အခန်း (၄၉-၅၁)
Vol. 4 Ch. 49-51
အခန်း (၄၉) (က)
ရှန်းထင်ရွှမ်းသည် Weibo ၌ တည်းဖြတ်ပြီးနောက် ပို့စ်တစ်ခုကို တန်းတင်လိုက်လေ၏။
[လယ်စိုက်တဲ့အားရွှမ်း။ ကျွန်မကို ဖော်လိုလုပ်ပြီး ဒီပို့စ်ကို ပြန်တင်ပေးပါ၊ follower တစ်ယောက်ကို မက်မွန်သီး၊ ဖရဲသီး၊ တောကြက်မောက်သီး၊ ကီဝီ၊ တရုတ်ပြည်ဘယ်ရီ၊ စပျစ်သီး၊ တတိုင်းမွှေးဘယ်ရီ၊ သခွားသီး၊ ငှက်ပျောသီး၊ စတော်ဘယ်ရီသီး တစ်ရာကတ်တီစီ ကြုံရာရွေးချယ်ပေးပါမယ်၊ အနိုင်ရသူက B မြို့က မဟုတ်ရင် စပျစ်သီး၊ တတိုင်းမွှေးဘယ်ရီနဲ့ စတော်ဘယ်ရီသီးနေရာမှာ ဂေါ်ဖီထုပ်၊ ငရုတ်ပွ၊ ရွှေဖရုံသီးတို့နဲ့ အစားထိုးပေးပါမယ်။ Weibo မဲနှိုက်မှုကတော့ ငါးရက်ကြာရင် ပိတ်မှာပါ။]
ထိုပို့စ်တင်လိုက်ပြီး မကြာမီ၌ အင်တာနက်အသုံးပြုသူများက ချက်ချင်း ပေါက်ကွဲသွားလေ၏။
[ဖာ့ခ်၊ ငါမြင်တာဟုတ်ရဲ့လား။]
[ဟိုက်ရှားပါး။ တစ်ရာကတ်တီ။]
[အား။ ဘုရားသခင် ဒီဆုကို အနိုင်ရတဲ့သူသိရင် သူ့အိမ်ကို ငါ ဓားမြသွားတိုက်မှာ။]
[ဘာမှပြောမနေနဲ့တော့။ ငါ့ရဲ့မိသားစုဝင်တွေအားလုံးရဲ့ Weibo အကောင့်တွေကို သုံးပြီး အားရွှမ်းကို ဖော်လိုလုပ်ပြီး ဒီပို့စ်ကို ပြန်တင်မှာ။]
ဆုကြေးက ကြီးမားလွန်းသောကြောင့် ရှန်းထင်ရွှမ်း၏ ဖော်လိုဝါများသည် လေးသန်းရှိပြီး ခဏအတွင်း Weibo ၌ ပြန်တင်သည်က တစ်သောင်းကျော်သွား၏။
ရှောင်ဖုန်းက ရှန်းထင်ရွှမ်းကို Weibo ပေါ်၌ အထူးတလည် အာရုံစိုက်ထားတာပဲဖြစ်သည်။ Weibo ၌ ရှန်းထင်ရွှမ်း၏ စာကို မြင်ပြီးနောက် သူသည်လည်း တိုက်ရိုက် forward လုပ်လိုက်သည်။
[@ဖုန်းကော လမ်းဓာတ်ပုံ V။ ငါ ကံကောင်းဖို့ မျှော်လင့်ပါတယ်။ အပင်စိုက်တဲ့အားရွှမ်း]
ရှောင်ဖုန်း၌ ဖော်လိုဝါများစွာရှိသည်။ ထို့ကြောင့် သူပြန်ချိန်၌ သူ၏ ဖော်လိုဝါများကလည်း ၎င်းကို ပြန်တင်၏။
ရှန်းထင်ရွှမ်း၏ Weibo ဖော်လိုဝါများက ဆက်တိုက်တက်နေ၏။
အရင်တုန်းက ရှန်းထင်ရွှမ်း၏ သစ်သီးကို အကဲဖြတ်ခဲ့ဖူးသည့် အစားအသောက် ဘလော့ဂါများစွာကလည်း Weibo ကို ပြန်တင်ပြီး သူတို့သည် ကံကောင်းရန် မျှော်လင့်နေကြ၏။
ရှန်းထင်ရွှမ်း၏ သစ်သီးများကို စားဖူးသည့်သူသည် ဒုတိယအကြိမ် မစားချင်သည့်သူ မရှိပေ။
အစားအသောက်နှစ်ခြိုက်သော ထျန်းထျန်းကလည်း ပို့စ်ကို ပြန်တင်ခဲ့သည်။
[အစားအသောက်နှစ်ခြိုက်သောထျန်းထျန်း။ ပြန်တင်တဲ့သူက နှစ်သောင်းကျော်သွားပြီ။ ငါ ကံကောင်းမယ်လို့ မထင်ထားဘူး။ ဒါကြောင့် ဆုလာဘ်တွေကို ထပ်ထည့်ပေးမယ်။ အနိုင်ရသူ အတွက် စာအိတ်နီ ယွမ်ငါးထောင် ထပ်ထည့်ပေးမယ်။]
သူနှင့် ရှန်းထင်ရွှမ်းသည် တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ သို့သော် သူမ၏ သစ်သီးကို စားသောက်ပြီးနောက် အစားအသောက်နှစ်ခြိုက်သော ထျန်းထျန်းသည် ရှန်းထင်ရွှမ်းကို ကူညီရာ၌ စိတ်မရှိပေ။
ထို Weibo ဆုသည် ပရိသတ် ဝန်ဆောင်မှုတစ်မျိုးဖြစ်၏။ သူက မီဒီယာ၌ အလုပ်လုပ်နေသောကြောင့် မည်ကဲ့သို့ မသိဘဲ နေမည်နည်း။
ယွမ်ငါးထောင်သည် များသောကြောင့် ထျန်းထျန်း၏ Weibo ကို နေ့စဉ်နေ့တိုင်း စစ်ဆေးသည့် ဖော်လိုဝါက ပိုများလာတော့သည်။
ထို Weibo ကို ပြန်တင်ခြင်းက တစ်သောင်းကျော်သွားပြီ ဖြစ်သည်။ မကြာမီ၌ လူတိုင်းသည် ယနေ့ အံ့အားသင့်စရာက တစ်ခုတည်းသာမဟုတ် ဖေးလုပ်ငန်းစုကလည်း Weibo တွင် တင်ထားသည်။
[ဖေးလုပ်ငန်းစု။ အားရွှမ်းက စူပါမောကို တစ်ရက်မှာ သစ်သီးတစ်မျိုးစီကို တစ်ကတ်တီစီပဲ တင်ပို့တယ်ဆိုပေမဲ့ ငါတို့လည်း ဆုကို ထည့်ပေးမယ်။ ဒီတော့ အနိုင်ရသူအတွက် စူပါမောအတွက် ကူပွန် အပိုယွမ်တစ်သောင်း ထောက်ပံ့မယ်။]
[ဖာ့ခ်။ ခင်များတို့အားလုံး ဒီနေ့ရူးနေလား။]
[ဟိုက်ရှားပါး။ ယွမ်တစ်သောင်း ဘယ်လိုသဘောတရားများလဲ။]
[ငါကတော့ ကူပွန်တွေထက် သစ်သီးတွေ ပိုလိုချင်တယ်။ ဆယ်ကတ်တီပဲ ဆိုရင်တောင်ပေါ့။]
[ငါအရင်ကလေ ကံကောင်းလာမဲ့သူလေးကို တစ်ခါမှ အားမကျဖူးဘူး။]
မကြာမီ၌ အပင်စိုက်သောအားရွှမ်းက အပူတပြင်းရှာဖွေမှုထဲ ဝင်လာပြန်၏။
သူတို့က ထိုဘလော့ဂါကို ဖော်လိုလုပ်ထားလေရာ သူမ၏ Weibo ၌ ပြန်တင်ထားတာကို ရှာတွေ့ကြပြီး သူတို့ကလည်း သစ်သီးအချို့ရနိုင်၏။
ထို့အပြင် ကျန်သည့် ဘလော့ဂါထံမှ ယွမ်ငါးထောင်ရှိပြီး စူပါမောကနေ ယွမ်တစ်သောင်း ကူပွန်ရှိသည်။
စူပါမောသည် တရုတ်၌ ပထမတန်းစား စူပါမောတစ်ခုဆိုတာ မည်သူက မသိဘဲ နေမည်နည်း။
ခဏအကြာတွင် ထိုပြန် forward လုပ်ခြင်းက နှစ်သိန်းကျော်သွားပြီးနောက် ဆက်လက် မြင့်တက်နေသေးဆဲဖြစ်သည်။
ဖေးလုပ်ငန်းစုအောက်ရှိ ကုမ္ပဏီများကလည်း တရားဝင် Weibo အကောင့်ကနေ ထွက်လာပြီး ဆုကြေးကို တင်လိုက်သည်။
အချို့ကဆို အလှကုန်ပစ္စည်းများ၊ အချို့ကဆို စားသောက်ဆိုင် ဘောင်ချာများ ပေး၏။
ထို Weibo ကို ပြန်လည်တင်သည့် အင်တာနက်အသုံးပြုသူများ ပိုမိုများပြားလာ၏။
တိတ်ဆိတ်နေသောညတာ၌ ချင်ယွဲ့ကျီသည် ရုပ်ရှင်ရိုက်ကူးပြီးနောက် ရှောင်ယွဲ့က အလွန်စိတ်လှုပ်ရှားစွာ ပြောနေတာကို တွေ့လိုက်ရ၏။
မေးမြန်းပြီးနောက် ရှန်းထင်ရွှမ်းသည် ကြီးမားသည့် ဆုကြီးဖြင့် မဲနှိုက်ပေးမည်ဖြစ်ကြောင်း သူသိလိုက်ရ၏။ သူ့ဘေး၌ ယခင်က ရှန်းထင်ရွှမ်းခူးပေးလိုက်သည့် သစ်သီးတစ်အိတ်ရှိနေသည်။
ချင်ယွဲ့ကျီက Weibo ကို ဖွင့်ကြည့်ပြီး ရှန်းထင်ရွှမ်း၏ ပို့စ်ကို စစ်ဆေးကြည့်လိုက်သည်။ သူသည် ဖော်လိုဝါမည်သို့တိုးအောင် လုပ်ရမလဲဟု မေးထားသည့် ရှန်းထင်ရွှမ်း၏ ယခင်ပို့စ်ကို မြင်သောအခါ အက်ပ်ကို ပိတ်ဖို့ ပြင်လိုက်သည်။ သူမက ဖော်လိုဝါတိုးချင်ပုံပေါ်၏။
ချင်ယွဲ့ကျီသည် ရှန်းထင်ရွှမ်း၏ Weibo ကို တိတ်တဆိတ် ဖော်လိုလုပ်ထားရာကနေ အထူးတလည် အာရုံစိုက်မှုအဖြစ် ပြောင်းလိုက်၏။
ချင်ယွဲ့ကျီ၏ Weibo လုပ်ဆောင်ချက်ကို သူ၏ ပရိသတ်များ လိုင်းသုံးသည်နှင့် မကြာမီ ရှာတွေ့သွားကြ၏။
ပရိသတ်များသည် ချင်ယွဲ့ကျီ၏ Weibo ကို တစ်ယောက်ပြီးတစ်ယောက် ဖွင့်ကြည့်လိုက်ရာ သူ၏ အထူးတလည် အာရုံစိုက်သည့် စာရင်းသည် ၉၉ကနေ ၁၀၀ သို့ ပြောင်းလဲသွားကြောင်း တွေ့လိုက်ရ၏။
ချင်ယွဲ့ကျီ၏ အထူးတလည် အာရုံစိုက်မှုစာရင်းသည် မပြောင်းလဲတာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။
လူတိုင်းက ချင်ယွဲ့ကျီ၏ အယောက်တစ်ရာမြောက် ဖော်လိုလုပ်ထားသည့်သူက မည်သူဆိုတာ တွက်ချက်နေကြ၏။ သို့သော် ယနေ့ ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မထင်ထားပေ။
ပရိသတ်များက အနီးကပ်ကြည့်မိလိုက်ရာ ချင်ယွဲ့ကျီ ဖော်လိုလုပ်ထားသည့် အယောက်တစ်ရာမြောက်သည် အသိုင်းအဝိုင်းထဲရှိ ကြယ်ပွင့်မဟုတ်၊ အပင်စိုက်သော အားရွှမ်းဟု ခေါ်သည့် ဘလော့ဂါ တစ်ယောက်ပဲဖြစ်သည်။
ချင်ယွဲ့ကျီ၏ သံမဏိပရိသတ်များအနေဖြင့် အများစုက အားရွှမ်းနှင့် ချင်ယွဲ့ကျီကြားရှိ ဆက်ဆံရေးကို သိကြသည်။ သို့သော် အချို့ကမူ မသိသေးပေ။ အချို့သော ပရိသတ်များက ဇဝေဇဝါဖြစ်နေစဉ် ချင်ယွဲ့ကျီကလည်း Weibo ၌ ပို့စ်တစ်ခုတင်ကြောင်း ရှာတွေ့လိုက်သည်။
[ချင်ယွဲ့ကျီ။ ဆုလာဘ်တစ်ခု ထပ်ထည့်မယ်။ ရွေးချယ်ခဲ့ရတဲ့ အနိုင်ရသူက မွန်းဖြစ်မယ်ဆိုရင် ကျွန်တော် ပွဲဦးထွက်ချိန်က စပြီး ကျွန်တော့်လက်ရာ စုဆောင်းထားတာတွေကို ပို့ပေးမယ်။ မွန်းတစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင်တော့ ရတနာဆိုင်ရဲ့ စျေးဝယ်ခြင်းထဲက ပစ္စည်းအားလုံးကို ဝယ်ပေးမယ်။ @အပင်စိုက်တဲ့ အားရွှမ်း။]
(မွန်းသည် ချင်ယွဲ့ကျီ၏ ပရိသတ်အဖွဲ့ နာမည်ဖြစ်သည်။)
ချင်ယွဲ့ကျီ ပေါ်လာပုံက မတူညီပေ။ ရုပ်ရှင်ဧကရာဇ်များ အတည်ပြုပေးသည့် ထုတ်ကုန်များကလည်း ထပ်ထည့်လိုက်၏။
[အားအား အစ်ကိုရေ။ ကျွန်မကို ကြည့်ပါဦး။]
[လက်ရာစုဆောင်းမှုထက် ပွဲဦးထွက် စီဒီက ထပ်မထွက်တော့တာ ကြာပြီ။ ပိုက်ဆံအများကြီး ရှိရင်တောင် ဝယ်လို့မရဘူး။]
[ထပ်မရတော့ဘူး။ ငါ ထပ်မအိပ်နိုင်တော့သလို ခံစားနေရတယ်။]
[ငါ့ကိုယ်ပိုင် စျေးဝယ်ခြင်းကို ဝယ်နိုင်တဲ့ စာတန်းထည့်တဲ့အိတ် လိုချင်တယ်။ ငါ အရူးလိုပဲ ရှေ့ဆက်ကြည့်နေမိတယ်။]
ချင်ယွဲ့ကျီ၏ ဖော်လိုဝါသည် သန်းတစ်ရာကျော်နီးပါးရှိပြီးသား ဖြစ်၏။ ပြန်တင်သည့် အရေအတွက်က မည်ကဲ့သို့ လျော့တွက်နိုင်မည်နည်း။
နာရီဝက်အတွင်း ရှန်းထင်ရွှမ်း၏ forward လုပ်သောပမာဏသည် တစ်သန်းကျော်သွားတော့သည်။
Weibo Topic #ချင်ယွဲ့ကျီက ဆုတိုးမြှင့်# ပြီးတော့ #အပင်စိုက်တဲ့အားရွှမ်း# က Hot Search ထဲမှာ ပထမတန်းထဲ ရောက်နေပြီ။ ချင်ယွဲ့ကျီရဲ့ Topic က လျင်မြန်စွာ ပေါက်ကွဲသွားတော့တယ်။
မနက် ၅နာရီ၌ ရှန်းထင်ရွှမ်းသည် သူမ လက်ကောက်ဝတ်ကို လှမ်းပြီး နာရီကြည့်လိုက်၏။
၅ နာရီထိုးပြီး ၁ မိနစ်အကြာတွင် စနစ်က တာဝန်ကို မထုတ်ပြသေးပေ။
“ဘာကြောင့် တာဝန်မပို့တာလဲ “
“Host ရဲ့ တာဝန်က ပြီးမြောက်သွားပါပြီ၊ ထပ်ထည့်ဖို့လိုသေးလား “
ရှန်းထင်ရွှမ်းသည် ထိုစကားကနေ လှောင်ပြောင်ထေ့ရိသံကို မထင်မှတ်ဘဲ ကြားလိုက်ရ၏။
“ထပ်ထည့်ရင် ဘယ်လောက်လဲ “ မည်သည့်နည်းနှင့်မဆို ဆယ်ရက်ရှိသေးသည်။
“လွှမ်းမိုးမှုက ဆယ်သန်းကျော်ရပါမယ် “
ရှန်းထင်ရွှမ်းက ထခုန်မိလုနီးပါးဖြစ်သွား၏။
“ဘာကြောင့် ဒီလောက်အများကြီး တစ်ခါထဲ တိုးသွားရတာလဲ “
စနစ်။ “Host ကျေးဇူးပြုပြီး အရင်နားထောင်ပါဦး၊ တာဝန်ပြီးမြောက်သွားရင် ဝိညာဉ်သွေးကြော ၃၈% ပြန်ရနိုင်မှာပါ၊ လွှမ်းမိုးမှု ငါးသန်းကျော်သွားတဲ့အချိန် ဝိညာဉ်သွေးကြော ပြန်ရမှုက ၃၆% ပဲ၊ အခု တာဝန်ထပ်ထည့်လိုက်ရင် ၃၈% တန်းရောက်သွားနိုင်ပြီ “
ပထမဆုံးတာဝန်သည် လွှမ်းမိုးမှု ငါးသန်းကျော်ရန် ဖြစ်၏။ သို့သော် Host က ထိုနေရာသို့ ရောက်နေပြီးသားဖြစ်သည်။ ရှန်းထင်ရွှမ်းက သူမ ဖုန်းထုတ်ပြီး ဖော်လိုဝါကို တစ်ချက် ကြည့်လိုက်ရာ ၇.၂သန်း ဖြစ်နေသည်။
“အများကြီးပဲ “
ထပ်ကြည့်လိုက်ရာ ချင်ယွဲ့ကျီ၏ ကြိုးစားမှု ဖြစ်နေကြောင်း တွေ့လိုက်ရ၏။
တာဝန်မည်မျှ ပြောင်းလဲသွားစေကာမူ ထို BUG က သူ၏ တမူထူးကဲသော ကဏ္ဍ၌ ပါနေသေး၏။
“Host တာဝန်ထပ်ထည့်ချင်လား “
ရှန်းထင်ရွှမ်းသည် နှစ်ခေါက်စဉ်းစားလိုက်၏။ သူမက ထိုကာလအတွင်း တိုက်ရိုက်ထုတ်လွှင့်မှု ပိုလုပ်ခဲ့လျှင် တာဝန်များ ပိုပြီးမြောက်လောက်၏။ “ကောင်းပြီ၊ ထပ်ထည့်မယ် “
“Host မှာ ၉ရက် ၁၈နာရီ ၅၇မိနစ် ကျန်ပါသေးတယ်၊ တာဝန်ပြီးမြောက်သွားတာနဲ့ ဝိညာဉ်သွေးကြော ၃၈ % ပြန်ရပါမယ်၊ Host ကျေးဇူးပြုပြီး အားတင်းထားပါ “
ရှန်းထင်ရွှမ်းက အိပ်ရာထတော့သည်။ သူမသည် လိုအပ်နေသေးသော ၂.၈သန်း ဖော်လိုဝါတာဝန်ကို ပြီးမြောက်ရမည်။ သို့သော် သူမ၏ ဖော်လိုဝါတက်နေသေးဆဲဖြစ်သည်။
ယနေ့၌ ဖော်လိုဝါနောက်ထပ် ငါးသိန်းရောက်လောက်၏။
လုမင်ဟွေ့သည် ရှန်းထင်ရွှမ်း တင်ပို့သည့် ပစ္စည်းများသည် ပုံမှန်အတိုင်း တစ်မျိုးစီကို တစ်ထောင်ကတ်တီ ဖြစ်နေသောအခါ ဝမ်းနည်းသွားတော့၏။
မြောင်မြောင် သယ်ယူပို့ဆောင်ရေး၏ ပို့ဆောင်ရေးဝန်ထမ်းများကလည်း ကောင်းမွန်သည့် ဖြေရှင်းနည်းတစ်ခုရလာသည်။ သစ်သီးကို သူတို့အိမ်မည်သည့်နေရာတွင် ရှိစေကာမူ ဝယ်သူများက မှာယူနိုင်ပြီး သူတို့က ပို့ဆောင်ခအပိုပေးရန်သာ လိုအပ်သည်။
ပို့စ်ကို ပထမဆုံး မြင်ချိန်၌ ရှောင်ဖုန်းသည် ရှန်းထင်ရွှမ်း၏ ဖော်လိုဝါ ထိုမျှ တိုးသွားလိမ့်မည်ဟု မထင်ထားပေ။
နောက်တစ်ခေါက်ထပ်ကြည့်လိုက်ရာ ချင်ယွဲ့ကျီ၏ အားစိုက်ထုတ်မှုဖြစ်နေကြောင်း တွေ့နေရ၏။
ရှောင်ဖုန်းသည် ရှန်းထင်ရွှမ်းနှင့် ချင်ယွဲ့ကျီကြားရှိ ဆက်ဆံရေးကို မေးချင်သော်ငြား မမေးရဲပေ။
ဒီလိုမေးခွန်းမျိုးကို သူဘယ်လိုလုပ် မေးရဲပါ့မလဲ။
…
အခန်း (၄၉) (ခ)
ညနေစောင်းထိ အလုပ်လုပ်ပြီးနောက် ရှန်းထင်ရွှမ်းသည် လုအန်းအန်းထံမှ ဖုန်းခေါ်ဆိုမှု ရလိုက်၏။
“ထင်းရွှမ်း ငါ လုအန်းအန်းပါ၊ နင် ဒီနေ့ အားလား၊ ငါတို့နဲ့အတူ အပြင်သွားချင်လား “
လုအန်းအန်းသည် Weibo ၌ ရှန်းထင်ရွှမ်းကို အကြိမ်ပေါင်းများစွာ မေးခဲ့၏။ သို့သော် တစ်ဖက်လူက မတုံ့ပြန်ပေ။ နောက်ပိုင်း၌ ရှန်းထင်ရွှမ်း၏ မိတ်ဆွေအသိုင်းအဝိုင်းသည် ဘယ်တော့မှ အသစ်မတင်ကြောင်း ရှာတွေ့ခဲ့၏။ ရှန်းထင်ရွှမ်းက We Chat သိပ်မသုံးတတ်ကြောင်း ရိပ်မိသွား၏။
ပထမဆုံးအကြိမ် ဖုန်းခေါ်ဆိုမှုရသောအခါ ရှန်းထင်ရွှမ်းက အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။ ပြီးမှ လုအန်းအန်းသည် သူမ အကြီးအကဲဖေး၏ မွေးနေ့ပွဲ၌ တွေ့ဆုံခဲ့ဖူးသော လုမိသားစု၏ သမီး ဖြစ်နေကြောင်း မှတ်မိသွားတော့သည်။
ယခင်ကသာဆိုလျှင် ရှန်းထင်ရွှမ်းသည် ထိုကဲ့သို့ တွေ့ဆုံမှုမျိုးကို စိတ်မဝင်စားမှာ သေချာ၏။ သို့သော် ယခု သူမ၏ လွှမ်းမိုးမှုကို မြှင့်တင်ရန် လိုအပ်နေသည်။ “ဘယ်သွားကစားမှာလဲ “
ရှန်းထင်ရွှမ်းက ချက်ချင်း မငြင်းလေရာ လုအန်းအန်းက အတော်လေး စိတ်ကျေနပ်နေသည်။
“မိတ်ဆွေတချို့ပါပဲ၊ တူတူစားသောက်ဖို့ နေရာတစ်ခု ရှာမယ်၊ ပြီးရင် ညနေကျပျော်ပါးဖို့ ချင်ဘားကို သွားမယ် “
ချင်ဘားသည် သာမန်ဘားနှင့် မတူညီပေ။ ချင်ဘား၏ အသိုင်းအဝိုင်းသည် ဘားတစ်ခုလောက် လူမများပေ။
တစ်ညသာ ဖြစ်သောကြောင့် ရှန်းထင်ရွှမ်းသည် စဉ်းစားပြီး လက်ခံလိုက်၏။
လုအန်းအန်းက ရှန်းထင်ရွှမ်း ထိုမျှ လျင်မြန်စွာ သဘောတူလိုက်လိမ့်မည်ဟု မထင်ထာားပေ။ “ဒါဆို ငါ နင့်ကို ပြီးမှ လာကြိုမယ် “
ရှန်းထင်ရွှမ်းက ပြောလိုက်၏။ “ရတယ်၊ ငါ့ကို တည်နေရာပို့ပေးလိုက်၊ ငါ့ဘာသာငါ လာခဲ့မယ် “
ဖုန်းချပြီးနောက် လုအန်းအန်းးသည် ရှန်းထင်ရွှမ်းအပေါ် သူမ၏ ခင်တွယ်မှုက ထပ်မံ တိုးလာကြောင်း သိလိုက်ရသည်။
လုအန်းအန်းသည် လုမိသားစုမှ ဖြစ်၏။ အကြီးဆုံးသမီးတစ်ယောက်အနေဖြင့် မြို့တော် B ၌ လွှမ်းမိုးမှုအချို့ ရှိလောက်သည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းသည် ဤဖိတ်ခေါ်မှုကို လက်ခံလိုက်တာပဲဖြစ်သည်။
မကြာမီ၌ လုအန်းအန်းသည် မြို့တော် B ရှိ ဟိုတယ်တစ်ခု၏ လိပ်စာကို ပို့ပေးလိုက်၏။
သူမ၌ အခြားသော ရည်ရွယ်ချက်ရှိနေသဖြင့် ရှန်းထင်ရွှမ်းသည် အနည်းငယ် လိပ်ပြာမသန့်သလို ခံစားရသည်။
ညနေ ၅ နာရီ၌ သူမက တောင်ပေါ်၌ စတော်ဘယ်ရီသီးအချို့ကို ခူးလိုက်သည်။ X တံဆိပ်ကားကို မောင်းလာသော်ငြား သူမသည် အလွန်ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသေးဆဲ ဖြစ်၏။
ကားကို လုအန်းအန်း ပို့ပေးလိုက်သည့် ဟိုတယ်ဆီသို့ မောင်းသွားလိုက်ရာ ဝန်ထမ်းတစ်ယောက်က ချက်ချင်းပင် သူပါကင်ထိုးပေးရမလားဟု မေးခဲ့သည်။
ရှန်းထင်ရွှမ်းသည် ဝန်ထမ်းအား ကားသော့ပေးပြီးနောက် ကားထဲကနေ စတော်ဘယ်ရီသီးကို ထုတ်လိုက်စဉ် နောက်ထပ် ဝိတ်တာတစ်ဦးက ရှေ့တိုးလာ၏။ “ချိန်းဆိုထားမှုရှိပါသလား “
“ရှိတယ် “ ရှန်းထင်ရွှမ်းက လုအန်းအန်းပို့လိုက်သည့် အခန်းနံပါတ်ကို ဝိတ်တာအား ပြလိုက်၏။
“ကောင်းပါပြီ၊ ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ၊ ကားသော့ကို အခန်းထဲ ပြီးရင် ပို့ပေးပါ့မယ် “
ဟိုတယ်၏ ပြင်ဆင်ထားမှုက အတော်လေး ခမ်းနားသည်။
လော်ဘီထဲ၌ တည်ခင်းထားသော ဟင်းလျာများကို ကြည့်ပြီး ရှန်းထင်ရွှမ်းသည် ပြီးရင် စားရမည့်ညစာကို တွေးမိပြီး ဖြစ်သည်။
လုအန်းအန်းနှင့် ကျန်သည့်သူများက ရောက်နေကြပြီဖြစ်သည်။
ရှန်းထင်ရွှမ်း ရောက်လာသောအခါ အသိအကျွမ်း နှစ်ဦးကို ရှာတွေ့သွား၏။ တစ်ယောက်က ဖေးလွေ့ဖြစ်ပြီး တစ်ယောက်က လီရှောင်ရူဖြစ်သည်။
လုအန်းအန်းသည် ရှန်းထင်ရွှမ်းရောက်လာတာကို မြင်သောအခါ ချက်ချင်းပင် ထရပ်ပြီး ရှန်းထင်ရွှမ်းကို ဖက်လိုက်၏။
နောက်ကောက်မကျစေရန် လီရှောင်ရူကလည်း ရှန်းထင်ရွှမ်း၏ ညာဘက်သို့ လျှောက်သွားလိုက်သည်။
“ထင်ရွှမ်း နောက်ဆုံးတော့ နင် ထွက်လာချင်စိတ် ရှိပြီပေါ့၊ ငါတို့တွေ နင်နဲ့ We Chat မှာ မကြာခဏ ချိန်းဆိုချက် လုပ်ခဲ့ကြတာ “
ရှန်းထင်ရွှမ်းက တောင်းပန်လိုက်၏။ “တောင်းပန်ပါတယ်၊ We Chat သုံးတာ ရှားလို့ပါ “
“ရတယ်၊ အခု ဒီရောက်နေပြီမလား “
လုအန်းအန်းက ပြောလိုက်၏။ “အားလုံးပဲ တိတ်ကြ၊ ဒီမိန်းကလေးနဲ့ မိတ်ဆက်ပေးမယ်၊ ဒါက ငါ့ရဲ့ သူငယ်ချင်း ရှန်းထင်ရွှမ်း “
ရှန်းထင်ရွှမ်းက လက်ဝေ့ယမ်းပြလိုက်၏။ သူမသည် အလွန်သာမန်ကာလျှံကာ ဝတ်ဆင်ထားပြီး လူတိုင်းက ကျကျနန ဝတ်ဆင်ထားပြီး သူတို့က မကိုက်ညီသော်ငြား အများစုက ထိုမိန်းမလှလေးအပေါ် အမြင်ကောင်းရှိ၏။
“မင်္ဂလာပါ၊ ငါ့နာမည်က မောင်ချင်းဟွာပါ “
“ငါ့နာမည်က “
ရှိနေသည့်သူများက သူတို့ကိုယ်သူတို့ တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ကြ၏။
သူတို့သည် ရှန်းထင်ရွှမ်းနှင့် ပြောဆိုဆက်ဆံရန် ခက်ခဲလှတာကို ထင်ထားပြီးသားဖြစ်သည်။
ခုနကထိ လီရှောင်ရူသည် ရှန်းထင်ရွှမ်းက သူမကို We Chat တွင် မကြာခဏ စာပြန်လေ့မရှိကြောင်း ပြောခဲ့၏။ သို့သော် ရှန်းထင်ရွှမ်း၏ တောင်းပန်မှုက အလွန်စစ်မှန်၏။ လီရှောင်ရူ၏ ဒေါသများက တခါတည်း ပျောက်ကွယ်သွား၏။ သူမက လူတိုင်း စတင်မိတ်ဆက်နေတာကို တွေ့လိုက်ရချိန် ပြောလိုက်တော့၏။ “နင် အလုပ်များနေမှန်းသိတယ်၊ အခွင့်အရေးရှိတဲ့အချိန် ငါတို့ မကြာခဏ စုဝေးကြတာပေါ့ “
လုအန်းအန်းကလည်း ရှားရှားပါးပါး လီရှောင်ရူ၏စကားကို ထောက်ခံ၏။
“ရှန်းထင်ရွှမ်းက အလွန်အလုပ်များနေတာ၊ ဖေးမိသားစုဆီ သစ်သီးတွေ အများကြီး ပို့ရမှာလေ “
ဖေးလွေ့က ချောင်းဟန့်မိသွား၏။ “ဘာလဲ၊ ငါတို့ ဖေးမိသားစုအတွက် မဟုတ်ပါဘူး၊ စူပါမားကတ်အတွက်ဆိုတာ အသိသာကြီးပဲလေ “
သူက ထပ်မပြောတော့ပေ။ ရှန်းထင်ရွှမ်းက သစ်သီးကတ်တီတစ်ထောင်စီ ထောက်ပံ့ပေးနေသရွေ့ သူ့အဖေသယ်လာသည့် သစ်သီးများကို ထည့်မတွက်သင့်ပေ။ စူပါမောသည်လည်း ဖေးမိသားစုအပိုင် မဟုတ်ပါလော။
“ဟုတ်ပြီ၊ အမြတ်မယူဘဲ အပြစ်ကင်းချင်ယောင်ဆောင်နေပြန်ပြီ “ လုအန်းအန်း၏ မှတ်ချက်က ဖေးလွေ့ကို ပြန်မပြောနိုင်ဖြစ်သွားစေ၏။
ရှန်းထင်ရွှမ်းက သူမအိတ်ကို ထုတ်လိုက်၏။ “သစ်သီးတွေအကြောင်း ပြောတော့မှ ကျွန်မရဲ့ တောင်ပေါ်မှာ စတော်ဘယ်ရီသီးတွေ သီးနေပြီလေ “ ရှန်းထင်ရွှမ်းက ရှင်းပြတာ မပြီးသေးခင် လုအန်းအန်းက အိတ်ကို ချက်ချင်း ကောက်ယူလိုက်၏။ “အားရွှမ်း နင်က တကယ် နတ်သမီးလေးပဲ “
လီရှောင်ရူသည် ပန်းကန်ပြားအလွတ်တစ်ချပ်ကို ယူလာသည်။ လုအန်းအန်းက စတော်ဘယ်ရီသီးကို ထည့်လိုက်တော့သည်။
နီရဲနေသော စတော်ဘယ်ရီသီးသည် အားလုံး၏ အာရုံစိုက်မှုကို တခါတည်း ရသွားတော့သည်။
သူတို့အပေါ်၌ ရေစက်ရေပေါက်လေးများ ရှိနေသေးသည်မှာ ရေဆေးပြီးခါစ ဖြစ်ဟန်တူ၏။
ဖေးလွေ့က ရှေ့တိုးပြီးနောက် လက်တစ်ဆုပ်စာ နှိုက်လိုက်သည်။ “ကျေးဇူးပါ ရှန်းထင်ရွှမ်း “
လုအန်းအန်းက အော်ပြောလိုက်သည်။ “ဖေးလွေ့ နင် နေ့တိုင်းသစ်သီးတွေ စားနေရတာပဲ၊ စားတာ မလောက်သေးဘူးလား၊ ငါတို့တွေ့က သစ်သီးတွေကို စူပါမောမှာတောင် မဝယ်နိုင်ဘူးလေ “
ဖေးလွေ့။ “ရှန်းထင်ရွှမ်းရဲ့ သစ်သီးတွေက ဘယ်တုန်းက စားရတာ ဝတယ်လို့ ထင်ဖူးလို့လဲ “
လီရှောင်ရူကလည်း ပြော၏။ “နင်က စတော်ဘယ်ရီသီးတွေ ပိမှာ မကြောက်ဘူးပဲ “
ကျန်သည့်သူများကလည်း ရှန်းထင်ရွှမ်းကို မျက်နှာသာပေးသင့်သည်ဟု ခံစားမိသည်။ ထို့ကြောင့် စတော်ဘယ်ရီသီးတစ်လုံးစီ ယူလိုက်သည်။
လုအန်းအန်းက ပြောလိုက်၏။ “ကျန်တာက ငါနဲ့ ရှောင်ရူဟာ၊ နင်တို့တွေ ထပ်ယူခွင့်မရှိတော့ဘူး “
ကောင်လေးများအားလုံးက စတော်ဘယ်ရီသီးများ ထပ်မနှိုက်တော့ဘူးဟု ပြောခဲ့သည်။ စတော်ဘယ်ရီသီးသည် မိန်းကလေးများ စားရတာနှစ်သက်သည့် သစ်သီးမှန်း သူတို့သိသည်။
ဖေးလွေ့က သူတို့ကို နောင်တမရနဲ့ဟု ပြောနေသည့်ပမာ အကြည့်ဖြင့် ကြည့်လိုက်၏။
မောင်ချင်းဟွာက ပထမဆုံး ပြောတာဖြစ်သည်။ “စတော်ဘယ်ရီသီးက အရသာရှိမဲ့ပုံပဲ “ ပြောပြီးနောက် သူက တစ်ကိုက်ကိုက်လိုက်တော့သည်။
ယင်းက အရသာရှိရုံတင် မဟုတ်ပေ။ ကုန်လွန်ခဲ့သည့် နှစ်များ၌ ဖန်လုံအိမ်ထဲတွင် စတော်ဘယ်ရီသီးများ ပိုမိုစိုက်ပျိုးခဲ့ပြီး သူတို့က အလုံးကြီး၏။ သို့သော်ငြား သူတို့က အရသာမရှိပေ။ ဤစတော်ဘယ်ရီသီးသည် ကြည့်ကောင်းရုံသာမက ရနံ့က သင်းပျံ့နေ၏။
တစ်ကိုက်ကိုက်ရုံဖြင့် နောက်တစ်ကိုက် ထပ်ကိုက်ချင်စိတ် ပေါ်လာစေ၏။
သူက လုအန်းအန်းနှင့် လီရှောင်ရူတို့က စတော်ဘယ်ရီသီးကို ကာကွယ်နေစဉ် ရှန်းထင်ရွှမ်းက ပြောလိုက်၏။ “အရသာရှိတယ်ထင်ရင် နောက်တစ်ခေါက်ကျ အားလုံးအတွက် ယူလာပေးမယ် “
ကောင်လေးများက လုအန်းအန်းနှင့် စကားမများတော့ဘဲ ဖေးလွေ့ဆီ သွားလိုက်၏။ “မင်းက ဒီလိုအရသာရှိတဲ့ဟာကို ငါတို့ ညီအစ်ကိုတွေနဲ့ ဘာကြောင့် မမျှဝေရတာလဲ “
သူသည်လည်း မကြာခဏ မစားရကြောင်း မပြောနိုင်ပေ။ “ငါ့မှာ အခွင့်အရေးရှိရင် စားသောက်ဖို့ ငါ့အိမ်ကို သွားကြတာပေါ့ “
ရှန်းထင်ရွှမ်းသည် စတော်ဘယ်ရီသီးများများစားစား သယ်မလာခဲ့သောကြောင့် မကြာမီ၌ အားလုံး စားကုန်သွားသည်။
စားစရာများ လာမချသေးသောကြောင့် လူတိုင်းက တစ်ယောက်နှင့်တစ်ယောက် ပျော်ရွှင်စွာ စကားပြောနေလေ၏။
ကောင်လေးများကမူ ဂိမ်းများထပ်ဆော့ရန် ပြင်ဆင်နေ၏။
လီရှောင်ရူက မမေးဘဲ မနေနိုင်တော့ချေ။ “ဂိမ်းဆော့တာ ရပ်နိုင်မလား “
ဖေးလွေ့။ “ဂိမ်းက ပျော်ဖို့ကောင်းတယ်၊ ဆော့တာ မရပ်နိုင်ဘူး “
လီရှောင်ရူနှင့် လုအန်းအန်းက စောဒက မတက်ဘဲ မနေနိုင်တော့ချေ။ မောင်ချင်းဟွာက ရုတ်တရက် ပြောလိုက်၏။
“ထင်ရွှမ်း ဂိမ်းတူတူဆော့ချင်လား “
ရှန်းထင်ရွှမ်းက ပြော၏။ “တခါမှ မဆော့ဖူးဘူး “
“ငါတို့ နင့်ကို သင်ပေးမယ် “
ရှန်းထင်ရွှမ်းက မငြင်းဘဲ ဂိမ်းကို Download ဆွဲလိုက်၏။ သူတို့က ယနေ့ခေတ်၌ နာမည်ကြီးနေသောဂိမ်း ဘုရင့်ယှဉ်ပြိုင်မှုကို ဆော့ကစားနေတာပဲ ဖြစ်သည်။
လူတိုင်းသည် ဟီးရိုးများစွာထဲမှ တစ်ယောက်ကို ရွေးချယ်ကာ ငါးယောက်၊ ငါးယောက်ချင်း ရင်ဆိုင်တိုက်ခိုက်၏။ ထိုဟီးရိုးများသည် ကျွမ်းကျင်မှုကိုယ်စီ ရှိကြသည်။ ဖေးလွေ့က jungle ပိုင်ပြီး မောင်ချင်းဟွာက ဖိုက်တာကိုင်ကာ ကျန်သည့်နှစ်ယောက်က Mage နှင့် Shooter များဖြစ်ကြသည်။
ရှန်းထင်ရွှမ်း၏ဖုန်းက Download ဆွဲနေစဉ် သူမက ဘေးတွင် ထိုင်လျက် ဖုန်းဆော့နေသော ဖေးလွေ့ကို ကြည့်လိုက်ရာ ထိုဂိမ်းသည် အတော်စိတ်ဝင်စားစရာကောင်းသည်ဟု တွေးလိုက်မိ၏။
သူမက ဂိမ်းကို လျင်မြန်စွာ ဆော့နေ၏။ တာဝန်ပြီးမြောက်ကြောင်း စာက မျက်နှာပြင်ပေါ်၌ ပေါ်လာသည်။ ဖေးလွေ့နှင့် ကျန်သည့်သူများကလည်း ဂိမ်းဆော့ပြီးသွား၏။
သူတို့လေးယောက်နှင့် ရှန်းထင်ရွှမ်းက အဆင့်မတူညီပေ။ ထို့ကြောင့် သူတို့သည် ရှန်းထင်ရွှမ်းနှင့် ကိုက်ညီသည့် နေရာတွင်သာ ဆော့နိုင်သည်။
ရှန်းထင်ရွှမ်းသည် သူတို့ ပို့ပေးသည့် ဟီးရိုးကို မရွေးခဲ့ပေ။ ထိုအစား လန်လင်းဘုရင်ဟူသော ဟီးရိုးကတ်ကို အသုံးပြုလိုက်၏။
တစ်ဖက်ရှိ ဖေးလွေ့က ရပ်တန့်သွားတော့သည်။ “ထင်ရွှမ်း ဟီးရိုးမပြောင်းချင်ဘူးလား၊ ထိုက်ဝမ်ကျီနဲ့ ယောင်က ကောင်းတာပဲ “
ရှန်းထင်ရွှမ်း။ “အဆင်ပြေပါတယ်၊ ရှင် ဆော့ထားတာကို ကြည့်လိုက်တာ၊ သိပ်ကောင်းတယ် “
ဖေးလွေ့။ “ဒါပေါ့ “
တချိန်တည်းတွင် ဖေးလွေ့ကလည်း ခုနတုန်းက လီပိုင်ကို မဆော့မိခဲ့သည့်အတွက် ပြောသွားသည်။ မောက်ချင်းဟွာက ခဏတာတိတ်ဆိတ်သွားသည်။ ကျန်သည့်သူများသည် ဆရာကောင်း တစ်ယောက်အနေဖြင့် ကောင်းမွန်သည့် ကဏ္ဍတွင် ဆော့နေကြ၏။ သူတို့က ဂိမ်းဆော့တာ၌ တကယ်တော်သည်ဟု မဆိုလိုပေ။
“ဘာ့ကြောင့် တခြားဟာတွေကို အရင်မစမ်းကြည့်တာလဲ “
ရှန်းထင်ရွှမ်းက ထပ်ပြောသည်။ “ဒါကောင်းတယ် “
ဖေးလွေ့။ “ရပါတယ်၊ ငါ လီယွမ်ဖန်း ဆော့လိုက်မယ် “
မည်သည့်နည်းနှင့်မဆို ယင်းက အစမ်းပွဲပဲဖြစ်သည်။
ဖေးလွေ့က ဟီးရိုးရွေးပြီးနောက် သူသည် ၎င်း၏ စကေးများနှင့် အသုံးပြုပုံအကြောင်း ရှန်းထင်ရွှမ်းအား စတင် ပြောပြလိုက်၏။
ရှန်းထင်ရွှမ်းသည် ခေါင်းညိတ်လိုက်သည်။ အစောတုန်းက ဖေးလွေ့ဆော့ပုံကို မြင်ခဲ့၏။
ငါးယောက် ငါးယောက် ပြိုင်ပွဲက လျင်မြန်စွာ စတင်တော့၏။
ထွင်းထားသည့် စကားလုံးများ ရှိမနေပေ။ လူတိုင်းက ရှန်းထင်ရွှမ်းသည် တောဝင်နိုင်သည့်သူ ဖြစ်လိမ့်မည်ဟု မထင်ထားပေ။
ဂိမ်းထဲဝင်ပြီးနောက် ဖေးလွေ့သည် ရှန်းထင်ရွှမ်းကို တောဝင်နေစဉ် မည်သည်ကို အာရုံစိုက်ရမည်ဆိုတာကို ပြောပြခဲ့ပြီး ရန်သူ၏ မျှော်စင်ကို ဖြိုလှဲနေ၏။
“လန်လင်းဘုရင်က ထိခိုက်မှုမြင့်မားတယ်၊ အသားခုတ်တာ မြန်ဆန်တဲ့ဖိနပ်နဲ့ သံချပ်ကာဖိနပ်တို့ကို အရင်သုံးသင့်တယ် “
ဆိုရလျှင် ရှန်းထင်ရွှမ်း ရွေးချယ်ထားသည့် လန်လင်းဘုရင်၌ ဘာမှရှိမနေပေ။
“တိုက်ခိုက်ဖို့ စကေး ၁ကို သုံး၊ မမှတ်မိရင် ၂၃၁ ကိုသာ နှိပ်လိုက် “
ဖေးလွေ့သည် အဆင့် ၃ ၌ ရှိပြီး ရှန်းထင်ရွှမ်းသည် အဆင့် ၂တွင်သာ ရှိသေး၏။ မွန်းစတားတစ်ကောင်သာလျှင် တောတွင်းဧရိယာထဲ၌ ရှိနိုင်သည်။
လူတိုင်းက ထိုရလာဒ်ကို အစောထဲက ခန့်မှန်းပြီးသား ဖြစ်သည်။
ရှန်းထင်ရွှမ်းသည် အောက်ဘက် ညာဘက်ထောင့်ရှိ ဟီးရိုးစကေးများနှင့် အသားကျသွားပြီ ဖြစ်သည်။ သူမက သင်ယူကာစဖြစ်ပြီး စကေးထဲရှိ အညွန်းများကို နားလည်ကာ မွန်းစတားတစ်ကောင်ကိုသာ သတ်ခဲ့၏။
ရလာဒ်အနေဖြင့် လူတိုင်းက စာရင်းကို ရှာတွေ့သွားချိန် ရှန်းထင်ရွှမ်းသည် ပဉ္စမနေရာကနေ နောက်ဆုံးအထိ ဖြည်းဖြည်းချင်း တက်သွားတာ တွေ့လိုက်ရ၏။
အဆင့်၅တွင် ဖေးလွေ့သည် ရန်သူ၏ ပထမဆုံးမျှော်စင်ကို ဖြိုလှဲပြီးဖြစ်ကာ တစ်ချိန်ထဲတွင် သူက အလယ်လမ်းကို ရှုံးသွားတော့၏။
လူတိုင်းက ကူပေးရန် ပြေးလာကြကာ ဖေးလွေ့နှင့် ကျန်သည့်သူများ၌ ဗျူဟာကျကျ နားလည်နေပြီးသားဖြစ်သည်။
သို့သော် ရန်သူငါးယောက် တိုက်ခိုက်တာကို မခံနိုင်ဘဲ ကျုံးလုမျှော်စင် ပြိုလဲတော့မည်ကိုသာ တွေ့လိုက်ရသည်။
နောက်ဆုံးနေရာကနေကိုင်သော လန်လင်းဘုရင်က ရန်သူ၏ တိုက်ခိုက်ရေးသမားကို ဒုတိယစကေးနှင့် မှတ်သားပြီးနောက် သာမန်တိုက်ခိုက်မှုကို နှိပ်လိုက်ကာ ပြီးနောက် စကေး ၁၃ သုံးလိုက်၏။
စစ်သားများက မြေကြီးပေါ် လဲကျသွားသည်။
ရှန်းထင်ရွှမ်းက နောက်ဆုတ်သွားပြီး အခြေအနေက ပြောင်းပြန်ဖြစ်သွားသည်။ လေးယောက်က စတင်တန်ပြန်တိုက်ခိုက်ကာ ရှန်းထင်ရွှမ်း၏ Cooldown က ပြီးသွားချိန်၌ နောက်ထပ်စကေးများ ပေါ်လာ၏။
သူမဖုန်းထဲကနေ အသံများ ပေါ်ထွက်လာ၏။
ရှန်းထင်ရွှမ်းသည် ဟီးရိုးသုံးကောင်ကို တစ်ယောက်ထဲ သတ်ခဲ့ပြီး အဆင့်သတ်မှတ်ချက်က တစ်ဖြစ်သွားတော့၏။
လူတိုင်းသည် ရှန်းထင်ရွှမ်းက ကံကောင်းသည်ဟုတွေးမိချိန်၌ သူမက နှောင်းပိုင်းအဆင့်၌ ပိုသန်မာလာကာ နောက်တစ်ပွဲ၌ ကိန်းငါးခုကိုတောင် ရသွားတာကို တွေ့လိုက်ရ၏။
ထိုအလှည့်သည် လျင်မြန်စွာ နိုင်သွား၏။
လူတိုင်းက အံ့ဩသွားသည်။ “နိုင်သွားတယ်လား “
ဖေးလွေ့သည် ရှန်းထင်ရွှမ်းကို လှည့်ကြည့်လိုက်သည်။ “မင်း ဒီဂိမ်းကို အရင်က ဆော့ဖူးလား “
“မဆော့ဖူးဘူး “
ထို့ကြောင့် လူတိုင်းသည် နောက်တစ်ပွဲ ဆော့ကြသည်။ ယခင်ပွဲ၏ အတွေ့အကြုံဖြင့် ရှန်းထင်ရွှမ်း၏ ကိုင်တွယ်မှုက ပိုမြန်ဆန်လာသည်။
မကြာမီ၌ လူတိုင်းသည် သူတို့ဘဝကို စတင် သံသယဝင်လာ၏။ “ထင်ရွှမ်း မင်း တကယ်ကြီး ဂိမ်းကို ပထမဆုံးအကြိမ် ဆော့တာလား “
မိန်းကလေး လက်အရှိန်က ထိုမျှမမြန်ဆန်ပေ။ ထို့ကြောင့် မိန်းကလေး အနည်းငယ်သာလျှင် ဂျန်ဂလာကို ကိုင်ကြပြီး ယင်းက သူမသည် မိုဘိုင်းဂိမ်းဆော့တာ ပထမဆုံးအကြိမ် ဖြစ်၏။ ရိုးရိုးရှင်းရှင်းပင် လူတိုင်းကို သတ်ချနေတာဖြစ်သည်။
“ဟုတ်တယ်လေ “ ရှန်းထင်ရွှမ်းက ထိုဂိမ်းသည် အတော်ပျော်ဖို့ကောင်းသည်ဟု တွေးလိုက်မိ၏။
သူတို့သည် တတိယမြောက်ဂိမ်းကို ဆော့ရန် ပြင်ဆင်နေပြီးသားဖြစ်သည်။
လီရှောင်ရူက စိတ်မကျေမနပ် ဖြစ်သွား၏။
“နင်တို့ ဘာတွေဆော့နေကြတာလဲ၊ ရှန်းထင်ရွှမ်းကို အပြင်ခေါ်ဖို့က ခက်တဲ့ဟာကို လူတိုင်းက ဒီမှာ စားဖို့ရောက်လာတာ ဘာဂိမ်းတွေဆော့နေကြတာလဲ “
လုအန်းအန်းကလည်း ပြော၏။ “ဟုတ်တယ်၊ စားစရာတွေ စားပွဲပေါ်ရောက်နေပြီ၊ အရင်စား “
ဖေးလွေ့ကလည်း ရှားရှားပါးပါး ထောက်ခံ၏။ သူသည် အစက ရှန်းထင်ရွှမ်းရှေ့၌ ကြွားလုံးထုတ်ချင်ခဲ့တာ ဖြစ်သော်ငြား သူသည် အရည်အချင်းရှိသော ကစားသမားဖြစ်ကြောင်း မပြသနိုင်ခဲ့ပေ။
ရှန်းထင်ရွှမ်းက အလယ်၌ ထိုင်သည်။ လုအန်းအန်းနှင့် လီရှောင်ရူက သူမဘေး တစ်ဖက်တစ်ချက်စီ၌ ထိုင်သည်။ “ဒီက စားစရာတွေက မဆိုးဘူး “
ရှန်းထင်ရွှမ်းကလည်း ဤနေရာရှိ စားစရာများ အရသာရှိကြောင်း ရှာတွေ့သွား၏။ သူမသည် မဖြုန်းတီးချင်သောကြောင့် အများအပြား စားခဲ့သည်။ ရှန်းထင်ရွှမ်းက အလွန်စိတ်လှုပ်ရှားစွာ စားနေတာကို မြင်ပြီး လုအန်းအန်းက သူမအား အရသာရှိသည့် စားသောက်ဖွယ်ရာများ ပေးလိုက်သည်။ “ထပ်စားဦး “
လီရှောင်ရူသည် ရှန်းမိသားစုက ရှန်းထင်ရွှမ်းကို မောင်းထုတ်ပြီးနောက် ရှန်းထင်ရွှမ်းသည် ရှန်းမိသားစုကြောင့် ကူကယ်ရာမဲ့ကာ ကြိုးပမ်းခဲ့ရပြီး အစားကောင်းအသောက်ကောင်းများ မစားနိုင်တာဟု တွေးခဲ့တာပဲဖြစ်သည်။
B မြို့တွင် အလုပ်များနေသော ရှန်းထျန်းသဲက နှာချေလိုက်ပြီး ရုတ်တရက် ကျောစိမ့်လာတော့သည်။
ညစာစားပြီးနောက် လူတိုင်းသည် နောက်တစ်နေရာသို့ သွားရန် ပြင်ဆင်ကြလေ၏။ ယခုအခေါက်တွင် လူတိုင်းက ယာဉ်မောင်းတစ်ယောက်ထဲဖြင့် တူညီသည့် ကားတစ်စီးထဲ စီးကျသည်။ လုအန်းအန်းက ကားထဲတွင် ထိုင်ကာ မေးလိုက်၏။ “ထင်ရွှမ်း လတ်တလော အပင်စိုက်တာအပြင် ဘာတွေလုပ်နေသေးလဲ “
ရှန်းထင်ရွှမ်း။ “follower တိုးအောင် လုပ်နေတယ် “
လုအန်းအန်းက သူမနားမလည်နိုင်ဟု ခံစားလိုက်မိသည်။ “ဘာ “
လီရှောင်ရူ။ “Weibo follower လား “
ရှန်းထင်ရွှမ်းက ခေါင်းညိတ်လိုက်၏။
မောက်ချင်းဟွာက ချက်ချင်း ပြောလိုက်သည်။ “ပရိသတ်တိုးဖို့ဆိုတာ မလွယ်ဘူး၊ ငါတို့ကို ကူညီပေးပါဦး၊ လွေ့လွေ့က ပရိသတ်နှစ်သန်းကျော်ရှိတယ် “
ဖေးလွေ့က နောက်ဆုံးတွင် ရှန်းထင်ရွှမ်းရှေ့၌ အနည်းငယ် ဂုဏ်ဝင့်နိုင်ပြီဟု ခံစားမိကာ ပြောလိုက်တော့သည်။
“အင်း မင်းကို follow လုပ်ဖို့ ငါ့ရဲ့ follower တွေကို ပြောလိုက်မယ် “
ရှန်းထင်ရွှမ်းသည် ထိုစကားကို ကြားသောအခါ ပျော်ရွှင်သွားလေ၏။
“တကယ်လား၊ ဒါဆို ကျေးဇူးပါပဲ “
လီရှောင်းရူက ရှန်းထင်ရွှမ်း၏ အပြုံးကို မြင်ပြီး ချက်ချင်း ပြောလိုက်သည်။ “ငါရောပဲ၊ ဒါပေမဲ့ ငါ့ရဲ့ ပရိသတ်က ဖေးလွေ့လောက် မများဘူး၊ ရှစ်သိန်းကျော်ပဲ ရှိတာ “
လုအန်းအန်းက ပြော၏။ “ပရိသတ်တိုးရင် ဘာအကျိုးရှိလဲ၊ လူတိုင်းကို နင့်ကို follow လုပ်ဖို့ ပြောလိုက်မယ်လေ၊ ငါ့မှာ ပရိသတ်နည်းနည်းပဲ ရှိပေမဲ့ပေါ့ “
“နင့်ရဲ့ Weibo နာမည်က ဘာလဲ “ မောက်ချင်းဟွာကလည်း Weibo ဖွင့်ထားပြီးဖြစ်ကာ ရှန်းထင်ရွှမ်းကို Attention လုပ်ရန် ပြင်ဆင်နေ၏။ Attention လုပ်ရန် အသင့်ဖြစ်နေပြီးသားပင် ဖြစ်သည်။
ရှန်းထင်ရွှမ်း။ “အပင်စိုက်တဲ့ အားရွှမ်း “
“ဟုတ်ပြီ၊ ငါရှာနေပြီ “ မောက်ချင်းဟွာသည် ရှာဖွေရေးဘား၌ ထိုစကားလုံးများကို ရိုက်လိုက်၏။ မကြာမီ၌ တစ်ကားလုံးက ထူးဆန်းသည့် အခြေအနေထဲ ကျရောက်သွားတော့၏။
ဖုန်းကိုင်ထားပြီး မောက်ချင်းဟွာက တုန်တုန်ယင်ယင်ဖြင့် မေးလိုက်၏။ “အဲ့ဒါ မင်းလား “
ရှန်းထင်ရွှမ်းက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ် ငါလေ “
လူတိုင်းက သူမ၌ ၇.၈၈သန်း ဖော်လိုဝါရှိကြောင်း တွေ့လိုက်ရသည်။
ဖေးလွေ့၏ အမူအရာက ထပ်မံအက်ကွဲသွားပြန်၏။
လုအန်းအန်းက ရှန်းထင်ရွှမ်း၏ နောက်ဆုံးပို့စ်သည် ပြန်လည်တင်ခြင်း သုံးသန်းကျော်ရှိနေတာကို တွေ့လိုက်ရချိန်၌ သူမက မေးခွန်းအမှတ်အသားတစ်ခု ပေါ်လာတော့သည်။
တစ်ဖက်ခြမ်းရှိ လီရှောင်းရူကလည်း Hot Search ကို ကြည့်လိုက်သည်။
ပို့စ်ကို တစ်ချက်ကြည့်ပြီးနောက် သူမက အလွန်စိတ်လှုပ်ရှားသွား၏။ “အား ထင်းရွှမ်း၊ နင်နဲ့ အစ်ကို့ကြားက ဆက်ဆံရေးက ဘာလဲ၊ သူက နင့်ရဲ့ Weibo ကို တကယ်ကြီး ပြန်တင်ပေးတယ် “
ဤကားထဲရှိ လူတိုင်းက လီရှောင်ရူသည် ချင်ယွဲ့ကျီ၏ အကြီးစားပရိသတ်ဆိုတာ သိနေ၏။
သူမသည် Weibo နှစ်ရက်မဖွင့်ခဲ့သောကြောင့် ထိုကဲ့သို့ သတင်းကြီးကို မသိခဲ့ပေ။
လုအန်းအန်းသည် လီရှောင်ရူလောက် သူ့ကို မကြိုက်သော်ငြား သူမလည်း ချင်ယွဲ့ကျီကို သိသည်။ “အားရွှမ်း နင်က အင်အားကြီးလိုက်တာ၊ ရုပ်ရှင်ဧကရာဇ်ကတောင် နင့်ကို Weibo ပို့စ် ပြန်တင်ပေးပြီး ဆုကြေးထပ်ထည့်ပေးထားတယ် “
ရှန်းထင်ရွှမ်းသည် သူမ၌ ချင်ယွဲ့ကျီ၏ ဆက်ဆံရေးအကြောင်း တွေးလိုက်၏။ သူတို့က မိတ်ဆွေများဟု ဆိုလျှင် ထိုမျှ မရင်းနှီးပုံရသည်။ မိတ်ဆွေမဟုတ်ဟု ဆိုလျှင်တောင် သူသည် သူမကို တာဝန်များစွာ ပြီးမြောက်အောင် ကူညီပေးခဲ့၏။
လီရှောင်းရူက သူမဘာသာ ထပ်ဖြေလိုက်၏။
“ငါ သိပြီ၊ နင်က ငါတို့ အစ်ကိုကို ကယ်ခဲ့တဲ့သူလေ “
ချင်ယွဲ့ကျီသည် ယခင်က ယာဉ်မတော်တဆ ဖြစ်ခဲ့ဖူးပြီး ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီကို ကယ်တင်ခဲ့သည်။
လီရှောင်းရူကလည်း ထိုအကြောင်းကို သိ၏။ သို့သော် ရှန်းထင်ရွှမ်း ဖြစ်နေလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိချေ။
လီရှောင်ရူက Weibo ၌ ပရိသတ်အတော်များသော်ငြား သူမက မကြာခဏ ဖွင့်ကြည့်လေ့မရှိပေ။
သူမသည် ချင်ယွဲ့ကျီကို ကြိုက်သော်ငြား သူ၏ ပရိသတ်များနှင့် ရောထွေးခြင်းမရှိ သူမက ကြိုက်နှစ်သက်ရုံသာရှိသည်။ ထို့ကြောင့် Weibo ပေါ်ပေါ်ရှိ အတင်းအဖျင်းများနောက် မလိုက်ပေ။ သို့သော် ချင်ယွဲ့ကျီ၏ ဇာတ်လမ်းတွဲအသစ်၊ ရုပ်ရှင်ကားအသစ်၊ သီချင်းအသစ်၊ ဖျော်ဖြေပွဲများကို အချိန်ရှိသရွေ့ သူမသွားသည်။
ထိုသို့ ပြောပြီးနောက် လူတိုင်းက ရှန်းထင်ရွှမ်းကို follow လုပ်ပြီး Weibo ကို ပြန်တင်ကြ၏။
ဖေးလွေ့ကဲ့သို့ လူ၏ ဖော်လိုဝါအသိုင်းအဝိုင်းက ရှန်းထင်ရွှမ်းနှင့် မတူညီသောကြောင့် သူတို့ Weiboကို ပြန်တင်လိုက်သည်နှင့် သူတို့ဖော်လိုဝါများက လိုက် follow ကြတော့သည်။ မကြာမီ၌ ရှန်းထင်ရွှမ်း၏ ဖော်လိုဝါက ရှစ်သန်းကျော်သွား၏။
.....
စာရေးသူမှာ ပြောစရာရှိ။
ဖေးလွေ့။ ဒါက ငါ့ရဲ့အရည်အချင်းတွေ အားလုံး ကျရှုံးတဲ့နေ့တစ်နေ့ပဲ။
လီရှောင်ရူ။ အား အားရွှမ်းက သိပ်အံ့ဩဖို့ ကောင်းတာပဲ။
လုအန်းအန်း။ ကြည့်ရတာ အားရွှမ်းက ငါနဲ့မတူဘူးလို့ ထင်နေတာ။ ဒါပေမဲ့ ငါသူ့ကို ပိုပိုပြီး သဘောကျလာပြီ။
မောက်ချင်းဟွာနှင့် လူအချို့။ အစထဲက ငါတစ်ယောက်ထဲ စိတ်လွတ်သွားတာများလား။
…
အခန်း (၅၀) (က)
ချင်ဘား၏ တည်နေရာက မြို့၏ စည်ကားသောနေရာတွင် တည်ရှိသည်။
ထိုသို့စည်ကားသောနေရာတွင် ရှိဖို့မှာ တွေးကြည့်ရန်ပင် ခက်ခဲပေ၏။
ဘားဂိတ်ဝသို့ ရောက်သောအခါ အသက်ဝင်နေသော မြို့က တိတ်ဆိတ်သွားသည်။
အခန်းထဲရှိ အရာတိုင်းက သီးသန့်ဆန်ပြီး တေးသံသာများဖွင့်ထားလျက် သူတို့၏ကိုယ်ပိုင်နေရာများတွင် ထိုင်နေကြသော လူအသီးသီးက အချို့မှာ ကော့တေးခွက်လေးများဖြင့် သောက်နေကြကာ တခြားသူများက စီးပွားရေးအကြောင်းများ ပြောဆိုနေကြသည်။
ချင်ဘားတစ်ခုလုံးတွင် အထပ်နှစ်ထပ် ရှိပြီး ပထမထပ်က ခန်းမဖြစ်ကာ ဒုတိယထပ်အလယ်တွင် အပေါက်ဖောက်ထားသဖြင့် ပထမထပ်ကို မြင်နိုင်သည့်အပြင် ဘေးလက်ရန်းများကိုလည်း မှန်ဖြင့် ပြုလုပ်ထား၏။
ဖေးလွေ့က ကြိုတင်မှာထားပြီးသား ဖြစ်ကာ စားပွဲထိုးများက သူတို့ကို ဒုတိယထပ်သို့ ထိုင်ရန် ခေါ်ဆောင်သွား၏။
ရှန်းထင်ရွှမ်း၊ လီရှောင်ရူနှင့် လုအန်းအန်းက မှန်လက်ရန်းဘေးတွင် ထိုင်လိုက်ကြသည်။
ဖေးလွေ့နှင့် တခြားသူများက အရက်များ စတင်မှာကြတော့သည်။ “အားရွှမ်း မင်း ဘာသောက်မလဲ”
သူတို့က ရှန်ထင်းရွှမ်၏လက်ရှိဝေ့ပေါ်အကောင့်ကို မြင်ကတည်းက ရှန်ထင်ရွှမ်းအပေါ် လူတိုင်း၏ အခေါ်အဝေါ်က ထင်းရွှမ်းမှ အားရွှမ်းဟု ပြောင်းလဲသွားသည်။ “ငါ တကယ်မသိဘူး။ မင်း ငါ့ကို ကူပြီး မှာပေးပါ”
ရှန်းထင်ရွှမ်းက ဤနေရာသို့ ယခင်က မရောက်ဖူးသောကြောင့် အင်္ဂလိပ်နာမည် ရေးထားသော ဝိုင်များအကြောင်းကို နားမလည်ပေ။
လုအန်းအန်းက ကြားပြီးနောက် ပြောလိုက်သည်။
“အားရွှမ်းကို အာရုံဦးတစ်ခွက်ပေးလိုက်.. အဲဒါက အရသာရှိတယ်။ ပြီးတော့ အရက်ပါဝင်မှု သိပ်မများဘူး”
“ကောင်းပြီ”
မှာပြီးနောက် သိပ်မစောင့်လိုက်ရဘဲ ဝိုင်ရောက်လာသည်။
ထိုသို့သော လေထုဖြင့် ရှန်းထင်ရွှမ်းက သက်သောင့်သက်သာ ရှိနေပြီး အမည်မသိအရက်ကို တစ်ငုံစာ သောက်လိုက်ရာ လန်းဆန်းသွားသည်။
အရက်ချပေးပြီးနောက် စားပွဲထိုးက ကမ်းလှမ်းလာသည်။ “ဒီနေ့ ကျွန်တော်တို့မှာ ရှင်းယွမ်ရှန်ကအသီးတွေ ရှိတယ်။ တချို့ ယူချင်မလား”
“ကောင်းတာပေါ့”
ရှန်းထင်ရွှမ်းကလွဲလို့ လူတိုင်းက သဘောတူလိုက်ကြသည်။ ယခုတွင်ပင် ရှန်းထင်ရွှမ်းယူလာသော စတော်ဘယ်ရီသီးများသည် အမျိုးသားများအတွက် နေနေသာသာ လုအန်းအန်းနှင့် လီရှောင်ရူပင် စားမဝသေးချေ။
အသီးများက စားပွဲပေါ်သို့ လျင်မြန်စွာ ယူလာပေးသည်။ လုအန်းအန်းက ခက်ရင်းဖြင့် စတော်ဘယ်ရီကို စားရန် ယူလိုက်သည်။
ရှန်းထင်ရွှမ်းက ရုတ်တရက် ပြောလိုက်၏။ “ဒါက ရှင်းယွမ်ရှန်က အသီး မဟုတ်ဘူး”
လီရှောင်ရူ၏လက်က ရပ်တန့်သွား၏။ “ဟာမ်..”
ရှန်းထင်ရွှမ်းက ထပ်ပြောလိုက်သည်။ “ဒါက ငါစိုက်ထားတဲ့အပင် မဟုတ်ဘူး”
ဖေးလွေ့က ရုတ်တရက် ထရပ်လိုက်သည်။ “မင်းတို့သူဌေးကို ခေါ်လိုက်”
ဖေးလွေ့သည် မြို့တော်ဘီတွင် နာမည်ရှိသူ ဖြစ်ပြီး စားပွဲထိုးက သူ့ကိုယ်ပိုင်ဖြေရှင်းချက်ကို မထုတ်ရဲသဖြင့် သူက ချင်ဘား၏တာဝန်ခံကို ချက်ချင်း ခေါ်လိုက်သည်။
လုအန်းအန်းက အသံနိမ့်နိမ့်ဖြင့် မေးသည်။ “အားရွှမ်း.. နင် ဘယ်လို ပြောနိုင်တာလဲ”
၎င်းက ဖရဲခွံကနေပင် မြင်နိုင်၏။ ၎င်းက ရှင်းယွမ်ရှန်မှ ဖရဲသီးများ၏ သပ်ရပ်သော အစင်းကြောင်းများနှင့် လုံးဝ ကွာခြားပေသည်။
ထိုစင်းကြောင်းများက ရှုပ်ထွေးနေပြီး အရောင်ကလည်း ရှင်းယွမ်ရှန်မှဖရဲသီးထက် ပို၍ တောက်ပသည်။
တခြားနည်းမှာ ပိုသိသာသည်က အရွယ်အစားဖြစ်သည်။ ရှင်းယွမ်ရှန်တွင် ထိုမျှ သေးသော ဖရဲသီးမျိုး မရှိချေ။
စပျစ်သီးများကိုလည်း ဂရုတစိုက် ရွေးချယ်ထားပုံရပြီး အရွယ်အစားက တူညီနေသည့်တိုင် ရှင်းယွမ်ရှန်ထက် ပို၍ သေးပေသည်။
ပြီးနောက် သခွားမွှေးသည်လည်း ကွာခြားပေသည်။
တကယ်တမ်းတွင် တည်ခင်းထားသော ပန်းကန်ပြားပေါ်တွင် ရှင်းယွမ်ရှန်မှ အသီးများ ရှိမနေခဲ့ချေ။
ဖေးလွေ့က ရှင်းယွမ်ရှန်မှအသီးနှင့် ကွာခြားကြောင်းကို ပင်ကိုအားဖြင့် သိပြီးနောက် တာဝန်ခံကို ရောက်လာရန် မေးမြန်းခဲ့သည်။
သူ နေ့တိုင်း စားနေကျ အသီးများက ရှင်းယွမ်ရှန်မှ ဖြစ်သည်။
ထိုအသီးများ ရောက်လာသည်နှင့် သူက တစ်ခုခု မှားနေကြောင်း ခံစားခဲ့ရသည်။
ထို့နောက် သူက ရှန်းထင်ရွှမ်း၏စကားများကို ကြားလိုက်သည်နှင့် သူ ခံစားနေရသော တစ်ခုခု မှားယွင်းနေမှုသည် ရှင်းယွမ်ရှန်မှအသီးများ မဟုတ်သောကြောင့်ဟု နားလည်လိုက်တော့သည်။
တာဝန်ခံက လျင်မြန်စွာ ရောက်ရှိလာပြီး သခင်ငယ်လေးအုပ်စုကို မြင်သောအခါ သူက ဦးညွှတ်၍ တောင်းပန်တော့သည်။
လမ်းတွင် စားပွဲထိုးက သူ့အား အကြောင်းအရာကို ပြောပြပြီးသား ဖြစ်သည်။
ထို့ကြောင့် ဖေးလွေ့က ရှင်းယွမ်ရှန်မှ အသီးများ မဟုတ်ကြောင်း ထောက်ပြသောအခါ တာဝန်ခံက ပြောသည်။ “ကျွန်တော် တကယ့်ကို တောင်းပန်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ပေါ့ဆမှုပါ။ အခုပဲ ကျွန်တော် စာဖိုးမှုးကို မေးကြည့်တော့ ဒီနေ့ ရှင်းယွမ်ရှန်က ဝယ်ထားတဲ့ အသီးတွေက ရောင်းကုန်သွားပြီ။ ဒါကြောင့် ရှင်းယွမ်ရှန်က မဟုတ်ဘဲ တခြားအသီးတွေနဲ့ အစားထိုးထားတာ။ ကျွန်တော် သခင်လေးဖေးနဲ့ တခြားသခင်မလေးတွေကို ပေးမိတဲ့အတွက် တောင်းပန်ပါတယ်”
စူပါမောလ်တွင် ရှင်းယွမ်ရှန်မှ အသီးများ ရောင်းကြောင်းကို သိသောကြောင့် တာဝန်ခံက သူတို့နှင့် တိုက်ခိုက်ရန် အစီအစဉ်မရှိချေ။
ရှန်းထင်ရွှမ်းက သူမနှုတ်ခမ်းကို ဖွင့်လိုက်သည်။
“ရှင် ဆိုလိုတာက ဒီနေ့ ရှင်းယွမ်ရှန်ကို အသီးဝယ်ဖို့ သွားခဲ့တာလား”
တာဝန်ခံက ပုံမှန်အဝတ်များဝတ်ထားသော ရှန်းထင်ရွှမ်းကို ယခင်က မမြင်တွေ့ဖူးမှန်း သိလိုက်သည်။ သူမသည် အာဏာရှိမိသားစုမှ မဟုတ်သော်လည်း သူမက ဖေးလွေ့နှင့်အတူ ရှိနေသဖြင့် လေးစားရပေမည်။
တာဝန်ခံက ပြန်ပြောလိုက်၏။ “ဟုတ်ပါတယ်”
“ရှင် တွေ့ခဲ့တာကို ပြန်ပြောပြဖို့ အဆင်ပြေနိုင်မလား”
ဖေးလွေ့နှင့် ယှဉ်လျှင် တာဝန်ခံက ရှန်းထင်ရွှမ်းအပေါ် အေးစက်သော သဘောထား ရှိ၏။
“ပုံမှန်အသီးတွေပါပဲ၊ သစ်တော်သီး၊ ငှက်ပျောသီး၊ ဖရဲသီး၊ စပျစ်သီးနဲ့ မင်းကွတ်သီးတွေ..”
ယင်းကို ကြားပြီးနောက် ရှန်းထင်ရွှမ်းက သူ့ကို ချက်ချင်း ဖြတ်ပြောလိုက်သည်။ "ရှင် လိမ်နေတာ။ ရှင်က ရှင်းယွမ်ရှန်ကို ဒီနေ့ ဝယ်ဖို့ မသွားခဲ့ဘူး”
ဖေးလွေ့က ချင်းဘား၏ အပြုအမူက အနည်းငယ် ဆိုးသည်ဟု ခံစားရပြီး သူတို့သည် ရှင်းယွမ်ရှန်၏နာမည်ကို အငှားသုံးခဲ့ကြသည်။
မောင်ချင်းဟွာက သတင်းကို ဘယ်ကနေ ကြားခဲ့လဲ မသိသော်လည်း သူက ဖေးလွေ့၏နားထဲ တစ်ခုခု ပြောလိုက်၏။
နားထောင်ပြီးနောက် ဖေးလွေ့က ပြောလိုက်သည်။ “မင်းတို့ဆိုင်ရဲ့ လုပ်ပုံကိုင်ပုံက နည်းနည်းမှားနေတယ်။ ဒါက ရှင်းယွမ်ရှန်က မဟုတ်ဘူးလို့ ငါတို့ကို ပြောပေမဲ့ တခြားဧည့်သည်တွေကိုတော့ ရှင်းယွမ်ရှန်ကလို့ ပြောနေတုန်းပဲ။ ပြီးတော့ ပုံထဲက အသီးတွေက ငါတို့ဟာတွေနဲ့ အတူတူပဲ”
စကားပြောပြီးနောက် ဖေးလွေ့က သူ့ဖုန်းကို မြောက်ပြလိုက်သည်။ ဖုန်းမျက်နှာပြင်ပေါ်က ပုံသည် မောင်ချင်းဟွာ ယခုမှ ရိုက်ထားခြင်း ဖြစ်သည်။ အခြားဧည့်သည်၏စားပွဲပေါ်တွင် တည်ခင်းသော အသီးများဖြစ်သည်။
တာဝန်ခံသည် သစ်သီးပြဿနာကြောင့် ဒီသခင်လေးများက ရှုပ်ထွေးစေလိမ့်မယ်လို့ မမျှော်လင့်ထားချေ။
မှန်၏။ သူတို့စတိုးမှ သစ်သီးများသည် ရှင်းယွမ်ရှန်မှ ဝယ်ထားတာ မဟုတ်၊ ရှင်းယွမ်ရှန်၏အသီးများသည် လတ်တလော နာမည်ကြီးနေသဖြင့် သူတို့က ဤနည်းဖြင့် ကြော်ငြာခြင်း ဖြစ်သည်။
သို့သော်ငြား ထိုကိစ္စအား တိုက်ရိုက်ထုတ်ဖော်ခံရပါက ပြဿနာ ဖြစ်ပေလိမ့်မည်။
တာဝန်ခံက များများမပြောတော့ဘဲ ဖေးလွေ့ကို ဖျောင်းဖျပြီဲး ပြောလိုက်သည်။ “ကျွန်တော်တို့က ရှင်းယွမ်ရှန်ကို ကူညီပြီးတော့ ကြော်ငြာပေးတာပါ။ ရှင်းယွမ်ရှန်သာ ကျော်ကြားလာရင် စူပါမောလ်ကလည်း အတူတူ အကျိုးအမြတ်ရမှာ မဟုတ်ဘူးလား”
သိသာစွာပင် ထိုမြှောက်ပင့်မှုက အဓိပ္ပာယ်မရှိသောကြောင့် ဖေးလွေ့က အေးစက်စွာ ပြောလိုက်သည်။ “မင်းမှာ ဒီအကြောင်းပြချက်ပဲ ရှိတာလား”
တာဝန်ခံက ဖေးလွေ့၏မျက်နှာက မပြောင်းလဲသွားသော အပြုံးတစ်ခုကို မြင်သောအခါ သူက ဘာမှထပ်မပြောတော့ပေ။
ဖေးလွေ့က ကုမ္ပဏီ၏ရှေ့နေကို ဖုန်းခေါ်လိုက်သည်။ “ကျေးဇူးပြုပြီးတော့.. တစ်ယောက်ယောက်က ရှင်းယွမ်ရှန်ရဲ့နာမည်ကို ယူသုံးပြီးတော့ ရှင်းယွမ်ရှန်က ပစ္စည်းတွေ မဟုတ်ဘဲ ရောင်းနေတယ် ဆိုရင် မင်းဘယ်လို လုပ်လို့ ရနိုင်မလဲ”
ရှေ့နေ “ကျွန်တော်တို့က သခင်လေးဖေးကို ကူညီပြီးတော့ စားသုံးသူအဖွဲ့အစည်းကို ကူညီပြီးတော့ တင်ပြပေးနိုင်ပါတယ်။ ပြီးရင် တစ်ယောက်ယောက်က ချက်ချင်း ဆောင်ရွက်ပေးပါလိမ့်မယ်”
ထိုကိစ္စကို စားသုံးသူအဖွဲ့အစည်းသို့ တိုင်ကြားခဲ့ပါက ကိစ္စက ပို၍ ကြီးသွားပေလိမ့်မည်။
တာဝန်ခံက ဖေးလွေ့ တခြားနည်းလမ်းကို ဘာလို့ မတွေးမှန်း နားမလည်တော့ပေ။ “သခင်လေးဖေး.. ဒီလိုဆိုရင် မကောင်းဘူး မဟုတ်လား”
သူ့မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွား၏။ တာဝန်ခံက ဘာကိုမှ မကြောက်ပေ။
ချင်ဘားသည် ဖူမိသားစု၏အပိုင်ဖြစ်သည်။ ဖေးလွေ့သာ သူ့ကို တိုက်ခိုက်လိုပါက ဆိုလိုသည်မှာ သူက ဖူမိသားစုကို တိုက်ခိုက်ခြင်း ဖြစ်ပေမည်။
သူက အောက်သို့ ဆင်းလာပြီးနောက် ထိုကိစ္စအား ဖူလဲ့ထျန်းကို တင်ပြလိုက်သည်။
ဖေးလွေ့နှင့် တခြားသူများသည် ရှန်းထင်ရွှမ်းကို နှစ်သိမ့်ပေးနေကြပြီး ရှန်းထင်ရွှမ်းက မစိုးရိမ်ချေ။
သူမက မကောင်းသောအရာကို မလုပ်ထားသည့်အပြင် သူမနာမည်ကို တခြားသူများက ယူသုံးခြင်းလည်း ဖြစ်သေးသည်။
စားသုံးသူများအဖွဲ့အစည်းမှ လူများက မကြာခင် ရောက်လာကြ၏။ ချင်ဘားက အလွန်တိတ်ဆိတ်သွားသည်။
ယခုတွင် ဖေးလွေ့နှင့် ကျန်သူများသည် လူများစွာကို ဆွဲဆောင်မိသွားကြသည်။
ဒုတိယထပ်မှ စားသုံးသူများသည် ပုံမှန်အားဖြင့် အဆင့်မြင့်စားသုံးသူများ ဖြစ်ကြပြီး ဤနေရာရှိ ကာလတစ်ခုစာ သုံးစွဲမှုအတွက် စားပွဲတစ်လုံးလျှင် ယွမ်၅၀၀၀ ကျသင့်သည်။
မူလက လူတိုင်းသည် အဝေးမှ စောင့်ကြည့်နေခဲ့ကြပြီး စားသုံးသူအဖွဲ့အစည်းမှလူများ ရောက်လာသောအခါ လူတိုင်း နောက်မှ လိုက်ပါလာကြသည်။
မကြာမီတွင် လူတိုင်းသည် သူတို့စားပွဲပေါ်မှ အသီးများက ရှင်းယွမ်ရှန်မှ မဟုတ်ကြောင်း နားလည်သွားကြ၏။
“ငါ ထင်တာ မှန်တာပဲ။ ငါ စားဖူးတဲ့ ရှင်းယွမ်ရှန်ကအသီးတွေက ဒါတွေထက် ပိုကောင်းတယ်”
“ဒါက လုံးဝ အလိမ်အညာပဲ”
“ဒီလောက်ကြီးတဲ့ ဘားက ဘာလို့ လိမ်နေရသေးတာလဲ”
တာဝန်ခံက ဖေးလွေ့နှင့် သူ့အဖွဲ့ကို အာရုံစိုက်တာ ရပ်တန့်လိုက်ပြီး စားသုံးသူများအသင်းမှ လူများနှင့် အလုပ်များသွားတော့သည်။
စားသုံးသူများအသင်းမှ လူများသည် ချင်ဘားက ဖူမိသားစုအပိုင်မှန်း သိကြသည်။
သူတို့မလာခင်၌ ခေါင်းဆောင်က အခင်းဖြစ်ရာနေရာကို ဖြတ်သွားလို့ တစ်ချက်ဝင်ကြည့်သည်ဟု ရှင်းပြခဲ့သည်။
သူတို့ ရောက်လာပြီးနောက် လီမိသားစု၊ လုမိသားစုကဲ့သို့သော မိသားစုများနှင့် ဖေးလွေ့ထံမှ တင်ပြချက်ကို ရှာတွေ့လိုက်ကြတော့၏။
ယင်းကို တာဝန်အရဟူ၍ ဆိုမရတော့ချေ။
ဘာဖြစ်မှန်း နားလည်သွားပြီးနောက် ဝန်ထမ်းတစ်ဦးက ပြောလာသည်။ “ဒါက ရှင်းယွမ်ရှန်က မဟုတ်ဘူးဆိုတာ သက်သေမရှိဘူး”
လီရှောင်ရူက ပြော၏။ “တာဝန်ခံက တခြားက ဆိုပြီး ပြောထားတယ်”
တာဝန်ခံက လျင်မြန်စွာ ထွက်လာပြီးနောက် ရှင်းပြသည်။
“ကျွန်တော်က မင်းတို့စားပွဲကဟာက မဟုတ်ဘူးလို့ပဲ ပြောတာပါ”
ဖြေရှင်းချက်အရ တခြားသောစားပွဲပေါ်မှ အသီးများက ရှင်းယွမ်ရှန်မှ ဖြစ်ပေသည်။
သို့သော် တခြားစားပွဲမှ အသီးများက ဤစားပွဲမှ အသီးများနှင့်အတူတူ ဖြစ်နေသည်ကို လူတိုင်း မြင်နိုင်ပေ၏။
ဝန်ထမ်းက ဆက်ပြောသည်။
“တကယ်တမ်းကျတော့.. ကျွန်တော်တို့ ရှင်းယွမ်ရှန်က အသီးတွေ မဟုတ်ဘူးလို့ သက်သေမပြနိုင်ဘူး။ ဆိုရရင် ဒါကို ဘယ်သူမှ ငြင်းလို့ မရဘူး”
ဤနေရာသို့ ရောက်လာသော အချို့စားသုံးသူများသည် ဖူဂရုဝင်များ သို့မဟုတ် ပတ်သက်သူများဖြစ်ကြသည်။ သူတို့က ဘာမှမပြောကြချေ။
တခြားသော ဧည့်သည်များက ပြောသည်။ “ငါတို့ ကန့်ကွက်တယ်”
ဝန်ထမ်းက ပြောလာသည်။ “ဒါပေမဲ့ မင်းတို့ ငြင်းရင်တောင်မှ ဒါက ရှင်းယွမ်ရှန်က သစ်သီးမဟုတ်တာကို သက်သေမပြနိုင်ဘူးလေ”
ရှန်းထင်ရွှမ်းက မတ်တတ်ရပ်လိုက်ပြီး တစ်လုံးချင်း ပြောလိုက်သည်။
“ဒါက ရှင်းယွမ်ရှန်ရဲ့အသီးတွေ မဟုတ်တာကို ငါက ပြောမှတော့ ဘာလို့ ငါက သက်သေမပြနိုင်ရမှာလဲ”
လူတိုင်းက ထိုမိန်းကလေးကို ကြည့်လိုက်ကြပြီး သူတို့က ယခုက သတိပြုမိသွားသည်။
သူမသည် အလွန်အမင်းသာမန်ဖြစ်သော အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း လူစုလူဝေးထံမှ ခွဲခြားမြင်နိုင်လောက်အောင် လှပလေသည်။
တစ်ချိန်တည်းတွင် လူတိုင်းက ဖေးမိသားစု၊ လီမိသားစု၊ လုမိသားစုတို့နှင့် မည်သို့ ပတ်သက်သည်ကို မသိသဖြင့် အတွေးများသွားကြ၏။
ဝန်ထမ်း၏သဘောထားက အလှလေးအပေါ် ပိုကောင်းလာသည်။
“မင်း ဘာမှသက်သေပြနိုင်မှာ မဟုတ်ဘူး။ ရှင်းယွမ်ရှန်မှာ အပင်တွေကို စိုက်ခဲ့တဲ့လူကပဲ သက်သေပြနိုင်မှာ။ တခြားနည်းနဲ့ပြောရရင် ဒါက လူတိုင်းရဲ့အရသာအပေါ်မှာ မူတည်တာ မဟုတ်လား”
လီရှောင်ရူ၊ လုအန်းအန်းနှင့် ကျန်သူများက ရုတ်တရက် ရယ်မောလိုက်ကြ၏။ ဖေးလွေ့က ကျယ်လောင်စွာ ပြောလိုက်သည်။
“သိပ်ကောင်းတယ်။ လူတိုင်း ဒါကို ကြားတယ်မဟုတ်လား။ ရှင်းယွမ်ရှန်မှာ အသီးတွေကို စိုက်ပျိုးတဲ့သူကပဲ ဒီအသီးတွေက ရှင်းယွမ်ရှန်က မဟုတ်ဘူးဆိုတာ သက်သေပြနိုင်မှာ ဟုတ်တယ် မဟုတ်လား”
ဝန်ထမ်းက ခေါင်းညိတ်လိုက်ပြီး တာဝန်ခံကလည်း ခေါင်းညိတ်လိုက်သည်။
ရှင်းယွမ်ရှန်မှ အသီးများကို စူပါမောလ်တွင်သာ တင်ပို့ပေးသော်လည်း ချင်ဘားသည် စားသုံးသူ တိုးမြှင့်စေရန်အတွက် သူတို့ဝန်ထမ်းများကို ရှင်းယွမ်ရှန်မှ အသီးများဟု ပြောရန် ခွင့်မပြုဘဲ မနေနိုင်ခဲ့ချေ။
ဖေးလွေ့က ရုတ်ခြည်း ပြောလိုက်သည်။ “သူမက ရှင်းယွမ်ရှန်မှာ အသီးတွေကို စိုက်ပျိုးတဲ့သူ ဖြစ်ပြီးတော့ စူပါမောလ်ကို အသီးတွေ တင်ပို့ပေးတဲ့သူလည်း ဖြစ်တယ်”
ကြည့်ရှုနေသူများ မှင်တက်သွားကြသည်။
ဘာ..။ ဒီငယ်ရွယ်လှပတဲ့ မိန်းကလေးက လယ်စိုက်သူလား။
ဝန်ထမ်းများက အံ့ဩသွားကြသည်။ မဟုတ်ဘူး။ သက်လတ်ပိုင်းဦးလေးကြီးတစ်ယောက်ကပဲ ဒီလို အရသာရှိတဲ့အသီးတွေကို စိုက်ပျိုးနိုင်သင့်တာ မဟုတ်လား။ ဘာလို့ ဒီမိန်းကလေးငယ်ငယ်လေး ဖြစ်နေရတာလဲ။
ဝန်ထမ်းက မူလတွင် ဤကိစ္စအား ရှောင်လွှဲလိုခဲ့သော်လည်း ယခုတွင် မဖြစ်နိုင်တော့ချေ။
သူက တာဝန်ခံကို ကြည့်လိုက်သည်တွင် သူ့အမူအရာကလည်း မကောင်းနေချေ။
သူသည် ဤပြဿနာတွင် ရှင်းယွမ်ရှန်နတ်သမီး ရှိနေမည်ဟု လုံးဝ မတွေးခဲ့ချေ၊ သေစမ်း၊ သူက ကြွေထည်ကို တိုက်မိပြီးနောက် နတ်သမီးထံသို့ပင် ပြေးသွားလိုက်သေး၏။ (TN: ကြွေထည်ကို သိခြင်းဆိုသည်မှာ ဟန်ဆောင်လဲကျပြီး ငွေတောင်းခြင်း သို့မဟုတ် လှည့်စားခြင်းကို ဆိုလိုသည်)
ရှန်းထင်ရွှမ်းက ဆက်ပြောလိုက်သည်။ “ရှင်းယွမ်ရှန်ကအသီးတွေ စားဖူးသူတိုင်း သိတယ်။ ရှင်းယွမ်ရှန်မှာ ဘယ်တော့မှ မင်းကွတ်သီးမရောင်းဘူး”
အပင်များရှိသော်လည်း သူမက ဘယ်တော့မှ မရောင်းခဲ့ချေ။
ယခင်က ထည့်ထားသော အသီးရှစ်မျိုးအပြင် ယခုတွင် စတော်ဘယ်ရီ၊ ပန်းသီးနှင့် ငှက်ပျောသီးကိုသာ ထပ်ထည့်ထားသည်။
မင်းကွတ်သီးက စင်များပေါ်တွင် လုံးဝ မရှိချေ။
ဖေးလွေ့ကလည်း ပြောလိုက်သည်။ “ဟုတ်တယ်။ လတ်တလောအထိ စူပါမောလ်ကို မင်းကွတ်သီး မပို့ပေးဘူး”
စားပွဲပေါ်ရှိ အသီးများထဲတွင် မင်းကွတ်သီးက ရှင်းလင်းစွာ ပါဝင်နေပြီး ရှင်းယွမ်ရှန်က လုံးဝမရောင်းသလို စူပါမောလ်မှာလည်း မရနိုင်သဖြင့် မင်းကွတ်သီးက မည်သည့်နေရာမှ လာသနည်း။
လူတိုင်းက တာဝန်ခံဆီသို့ ကြည့်လိုက်ကြသည်။
ဝန်ထမ်းများက စိတ်ထဲမှ သက်ပြင်းချလိုက်ကြသည်။ ချင်ဘားက မချေပနိုင်တော့ဘူးဆိုရင်တော့ ဒီညတော့ လျော်ကြေးပေးကို ပေးရလိမ့်မည်။
တစ်ယောက်ယောက်က ရုတ်တရက် ပြောလာ၏။ “ဘာလို့ ဒီလောက် စည်ကားနေတာလဲ”
အသံက အလွန်အထက်စီးဆန်လေသည်။ လူတိုင်းက အနောက်သို့ လှည့်ပြီး ဖူလဲ့ထျန်းကို ကြည့်လိုက်ကြသည်။
တချို့လူများ၏မျက်နှာက ပြောင်းလဲသွားကာ အချို့လူများကမူ အပြုံးများပျောက်ကွယ်သွားပြီး နှုတ်ဆက်လိုက်ကြသည်။
ဖေးလွေ့က သက်ပြင်းချလိုက်၏။ “မင်း ရောက်လာရင်တောင် မင်းတို့ ချင်ဘားက စားသုံးသူတွေကို လှည့်စားတယ်ဆိုတဲ့အချက်ကို ပြောင်းလဲလို့ မရနိုင်ဘူး”
“ဒီညက တကယ်တော့ ငါတို့ချင်ဘားရဲ့ပေါ့ဆမှုပဲ။ သူတို့က အသီးတွေကို ရှင်းယွမ်ရှန်ကလို့ ထင်နေကြတာ။ ဒါက မဟုတ်ဘူးလေ.. ငါ သူတို့ကို အပြစ်ပေးလိုက်ပြီးပြီ”
ဖူလဲ့ထျန်းက သက်ပြင်းချနေသော လူအုပ်ကြီးကို အပြည့်အဝ လျစ်လျူရှုပြီး ကြည့်လိုက်သည်။
သူပြောသော အပြစ်ပေးခြင်းသည် ကြားမှအပြစ်ခံသူ အနည်းငယ် ရှာလိုက်ခြင်းသာ ဖြစ်သည်။
ဒေါသထွက်နေသော ဖေးလွေ့နှင့်သူ့အုပ်စုကို လျစ်လျူရှုပ်ထားလိုက်ပြီး ဖူလဲ့ထျန်းက ပြောလိုက်သည်။
“ဒါပေါ့.. ကျန်ရှိနေသေးတဲ့ စားသုံးသူတွေရဲ့ခံစားချက်တွေက အဆင်မပြေသေးရင် ငါတို့က ဒီည လျော့ပေါ့ပေးမယ်။ ဒါကမှ မလုံလောက်သေးရင် ငါတို့ ဖူဂရုက..” ထိုနောက်ဆုံးစကားလုံးသုံးလုံးကို ဖူလဲ့ထျန်းက အလေးထားရွတ်လိုက်သည်။ “ကူပွန်တွေပါ ပေါင်းထည့်ပေးပါမယ်”
ဖူလဲ့ထျန်းက ဖူဂရုကိုယ်စား ထွက်ပေါ်လာခဲ့သည်။ လိမ်ညာမှုတစ်ခု ဖြစ်ခဲ့လျှင်ပင် ရိုးရှင်းသောအမှားအဖြစ် လျော့ပေါ့ပေးနိုင်သည်။
သို့သော် ဤမတော်တဆသည် တကယ်တော့ အမှားတစ်ခုဖြစ်မှန်း သဘောတူသည့်တိုင် သူတို့က ဖူလဲ့ထျန်း၏ ဖြေရှင်းချက်နှင့် လျော်ကြေးပေးခြင်းကို အလွန်စိတ်ကျေနပ်ကြသေးသည်။
မကြာမီတွင် ကြည့်ရှုသည် သုံးပုံတစ်ပုံသာလျှင် ကျန်ခဲ့တော့သည်။
ဖူလဲ့ထျန်းက ကူပွန်အများအပြားကို ထုတ်ယူလာပြီးနောက် ခြိမ်းခြောက်သောလေသံကိုပါ ပေါင်းထည့်လိုက်သော လူများစွာ မကျန်ခဲ့ကြတော့ပေ။
ဖူလဲ့ထျန်းက လူအုပ်ထဲမှ ရှန်းထင်ရွှမ်းကို ကြည့်လိုက်၏။ “မိန်းကလေးရှန်ကိုတော့ ကျွန်တော်က ရှင်းယွမ်ရှန်ဆိုတဲ့ နာမည်ကို သုံးမိတဲ့အတွက် တောင်းပန်ပါတယ်”
ဖူလဲ့ထျန်းက ထိုစကားကို ပြောသောအခါ သူ့မျက်လုံးများက နူးညံ့သွား၏။
ရှင်းယွမ်ရှန်ဟူသော နာမည်ကို သုံးရင် အောက်မှလူများက တင်ပြသောအခါ သူက သဘောတူညီခဲ့သည်။
တကယ်တမ်းတော့ ရှန်းထင်းရွှမ်းက သူ့အပေါ် အနည်းငယ် ထူးခြားမှန်း သူ သိနေခဲ့ပြီးတော့ သူက ထိုသို့ လုပ်ခဲ့ပါက စိတ်ရှိမည်မဟုတ်ဟု သူတွေးခဲ့သည်။
မထင်မှတ်ထားဘဲ ဖေးလွေ့က ယနေ့တွင် ရောက်လာပြီး အမှားရှာဖွေခဲ့သည်။
ဖူလဲ့ထျန်းက တကယ်ကို ဂရုမစိုက်ဘဲ ယနေ့ဖြစ်ခဲ့သမျှ အားလုံးသည် ရှန်းထင်ရွှမ်းက သူ၏အာရုံစိုက်မှုကို လိုချင်သောကြောင့်ဟု ခံစားခဲ့ရသည်။
သို့သော်ငြား ယခုသူ ဤနေရာသို့ ရောက်လာသောအခါ သူသည် သူမကို မတွေ့ရသည်မှာ လအနည်းငယ်မျှ ရှိပြီဟု သတိပြုလိုက်မိပြီး ရှန်းထင်ရွှမ်းက ယခင်ကထက် ပိုလှလာသည်။
သာမန်အဝတ်အစားဖြင့်ပင် သူမ၏အလှက မဖုံးကွယ်ထားနိုင်ပေ။ သူ စကားပြောသောအခါ သဘာဝကျကျ နူးညံ့သွားမိခြင်း ဖြစ်၏။
တစ်ဖက်တွင် ရှိသော ဖေးလွေ့က ယင်းကို မြင်သောအခါ ဆိုးဝါးသောအသံဖြင့် ပြောလိုက်သည်။ “ဖူလဲ့ထျန်း ဒီမှာ အရှက်မရှိ မလုပ်နဲ့။ ဘာအမှားလဲ.. ဒါက အပြစ်ကျူးလွန်မှုပဲကွ”
ဖူလဲ့ထျန်းက ရှန်းထင်ရွှမ်းကို ကြည့်လိုက်ပြီးနောက် နောင်တွင် မည်သည့်ပြဿနာမှ မရှာမည်မှန်း သေချာသွားသည်။
သို့သော် ရှန်းထင်ရွှမ်းက သူ့ကို စက်ဆုပ်စွာ ပြောလိုက်သည်။ “နောက်တစ်ကြိမ် နင်က တရားဝင်နည်းလမ်းအတိုင်း လုပ်ရင်တောင် ငါ့ရှင်းယွမ်ရှန်ရဲ့အသီးတွေကို နင်တို့ ဖူဂရုကို ဘယ်တော့မှ ရောင်းမှာ မဟုတ်ဘူး။ ရွံ့ဖို့ကောင်းလိုက်တာ”
ဖူလဲ့ထျန်း၏မျက်နှာက ရုတ်ခြည်း နက်မှောင်သွား၏။ “ရှန်းထင်ရွှမ်း မင်း ဘာကို ဆိုလိုတာလဲ”
ရှန်းထင်ရွှမ်းက ဖူလဲ့ထျန်းကို အမှန်တကယ် စိတ်အနှောင့်အယှက် ဖြစ်သွားပြီး တခြားတစ်ဖက်တွင်လည်း ဖူလဲ့ထျန်းက ရှန်းထင်ရွှမ်းကို ဒေါသထွက်နေကာ သူမက ဖူလဲ့ထျန်းဆီသို့ အငြှိုးအတေးတချို့ကို ဆွဲထုတ်လိုက်သည်။ လီရှောင်ရူနှင့် လုအန်းအန်းက သူတို့နှစ်ယောက် ခိုက်ရန်ဖြစ်မည်ကို စိုးရိမ်သောကြောင့် ရှန်းထင်ရွှမ်းရှေ့တွင် ရပ်လိုက်ကြ၏။
သို့သော် မည်းမှောင်နေသော မျက်နှာဖြင့် ဖူလဲ့ထျန်းက ရုတ်တရက် ရယ်မောလိုက်သည်ကို သူတို့ တွေ့လိုက်ကြရသည်။
ဖေးလွေ့၊ လုအန်းအန်းနှင့် ကျန်သူများ “???”
…
အခန်း (၅၀) (ခ)
ဖူလဲ့ထျန်းက သူ့နောက်ရှိ တာဝန်ခံကို ပွေ့ဖက်လိုက်သောအခါ လူတိုင်းက ရုတ်တရက် မတုံ့ပြန်နိုင်ကြတော့ပေ။
တာဝန်ခံက ရုတ်တရက် တောင့်တင်းသွားသည်။ “သ.. သခင်လေး ဖူ..”
ဖူလဲ့ထျန်းက တာဝန်ခံကို တိုက်ရိုက်နမ်းလိုက်သည်။
တာဝန်ခံက ပြင်းပြင်းထန်ထန် ရုန်းကန်နေပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။
“သခင်လေးဖူ.. ကျွန်တော်က ဂေးမဟုတ်ပါဘူး။ ကျွန်တော်က အဖြောင့်ပါ”
အတန်ကြာမှ လုအန်းအန်းက တုံ့ပြန်လာသည်။ “ငါ ဒါကို မြင်နေရတယ် မဟုတ်လား”
မောင်ချင်းဟွာက မနေနိုင်ဘဲ သူ့နဖူးကိုသူ ဖိနှိပ်လိုက်မိသည်။ ယင်းက အမှန်ပင် ရှုပ်ထွေးလှ၏။ သူ့မျက်လုံးများက အလွန်ပူလောင်သွားလေပြီ။ “လွေ့လွေ့.. အခု ငါတို့ ဘာလုပ်သင့်လဲ”
ဖေးလွေ့က ထိုအမျိုးသားနှစ်ယောက်၏ ချစ်ခြင်းကို စိတ်မဝင်စားချေ။
“သွားကြစို့”
အုပ်စုက ဖေးလွေ့နောက်မှလိုက်ပြီး ထွက်ခွာသွားကြကာ ကျန်သော ကြည့်နေသူများကလည်း ထွက်ခွာသွားကြသည်။
စားသုံးသူများအသင်း ဝန်ထမ်းကလည်း အတန်ကြာ ပါဝင်ခဲ့သည်။ သူတို့သာ ထွက်သွားချင်ပါက သူတို့တွင် ထွက်ခွာဖို့ အကြောင်းအရင်း ရှိရပေမည်။
ယနေ့ကိစ္စတွင် သူတို့က မည်သည့်ရလဒ်ကိုမျှ မပြောနိုင်ချေ။ သူတို့တစ်ခုခု ပြောပါက သူတို့က တစ်ဖက်လူကို အပြစ်လုပ်မိပေမည်။
ထိုပြဿနာအား သူတို့ခေါင်းဆောင်ကို ချန်ထားခြင်းက ပိုကောင်းသည်။
ဖူလဲ့ထျန်းဘေးနားမှ လူများသာလျှင် ကျန်ခဲ့တော့၏။
သူတို့က ဖူလဲ့ထျန်းနှင့် တာဝန်ခံကို ခွဲထုတ်ရန် ကြိုးစားကြသေးသည်။ သို့သော်လည်း ဖူလဲ့ထျန်းက အလွန်အင်အားကြီးသည်။ တစ်ယောက်ယောက်ကသာ ဖူလဲ့ထျန်းကို ထိမိပါက ထိုသူက အနမ်းခံရမည် ဖြစ်သဖြင့် မည်သူမျှ သူ့အနား မကပ်ရဲကြတော့ချေ။
…
သူတို့ ကားထဲဝင်သည်အထိ လုအန်းအန်းနှင့် အခြားသူများက ရှော့ခ်ရသွားသော မျက်နှာများဖြင့် ဖြစ်နေကြပြီး လီရှောင်ရူကလည်း အလားတူပင် ဖြစ်သည်။
သူတို့က ဖူလဲ့ထျန်းကို မကြိုက်ကြသော်လည်း ယနေ့မြင်ကွင်းက အမှန်ပင် မှင်တက်ဆွံ့အဖို့ကောင်းသည်။
ရှန်းထင်ရွှမ်းနှင့် အပြန်လမ်းတွင် ကားထဲ၌ လူတိုင်းက ဖူလဲ့ထျန်းအကြောင်း စိတ်လှုပ်ရှားစွာ ပြောနေခဲ့ကြသည်။
လီရှောင်ရူက ရုတ်တရက် သတိရလိုက်သည်။ “အိုး.. ငါ ဒါကို မှတ်တမ်းတင်ဖို့ မေ့သွားတယ်”
မောင်ချင်းဟွာက သူ့ဖုန်းကို ထုတ်လိုက်သည်။ “စိတ်မပူနဲ့။ ငါ မှတ်တမ်းတင်ခဲ့တယ်။ ဂရုထဲကို ပို့ပေးလိုက်မယ်”
သူတို့ထံတွင် ဝီချက်ဂရုရှိပြီး သူတို့က ရှန်းထင်ရွှမ်းကို ထည့်လိုက်သည်။
ရှန်းထင်ရွှမ်းက သူမဖုန်းကို ထုတ်ယူလိုက်ပြီး ဗီဒီယိုထဲမှ ဖူလဲ့ထျန်း၏ အံ့ဖွယ်အပြုအမူကို ကြည့်ရင်းဖြင့် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
ဖေးလွေ့က အနည်းငယ် စိတ်ပူပန်နေသည်။
“အားရွှမ်း မနက်ဖြန် မင်းရဲ့သစ်သီးတွေကို ကုန်ပစ္စည်းအမှတ်တံဆိပ် တစ်ခုအဖြစ် မှတ်ပုံတင်သင့်တယ်မဟုတ်လား”
ထိုနည်းလမ်းက တခြားသူများက ဖောက်ဖျက်ကျူးလွန်လာပါက သူတို့သည် ဥပဒေအတိုင်း အရေးယူနိုင်လေသည်။
“ကောင်းပြီ”
ဖူလဲ့ထျန်းနှင့် အပိုင်းမှ လွဲ၍ ရှန်းထင်ရွှမ်းက ယနေ့တွင် အလွန်ပျော်ရွှင်နေပေသည်။
ဖေးလွေ့နှင့် တခြားသူများက သူမကို ရှင်းယွမ်ရှန်သို့ ပြန်ပို့ပေးကြပြီး သူမကလည်း လူတိုင်းအတွက် သစ်သီးအိတ်များ ထုတ်ပေးခဲ့သည်။
ဖေးလွေ့နှင့် တခြားသူများက ပျော်ရွှင်သွားကြပြီး အထူးသဖြင့် လုအန်းအန်းနှင့် လီရှောင်ရူက အချင်းချင်းပင် ပွေ့ဖက်လိုက်ကြသည်။
ရေချိုးပြီးနောက် ရှန်းထင်ရွှမ်းက သွားအိပ်တော့၏။ သို့သော်ငြား ဝေ့ပေါ်သည် လူတိုင်း၏အာရုံတွင် ထွက်ပေါ်လာတော့သည်။
...
ပိုစ့်တင်သောသူက မြို့တော်ဘီတွင် ဖြစ်ပျက်သော ကိစ္စများကို ရံဖန်ရံခါ ပို့စ်တင်လေ့သော ဝေ့ပေါ်ရှိ ဘလော့ဂါတစ်ဦးဖြစ်သည်။ ယင်းက Big V ဖြစ်သည်။
အကောင့်သည် မြို့တော်ဘီတွင် တချို့သောအရာများကို အဓိကထားပြီး တင်လေ့ရှိသည်။ ဆိုရလျှင် ယင်းက အတင်းအဖျင်းဝေ့ပေါ်သာ ဖြစ်သော်လည်း လူများစွာက Follow ထားကြသည်။
[မြို့တော်ဘီမှအရာများ : ငါက ဒီနေ့ သီးသန့်မက်ဆေ့တစ်ခု ရခဲ့တယ်။ ငါ့စိတ်ထဲ ထိတ်လန့်မှုကို ဘယ်လို ဖော်ပြရမလဲတောင် မသိတော့ဘူး။ အောက်ကပုံကိုသာ တိုက်ရိုက်ကြည့်လိုက်ပါတော့။ ဗီဒီယိုအတွက်ကတော့.. ကြည့်ကြည့် http://www.. (Picture)]
ပထမပုံမှာ သီးသန့်မက်ဆေ့ပို့ပေးထားသော အချက်အလက်ဖြစ်ပြီး ထိုသို့ ပြောထား၏။
[Gread Lord, ငါကို သတိပြုပေးပါ။ ဒီနေ့ ငါ ချင်ဘားမှာ ဖရဲသီးတွေ အများကြီး စားခဲ့ရတယ်။ ဘယ်ဖရဲသီးက ပိုပြီးထိတ်လန့်ဖို့ကောင်းလဲ ငါမသိတော့ဘူး။ တစ်ခုက ချင်ဘားက သစ်သီးတွေပဲ။ စားပွဲထိုးက ရှင်းယွမ်ရှန်ကအသီးတွေလို့ ပြောပြီးတော့ တကယ်တမ်းကျတော့ မဟုတ်ဘူး။ ပြီးတော့ ဒီနေ့ ရှင်းယွမ်ရှန်ရဲ့ပိုင်ရှင်က ဘားကို တိုက်တိုက်ဆိုင်ဆိုင် လာလည်ပြီးတော့ သစ်သီးတွေက ရှင်းယွမ်ရှန်က မဟုတ်တာကို သူမက တွေးလိုက်ရတယ်။
ရှင်းယွမ်ရှန်ရဲ့ပိုင်ရှင်က ဖေးမိသားစု၊ လုမိသားစု၊ လီမိသားစုတို့နဲ့အတူ သွားခဲ့ပြီးတော့ စားသုံးသူများအသင်းကို ခေါ်လိုက်တာ။ နောက်ဆုံးတော့ ဖူဂရုရဲ့သခင်လေးဖူနဲ့ နှစ်ဖက်က ငြင်းခုံကြရာကနေ သခင်လေးဖူက ရုတ်တရက် ချင်ဘားရဲ့တာဝန်ခံကို ပွေ့ဖက်ပြီးတော့ နမ်းပါလေရော။ ငါ တအားကြောက်သွားပြီးတော့ ကြာကြာ မနေရဲခဲ့ဘူး။ ငါ ရိုက်ကူးပြီးတာနဲ့ ပြေးတာပေါ့။ ငါ ထပ်မေးမယ်။ ငါ့ကို အမည်မသိဖို့ သတိရပါ။ ငါ ရက်နည်းနည်းပို အသက်ရှင်ချင်သေးတယ်]
အောက်ဘက်ရှိ ပုံများသည် ထိုအချိန်က နှစ်ဖက်လုံး၏ ဓာတ်ပုံများဖြစ်သည်။ ဗီဒီယိုတွင်တော့ ချင်ဘား၏တာဝန်ခံနှင့် ဖူလဲ့ထျန်းဖြစ်၏။
ဝေ့ပေါ်ပေါ် တင်လိုက်ပြီးနောက် အင်တာနက်အသုံးပြုသူများနှင့် ဖြတ်သွားဖြတ်လာများသည် မှင်တက်သွားကြတော့သည်။
[ဖာ့ခ်.. ဒါက တအားစိတ်အားထက်သန်လွန်းတာပဲ။ သခင်လေးဖူက တအားရဲရင့်တာပဲ]
[သူ့အနမ်းတွေက တအားကို ဆာလောင်ပြီးတော့ ငတ်မွတ်နေတာပဲ]
[ငါ့မျက်လုံးတွေ ကန်းပါပြီ။ ဘာလို့ ကြည့်ဖို့ ကလစ်မိတာလဲ]
…
ဖူလဲ့ထျန်း နိုးလာသောအခါ ညလယ်သို့ရောက်လုပြီဖြစ်သည်။
တာဝန်ခံကို ပွေ့ဖက်ထားသည်ကို ကြည့်ပြီးနောက် သူ့မျက်နှာက မည်းမှောင်သွား၏။
တာဝန်ခံက တစ်ညလုံး အော်ဟစ်နေခဲ့ပြီး သူ့အသံက နာနေသည်။
ဖူလဲ့ထျန်း၏မျက်လုံးများက သူ့ကို သတ်ပစ်တော့မည့်အလား စိုက်ကြည့်နေသည်။ သူက အလွန် ထိတ်လန့်သွားပြီဲး သူ့အဝတ်များကို ဆွဲယူကာ ထွက်ပြေးတော့သည်။
ချင်ဘား၏ တာဝန်ခံ ဖြစ်ရသည်က သူ့အတွက် လွယ်ပါသလား။
ဖူလဲ့ထျန်း၏ မျက်နှာက မည်းသည်ထက် မည်းလာပြီး ထိုအချိန်တွင် ဖူဖန်းယိ၏ဖုန်းခေါ်ဆိုမှု ဝင်လာသည်။
ဘယ်လောက်ပဲ စိတ်အခြေအနေ မကောင်းပါစေ ဖူလဲ့ထျန်းသည် သူ့အဖေ၏ဒေါသကို ရှောင်လွှဲဖို့ အကြောင်းပြချက် မရှိချေ။
ဖုန်းကောဝင်သွားပြီး မကြာမီတွင် တခြားဖက်မှ ဟစ်အော်လာတော့သည်။
“မင်း ဘာကောင်းတာတွေ လုပ်ထားတာလဲ ဆိုတာ ကြည့်လိုက်စမ်း။ မင်းက ဖူဂရုတစ်ခုလုံးကို အရှက်ရစေတယ်”
ဖုန်းကိုင်ပြီးနောက် ဖူလဲ့ထျန်းက ဝေ့ပေါ်ကို ဖွင့်လိုက်ပြီး ခေတ်စားနေသော သတင်းများကို ကြည့်လိုက်သည်။
သူသည် သူ့ဖုန်းကို ပေါက်ခွဲဖို့အထိ ဒေါသထွက်သွားသော်လည်း ပိုအရေးကြီးသည့်အရာများ ရှိသေးသည်ကို တွေးလိုက်ပြီးနောက် သူက ဂရု၏ လျင်မြန်စွာ ဖုန်းဆက်လိုက်သည်။
မကြာမီတွင် ဖူလဲ့ထျန်းနှင့် ပတ်သက်သော အွန်လိုင်းဗီဒီယိုများ ပျောက်ကွယ်သွား၏။
ဝေ့ပေါ်အသုံးပြုသူများက ဖူလဲ့ထျန်းနှင့်ဆက်နွယ်သော ဗီဒီယိုများအကြောင်း ဆွေးနွေးသည်နှင့် သူတို့က တားမြစ်ခံရမည် ဖြစ်သည်။
ထို့ကြောင့် အင်တာနက်အသုံးပြုသူများသည် ထိုကိစ္စဆွေးနွေးမှုကို ရပ်တန့်လိုက်ကြပြီး ဖူလဲ့ထျန်းကိစ္စမှတစ်ပါး တခြားကိစ္စများပြောရန် စတင်ကြတော့သည်။
ယင်းတို့အနက် တစ်ခုမှာ စားသုံးသူများအား အရူးလုပ်ပြီး ရှင်းယွမ်ရှန်မှသစ်သီးဟု ဆိုကာ ချင်ဘားမှ သစ်သီးများကိုသာ အသုံးပြုသည့် လိမ်လည်မှု ဖြစ်သည်။
ချင်ဘားသည် ဖူဂရုမှတစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း လူတိုင်းသိပြီး ထို့ကြောင့်သာ နည်းပညာ သတင်းအချက်အလက်နှင့် လူမှုဆက်ဆံရေးဌာနမှ အထူးတလည်စောင့်ကြည့်မှုမှ မရှိခြင်းဖြစ်သည်။
ယနေ့တွင် သူတို့က အဓိကအားဖြင့် ဖူလဲ့ထျန်း၏ဗီဒီယိုကို ပစ်မှတ်ထားခဲ့သော်လည်း ချင်ဘားဆိုသည့်ခေါင်းစီး ကျော်ကြားမှု မြင့်တက်လာသည်ကို အတန်ကြာ အာရုံမစိုက်ခဲ့ကြချေ။
ချင်ဘားမှ အသီးပုံများက အလွန်ရှင်းလင်းပြီး အင်တာနက်သုံးသူများက ဖူလဲ့ထျန်း၏ပုံများ ပြန်တင်သောအခါ တမင်ဖျက်ထားခဲ့ကြသည်။
မကြာမီတွင် #ချင်ဘားသည် ကြွေထည်ရှင်းယွမ်ရှန်ကို ထိခဲ့သည်# ဟု ရှာဖွေမှုအမြင့်ဆုံး ဖြစ်လာသည်။
များစွာသော မားကတ်တင်းအကောင့်များနှင့် Big V က ပြန်တင်ထားခဲ့သည်။
[#ချင်ဘားသည် ကြွေထည်ရှင်းယွမ်ရှန်ကို ထိခဲ့သည်# သူတို့က သူတို့စတိုးကအသီးတွေက ရှင်းယွမ်ရှန်ကလို့ ပြောတယ်။ ဒါပေမဲ့ သူတို့က ရှင်းယွမ်ရှန်ပိုင်ရှင်က အဲကို ရောက်နေမယ်လို့ မထင်ထားခဲ့ဘူး။ ဒီနေ့ စားသုံးသူများအသင်းလည်း ရောက်လာတယ်။ နောက်ဆုံးထုတ်ပြန်ချက်က ဘာလဲဆိုတာ ငါ မသိဘူး။ ငါက အဲဒါကို စောင့်မျှော်နေတယ်]
ကိစ္စက အလွန်ကြီးမားသွားပြီး စားသုံးသူများအသင်းကလည်း ကလိမ်ကကျစ် မလုပ်ရဲတော့ပေ။ သူတို့က ယင်းနှင့်ပတ်သက်ပြီး သမာသမတ်ကျရတော့မည် ဖြစ်သည်။
ဖူဂရုက ထိုရှာဖွေမှုအမြင့်ဆုံးကို တွေ့သောအခါ ယင်းက ရုပ်သိမ်းရန် အလွန်နောက်ကျသွားပြီဖြစ်သည်။
ရှန်းထင်ရွှမ်းက ထိုကိစ္စများအားလုံးကို မသိခဲ့ဘဲ သူမအိပ်နေစဉ်တွင် Follower များ တိုးလာခဲ့သည်။
မနက်ခင်း သူမ နိုးလာသောအခါ သူမက သစ်သီးများသွားခူးပြီး နောက်တွဲယာဉ်ပေါ်အတွင် တင်လိုက်သည်။
ရှန်းထင်ရွှမ်းက သက်ပြင်းချလိုက်မိပြီး ရင်းလုံ၏ဝိညာဉ်စွမ်းအားက အလွန်သန်မာပြီး သူသည် သူ့စွမ်းအားဖြင့် အသီးများခူးယူနိုင်ကာ တစ်ချက်တည်းဖြင့် သူမ၏သေးငယ်သော နောက်တွဲယာဉ်လေးပေါ်တွင် တင်နိုင်သည်။
သူမ၏ဝိညာဉ်သွေးကြော ၅၀ရာခိုင်နှုန်းအထိ ပြန်ကောင်းပါက သူမသည်လည်း ထိုသို့နည်းတူ လုပ်နိုင်သော်ငြား ယခုတွင်မူ အနည်းငယ် ကွာဝေးနေသေးသည်။
...
သိပ်မကြာခင်တွင် ယောင်တာ့ကျူးက ရောက်လာသည်။
သူက ဘေးအန္တရာယ်ကြုံတွေ့ခဲ့ရပြီး သူ့အသက်ကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သော်ငြား သူ့အသက်ကို ပြန်လည်ရရှိခဲ့သည်။
ရှန်းထင်ရွှမ်းက သူ့ကို ကယ်တင်ခဲ့ကြောင်း ကြားခဲ့ရ၏။
ထို့ကြောင့် ယောင်တာ့ကျူးက ဆေးရုံမှ ဆင်းသည်နှင့် ပထမဆုံး ရှန်းထင်ရွှမ်းအား ကျေးဇူးတင်ရန် သူ့ဘာသာ ရောက်လာခဲ့သည်။
သို့သော်ငြား ကုန်ပစ္စည်းအမှတ်တံဆိပ် ပြုလုပ်မည့် ရှန်းထင်ရွှမ်းက ယောင်တာ့ကျူးနှင့် ဦးစွာ စကားပြောဆိုရတော့မည် ဖြစ်သည်။
ယွမ့်တာ့ကျိူး၏ဇနီးက ရှန်းထင်ရွှမ်းတစ်ခုခု လုပ်ဖို့ ရှိသည်ကို တွေ့လိုက်သည်။ “ညီမလေး.. တကယ်လို့ လုပ်စရာရှိရင် အရင်သွားလုပ်ပါ”
ပြောပြီးနောက် သူမက ယောင်တာ့ကျူးကို ကြည့်လိုက်သည်။ “ရှင်လည်း အရင်ဆုံး ပြန်ပြီးတော့ အနားယူလိုက်။ ကျွန်မတို့က တစ်ရွာတည်းသားတွေပဲလေ။ ကျွန်မတို့ နောင်မှာ ကျေးဇူးတင်စကားပြောဖို့ အခွင့်အရေး ပိုရှိမှာပါ”
ယွမ့်တာ့ကျူးက နောက်တစ်ကြိမ် ထပ်ပြော၏။ “ကျေးဇူးတင်ပါတယ် မိန်းကလေးရှန်”
“ဒါက ဘာမှမဟုတ်ပါဘူး”
…
ရှန်းထင်ရွှမ်းက ကားမောင်းပြီးနောက် မြို့တော်ဘီသို့ သွားလိုက်သည်။
ရှန်းထင်ရွှမ်း ထွက်သွားတာကို ကြည့်ပြီးနောက် ယောင်တာ့ကျူးနှင့် တခြားလူများက အိမ်ပြန်ရန် ပြင်ဆင်လိုက်ကြသော်လည်း သူတို့က အိမ်ထဲမှ ထွက်လာသော ရှောင်ဖုန်းကို တွေ့လိုက်ရသည်။
သူတို့က ရှောင်ဖုန်းနှင့် ရှန်းထင်ရွှမ်း ရင်းနှီးသည်ကို သိကြသည်။
သူတို့က ရှန်းထင်ရွှမ်းကို ရှာနေသည်ထင်၍ တက်ကြွစွာ ပြောလိုက်၏။ “မိန်းကလေးရှန်က တစ်ခုခု လုပ်ဖို့ မြို့တော်ဘီကို သွားတယ်”
ရှောင်ဖုန်းက တစ်ခုခုအတွက် ရှန်းထင်ရွှမ်းကို ရှာဖို့ လိုနေတာ ဖြစ်သည်။
သူသည် မနေ့ညက တစ်ခုခု ဖြစ်ပျက်ခဲ့ဖို့ မမျှော်လင့်ထားဘဲ ရှန်းထင်ရွှမ်းက သူ့ကို ဘာမှမပြောပြခဲ့ချေ။
လူတိုင်းက ရှောင်ဖုန်းကို မျက်နှာကို မြင်ပြီးနောက် မေးလိုက်သည်။
“ဘာဖြစ်တာလဲ”
“ရှန်းထင်ရွှမ်းရဲ့အသီးတွေကို တခြားသူတွေက လိမ်လည်ပြီးအသုံးပြုကြတယ်” ရှောင်ဖုန်းက ဒေါသဖြင့် ကျယ်လောင်စွာ ပြောလိုက်မိသည်။
ယောင်တာ့ကျူးနှင့် အခြားသူများက ထိတ်လန့်သွားကြ၏။ “ဘာ..”
ရှောင်ဖုန်းက ကြမ်းတမ်းစွာ ပြန်ပြောသည်။ “အသေးစိတ်ကို ဝေ့ပေါ်မှာ ဖတ်ကြည့်လိုက်”
အင်တာနက်ပေါ်မှ သတင်းများကို ဖတ်ပြီးနောက် ယောင်တာ့ကျူးနှင့် ချန်ထျန်းကောတို့က ပြန်တုံ့ပြန်ရန် ချက်ချင်း တွေးလိုက်ကြသည်။ “ဒီဖူအုပ်စုက အင်အားကြီးလွန်းတယ်။ ဒါပေမဲ့ ငါတို့ ကျေးလက်ကလူတွေက ဖိနပ်မစီးရမှာကို မကြောက်ဘူး။ ငါတို့ အသနားခံစာ ရေးရမယ်။ သူတို့က ယောင်ရွာက လူတွေကို အနိုင်ကျင့်ရဲတယ်။ ငါတို့က သေနေလို့လား”
ယောင်တာ့ကျူးကလည်း သွားချင်သော်ငြား သူ့ဇနီးက တားလိုက်သည်။ “ရှင် ဒီလိုပုံစံနဲ့ ဘယ်လို သွားမှာလဲ။ သွားကြစို့၊ စိတ်မပူနဲ့။ ဘယ်သူကမှ ငါတို့ရဲ့ ငိုကြွေးမှုတွေ၊ ဝုန်းဒိုင်းကြဲတာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဆွဲချပြီး ခြိမ်းခြောက်တာတွေကို အနိုင် မယူနိုင်ဘူး”
…
စာရေးသူမှာ ပြောဖို့ ရှိပါတယ်။
ဖူလဲ့ထျန်း “???”
တာဝန်ခံ “???”
…
အခန်း (၅၁) (က)
လူတစ်စုက ပြင်းပြင်းထန်ထန် ထွက်သွားကြသည်။ ရှောင်ဖုန်းက အနည်းငယ် အံ့အားသင့်နေသည့် အမူအရာဖြင့် သူတို့ထွက်ခွာသွားသည်ကို ကြည့်နေပေသည်။
ရွာရှိလူများက ရှန်းထင်ရွှမ်းအပေါ် ပိုပိုကောာင်းလာကြသောကြောင့် သူက နောက်ကျကျန်ခဲ့လို့ မဖြစ်ပေ။
...
တိုက်တိုက်ဆိုင်ဆိုင်ပင် ယောင်ရွာ၏ ရွာသားများက အသနားခံလွှာတင်သွင်းကြသောအခါ သူတို့က စာနှင့် ဖုန်းခေါ်ဆိုမှုဆိုင်ရာ ဗျူရိုအကြီးအကဲကို တွေ့ဆုံရန် ဖြစ်သွားခဲ့သည်။
ထို့ကြောင့် သူက အခြေအနေကို လေ့လာပြီးသည်နှင့် ဒါရိုက်တာဟူက စုံစမ်းစစ်ဆေးရန် ချက်ချင်း တစ်ယောက်ယောက်ကို အမိန့်ပေးလိုက်သည်။
ဖူအုပ်စုက နောက်ဆုံးတွင် ဒဏ်ကြေး ၅၀၀၀၀ ယွမ် အရိုက်ခံရပြီး ပြန်လည်ပြုပြင်ရန်အတွက် စီးပွားရေးလုပ်ငန်းများကို ရပ်ဆိုင်းထားရန် အပြစ်ပေးခံခဲ့ရသည်။
ယင်းက ရှင်းယွမ်ရှန်၏ ဂုဏ်သတင်းကို မမှန်မကန် အသုံးချခြင်းဖြစ်သော်လည်း ရှင်းယွမ်ရှန်က ကုန်ပစ္စည်းအမှတ်တံဆိပ် မှတ်ပုံတင်ထားခြင်း မရှိပေ။ ထို့ကြောင့် ဒဏ်ကြေး ယွမ် ၅၀၀၀၀ ချမှတ်ခံရပေသည်။
အင်တာနက်အသုံးပြုသူများက ထိုစီရင်ချက်နှင့်ပတ်သက်၍ အနည်းငယ် မကျေနပ်ကြသော်လည်း သူတို့က ဘာမှမကူညီနိုင်ခဲ့ပေ။ ဤအရာက ဥပဒေအရဖြေရှင်းခြင်း ဖြစ်သည်။
…
ထိုအချိန်အတောအတွင်း ရှန်းထင်ရွှမ်းက ရှင်းယွမ်ရှန် ကုန်ပစ္စည်းအမှတ်တံဆိပ်ကို ရရှိခဲ့သည်။
ရုံးမှ ပြန်လာသည့်လမ်းတွင် စနစ်က ရှန်းထင်ရွှမ်းကို တာဝန်ပြီးမြောက်ကြောင်း သတိပေးစာ ဝင်လာခဲ့သည်။ ရှန်းထင်ရွှမ်းက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ “ဒီလောက်မြန်တယ်လား “
စနစ်။ “...”
သူမ ပြုလုပ်ခဲ့သည့် ကံစမ်းမဲက ချက်ချင်း အကျိုးခံစားရသည်ဟု ရှန်းထင်ရွှမ်းက ခံစားလိုက်ရပြီး သူမက တစ်ကြိမ်တည်းဖြင့် ဖော်လိုဝါ ၁၀သန်း ရရှိခဲ့ပေသည်။
“အပိုတာဝန်တွေ ထပ်ထည့်လို့ရလား “
“မရဘူး “ ဖော်လိုဝါများက ရရှိရန် လွယ်ကူသော်လည်း ငါးရက်သာ ကျန်ပေသည်။
“စကားမစပ်၊ ငါတို့ ဒီနေ့ မဲဖောက်ပေးလို့ရတယ် “ ရှန်းထင်ရွှမ်းက Weibo ကံစမ်းမဲကို ပိတ်လိုက်ပြီး ရှောင်ကျူးဟု အမည်ရသည့် အင်တာနက်အသုံးပြုသူတစ်ယောက်က ဆုမဲကို အနိုင်ရရှိခဲ့သည်။
ရှောင်ကျူးက ချင်ယွဲ့ကျီ၏ ပရိသတ်တစ်ယောက်ဖြစ်ပြီး သူက ချင်ယွဲ့ကျီ၏ ပွဲဦးထွက်စကတည်းက ချင်ယွဲ့ကျီ၏ လက်ရာများအားလုံးကို အနိုင်ရဖို့ ကြိုးစားရန် ပါဝင်ခဲ့သည်။
ခဏအကြာတွင် ရှောင်ကျူး၏ ဖော်လိုဝါများကလည်း ရုတ်တရက် တိုးလာခဲ့ပြီး လူတိုင်းသည် သူမက ရှန်းထင်ရွှမ်း၏ဆုအတွက် ပါဝင်ခဲ့သည်လား၊ ချင်ယွဲ့ကျီ၏လက်ရာစုဆောင်းမှုများအတွက် ပါဝင်ခဲ့သည်လားဆိုတာကို တက်ကြွလှုပ်ရှားစွာ ဆွေးနွေးနေကြသည်။
ရှန်းထင်ရွှမ်း၏ ဖော်လိုဝါများက အနည်းငယ် ထပ်မံ မြင့်တက်လာခဲ့သည်။
...
ဖူလဲ့ထျန်း၏ ရုပ်သံဖိုင်ပျံ့နှံ့မှုက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး တစ်ချိန်တည်းတွင် ရှန်းရွှမ်၏ ခေါင်းစဉ်က တိုးမြင့်လာခဲ့သည်။
ပြီးခဲ့သည့် ရုပ်သံဖိုင်အကြောင်း ရှန်းရွှမ်ကလည်း မြင်ခဲ့ပြီး သူမက ထိတ်လန့်သွားခဲ့သည်။ သူမက မမေးရသေးခင် ဖူလဲ့ထျန်းက ရုပ်ရှင်အဖွဲ့သို့ ရောက်လာခဲ့သည်။
ရုပ်ရှင်အဖွဲ့ထဲတွင် ရက်အတော်ကြာ အတူတကွ ရှိနေပြီးနောက် ရှန်းရွှမ်က နောက်ဆုံးတွင် ထိုအကြောင်း မေးလိုက်သည်။
ဖူလဲ့ထျန်းက သူ ထောင်ချောက်အဆင်ခံရကြောင်းနှင့် မကြာခင် နောက်ကွယ်မှ မကောင်းသတင်း ဖြန့်သည့်သူအား ရှာဖွေမည်ဟုသာ ပြောခဲ့သည်။
ရှန်းရွှမ်က အပေါ်ယံတွင် သူမနားလည်ကြောင်း ဖော်ပြခဲ့သော်လည်း တကယ်တမ်းတွင် သူမက ဖူလဲ့ထျန်းပါဝင်နေသည့် ကိစ္စများနှင့် ပတ်သက်ပြီး သတင်းများကို ပိုရှာရန် သွားခဲ့သည်။
ကျောက်ထောက်နောက်ခံတစ်ယောက် ရှိခြင်းက ကောင်းမွန်ပေသည်။ သို့သော် ဖူလဲ့ထျန်းက ဂေးဖြစ်နေခဲ့လျှင် ရှန်းရွှမ်းက သူ၏ ထောက်ပံ့မှုကို ထပ်မလိုတော့ဟု ခံစားရပေသည်။
ဖူမိသားစုက အင်အားကြီးသော်လည်း သူတို့ထက် ပိုအင်အားကြီးသည့် မိသားစုကြီးလေးခု ရှိပေသည်။
ရှန်းရွှမ်က နားလည်သည်ကို မြင်သောအခါ ဖူလဲ့ထျန်းက ရှန်းရွှမ်အပေါ် ပိုက်ဆံများ ပိုမိုသုံးစွဲပေးခဲ့သည်။
‘ဓားနတ်သမီး’ ကို ထုတ်လွှင့်ခြင်း မရှိသေးသော်လည်း ရှန်းရွှမ်နှင့်ပတ်သက်သည့် သတင်းထုတ်ပြန်ချက်များက နေရာတိုင်းတွင် ရှိနေပြီဖြစ်ပြီး လူတိုင်း သူတို့ ဖွင့်ထားသည့် မည်သည့်အင်တာနက်စာမျက်နှာတွင်မဆို မြင်နိုင်ပေသည်။
သူတို့ ပို့စ်တင်ခဲ့သည့် အဝါရောင်ဝဘ်ဆိုဒ်အတွက် ကြော်ငြာများကဲ့သို့ ထိုဝါဒဖြန့်သည့် ဆောင်းပါးများကို အင်တာနက် အသုံးပြုသူများက ဟာသလုပ်ခဲ့ကြသည်။
နှိုင်းယှဉ်ရလျှင် ချင်ယွဲ့ကျီ၏ ဒရာမာဇာတ်လမ်းခေါင်းစဉ်က hot search တွင် တခါတရံသာ ပါလေ့ရှိသော်လည်း hot search သို့ ဝင်သည့်အချိန်တိုင်း ၎င်းက နံပါတ်တစ်ဖြစ်ပေလိမ့်မည်။
ဇာတ်လမ်းတွဲနှစ်ခုက တစ်ချိန်ထဲနီးပါး ပြီးသွားခဲ့သည်။ ဤအချိန်၌ ရှန်းထင်ရွှမ်းက သူမ၏ ၄၀ ခုမြောက် မစ်ရှင်ကို လုပ်ဆောင်နေပေသည်။
၁၅ ရက်အတွင်း သူမ၏ ငွေကြေးက ၁၆သန်း ရောက်ရပေမည်။
ဤကာလအတွင်း ရှန်းထင်ရွှမ်းက စူပါမောသို့ နေ့တိုင်း ကြီးမားသည့် ထုတ်ကုန်ပမာဏကို တင်သွင်းပြီးဖြစ်သည်။ ရင်ရင်၏ အကူအညီနှင့်အတူ ရှန်းထင်ရွှမ်း၏ နေ့စဉ် သစ်သီးတင်သွင်းမှုက တစ်မျိုးစီကို ကတ်တီ ၂၀၀၀ ခန့် တိုက်ရိုက် ပြင်ဆင်ခဲ့ရပေသည်။
ထို့ကြောင့် သူမ၏ ငွေကြေးက တာဝန်မထုတ်ပြန်ခင် ၁၀ သန်း ကျော်သွားပြီဖြစ်သည်။
တာဝန်ထုတ်ပြန်သည်နှင့် ရှန်းထင်ရွှမ်းက သစ်သီးတချို့ ပိုပြီး တင်သွင်းရန်သာ လိုပေသည်။
သို့သော်လည်း ဤကာလအတွင်း မြောင်မြောင် သယ်ယူပို့ဆောင်ရေးကလည်း ဝင်ငွေများ ရရှိခဲ့သည်။
တာဝန်ကို လက်ခံပြီးနောက် ရှန်းထင်ရွှမ်း၏ ရတနာဆိုင်တွင် ရှိသည့် သစ်သီးများကိုလည်း ပြန်လည်ဖြည့်တင်းလိုက်သည်။ ရင်ရင်က ယခုအချိန်တွင် ရှန်းထင်ရွှမ်းကို ငွေဝင်အောင် ကူညီပေးနေသောကြောင့် အားထုတ်မှုတစ်ဝက်နှင့်အတူ ရလာဒ်နှစ်ဆဖြစ်သွားခဲ့သည်။
...
တာဝန်က ၁၀ ရက်အတွင်း ပြီးမြောက်ရန် လိုအပ်သော်လည်း ရှန်းထင်ရွှမ်းက ၎င်းကို လေးရက်မြောက်နေ့တွင် ပြီးမြောက်သွားခဲ့သည်။
စနစ်က မေးလိုက်သည်။ “တာဝန်ထပ်ထည့်ချင်ပါသလား “
ရှန်းထင်ရွှမ်းက ငြင်းဆိုလိုက်သည်။ ထပ်တိုးတာဝန်က ၃၂ သန်းဖြစ်ခဲ့လျှင် သူမက ၆ရက်အတွင်း ၁၆သန်းရှာရပေလိမ့်မည်။ ဤပန်းတိုင်က အတော်ကလေး ခက်ခဲပေသည်။
ထိုသို့ ပြောပြီးနောက် သူမက ယခင်က ငွေကြေးနှင့်ပတ်သက်ပြီး မည်သည့်အမြင်မှမရှိပေ။ စနစ်က ငွေကြေးရှာဖွေရန် တာဝန်ကို ထုတ်ပြန်ပေးပြီးကတည်းက ရှန်းထင်ရွှမ်း၏ ငွေကြေးအပေါ် သဘောထားကလည်း တိုးတက်သွားခဲ့သည်။
“တာဝန်ပြီးမြောက်ခြင်းအတွက် ဂုဏ်ယူပါတယ် host၊ ဆုတစ်ခု လက်ခံရရှိပါတယ်၊ ဝိညာဉ်သွေးကြော ၄၀% ပြန်လည်ရရှိပါတယ် “
...
သူမခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအင်များ ပြန်လည်ရရှိသည့် ခံစားချက်က သူမ၏ ခန္ဓာကိုယ်ထဲရှိ အရိုးများ အများကြီး ပေါ့ပါးသွားပုံရသကဲ့သို့ သူမလက်မောင်းကို ကြည့်လိုက်သည်။ သူမက ခုန်ကြည့်လိုက်ရာ အချိန်တိုအတွင်း ခုန်နိုင်သည်ကို တွေ့ခဲ့ရသည်။
ရင်ရင်ကလည်း ဝိညာဉ်စွမ်းအင် တိုးလာသည်ကို ခံစားမိကာ တောင်အရှေ့သို့ ပျံသန်းလာခဲ့သည်။ ၎င်းက ရှန်းထင်ရွှမ်းဖြစ်သည်ကို မြင်ပြီးနောက် သူက သူ၏ ပုံမှန်အေးစက်သည့် အကြည့်သို့ တဖန် ပြန်ပြောင်းသွားခဲ့သည်။ သို့သော် ထွက်မသွားခင် သူက ပြောလိုက်သည်။ “မဆိုးပါဘူး “
ရှန်းထင်ရွှမ်းက ပြုံးလိုက်ကာ ခေါင်းခါလိုက်သည်။ ယခု ဝိညာဉ်သွေးကြော ၄၀% ပြန်လည်ဖြည့်တင်းမှုနှင့်အတူ သူမက တစ်ကြိမ်တွင် လယ်ဧကအများကြီးကို ရေလောင်းနိုင်ပေသည်။
ဝိညာဉ်သွေးကြောများ ပိုမိုရရှိလာလေလေ၊ ဝိညာဉ်စွမ်းအင်ကလည်း များပြားလာလေလေဖြစ်သောကြောင့် ဝိညာဉ်သွေးကြော ၁၀၀% ပြန်လည်မရရှိသေးတာတောင် တစ်ကြိမ်တည်းဖြင့် တစ်တောင်လုံးကို ရေလောင်းနိုင်မည်ဟု ရှန်းထင်ရွှမ်းက ခံစားမိပေသည်။
...
အောက်တိုဘာနှောင်းပိုင်းတွင် ရှန်းထင်ရွှမ်းက တောင်ပေါ်ရှိ ကုန်းမြေအားလုံးကို စိုက်ပျိုးခဲ့ပြီး မျှော်လင့်ထားသည်ထက် တစ်လပိုစောကာ ပြီးခဲ့သည်။
ညနေ ၅ နာရီတွင် ရှန်းထင်ရွှမ်းက အချိန်အတော်ကြာ မဖွင့်ခဲ့သည့် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်။
လင့်ခ်ကို Weibo တွင် မျှဝေလိုက်သည်နှင့် ပရိသတ်များစွာက ရန်တွေ့ရန် ရောက်လာကြသည်။
[အားရွှမ်း၊ နောက်ဆုံး Weibo မဲနှိုက်ပေးပြီးတည်းက မင်း တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုမှ မလုပ်ခဲ့ဘူး။]
[အားရွှမ်း နောက်ဆုံးတော့ ဘလော့ဂါဆိုတာ သတိရသေးတယ်ပေါ့။]
...
ရှန်းထင်ရွှမ်း။ “မကြာသေးခင်က ကျွန်မ အလုပ်ရှုပ်နေခဲ့တာ၊ ကျွန်မ ကျန်တဲ့ တောင်တစ်ခြမ်းကို စိုက်ပျိုးနေခဲ့တာ၊ ဒါဆို ဒီနေ့ ရှင်တို့ကို ကျွန်မစိုက်ပျိုးထားတာတွေ ပြမယ် “
[ဝိုး.... တောင်တစ်ခြမ်းတောင်။ အဲ့ဒီမှာ အရသာရှိတဲ့အရာတွေ ဘယ်လောက်တောင်ရှိလိုက်မလဲ။]
[ငါ အခုတောင် သွားရည်ကျနေပြီ။]
[ရတနာဆိုင်မှာ အသီးအသစ်တွေနဲ့ ဟင်းသီးဟင်းရွက် အသစ်တွေ ဘယ်ချိန်ရမှာလဲ။]
...
ရှန်းထင်ရွှမ်း။ “သရက်သီးတွေက မှည့်နေကြပြီ၊ ဒါ့ကြောင့် သရက်သီးတွေ လိုက်ပြမယ်၊ ရှင်တို့ ကောင်းတယ်လို့ထင်ရင် ကျွန်မ ဒီနေ့ စင်ပေါ်မှာ သရက်သီးတွေ ထားပေးမယ် “
[သေချာတာပေါ့။]
[ငါ ငါ့ပိုက်ဆံအိတ်ကို ပြင်ထားပြီးပြီ။]
[ပိုက်ဆံအိတ်ကို ပြင်ထားလည်း အသုံးမဝင်ဘူး။ အားရွှမ်းက ဝယ်ယူမှုကို ကန့်သတ်ထားတုန်းပဲ။]
ရှန်းထင်ရွှမ်း။ “ဟုတ်တယ်၊ သရက်သီးတွေ စင်ပေါ် တင်ရင်တောင် ဝယ်ယူမှုကို ကန့်သတ်ထားတုန်းပဲ “
သရက်သီးများက အလွန်ကြီးမားပြီး အပင်ပေါ်တွင် တွဲလောင်းကျနေပေသည်။ ၎င်းတို့က အဝါရောင်ပေါ်တွင် နီကြင့်ကြင့်ဖြစ်နေပြီး အလွန်လှပပေသည်။
ထိုသရက်သီးများ၏ ရနံ့က မူလအသီးများ၏ ရနံ့ထက် ပိုမွှေးပေသည်။ ထို့ကြောင့် ၎င်းတို့ကို အဝေးမှပင် ခွဲခြားနိုင်ပေသည်။
ရှန်းထင်ရွှမ်းက သရက်သီးတစ်လုံးကို ကောက်ယူလိုက်ပြီး အခွံနွှာလိုက်သည်။
[သရက်သီးက အရမ်းကြီးတာပဲ။ ငါတော့ သွားရည်ကျနေပြီဟေ့။]
[ငါ သရက်သီးတွေ ကြိုက်တယ်။]
ရှန်းထင်ရွှမ်းက တစ်ကိုက်ကိုက်ပြီးနောက် သရက်သီး၏ ချိုမြိန်မှုက သူမခံတွင်းထဲ ပျံ့နှံ့သွားတော့သည်။
ဤသရက်သိးက အလွန်ကြီးမားပြီး သူမက အနည်းငယ် စားပြီးနောက် အစေ့က အလွန်ပါးကြောင်း အင်တာနက်အသုံးပြုသူများက ရှာတွေ့သွားခဲ့ကြသည်။
[ဒီသရက်သီးက အရမ်းလတ်ဆတ်တာ မြင်ရတယ်။ အစေ့ကလည်း ပါးနေတာပဲ။ ငါ ကြိုက်တယ်။]
[အမျှင်တွေလည်း အရမ်းမပါဘူး။]
[အားရွှမ်း၊ ထပ်မစားပါနဲ့တော့။ စင်ပေါ် အခုတင်ပေးပါတော့။]
[ငါ့လက်ထဲက ဖရဲသီးက အနံ့မရတော့ဘူး။ မှတ်ချက်။ ဖရဲသီးက အားရွှမ်းဆီမှ မဟုတ်ပါ။]
ရှန်းထင်ရွှမ်းက သရက်သီးတစ်လုံးလုံးစားပြီးသွားပြီး ၎င်းက အလွန်ချိုသောကြောင့် လူများက သေချာပေါက် ကြိုက်နှစ်သက်လိမ့်မည်ဟု ထင်ပေသည်။ “ကျွန်မ နောက်ပြီးကျရင် စင်ပေါ်မှာ အလုံး တစ်သောင်း တင်ထားပေးမယ် “
၎င်းက ယခင်ကနှင့် ကွဲပြားပေသည်။ ရှန်းထင်ရွှမ်း၏ လက်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုတွင် အနည်းဆုံး လူ ၃သိန်းခန့် ကြည့်ရှုနေပေသည်။ ထို့ကြောင့် သရက်သီး တစ်သောင်းကို လူ တစ်သောင်းကသာ ဝယ်နိုင်ပေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲရှိ ကြည့်ရှုသူများက ၃%သာ အသီးဝယ်နိုင်ပေလိမ့်မည်။
“ပြီးတော့ လူဆယ်ယောက်ကို သရက်သီးတွေ ပေးဖို့ မဲနှိုက်ပေးပါမယ်နော် “
မဲနှိုက်ပေးပြီးနောက် ရှန်းထင်ရွှမ်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ကာ ရှောင်ဖုန်းဆီသို့ ယွမ် ၁ သိန်း လွှဲပေးလိုက်သည်။
…
နောက်နေ့ နံနက်စောစောတွင် ရှန်းထင်ရွှမ်းက ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။ “ဟယ်လို၊ မစ္စရှန်း ကျွန်တော်တို့က ဗီဗီအဖွဲ့ကပါ “
“ဗီဗီအဖွဲ့လား “
ရှန်းထင်ရွှမ်းက ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို မကြာခဏ ကြည့်ရှုလေ့ရှိပြီး အနှစ်သက်ဆုံး ပရိသတ်အဆင့် ၅ တွင် ရှိပေသည်။ သို့သော် ရှန်းထင်ရွှမ်းက ထိုနာမည်ကို မကြားဖူးပုံပေါ်သည်ဟု ဝန်ထမ်းက ထင်သွားခဲ့သည်။
သူက ရှင်းပြလိုက်သည်။ “ဗီဗီ တိုက်ရိုက်ထုတ်လွှင့်မှုကပါ “
“အိုး မင်္ဂလာပါ၊ ဘာများဖြစ်လို့ပါလဲရှင့် “ ရှန်းထင်ရွှမ်းက ထိုအကြောင်း တွေးတောလိုက်သည်။ သူမက ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။
“ပြဿနာဖြစ်တာမဟုတ်ပါဘူး၊ မစ္စရှန်းကလည်း တိုက်ရိုက်ထုတ်လွှင့်သူ တစ်ယောက် ဖြစ်တယ်ဆိုတာ သိခဲ့ရပါတယ်၊ အဲဒါကြောင့် ကျွန်တော်တို့ကလည်း မစ္စရှန်းကို အတူတူ တိုက်ရိုက်ထုတ်လွှင့်ကြဖို့ ဖိတ်ခေါ်ချင်တာပါ “
ဗီဗီတိုက်ရိုက်ထုတ်လွှင့်မှုတွင် ရောင်းချသည့် ကုန်ပစ္စည်းများအနေဖြင့် ရှန်းထင်ရွှမ်းသိသည့် အကောင်းဆုံးကုန်ပစ္စည်းက ခရုခေါက်ဆွဲဖြစ်သည်။ သို့သော် သူမကိုယ်တိုင် ၎င်းကို ပြုလုပ်နိုင်သည့်အချိန်တည်းက သူမက ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဘာမှထပ်မဝယ်ခဲ့ချေ။
ထိုအကြောင်းတွေးပြီးနောက် ရှန်းထင်ရွှမ်းက ဖိတ်ခေါ်မှုကို ငြင်းဆိုလိုက်သည်။
ဝန်ထမ်းက ဖုန်းချလိုက်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။
ဗီဗီ၏ ဂုဏ်သတင်းက အလွန်ကြီးမားသည်ဟု သူ ဂုဏ်ယူစွာ ပြောနိုင်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုသို့ ဖိတ်ကြားခံရသည့် သာမန်အင်တာနက်ဆယ်လီများက အလွန်ပျော်ရွှင်သွားမည်ဖြစ်ကြောင်း ပြောနိုင်ပေသည်။ သို့သော် ရှန်းထင်ရွှမ်းက ထိုအစား ငြင်းဆိုခဲ့ပေသည်။
…
အခန်း (၅၁) (ခ)
သုံးရက်ကြာပြီးနောက် စနစ်၏ စက်အသံက ရှန်းထင်ရွှမ်းကို တာဝန်တစ်ခု ထုတ်ပြန်လာခဲ့သည်။
“ကျေးဇူးပြုပြီး host၊ ၁၀ ရက်အတွင်း လွှမ်းမိုးမှုကို ၁၄ သန်းကျော်အောင် လုပ်ပါ “
ယခင်က ရှန်းထင်ရွှမ်းသည် follower ၁၀သန်းသို့ ရောက်ရန်သာ လိုအပ်ပြီး သူမက ထိုကိစ္စနှင့်ပတ်သက်ပြီး ဂရုမစိုက်ခဲ့ပေ။
ရှန်းထင်ရွှမ်းက စနစ်က ပြောသည့် တာဝန်ကို ကြားသောအခါ သူမက Weibo ကို ဖွင့်လိုက်ရာ သူမတွင် follower ၁၀.၀၁ သန်း သာရှိကြောင်း တွေ့လိုက်ရသည်။
Weibo က မကြည့်ဘဲထားလျှင် အလုပ်မလုပ်တော့သည့်ပုံပင်။
ယခင်က follower များစွာ ရခဲ့သည့် အကြောင်းပြချက်က ချင်ယွဲ့ကျီ၏ ဂုဏ်သတင်းကြောင့် အဓိကဖြစ်သည်။ ထို့ကြောင့် တူညီသည့် နည်းလမ်းကို ထပ်သုံး၍ မရနိုင်ပေ။
ရှန်းထင်ရွှမ်းက ထိုအကြောင်းတွေးလိုက်သည်။ သူမသာ ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုသို့ သွားခဲ့လျှင် follower များကို ပိုမိုဆွဲဆောင်နိုင်လိမ့်မည်လား။
သို့သော် သူမက သူတို့ကို အရင်ငြင်းဆိုခဲ့ပြီးဖြစ်သည်။ သူမက ယခု သွားချင်သည်ဟု မည်သို့ပြောနိုင်မည်နည်း။
ကျိကျိက သူမရှေ့သို့ ပျံသန်းလာပြီး ရှန်းထင်ရွှမ်းက အချိန်အတော်ကြာ မရုန်းကန်ခဲ့ရပေ။ “အားရွှမ်း၊ တောင်ခြေမှာ နင့်ကို ရှာနေတဲ့သူတွေ ရှိတယ်၊ ဒါပေမဲ့ ငါ သူတို့ကို အရင်က တစ်ခါမှမမြင်ဖူးဘူး၊ သူတို့အကုန်လုံးက လူစိမ်းတွေ “
ရှန်းထင်ရွှမ်းက တောင်အောက်သို့ ဆင်းလာခဲ့ပြီး အပြင်တွင် တစ်ခါမှ မမြင်ဖူးခဲ့သည့် အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။ သို့သော် အင်တာနက်ပေါ်တွင် မကြာခဏ မြင်ဖူးပေသည်။ ထိုအမျိူးသမီးက ဗီဗီ ဖြစ်သည်။
ဗီဗီက ရှန်းထင်ရွှမ်းကို မြင်ပြီး အနည်းငယ် မှင်တက်သွားခဲ့သည်။ “ဟယ်လို ငါက ဗီဗီပါ “
ဗီဗီက ပိုမိုလှပအောင်လုပ်ပေးသည့် အလင်းရောင်များ၊ စစ်ထုတ်မှုများဖြင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ ထို့ကြောင့် တကယ့်အစစ်အမှန်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုကြားတွင် ကွာဟချက်တချို့ ရှိပေသည်။
သို့သော် တစ်ဖက်တွင် ရှန်းထင်ရွှမ်းက တိုက်ရိုက်ထုတ်လွှင့်မှုထဲကထက် အများကြီး ပိုကြည့်ကောင်းပေသည်။ ထို့ကြောင့် ဗီဗီက ရှန်းထင်ရွှမ်းကို ပထမဆုံးတွေ့သည့်အချိန်၌ မတုံ့ပြန်နိုင် ဖြစ်သွားခဲ့သည်။
ဗီဗီတွင် အဖွဲ့ဝင်များစွာ ရှိကြသည်။ သို့သော် သူမကလည်း အလွန်အလုပ်ကြိုးစားပေသည်။
ရှန်းထင်ရွှမ်းက ဖိတ်ကြားချက်ကို ငြင်းဆိုခဲ့ကြောင်း ဝန်ထမ်းဆီမှ ကြားပြီးနောက် ဗီဗီက ကိုယ်တိုင် ဖိတ်ကြားရန် ဆုံးဖြတ်ခဲ့သည်။
မလာခင် ဗီဗီက ယခုနှစ်နှင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူတို့ဂုဏ်သတင်းကို တိုးမြှင့်နိုင်ခဲ့သည့် အင်တာနက်အသုံးပြုသူများတွင် ရှန်းထင်ရွှမ်းက အမြန်ဆုံးဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။
ယင်းက ဗီဗီအနေဖြင့် ရှန်းထင်ရွှမ်းကို ဖိတ်ကြားရသည့် တစ်ခုတည်းသော အကြောင်းရင်း မဟုတ်ပေ။
ရှန်းထင်ရွှမ်း၏ အားအကောင်းဆုံးအချက်မှာ သူမနောက်တွင် အဖွဲ့တစ်ခုမှ မရှိကြောင်း သူမ ခံစားမိခဲ့သည်။ ဤလူတစ်ယောက်က သူမကိုယ်ပိုင်အင်အားဖြင့် ပရိသတ်များ ရရှိလာခဲ့သည်။
အမှန်တော့ ဗီဗီက အစက နားမလည်ခဲ့သလို မခန့်မှန်းနိုင်ခဲ့ချေ။ သူမ၏ အဖွဲ့က တခြားအင်တာနက်ဆယ်လီများ၏ လမ်းကြောင်းကို ခွဲခြမ်းစိတ်ဖြာခဲ့သော်လည်း ထိုခွဲခြမ်းစိတ်ဖြာမှုက ရှန်းထင်ရွှမ်းအတွက် မသင့်လျော်ခဲ့ချေ။
ဗီဗီက ရှန်းထင်ရွှမ်း၏ အသီးများကို ဝယ်ခဲ့သည့်အချိန်၌ အရာအားလုံးက ဖြေရှင်းပြီးသား ဖြစ်သွားခဲ့သည်။
ဝိုင်ကောင်းရင် လူတွေက နက်ရှိုင်းတဲ့ လမ်းကြားတွေထဲမှာတောင် ရှာဖွေဖို့ မကြောက်ရွံ့ကြဘူးလို့ ပြောကြတဲ့ စကားက အမှန်ပဲ။
သို့သော်လည်း ယနေ့ခေတ်တွင် ကုန်ပစ္စည်းများစွာက ကြီးကြီးမားမား လူသိရှင်ကြားကြော်ငြာထားကြသော်လည်း စစ်မှန်သည့်ပစ္စည်းက တကယ်ပဲ အများကြီးမရှိပေ။
သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုရှိ ကုန်ပစ္စည်းများကိုတောင် တခါတရံတွင် သူမက သိပ်ပြီး စိတ်ကျေနပ်မှုမရှိပေ။ သို့သော် သန့်စင်သည့် ဆုံးဖြတ်ချက်ဖြင့်သာ ပြုလုပ်နိုင်ခဲ့သည်။
ဗီဗီအမှန်တကယ် စိတ်ကျေနပ်မိသည်က ရှန်းထင်ရွှမ်း၏ သစ်သီးများဖြစ်သည်။
အမှန်ပင်။ ရှန်းထင်ရွှမ်းသာ ရောက်လာခဲ့လျှင် ယင်းက အလွန်ချစ်စရာကောင်းလိမ့်မည်ဟု ဗီဗီက ထင်ခဲ့သည်။ သူမက ကင်မရာရှေ့တွင် ဘယ်တော့မှ ဟန်မဆောင်ခဲ့ပေ။
ရှန်းထင်ရွှမ်း။ “ကျွန်မသိတယ်၊ ကျွန်မ ရှင့်ကို ခဏခဏ မြင်ဖူးတယ် “
ဝန်ထမ်းက ရှန်းထင်ရွှမ်း ထိုသို့ ပြောသည်ကို ကြားသောအခါ ရယ်မောလိုက်သည်။
သူတို့က ယုံကြည်ပေသည်။ အားလုံးပြီးနောက် ရှန်းထင်ရွှမ်းက ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် မကြာခဏ ကြည့်ရှုသူ ဖြစ်သည်။ သူမက အနှစ်သက်ဆုံး ပရိသတ်အဆင့် ၅ ရှိနေဆဲဖြစ်ပြီး နှစ်တစ်နှစ်အဆုံး၌ သူတို့အဖွဲ့က တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် လက်ဆောင်လေးတစ်ခု ပေးလိမ့်မည်ဖြစ်သည်။
ဗီဗီက ပြောလိုက်သည်။ “ငါ တောင်းပန်ပါတယ်၊ ဒါပေမဲ့ ငါက မစ္စရှန်းကို ဖိတ်ကြားဖို့အတွက် မိနစ်အနည်းငယ်လောက် ဆွယ်ချင်သေးတယ် “
ရှန်းထင်ရွှမ်းက သူမစိတ်ထဲတွင် အလွန်ပျော်ရွှင်သွားခဲ့သည်။ ဒါက သူမဆီသို့ သူ့ကိုယ်သူ ပို့ဆောင်လာသည့် တာဝန်ပြီးမြောက်မှု မဟုတ်ပါလား။
“အရင်က ရှင့်ရဲ့ ဖိတ်ကြားချက်ကို ကျွန်မ ထပ်စဉ်းစားလိုက်တော့ အဆင်ပြေတယ်လို့ တွေးမိတယ် “
ဗီဗီက အံ့အားသင့်သွားခဲ့သည်။
လွန်ခဲ့သည့် သုံးရက်က ရှန်းထင်ရွှမ်းသည် သူမ၏ ဖိတ်ကြားချက်ကို ငြင်းဆိုခဲ့သည်။ ထိုအချိန်မှစကာ ဗီဗီက ရှန်းထင်ရွှမ်း၏ စုဆောင်းထားသည့် သတင်းအချက်အလက်များကို ဂရုတစိုက် စစ်ဆေးခဲ့ပြီး တဖက်လူ၏ ပင်ကိုစရိုက်နှင့် နှစ်သက်မှုများကို ခွဲခြမ်းစိတ်ဖြာခဲ့ကာ ယနေ့ သူမကို ဆွဲဆောင်ရန် တံခါးဆီသို့ ရောက်လာခဲ့သည်။ သို့သော် သူမက သူ့ကို မဆွဲဆောင်ရသေးခင် တဖက်လူက လက်ခံလိုက်သည်။
ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပေ။ တpfဖက်လူက လာရန် သဘောတူခဲ့သည်။ “ကောင်းလိုက်တာ၊ ဒါဆို မစ္စရှန်း ဘယ်တော့အားမလဲ “
“ဘယ်ချိန်ဖြစ်ဖြစ် အဆင်ပြေပါတယ် “
ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှု ည ၈နာရီမှ ၁၂ နာရီအထိဖြစ်သည်။ သို့သော် ဗီဗီက ဖိတ်ကြားထားသည့် ဧည့်သည့်များကို ည ၉နာရီမှ ၁၀နာရီအတွင်း ပေါ်လာမှန်း ရှန်းထင်ရွှမ်းက သိပေသည်။ တချို့မှာ နာရီဝက်ခန့်သာနေပြီး ထွက်သွားကြောင်းလည်း သူမသိပေသည်။ ဥပမာ ပိုင်ဟောက် ဖြစ်သည်။
ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် နောက်သုံးရက်စာအတွက် ကုန်ပစ္စည်းများက အတည်ပြုပြီးသား ဖြစ်သည်။ ဗီဗီက ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။
“သုံးရက်အတွင်း အပြီးသတ်နိုင်မလား “ ဤအချိန်အတောအတွင်း သူမက ကြိုတင် ကြော်ငြာနိုင်ပေသည်။
“ရပါတယ် “ ရှန်းထင်ရွှမ်းက သဘောတူလိုက်သည်။
ဗီဗီက ထပ်ပြောလိုက်သည်။ “တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းမှာ မင်းရဲ့အသီးတွေကိုရော ရောင်းလို့ရမလား “
ရှန်းထင်ရွှမ်း၏ အသီးများက တကယ်ပဲ အရသာရှိပေသည်။ သို့သော် ရှန်းထင်ရွှမ်းက သူမ၏ ရတနာဆိုင်တွင် သူမကိုယ်တိုင် ရောင်းချကြောင်း သိခဲ့ရသည်။
ရတနာဆိုင်က လအနည်းငယ်သာ ဖွင့်ရသေးသော်လည်း ထောက်ခံချက် သရဖူတစ်ခုကို တိုက်ရိုက် ရရှိထားပေသည်။ မကြာသေးမီကမှ ၎င်းသည် ပိုပြီးတိုးတက်လာခဲ့သည်။
ဆိုင်ရှိ ပစ္စည်းများက ငါးမိနစ်မတိုင်ခင် ရောင်းထွက်သွားလေ့ရှိသည်။ ယခင်က သရက်သီးများကို သူတို့တစ်ဖွဲ့လုံးကို စေလွှတ်ခဲ့သော်လည်း ၂ကတ်တီသာ လုယူနိုင်ခဲ့သည်။
သူတို့က သရက်သီးများစားပြီးနောက် ယခင်က သူတို့စင်များပေါ်တွင် တင်ထားခဲ့သည့် သရက်များထက် အဆပေါင်းများစွာ ပိုကောင်းကြောင်း တွေ့ရှိခဲ့သည်။
ဗီဗီဘေးရှိ ဝန်ထမ်းက ပြောလိုက်သည်။
“ငါ့ စင်ပေါ်မှာတင်ရင် ဘာအခကြေးငွေမှ ပေးစရာမလိုပါဘူး၊ ရှင် ပို့ချင်သလောက် အသီးတွေ ပို့လို့ရပါတယ် “
ဗီဗီက မိတ်ဆက်လိုက်သည်။ “ဒါက ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်ထဲက တစ်ယောက် ရှောင်ချင်တဲ့ “ ဆိုလိုသည်မှာ ရှောင်ချင်ပြောသည်ကို ယုံကြည်နိုင်ပေသည်။
“မင်္ဂလာပါ “ ပိုက်ဆံက အရေးကြီးသော်လည်း ရှန်းထင်ရွှမ်းအတွက် ယခုလက်ရှိတွင် ပရိသတ်များက ပိုအရေးကြီးပေသည်။
လက်ရှိတွင် ရှင်းယွမ်ရှန်၏ ဂုဏ်သတင်းက မြင့်တက်နေပြီဖြစ်သည်။ ဤအသီးများကို ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုရှိ စင်ပေါ်တွင် ထားပါက ဂုဏ်သတင်းက ပိုမိုမြင့်မားလာမည်ဖြစ်ပြီး သူမက follower များ ပိုမိုရရှိလာပေမည်။
ရှန်းထင်ရွှမ်းက ပြောလိုက်သည်။ “ဘယ်လိုအသီးမျိုးတွေ လိုအပ်တာလဲ “
ဗီဗီက ခဏလောက် တွေးပြီးနောက် အသံတိုးတိုးဖြင့် မေးလိုက်သည်။
“ငါ အသီးငါးမျိုးလောက် ရွေးလို့ရမလား၊ တစ်ခုကို ကတ်တီတစ်သောင်းစီလောက်ပေါ့ “
ယင်းက အလွန်များပြားနေမည်ကို စိုးရိမ်ကာ ဗီဗီက ထပ်ပြောလိုက်သည်။
“မဟုတ်လည်း တစ်ခုစီကို ကတ်တီငါးထောင်လောက်ဆိုလည်း အဆင်ပြေပါတယ်၊ ငါတို့လည်း ဝယ်ယူမှုကို ကန့်သတ်လိုက်မယ်လေ “
ရှန်းထင်ရွှမ်း၏ ဝယ်ယူမှုကန့်သတ်ခြင်းကို သတင်းအချက်အလက်များကို ဖတ်ပြီးနောက် ဗီဗီက သိခဲ့သည်။ ထို့ပြင် သရက်သီးဝယ်သည့်အချိန်တွင်လည်း သူမကိုယ်တိုင် တွေ့ကြုံခဲ့ရသည်။
သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် တစ်နေ့လျှင် ကြည့်ရှုသူက ပျမ်းမျှ ၁၀သန်း ရှိကာ ငါးထောင်ကတ်တီမှမဟုတ် တစ်သောင်းကတ်တီဆိုလျှင်တောင် သိပ်မများပေ။ ယင်းက လုံးဝကို ပရိသတ်များ၏ အကျိုးအတွက် ဖြစ်သည်။
“ကတ်တီတစ်သောင်းက အဆင်ပြေပါတယ်၊ သုံးရက်ကြာပြီးမှ အသီးတွေ လာကောက်လို့ရမလား “
“ပြဿနာမရှိပါဘူး “
ပူးပေါင်းဆောင်ရွက်သည့် ကိစ္စများကို အပြီးသတ်လုပ်ဆောင်ပြီးနောက် ဗီဗီက ယနေ့ည တိုက်ရိုက်ထုတ်လွှင့်မှုကို ပြင်ဆင်ရန် ပြန်သွားခဲ့သည်။ ဒါပေါ့။ ပြန်သွားပြီးတော့ သူမ Weibo တွင် ပို့စ်တင်ခြင်းကို မတားနိုင်ခဲ့ချေ။ [ဗီဗီ။ နိုဝင်ဘာ ၃ရက်နေ့မှာ ထူးခြားတဲ့ဧည့်သည်တစ်ယောက်ကို တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှာ ဖိတ်ခေါ်ထားပါတယ်။ ဘယ်သူလဲဆိုတာ လူတိုင်းပဲ ခန့်မှန်းနိုင်ပါတယ်။ တစ်ဖက်လူ စိုက်ပျိုးထားတဲ့အသီးတွေက အရမ်းအရသာရှိပါတယ်။]
...
ယနေ့ခေတ်တွင် မားကတ်တင်းက အလွန်အရေးကြီးပေသည်။ သင့်ကို မည်သူမှ မသိလျှင် သင့်၏ ကုန်ပစ္စည်းများကို မည်သူမှ ဝယ်မည်မဟုတ်ပေ။
ဗီဗီက ပူးပေါင်းလုပ်ဆောင်ခြင်းကို တမှင်တက်သက် ပဟေဠိလုပ်ခဲ့သည်။ အားလုံးပြီးနောက် ရှန်းထင်ရွှမ်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအတွက် ပိုစတာက ထွက်မလာသေးပေ။
သို့သော် အရိပ်အမြွက်က အလွန်သိသာထင်ရှားပေသည်။ လူများစွာက ၎င်းသည် ရှန်းထင်ရွှမ်းဖြစ်လိမ့်မည်ဟု ခန့်မှန်းခဲ့ကြသည်။
လွန်ခဲ့သည့် လအနည်းငယ်က ရှင်းယွမ်ရှန်မှ အသီးများအပေါ် ရှာဖွေမှု မည်မျှများပြားခဲ့သနည်း။ အင်တာနက်ပေါ်ရှိ လူတိုင်းက ထိုအကြောင်းနှင့်ပတ်သက်ပြီး အနည်းငယ် လေ့လာခဲ့ဖူးကြသည်။
ထို့ကြောင် နောက်တစ်နေ့တွင် ဗီဗီ၏ Weibo က တဖန် ထုတ်ပြန်လာခဲ့သောအခါ အင်တာနက် အသုံးပြုသူများက မအံ့ဩခဲ့ကြချေ။ [ဗီဗီ။ ရှင်တို့ ခန့်မှန်းတာ မှန်ပါတယ်။ နိုဝင်ဘာ ၃ရက်နေ့မှာ ကျွန်မတို့ @အပင်စိုက်တဲ့ အားရွှမ်း နဲ့ တိုက်ရိုက်ထုတ်လွှင့်ပါမယ်။ သူမရဲ့အသီးတွေလည်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ ရောင်းချပါမယ်။]
ဤ Weibo ပို့စ်က အင်တာနက်အသုံးပြုသူများစွာ၏ စိတ်ကို ပေါက်ကွဲသွားစေခဲ့သည်။
ရှန်းထင်ရွှမ်း၏ အသီးများက ကောင်းမွန်ကြောင်း မသိသည့်သူမရှိပေ။ သို့သော် ၎င်းတို့ကို ဝယ်ယူရန် မလွယ်ကူချေ။
[ငါအဆင့်သင့်ပဲဟေ့။]
[ငါ ဗီဗီကို ကြည့်ပါတယ်။ ဒါပေမဲ့ သူမ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ရောင်းတဲ့ပစ္စည်းတွေကို ဝင်လုတာ ရှားတယ်။ ဒီအသီးတွေ ဝယ်ဖို့ကိုတော့ နှစ်ခါတွေးဖို့မလိုဘူး ထင်တယ်။]
[ဗီဗီက ကောင်းတယ်လို့ ပြောတာဆိုတော့ ငါ အဲ့ဒါကို အားပေးမယ်ဟေ့။]
အင်တာနက်အသုံးပြုသူများက အများအပြား တုံ့ပြန်ကြသည်ကို မြင်သောအခါ ဗီဗီက hot search တစ်ခုကို ဝယ်ယူရန် အခွင့်အရေးယူလိုက်သည်။
ဤ hot search ဖြင့် ဗီဗီနှင့် ရှန်းထင်ရွှမ်း နှစ်ယောက်လုံးက follower အများအပြား ရရှိခဲ့ကြသည်။
...
မျက်တောင်တစ်ခတ်အတွင်း တိုက်ရိုက်ထုတ်လွှင့်သည့်နေ့သို့ ရောက်ရှိလာခဲ့သည်။
ဗီဗီ၏ စတူဒီယိုဝန်ထမ်းက မနက်စောစောတွင် အသီးများကောက်ရန် ရောက်လာသောအခါ ရှန်းထင်ရွှမ်းက ကားထဲတွင် အသီးများတင်ရန် အဆင့်သင့် ဖြစ်နေပြီဖြစ်သည်။
ရှန်းထင်ရွှမ်းက ဤသုံးရက်အတွင်း သစ်သီးများကို ခူးခဲ့ကြောင်း ဝန်ထမ်းက တွေးမိပြီး သူတို့က အသီးများ မလတ်ဆတ်တော့မည်ကို စိုးရိမ်နေခဲ့ကြသည်။
သို့သော် အသီးများကို မြင်ပြီးနောက် သူတို့က အလွန်စိတ်ပူမိနေကြောင်း တွေ့လိုက်ရသည်။
ရှန်းထင်ရွှမ်းနှင့် တိုက်ရိုက်ထုတ်လွှင့်မှုက ည ၉နာရီတွင် စီစဉ်ထားခဲ့သည်။ သို့သော် သူမက ဗီဗီ၏ စတူဒီယိုသို့ ၈နာရီမထိုးခင် ရောက်လာခဲ့သည်။
ယခင်က ဗီဗီသည် သူမကို မိတ်ကပ်ပြင်ပေးရန်အတွက် စောစော ရောက်ဖို့လိုကြောင်း ပြောခဲ့သည်။
ဝန်ထမ်းများက အဝတ်အစားများကို တွဲဖက်ပြီးသားဖြစ်သည်။ မူလက အဖြူရောင်ဝတ်စုံ ဖြစ်သော်လည်း ရှန်းထင်ရွှမ်းက ထိုဝတ်စုံဘေးမှ ဆွယ်တာနှင့် ဂျင်းဘောင်းဘီကို သဘောကျသွားခဲ့သည်။ “ဒီဝမ်းဆက် ဝတ်လို့အဆင်ပြေလား “
ထိုအဝတ်အစားနှစ်ထည်က ယနေ့ရောင်းချမည့် တခြားပစ္စည်းများဖြစ်ကြသည်။
ရှန်းထင်ရွှမ်း၏ သာမန်ပုံစံကို တွေးလိုက်ပြီး ပြောလိုက်သည်။ “ကိစ္စမရှိဘူး၊ ဝတ်လို့ရတယ်၊ ငါ အရင်ဆုံး တိုက်ရိုက်ထုတ်လွှင့်လိုက်မယ် “
“အမ်း “ ရှန်းထင်ရွှမ်းက မိတ်ကပ်လိမ်းရန် ထိုနေရာတွင် နေနေခဲ့သည်။
အမှန်တော့ ရှန်းထင်ရွှမ်းတွင် ကောင်းမွန်သည့် အောက်ခံအသားအရေ ရှိပေသည်။ သူမက နှုတ်ခမ်းအနည်းငယ်နှင့် မျက်လုံးကာလာအနည်းငယ် ခြယ်ရန်သာ လိုအပ်ပေသည်။
ည ၈နာရီ၌ တိုက်ရိုက်ထုတ်လွှင့်မှု စတင်လိုက်သည်။ ရှေ့ရှိ ပစ္စည်းများက အဓိက အဝတ်အစားများဖြစ်သည်။ ရှန်းထင်ရွှမ်းက ဆွယ်တာနှင့် ဂျင်းဘောင်းဘီတစ်စုံကို ဝတ်ဆင်ထားခဲ့သည်။
အထဲတွင် ဝန်ထမ်းများက ဆိုဒ်များကို ပြရန် အလှည့်ကျ လုပ်ဆောင်နေကြသည်။ ရှန်းထင်ရွှမ်းက အဝတ်အစား နှစ်သောင်းနှင့် ဂျင်းဘောင်းဘီ သုံးသောင်းနီးပါး ရောင်းထွက်သွားပြီဖြစ်ကြောင်း ကွန်ပျူတာပေါ်တွင် မြင်လိုက်ရသည်။ သို့သော် ဂိုထောင်ထဲတွင် အများကြီး ကျန်နေသေးပုံပေါ်ပေသည်။
...
ည ၉နာရီ၌ ဗီဗီက ပြောလိုက်သည်။ “ဒါဆို ငါတို့ အရမ်းစိတ်လှုပ်ရှားရမဲ့ အချိန်ရောက်ပြီ၊ အားရွှမ်းကို ဖိတ်ခေါ်လိုက်ရအောင် “
[အားးးးးးးးး နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။ ငါ အားရွှမ်းကို စောင့်နေခဲ့တာ။]
[ကောင်းပြီ။ ငါ အသီးတွေ သိမ်းလိုက်တော့မယ်။]
[ငါ နင့်ကို စောင့်နေတာ၊ ကံကောင်းစွာနဲ့ပဲ ငါ အရှုံးမပေးခဲ့ဘူး။]
...
ရှန်းထင်ရွှမ်းက ဗီဗီ၏ ဘယ်ဘက်ဘေးတွင် ထိုင်လိုက်ပြီး ဖန်သားပြင်၏ ညာဘက်ခြမ်းလည်း ဖြစ်သည်။
ရှန်းထင်ရွှမ်း၏ အရင်တိုက်ရိုက်ထုတ်လွှင့်မှုများတွင် ဖန်သားပြင်ပေါ်ရှိ အစက်အပြောက်များက အလွန်အနှောင့်အယှက်ဖြစ်နေခဲ့သည်။ အားလုံးပြီးနောက် ယင်းသည် မိုဘိုင်းဖုန်းတစ်လုံး၏ ကင်မရာရှေ့တွင် ဖြစ်ပြီး အလင်းရောင် နေ့လည်ခင်းတွင် အရမ်းမကောင်းခဲ့ပေ။
ယခု ရှန်းထင်ရွှမ်းကို အလွန်ကြင်လင်ပြတ်သားစွာ ကြည့်ရှုရသောအခါ လူတိုင်းက မှင်တက်သွားကြသည်။
[အမေ့ရေ၊ အားရွှမ်းက အရမ်းလှတာပဲ။]
[ဗီဗီရေ၊ မင်းရဲ့ ချစ်လှစွာသော ဖန်တစ်ယောက်အနေနဲ့ ငါ နံရံကို ကျော်တက်သွားတော့မယ်။]
[သူမရုပ်ရည်က ကြယ်တစ်ပွင့်အောက် မကျဘူးပဲ။]
[ဒီလိုချောမောလှပတဲ့မိန်းမငယ်လေးတစ်ယောက်က အပင်စိုက်နေတယ်။ ဘယ်လောက်ရိုးသားလဲ။ ငါ မယုံကြည်နိုင်ဘူး။]
[ဒါနဲ့ အားရွှမ်းဝတ်ထားတဲ့ အဝတ်အစားတွေက အခု ရောင်းနေတဲ့ဟာတွေ မလား။]
...
အောက်တွင် မှတ်ချက်များက ချက်ချင်း တွန်းထွက်လာခဲ့ပြီး ဗီဗီက မပျော်ရွှင်သလို ဟန်ဆောင်လိုက်သည်။
“ရှင်တို့က နံရံကို ကျော်တက်ရဲကြတာပဲ၊ ကျွန်မ ရှင်တို့ကို လျစ်လျူရှုလိုက်တော့မယ်၊ ဟမ့်၊ စကားမစပ် အားရွှမ်းက ဆိုဒ် ၅ ကို ဝတ်ထားတာနော်၊ ဂျင်းဘောင်းဘီက ဆိုဒ် ၇ “
ရှန်းထင်ရွှမ်းက မျက်တောင်ခတ်ကာ မေးလိုက်သည်။ “နံရံကို ကျော်တက်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ “
ဗီဗီက ရှင်းပြလိုက်သည်။ “ကျွန်မရဲ့ ပရိသတ်တွေက ကျွန်မအစား ရှင့်ကို အာရုံစိုက်သွားကြတာကို ပြောတာ “
ရှန်းထင်ရွှမ်းက ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပြီ၊ ရှင့်တို့ ကျွန်မကို follow လုပ်တာ ကြိုဆိုပါတယ် “
အင်တာနက်အသုံးပြုသူများကို ရုတ်တရက် ရယ်မောလိုက်ကြသည်။
[အစ်မလေး မင်းက အရမ်းရိုးစင်းတာပဲ။]
[ငါတို့အားရွှမ်းက ရိုးသားတဲ့သမီးတစ်ယောက်လိုပဲ။]
ဗီဗီက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူမက ပရိသတ်များ လိုချင်လျှင်တောင် သာမန်အခြေအနေအောက်တွင် သူမက ထိုမျှ ပွင့်ပွင့်လင်းလင်း ပြောလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ရှန်းထင်ရွှမ်းက ထိုမျှ ပွင့်ပွင့်လင်းလင်း ပြောလိုက်သောအခါ သူမက လုံးဝစိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။
လူတိုင်းက ပြောနေကြသည်ကို ကြားပြီးနောက် သူမ ပြောလိုက်သည်။ “ငါ့ကို အခု follow မလုပ်ကြပါနဲ့၊ ရှင်တို့ ဗီဗီကို ဆက်ပြီး follow လုပ်ကြပါ၊ ဗီဗီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ အရသာရှိတဲ့ ပစ္စည်းတွေ အများကြီး ရှိတယ်၊ ခရုခေါက်ဆွဲဝယ်စားဖို့ မှတ်ထားပေး “
အင်တာနက် အသုံးပြုသူများက မှတ်ချက်များ စတင်ပေးလိုက်ကြသည်။
[၆၆၆၆၆၆]
[အားရွှမ်း တိုက်ရိုက်ထုတ်လွှင့်မှုကို ခဏခဏ ကြည့်လေ့ရှိတာလား။]
...
ဘေးမှ ဝန်ထမ်းက တီးတိုး ကျိန်ဆဲလိုက်သည်။
ရှန်းထင်ရွှမ်းက ပေါ်လာတာ ခဏပဲရှိသေးသည်။ စင်ပေါ်တွင် တင်ထားသည့် ဆွယ်တာနှင့် ဂျင်းဘောင်းဘီများက တန်းရောင်းထွက်သွားခဲ့သည်။
ဗီဗီက သူမနားထဲမှ ၎င်းကို ကြားလိုက်သည်။ သူမမျက်နှာက ကင်မရာဘက်သို့ လှည့်ကာ တီးတိုးပြောလိုက်သည်။ “ရှင်တို့ကို လျှို့ဝှက်ချက် ပြောပြမယ်၊ အားရွှမ်းက ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ အနှစ်သက်ဆုံးပရိသတ်အဆင့် ၅ ရှိတယ် “
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် ကြည့်ရှုသူများက ရုတ်တရက် သံသယဝင်သွားကြသည်။
[အနှစ်သက်ဆုံးပရိသတ်အဆင့် ၅လား။]
[အားရွှမ်းက တောင်ပေါ်မှာ နေပေမဲ့ အများကြီး ဝယ်နိုင်သေးတယ်။]
[အားရွှမ်း၊ ဘာတွေဝယ်ခဲ့တာလဲ။]
ရှန်းထင်ရွှမ်း။
“အာ ခရုခေါက်ဆွဲတွေ၊ ပြီးတော့ ခရုခေါက်ဆွဲလို တခြားအရသာရှိတဲ့ အစားအစာအမျိုးမျိုးပေ့ါ၊ အဲ့ဒါတွေအပြင် အိမ်မှာရှိတဲ့ အဝတ်အစား၊ ဖိနပ်၊ လျှပ်စစ်ပစ္စည်းတွေ၊ နံရံကပ်စက္ကူတွေနဲ့ ကြမ်းခင်းတွေ အကုန်လုံးက ဒီတိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ဝယ်ထားတာ “
ကြည့်ရှုသူများက ချက်ချင်း ပြောလိုက်ကြသည်။ [ဒါတွေက ငါတို့ အားရွှမ်းအခန်းမှာ မြင်ဖူးနေကြ အခြေခံပစ္စည်းတွေအကုန်လုံးပဲ။]
[ငါ သတိထားကြည့်မိသလောက်တော့ အစ်မလေးက ခရုခေါက်ဆွဲအရမ်းကြိုက်တဲ့ပုံပဲ၊ သူက နှစ်ခါတောင် ပြောသွားတာ။]
[ကံမကောင်းစွာနဲ့ပဲ ဗီဗီက ဒီနေ့ ခရုခေါက်ဆွဲ ကျွေးမှာမဟုတ်ဘူး။ မဟုတ်ရင် အစ်မလေး စားလို့ရတယ်။]
[အပေါ်ကတစ်ယောက်၊ အင်တာနက်အသုံးပြုသူတွေ ဖြတ်တောက်ထားတဲ့ အားရွှမ်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လို့ရတယ်၊ ခရုခေါက်ဆွဲကို သူမကိုယ်တိုင် လုပ်ထားတာ။]
...
ခဏလောက် စကားစမြည်ပြောပြီးနောက် ဗီဗီက ခေါင်းစဉ်တစ်ခုကို စတင်လိုက်သည်။
“ရှင်းယွမ်ရှန်က အသီးတွေက ဝယ်ဖို့မလွယ်ဘူးဆိုတာ လူတိုင်း သိမှာပါ၊ ဒီနေ့ အားရွှမ်းက အသီးငါးမျိုးယူလာခဲ့ပါတယ်၊ တစ်မျိုးကို ကတ်တီ တစ်သောင်းစီပါ၊ ဒါပေမဲ့ ဝယ်ယူမှုကို ကန့်သတ်ထားပါတယ် “
[ငါ လိုချင်တယ်။]
[ငါ ဒီည အဲ့ဒါအတွက် စောင့်နေတာ။]
ဗီဗီ။ “ကျွန်မ မိတ်ဆက်ပေးဖို့ မလိုဘူးမလား “
[အမှန်ပဲ။ လင့်ခ်ချပေးပါတော့။]
ဗီဗီ။ “ကောင်းပါပြီ၊ ပထမဆုံးတစ်ခုက ကီဝီသီးပါ၊ ကျွန်မ ကီဝီသီးကို စားကြည့်တော့ လုံးဝ အံ့အားသင့်သွားခဲ့တာ၊ အဲ့ဒါက ရှင်တို့သိတဲ့အတိုင်း အရမ်းအရသာရှိတာပဲ၊ အသားက ကြည်လင်ပြီး အရမ်းလှတာပဲ “
[ထပ်မပြောပါနဲ့တော့။ ငါ သွားရည်တွေ စီးကျနေပြီ။]
[စင်ပေါ်တင်ပေးပါ။ လင့်ခ်က ဘယ်မှာလဲ။]
[ဝန်ထမ်းတွေရဲ့ ကွန်ပျူတာကို သွားဟက်တော့မယ်။ လူတိုင်းကို လင့်ခ်တွေ တိုက်ရိုက် တင်ပေးမယ်။]
ဗီဗီက မရှိသည့်မျက်ရည်ကို သုတ်လိုက်သည်။ “ကောင်းပါပြီ၊ ရှင်တို့ ကျွန်မကို ငြီးငွေ့နေကြပြီပဲ “
အင်တာနက်အသုံးပြုသူများက ဗီဗီကို စတင်နှစ်သိမ့်လိုက်ကြသည်။
ဗီဗီက တကယ်ပဲ စကားပြောကောင်းကြောင်း တွေ့ရှိသွားခဲ့ပြီး သူမ အနီးအနားတွင် ရှိခြင်းက ပျော်စရာကောင်းကြောင်း ရှာတွေ့သွားခဲ့သည်။
“ကဲ အချိန်မဆွဲတော့ပါဘူး၊ ကီဝီသီးကတ်တီ တစ်သောင်းကို လင့်ခ်နဲ့ တိုက်ရိုက်ချိတ်ဆက်ထားလိုက်ပါမယ်၊ လက်နှေးနေတဲ့သူကတော့ တခြားသူတွေကို အပြစ်မတင်ပါနဲ့နော် “
ဗီဗီက ပြောလိုက်သည်။ “လာလာ အားရွှမ်းရေ တူတူ count down လုပ်ရအောင် “
ရှန်းထင်ရွမ်းက ဤအပိုင်းကို အကြိမ်ပေါင်းများစွာ ကြည့်ဖူးပြီး ဘယ်လို count down လုပ်ရမလဲ သိပေသည်။ ထို့ကြောင့် သူမနှင့် ဗီဗီက စတင် ရေတွက်လိုက်ကြသည်။ “၃ ၂ ၁ ... ချိတ် “
ငါးစက္ကန့်မပြည့်ခင် ဗီဗီက ချက်ချင်း တင်ပြလိုက်သည်။ “ရောင်းကုန်သွားပါပြီရှင် “
ဗီဗီက ပစ္စည်းများ ရောင်းချရာတွင် အလွန်တော်သည်ဟု ရှန်းထင်ရွှမ်းက ခံစားမိပေသည်။
သူမလည်း ယခင်က သစ်သီးများ ရောင်းချခဲ့ဖူးသည်။ သို့သော် ၎င်းတို့က ငါးစက္ကန့်အတွင်း ရောင်းကုန်လိမ့်မည်မဟုတ်ပေ။
“အံ့ဩစရာပဲ “ ရှန်းထင်ရွှမ်းက ပြောလိုက်သည်။
ဗီဗီ။ “ငါတော်လို့ မဟုတ်ပါဘူး၊ ရှင့်ရဲ့အသီးတွေက အရသာရှိလို့ပါ “
ရှန်းထင်ရွှမ်း။ “မဟုတ်ဘူး မဟုတ်ဘူး ကျွန်မ အဲ့လောက် မြန်မြန် မရောင်းနိုင်ခဲ့ဘူး “
[အဲ့ဒါက မင်း ဘယ်ချိန် ပစ္စည်းတွေ ပြန်တင်မလဲဆိုတာ ဘယ်တုန်းကမှ မပြောခဲ့ဘူးလို့လေ။]
[ဝိုးးးးး အစ်မလေး၊ ခင်ဗျား ဘယ်တုန်းကမှ မပြောခဲ့လို့လေ။ ငါ စတိုးဆိုင်ကို ခဏခဏ သွားပြီး refresh လုပ်နေတာ။ အချိန်အများစုက ပစ္စည်းပြတ်နေတယ်ဆိုတာချည်းပဲ။ ငါတို့ ကံကောင်းမှသာ မင်းရဲ့အသီးတွေကို ဝယ်လို့ရခဲ့တာကွ။]
...
ဗီဗီက ရယ်မောလိုက်သည်။ “အားရွှမ်း နောက်တစ်ခါကျ အသီးတွေပြန်တင်မယ်ဆိုရင် Weibo ပို့စ်တစ်ခု ကြိုတင်မှ ရမယ်နော် “
ရှန်းထင်ရွှမ်းက အိုခေဟု အမူအရာဖြင့် လုပ်ပြလိုက်သည်။
-----
စာရေးသူမှာ ပြောစရာရှိပါတယ်။
နောက်ထပ်ထုတ်ကုန်တွေက ဒီမှာပဲ။ ကျေးဇူးပြုပြီး အားရွှမ်းကို ကြိုဆိုပေးကြပါ။
ရှန်းထင်ရွှမ်း။ ??? ငါက တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ အပင်စိုက်ချင်ရုံပါပဲ။
…