန်၌ သူလှုပ်ရှားတော့သည်။
ငယ်ရွယ်စဉ်ထဲက သူသည် စားသောက်နေစဉ် ထိုကဲ့သို့ အသံမျိုးထွက်ခြင်းက မသင့်တော်ကြောင်း သင်ကြားခံခဲ့ရ၏။ သို့သော် ချင်ယွဲ့ကျီက ထိုအသံသည် အနည်းငယ် ချစ်စဖွယ်ကောင်းးသည်ဟု ခံစားမိသည်။ သူက တစ်ချက်ကြည့်လိုက်ရာ ရှောင်ယွဲ့၏ ဖုန်းပေါ်၌ ရင်းနှီးနေသည့် မျက်နှာကို တွေ့လိုက်ရ၏။ သူက ခရုခေါက်ဆွဲစားနေတာပဲဖြစ်သည်။ ပူလွန်းသောကြောင့် သူမ လျှာထုတ်နေတာ ဖြစ်ရမည်။
ခရုခေါက်ဆွဲက ကယ်လိုရီများပြီး အရသာက သဘောမတွေ့စရာဖြစ်၏။ ထို့ကြောင့် ချင်ယွဲ့ကျီသည် ၎င်းကို မစားရသေးပေ။
ရှန်းထင်ရွှမ်း အလုတ်ပေါင်းများစွာ စားတာကို မြင်ပြီး ချင်ယွဲ့ကျီသည် ခရုခေါက်ဆွဲ ရုတ်တရက်ကြီး စားချင်လာ၏။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီးနောက် ရှောင်ယွဲ့က မော့ကြည့်လိုက်သည်။
“အစ်ကိုချင် ဒီည ဘာစားချင်လဲ “ ယခုရိုက်ကွက်၏ ရိုက်ကူးပြီးသည့်အချိန်၌ ရိုက်ကူးရေးအဖွဲ့၏ နေ့လယ်စာက အေးနေလောက်မှာပဲ ဖြစ်သည်။
“ခရုခေါက်ဆွဲ “
ရှောင်ယွဲ့သည် မြေကြီးပေါ် လဲကျလုနီးပါး ဖြစ်သွားသည်။ “ဘာ “
ချင်ယွဲ့ကျီက ထပ်ပြောလိုက်၏။ “ခရုခေါက်ဆွဲ “
“ကိစ္စမရှိပါဘူး၊ ကျွန်တော် အခုပဲ သွားဝယ်လိုက်မယ် “ ရှောင်ယွဲ့သည် ထိုသို့ပြောပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွား၏။
“ဒါပေမဲ့ ခရုခေါက်ဆွဲက ကယ်လိုရီများတယ်နော် “ ထိုအကြောင်းကို အိုက်မင်သိလျှင် ၎င်းကို သေချာပေါက် ပြောလိမ့်မည်။
ကံဆိုးသည်မှာ ချင်ယွဲ့ကျီက ရိုက်ကူးရန် ပြန်သွားပြီဖြစ်၏။ ထိုအကြောင်းကို တွေးပြီးနောက် ရှောင်ယွဲ့သည် အသင့်စားခရုခေါက်ဆွဲနှစ်ဘူးကို သွားဝယ်သေး၏။
သူတို့အိုက်မင်ကို မပြောဘဲ တစ်ခါလောက် ခိုးစားနိုင်သည်။
ရှန်းထင်ရွှမ်းက သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် လူများစွာ၏ ညစာကို ခရုခေါက်ဆွဲအဖြစ် ပြောင်းလဲသွားစေကြောင်း မသိသေးပေ။ ခရုခေါက်ဆွဲရောင်းသည့် ဆိုင်များကလည်း ရောင်းချမှုနှုန်း နှစ်ဆဖြစ်သွား၏။
ရှန်းထင်ရွှမ်းသည် မီးဖိုချောင်ကို သန့်ရှင်းပြီးနောက် ရေချိုးကာ အိပ်ယာပေါ်တွင် လှဲလျက် ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စကြည့်တော့သည်။
ယနေ့တွင် ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုက နာမည်ကျော်စတား ပိုင်ဟောက်ကို ဖိတ်ကြားထားလေ၏။ ရှန်းထင်ရွှမ်းက အလေးထား ကြည့်နေလေ၏။ သူမ တိုက်ရိုက်ထုတ်လွှင့်မှု စတင်ရခြင်း၏ ရည်ရွယ်ချက်က ချင်ယွဲ့ကျီကို ဖိတ်ခေါ်နိုင်ရန် ဖြစ်သည်။ နောက်ကျ ချင်ယွဲ့ကျီသည် သူမ တိုက်ရိုက်မှု အခန်းသို့ အမှန်တကယ် လာခဲ့လျှင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲ၌ ဖိတ်ကြားထားသည့် စတားများ ပြောကြားသည့် အကြောင်းအရာကို သူမသည်လည်း သင်ယူနိုင်မည် မဟုတ်ပါလော။
ဗီဗီသည် ဖိတ်ကြားထားသော ပိုင်ဟောက်ကို ကောင်းကောင်းသိမှန်း ရှန်းထင်ရွှမ်းရှာတွေ့သွား၏။ ပစ္စည်းများယူလာတာအပြင် သူတို့နှစ်ယောက်က ပိုင်ဟောက်၏ လတ်တလော ရုပ်ရှင်များနှင့် ဘဝရှိ စိတ်ဝင်စားဖွယ်ကိစ္စရပ်များအကြောင်းကို ပြောဆိုနေကြသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိပရိတ်သတ်များအားလုံးက အော်ဟစ်နေကြတော့သည်။
ရှန်းထင်ရွှမ်းက ရုတ်တရက် တုန့်ပြန်မိလိုက်သည်။ သူမသည် ချင်ယွဲ့ကျီ၏ ရုပ်ရှင်တစ်ကားကိုမှ မကြည့်ဖူးပေ။ နောင်ကျ ချင်ယွဲ့ကျီကို သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ ဖိတ်ခဲ့လျှင် သူမ ပြောစရာရှိမည့်ပုံမပေါ်။
ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲ၌ သူတို့က လတ်တလော၌ ပိုင်ဟောက်ရိုက်ထားသော အဆာပြေမုန့်ကြော်ငြာကို နောက်ကွယ်ရှိဖန်သားပြင်ကြီးပေါ်၌ ထုတ်လွှင့်ပြနေ၏။
ရှန်းထင်ရွှမ်းက စဉ်းစားလိုက်တော့သည်။
Weibo ၌ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ရှန်းထင်ရွှမ်း၏ ခရုခေါက်ဆွဲလုပ်သည့် ဖြစ်စဉ်က တဖြည်းဖြည်းချင်း လူကြိုက်များလာတော့၏။
ခရုခေါက်ဆွဲစားရတာ နှစ်ခြိုက်သည့်သူများစွာ ရှိသည်။ သို့သော် လူအများစုသည် ရှန်းထင်ရွှမ်းကဲ့သို့ ခရုခေါက်ဆွဲမလုပ်တတ်ကြချေ။ အထူးသဖြင့် ရှန်းထင်ရွှမ်းသည် ထိုခရုခေါက်ဆွဲများပြုလုပ်ရန် တိုက်ရိုက်ထုတ်လွှင့်မှုကနေ ညွှန်ပြပေးခဲ့တာပဲဖြစ်သည်။
ပရိတ်သတ်အချို့သည် ရှန်းထင်ရွှမ်း၏ ခရုခေါက်ဆွဲလုပ်သည့် တိုက်ရိုက်ထုတ်လွှင့်မှုကို ဗီဒီယိုအတိုလေးအဖြစ် ပြုပြင်ပြီးနောက် ၎င်းကို Weibo ပေါ် တင်လိုက်၏။ ပြန်တင်သည့် ပမာဏက တစ်သောင်းကျော်သွားသည်။
ရလာဒ်အနေဖြင့် ‘အားရွှမ်းခရုခေါက်ဆွဲ’ ဟူသည်က ရှာဖွေမှုများထဲရောက်နေပြီး ရှန်းထင်ရွှမ်း၏ Weibo ဖော်လိုဝါသည် သုံးသန်းကျော်သွားသည်။
အင်တာနက်အသုံးပြုသူများစွာသည် သူမခရုခေါက်ဆွဲရောင်းရန် အကြံပေးဖို့ ရှန်းထင်ရွှမ်း၏ Weibo သို့သွားကြသည်။
ရှန်းထင်ရွှမ်းက ထိုအကြောင်းကို မသိပေ။ နောက်နေ့နံနက်၌ သူမက ကားမောင်းပြီး မြို့တော် B ရှိ အိမ်ဆောက်ပစ္စည်းရောင်းသည့်ဆိုင်သို့ သွားလိုက်၏။ သူမက အင်္ဂတေများစွာ၊ သဲနှင့် ကြွေထည်မြေထည်များ ဝယ်လိုက်၏။ သူမသည် မှန်လုံအိမ်များပြုလုပ်သည့် တစ်စုံတစ်ယောက်ကိုလည်း ရှာတွေ့သွား၏။ ထို့ကြောင့် သူတို့က လာရောက်တိုင်းတာပေးသည်။
ထိုစဉ် ဆိုင်ပိုင်ရှင်များသည် ရှန်းထင်ရွှမ်းက ထိုပစ္စည်းများကို သယ်ရန်အတွက် X တံဆိပ်ကားကို သုံးသည်ကို မြင်သောအခါ ထိတ်လန့်သည့် အမူအရာများ ဖြစ်ကုန်၏။ ဆောက်လုပ်ရေးကုန်ကြမ်းများကို ဝယ်ရန် ဤနေရာသို့ ရောက်လာသည့် လူအများစုသည် ပစ်ကပ်များသာ ယူလေ့ရှိပြီး ရှန်းထင်ရွှမ်းက ထိုကဲ့သို့ အိမ်စီးကားမျိုးကို သုံးတာ ပထမဆုံးအကြိမ်ပဲ ဖြစ်သည်။
မနေ့တုန်းက ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီး ရှန်းထင်ရွှမ်းသည် နောက်ဖေးခြံဝန်းကို အသွင်ပြောင်းရန် ဆုံးဖြတ်လိုက်၏။
နောက်ဖေးခြံဝန်းသည် အစက ပေါင်းပင်များ ပြည့်နေသည့် နေရာဖြစ်သည်။ ရှန်းထင်ရွှမ်းသည် ယခင်က ပေါင်းပင်များကို ရှင်းခဲ့၏။ သို့သ်ော လတ်တလော၌ နေရာလွတ်ဖြစ်နေ၏။ ရှန်းထင်ရွှမ်းသည် သူမကိုယ်တိုင် ဖန်လုံအိမ်တစ်ခန်းတည်ဆောက်ရန် ဆုံးဖြတ်လိုက်၏။
နောက်ဖေးခြံဝန်းထဲ၌ ရှန်းထင်ရွှမ်းသည် ဆောက်လုပ်ရေးကုန်ကြမ်းများကို ချပြီးနောက် ကားကို ဆေးကြောတော့၏။
သူမသည် အခန်းတည်ဆောက်ရန် အလျင်မလိုပေ။ သို့သော်ငြား မျိုးစေ့အချို့ကို ယူပြီးနောက် မြေပြင်ပေါ်၌ အပင်စိုက်ရန် တောင်အောက်ဆင်းသွား၏။
နေ့လယ်နှစ်နာရီ၌ ဖန်လုံအိမ်ပြုလုပ်ပေးသည့် ကုမ္ပဏီမှ ဝန်ထမ်းနှစ်ဦးရောက်လာပြီး သူတို့က ဖန်လုံအိမ်ထားရှိမည့်နေရာအကြောင်း ရှန်းထင်ရွှမ်နှင့် ပြောဆိုခဲ့ပြီး အရွယ်အစားကို တိုင်းတာကာ ဖန်ကို ရွေးချယ်ခဲ့ကြသည်။ ရှန်းထင်ရွှမ်းက ခြံဝန်း၏ ကျန်သည့်ပြတင်းပေါက်များကိုလည်း အစားထိုးလိုကြောင်း သူ့ကို ပြောခဲ့၏။
တိုင်းတာမှုသည် နာရီဝက်ခန့်ကြာခဲ့ပြီး အချက်အလက်များကို မှတ်တမ်းတင်ပြီးနောက် ခြံဝန်းထဲက ထွက်သွားသည်။
ရှန်းထင်ရွှမ်းသည် အပင်စိုက်ရန်အတွက် တောင်ခြေသို့ ပြန်သွားပြီးနောက် ရက်အနည်းငယ်အတွင်း ခြံဝန်းထဲမှ မြေအားလုံးသည် ဝါးပင်များ စိုက်ပျိုးထားပြီး ဖြစ်နေ၏။ တောင်တစ်တောင်လုံးက လေးပုံတစ်ပုံ စိုက်ပျိုးထားတာနှင့် ညီမျှသည်။
ညနေငါးနာရီ၌ ရှန်းထင်ရွှမ်းသည် ခြံဝန်းထဲသို့ ပြန်လာကာ တိုက်ရိုက်ထုတ်လွှင့်မှု စတင်၏။
[အစ်မရေ ခရုခေါက်ဆွဲလုပ်လို့ပြီးသွားပြီ။ ဒီနေ့ ဘာကို တိုက်ရိုက်ထုတ်လွှင့်မှာလဲ။]
ကျန်သည့်တင်ဆက်သူများနှင့် မတူဘဲ ရှန်းထင်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုက ပြောစရာသီးသန့်ဖြစ်နေပြီး ကုန်ပစ္စည်းမရောင်းချပေ။ သူမ၌ ဆိုင်တစ်ဆိုင်ရှိသော်ငြား သူမ၏ စိတ်အခြေအနေပေါ် မူတည်ပြီး ကုန်ပစ္စည်းများကို ပြန်ဖြည့်တာပဲဖြစ်သည်။
“ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မှာကတော့ အိမ်တစ်လုံးတည်ဆောက်ဖို့ပဲ “ ရှန်းထင်ရွှမ်းသည် သူမဖုန်းထားရန် နေရာတစ်နေရာကို ရှာပြီးနောက် ဘိလပ်မြေ စရောတော့၏။
[ဘာ။]
[အိမ်တစ်လုံးဆောက်မှာလား။ အစ်မက ငါ့ရဲ့မှန်းဆချက်ကို ထပ်ပြီး ချိုးဖျက်လိုက်ပြန်ပြီ။]
ဘိလပ်မြေတစ်အိတ်သည် အနည်းဆုံးနှစ်ရာကတ်တီခန့် လေး၏။ သို့သော် ရှန်းထင်ရွှမ်းက ၎င်းကို လွယ်လင့်တကူ မလိုက်သည်။
[ငါသာ ဘိလပ်မြေအလေးချိန်ကို မသိထားရင် ရှန်းထင်ရွှမ်းက ဖော့တုံးလေးတွေ ရွေ့လိုက်တယ်လို့ ထင်မိမှာပဲ။]
[ဒီဘိလပ်မြေအိတ်က နှစ်ရာကတ်တီလေးတယ်။ အားရွှမ်းက ဒါကို ဘယ်လိုများ မ,နိုင်တာပါလိမ့်။]
[ဖန်သားပြင်ရှေ့မှာ ?တစ်ခု ဖြည်းဖြည်းချင်း ထအပ်လိုက်ပါတယ်။]
အစ၌ လူတိုင်းသည် ကျန်သည့်ပစ္စည်းများ ဘိလပ်မြေအိတ်ထဲ ထားထားသည်ဟု တွေးနေကြတာဖြစ်သည်။ သို့သော် ရှန်းထင်ရွှမ်းက မြေပြင်ပေါ်သို့ ဘိလပ်မြေကို တိုက်ရိုက်လောင်းချပြီး ကျောက်စရစ်ခဲလေးများထည့်ကာ ရေဖြင့် ရောလိုက်လေ၏။
အင်တာနက်အသုံးပြုသူများက ဘိလပ်မြေအိတ်သည် အစစ်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်၏။
[အစ်မလေးက သိပ်သန်မာတာပဲ။]
[666။ သူမက သစ်သားတွေကို စာရွက်ဖြတ်သလို ဖြတ်တဲ့အချိန်တုန်းက တွေးမိတာနဲ့ တူတူပဲ။]
[ဒါက သဘာဝစွမ်းအားလား။]
ရှန်းထင်ရွှမ်းသည် အင်္ဂတေကြမ်းခင်းခင်းပြီးနောက် ယနေ့တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်လိုက်၏။
ဒုတိယမြောက်နေ့၌ ရှန်းထင်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုက တိုင်များထောင်တာဖြစ်သည်။ တဖန် အင်တာနက်အသုံးပြုသူများ၏ နားလည်သဘောပေါက်မှုကို ပြန်ပြီး အရောင်တင်ပေးလိုက်၏။ တတိယမြောက်နေ့ နံနက်ခင်း၌ ဖန်လုံအိမ်ကုမ္ပဏီ၏ ဝန်ထမ်းသည် ခြံဝန်းထဲသို့ ရောက်လာပြီး ဖန်လုံအိမ်တည်ဆောက်သို့ ဖန်များ စတင်တပ်ဆင်ပေးသည်။
ရှန်းထင်ရွှမ်းသည် သူတို့ကို နောက်ဖေးခြံဝန်းဆီသို့ ဦးဆောင်ခေါ်သွားပေးပြီးနောက် သူမသည် အပင်စိုက်ရန်အတွက် တောင်အောက်သို့ ပြေးဆင်းသွား၏။ အစက ဝန်ထမ်းများသည် ရှန်းထင်ရွှမ်းက အခန်းထဲတွင် အနားယူနေတာဟု တွေးထင်ခဲ့သည်။ သို့သော် နောင်မှ ခြံဝန်းထဲတွင် မည်သူမှ မရှိကြောင်း ရှာတွေ့သွား၏။
သူတို့သည် တမနက်လုံး ဖန်လုံအိမ်တည်ဆောက်နေခဲ့၏။ ကျန်သည်က ခြံဝန်းထဲရှိ ပြတင်းပေါက်များကို အစားထိုးရန် ဖြစ်သည်။ ယင်းက ပိုရိုးရှင်းသည်။
နေ့လယ်၌ ရှန်းထင်ရွှမ်းသည် လက်ထဲတွင် သစ်သီးများ ခူးယူလာပြီးနောက် ခြံဝန်းထဲသို့ ပြန်လာကာ အလုပ်သမားလေးဦးအတွက် ခေါက်ဆွဲများ ချက်ပေး၏။ “နေ့လယ်စာ အရင်စားလိုက်ရအောင်၊ ပြီးမှ ဆက်လုပ်ကြတာပေါ့ “
လေးယောက်သားက ကျေးဇူးတင်လျက် စားစရာကို ယူလိုက်ကြ၏။ သူတို့လာချိန်၌ ပေါင်မုန့်များ သယ်လာခဲ့သည်။ သို့သော် နေ့လယ်၌ ပူပူနွေးနွေးစားစရာ စားနိုင်လျှင် မည်သူက ပေါင်မုန့်စားချင်မည်နည်း။
ထိုခေါက်ဆွဲတစ်ပန်းကန်အပြင် ရှန်းထင်ရွှမ်းသည် ဖရဲသီးစိပ်လည်း လှီးပေးထားပြီး ဘေးတွင် ချပေးထား၏။
ရေအတွက်မူ သူတို့ရေသောက်ချင်လျှင် မီးဖိုချောင်ထဲတွင် တိုက်ရိုက်ငှဲ့သောက်၍ ရနိုင်ကြောင်း ထိုဝန်ထမ်းများကို သူမ ရှင်းပြထားခဲ့၏။
ရှန်းထင်ရွှမ်း ထိုမျှအားနာနေတာကို ဝန်ထမ်းက မြင်သည့်အချိန်တွင် ပြောလိုက်၏။ “ဒီဖန်လုံအိမ်ကို ပြောင်းဖို့လိုတယ်ထင်လား “ သူတို့တည်ဆောက်နေစဉ်၌ ရှန်းထင်ရွှမ်းကို သူမ၏ အမြင်ကို မေးချင်ခဲ့သည်။ သို့သော် လှည့်ပတ်ကြည့်လိုက်ရာ ခြံဝန်းထဲ၌ ရှန်းထင်ရွှမ်းမရှိကြောင်း ရှာတွေ့ခဲ့တာပဲဖြစ်သည်။
“မလိုဘူး “
တည်ဆောက်မှုသည် တစ်နေ့တုန်းက ပြောခဲ့သည့် အစီအစဉ်အတိုင်း ပြီးမြောက်ပြီဖြစ်ရာ ရှန်းထင်ရွှမ်းက အလွန်ကျေနပ်နေ၏။
“ဒါဆိုရင် ကျွန်တော်တို့တွေ ပြီးမှ ပြတင်းပေါက်လဲလိုက်မယ် “
“ဟုတ်ပြီ”
…
အခန်း (၄၆) (ခ)
ရှန်းထင်ရွှမ်းကလည်း ထမင်းစားခန်းသို့ ပြန်လာပြီးနောက် သူမခေါက်ဆွဲကို ပြီးအောင်စားကာ လယ်ဆက်စိုက်တော့၏။
နောက်ဖေးခြံဝန်းတွင် ထိုင်နေသော အလုပ်သမားလေးဦးကလည်း လက်များ ဆေးကြောပြီးနောက် ခေါက်ဆွဲများ စစားတော့သည်။
သူတို့ထဲမှ တစ်ယောက်က ခေါက်ဆွဲတစ်လုတ်စားပြီးသည်နှင့် အံ့ဩသွားတော့သည်။
“ဒီခေါက်ဆွဲက သိပ်အရသာရှိလိုက်တာ “
“မင်း ဗိုက်ဆာနေတာလို့ ထင်တယ် “
နောက်တစ်ယောက်က ပြောလိုက်၏။
“ဒါပေမဲ့ စားလို့ကောင်းတဲ့ပုံပေါ်တယ်နော် “ ဆန်ခေါက်ဆွဲများက ကြည်လင်နေပြီး အတွင်း၌ မျှစ်များနှင့် မှိုများရှိနေသည်။ အပေါ်ရှိ အနီရောင် ငရုတ်ဆီကတောင် စွဲမက်စရာအကောင်းဆုံး ဖြစ်နေ၏။
“ရှောင်တိန့်ပြောတာ မှန်တယ်၊ ဒီခေါက်ဆွဲက တကယ်အရသာရှိတယ်၊ ဆန်ခေါက်ဆွဲက သိပ်ကို သန့်တာပဲ၊ ဘာမှထပ်မထည့်ထားဘူး “
“မျှစ်ချဉ်လည်း ရှိသေးတယ်၊ အရသာက ကောင်းလွန်းတယ် “
“ဒီငရုတ်ဆီကလည်း အရသာရှိတယ်၊ တစ်လုတ်စားပြီးတာနဲ့ ဇိမ်ရှိသွားရောပဲ “
သုံးယောက်သားက ဆွေးနွေးနေသော်လည်း ဘေးတွင် ထိုင်နေသည့် တစ်ယောက်ကမူ ခေါက်ဆွဲစားပြီးပြီဖြစ်ကာ ဖရဲသီးကို တိတ်တိတ်ဆိတ်ဆိတ် စားနေကာ တစ်ကိုက်ပြီးတစ်ကိုက် စားနေ၏။
ကျန်သည့်သုံးယောက်က ခေါက်ဆွဲစားပြီး ဖရဲသီး စားလိုက်သည့်အချိန်တွင် ဖရဲသီးက ပိုတောင်အရသာရှိနေကြောင်း သိလိုက်ရသည့်အခါ သူတို့အံ့ဩသွားတော့သည်။
“လောင်တိန့် မင်းက အကြင်နာတရားမရှိဘူးပဲ “ လောင်တိန့်သည် သူ့ဘာသာသူ ဖရဲသီးသုံးစိပ်စားလိုက်၏။
လေးယောက်သားက စကားပြောရပ်ပြီးနောက် ဖရဲသီးကို အမြန်စားလိုက်ကာ ခဏအတွင်း ကုန်သွားတော့သည်။
စားသောက်ပြီးနောက် လေးယောက်သားသည် ပြတင်းပေါက်များ အမြန်လဲလိုက်၏။ ညနေလေးနာရီကျော်ပြီးနောက် ပြတင်းပေါက်များအားလုံး တပ်ဆင်ပြီးသွားပြီဖြစ်ကာ ရှန်းထင်ရွှမ်းက သူတို့ကို ငွေပေးချေလိုက်သည်။
သူတို့အားလုံးက ဖရဲသီးတစ်လုံးစီ ဝယ်သွားတော့၏။ သူတို့ ထွက်သွားပြီးနောက် ရှန်းထင်ရွှမ်းက မနက်ဖြန်တာဝန်ကို ရုတ်တရက် တွေးမိသွား၏။ “စနစ် မနက်ဖြန်တာဝန်အကြောင်း အခုပြောပြဦး “
စနစ်က ပြော၏။ “Host စိုက်ပျိုးတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို လူပေါင်း၅၂၄၂၈၈ စားဖို့လိုပါတယ် “
“သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေလား “
“ဟုတ်တယ်၊ Host ကိုယ်တိုင် စိုက်ပျိုးတာဖြစ်သရွေ့ တာဝန်ထဲထည့်တွက်နိုင်တယ်၊ ပြီးတော့ တာဝန်ပြီးမြောက်ဖို့အချိန်အကန့်အသတ်ကို ငါးရက်ထားထားပေးတယ် “
လူပေါင်း ငါးသိန်းနှစ်သောင်းကျော်ကို ငါးရက်ခွဲဝေလိုက်ပြီဆိုလျှင် သူမက နေ့စဉ်နေ့တိုင်း တစ်ရက်လျှင် လူတစ်သိန်းခွဲကျော်ကို စားခိုင်းရန် လိုအပ်သည်။
ရှန်းထင်ရွှမ်းသည် ပမာဏကို တွက်ချက်ပြီးနောက် အွန်လိုင်းစျေးဆိုင်ပေါ်၌ သူတို့ကို တင်လိုက်၏။ လက်ရှိတွင် ပါ့ယွဲ့ကွားနှင့် တရုတ်ဆီးသီးများကို ဩဂုတ်လအတွင်း ခူးနိုင်တာ ဖြစ်၏။ ထို့ကြောင့် သစ်သီးရှစ်မျိုးသာလျှင် ကျန်သည်။ ထို့အပြင် ဟင်းသီးဟင်းရွက်များကိုလည်း စျေးဆိုင်ပေါ်တွင် တင်နိုင်၏။ သို့သော်ငြား ရှန်းထင်ရွှမ်းက ယင်းက နည်းနည်းတော့ ဒုက္ခများသည်ဟု ခံစားမိသည်။
ဖရဲသီးနှင့် သခွားမွှေးသီးကို တစ်လုံးချင်းရောင်းနိုင်၏။ အကြောင်းမှာ ရှောင်ဖုန်းသည် ပစ္စည်းပို့ဆောင်ရေးထုထည်ကြီးမားပြီး ကားက တစ်ရက်လျှင် နှစ်ကြိမ် သစ်သီးများ ချပေးနိုင်သောကြောင့် ဖြစ်၏။ ယခု စပျစ်သီးများကိုလည်း အိမ်နီးချင်းမြို့များဆီပို့ပေးနိုင်၏။ သို့သော်ငြား တတိုင်းမွှေးဘယ်ရီကမူ မြို့တော် Bတွင်သာ ရောင်းချလို့ရသည်။
သစ်သီးများကို စျေးဆိုင်ပေါ်တင်ပြီးနောက် ရှန်းထင်ရွှမ်းသည် တိုက်ရိုက်ထုတ်လွှင့်မှု စတင်တော့၏။
“နေပူဆာလှုံခန်း တည်ဆောက်ပြီးပြီ၊ ဒါပေမဲ့ ကျွမ်းကျင်သူတွေ လုပ်ပေးခဲ့တဲ့ ဖန်စတီးပုံစံကတော့ ယူသွားပြီးပြီ “ (အရှေ့ပိုင်းမှာလေ ဖန်လုံအိမ်လို့ ပြန်ခဲ့မိတယ်၊ ဒါပေမဲ့ သူရေးထားပုံအရ နေပူဆာလှုံတဲ့အခန်း ဖြစ်ဖို့များ)
သုံးရက်အတွင်း နောက်ဖေးခြံဝန်းတစ်ခုလုံးက လှပသည့်နေပူဆာလှုံခန်း ဖြစ်လာခဲ့သည်။ အခန်းထဲရှိတိုင်များက အညိုရောင်ဖြစ်ပြီး ခြံဝန်းထဲရှိ ကြမ်းပြင်၏အရောင်နှင့် ဆင်တူ၏။
[ငါတော့ အသက်ရှူမှားနေပြီ လှလိုက်တာ]
[အပူပေးထားတာဆိုတော့ ဆောင်းရာသီကျ နှင်းကျတဲ့အခါ အပြင်က နှင်းတွေကို လှမ်းကြည့်ရရင် သိပ်ကောင်းမှာပဲ]
ရှန်းထင်ရွှမ်းသည် ပရိုဂျက်တာတစ်ခုနှင့် ဖန်သားပြင်တစ်ခုကို ဝယ်ထားပြီးဖြစ်သည်။ ထို့ကြောင့် ယနေ့တိုက်ရိုက်ထုတ်လွှင့်မှုအကြောင်းအရာအကြောင်းကို တွေးလိုက်၏။
“ဒီနေ့ ကျွန်မ ဆိုဖာတစ်ခုလုပ်မယ် “
နေပူစာလှုံသည့် အခန်းထဲတွင် ထားရန်ဖြစ်သည်။ ရှန်းထင်ရွှမ်းက အရွယ်အစားကို ဂရုတစိုက် တိုင်းတာလိုက်၏။ ပြီးနောက် သူမက တောင်ပေါ်တက်ကာ အနီရောင် စန္ဒကူးသစ်ပင်ကို ဖြတ်တောက်လိုက်၏။ ပြီးနောက် ဆိုဖာ စလုပ်တော့သည်။ ဆိုဖာဘောင်ကို အလွန်ကောင်းမွန်စွာ ပြုလုပ်ထားတာဖြစ်၏။ ကူရှင်အတွက်မူ ရှန်းထင်ရွှမ်းက သူတို့ကို အွန်လိုင်းပေါ်၌ သီးသန့်ပြုလုပ်ခိုင်းရန် ရည်ရွယ်ထား၏။
ရှန်းထင်ရွှမ်းက ဆိုဖာခုံပြုလုပ်ပြီးသည့်အချိန်တွင် ခုနစ်နာရီထိုးခါနီးပြီဖြစ်သည်။
“ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မှုက ဒီမှာပဲ အဆုံးသတ်ပါမယ်၊ ပြီးတော့ စျေးဆိုင်မှာ သစ်သီးတွေ ပြန်ရောက်နေပါပြီ “
[လခွမ်း။]
[ဒါ သတင်းကောင်းပဲ။]
[ဘုရားသခင်။ အခုချက်ချင်း သွားဝယ်တော့မယ်။ ငါ ရွှေဖရုံသီးလည်း လိုချင်တယ်လေ။]
တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ပြီးနောက် ရှန်းထင်ရွှမ်းသည် အရွယ်အစားတိုင်းကာ ကူရှင်များ ဝယ်လိုက်သည်။ ထိုအကြောင်းကို တွေးမိပြီးနောက် သူမသည် ကျန်ရှိသော သစ်သားဖြင့် ကော်ဖီစားပွဲလုပ်ကာ ဆိုဖာရှေ့၌ ချလိုက်၏။
အစက အင်တာနက်အသုံးပြုအချို့သည် ရှန်းထင်ရွှမ်းက သစ်သီးများ ပြန်လည်တင်ကြောင်း ကြားသည့်အချိန်၌ အချို့က အော်ဒါတင်ထားပြီးဖြစ်သည်။ သို့သော် ရှန်းထင်ရွှမ်းသတိပေးပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူ ငါးသိန်းကျော်ကလည်း ထိုအကြောင်းကို သိသွား၏။
အများစုက သွားဝယ်ကြ၏။ အချို့က ဆွေမျိုးသားချင်းများ မိတ်ဆွေများကို ခေါ်ပြီး ဝယ်ရန် အကောင့်များစွာကို စာရင်းသွင်းခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုပြီးဆုံးပြီး နာရီဝက်အကြာ၌ ရှန်းထင်ရွှမ်း၏ ဆိုင်ရှိ သစ်သီးများအားလုံး ရောင်းထွက်သွားပြီ ဖြစ်၏။
ရှောင်ဖုန်းက ပုံတစ်ပုံကို ပြုပြင်နေတာပဲဖြစ်၏။ ရတနာဆိုင်မှ အသိပေးသံကို ကြားသည့်အချိန်၌ သူသည် မနက်ဖြန်ကျ ရူးလောက်အောင် ထုပ်ပိုးရတော့မည်မှန်း သိနေ၏။
သူသည် ရတနာဆိုင်ကို အသံပိတ်ထားပြီးနောက် ပုံကို ဆက်လက်ပြုပြင်သည်။ Weiboပေါ်၌ တင်ပြီးနောက် သူက ဆိုင်ထဲ ဝင်ကြည့်လိုက်ရာ အမှာစာလေးသိန်းကို တွေ့လိုက်ရသည်။
ရှောင်ဖုန်း၏ ဦးနှောက်က အတန်ငယ် နှေးကွေးသွားတော့သည်။ ယခုအချိန်၌ မည်သို့ ပြန်လည် ဖြည့်သွင်းလိုက်သနည်း။ သူက ရှန်းထင်ရွှမ်းကို ခေါ်လိုက်၏။
ရှန်းထင်ရွှမ်း “ဒီနေ့ နေ့လယ်ကျမှ ပစ္စည်းတွေ ပြန်ဖြည့်လိုက်မယ်၊ သူတို့အားလုံး ပို့ဆောင်မှုအတွက် မနက်ဖြန်ကို စောင့်ရမယ်လို့ ပြောထားပြီးသား၊ ပြီးကျ အဲ့ဒီအချိန်ကျ ရှင့်ကို သစ်သီးတွေ လာပို့ပေးမယ်“
ရှောင်ဖုန်းက တံတွေးမျိုချလိုက်၏။ “အမေရေ သားတို့ မနက်ဖြန် အလုပ်များတော့မယ် “
ရှောင်ဖုန်း၏ မိခင်က ပျော်ရွှင်စွာ ပြန်ပြောလိုက်၏။ “များပါစေ များပါစေ “
သစ်သီးများက မရောက်လာသေးပေ။ သို့သော် ရှောင်ဖုန်းသည် ဖြတ်ပိုင်းများကို ရှေးဦးစွာ ပရင့်ထုတ်ထားလိုက်၏။ အိမ်၌ ပရင်တာမျိုးစုံရှိနေပြီဖြစ်၏။ ရှောင်ဖုန်း၏ မိခင်ကလည်း ဖြတ်ပိုင်းများကို မည်သို့ပရင့်ထုတ်ရမည်ကို သင်ယူထားပြီးဖြစ်နေကာ နှစ်ယောက်သားက လူခွဲပြီး ပရင့်ထုတ်ကြလေ၏။
မနက်ခင်း၌ လုမင်ဟွေ့သည် ရှန်းထင်ရွှမ်းက ကုန်တင်ကားအပြည့်သစ်သီးများ သယ်လာသည်ကို ကြည့်ပြီး အင်မတန်ပျော်ရွှင်နေလေ၏။
“ဒါတွေအားလုံးက ဒီနေ့ရဲ့ ကုန်ပစ္စည်းတွေလား “
ရှန်းထင်ရွှမ်းက ခေါင်းညိတ်လိုက်၏။ လုမင်ဟွေ့က လူတိုင်းကို သစ်သီးများ ချိန်တွယ်ရန် အားလုံးကို ပျော်ရွှင်စွာ ညွှန်ကြားလိုက်သည်။
လုမင်ဟွေ့က သူမ ပစ္စည်းမည်မျှ ပို့ဆောင်စေကာမူ စူပါမောက အားလုံးကို ရောင်းချနိုင်ကြောင်း သူမကို ပြောထားခဲ့ဖူးတာကို ရှန်းထင်ရွှမ်း သတိရသွား၏။ ထို့ကြောင့် သူမက မေးလိုက်သည်။ “စူပါမားကတ်က ဟင်းသီးဟင်းရွက်တွေလိုလား “
လုမင်ဟွေ့က ချက်ချင်းပြောလိုက်၏။ “လိုတယ်”
ရှန်းထင်ရွှမ်း၏ ဟင်းသီးဟင်းရွက်များကို ယခင်က တိုက်ရိုက် တစ်ခါမှမရောင်းချဖူးသော်ငြား ရှန်းထင်ရွှမ်း၏ ထုတ်ကုန်များက အရသာရှိကြောင်း လူတိုင်းသိ၏။
အကြီးအကဲဖေး၏မွေးနေ့ပွဲ၌ ရှန်းထင်ရွှမ်းသည် သစ်သီးတစ်ခြင်းနှင့် ဟင်းသီးဟင်းရွက်တစ်တောင်းကို ပို့ဆောင်ပေးခဲ့၏။ ထို့ကြောင့် ဖေးမိသားစုသည် ဟင်းသီးဟင်းရွက်ကို တစ်ခါ စားခဲ့ဖူး၏။
ဖေးဝမ်ရှုသည် ဟင်းသီးဟင်းရွက်များ အရသာရှိကြောင်းကို အကြိမ်ပေါင်းများစွာ ပြောနေခဲ့ပြီး ရှန်းထင်ရွှမ်းက သစ်သီးများသာ စိုက်ရုံမက ဟင်းသီးဟင်းရွက်များလည်း စိုက်ပျိုးကြောင်း လုမင်ဟွေ့ သိသွားတော့၏။
ရှန်းထင်ရွှမ်းက ပြော၏။ “ဂေါ်ဖီ၊ သခွားသီး၊ ရွှေဖရုံသီး၊ ငရုတ်ကောင်းနဲ့ ပဲသီးစိမ်းတွေရှိတယ် “
လုမင်ဟွေ့က ပြော၏။ “အားလုံးလက်ခံတယ် “
ရှန်းထင်ရွှမ်းက ပြော၏။ “ဒါဆိုရင် ဆယ်နာရီကျမှ ပြန်လာဖို့ ရှင့်ကို ဒုက္ခပေးရတော့မှာပဲ “
“ပြသနာမရှိဘူး “
သူက သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို ရနိုင်သရွေ့ တစ်ရက်လျှင် နှစ်ခေါက် သို့မဟုတ် ဆယ်ကြိမ် အသွားအပြန်လုပ်ရလျှင်တောင် လုမင်ဟွေ့က ပျော်ရွှင်နေမှာပဲ ဖြစ်သည်။
သူသည် ဟင်းသီးဟင်းရွက်များ တစ်ခါမှ မရောင်းဖူးသောကြောင့် ရှန်းထင်ရွှမ်းသည် များများစားစား မပို့ခဲ့ပေ။ ထို့ကြောင့် လုမင်ဟွေ့က စျေးနှုန်းကို တိုက်ရိုက်မှတ်ပေးလိုက်၏။
“ဂေါ်ဖီထုပ်က တစ်ခုကို ငါးယွမ်၊ သခွားသီးက တစ်ကတ်တီကို ငါးယွမ်၊ ရွှေဖရုံသီးက တစ်ကတ်တီကို ဆယ်ယွမ်၊ ငရုတ်သီးက တစ်ကတ်တီကို ခုနစ်ယွမ်၊ ပဲသီးစိမ်းက တစ်ကတ်တီကို ရှစ်ယွမ် “
“ဒါ အဆင်ပြေပါတယ် “ လူတိုင်းက ကုတင်ကားပေါ်သို့ ထိုဟင်းသီးဟင်းရွက်များကို ဂရုတစိုက်တင်ပြီး လုမင်ဟွေ့က ထိုဟင်းသီးဟင်းရွက်များကို ဝယ်ယူမှုအားလည်း ကန့်သတ်ထားသင့်သည်ဟု တွေးလိုက်သည်။
စူပါမောများအတွက် ဟင်းသီးဟင်းရွက်များ ရွေးပေးပြီးနောက် ရှန်းထင်ရွှမ်းသည် အွန်လိုင်းစျေးဆိုင်များ၏ အမှာစာများကို ပို့ဆောင်ရန် လိုအပ်သည့်သစ်သီးများကို စခူးတေ့ာသည်။
ဆယ့်တစ်နာရီတွင် ရှောင်ဖုန်းနှင့် ကျန်သည့်လူများက ပထမအသုတ်ကို စတင်ထုပ်ပိုး၏။
စူပါမောတွင် သစ်သီးများဝယ်ရန်အတွက် တန်းစီစောင့်ဆိုင်းနေသည့် မြို့တော် Bတွင် နေထိုင်သူများကလည်း ယနေ့ ဟင်းသီးဟင်းရွက်များကိုလည်း ဝယ်ယူမှုကန့်သတ်ထားတာကို မြင်တွေ့လိုက်ရ၏။
ဖုန်းလွမ်သည် အိမ်ရှင်မတစ်ဦးဖြစ်သည်။ မိသားစုသည် စူပါမောမှ သစ်သီးကို စားမိပြီး အရသာရှိကြောင်း ရှာတွေ့ချိန်မှ စပြီး သူတို့က မနက်တိုင်း တန်းစီစောင့်ဆိုင်းတော့သည်။
ဖုန်းလွမ်ကလည်း စူပါမော၌ ဟင်းသီးဟင်းရွက်အသစ်များ ဝယ်ယူမှုကို ကန့်သတ်ထားကြောင်း ချက်ချင်းသိလိုက်၏။ ယေဘူယျအားဖြင့် ထိုဟင်းသီးဟင်းရွက်များသည် မားကတ်ထဲရှိ နေရာအနှံ့ဝယ်ယူ၍ ရသည်။ ကန့်သတ်ထားတာ အကြောင်းရင်းတစ်ချို့ကြောင့် ဖြစ်ရမည်။ ဖုန်းလွမ်က ဝန်ထမ်းကို မေးလိုက်၏။ ပြီးနောက် ထိုဟင်းသီးဟင်းရွက်များသည် ရှင်းယွမ်ရှန်မှ ဖြစ်ကြောင်း သိလိုက်ရ၏။
ရှေးဦးစွာ သစ်သီးများ၌ ဝယ်ယူမှုကန့်သတ်ချက်ရှိသည်။ ထို့ကြောင့် ယခု ဟင်းသီးဟင်းရွက်များကို ဝယ်ယူမှုကန့်သတ်ထားတာ နားလည်နိုင်သည်။ ဖုန်းလွမ်က စျေးကို ကြည့်ပြီးနောက်ဆုံးတွင် ဂေါ်ဖီတစ်ထုပ်ရွေးလိုက်၏။
ခုနစ်ယွမ်သည် စျေးကွက်တန်ဖိုးထက် သိပ်မများပေ။ သူမက ပထမဆုံံး စမ်းကြည့်ရန် စီစဉ်ထား၏။ အရသာမကောင်းလျှင် ထပ်ဝယ်တော့မှာ မဟုတ်ပေ။
သူမအိမ်ပြန်ရောက်သည့်အချိန်၌ ဖုန်းလွမ်က နေ့လယ်စာ စပြင်တော့သည်။ ဂေါ်ဖီကို ဆေးကြောပြီးနောက် ဂေါ်ဖီက အလွန်လတ်ဆတ်ပြီး အစိုဓာတ်ပြည့်ကြောင်း ရှာတွေ့လိုက်၏။
ဖုန်းလွမ်သည် ၎င်းကို ဓားဖြင့် လှီးရမှာ တွန့်ဆုတ်နေသောကြောင့် အရွက်များကို လက်ဖြင့်သာ ချေလိုက်ရာ အရည်များက မွှေးပျံ့စွာ ထွက်လာ၏။
သူမသည် အိုးတစ်အိုးထဲသို့ ဆီအချို့ ထည့်ပြီးနောက် ဆီပူလာချိန်၌ ဂေါ်ဖီများတန်းထည့်ကာ ဆားအနည်းငယ် ထည့်ပြီးနောက် မွှေလိုက်၏။ ဖုန်းလွမ်သည် ပုံမှန် ဟင်းခတ်အမွှေးအကြိုင်များ မထည့်တော့ဘဲ ရိုးရိုးရှင်းရှင်းသာ ထားလိုက်၏။
ဟင်းများချက်ပြုတ်ပြီး စားပွဲပေါ်တွင် ထားလိုက်သည့်အချိန်တွင် ဖုန်းလွမ်၏ ခင်ပွန်းသည်က ကျောင်းမှ သူတို့ကလေးကို ကြိုလာပြီး အိမ်သို့ အတူပြန်လာသည်။ စားပွဲပေါ်ရှိ ဟင်းလျာများကို မြင်သောအခါ ဖုန်းလွမ်၏ ခင်ပွန်းက သက်ပြင်းချလိုက်၏။ “ကိုယ့်မိန်းမရဲ့ ဟင်းချက်စွမ်းရည်ကတော့ ပိုပိုပြီး ကောင်းလာတော့တာပဲ “
ကလေးက သစ်သီးဦးစွာ စားတော့မှာကို မြင်သည့်အချိန်၌ ဖုန်းလွမ်ကပြောလိုက်သည်။
“သစ်သီးနောက်မှစား၊ လက်ဆေးပြီး ထမင်းအရင်စားဦး “
ဖုန်းလွမ်၏သားက လက်ဆေးကြောပြီးနောက် ထမင်းစားစားပွဲတွင် ထိုင်လိုက်၏။ သူက အသားအစားကျူးသူဖြစ်ပြီး အသားစားရတာနှစ်သက်၏။ ယနေ့စားပွဲပေါ်တွင် ဂေါ်ဖီရှိနေသည်။ စားချင်စဖွယ်ဖြစ်သော်ငြား စားရန်စိတ်မပါပေ။
ဖုန်းလွမ်က ဂေါ်ဖီကြော်ကို တူဖြင့်ညှပ်ပြီးနောက် သူမသားအား ထည့်ပေးလိုက်၏။
“အစားကြေးများလို့ မရဘူးလေ “
“တစ်ကိုက်ပဲစားမှာနော် “ ဖုန်းလွမ်၏သားက ဂေါ်ဖီကို ထမင်းနဲ့ရောပြီး ပါးစပ်ထဲထည့်လိုက်ပြီးနောက် ချိုမြိန်သည့် အရသာသည် သူ၏ခံတွင်းကနေ အစာအိမ်ထဲဆီပြည့်သွား၏။
ကြွပ်ဆတ်ဆတ် ဂေါ်ဖီရိုးတံများက ပိုပြီးတောင် အရသာရှိသည်။ ဖုန်းလွမ်၏သားက ဂေါ်ဖီထုပ်ထဲတွင် မြေဆီလွှာနှင့် မြက်ပင်များ၏ အနံ့ရှိသည်ဟု အမြဲတမ်းခံစားမိပြီး စားချင်စိတ်မရှိခဲ့ပေ။ ယင်းကို လက်ခံနိုင်ဖွယ် မရှိခဲ့ပေ။
သို့သော် ယခုမူ ခံတွင်းထဲရှိ ထိုကဲ့သို့ အရသာများမရှိတော့ရုံသာမက ဆန့်ကျင်ဘက်အနေဖြင့် ချိုမြိန်မှုရှိနေသည်။
ဖုန်းလွမ်၏ ခင်ပွန်းကလည်း ဂေါ်ဖီကို နှိုက်ပြီးနောက် သူ့ပန်းကန်ထဲထည့်လိုက်၏။
“သားအမေပြောတာ မှန်တယ်၊ ဂေါ်ဖီပိုစား “
ဂေါ်ဖီကို ပါးစပ်ထဲထည့်လိုက်ချိန်၌ သူက ကြက်သေသေသွားလေ၏။ “ကိုယ့်မိန်းမ မင်းချက်ထားတာက “ ပြီးနောက် သူက နောက်ထပ်တစ်လုတ် စားလိုက်၏။ “သိပ်အရသာရှိတာပဲ “
ဖုန်းလွမ်၏သားကလည်း ဂေါ်ဖီကို နောက်ထပ်ထပ်နှိုက်လိုက်၏။ ပန်းကန်ပြားပေါ်၌ ဂေါ်ဖီအနည်းငယ်သာ ကျန်တော့သည်။ ဖုန်းလွမ်၏ခင်ပွန်းက ဖုန်းလွမ်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်၏။ “မင်းမြည်းကြည့်ဦး၊ မင်းရဲ့ ချက်ပြုတ်တဲ့အရည်အချင်းက ဒီနေ့ ရူးလောက်အောင်ပဲ “
ဖုန်းလွမ်၏ ခင်ပွန်းက ကျန်ရှိသည်များကို သူ့သားအား ပေးလိုက်၏။ “ကျေးဇူးပါ ပါး “
ဖုန်းလွမ်၏သားက စားပြီးသွားပြီဖြစ်သည်။
“မား နေ့တိုင်း သားကို ဒီလိုဂေါ်ဖီမျိုးကြော်ကျွေးမယ်ဆိုရင် နေ့တိုင်း ဒါကိုစားမှာ သေချာတယ် “
ဖုန်းလွမ်က ပြုံးလိုက်၏။
“ဒီလောက်အရသာရှိတယ်လား “
“မင်းမြည်းကြည့်လိုက်လေ” သားအဖနှစ်ယောက်က တညီတညွတ်တည်း ပြောလိုက်သည်။ ဖုန်းလွမ်က တစ်ကိုက်ကိုက်ပြီး ကြက်သေသေသွားတော့၏။ မကြာမီ၌ ယင်းက သူမ၏ ချက်ပြုတ်သည့်အရည်အချင်းကြောင့် မဟုတ်ဘဲ ကောင်းမွန်သည့် ဂေါ်ဖီကြောင့်မှန်း သိသွားသည်။
ဖုန်းလွမ်၏ ခင်ပွန်းက သူမအတွက် ဂုဏ်ယူဝင့်ကြွားလွန်းနေသေးသည်။ ပန်ကန်းပြားပေါ်၌ ဟင်းရွက်အရည်များ ကျန်နေတာကို မြင်သောအခါ သူ၏ ပန်းကန်လုံးထဲထည့်ပြီးနောက် သူ၏ဟင်းများနှင့် အတူ ရောစားလိုက်၏။
သူမ၏မိသားစု ပျော်ရွှင်စွာ စားသောက်နေသည်ကို မြင်ပြီး ဖုန်းလွမ်သည် မနက်ဖြန်ကျ ဟင်းသီးဟင်းရွက်များ ပိုဝယ်ရန် ဆုံးဖြတ်လိုက်တော့သည်။ သို့သော် စူပါမော၌ ဝယ်ယူမှုကန့်သတ်ထားသည့်အကြောင်း တွေးမိသောအခါ ဖုန်းလွမ်က သက်ပြင်းချလိုက်သည်။ ထိုကဲ့သို့ အရသာရှိသည့် စားစရာကို ဝယ်ယူမှုကန့်သတ်ထားတာ နားလည်၏။ သို့သော် သူမ ပိုမိုဝယ်ယူချင်၏။
…
အခန်း (၄၆) (ဂ)
ဖေးအိမ်တော်၌ ဖေးဝမ်ရှုသည် ယနေ့ ဟင်းသီးဟင်းရွက်အချို့ကို ပြန်သယ်လာ၏။
အရင်တုန်းက ဖေးမိသားစု တစ်စုံတစ်ခုလိုအပ်လျှင် သူတို့သည် စူပါမော၏ တာဝန်ခံ သို့မဟုတ် အဖွဲ့၏ စီမံခန့်ခွဲရေးဌာနမှ လူတစ်ယောက်က အိမ်သို့ တိုက်ရိုက်ပို့ဆောင်ပေးလိမ့်မည်။
သို့သော် ရှန်းထင်ရွှမ်း၏ သစ်သီးများကို သူတို့ စူပါမော၏ ဆိုင်တန်း၌ တင်ချိန်မှ စပြီး ဖေးဝမ်ရှုက ၎င်းကို ကိုယ်တိုင်သွားယူခဲ့၏။
ထို့ကြောင့် ယနေ့တွင် သူ၏ ယာဉ်မောင်းက ဟင်းသီးဟင်းရွက်များ သယ်လာတာကို ကြည့်ပြီး အကြီးအကဲဖေးက ချက်ချင်း ပြောလိုက်၏။
“ဒါတွေက မိန်းကလေး ရှန်းထင်ရွှမ်း စိုက်ထားတာတွေလား “
“အတိအကျပဲ၊ ဒီနေ့သူက စူပါမားကတ်ကို ဟင်းသီးဟင်းရွက်တစ်ချို့ တင်သွင်းတယ် “ ဖေးဝမ်ရှုက အဝတ်အစားများကို တန်းပေါ်တွင် ချိတ်လိုက်၏။ ယခင်ကဆိုလျှင် သူ အိမ်ပြန်လာချိန်၌ သူ့ကို ကြိုဆိုနှုတ်ဆက်ရန် အိမ်အကူများသာ ရှိသည်။ ယခု အကြီးအကဲဖေးက သူပြန်လာတာကို နေ့စဉ်နေ့တိုင်း စောင့်ကြိုနေ၏။
အကြီးအကဲဖေးက ငရုတ်ပွများကို မြင်တွေ့သည့်အချိန်၌ ပြောလိုက်၏။ “ညနေကျ ဝက်သားနဲ့ အစိမ်းရောင်ငရုတ်ပွကြော်ဖို့ စားဖိုဆောင်ကို ပြောလိုက် “ နောက်ဆုံးအခေါက် သူ၏မွေးနေ့ပွဲ၌ သူသည် ဝက်သားနှင့် ငရုတ်ပွကြော်တာကို စားခဲ့၏။ သို့သော် ထိုစဉ်က ငရုတ်ပွများများစားစား မကျန်ခဲ့ပေ။ အဘိုးကြီးသည် အမြဲတမ်း ထပ်စားချင်နေခဲ့တာ ဖြစ်သော်ငြား ထိုမိန်းကလေးကို တိုက်ရိုက်သွားပြောဖို့က ရှက်စရာကောင်းလွန်းနေ၏။
ဖေးမိသားစုသည် ညစာကို လျင်မြန်စွာ ပြင်ဆင်လိုက်၏။ ဖေးလွေ့က အကြီးအကဲဖေးနှင့် ဖေးဝမ်ရှုတို့က ငရုတ်ပွနှင့် ဝက်သားရောကြော်တာကို စားနေတာကို တွေ့လိုက်ရ၏။ သူသည်လည်း မြည်းစမ်းကြည့်ခဲ့သည်။ အရသာရှိလွန်းသောကြောင့် ဟင်းက ချက်ချင်းနီးပါး ပြောင်သလင်းခါသွား၏။
ဖေးလွေ့က မေးလိုက်သည်။ “ဒီငရုတ်ပွက ရှန်းထင်ရွှမ်း စိုက်ပျိုးတာလား “ ယခုအချိန်တွင် သူသည် နောက်ဆုံးတော့ သူ ယခင်က သိပ်ကို စိတ်ကူးယဉ်ဆန်လွန်းခဲ့ကြောင်း သဘောပေါက်သွားပြီဖြစ်သည်။ ရှန်းထင်ရွှမ်းက သူ့ကို သန့်စင်သည့်စိတ်ထားဖြင့်သာ မြည်းစမ်းခိုင်းခဲ့တာဖြစ်သည်။
“ဟုတ်တယ် “ ဖေးဝမ်ရှုက ခေါင်းညိတ်လိုက်၏။ အကြီးအကဲဖေးက သူတို့ကို အာရုံတောင်မစိုက်ဘဲ သခွားသီးသုပ်ကို စားလိုက်လေ၏။ ဖေးလွေ့ကလည်း တစ်လုတ်စားပြီးနောက် စကားပြောတာ ရုတ်တရက် ရပ်တန့်လိုက်သည်။ ထိုလူများက စားပွဲအပြည့်ဟင်းလျာများကို အမြန်အပြောင်ရှင်းလိုက်တော့၏။
လူတိုင်းက ကျေနပ်အားရစွာ စားနေတာပဲဖြစ်သည်။
ဖေးလွေ့က ရုတ်တရက် ပြောလိုက်၏။
“အဘိုး ရှန်းထင်ရွှမ်းဆီ သွားမလည်ချင်ဘူးလား “ သူသည် ရှန်းထင်ရွှမ်းကို မြင်တွေ့ချင်နေ၏။
အကြီးအကဲဖေးသည် ထိုအကြောင်းကို တွေးခဲ့ဖူး၏။ သို့သော် ရှန်းထင်ရွှမ်းက အလုပ်များလွန်းသည်။ သူမသည် စူပါမောအတွက် ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများကို နေ့စဉ်နေ့တိုင်း ခူးခဲ့ရသည်။ ထို့အပြင် သူမက အွန်လိုင်းဆိုင်တစ်ဆိုင် ဖွင့်ထားကြောင်းလည်း သူသိ၏။ ထိုအရာအားလုံးကို သူမတစ်ယောက်ထဲ လုပ်နေလေရာ မည်ကဲ့သို့ အားလပ်ချိန် ရှိမည်နည်း။
အဘိုးဖေးအကြောင်းမပြန်တာကို မြင်သောအခါ ဖေးလွေ့က ထပ်ပြောလိုက်၏။
“ကျွန်တော်တို့ တစ်ချက်သွားကြည့်ရအောင်လား၊ အဘိုးနဲ့လိုက်ပေးမယ်လေ၊ သူ ကျွန်တော်တို့ အကူအညီလိုအပ်လား ကြည့်ရတာပေါ့ “ အကြီးအကဲဖေးက သက်ပြင်းချလိုက်၏။ “ဟုတ်ပြီလေ “
ရှောင်ဖုန်း၏ ပို့ဆောင်ရေးဆိုင်ကလည်း အလုပ်များနေသည်။ မနေ့ညက သားမိနှစ်ယောက်သားက ဖြတ်ပိုင်းများစွာကို စတင်ပရင့်ထုတ်ထား၏။
လောင်တုသည် မနက်ခင်းရောက်လာသည်နှင့် ကူညီတော့၏။ ၁၁ နာရီတွင် ရှန်းထင်ရွှမ်းက သစ်သီးပထမအသုတ် ပို့ပြီးသွားပြီဖြစ်သည်။ ရှောင်ဖုန်းသည် ယခင်က ကူညီခဲ့ဖူးသည့် ရွာသားများကို သွားရှာလိုက်၏။ လုပ်ခလစာက တစ်ရက်ကို ယွမ်သုံးရာ ဖြစ်နေသေးသည်။
ညနေစောင်းတွင် ရှောင်ဖုန်း၏ မိခင်က ရှောင်ဖုန်းကို ပြောလိုက်၏။ “ဒါမှမဟုတ် ဒီပစ္စည်းတွေ ထုပ်ပိုးတာကို ကူညီပေးဖို့ သားအဖေကို အလုပ်ထွက်အောင် ဖြောင်းဖျလိုက်မယ်လေ “
ရှောင်ဖုန်းက ပြောလိုက်၏။ “နောက်ရက်ကျရင်ပေါ့ “ ယခုအခေါက်တွင် ရှန်းထင်ရွှမ်းက စျေးဆိုင်ပေါ်၌ သစ်သီးများတင်သည့်အချိန်က မူမမှန်ပေ။ တစ်ရက် ရှန်းထင်ရွှမ်းက ဆိုင်တန်းများပေါ် သစ်သီးပြန်ဖြည့်တင်တာ ရုတ်တရက် ရပ်တန့်လိုက်လျှင် ဤပို့ဆောင်ရေးလုပ်ငန်းက ရှေ့ဆက်ရန် အကြောင်းရှိတော့မှာ မဟုတ်ပေ။
ရှန်းထင်ရွှမ်းက သစ်သီးများစွာ ခူးခဲ့ပြီး ၎င်းတို့ကို သိုလှောင်ရုံထဲတွင် ထားပြီးနောက် ရှောင်ဖုန်းအား နောက်ထပ် ယွမ်တစ်သိန်း လွှဲပေးလိုက်၏။
ပရိုဂျက်တာ၊ လိုက်ကာနှင့် ကူရှင်များ ရောက်လာပြီဖြစ်ရာ ရှန်းထင်ရွှမ်းသည် သူတို့ကို နေပူစာလှုံသည့်အခန်းထဲ၌ သူတို့ကို တန်းပြီးတပ်ဆင်လိုက်၏။
နူးညံ့သည့်ခုံတွင် မှီထိုင်နေပြီး သူမက ညအချိန်၌ ကြယ်များကို ကြည့်နိုင်ပြီး ဆောင်းရာသီ၌ အပြင်ဘက်ရှိ နှင်းများကို ကြည့်နိုင်၏။ ရှန်းထင်ရွှမ်းသည် လူသားတစ်ယောက်ဖြစ်ရတာ အတော်ဇိမ်ကျသည်ဟု ခံစားမိသည်။ ပထမဆုံးအကြိမ်ဖြစ်သည်။ ရှန်းထင်ရွှမ်းသည် Weibo ကို ဖွင့်လိုက်ရာ သူမသတိမပြုလိုက်မိဘဲ သူမ၏ ဖော်လိုဝါ ၃.၂သန်း ရှိနေပြီဆိုတာ တွေ့လိုက်ရသည်။ သူမ၏ ကိုယ်ပိုင်စူပါခေါင်းစည်းနှင့် ဖန်ကလပ်ရှိနေပြီ ဖြစ်သည်။ အနည်းငယ် ဆန်းကြယ်သည်ဟု ခံစားမိ၏။
[လယ်စိုက်တဲ့အားရွှမ်း။ ဒီနေ့ည ကျွန်မတိုက်ရိုက်ထုတ်လွှင့်မှု မလုပ်ပါဘူး။ ရုပ်ရှင်ကောင်းလေးတွေ မှတ်ချက်ပေးဖို့ တောင်းဆိုချင်ပါတယ်။]
မှတ်ချက်များက လျင်မြန်စွာ တိုးလာ၏။ ရှန်းထင်ရွှမ်းသည် ကြိုက်နှစ်သက်မှု အရေအတွက်မြင့်သည့် အချို့ကို ရွေးချယ်ပြီး ချင်ယွဲ့ကျီ၏ ရုပ်ရှင်များအပါအဝင် ကြိုက်နှစ်သက်မှုမြင့်သည့် ရုပ်ရှင်အချို့ကို ရွေးချယ်လိုက်၏။ ပြီးနောက် စိတ်ပါဝင်စားစွာ ကြည့်တော့သည်။
၁၂နာရီထိုးသွားတော့မှ ရှန်းထင်ရွှမ်းသည် တွန့်တွန့်ဆုတ်ဆုတ်ဖြင့် တီဗီပိတ်လိုက်တော့သည်။ ရှန်းထင်ရွှမ်းသည် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို စူပါမောအတွက် တင်ပို့ပေးပြီးနောက် အကြီးအကဲဖေးသည် ဖေးလွေ့နှင့်အတူ ရောက်လာကြောင်း တွေ့လိုက်ရ၏။
အကြီးအကဲဖေးက ပြော၏။ “သမီး နောက်ပိုင်း အလုပ်တွေများနေတာလား “
ရှန်းထင်ရွှမ်းက ပြော၏။
“အဆင်ပြေပါတယ် “ သူမသည် ဝိညာဉ်သွေးကြောများစွာ ပြန်ရပြီဖြစ်ရာ သစ်သီးများခူးတာ ပိုမြန်ဆန်လာပြီး ရောင်းချသည့်သစ်သီးများအားလုံးကိုလည်း ရှောင်ဖုန်းနှင့် ကျန်သည့်သူများက ထုပ်ပိုးပေးတာဖြစ်သည်။ သူမ ထိုမျှ အလုပ်မများဟု ခံစားမိသည်။
အကြီးအကဲဖေးက ရှန်းထင်ရွှမ်းသည် ဝေဒနာခံစားရမှာကို မကြောက်တာကို မြင်လိုက်ရ၏။
“ဒီနေ့အရေးကြီးကိစ္စမရှိဘူးဆိုရင် အဘိုးတို့ တောင်ပေါ်ပတ်ကြည့်ပြီး စကားပြောလို့ရမလား “
နောက်ဆုံးအခေါက်က ရှင်းယွမ်ရှန်သို့ သူလာသည့်အချိန်၌ အနည်းငယ် ခြောက်ကပ်နေသည်။ သို့သော်ငြား အတော်လေး ပြောင်းလဲသွားပုံပေါ်၏။
ရှန်းထင်ရွှမ်း၏ ပြော၏။ “ကောင်းပြီလေ “
အစကတော့ ရှန်းထင်ရွှမ်းသည် သူတို့ကို ခြံဝန်းထဲသွားထားရန် စီစဉ်ထားတာဖြစ်၏။ သို့သော် အကြီးအကဲဖေးက လျှောက်ပတ်ကြည့်ချင်ကြောင်း ပြောလာ၏။ တောင်တက်လမ်းကလည်း နောက်ဆုံးအခေါက်ကနှင့် လုံးဝမတူတော့ပေ။
“ဒါတွေက မင်းစိုက်ပျိုးထားတဲ့ ပန်းပွင့်တွေလား “ လမ်းတစ်ဖက်တစ်ချက်စီ၌ ဂီဆန်ပန်းပွင့်များက ဤနေရာ၏ အလှတရားကို ထပ်မံပံ့ပိုးပေးနေသည်။
“ဟုတ်တယ်၊ လတ်တလောမှာ ပန်းတွေအများကြီး စိုက်ထားတယ် “
အကြီးအကဲဖေးက ခေါင်းညိတ်လိုက်၏။ ပန်းပင်များအပြင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ ရှိနေ၏။ သစ်သီးတိုင်းက မတူညီသည့်အရောင် ရှိသည်။ သူသွားလိုက်တိုင်း ချီးကျူးစကားအမြဲတမ်း ဆိုလေ့ရှိသည်။
ဖေးလွေ့နောက်ဆုံးအခေါက်လာချိန်က သူ၏ အတွေးများသည် သူ့ကို ရှုမျှော်ခင်းအား မကြည့်မိဖြစ်စေသည်။ သူက အကြီးအကဲဖေးနောက်လိုက်ပြီး ရှင်းယွမ်ရှန်ကို လှည့်ပတ်လျှောက်ကြည့်လိုက်ရာ အလွန်ထိတ်လန့်သွားတော့၏။
တောင်အောက်ရှိ အစိမ်းရောင် ဝါးတောအုပ်ကစပြီး သူသည် သုခဘုံထဲ ဝင်လိုက်ရသလို ခံစားနေရသည်။ အစိမ်းရောင် ဖရဲသီးများ အနီရောင် တတိုင်းမွှေးဘယ်ရီများ၊ ပတ်ဝန်းကျင်ရှိ ငရုတ်ပွများ၊ သူတို့အားလုံးက ဆီးတောအုပ်ထဲသို့ ရောက်လာချိန်၌ အကြီးအကဲဖေးသည် သစ်သီးအနည်းအကျဉ်းရှိသည့် ဆီးပင်များကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် ရှန်းထင်ရွှမ်းက ဆီးသီးများ မတင်ပို့ရသည့် အကြောင်းရင်းကို နားလည်သွားပြီဖြစ်၏။
စပျစ်နွယ်များဆီရောက်သည့်အချိန်၌ သူတို့က ခြံဝန်းထဲ နှံ့ခါနီးပြီဖြစ်သည်။
ရှန်းထင်ရွှမ်းသည် သူတို့နှစ်ယောက်ကို ထမင်းစားစားပွဲဆီ ဖိတ်ပြီးနောက် သူတို့အတွက် ရေတစ်ခွက်ထည့်ပေးကာ အပြင်ကနေ စပျစ်အချို့ သွားခူးလိုက်၏။
နောက်ဆုံးအခေါက် အကြီးအကဲဖေးလာချိန်၌ ခြံဝန်းထဲ မဝင်ခဲ့သော်ငြား အလွန်ရှင်းလင်းနေသည်ဟု ခံစားမိသေးသည်။ ယခုအခေါက် သူလာသောအခါ ခြံဝန်းထဲ၌ အရောင်သစ်များ၊ လှပသည့် နံရံကပ်စက္ကူများ၊ ကြမ်းခင်းများနှင့် အပြင်ဘက်၌ နေပူစာလှုံခန်းတို့ပါ တွေ့လိုက်ရသည်။ သူသည် ရှန်းထင်ရွှမ်းသည် ထိုအရာအားလုံးကို ပြုပြင်နေချိန်၌ သူလာကြည့်ချင်ခဲ့တာပဲ ဖြစ်သည်။
အကြီးအကဲဖေးက ကြည့်မိလေလေ သူ၏မျက်လုံးထဲ၌ ချီးကျူးမှုများ ပိုတိုးလာလေဖြစ်၏။
ရှန်းထင်ရွှမ်းသည် စပျစ်သီးခူးပြီးနောက် ပြန်လာကာ စပျစ်သီးများကို စားပွဲပေါ်တွင် ထားပေးလိုက်၏။
“သစ်သီးခူးတာကို ကူညီခိုင်းဖို့ တစ်ယောက်ယောက်ကို အကူညီတောင်းဖို့ တွေးဖူးလား “ အဘိုးအိုက မေးလိုက်သည်။ အပင်စိုက်ပျိုးခြင်းကမူ နည်းပညာလိုအပ်သော်ငြား သစ်သီးခူးခြင်းအတွက်မူ သူမက အနီးအနားရှိ ရွာသားများကို အကူအညီတောင်းနိုင်သည်။
“အချိန်အတိုင်းအတာ တစ်ခုထိတော့ ဒီလိုအစီအစဉ် မရှိသေးပါဘူး “
အကြီးအကဲဖေးက အကြောင်းအရင်း အတိအကျကို မမေးခဲ့ပေ။
“အနာဂတ်အတွက် အစီအစဉ်များရှိလား “ လအနည်းငယ်အတွင်း ရှင်းယွမ်ရှန်၏သွင်ပြင်က အတော်လေးပြောင်းလဲသွား၏။ ရှန်းထင်ရွှမ်းသည် အစီအစဉ်ရှိသည့် သူတစ်ယောက် ဖြစ်ရမည်ဟု အကြီးအကဲဖေးက ခံစားမိသည်။
ဝိညာဉ်သွေးကြော ပြန်လည်ဖြည့်တင်းရန် တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ရမည်။ သို့သော် ထိုသို့ မပြောနိုင်ပေ။ ထို့ကြောင့် သူမက ပြောလိုက်၏။ “အပင်စိုက်မယ် “
တစ်ဖက်ခြမ်းရှိ ဖေးလွေ့က နောက်ဆုံးတွင် ယနေ့၏ ပထမဆုံးစကားကို ပြောလာ၏။ “တခြားတစ်ခုခု လုပ်ဖို့ရော တွေးမိလား “
ရှန်းထင်ရွှမ်းက ပြော၏။ “အပင်စိုက်တာ ကောင်းတယ်လို့ တွေးမိတာပဲ“
ထိုမျှကြီးမားလှသည့်တောင်ဖြင့် သူမသည် တစ်စုံတစ်ခုကို စိုက်ပျိုးမည်ဆိုလျှင် သူမ၏ ဝိညာဉ်သွေးကြောများက အနှေးနှင့်အမြန် ပြန်ကောင်းလာလိမ့်မည်။ သူမက ဤနေရာ၌ သူမဘာသာ နေပြီး ပျော်ရွှင်နိုင်၏။
အကြီးအကဲဖေးက ရှန်းထင်ရွှမ်း၌ ကောင်းမွန်သည့် စိတ်ဓာတ်ရှိကြောင်း ခံစားမိသော်ငြား ဖေးလွေ့က ထပ်ပြောလိုက်၏။ “မင်း မိတ်ဆွေဖွဲ့ဖို့ အပြင်မထွက်ဘူးလား “ ရှန်းထင်ရွှမ်းက ပြောလိုက်သည်။ “ဘာကြောင့် ဖွဲ့သင့်တာလဲ “ ဆိုရလျှင် သူမနှင့် ထိုလူငယ်များက မတူညီပေ။ သူမမျက်လုံးထဲတွင် အကြီးအကဲဖေးအပါအဝင်အားလုံးက အကောင်ပေါက်လေးများသာ ဖြစ်၏။
အကြီးအကဲဖေးက ပြုံးလိုက်၏။ “အဆင်ပြေပါတယ်၊ မင်း အပြင်ထွက်ပြီး အပန်းဖြေချင်တယ်ဆိုရင် ဖေးအိမ်တော်ကို အချိန်မရွေးလာလို့ရတယ် “
မွန်းတည့်ချိန်ရောက်ခါနီးပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ ရှန်းထင်ရွှမ်းသည် ခေါက်ဆွဲသုံးပန်းကန် ချက်ပြုတ်လိုက်၏။ စားသောက်ပြီးနောက် ရှန်းထင်ရွှမ်းက အပင်စိုက်ရန် သွားတော့မှာပဲ ဖြစ်သည်။ ထို့ကြောင့် ဖေးလွေ့သည် အကြီးအကဲဖေးနောက်လိုက်ပြီး ထွက်သွား၏။ ထွက်မသွားခင် ရှန်းထင်ရွှမ်းသည် အကြီးအကဲဖေးအား ဟင်းသီးဟင်းရွက်တစ်အိတ် ထည့်ပေးလိုက်၏။ အကြီးအကဲဖေး၏ အပြုံးက ကြီးမားလွန်းသောကြောင့် သူ၏ မျက်လုံးများက မျည်းတစ်ကြောင်းအဖြစ် မှေးကျဉ်းသွားတော့သည်။
အစားအသောက် နှစ်ခြိုက်သည့် ဘလော့ဂါထျန်းထျန်းသည် နောက်ဆုံးအခေါက် ကီဝီသီးကို စားပြီးနောက် သစ်သီးများဝယ်ရန် ရှင်းယွမ်ရှန်သို့ သွားခဲ့သည်ဟု ဆိုခဲ့သည်။ ထို့ကြောင့် ယနေ့ ဤနေရာသို့ ရောက်လာ၏။
ရှင်းယွမ်ရှန်သို့ အသွားတွင် သူက တိုက်ရိုက်ထုတ်လွှင့်မှု စတင်ခဲ့၏။ “ပေါင်ပေ့တို့ ဒီနေ့ ငါ ဘယ်သွားလဲဆိုတာ ခန့်မှန်းကြည့်ကြ “
အင်တာနက်အသုံးပြုသူများက ခန့်မှန်းပြီးနောက် အစားအသောက် နှစ်ခြိုက်သောထျန်းထျန်းက ပြောသည်။ “ဒီနေ့ သစ်သီးတွေ ဝယ်ယူမှုမကန့်သတ်ထားတဲ့ ရှင်းယွမ်ရှန်ကို သွားနေတာလေ၊ လတ်တလောမှာ ရှင်းယွမ်ရှန်ရဲ့ ဟင်းသီးဟင်းရွက်တွေက စျေးကွက်ထဲ ရောက်နေပြီ၊ ဒါပေမဲ့ ဝယ်ယူမှု ကန့်သတ်ထားသေးတယ်၊ သစ်သီးလေးများ ရှိမလားဆိုပြီး သွားကြည့်မလို့ “
ရှင်းယွမ်ရှန်၏တောင်ခြေတွင် ရောင်းချသည့်သစ်သီးများသည် ဝယ်ယူမှု မကန့်သတ်ထားသည့် တစ်ခုတည်းသော နေရာဖြစ်၏။ သို့သော် မြို့တော် B နှင့် အတော်လေး အလှမ်းဝေးရာ လူများစွာ လာလေ့မရှိပေ။
ဤနေရာ၌ ဝယ်သူအများစုသည် အနီးအနားရှိ ရွာများ သို့မဟုတ် ရှန်းထင်ရွှမ်းနှင့် ချင်ယွဲ့ကျီ၏ ပရိတ်သတ်များက အထူးသဖြင့် လာလေ့ရှိသည်။
မကြာမီ၌ အစားအသောက်နှစ်ခြိုက်သော ထျန်းထျန်းသည် ရှင်းယွမ်ရှန်တောင်ခြေသို့ ကားမောင်းသွားလိုက်၏။ သူက ဖုန်းထုတ်ပြီးနောက် ထွက်လာသည်။ “ဒီနေရာပဲ ဟုတ်လောက်မယ်မလား၊ လူတွေအများကြီး တန်းစီစောင့်နေတာကို တွေ့ရမှာပဲ “
ဖန်သားပြင်ကနေ သစ်သီးမျိုးစုံဖြင့်ပြည့်နေသော တောင်ခြေ၌ ဝါးစားပွဲလေးတစ်လုံးရှိကြောင်း တွေ့ရ၏။ အင်တာနက်အသုံးပြုသူများက ရောင်းသူကို မြင်ချင်သည်။ သို့သော် ရောင်းသူ၏ အိမ်က ဤနေရာတွင် မရှိကြောင်း တွေ့လိုက်ရ၏။
အစားအသောက်နှစ်ခြိုက်သော ထျန်းထျန်းကလည်း ထိုအရာကို ရှာတွေ့သွားသည်။
“တင်ဆက်သူက ဒီနေရာမှာ မရှိဘူး၊ ကိစ္စမရှိပါဘူး၊ အရင်ဆုံးတန်းစီတာပေါ့ “
လူများစွာက တန်းစီစောင့်ဆိုင်းနေသော်ငြား စားပွဲက ရှည်သည်။ ထို့ကြောင့် လူများစွာက တပြိုင်နက်ထဲ ပစ္စည်းမျိုးစုံကို ရွေးချယ်နိုင်ကာ အများစုက ထပ်ခါတလဲလဲ ရောက်လာသူများဖြစ်၏။ သူတို့အလှည့်ရောက်ချိန်၌ ဖယ်ပေးလိုက်၏။ တွေဝေနေခြင်း မရှိပေ။ သူတို့အကြောင်း ဖြစ်စဉ်က မြန်ဆန်သည်။
“မကြာခင်မှာ ငါ့အလှည့်ရောက်တော့မယ်၊ ငါ ခုနကပဲ တွေ့လိုက်တယ်၊ မက်မွန်သီးတွေ စပျစ်သီးတွေ၊ တတိုင်းမွှေးဘယ်ရီနဲ့ ကီဝီ၊ လုံငန် “
သူမိတ်ဆက်တာမပြီးသေးခင် သူ့အလှည့်ရောက်လာ၏။
“ဒီတင်ဆက်သူက အတော်လေး အင်အားကြီးတာပဲ၊ သူ ဒီမှာမရှိပေမဲ့ လူတိုင်းက သူတို့ကိုယ်ပိုင်ပစ္စည်းကို ရွေးသွားကြတယ်၊ တစ်ယောက်မှ ငွေမပေးမှာကို မကြောက်ဘူးလေ၊ ငါ သစ်သီးအရင်ရွေးလိုက်ဦးမယ်၊ ဒီနေရာမှာ ဖရဲသီးရှိနေတာ မထင်ထားဘူး၊ ဟုတ်ပြီထားလိုက်တော့ တစ်ဝက်ယူလိုက်မယ် “
ဖရဲသီးမှ လွဲလျှင် သူက ကျန်သည့် သစ်သီးများကို နှစ်ကတ်တီစီ ယူလိုက်ပြီးနောက် လူအုပ်ကြီးနှင့်အတူ လျှောက်လာ၏။
မကြာမီ၌ သူက ငွေပေးချေရမည့်နေရာသို့ သွားလိုက်သည်။ အစားအသောက်နှစ်ခြိုက်သော ထျန်းထျန်းသည် စျေးနှုန်းစာရင်းကို တွေ့လိုက်ရ၏။ “မက်မွန်သီး တစ်ကတ်တီ ဆယ်ယွမ်၊ ဖရဲသီး တစ်ကတ်တီ ငါးယွမ်၊ လုံငန် တစ်ကတ်တီ သုံးဆယ်၊ ကီဝီ တစ်ကတ်တီ နှစ်ဆယ် “
သူသည် သစ်သီးတစ်ခုချင်းစီကို ချိန်တွယ်ပြီး ပြောလိုက်သည်။ “ဒါက ယွမ်သုံးရာ့ငါးဆယ်၊ ငွေပေးချေဖို့အတွက် QR ကုတ်ကို စကန်ဖတ်လိုက်မယ် “
...
စာရေးသူမှာ ပြောစရာရှိပါတယ်။
အကြီးအကဲဖေး။ ။ မင်းရဲ့အနာဂတ်အစီအစဉ်က ဒီတောင်တန်းကို ပိုကောင်းအောင် လုပ်ဖို့ဆိုတာ သေချာတယ်။
ရှန်းထင်ရွှမ်း။ ။ မဟုတ်ဘူး။ ကျွန်မမှာ အစီအစဉ်မရှိဘူး။ ကျွန်မရဲ့ အလုပ်က အားလုံးစနစ်ကြောင့်ပဲ။
အကြီးအကဲဖေး။ ။ ...
…
အခန်း (၄၇) (က)
အစားအသောက်နှစ်ခြိုက်သော ထျန်းထျန်းသည် ငွေပေးချေပြီးနောက် သစ်သီးများအပြည့်ပါသည့် အိတ်ကို ကားထဲပြန်သယ်သွားလိုက်၏။
“ဒီသစ်သီးတွေကို ဝယ်တဲ့သူတွေက ရိုးရိုးသားသားနဲ့ ပိုက်ဆံပေးနေတာကို တွေ့လိုက်ရတယ်၊ သူတို့တွေက တစ်စိတ်တစ်ဝမ်းထဲ ဖြစ်လောက်မယ်၊ ဒီနားမှာ ကင်မရာမရှိဘူး၊ ဒီတင်ဆက်သူက ကောင်းလွန်းတယ် “
ထျန်းထျန်းသည် ကားထဲ၌ ဖုန်းကို ချိန်ညှိပြီးနောက် ပြောလိုက်သည်။ “ငါ သစ်သီးတွေ အများကြီး ဝယ်လာခဲ့တယ်၊ ငါ သိပ်ပျော်တာပဲ၊ ဒီဖရဲသီးက သိပ်မွှေးတယ်၊ ဒါကို အရင်မြည်းကြည့်မယ် “
ထိုသို့ ပြောပြီးနောက် သူသည် ကားထဲမှ ဇွန်းတစ်ချောင်းကို ထုတ်လိုက်ပြီး ဖရဲသီးတစ်ဇွန်းအပြည့်ကို ပါးစပ်ထဲ ထည့်လိုက်၏။ “ဝါး ငါက ဖရဲသီးကို ကျက်သရေရှိရှိ စားနေကျပဲ၊ ဒါပေမဲ့ ဒီနည်းအတိုင်းစားရတာလည်း သိပ်ကို မိုက်လွန်းတယ်နော်၊ ဖရဲသီးကလည်း အရသာရှိလွန်းတယ်၊ သိပ်ချိုတာပဲ၊ ဒီအရသာကို သိပ်သဘောကျတယ် “
အလုတ်ရေအနည်းငယ် စားပြီးနောက် အစားအသောက်နှစ်ခြိုက်သော ထျန်းထျန်းသည် တောကြက်မောက်သီးကို မြည်းစမ်းကြည့်တော့၏။
“မင်းတို့ တွေ့လား၊ အစောတုန်းက သစ်သီးကို ရွေးတဲ့ အချိန် ငါ ဂရုတစိုက် မရွေးခဲ့ဘူး၊ ငါက ကြုံသလို ရွေးခဲ့တာပဲ၊ ဒါပေမဲ့ ဒီတောကြက်မောက်သီးတွေအားလုံးက အရည်အသွေးမြင့်တဲ့ ကုန်ပစ္စည်းတွေ ဖြစ်ပြီး အားလုံးက အရွယ်အစား တပြေးထဲပဲ၊ ဒါ အရသာရှိမလားဆိုတာတော့ မသိသေးဘူး “
“ဪ ငါပြောနေရင်းနဲ့ ဒီတောကြက်မောက်သီးက ကြီးပေမဲ့ သူ့ရဲ့အရသာက လူတွေသီးသန့်စိုက်ပျိုးထားတဲ့ ဟာတွေနဲ့ မတူဘူး၊ သိပ်ကို အရသာရှိလွန်းတယ်၊ အသားလည်း ပြည့်တယ်၊ အသီးပုံစံကတောင် ကြည့်လို့ကောင်းနေတာ၊ ငါ နောက်ထပ် အသီးတစ်မျိုးကို စမ်းကြည့်ဦးမယ် “
ရလဒ်အနေဖြင့် သူသည် သစ်သီးမျိုးစုံကို မြည်းစမ်းခဲ့၏။ သို့သော် အစားအသောက်နှစ်ခြိုက်သော ထျန်းထျန်းသည် သူတို့ထဲ၌ ချို့ယွင်းမှုတစ်ချက်ကိုတောင် ထုတ်မပြောခဲ့ပေ။
“ငါ ဒီကို မလာသေးခင်က အားလုံးအတွက် ဆုလာဘ်အဖြစ် သစ်သီးတချို့ မဲနှိုက်ပေးမယ်လို့ ပြောခဲ့တာ၊ ဒါပေမဲ့ သစ်သီးက အရသာရှိလွန်းတယ်၊ ငါ အားလုံးကို စားလိုက်မိမယ်ထင်တယ်၊ ဒီတော့ မင်းတို့ဘာသာ မင်းတို့ဝယ်တော့ တာ့တာ “
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသော အင်တာနက်အသုံးပြုသူများသည် မတရားသလို ခံစားလိုက်ရ၏။ ဒါက သူစားသမျှ အစားအစာတိုင်းကို ဇီဇာကြောင်ပြီး ဝေဖန်တတ်တဲ့ ကြောင်တောင်တောင် အစားအစာဘလော့ဂါရော ဟုတ်သေးရဲ့လား။
အစားအသောက်နှစ်ခြိုက်သော ထျန်းထျန်းသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်၏။ သူသည အစက သစ်သီးတစ်ချို့ဝယ်သွားရန် စီစဉ်ထားခဲ့သည်။ သို့သော် စားပွဲပေါ်၌ သစ်သီးများ ကုန်ခါနီးပြီဖြစ်သည်ကို မြင်သည့်အချိန်၌ သူက သက်ပြင်းချလိုက်၏။ အစောထဲကသာ သိခဲ့မည်ဆိုလျှင် ပိုဝယ်ခဲ့မှာပဲဖြစ်သည်။
အစားအသောက်နှစ်ခြိုက်သော ထျန်းထျန်း၏ ဤတိုက်ရိုက်ထုတ်လွှင့်မှုကို လူပေါင်းနှစ်သန်းကျော်က ကြည့်ရှုခဲ့၏။ ဤတိုက်ရိုက်ထုတ်လွှင့်မှုနှင့် သူ၏ ပုံမှန်တိုက်ရိုက်ထုတ်လွှင့်မှု ပုံစံကြား ကွာဟချက် ကြီးမားနေသောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုပြီးနောက် ပရိသတ်များက Weibo ပေါ်၌ ကြမ်းကြမ်းတမ်းတမ်း ဆွေးနွေးကြတော့သည်။
[ငါတို့ သိသလောက်တော့ အစားအသောက်နှစ်ခြိုက်တဲ့ ထျန်းထျန်းက လက်မှုပညာရှင်တစ်ယောက်ပဲ။ ဒါ့အပြင် နင်တို့စားရတာ သဘောကျတဲ့ စားစရာရှိရင် သူ့ရဲ့ Weibo ပေါ်မှာ သွားစစ်ဆေးကြည့်လိုက်ရင် စားစရာရဲ့ ချို့ယွင်းချက်တွေ ကြောင့် နင်တို့ ထိတ်လန့်သွားလေ့မယ်။ ဒါပေမဲ့ ဒီနေ့တော့ သူက ချီးကျူးစကားတွေချည်းပဲ ပြောခဲ့တာ။]
လူအချို့က သူ၏ ချဲ့ကားပြောဆိုမှုကို ဗီဒီယိုအတိုလေးအဖြစ် တည်းဖြတ်ထားခဲ့၏။
“ဒီတင်ဆက်သူက သိပ်အံ့ဩဖို့ ကောင်းတာပဲ “
“ဒီသစ်သီးက သိပ်အရသာရှိတာပဲ “
“ငါ အရသာကို သိပ်သဘောကျတယ် “
“ပြီးသွားပြီ ငါတော့ ချစ်မိသွားပြီ “
Rap ရွတ်သည့်ပမာ အရှိန်တင်လိုက်ရာ အလွန်ရယ်စရာကောင်းနေ၏။
လူအချို့သည် အစားအသောက်နှစ်ခြိုက်သော ထျန်းထျန်း၏ ယခင် ဗီဒီယိုများဖြင့် ဤအပိုင်းအစများကိုလည်း လိုက်ပါ ချီးကျူးမိ၏။ ကျန်သည့် စားစရာများကိုမူ သူက ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုခဲ့တာပဲဖြစ်၏။ လူတိုင်းက ထပ်ခါတလဲလဲ မကြည့်ဘဲ မနေနိုင်ကြတော့ချေ။
မကြာမီ၌ #အစားသောက်နှစ်ခြိုက်သူ ထျန်းထျန်း#ရှင်းယွမ်ရှန်က အပူတပြင်းရှာဖွေမှုပေါ်၌ ပေါ်လာလေ၏။ ရှောင်ဖုန်းသည် တနေ့တာလုံး သစ်သီးများ ထုပ်ပိုးနေခဲ့ပြီး ထမင်းစားချိန်တွင်သာ အနည်းငယ် နားခွင့်ရတာ ဖြစ်သည်။ စားသောက်ပြီးနောက် သူက ဖုန်းထုတ်ကာ Weibo ကို ဖွင့်ကြည့်လိုက်သည့် အချိန်၌ ရှန်းထင်ရွှမ်းက အပူတပြင်း ရှာဖွေမှုပေါ်၌ ထပ်ရောက်နေပြီဆိုတာ တွေ့လိုက်ရသည်။
သူက ဂရုတစိုက် ဖတ်ကြည့်လိုက်ရာ အကြောင်းအရင်းသည် အစားအသောက် ဘလော့ဂါတစ်ယောက်၏ သုံးသပ်ချက်ကြောင့်ဆိုတာ သိလိုက်ရသည်။
အကြောင်းအရာကို ဖတ်ရှုပြီးနောက် ရှောင်ဖုန်းက ရယ်မောမိသွားသည်။ သစ်သီးနှစ်မျိုးက အမှန်တကယ် အရသာရှိသည့်အတွက် ရယ်မောမိတာပဲဖြစ်သည်။ ထို့အပြင် ထျန်းထျန်းသည် သစ်သီးများကို အနည်းငယ် စားပြီးသည်နှင့် ချီးကျူးစကားပြောတာကို သူ ကြားလိုက်ရ၏။
ရှောင်ဖုန်းသည် ယခုဆို ဖော်လိုဝါ ၃.၅ သန်း ရှိနေပြီဖြစ်သော ရှန်းထင်ရွှမ်း၏ Weibo ကို ထပ်ကြည့်လိုက်၏။ ယင်းက တရိပ်ရိပ်တက်နေသေးဆဲ ဖြစ်သည်။
မနေ့တုန်းက ရှန်းထင်ရွှမ်း၏ ဖော်လိုဝါသည် ၃.၂သန်းသာ ရှိကြောင်း သူမှတ်မိသေး၏။ ယနေ့တိုက်ရိုက်ထုတ်လွှင့်မှုနှင့် Hot Search သည် နေ့ဝက်အတွင်း သူမကို ပရိသတ် သုံးသိန်း ယူလာပေး၏။
ရှန်းထင်ရွှမ်းသည် လတ်တလော၌ တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်ခဲ့ပေ။ အကြောင်းမှာ သူမသည် နေ့စဉ်နေ့တိုင်း စိုက်ပျိုးပြီးနောက် ရုပ်ရှင် စကြည့်နေသောကြောင့် ဖြစ်သည်။ ပရိသတ်များစွာက ရှန်းထင်ရွှမ်းကို တိုက်ရိုက်ထုတ်လွှင့်မှုစတင်ရန် တောင်းဆိုခဲ့၏။
ပရိသတ်ဟောင်းတစ်ယောက်က မှတ်ချက်ကို တုံ့ပြန်ခဲ့သည်။
[တိုက်ရိုက်ထုတ်လွှင့်မှုလုပ်တာအပြင် အားရွှမ်းက Weibo သုံးတာ ရှားတယ်။ ဒီတော့ မင်းတို့ရဲ့စာတွေကို သူဖတ်မိဖို့က ခက်ခဲလောက်တယ်။]
ထို့အပြင် နောက်ထပ် သုံးသပ်ချက်တစ်ခုရှိ၏။ ယင်းက ယခင်အခေါက်က မျှစ်များကို အနိုင်ရသွားသည့် ကြည့်ရှုသူများထဲမှ တစ်ယောက်ဖြစ်သည်။
[ငါ့ ဘဝရဲ့ ကံကို ကံစမ်းမဲမှာ အသုံးပြုလိုက်တာ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လယ်စိုက်တဲ့အားရွှမ်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ငါက မျှစ်တွေ ရလာခဲ့တာ။
ထုပ်ပိုးမှုကို လက်ခံရရှိပြီးတော့ မျှစ်တွေက အတော်လေးကြီးပြီး လေလုံအိတ်ထဲမှာ သေသေချာချာ ထုပ်ပိုးထားတာ။ ပုံထဲမှာ ပြထားတဲ့အတိုင်းပဲလေ။ စားချင်စဖွယ်ဖြစ်နေတော့ ငါ အိတ်ကိုချက်ချင်း ဖွင့်လိုက်တာ။ မျှစ်ရဲ့ အချဉ်နံ့စူးစူးက ထွက်လာတယ်။ ပြီးတော့ ဒီအနံ့က ငါ့ရဲ့ခံတွင်းထဲက အရသာခံဖုတွေကို အရှိန်တင်ပေးလိုက်တောာ့တာပဲ။ မျှစ်က အကြီးကြီးပဲ။ ငါ အပိုင်းသေးသေးလေး ပိုင်းလိုက်တယ်။ ငါ ဝယ်ထားတဲ့ ခရုခေါက်ဆွဲက ရောက်မလာသေးဘူး။ ဒါကြောင့် ပူပူနွေးနွေး ဟင်းချိုတစ်ပန်းကန်နဲ့ ခေါက်ဆွဲတွေကို ပြုတ်ပြီး မျှစ်တွေကို ထည့်လိုက်တာ။ မျှစ်နဲ့ ခေါက်ဆွဲကို တလုတ်စားကြည့်ပြီးတော့ သူ့အရသာက အံ့ဩစရာပဲဟေ့။ အစတုန်းကတော့ ဒီပူပူနွေးနွေး ချဉ်တင်တင် ခေါက်ဆွဲရဲ့အရသာက ဘာမှမှတ်ချက်ချလောက်စရာမရှိဘူး။ ဒီမျှစ်ထည့်လိုက်တဲ့အချိန်မှာ အဆင့်သုံးဆင့် တက်သွားတယ်။
အားရွှမ်း မျှစ်တွေကို ဘယ်ချိန်ရောင်းမလဲဆိုတာ တကယ်မေးချင်တယ်။ ငါ့ဇနီးပြန်လာတဲ့အချိန်မှာ အားလုံးကို သတိလက်လွတ်စားလိုက်မိတာ။ စားကောင်းသောက်ဖွယ်တွေကို ငါတစ်ယောက်ထဲ စားခဲ့မိတာကြောင့် သူ ငါ့ကို ဒေါသထွက်နေတာလေ။]
အစက အင်တာနက် အသုံးပြုသူများသည် ရှန်းထင်ရွှမ်းက သစ်သီးများမထုတ်ဟု သံသယဝင်နေတာ ဖြစ်သည်။ သို့သော်ငြား ထိုမှတ်ချက်ကြောင့် သူတို့သည် ယခုဆို မျှစ်များကို စိတ်ဝင်စားလာပြီဖြစ်သည်။ သို့သော် အရေးကြီးဆုံးက ၎င်းတို့သည် မျှစ်များပဲဖြစ်သည်။ ၎င်းတို့ကို ရောင်း၊ မရောင်း မသိရပေ။ ထို့ကြောင့် အာသာပြင်းပြမှုသည် တနည်းနည်းဖြင့် ညှိုးငယ်သွားရန် ကြမ္မာဖန်နေပုံ ပေါ်၏။
လေလုံထုပ်ပိုးမှုအကြောင်း အင်တာနက်အသုံးပြုသူများ ထုတ်ပြောနေစဉ် ရှန်းထင်ရွှမ်းသည် ပို့ဆောင်ရေးနေရာသို့ မျှစ်များသယ်လာသည့်အချိန်၌ သူမသည် လက်ဆတ်မှုကို ထိန်းပေးထားနိုင်သည့် ဘူးတစ်ခုကို အသုံးပြုခဲ့၏။ သို့သော် သူမထွက်သွားပြီးနောက် ရှောင်ဖုန်းသည် မျှစ်ကို ထုပ်ပိုးရန် လေလုံအိတ်ကို အသုံးပြုပြီးနောက် သူတို့ကို ပို့ဆောင်ခဲ့တာပဲ ဖြစ်သည်။
ငါးရက်တာသည် လျင်မြန်စွာ ကုန်ဆုံးသွား၏။
မနက်ငါးနာရီ၌ တာဝန်သည် အချိန်ဇယားအတိုင်း ရောက်လာသည်။
“Host ကျေးဇူးပြုပြီး ငါးရက်အတွင်း သစ်သီးအမျိုးအစား ခြောက်ဆယ်ကို ထုတ်လုပ်ပေးပါ “
ရှန်းထင်ရွှမ်းသည် ဤတာဝန်အကြောင်း မနေ့ညထဲက သိခဲ့၏။ ထို့ကြောင့် သူမ၌ အစီအစဉ် ရှိပြီးသားဖြစ်သည်။
လက်ရှိတွင် ရှင်းယွမ်ရှန်၌ သစ်သီးဆယ်မျိုးရှိ၏။ တရုတ်ဆီးသီးနှင့် ပါ့ရွယ်ကွာတို့ သိပ်မကျန်တော့သော်ငြား အပင်ပေါ်၌ သစ်သီးအချို့ ရှိနေသေး၏။
ဩဂုတ်လကုန်ဆုံးပြီးဖြစ်သော်ငြား သူမ၏ ဝိညာဉ်စွမ်းအင်များ ရှိနေသောကြောင့် တောင်ပေါ်၌ ပါ့ရွယ်ကွာများကို ထုတ်လုပ်နိုင်သေး၏။
ရှန်းထင်ရွှမ်းက မနက်စောစော၌ နိုးလာ၏။ ဆောင်ရွက်ရန် ရှိသည့် နေ့စဉ် အိမ်မှုကိစ္စများကို ပြုလုပ်ပြီးနောက် သူမသည် သစ်သီးအသစ်များ စတင်စိုက်ပျိုးတော့၏။
ရှန်းထင်ရွှမ်းသည် သစ်သီးမျိုးစေ့အများအပြားကို ဝယ်ယူခဲ့ပြီး ဖြစ်သည်။ ယခင်တုန်းက တာဝန်တစ်ခုပြီးမြောက်ရန် မလိုအပ်သောကြောင့် ရှန်းထင်ရွှမ်းသည် သူတို့ကို သူတို့ဘာသာ ပေါက်ရောက်စေခဲ့တာ ဖြစ်၏။ ယနေ့တွင်မူ သူမက တာဝန်တစ်ခု လက်ခံရသောကြောင့် သူတို့ကို ဝိညာဉ်စွမ်းအင်ဖြင့် တိုက်ရိုက် ရေလောင်းပေးခဲ့၏။ ထိုမျိုးစေ့များအနှံ့ ရိုးရိုးပန်းသီး၊ သစ်တော်သီး၊ လိုင်ချီး၊ စွန်ပလွံသီး၊ ငှက်ပျောသီး စသည်ဖြင့် ပါနေ၏။
သူမ၏ အကန့်အသတ် ဝိညာဉ်စွမ်းအားကြောင့် ရှန်းထင်ရွှမ်းသည် မျိုးစေ့တိုင်းအတွက် ဧရိယာအသေးလေးသာ ရေလောင်းနိုင်၏။ ထိုသို့တိုင် စွမ်းအင်က လျင်မြန်စွာ အသုံးပြုနိုင်၏။
ဝိညာဉ်စွမ်းအင်များ ပြန်လည်ရရှိမှု၌ ဝိညာဉ်စွမ်းအင် ပြန်ဖြည့်နေစဉ်အချိန်ကို သုံးပြီး ရှန်းထင်ရွှမ်းက စျေးထဲကို သွားကာ မျိုးစေ့များစွာ ဝယ်လာခဲ့၏။ အထူးသဖြင့် သစ်သီးမျိုးစေ့များ ဖြစ်သည်။ သူမက ကုန်တင်ကားထဲ အပြည့်နီးပါးဖြည့်လိုက်၏။
မျိုးစေ့ဆိုင်ပိုင်ရှင်က ရှန်းထင်ရွှမ်းကို We chat အပ်ထားရန် ပြောလိုက်သည်။ နောင်ကျ ရှန်းထင်ရွှမ်းက ပစ္စည်းမှာသည့်အချိန်၌ We Chat ကနေသာ အမှာစာ ပါးနိုင်ပြီး သူက ကုန်ပစ္စည်းများ ပို့ဆောင်လိမ့်မည်။
ရှန်းထင်ရွှမ်းက ယင်းသည် စျေးဆိုင်၌ သွားဝယ်ခြင်းထက် ပိုမြန်ဆန်လိမ့်မည်ဟု ခံစားမိသည်။ ထို့ကြောင့် သူဌေးကို We Chat တွင် အပ်ထားလိုက်၏။
ရှင်းယွမ်ရှန်သို့ ပြန်လာပြီးနောက် ရှန်းထင်ရွှမ်းသည် မြေပြင်၌ အပြင်များ ဆက်လက်စိုက်ပျိုး၏။ ပြီးနောက် ဝိညာဉ်စွမ်းအင်ပြည့်လာချိန်၌ ရေလောင်း၏။ ဤအတိုင်း ထပ်ခါတလဲလဲ ပြုလုပ်နေသည်။ အဆုံးတွင်မူ သစ်သီးအမျိုးအစားနှစ်ဆယ်ကို ထုတ်လုပ်ခဲ့ပြီးဖြစ်၏။ ဆယ်ခုရှိပြီးသား ဖြစ်နေလေရာ တာဝန်က တစ်ဝက်ပြီးမြောက်ပြီဖြစ်၏။
သူမက နောက်တစ်နေ့အိပ်ရာထချိန်၌ ကျန်သည့်သစ်သီးများကို စတင်ရေလောင်းပေးတော့သည်။
တတိယမြောက်နေ့ မွန်းတည့်ချိန်ထိ စနစ်က အသိပေးလာတော့သည်။ “ဂုဏ်ပြုပါတယ် Host၊ ၃၁ ခုမြောက် တာဝန်ကို ပြီးမြောက်သွားပါပြီ၊ ဆုလာဘ်တစ်ခု ရရှိပါတယ်၊ ဝိညာဉ်သွေးကြော ၃၁ % ပြန်ရရှိပါတယ် “
ရှန်းထင်ရွှမ်းက သူမ၏ နာကျင်နေသော ကြွက်သားများကို ဖြေလျော့ရန် အကြောဆန့်လိုက်၏။ ဤတာဝန်က သူမကို ခြံဝန်းအောက်ရှိ မြေပြင်၌ စိုက်ပျိုးခွင့်ပေးရုံသာမက ခြံဝန်းအထက်ရှိ မြေအနည်းအကျဉ်း၌လည်း စိုက်ပျိုးခိုင်းခဲ့၏။
တစ်ချိန်ထဲတွင် စနစ်၏ တာဝန်များက အမျိုးအစားပိုစုံလာကြောင်း ရှာတွေ့လိုက်၏။ သူမ၏ ဝိညာဉ်သွေးကြော တစ်ရာရာခိုင်နှုန်းကို ပြန်လည်ရရှိရန်အတွက် သူမသည တာဝန်ခြောက်ဆယ်ကျော် လုပ်ရဦးပေမည်။ သူမက သာမန်လူတစ်ယောက်ဆိုပါက ဤကဲ့သို့ ပုံမှန်မဟုတ်သည့် တာဝန်ပမာဏကို ပြီးမြောက်နိုင်မှာမဟုတ်ပေ။
သို့သော်ငြား ယခုအချိန်တွင် ကျန်သည့်နည်းလမ်းမရှိပေ။ ရှန်းထင်ရွှမ်းက တောင်ပေါ်သို့ ဆက်သွားလိုက်ရာ ကျိကျိကို တွေ့လိုက်ရ၏။ ၎င်း၏လေသံက အနည်းငယ် ကြောက်လန့်နေပုံပေါ်သည်။
“အားရွှမ်း ရွာသူကြီးက ဆန့်ကျင်ဘက်တောင်ပေါ်ကနေ ပြုတ်ကျသွားတယ် “
...
ရှင်းယွမ်ရှန်နှင့် အနီးဆုံးရွာသည် ယောင်ဟု ခေါ်၏။ အစတုန်းက ယောင်ရွာဟု ခေါ်တာမဟုတ်ပေ။ ဆေးဝါးရွာဟုခေါ်တာဖြစ်သည်။ သို့သော် ယောင်နှင့် ဆေးဝါးက သံတူကြောင်းကွဲစကားလုံးဖြစ်၏။ နောက်ပိုင်း၌ ယောင်ရွာဟု နာမည်ထာဝရ ပြောင်းလဲလိုက်၏။
ဆေးဝါးရွာဟု ခေါ်ရခြင်းမှာ ယခင်တုန်းက တန်ဖိုးရှိ ဆေးပင်များ ပေါကြွယ်ဝမှုကြောင့် ဖြစ်ပြီး ဤနေရာ၌ နှစ်ထောင်ချီ သက်တမ်းရှိခြင်း ဆေးကို ရှာတွေ့နိုင်သည်ဟုလည်း ဆိုကြသည်။
နောက်ပိုင်းတွင် လူများစွာက ရွာ၏ ပတ်ဝန်းကျင် ဧရိယာကို ဂရုမစိုက်ဘဲ တောင်ပေါ်၌ ဆေးပင်များ စုဆောင်းသည့်သူ များပြားလာသောကြောင့် ဆေးပင်များ လျော့လာပြီး သိပ်မကျန်တော့ပေ။
ယောင်ရွာ၏ ရွာသူကြီးသည် ယောင်ဆေးဝါးမိသားစု၏ မျိုးဆက်ပဲဖြစ်၏။ ယောင်ရွာ၌ ရှာတွေ့သည့် ဆေးပင်များ ပိုမိုနည်းပါးလာသောကြောင့် ယောင်ရွာ၏ ဘိုးဘေးများသည် အပြင်လူများကို ဆေးပင်များ မခူးယူအောင် ဟန့်တားခဲ့၏။ ရွာနားတွင် ရှိသည့်သူများဆိုပင်လျှင် ခူးခွင့်မပေးပေ။ အထူးတလှယ် အကြောင်းပြချက် ရှိသူများသာလျှင် ခူးခွင့်ရှိ၏။ နောက်ပိုင်း၌ ဆေးပင်များစုဆောင်းရန်အတွက် မည်သူမှမလာတော့ပေ။
ယနေ့ခေတ်၌ ဆေးပင်များ စုဆောင်းရန်အတွက် တောင်ပေါ်သို့ တက်သွားတာ ရှားပါးပေ၏။ သူတို့ရသည့်အများစုက ရှီကျုံထျန်း၊ ဝမ်လေ့ စသဖြင့် ဖြစ်၏။ ဂျင်ဆင်းကိုမူ ဘယ်တော့မှ ထပ်မတွေ့ရတော့ပေ။
ကျိကျိသည် ရှန်းထင်ရွှမ်းနှင့် မလှမ်းမကမ်းရှိ သစ်ပင်ဆီသို့ ပျံသန်းသွားလေ၏။ “ရွာသူကြီးက မျက်နှာချင်းဆိုင်က တောင်ပေါ်မှာ ဆေးပင်တွေ စုဆောင်းဖို့ သွားခဲ့တာလေ၊ ဒါပေမဲ့ တောင်ခြေကို ပြုတ်ကျသွားတယ်၊ သူ့ကို ရှာတွေ့တဲ့အချိန် သူ သွေးတွေထွက်နေပြီ “
“သူတို့ ၁၂၀ ကို ခေါ်ခဲ့လား “ (တရုတ် ၉၁၁)
“ခေါ်ခဲ့တယ်၊ ဒါပေမဲ့ ကားက ရောက်မလာသေးဘူး “
ရှန်းထင်ရွှမ်းက လယ်ဆက်စိုက်နေ၏။ ကျိကျိက သူမအနား ပျံသန်းလာကာ ပြောလိုက်သည်။
“အားရွှမ်း သူ့ကို မကယ်ဘူးလား “
ရှန်းထင်ရွှမ်းသည် ရွာသူကြီးနှင့် မရင်းနှီးပေ။ ထိုလူများက ၁၂၀သို့ ခေါ်ပြီးဖြစ်လေရာ ဆရာဝန်က မကြာမီ၌ ရောက်လာလောက်သည်။ သူမက ထိုလူအုပ်ကြီးနှင့် သိပ်အဆင်ပြေခဲ့တာမျိုး မရှိ။ သူမကို လူလိမ်ဟုတောင် သူတို့ တွေးထင်နေလောက်သေး၏။
ရှန်းထင်ရွှမ်းက သူမ စိုက်ပျိုးထားသည့် မျိုးစေ့များကို ရေဆက်လောင်း၏။ ခွေးစနစ်သည် ယနေ့အထိ တာဝန်ဘာဆိုတာ ထုတ်မပြောသေးပေ။
အကြိမ်းခံလိုက်ရသော စနစ်။ “... “ ကျုပ်ဘာမှမပြောဘဲ ဘာကြောင့် ကြိမ်းမောင်းရတာလဲ။
ရှန်းထင်ရွှမ်းသည် မွန်းတည့်ချိန်အထိ အလုပ်များနေပြီးနောက် ခြံဝန်းထဲသို့ ပြန်လာ၏။ သူမက တောင်အောက်သို့ ဆင်းသွားပြီးနောက် ယနေ့တွင် ဝိညာဉ်စွမ်းအင်ဖြင့် ပက်ဖြန်းထားသော ကြာပွင့်တစ်ပွင့် ခူးယူလိုက်၏။
၎င်းကို ခွာနေစဉ် ကျိကျိ အဝေးကနေ ပျံသန်းလာလေ၏။
“အားရွှမ်း နင် သေးနံ့နဲ့ တူတဲ့ဟာတွေကို စားရတာ ဘာကြောင့် အမြဲကြိုက်နေရတာလဲ “
ယောင်တာ့ကျူက ကြောက်လန့်နေခဲ့၏။ ၁၂၀ ရောက်လာချိန်၌ ဆရာဝန်သည် လူနာကို ပတ်တီးသာ စည်းပေးပြီး လူနာကို ခေါ်မသွားပေ။ စျာပနပွဲအတွက် ပြင်ဆင်ထားရန်တောင် မှာကြားခဲ့သည်။ လူနာကို ခေါ်သွားခြင်းက ဆိုးရွားလိမ့်မည်ဟု ဆိုခဲ့၏။
“ရွာသူကြီးရဲ့မိသားစုက တကယ်အချိန်မှားခဲ့တာပဲ၊ သနားဖို့ကောင်းလိုက်တာ “
ရှန်းထင်ရွှမ်းသည် အနည်းငယ် မယုံနိုင်သလို ခံစားရ၏။ “သူတို့က ကယ်ဖို့တောင် မရွေးခဲ့ဘူးလား “
ဆရာဝန်တစ်ယောက်အနေနဲ့ သေခါနီးလူနာကို ကယ်ပြီး ဒဏ်ရာကို ကုသပေးရမှာ သူတို့အလုပ်မဟုတ်ဘူးလား။ လူနာကို ဒီအတိုင်းတောင် လက်လျှော့လိုက်တယ်လား။
သူမသည် နေ့လယ်တုန်းက မပါဝင်ဖို့ ရွေးချယ်ခဲ့ခြင်းက ထိုလူများက ဆရာဝန်ကို ခေါ်ခဲ့ပြီးသောကြောင့် ဖြစ်သည်။ သို့သော် ယခု ရှန်းထင်ရွှမ်းက သူမလက်ထဲက ကြာပွင့်ကို ချပြီးနောက် ခွက်တစ်ခွက် ယူရန် ခြံဝန်းထဲသို့ သွားလိုက်၏။
ပြီးနောက် စမ်းရေထဲကနေ ရေတစ်ခွက်ခပ်လိုက်ပြီးနောက် သူမဆံပင် တစ်မျှင်ကို ဆွဲနှုတ်ကာ အထဲသို့ ထည့်လိုက်၏။ ပြီးနောက် ဆံပင်အရည်ပျော်သွားစေရန် ဝိညာဉ်စွမ်းအင် သုံးလိုက်၏။
တောင်အောက်သို့ ရောက်သွားချိန်၌ ရှန်းထင်ရွှမ်းက ဆေးပင်အချို့လည်း ခူးယူလာခဲ့၏။ ကျိကျိက ရှန်းထင်ရွှမ်းနောက် လိုက်လာပြီး တောင်အောက်ဆင်းကာ ရှေ့ကနေ ဦးဆောင်ပျံသန်းလေသည်။
“ငါနဲ့ လိုက်ခဲ့ “
ရှန်းထင်ရွှမ်းက ပြေးတာ အလွန်မြန်ဆန်ပြီး တစ်နေရာပြီး တစ်နေရာဖြတ်ကျော်သွားကာ ပုံရိပ်ယောင်သာ ကျန်ရစ်ခဲ့၏။
ကျိကျိက စူးရှစွာ အော်လိုက်တော့၏။ “အားရွှမ်း ရွာသူကြီးက ရှေ့က အဆောက်အအုံမှာ နေတာ၊ သူက အခု ပထမအထပ်က အခန်းထဲမှာ “
ယောင်တာ့ကျူ၏ အိမ်ရှေ့၌ ရွာသားများစွာ ရပ်နေရာ သူမက သူတို့ကို ဖြတ်ကျော်မသွားနိုင်ပေ။
ရှန်းထင်ရွှမ်းက လူအုပ်ကြီး ပြည့်ကျပ်နေတာကို မြင်လိုက်ရ၏။ အချိန်မဖြုန်းနိုင်ရန် ရှန်းထင်ရွှမ်းက နောက်ပြန်ဆုတ်ပြီးနောက် စွမ်းအားဖြင့် ပြေးသွားတော့သည်။ လူအုပ်နားရောက်သွားသည့်အချိန်၌ ရှန်းထင်ရွှမ်းက ခုန်ကျော်လိုက်၏။
တံခါးရှေ့ရှိ လူများ၏ ခေါင်းကို အထောက်အပံ့အနေဖြင့် အသုံးပြုပြီး အကြိမ်ရေအနည်းငယ် ခုန်ပြီးနောက် ရှန်းထင်ရွှမ်းက ရွာသူကြီး အိမ်တံခါးဝ၌ ရပ်နေလိုက်သည်။
သူမက အိမ်ထဲအမြန်ဝင်သွားပြီး သူမနောက်ရှိ တံခါးကို ဘန်းဟူသော မြည်သံဖြင့်ပိတ်လိုက်၏။ သို့မှသာ ရှန်းထင်ရွှမ်းသည် တံခါးအပြင်ဘက်ရှိ ကြည့်နေသူများကို ပိတ်ဆို့လိုက်နိုင်တာပဲ ဖြစ်သည်။
အားလုံးက မျက်တောင်ခတ်စာ အနည်းငယ်အတွင်း ပြီးသွား၏။ အိမ်ထဲ၌ ယောင်တာ့ကျူ၏ မိသားစုအပြင် ရွာ၏ကေဒါများလည်း ရှိနေ၏။ သူတို့က မည်သည့်နေရာကမှန်းမသိ ရောက်ချလာသော ရှန်းထင်ရွှမ်းကို ကြည့်လိုက်သည်။
ရှန်းထင်ရွှမ်းက ယောင်တာ့ကျူဆီ လျှောက်သွားလိုက်၏။
မနက်ကထိ အဆင်ပြေသေးသည့် ထိုလူက ယခုမူ အသက်ရှူနှုန်းတို့ နှေးလာလေ၏။
ရှန်းထင်ရွှမ်းက ခွက်ထဲရှိရေကို ယောင်တာ့ကျူအား တိုက်လိုက်၏။
ယောင်တာ့ကျူ၏ ညီလေး ယောင်တာ့ရှင်းက ဦးစွာ တုံ့ပြန်လိုက်သည်။
“ဘာတွေလုပ်နေတာလဲ “
ထိုသို့အော်ပြီးနောက် ယောင်တာ့ရှင်းသည် ခွက်ကို ယူရန် ရှေ့တိုးလာ၏။ သို့သော် ရွာ၏လက်ထောက်အတွင်းရေးမှူး ချန်ထျန်းကောက လှမ်းဆွဲလိုက်သည်။
“စိတ်မပူနဲ့ တာ့ကျူကို အရင်ကြည့်လိုက် “
နေ့လယ်တုန်းက သူတို့သည် တာ့ကျူကို ရေမတိုက်ခဲ့တာမဟုတ်၊ ထိုလူက ရေမသောက်နိုင်တာပဲ ဖြစ်သည်။ ရေအားလုံးက သူ၏ ခံတွင်းထဲကနေ စီးကျလာ၏။
ယောင်တာ့ရှင်းက ရှေ့တိုးလိုက်ရာ ရှန်းထင်ရွှမ်း၏ ရေသည် ယောင်တာ့ကျူ၏ ခံတွင်းထဲ ဝင်သွားပြီးနောက် ယောင်တာ့ကျူ၏ အသက်ကင်းမဲ့နေသော မီးခိုးယောင်မျက်နှာက တဖြည်းဖြည်းချင်း အရောင်ပြန်တက်လာ၏။
“ဒါက “
ရှန်းထင်ရွှမ်းသည် ရေတိုက်ပြီးနောက် ရွာသူကြီး၏ အဝတ်အစားများကို ချွတ်လိုက်လေ၏။ အရေးပေါ်ကုသပေးရန် ရောက်လာသည့် ဆရာဝန်များသည် ဒဏ်ရာကို ရိုးရှင်းစွာ ပတ်တီးစည်းပေးခဲ့ရာ သွေးများထွက်နေသေး၏။
ရှန်းထင်ရွှမ်းသည် အဖြူရောင်ပတ်တီးများကို ဖယ်လိုက်ကာ သူမသယ်လာသည့် ဆေးပင်များကို တင်ပေးလိုက်သည်။ ပြီးနောက် ယောင်တာ့ကျူ၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်အချို့သွင်းပေးရန် အခွင့်အရေးယူလိုက်သည်။ သွေးများက ရပ်သွားလေ၏။
ရှန်းထင်ရွှမ်းသည် ယောင်တာ့ကျူ၌ ဒဏ်ရာအနည်းငယ်သာ ပြင်းထန်တာကို တွေ့လိုက်ရသည်။
ယောင်တာ့ရှင်းနှင့် နေထိုင်သော ကျန်သည့်မိသားစုဝင်များက ထိုမြင်ကွင်းကို မတုံ့ပြန်ခဲ့ကြပေ။
ရှန်းထင်ရွှမ်းသည် ချန်းထျန်းကော၏ ဘေးမှ လျှောက်လာပြီးနောက် တိတ်ဆိတ်နေ၏။ ပြီးနောက် သူမသည် အနောက်တံခါးကနေ ထွက်သွားတော့သည်။
ယောင်တာ့ကျူ၏အသားအရောင်က တဖြည်းဖြည်းချင်း ပြန်ကောင်းလာပြီးနောက် တံခါးအပြင်ဘက်ရှိ တံခါးခေါက်သံက လူတိုင်းကို အသိစိတ် ပြန်ဝင်လာစေ၏။
ချန်းထျန်းကောက စိတ်ငြိမ်အောင် ထားလိုက်ကာ ချက်ချင်း ပြောလိုက်၏။ “မြန်မြန် ၁၂၀ကို ထပ်ခေါ်လိုက် “
ယခုအခေါက်တွင် ၁၂၀က ရောက်လာပြီး ယောင်တာ့ကျူကို ဆေးရုံကို ခေါ်သွားသည်။ ထိုရလဒ်ကို ကြားသောအခါ ရှန်းထင်ရွှမ်းက စိတ်အေးလက်အေးဖြင့် အနားယူတော့၏။
...
နောက်နေ့နံနက် အိပ်ရာထချိန်၌ ရှန်းထင်ရွှမ်းသည် သစ်သီးအချို့ ခူးပြီးနောက် ရှောင်ဖုန်းဆီ သွားခဲ့သည်။ ရှောင်ဖုန်းသည် လတ်တလော၌ သိုလှောင်ရုံအသစ် တည်ဆောက်နေတာပဲ ဖြစ်သည်။ အုတ်မြစ်ကို ကြည့်လျက် သိုလှောင်ရုံက အတော်လေး ကြီးမည့်ပုံရ၏။
ရှောင်ဖုန်း၏ မိခင်က ရှန်းထင်ရွှမ်းကို မြင်သည့်အချိန်၌ စိတ်အားထက်သန်နေ၏။ သူမက ပြောလိုက်တော့သည်။ “ထင်ရွှမ်း ရှောင်ဖုန်းကို ရှာဖို့ ဒီရောက်လာတာလား “
“ဟုတ်တယ်၊ ကျွန်မ သစ်သီးအသစ်သယ်လာတယ် “
ရှောင်ဖုန်း၏မိခင်က သူမကို ကျေးဇူးထပ်တင်လိုက်ပြီးနောက် ရှောင်ဖုန်းကို ခေါ်လိုက်၏။
ရှန်းထင်ရွှမ်းက ပြောလိုက်သည်။ “အရင်အခေါက်က ပေးထားတဲ့ ပိုက်ဆံက မလောက်ဘူးမလား၊ ရှင့်အတွက် ပိုက်ဆံထပ်လွှဲပေးမယ် “
ရှောင်ဖုန်းက ပြော၏။ “ဒီလောက်မလောနဲ့လေ၊ တစ်လတစ်ကြိမ်လုပ်တာပေါ့ “
“ဒါ အလုပ်မဖြစ်ဘူး “ ရှန်းထင်ရွှမ်းသည် ရှောင်ဖုန်းအား ယွမ်တစ်သိန်းလွှဲပေးလိုက်သည်။
သူမက ကြာကြာမနေပေ။ ငွေလွှဲပေးပြီးနောက် ရှန်းထင်ရွှမ်းက ထွက်သွားတော့၏။
ရှန်းထင်ရွှမ်း၏ နောက်ကျောကို ကြည့်ပြီး ရှောင်ဖုန်းသည် အချိန်အတော်ကြာသည်အထိ စိတ်ပြန်မလည်လာသေးပေ။
ရှောင်ဖုန်း၏မိခင်က အတော်ကြာ ကြည့်နေခဲ့၏။ သို့သော် ရှောင်ဖုန်းက ထိုနေရာတွင် ရပ်နေသေးဆဲ ဖြစ်သည်။ “ရှောင်ဖုန်း သား ငေးကြည့်နေတာပဲ “
ယခင်က အထုပ်အပိုးများ ပို့ဆောင်ရတာ များလွန်းခဲ့သည်။ ရှောင်ဖုန်း၏ဖခင်က ၎င်းကို မြင်သောအခါ စက်ရုံတွင် သူ့အလုပ်ပြီးနောက် ပစ္စည်းများ ပို့ဆောင်ရာ၌ ကူညီပေးဖို့ အိမ်သို့ ပြန်လာခဲ့သည်။ ထိုသို့တို ကုန်ပစ္စည်းများ အားလုံးကို ပို့ဆောင်ရန် ရက်အနည်းငယ် အချိန်ယူရဦးမည်။
အချိန်တစ်ချို့ အနားယူပြီးနောက် ရှောင်ဖုန်းက သိုလှောင်ရုံအသစ်တည်ဆောက်ရန် အလုပ်များနေပြန်၏။ မိသားစုက နေ့စဉ်နေ့တိုင်း အလုပ်များနေသည်။ သို့သော် သူတို့အားလုံး ပျော်ရွှင်နေကြ၏။
…
အခန်း (၄၇) (ခ)
တောင်ပေါ်တွင် ညနေ ငါးနာရီ၌ ရှန်းထင်ရွှမ်းသည် တိုက်ရိုက်ထုတ်လွှင့်မှု စတင်၏။ တိုက်ရိုက်ထုတ်လွှင့်မှု လင့်ကို Weibo တွင် မတင်ခင် ပရိသတ်များစွာက ရောက်လာနေပြီဖြစ်သည်။ ရှန်းထင်ရွှမ်းက ပြုံးလျက် ကင်မရာကိုလှည့်ကာ တာ့တာပြလိုက်သည်။ “မတွေ့ရတာကြာပြီ “
[အားရွှမ်း တိုက်ရိုက်ထုတ်လွှင့်ဖို့ သတိရသေးတယ်ပေါ့။]
[ဟုတ်ပါ့။ တိုက်ရိုက်ထုတ်လွှင့်မှုမလုပ်တာ ဘယ်နရက်တောင် ရှိပြီလဲ မသိဘူး။]
[စျေးဆိုင်ထဲမှာ သစ်သီးတွေ မရှိတော့ဘူး။ တိုက်ရိုက်ထုတ်လွှင့်မှုကလည်း ပုံမှန်မဟုတ်ဘူး။ ငါ ငိုနေပါပြီ။]
“လတ်တလောမှာ အပင်စိုက်ရင်း အလုပ်များနေလို့ ဒါမှလူတိုင်းက အရသာရှိတဲ့ စားစရာတွေ ထပ်စားနိုင်မှာလေ “ စနစ်က ပေးသည့် တာဝန်များဆိုတာတော့ သေချာ၏။
ထိုအကြောင်းပြချက်ကို ကြားလိုက်သည်နှင့် အင်တာနက်အသုံးပြုသူများသည် အငြင်းပွားတာ ရပ်တန့်လိုက်၏။
[အားရွှမ်းက အလုပ်ကြိုးစားလိုက်တာ။]
[မင်း အလုပ်ကြိုးစားရမယ်နော်။ သစ်သီးသစ်တွေ မြန်မြန် ရဖို့ မျှော်လင့်နေပါတယ်။]
[တောင်ကို ကြည့်ရတာ သိပ်လှတာပဲ။]
ရှင်းယွမ်ရှန်၌ အမျိုးမျိုးသော သစ်သီးဝလံများနှင့် ရှန်းထင်ရွှမ်း စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များအပြင် ကျန်သည့်နေရာများက အတော်လေး ခြောက်သွေ့နေသေး၏။ သို့သော် ယခုဆို ခြံဝန်းပေါ်ရှိ မြေပြင်၌ သစ်ပင်များစွာ ပေါက်ရောက်နေပြီဖြစ်သည်။
ဆောင်းဦးသို့ ချဉ်းကပ်လာပြီဖြစ်လေရာ ထိုသစ်ပင်များ၏ သစ်ရွက်များက ဝါကျင့်ကျင့် ဖြစ်နေ၏။ သူတို့က ကြည့်ရတာ အလွန်လှပနေတော့သည်။
[ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မှုအကြောင်းအရာက ဘာလဲ။]
“ငါ မစဉ်းစားရသေးဘူး၊ နင်တို့ ဘာကြည့်ချင်လဲ “ သူမက အချိန်အတော်ကြာ တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်ဖြစ်ကြောင်း စဉ်းစားပြီးနောက် ထိုဆော့ဖ်ဝဲကို နှိပ်လိုက်၏။
[အစ်မလေး စားသောက်တာကို ကြည့်ချင်တယ်။]
[ငါရောပဲ။ ခရုခေါက်ဆွဲလုပ်ပြလည်း အဆင်ပြေတယ်။ ဒါမှမဟုတ် သစ်သီးတွေ စားတာပေါ့။]
[ငါ ထောက်ခံတယ်။]
ရှန်းထင်ရွှမ်း။ “ကောင်းပြီလေ၊ စတော်ဘယ်ရီတွေက မှည့်ကာစပဲ၊ အားလုံးကြည့်လို့ရအောင် ခေါ်သွားပြမယ် ”
စတော်ဘယ်ရီများကို စပျစ်ပင်အောက်၌ စိုက်ပျိုးထားတာဖြစ်ပြီး နှစ်ဖက်လုံံးကနေ လျှံထွက်နေ၏။ လက်ရှိတွင် မြေပြင်က အသီးနီနီများဖြင့် ပြည့်နေတော့၏။
ရှန်းထင်ရွှမ်းက ပြော၏။ “အားလုံးကို ကျွန်မ တောင်းပန်ပါတယ်၊ စတော်ဘယ်ရီတွေက သက်တမ်းတိုတယ်၊ ဒါကြောင့် နောက်ပိုင်းမှ ရောင်းရင်တောင် မြို့တော် Bအတွင်းပဲ ရလောက်မယ် “
စတော်ဘယ်ရီများသည် နုနယ်လွန်းပြီး ပျက်စီးလွယ်သည်။ ရှန်းထင်ရွှမ်းသည် ၎င်းကို ပါးစပ်ထဲထည့်ပြီးနောက် အနီရောင် စတော်ဘယ်ရီအရသာက သင်းပျံ့ပြီး ချိုမြလှ၏။
ရှန်းထင်ရွှမ်းသည် သစ်သီးစားပြီးသွားပြီး နောက်တစ်လုံးခူးယူလိုက်သည်။
[အားးး။]
[ဒီမိန်းကလေးစားနေတာကို အချိန်တိုင်းကြည့်ပြီး အားကျနေရပေမဲ့ ကြည့်နေမိတုန်းပဲ။]
ဖန်သားပြင်ရှေ့တွင် ထိုင်နေစဉ် ရှောင်ဖုန်းက စဉ်းစားနေလေ၏။ သူတို့သည် နောက်ပိုင်း၌ စတော်ဘယ်ရီများ ပို့ချင်သည်ဆိုပါက သူတို့သည် ဖော့သေတ္တာကို သုံးရန် လိုအပ်ပြီး သူတို့သည် ရေခဲအိတ်ထည့်ရန် လိုအပ်၏။ သို့မှသာ အနီးအနားရှိ အင်တာနက်အသုံးပြုသူများသည် သစ်သီးများကို အထိအခိုက်မရှိ ရရှိမှာပဲဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုပြီးနောက် ရှန်းထင်ရွှမ်းသည် စနစ်ကို မေးလိုက်၏။ “မနက်ဖြန်တာဝန်က ဘာလဲ “
“Host ရဲ့ ပိုက်ဆံက ငါးရက်အတွင်း ယွမ်တစ်သန်းရောက်ရပါမယ် “
ရှန်းထင်ရွှမ်း၏ မျက်နှာထက်ရှိ အပြုံးက တဖြည်းဖြည်းချင်း သိပ်သည်းလာ၏။ “လက်ထဲမှာ ပိုက်ဆံယွမ်တစ်သန်းရောက်ရမှာလား “
“ဟုတ်တယ် “
ရှန်းထင်ရွှမ်း။ “မဟုတ်သေးပါဘူး၊ ဒါက ဘယ်လိုသရဲတာဝန်မျိုးလဲ “ သူမသည် ထုတ်လာသည့် မစ်ရှင်တိုင်းကို အသားကျသွားချိန်၌ စနစ်သည် နောက်ထပ်ထူးဆန်းသော မစ်ရှင်ကို ထုတ်ပြန်၏။
“ဒါက ရိုးရှင်းတဲ့တာဝန်ပါ၊ Host ကြိုးစားလိုက်တော့ “
ရှန်းထင်ရွှမ်းသည် အလီပေးကို ဖွင့်လိုက်၏။ နောက်ဆုံးအခေါက် ကားဝယ်ပြီး နေပူစာလှုံခန်းကို တပ်ဆင်ကာ မျိုးစေ့ဝယ်ပြီး ရှောင်ဖုန်းအား ပိုက်ဆံလွှဲပြီးသည်မှလွဲပြီးလျှင် သူမ၌ ကျန်သည့် သုံးစွဲငွေ မရှိပေ။
တကယ်တော့ သုံးစွဲစရာမရှိပေ။ ရတနာဆေးဆိုင်၌ ပစ္စည်းများ ပြန်လည်ဖြည့်သွင်းမှုက သုံးသန်းနီးပါး ရခဲ့၏။ သို့သော် အချို့သော ဝယ်သူများသည် ကုန်ပစ္စည်းများ ရောက်ရှိလာမှုကို အတည်မပြုသေးပေ။ သူမအကောင့်ထဲ၌ ယွမ်လေးသိန်းသာ ရှိ၏။
စူပါမောက နေ့စဉ်နေ့တိုင်း ဝင်ငွေရနေလေသည်။ ၎င်းက စုစုပေါင်း ယွမ်ကိုးသိန်းနှစ်သောင်းဖြစ်၏။ သူမ၏ သုံးစွဲစရိတ်ကို နှုတ်လိုက်လေရာ ယွမ်ခြောက်သိန်းနှစ်သောင်း ဝန်းကျင် ကျန်သည်။
သူမ၏ အလီပေးက ယွမ်ရှစ်သိန်းကျော်ရှိနေတာကို တွေ့မြင်ပြီးနောက် ရှန်းထင်ရွှမ်းသည် ထိုတာဝန်က ထိုမျှ မခက်ခဲဟု ချက်ချင်း ခံစားလိုက်မိ၏။
မနက်ခင်း၌ ရှန်းထင်ရွှမ်းသည် စူပါမောသို့ ယွမ်နှစ်သိန်းခန့်တန်ကြေးရှိသည့် ကုန်ပစ္စည်းများကို တင်ပို့ခဲ့၏။ ဤတာဝန်က ယခုပြီးမြောက်ပြီ ဖြစ်သောကြောင့် အလွန်ပျော်ရွှင်နေလေ၏။ အလွန်လွယ်ကူလှပေသည်။
စနစ်က ရုတ်တရက် အကြံပေးလိုက်၏။ “Host အခု အပိုဆောင်းတာဝန်တစ်ခု ထပ်ထည့်လိုက်မယ်ဆိုရင် တာဝန်ပြီးမြောက်သွားတာနဲ့ ဝိညာဉ်သွေးကြောအပို တစ်ရာခိုင်နှုန်းကို ရလိမ့်မယ် “
တာဝန်သည် ပြီးသွားကာစဖြစ်ပြီး ၃၂% ပြန်ပြည့်လာပြီး ၁% ထပ်ရမည်ဆိုလျှင် ၃၃% ဖြစ်သွားလိမ့်မည်။
“အချိန်အကန့်အသတ်ကရော “
ရှန်းထင်ရွှမ်းက မေး၏။
“ဒီတစ်ခေါက် တာဝန်ရဲ့အချိန်အကန့်အသတ်အတိုင်း ငါးရက်အတွင်း “
ရှန်းထင်ရွှမ်း။ “ကျရှုံးသွားရင်ရော “
စနစ်။ “ကျရှုံးသွားပြီးရင် ပြန်ရထားတဲ့ ဝိညာဉ်သွေးကြော ၃၃% အနုတ်ခံရမယ် “
တာဝန်သည် ထိုမျှရိုးရှင်းမှာ မဟုတ်မှန်း သူမသိနေ၏။ ထို့ကြောင့် ရှန်းထင်ရွှမ်းက မေးလိုက်သည်။
“ထပ်တိုးတာဝန်အတွက် ပမာဏ ဘယ်လောက်လိုလဲ “
စနစ်၏ စက်ရုပ်သံက ပြောသည်။ “လက်ထဲ နှစ်သန်းရောက်ရမယ် “
ရှန်းထင်ရွှမ်းသည် တွက်ချက်မှုအချို့ ပြုလုပ်ခဲ့ပြီး နှစ်သန်းရဖို့က ပြဿနာတစ်ရပ်မဟုတ်ပေ။ ရတနာဆိုင်၏ ငွေပြေလွှာများသည် သန်ဘက်ခါကျ အတည်ပြုပေးလိမ့်မည်။
ထို့အပြင် သစ်သီးများ ပိုပို့ဆောင်နိုင်သော စူပါမောက ရှိသေး၏။ နေ့စဉ် သစ်သီးပမာဏကို တိုးပို့ခြင်းဖြင့် သူမ သန်းချီရနိုင်သည်။ “ကောင်းပြီလေ ထည့်လိုက် “
စနစ်က ကြေငြာလိုက်၏။ “အပိုဆောင်းတာဝန် ထပ်ထည့်လိုက်ပါပြီ၊ တာဝန်မပြီးဆုံးခင် ၄ရက် ၁၆နာရီကျန်ပါသေးတယ်၊ Host ကျေးဇူးပြုပြီး တာဝန်ကို ပြီးမြောက်အောင် ကောင်းကောင်း ဆောင်ရွက်ပါ “
ရှန်းထင်ရွှမ်းက လုမင်ဟွေ့ကို ခေါ်ပြီးနောက် ဟင်းသီးဟင်းရွက်များ လိုအပ်သလားဟု မေးခဲ့သည်။ တစ်ချိန်တည်းတွင် ရတနာဆိုင်၌ သစ်သီးများ တတိယအကြိမ် ပြန်ဖြည့်သွင်း၏။
ရှောင်ဖုန်းသည် ဖုန်းခေါ်ဆိုမှုများ ရရှိလိုက်ချိန်၌ ရှန်းထင်ရွှမ်းသည် ဤမျှအချိန်တိုအတွင်း တတိယအကြိမ် ဆိုင်ထဲသို့ ပစ္စည်းများ ပြန်ဖြည့်လိမ့်မည်ဟု မထင်ထားပေ။
ရှန်းထင်ရွှမ်း ပစ္စည်းပြန်ဖြည့်သည့် အချိန်က ပုံမှန်မဟုတ်သော်ငြား အချိန်တိုအတွင်း ပြုလုပ်ခြင်းက သူ့ကို အတော်လေး မပြင်ဆင်ရာ ရောက်စေ၏။
သို့သော်ငြား ရှောင်ဖုန်းသည် ပစ္စည်းပို့စရာများ ပိုမိုရရှိလာချိန်၌ ပျော်ရွှင်၏။ သူ့အတွက်နှင့် ရှန်းထင်ရွှမ်း နှစ်ယောက်လုံးအတွက် ဖြစ်သည်။ မနက် ၁၁နာရီတွင် လုမင်ဟွေ့က ဟင်းသီးဟင်းရွက်များယူရန် ပျော်ရွှင်စွာ ရောက်လာ၏။
ယနေ့သစ်သီးရောင်းချမှုသည် ပုံမှန်ထက် နှစ်ထောင်ကျော် ရှိခဲ့၏။ သို့သော် အရေအတွက်က တစ်သန်းမရောက်သေးပေ။ ဝယ်သူများက ကုန်ပစ္စည်းရောက်ရှိကြောင်း အတည်မပြုသရွေ့ ထိုပိုက်ဆံများက သူမဟာ မဟုတ်သေးပေ။
ရှန်းထင်ရွှမ်းသည် ကုန်ပစ္စည်းများစွာကို စူပါမောသို့ တင်ပို့ရန် မစီစဉ်ထားပေ။ စူပါမားကတ်က ၎င်းတို့ကို တစ်ရက်အတွင်း ရောင်းမကုန်မှာ သူမစိုးရိမ်၏။
လုမင်ဟွေ့က ရှန်းထင်ရွှမ်း၏ ရင်ထဲရှိ အတွေးများကို သိလျှင် သူက သွေးအန်လောက်သည်။ သူသည် ရှန်းထင်ရွှမ်းကို ယခင်က သေချာပြောခဲ့၏။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ မည်မျှများစေကာမူ စူပါမောသည် ၎င်းတို့ကို တစ်ရက်ထဲတွင် ရောင်းနိုင်၏။
ရှန်းထင်ရွှမ်းက နားမထောင်ခဲ့တာ သိသာသည်။
ငွေကြေးပိုမိုလိုအပ်မှုကြောင့် ရှန်းထင်ရွှမ်းသည် ပန်းသီးများကိုလည်း တင်ခဲ့၏။ ထိုကဲ့သို့ သစ်သီးမျိုးက တစ်နှစ်ပတ်လုံးရနိုင်၏။ ဝိညာဉ်စွမ်းအင်ဖြင့် ရေလောင်းထားသော ပန်းသီးပင်သည် သစ်သီးကတ်တီတစ်ထောင်သီးနိုင်၏။
ရှန်းထင်ရွှမ်း၏ ဝိညာဉ်စွမ်းအားသည် ရက်အနည်းငယ်အတွင်း ပန်းသီးပင်များကို ရေလောင်းခြင်းဖြင့် လျော့သွား၏။ ယခု ကွင်းပြင်ထဲရှိပန်းသီးပင်များက အသီးများသီးနေပြီဖြစ်သည်။
လုမင်ဟွေ့သည် တစ်ကတ်တီကို ငါးယွမ်နှုန်း သတ်မှတ်ကာ ရှန်းထင်ရွှမ်းအား ပေးချေပြီး စူပါမားကတ်၌ ခြောက်ယွမ်ဖြင့် ရောင်း၏။ စင်ပေါ်ရှိ ပန်းသီးများသည် ရောင်းထွက်ရန် သိပ်မကြာခဲ့ပေ။
အဓိကအားဖြင့် ကျန်သည့် သစ်သီးရှစ်မျိုးကို နေ့စဉ်နေ့တိုင်း ထားနိုင်၏။ ပန်းသီးများက စင်ပေါ် ပထမဆုံးအကြိမ်ရောက်တာဖြစ်သည်။ လူများစွာက ၎င်းတို့ကို မြည်းစမ်းချင်နေ၏။
စူပါမောဘေး၌ ကုမ္ပဏီတစ်ခုရှိပြီး ရှောင်ကျူးက ဤနေရာ၌ အလုပ်လုပ်သည်။ သူမသည် ကုမ္ပဏီသို့ မသွားခင် ဤနေရာ၌ သစ်သီးများ ဝင်ဝယ်၏။ သစ်သီးများစားသုံးရခြင်းသည် သူမ၏ ဘဝ၌ ပျော်စရာအကောင်းဆုံးကိစ္စလည်း ဖြစ်သည်။
ယနေ့ စူပါမောသို့ ရောက်ချိန်၌ ရှောင်ကျူးသည် စင်ပေါ်၌ သစ်သီးအသစ်များတွေ့လိုက်ရသည်။
ရှင်းယွမ်ရှန်၏ သစ်သီးများကို ယခုဆို စူပါမော၌ စင်သီးသန့်ဖြင့် ထားခဲ့ပြီဖြစ်၏။ ထို့ကြောင့် ပန်းသီးများသည် ထိုအထူးစင်များပေါ်၌ ထားတာပဲဖြစ်၏။ ယင်းက ရှင်းယွမ်ရှန်မှ သစ်သီးအသစ်ဖြစ်ကြောင်း သိကြသည်။
ရှောင်ကျူးက အနည်းငယ် အကျပ်ရိုက်သွားသည်။ သူမက ပန်းသီးမကြိုက်ပေ။ သူမက ကီဝီ၊ တောကြက်မောက်နှင့် သခွားမွှေးတို့ကဲ့သို့ ကျန်သည့် သစ်သီးများကိုသာ စားရတာ နှစ်ခြိုက်၏။
စင်ပေါ်ရှိ ပန်းသီးအရေအတွက် လျင်မြန်စွာ လျော့ကျနေတာကို မြင်ပြီး ရှောင်ကျူးက တွေဝေမနေတော့ဘဲ ပန်းသီးတစ်လုံး ယူလိုက်၏။
ထိုသစ်သီးကို ရှင်းယွမ်ရှန်က ထွက်တာပဲဖြစ်သည်။ ရှောင်ကျူးသည် ၎င်းကို မြည်းကြည့်ချင်၏။ ဒီပန်းသီးက ဘယ်လိုအရသာလဲ။
ငွေရှင်းပြီးနောက် ရှောင်ကျူးသည် အနည်းငယ် စိတ်ခံစားချက် ပြင်းပြနေ၏။ ပန်းသီးတစ်လုံးကို ခြောက်ယွမ်ကျသင့်သည်။ ခရစ်စမတ်တွင်တောင် ထုပ်ပိုးပြီးသည့် ပန်းသီးများကို ငါးယွမ်ဖြင့်သာ ရောင်းချ၏။ သို့သော် သူမ၏ လက်ထဲရှိ ပန်းသီးက အရောင်စိုလှပြီး ခရစ်စမတ်တွင် ရောင်းချသည့် ပန်းသီးများထက် ပိုကောင်းသည်။
ရှောင်ကျူးက ပန်းသီးယူပြီးနောက် ကုမ္ပဏီသို့ သွားလိုက်၏။
သူမဘေးရှိ လုပ်ဖော်ကိုင်ဖက်များသည် ရှောင်ကျူး၏ လက်ထဲရှိ ပန်းသီးကို မြင်သောအခါ ပြုံးပြီးမေးလိုက်တော့၏။ “ဒီနေ့ စူပါမောမှာ ဘာလို့ သစ်သီးမဝယ်ခဲ့တာလဲ “
အမှန်တကယ်တွင် ထိုလုပ်ဖော်ကိုင်ဖက်များကလည်း စူပါမော၏ သစ်သီးများ အရသာရှိကြောင်း သိပြီးဖြစ်သည်။ သို့သော် သူတို့က စျေးကြီးလွန်း၏။ သူတို့က ရံဖန်ရံခါတွင်သာ စား၏။ ရှောင်ကျူးကဲ့သို့ နေ့စဉ်စားချင်သော်ငြား သူတို့မတတ်နိုင်ပေ။
ရှောင်ကျူး။ “ဒါက စူပါမောကပဲ၊ ဒီနေ့ ပန်းသီးဝယ်လာခဲ့တာ “
စူပါမော၏ သစ်သီးများ စျေးကြီးကြောင်း သူမ၏ လုပ်ဖော်ကိုင်ဖက်များသိသည်။ ထို့ကြောင့် သူမက ရှောင်ကျူးကို မမေးခဲ့ပေ။ “ရတယ်၊ ကြိုက်ရင်ပြောလေ၊ ပြီးရင် မြည်းကြည့်မယ် “
“ပြဿနာမရှိပါဘူး “ ရှောင်ကျူးက ပန်းသီးကို ရေဆေးပြီးနောက် ဘေးတွင် ထားလိုက်၏။ နာရီအနည်းငယ်ကြာ အလုပ်လုပ်ပြီးနောက် ရှောင်ကျူးက ခေါင်းအနည်းငယ်ကိုက်လာတော့သည်။ သူမက မျက်လုံးမှိတ်ထားလျက် နားထင်ကို ပွတ်လိုက်ကာ သူမဘေးရှိ သင်းပျံ့သော ပန်းသီးရနံ့က နှာဝသို့ ရောက်လာ၏။
ရှောင်ကျူးသည် ပန်းသီးကို ဘယ်ဘက်လက်ဖြင့် ဆုပ်ကိုင်ကာ တစ်ကိုက်ကိုက်လိုက်တော့သည်။
ပန်းသီးကိုက်သံက တိတ်ဆိတ်နေသော ရုံးခန်းထဲ၌ ပျံ့လွင့်လာသည်။ လူတိုင်းက အနီးအနားကို ကြည့်လိုက်ရာ ပန်းသီးစားနေသော ရှောင်ကျူးကို တွေ့လိုက်ရသည်။
အနီးကပ်ကြည့်မိလျှင် သူမကိုက်ပြီးနောက် ပန်းသီးမှ အရည်များပန်းထွက်လာတာကို တွေ့ရ၏။ ချိုမြိန်သောပန်းသီးရနံ့က နေရာအနှံ့ ပျံ့သွားတော့သည်။
ရှောင်ကျူးသည် သူမ ပန်းသီးကြိုက်သွားပြီဟု ခံစားမိလိုက်၏။ သူမဘေးရှိ လုပ်ဖော်ကိုင်ဖက်ကလည်း တံတွေးမြိုချမိသွားသည်။
ရှောင်ကျူးက ပန်းသီးတစ်လုံးလုံးစားပြီးနောက် ခေါင်းမကိုက်တေ့ာဟု ခံစားလိုက်ရသည်။ အလုပ်လုပ်ရန် စွမ်းအားများ ပြန်ရလာပုံပေါ်၏။ သူမက အင်္ကျီလက်ကို လိပ်တင်ကာ အလုပ်လုပ်ရန် ပြင်တော့၏။
လုပ်ဖော်ကိုင်ဖက်တစ်ဦးက မေး၏။ “ရှောင်ကျူး ဒီပန်းသီးကို ဘယ်ကနေ ဝယ်လာတာလဲ “
ရှောင်ကျူး။ “စူပါမောထဲက “
“စူပါမောမှာ ဒီလိုပန်းသီးတွေ မရှိဘူးမလား “ ရှောင်ကျူးသည် နေ့စဉ်နေ့တိုင်း သစ်သီးများ ဝယ်လာလေရာ သူမ၏လုပ်ဖော်ကိုင်ဖက်များက သစ်သီးများကို တွေ့မြင်နေကြ ဖြစ်နေလေသည်။
“ဒီနေ့မှ ထွက်တာ “
မနက်တုန်းက ရှောင်ကျူးကို သစ်သီးများ၏ အခြေအနေကို မေးတော့မည့် လုပ်ဖော်ကိုင်ဖက်က ထပ်မမေးတော့ပေ။ ခုနတုန်းက အရာအားလုံံးကို ရှင်းပြသွားပြီဖြစ်သည်။
…
အခန်း (၄၇) (ဂ)
ရှန်းထင်ရွှမ်းသည် ရတနာဆိုင်၏ ဝန်ဆောင်မှုဌာန မန်နေဂျာကို သူမက ဝယ်ယူသူသည် ပစ္စည်းကို လက်ခံရရှိကြောင်း အတည်ပြုပြီးနောက် ဒုတိယဝယ်ယူမှုကို ခွင့်ပြုရန် အကန့်အသတ်ဝယ်ယူခြင်းကို ပြုပြင်နိုင်လားဟု မေးမြန်းခဲ့သည်။ ပြီးနောက် ဝန်ဆောင်မှုဌာနက လျင်မြန်စွာ ပြန်ဖြေခဲ့သည်။ ထိုအတိုင်း သေချာပေါက် ထားနိုင်၏။ ယင်းက ထပ်မံဝယ်ယူလျှင် ကြယ်ငါးပွင့်တိုးမြှင့်ခံရမှာလည်း ဖြစ်သည်။
ထို့ကြောင့် ရှန်းထင်ရွှမ်းသည် ဝန်ဆောင်မှုဌာန မန်နေဂျာ၏ လမ်းညွှန်ချက်ဖြင့် ဝယ်သူများကို လက်ခံရရှိကြောင်း အတည်ပြုပြီးနောက် ထပ်မံဝယ်ယူခွင့် ပေးထား၏။ “ဒုတိယ မြောက်ဝယ်ယူမှုကတော့ သစ်သီးများ ဝယ်ယူနိုင်သည့် အရေအတွက်ကို ကန့်သတ်ထားဆဲဖြစ်သည်။
စီမံပြီးနောက် ရှန်းထင်ရွှမ်းသည် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်တော့၏။ “အားလုံးပဲ မင်္ဂလာပါ၊ ဒီနေ့ ငှက်ပျောသီးတချို့ ပြပါမယ် “
ငှက်ပျော်သီးများသည်လည်း သာမန်သစ်သီးဖြစ်ပေ၏။ ရှန်းထင်ရွှမ်းသည် စင်ပေါ်၌ မတင်ရသေးပေ။ ငှက်ပျောသီးက ပျက်စီးလွယ်၏။ ထို့ကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ အွန်လိုင်းပေါ်၌ ရောင်းရန် မစီစဉ်ထားပေ။
ငှက်ပျောတောအုပ်သည် တောက်ပသည့် အဝါရောင်များပြည့်နေပြီး အလွန်လှပ၏။
[အစ်မလေးရေ ငါတို့က စားချင်ရုံပဲ။]
[ရှင်းယွမ်ရှန်မှာပဲ ရနိုင်တာလား။]
[ဒီနေ့ ရှင်းယွမ်ရှန်ကို သွားခဲ့တယ်။ အဲ့ဒီမှာ ငှက်ပျောသီးမတွေ့ခဲ့ဘူး။]
ရှန်းထင်ရွှမ်းက ပြော၏။ “ဟုတ်တယ်၊ ငှက်ပျောသီးကို မရောင်းရသေးဘူး “
လူတိုင်းက ငှက်ပျော်သီးကဲ့သို့ သာမန်သစ်သီးကို အားရွှမ်းဟု အမည်ရသည့် တင်ဆက်သူက စားသုံးပြခဲ့လျှင် အထူးတလည် ဆွဲဆောင်မှုရှိကြောင်း ရှာတွေ့သွား၏။ အင်တာနက် အသုံးပြုသူများသည် မချီးကျူးဘဲ မနေနိုင်တော့ချေ။
ငှက်ပျောသီးစားပြီးနောက် ရှန်းထင်ရွှမ်းက ပြောလိုက်၏။
“ဒါနဲ့ ဒုတိယအခေါက် သစ်သီးဝယ်ချင်တဲ့ အင်တာနက်အသုံးပြုသူတွေ ရှိမယ်ဆိုရင် ပထမဆုံးအမှာစာကို လက်ခံရရှိကြောင်း အတည်ပြုပြီးတာနဲ့ ထပ်ဝယ်လို့ရမယ်၊ ဒါပေမဲ့ ဒုတိယဝယ်ယူမှုကိုတော့ လူတစ်ယောက်ကို သစ်သီးတစ်မျိုးအဖြစ် ကန့်သတ်ထားသေးတုန်းပဲ “
[ဝိုး ဒါက ဒီနေ့ အကြီးမားဆုံး သတင်းကောင်းပဲ။]
[ဒီစကားကို ကြားရတာ ငါ ထီပေါက်တာထက် ပိုပျော်တယ်။]
တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ပြီးနောက် အင်တာနက်အသုံးပြုသူများစွာသည် လက်ခံရရှိကြောင်း အတည်ပြုပြီးနောက် ထပ်မံဝယ်ယူကြပြန်၏။
ရှောင်ဖုန်းက ငှားရမ်းထားသည့် ယာယီကူညီသူများ၏ အရေအတွက်သည် နှစ်ဆယ်နီးပါးဖြစ်လာ၏။ သို့သော် ရှန်းထင်ရွှမ်း၏ ဝင်လာသော အမှာစာများကို ဖတ်ပြီးနောက် သူသည် မနက်ဖြန်ကျ လူထပ်ရှာရမည်ဟု ခံစားမိလိုက်သည်။
ရှန်းထင်ရွှမ်းသည် Ali Pay ကို တစ်ချက်ကြည့်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲ၌ သူမ အင်တာနက်အသုံးပြုသူများကို သတိပေးခဲ့သောကြောင့် သူမ၏ အကောင့်သည့် ၁.၈သန်းကျော်သွားပြီ ဖြစ်၏။
နောက်နေ့မနက်စောစော၌ လုမင်ဟွေ့က ရောက်လာ၏။
“စတော်ဘယ်ရီနဲ့ ငှက်ပျောသီးတွေ စင်ပေါ်ဘယ်ချိန်တင်မှာလဲ “
သူသည်လည်း ရှန်းထင်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ခဲ့၏။ အချိန်က ခွင့်မရတာကြောင့်သာ မဟုတ်လျှင် သူက ပြန်လည်ကြည့်ရှုမှာပဲ ဖြစ်သည်။ ရှန်းထင်ရွှမ်းက စတော်ဘယ်ရီသီးများစွာ စိုက်ပျိုးထားတာကို သူ မြင်ခဲ့၏။ မနေ့တုန်းက တိုက်ရိုက်ထုတ်လွှင့်မှု၌ ငှက်ပျောသီးများကိုလည်း ပြသခဲ့ရာ ၎င်းတို့က အရေအတွက်များပြီး ရောင်းချနိုင်၏။
ရှန်းထင်ရွှမ်းက ပြော၏။ “စူပါမောက လိုအပ်လား “
လုမင်ဟွေ့က ထုတ်ဖော်ပြောလိုက်သည်။ “အရမ်းကို လိုအပ်တာပေါ့ “
မူလက စူပါမော၌ သစ်သီးတင်ပို့သူများစွာ ရှိသည်။ နောက်ပိုင်း၌ ရှင်းယွမ်ရှန်၏ သစ်သီးများ စင်ပေါ်တင်လိုက်သည့်အချိန်၌ ကျန်သည့် တင်သွင်းသူများ၏ သစ်သီးက နည်းသွားသည်။ အကြောင်းမှာ လူအနည်းစုသာ ၎င်းတို့ကို ဝယ်ယူကြသောကြောင့် ဖြစ်သည်။ အထူးသဖြင့် သစ်သီးနှစ်မျိုး၏ အရသာကို ယှဉ်ကြည့်ပြီးနောက် ကျန်သည့်လူများ၏ သစ်သီးများကို မည်သူမှ မဝယ်တော့ပေ။
လုမင်ဟွေ့သည် တစ်နေ့ကျ စူပါမားကတ်စင်ပေါ်ရှိ သစ်သီးများအားလုံးသည် ရှင်းယွမ်ရှန်မှ လာစေရန် အထူးတလည် မျှော်လင့်နေတာပဲ ဖြစ်သည်။
ပိုက်ဆံပိုရှာရန် လိုအပ်နေသည့် ရှန်းထင်ရွှမ်းက မေးလိုက်သည်။ “ကတ်တီဘယ်လောက်လိုတာလဲ “
“တစ်မျိုးကို တစ်ထောင် ဒါမှမဟုတ် နှစ်ထောင်ကတ်တီစီ “ ခဏတာ ရပ်တန့်ပြီးနောက် လုမင်ဟွေ့က ထပ်ပြောလိုက်သည်။
“နှစ်ထောင်ကတ်တီဆို ပိုကောင်းမယ် “
“ဟုတ်ပြီ “
“ဒါဆို ၁၁ နာရီထိုးရင် ပြန်လာဖို့ လိုသေးလား “ ထိုကာလအတွင်း ရှန်းထင်ရွှမ်း၏ ဟင်းသီးဟင်းရွက်များကိုလည်း ၁၁ နာရီတွင် လာကောက်ရမှာပဲ ဖြစ်သည်။
“အင်း “ သူမသည် တောင်ပေါ်သို့ ပြန်သွားပြီးနောက် သစ်သီးများ ခူးတော့၏။
လုမင်ဟွေ့ကို ပစ္စည်းများ ပို့ပေးပြီးနောက် အပိုဆောင်းတာဝန်က ပြီးသွားပြီဖြစ်သည်။
ငှက်ပျောသီးနှင့် စတော်ဘယ်ရီသီးများ ပို့ဆောင်ပြီးနောက် ရှန်းထင်ရွှမ်း၏ ငွေကြေးက ၂.၀၁ သန်း အဖြစ် ရှိသွားပြီး ရတနာဆိုင်၏ ဝယ်သူများ၏ လက်ခံရရှိကြောင်းပြေလွှာ ဆက်တိုက် တိုးလာမှုကြောင့် ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။
စနစ်။ ။ “Host တာဝန်တွေ ထပ်ထည့်ချင်ပါသေးလား၊ ထပ်ထည့်ချင်တယ်ဆိုရင် တာဝန်ပြီးမြောက်ရင် ဝိညာဉ် သွေးကြော ၃၄ % ပြန်ရမယ် “
ရှန်းထင်ရွှမ်းက ပြော၏။ “မထည့်တော့ဘူး “ နှစ်ရက်ခွဲရှိသေးသည်။ သူမကောင်းကောင်းအနားယူတာ ပိုကောင်းလိမ့်မည်။ မည်သည့်နည်းနှင့်မဆို တာဝန်က အဆုံးရှိမှာ မဟုတ်ပေ။
စနစ်။ ။ “၃၂ ခုမြောက်တာဝန်နဲ့ အပိုဆောင်းထပ်တိုးတာဝန်ကို ပြီးမြောက်တဲ့အတွက် Host ကို ဂုဏ်ပြုပါတယ်၊ ပြီးတော့ ဆုလက်ဆောင်အဖြစ် ဝိညာဉ်သွေးကြော ၃၃ % ပြန်ရရှိပါတယ် “
ရှန်းထင်ရွှမ်းသည် သူမခန္ဓာကိုယ်ထဲ ဝိညာဉ်စွမ်းအင်တိုးလာတာကို ခံစားမိ၏။
ကျိကျိက ပျံသန်းလာသည်။
“အားရွှမ်း တစ်ယောက်ယောက်က နင့်ကို တောင်ခြေမှာ လာရှာနေတယ်၊ ရွာသူကြီးမိသားစုက ထင်တယ်၊ ဒါပေမဲ့ သူတို့တွေက အစီအရင်ထဲမှာ ပိတ်မိနေတယ် “
ထိုနေ့က ရှန်းထင်ရွှမ်းသည် ယောင်တာ့ကျူကို ရေတိုက်ပြီး ဆေးပင်များလိမ်းပေးပြီးနောက် သူ၏မိသားစုသည် ၁၂၀ကို ထပ်ခေါ်ခဲ့၏။ အဆုံးတွင်မူ ဆရာဝန်က ယောင်တာ့ကျူကို ကယ်ဆယ်နိုင်ခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ယောင်တာ့ကျူသည် ဘေးအန္တရာယ်ကနေ ဖြည်းဖြည်းချင်း လွတ်မြောက်လာခဲ့သည်။
ထိုအဖွဲ့သည် ကံကောင်းသည်ဟု ခံစားမိသော်ငြား တစ်စုံတစ်ခု မှားယွင်းနေတာကို ခံစားမိ၏။ ယောင်တာ့ကျူသည် ထိုနေ့က သေတော့မှာ ဖြစ်၏။ သို့သော်ငြား ရှန်းထင်ရွှမ်းဆီမှ ရေနှင့် ဆေးပင်ကြောင့် သူအသက်ရှင်ခဲ့သည်။
လူတိုင်းက ရှန်းထင်ရွှမ်း၏ ဝင်ရောက်ပတ်သတ်မှုကို သူတို့ဘာသာ သိထားကြသည်။ အကြောင်းမှာ အပြင်တွင် ထိုအကြောင်းကို မပြောစေချင်သောကြောင့် ဖြစ်သည်။
ဆွေးနွေးပြီးနောက် လူနည်းသွားချိန်၌ သူတို့သည် ရှန်းထင်ရွှမ်းဆီ သွားလည်ရန် ဆုံးဖြတ်လိုက်၏။
ပုံမှန်ဆို လူတို့လာရောက်လည်ပတ်သည့်အချိန်၌ မနက်ခင်းတွင် သွားလျှင် အကောင်းဆုံးဖြစ်သည်။ သို့သော် ရှန်းထင်ရွှမ်းသည် သစ်သီးဝယ်သူများနှင့် သေချာပေါက် အလုပ်များနေမည်မှန်းလည်း သူတို့သိနေ၏။ ထို့ကြောင့် သူတို့က မွန်းတည့်ချိန်အထိ စောင့်သည်။ လူတိုင်းက နေ့လည်စာစားသောက်ရန် ပြန်သွားသည့်အချိန်ကျမှ သူတို့က ရှင်းယွမ်ရှန်သို့ရောက်လာ၏။
ရလာဒ်အနေဖြင့် တောင်အဝင်လမ်း၌ ပိတ်မိနေပြီး အပတ် အနည်းငယ် လျှောက်ပြီးသည့်တိုင် တူညီသည့်နေရာထဲတွင်သာ ရှိနေသေး၏။
ရှန်းထင်ရွှမ်းသည် ထိုလူတစ်စုကို ဦးဆောင်ခေါ်လာတော့သည်။
ယောင်တရှင်းနှင့် ကျန်သည့်သူများ ဝင်လာပြီးနောက် သူတို့က အနည်းငယ် စိတ်ပူပန်နေ၏။ ရှန်းထင်ရွှမ်းက ယောင်တာ့ကျူ၏အသက်ကို ကယ်ခဲ့တာ ငါးဆယ်ရာခိုင်နှုန်း ဖြစ်နိုင်ချေရှိသည်ဟု သူတို့ ခံစားမိသည်။
သို့သော် တောင်ပေါ်တက်လာပြီးနောက် သူတို့ ဆက်မသွားနိုင်ပေ။ လူတိုင်းက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ထူးဆန်းတာတစ်ခုခု ဖြစ်ပျက်သွားမှန်း သိနေ၏။
သူတို့က မကြောက်ရုံသာမက ရှန်းထင်ရွှမ်းသည် ယောင်တာ့ကျူကို ကယ်တင်ခဲ့ကြောင်း လက်ခံယုံကြည်သွားပြီ ဖြစ်သည်။
“မစ္စရှန်းက ပညာရှင်တစ်ယောက်ရဲ့ တပည့်ပဲ ဖြစ်ရမယ် “
“ကျွန်တော်တို့မိသားစုက တာ့ကျူကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် “
လူတိုင်းသည် သူတို့ရှေ့ရှိ လမ်းကြောင်းပွင့်သွားပြီး သူတို့အပေါ်တက်နိုင်သွားတာကို မြင်သည့်အချိန်၌ ထိုအတိုင်း တွေးလိုက်သည်။
ရလာဒ်အနေဖြင့် ရှန်းထင်ရွှမ်းကို လက်ခံယုံကြည်မှုက လူတိုင်း၏ ရင်ထဲတွင် ပိုမိုနက်ရှိုင်းလာတော့သည်။
ယောင်တာ့ကျူ၏ ဇနီးက ရုတ်တရက် တွေးလိုက်၏။
“ငါတို့တွေ ယူလာတဲ့ လက်ဆောင်တွေက နည်းလွန်းနေလား “
ယောင်တရှင်းကလည်း ထိုလက်ဆောင်များ သိပ်မများဟု ခံစားမိသည်။ သူက ချန်းထျန်းကောကို တစ်ချက်ကြည့်လိုက်ရာ သူက ပြော၏။ “သူက ပညာရှင်တစ်ယောက်ရဲ့ တပည့်ဆိုမှတော့ ငါတို့စိတ်ရင်းစစ်မှန်နေသရွေ့ မစ္စရှန်းက သေချာပေါက် ခံစားမိမှာပဲ “
ရှန်းထင်ရွှမ်းက မြေကြီးပေါ်၌ အပင်များ စိုက်ပျိုးနေစဉ် ယောင်တရှင်းနှင့် အဖွဲ့ရောက်လာတာကို တွေ့လိုက်ရ၏။ သူတို့က ကြင်နာမှုနှင့် သူမ၏ ဂရုဏာရှိမှုအတွက် ကျေးဇူးတင်နေကြသည်။
ရှန်းထင်ရွှမ်းက အဆင်ပြေကြောင်း ပြောခဲ့ပြီးနောက် ယောင်တာ့ကျူကို ကောင်းကောင်း ဂရုစိုက်ရန် မှာခဲ့၏။ သူမ အပင်စိုက်ရင်း အလုပ်များနေသောကြောင့် ယောင်တရှင်းတို့ကို များများ မပြောခဲ့ပေ။ ယောင်တရှင်းနှင့် ကျန်သည့်လူများက လျစ်လျူရှုခံရသည်ဟု မခံစားရပေ။ သို့သော် ကားထဲသို့ ဝင်ပြီး ထွက်သွားသည့်အချိန် သူတို့က တောင်ခြေသို့ ရောက်လာပြီးနောက် ယောင်တာ့ကျူ၏ဇနီးသို့ရန်က ပြော၏။ “ငါတို့ သစ်သီးတချို့ ဝယ်သွားသင့်လား “
သူတို့သည် ဤနေရာရှိ သစ်သီးများကို မစားဖူးတာမဟုတ် အရင်တုန်းက အရသာရှိသည်ဟု တွေးခဲ့သည်။ သို့သော် ယောင်တာ့ကျူ၏ အဖြစ်အပျက်ပြီးနောက် လူတိုင်းက ရှင်းယွမ်ရှန်၏ သစ်သီးများသည် တန်ခိုးရှိရမည်ဟု တန်ခိုးရှိရမည်ဟု တွေးမိကြတော့သည်။
သူတို့ထွက်သွားပြီးနောက် ရှောင်ဖုန်းက ရောက်လာကာ လမုန့်တစ်ဘူးသယ်လာ၏။ “ဒါက ကုမ္ပဏီက ပေးတာ၊ အရေးကြီးတဲ့ ဝယ်သူတွေလည်း ရလိမ့်မယ် “
လစဉ်လတိုင်း အမှာစာ သိန်းချီကို ပို့ဆောင်ပေးနေသော ဖောက်သည်ဖြစ်သည့် ရှန်းထင်ရွှမ်းသည် ထိုပို့ဆောင်ရေးကုမ္ပဏီအတွက် အရေးကြီးသည့် အားပေးသူတစ်ယောက်ဖြစ်သည်။
“ကျေးဇူးပါ “
ရှောင်ဖုန်းထွက်သွားပြီးနောက် ရှန်းထင်ရွှမ်းသည် သူ့ကို ပို့ဆောင်ခ ယွမ်တစ်သိန်းပေးလိုက်၏။
ရှောင်ဖုန်းသည် ငွေလွှဲကို မြင်သောအခါ သူက အနည်းငယ် ကူကယ်ရာမဲ့သွား၏။ သူသည် ရှန်းထင်ရွှမ်းကို ကောင်းချင်သော်ငြား ရှန်းထင်ရွှမ်းသည် အမြဲတမ်း နှစ်ဆပိုကောင်းနေပုံပေါ်၏။
ရှောင်ဖုန်းပေးသည့် လမုန့်ကို ရှန်းထင်ရွှမ်းက ညတွင် တစ်ခုစားလိုက်၏။ ထို့အပြင် ၎င်းက အချိုဓာတ်များလွန်းသည်။ သူမ ဂျင်ဆင်းဝိညာဉ်အဖြစ် ရှိစဉ်က ဆောင်းဦးအလယ်ပွဲတော်၌ လူသားဖွားဖွားတစ်ယောက်သည် သူမကို လမုန့်ပေးခဲ့ဖူးသည်။ ထိုစဉ်က အလွန်အရသာရှိသည်ဟု တွေးခဲ့မိ၏။
သူမလက်ထဲရှိ လမုန့်ကို ချထားပြီးနောက် ခေါင်းထက်ရှိ လုံးဝန်းနေသော လကို မော့ကြည့်လိုက်သည်။ ရှန်းထင်ရွှမ်းသည် မနက်ဖြန်ကျ ပစ္စည်းအချို့ ဝယ်ရန် မြို့တော် B သို့ သွားရန် စီစဉ်လိုက်သည်။
နောက်တစ်နေ့တွင် စူပါမောအတွက် သစ်သီးများပို့ပြီးနောက် ရှန်းထင်ရွှမ်းသည် မြို့တော် B သို့ သွားရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
လုမင်ဟွေ့သည် သူမ၏ သစ်သီးများ ရောင်းကောင်းကြောင်း ဆက်တိုက်ပြောနေသော်ငြား ရှန်းထင်ရွှမ်းသည် သူမ ကူးပြောင်းပြီး သိပ်မကြာမီ၌ စူပါမောသို့ သွားရောက်လည်ပတ်ချိန်တွင် လူမရှိကြောင်း မှတ်မိသေးသည်။ သို့သော် စူပါမောသို့ သူမ၏ တင်သွင်းမှုက တစ်ခါတစ်ရံတွင် ကတ်တီတစ်သောင်းကျော် ရှိ၏။
ထို့ကြောင့် ရှန်းထင်ရွှမ်းသည် လုမင်ဟွေ့၏ စကားများသည် အကြီးအကဲဖေးကြောင့်သာ ဖြစ်ရမည်ဟု အမြဲတမ်း ခံစားမိခဲ့တာ ဖြစ်သည်။
ရှန်းထင်ရွှမ်းက ကားစက်နှိုးပြီးနောက် ရှင်းယွမ်ရှန်နှင့် အနီးဆုံး စူပါမောသို့ သွားလိုက်၏။ သူမ စူပါမားကတ်သို့ ရောက်သည့်အချိန်၌ နေ့လည် ရောက်နေပြီ ဖြစ်သည်။ ရှန်းထင်ရွှမ်းသည် သစ်သီးမည်မျှ ကျန်ကြောင်း မြင်ချင်၏။
စူပါမောထဲ ဝင်လိုက်သည်နှင့် သူမ လာရောက်လည်ပတ်ခဲ့စဉ်ကထက် လူများစွာ ပိုရှိနေကြောင်း တွေ့လိုက်ရ၏။
ရှန်းထင်ရွှမ်း၏ အတွေးကို ဝန်ထမ်းများ သိမည်ဆိုလျှင် သူမသာ မနက်ခင်း၌ လာပါက လူပိုများပြီး သူတို့အခွဲသည် လူနေထူထပ်သည့် ဧရိယာတွင်တောင် မရှိကြောင်း ပြောပြလိမ့်မည်။
ရှန်းထင်ရွှမ်းသည် ဆိုင်းပုဒ်အရ သစ်သီးတန်းသို့ လျှောက်လာလိုက်ရာ အထူးသစ်သီးစင်တစ်စင်ရှိ၏။ သို့သော် စင်က ရှင်းလင်းနေသည်။
ရှန်းထင်ရွှမ်းသည် ထိုသစ်သီးသည် ရှင်းယွမ်ရှန်မှဆိုတာ မသေချာမရေရာဖြစ်နေ၏။
တစ်ဖက်ရှိ ဝန်ထမ်းသည် ထိုနေရာ၌ ရှန်းထင်ရွှမ်း ခဏတဖြုတ်ရပ်နေတာကို မြင်ပြီး မေးလိုက်သည်။ “ရှင်းယွမ်ရှန်က သစ်သီး ဝယ်ချင်လို့လား “
“အမ်း “
ဝန်ထမ်းက ပြော၏။
“ကျွန်မတို့မှာ တင်သွင်းတာ သိပ်မရှိဘူးဆိုတော့ ဆယ်နာရီမထိုးခင် အားလုံးကုန်သွားတာ၊ ကျွန်မတို့ ဆိုင်က မြို့နဲ့ နည်းနည်း ဝေးလွန်းတယ်၊ ရှင်းယွမ်ရှန်နဲ့ နီးနေတာကြောင့်သာ မဟုတ်ရင် အဲ့ဒီသစ်သီးတွေတောင် ရောင်းနိုင်မှာမဟုတ်ဘူး၊ တကယ် ဝယ်ချင်တယ်ဆိုရင် ရှင်းယွမ်ရှန်ကို တန်းသွားကြည့်လိုက် “
“ဒီလောက် မြန်တယ်လား “ ရှန်းထင်ရွှမ်းက အနည်းငယ် အံ့ဩသွား၏။ လုမင်ဟွေ့ပြောတာ မှန်နေလိမ့်မည်ဟု သူမမထင်ထားပေ။
ဝန်ထမ်းက ရှန်းထင်ရွှမ်း မည်သူမှန်းမသိသောကြောင့် ပြောလိုက်သည်။
“မအံ့ဩပါနဲ့၊ ကျွန်မတို့ ဝန်ထမ်းတွေတောင် ဝယ်ချင်ရင် အရင်ဆုံး စာရင်းကြိုသွင်းရတယ်၊ ဝန်ထမ်းတိုင်းက တစ်ခုစီပဲ စာရင်းသွင်းလို့ရတာ “
ရှန်းထင်ရွှမ်းသည် ဝန်ထမ်းပြောတာကို စဉ်းစားနေစဉ် ထိုဝန်ထမ်းက ဆက်ပြော၏။
“ပြီးတော့ ရှင်းယွမ်ရှန်ရဲ့ ဟင်းသီးဟင်းရွက်တွေကလည်း သိပ်အရသာရှိတယ်၊ ဒါပေမဲ့ မကြာခဏ တင်သွင်းတာ မဟုတ်ဘူး၊ ရှင်းယွမ်ရှန်ကို သွားရင်တောင် ဝယ်လို့မရလောက်ဘူး “
အတော်ကြာပြီးနောက် ရှန်းထင်ရွှမ်းသည် ဝန်ထမ်းကို ကျေးဇူးတင်စကားပြောလိုက်၏။ သူမလည်း စိတ်သက်သာရာ ရသွားသည်။ နောက်တစ်ခါ ဤကဲ့သို့ တာဝန်မျိုးနှင့် တွေ့ကြုံရလျှင် သူမက စူပါမောသို့ စိတ်အေးလက်အေး တင်သွင်းနိုင်၏။
ထိုအကြောင်းကို တွေးမိပြီး ရှန်းထင်ရွှမ်းက အလွန်ပျော်သွားကာ စူပါမားကတ်များ ပါဝင်ပစ္စည်းများစွာနှင့် နေ့စဉ်သုံး ပစ္စည်းများ ဝယ်ယူခဲ့၏။
အပြန်လမ်း၌ ရှန်းထင်ရွှမ်းက တွေးလိုက်သည်။ မနက်ဖြန်ကျ သူမသည် စူပါမောသို့ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ နှစ်မျိုးလုံး တင်သွင်းနိုင်၏။ တင်သွင်းမှုက တစ်မျိုးစီကို နှစ်ထောင်ကတ်တီစီ ဖြစ်လိမ့်မည်။
ဤနည်းဖြင့် နောက်ထပ်တာဝန်သည် လေးသန်းဖြစ်လျှင်တောင် သူမ စိုးရိမ်ပူပန်ရတော့မှာ မဟုတ်ပေ။
ထိုစဉ် စနစ်၏ စက်ရုပ်သံက ရုတ်တရက် ပေါ်ထွက်လာသည်။ “Host ကောင်းကောင်း ခန့်မှန်းခဲ့တာပဲ၊ မနက်ဖြန် နောက်ထပ်တာဝန်ရှိမယ်၊ Host ရဲ့ ငွေက လေးသန်းရောက်ဖို့ လိုသေးတာပဲ “
ရှန်းထင်ရွှမ်း။ “... “ ခွေးစနစ်
ပျော်ရွှင်နေသော စိတ်အခြေအနေသည် တစ်ဝက်ကျော် ရုတ်တရက် ကျသွားလေ၏။
ပရိသတ်များသည် ရှန်းထင်ရွှမ်း၏ သစ်သီးများသည် ဝယ်ယူမှု ကန့်သတ်ထားခြင်းမှအပ စင်ပေါ်မှ ပစ္စည်းများ မချသေးတာကို တွေ့လိုက်ရချိန်၌ ထိတ်လန့်သွားလေ၏။
ရှင်းယွမ်ရှန်နှင့် နီးသည့် အင်တာနက် အသုံးပြုသူများကလည်း တစ်နေ့လျှင် တစ်ကြိမ် သူတို့ရရှိသည့် သစ်သီးများကို ဓာတ်ပုံရိုက်၏။ သို့မဟုတ် ကျန်သည့်နေ့တွင်လည်း ရိုက်ထားလေရာ အဝေးရှိ လူများ မဝယ်နိုင်တော့ကြောင်း ညွန်ပြနေလေ၏။
မနက် ၇နာရီတွင် လုမင်ဟွေ့ရောက်လာသောအခါ ရှန်းထင်ရွှမ်း၏ ကုန်တင်ကား၌ သစ်သီးများ ပြည့်နေတာ မြင်လိုက်ရ၏။ တရုတ်နှစ်သစ်ကူးပမာ ခံစားရပြီး သူ စိတ်လှုပ်ရှားနေတော့သည်။
လွန်ခဲ့သည့် နှစ်ရက်က သစ်သီးနှစ်မျိုးကို တစ်ထောင်ကတ်တီစီ ဖြစ်သော်ငြား ယနေ့တွင် နှစ်ထောင်ကတ်တီကျော်၏။ လုမင်ဟွေ့ မည်ကဲ့သို့ မပျော်ဘဲ နေမည်နည်း။
ရှန်းထင်ရွှမ်းက ပြော၏။ “ရှင်တို့ ထပ်လိုအပ်တယ်ဆိုရင် ၁၁ နာရီကျ ကုန်ပစ္စည်းတွေ ထပ်ကောက်ဖို့ ပြန်လာခဲ့ “
“ပြသနာမရှိဘူး “
ကုန်ပစ္စည်းများကို စူပါမောသို့ တင်ပို့ပြီးနောက် ယွမ်ငါးသိန်းကို လက်ခံရရှိ၏။ ရတနာစျေးဆိုင်က လက်ခံပြေစာများကလည်း လက်ခံရရှိကြောင်း အတည်ပြုခဲ့ပြီး ငွေကလည်း တိုးလာ၏။ ထို့ကြောင့် မွန်းတည့်ချိန်၌ စနစ်သည် တာဝန်ပြီးမြောက်ကြောင်း ကြေငြာခဲ့သည်။
ရှန်းထင်ရွှမ်းက ထပ်မေးလိုက်၏။ “အပိုဆောင်းတာဝန် ရနိုင်သေးလား “
စနစ်။ ။ “ရပါတယ်၊ ထပ်တိုးတာဝန်အတွက် လိုအပ်ချက်က ယွမ် ၈သန်း ရောက်ရမှာပါ၊ ထပ်ထည့်ချင်လား “
ရှန်းထင်ရွှမ်း။ ။ “...“ လေးသန်းကို ရရန်အတွက် လေးရက်ကျော် အချိန်ယူခဲ့ရသည်။ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ယွမ်တစ်သန်းရရန် လိုအပ်သည်။ စူပါမော၏ နေ့စဉ် ဝင်ငွေ ယွမ်ငါးသိန်းက တည်ငြိမ်၏။ ရတနာစျေးဆိုင်၏ ကျန်သည့် အတည်ပြုစာများကလည်း ယွမ်ငါးသိန်းရောက်နိုင်သည်။
ရှန်းထင်ရွှမ်းက စဉ်းစားပြီးနောက် လျင်မြန်စွာ ဆုံးဖြတ်လိုက်သည်။
“ထပ်ထည့်မယ် “
“မှတ်သားလိုက်ပါပြီ “ စက်ရုပ်သံက ပြော၏။
“ထပ်ထည့်တာ အောင်မြင်သွားပါပြီ၊ တာဝန်ပြီးမြောက်ပြီးနောက် ဝိညာဉ်သွေးကြော ၃၅ % ပြန်လည်ရရှိပါမယ် “
ရှန်းထင်ရွှမ်းသည် သစ်သီးများအပြည့်ခူးပြီးနောက် ရှောင်ဖုန်းအား ပို့ခဲ့၏။ သူမကို ထုပ်ပိုးတာ၌ ကူညီချင်လားဟုလည်း မေးခဲ့သည်။
ရှောင်ဖုန်းက ပြောသည်။ “မလိုဘူး၊ သစ်ပင်တွေသွားစိုက်ပြီး သစ်သီးသာ ခူးလှည့် “ သူသည် ယနေ့ ယာယီဝန်ထမ်း သုံးဆယ် ငှားယမ်းခဲ့သည်။
ရှန်းထင်ရွှမ်းသည် သစ်သီးများ ပိုခူးရန် တောင်ပေါ်သို့ သွားခဲ့၏။ အမှန်တကယ်တွင် သူမသည် ကုန်တင်ကားကြီးတစ်စင်းနှင့် လဲချင်ခဲ့တာ ဖြစ်သည်။ သို့သော် သူမ၏ ယာဉ်မောင်းလိုင်စင်အရ သူမသည် ကုန်တင်ကား မောင်းခွင့်မရှိပေ။
ရှန်းထင်ရွှမ်းသည် တောကြက်မောက်သီး၊ သခွားမွှေးသီးတို့ကို ခူးယူပြီးနောက် တောင်ခြေတွင် ထားလိုက်၏။ ပြီးနောက် စပျစ်သီးများမတင်ခင် မနက်ခင်း၌ ရောင်းထွက်အောင် စောင့်နေသည်။
ယင်းက ဝယ်သူများကို သစ်သီးများ လတ်ဆတ်ကြောင်း စိတ်ချသေချာစေလိမ့်မည်။
...
စာရေးသူမှာ ပြောစရာရှိပါတယ်။
အားချီကလည်း ဒီအတိုင်း တစ်ရက်ကို တစ်သန်း ရှာချင်နေပါတယ်။
…
အခန်း (၄၈) (က)
လုမင်ဟွေ့ရောက်လာချိန်၌ သူကလည်း လမုန့်တစ်ဘူး ပေးခဲ့သည်။ “မစ္စရှန်း ဒါက ကျွန်တော်တို့ ကုမ္ပဏီက ဆောင်းဦးပွဲတော်လက်ဆောင်ပါ “
လုမင်ဟွေ့ သယ်လာသည့် လမုန့်ဘူးက အလွန်လှပသည်။ “ကျေးဇူးတင်ပါတယ် “
လုမင်ဟွေ့နှင့် ကျန်သည့်သူများသည် သစ်သီးချိန်တွယ်ပြီးနောက် ရှန်းထင်ရွှမ်းသည် တောင်ခြေတွင် သူတို့အတွက် ဟင်းသီးဟင်းရွက်အချို့ သွားခူး၏။
သူတို့ထွက်သွားပြီးနောက် ရှန်းထင်ရွှမ်းသည် ဆက်လက်စိုက်ပျိုးသည်။ ဤတောင်ပေါ်၌ သူမ စိုက်ပျိုးပြီးရန် တစ်နှစ်လောက် အချိန်ယူရမည်။
မွန်းတည့်ချိန်၌ ရှန်းထင်ရွှမ်းက လုမင်ဟွေ့ ပို့ပေးလိုက်သည့် လမုန့်ကို ဖွင့်ကြည့်လိုက်သည်။ လမုန့်ကို တစ်ကိုက်ကိုက်ကြည့်လိုက်ရာ အရသာက အဆင်ပြေသော်လည်း ဒုတိယတစ်ကိုက်က သူမကို အနည်းငယ် အီသွားစေ၏။
လမုန့်တစ်ခုလုံးကို စားကြည့်ရန် ကြိုးစားပြီးနောက် ကျရှုံးသွားကာ ရှန်းထင်ရွှမ်းသည် ဆက်မစားတော့ပေ။
ကျိကျိသည် ရှန်းထင်ရွှမ်းက လမုန့်ကို လွှင့်ပစ်လိုက်တာကို မြင်သောအခါ ပြောလိုက်၏။ “အားရွှမ်း ဒါကို မစားတော့ဘူးလား “
“အင်း ချိုလွန်းတယ် “ ကြည့်ရသည်မှာ ယနေ့ခေတ်၏ လမုန့်များက ချိုလွန်းနေပြီး အီစေပုံပေါ်၏။
ကျိကျိ။ “ဒါဆို သူငယ်ချင်းတစ်ယောက်အတွက် စားဖို့ သယ်သွားလို့ရမလား “
“ရတယ် “
“ကျေးဇူးပါ အားရွှမ်း “
သို့သော် ဆိုရလျှင် ကျိကျိက ငှက်လေးတစ်ကောင်သာ ဖြစ်လေရာ တစ်ကြိမ်လျှင် လမုန့်အနည်းငယ်သာ ယူပြီး ပျံသန်းနိုင်၏။ အကြိမ်ကြိမ်အခါခါ သွားပြီးနောက် ပင်ပန်းလွန်းနေသည်။ “အားရွှမ်း ငါ့ရဲ့ မိတ်ဆွေကို လာစားခိုင်းလို့ရမလား “
“ရတာပေါ့ “
ခဏအကြာတွင် အဝေးကနေ ငှက်တစ်ကောင်ပျံသန်းလာတာကို ရှန်းထင်ရွှမ်း တွေ့လိုက်ရ၏။
သို့သော် အနားသို့ရောက်လာပြီးနောက် ရှန်းထင်ရွှမ်းသည် ကျိကျိဘေး၌ ပျံသန်းနေသည်က သာမန်ငှက်တစ်ကောင် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းတွေ့လိုက်ရသည်။
ကျိကျိက ရှန်းထင်ရွှမ်းရှေ့၌ အတောင်ပံခတ်လျက် ပြောလိုက်သည်။
“အားရွှမ်း ဒါက ငါ့ရဲ့ သူငယ်ချင်း ရင်ရင် “
တစ်ဖက်တွင်မူ ရင်ရင်က ထူးမခြားနားဖြစ်ပုံပေါ်၏။ သူက ရှန်းထင်ရွှမ်း၏ လမုန့်များကို စားပြီးလျှင် မည်သည့် ကျေးဇူးတင်ရှိမှုမှ မပြပေ။
ရှန်းထင်ရွှမ်းသည် နောက်ဆုံး၌ ကျိကျိဘေး၌ မျိုးစိတ်အမှန်ကို အမှန်တကယ် ရှာတွေ့သွား၏။
“ရင်လုံလား “
ရင်ရင်က ရှန်းထင်ရွှမ်းကို ပြန်ကြည့်သည်။ “မင်း ငါ့ကို သိလို့လား “ တိရစ္ဆာန် ဘာသာစကားကို နားလည်သည့် လူသားမိတ်ဆွေတစ်ယောက် ရှိကြောင်း ကျိကျိထံကနေ ကျိကျိ ပြောတာကို ကြားခဲ့ဖူး၏။ တစ်ချက်ကြည့်ရုံဖြင့် သူမက သာမန်လူသားမဟုတ်ပုံ ပေါ်သည်။
“ငါ နင့်ကို မသိဘူး “ ရှန်းထင်ရွှမ်းက ပြော၏။ “ဒါပေမဲ့ နင့်ရဲ့ ဘိုးဘေးကို တွေ့ဖူးတာ ဖြစ်လောက်တယ် “
ရင်ရင်။ “ ...“
သူမှားသွား၏။ ရှန်းထင်ရွှမ်းသည် သာမန်လူမဟုတ်ရုံသာမက သူမသည် လူသားတစ်ယောက် မဟုတ်လောက်ပေ။ ဆိုရလျှင် သူ၏ဘိုးဘေးများသည် လွန်လေပြီးသော နှစ်ပေါင်းများစွာ၌ နေထိုင်ခဲ့သောကြောင့် ဖြစ်သည်။
ရှန်းထင်ရွှမ်းက ပြော၏။ “ဟိုးရှေးရှေးတုန်းကလေ အားဟွမ်လို့ အမည်ရတဲ့ ရင်လုံတစ်ယောက်ရှိတယ်၊ သူက မင်းရဲ့ ဘိုးဘေးဖြစ်လောက်တယ် “
ရင်ရင်သည် လေထဲကနေ ပြုတ်ကျလုနီးပါး ဖြစ်သွား၏။ “ခင်ဗျား သူ့ကို တကယ် တွေ့ဖူးတာလား “
ရင်ရင်၏ တုံ့ပြန်မှုကို မြင်သောအခါ ရှန်းထင်ရွှမ်းက မေးလိုက်၏။ “အားဟွမ်က ဘယ်သူလဲ “
“ကျုပ်ရဲ့ ဘိုးဘေးကြီး “ ရင်ရင်သည် အစက လာရမှာ တွန့်ဆုတ်နေခဲ့သည်။ သို့သော် အားဟွမ်အကြောင်း ရှန်းထင်ရွှမ်းပြောတာ ကြားပြီးနောက် သူ၏ သဘောထားက ၁၈၀ ဒီဂရီ ပြောင်းလဲသွား၏။ ယခုအခေါက် မေးခွန်းဖြေချိန်၌ ဖာသိဖာသာ အမူအရာ ရှိမနေတော့ပေ။
ရှန်းထင်ရွှမ်းက ပြော၏။
“ငါ သူ့ကို တွေ့တဲ့အချိန်တုန်းက သူက အင်မတန်သေးတဲ့ နဂါးသေးလေးတစ်ကောင်ပဲ၊ မင်းထက်တောင် သေးသေးတယ် “
ကျိကျိ၏ ရင်ထဲတွင် ရင်ရင်က အလွန်အေးစက်သည့် သတ္တဝါတစ်ကောင်ဖြစ်သည်။ သို့သော်ငြား သူ၏ အဝါရောင် ခန္ဓာကိုယ်ကို အလွန်နှစ်သက်သည်။ သူ၏ အတောင်ပံများကလည်း အမှန်တကယ် တောက်ပနေ၏။ တကယ်တော့ ရင်ရင်သည် ကျိကျိကို ဆက်တိုက် လျစ်လျူရှုနေခဲ့တာပဲဖြစ်သည်။ တစ်နေ့တွင် ကျိကျိက ရင်ရင်သည် အချိုများစားရတာ နှစ်သက်ကြောင်း ရှာတွေ့ခဲ့၏။ ထိုအချိန်မှစကာ ကျိကျိသည် ရင်ရင်ကို မကြာခဏ ကျွေးမွေးခဲ့၏။ အချိန်ကြာလာသည်နှင့်အမျှ ကျိကျိအပေါ် ရင်ရင်၏ သဘောထားက ပြောင်းလဲသွားတာပဲဖြစ်သည်။
မထင်ထားဘဲ သူ၏သဘောထားသည် ရှန်းထင်ရွှမ်းပေါ် အလွန်လျင်မြန်စွာ ပြောင်းလဲသွားခဲ့၏။
ရင်ရင်သည် လမုန့်များ စားပြီးသွားပြီဖြစ်သည်။
“ဒီတောင်ပေါ်မှာ ဝိညာဉ်စွမ်းအင်တွေအများကြီးပဲ၊ ဒီမှာ နေလို့ရလား “
ရှန်းထင်ရွှမ်းက ပြော၏။ “နင့်သဘောလေ “
တောင်အနောက်ကို တောင်တန်းဒေသနှင့် ဆက်နွယ်ထားလေရာ လူသူကင်းမဲ့၏။ ထို့ကြောင့် ရင်လုံ ဤနေရာတွင် နေလျှင်တောင် မည်သူမှ တွေ့မှာ မဟုတ်ပေ။
ရင်ရင်က ထပြီး ပျံသန်းသွား၏။ သူသည် လမ်းတောက်လျှောက်၌ သစ်သီးအချို့လည်း စားသွားသည်။
ယင်းကို မြင်သောအခါ ကျိကျိက တောင်ပံဖြင့် သူမ မျက်လုံးကို ကာထားလိုက်၏။
“အား သိပ်ကောင်းမှာပဲ “
ရှန်းထင်ရွှမ်းက ပြောလိုက်၏။ “အင်း “
ဂျင်ဆင်းဝိညာဉ်အပြင် ရှေးခေတ်မဟာသားရဲဆယ်မျိုးထဲမှ တစ်မျိုးက တောင်ပေါ်တွင် နေနေ၏။
ရင်ရင်သည် ရှန်းထင်ရွှမ်းထံမှ ဘာမှမမေးခဲ့ဘဲ တောင်နောက်သို့ ပျံသန်းသွားရာ တောင်ဘက်ခြမ်း၌ လူသူကင်းမဲ့သည့် နေရာ၌ သစ်ပင်များစွာကို တွေ့ခဲ့ရသည်။
သူသည် တောင်၌ အရံအတားတစ်ခု တည်ဆောက်ပြီးနောက် တောင်ပေါ်ရှိ အရွက်များအားလုံးကို မီးရှို့လိုက်သည်။ ထိုပြာများကို မြေဩဇာများအဖြစ် အသုံးပြုနိုင်ကာ ရှန်းထင်ရွှမ်းအတွက် အကူအညီဖြစ်စေ၏။ ၎င်းတို့ကို မီးရှို့ပြီးနောက် သူသည် တောင်ပေါ်၌ သစ်ပင်ကြီးတစ်ပင်ကို ရှာကာ အနားယူလိုက်တော့သည်။
ညနေ ၅နာရီ၌ ရှန်းထင်ရွှမ်းသည် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ချိန်၌ လူတိုင်းက သူမ ပစ္စည်းများ ထပ်မံပြုလုပ်မည်ကို သိရှိသွား၏။ သူမက တစ်ဝက်နီးပါး ပြုလုပ်ပြီးသွားပြီဖြစ်သည်။
ပရိသတ်များသည် သူမလုပ်နေသည့်အရာကို ခန့်မှန်းနေကြသည်။ သို့သော် ယခုအခေါက်တွင် ရှန်းထင်ရွှမ်းက သူမ ဘာလုပ်နေလဲဆိုတာ သူတို့ကို ရှင်းမပြခဲ့ပေ။
အင်တာနက်အသုံးပြုသူများက ရှန်းထင်ရွှမ်း ပြုလုပ်နေသည့်အရာသည် အိမ်တစ်လုံးနှင့် တူသော်ငြား တစ်ထပ်တည်း တူနေတာ မဟုတ်ဟု တွေးလိုက်မိသည်။
အမှန်တကယ်တွင် ရှန်းထင်ရွှမ်းက ၁.၅ မီတာ အမြင့်နှင့် အကျယ်ရှိသော သစ်သားအသိုက်တစ်ခုကို ပြုလုပ်နေတာ ဖြစ်သည်။ ပြီးသွားချိန်၌ ဂွမ်းစောင်လေးများ ထည့်ပြီး အိပ်ရာခင်း ခင်းထားလေ၏။
ပိုသေးရမည့်အစား ပိုကြီးသွားသည့် အရွယ်အစားသည် ရင်ရင်အထဲ၌ နေရန် လုံလောက်လောက်သည်။
နေ့လယ်တွင် ရှန်းထင်ရွှမ်းသည် ရင်ရင်နှင့် အလုပ်များနေပြီး ညနေစောင်းသည်အထိ သူမက Ali Pay ကို ကြည့်ရန် အချိန်မရှိခဲ့ပေ။
သူမ ရှာရမည့် ငွေကြေးပမာဏကို သိရှိပြီးနောက် ရှန်းထင်ရွှမ်းသည် ယခင်ကထက် Ali Pay ကို ဆယ်ကြိမ်ထက်မက စစ်ဆေးခဲ့၏။
တာဝန်ပြီးမြောက်ရန် နှစ်သန်းလိုအပ်နေသေးသည်။ ထို့ကြောင့် စျေးဆိုင်ပေါ်၌ ရှန်းထင်ရွှမ်းသည် ငှက်ပျောသီးနှင့် စတော်ဘယ်ရီသီးများကို တင်ခဲ့သည်။
နောက်နေ့နံနက်စောစော၌ ရင်ရင်သည် ထိုအသိုက်ကို မြင်သောအခါ ချက်ချင်းပင် ဆင်းလာပြီး တောင်ပေါ်သို့ သယ်သွားချင်၏။
ရှန်းထင်ရွှမ်းက ခေါင်းခါလိုက်တော့သည်။ သို့သော် အပြန်အလှန်အနေဖြင့် သူသည် တောင်အနောက်ဘက်ရှိ မြေဆီလွှာများ ထည့်ပေးပြီး အပင်များစိုက်ပျိုးပေးဖို့ ကူညီပေး၏။
တာဝန်စတုတ္ထမြောက်နေ့နေ့လယ်တွင် ရှန်းထင်ရွှမ်းသည် ယွမ် ၈သန်းကျော် စုဆောင်းပြီးသွားပြီဖြစ်ကာ ၈.၀၁ သန်း ရှိနေပြီဖြစ်သည်။
စနစ်။ “Host ထပ်တိုးတာဝန် လိုအပ်သေးလား “
“လိုအပ်တဲ့ပမာဏက ယွမ် ၁၆သန်းလား “
“ဟုတ်တယ် “
ရှန်းထင်ရွှမ်း။ ။ စနစ်က ရူးနေတာလား။ သူမက တစ်ရက်ခွဲအတွင်းမှာ ၇.၉၇သန်း ယွမ် ရှာနိုင်မှာမှ မဟုတ်တာ။
စနစ်သည် ရှန်းထင်ရွှမ်း၏ အတွေးများကို သိပြီး တန်းပြောလိုက်၏။
“Host တာဝန်ပြီးမြောက်တဲ့အတွက် ဂုဏ်ပြုပါတယ်၊ ဆုအနေနဲ့ ဝိညာဉ်သွေးကြော ၃၅% ပြန်ရရှိပါတယ် “
ယနေ့တွင် သစ်သီးဝယ်ရန် ရှင်းယွမ်ရှန်သို့ လာသည့်သူ သိပ်မများပေ။
ရှန်းထင်ရွှမ်းသည် နေ့စဉ်နေ့တိုင်း တောင်ခြေ၌ သစ်သီးမျိုးစုံ တစ်ရာကတ်တီကျော် တင်ထားခဲ့၏။ သို့သော် မနေ့ညနေ၌ အားလုံးကုန်သွား၏။ သို့သော် ယနေ့တွင်မူ ညနေစောင်းသည်အထိ ရောင်းမကုန်ခဲ့ပေ။
ရှန်းထင်ရွှမ်းက ယနေ့သည် ဆောင်းဦးလယ်ပွဲတော်ဖြစ်ကြောင်း သဘောပေါက်သွား၏။ ထို့ကြောင့် လူတိုင်းသည် အားလပ်ရက်အတွက် အိမ်ပြန်နေကြတာပဲ ဖြစ်သည်။
သစ်သီးဝယ်ချင်သည့်သူအားလုံးက မနေ့တုန်းက ရောက်လာကြတာပဲဖြစ်သည်။
ရှန်းထင်ရွှမ်းသည် သူမ ဘာသာ လမုန့်ပြုလုပ်ရန် စီစဉ်ထား၏။ ယခင်က စူပါမောသို့ သွားချိန်၌ လမုန့်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ ဝယ်ခဲ့၏။
လူတိုင်းသည် ပွဲတော်ကျင်းပနေမည်ဟု သူမတွေးလိုက်မိသည်။ ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်မည့်သူ သိပ်များမှာမဟုတ်ပေ။ တိုက်ရိုက်ထုတ်လွှင့်မှု စတင်ပြီး သုံးမိနစ်အတွင်း ကြည့်ရှုသူ တစ်သောင်းကျော်သွားလိမ့်မည်ဟု သူမမထင်ထားပေ။
[အားရွှမ်း ပျော်ရွှင်ဖွယ် ဆောင်းဦးလယ်ပွဲတော်ပါ။]
[လမုန့်စားဖို့ သတိရဦးနော်။]
ရှန်းထင်ရွှမ်းက ပြော၏။
“ဟုတ်တယ်၊ ဒီနေ့ ဆောင်းဦးလယ်ပွဲတော်ပဲ၊ ဒါကြောင့် အားလုံးအတွက် လမုန့်ပြုလုပ်တာကို တိုက်ရိုက်ထုတ်လွှင့်ပြမယ် “
လမုန့်ပြုလုပ်ရန်အတွက် ပါဝင်ပစ္စည်းများက စားပွဲပေါ်တွင် အသင့်ဖြစ်နေပြီဖြစ်သည်။ ရှန်းထင်ရွှမ်းက အခွံမာသီးငါးမျိုး လမုန့်ပြုလုပ်ရန် ရည်ရွယ်ထား၏။
အခွံမာသီးငါးမျိုးလမုန့်ပြုလုပ်ချိန်၌ မှတ်ချက်အချို့ရောထွေးနေသည်။ မှတ်ချက်အချို့က သဘောကျပြီး အချို့က မကြိုက်ပေ။ တိုက်ရိုက်ထုတ်လွှင့်မှု မှတ်ချက်များကလည်း အငြင်းပွားနေကြပြီဖြစ်သည်။
[ငါက အစာသွပ်လမုန့်ကို စားရတာအကြိုက်ဆုံးပဲ။]
[ငါက ဘဲဥငံအနှစ်ကို စားရတာ ကြိုက်တယ်။]
[ငါတော့ ချိုတာ ကြိုက်တယ်။]
[အားရွှမ်းက အခွံမာသီးငါးမျိုးလမုန့်တစ်မျိုးပဲ လုပ်မှာလား။]
မိုဘိုင်း၏ ကင်မရာသည် မီးဖိုချောင် စားပွဲပေါ်၌ တောက်ပနေ၏။
ရှန်းထင်ရွှမ်း ယခင်က ဝယ်လာသည့် ပါဝင်ပစ္စည်းများသည် အခွံမာသည့် သစ်အယ်သီး၊ ဖရုံစေ့၊ နှမ်းစေ့ စသည်ဖြင့် ဖြစ်သည်။
ရှန်းထင်ရွှမ်းသည် အားလုံးကို ဖုတ်ရန် လင်ဗန်းထဲ၌ ထည့်ပြီးနောက် ပြားသွားစေ၏။ ပြီးနောက် Oven ထဲထည့်ကာ ၁၀ မိနစ်တာ ၂၀၀ ဒီဂရီဖြင့် ဖုတ်ထားလိုက်သည်။ Oven ပြီးသွားချိန်၌ ရှန်းထင်ရွှမ်းသည် ဂျုံမှုန့်ကို ထုတ်ကာ ပန်းကန်လုံးကြီးထဲ ထည့်ပြီးနောက် ပြောင်း၊ ဆီ၊ သကြား၊ ပျားရည်တို့ကို ထည့်ပြီး ညင်သာစွာ မွှေကာ ဘေးတွင် ထားလိုက်၏။
ရေနှင့် ဆီထည့်ကာ မုန့်နှစ် ပြုလုပ်ရန် ဖြစ်သည်။
သူမက ပန်းကန်လုံးတစ်လုံးကို ယူကာ ဂျုံမှုန့်ကို ထည့်ပြီး အထဲ၌ အဆီထည့်ကာ ကောင်းစွာ ရောနှောလိုက်ပြီး အဆီဖြင့် မုန့်နှစ်ပြုလုပ်တာဖြစ်သည်။
ဟုတ်ပေ၏။ ရှန်းထင်ရွှမ်းသည် ငါးလွှာအခွံမာသီးငါးမျိုးလမုန့်ပြုလုပ်ရန် ရည်ရွယ်နေတာပဲ ဖြစ်သည်။
အခွံမာသီးလမုန့်ပြုလုပ်ရန် ပြင်ဆင်နေတာပဲဖြစ်သည်။
နှစ်မျိုးပြုလုပ်ပြီးသွားပြီဖြစ်သည်။ တစ်ခုကို စဉ့်တီတုံးပေါ်၌ မုန့်နှစ်ကို တင်ထားလျက် Oven ကို ဂရုတစိုက်ဖွင့်ကာ အထဲရှိ အခွံမာသီးများကို လှန်လိုက်၏။
ရှန်းထင်ရွှမ်းသည် စဉ့်တီတုံးပေါ် တင်ပြီးနောက် မုန့်နှစ်ကို ညီတူမျှတူ နှစ်ပိုင်းခွဲလိုက်သည်။ ပြီးနောက် ရေနှင့်ဆီထည့်ကာ မုန့်နှစ်ကို အတုံးသေးလေးများ လှိမ့်လိုက်တော့သည်။ ပြီးနောက် ဆီထည့်ကာ မုန့်နှစ်ကို အလုံးလေးများ လုံးပြီးနောက် အတွင်း၌ ရေဓာတ်မုန့်နှစ်ကို ထည့်ကာ ရစ်ပတ်ထားပြီး အဝိုင်းပုံသဏ္ဌာန် လှိမ့်လိုက်တော့သည်။
ထိုသို့ ပြုလုပ်ပြီးနောက် ရှန်းထင်ရွှမ်းသည် ဇစ်ပိတ်အိတ်ထဲသို့ အခွံမာသီးကို ထည့်ပြီးနောက် သူတို့ကို ခြေရန် တလှိမ့်တုံးကို အသုံးပြုလိုက်၏။ ပြီးနောက် ဘလူးဘယ်ရီဆော့ကို ဖြူးပြီးနောက် အပေါ်၌ ပဲအနှစ် ဖြူးလိုက်သည်။ သူတို့ကို သမအောင် မွှေသည်။
အခွံမာသီး ငါးမျိုး လမုန့်ကို ဖြည့်ပြီးနောက် ယင်းက အခွံမာသီးငါးမျိုး၏ အစာပဲဖြစ်သည်။ သူတို့ကို လင်ဗန်းထဲ၌ အလုံးလေးများအဖြစ် ခွဲထားလိုက်သည်။
အားလုံးကို ခွဲပြီးနောက် သူမ ပြုလုပ်ထားသည့် မုန့်နှစ်ထဲသို့ ထည့်ကာ အဝိုင်းလေးဖြစ်အောင် လုပ်လိုက်သည်။ ပြီးနောက် ပြင်ဆင်ထားသည့် မိုထဲသို့ ထားပြီးနောက် ဖိလိုက်ကာ လမုန့်ပုံက ထွက်လာတော့၏။
ရှန်းထင်ရွှမ်းသည် Oven လမုန့်ကို ထားပြီး အပူချိန်ကို ၁၈၀ ဒီဂရီသို့ ချိန်ညှိပြီးနောက် ဖုန်းထဲတွင် ပြောလိုက်၏။
“လမုန့်တွေ အဆင်သင့်ဖြစ်ဖို့ ဆယ့်ငါးမိနစ်လောက် စောင့်ရမယ် “
[ဒါက ရိုးရှင်းပုံပေါ်တာပဲ။ ငါလည်း လုပ်နိုင်မယ် ထင်တယ်။]
[ငါ နှင်းလမုန့်ပြုလုပ်ဖို့ ပါဝင်ပစ္စည်းတွေ ဝယ်ထားပြီ။ အိမ်ကို သယ်လာတာ။ ဒါပေမဲ့ မုန့်နှစ် မပြုလုပ်နိုင်ခဲ့ဘူး။ ၉၉ယွမ် အလဟဿ ဖြစ်သွားတယ်။]
ရှန်းထင်ရွှမ်းသည် အားလုံးနှင့် ခဏတာ စကားပြောပြီးနောက် Oven ၏ အချက်ပေးအသံက မြည်လာသည်။ ရှန်းထင်ရွှမ်းက အထဲကနေ လမုန့်ကို ထုတ်လိုက်သည်။
“ကျက်သွားပြီ၊ မြည်းကြည့်လို့ရပြီ “
အပြင်လွှာသည် အညိုရောင်များ သမ်းနေပြီး အခွံမာသီးရနံ့ ရောနေလေ၏။
ရှန်းထင်ရွှမ်းက လမုန့်ကို ဖယ်လိုက်၏။ မုန့်နှစ် နှစ်မျိုးဖြင့် ပြုလုပ်ထားခြင်းကြောင့် လမုန့်အသားက အလွှာလေးများဖြစ်နေသည်။ ရှန်းထင်ရွှမ်းက တစ်ကိုက်ကိုက်လိုက်တော့သည်။
ဘလူးဘယ်ရီအနှစ်က သူမစိုက်ပျိုးထားသည့် ဘလူးဘယ်ရီဖြင့် ပြုလုပ်ထားတာဖြစ်ပြီး ပဲအနှစ်ကို သူမဝယ်ထားတာပဲဖြစ်သည်။
သူမက ပဲအနှစ်များစွာ သိပ်မထည့်ခဲ့။ သကြားအလွန်အကျွံမထည့်ထားပေ။ မဟုတ်လျှင် အရမ်းချိုနေလိမ့်မည်။
“အရသာက အဆင်ပြေတယ်၊ ကြည့်ရှုသူတွေအတွက် အခွံမာသီးငါးမျိုး၊ လမုန့်ကို လက်ခံဖို့ ကြည့်ရှုသူတစ်ယောက်အတွက် မဲနှိုက်ပေးမယ် “
ရှန်းထင်ရွှမ်းက မဲနှိုက်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ကာ ကျန်ရှိသော လမုန့်များကို နေပူဆာလှုံခန်းထဲသို့ ယူသွားလိုက်သည်။ သူမ ယခင်က ပြုလုပ်ခဲ့သည့် ဝိုင်ကိုလည်း သယ်လာပြီး နောက်နှစ်ဆောင်းလယ်ပွဲတော်မတိုင်ခင် ချိုမြိန်သည့် ကွေ့ဟွားဝိုင်ပြုလုပ်ရန် စဉ်းစားလိုက်၏။
သူမသည် လမုန့်စားနေစဉ် ဝိုင်သောက်ရန် စီစဉ်ထား၏။ ရုပ်ရှင်ကြည့်နေစဉ် ခေါင်းမိုးပေါ်ရှိ လကို ကြည့်ရတာ နှစ်ခြိုက်လှသည်။ ဖန်ကနေဖြတ်လျက် သူမသည် ကောင်းကင်ရှိ လုံးဝိုင်းသော လကို မြင်နိုင်ပြီး ကောင်းကင်ထဲရှိ ကြယ်များကို မြင်တွေ့နိုင်၏။
ကျိကျိက အမိုးပေါ် ပျံသန်းလာတော့သည်။
“အားရွှမ်း တစ်ယောက်ယောက်က တောင်အောက်မှာ နင့်ကို လာရှာနေတယ် “
…
အခန်း (၄၈) (ခ)
ရင်ရင်ရောက်လာချိန်မှ စပြီး ကျိကျိသည် တောင်နောက်သို့ ခဏခဏ ပြေးသွားတတ်၏။ သို့သော် ညလယ်၌ ခြံဝန်းထဲသို့ ပြန်လာသည်။
ရှန်းထင်ရွှမ်း ။ “... “ ဘယ်သူလဲ။ ဒီလောက် နောက်ကျနေမှ။
“သူ ဒီကို လာဖူးတာ အကြိမ်အနည်းငယ် ရှိပြီ၊ အရမ်းချောတဲ့တစ်ယောက်လေ “
အရမ်းချောတာလား။ ချင်ယွဲ့ကျီပဲ ဖြစ်ရမယ်။
အခြားတစ်ယောက်သာဆိုလျှင် သူမ တောင်အောက်ကို ဆင်းသွားမှာ မဟုတ်ပေ။ သို့သော် BUG ရောက်လာသည့်အချိန်၌ သူမ အောက်ဆင်းရမည်။ သူမက တောင်ခြေ၌ ချင်ယွဲ့ကျီကို တွေ့လိုက်ရ၏။
ချင်ယွဲ့ကျီ၏ လတ်တလော ရိုက်ကွင်းက မြို့တော် B နားတွင် ဖြစ်သည်။ ယနေ့ ဆောင်းဦးလယ်ပွဲတော် ဖြစ်သောကြောင့် ရိုက်ကူးရေးအဖွဲ့သည် တစ်ညတာ အားလပ်ခွင့်ပေးလိုက်၏။
သူသည် နေ့လယ်က ရိုက်ကူးပြီးနောက် မိတ်ကပ်ဖျက်ခဲ့ပြီးကာ အိမ်ပြန်ရန် စီစဉ်ထား၏။ သို့သော် ဤနေရာသို့ အလိုလို မောင်းလာမိသည်။
သူသည် ရှန်းထင်ရွှမ်းကို နှောင့်ယှက်ရန် မစီစဉ်ထားပေ။ ထို့ကြောင့် တောင်အောက်တွင် ခဏတာ တိတ်တဆိတ် နေနေခဲ့၏။ ည ၈ နာရီထိုးပြီ ဖြစ်သောကြောင့် အတော်လေးမှောင်နေပြီ ဖြစ်သည်။ ဤရွာလေးသည် လရောင်အောက်တွင် လွှမ်းခြုံနေလျက် ငြိမ်းချမ်းသည့် အငွေ့အသက်ကို ခံစားရစေကာ ဤနေရာတွင် နေထိုင်သူများက အတော်လေး သက်သောင့်သက်သာ ရှိလှပေမည်။
ချင်ယွဲ့ကျီက ကားထဲတွင် ထိုင်ပြီးနောက် ကောင်းကင်ပေါ်ရှိ လကို မော့ကြည့်လိုက်၏။
ရုတ်တရက် သူ့ဆီသို့ အရိပ်တစ်ရိပ်က ပြေးလာနေ၏။ ထိုပုံရိပ်က သူ့ကားဆီသို့ ပြေးလာနေတာပဲ ဖြစ်သည်။
ရှန်းထင်ရွှမ်းသည် မီးခိုးရောင် တီရှပ်ကို ဝတ်ဆင်ထားလျက် လီနင်သားဘောင်းဘီကို ဝတ်ဆင်ထား၏။ သူမ၏ ဆံပင်များကို မြင်းမြီးပုံစံဆံပင်ချည်ထားကာ ဖက်ရှင်ကျမနေပေ။ သို့သော် သက်သောင့် သက်သာပုံ ပေါ်လှ၏။
ချင်ယွဲ့ကျီက ပြုံးလိုက်သည်။
ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီ၏ ကားဆီ လျှောက်သွားလိုက်၏။ “ရိုက်ကူးရေး ပြီးသွားပြီလား “
ချင်ယွဲ့ကျီက ကားတံခါးဖွင့်လိုက်သည်။ “ကျွန်တော်တို့ ဒီည နားတယ် “
ရှန်းထင်ရွှမ်းက တံခါးဖွင့်ပြီးနောက် ခရီးသည်ခုံ၌ ဝင်ထိုင်လိုက်သည်။
“ပျော်ရွှင်ဖွယ် ဆောင်းဦးလယ်ပွဲတော်ပါ၊ အိမ်ဘာကြောင့် မပြန်တာလဲ “
ချင်ယွဲ့ကျီ၏ မျက်ဝန်းများက ခဏတာ မှုန်မှိုင်းသွားပေ၏။ “ကျွန်တော့်မှာ အိမ်မရှိဘူး “
ယင်းက မူလပိုင်ရှင်နှင့် ဆင်တူပုံပေါ်၏။ ယင်း၌ အိမ်တစ်လုံးရှိသော်ြငား မရှိတာထက် ပိုကောင်းနေ၏။
ချင်ယွဲ့ကျီသည် ရှန်းထင်ရွှမ်း၏ မျက်ဝန်းထဲရှိ ကရုဏာသက်မှုကို မြင်ပြီး အတော်လေး ရယ်စရာကောင်းသည်ဟု ခံစားလိုက်မိသည်။
ရှန်းထင်ရွှမ်း၏ အခြေအနေသည်လည်း သူနှင့်ဆင်တူ၏။ သို့သော် သူမသည် သူ့ကို ကရုဏာသက်နေပုံရ၏။
“ရှင် လမုန့်စားပြီးပြီလား၊ သွားကြရအောင်၊ ရှင့်ကို လမုန့်ကျွေးမယ် “
“ဟုတ်ပြီလေ “
ချင်ယွဲ့ကျီသည် ခြံဝန်းထဲသို့ သွားသည့် လမ်းကို သိပြီးသားဖြစ်သောကြောင့် တန်းမောင်းသွားလိုက်၏။
ကားပေါ်က ဆင်းပြီးနောက် ချင်ယွဲ့ကျီသည် ခြံဝန်းအပြင်၌ ရပ်ထားသော ကားတစ်စီးကို တွေ့လိုက်သည်။ ယင်းက သူ့ကားနှင့် တစ်ပုံစံတည်းတူသည့် အမျိုးအစားပဲ ဖြစ်သည်။ အခြားသူများ လာရောက်လည်ပတ်နေသလားဆိုတာ အနည်းငယ် မရေရာ မသေချာ ဖြစ်သွားသည်။
ရှန်းထင်ရွှမ်းသည် ချင်ယွဲ့ကျီက ကားကို ကြည့်နေတာ မြင်သောအခါ ပြောလိုက်တော့၏။
“နောက်ဆုံးအခေါက်တုန်းက ရှင့်ရဲ့ ကားကို မောင်းခဲ့တုန်းက ကားကောင်းတစ်စီးလို့ တွေးခဲ့မိတာကြောင့် ကျွန်မလည်း တစ်စီးဝယ်လိုက်တာ၊ သွားကြမယ် “
ရှန်းထင်ရွှမ်းက ရှေ့ကနေ လျှောက်သွားပြီး သူမနောက်ရှိ လူကို အာရုံမစိုက်တော့ပေ။
ချင်ယွဲ့ကျီသည် ရှန်းထင်ရွှမ်း၏ ရှင်းပြချက်ကို ကြားပြီးနောက် တင်းမာနေသော မျက်နှာက ပြေလျော့သွားတော့သည်။
နှစ်ယောက်သားက နေပူဆာလှုံခန်းထဲသို့ သွားလိုက်၏။
ချင်ယွဲ့ကျီသည် နောက်ဆုံးအခေါက်က ဤနေပူဆာလှုံခန်းကို မတွေ့ခဲ့ပေ။ သူရောက်လာချိန်တိုင်း၌ ပြောင်းလဲမှုအသစ်များကို အမြဲတမ်း ကြုံတွေ့နေရသည်။
ရှန်းထင်ရွှမ်းက ဖန်ခွက်နှစ်ခွက်သွားယူသည်။
ချင်ယွဲ့ကျီ၏ ရောက်ရှိလာမှုကြောင့် ရှန်းထင်ရွှမ်းသည် ကျန်ရှိသည့် လမုန့်များကို လေးပိုင်းပိုင်းလိုက်၏။ သူမသည် ခွက်ထဲသို့ ဝိုင်အချို့ထည့်ပြီးနောက် ပေးလိုက်သည်။
“ဒီဝိုင်က အရင် တိုက်ရိုက်ထုတ်လွှင့်မှုတုန်းက ဝယ်ထားခဲ့တာ၊ ဒါပေမဲ့ ရောက်လာပြီးတဲ့နောက် အရသာသိပ်မကောင်းမှန်း သိလိုက်ရတယ်၊ ဒါကြောင့် ကျွန်မစိုက်ပျိုးထားတဲ့ စပျစ်သီးတွေ ထပ်ထည့်လိုက်တာ “
ချင်ယွဲ့ကျီသည် ကားမောင်းလာသောကြောင့် မသောက်သင့်ပေ။ သို့သော်ငြား ယခုအချိန်တွင် သူမက မငြင်းဆန်လိုက်ပေ။ “ဟုတ်ပြီ “
အစက ရှန်းထင်ရွှမ်းသည် ကိုယ့်အချစ်လေး မင်းသားသွမ့်ဟူသည့် ရုပ်ရှင်ကားကို ကြည့်ချင်နေခဲ့တာပဲဖြစ်သည်။
ထိုရုပ်ရှင်သည် ချစ်ကြည်နူးဖွယ် ရုပ်ရှင်တစ်ကားဖြစ်ပြီး ဇာတ်ကွက်အချို့နှင့် နန်းတော်တွင် ယှဉ်ပြိုင်မှုများ ပါဝင်၏။ ချင်ယွဲ့ကျီက သူပွဲဦးထွက်ပြီး ဒုတိယမြောက်နှစ်၌ ရိုက်ကူးခဲ့တာပဲ ဖြစ်သည်။
ရှန်းထင်ရွှမ်းသည် စားပွဲပေါ်ရှိ လမုန့်များကို လက်ညှိုးထိုးပြလိုက်၏။ “စားကြည့်ကြည့် “
ချင်ယွဲ့ကျီသည် ပရိုဂျက်တာကို သိပ်ဂရုမစိုက်ပေ။ သို့သော် ဇာတ်ဝင်တေးကို ကြားသောအခါ သူက လမုန့်စားတာ ရပ်တန့်မိသွား၏။ သူ့ရှေ့ရှိ ဖန်သားပြင်ကို ကြည့်လိုက်၏။
“မဟုတ်ဘူး၊ တခြားတစ်ခု ကြည့်ကြရအောင်လား “
“ဘာကြောင့်လဲ၊ ရှင်သရုပ်ဆောင်ခဲ့တာ မဟုတ်ဘူးလား “ ပရိသတ်တွေအများကြီးက ဒီရုပ်ရှင်ကားကို ထောက်ခံပေးတာလေ။
ထိုရုပ်ရှင်ကို ရိုက်ကူးစဉ်က သူငယ်ရွယ်သေး၏။ ထို့ကြောင့် သူသည် မကြည့်နိုင်တာပဲဖြစ်သည်။ သို့သော် ချင်ယွဲ့ကျီက သူမနှင့်အတူ ကြည့်ခဲ့ပေးသေး၏။
ဇာတ်ကွက်ကို မဆိုထားနှင့် ချင်ယွဲ့ကျီ၏သွင်ပြင်တစ်ခုထဲကပင် ရှိုးတစ်ခုလုံးကို ထိန်းထားနိုင်သည်။ ရှန်းထင်ရွှမ်းသည် ကြည့်နေစဉ် လမုန့်စားလျက် ရံဖန်ရံခါ၌ ဝိုင်နီတစ်ငုံသောက်လေ၏။
သူမ ပျော်ရွှင်နေသည်။
ချင်ယွဲ့ကျီနှင့် မင်းသမီးတို့ တစ်ယောက်နှင့် တစ်ယောက်နမ်းသည့် ဇာတ်ကွက်ရောက်လာတော့သည်။ အမှန်တကယ်တွင် ထိုဇာတ်ကွက်သည် ထိုစဉ်က အစားထိုးသရုပ်ဆောင်က ရိုက်ပေးခဲ့တာပဲဖြစ်သည်။ ထိုအခန်းကို မြင်ပြီး ချင်ယွဲ့ကျီက ရှက်ရွံ့ကာ ဝိုင်နီခွက်ကို မြှောက်လျက် တစ်ငုံသောက်လိုက်သည်။
ဝိုင်နီ၏ အရသာသည် သိပ်မကောင်းလောက်သော်ငြား စပျစ်သီးထည့်ပြီးနောက် စပျစ်သီး၏ သင်းပျံ့သော ရနံ့နှင့် အချိုဓာတ်တို့က ပေါ်ထွက်လာ၏။
အနံ့က ရှည်ကြာလွန်းပြီး ချင်ယွဲ့ကျီသည် ထိုစဉ်က ရိုက်ကူးသည့် နည်းလမ်းကို ရှင်းပြချင်ခဲ့သည်။
သို့သော် ရှန်းထင်ရွှမ်းက ဘာမှမမေးဘဲ သူမသည် ဇာတ်ကွက်လွဲချော်သွားမှာကို ကြောက်ရွံ့နေသည့်ပုံဖြင့် ဖန်သားပြင်ကို ပျော်ရွှင်စွာ စိုက်ကြည့်နေ၏။ ထို့ကြောင့် နောက်ဆုံးတွင် ချင်ယွဲ့ကျီက ဘာမှမပြောတော့ပေ။ သူ၏ ခံတွင်းထဲရှိ ဝိုင်ကလည်း အရသာပြင်းလာတော့သည်။
ရုပ်ရှင်တစ်ကားလုံးကြည့်ပြီးနောက် လူနှစ်ယောက်သည် လမုန့်တစ်ခုလုံး စားလိုက်ကြ၏။
မကြိုက်တာကြောင့်မဟုတ်ဘဲ လမုန့်တွင် အခွံမာသီးများက ကယ်လိုရီများလွန်းသည်။ ချင်ယွဲ့ကျီသည် ဝိတ်လျော့နေစဉ် ရှန်းထင်ရွှမ်း၏ အာရုံစိုက်မှုက ရုပ်ရှင်ကားပေါ်တွင်သာ ရှိနေ၏။
ချင်ယွဲ့ကျီက အချိန်ကြည့်လိုက်ရာ ၁၀နာရီ ထိုးနေပြီမှန်းသိလိုက်ရ၏။
အရက်သောက်ထားသောကြောင့် ချင်ယွဲ့ကျီသည် ကားကို ဤနေရာ၌ ထားခဲ့ကာ အိုက်မင်ကို လာကြိုခိုင်းလိုက်၏။
အိုက်မင်ရောက်လာတာကို စောင့်နေစဉ် ချင်ယွဲ့ကျီက ပြောလိုက်၏။ “လတ်တလော မင်း ဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေ စိုက်ပျိုးထားတာ တွေ့လိုက်ရတယ်၊ နောက်ဆုံးအခေါက်တုန်းက ဒီတောင်ပေါ်မှာ သစ်သီးအများကြီး မရှိသေးဘူး “
ရှန်းထင်ရွှမ်းက ပြောလိုက်၏။ “ဟုတ်တယ်၊ ပိုက်ဆံရှာဖို့ ကျွန်မအလုပ်ကြိုးစားရမယ် “
“မင်း ပိုက်ဆံမရှိလို့လား “
ရှန်းထင်ရွှမ်းက ခေါင်းညိတ်လိုက်၏။ သူမသည် တာဝန်ကို ပြီးမြောက်ရန် ယွမ်သန်းချီ လိုအပ်နေသေးသည်။ ချင်ယွဲ့ကျီသည် ရှန်းထင်ရွှမ်း၏ သစ်သီးများ အမှန်တကယ် အရသာရှိကြောင်း သိသည်။ ထို့ကြောင့် သူက ပြောလိုက်၏။ “သစ်သီးတွေ ပို့ဆောင်ဖို့ကို တွေးမိလား “ (ဒီမှာက takeaway စနစ်၊ ဥပမာ grab တို့ door to door တို့လို၊ ချက်ချင်းမှာ ချက်ချင်းပို့စနစ်)
“ပို့ဆောင်ဖို့လား “
မူလပိုင်ရှင်သည် ငယ်စဉ်တည်းက ရွာတွင် ကြီးပြင်းလာခဲ့၏။ သူမ ရှန်းအိမ်သို့ ရောက်သည့်အချိန်၌ မည်ကဲ့သို့ ပစ္စည်းများ မှာယူမိမည်နည်း။ ရှန်းမိသားစုသည် ပစ္စည်းများမှာရန် မလိုအပ်ချေ။ ထို့ကြောင့် သူသည်လည်း သယ်ယူပို့ဆောင်ရေးကိစ္စရပ်ကို မသိ။
ချင်ယွဲ့ကျီသည် သယ်ယူပို့ဆောင်ရေးက ဘာဆိုတာ ရှင်းပြပြီးနောက် ပြောလိုက်၏။
“အဆင်ပြေတယ်လို့ ထင်ရင် မနက်ဖြန်ကျ စကားပြောဖို့ ခင်ဗျားဆီ ကျွန်တော် တစ်ယောက် လွှတ်လိုက်မယ်လေ “
“ဟုတ်ပြီ “
သူမ၏ ကျေးဇူးတင်ရှိမှုကို ဖော်ပြရန်အတွက် ချင်ယွဲ့ကျီ ပြန်သွားသည့်အချိန်၌ သစ်သီးအိတ်ကြီးတစ်အိတ် ပေးလိုက်၏။
ချင်ယွဲ့ကျီက ကားပေါ်ရောက်သည့်အချိန်၌ သူမဘက် လှည့်ပြောလိုက်၏။
“ပျော်ရွှင်ဖွယ် ဆောင်းဦးလယ်ပွဲတော်ပါ “
နောက်တစ်နေ့တွင် ဝန်ထမ်းက ရှန်းထင်ရွှမ်းကို သယ်ယူပို့ဆောင်ရေးအကြောင်း လာပြောချိန်၌ ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီသည် စကားတည်ပြီး လုပ်ရည်ကိုင်ရည်ရှိသည့် လူတစ်ဦးဆိုတာ ခံစားမိလိုက်သည်။
“မင်္ဂလာပါ မစ္စရှန်း၊ ကျွန်တော်က တုယိဟိန်ပါ၊ မြောင်မြောင် အစားအသောက် သယ်ယူပို့ဆောင်ရေးကုမ္ပဏီရဲ့ စီးပွားရေးမန်နေဂျာတစ်ယောက်ပါ၊ မစ္စရဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ကျွန်တော်တို့ ပလက်ဖောင်းမှာ တင်မယ်ဆိုရင် ဒီသဘောတူညီချက်ကို ကျွန်တော်တို့နဲ့ လက်မှတ်ရေးထိုးနိုင်ပါတယ်၊ ပြီးတော့ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်မှာပါ၊ မေးစရာရှိရင် ကျွန်တော့်ကို ဆက်သွယ်လို့ရပါတယ် “
ရှန်းထင်ရွှမ်းက ပြော၏။ “ဒါက ဒုက္ခများမလား “
တုယိဟိန်က သူ၏ ဖုန်းကို ထုတ်လိုက်သည်။ “မစ္စအတွက် အက်ပ်တစ်ခု ဖွင့်ပေးပါမယ်၊ ဝယ်သူတစ်ယောက်က မစ္စရဲ့ သစ်သီးကို အမှာတင်သွင်းမယ်ဆိုရင် အမှာစာကို လက်ခံရရှိကြောင်း နောက်ခံမှာ ခလုတ်တစ်ခုနှိပ်လိုက်ရုံပါပဲ၊ အမှာစာလက်ခံရရှိပြီဆိုတာနဲ့ ကျွန်တော်တို့ရဲ့ သယ်ယူပို့ဆောင်ရေး ဝန်ထမ်းက သစ်သီးလာကောက်မှာပါ၊ ပို့ပေးဖို့ လိုအပ်တဲ့သစ်သီးကို ပြင်ဆင်ထားဖို့ပဲ လိုပါတယ် “
“ဒီလောက် ရိုးရှင်းတယ်လား “ ရှန်းထင်ရွှမ်းက ၎င်းသည် ကားဖြင့် ပို့ဆောင်သည်ထက် ပိုလွယ်ကူသည်မှန်း တွေ့လိုက်ရသည်။ ဝယ်သူ၏ လိပ်စာကို ပရင့်ထုတ်ရန်တောင် မလိုပေ။
“ဟုတ်ပါတယ်၊ ပို့ဆောင်နိုင်တဲ့ အတိုင်းအတာက အနီးအနားရွာအတွင်းပါပဲ၊ ဝေးဝေးလံလံဆိုရင်တော့ အထူးတလည် ပို့ဆောင်ဖို့ လိုအပ်ပါတယ် “
တုယိဟိန်သည် ပလက်ဖောင်း၏ လုပ်ငန်းလည်ပတ်ပုံနှင့် စည်းမျဉ်းစည်းကမ်းများကို ရှန်းထင်ရွှမ်းအား ဂရုတစိုက် ရှင်းပြလိုက်၏။
ရှန်းထင်ရွှမ်းသည် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်သည်။ ပလက်ဖောင်းသည် ဖွင့်လှစ်တာ မြန်ဆန်သည်။ ဝယ်သူက သူတို့က ကုန်ပစ္စည်းလက်ခံရရှိသည်နှင့် အတည်ပြုမည်ဖြစ်ကာ ပိုက်ဆံကို သူမအကောင့်ထဲ လွှဲပေးလိမ့်မည်။ ထို့အပြင် ယင်းကို ချင်ယွဲ့ကျီက မိတ်ဆက်ပေးသောကြောင့် သူမ စိတ်ချနိုင်၏။
“အသုံးပြုသူအသစ်တစ်ယောက်အနေနဲ့ ကျွန်တော်တို့က ဒီလအတွင်း အခမဲ့ ကြော်ငြာလုပ်ပေးပါမယ်၊ ပြီးတော့ ဒီကူပွန်ကိုလည်း ပလက်ဖောင်းအတွက် အသုံးပြုလို့ရပါတယ် “
“ဟုတ်ပါပြီ “
မြောင်မြောင်သယ်ယူပို့ဆောင်ရေးက အလွန်စွမ်းဆောင်နိုင်စွမ်းရှိသည်။ ရှန်းထင်ရွှမ်းနှင့် မနက်ခင်း၌ သဘောတူစာချုပ်ချုပ်ဆိုပြီးနောက် ရှန်းထင်ရွှမ်း၏ စျေးဆိုင်သည် ညနေခင်း၌ စာရင်းထဲပါနေပြီ ဖြစ်သည်။
ရနိုင်သည့် သစ်သီးပုံများကလည်း ရှန်းထင်ရွှမ်း၏ ဖုန်းထဲတွင် ပြထားပြီး အက်ပ်ကနေ တိုက်ရိုက်တင်နိုင်တာပဲ ဖြစ်၏။ ရလာဒ်အနေဖြင့် စင်ပေါ်သို့ သစ်သီးများ တင်ပြီသည်နှင့် မကြာမီ အော်ဒါတစ်ခု ရောက်လာတော့သည်။
ရှန်းထင်ရွှမ်းက တစ်ချက်ကြည့်လိုက်ရာ သူမနှင့် ၁၀ ကီလိုမီတာ အကွာရှိ တစ်စုံတစ်ယောက်က စပျစ်သီးတစ်ကတ်တီမှာကြောင်း သိလိုက်ရသည်။
တစ်ဖက်လူသည် အလွန်နည်းနည်းလေးမှာတာမဟုတ်ဘဲ ရှန်းထင်ရွှမ်းက ဝယ်ယူမှုကို ထပ်မံကန့်သတ်လိုက်တာပဲ ဖြစ်သည်။
ရှန်းထင်ရွှမ်းသည် စပျစ်သီးတစ်ကတ်တီကို ခူးပြီးနောက် ပို့ဆောင်ရေးဝန်ထမ်းက ရောက်လာသည်။ ရှန်းထင်ရွှမ်းက သူ့ကို စပျစ်သီးများပေးပြီးနောက် မြေပုံပေါ်၌ ပို့ဆောင်ရေးဝန်ထမ်းရွေ့သွားတာကို ကြည့်နေလိုက်သည်။ သူစီးနေသော မော်တော်ဆိုင်ကယ်သည် သူ၏ တည်နေရာနားသို့ နီးကပ်ပြီးရင်း ကပ်သွားတော့၏။
ခဏအကြာတွင် သူမ၏ အက်ပ်က ဝယ်သူသည် ပစ္စည်းလက်ခံရရှိကြောင်း ချက်ချင်းလက်ငင်းစာဝင်လာ၏။
အမှာစာတင်သည့် ပထမဆုံးဝယ်သူသည် ရှင်းယွမ်ရှန်နှင့် မနီးမဝေးတွင် နေထိုင်သူတစ်ဦးဖြစ်သည်။ သူသည် ရှင်းယွမ်ရှန်၏ သစ်သီးများကို စားရတာ နှစ်ခြိုက်သည်။ သို့သော် နေ့စဉ်နေ့တိုင်း ရုံးစောစော သွားရသောကြောင့် သစ်သီးဝယ်ရန် စူပါမောသို့ မသွားနိုင်ပေ။ သူသည် ပိတ်ရက်များ၌သာ တန်းစီရန် စောစောထနိုင်၏။
ယနေ့ သူသည် နေ့လယ်လက်ဖက်ရည်သောက်ချိန်၌ အရသာရှိသည့် စားသောက်ဖွယ်ရာ မှာ၍ ရမရ ကြည့်ရန် စီစဉ်ခဲ့၏။ သို့သော် သူ၏ အာရုံစိုက်မှုကို ရသွားမည့် စျေးဆိုင်အသစ်ရှိလိမ့်မည်ဟု မထင်ထားပေ။
တစ်ချက်နှိပ်ကြည့်ပြီးနောက် အားရွှမ်၏ ဆိုင်ဖြစ်နေကြောင်း တွေ့လိုက်၏။ ရှင်းယွမ်ရှန်တွင် လယ်စိုက်သည့် တင်ဆက်သူသည် အားရွှမ်းဟု ခေါ်ကြောင်း သူမှတ်မိသွားသည်။ သူက စျေးဆိုင်ထဲ ဝင်ကြည့်လိုက်ရာ လိပ်စာသည် ရှင်းယွမ်ရှန် ဖြစ်နေသည်။
ထိုအကြောင်းကို တွေးပြီးနောက် သူသည် မြည်းစမ်းကြည့်ရန် မှာလိုက်တော့၏။ အစက သူသည် စပျစ်သီးနှင့် ကီဝီသီးကို ရွေးချယ်ချင်ခဲ့သော်ငြား ဝယ်ယူမှုကန့်သတ်ထားသောကြောင့် စပျစ်သီးသာ ဝယ်နိုင်၏။ မကြာမီ၌ စပျစ်သီးရောက်လာကာ ၎င်းကို လက်ခံရရှိချိန်၌ စပျစ်သီးများသည် စူပါမောက ရောင်းချသည့်အတိုင်း တစ်ထပ်တည်း တူကြောင်းတွေ့လိုက်ရသည်။
နောက်တစ်လှမ်းက အရသာခံရန်ပဲ ဖြစ်သည်။ သူသည် စပျစ်သီးများကို ဆေးပြီးနောက် ပါးစပ်ထဲထည့်လိုက်ချိန်တွင် ၎င်းတို့က စူပါမော၏ စပျစ်သီးများဆိုတာ ချက်ချင်း သေချာသွားတော့၏။
ထိုသတင်းကို သူ့နားရှိ မိတ်ဆွေများကို ချက်ချင်း ပြောပြခဲ့၏။ သို့သော် သူတို့ ဧရိယာ၌ ထိုကဲ့သို့ စျေးဆိုင် မရှိကြောင်း လူများစွာက သိလိုက်ရသည်။ ပို့ဆောင်ရေးဆိုင်သည် အချိန်အတိုင်းအတာတစ်ခုထိ အဝေးရှိ ဝယ်သူကို ဝန်ဆောင်မှုမပေးပေ။ ယင်းက ဆိုးရွားပေ၏။
ညဘက်တိုက်ရိုက်ထုတ်လွှင့်မှု၌ ပရိသတ်များစွာသည် ရှန်းထင်ရွှမ်းကို မြောင်မြောင် သယ်ယူပို့ဆောင်ရေးအကြောင်း မေးခဲ့သည်။
ရှန်းထင်ရွှမ်းက ပြော၏။ “ဟုတ်တယ် အဲ့ဒါလည်း ကျွန်မရဲ့ ဆိုင်ပဲ၊ ဒါပေမဲ့ ကန့်သတ်ထားသေးတာ၊ အနီးအနား ဧရိယာကိုပဲ ပို့ပေးနိုင်တာလို့ ကြားတယ်၊ နောက်တစ်လှမ်းတော့ ကျွန်မ မသိဘူး “
ပရိသတ်များးစွာသည် မြောင်မြောင် သယ်ယူပို့ဆောင်ရေး၏ တရားဝင် WeChat အကောင့်သို့ တန်းသွားပြီးနောက် ပို့ဆောင်ခနည်းနည်း ထပ်တိုးပေးလျှင် ရှင်းယွမ်ရှန်အတွက် ပို့ဆောင်မှုဧရိယာကို ပိုတိုးချဲ့ပေးရန် တောင်းဆိုခဲ့သည်။
အိပ်ရာမဝင်ခင် ရှန်းထင်ရွှမ်းက မေးလိုက်၏။ “စနစ် မနက်ဖြန် တာဝန်ကဘာလဲ “
“Host ရဲ့ လွှမ်းမိုးမှုက ၁၀ရက်အတွင်း ငါးသန်းကျော်ရမှာပါ “
ရှန်းထင်ရွှမ်းက ထိုင်ပြီးနောက် ပြောလိုက်၏။ “လွှမ်းမိုးမှုလား၊ အဲ့ဒါကို ဘယ်လို တိုင်းတာလဲ၊ ပြီးတော့ ငါးသန်း၊ ပမာဏအများကြီးလိုပဲ “
“လက်ရှိတွက်ချက်မှုကတော့ Host ရဲ့ ရတနာစျေးဆိုင်၊ မြောင်မြောင် သယ်ယူပို့ဆောင်ရေးဆိုင်နဲ့ Weibo follower တွေအပေါ် အခြေခံထားပါတယ်၊ ပရိသတ်အရေအတွက် အမြင့်ဆုံးတစ်ခုကို လွှမ်းမိုးမှုတန်ဖိုးအနေနဲ့ တွက်ချက်ဖို့ ရွေးထားပါတယ် “
ရှန်းထင်ရွှမ်းက သူမ၏ Weibo ကို ဖွင့်လိုက်ရာ ဖော်လိုဝါအရေအတွက် ၄ သန်းဖြစ်သည်။
“တစ်နည်းအားဖြင့် ၁၀ ရက်အတွင်းမှာ ငါက ဖော်လိုဝါ တစ်သန်းကျော်ထပ်ထည့်ရမှာပေါ့ “
“ဟုတ်တယ် အမှန်ပါပဲ “
ရှန်းထင်ရွှမ်းက မင်သက်သွားသည်။ ရိုးရိုးသားသားဆိုရလျှင် သူမသည် ထိုဖော်လိုဝါများ မည်သို့တက်လာမှန်းမသိပေ။ တိုက်ရိုက်ထုတ်လွှင့်မှုက ပရိသတ်များကို နေ့စဉ်နေ့တိုင်း တိုးလာစေသော်ငြား မည်သည့်အချိန်တွင် တိုးလာကြောင်း မည်သည့်အချိန်တွင် တိုးလာကြောင်း မသိပေ။
ရှန်းထင်ရွှမ်းက Weibo ၌ post တစ်ခု တင်လိုက်သည်။
[အပင်စိုက်တဲ့အားရွှမ်း။ ငါ မမေးဘဲမနေနိုင်လို့။ ဒီ Weibo မှာလေ ဖော်လိုဝါများများတိုးအောင် ဘယ်လိုလုပ်ရမလဲ။]
မကြာမီ၌ အင်တာနက်အသုံးပြုသူများက မှတ်ချက်ရေးလိုက်၏။
[ပရိသတ်ဝယ်။]
ရှန်းထင်ရွှမ်းသည် ထိုစာကြောင်းကို ဖတ်လိုက်ရာ စနစ်က တန်းငြင်းလိုက်တော့၏။
“ပရိသတ်ဝယ်တာက လိမ်တယ်လို့ သတ်မှတ်လို့ရတယ် တာဝန်ထဲမှာ ထည့်မတွက်ပါဘူး “
ရှန်းထင်ရွှမ်း။ “ “
သူမက နောက်ထပ်မှတ်ချက်ကို ဆက်ဖတ်လိုက်၏။
[အားရွှမ်း Weiboမှာ ပို့စ် မကြာခဏတင်ရင် ပရိသတ်အရေအတွက် တက်လာလိမ့်မယ်။]
[စစ်မှန်တဲ့အကြံပြုချက်ပါ။ အားရွှမ်းရေ မင်းရဲ့သစ်သီးက သိပ်အရသာ ရှိတယ်။ Weibo ကို သုံးပြီး မဲနှိုက်ပေးမယ်ဆိုရင် လူတွေအများကြီးက မင်းကို လာ follow ကြ လိမ့်မယ်။]
ရှန်းထင်ရွှမ်းက စနစ်ကို မေးလိုက်၏။ “ဒီနည်းလမ်းက အဆင်ပြေလား “
စနစ်။ “ပြေတယ် “
ထိုမှတ်ချက်အောက်ရှိ လူများစွာက စုမဲက ကြီးမားလွန်းလျှင် ဖော်လိုဝါများပိုပြီး ဆွဲဆောင်ခံရမည်ဟု ဆိုထားသည်။
ရှန်းထင်ရွှမ်းက တွေးတောနေစဉ် Weibo ပေါ်ရှိ သူမ၏ ပို့စ်၌ မှတ်ချက်များသည် တစ်သောင်းနီးပါး ရောက်နေပြီဖြစ်၏။
အချို့သော အင်တာနက်အသုံးပြုသူများသည် Weibo မဲနှိုက်ရမည့်နည်းလမ်းကို ရုပ်ပုံများဖြင့် ပြထား၏။ အားစိုက်ထုတ်မှုသက်သာစေရန် ရှန်းထင်ရွှမ်းက ထိုပုံများကို တိုက်ရိုက် မှတ်လိုက်တော့သည်။ ပြီးတော့ လမ်းညွှန်အတိုင်း မဲနှိုက်ရန် ပြင်ဆင်၏။
စနစ်။ “မနက်ဖြန်ထိမစောင့်တော့ဘူးလား “
ရှန်းထင်ရွှမ်း။ “ဒီတာဝန်ကို အနှေးနဲ့အမြန် ထုတ်မှာပဲ၊ လွှမ်းမိုးမှုကို ငါးသန်းရောက်အောင် မြှင့်တင်နိုင်ခဲ့မယ်ဆိုရင် တာဝန်တွေ ပိုထပ်ထည့်နိုင်မှာပဲလေ “
စနစ်။ “ “ Host က ပိုပိုပြီး ကျွမ်းကျင်လာတာပဲ။
စာရေးသူမှာ ပြောစရာ ရှိပါတယ်။
ချင်ယွဲ့ကျီ။ ကိုယ်ရှင်းပြတာကို နားထောင်ဦး။
ရှန်းထင်ရွှမ်း။ အမ်း။ ချင်ယွဲ့ကျီ အဲ့ဒီအနံ့ကလေ တကယ်တော့
ရှန်းထင်ရွှမ်း။ အဲဒါက သိပ်လှတာပဲ။
ချင်ယွဲ့ကျီ။ ...
…