အခန်း (၅၂-၅၄)
Vol. 4 Ch. 52-54
အခန်း (၅၂) (က)
မကြာသေးမီက ထွက်ရှိသော ဒုတိယသစ်သီးက သရက်သီးဖြစ်သည်။
လူဘယ်နှစ်ယောက်စားပြီးပြီ ဆိုတာကို ဗီဗီ မသိပေ။
လက်ရှိတွင် ထိုသစ်သီးကို စူပါမောလ်သို့ မရောင်းသေးသောကြောင့် ဗီဗီက ကြိုတင်တောင်းဆိုသောအခါ ရှန်းထင်းရွှမ်က သဘောမတူမည်ကို စိုးရိမ်နေခဲ့သည်။
မမျှော်လင့်ထားဘဲ ရှန်းထင်းရွှမ်က ချက်ချင်းသဘောတူလိုက်သည်။
[မဟုတ်ဘူး]
[အဟား ဟား..။ ငါ ဖမ်းမိထားတယ်။ အဲဒါက တကယ် အရသာရှိသင့်တယ်။ အစေ့က ပါးပါးလေး]
…
“ဟုတ်တယ်။ ဒီသရက်သီးက အစေ့ပါးပြီးတော့ အသားများတယ်။ လူတိုင်းဝယ်ဖို့အတွက် အစောင်ရေ ၁၀၀၀၀ ပဲ ရှိတာဆိုတော့ မကြိုးစားပါနဲ့တော့”
အနောက်မှ ဝန်ထမ်းက ပြော၏။ “မင်းစားချင်တာကို သိပါတယ်”
ဗီဗီက အနည်းငယ် ရှက်သွား၏။ “အိုး.. ငါ့ကို ဒီလိုမျိုး မထုတ်ဖော်ပါနဲ့”
ရှန်းထင်းရွှမ်၏အသီးငါးမျိုးကို စမ်းသပ်ပြဖို့ မသုံးခဲ့ချေ။
ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုကဏ္ဍတွင် စားစရာများကို မစမ်းသပ်ပြဘဲ တိုက်ရိုက်ရောင်းချခြင်းက ပထမဆုံးအကြိမ်ဖြစ်သည်။
ရှန်းထင်းရွှမ်က “ရှင်စားချင်ရင် မနက်ဖြန် ကျွန်မ တချို့ကို ပို့ပေးလိုက်မယ်”
ဝန်ထမ်းက ပြန်ပြော၏။ “မလိုပါဘူး။ မင်းပို့ပေးဖို့ မလိုပါဘူး။ ကျွန်တော်တို့ ဘာသာ ဝယ်လို့ ရပါတယ်”
အင်တာနက်အသုံးပြုသူများက ရယ်မောလိုက်ကြပြီး ယနေ့၏တိုက်ရိုက်ထုတ်လွှင့်မှုက အမှန်ပင် ကောင်းမွန်သောဝန်းကျင် ရှိလေသည်။
[ဒီတိုက်ရိုက်ထုတ်လွှင့်မှုမှာ ခုနကရော အခုရော ငါ ရယ်ရလို့ သေတော့မယ်]
ဗီဗီက [မရယ်ပါနဲ့ တကယ်လို့ ငါသာ သစ်သီးငါးမျိုးကို မရရင် ငါငိုမှာနော်]
[…]
[…]
ကောမန့်လိုင်းများတွင် အစက်များဖြင့် ပြည့်သွား၏။
ရှန်းထင်ရွှမ်းက “တကယ်လို့ သစ်သီးတွေမရရင် ရှင် ငိုမှာလား”
“ဒါပေါ့.. ဘာလို့ဆို ဒါတွေက တအားအရသာရှိတာလေ။ ဒါပေမဲ့ သစ်သီးတွေ အမှာစာတင်ဖို့ကို ကန့်သတ်ထားတယ်” ဗီဗီက ပြောလိုက်သည်။
သူမ၏ တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် ကြည့်ရှုသူ ၁၃သန်းသာ ရှိသော်လည်း ယနေ့တွင်မူ ၂၀သန်းအထိ တိုးလာပြီး ယခုထိ တိုးမြင့်နေဆဲ ဖြစ်သည်။
ရှန်းထင်းရွှမ်က လန့်ဖျပ်သွားပြီး အလေးအနက် ပြောလိုက်သည်။ “မရလိုက်တဲ့ အင်တာနက်အသုံးပြုသူတွေ ဗီဗီရဲ့တိုက်ရိုက်ထုတ်လွှင့်တာ ပြီးရင် ကျွန်မက စင်ပေါ် ပြန်တင်ထားပေးမှာမို့ စားချင်တဲ့သူတိုင်း သွားဝယ်လို့ ရပါတယ်”
ဗီဗီက မျက်လုံးများ ကျယ်သွားသည်။
“တကယ်လား.. ရှင်ဂရုစိုက်ဖို့တော့ လိုလိမ့်မယ်။ လက်ရှိ ဒီတိုက်ရိုက်ထုတ်လွှင့်မှုမှာ သန်း၂၀ ရှိနေတာ ဒီနေ့အတွက် သစ်သီးအမှာစာ စုစုပေါင်း ၅၀၀၀၀ပဲ ရှိတာ။ သစ်သီးစင်ပေါ်မှာ အသီးအမှာစာ ၁၉၉၅၀၀၀၀ ထားရလိမ့်မယ်”
ယင်းက အမှားတစ်ခု ဖြစ်ပုံရပြီး ရှန်းထင်ရွှမ်းက လက်ရှိကြည့်ရှုသူ အရေအတွက်ကို လျှော့တွက်မိသွားသည်။
သို့သော် သူမအတွက် ယင်းက အဆင်ပြေပြီး ရှောင်ဖုန်းကသာ ပါကင်ထုပ်ရန် ကြိုးစားရပေလိမ့်မည်။
[ဗီဗီ.. မင်းက ငါတို့အိပ်မက်ကို ရိုက်ချိုးလိုက်တာပဲ]
[ဒီနေ့ ငါ့ခံစားချက်က တက်လိုက်ကျလိုက်ပဲ]
ရှန်ထင်းရွှမ်း ခဏမျှ တွေးတောပြီးနောက်။ “ဒါမှမဟုတ် ငါက အဲဒါတွေကို စင်ပေါ် တင်လိုက်မယ်။ ဒါပေမဲ့ ပို့ပေးတာကတော့ နည်းနည်း နှေးလိမ့်မယ်။ အလျင်လိုနေတဲ့ အင်တာနက်အသုံးပြုသူတွေက ဝယ်နိုင်တယ်”
[!!!]
[ငါ ဝယ်မယ်]
[သစ်သီးကို ဝယ်နိုင်သရွေ့တော့ ငါက အလျင်လိုမနေပါဘူး]
…
ဗီဗီက ရှန်းထင်ရွှမ်းသည် အလွန်ချစ်ဖို့ကောင်းသည်ဟု တွေးလိုက်ပြီး မကြာမီတွင် ကျန်ရှိသော သစ်သီးသုံးမျိုးကို ရောင်းလိုက်သည်။
အကြိမ်တိုင်းတွင် သူတို့က ၅စက္ကန့်အတွင်း ရောင်းကုန်သွား၏။
ဗီဗီနှင့် ရှန်ထင်းရွှမ်းက တစ်နာရီကြာ တိုက်ရိုက်ထုတ်လွှင့်ခဲ့သော်ငြား စင်ပေါ်တွင် သစ်သီးငါးမျိုးက ၁၅မိနစ်သာ ရှိခဲ့သည်။
ဗီဗီက မေး၏။ “၁၅မိနစ်ပဲ ရှိသေးတော့.. ငါတို့က ဘာလို့ သရေစာတွေ အတူတူ စားပြရအောင်လား”
“ကောင်းပြီ ကောင်းပြီ”
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ဗီဗီ အမှန်တကယ် ကြိုက်နှစ်သက်ခဲ့သော သရေစာ အနည်းငယ် ရှိသည်။ ဗီဗီက ဝန်ထမ်းကို ပြောလိုက်၏။ “ဒီနေ့တော့ စင်ပေါ်က အမှာစာတွေကို နည်းနည်း ပြောင်းရလိမ့်မယ်။ အရင်ဆုံး သရေစာတွေကို ထားလိုက်၊ ပြီးတော့ အရိုးမဲ့ကြက်ခြေထောက်တွေကို ထားမယ်။ ငါ အမျိုးမျိုး စမ်းကြည့်ပြီးမှ ရှာတွေ့ထားတာ။ ဒါက တကယ်အရသာရှိတယ်”
ဗီဗီက ယနေ့ရောင်းချမည့် သရေစာများကို လျင်မြန်စွာ စီစဉ်လိုက်သည်။
ဝန်ထမ်းက အရသာအမျိုးမျိုးရှိသော အရိုးမဲ့ကြက်ခြေထောက်တစ်ပန်းကန်ကို ယူလာသည်။
ယင်းက ဗီဗီ၏တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် အသစ်ဖြစ်ကာ ရှန်းထင်းရွှမ်းကလည်း ထိုသရေစာကို မစားဖူးသေးပေ။
ဗီဗီက ရှန်ထင်းရွှမ်းကို ကြည့်လိုက်သည်။ “အားရွှမ်း မင်း ဘယ်တစ်ခုကို စားချင်လဲ”
ရှန်ထင်းရွှမ်းက အဆင်သင့်တွေးပြီးသားဖြစ်သည်။ “ဒီလီမွန်အရသာ..”
ဗီဗီ “ယူလိုက်” သူမက သူမအတွက် မုန့်ညှင်းအရသာကို ယူလိုက်သည်။ “ဒီအရသာကလည်း အရသာရှိတယ်။ အရိုးလုံးဝ မရှိဘဲ တစ်ခုလုံးကို စားလိုက်လို့ ရတယ်”
ရှန်ထင်းရွှမ်းက လီမွန်အရသာကြက်ခြေထောက်ကို ဖောက်လိုက်ပြီးနောက် ပါးစပ်ထဲသို့ ဝါးစားလိုက်သည်။
ကြက်ခြေထောက်ကို လီမွန်သီးနှင့် အစိမ်းလိုက်နှပ်ထားပြီး အရသာက အနည်းငယ် လတ်ဆတ်သည်။ “ဒါက အရသာရှိတယ်”
[တစ်ချက်ကိုက်လိုက်ပြီးတော့ မျက်လုံးတွေ လင်းလက်သွားတာကို ငါတွေ့လိုက်တယ်]
[lol… ကြက်ခြေထောက်မစားဖူးတဲ့ အားရွှမ်းပဲ]
[မဟုတ်ဘူး မဟုတ်ဘူး ငါ ဗိုက်ဆာနေပြီ။ ငါ ဝယ်ချင်တယ်]
…
ရှန်ထင်းရွှမ်းက ကြက်ခြေထောက်ကို စားပြီးနောက် ပန်းကန်ထဲမှ တခြားကြက်ခြေထောက်များကို ကြည့်လိုက်သည်။ “ကျွန်မ အသားကင်အရသာကို စားလို့ ရမလား”
“ရတာပေါ့ မင်းလိုချင်တာ ဘာဖြစ်ဖြစ် ယူလိုက်” ရှန်းထင်းရွှမ်းက နောက်တစ်ခုစားပြီးချိန်တွင် ဗီဗီက ကြက်ခြေထောက်များအကြောင်း ရှင်းပြနေသည်။
ကောမန့်ရှိ အင်တာနက် အသုံးပြုသူများက ဝန်ထမ်းအား လင့်ချပေးရန် တောင်းဆိုနေကြသည်။
“ကောင်းပြီ လင့်ဆီ သွားကြပါ” ဗီဗီနှင့် ရှန်ထင်းရွှမ်းက အတူတကွ ရေတွက်လိုက်ကြသည်။
ရလဒ်အနေဖြင့် ပို့စ်တင်ပြီး မကြာမီတွင် ဗီဗီက ပြောလိုက်သည်။ “မဟုတ်ဘူး.. ကုန်သွားပြီ။ ဝန်ထမ်းလေးရေ ပစ္စည်းတွေ ပိုထည့်ပေးလို့ ရနိုင်မလား”
ရှန်ထင်းရွှမ်းက အသားကင်အရသာကြက်ခြေထောက်ကို စွဲလမ်းသွားပြီဖြစ်သည်။ အသားကင်အရသာက လုံးဝ အရသာရှိ၏။
သူမက ရုတ်တရက် သတိရသွား၏။ “ကောင်းပြီ ငါ တချို့ ဝယ်ချင်တယ်” ထို့နောက် သူမက ဖုန်းကို ထုတ်ယူလိုက်ပြီး ကြက်ခြေထောက်တချို့ ဝယ်ရန် ဗီဗီ၏တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့သွားဖို့ ပြင်လိုက်သည်။ ယင်းက အားလုံး ရောင်းကုန်သွားပြီဖြစ်၏။
ရှန်းထင်းရွှမ်းက ဗီဗီကို ကြည့်လိုက်သည်။ “ဒီမှာ ကုန်ပစ္စည်းတွေ ရှိသေးလား”
ဗီဗီက ရယ်ရမလား ငိုရမလားပင် မဆုံးဖြတ်နိုင်တော့ချေ။ “မရှိတော့ဘူး.. ဒါပေမဲ့ မင်းသာ စားချင်ရင် မင်း ပြန်တဲ့အခါ ငါတို့ တစ်အိတ် ထည့်ပေးလိုက်မယ်”
“ကောင်းပြီ။ မင်းကို ကျေးဇူးတင်ပါတယ် ဗီဗီ” ရှန်းထင်ရွှမ်းက အလွန်စိတ်ကျေနပ်သွား၏။
…
နောက်ထပ် ဝက်မြီးနှင့် ဘဲရိုးများကို ရောင်းချခဲ့သော်လည်း နှစ်ခုလုံးက ရှန်းထင်းရွှမ်ကြောင့် လျင်မြန်စွာ ရောင်းကုန်သွား၏။
၁၅မိနစ် ကြာပြီးနောက် ဗီဗီက ပြောသည်။ “ဒီနေ့ အားရွှမ်းနဲ့ တိုက်ရိုက်လွှင့်ရတာ တကယ်ပျော်ဖို့ ကောင်းတယ်”
ရှန်ထင်းရွှမ်း “ကျွန်မလည်း တအားပျော်ရွှင်ပါတယ်”
[ငါ့စိတ်ထင် ညီမလေးက တအားပျော်နေပုံပဲ]
[ဟဟ ဟား.. မကွာခဏ လာကစားပါ]
[ညီမလေး ငါတို့လည်း မင်းကို သတိရနေမယ်]
[ငါ မင်းကို Follow ထားပြီးပြီ။ နောက်တစ်ခါ မင်း တိုက်ရိုက်ထုတ်လွှင့်တာကို ကျိန်းသေ သွားကြည့်မယ်]
ဝန်ထမ်းများက ရှန်းထင်းရွှမ်းကို လိုက်ပို့ကြပြီး သူမက သရေစာများစွာကို လက်ဆောင်ရခဲ့သည်။
သူမ ဝတ်ဆင်ထားသော အဝတ်များကိုလည်း ဗီဗီက သူမကို ပေးခဲ့၏။
တကယ်တမ်းတော့ ထိုအဝတ်အစားနှစ်မျိုးက သူမ ပေါ်လာမှုကြောင့် ရောင်းကုန်ခဲ့ခြင်း ဖြစ်သည်။
...
ရှန်းထင်းရွှမ်း ထွက်သွားပြီးနောက် ဗီဗီက ဘဲတောင်ပံများကို ထပ်မံ တိုက်ရိုက်ထုတ်လွှင့်ခဲ့၏။
အစားအသောက်က မူလကနှင့် တူညီသော်လည်း ရှန်ထင်းရွှမ်း ထွက်သွားပြီးနောက် ပစ္စည်းများက ရောင်းမကုန်တော့ချေ။
ဘဲတောင်ပံများ ရောင်းရသည်က ဝက်မြီးများ၊ ကြက်ခြေထောက်များ၊ ဘဲရိုးများထက် နည်းသည်။ ယင်းက ပုံမှန်အားဖြင့် မြန်မြန် ကုန်သွားသင့်သည်။
ထိုည တိုက်ရိုက်ထုတ်လွှင့်မှုပြီးနောက် ဗီဗီက သက်ပြင်းချလိုက်သည်။
“သူတို့က ငါ့ကို ပထမတန်းစားပစ္စည်းရောင်းသူလို့ ပြောတယ်။ ဒီနေ့တော့ ငါ့ထက် ပိုပြီး အင်အားကြီးတဲ့သူကို ငါ ရှာတွေ့လိုက်ပြီ”
ရှန်းထင်ရွှမ်းကလည်း ထိုတိုက်ရိုက်ထုတ်လွှင့်မှုကြောင့် Follower ၂သန်း ရလာ၏။
ယင်းက အားလုံး မဟုတ်သေးသည်မှာ သေချာ၏။
နောက်နေ့တွင် ဗီဗီ၏စတူဒီယိုခန်းမှ ဖုန်းဝင်လာ၏။ သစ်သီးရောင်းရငွေအပြင် တိုက်ရိုက်ထုတ်လွှင့်မှုအတွက် ၅သိန်း ရရှိခဲ့သည်။
ပုံမှန်အားဖြင့် ယင်းက ၂သိန်းသာ ဖြစ်သင့်သော်လည်း ဗီဗီက ၅သိန်း ပေးခဲ့သည်။
အင်တာနက်ဆယ်လီတစ်ယောက်အတွက် ယင်းဈေးနှုန်းက အလွန်မြင့်ပေသည်။
ဗီဗီက နောင်တွင် ရှန်းထင်ရွှမ်း၏နောက်မှ အလားအလာများကို စိတ်ကူးယဉ်နေပြီး သူတို့နှစ်ယောက် ထပ်မံပူးပေါင်းဆောင်ရွက်မှုရှိရန် မျှော်လင့်နေသည်။
…
ရှန်းထင်ရွှမ်းဝတ်ခဲ့သော ဂျင်းဘောင်းဘီနှင့် ဆွယ်တာ အမှတ်တံဆိပ် SRမှ သူမထံသို့ လာပြီး ကျေးဇူးတင်ကြောင်း ပြောသောအခါ ဗီဗီက ကုန်ပစ္စည်းကို တိုးတောင်းလိုက်သည်။
ဗီဗီက အနည်းငယ် ပြုံးလိုက်သည်။ “ဒါက ငါ့အရည်အချင်း မဟုတ်ဘူး။ မင်းတို့လည်း တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်သင့်တယ်။ ဒါက အားရွှမ်းရဲ့အရည်အချင်းပဲ”
ကုန်ပစ္စည်းဘက်မှလည်း အနည်းငယ် ရှက်ရွံ့စွာ ဆိုလာသည်။ “ကျေးဇူးပြုပြီးတော့ ငါတို့ကို တွေ့ဆုံဖို့ ကူညီပေးနိုင်မလား”
ဗီဗီက နောက်ဆုံးတော့ နားလည်သွားသည်။
မနေ့က ရှန်းထင်ရွှမ်းက သူတို့အဝတ်အစားများကို ပေါ့ပေါ့ပါးပါးနှင့် ဖက်ရှင်ကျကျ ဝတ်ဆင်ခဲ့သည်။ အကယ်၍ ဗီဗီခန့်မှန်းမှု မှန်ကန်ပါက သူတို့က ထောက်ခံချက်အတွက် ရှန်းထင်ရွှမ်းကို ရှာဖွေလိုသည်။
ရှန်းထင်ရွှမ်း၏ Follower တိုးမြှင့်လိုသော ဆန္ဒကို နားထောင်ပြီးနောက် ဗီဗီက သဘောတူလိုက်သည်။
SR က ရှန်းထင်ရွှမ်းကို ဆက်သွယ်သောအခါ သူမက အမှန်ပင် တိုက်တွန်းခဲ့သည်။
ရိုးသားစွာ ဆိုရလျှင် သူမက ထိုအရာကို အမှန် မလုပ်ချင်ပေ။ သူသည် ရှင်းယွမ်ရှန်တွင် နေရသည်ကို အတော်လေး နှစ်သက်၏။
လယ်လုပ်ရခြင်းက အလွန်ကောင်းမွန်သော်လည်း ခွေးစနစ်ကြောင့် သူမက သဘောတူညီလိုက်ရသည်။
ခွေးစနစ်ဟု သိနိုင်သော စနစ် “…” ငါက လက်ရှိမှာ အတော်လေး ကောင်းနေတာပါ။ ဒါပေမဲ့ Host က ငါ့ကို ဘာလို့ အခုထိ ဆဲဆိုနေသေးတာလဲ။
ရှန်းထင်ရွှမ်းက ချက်ချင်း လက်မခံလိုက်ဘဲ စဉ်းစားပေးမည်ဟုသာ ပြောလိုက်သည်။
ကုန်ပစ္စည်းအတွက်ထောက်ခံပေးသူ ဟူသည် ရှန်းထင်ရွှမ်း ထိုအကြောင်းအရင်းကို နားမလည်ရုံသာမက မူလကိုယ်ထံတွင်လည်း ထိုအရာအတွက် မှတ်ဉာဏ်နည်းနည်းသာ ရှိသည်။
အင်တာနက်ပေါ်တွင် အသုံးဝင်သော သတင်းများမရှိဘဲ ယေဘုယျအားဖြင့် ဆယ်လီတစ်ယောက်သည် ကုန်ပစ္စည်းတစ်ခုကို ထောက်ခံပြီးနောက် ပြဿနာတစ်ခု ဖြစ်ခဲ့သည့်အရာများသာ ရှိ၏။
လက်ရှိတွင် သူမ၏ Follower တိုင်းက အရေးကြီး၏။
ရှန်းထင်ရွှမ်းသည် Follower ၁၃သန်း ရှိပြီး ထိုထောက်ခံသူအဖြစ်လုပ်ရင်း တစ်ခုခု ပြဿနာတက်ကာ တချို့ကို ဆုံးရှုံးသွားဖို့ သူမ ခံနိုင်စွမ်း မရှိပေ။
ယင်းကို တွေးပြီးနောက် ရှန်းထင်ရွှမ်းက နောက်ဆုံးတွင် ချင်ယွဲ့ကျီကို ရှာကာ ထိုအကြောင်းမေးလိုက်၏။
ချင်ယွဲ့ကျီက လူများက ရှန်းထင်ရွှမ်းကို ထောက်ခံသူ လုပ်ခိုင်းဖို့ ရှာမည်ဟု မထင်ထားခဲ့ချေ။
ရှန်းထင်ရွှမ်းက အလွန်လှပပြီး သူမ၏သွင်ပြင်က ဖျော်ဖြေရေးနယ်ပယ်ရှိ အမျိုးသမီးကြယ်ပွင့်များအနက် အလွန်မြင့်မားသော အဆင့်အတန်းရှိသည်ဟု ဆိုနိုင်သည်။ သို့သော် သူက ရှန်းထင်ရွှမ်းသည် ဖျော်ဖြေရေးနယ်ပယ်သို့ ဝင်လာမည်ဟု ဘယ်တော့မှ မတွေးခဲ့ပေ။
SR ကုန်အမှတ်တံဆိပ်တွင် အမြင့်လိုင်း၊ အလယ်အလတ်လိုင်းနှင့် ကျောင်းသူကျောင်းသားလိုင်းဟူ၍ သုံးမျိုးခွဲခြားထားသည်။
ယခုနှစ်များတွင် သူတို့၏အဝတ်အစားစတိုင်လ်များကို လက်ခံထားကြပြီးဖြစ်၍ ထောက်ခံသူ ဖြစ်လာခြင်းက မဆိုးပေ။ ချင်ယွဲ့ကျီက SRကို ဆက်သွယ်ရန် အိုက်မင်ကို မေးခဲ့သည်။
ချင်ယွဲ့ကျီ၏ ရှင်းပြချက်အရ ရှန်းထင်ရွှမ်းက SRမှ ဖိတ်ခေါ်ချက်ကို နောက်ဆုံးတွင် လက်ခံလိုက်ပြီး သူတို့၏ပြောရေးဆိုခွင့်ရှိသူ ဆန္ဒရှိခဲ့သည်။
…
ယင်းက SR၏ ကမ်းလှမ်းချက်အတိုင်းသာ ဖြစ်သည်။ ရှန်းထင်ရွှမ်းက အမြင့်လိုင်းအတွက် ဖြစ်ကြောင်း သိလိုက်ရသည်။
ယခင်က သူမဝတ်ဖူးသော ဆွယ်တာနှင့် အမြင့်လိုင်းအကြား ခြားနားချက်ကို သူမက နားမလည်သောကြောင့် SRနှင့် စာချုပ်ချုပ်ရန်သာ တွေးလိုက်တော့သည်။
သဘောတူညီချက်က တစ်နှစ်သာ ဖြစ်ပြီး ရာသီတိုင်းတွင် တစ်ကြိမ်သာ ရိုက်ကူးပါက လုံလောက်ပြီဖြစ်သည်။
ရှန်းထင်ရွှမ်းက အလွန်ရိုးရှင်းသဖြင့် စိတ်သက်သာရာရသွားသည်။
…
စာချုပ်လက်မှတ်ထိုးပြီးနောက် အရာရာတိုင်းအတွက် ပြင်ဆင်ရသည်။ ရှန်းထင်ရွှမ်း၏ ပထမဆုံး ရိုက်ကူးရေးက နောက်သုံးရက်တွင် ဖြစ်သည်။
လွန်ခဲ့သော သုံးရက်လုံးလုံး ရှန်းထင်ရွှမ်းက မနက်ခင်းတွင် လယ်လုပ်နေခဲ့ပြီး နေ့လယ်ခင်းတွင် SR၏ အဝတ်အစားများအကြောင်းကို လေ့လာကာ Followerများ တိုးရန်အတွက် ၅နာရီတွင် စတင် လိုက်လွှင့်တော့သည်။
တကယ်တမ်းတော့ မစ်ရှင်၏နောက်ဆုံးရက်က ငါးရက်လိုသေးပြီး သူမက Followers တစ်သန်းထက် နည်းနေသေးသည်။ (သူ ဆိုလိုတာက လိုက်လွှင့်ပြီး တိုးလာတာကို ပြောတာပါ)
…
ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ သစ်သီးသန်း၂၀နီးပါးက လက်ရှိတွင် စင်ပေါ်တွင် ရှိနေသေးဆဲ ဖြစ်သည်။
လက်ရှိတွင် ရှောင်ဖုန်းက အလွန်အလုပ်များနေပြီး ပါကင်ထုပ်ကူရန် တစ်ရွာလုံးနီးပါးကို စည်းရုံးခဲ့သည်။
ယခင်အချိန်က ရှောင်ဖုန်းက ဂိုထောင်ကို တိုးချဲ့ခဲ့ပြီး အထူးသစ်သီးသေတ္တာကို ပြင်ဆင်ထားခဲ့သည်။
ကီဝိနှင့် စတော်ဘယ်ရီကဲ့သို့သော အသီးများအတွက် သူက ရေမြှုပ်သေတ္တာကို ကြိုတင်ပြုလုပ်ရန် အချို့သော ထုတ်လုပ်သူများနှင့် ဆက်သွယ်ခဲ့သည်။
ရှောင်ဖုန်းက ရှန်းထင်ရွှမ်းအား ထိုအကြောင်းကို လုံးဝ မပြောခဲ့ချေ။
…
အခန်း (၅၂) (ခ)
မနက်ခင်းတွင် SRက ရှန်းထင်ရွှမ်းကို ကြိုရန် ကားတစ်စီး လွှတ်ခဲ့သည်။
ရိုက်ကူးရေးသို့ သွားသောလမ်းတွင် စနစ်က အသံပေးလာသည်။
“လုပ်ငန်းတာဝန် အောင်မြင်သွားတဲ့အတွက် ဂုဏ်ယူပါတယ် Host ရေ.. အခု ဝိညာဉ်သွေးကြောကို ၄၁ရာခိုင်နှုန်း ပြန်လည်ရရှိပါပြီ”
ဤတစ်ကြိမ်တွင် စနစ်မှ အပိုတာဝန်များကို လုပ်ချင် မလုပ်ချင် တက်ကြွစွာ မတောင်းဆိုခဲ့ပေ။
SR၏ အမြင့်လိုင်းနှင့် အလယ်အလတ်လိုင်း၏ ရိုက်ကူးရေး တည်နေရာသည် ကျောင်းသားလိုင်းနှင့် မတူညီချေ။
လမ်းတွင် ဝန်ထမ်းက ရှန်းထင်ရွှမ်းအား ယနေ့အတွက် အချိန်ဇယားကို အတိုချုပ်ပြောပြသည်။ “ဒါတွေက ဒီနေ့ ဓာတ်ပုံရိုက်ဖို့ ဝတ်စုံနှစ်ခုပါ။ နှစ်ခုလုံးက စုံတွဲဝတ်စုံတွေပါ”
“စုံတွဲလား”
ရှန်းထင်ရွှမ်းက အနည်းငယ် ရောထွေးသွားမိသည်။ ကုန်ပစ္စည်းဘက်ကနေ အဝတ်အစားများက စုံတွဲတွေအတွက်ဟု သတ်မှတ်ထားပုံ မရချေ။
ဝန်ထမ်းက အားကျစွာ ပြောသည်။ “မင်းရဲ့ပူးပေါင်းလုပ်ဆောင်မဲ့သူက သရုပ်ဆောင်ဧကရာဇ်ချင်ပဲ”
ထိုအကြောင်းကို SR မှ အမှုဆောင်အရာရှိများက ရှင်းရှင်းလင်းလင်း နားမလည်နိုင်သေးပေ။
သူတို့က ချင်ယွဲ့ကျီကဲ့သို့ တစ်စုံတစ်ယောက်ကို မေးချင်သော်လည်း သူကတော့ ဆန္ဒမရှိမှာ သေချာသည်။
တစ်နည်းအားဖြင့် ဆိုရသော် သူတို့ မည်မျှ ပေးသည်က အရေးမပါဘဲ နာမည်ကြီးသူများက ထောက်ခံပေးဖို့ ဆန္ဒမရှိကြပေ။
သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က ချင်ယွဲ့ကျီက သူတို့တံခါးကို ရောက်လာပြီး ကမ်းလှမ်းလာကာ သူက ရှန်းထင်ရွှမ်းသည် အဆင့်မြင့်လိုင်းကို ထောက်ခံသူဖြစ်ရမည်ဖြစ်ပြီး ပါတနာလည်း ဖြစ်ရမည်ဟု ဆန္ဒရှိခဲ့သည်။
ရှန်းထင်ရွှမ်းကို ပါတနာအဖြစ် တောင်းဆိုခြင်းကို မဆိုထားနှင့် သူက ဝက်တစ်ကောင်ကို တောင်းဆိုခဲ့လျှင်ပင် SRက သဘောတူညီဖို့ ဆန္ဒရှိပေသည်။
တကယ်တမ်းတော့ တစ်ဖက်လူက ချင်ယွဲ့ကျီဖြစ်သည်။ ချင်ယွဲ့ကျီ၏ ကုန်ပစ္စည်းဖြန့်ဖြူးနိုင်စွမ်းကို မည်သူက မသိဘဲ ရှိမည်နည်း။
ရှန်းထင်ရွှမ်းက ပို၍ပင် သံသယဖြစ်သွားသည်။ ချင်ယွဲ့ကျီကလည်း ရိုက်ကူးရေးလုပ်ဖို့ လာတာလား။
ရှန်းထင်ရွှမ်းက ထိုအကြောင်းကို မသိကြောင်း မြင်သောအခါ ဝန်ထမ်းကလည်း နက်နက်နဲနဲ တွေးမိတော့သည်။
ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းကို တောင်းဆိုခြင်းသည် နောက်ကွယ်မှ တောင်းဆိုမှုဟု သူတို့ ထင်ခဲ့ကြသည်။
…
သူတို့ စတူဒီယိုသို့ ရောက်သောအခါ ရှန်းထင်ရွှမ်းကို အဝတ်လဲခန်းသို့ ခေါ်သွားကြ၏။
ဝန်ထမ်းက ရှုတင်အတွက် အဝတ်အစားများကို ပြသပြီးနောက် သူတို့က သုံးစုံသုံးမယ်လို့ ပြောသော်ငြား သူမကို ရွေးချယ်ခွင့်ပေးသည်။
ရှန်းထင်ရွှမ်း ရွေးချယ်နေစဉ် ချင်ယွဲ့ကျီကလည်း ရောက်လာ၏။
ချင်ယွဲ့ကျီအတွက် ဝန်ထမ်းများ၏ သဘောထားက ရှန်းထင်ရွှမ်းအတွက်ထက် ပိုပြီး စိတ်အားထက်သန်လေပြီး ချင်ယွဲ့ကျီသည် ကြီးမြတ်သောသရုပ်ဆောင်ဖြစ်ကာ သူမက လူမသိသူမသိ လယ်သမားဆယ်လီတစ်ဦးသာ ဖြစ်ကြောင်း ရှန်းထင်ရွှမ်းက နားလည်နိုင်ပေသည်။
ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းထံသို့ လမ်းလျှောက်လာပြီးနောက် ဝန်ထမ်းကို ခေါင်းညိတ်ပြလိုက်သည်။
“မင်းအဝတ်တွေကို ရွေးထားပြီးပြီလား”
မူလက ဝန်ထမ်းသည် ချင်ယွဲ့ကျီကို ပထမဆုံးရွေးချယ်စေရန် စီစဉ်ထားသော်လည်း ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းကို ရွေးပြီးမပြီး မေးလိုက်သည်။ “မသေချာဘူး”
အဝတ်အစားစတိုင် ဆယ်ခုရှိပြီး ရှန်းထင်ရွှမ်းရော မူလကိုယ်ကပါ ခေတ်ရေစီးကြောင်းကို သိရန် ခက်ခဲသောကြောင့် ချင်ယွဲ့ကျီကသာ ကူညီပေးရန် အစပြုလိုက်သည်။
ယနေ့ရှုတင်သည် ဆောင်းဦးအဝတ်အစားများ ဖြစ်သည်။
သူက ရှန်းထင်ရွှမ်းအတွက် အညိုဖျော့ရောင်သိုးမွေးလောင်းကုတ်တစ်စုံ၊ အနက်ရောင်ချည်ထည်တစ်စုံနှင့် အဖြူရောင်ဆွယ်တာကုတ်အပါ အနက်ရောင် ဒူးကျစကတ်တစ်စုံတို့ကို ရွေးချယ်လိုက်သည်။ “ဒါက အိုကေပြီ”
ရှန်းထင်ရွှမ်း “ပြီးတော့ ဒီဟာတွေ”
သူမအဝတ်အစားများကို ရွေးချယ်ပြီးနောက် ပါတနာဖြစ်သည့် ချင်ယွဲ့ကျီကလည်း တချို့ကို ရွေးချယ်ခဲ့သည်။
“မိန်းကလေးရှန်း၊ ကျေးဇူးပြုပြီးတော့ ပြင်ဆင်ဖို့ ဒီဘက်ကို လာပါ”
အဝတ်လဲခန်းတွင် အလှပြင်ခုံနှစ်ခုနှင့် မိတ်ကပ်ပြင်ဆင်ပေးသူ နှစ်ယောက်ရှိသောကြောင့် ရှန်းထင်ရွှမ်းနှင့် ချင်ယွဲ့ကျီတို့၏ပြင်ဆင်မှုကို တစ်ခါတည်း လုပ်နိုင်လေသည်။
ရှန်းထင်းရွှမ်းက အတွင်းတွင် ထိုင်ကာ ချင်ယွဲ့ကျီက အပြင်ဘက်တွင် ထိုင်လိုက်ကြသည်။
မိတ်ကပ်ပညာရှင်သည် ရှန်းထင်ရွှမ်းနှင့် ဝေးကွာနေစဉ် သူမက ရှန်းထင်းရွှမ်းသည် အောက်ခံတစ်ခုခု လိမ်းထားသည်ဟု ထင်နေခဲ့သည်။
သို့သော်လည်း သူမက အောက်ခံ မလိမ်းထားသည်ကို သိရှိလိုက်ပြီး ရှန်းထင်းရွှမ်း၏ အသားအရေက နဂိုကောင်းမွန်ခြင်း ဖြစ်ကြောင်း တွေ့ရှိလိုက်သည်။
သူမက ပရိုင်မာမသုံးတော့ဘဲ သူမကို မိတ်ကပ်တိုက်ရိုက် လိမ်းပေးလိုက်သည်။ “မိန်းကလေးရှန်း မင်းရဲ့အသားအရေက သိပ်ကောင်းတာပဲ”
ရှန်းထင်ရွှမ်း “ကျေးဇူးပါ”
ပထမဆုံးရိုက်ကူးရေးသည် အညိုဖျော့ရောင် သိုးမွေးကုတ်ဖြစ်သောကြောင့် မိတ်ကပ်ပညာရှင်က မြေကြီးရောင်အိုင်းရှဲဒိုးနှင့် အနီရဲရဲ နှုတ်ခမ်းနီကို ရွေးချယ်လိုက်သည်။
ပြင်ဆင်ပြီးနောက် မိတ်ကပ်ပညာရှင်က ရှန်းထင်ရွှမ်းကို ဓာတ်ပုံရိုက်ဖို့ မစောင့်နိုင်တော့ပေ။
ရှန်းထင်ရွှမ်းကို မိတ်ကပ်လိမ်းပြီးသွားတော့ စတိုင်လစ်က သူမဆံပင်ကို စတင်ကိုင်တွယ်လေသည်။
ရှန်းထင်ရွှမ်း၏ ဆံပင်များက လှိုင်းကြီးကြီးများ ဖြစ်သွား၏။ “ကောင်းပြီ.. ပြီးပြီ”
ချင်ယွဲ့ကျီကလည်း မိတ်ကပ်ပြင်ပြီးသွားသည်။
ပုံမှန်အားဖြင့် ဆိုရလျှင် အမျိုးသားများ၏ မိတ်ကပ်သည် အမျိုးသမီးများထက် အလွန်ရိုးရှင်းပြီး ပိုစောစောပြီးလေ့ ရှိသော်ငြား ယနေ့တွင်မူ လူနှစ်ယောက်က တစ်ချိန်တည်း ပြီးသွားခဲ့သည်။
“မိန်းကလေးရှန်း အထဲကို ဝင်ပြီးတော့ အဝတ်အစားလဲရပါမယ်”
ရှန်းထင်ရွှမ်းနှင့် ချင်ယွဲ့ကျီသည် အဝတ်လဲခန်းသို့ ဝင်ပြီး ရိုက်ကူးရေးအတွက် အဝတ်လဲလိုက်ကြသည်။
အညိုဖျော့ရောင် သိုးမွေးကုတ်တစ်စုံတွင် အညိုနက်နက်ဆွယ်တာနှင့် အနက်ရောင်ဘုတ်ဖိနပ် ပါဝင်သည်။
ထွက်လာပြီးနောက် မိတ်ကပ်ပညာရှင်က ရှန်းထင်ရွှမ်းသည် အလွန်ကြည့်ကောင်းသည်ဟု ထပ်မံခံစားမိပြန်သည်။
ချင်ယွဲ့ကျီက တူညီသောဝတ်စုံနှင့် လိုက်ဖက်ညီနေသည်။
နှစ်ယောက်သားက အဝတ်လဲခန်းမှ လျှောက်ထွက်လာသောအခါ မိတ်ကပ်ပညာရှင်များက အလွန်သဘောကျသွားကြသည်။
ဝန်ထမ်းက ပြောသည်။ “ဒီတော့ ဆရာချင်နဲ့ မိန်းကလေးရှန်း ဓာတ်ပုံရိုက်ဖို့အတွက် လာပေးပါဗျ”
ရိုက်ကူးရေးက အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ပထမတွင် လူတိုင်းသည် ရိုက်ကူးပါက ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီ၏ အရှိန်အဝါကြောင့် သေလုနီးပါး အက်ကွဲသွားမည်ဟု တွေးထားမိကြသည်။
သို့သော်ငြား ရှန်းထင်ရွှမ်းကို မြင်ပြီးနောက် လူတိုင်း မှင်တက်သွားကြတော့သည်။
အဝတ်လဲခန်းထဲမှ နှစ်ယောက်သားက ဘေးချင်းယှဉ်လျက် လျှောက်ထွက်လာသည်။ ပြောရန်မလိုဘဲ ချင်ယွဲ့ကျီ၏ မျက်နှာသည် အာရှတွင် အချောဆုံးအမျိုးသား ၁၀၀ထဲ ရွေးချယ်ခံထားရပြီးဖြစ်သည်။ ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီနံဘေးတွင် လျှောက်လာပြီး လုံးဝ ဖိနှိပ်မခံရချေ။ အတူတူ ရပ်သောအခါ သူတို့သည် ကောင်းကင်မှ တွဲဖက်ထားသည့်အလား ခံစားလိုက်ရ၏။
SR အမှုဆောင်အရာရှိများက စိတ်လှုပ်ရှားသွားကြပြီး သူတို့သည် သည်နှစ်၏ SR အမြင့်လိုင်းအဝတ်အထည်များ အားလုံး ရောင်းကုန်မည်ဟု ကြိုမြင်နိုင်ပေသည်။
…
“ကောင်းပြီ အကြည့်ချင်းဆုံမယ်”
“နည်းနည်းနီးမယ်”
“ပြုံးလိုက်.. မိန်းကလေးရှန်း နည်းနည်း သဘာဝကျကျလေး ပြုံးပါ”
အစက သူတို့သည် လိုက်ဖက်ညီမှုရှိသည်ဟု ထင်မြင်ခဲ့ကြသော်လည်း တစ်ခဏကြာ ရိုက်ကူးပြီးနောက် လူတိုင်းက ယနေ့ရိုက်ကူးရေးသည် အလွယ်တကူ မပြီးနိုင်ကြောင်း ရှာတွေ့သွားကြသည်။
အကြောင်းပြချက်မှာ ရှန်းထင်ရွှမ်းက အတော်လေး တောင့်တင်းနေ၍ ဖြစ်သည်။
ရှန်းထင်ရွှမ်းက တကယ့်ကို စိတ်လှုပ်ရှားနေခဲ့သည်။ တစ်ယောက်တည်း ရိုက်လျှင် အဆင်ပြေသော်လည်း ချင်ယွဲ့ကျီနှင့် နီးကပ်လာသည်နှင့် သူမက လူများနှင့် အနီးကပ် မနေဖူးသဖြင့် စိတ်မအေးနိုင်တော့ပေ။
ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်း၏ စိတ်လှုပ်ရှားမှုနှင့် စိတ်ခံစားချက်ကို သတိပြုမိပြီး အနားယူရန် လက်ဟန်ပြလိုက်သည်။
သူက ရှန်းထင်ရွှမ်းကို နူးညံ့စွာ ပြောလိုက်သည်။ “ဒါက အဆင်ပြေတယ်။ စိတ်အေးအေးထား။ မင်းက ရှင်းယွမ်ရှန်မှာလို့ တွေးလိုက်၊ ပြီးတော့ လူတွေကို မင်းရဲ့လိုက်လွှင့်တဲ့အခန်းကလူတွေလို့ သဘောထားလိုက်”
နှစ်သိမ့်ပေးသော စကားလုံးများက သက်ရောက်မှုအချို့ရှိကာ ရှန်းထင်ရွှမ်းက ရှင်းယွမ်ရှန်တွင် ရှိသည်ဟု တွေးလိုက်ပြီး ဖြည်းဖြည်းချင်း စိတ်လျော့လိုက်သည်။
ကင်မရာမန်းသည် ရှန်းထင်ရွှမ်းက မှန်ကန်သော အနေအထားသို့ ဝင်ရောက်သည်ကို တွေ့ပြီးနောက် ချင်ယွဲ့ကျီ၏ ထောက်ပံ့ပေးမှုဖြင့် သူတို့နှစ်ယောက်က အပြန်အလှန်နားလည်မှုဖြင့် ပူးပေါင်းလိုက်ကြသည်။
ရှန်းထင်ရွှမ်းသည် လွန်ခဲ့သောလအချို့က တိုက်ရိုက်ထုတ်လွှင့်ခဲ့သော အတွေ့အကြုံကို အလွန်ကျေးဇူးတင်နေပြီး သူမက ကင်မရာကြောင့် အလွန်စိတ်လှုပ်ရှားခြင်း မရှိတော့ဘဲ ကင်မရာသမားကလည်း သူမကို လမ်းညွှန်ပေးနေသည်။
ပထမတစ်စုံက တစ်နာရီ မပြည့်မီတွင် ရိုက်ပြီးသွား၏။ အဝတ်လဲဖို့နှင့် စတိုင်ပြောင်းဖို့ နောက်ထပ် နာရီဝက်အချိန်ယူပြီးနောက် ဒုတိယဝတ်စုံကလည်း ရိုက်ပြီးသွားသည်။
SR အမှုဆောင်အရာရှိများက ပြောလာသည်။ “လူတိုင်း တစ်ခုခု အရင်စားရအောင် ပြီးမှ ရိုက်ကူးရေးကို ဆက်တာပေါ့”
အမှုဆောင်အရာရှိများက ချင်ယွဲ့ကျီကို ရယ်ပြလိုက်ရင်း “ကျွန်တော်တို့ နေ့လယ်စာအတွက် ပြင်ထားတယ် ညနေ့ကျမှ ကျွန်တော်တို့ စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာစားကြတာပေါ့”
ချင်ယွဲ့ကျီ “ကောင်းပြီ”
ထမင်းဘူးက အလွန်ရိုးရှင်းသော်လည်း အတွင်းကတော့ အလွန်ကြွယ်ဝကာ အသားသုံးမျိုးနှင့် အသီးအရွက်နှစ်မျိုးပါသည်။
ရှန်းထင်ရွှမ်း၏ သဘောထားအရ ဖြုန်းတီးမည်မဟုတ်ဘဲ စတင်စားတော့သည်။
တစ်ဖက်တွင် ကင်မရာမန်းက အလွန်အကျွံစားပါက ရိုက်ကူးရေးတွင် သက်ရောက်မှု ရှိလိမ့်မည်ဟု အကြိမ်ကြိမ် သတိပေးခဲ့သည်။
သို့သော်ငြား ရှန်းထင်ရွှမ်း နေ့လယ်စာထမင်းဘူးကို စားပြီးသောအခါ သူမ၏ဝမ်းဗိုက်က လုံးဝဖောင်းလာခြင်း မရှိပေ။
စားသောက်ပြီးနောက် သူတို့က သူတို့၏မိတ်ကပ်နှင့် အဝတ်စားကို စတင်လဲလှယ်ကြသည်။
တတိယဝတ်စုံက မနက်ပိုင်းတုန်းကထက် အချိန်တစ်ဝက်သာ ယူခဲ့ရသည်။
သူတို့က အဝတ်လဲပြီးသောအခါ ရှောင်ယွီက ဖုန်းထဲမှ ဂိမ်းစဆော့နေလေသည်။ သူ တိုက်ခိုက်ပြီးနောက် ဝန်ထမ်းများက အော်ပြောလာသည်။ “အလုပ်ကြိုးစားတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဒီလောက်မြန်လား။ ရှောင်ယွီက ဖုန်းကို လျင်မြန်စွာ သိမ်းလိုက်သည်။
ဓာတ်ပုံဆရာများက အလွန်ပျော်နေကြသည်။ ယနေ့ဓာတ်ပုံများက ရွေးချယ်ရန်ပင် မလိုဘဲ ကြည့်ကောင်းရန် အာမခံနိုင်ပေသည်။
…
လူတိုင်းက သူတို့အဝတ်အစားများကို လဲလိုက်ကြသည်။
SR၏ အမှုဆောင်အရာရှိများက ပြောလာသည်။ “ကျွန်တော်တို့ ညစာအတွက် စားသောက်ဆိုင်ကို ကြိုတင်မှာပြီးသွားပြီ၊ တစ်ခါတည်း သွားလိုက်ရုံပါပဲ”
ရှောင်ယွီက ပြောလာသည်။ “အစ်ကိုကျီ.. အစ်ကိုမင်က ကုမ္ပဏီကို ပြန်သွားဖို့ အရေးကြီးကိစ္စရှိတယ်လို့ ဖုန်းခေါ်ထားတယ်”
ချင်ယွဲ့ကျီက အမှုဆောင်အရာရှိများကို ပြောလိုက်သည်။ “ကံမကောင်းလိုက်တာ.. နောက်တစ်ခါမှ စားကြတာပေါ့”
သူတို့က ချင်ယွဲ့ကျီကို ခေါ်ရန် မတတ်နိုင်သော်လည်း SR၏ အမှုဆောင်အရာရှိများက ယနေ့ဓာတ်ပုံများကို များစွာ စိတ်ကျေနပ်နေကြသည်။
ချင်ယွဲ့ကျီကို လိုက်ပို့ပြီးနောက် SR၏ အမှုဆောင်အရာရှိများက ရှန်းထင်ရွှမ်းဘက်သို့ လှည့်လာသည်။
“မိန်းကလေးရှန်း ဒီနေ့ည အားလား”
“ဒါပေါ့”
“ဒါဆို သွားကြစို့”
သူတို့အဖွဲ့က စားသောက်ဆိုင်သို့ သွားလိုက်ကြသည်။
ဓာတ်ပုံဆရာက အခုလေးတင် ကွန်ပျူတာထဲသို့ ဓာတ်ပုံများကို သွင်းနေရင်းဖြင့် ရလဒ်ကို ထုတ်ပြောလာသည်။ “မိန်းကလေးရှန်းက လုံးဝ အမိုက်စားပဲ။ ဒီအဝတ်တွေက လုံးဝကို ရောင်းကောင်းမှာ”
SRအမှုဆောင်အရာရှိက ခေါင်းညိတ် သဘောတူလိုက်သည်။
ချင်ယွဲ့ကျီနှင့် ရှန်းထင်ရွှမ်း ပေါ်လာကတည်းက အထည်များ ရောင်းကုန်မည်ကို သူ သိပြီးဖြစ်သည်။
…
စားသောက်ဆိုင်က အတော်လေး ကောင်းမွန်သော စားသောက်ဆိုင်ဖြစ်သည်။ SR အမှုဆောင်အရာရှိများက ရှန်းထင်ရွှမ်းကို သီးသန့်ခန်းဖြင့် ဧည့်ခံလေသည်။
ရှန်းထင်ရွှမ်း ဖြတ်သွားစဉ်တွင် ရှန်းရွှမ်က တစ်ဖက်မှ လာနေသည်ကို တွေ့လိုက်သည်။
ရှန်းထင်ရွှမ်းက ရှန်းရွှမ်ကိုသာ စိုက်ကြည့်လိုက်ပြီးနောက် သူမအကြည့်ကို ရုပ်သိမ်းလိုက်သည်။
ရှန်းရွှမ်က ခေါင်းညိတ်ပြီး လျှောက်လာသည်။
အပြင်လူများအမြင်တွင် သူတို့နှစ်ယောက် သူစိမ်းများသာ ဖြစ်၏။
ရှန်းထင်ရွှမ်း၏ နောက်မှ SR အမှုဆောင်အရာရှိများက ရှန်းရွှမ်ကို မြင်တော့ နှုတ်ဆက်လိုသော်ငြား ရှန်းရွှမ်၏ သဘောထားကို သူတို့တွေ့ပြီးနောက် နောက်ဆုတ်လိုက်ကြသည်။
ယခင်က SR၏ အလတ်တန်းစားလိုင်းတွင် သူတို့က ရှန်းရွှမ်ကို ထောက်ခံပေးရန် မေးခဲ့ကြပြီး ယင်းထောက်ခံချက်က တစ်နှစ်သာ ကြာခဲ့သည်။
သူတို့အကြားရှိ ဆက်နွယ်မှုက လိုက်ဖက်ညီမှုရှိသည်ဟု သူတို့ ထင်ခဲ့သည်။ ယခုတွင် ရှန်းရွှမ်ကျော်ကြားလာပြီးနောက် သူမက သူတို့၏SRကို နှိမ့်ချလိုပုံပေါ်သည်။
မှန်သည်။ ရှန်းရွှမ်က ယခုကျော်ကြားနေ၏။ တကယ်တမ်းတွင် သူမက ကျန်းချင်၏ ဇာတ်လမ်းရိုက်ကူးရေးတွင် ပါဝင်ခဲ့ပြီး သူမက သူမကိုယ်သူမက Hot search များကို ထပ်ခါထပ်ခါ ရယူခဲ့သည်။
Brands များသည် အနုပညာရှင်များ၏ ကုန်ပစ္စည်းအပေါ် အထောက်အပံ့ကို များစွာ အလေးထားလေသည်။
…
စီးပွားရေးသမားများသည် သူတို့၏အကျိုးစီးပွားကို သေချာပေါက် ထိန်းသိမ်းကြသည်။
သေချာသည်မှာ မကောင်းသောသတင်းများရှိသည့် နာမည်ကျော်များကို သူတို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့ ရပ်တန့်လိုက်မည် ဖြစ်သည်။
လူအုပ်စုက သူတို့ ကြိုတင်မှာထားသော သီးသန့်ခန်းထဲသို့ လျှောက်သွားလိုက်သည်။
ဝန်ထမ်းတစ်ဦးက တီးတိုးပြောလာသည်။ “မိန်းကလေးရှန်းနဲ့ ရှန်းရွှမ်က နည်းနည်းတူတာကို ငါရှာတွေ့လိုက်တယ်”
“ဟမ်း.. ငါလည်း ဒီလို ခံစားမိပေမဲ့ မိန်းကလေးရှန်းက ပိုကြည့်ကောင်းတယ်လို့ ထင်တယ်”
“ငါလည်း တွေးမိတယ်”
SR၏ အမှုဆောင်အရာရှိက မည်သည့်မှတ်ချက်မှ မချသော်ငြား သူသည်လည်း ရှန်းထင်ရွှမ်းက ရှန်းရွှမ်းထက် ပိုကောင်းသည်ဟု တွေးမိသည်။
ရှန်းထင်ရွှမ်းက ပြုံးလိုက်သည်။
သူမက ရှန်းရွှမ်းနှင့် တူညီသည့်အကြောင်းကို မရှင်းပြခဲ့ချေ။
ရှန်းမိသားစုအကြောင်းကို သူမက မေ့လုနီးပါး ဖြစ်သွားသည်။ အစကတည်းက ရှန်းထင်ရွှမ်းကို အာရုံစိုက်သောသူများသာလျှင် ရှန်းထင်ရွှမ်းသည် ရှန်းမိသားစုမှဟု သိကောင်းသိနိုင်ပေလိမ့်မည်။
…
ရှန်းမိသားစု၏သမီးဖြစ်သောကြောင့် ရှန်းရွှမ်းက ယနေ့ဤနေရာတွင် စားသောက်ရန် ဖိတ်ကြားခံခဲ့ရသည်။
သို့သော်ငြား သူမက ရှန်းထင်ရွှမ်းကို SRမှ အမှုဆောင်အရာရှိများနှင့် တွေ့ရန် မမျှော်လင့်ခဲ့ချေ။
လွန်ခဲ့သောတစ်နှစ်က သူမသည် SR၏ ထုတ်ကုန်များကို ထောက်ခံပေးသူ ဖြစ်ခဲ့ပြီး တစ်ဖက်လူက စာချုပ်ကို သက်တမ်းတိုးရန် မတောင်းဆိုခဲ့ချေ။
ရှန်းရွှမ်၏အေးဂျင့်က SRကို ရှာဖွေခဲ့ပြီး ထောက်ခံချက်ကို အမြင့်လိုင်းသို့ ပြောင်းလဲချင်ခဲ့သော်လည်း တစ်ဖက်မှ ငြင်းပယ်ခဲ့သည်။ တကယ်တမ်းတွင် နှစ်ဦးနှစ်ဖက်က ဆက်ဆံရေးကောင်း မရှိတော့ချေ။
မကြာမီက သူမ၏အေးဂျင့်က အလယ်အလတ်လိုင်းကိုသာ ဆက်လက်ထောက်ခံရန် ပြောချင်ခဲ့သော်ငြား SRတွင် ပြောရေးဆိုခွင့်ရှိသူအသစ်ဖြင့် လက်မှတ်ထိုးပြီးကြောင်း ရှာတွေ့ခဲ့ရသည်။
လက်ရှိတွင်မူ ရှန်းရွှမ်သည် အလယ်အလတ်လိုင်းကိုပင် ဆုံးရှုံးခဲ့ရသည်။
“ဓားနတ်သမီး” ၏ အကူအညီဖြင့် သူမက အကောင်းဆုံးသရုပ်ဆောင် ဖြစ်လာခဲ့လျှင် SR၏ အမြင့်ဆုံးလိုင်းကို ထောက်ခံချက်ရရှိရန် ဖြစ်နိုင်သော်ငြား သူမသည် ထိုအချိန်က ထိုတံဆိပ်ကို မကြိုက်တော့သဖြင့် ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
ရှန်းရွှမ်က သူမဖုန်းကို ထုတ်လိုက်ပြီး အပင်စိုက်တဲ့အားရွှမ်းကို မရှာသေးမီ တစ်ခုခုကို တွေးလိုက်မိသည်။
ရိုက်ကူးနေချိန်၌ သူမက ရှန်းထင်ရွှမ်းကို အာရုံမစိုက်မိခဲ့ချေ။ ထိုအချိန်က သူမက နေ့တိုင်း အလုပ်များနေ၏။ ရှန်းထင်ရွှမ်းအတွက်မူ သူမက ထိုလူကို ယခင်ကတည်းက မေ့သွားပြီဖြစ်သည်။
ရှန်းရွှမ်က နောက်ဆုံးစာလုံးကို ရိုက်ထည့်လိုက်ပြီးနောက် ကလစ်လိုက်ပြီး ရှာလိုက်သည်တွင် သူမ၏အမူအရာက အေးခဲသွားတော့သည်။
သူမက အချိန်တိုလေး အလုပ်သွားလုပ်ချိန်တွင် ရှန်းထင်ရွှမ်း၏ Followerများက သူမ၏တစ်ဝက်ပင် ရှိသွားပြီဖြစ်သည်။
ရှန်းရွှမ်၏ ပထမအတွေးမှာ သူမတွေ့တာ မှားယွင်းသည်ဟု တွေးကာ ဝေ့ပေါ်မှ ထွက်ပြီး ပြန်ဝင်လိုက်သော်လည်း သူမသည် ရှန်းထင်ရွှမ်းသည် Follower ၁၅သန်း အမှန်တကယ် ရှိနေတာကို တွေ့သွားသည်။
“ကောင်းပြီ ရှန်းထင်ရွှမ်း ငါက နင့်ကို အထင်သေးမိသွားတာပဲ” ရှန်းရွှမ်က ပြောလိုက်သည်။
ဒီလောက်အချိန်တိုလေးအတွင်း သူမက နာမည်ကြီးသရုပ်ဆောင်မဟုတ်သည့်တိုင် ရှန်းထင်ရွှမ်းသည် များစွာသော Follower များ ရလာနိုင်သည်။
ထိုစဉ် ဖူလဲ့ထျန်းက ရောက်လာပြီး ရှန်းရွှမ်၏မျက်နှာထက်မှ ဒေါသများကို တွေ့သွားသည်။ “ဘယ်သူက ရွှမ်ရွှမ်ကို မပျော်အောင် လုပ်တာလဲ”
ရှန်းရွှမ်က သူမမျက်နှာပေါ်မှ ဒေါသများကို ဖယ်ထုတ်လိုက်ပြီး နူးညံ့သိမ်မွေ့သော အမူအရာဖြင့် ဆိုလိုက်သည်။ “ကျွန်မအခုလေးတင် ကျွန်မအစ်မကို တွေ့လိုက်တယ်”
နောက်ပိုင်းကိုတော့ ရှန်းရွှမ်က ဘာမှမလုပ်တော့သည့်တိုင် ဖူလဲ့ထျန်းက သူမ၏ဒေါသကို နားလည်သွားသည်။
ထို့အပြင် ယခင်က သူသည် ရှန်းထင်ရွှမ်းနှင့် ငြင်းခုံခဲ့ဖူးသည်။ ဖူလဲ့ထျန်းသည်လည်း ရှန်းထင်ရွှမ်းအပေါ် ထင်မြင်ချက်တချို့ ရှိ၏။ “အဲအမျိုးသမီးအကြောင်းကို မတွေးနေနဲ့။ မင်းရဲ့ဒေါသအတွက် သူမက ပြန်ပေးဆပ်ရမယ်။ ကိုယ် သူမကို ကိုင်တွယ်လိုက်မယ်”
ရှန်းရွှမ်က ရယ်မောလိုက်သည်။
သူမက များများ မပြောလိုက်သော်လည်း ဖူလဲ့ထျန်းက အရာအားလုံးကို လုပ်မည်ဖြစ်ပြီး ယင်းက သူမနှင့် မသက်ဆိုင်ပေ။
ရှန်းထင်ရွှမ်းသည် မည်မျှပင် စွမ်းအားရှိပါစေ သူမက ဖူဂရုကို မတိုက်ခိုက်နိုင်ဟု သူမယုံကြည်သည်။
…
အခန်း (၅၃) (က)
ညစာက အရသာကောင်းမွန်ပေသည်။ ရှန်းထင်ရွှမ်း အရသာရှိစွာ စားသောက်နေသည်ကို မြင်သည့်လူတိုင်းကလည်း စားချင်စိတ်ဖြစ်ပေါ်လာပေသည်။
ထို့အပြင် ယနေ့ လူတိုင်းက စိတ်ကျေနပ်မှုအပြည့် ရပြီး အထူးသဖြင့် ဤညစာက ပိုပျော်ရွှင်ရပေသည်။
ညစာစားပြီးနောက် SR ဝန်ထမ်းက ရှန်းထင်ရွှမ်းကို ရှင်းယွမ်ရှန်သို့ ပြန်လိုက်ပို့ပေးခဲ့သည်။
အလုပ်အမှုဆောင်အဖွဲ့များက သူမကို လူကိုယ်တိုင် လိုက်ပို့ရန် မူလက စီစဉ်ထားသော်လည်း ကုမ္ပဏီက တစ်စုံတစ်ခု ယာယီ ထုတ်ပြန်ခဲ့သောကြောင့် သူတို့က ရှန်းထင်ရွှမ်းကို ရှင်းယွမ်ရှန်သို့ ဝန်ထမ်းကိုသာ ပြန်ပို့ခိုင်းလိုက်သည်။
အပြန်လမ်းတွင် သူတို့က သူမကို SR ၏ ဆောင်းဦးဝတ် အဝတ်အစားအသစ်တစ်စည်းကိုလည်း ပေးခဲ့သည်။
ယနေ့ ရှန်းထင်ရွှမ်းက ထိုအဝတ်အစားများကို ဝတ်ကြည့်သောအခါ အချို့က စိုက်ပျိုးနေစဉ် ဝတ်ဆင်နိုင်ကြောင်း တွေ့ရှိခဲ့ပြီး ထိုအဝတ်အစားများစွာက သူမ အပိုဝယ်ရမည့်အစား သက်သာသွားစေသည်။
အားလုံးပြီးနောက် ယခု လျှော့တွက်လို့ မရသည့် သူမ၏တာဝန်များအတွက် သူမက ပိုက်ဆံစုရန် လိုနေဆဲဖြစ်သည်။
ရှန်းထင်ရွှမ်းက ရေချိုးပြီးသောအခါ ဗီရိုထဲတွင် အဝတ်အစားအသစ်များကို ထားလိုက်ကာ Weibo ကို ဖွင့်ရန် အိပ်ရာပေါ်တွင် လှဲလိုက်သည်။
ထို့နောက် သူမက ချင်ယွဲ့ကျီ၏ “အဖြေ “ နှင့် ရှန်းရွှမ်း၏ “ဓားနတ်သမီး” တို့ နှစ်ခုလုံးက hot search တွင် ရှိနေကြသည်ကို တွေ့ရှိသွားခဲ့သည်။
ရုပ်ရှင်နှစ်ခုလုံးက နွေဦးပွဲတော်ကာလအတွင်း ထုတ်လွှင့်ပြသရန် စီစဉ်ထားပေသည်။ ထို့အပြင် ရုပ်ရှင်ထဲရှိ ခေါင်းဆောင်မင်းသားနှင့် မင်းသမီးတို့က ထင်ပေါ်ကျော်ကြားသူများဖြစ်ကြသည်။ ထို့ကြောင့် ဆွေးနွေးမှုများက အဆက်မပြတ် တိုးတက်နေပေသည်။
ရှန်းထင်ရွှမ်းက hot search ထဲသို့ နှိပ်ဝင်လိုက်ရာ တချို့လူများက ဇာတ်လမ်းကို ဆွေးနွေးနေကြပြီး တချို့လူများက ရေပန်းစားသည့်အရာများကို ဆွေးနွေးနေကြကာ တချို့က ဒရာမာထဲရှိ ဇာတ်ပို့များအကြောင်းကို ဆွေးနွေးနေကြကြောင်း တွေ့လိုက်ရသည်။ သို့သော် အများစုက ရှန်းရွှမ်ကို ချီးမွမ်းနေကြကြောင်း တွေ့လိုက်ရသည်။
ခဏလောက် ဖတ်ကြည့်နေပြီးနောက် ရှန်းထင်ရွှမ်းသည် ထိုအရာက စိတ်ဝင်စားဖို့မကောင်းသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူမက Weibo မှ ထွက်လိုက်သည်။
အိပ်ရာမဝင်ခင် ရှန်းထင်ရွှမ်းက မေးလိုက်သည်။ “စနစ်၊ မနက်ဖြန် တာဝန်က ဘာလဲ “
“၁၅ ရက်အတွင်း host စိုက်ပျိုးထားတဲ့ အသီးနဲ့ ဟင်းသီးဟင်းရွက် ၁၅ မျိုးကို လူတစ်ယောက်ထဲကို စားခိုင်းပါ “
ရှန်းထင်ရွှမ်းက ထိုအချက်ကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်သည်။ “အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေလား “ အသီးများနှင့် ဟင်းသီးဟင်းရွက်နှစ်ခုလုံးက အဆင်ပြေသည့် အဓိပ္ပာယ်ပင်မဟုတ်လား။
စနစ်။ “ဟုတ်ပါတယ် “၇
ရှန်းထင်ရွှမ်းက အရင်ဆုံး ချင်ယွဲ့ကျီကို မတွေးဘဲမနေနိုင်ခဲ့ချေ။ သို့သော် ဤတာဝန်က အလွန်ခက်ခဲလွန်းသည်တော့ မဟုတ်ပေ။
ယခု သူမ၏ တောင်ပေါ်တွင် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်အမျိုးအစား များစွာ ကြွယ်ဝစွာ ရှိပေသည်။ သူမက လူတစ်ယောက်စာ စားသောက်ရန် လက်ဆောင်အိတ်ကြီးတစ်လုံးကို ထုပ်ပိုးနိုင်ပြီး တာဝန်အချိန်ကလည်း ၁၅ ရက် ဖြစ်သည်။ ထို့ကြောင့် ဤတာဝန်က သိပ်မခက်ပေ။
မနက်စောစောတွင် ရှန်းထင်ရွှမ်းက သစ်သီးဝလံများ၊ သရက်သီးများ၊ ကီဝီ၊ တောကြက်မောက်၊ ငှက်ပျောသီးနှင့် ပန်းသီးများကို ထုပ်ပိုးရန် စတင်လိုက်သည်။
ဟင်းသီးဟင်းရွက်များက ဂေါ်ဖီထုပ်၊ ငရုတ်သီး၊ ရွှေဖရုံသီး၊ သခွား၊ ဆောင်းဖရဲသီး၊ ဝဥ၊ ပဲစိမ်း၊ ကြက်သွန်မြိတ်၊ ချင်းနှင့် ကြက်သွန်ဖြူတို့ ဖြစ်ကြသည်။
သူက ထိုသစ်သီးနှင့် ဟင်းသီးဟင်းရွက် ၁၅ မျိုးကို အိတ်တစ်လုံးထဲတွင် ထည့်လိုက်ပြီး လုမင်ဟွေ့ဆီသို့ ပို့ဆောင်လိုက်သည်။
ရှန်းထင်ရွှမ်းက သုံးအိတ်ယူလာခဲ့ပြီး သူ့ကို ပေးလိုက်သည်။ “ရှင့်အတွက်၊ ဒါတွေကို သုံးရက်အတွင်း စားတာ အကောင်းဆုံးပဲ “
ရှန်းထင်ရွှမ်းက လုမင်ဟွေ့နှင့် ဝန်ထမ်းများကို အသီးများနှင့် ဟင်းသီးဟင်းရွက်များပါသည့် အိတ်ကြီးများကို ပေးလိုက်ရာ လူတိုင်းက ကျေးဇူးတင်နေကြပေသည်။
အိတ်ကို ယူပြီးနောက် ပါဝင်ပစ္စည်းများက အတော်လေး လေးလံကြောင်း တွေ့ရှိသွားပေသည်။
ခဏကြာပြီးနောက် သူတို့က ပိုပြီးတောင် ကျေးဇူးတင်သွားကြသည်။
သူတို့က သုံးရက်အတွင်း စားလိုက်ဖို့က ပြဿနာတစ်ရပ် မဟုတ်ပေ။ ရှန်းထင်ရွှမ်း၏ အသီးများကို သူတို့က အိမ်ပြန်ယူသွားသည့် အချိန်တိုင်း သုံးရက်နေနေသာသာ သူတို့က တစ်ရက်တည်းဖြင့် အားလုံးကို စားပစ်လိုက်ကြသည်။
...
သူတို့ကို လိုက်ပို့ပြီးနောက် ရှန်းထင်ရွှမ်းက ရှောင်ဖုန်းအတွက် သူ့ထွေလာလေးပေါ်တွင် အသီးများနှင့် ဟင်းသီးဟင်းရွက်အိတ်ကြီး ဒါဇင်များစွာ တင်လိုက်သည်။
ထိုအချိန်တွင် ရှောင်ဖုန်းနှင့် တခြားလူများက အလုပ်ရှုပ်နေကြပြီး အထူးသဖြင့် ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုပြီးနောက် ရှန်းထင်ရွှမ်းက သူ့ကတိအတိုင်း စင်ပေါ်တွင် အသီးအလုံးရေ သန်း ၂၀ နီးပါးကို တင်ထားပေးခဲ့သည်။
သူတို့က ပစ္စည်းများအားလုံးကို မပို့ဆောင်ရသေးပေ။
ရှောင်ဖုန်းက နေ့တိုင်း ယာယီအကူ ၃၀ခန့် ငှားရမ်းခဲ့သောကြောင့် လူအရမ်းနည်းလွန်းသည်တော့ မဟုတ်ပေ။ သို့သော် အချိန်တိုင်း သူက ညလယ်ထိတိုင် ထုပ်ပိုးရန် လိုအပ်သောကြောင့် ဤအကူများက အချိန်အတော်ကြာထိ ဆက်နေနိုင်လိမ့်မည် မဟုတ်ပေ။
တစ်ခါတရံတွင် ငှားရမ်းထားသည့် အကူများက တစ်ရက် သို့မဟုတ် နှစ်ရက်ခန့် အနားယူပြီးမှ ပြန်လာလေ့ရှိပေသည်။
ရှန်းထင်ရွှမ်းက စားသောက်ရန် သူတို့ကို ဖိတ်ကြားကြောင်း သိသောအခါ ရှောင်ဖုန်းက သူမကို ကျေးဇူးတင်လိုက်သည်။ “စိတ်မပူနဲ့ ငါ နင့်ကို ကျန်တာတွေ ကူညီပေးမယ် “
ရှန်းထင်ရွှမ်းက ရှောင်ဖုန်း၏ ဂိုထောင်အသစ်သို့ ရောက်ဖူးသည်က ပထမဆုံးအကြိမ်ဖြစ်ပြီး သူမအသီးများအတွက် ဒီဇိုင်းသေချာပြုလုပ်ထားသည့် ရှောင်ဖုန်း၏ ပါကင်ဘူးများကို သူမက ရှာတွေ့သွားခဲ့သည်။
၎င်းပေါ်တွင် သူမသစ်သီးဆိုင်၏ နာမည်ရှိပေသည်။ ဘေးတွင် ကီဝီကဲ့သို့ အသီးများထည့်သည့် လေဖောင်းဗူးတစ်ခုလည်း ရှိပေသည်။
“ဒါတွေက ပိုက်ဆံတွေအများကြီး ကုန်ကျမှာပဲ “ အားလုံးပြီးနောက် ဤအရာက သူမ မတွေးခဲ့ဖူးသည့် အရာများဖြစ်သည်။ သို့သော် ရှောင်ဖုန်းက တွေးတောခဲ့သည်။
“ကံကောင်းတယ် ပြောရမယ်၊ ဒါတွေက ပိုက်ဆံအများကြီး မကုန်ဘူးလေ၊ ဒီဒီဇိုင်းက အရမ်းရိုးရှင်းတယ် “
“ကျေးဇူးတင်ပါတယ် “
“အားနာလွန်းနေပါပြီ “ ရှောင်ဖုန်းက ပြောလိုက်သည်။
“ပြီးတော့ ငါတို့ အားလုံးက ငါတို့ စီးပွားရေးကို ထောက်ပံ့ဖို့ မင်းအပေါ်မှာ မမှီခိုပါဘူး “
ယင်းက အမှန်ပင် ဖြစ်ပေသည်။ ရွာတစ်ရွာရှိ ပို့ဆောင်သူတစ်ယောက်ပင်လျှင် မြို့တော် B ရှိ အရောင်းဆိုင်အများစုထက် ပိုပြီး အထုပ်အပိုးများ ပို့ဆောင်ရပေမည်။
စကားတချို့ပြောပြီးနောက် ရှန်းထင်ရွှမ်းက အရင်ဆုံး ထွက်သွားခဲ့သည်။
ရှန်းထင်ရွှမ်းက ဂိုထောင်ထဲမှ ထွက်သွားသည်ကို မြင်သောအခါ ရှောင်ဖုန်းအမေက ရောက်လာပြီး မေးလိုက်သည်။ “သူမက တခြားဘာမှမပြောဘူးလား “
ရှောင်ဖုန်း။ “ကျေးဇူးတင်ပါတယ်လို့ ပြောသွားတယ်၊ သူမ တစ်ခုခုပြောဖို့ လိုလို့လား “
ရှောင်ဖုန်းအမေက အနည်းငယ် မကျေမနပ်ဖြစ်သွားခဲ့သည်။ သူတို့မိသားစု အများကြီး ပြုလုပ်ခဲ့ပြီးပြီ ဖြစ်သည်။ ရှန်းထင်ရွှမ်းက တကယ်ပဲ ကျေးဇူးတင်ပါတယ် ဟုသာ ပြောခဲ့သည်။
နောက်ဆုံးအခေါက်က ရှန်းထင်ရွှမ်းအပေါ် ရှောင်ဖုန်း၏ အချစ်ကို သူမ သိပြီးကတည်းက သူမက ရှန်းထင်ရွှမ်းကို ကွဲပြားခြားနားစွာ ကြည့်ခဲ့သည်။
ရှောင်ဖုန်း၏ မိုဘိုင်းဖုန်းက အသံမြည်လာခဲ့ပြီး သူက တစ်ချက်ကြည့်လိုက်သည်။ “ထင်ရွှမ်းသည် ယွမ် ၅သိန်း လွှဲလိုက်ပါသည်။ “
ရှောင်ဖုန်း၏ အမေက ပိုပြီးတောင် မကျေမနပ် ဖြစ်သွားခဲ့သည်။ရှင်းယွမ်ရှန်က အသီးများစွာ ပို့ဆောင်ခဲ့သည်။ ရှန်းထင်ရွှမ်းက ရှောင်ဖုန်းဆီသို့ တစ်ကြိမ်စီတွင် တစ်သိန်းသာ ပို့ခဲ့သည်။
ရှောင်ဖုန်းက ရှင်းယွမ်ရှန်ရှိ သူမအတွက် ကိစ္စများစွာ လုပ်ပေးခဲ့သည်ကို သိသော်လည်း သူမက ယခု ယွမ် ငါးသိန်းကိုသာ လွှဲပေးခဲ့သည်။
သူ့အမေ၏ မျက်နှာကို မြင်သောအခါ ရှောင်ဖုန်းက အနည်းငယ် ဆွံ့အသွားခဲ့သည်။
ရှန်းထင်ရွှမ်းက သူ့ကို တပြားတချပ်မှ မလွှဲခဲ့လျှင်တောင် သူက သူမအတွက် ဤကဲ့သို့ လုပ်ပေးနေဦးမည်ပင်။
...
ရှောင်ဖုန်းအပြင် ရှန်းထင်ရွှမ်းက တောင်ခြေ၌ အသီးများနှင့် ဟင်းသီးဟင်းရွက်များကို ထားကာ ပြောလိုက်သည်။
“အသီးနဲ့ ဟင်းသီးဟင်းရွက် လက်ဆောင်အထုပ်တွေက တစ်အိတ်ကို ယွမ်တစ်ရာပါ၊ လူတစ်ဦးကို တစ်အိတ်ပဲယူဖို့ ကန့်သတ်ထားပါတယ်၊ သုံးရက်အတွင်း စားဖို့ လိုပါတယ် “
လူများက အထဲတွင် ပါသည့်အရာများကို မသိကြသော်လည်း အများကြီး ဝယ်ခဲ့ကြပေသည်။ ယခု ရှင်းယွမ်ရှန်အောက်တွင် ရောင်းသည့်အရာများက ကန့်သတ်ချက်မရှိတော့ပေ။
ဝယ်ခဲ့ကြသည့် လူများက အိတ်ထဲတွင် အသီးများနှင့် ဟင်းသီးဟင်းရွက် အားလုံးပါရှိကြောင်း တွေ့လိုက်ကြသည်။
တစ်ချိန်တည်းတွင် ရှန်းထင်ရွှမ်းက မြောင်မြောင်ပို့ဆောင်ရေးနှင့် ရတနာဆိုင်တွင်လည်း ထိုကံကောင်းအိတ်ကို တင်လိုက်သည်။
အသီးအရွက် ၁၀ မျိုးနှင့် အသီး ၅ မျိုး သို့မဟုတ် အသီး ၁၀မျိုးနှင့် ဟင်းသီးဟင်းရွက် ၅မျိုးတို့ ပါဝင်ပြီး ၎င်းတို့ကို သုံးရက်အတွင်း စားရန်လိုအပ်ပေသည်။
၎င်းကို ဝယ်သည့်လူက အတော်လေးနည်းပေသည်။
...
ရှန်းထင်ရွှမ်းကြောင့် ရွာထဲရှိလူများကလည်း Weibo ကို follow လုပ်လိုက်ကြခြင်း ဖြစ်နိုင်ပေသည်။
ထို့ကြောင့် စားပြီးနောက် ရွာရှိ လူငယ်တစ်ယောက်က သူ့ဖုန်းကို ထုတ်ကာ Weibo ကို ဖွင့်လိုက်ပြီး တစ်ချက်ကြည့်လိုက်ရာ ရှန်းထင်ရွှမ်းက Weibo တွင် hot search သို့ တဖန် ရောက်ရှိသွားပြန်သည်။ သို့သော် ယခုသတင်းက အနည်းငယ် ရူးကြောင်ကြောင်နိုင်ပေသည်။ သူက ချက်ချင်းပင် သူ့မိသားစုကို တင်ပြရန် ဖုန်းခေါ်လိုက်သည်။
“ဘာ ရှန်းထင်ရွှမ်းက တကယ်ပဲ မပြောပြနိုင်တဲ့ စည်းမျဉ်းတွေနဲ့ အဖမ်းခံခဲ့ရတာလား “
“ကုမ္ပဏီတစ်ခုရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်လား “
“ငါပြောသားပဲ၊ သူမက အရမ်းလှပါတယ်လို့၊ သူမက သေချာပေါက် အပင်စိုက်ချင်မှာမဟုတ်ဘူး “
“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့၊ သူမက အပင်စိုက်ပျိုးတာမှာ တကယ်တော်တာ “
“မင်းက တစ်ဘဝလုံး အပင်စိုက်ချင်လို့လား “
“...”
.....
နေ့တစ်ဝက်မရှိသေးခင် ရှန်းထင်ရွှမ်းက ကုမ္ပဏီအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ယောက်၏ အငယ်အနှောင်းဆိုတာ ယောင်ရွာရှိလူတိုင်းက သိသွားကြသည်။
ရှောင်ဖုန်း၏ အမေတောင် ထိုအကြောင်း ကြားခဲ့သည်။ သူမ ပြန်လာသောအခါ ဒေါသတကြီး ပြောလိုက်သည်။ “ဖုန်းအာ ကြည့်စမ်း၊ နင် ရှန်းထင်ရွှမ်းနဲ့ ဆက်ဆံရေးကို ဖြတ်ဖို့လိုနေပြီ “
ရှောင်ဖုန်းက သစ်သီးများ တင်နေခဲ့ပြီး ၎င်းကို မကြားခဲ့ပေ။ ထို့ကြောင့် သူက ပြန်မေးလိုက်သည်။
“ဘာကို ဖြတ်ရမှာလဲ “
ရှောင်ဖုန်း၏ အမေက မနှစ်မြို့စွာ ကြည့်လိုက်သည်။ “ရှန်းထင်ရွှမ်းက ကုမ္ပဏီသူဌေးတစ်ယောက်ရဲ့ အငယ်အနှောင်းတစ်ယောက်တဲ့ “ ချောမောလှပလွန်းသည့် မိန်းမတစ်ယောက်၏ အတွင်းစိတ်က သေချာပေါက် ကောင်းမွန်မည်မဟုတ်ကြောင်း သူမသိပေသည်။
ရှောင်ဖုန်းက လျင်မြန်စွာ မတ်တတ်ရပ်လိုက်သည်။ သူ့အမေက ထိုသတင်းကို ဘယ်နေရာက ကြားခဲ့သလဲ သူမသိပေ။ သူက ပြောလိုက်သည်။ “အမေ၊ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့၊ သူမက အဲ့လိုမဟုတ်ဘူး “
“နင် မဟုတ်ဘူးလို့ပြောတော့လည်း မဟုတ်ဘူးပေ့ါ၊ အခု ယောင်ရွာတစ်ရွာလုံးက ဒီကိစ္စကို သိနေကြပြီ၊ ရှန်းထင်ရွှမ်းက မယားငယ်တစ်ယောက်ပဲ၊ မိသားစုကို ဖြိုခွဲတဲ့ မယားငယ်မ “
ရှောင်ဖုန်းက သူ့မိုဘိုင်းဖုန်းကို ထုတ်ယူပြီး Weibo ကို ဖွင့်လိုက်ရာ Weibo ရှိ hot search ကို မြင်လိုက်ရသည်။
#အင်တာနက်ဆယ်လီတစ်ယောက်က ပွဲဦးထွက်ဖို့ မယားငယ်ဖြစ်ချင်နေတယ်#
[ဒီနေ့ သူငယ်ချင်းတွေကို ခေါ်ဖို့ ငါ ဟိုတယ်ကို သွားခဲ့တာ။ S က အမှုဆောင်အရာရှိတစ်ယောက်ကို မြင်လိုက်ပြီးတော့ မကြာသေးခင်ကမှ နာမည်ကြီးလာတဲ့ ဆယ်လီတစ်ယောက်က အခန်းထဲက ထွက်လာတာကို တွေ့လိုက်ရတယ်။ တစ်ချက်လောက် ကြည့်ကြည့်ပါဦး။ (ပုံ)]
ပုံက ခိုးကြောင်ခိုးဝှက် ရိုက်ခံထားရပေသည်။ သို့သော် အင်တာနက်ဆယ်လီ၏ မျက်နှာက အလွန်ရှင်းလင်းပြီး ယင်းက အပင်စိုက်သည့် အားရွှမ်းဖြစ်သည်။
သူ့ဘေးရှိ စီနီယာဝန်ထမ်းများအတွက်တော့ အင်တာနက်အသုံးပြုသူတစ်ချို့က နောက်မှ ထွက်လာကြပြီး သူတို့က SR အမှုဆောင်များဖြစ်သည်ဟု ပြောလာကြသည်။
[ဖာ့ချ။]
[အရမ်းလှတာက ကျိန်စာတစ်ခုပဲ။]
[ဟီးဟီး။ ဒါဆို သူမက ပွဲဦးထွက်အတွက် သန့်စင်မှုတစ်ခုနဲ့ သန့်စင်တဲ့ကျောက်စိမ်းအတွက် ရွေးရလိမ့်မယ်။]
[ဖာ့ခ်။ ဒီလယ်သမားက တကယ်ပဲလား။ သူ့ကိုယ်ပိုင်ဘဝက ဘာလို့ ဒီလောက်ရှုပ်ထွေးနေရတာလဲ။]
[ရယ်လိုက်ရတာ။ သူမက ဒီအမှုဆောင်ကို ဘယ်နကြိမ်လောက် ဖြည့်ဆည်းပေးလိုက်ရလဲမသိဘူး။]
[အဲ့ဒါက ဘယ်လောက်ကုန်မလဲ ငါ သိချင်တယ်။]
...
ရှောင်ဖုန်းက ထိတ်လန့်သွားခဲ့သည်။ ဘာလို့ ဒီလောက်ရက်စက်ရတာလဲ။
ရှောင်ဖုန်းက ပုံကို ကြည့်လိုက်ပြီး ပုံပေါ်တင် တကယ်ပဲ ရှန်းထင်ရွှမ်းနှင့် SR အမှုဆောင်များ ဖြစ်ကြသည်။ သူတို့က အခန်းတစ်ခုထဲမှ ထွက်လာပုံပေါ်ပေသည်။
သို့သော် ရှောင်ဖုန်းက တစ်ခုခုမှားယွင်းနေသည်ဟု ခံစားရပေသည်။
ရှောင်ဖုန်းအမေကလည်း ရှောင်ဖုန်း ဖုန်းပေါ်ရှိ ပုံကို မြင်သွားသည်။ “ငါ ခုပဲ ပြောတယ်မလား၊ သူမနဲ့ အမြန်ဆက်ဆံရေးဖြတ်လိုက်တော့ “
ရှောင်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။ “အမေ့သားက ရှန်းထင်ရွှမ်းနဲ့ ဘာဆက်ဆံရေးမှ မရှိဘူး၊ ဘာကို သွားဖြတ်ရမှာလဲ “
သူက အခွင့်အရေးတစ်ခု ရချင်သော်လည်း သူက ယခု ဤအခွင့်အရေးကိုတောင် မရသေးချေ။
...
ယောင်ကျေးရွာက မကြီးမားချေ။ ကောလာဟလများက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ရွာသူကြီး ယောင်တာ့ကျူးနှင့် သူမိသားစုက ထိုအကြောင်းကို သိပြီးနောက် သူတို့က ချက်ချင်းပင် ရွာသားများကို စုစည်းလိုက်ပြီး ရွာဝင်ဝတွင် အစည်းအဝေးတစ်ခု ကျင်းလိုက်သည်။
ယောင်တာ့ကျူးက သူ၏ ဒဏ်ရာရနေသည့် ခန္ဓာကိုယ်ကို ဆွဲကာ အားမာန်အပြည့်ဖြင့် ပြောလိုက်သည်။
“မကြာသေးခင်ကပဲ ရွာထဲက ကောလာဟလအကုန်လုံးကို သိခဲ့ရတယ်၊ ငါတို့အားလုံးက တစ်ရွာတည်းသားတွေပဲ၊ မိန်းကလေး ရှန်းထင်ရွှမ်းက ငါတို့ဆီကို အကျိုးအမြတ်တွေ အများကြီး ယူလာပေးခဲ့တယ်၊ ဟုန်မိန်ရဲ့ ကလေးတွေက အသီးမကြိုက်ခဲ့ဘူး၊ ဒါပေမဲ့ အခု ရှင်းယွမ်ရှန်ရဲ့ အသီးတွေကိုပဲ စားလာခဲ့တယ် “
ဟုန်မိန်က ခေါင်းညိတ်လိုက်သည်။ ယခု ရှင်းယွမ်ရှန်က အသီးများ ဖြစ်နေသရွေ့ သူမရတနာလေးက ၎င်းကို စားပေသည်။
“ပြီးတော့လည်း ရှန်းထင်ရွှမ်းက သူမရောင်းတဲ့အသီးတွေကို ပို့ဆောင်ဖို့ လိုအပ်တာကြောင့် ရှောင်မိသားစုက ပို့ဆောင်ရေးကုမ္ပဏီတစ်ခု ဖွင့်ခဲ့တယ် “
ရှောင်ဖုန်းအမေက တီးတိုးပြောလိုက်သည်။ “အဲ့ဒါက သူအဆင်ပြေဖို့ အတွက်ပဲလေ “
သူမဘေးရှိ တစ်ယောက်က ပြန်ပြောလိုက်သည်။ “နင် ပိုက်ဆံမရှာနိုင်ခဲ့ဘူးနဲ့တူတယ် “
ရှောင်ဖုန်းအမေက နှာမှုတ်ကာ ပြောနေတာကို ရပ်လိုက်သည်။
ြယောင်တာ့ကျူးက ဆက်ပြောလိုက်သည်။ “အခု ယောင်ရွာက ရွာသားတိုင်းက ရှောင်ပို့ဆောင်ရေးကုမ္ပဏီကို အလုပ်သွားလုပ်တာက မြို့တော်မှာ လုပ်တာထက်တောင် ပိုရနေသေးတယ်လေ “
ဤသည်က အမှန်ပင်ဖြစ်သည်။ လူများစွာက တိတ်ဆိတ်သွားကြသည်။
“အဲ့ဒီမိန်းကလေးက အရမ်းကောင်းတယ်၊ ဒါပေမဲ့ အခု လူတိုင်းက အင်တာနက်က ကောလာဟလတွေကြောင့် အဓိပ္ပာယ်မရှိတာတွေ ပြောနေကြတယ်၊ ဒါက ဘာလို့လဲ “
ယောင်တာ့ကျူးက ရှန်းထင်ရွှမ်းသည် ကောင်းမွန်သည့်မိန်းကလေးဖြစ်ကြောင်း ပြောချင်ပေသည်။
သို့သော်လည်း လူများက သူတို့ယုံကြည်ချင်သည့်အရာကိုသာ ယုံကြည်ချင်ကြပြီး အမှန်တရားကို မယုံကြည်ချင်ကြချေ။
ရှောင်ဖုန်းအမေ။ “ရွာလူကြီး၊ ရှင့်မှာ ရှန်းထင်ရွှမ်းနဲ့ပတ်သက်ပြီး လျှို့ဝှက်ချက်တစ်ခုခုများ ရှိနေတာလား၊ အကြာကြီးပြောပြီးတော့ ရှင်က ရှန်းထင်ရွှမ်း ကောင်းတယ်လို့ ကျွန်မတို့ကို ပြောချင်နေတာမလား “
ဤသို့ ပြောလိုက်သောအခါ လေထုက ဆူပွက်သွားတော့သည်။
ရွာသားများစွာက ထရပ်လိုက်ကြသည်။ “ဟုတ်တယ်၊ ရွာလူကြီး၊ ခင်ဗျားက သူမနဲ့ ဆက်ဆံရေးတစ်ခု ရှိနေတာလား “
“ခင်ဗျားက သူမအတွက်နဲ့ ကျုပ်တို့ကို တကူးတက ခေါ်လိုက်တာပေါ့ “
ယောင်တာ့ကျူးမိန်းမက လျင်မြန်စွာ မတ်တတ်ထရပ်လိုက်သည်။ “ငါတို့ တာ့ကျူးက မစ္စရှန်းနဲ့ ဘာမှမပတ်သက်ဘူး၊ မစ္စရှန်းက တကယ်ပဲ အရမ်းကောင်းတဲ့လူတစ်ယောက်ပါ၊ အဓိပ္ပာယ်မရှိတာတွေ မပြောကြနဲ့ “
ရှောင်ဖုန်းအမေ။ “တော်လိုက်တော့၊ နင့်ကို ဘယ်သူ ယုံလဲ၊ သွားရအောင် “
လူတစ်စုက ထွက်ခွာသွားခဲ့သည်။
ရှောင်ဖုန်းနှင့် ရှန်းထင်ရွှမ်းက အလွန်ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခုရှိကြောင်း လူတိုင်းက တွေးမိကြသည်။ ရှောင်ဖုန်းအမေက ဤသို့ပြောခဲ့သည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းတွင် တကယ်ပဲ ပြဿနာတစ်ခု ရှိရပေမည်။
ထို့ကြောင့် ရှောင်ဖုန်းငှားရမ်းခဲ့သည့် အကူများစွာက တစ်ယောက်ပြီးတစ်ယောက် ထွက်စာတင်လာကြပြီး ဤကဲ့သို့ မိန်းမတစ်ယောက်အတွက် အလုပ်လုပ်ရခြင်းက မနှစ်မြို့စရာကောင်းသည်ဟု ပြောခဲ့ကြသည်။
ရှောင်ဖုန်းအမေက ထိုအရာကို မမျှော်လင့်ခဲ့ချေ။
သူမက ရှန်းထင်ရွှမ်းကို မနှစ်သက်သော်လည်း သူမက ပိုက်ဆံမရှာနိုင်တော့မည့်အကြောင်းကို ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။
အလုပ်ဆက်လုပ်ရန် ဆန္ဒရှိနေသည့် ရွာသားတစ်ယောက်လည်း ရှိပေသည်။ သို့သော် ၎င်းက ပိုက်ဆံအတွက် ဖြစ်သည်။
၎င်းကို ပြုလုပ်ခြင်းက ရှောင်ဖုန်း၏ မျက်နှာကြောင့် ဖြစ်သည်။
သို့သော် ဤအခြေအနေ ဤကဲ့သို့ ဖြစ်လာသောအခါ ရှောင်ဖုန်းအမေက ဒေါသမထွက်နိုင်ဘဲ ဟန်ဆောင်သာပြုံးနေရပေသည်။
ရှောင်ဖုန်းက သူ့အမေ၏ လုပ်ဆောင်ချက်များကို လေ့လာပြီးနောက် အလွန်စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ သူက သူမကို ဘယ်လောက်ပင် ဖျောင်းဖျစေကာမူ သူ့အမေက တင်းမာနေခဲ့သည်။
ဤအရာက ရှန်းထင်ရွှမ်းအတွက် ကောင်းမည်မဟုတ်ပေ။
သူမက မယားငယ် မဟုတ်ခဲ့လျှင်တောင် သူမက အနာဂတ်တွင် ရှောင်ဖယ်ခံနေရဆဲ ဖြစ်ပေလိမ့်မည်။
ဤကိစ္စက လျင်မြန်စွာ ပြီးဆုံးသွားလိမ့်မည်ဟု မျှော်လင့်ရပေသည်။
…
အခန်း (၅၃) (ခ)
ရှန်းထင်ရွှမ်းကို ထောက်ခံအားပေးသည့်အဖွဲ့၏ ပရိသတ်များက Weibo ရှိ hot search ကို မြင်ပြီး စုံစမ်းစစ်ဆေးလိုက်ကြသည်။ သို့သော် သူတို့က ရှန်ထင်ရွှမ်းကို ဆက်သွယ်လို့မရခဲ့ပေ။ ထို့ကြောင့် သူတို့က ဘယ်လိုရှင်းပြရမလဲ မသိကြချေ။
ရှန်းထင်ရွှမ်းက ထိုသို့ပြုလုပ်မည်မဟုတ်ကြောင်း သူတို့က ယုံကြည်ပေသည်။
သူတို့က ရှန်းထင်ရွှမ်းကို သီးသန့်စာပို့ရန် ကြိုးစားခဲ့ကြသော်လည်း ရှန်းထင်ရွှမ်း၏ Weibo က အွန်လိုင်းမဖြစ်သည့်အပြင် မကြာသေးမီက လှုပ်ရှားမှုများလည်း မရှိချေ။
ဆွေးနွေးမှုများက ပိုမိုဆူညံလာလေလေ၊ ခေါင်းစဉ်က ပိုဟော့လာလေလေ ဖြစ်ပြီး အင်တာနက် အသုံးပြုသူအများစုက ရှန်းထင်ရွှမ်း ပွဲဦးထွက်မထွက် ပြောဆိုရန် ကြိုးစားနေကြသည်။
...
ခေါင်းစဉ်က အင်တာနက်ဆယ်လီအသိုင်းအဝိုင်းကို ကျော်လွန်ပြီး ဖျော်ဖြေရေးနယ်ပယ်သို့ ဝင်ရောက်သွားသောအခါ နောက်ဆုံးတွင် SR အမှုဆောင်များက ဤ Weibo ပို့စ်အကြောင်း သိသွားကြသည်။
သူတို့က ပုံများနှင့် Weibo ပို့စ်ကို အင်တာနက်ပေါ်တွင် မြင်သောအခါ သူတို့က တကယ်ပဲ အံ့အားသင့်သွားကြသည်။
ဓာတ်ပုံက အစစ်အမှန်ဖြစ်သည်။ သို့သော် ဟိုတယ်အခန်းတစ်ခုတော့ မဟုတ်ပေ။ သို့သော် စားသောက်ဆိုင်တစ်ခုဖြစ်သည်။ ထို့ကြောင့် SR က ကြေညာချက်တစ်ခုကို လျင်မြန်စွာ ထုတ်ပြန်လိုက်သည်။
[SR။ ကျွန်တော်တို့ အမှုဆောင်အဖွဲ့နှင့် @အပင်စိုက်တဲ့အားရွှမ်းတို့အကြောင်း ပြီးခဲ့သည့် အွန်လိုင်းကြေညာချက်နှင့် စပ်လျဉ်း၍ ၎င်းသည် သတင်းအတုသာ ဖြစ်ပါသည်။ ထိုအချိန်က အားရွှမ်းသည် ကျွန်တော်တို့၏ ထောက်ခံချက်ကို ရိုက်ကူးခြင်း ပြီးစီးပြီးနောက် ကျွန်တော်တို့ ကုမ္ပဏီ၏ခေါင်းဆောင်များနှင့်အတူ ညစာစားခဲ့ပါသည်။ တစ်ဖွဲ့တည်းတွင် တခြားသူများလည်း ရှိကြပါသည်။ ထိုညက သူတို့ ညစာစားခဲ့သည့်နေရာသည် XX စားသောက်ဆိုင် ဖြစ်ပါသည်။ ပုံတွင် အသေးစိတ်ကို ကြည့်ရှုပါ။]
ပုံကို ထုတ်ပြန်လိုက်သည်နှင့် ဓာတ်ပုံများက ဟိုတယ်တွင် မဟုတ်ဘဲ စားသောက်ဆိုင်တစ်ခုတွင်သာ ရိုက်ကူးထားခြင်း ဖြစ်ကြောင်း လူတိုင်းက သိရှိသွားကြသည်။
ရှန်းထင်ရွှမ်းပရိသတ်များ၏ ထောက်ခံအားပေးသည့်အဖွဲ့က ထိုအခိုက်အတန့်တွင် ဒုတိယရိုက်ချက်ကို စတင်လိုက်သည်။
ဖူလဲ့ထျန်းက SR၏ ကြေငြာချက်ကို မြင်သောအခါ သူက ချက်ချင်းပင် ကြီးမားသည့် ရေတပ်အင်အားကို တဖန် ငှားရမ်းလိုက်သည်။
အင်တာနက်ဆယ်လီတစ်ဦးက SR ကို ထောက်ခံနိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။
[ထောက်ခံချက်လား။ SRကို ထောက်ခံဖို့ အင်တာနက်ဆယ်လီတစ်ယောက်တဲ့လား။]
[ဟာသပဲ။ SR က စတားတစ်ယောက်တောင် မရှာနိုင်လို့ ကြေးနိမ့်တဲ့တစ်ယောက်ကို ငှားလိုက်တာလား။]
[ယုတ္တိရှိရှိ ပြောရမယ်ဆိုရင် အားရွှမ်းက SR ဆွယ်တာနဲ့ ဂျင်းဘောင်းဘီတွေကို ဗီဗီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ အရင်က ဝတ်ခဲ့တယ်လေ။ အဲ့ဒါတွေအကုန်လုံးက တစ်ချိန်တည်း ရောင်းထွက်သွားခဲ့တာပဲ။]
ဤတန်ပြန်တိုက်ခိုက်သည့် Weibo ပို့စ်ကလည်း ထိုအချိန်တွင် ထိုအဝတ်အစားများကို ရှန်းထင်ရွှမ်း ဝတ်ဆင်ထားသည့် ပုံများကို ထုတ်ဖော်လာကြသည်။
လူတိုင်းက ၎င်းကို ကြည့်လိုက်ရာ အမှန်ပင် ဖြစ်သည်။ သို့သော် တချို့လူများက ဆက်လက် ကန့်ကွက်နေဆဲဖြစ်သည်။
[ဒါက ထောက်ခံချက်တစ်ခုလို့ ပြောခဲ့တယ်။ ဒါပေမဲ့ သူမ ထောက်ခံတဲ့ အမှတ်တံဆိပ်က SR ကျောင်းသားလိုင်းဖြစ်ရမယ်။ ဒီလို ရိုက်ကူးရေးကို လိုက်ဖို့ အမှုဆောင်တစ်ယောက် လိုအပ်လို့လား။]
အွန်လိုင်းအငြင်းပွားမှုများက အရှိန်အဟုန်မြင့်သည့် အခြေအနေတစ်ခုထဲသို့ တဖန် ကျရောက်သွားခဲ့သည်။ သို့သော် မကြာမီ အင်တာနက်အသုံးပြုသူများ၏ သံသယက အဖြေထွက်လာခဲ့သည်။
SR ၏ တရားဝင် Weibo က ထောက်ခံချက်ဓာတ်ပုံကို တိုက်ရိုက် ထုတ်ပြန်လိုက်သည်။
[SR။ လူတိုင်းက အချိန်အတော်ကြာ စောင့်စားခဲ့ရတဲ့ နွေဦးထုတ်ကုန်အသစ်လေးတွေကို စောင့်မျှော်နေပါတယ်။ ကျေးဇူးတင်ပါတယ်။ ပြောရေးဆိုခွင့်ရှိသူ @ချင်ယွဲ့ကျီ နဲ့ @အပင်စိုက်တဲ့အားရွှမ်း။ ပျော်ရွှင်စရာ ပူးပေါင်းဆောင်ရွက်မှု။ (ပုံ)]
ပို့စ်က စုစုပေါင်း ၁၅ ပုံ တင်ခဲ့သည်။ အဝတ်အစားတစ်စုံစီအတွက် ငါးပုံဖြစ်သည်။
ပုံများ ရွေးချယ်သောအခါ ဓာတ်ပုံဆရာက အခက်အခဲဖြစ်နေခဲ့သည်။
တစ်ပုံချင်းစီက ကြည့်ကောင်းသည်ဟု ခံစားမိပြီး သူက ၎င်းကို ဖျက်ပစ်ရန် တွန့်ဆုတ်နေခဲ့သည်။
ထို့ကြောင့် မူလက ကိုးပုံသာ တင်ရန် ရည်ရွယ်ထားသော်လည်း အဆုံးတွင် ၁၅ ပုံ ဖြစ်သွားခဲ့သည်။
ဓာတ်ပုံဆရာက ပုံအနည်းငယ်သာ ပေးပို့ခဲ့သည်ဟု ခံစားနေရပေသည်။
Weibo တွင် တင်ရန် ရွေးချယ်ထားသည့် ဓာတ်ပုံများက ဘာမှတည်းဖြတ်ရန် မလိုအပ်သလောက် ဖြစ်နေပြီး သူ့အတွက် အလွယ်ကူဆုံးအလုပ်ဖြစ်ကြောင်း တည်းဖြတ်သူကလည်း နောက်ကျ ပြောခဲ့သည်။
...
Weibo ပို့စ်ထွက်လာသည်နှင့် ကွန်ရက်တစ်ခုလုံးက ပေါက်ကွဲသွားခဲ့သည်။
အမှန်တော့ SR အမှုဆောင်များသည် သိပ်မကြာမီ Weibo တွင် တင်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
ရှန်းထင်ရွှမ်း၏ ခေါင်းစဉ်ကို ထွက်ပြီးသောအခါ သူတို့က စောင့်ဆိုင်းရန် စီစဉ်ထားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းက ရှင်းလင်းသွားပြီဖြစ်သည်။ နောက်ထပ်လူထု၏အမြင်ကို ပိုပြီး လှုပ်လှုပ်ရွရွ ဖြစ်သွားစေနိုင်ပေသည်။
ကိစ္စက ကြီးမားလာလျှင်လည်း သူတို့အတွက် ကောင်းသည့်အရာတစ်ခု ဖြစ်သည်။
သို့သော်လည်း ချင်ယွဲ့ကျီက ထောက်ခံချက်ပုံများကို တတ်နိုင်သမျှ ထုတ်ပြန်ရန် တောင်းဆိုသည့် စာတစ်စောင် ပို့ခဲ့သည်။
ထို့ကြောင့် သူတို့က Weibo တွင် ပုံများကို ချက်ချင်းပင် တင်ခဲ့ရသည်။
[ဘုရားရေ ငါ့ကို သတ်လိုက်ပြီ။ လက်စသတ်တော့ ငါ့အစ်ကိုရဲ့ ထောက်ခံချက် ဖြစ်နေတာပဲ။]
[ဖာ့ခ်။ ငါ ဝယ်ရမယ်။]
[ငါ့အစ်ကိုက အင်တာနက်ဆယ်လီတစ်ယောက်နဲ့ ဘာလို့ ပူးပေါင်းဆောင်ရွက်လဲဆိုတာ နားမလည်ပေမဲ့ ဒီပုံက သေချာပေါက် အင်တာနက်ဆယ်လီတစ်ယောက်ရဲ့ အဆင့်မဟုတ်ဘူး။ ဒါက အဆင့်မြင့်လိုင်းပဲ။]
[အားးးးးးးးးးး။ ဒီအင်တာနက်ဆယ်လီနဲ့ ငါ့အစ်ကိုက အရမ်းကြည့်ကောင်းတယ်လို့ ငါ ထင်တယ်။ မွန်းတို့ရေ။ ကျေးဇူးပြုပြီး ငါ့ကို လာနှိုးကြပါ။]
[ငါ ...]
[ငါ အနူးအညွတ်တောင်းပန်ပါတယ်။ အွန်လိုင်းစတိုးပေါ် ဒီအဝတ်အစားတွေ မြန်မြန်တင်ပေးပါတော့။ ငါ ဝယ်ချင်နေပြီ။]
....
အင်တာနက်အသုံးပြုသူ အနည်းငယ်က မှတ်ချက်များ ရေးခဲ့ကြပြီး သူတို့က ပုံများကို ကြည့်ပြီးနောက် ထိုနှစ်ယောက်က အတူတွဲ၍ ကြည့်ကောင်းသည်ဟု ခံစားရကြောင်း ပြောနေကြသည်။
မွန်းအများစုက ချင်ယွဲ့ကျီကို ချီးမွမ်းနေကြသည်။ ရှန်းထင်ရွှမ်း၏ ပရိသတ်များအနေဖြင့် သူတို့က ကြံရာမရသည့် အခြေအနေတစ်ခုတွင် ရှိနေကြသည်။
ရှန်းထင်ရွှမ်းတွင် ပြောမပြနိုင်သည့် စည်းမျဉ်းများ မရှိသကဲ့သို့ သူမက မယားငယ်တစ်ယောက်လည်း မဟုတ်ပေ။ သူမက SR ကို မည်သို့ ထောက်ခံချက်ပေးခဲ့သနည်း။ နောက်ပြီး အဲ့ဒါက SR၏ အမြင့်စားလိုင်းလေ။
နောက်ပြီး အရေးအကြီးဆုံးက သူမက ရုပ်ရှင်ဧကရာဇ်ချင်နဲ့ ဘယ်လိုလုပ် အတူတူ ရှိနေရတာလဲ။
ပရိသတ်များက အချိန်အတော်ကြာ ဆွေးနွေးနေခဲ့သော်လည်း အဖြေထွက်မလာခဲ့ပေ။
ထိုသရုပ်ဆောင်၏ ကျော်ကြားမှုကို လုယူရန် ကြိုးစားနေသည်ဟု တခြားပရိသတ်များက ထင်မှတ်သွားမည်ကို ကြောက်ရွံ့နေကြသောကြောင့် သူတို့နှစ်ယောက်က အလွန်ရင်းနှီးသည့် သူငယ်ချင်းများ ဖြစ်လောက်သည် ဟူသည့် မှတ်ချက်များအောက်တွင် သူတို့က ဘာမှမပြောရဲကြချေ။
...
#SR ထောက်ခံချက် ချင်ယွဲ့ကျီ အားရွှမ်း# ဟူသည့် ခေါင်းစဉ်က hot search စာရင်းတွင် လျင်မြန်စွာ ခုန်တက်နေပြီး SR ၏ စီနီယာစီမံခန့်ခွဲ့ရေးအမှုဆောင်များက စက်ရုံကို အဝတ်အစားများကို မြန်မြန်ဆန်ဆန်နှင့် ပိုမိုထုတ်ပေးခိုင်းရန် အပြေးအလွှားသွားခဲ့ကြသည်။
တစ်ချိန်တည်းတွင် ချင်ယွဲ့ကျီနှင့် ရှန်းထင်ရွှမ်းတို့ ဝတ်ဆင်ခဲ့သည့် အဝတ်အစားများကို အပြင်ဆိုင်နှင့် အွန်လိုင်းဆိုင်များတွင် ရရှိနိုင်ပေသည်။ သို့သော် အွန်လိုင်းဆိုင်တွင်မူ ကြိုတင်မှာယူမှုသာ ရပေသည်။
သို့သော်လည်း ဤအရာက SR ကို ရောင်းချခြင်းမှ မတားဆီးနိုင်ခဲ့ပေ။ အွန်လိုင်းဆိုင်ရှိ ကြိုတင်အမှာများက အပြင်ဆိုင်အားလုံးပေါင်း ရောင်းချ၍ရသည့် ပမာဏ၏ သုံးဆ ဝယ်ယူခဲ့ကြသည်။
ချင်ယွဲ့ကျီ၏ ကုန်ပစ္စည်းများ သယ်ယူနိုင်သည့် စွမ်းရည်က အငြင်းပွားဖွယ်ရာမဟုတ်ချေ။ ရှန်းထင်ရွှမ်းကလည်း အားနည်းသည့်ပုံ မပေါ်ချေ။
SRက ဤနှစ်တွင် ထိုလူနှစ်ယောက်၏ ပေါင်ကို ဖက်ထားရန် ဆုံးဖြတ်လိုက်သည်။
...
အနည်းငယ် နောက်ကျသွားသည့် ဖူလဲ့ထျန်းက SR မှ ထုတ်ပြန်သည့် ပုံကို တွေ့ပြီး သနားစရာကောင်းသလို ခံစားနေရပေသည်။
ထို့နေ့က ရှန်းရွှမ်း စိတ်မကောင်းဖြစ်နေသည်ကို မြင်ပြီးနောက် ဖူလဲ့ထျန်းက စားသောက်ဆိုင်ထဲရှိ ရှန်းထင်ရွှမ်းရှိသည့် နေရာကို သူ့လက်အောက်ရှိ လူများကို ရှာခိုင်းလိုက်ပြီး ထိုအဖွဲ့ ထွက်လာသောအခါ ဓာတ်ပုံရိုက်ထားရန် သူတို့ကို ပြောထားလိုက်သည်။
သူက ဖျော်ဖြေရေးနယ်ပယ်တွင် မနှံ့စပ်သော်လည်း ဤကဲ့သို့သတင်းမျိုးက ကြယ်ပွင့် သို့မဟုတ် အင်တာနက်ဆယ်လီများအပေါ် အထူးသဖြင့် အမျိုးသမီးများအပေါ် သက်ရောက်မှုရှိကြောင်း သူ သိပေသည်။
အမျိုးသားကြယ်ပွင့်က လိမ်လည်လှည့်စားသည်ကို ရှာတွေ့ခဲ့လျှင်တောင် ပြန်လာရန်နှင့် မကောင်းသတင်းကို ဖြူစင်အောင် ဆေးကြောရန် အခွင့်အရေးတစ်ခု ရှိပေလိမ့်မည်။
သို့သော် ၎င်းက အမျိုးသမီးကြယ်ပွင့်ဖြစ်ခဲ့လျှင် ၎င်းက မယားငယ်အဖြစ် ထုတ်ဖော်ခံလိုက်ရကတည်းက စကားဖြင့် မဖော်ပြနိုင်သော စည်းမျဉ်းများ သို့မဟုတ် တခြားတူညီသည့် မကောင်းသတင်းမျိုးတွင် ပါဝင်လာခဲ့ပါက နောက်ပိုင်းတွင် ကောလာဟလအတုဖြစ်ကြောင်း သက်သေပြနိုင်ခဲ့လျှင်တောင် ဘယ်တော့မှ ပြန်လာနိုင်တော့မည် မဟုတ်ချေ။ သူမက တခြားပွဲဦးထွက် မပြုလုပ်နိုင်ခဲ့လျှင် အမြဲတမ်း ပိတ်ဆို့ခံလိုက်ရသည်ဟု ပြောနိုင်ပေသည်။
ဓာတ်ပုံများကို ကြည့်ပြီးနောက် ဖူလဲ့ထျန်းသည် ရှန်းထင်ရွှမ်း၏ ပြုံးနေသော မျက်နှာကို မြင်ပြီး ရွဲ့တဲ့တဲ့ ဖြစ်သွားခဲ့သည်။
ဖူလဲ့ထျန်းက SR အမှုဆောင်များထက် အများကြီး ပိုကောင်းပေသည်။ ရှန်းထင်ရွှမ်းက သူတို့နဲ့အတူ ရှိရန် ဘာလို့ ရွေးချယ်ခဲ့မှန်း သူ မသိချေ။
မှန်ပေသည်။ ဤအရာက အစမှအဆုံးအထိ ထိုအတိုင်းပင်ဖြစ်သည်။ ဖူလဲ့ထျန်းက ရှန်းထင်ရွှမ်းသည် အမှန်တကယ် ထောက်ပံ့ခံရသည်ဟု ယုံကြည်ခဲ့သည်။ ထို့ကြောင့် သူက ထိုသို့ ပြုလုပ်ရန် ရေတပ်ကို တောင်းဆိုခဲ့သည်။
ရှန်းထင်ရွှမ်းက SR နှင့် ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးတစ်ခု ရှိနေမှန်း သူ ဘယ်တုန်းကမှ မထင်ခဲ့မိချေ။ ထောက်ခံချက်ပေးသည့် တွဲဖက်က ချင်ယွဲ့ကျီဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။
...
သူမအရင်က အလွန်လိုချင်ခဲ့သည့် SR၏ အမြင့်လိုင်းကို ရှန်းထင်ရွှမ်းက ထောက်ခံချက် ပေးရလိမ့်မည်ဟု ရှန်းရွှမ်ကလည်း မမျှော်လင့်ခဲ့ချေ။
ဤအမြင့်လိုင်းအတွက် ရှန်းရွှမ်က SR ၏ အလယ်အလတ်အဆင့်ကို ထောက်ခံချက်ပေးရန် အသုံးခံရလျှင်တောင် သူမက သင့်တော်သည့်သူတစ်ယောက်ဖြစ်ရန် ထိုက်တန်သည်ဟုသာ သူမက ပြောနိုင်ပေသည်။
ရှန်းထင်ရွှမ်းက ထောက်ခံချက်ကို တကယ်ပဲ ရရှိခဲ့ပြီး သူမက ချင်ယွဲ့ကျီနှင့် တွဲဖက်လုပ်ကိုင်ခဲ့သည်ဟု ရှန်းရွှမ်းက ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ချေ။
ရှန်းရွှမ်က SR ဌာနချုပ်သို့ ရှန်းထင်ရွှမ်းက ဘာလို့ ချင်ယွဲ့ကျီနဲ့အတူ ထောက်ခံချက်ပေးနိုင်ရတာလဲဟု သူမကိုယ်တိုင် သွားမေးရန် မရပ်တန့်နိုင်လုနီးပါးဖြစ်နေပေသည်။
…
အခန်း (၅၃) (ဂ)
ရှန်းထင်ရွှမ်းက အင်တာနက်ပေါ်တွင် ရှုပ်ထွေးနေသည့်အကြောင်းကို မသိခဲ့ပေ။ SRဝန်ထမ်းက သူမကို ဖုန်းခေါ်ပြီး Weibo ပို့စ်ကို forward လုပ်ရန် တောင်းဆိုပြီးနောက် ပုံများက တင်လိုက်ပြီးဖြစ်ကြောင်း သူမ သိလိုက်ရသည်။
သူမက Weibo ကို ဖွင့်လိုက်ရာ သူမ Weiboက အနည်းငယ် ပိတ်ဆို့နေကြောင်း တွေ့ရှိခဲ့သည်။
ယခု နောက်ဆုံးတွင် မိုဘိုင်းဖုန်းက Weibo တွင် follower များတိုးလာခြင်း၊ သီးသန့်စာတိုများနှင့် မှတ်ချက်ပေါင်းများစွာတို့ကြောင့် ပိတ်ဆို့သွားခြင်းဖြစ်ကြောင်း ရှန်းထင်ရွှမ်းက နားလည်သွားခဲ့သည်။
ပိတ်ဆို့မှုများ ရှင်းလင်းသွားပြီးနောက် သူမ၏ Weibo ပရိသတ်များက တကယ်ပဲ တစ်သန်းအထိ တိုးသွားခဲ့ကြောင်း ရှန်းထင်ရွှမ်းက တွေ့ရှိသွားခဲ့သည်။ သို့သော် ပိတ်ဆို့သွားရသည့် အဓိကအကြောင်းရင်းက သီးသန့်စာတိုများကြောင့် ဖြစ်သည်။ သူမ၏ သီးသန့်စာတိုများက ပေါက်ကွဲလုနီးပါး ဖြစ်နေပေသည်။
၎င်းတို့ထဲမှ တချို့ကို ဖတ်ပြီးနောက် သူတို့အားလုံးက သူမပရိသတ်များဖြစ်ကြောင်း တွေ့ရှိသွားခဲ့သည်။
ထိပ်ဆုံးတစ်ယောက်က SR အမှုဆောင်များနှင့် သူမ၏ ဆက်ဆံရေးကို မေးထားခဲ့သည်။ သို့သော် ပရိသတ်က SR ထောက်ခံချက်ကို ရရှိခြင်းအတွက် သူမကို ဂုဏ်ပြုထားခဲ့သည်။
ရှန်းထင်ရွှမ်းက Weibo ရှိ ကောလာဟလများကို လေ့လာပြီးသောအခါ ရှင်းလင်းသွားပြီ ဖြစ်သည်။
သူမ Weibo ရှိ မြင်မကောင်းသည့် မှတ်ချက်များကိုတော့ သူမ၏ ပရိသတ်များက ဟိုးအရင်ကတည်းက တိုက်ချပစ်ခဲ့ကြသည်။
သို့သော်လည်း ကိစ္စက ဖြစ်ပြီးသွားခဲ့လျှင်တောင် ရှန်းထင်ရွှမ်းက ရေဆိုးများလောင်းချခဲ့သည့်သူကို လွယ်လွယ် ခွင့်လွှတ်ရန် အစီအစဉ်မရှိပေ။
...
ထိုအချိန်၌ သူမက စားသောက်ဆိုင်ထဲတွင် ရှန်းရွှမ်ကို မြင်ခဲ့သည်။
သူမ၏ ဂုဏ်သတင်းကို သုံးပြီး သတင်းထောက်များက သူမနောက်လိုက်အောင် ပြုလုပ်လိမ့်မည်ဟု ရှန်းထင်ရွှမ်းက မထင်ထားခဲ့ပေ။ ထို့ကြောင့် ဤသို့ ပြုလုပ်သည့်တစ်ယောက်က ရှန်းရွှမ်ဖြစ်ရပေမည်။
ရှန်းထင်ရွှမ်းက စပြီး ပြဿနာမရှာခဲ့သော်လည်း အထူးသဖြင့် သူမကို စိတ်အနှောင့်အယှက် ပေးခဲ့လျှင် သူမက ၎င်းကို မကြောက်ပေ။
ရှန်းထင်ရွှမ်းက အရင်ဆုံး SR ၏ Weibo ပို့စ်ကို ပြန်တင်လိုက်ပြီး ပရိသတ်တချို့၏ စာတိုများကို စာပြန်လိုက်ပြီးနောက် သူမ၏ ထောက်ခံအားပေးသည့်အဖွဲ့၏ စီမံသူကို ဆက်သွယ်လိုက်သည်။
သူတို့က အမာခံပရိသတ်နှစ်ယောက် တည်ထောင်ထားသည့် WeChat group ဖြစ်ကြောင်း ရှန်းထင်ရွှမ်းက သိခဲ့သည်။ ရှန်းထင်ရွှမ်းက သူမကို ထည့်ပေးရန် သူတို့ကို တောင်းဆိုခဲ့ပြီး သူတို့က နောင်တွင် ဘာကိစ္စရှိရှိ သူတို့ကို WeChat တွင် ဆက်သွယ်နိုင်ကြောင်း ပြောခဲ့သည်။ သူမက WeChat ကို မကြာခဏ သုံးလေ့မရှိသော်လည်း Weibo ထက်တော့ ပိုသုံးဖြစ်လေသည်။
အဖွဲ့ကို ဝင်ပြီးနောက် မည်သူက ကွန်ပျူတာအဆင့်ကောင်းမွန်လဲဟု ရှန်းထင်ရွှမ်းက တိုက်ရိုက်မေးလိုက်သည်။ သို့သော် ပရိသတ်တချို့က သူတို့အထောက်အထားလက်မှတ်များကို တကယ်ပဲ ဖော်ပြလာကြမည်ဟု သူမက မမျှော်လင့်ခဲ့ပေ။
ရှန်းထင်ရွှမ်းက ကွန်ပျူတာ ကျွမ်းကျင်သူတစ်ယောက်ကို add လိုက်ပြီး Weibo ကို စစ်ဆေးပေးရန် သူ့ကို အပ်နှံလိုက်ကာ သူ့ကို ဆုငွေတစ်ခု ပေးလိုက်သော်လည်း ပရိသတ်က ၎င်းကို လက်မခံခဲ့ပေ။
ထို့ကြောင့် ရှန်းထင်ရွှမ်းက ထို့အစား အသီးတချို့ပို့ပေးရန် တဖက်လူ၏ လိပ်စာကို တောင်းလိုက်သည်။
...
လူတစ်ဦးကို အသီးနှင့် ဟင်းသီးဟင်းရွက် ၁၅ မျိုး စားခိုင်းသော ပြီးခဲ့သည့် တာဝန်က ပြီးမြောက်သွားခဲ့ပြီး ယခု တာဝန်က ၁၅ ရက်အတွင်း သူမအသီးများအား လူ ၅၂၄၂၈၈ ယောက်ကို စားခိုင်းရပေမည်။
ယခုကဲ့သို့ တာဝန်တစ်ခုက ပြီးမြောက်နိုင်ရန် ရှန်းထင်ရွှမ်းအတွက် ပိုလွယ်ကူပေသည်။
ရှန်းထင်ရွှမ်းက အသီးများကို ခူးကာ ရှောင်ဖုန်းကို ရှာရန် တောင်အောက်သို့ ဆင်းလာခဲ့ရာ ရှောင်ဖုန်း၏ အမေက သူမဆီသို့ အနည်းငယ် ရန်လိုနေကြောင်း တွေ့ရှိခဲ့ရသည်။
ရှောင်ဖုန်းက အင်တာနက်ပေါ်ရှိ ရှင်းလင်းချက်အကြောင်း လူတိုင်းကို ပြောခဲ့ပြီးပြီဖြစ်သည်။ လူအများစုက နားလည်ကြပြီး ယခင်ကကဲ့သို့ လှည့်စားခံရသည်ဟု ထင်ခဲ့ကြသည်။
သို့သော် သူ့အမေကဲ့သို့ လူတချို့ရှိပေသည်။ သူတို့က ရှင်းလင်းချက်ကို မယုံကြည်ကြသေးပေ။ ၎င်းက ရှန်းထင်ရွှမ်း၏ လှည့်ကွက်တစ်ခုဟု ထင်နေကြပေသည်။
ရှောင်ဖုန်းက ဂိုထောင်ထဲသို့ သွားရန် သူ့အမေကို ပြောလိုက်သည်။ သူက အသီးများချရန် ရှန်းထင်ရွှမ်းကို ကူညီလိုက်ပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။ “ခုနက ငါ့အမေကို စိတ်ထဲမထားပါနဲ့ “
ရှန်းထင်ရွှမ်းက အမှန်ပင် စိတ်ထဲမထားပေ။
သူမအတွက် ရှောင်ဖုန်းအမေက အရေးမပါသည့်လူတစ်ယောက်သာဖြစ်သည်။ ရှန်းထင်ရွှမ်းက ကားထဲမှ ထွက်ကာ ကားပေါ်ရှိ အသီးများကို ချလိုက်သည်။
သူမက ထွက်သွားတော့မည့်အချိန်တွင် ဂိုထောင်ထဲမှ တစ်ယောက်က ပြောသည်ကို ကြားလိုက်ရသည်။ “အဲဒီမယားငယ်မက ထပ်ရောက်နေပြန်ပြီ “
“ဟုတ်တယ်၊ ရိုးရိုးသားသား အလုပ်လုပ်တာပဲ ကောင်းတယ်၊ အဲ့ဒါကြောင့် သူမက မယားငယ်ဖြစ်လာတာ “
ရှန်းထင်ရွှမ်းက သူမ ရှင်းရှင်းလင်းလင်း ကြားနေရသည့်တိုင် သူတို့ပြောနေသည့် သူမအကြောင်းကို စဉ်းစားမရခဲ့ချေ။
“ဒီလောက်အသီးတွေ အများကြီး ထုတ်ပိုးနေရတာ၊ သူမကိုယ်ပိုင် အရည်အချင်းနဲ့ တကယ်ပဲ ရောင်းနေတယ်လို့ နင်ထင်လား “
ရှန်းထင်ရွှမ်း၏ အကြားအာရုံက သာမန်လူများက ပိုကောင်းပေသည်။ ထို့ကြောင့် ထိုတီးတိုးဆွေးနွေးသံများအားလုံးကို သူမနားထဲတွင် ကျယ်ကျယ်လောင်လောင်နှင့် ရှင်းရှင်းလင်းလင်း ကြားရပေသည်။ သူမဘေးရှိ ရှောင်ဖုန်းအနေဖြင့်တော့ အားလုံးကို မကြားနိုင်ချေ။
သူက ရှန်းထင်ရွှမ်း စိတ်ရှုပ်ထွေးနေသည့်အကြည့်တစ်ခုဖြင့် ဂိုထောင်ထဲသို့ ဝင်သွားသည်ကို ကြည့်ရှုနေပေသည်။
ရှန်းထင်ရွှမ်း အထဲသို့ ဝင်သွားသောအခါ အလုပ်သမားများက ချက်ချင်း ပါးစပ်ပိတ်သွားကြသည်။ သူတို့အသံက အလွန်တိုးသောကြောင့် ရှန်းထင်ရွှမ်းက သူတို့ပြောသည်ကို ကြားနိုင်လောက်မည်ဟု မထင်ထားချေ။ သို့သော်လည်း ဤအရာက သူတို့ကို စိတ်ပျက်စေရန် စီမံထားပေသည်။
ရှန်းထင်ရွှမ်း။ “အသီးတွေကို ငါ့ကိုယ်ပိုင်အရည်အချင်းနဲ့ ရောင်းတာ မဟုတ်ဘူးလို့ ဘာလို့ ထင်နေတာပါလိမ့် “
၎င်းက သာမန်မေးခွန်းတစ်ခု ဖြစ်သည်မှာ ထင်ရှားသော်လည်း ထိုနှစ်ယောက် ဤအခိုက်အတန့်တွင် သူတို့ပေါ်ရှိ ဖိအားကြီးကို ခံစားလိုက်ရသည်။
သူတို့က ခုလေးတင် ဆွေးနွေးခဲ့သည့် အသံက အလွန်တိုးပေသည်။ ရှန်းထင်ရွှမ်းက ၎င်းကို မည်သို့ ကြားသွားမှန်း သူတို့မသိပေ။
“မဟုတ်ဘူး၊ ငါတို့ မပြောဘူး “
“ငါတို့မှာ အဲ့လိုအတွေးမရှိပါဘူး “ သို့သော် ယခု ၎င်းကို ရှင်းပြရန် ပိုခက်ခဲလာခဲ့သည်။
ရှောင်ဖုန်း၏ အမေက ဘေးမှ ရုတ်တရက် ထွက်လာခဲ့သည်။ “နင်က မယားငယ်လေ၊ တစ်ယောက်ယောက်ရဲ့ မယားငယ်ပဲ “
ရှန်းထင်ရွှမ်းက သူမခေါင်းကို လှည့်လိုက်ရာ ရှောင်ဖုန်း၏အမေက လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ တချို့သော အကြောင်းများကြောင့် သူမက သန်မာသည့် အကျပ်ကိုင်မှုကို ခံစားခဲ့ရသည်။
ရှောင်ဖုန်းက ကျယ်လောင်စွာ ပြောလိုက်သည်။ “အမေ၊ ဘာတွေပြောနေတာလဲ၊ တခြားတစ်ယောက်က ရှန်းထင်ရွှမ်းကို ထောင်ချောက်ဆင်ခဲ့တာလို့ ရှင်းပြပြီးပြီလေ “
ရှောင်ဖုန်းက သူမနှင့် မရပ်တည်ခဲ့ဘဲ ရှန်းထင်ရွှမ်းနှင့်သာ ရပ်တည်ခဲ့သည်။ ရှောင်ဖုန်းအမေက ရုတ်တရက် ဒေါသထွက်လာခဲ့သည်။ “ဒီလိုမိန်းမတစ်ယောက်က မိန်းမပျက်တစ်ယောက်နဲ့ တူတယ်၊ သူမက ဘယ်လိုလုပ် မယားငယ်မဖြစ်နိုင်ရမှာလဲ “
“ပြောနေတာ ရပ်လိုက်တော့ “ ရှောင်ဖုန်းက သူ့အမေကို တားရန် ကြိုးစားလိုက်သော်လည်း သူမက ဆက်ပြောနေဆဲပင်။
“နင်က မယားငယ်တစ်ယောက်သာသာပဲ၊ ဒါပေမဲ့ အရမ်းအထက်စီးဆန်သလို ပြုမူနေတယ် “
ဤကဲ့သို့ ရေဆိုးရေညစ်များ ပက်ဖြန်းသည့် မည်သူ့ကိုမဆို နှုတ်ဆိတ်မနေနိုင်ချေ။
“မကောင်းတာပြောရင် လျှာပုတ်လိမ့်မယ် “
ရှန်းထင်ရွှမ်းက နွေးထွေးမှုတစ်စက်မှမရှိဘဲ ပြောလိုက်ပြီးနောက် ထွက်သွားတော့သည်။
သို့သော် ရှန်းထင်ရွှမ်းက လူတိုင်းဆီသယ်ဆောင်လာသည့် အကြောက်တရားက ယခုထိ ပျောက်ကွယ်သွားခြင်းမရှိပေ။
ရှောင်ဖုန်းအမေက ရှန်းထင်ရွှမ်း ထွက်သွားသည်ကို မြင်ပြီး တဖန် ပြောလိုက်သည်။ “သူ့မှာ အပြစ်ရှိသလိုခံစားနေရတော့ ဘာမှမချေပနိုင်တော့ဘူးလေ “
ရှောင်ဖုန်းအမေက စကားပြောလို့ မပြီးသေးခင် သူမလျှာက နာကျင်လာသည်ကို သိရှိသွားပြီး နာကျင်မှု ပိုမိုကာ သိသာထင်ရှားလာခဲ့ပြီး သူမပါးစပ်ထဲမှ သွေးများပါ စီးကျလာခဲ့သည်။
သူမက အလွန်အမင်းနာကျင်လွန်းသောကြောင့်အော်ရုံသာ အော်နိုင်ခဲ့သည်။ “အားးးးး “
သူမဘေးရှိလူက သူမကို ထိတ်လန့်တကြား ကြည့်လိုက်သည်။ ခုလေးတင် ရှန်းထင်ရွှမ်းပြောသည့် “မကောင်းတာပြောရင် လျှာပုတ်လိမ့်မယ် “ ဟူသည့် စကားကို ကြားခဲ့ရပြီး ရှောင်ဖုန်းအမေ၏ လျှာက အခု ပုတ်သွားပြီဆိုတာ သိသာပေသည်။
....
ရှောင်ဖုန်းက အပြေးအလွှားဖြင့် သူ့အမေကို ဆေးရုံသို့ တင်လိုက်သည်။
“ဘယ်လိုဖြစ်တယ်လို့ထင်လဲ “
“ဘယ်လိုတောင် အဓိပ္ပာယ်မရှိတာလဲ၊ ရှန်းထင်ရွှမ်းမှာ လူတွေကို ခြိမ်းခြောက်နိုင်တဲ့စွမ်းရည် ရှိတယ် “
ရလဒ်အနေဖြင့် ဤလူက စကားပြောပြီးနောက် သူ့လျှာက စတင်နာကျင်လာသည်ကို တွေ့ခဲ့ရသည်။ သူက ရုတ်တရက် ထိတ်လန့်သွားပုံပေါ်ပေသည်။
...
ထိုလူအပြင် ရှန်းထင်ရွှမ်းနောက်ကွယ်တွင် မကောင်းပြောဆိုကြသည့် ယောင်ရွာတစ်ရွာလုံးရှိ နေထိုင်သူများက တူညီသည့် လက္ခဏာများ ရှိလာကြသော်လည်း သူတို့က ရှောင်ဖုန်းအမေလောက် မပြင်းထန်ပေ။
ဆိုရလျှင် ထိုလူများအကြားတွင် ရှောင်ဖုန်းအမေက အဆိုးဆုံးပြောသည့်သူတစ်ယောက် ဖြစ်သည်။
…
အခန်း (၅၃) (ဃ)
ရှောင်ဖုန်းမိခင်ကို အချိန်အတော်ကြာ စစ်ဆေးခဲ့သော်လည်း အဆုံးတွင် ဆရာဝန်က ဆေးတချို့ သောက်သုံးရန်သာ ညွှန်ကြားခဲ့သောကြောင့် သူမ စိတ်ပျက်ခဲ့ရသည်။ သို့သော် ရှောင်ဖုန်းမိခင်က ဆေးကို သောက်လိုက်ပြီး သူမလျှာက နာကျင်နေဆဲဖြစ်သည်။
စကားမပြောနိုင်ရုံသာမက အစားလည်းမစားနိုင်ချေ။ တစ်ခါတရံ ညဘက်တွင် မအိပ်နိုင်လောက်အောင် အလွန်အမင်း နာကျင်နေပေသည်။
ဆေးများအားလုံးသောက်ပြီးတာတောင် သူမက ကောင်းမလာသေးပေ။ ထို့ကြောင့် သူမက ဆေးရုံသို့ ပြန်သွားခဲ့ရသည်။ သူမက ဆေးရုံများစွာကို သွားခဲ့သော်လည်း အကြောင်းရင်းကို ရှာမတွေ့သေးပေ။
လျှာနာကျင်နေကြသည့် တခြားရွာသားများကလည်း သူတို့ ဆေးမည်မျှပင်သောက်စေကာမူ အလုပ်မဖြစ်ကြချေ။
နောက်ဆုံးတွင် သတင်းက ရွာလူကြီးယောင်တာ့ကျူးဆီသို့ ရောက်သွားခဲ့သည်။ ရွာလူကြီးက ရွာသားများကို စုရုံးရန် ခေါ်လိုက်သည်။ အထူးသဖြင့် လျှာနာနေကြသည့် လူများဖြစ်သည်။
ယောင်တာ့ကျူးက ဘာမှမပြောရသေးခင် မေးလိုက်သည်။ “သေချာမှတ်မိလား၊ ရှင်းယွမ်ရှန်ရဲ့ မစ္စရှန်းကို တစ်ခုခု မှားယွင်းပြောဆိုမိကြလို့လား “
လူတိုင်းက တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြသည်။ လူတချို့ကြ ငြင်းဆိုချင်ကြသည်။ သေချာတွေးတောပြီးနောက် သူတို့က ဝန်ခံလိုက်ကြသည်။
လူတိုင်းက တိတ်ဆိတ်နေသည်ကို မြင်ပြီး ယောင်တာ့ကျူးက သက်ပြင်းချလိုက်သည်။
“ဒီမိန်းကလေးက ကောင်းမွန်တဲ့မိန်းကလေးပါလို့ ငါ အရင်က ပြောခဲ့ပါတယ်၊ မင်းတို့တွေက လက်မခံချင်ကြဘူးလေ “
လူတချို့သည် ထိုအချိန်တုန်းက ရွာလူကြီးနှင့် ရှန်းထင်ရွှမ်းတို့တွင် လျှို့ဝှက်ဆက်ဆံရေးတစ်ခုရှိသည်ဟု ပြောဆိုရန် သတ္တိရှိကြသော်လည်း ယခုမူ ၎င်းက အဓိပ္ပာယ်မရှိကြောင်း သူတို့ တွေ့ရှိခဲ့ကြသည်။
“ငါ အရင်က တောင်ပေါ်ကနေ ပြုတ်ကျခဲ့တာကို မှတ်မိကြတယ်မလား၊ ဆရာဝန်က ငါ့ကို သေပြီလို့ပြောခဲ့ပေမဲ့ အခုထိ အသက်ရှင်နေတုန်းပဲလေ “
လူတိုင်းက ယောင်တာ့ကျူးကို ကြည့်လိုက်ကြသည်။ ထိုနေ့က ယောင်တာ့ကျူးကို သူ့အိမ်၏ ပထမထပ်တွင် ထားထားခဲ့သည်။ ရွာသားများကလည်း ထိုအချိန်က ယောင်တာ့ကျူး၏ အခြေအနေကို မြင်ပေသည်။ သူတို့က သူ့ကို ထိုအသက်ဘေးမှ ပြန်ကျန်းမာလာလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြချေ။
ယောင်တာ့ကျူးက အရေးကြီးသည့်အရာကို တဖန် ဖွင့်ချလိုက်ပြန်သည်။ “ရှန်းထင်ရွှမ်းက ငါ့အသက်ကို ကယ်ခဲ့တဲ့ သူပဲ “
ရွာသားများက အံ့အားသင့်သွားကြသည်။ “ဒါက “ ရှန်းထင်ရွှမ်းက မယားငယ်တစ်ယောက် မဟုတ်ရုံသာမက ပါရမီရှင်သမားတော်တစ်ယောက်ပါ ဖြစ်နေသည်လား။
ချန့်ထျန်းကောက ဘေးမှ ပြောလိုက်သည်။ “မတော်တဆဖြစ်တဲ့အချိန်တုန်းက ရွာလူကြီးအိမ်မှာ လူတွေပြည့်နေတာကို မင်းတို့ မှတ်မိကြသေးလားမသိဘူး၊ မစ္စရှန်းက ဝင်မလာနိုင်လို့ လူတိုင်းရဲ့ ခေါင်းပေါ်ကနေ ပျံလာခဲ့ရတာ “
ထိုအချိန်က အခြေအနေကို စဉ်းစားလိုက်တိုင်း ချန့်ထျန်းကောက ဆန်းကြယ်စွာ ခံစားနေရဆဲဖြစ်သည်။
“သူမက တံခါးကို အရမ်းမြန်မြန် ပိတ်လိုက်တာ ဘယ်သူမှ မမြင်လိုက်ကြဘူးလေ၊ နောက်ပြီး မစ္စရှန်းက တာ့ကျူးကို ဆေးတိုက်ပြီး ဒဏ်ရာပေါ်မှာ ဆေးလိမ်းပေးခဲ့တာ၊ နောက်ပြီးတော့ ငါတို့ ၁၂၀ ကို ထပ်ခေါ်ခဲ့ကြတယ်၊ နောက်ဆုံးမှာ ဆရာဝန်က တာ့ကျူးကို ခေါ်သွားခဲ့တာ “
ယောင်တာ့ကျူးက နေ့လယ်တုန်းက ၁၂၀ ကို ခေါ်ခဲ့ပြီးသားဖြစ်သည်မှာ ထင်ရှားပေသည်။ သို့သော် သူ့ကို နေ့ခင်းမှသာ ကယ်တင်နိုင်ခဲ့ပေသည်။ ဤသည်က ဘာကိုဆိုလိုသနည်း။
ဘေးရှိ ယောင်တာ့ကျူးက လူတိုင်း၏ မျက်နှာကို ကြည့်လိုက်ပြီး အလွန်စိတ်ကျေနပ်သွားခဲ့သည်။
“အဲ့ဒါအမှန်ပဲ၊ မစ္စရှန်းက ဆရာသခင်တစ်ယောက်ရဲ့ တပည့်တစ်ယောက်ပဲ၊ ဒါ့ကြောင့် သူမက ဒီလိုမျိုးယုတ်ညံ့တဲ့အရာတွေကို ဘယ်လိုလုပ်လုပ်နိုင်မှာလဲ “
လူတိုင်းက ရုတ်တရက် သဘောပေါက်သွားကြသည်။ “ဟုတ်တယ်၊ နတ်သမီးတစ်ပါးကပဲ ဒီလိုလှပနိုင်တာ “
“မစ္စရှန်းကို အစထဲက သာမန်လူတွေနဲ့မတူဘူးလို့ ငါ ထင်နေခဲ့တာ “
လူတစ်ယောက်က သူ၏ နံစော်နေသည့် ပါးစပ်ကို အုပ်လိုက်သည်။ “ဒါဆို ငါတို့ ဘာလုပ်သင့်လဲ “ သူ့လျှာက နေ့တိုင်း အရည်ပဲသောက်နေရလောက်အောင် ဆိုးဆိုးဝါးဝါး နာကျင်နေပေသည်။
ယောင်တာ့ကျူးက ပြောလိုက်သည်။ “မဟုတ်မှန်တွေပြောပြီး အလိမ်အညာတွေ ဖြန့်လို့ ဆရာသခင်ရဲ့တပည့်က မင်းတို့ကို အပြစ်ပေးလိုက်တာ ဖြစ်ရမယ်၊ ဒီနေ့ကစပြီး အဓိပ္ပာယ်မရှိတာတွေ မပြောဘဲ အဲ့ဒီအစား ချီးမွမ်းစကားကိုပဲ ပြောဖို့ ကြိုးစားကြ၊ မင်းတို့ သက်သာလာနိုင်လိမ့်မယ် “
“တကယ်လား “
“ဒီလောက် ရိုးရှင်းပါ့မလား “
“ငါတို့ ဘာဆေးမှ သောက်ဖို့မလိုဘူးလား “
...
ချန့်ထျန်းကော။ “မင်းတို့ တာ့ကျူးရဲ့ နည်းလမ်းကို အရင်ဆုံး စမ်းကြည့်ကြ “
ရလဒ်အနေဖြင့် နာကျင်မှုအနည်းဆုံး ရွာသားတစ်ယောက်က ၎င်းကို ကြိုးစားကြည့်ရာ သုံးရက်အတွင်း သက်သာသွားသည်ကို တွေ့ရှိခဲ့ရသည်။
သူက ပျော်ရွှင်စွာဖြင့် ရွာတစ်ပတ် ပတ်ပြေးကာ ရွာလူကြီးပေးခဲ့သည့်နည်းလမ်းက အလုပ်ဖြစ်ကြောင်း လူတိုင်းကို ပြောပြခဲ့သည်။
လူတိုင်းက မျှော်လင့်ချက်များ ရှိလာကြပြီး တချို့လူများက ရှန်းထင်ရွှမ်းအကြောင်း မကောင်းပြောခြင်းကို ရပ်တန့်လိုက်ကြသည်။ သို့သော် သူတို့လျှာများက မသက်သာခဲ့ပေ။ ရွာသားတချို့က ရှန်းထင်ရွှမ်းအကြောင်း မကောင်းမပြောတော့သော်လည်း သူတို့က နာကျင်နေကြဆဲ ဖြစ်သည်။
ရှန်းထင်ရွှမ်းအပြင် တခြားသူများကိုလည်း မကောင်းပြောခြင်းမှ ရှောင်ကြဉ်ရန် လိုအပ်ကြောင်း ယောင်တာ့ကျူးက ရှင်းပြခဲ့သည်။
အချိန်ခဏအတွင်း ရှင်းယွမ်ရှန်တွင် ကောင်းမွန်သည့်လေထုတစ်ခု ပေါ်လာခဲ့ပြီး လူတိုင်းက အတင်းပြောခြင်းနှင့် အဓိပ္ပာယ်မရှိသည့် စကားများ ပြောခြင်းကို ရပ်တန့်လိုက်ကြသည်။ တဖြည်းဖြည်း လူတိုင်းက သူတို့လျှာများ သက်သာလာသည်ကို တွေ့ရှိခဲ့ကြသည်။ မှန်ပေသည်။ နောက်ကျသည့် တစ်ခုတော့ ရှိပေသည်။
ရှောင်ဖုန်း၏မိခင်သာ မကောင်းသေးခြင်း ဖြစ်သည်။ ယောင်တာ့ကျူးက ရှန်းထင်ရွှမ်းဘက်တွင် ရှိသည်ဟု သူမ ထင်ခဲ့တာ ဖြစ်သည်။သို့သော် ရွာသားများက တဖြည်းဖြည်း သက်သာလာသောအခါ သူမက ထိတ်လန့်တုန်လှုပ်လာခဲ့သည်။
“ဖုန်းအာ၊ ရှန်းထင်ရွှမ်းကို ကူပြောပေး၊ ငါ ထပ်မပြောရဲတော့ဘူး“
ရှောင်ဖုန်းက သက်ပြင်းချလိုက်သည်။ ထိုနေ့က မတော်တဆမှုပြီးနောက် သူက ရှန်းထင်ရွှမ်းကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုဖို့ သွားရန်လုပ်ခဲ့သော်လည်း သူ့အမေက မတော်တဆဖြစ်ခဲ့ပြီး သူက သူ့အမေကို ဆေးရုံပို့ပေးရန် လိုအပ်ပေသည်။ ယခု ထိုအရာက ရက်များစွာ ကြန့်ကြာသွားပြီဖြစ်သည်။
ရှောင်ဖုန်းက ရှန်းထင်ရွှမ်းကို အခုထိ ထပ်မမြင်ရသေးပေ။ ယခင်က သူ့အမေပြောခဲ့သည်များကို တွေးမိပြီး ရှောင်ဖုန်းက ရှက်ရွံ့သွားခဲ့သည်။
ဤပို့ဆောင်ရေးဆိုင်သည် မူလက ရှန်းထင်ရွှမ်းအတွက် ဖွင့်ခဲ့သော်လည်း ယခု အကျိုးအမြတ်အရဆုံးက သူဖြစ်နေပေသည်။
“ဖုန်းအာ၊ သူမကို မြန်မြန် သွားရှာ၊ ငါ ထပ်ပြီးမခံနိုင်တော့ဘူး “
ရှောင်ဖုန်းက ရှင်းယွမ်ရှန်သို့ ပြေးသွားသော်လည်း ရှန်းထင်ရွှမ်းက ယာယီစျေးဆိုင်ငယ်လေးတွင် မရှိသည်ကို တွေ့ခဲ့ရသည်။ သူက တောင်ပေါ်တက်ရန် စီစဉ်လိုက်သော်လည်း သူက မည်သည့်နေရာသို့ သွားသွား တူညီသည့်နေရာတွင်သာ ရှိနေကြောင်း တွေ့လိုက်ရသည်။ ထို့နောက် ရှောင်ဖုန်းက ရှန်းထင်ရွှမ်း၏ ငွေလွှဲပြေစာကို လက်ခံရရှိခဲ့သည်။
သိပ်မကြာသေးခင်က ရှန်းထင်ရွှမ်းသည် သူ့ကို တစ်သန်း လွှဲခဲ့သည်။ ပိုက်ဆံက သုံးတောင်မသုံးရသေးပေ။ ယခု သူက နောက်ထပ် တစ်သန်းထပ်လွှဲမည်ဟု မထင်ခဲ့ချေ။ ရှောင်ဖုန်းက ရှင်းပြချင်ပေသည်။
သူက ခြေလှမ်းအနည်းငယ်ခန့် ပြေးပြီးနောက် သူက တကယ်ပဲ တောင်ခြေသို့သာ ပြန်ပြေးလာမိပေသည်။ သူက သူရောက်နေသည့်နေရာတွင် ရပ်လိုက်ပြီး အချိန်အတော်ကြာပြီးနောက် ထွက်သွားခဲ့သည်။
ရှောင်ဖုန်းမိခင်က ရှောင်ဖုန်းသည် ထိုနေရာတွင် အချိန်အတော်ကြာ ရှိနေခဲ့သည့်အတွက် ကိစ္စများ ဖြေရှင်းပြီးလောက်မည်ဟု တွေးခဲ့သည်။ သို့သော် ရှောင်ဖုန်းပြောသည့် “ကျွန်တော် သူမကို မတွေ့ခဲ့ဘူး “ ဟူသည့် စကားကို ကြားခဲ့ရပေသည်။
“နင် တောင်ပေါ်မှာ သွားရှာလေ “
ရှောင်ဖုန်းက ခေါင်းခါလိုက်သည်။ “ကျွန်တော် ဝင်လို့မရခဲ့ဘူး “
ရှောင်ဖုန်းမိခင်က ရှောင်ဖုန်းကို ရိုက်လိုက်သည်။ ရှောင်ဖုန်းက ရှန်းထင်ရွှမ်းကို ကူမရှာပေးချင်ခဲ့ဘူးဟု သူမက ထင်သွားသည်။
ရှောင်ဖုန်းမိခင်က ရှင်းယွမ်ရှန်သို့ အားကုန်သုံးကာ သွားလိုက်သည်။ သူမက တောင်းပန်ဖို့ပဲ လိုတာမဟုတ်လား။ ကောင်းပြီ။ သွားမယ်။
ရလဒ်က အလွန်မြန်ဆန်ပေသည်။ ရှောင်ဖုန်းမိခင်ကလည်း ရှောင်ဖုန်းကဲ့သို့ အလားတူပြဿနာမျိုး ကြုံတွေ့ခဲ့ရသည်။ သူမက အချိန်အတော်ကြာ လမ်းလျှောက်ပြီးတာတောင် တောင်ခြေတွင်သာ ရှိနေဆဲ ဖြစ်သည်။
ရှောင်ဖုန်းမိခင်က မယုံကြည်နိုင်ဘဲ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပြီး နောက်ဆုံးတွင် သူမမျက်နှာပေါ်၌ ထိတ်လန့်နေသည့် အမူအရာဖြင့် မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ ရှန်းထင်ရွှမ်းက တကယ်ပဲ ဆရာသခင်တစ်ယောက်ရဲ့ တပည့်ဆိုတာ ဟုတ်နေမလား။
...
ရှန်းထင်ရွှမ်းက ဝိညာဉ်သွေးကြော ၄၂% ပြန်လည်ဖြည့်တင်းနိုင်သည့် တာဝန်ပြီးမြောက်သွားသောအခါ သူမက သူမပရိသတ်များဆီမှ စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။
[အားရွှမ်း၊ ဒီကိစ္စက ဖူလဲ့ထျန်းကြောင့် ဖြစ်သွားခဲ့တာ။ သေချာအောင် နှစ်ခါတောင် စစ်ခဲ့တယ်၊ ဒါတွေအားလုံးက သက်သေတွေပဲ။ ငါ မင်းဆီ ပို့လိုက်မယ်။]
၎င်းက ရှန်းရွှမ်ဖြစ်လောက်သည်ဟု ရှန်းထင်ရွှမ်းက ခန့်မှန်းထားသော်လည်း ဓာတ်ပုံ တကယ်ရိုက်ခဲ့သည့်တစ်ယောက်က ဖူလဲ့ထျန်းဖြစ်နေခဲ့သည်။
သူမက မအံ့ဩချေ၊ ထို့အပြင် သူတို့က တူညီသည့် ရက်ကွန်းခွေးအမျိုးအစားများ ဖြစ်ကြသည်။
[ကျေးဇူးတင်ပါတယ်။] ရှန်းထင်ရွှမ်းက ထိုပရိသတ်ဆီသို့ အသီးတချို့ ပေးပို့လိုက်သည်။
ရှောင်ဖုန်း၏ မျက်လုံးများက စကားပြောရန် တွန့်ဆုတ်နေခဲ့ပြီး ရှန်းထင်ရွှမ်းက ၎င်းကို သိတောင်မသိခဲ့ပေ။ အသီးများချပြီးနောက် သူမက ရှောင်ဖုန်း၏ ဂိုထောင်မှ ထွက်လာပြီး မြို့တော် B သို့ သွားလိုက်သည်။
…
ချင်ယွဲ့ကျီ၏ ဖုန်းခေါ်ဆိုမှု ဝင်လာသောအခါ သူမက ယခုလေးတင် ယောင်ရွာမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။ “ကိုယ် Weibo ပေါ်က ကိစ္စကို စစ်ဆေးပြီးပြီ၊ မင်း အခု အားလား “
ချင်ယွဲ့ကျီက ဤကိစ္စကို ဘာကြောင့် စစ်ဆေးခဲ့မှန်း ရှန်းထင်ရွှမ်း နားမလည်ခဲ့ချေ။ သို့သော် သူမက သိပြီးသားဖြစ်သည်။ “ကျွန်မ သိပြီးပါပြီ၊ ကျေးဇူးတင်ပါတယ်၊ ကျွန်မ အခု ကိစ္စလေးရှိလို့ သွားလိုက်ပါဦးမယ် “
ခဏကြာပြီးနောက် ချင်ယွဲ့ကျီ၏ ချိုသာသည့်အသံက ဖုန်းမှ ထွက်ပေါ်လာခဲ့သည်။ “နောက်တစ်ကြိမ်ကျ မင်း ဘာအကူအညီပဲလိုလို ကိုယ့်ကို ဖုန်းခေါ်ပါ “
ချင်ယွဲ့ကျီက ဖုန်းချလိုက်သောအခါ သူ့ဘေးရှိလူက အနည်းငယ် ပဟေဠိဖြစ်သွားခဲ့သည်။ “မစ္စတာချင် အခု ဘာလုပ်မလဲ “
ချင်ယွဲ့ကျီက သူ့ရှေ့မှ သတင်းအချက်အလက် အများကြီးကို ကြည့်လိုက်သည်။ Weibo မှ မကောင်းသတင်းများအပြင်၊ ဤသတင်းအချက်အလက်များတွင် ရှန်းထင်ရွှမ်းမိသားစု၏ နောက်ကြောင်းနှင့် ရှန်းမိသားစု၏ မကောင်းသတင်းများလည်း ပါဝင်ပေသည်။
“အရင်ဆုံး စောင့်လိုက်ဦး “
...
ရှန်းရွှမ်းက ရှန်းအိမ်တော်မှ မဟုတ်ချေ။ နောက်ပြီး ရှန်းထင်ရွှမ်းက ရှန်းအိမ်တော်သို့ မဝင်နိုင်ချေ။ သို့သော် ထိုအရာက သူမသည် ရှန်းအိမ်တော်ထဲသို့ အငြိုးအတေးများကို မထည့်ဘူးဟုတော့ မဆိုလိုချေ။
ထပ်ပြောရလျှင် ရှန်းရွှမ်က မည်သည့်အခန်းတွင် ရှိမှန်း သူမ သိပေသည်။ နောက်ပြီး အငြိုးအတေးများကို ဆွဲဆောင်ရန် အချိန်သိပ်မယူခဲ့ရချေ။ စာရင်းအဟောင်းနှင့် အသစ်များကို အတူတကွ တွက်ချက်ပြီးနောက် ရှန်းထင်ရွှမ်းတွင် ရှန်းရွှမ်၏ အခန်းထဲမှ နာကြည်းမှုအများအပြားကို ဆွဲဆောင်ခဲ့ပြီးနောက် သူမက ဖူအုပ်စုသို့ လှည့်လိုက်သည်။
ရှန်းထင်ရွှမ်းက ဧည့်ကြိုကောင်တာတွင် အရင်ဆုံး ဖူလဲ့ထျန်းရှိမရှိ မေးလိုက်ပြီး ဖူလဲ့ထျန်း ကုမ္ပဏီတွင် ရှိကြောင်း အတည်ပြုချက် ရရှိပြီးနောက် သူမက ဖူအုပ်စုအဆောက်အအုံအပြင်သို့ လျှောက်လာခဲ့သည်။
သူမက အတော်လေးစိတ်ရှည်လက်ရှည်ဖြစ်နေသရွေ့ ဖူလဲ့ထျန်းကို တွေ့သည့်တိုင် မထိုင်ရလည်း မစိုးရိမ်ပေ။
စနစ်၏ စက်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ “စစ်ဆေးပြီးနောက် ဖူလဲ့ထျန်းသည် ယခု ၁၇ လွှာတွင် ရှိပါသည် “
ရှန်းထင်ရွှမ်း။ “?”
“ကျေးဇူးပြုပြီး ထပါ။ အရှေ့ဘက်ကို ၁၀၀ မီတာ လျှောက်ပါ။ အနောက်ဘက်ဘေးရှိ ဂိတ်လေးမှတဆင့် ဝင်ပါ။ ဤစနစ်က host ကို ဓာတ်လှေကား ဝင်ရန် ကူညီပါမည်။ “
ရှန်းထင်ရွှမ်းသည် စနစ်က အသုံးဝင်သည်ဟု ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
စနစ်၏ ညွှန်ကြားချက်များနောက်လိုက်ကာ ရှန်းထင်ရွှမ်းက စီနီယာစီမံခန့်ခွဲရေးများအတွက် ဓာတ်လှေကားထဲသို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ပြီး အားလုံးကို ရှောင်ရှားကာ ဖူလဲ့ထျန်းကို ရှာတွေ့သွားခဲ့သည်။
ဖူလဲ့ထျန်းက သူ့ရုံးခန်းထဲတွင် ရှိပေသည်။ ရှန်းထင်ရွမ်းက ရုံးခန်းဆီသို့ အငြိုးအတေးများကို ဆွဲဆောင်လိုက်သည်။ ထို့နောက် သူမက လှည့်ထွက်သွားပြီး နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။
...
ရှန်းရွှမ်က ရှန်းအိမ်သို့ ပြန်ရောက်လာသောအခါ ည ၁၁ နာရီရှိပြီဖြစ်ပြီး သူမက ပါပါးရှန်းနှင့် စကားအနည်းငယ် ပြောနေခဲ့ပြီးနောက် ရှန်းရွှမ်က အနားယူရန် သူမအိပ်ခန်းဆီသို့ ပြန်လာခဲ့သည်။
ရုတ်တရက် ညလယ်တွင် ရှန်းရွှမ်က စူးစူးဝါးဝါး အသံတစ်ခုဖြင့် သီချင်းဆိုရန် စတင်လိုက်သည်။ ထိုညက ရှန်းမိသားစုအိမ်တော်မှ လူတိုင်းက ကောင်းကောင်းအိပ်မပျော်ခဲ့ချေ။
မူလက သူတို့သည် ရှန်းရွှမ်၏ အိပ်ပျော်နေရင်း လမ်းထလျှောက်ခြင်းဟုသာ ထင်ခဲ့ကြသည်။ သို့သော် နောက်ရက်အနည်းငယ်တွင် ဤကဲ့သို့ ဖြစ်လာခဲ့သည်။
ရှန်းရွှမ်က ဆေးရုံသို့ သွားသော်လည်း သူမကို အိပ်ဆေးတချို့ သောက်သုံးရန်သာ ဆရာဝန်က ညွှန်ကြားလိုက်သည်။
သူမက ဆေးရုံတွင် စစ်ဆေးပြီးသောအခါ အရာအားလုံး အဆင်ပြေသောကြောင့် အိမ်သို့ ပြန်လာခဲ့သည်။ သို့သော် သူမ ရှန်းအိမ်သို့ ပြန်ရောက်သောအခါ သူမက ညလယ်တွင် သီချင်းကို ထပ်ခါထပ်ခါ ဆိုနေပြန်သည်။
ပါပါးရှန်းက ရှန်းမိသားစုတွင် မသန့်ရှင်းသည့် အရာတစ်ခုခု ကြုံတွေ့နေရသည်ဟု ထင်ပြီး သခင်တစ်ယောက်ကို အကူညီတောင်းခဲ့သည်။ သို့သော် ရလဒ်က မထိရောက်ခဲ့ပေ။
ရှန်းရွှမ်က အလွန်ကြောက်နေခဲ့သောကြောင့် အပြင်တွင် မနေရဲခဲ့ချေ။ သူမကို တခြားသူများက ဓာတ်ပုံရိုက်ခဲ့လျှင် သူမ၏ အနုပညာလမ်းကြောင်းက ပျက်စီးသွားပေလိမ့်မည်။
...
ဖူလဲ့ထျန်းဘက်တွင်လည်း အဆင်မပြေပေ။
ဤနေ့တွင် ချင်ဘား၏ တာဝန်ရှိသူက ကိစ္စတစ်ခုတင်ပြရန် ဖူလဲ့ထျန်းဆီသို့ ရောက်လာခဲ့သည်။
အမှန်တော့ ထိုဖြစ်ရပ်ပြီးနောက် နှစ်ယောက်သားက အဆက်အသွယ်လုပ်ဖို့ ရှောင်ကြဉ်ရန် အကောင်းဆုံး ကြိုးစားခဲ့ကြသည်။ တာဝန်ရှိသူက ဖူလဲ့ထျန်း၏ နာမည်ကို ကြားပြီးနောက် တုန်လှုပ်သွားခဲ့သည်။
သို့သော်လည်း ဤသုံးလတာအတွက် စာရင်းများကို ရှင်းပြရန် လိုအပ်သောကြောင့် တခြားနည်းလမ်းမရှိခဲ့ချေ။ ထို့ကြောင့် တုန်လှုပ်နေသည့် စိတ်ဖြင့် ချင်ဘား၏ တာဝန်ရှိသူက ဖူလဲ့ထျန်း၏ ရုံးခန်းသို့ ရောက်လာခဲ့သည်။
ရလဒ်ကတော့ ထိုနေ့ကကဲ့သို့ ဖူလဲ့ထျန်း၏ အပြုံးကို မြင်ပြီး တာဝန်ရှိသူက သူ့ဆံပင်များကို ဆွဲလုနီးပါး ဖြစ်သွားခဲ့သည်။
သေချာပေသည်။ နောက်စက္ကန့်အနည်းငယ်အကြာတွင် ဖူလဲ့ထျန်းက ဝတ်လစ်စလစ်အကကို စတင် ကပြတော့သည်။
တာဝန်ရှိသူ၏ စိတ်ဒဏ်ရာက အသက်ဝင်လာခဲ့ပြီး သူက အလွန်ကြောက်လန့်နေခဲ့ကာ သူ့ဘေးရှိ ပြာခွက်ကို ကောက်ယူကာ ဖူလဲ့ထျန်းကို ပစ်ပေါက်လိုက်သည်။
ဆိုရလျှင် အမျိုးသားတစ်ယောက်၏ ခွန်အားက ကြီးမားပေသည်။ အထူးသဖြင့် သူက ထိတ်လန့်နေချိန်တွင် ဖြစ်သည်။ သို့သော် ဖူလဲ့ထျန်းက ဒဏ်ရာရသွားသည့်တိုင် စွမ်းအင်များ ပြည့်နေဆဲဖြစ်ပြီး သူ့နဖူးပေါ်ရှိ သွေးများကို ဂရုမစိုက်သည့်ပုံပေါ်ပေသည်။
မကြာမီ ဖူလဲ့ထျန်း၏ ရုံးခန်းမှ ချင်ဘားတာဝန်ရှိသူ၏ ငိုကြွေးသံကို တဖန် ကြားလိုက်ရပေသည်။
...
ဖူဖန့်ရီက သူ့လက်အောက်ငယ်သားထံမှ တင်ပြချက်ကို ကြားလိုက်သောအခါ သူ့မျက်နှာက မည်းမှောင်လာခဲ့သည်။ “
သူက အရင်တစ်ခေါက်က ဖူလဲ့ထျန်းကို သတိပေးခဲ့သည်။ သို့သော် ဤတစ်ခေါက်တွင် ဖူလဲ့ထျန်းက ပြစ်မှုကို တဖန် ကျူးလွန်လိုက်ပြန်သည်။
သို့သော် ဤအရာက ရုံးခန်းတွင် ဖြစ်ပွားခဲ့သည်။ ဖူလုပ်ငန်းစု၏ အလုပ်သမားအားလုံး သိသွားလိမ့်မည်မဟုတ်လား။
ဖူဖန့်ရီက ဖူလဲ့ထျန်း၏ ရုံးခန်းသို့ သွားရန် လူအုပ်ကို ခွဲလိုက်သောအခါ လူအုပ်က သူတို့မျက်လုံံးများကို အုပ်ထားကြပေသည်။ ၎င်းက အရမ်းမဖွယ်မရာဖြစ်လွန်းပေသည်။ ဖူဖန့်ရီ၏ မျက်နှာက အလွန်အမင်း မည်းမှောင်နေပေသည်။ ဖူလဲ့ထျန်းရုံးခန်းအပြင်ဘက်ရှိ အလုပ်သမားများထဲမှ တစ်ယောက်က ပြောလိုက်သည်။ “ကျွန်တော် ဘာမှမလုပ်နိုင်ခဲ့ဘူး၊ သူတို့ကို ခွဲထုတ်ဖို့ မစီစဉ်နိုင်ခဲ့ဘူး “
ဤဖူလဲ့ထျန်းက ရူးနှမ်းသွားပြီဖြစ်သည်။ ထို့ကြောင့် လူများစွာက ရောက်လာခဲ့ပြီး သူတို့ မည်သို့ ပေါင်းဆုံသွားလည်းတောင် မသိခဲ့ပေ။
တာဝန်ရှိသူက လူငယ်တစ်ယောက်ဖြစ်သည်။ သူက ထိုအခိုက်အတန့်တွင် ငိုကြွေးနေခဲ့သည်။ သူက တစ်ယောက်ယောက်အတွက် အလုပ်လုပ်နေခြင်းဖြစ်သည်။ သူက ဘာလို့ နှစ်ကြိမ်တောင် ဖိအားပေးခံခဲ့ရတာလဲ။ သူက သူ့အဝတ်အစားများကို ဝတ်ဆင်နေပြီး သူ့လက်များက တုန်ယင်နေခဲ့သည်။
သူက ဤအလုပ်ကို ဘယ်တော့မှလုပ်တော့မည်မဟုတ်ချေ။ သူက ဖူလဲ့ထျန်းအတွက် နှစ်ပေါင်းများစွာ ဆိုးရွားသည့်အရာ အများအပြားကို လုပ်ပေးခဲ့ဖူးသည်။ ဤအရာက ဝဋ်လည်ခြင်းပင် ဖြစ်သည်။
တာဝန်ရှိသူကို ဆွဲထုတ်လိုက်ပြီး ထိုအစား ဖူလဲ့ထျန်းက ဖူဖန့်ရီ၏ သက်တော်စောင့်ကို ဖက်လိုက်သည်။ သက်တော်စောင့်က သူ့မျက်လုံးထဲတွင် ကသိကအောက်ဖြစ်သည့် အကြည့်ကို ဖော်ပြနေပေသည်။ ဖူလဲ့ထျန်းက သူ့သူဌေးသားသာ မဟုတ်လျှင် သူက သူ့ကို သေအောင် ရိုက်ပေလိမ့်မည်။
အဆုံးတွင် ဤပြဿနာ မတည်ငြိမ်သေးခင် လူတိုင်းက ဖူလဲ့ထျန်းကို မေ့မျောသွားအောင် ရိုက်လိုက်ကြသည်။
...
ဖူဖန့်ရီက ယနေ့ကိစ္စကို ပြန့်နှံ့သွားခွင့်မပြုကြောင်း သူ့လက်အောက်ငယ်သားများကို သတိပေးရန် တာဝန်ကျခေါင်းဆောင်ကို အမိန့်ပေးခဲ့သည်။
ဖူလဲ့ထျန်းက ရက်အနည်းငယ်ကြာ အိမ်၌ အနားယူရန် အမိန့်ပေးခံခဲ့ရသည်။ သို့သော် သူ ရုံးသို့ ပြန်ရောက်သောအခါ တူညီသည့်အရာက ထပ်မံဖြစ်ပွားခဲ့ပြန်သည်။
ရလဒ်အနေဖြင့် ဤတစ်ကြိမ်ပြီးနောက် ဖူအုပ်စုရှိ အမျိုးသားများစွာက တစ်ယောက်ပြီးတစ်ယောက် အလုပ်ထွက်သွားခဲ့ပြီး တချို့လူများက အင်တာနက်ပေါ်တွင် ဖူလဲ့ထျန်းအကြောင်း သတင်းများကို တင်ခဲ့ကြသည်။
ဖူအုပ်စု စတော့ရှယ်ယာများက စတင်ကျဆင်းလာခဲ့သည်။ သူတို့က သတင်းများကို ဖိနှိပ်ရန် ပိုက်ဆံအများအပြား သုံးစွဲနေစဉ် သူတို့က သတင်းဆိုးများကို တစ်ခုပြီးတစ်ခု လက်ခံရရှိနေကြသည်။
ယခင်က ပူးပေါင်းဆောင်ရွက်ခဲ့သည့် ကုမ္ပဏီများက သူတို့စာချုပ်များကို တစ်ယောက်ပြီးတစ်ယောက် အဆုံးသတ်ခဲ့ကြပြီး အဓိကဖောက်သည်များက သူတို့နှင့် ဆက်လက် မပူးပေါင်းကြတော့ချေ။ နှစ်ကုန်တွင် ရင်းနှီးငွေက ထိုးကျသွားခဲ့ပြီး ကုမ္ပဏီအတွက် အလွန်ဆိုးဝါးသွားစေခဲ့သည်။
ဖူလဲ့ထျန်း၏ အကျည်းတန်မှုက များစွာသော ကွင်းဆက်တုံ့ပြန်မှုများကို အဘယ်ကြောင့် ဖြစ်ပွားစေခဲ့မှန်း ဖူဖန့်ရီက နားမလည်ခဲ့ချေ။
ဝါရင့်စီးပွားရေးသမားတစ်ဦးအနေဖြင့် ဖူဖန့်ရီက နောက်ကွယ်မှ ပြဿနာများကို သတိပြုမိပေသည်။ ချင်အုပ်စု၏ လုပ်ဆောင်မှုဖြစ်ကြောင်း မသိသေးခင်အထိ သူက ခေါင်းဆောင်အများအပြားနောက်သို့ လိုက်ခဲ့ပေသည်။ သို့သော် ချင်က အဘယ်ကြောင့် ထိုသို့ လုပ်ခဲ့သနည်း။
ဖူက ထိုကဲ့သို့ ကြီးမြတ်သည့်နတ်ဘုရားကို ဘယ်အချိန်က အပြစ်ပြုခဲ့မိမှန်း ဖူဖန့်ရီက နားမလည်နိုင်ခဲ့ချေ။
…
အခန်း (၅၄) (က)
ချင်ဂရုက တရုတ်စီးပွားရေး၏ ထိပ်ဆုံးမှာ ရှိသည်။
ချင်ဂရုကို ထိန်းသိမ်းတဲ့လူက သေဆုံးသွားပြီးတော့ ကုမ္ပဏီ၏ အာဏာကို သူ့အစ်ကိုက ထိန်းချုပ်ခဲ့တယ်ဆိုတဲ့ ကောလာဟလရှိခဲ့သည်။ ထိုထိန်းချုပ်က ၁၅နှစ်ကြာညောင်းခဲ့၏။
လက်ရှိနှစ်များတွင် မူလပုဂ္ဂိုလ်၏ကလေးက အာဏာကို ပြန်တိုက်ယူလိုက်ပြီး ဘယ်သူမှမသိတဲ့ထိုလူက သုံးလအတွင်း အာဏာကို ပြန်ရယူခဲ့ကာ သူ့ဦးလေးကို နှင်ထုတ်ခဲ့သည်။ ယင်းကို ဘေးကနေ ကြည့်တဲ့သူတွေက ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရသည်။
တိုက်ပွဲပြီးသွားသည့်နောက် အာဏာရှိလူသစ်က သေသေသပ်သပ် လုပ်တတ်ရုံတင်မကဘဲ ဘုတ်အဖွဲ့က ဒါရိုက်တာများကိုပါ နာခံအောင် လုပ်နိုင်ခဲ့သည်။
သူ့အုပ်ချုပ်မှုအောက်တွင် ချင်ဂရုက ပိုပိုပြီး တိုးတက်လာပေသည်။ တခြားသော အဓိကဂရုသုံးခုကို ကျော်လွန်သွားဖို့ အရိပ်အမြွတ်တွေက အလွန်အားကောင်းလာခဲ့သည်။
သို့သော်ငြား လက်ရှိတွင် ထိုလူကို မည်သူကမျှ မမြင်တွေ့ဖူးပေ။ ထိုသူက အလွန်စွမ်းဆောင်နိုင်စွမ်း ရှိသည်ကိုသာ လူတွေက သိရှိကြပေသည်။
…
“ဥက္ကဋ္ဌချင်.. သတင်းထွက်လာပြီ” ချင်ယွဲ့ကျီက ခပ်သာသာ ခေါင်းညိတ်ပြလိုက်သည်။
ယခင်က ရှန်းထင်ရွှမ်းကိုယ်တိုင် ဖြေရှင်းမည်ဟု သူကြားသိခဲ့ရသည်။ ထို့နောက် သူက ရှန်မိသားစုနှင့် ဖူမိသားစု၏ လက်ရှိကိစ္စများ ထူးဆန်းနေသည်ကို ရှာတွေ့ခဲ့ရသည်။
ချင်ယွဲ့ကျီသည် ဖူနှင့်ရှန်မိသားစုမှ ဖြစ်ပျက်မှုများက မလုံလောက်ဟု ခံစားမိသည်။ ထို့ကြောင့် သူက တစ်ချက် ရိုက်လိုက်သည်။
သေချာပေါက်ပင် ထိုမိသားစုနှစ်ခုအပေါ် လက်စားချေခြင်းက ယခုတိုင် မလုံလောက်သေးချေ။ တကယ်တမ်းတွင် ထိုကလေးမလေးအပေါ် ထပ်ခါထပ်ခါ ရေဆိုးများ လောင်းချခြင်းက မဖြစ်နိုင်ချေ။
ထို့အပြင် ထိုကလေးမလေးက ရှန်းထင်ရွှမ်း ဖြစ်၏။
…
မြို့တော်ဘီမှ ပြန်လာကတည်းက ရှန်းထင်ရွှမ်းက ရှင်းယွမ်ရှန်တွင် ပုန်းနေလေသည်။
ရတနာဈေးမှ အသီးများနှင့် မြောင်မြောင်ပို့ဆောင်ရေးမှ အသီးများ စင်ပေါ်မှ ဖယ်ရှားခံလိုက်ရပြီး တောင်ခြေရင်းတွင်ရှိသော စားပွဲပေါ်တွင်လည်း မရနိုင်တော့ချေ။ စူပါမောလ်မှသာ နေ့တိုင်း အသီးများ ယူရန် လာလေ့ရှိသည်။
ရွာသားများက ဝယ်ယူချင်သော်လည်း မဝယ်နိုင်ဘဲ သူတို့သည် ယခင်က လုပ်ရပ်များအပေါ် နောင်တရနေကြသည်။ အဆိုးဆုံး ထိခိုက်သူက ဟွမ်မေ့တို့ မိသားစု ဖြစ်သည်။
ရှန်းထင်ရွှမ်း၏ ကောလာဟလများကို သတင်းကြားခဲ့စဉ်က စိတ်ဝင်တစား နားထောင်ခဲ့ပြီး တစ်ခါတရံ တခြားသူများနည်းတူ ဆူပူခဲ့သည်။
သို့သော်ငြား ရှန်းထင်ရွှမ်းက သစ်သီးရောင်းချခြင်းကို ရပ်တန့်လိုက်သောအခါတွင် သူမက အလွန်ဒုက္ခရောက်တော့သည်။ သူမ၏ ရတနာလေးက တခြားအသီးများကို လုံးဝမစားချေ။ ထိုအချိန်အတွင်း ရှန်းထင်ရွှမ်း၏သစ်သီးများ အမျိုးမျိုးရှိလာပြီး သူမရတနာလေးက ၎င်းတို့ကို စားခဲ့သဖြင့် သူမရတနာလေးက အသီးများ ကြိုက်နှစ်သက်လာပြီဟု တဖြည်းဖြည်း တွေးထင်မိလာသည်။
ရလဒ်အရ ရှန်ထင်းရွှမ်းက သူမသစ်သီးများ မထုတ်ပေးသောအခါ ဟွမ်မေ့က ရူးမတတ် ဖြစ်လာသည်။
…
ဤကာလအတွင်း စနစ်မှ လူအများကို သစ်သီးစားရန် တာဝန်များ မထုတ်ပေးသောအခါ ရှန်းထင်ရွှမ်းက ၎င်းတို့ကို ရောင်းချရန် အလွန်ပျင်းရိလေသည်။
အသီးအနှံ အမျိုးမျိုးကို စားရန် လူအရေအတွက်မည်မျှ ဆိုသော တာဝန်ရှိပါက သူမက ၎င်းတို့ကို တိုက်ရိုက် ထုပ်ပိုးလိုက်ပြီး လုမင်ဟွေ့ကို ပေးလိုက်ပေမည်။ သူမက မသေချာလျှင် ဖေးဝမ်ရှုနှင့် အခြားသူများကို ပေးရန် လုမင်ဟွေ့ကို တချို့တစ်ဝက် ထပ်ပေးလိုက်ပေမည်။
ကျန်အချိန်များတွင် ရှန်းထင်ရွှမ်းက တောင်အနောက်ဘက်တွင် မျိုးစေ့များကို စိုက်ပျိုးရန် တောင်ထဲ၌သာ နေခဲ့သည်။ သူမ၏ဝိညာဉ်သွေးကြောများ အတော်လေး သက်သာလာသဖြင့် သူမ၏ အရှိန်က အလွန်မြန်ဆန်လာပြီး ရင်ရင်၏အကူအညီကိုပါ ပေါင်းထည့်လိုက်ပါက သူမက အတော်လေး အလုပ်တွင်လေသည်။
ရက်အတော်လေး ဆက်ဆံလိုက်ပြီးနောက် ရင်ရင်သည် ပါးစပ်ဆိုးသော်လည်း စိတ်နှလုံးကောင်းရှိသည်ကို ရှန်းထင်ရွှမ်းက ရှာတွေ့သွားပြီဖြစ်သည်။
...
နွေဦးပွဲတော်မတိုင်မီ ဇန်နဝါရီလတွင် များပြားလှသော မြို့တော်များ၌ ကြော်ငြာရန် ပွဲတော်ကာလအတွင်း ရုပ်ရှင်များကို ထုတ်လွှင့်ကြသည်။
ချင်ယွဲ့ကျီလည်း ခြွင်းချက် မဟုတ်ပေ။
အချိန်အကန့်အသတ်ကြောင့် သူက မြို့တော်ဘီ၏ ရုပ်ရှင်ရုံတစ်ခုသို့သာ သွားရောက်ပြီး အရောင်းမြှင့်တင်ရန် ပါဝင်ခဲ့ကာ ပြန်လည်ရောင်းချသော ပရိုမိုးရှင်းလက်မှတ်တန်ဖိုးမှာ ယွမ်၁၀၀၀၀ အထက်ရှိလေသည်။
‘အဖြေ’ အဖွင့်သီချင်းကို တီးမှုတ်ပြီးနောက် သရုပ်ဆောင်များက ထွက်ပေါ်လာသည်။
မူလက ထိုအချိန်၌ ပွဲစီစဉ်သူများက အမျိုးသမီးဖန်ရော အမျိုးသားဖန်ကိုပါ ညီမျှအောင် ချိန်ညှိပေးလေ့ရမည်ဖြစ်သည်။ သို့သော် ‘Moon’ အုပ်စုက အလွန်ကြီးမား၏။ ချိန်ညှိပေးထားသည့်တိုင် လိမ္မော်ရောင်ဘုတ်များ ကိုင်ဆောင်ထားသည့် ‘Moon’ တို့က သီးသန့်ရှိနေဆဲ ဖြစ်သည်။
သရုပ်ဆောင်များသည် ဇာတ်လမ်းအတွင်းရှိ သူတို့၏အခန်းကဏ္ဍနှင့် သူတို့၏အတွေးအမြင်များကို စတင်မိတ်ဆက်ကြသည်။ မိုက်ခရိုဖုန်းက လျူကျင်းထံသို့ ရောက်သောအခါ အခမ်းအနားမှူးက သူမအား လုပ်ဖော်ကိုင်ဖက်များနှင့် လုပ်ကိုင်နေစဉ်အတွင်း အမှတ်အရဆုံးအရာကို မေးမြန်းလိုက်သည်။
“အမှတ်အရဆုံးအရာက..” လျူကျင်းက မိုက်ခရိုဖုန်းကို ယူလိုက်ပြီး ချင်ယွဲ့ကျီကို ကြည့်လိုက်သည်။ လူတိုင်းက ထိုကိစ္စသည် ချင်ယွဲ့ကျီနှင့် ပတ်သက်နေမှန်း သိသွားတော့သည်။ ပုံမှန်အားဖြင့် ရှိုးကို ပရိုမိုးရှင်းဆင်းကြသည့်အခါ အဓိကအမျိုးသားဇာတ်ဆောင်နှင့် အမျိုးသမီးဇာတ်ဆောင်များက CP ကို ကြေညာကြသော်လည်း ချင်ယွဲ့ကျီကမူ လုံးဝ မတူညီချေ။ (TN: CP or Couple. ဒါက အင်တာနက် ဗန်းစကားလုံးဖြစ်ပြီး ရုပ်ရှင် ဒါမှမဟုတ် တီဗွီစီးရီးများတွင် စုံတွဲ သရုပ်ဆောင်များကို သရုပ်ဖော်လေ့ ရှိပါတယ်။ တစ်ခါတရံမှာ အမှန်တကယ် စုံတွဲများအဖြစ် ဖော်ထုတ်ဖို့ အသုံးပြုကြပါတယ်)
ထို ‘အဖြေ’ က အဓိကအမျိုးသားဇာတ်လိုက်ကို ဦးစားပေးသော ရုပ်ရှင်ဖြစ်ပြီး လက်ရှိချင်ယွဲ့ကျီ၏ အခြေအနေဖြင့် အမျိုးသမီးဇာတ်ဆောင်ဖြင့် ရောထွေးနေရန် မလိုအပ်ချေ။
တကယ်တမ်းတွင် ရုပ်ရှင်မထုတ်လွှင့်မီ၌ လျူကျင်း၏ အေးဂျင့်က အိုက်မင်အား နှစ်ယောက်သားအကြားရှိ ဆက်ဆံရေးကို မြှင့်တင်ရန် မေးမြန်းခဲ့သော်ငြား အိုက်မင်က ငြင်းပယ်ခဲ့သည်။
လျူကျင်း၏မျက်လုံးများသည် အောက်မှဖန်များကို အော်ဟစ်စေပြီး စိတ်လှုပ်ရှားနေသော ‘Moon’ များက အော်ဟစ်ကြသည်။ “ချင်ယွဲ့ကျီ ရှင် သူမကို ကြည့်ဖို့ ခွင့်မပြုဘူး” ချင်ယွဲ့ကျီက အတော်လေး လျစ်လျူရှုထားလိုက်သည်။
လျူကျင်းက သူမအကြည့်ကို ရုပ်သိမ်းလိုက်သည်။ “နားလည်မှုလွဲပြီးတော့ ကျွန်မက ဆရာချင်ရဲ့ရေခဲသေတ္တာထဲက သစ်သီးတွေကို စားခဲ့မိတယ်။ အဲဒါနဲ့ ဆရာချင်က တအားကို ဒေါသထွက်သွားခဲ့တာ”
အော်သံရှည်တစ်ခု ထွက်ပေါ်လာသည်။
ချင်ယွဲ့ကျီက ဖျော်ဖြေရေးနယ်ပယ်တွင် အမြဲတမ်း အေးစက်စက် အမျိုးသားနတ်ဘုရားဖြစ်ခဲ့သည်။ သူ ဒေါသ လုံးဝမထွက်ဟု ဆိုမရ၊ ကိစ္စသေးသေးလေးကြောင့်တော့ သူ့ဒေါသထွက်လေ့မရှိဟု ဆိုလျှင်တော့ ပိုမှန်ပေမည်။ ထို့ကြောင့် လူတိုင်းက ထိုအကြောင်းကို ပြောလိုက်သောအခါ အံ့ဩသွားကြလေသည်။
အခမ်းအနားမှူးက လူတိုင်း၏ မချင့်မရဲဖြစ်မှုကြောင့် သူတို့ကို ထပ်မေးလိုက်သည်။ “ဆရာချင်က ဒီကိစ္စကြောင့် ဒေါသထွက်သွားတာကို ကျွန်တော် မယုံနိုင်ဘူး။ ဘာလို့လဲဆိုတာ လူတိုင်းကို ပြောပြနိုင်မလား”
ချင်ယွဲ့ကျီက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ရှင်းပြလိုက်သည်။
“အသီးတွေကို တခြားသူက ပေးထားတာ အဲဒါက အရသာရှိတယ်”
“အသီးတွေက ရှင်းယွမ်ရှန်ကလား” အောက်က ဘယ်သူ မေးလိုက်မှန်း သူတို့မသိချေ။
ချင်ယွဲ့ကျီက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်”
ရှင်းယွမ်ရှန်၏သစ်သီးက ထပ်မံသတိပြုခံရပြန်သည်။
အင်တာနက်အသုံးပြုသူများသည် ရှင်းယွမ်ရှန်းက ရေဆိုးများဖြင့် ပက်ခံရချိန်တွင် ချင်ယွဲ့ကျီက ကူပြောပေးခဲ့ပြီး သူက ရှန်းထင်ရွှမ်းနှင့်အတူတူ SRမှ ထောက်ခံချက်တွင် ပါဝင်ထားမှန်း သိကြသည်။ ထိုအချိန်တွင် ချင်ယွဲ့ကျီကလည်း တိုက်ရိုက်ဝန်ခံလိုက်သည်။
ဖန်များက သူတို့အိုက်ဒေါကို အမြဲတမ်း အားပေးခဲ့ကြသော်လည်း ထိုအချိန်တွင်တော့ ချင်ယဲ့ကျီ၏ အမာခံဖန်ဖြစ်သော စစ်မိုင်တုံက ရုတ်တရက် ခံစားချက် မကောင်းတော့ပေ။
ချင်ယွဲ့ကျီက ကျော်ကြားသော အသက်မွေးဝမ်းကြောင်းနှင့် ကြီးမားသော ဖန်အရေအတွက်ရှိသည်။ အသက်၂၇ရှိပြီဖြစ်ပြီး ချစ်သူကောင်မလေး ရှာလျှင် အဆင်ပြေပြီဖြစ်သော်ငြား စစ်မိုင်တုံက အနည်းငယ် ဆန္ဒမရှိသလို ခံစားရသည်။ သူမသည် ချင်ယွဲ့ကျီနှင့် ရှန်းထင်ရွှမ်း၏ ဆက်ဆံရေးက အလွန်ကောင်းမွန်ကြောင်း ခံစားနိုင်သည်။
ထိုသတင်းက အင်တာနက်ပေါ်တွင် ပေါက်ကွဲသွားတော့သည်။
…
အချို့ဖန်များက စစ်မိုင်တုံကဲ့သို့ပင် သူတို့၏နားမလည်မှုကို ထုတ်ဖော်ကြပြီး အချို့က နှစ်ယောက်သားက အမှန်တကယ် ချစ်နေပြီလားဟု စူးစမ်းမိကြသည်။
သေချာပေါက်ပင် ထင်မြင်ချက်များ ထွက်လာပြီးနောက် နှစ်ဖက်လုံးရှိ ဖန်များက ကောလာဟလများကို ချေပရန် ရောက်လာကြသည်။
ချင်ယွဲ့ကျီ၏ဖန်များက ယင်းကို မယုံမရဲ ဖြစ်နေကြသော်လည်း ရှန်းထင်ရွှမ်း၏ဖန်များက သူတို့ချစ်သူများ မဟုတ်ကြကြောင်း အတည်ပြုပေးကြသည်။
ကျန်သည့် အသီးများစားဖူးသော အင်တာနက်အသုံးပြုသူများက ရှင်းယွမ်ရှန်၏ အသီးများက အလွန်အရသာရှိပြီး ဝယ်ယူရန် ကန့်သတ်ထားကြောင်း ပြောကြသည်။ သူတို့ဝယ်ထားသော ရှင်းယွမ်ရှန်မှသစ်သီးများကို တခြားသူက စားခဲ့ပါက မည်သူမဆို ဒေါသထွက်ပေမည်။
ဆိုရသော် ထိုလူသိများမှုကြောင့် ရှန်းထင်ရွှမ်း၏သစ်သီးများက Hot Search သို့ ထပ်မံ ရောက်ရှိသွားပြီး သူမ၏ Follower များသည်လည်း ၁၈သန်းသို့ တိုက်ရိုက်တိုးသွားတော့သည်။
ပြောရန်မလိုဘဲ ချင်ယွဲ့ကျီ၏ ကျော်ကြားမှုနှင့် လွန်ခဲ့သော ရက်များအတွင်း သူ့နာမည်မပါသော Hot search ဟူ၍ မရှိချေ။
လျူကျင်းကိုမူ လူတိုင်းက မနှစ်သက်ကြချေ။ တကယ်တမ်းတွင် သူမသည် ချင်ယွဲ့ကျီနှင့် ပတ်သက်သော ကိစ္စရပ်ကို ယဉ်ကျေးမှုမရှိဘဲ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
…
ချင်ယွဲ့ကျီအပြင် နေ့တိုင်း Hot Search ဖြစ်နေသူမှာ ရှန်းရွှမ် ဖြစ်သည်။
ဖူမိသားစုနှင့် ရှန်းမိသားစုက သူမအား နောက်ခံပေးထားကြောင်း ကောလာဟလများ ဖြစ်သည်။ ဖူမိသားစုတွင် လတ်တလောက ကိစ္စတချို့ ဖြစ်ခဲ့သော်လည်း ယင်းက သူမအတွက်တော့ ကောင်းမွန်လေသည်။
မကြာခင်က ဖူလဲ့ထျန်းက သူမကို သူ့မိဘများထံ ခေါ်သွားခဲ့၏။
ဖူလဲ့ထျန်း၏ဖခင် ဖူဖန်းယိက ရှန်းရွှမ်ကို အလွန်စိတ်ကျေနပ်ပုံရပြီး သူတို့ ပထမဆုံးတွေ့ချိန်တွင်ပင် သူတို့ လက်ထပ်ရန် စီစဉ်ထားတာကို မေးမြန်းလေသည်။
ရှန်းရွှမ်က တိုက်ရိုက် ရှင်းလင်းစွာ မဖြေခဲ့ဘဲ သူတို့နှစ်ယောက်၏ ဆုံတွေ့မှုက တိုတောင်းသေးသည်ဟု ပြောကာ သူတို့က တစ်နှစ် နှစ်နှစ် အကြာတွင် ထိုအကြောင်းကို ပြောမည်ဖြစ်သည်။
ဖူလဲ့ထျန်း၏ ရုပ်ဆိုးဆိုး သတင်းများမတိုင်မီကဆို ရှန်းရွှမ်က လက်ထပ်တာက ကောင်းမည်ဟု ခံစားခဲ့ရသော်လည်း မကြာသေးမီက ဖြစ်ရပ်များကြောင့် သူမက စိုးရိမ်ပူပန်ခဲ့ရပေသည်။
ထို့အပြင် သူမသည် ကျန်းချင်၏ ရုပ်ရှင်တွင် ပါဝင်ခဲ့ပြီး ယင်းက မကြာမီ ထွက်ရှိတော့မည် ဖြစ်သည်။
ထို့ကြောင့် သူမပါဝင်သော ‘ဓားသမား’ ဟူသည့် ရုပ်ရှင်နှင့် ချင်ယွဲ့ကျီ ပါဝင်သည့် ‘အဖြေ’ ဟူသော ရုပ်ရှင်နှစ်ခုက ဤနှစ်တွင် ဆွေးနွေးမှု အများဆုံး ဖြစ်လာသည်။
…
ရှန်းထင်ရွှမ်း၏ ဝိညာဉ်သွေးကြော ၄၅ရာခိုင်နှုန်း ပြန်လည်ကောင်းမွန်လာသောနေ့တွင် တရုတ်နှစ်သစ်ကူးနေ့ ဖြစ်သည်။
သူမက ချင်ယွဲ့ကျီ ပို့ပေးခဲ့သော ‘အဖြေ’၏ ရုပ်ရှင်လက်မှတ်ကို လက်ခံရရှိခဲ့သည်။
နှစ်သစ်ကူးနေ့ ဆယ်နာရီတွင် ရှန်းထင်ရွှမ်းသည် မူလက အိမ်တွင်နေပြီး အပင်စိုက်ရန် စီစဉ်ထားသော်ငြား ချင်ယွဲ့ကျီက သူမကို ရုပ်ရှင်ကြည့်မလားဟု မေးမြန်းခဲ့ရာ သူမက သေချာပေါက် ကြည့်ချင်သည်ဟု ပြောလိုက်သည်။
ဖန်အိမ်ကို တည်ဆောက်ပြီးကတည်းက ရှန်းထင်ရွှမ်းက ရုပ်ရှင်များနှင့် တီဗွီစီးရီးများကို ကြည့်ရှုပြီး ဖြစ်သော်ငြား ချင်ယွဲ့ကျီ၏ လုပ်ဆောင်နိုင်စွမ်းသည် အာမခံချက်အပြည့်ဟု ခံစားလိုက်ရသည်။
ရှန်းထင်ရွှမ်းသည် စာအိတ်ကို ဖွင့်လိုက်ပြီးနောက် ‘အဖြေ’၏ အထူးတန်း ရုပ်ရှင်လက်မှတ်က ထွက်လာသည်။
စာရင်းထဲရှိ ရုပ်ရှင်ရုံငါးဆယ်သို့ သူမသည် လပြက္ခဒိန် ပထမလ၏ ပထမရက်မှ သတ္တမမြောက်အတွင်း သွားကြည့်နိုင်သည်။ ထို့ကြောင့် သူမက ယနေ့ည သွားမည် ဖြစ်သည်။
သူမက ခြံဝန်းပြင်သို့ လျှောက်ထွက်လာချိန်တွင် တောင်အောက်တွင် မီးပန်းများ ပစ်လွှတ်ကြသည်။
ယောင်ကျေးရွာက ကျေးလက်နှင့် မခြားပေ။ ဤနေရာတွင် မီးပန်းများကို မတားမြစ်ထားချေ။
နေ့လယ်တွင် စတင်ပြီး လူများက နှစ်သစ်ကူးကို ကျင်းပရန်နှင့် ညဧည့်ခံကြရန် မီးပန်းများ ပစ်လွှတ်ကြသည်။
ရှန်းထင်ရွှမ်းသည် တောင်အောက်ရှိ ပျော်ရွှင်မှုများကို ခေါင်မိုးပေါ်တွင် ထိုင်ကြည့်နေပြီး ရင်ရင်သည်လည်း တောင်အနောက်ဘက်မှ ပျံသန်းလာကာ သူမအနားတွင် ထိုင်ချလိုက်သည်။
“ပျော်ရွှင်ဖွယ်နှစ်သစ်ကူးပါ” ရှန်းထင်ရွှမ်းက နှုတ်ဆက်လိုက်သည်။
ရင်းရင်က တုံ့ပြန်သည့်အနေဖြင့် သူ့အမြီးကို ယမ်းပြသည်။
ခဏထိုင်ပြီးနောက် ရှန်းထင်ရွှမ်းက သူမဖုန်းကို ထုတ်လိုက်ပြီး မြို့တော်ဘီရှိ အကောင်းဆုံး ရုပ်ရှင်ရုံများကို ရှာလိုက်သည်။
လက်မှတ်ပေါ်ရှိ ရုပ်ရှင်ရုံငါးဆယ်ထဲမှ အကောင်းဆုံးတစ်ခုကို အတည်ပြုလိုက်ပြီးနောက် ရှန်ထင်းရွှမ်းက မြို့တော်သို့ မောင်းနှင်သွားလိုက်သည်။
မြို့တော်ဘီရှိ လမ်းများသည် အလွန်ရှင်းလင်းနေပြီး လမ်းတွင် ကားများမရှိချေ။ ရှန်းထင်ရွှမ်းက လူအများစုသည် နှစ်သစ်ကူးကျင်းပရန် ပြန်သွားခြင်း ဖြစ်မည်ဟု တွေးတောလိုက်သည်။
တစ်နာရီနှင့်နာရီဝက် မတိုင်မီတွင် ရှန်းထင်ရွှမ်းက ရုပ်ရှင်ရုံသို့ ရောက်သွား၏။
လူအများစုက တံခါးတွင် ရပ်နေကြပြီး ရှန်းထင်ရွှမ်းက ကောင်တာသို့ လျှောက်သွားလိုက်ကာ ညလယ်ပြသသည့်စာရင်းအတွက် ချိန်းဆိုနေစဉ် အနောက်မှ အသံတိုးတိုးဖြင့် ဆွေးနွေးနေသံကို ကြားလိုက်ရသည်။
“အရှေ့က မိန်းကလေးက ကောင်းမွန်တဲ့ပုံစံရှိတယ်”
“ငါ ကြည့်ရသေလာက် သူမက အရမ်းလှတာပဲ”
“ဟေး.. သူမက အားရွှမ်းနဲ့ တူတယ်”
“အဲဒါက တကယ်ကို သူမပဲ”
မမျှော်လင့်ထားဘဲ အားရွှမ်းက သူတို့အစ်ကို၏ ရုပ်ရှင်ကို လာကြည့်ခဲ့သည်။
…
လမ်းပိတ်ဆို့မှု မရှိသဖြင့် ၁၂နာရီမထိုးခင် အချိန်အနည်းငယ် ရသေးသည်။
ရှန်းထင်ရွှမ်းက လက်မှတ်ကို လဲလှယ်လိုက်ပြီးနောက် သူမက ထိုင်စောင့်ရန် သွားလိုက်သည်။
တစ်ယောက်ယောက်က ရောက်လာပြီး မေးမြန်းသည်။ “မင်းက အားရွှမ်း ဟုတ်တယ် မဟုတ်လား”
ရှန်းထင်ရွှမ်းက ခေါင်းညိတ်လိုက်သည်။ “ကျွန်မပါပဲ”
“အာ.. တကယ်ပဲပေါ့”
ထိုလူက ရှန်းထင်ရွှမ်းသည် ပေါ့ပေါ့ပါးပါးနှင့် မောက်မာခြင်းမရှိဟု မမျှော်လင့်ထားချေ။ “ဒီတော့ မင်းကလည်း အစ်ကိုရဲ့ရုပ်ရှင်ကို လာကြည့်တာလား”
“ကျွန်မ ‘အဖြေ’ကို ကြည့်ဖို့ လာခဲ့တာ”
“ဒါက ငါတို့အစ်ကိုရဲ့ရုပ်ရှင်ပဲ”
ရှန်းထင်ရွှမ်းက ပြောသည်။ “ကျွန်မကြားတာတော့ ဒါက မှုခင်းစုံစမ်းသူတစ်ယောက်တဲ့။ ဒါက သေချာပေါက် လှပနေမှာပဲ”
စောင့်နေကြသူ အများစုက ချင်ယွဲ့ကျီ၏ဖန်များဖြစ်သည်။ တခြားသူများက ချင်ယွဲ့ကျီကို ချီးကျူးနေတာကို ကြားသောအခါ သူတို့က သဘာဝအတိုင်း တိုးဝှေ့လာကြပြီး အထူးသဖြင့် တစ်ဖက်လူက ချင်ယွဲ့ကျီ၏ အစစ်အမှန်ဘဝတွင် ခင်မင်ရင်းနှီးပြီး ကောင်းမွန်သော ဆက်ဆံရေးရှိပုံရသည်။ “ဟုတ်တယ် ဟုတ်တယ်.. ဒါက သေချာပေါက် ကြည့်ကောင်းမှာ။ ငါတို့အစ်ကိုက ဇာတ်ညွှန်းရွေးရင် အမြင့်ဆုံးအရည်အသွေးရှိတယ်”
ထိုမှတ်ချက်ကို ရှန်းထင်ရွှမ်းကလည်း သဘောတူသည်။ ရှန်းထင်ရွှမ်းက သူ စတင်ခဲ့ကတည်းက ဇာတ်လမ်းတိုင်းကို ကြည့်ရှုခဲ့ပြီးဖြစ်သည်။ “အရင် သမ္မတခေတ်ရုပ်ရှင်ကလည်း သေသပ်နေရောပဲ”
တကယ်တမ်းတွင် လူများစွာက တရုတ်ပြည်သူ့သမ္မတခေတ် ရုပ်ရှင်အမျိုးအစားကို မကြိုက်ကြသော်ငြား လူတိုင်းက ကြည့်ပြီးသောအခါ သူတို့သည် အလွန်ကောင်းမွန်သည်ကို သိလိုက်ကြသည်။
“ဟုတ်တယ်။ ငါလည်း အဲဒါကို အရမ်းကြိုက်တာ။ ငါ အဲဒါကို ကြည့်တုန်းက သေအာင်ငိုခဲ့ရတာ”
ရှန်းထင်ရွှမ်းနှင့် ချင်ယွဲ့ကျီ၏ဖန်များက ပျော်ရွှင်စွာ ဆွေးနွေးခဲ့ကြသည်။ “အစ်မ အရင်က ငါတို့အစ်ကို ရိုက်ထားတဲ့ ‘နတ်လောက’ ဇာတ်လမ်းကို ကြည့်ဖူးလား” ထိုဇာတ်လမ်းတွင် ချင်ယွဲ့ကျီက အမှန်ပင် နတ်တစ်ပါး ဖြစ်သည်။
“ကျွန်မ ကြည့်ဖူးတယ်။ ပြီးတော့ ကြည့်ကောင်းတယ်။ အနက်ရောင်ဝတ်ရုံ ဝတ်ထားတဲ့ သူကို ကျွန်မ အကြိုက်ဆုံးပဲ” သူက နတ်တစ်ပါး ဖြစ်သည့်တိုင် ထိုဇာတ်လမ်းတွင် သူ နတ်ဆိုးအဖြစ် ပြောင်းချိန်၌ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ခဲ့သည်။ အလွန်အမင်း ချောမောလွန်း၏။
ရှန်းထင်ရွှမ်းသည် ချင်ယွဲ့ကျီကို အမှန်ပင် နားလည်ကြောင်း လူတိုင်းက ရှာတွေ့သွားကြသည်။ စကားပြောဆိုမှု ခေါင်းစည်းက ပို၍ ပို၍ မြင့်မားလာသည်။
လူအုပ်ထဲမှ တစ်ယောက်က မေးလာသည်။ “အစ်မ အစ်မ မင်းနဲ့ ငါတို့အစ်ကိုကြားက ပတ်သက်မှုက ဘာလဲ”
တက်ကြွနေသော လူအုပ်ကြီးက တစ်ခဏချင်း တိတ်ဆိတ်သွားလျက် သူတို့အကြားရှိ ပတ်သက်မှုကို မကြာသေးမီက ဆွေးနွေးခဲ့ကြသော်လည်း လူတိုင်းက ပွင့်လင်းစွာ မဆွေးနွေးရဲကြချေ။
ရှန်းထင်ရွှမ်းက ပြောလိုက်သည်။ “သူငယ်ချင်းတွေ”
“မင်းက သူ့ကောင်မလေး မဟုတ်ဘူးလား”
ရှန်းထင်ရွှမ်းသည် ထိုကာလအတွင်း သူတို့ပတ်သက်မှုအပေါ် ထင်မြင်ချက်များကို သိရှိခဲ့သည်။ သူမက ဝေ့ပေါ်သို့သွားပြီး ဖတ်ကြည့်ကာ ဖန်များ၏ ခွဲခြမ်းစိတ်ဖြာမှုများကို တွေ့မြင်ခဲ့သည်။
သူမက အဓိပ္ပာယ်မရှိဟု တွေးထင်ကာ တူညီသော လေသံဖြင့် ပြောလိုက်သည်။ “တကယ်လို့ ကျွန်မက သူ့ကောင်မလေးသာဆိုရင် ဒီဇာတ်လမ်းကို တစ်ယောက်တည်း ကြည့်နေမှာလား”
ယင်းကလည်း မှန်ကန်နေကာ လူတိုင်းက စိတ်သက်သာရာရသွားကြသည်။ ဖန်တချို့က စိတ်ပူနေဆဲ ဖြစ်ကာ မေးလာသည်။ “မင်း ငါတို့အစ်ကိုကို မကြိုက်ဘူးလား”
“ကြိုက်တယ်” ချင်ယွဲ့ကျီက Bug ဖြစ်ကာ သူမက ဘာလို့ မကြိုက်ရမည်နည်း။
ထိုဖန်က ထပ်မေးပြန်သည်။ “ငါ ပြောတာက မိန်းမနဲ့ ယောက်ျားကြားက နှစ်သက်မှုမျိုးကို ပြောတာ”
ရှန်းထင်ရွှမ်းက ချက်ချင်း ခေါင်းယမ်းလိုက်သည်။
“မကြိုက်ဘူး” မိန်းမနှင့် ယောက်ျားကြားက အလွန်ရှုပ်ထွေးလှပေသည်။
မူလက ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီကို မကြိုက်ဟု ပြောသောအခါ သူ့ဖန်များက စိတ်သက်သာရာ ရသွားသော်ငြား သူတို့က ရှန်းထင်ရွှမ်းက သူ့ကို မကြိုက်ဟု တကယ် ပြောလာသည်ကို ကြားသောအခါ သူတို့က အလေးအနက် ဖြစ်သွားသည်။ မင်း မကြိုက်ရအောင် ငါတို့အစ်ကိုက ဘာများမှားနေလို့လဲ။
ကံကောင်းစွာဖြင့် ထိုအချိန်တွင် ရုပ်ရှင်စ စတင်တော့မည်ဖြစ်၍ ဝန်ထမ်းက လက်မှတ်များကို စစ်ဆေးတော့သည်။ အထူးတန်းလက်မှတ်ဖြစ်၍ ရှန်းထင်ရွှမ်းက လူအများနှင့် တူညီသော နေရာတွင် မရှိတော့ချေ။
…
အခန်း (၅၄) (ခ)
ရှန်းထင်ရွှမ်းက အထူးတန်းခန်းမသို့ လျှောက်သွားလိုက်ပြီး ခန်းမက လူခြောက်ယောက်စာ ရှိသော်လည်း လက်ရှိတွင် သူမ တစ်ဦးတည်းသာ ထိုင်နေသည်။
ထိုင်ခုံများက ကြီးမားသည့် နောက်မှီထိုင်ခုံများဖြစ်ပြီး ဘေးနားရှိစားပွဲတွင်လည်း သွားရည်စာမျိုးစုံနှင့် အချိုရည်များဖြည့်ထားသည်။
ရှန်းထင်ရွှမ်းက အနေအထားကို ရွေးချယ်ပြီးနောက် ထိုင်ခုံနောက်သို့ မှီထိုင်လိုက်ကာ စတင်စားတော့သည်။
ညလယ်တွင် ခန်းမက မှောင်သွားပြီး ရှေ့မျက်နှာပြင်က လင်းလာသည်။
ပေါက်ပေါက်စားနေသော ရှန်းထင်ရွှမ်းသည် သူမလက်ထဲရှိ ပေါက်ပေါက်ကို ချပြီးနောက် စတင်ကြည့်လာသည်။
ရုပ်ရှင်က စိတ်ဝင်စားဖို့ ကောင်း၏။ ‘အဖြေ’ကို တွိုင်းလက်နားချိန် မပေးဘဲ နှစ်နာရီကြာ ပြသခဲ့ပြီး အဆုံးသီချင်းတိုင် ရှန်းထင်ရွှမ်းက မလှုပ်ရှားခဲ့ချေ။ သူမသည် သူမဘေးနားမှ သရေစာများကို ကြည့်လိုက်သည်တွင် ရုပ်ရှင်မစခင် သရေစာနည်းနည်းစားခဲ့သည်မှလွဲ၍ လုံးဝ မထိတော့ချေ။
ရှန်းထင်ရွှမ်းက ရုပ်ရှင်၏ အသေးစိတ်အချက်အလက်များကို မှတ်မိပေသည်။ ၎င်းက အလွန်စိတ်ဝင်စားဖို့ ကောင်းပြီး စည်းချက်ကျကာ ဇာတ်လမ်းက ဟာကွက်မရှိပေ။ ယင်းက အလွန်ကောင်းပေ၏။
ရှန်းထင်ရွှမ်းက ဝီချက်ကို ဖွင့်လိုက်ပြီး ချင်ယွဲ့ကျီထံသို့ မက်ဆေ့ မပို့ဘဲ မနေနိုင်တော့ချေ။ [‘အဖြေ’က တအားကောင်းတယ်]
ချင်ယွဲ့ကျီက မအိပ်သေးသောကြောင့် စက္ကန့်ပိုင်းအတွင်း ပြန်ပြောလာသည်။ [မင်းရဲ့ချစ်ခင်မှုအတွက် ကျေးဇူးတင်ပါတယ်]
ရှန်းထင်ရွှမ်းက ရုပ်ရှင်ရုံ အပြင်သို့ လျှောက်ထွက်လာပြီးနောက် ဖုန်းကို ကြည့်လိုက်သည်။ မနက်၂နာရီ ရှိသွားပြီဖြစ်သည်။
ရှန်းထင်ရွှမ်းက ‘အဖြေ’ကို နောက်တစ်ကြိမ် ကြည့်ရှုဖို့ လက်မှတ်တွေကို ဘယ်အချိန်မှာ ထုတ်ပေးမှာလဲလို့ ဝန်ထမ်းကို မေးလိုက်သည်။
ရလဒ်အနေဖြင့် ၂နာရီပွဲစဉ်က စတင်နေပြီဖြစ်ပြီး ၃နာရီပွဲစဉ်က ကုန်သွားပြီဖြစ်ကာ သူမက ၄နာရီအထိ စောင့်ဆိုင်းရန်သာ ရှိတော့သည်။
“စကားမစပ် မင်းမှာ အထူးတန်း လက်မှတ်တွေ ရှိသေးလား” အထူးတန်းအခန်းက အမှန်ပင် သက်သောင့်သက်သာ ရှိကာ ကြီးမားသော ထိုင်ခုံတွင် တစ်ယောက်တည်း ထိုင်လို့ရသည့်အပြင် ဘေးနားတွင်လည်း သရေစာများစွာ ရှိသေးသည်။
“မနက်ဖြန် မနက်ဆယ်နာရီအတွက် အထူးတန်းလက်မှတ်တစ်စောင် ကျန်ပါသေးတယ်”
“ကျွန်မကို တစ်ခုပေး” ရှန်းထင်ရွှမ်းက ပြန်အိပ်ရန် စီစဉ်လိုက်ပြီး နောက်နေ့မှ ပြန်လာမည် ဖြစ်သည်။
…
ဖန်တစ်ယောက်သည် ရှန်းရွှမ်နှင့် ဖူလဲ့ထျန်းကို တခြားရုပ်ရှင်ရုံတွင် တွေ့ခဲ့သည်။
ဖူလဲ့ထျန်းသည် ရှန်းရွှမ်နှင့် နောက်ဆုံးတစ်ကြမ် တွေ့ပြီးနောက် သည်နှစ်တရုတ်နှစ်သစ်ကူးတွင် မိသားစုနှစ်ခုက အတူတကွ တွေ့ဆုံ စားသောက်ကာ သူက လက်ထပ်ခွင့်တောင်းခဲ့ပြီး ရှန်းထျန်းသယ်က လက်ခံခဲ့သည်။ ညစာစားပြီးနောက် မိသားစုနှစ်ခုက ရုပ်ရှင်ရုံသို့ အတူတူ ထွက်ခွာရန် ချိန်းဆိုခဲ့ကြသည်။
ရှန်းရွှမ်၏ ‘ဓားနတ်သမီး’ ထွက်ရှိပြီး မိသားစုနှစ်ခုက ယင်းကို သေချာပေါက် ထောက်ပံ့ပေးမည် ဖြစ်သည်။
ဖူလဲ့ထျန်းက အစတွင် ရုပ်ရှင်ရုံအားလုံးကို ကြိုတင်စာရင်းပေးချင်ခဲ့သော်လည်း နောက်ဆုံးတွင် တစ်ခုကိုသာ မှာယူခဲ့သည်။ သူ့ရှင်းပြချက်က ရှိသည်။ “ရွှမ်ရွှမ်ရဲ့ဖန်တွေလည်း ကြည့်ချင်မှာပဲ။ ဒီရုပ်ရှင်က ကြီးလွန်းတယ်။ ကိုယ်က သူတို့ကို နေရာတချို့ ချန်ပေးရမှာပေါ့” ရှန်းရွှမ်တွင် ယင်းကို ချေပရန်မရှိသလို ခံစားလိုက်ရသည်။
မိသားစုနှစ်ခုက အစောပိုင်းကြည့်ရှုနှုန်းကို ကြည့်ရှုခဲ့ကြသည်။ ခန်းမကို မှာယူပြီးနောက် ဖူလဲ့ထျန်းက မနက်ခင်းပိုင်းတွင် ‘ဓားနတ်သမီး’အတွက် မရောင်းရသေးသော လက်မှတ်များကို ဝယ်ယူခဲ့သည်။ ထို့နောက် ဖူလဲ့ထျန်းက သူ့ငယ်သားများကို မနက်ဖြန်အတွက် လက်မှတ်များဝယ်ယူရန် မှာကြားခဲ့ပြီး သူတို့မိသားစုဝင်များနှင့် ကြည့်ရှုရန် ပို့ပေးခဲ့သည်။
ရှန်းရွှမ်က အလွန်ပျော်သွားသည်။ ဘေးရှိ ရှန်းထျန်းသယ်က သူ့သမီးတွင် စွမ်းဆောင်ရည်ရှိသေးသဖြင့် သက်ပြင်းချလိုက်မိသည်။
ရုပ်ရှင်က နှစ်နာရီခွဲကြာသည်။ ကြည့်ရှုပြီးနောက် ဖူမိသားစုက ချီးကျူးစကားပြောခဲ့ပြီး ရှန်းရွှမ်၏ သရုပ်ဆောင်စွမ်းရည်ကိုလည်း ချီးမွမ်းခဲ့သည်။ “ရွှမ်ရွှမ်ရဲ့ သရုပ်ဆောင်မှုက တကယ်ကောင်းတာပဲ။ ဒီနှစ်တော့ ရုပ်ရှင်ဘုရင်မ ဖြစ်လာမယ်လို့ ငါ ခန့်မှန်းမိတယ်”
“ကျွန်မ အန်တီကျီယန်ရဲ့စကားကောင်းလေးတွေကို ငှားလိုက်မယ်နော်” (TN: စကားကောင်းလေးတွေ ငှားယမ်းခြင်းဆိုတာက ‘ကျွန်မလည်း အဲလို မျှော်လင့်နေပါတယ်’ လို့ ပြောတာနဲ့ တူညီပါတယ်)
...
ရှန်းမိသားစုဆီ ပြန်ရောက်ပြီးနောက် ရှန်းထျန်သယ်က ဖူလဲ့ထျန်းကို ရယူရန် လုံလောက်သည်ဟု ပြောပြီး ရှန်းရွှမ်ကို ထပ်ချီးကျူးခဲ့သည်။
ယနေ့ည ညစာစားပွဲတွင် ဖူဖန်းယိက ရှန်းမိသားစု၏စီးပွားရေးကို အထောက်အပံ့ပေးရန် သူတို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ခဲ့သည်။ ယင်းက ရှန်းမိသားစုအတွက် မမျှော်လင့်ထားသော ပျော်ရွှင်မှု ဖြစ်သည်။
ရှန်းရွှမ်က အလွန်ပျော်ရွှင်ခဲ့သည်။ သူမက သူမအခန်းသို့ ပြန်သွားပြီးနောက် ဝေ့ပေါ်မန့်များကို စစ်ဆေးလိုသော်ငြား အလွန်အမင်း အိပ်ချင်နေခဲ့သည်။
သို့သော်ငြား သူမက မလှဲချမီတွင် သရဲတစ်ကောင်ပမာ သီချင်းများကို စဆိုခဲ့၏။ တစ်နာရီခန့် ကြာပြီးနောက် သူမက နောက်ဆုံးတွင် လဲကျသွားတော့သည်။
တစ်ဖက်ခန်းရှိ ရှန်းထျန်းသယ်သည် သူ့မျက်လုံး၌ အနက်ရောင်စက်ဝိုင်းများ တည်ရှိလာသည်။ ယခင်က ပျော်ရွှင်နေသောစိတ်ခံစားချက်က တစ်ဝက်ကျော် ပျောက်ကွယ်သွားတော့သည်။
...
မနက်ခင်း ငါးနာရီတွင် #ဖူလဲ့ထျန်းနှင့် ရှန်းရွှမ်၏အချစ် ဟူသည့် ခေါင်းစီးက ရှာဖွေမှု ထိပ်ဆုံး ဖြစ်လာသည်။ ခေါင်းစီးတွင် သူတို့၏နှစ်ဖက်မိသားစု အတူတကွ ညစာစားကြပြီး ရုပ်ရှင်ကြည့်ကြသော ဓာတ်ပုံများနှင့် အချို့လူများ ဗီဒီယိုများ ထုတ်ပြလာသည်။
ဆိုရလျှင် မိသားစုနှစ်ခုအကြားရှိ ဆက်ဆံရေးက အလွန်သဟဇာတ ရှိနေခဲ့သည်။
[ငါ ရုပ်ရှင်ကြည့်ပြီး ထွက်လာတော့ ဒီသတင်းကို တွေ့လိုက်ရတယ်။ အဲဒါက ငါ့ကို ထပ်တွေးနေမိတယ်]
[ရှန်းရွှမ်က ဖူသခင်လေးနဲ့ ဘာလို့ ချစ်ကျွမ်းဝင်သွားတာလဲ။ တကယ်တမ်းတော့.. အရင်တည်းက လူတိုင်း သိပြီးသားပဲ..]
[ဖူမိသားစုက ချမ်းသာတယ်။ ရှန်းရွှမ်က ကြွယ်ဝတဲ့မိသားစုနဲ့ လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေပြီ]
[အဲဒါက အတော်လေးကောင်းတယ်လို့ ငါတွေးမိတယ်။ သူမက ကြည့်ကောင်းတယ်လေ]
[ဖျော်ဖြေရေးနယ်ပယ်မှာ စံပြစုံတွဲ ဖြစ်လာနိုင်မှာလား]
အလွန်စောလွန်းသောကြောင့် အင်တာနက်သုံးသူများက အွန်လိုင်းပေါ်တွင် သိပ်မရှိသေးချေ။ ထို့ကြောင့် ဖူဂရုရော ရှန်းရွှမ်၏အေဂျင်စီကပါ ကောလာဟလများကို ထွက်မချေပချေ။
မနက်ခင်း ၇နာရီတွင် ရှန်းရွှမ်သည် သူမအေးဂျင့်၏ဖုန်းခေါ်ဆိုမှုကြောင့် နိုးလာ၏။ ဝေ့ပေါ် ပေါ်မှ hot search ကို တွေ့ပြီးနောက် သူမ အိပ်ချင်စိတ်များပင် ပျောက်သွားတော့သည်။
…
မနက်၈နာရီတွင် ပထမနေ့၏ ရုပ်ရှင်လက်မှတ် ရောင်းချမှုကို စတင်ပြုပြင်လိုက်ပြီဖြစ်သည်။
ပထမမှာ ချင်ယွဲ့ကျီ၏ ‘အဖြေ’ ဖြစ်ပြီး လက်မှတ်ပေါင်း သန်း၅၀ ဖြစ်သည်။ ဒုတိယနေရာမှာ ရှန်းရွှမ်၏ ‘ဓားနတ်သမီး’ ဖြစ်ပြီး လက်မှတ်ပေါင်း ၄၅သန်းဖြစ်သည်။ သေချာပေါက်ပင် ထိုလက်မှတ်ပေါင်းများထဲတွင် ဖူလဲ့ထျန်းကလည်း များစွာ ပေါင်းထည့်ထားခဲ့သည်။
အွန်လိုင်းကြည့်ရှုမှု နှုန်းထားများလည်း ထွက်ရှိလာသည်။ ‘အဖြေ’က ၉.၈ အမြင့်ဆုံးဖြစ်ကာ ‘ဓားနတ်သမီး’က ၈.၈သို့ နိမ့်ကျသွားသည်။
အင်တာနက် အသုံးပြုသူများက ချင်ယွဲ့ကျီပါဝင် သရုပ်ဆောင်ထားသော ရုပ်ရှင်က တစ်လျှောက်ဆုံး ဆွဲဆောင်မှုရှိသည်ဟု ခံစားကြရသည်။ တစ်ဖက်တွင်မူ ရှန်းရွှမ်ပါဝင် သရုပ်ဆောင်ထားသော ရုပ်ရှင်မှာ မြင်ကွင်းလှပသော်ငြား ဇာတ်ညွှန်းက အချို့သောလွဲမှားမှုများ အမြဲတစေ ရှိနေခဲ့သည်။
သို့သော်ငြား မနက်ခင်းတွင် ကြည့်ရှုကြသူ အများစုမှာ သရုပ်ဆောင်မင်းသား၊ သရုပ်ဆောင်မင်းသမီးများ၏ ဖန်များဖြစ်သည့်အတွက် သူတို့က ဇာတ်ကားမကောင်းဟု တွေးမိလျှင်ပင် မကောင်းတာတစ်ခုမှ ထုတ်ပြောမည် မဟုတ်ချေ။
ထိုအချိန်တွင် ဖန်များက ရှန်းရွှမ်၏အချစ်ရေးကို ပို၍ စိတ်ပူပန်နေကြသည်။ ရုပ်ရှင်နှစ်ကားမှလွဲ၍ ရှန်းရွှမ်နှင့် ဖူလဲ့ထျန်း၏ အချစ်ရေးက လူသိများနေပြီး နှစ်ဖက်စလုံးက မည်သို့မျှ မတုံ့ပြန်ကြချေ။
ရှန်းရွှမ်က သူမအေးဂျင့်ကို hot search ကို ဖယ်ရှားဖို့ မေးမြန်းခဲ့သော်ငြား လတ်တလော hot search ကို ဖြုတ်ချရန်မှာ မဖြစ်နိုင်ဟူသော တုံ့ပြန်ချက်သာ ပြန်ရခဲ့သည်။ သူမက Hot search ကို ဖူလဲ့ထျန်းက ဝယ်ယူထားကြောင်း ချက်ချင်း သဘောပေါက်သွားပြီး ဖူလဲ့ထျန်းကို ချက်ချင်း ဖုန်းခေါ်ခဲ့သော်ငြား တစ်ဖက်လူက ဖုန်းပိတ်ထားခဲ့သည်။
ရှန်းရွှမ်သည် အပြင်ထွက်ဖို့ မဆုံးဖြတ်မီ အတန်ကြာ တုံ့ဆိုင်းနေမိသည်။
…
ဆယ်နာရီတွင် ရှန်းထင်ရွှမ်းက ‘အဖြေ’ကို ဒုတိယအကြိမ် ကြည့်ရန် စတင်လိုက်သည်။
ဤတစ်ကြိမ် ကြည့်ရှုပြီးနောက် အချက်အလက်အသစ်များ ရှာတွေ့သွားသည်။ ဥပမာအားဖြင့် ရုပ်ရှင်အစပိုင်းတွင် လူသတ်သမားအတွက် သဲလွန်စများစွာ ပေးထားခဲ့ပြီး ရှန်းထင်ရွှမ်းသည် ပထမတစ်ကြိမ် ကြည့်ရှုချိန်၌ပင် ထိုအရာများကို နားလည်သဘောပေါက်ခဲ့သည်။
၁၂နာရီတွင် ရှန်းထင်ရွှမ်းက ရုပ်ရှင်ရုံထဲမှ ထွက်လာပြီး အံ့ဩနေခဲ့သည်။ ယင်းက ကောင်းမွန်သော ရုပ်ရှင်အတွက် လူသားများ၏ ပုံမှန်အပြုအမူများ ဖြစ်ပုံရသည်။
လမ်းလျှောက်ထွက်လာပြီးနောက် ရှန်းထင်ရွှမ်းက တစ်ယောက်ယောက်၏ ကျယ်လောင်စွာ ပြောသည်ကို ကြားလိုက်ရသည်။ “ဘာ.. ဒီနေ့ရဲ့ ‘အဖြေ’ က ရောင်းကုန်သွားပြီလား” နေ့လယ်ခင်းသာ ရှိသေးသော်လည်း ညနေခင်းကြည့်ရန် လက်မှတ်ပင် မရှိတော့ပေ။
အရောင်းမိန်းကလေးက “မနက်ဖြန် နေ့လယ်ခင်း သုံးနာရီမှာ တချို့တလေတော့ ရှိပေမဲ့ အတူတူ ထိုင်ဖို့တော့ မရတော့ဘူး။ ‘ဓားနတ်သမီး’ ကိုတော့ ကြည့်နိုင်ပါသေးတယ်”
“ငါ ‘ဓားနတ်သမီး’ကို မကြည့်ချင်ဘူး”
ရုပ်ရှင်ရုံဝင်ပေါက်တွင် ‘ဓားနတ်သမီး’ ဆိုသည့် ကြီးမားသော ပိုစတာနှစ်ခုကို ချိတ်ဆွဲထားသည်။ ရှန်းရွှမ်၏ ‘ဓားနတ်သမီး’။
…
ရှန်းထင်ရွှမ်းက ကားပါကင်သို့ သွားလိုက်သောအခါ တစ်ယောက်ယောက် ဆွေးနွေးနေသံကို ကြားလိုက်ရသည်။
“ဒီ ‘ဓားနတ်သမီး’က လုံးဝ ကြည့်မကောင်းဘူး”
“မင်းရဲ့မျှော်လင့်ချက်က တအားမြင့်လွန်းတာလည်း ဖြစ်နိုင်တာပဲလေ”
“အဲဒီ ‘အဖြေ’ ကမှ ပိုကြည့်ကောင်းသေးတယ်”
“ငါလည်း အဲလို ထင်တယ်။ ငါ အဲဒါကို ထပ်ကြည့်ချင်သေးတယ်”
“သွားစို့.. အတူတူ သွားရအောင်”
“ဒီနေ့အတွက် လက်မှတ်တွေ ကုန်သွားပြီ။ ငါတို့ ဘာလုပ်သင့်သလဲ”
အွန်လိုင်းမှ လူအများကလည်း ရုပ်ရှင်အပေါ်တွင် ထင်မြင်ချက်ကောင်းများ ရှိပြီး သူတို့သည် နှစ်ကြိမ် သုံးကြိမ် ပြန်ကြည့်သင့်သည်ဟု ဆိုကြသည်။ ထိုသို့သော မြင့်မားသော ဂုဏ်သတင်းနှင့် ရုပ်ရှင်သည် မကြည့်ရသေးသော အင်တာနက်အသုံးပြုသူများကို ဆွဲဆောင်ခဲ့ပြီး သူတို့က စတင်ကြည့်ရှုကြတော့သည်။
…
‘ဓားနတ်သမီး’ ခေါင်းစီးပေါ်တွင် အစပိုင်း၌ ဖန်များက ချီးကျူးခဲ့ကြသော်လည်း ပုံမှန်ကြည့်ရှုသူများက ကြည့်ရှုပြီးနောက် စတင်ထုတ်ပြောလာကြတော့သည်။ အများစုက အဆိုးမှတ်ချက်များဖြစ်ပြီး အချို့သော အင်တာနက်သုံးသူများက ဒါရိုက်တာကျန်းချင်ကို စတင်ဆဲဆိုကြတော့သည်။
[မင်းတို့ကောင်တွေ ‘ဓားနတ်သမီး’ ကြည့်ဖူးသလားမသိဘူး။ ငါတော့ တကယ်ရူးချင်တယ်။ ဟုတ်တယ်။ မြင်ကွင်းတွေက လှတယ်ဆိုတာကို ငါ လက်ခံတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ကောင်းတာလေးတစ်ခုတောင် ငါ ကြိုးကြိုးစားစား ရှာခဲ့ရတယ်]
[အမျိုးသမီးကျင့်ကြံသူတွေက အမျိုးသားတွေအတွက် ခြေနင်းတုံးတွေလား။ အမျိုးသားတွေက မသေမျိုးအဖြစ်ကို ကျင့်ကြံဖို့ စိတ်ပိုင်းဖြတ်ထားတာကို သက်သေပြဖို့ သူတို့ဇနီးတွေကို သတ်ဖို့လိုတာလား။ ဘာလို့ ဒီလောက် မှိုင်းတိုက်ထားရတာလဲ]
[နောက်ဆုံးတော့ တစ်ယောက်ယောက်က ဒီရုပ်ရှင်မကောင်းတာကို ပြောလာပြီပဲ။ ငါ ‘အဖြေ’ကို ပထမဆုံး ကြည့်ပြီးတော့ ငါ ထွက်လာပြီးတော့ ‘အဖြေ’ရဲ့လက်မှတ်ကို မရလို့ ငါ ‘ဓားနတ်သမီး’ကို ကြည့်လိုက်တယ်။ ကြည့်ပြီးတော့ ငါ စိတ်ပျက်သွားတယ်။ ဒါရိုက်တာကျန်းရေ.. ငါ မင်းကို ကြည်ညိုမြတ်နိုးခဲ့တာတွေ ရပ်လိုက်မိမှာတောင် ငါကြောက်တယ်]
[စိတ်ပျက်ဖို့အကောင်းဆုံးအရာက တိုက်ခိုက်ရေးအခန်းတွေပဲ အားလုံးက အမျိုးသားတွေပဲတဲ့။ အမျိုးသမီးတွေက အနောက်မှာ ပုန်းနေကြတယ်]
[ငါက ရှန်းရွှမ်ရဲ့ဖန်ပေမဲ့ ဒီရုပ်ရှင်ကို ကြည့်ပြီးတော့ စကားပြောဖို့တောင် ခက်ခဲသွားတယ်]
[ကောင်းပြီ မင်းတို့ ‘ဓားနတ်သမီး’ရဲ့ မှတ်ချက်တွေကို မယုံဘူးဆိုရင် ကြည့်ချင်သေးတယ် ဆိုရင် ‘ဓားနတ်သမီး’ ကို အရင်ကြည့်.. ပြီးမှ ‘အဖြေ’ ကို ကြည့်။ ‘အဖြေ’ကို အရင်ကြည့်ပြီးမှ ‘ဓားနတ်သမီး’ကို ကြည့်မိရင် ထွက်လာပြီးတဲ့နောက် မင်းမျက်လုံးတွေကို ဆေးဖို့ လိုအပ်တယ်လို့ မင်း လေးလေးနက်နက် ခံစားမိလိမ့်မယ်]
‘အဖြေ’ ဟူသည့် ခေါင်းစီးသည် ဒီမနက်ခင်းတွင် ထပ်ခါတလဲလဲ Hot Search သို့ ရောက်နေလေသည်။
...
၈.၈ရရှိထားသော ‘ဓားနတ်သမီး’သည် နေ့လယ်၂နာရီတွင် ၇အထိ ကျဆင်းသွားပြီး ဆက်လက်ကျဆင်းနေဆဲ ဖြစ်ချိန်တွင် ‘အဖြေ’သည် အမြင့်ဆုံး ၉.၈တွင် ဆက်လက်ရှိနေဆဲ ဖြစ်သည်။
အဓိကမီဒီယာများက ရုပ်ရှင်နှစ်ခုအပေါ်တွင် တင်ပြနေကြပြီး တချို့မီဒီယာများက ဒါရိုက်တာကျန်းချင်၏ သမိုင်းတွင် ပထမဆုံးသော ကျရှုံးမှုဟုပင် ထောက်ပြလာကြသည်။
ညလယ်၁၂နာရီတွင် လက်မှတ်ပေါင်းကို ထပ်မံ ပြုပြင်လိုက်သည်။ ‘အဖြေ’၏ ပထမနေ့နှင့် ပေါင်းထားသော လက်မှတ်ပေါင်းသည် သန်း၁၀၀ ရှိလာပြီဖြစ်ပြီး ‘ဓားနတ်သမီး’၏ စုစုပေါင်း လက်မှတ်ရောင်းရသည်မှာ သန်း၆၀သာ ရှိပေသည်။
ရှန်းရွှမ်က ဖူလဲ့ထျန်းကို ရှာမတွေ့ခဲ့ချေ။ ထိုအစား သူမသည် ဖူအိမ်တော်အနီးတွင် ပါပါရာဇီများ၏ ထုတ်ဖော် ဓာတ်ပုံရိုက်ခြင်းကို ခံလိုက်ရသည်။ ထို့ကြောင့် သူမက ရုတ်တရက် ရှာဖွေမှု များပြားလာပြန်သည်။ ထိုအချိန်တွင် အင်တာနက်အသုံးပြုသူများ၏ စိတ်ပျက်ရွံ့ရှာမှုကို နှိုးဆွလိုက်မိတော့သည်။
မူလက လူတိုင်းသည် ‘အဖြေ’ အကြောင်းကို ဆွေးနွေးနေခဲ့ကြပြီး ယင်းက ရုတ်တရက် ရှာဖွေမှုအများပြားဆုံး ဖြစ်လာသည်။ ထို့အပြင် မတိုင်မီက ရှန်းရွှမ်သည် Hot Search များကို နေ့တိုင်းနီးပါး ဝယ်ယူခဲ့ပြီး လူတိုင်းက ယင်းကို သည်းခံထားရသည်။ ရုပ်ရှင်ထုတ်လွှင့်ပြီးနောက် လှည်းက မှောက်သွားတော့သည်။
သူမသည် Hot Search ပေါ်တွင် ထပ်ခါထပ်ခါ ရှိနေခဲ့သည်။ ထို့ကြောင့် အချို့သော အင်တာနက်အသုံးပြုသူများက ရှန်းရွှမ်ကို မကျေမချမ်း ဖြစ်လာကြသည်။ ဖန်များက တစ်ရက်ခန့် စောင့်ဆိုင်းခဲ့သည့်တိုင် သူမရော သူမအေဂျင်စီကပါ ဘာမှ မတုံ့ပြန်ခဲ့ကြချေ။ ယခုတွင်မူ သူတို့က Hot Search ကို ထပ်မံ တွေ့လိုက်ရပြီး ရှန်းရွှမ်နှင့် ဖူလဲ့ထျန်းအကြား ဆက်ဆံရေးက အမှန်ဖြစ်နိုင်မှန်း သိလိုက်ကြသည်။
ထို့အပြင် ‘ဓားနတ်သမီး’မှ စိတ်ပျက်ခြင်းအပါ အချို့သော ဖန်များက Fandom မှ ထွက်ခွာရန် ရွေးချယ်လိုက်ကြတော့သည်။
…
ရှန်းထင်ရွှမ်းက အိမ်ပြန်လာပြီးနောက် သူမ လယ်လုပ်နေစဉ်တွင် ဇာတ်လမ်းဇာတ်ကွက်များကို တွေးတောနေပြီးနောက် သူမ ၎င်းကို ထပ်ကြည့်သင့်ကြောင်း ခံစားလိုက်ရသော်လည်း သူမ အွန်လိုင်းတွင် ပိုက်ဆံသုံးလျှင်ပင် လက်မှတ်တစ်စောင်မှ မရနိုင်မှန်း ရှာတွေ့သွားသည်။
သူမက ရုပ်ရှင်လက်မှတ်ရောင်းသောapp ကို ထပ်မံ ကလစ်လိုက်ပြီး လက်မှတ်များသည် နောက်ထပ်နှစ်ရက်အထိ ကုန်သွားပြီဖြစ်ကြောင်း ရှာတွေ့သွား၏။ ထို့ကြောင့် လူတိုင်းက ယင်းကို ကောင်းသည်ဟု တွေးထင်ပုံရပေသည်။
‘အဖြေ’နှင့် ‘ဓားနတ်သမီး’ ရုပ်ရှင်နှစ်ခုအကြား ကွာဟချက်က ပိုပိုကြီးလာသည်။ ‘ဓားနတ်သမီး’၏ ရမှတ်က ၄.၄ထက် နိမ့်လာသည်။ သည်နှစ်တွင် စတင်ခဲ့ပြီး ၎င်းက အင်တာနက်သုံးသူများ၏ စိတ်ပျက်ဖွယ်အကောင်းဆုံး ဇာတ်ကားအဖြစ် သတ်မှတ်ခံခဲ့ရသည်။
ရှန်းရွှမ်က နောက်ဆုံးတွင် ဖူလဲ့ထျန်းနှင့် ဆက်သွယ်နိုင်ခဲ့သော်လည်း သူမကို အံ့အားသင့်သွားခဲ့သည်မှာ ဖူလဲ့ထျန်းကလည်း သူတို့ဆက်ဆံရေးအကြောင်း Hot Search ကို မသိရှိခဲ့ပေ။ လူနှစ်ယောက်သည် နောက်ဆုံးတွင်မှ ဖူဖန်းယိ လုပ်ထားမှန်း သိလိုက်ကြ၏။ ထိုအချိန်တွင် ရှန်းရွှမ်က Hot Search ကို မတားဆီးနိုင်တော့သလို သူမက မည်သို့မျှ မတုံ့ပြန်နိုင်တော့ချေ။
ထို့အပြင် အွန်လိုင်းပေါ်တွင် သူမကို ဆဲဆိုမှုများ အလွန်များပြားနေပြီး သူမသည် စိတ်ခံစားချက် အလွန်ဆိုးဝါးနေခဲ့သည်။ ဖူလဲ့ထျန်းက ရှန်းရွှမ်အတွက် လက်မှတ်များ တိုးမြှင့်ရန် အရူးအမူး စဝယ်ခဲ့ပြီး ရမှတ်ပြည့်စေရန် ရေတပ်များကို ငှားယမ်းခဲ့သည်။
ရလဒ်အရ နှစ်ရက်အကြာတွင် လက်မှတ်ပေါင်းကသာလျှင် သန်း၁၅၀အထိ တိုးမြှင့်လာပြီး ရုပ်ရှင်အဆင့်သတ်မှတ်ချက် ရမှတ် တိုးလာသည်ကို အင်တာနက်အသုံးပြုသူများက သတိပြုမိသည်တွင် သူတို့သည် ရမှတ်တစ်မှတ်သာ အရူးအမူး တိုးလာခဲ့သည်။ ထိုရမှတ်သည် ၃.၉အထိ တိုက်ရိုက်ကျဆင်းသွားတော့၏။
‘အဖြေ’ ရုပ်ရှင်သည် အစတွင် ‘ဓားနတ်သမီး’ နှင့် တူညီသော နံပါတ်တွင် ရှိခဲ့သော်လည်း ယခုတွင်မူ ‘ဓားနတ်သမီး’ထက် လက်မှတ်ပေါင်း သုံးဆ ပိုရောင်းရပြီး စိတ်ဝင်စားမှု အဆင့်သတ်မှတ်ချက်မှာလည်း ၁၀၀ ပြည့်လုနီးပါပင်။
‘ဓားနတ်သမီး’ ထုတ်လွှင့်ပြီးနောက် ရှန်းရွှမ်၏ Follower များသည် မတိုးရုံသာမက ၂၈သန်းအထိ လျော့ကျသွားလေသည်။
ဖူလဲ့ထျန်းသည် ကျန်းချင်၏အလုပ် ကျရှုံးသွားရန် မမျှော်လင့်ထားပေ။ ရှန်းရွှမ်က သူမရင်ထဲရှိ အဆင်မပြေမှုများကို မျိုသိပ်ထားရပြီး။ “အဆင်ပြေပါတယ် လဲ့ထျန်း။ ကျန်းချင်နဲ့ ဒီတစ်ကြိမ်အလုပ်မှာ ကျွန်မစိတ်ထင် ကျွန်မရဲ့ သရုပ်ဆောင်ပညာက တိုးတက်လာတယ်။ နောက်ဒရာမာ ကျရင် ပိုကောင်းလာလိမ့်မယ်”
မူလက ဖူလဲ့ထျန်းသည် သူမကို ဤဒရာမာဖြင့် ရပ်တန့်ရန် တွေးထားသေသာ်လည်း ကံကောင်းစွာဖြင့် ဖူဖန်းယိက သူမကို အတော်လေး စိတ်တိုင်းကျနေသည်။
ဖူလဲ့ထျန်းက ရှန်းရွှမ်ကို ကြည့်လိုက်သည်။ “ရွှမ်ရွှမ်.. မင်းက အမြဲတမ်း တွေးတောတတ်တာပဲ”
…
မမျှော်လင့်ထားဘဲ ရှန်းထင်ရွှမ်းသည် လက်မှတ်များကို မဖမ်းမိနိုင်သေးချေ။ ထိုအချိန်တွင် သူမသည် လပြက္ခဒိန်၏ ပထမလ ၅ရက်နေ့တွင်သာ ဖမ်းမိခဲ့သည်။
ရှန်းထင်းရွှမ်းသည် ‘အဖြေ’ကို တတိယအကြိမ် ကြည့်ရန် ထွက်သွားခဲ့ပြီး ‘Moon’အဖြစ် အသိအမှတ်ပြုခံရပြန်သည်။ အဓိက အကြောင်းပြချက်မှာ ရှန်းထင်ရွှမ်း၏ ရုပ်သွင်မှာ အတော်လေး ထင်ရှားပြီး ဖန်အချို့က ချင်ယွဲ့ကျီဟူသည့် ခေါင်းစီးဖြင့် ပို့စ်တင်ခဲ့ကြသည်။
[ဒီနေ့ ငါ ငါ့အစ်ကိုရုပ်ရှင် ကြည့်ဖို့ သွားတော့ အင်တာနက်ဆယ်လီတစ်ယောက်ကို တွေ့ခဲ့တယ်]
[မင်း မသိဘူးလား။ သူမက နှစ်သစ်ကူးနေ့ ညလယ်မှုလည်း ကြည့်သေးတယ်]
[မဟုတ်ဘူး မဟုတ်ဘူး။ ဒါက သူမရဲ့တတိယအကြိမ်ပဲ။ ဒီမှာ သက်သေပြဖို့ ပုံတွေ ရှိတယ်]
[အိုး.. ဘုရားရေ.. သူမက Moon လား]
[ဖြစ်သင့်တယ်။ နှစ်သစ်ကူးပထမရက်တုန်းက တချို့က သူမကို ငါတို့အစ်ကို ကြိုက်လားလို့ မေးတော့ သူမက ငါတို့အစ်ကိုကို ကြိုက်တယ် ဒါပေမဲ့ မိန်းကလေးနဲ့ ယောက်ျားကြားထဲက နှစ်သက်မှုမျိုး မဟုတ်ဘူးလို့ ပြောခဲ့တယ်]
မမျှော်လင့်ထားဘဲ ရှန်းထင်ရွှမ်းသည် Hot Search ပေါ်တွင် #အားရွှမ်းရဲ့ ‘အဖြေ’ကို တတိယအကြိမ်ကြည့်ရှုခြင်း ဟူ၍ ဆွေးနွေးခံနေရသည်။
ထိုခေါင်းစီးက ၁၂အထိ ရောက်လာသော်ငြား ချင်ယွဲ့ကျီက ယင်းကို ဝေ့ပေါ်ပေါ်တွင် ထပ်မံ တင်လိုက်သည်။
[ချင်ယွဲ့ကျီ: မင်းရဲ့နှစ်သက်မှုအတွက် ကျေးဇူးတင်ပါတယ် @...]
ဝေ့ပေါ်က ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး #ချင်ယွဲ့ကျီ၏တုံ့ပြန်မှု ဟူသည့် ခေါင်းစီးသည် အမြင့်ဆုံး ရှာဖွေမှုသို့တက်လာပြီး ပထမသို့ ရောက်သွားသည်။ မကြာမီတွင် ထိုခေါင်းစီးက ပေါက်ကွဲထွက်သွားတော့သည်။
[အစ်ကို.. အားရွှမ်းနဲ့ ပတ်သက်လာရင် ဘာလို့ တုံ့ပြန်ခဲ့တာလဲ ဆိုတာကို မင်း ရှင်းပြနိုင်မလား]
[ငါ အရမ်းရှုပ်သွားပြီ။ သူတို့နှစ်ယောက်လုံးက ချစ်သူတွေပဲ]
[မဟုတ်ဘူး။ အားရွှမ်းက သူတို့နှစ်ယောက် ချစ်သူတွေ မဟုတ်ဘူးလို့ ကိုယ်တိုင် ဝန်ခံထားတယ်]
[ဟုတ်တယ်။ အားရွှမ်း ပြောတုန်းက ငါ မှတ်တမ်းတင်ထားတယ်။ ဗီဒီယိုတွေ ရှိတော့ ဒါက အမှန်တရားပဲ]
[အဓိပ္ပာယ်မရှိတာ မပြောနဲ့ အားရွှမ်းက Moon ပဲ]
…
အခန်း (၅၄) (ဂ)
ရှန်းထင်ရွှမ်း၏ Follower များသည် နောက်ဆုံးတွင် သန်း၂၀ကို ဖြတ်ကျော်သွားတော့၏။ ယင်းကို ကြည့်ပြီးနောက် ရှန်းရွှမ်က အလွန်အမင်း ဒေါသထွက်သွားသည်။ ရှန်းထင်ရွှမ်းက hot search ပေါ် ရောက်ဖို့ ဘာလို့ ရုပ်ရှင်ရုံကို သွားဖို့ လိုမှာလဲ။ ပြီးတော့ သူမက ဖန်တွေအများကြီး ရသွားတယ်။
ဒါရိုက်တာကျန်းချင် ရိုက်သည့် ရိုက်ကူးရေးတွင် ပါဝင်ရန် သူမသည် အလွန်ကြိုးစားခဲ့ရပြီး ရိုက်ကူးပြီးနောက် မည်သည့်တုံ့ပြန်မှုမှ မရခဲ့ချေ။ များစွာသော ဖန်များပင် ထွက်သွားသေး၏။
…
ထိုစဉ် ရှန်းထင်ရွှမ်းက အလွန်ပျော်ရွှင်နေပြီး အကြောင်းမှာ သူမသည် စနစ်မှ ထုတ်ခဲ့သော တာဝန် ပြည့်သွား၍ ဖြစ်သည်။
တာဝန်မှာ ၂၀ရက်အတွင်း သူမသည် သန်း၂၀ကျော်ကို လွှမ်းမိုးထားရမည် ဖြစ်သည်။ သို့သော်လည်း သူမ၏Follower များက သန်း၂၀ ကျော်သွားပြီဖြစ်သည်။
“Host ရေ တာဝန်တွေ ထပ်ထည့်ဖို့ လိုပါတယ်”
“ကောင်းပြီလေ”
“ပေါင်းထည့်တာဝန် အောင်မြင်ပါတယ်။ ကျေးဇူးပြုပြီး Hostက ၂၀ရက်အတွင်း ၂၅သန်းကျော်ကို လွှမ်းမိုးအောင် လုပ်ရမယ်။ တာဝန်အောင်မြင်ခဲ့ရင် ဝိညာဉ်သွေးကြောက ၄၇ရာခိုင်နှုန်းအထိ ကောင်းမွန်လာမှာပါ”
ရက်နှစ်ဆယ်အတွင်း ဖန် ၅သန်း တိုးရမည်ဖြစ်ကာ ရှန်းထင်ရွှမ်းသည် တစ်ရက်လျှင် Follower ၂သိန်း၅သောင်း တိုးဖို့ တွေးရန်လိုသည်။
…
နှစ်သစ်ကူးအပြီးတွင် ငှက်ပျောသီးရုပ်သံမှ ယခုနှစ်အတွက် ရှိုးပွဲတစ်ခု စတင်ရန် ပြင်ဆင်နေသည်။
အစစ်အမှန်ရှိုးပွဲသည် အလွန်ကျော်ကြားသော လက်ရှိနှစ်များတွင် ရှိုးပွဲအမျိုးအစားဖြစ်သည်။ ထို့ကြောင့် သူတို့က အမျိုးသားသုံးဦး အမျိုးသမီးသုံးဦး အတူတူ ခရီးသွားရမည့် ‘အတူတကွခရီးသွား’ ဟူသော နာမည်ဖြင့် ရှိုးတစ်ခု ပြုလုပ်ရန် စီစဉ်လိုက်ကြသည်။
ဒါရိုက်တာများသည် အကြာကြီးဆွေးနွေးကာ ထပ်ခါထပ်ခါ ပြင်ဆင်ပြီးနောက် နောက်ဆုံးတွင် ထိုအစီအစဉ်ကို ဆုံးဖြတ်ခဲ့ကြသည်။
‘အတူတကွခရီးသွား’၏ ဒါရိုက်တာချုပ် ရှားရှားသည် ရှိုးပွဲအမျိုးမျိုးတွင် အတော်လေး လူသိများသည်။ သူမရိုက်ကူးသည့် အစီအစဉ်များ၏ စံသတ်မှတ်ချက်သည် အမြဲတမ်း ၂အထက်တွင် ရှိသည်။ အချို့သောသူများ ပြောသည်မှာ ရှားရှား၏ တိကျပြီး နက်နဲသောအကြည့်များကြောင့်ဟု ဆိုသည်။ တခြားသူများအဆိုအရ ရှားရှားသည် အလွန်လုပ်နိုင်စွမ်းရှိပြီး သူမ ဖန်တီးခဲ့သော ရှိုးပွဲအမျိုးမျိုးသည် တခြားသော ပြည်တွင်းရှိုးပွဲများနှင့် ကွာခြားပေသည်။
ဆွေးနွေးပွဲတွင် ဧည့်သည်များကို ဆွေးနွေးပြီး ဖြစ်သော်လည်း Hot Search ပေါ်ရှိ #အားရွှမ်းက ‘အဖြေ’ကို တတိယအကြိမ်ကြည့်ရှုခြင်းကို မြင်ပြီးပြီးနောက် ရှားရှားသည် ဝန်ထမ်းတစ်ဦးအား ရှန်းထင်ရွှမ်းကို ဆက်သွယ်ရန် ချက်ချင်း စီမံလိုက်သည်။
လူတိုင်းက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြ၏။
“ဒီအားရွှမ်းက အင်တာနက်ဆယ်လီ သာသာလေးပဲ မဟုတ်လား” အင်တာနက်ဆယ်လီ ရပ်ဝန်း၌ ဖန်အရေအတွက်က အတော်လေး ကြီးမားသော်လည်း ယင်းက တခြားဖိတ်ကြားခံရသော ဆယ်လီများနှင့် အတော်လေး ဝေးကွာနေဆဲ ဖြစ်သည်။
“သူမက သူမရဲ့ကိုယ်ပိုင်ခေါင်းစီးကို ယူဆောင်ထားတယ်” ရှားရှားက ရှန်းထင်ရွှမ်း၏ဝေ့ပေါ်ကို စစ်ဆေးရင်း ပြောလိုက်သည်။
ရှန်းထင်ရွှမ်း၏ ဝေ့ပေါ်တွင် တစ်ဆင့်ခံ တိုက်ရိုက်ထုတ်လွှင့်မှုများမှအပ အနည်းငယ်သော မူရင်းပို့စ်များ ရှိသော်ငြား သူမ၏ထုတ်ဖော်မှုက အကြောင်းအရာတစ်ခုကို တစ်ကြိမ် ဖြစ်ပြီး ယင်းက အမျိုးမျိုးဖြစ်သည်။ အရေးအကြီးဆုံးမှာ ရုပ်ရှင်ဧကရာဇ် ချင်ယွဲ့ကျီနှင့် သူမ၏ပတ်သက်မှု ဖြစ်သည်။
ဝန်ထမ်းများက ရှန်းထင်ရွှမ်းကို ဆက်သွယ်ပြီး သူတို့၏ဝေ့ပေါ်မက်ဆေ့များအားလုံးကို ပြန်မပြောထားကြောင်း တွေ့လိုက်ရသည်။ တစ်ရက်စောင့်ပြီးနောက် ရှားရှားက ရှင်းယွမ်ရှန်သို့ ကိုယ်တိုင်သွားရန် ဆုံးဖြတ်လိုက်တော့သည်။
…
ယောင်ကျေးရွာရှိ ရွာသားများသည် နောက်ဆုံးတစ်ကြိမ် သူတို့လျှာများ အနာတရ ဖြစ်ပြီးကတည်းက ရှန်းထင်ရွှမ်း၏ တောင်တစ်ခုလုံးတွင် ဖွဲ့တည်မှုတစ်ခု ပြုလုပ်ထားကြတော့သည်။ ထို့ကြောင့် ရှားရှားက သွား၍ မရပေ။ လူစိမ်းကောင်လေးက သူမကို ရှန်းထင်ရွှမ်းကို တွေ့လိုပါက တောင်အောက်တွင် စောင့်နေရန် ပြောလာသည်။ ရှန်းထင်ရွှမ်းသည် နာရီဝက်တိုင် မလာသေးဘဲ နောက်တော့ သူမကို ချန်ခဲ့တော့သည်။
သူမက ဘာလို့မှန်း နားမလည်သော်ငြား ရှားရှားက အနည်းဆုံး တစ်နာရီခွဲမျှ စောင့်ရန် ဆုံးဖြတ်ထားသည်။ သေချာပေါက် လုံလောက်မှုရှိကာ မိနစ်၅၀ ကြာပြီးနောက် ရှန်းထင်ရွှမ်းက ရှင်းယွမ်ရှန်မှ လျှောက်ထွက်လာသည်။ တစ်ဖက်မှ ဝန်ထမ်းများက အနည်းငယ် ဝမ်းနည်းသွားတော့သည်။
သူတို့၏ငှက်ပျောသီးရုပ်သံတွင် ဒါရိုက်တာရှားရှား ပါဝင်သော ရှိုးပွဲများသည် ပါဝင်ရန် ဆန္ဒမရှိသော အင်တာနက်ဆယ်လီဟူ၍ မရှိချေ။ ဒုတိယအဆင့်ကြယ်ပွင့်များပင် ပါဝင်ရန် ပြည့်စုံသော အရည်အချင်း သေချာပေါက် မရှိကြချေ။ သို့သော်ငြား မမျှော်လင့်ထားဘဲ ရှန်းထင်ရွှမ်းက သူတို့ကို အချိန်အကြာကြီး စောင့်ဆိုင်းစေခဲ့သည်။
သူတို့က ကြိုတင်ချိန်းဆိုထားမှုမရှိခဲ့ရသည့် အကြောင်းမှာ သူတို့ မလုပ်ချင်၍ မဟုတ်ဘဲ သူတို့က ရှန်းထင်ရွှမ်းကို ဆက်သွယ်ဖို့ ကြိုးစားခဲ့သော်ငြား အခွင့်အရေးမရှိခဲ့၍ ဖြစ်သည်။ ရှန်းထင်ရွှမ်းက ဖုန်းနံပါတ်စိမ်းများကို မကိုင်ခြင်း ဖြစ်နိုင်ပေသည်။
...
ရှားရှား လာသည့်အချိန်တွင် ရှန်းထင်ရွှမ်းသည် တောင်အနောက်ဘက်တွင် အပင်စိုက်နေခြင်း ဖြစ်ပြီး ကျိကျိ၏ပြောပြချက်ကို ကြားသောအခါ တစ်ယောက်ယောက်ကို သူမကို ရှာနေကြောင်း သိလိုက်သည်။
“ဟယ်လို.. ကျွန်မနာမည်က ရှားရှားပါ။ ငှက်ပျောရုပ်သံရဲ့ ဒါရိုက်တာတစ်ယောက်ပါ”
“ဟယ်လို..”
ရှန်းထင်ရွှမ်းသည်လည်း ဒါရိုက်တာသည် ရုပ်ရှင်ရိုက်ကူးရေးနှင့် ပတ်သက်သော တစ်စုံတစ်ယောက် ဖြစ်ကြောင်း သိသော်လည်း ဒါရိုက်တာတစ်ယောက်ကို သူမကို ဘာလို့ လာရှာရတာလဲ။
ရှားရှားသည် မူလက ရှန်းထင်ရွှမ်းက ဤရှိုးပွဲတွင် ပါဝင်အောင် မဖျောင်းဖျနိုင်လျှင်လည်း ကိစ္စမရှိဟု တွေးခဲ့သည်။ တကယ်တမ်းတွင် များစွာသော ဆယ်လီများ ရှိသေးပေ၏။ သို့သော်ငြား သူမက ယနေ့ ရောက်လာပြီး ရှင်းယွမ်ရှန်ကို မြင်ပြီးနောက် ရှားရှားသည် မည်သည့်နည်းနှင့်မဆို ရှန်းထင်ရွှမ်းကို ရှိုးပွဲသို့ ပါဝင်ရန် ဖိတ်ကြားရမည်ဟု ခံစားလိုက်ရလေသည်။
တည်နေရာအတွက်ဆိုလျှင် ရှင်းယွမ်ရှန်၌ မှတ်တမ်းတင်နိုင်မည်။
ရှားရှားက တောင်ထဲသို့ မဝင်သေးသော်ငြား တောင်ခြေမှပင် သူမက ရှင်းယွမ်ရှန်၏ သဘာဝရှုခင်းကို မြင်နိုင်ပေသည်။ တောင်ခြေတွင် ဝါးတောအတန်းများ ရှိပြီး လမ်းတစ်ဖက်တစ်ချက်စီတွင် စိန်ခြယ်ပန်းလေးများဖြင့် နတ်ဘုံနတ်နန်းအလားပင်။
“ဒါက ကျွန်မတို့က ‘အတူတကွခရီးသွား’ ရှိုးပွဲမှာ ပါဝင်ဖို့ လာဖိတ်လိုတာပါ။ ဒီရှိုးမှာ နေရာတချို့မှာ ကစားဖို့ ဧည့်သည်ငါးယောက်လည်း ပါဝင်မှာပါ။ ရိုက်ကူးရေးက သိပ်မကြာဘဲနဲ့ တစ်ခုကို သုံးရက်နဲ့ စုစုပေါင်း ငါးကြိမ်ပဲ ရှိမှာပါ”
ရှန်းထင်ရွှမ်းက စိတ်မဝင်စားဘဲ ငြင်းဆိုရန် အဆင်သင့် ဖြစ်နေသော်လည်း ရှားရှားပြောတာကို ကြားလိုက်ရသည်။ “ရှင်က ဖန်တွေကို ဆွဲဆောင်နိုင်ပါတယ်” ရှန်းထင်ရွှမ်းက ရုတ်တရက် စိတ်ဝင်စားသွား၏။
“ပြီးတော့ ရုပ်ရှင်ဧကရာဇ်ချင်ယွဲ့ကျီလည်း ပါဝင်လိမ့်မယ်”
ရှားရှားက ချင်ယွဲ့ကျီကို ဖိတ်လို့ရမရ သေချာသေးဘဲ ရှားရှားက ပြောထားသော်ငြား တကယ်တမ်းတွင် အိုက်မင်က တိုက်ရိုက်မငြင်းရုံသာ ရှိသေးသည်။
ရှန်းထင်ရွှမ်းက “ကောင်းပြီ” Bug နဲ့ ဆိုမှတော့ သူမက သူစားဖို့ အသီးအကိုက်ရေတချို့ လုပ်နိုင်ပေမည်။
ရှားရှားက အေးခဲသွားပြီး သူမက ရှန်းထင်ရွှမ်းကို ဖျောင်းဖျရန် အကြောင်းပြချက်များစွာ လိုမည်ဟု သေချာပေါက်ထင်ထားသော်ငြား သူမ မမျှော်လင့်ထားသည်မှာ ရှန်းထင်ရွှမ်းက လွယ်လင့်တကူ လက်ခံလိုက်မည်ဟုပင်။ ပြီးနောက် ရှားရှားက မေးလိုက်၏။ “ဒီတော့.. ငါ အသီးတချို့ ဝယ်လို့ ရနိုင်မလား”
ရှားရှားသည် ရှင်းယွမ်ရှန်မှ အသီးများသည် အရသာရှိမှန်း သိခဲ့သော်ငြား အလုပ်ကြောင့် သူမက စူပါမောလ်မှာ တန်းမစီနိုင်သလို သူမအလုပ်နှင့်အိမ်အကြားအကွာအဝေးကြောင့် မြောင်မြောင်ပို့ဆောင်ရေးမှလည်း မမှာယူနိုင်ခဲ့ချေ။ သူမသည် ရှင်းယွမ်ရှန်၏အသီးများ စင်ပေါ်တွင် မြင်ရရန် ရတနာဈေးကိုလည်း နေ့တိုင်း မစစ်ဆေးနိုင်ချေ။
TVရုပ်သံသို့ ပြန်ပြီးနောက် ရှားရှားအသီးဝယ်လာသည်ကို မြင်ပြီး ရုံးမှလူတိုင်းက အလွန်ပျော်ရွှင်သွားကြသည်။ တချို့က ရှင်းယွမ်ရှန်မှအသီးကို စားဖူးပြီးသား ဖြစ်သည်။
ရှားရှားက အသီးများကို စားပွဲပေါ် တင်လိုက်ပြီး “ကောင်းပြီ အသီးစားကြရအောင်” လူတိုင်းက အသီးတစ်လုံးစီ ယူလိုက်ကြပြီး တစ်ခဏအတွင်း အသီးအိတ်ကြီးက ကုန်သွားတော့သည်။
ရှားရှားက ပန်းသီးကို တစ်ကိုက်ကိုက်လိုက်သည်။ လတ်ဆတ်သောအရသာနှင့် ချိုမြိန်မှုကြောင့် သူမက မှင်တက်သွားသည်။ ထိုသစ်သီးက တကယ်ပင် အရသာရှိ၏။ သူမက အိတ်ဆီသို့ အမြန်သွားလိုက်သည်တွင် အသီးမကျန်တော့သည် အိတ်ကိုသာ တွေ့လိုက်ရကာ တစ်လုံးပင် မကျန်ထားတော့ချေ။
သူမသည် ရှင်းယွမ်ရှန်းသစ်သီးများ၏ အွန်လိုင်းမှတ်ချက်များနှင့် အကဲဖြတ်မှုများသည် ငွေဖြင့် ဝယ်ယူထားခြင်းဟု အမြဲတမ်းတွေးခဲ့မိသည်။ သူမက ရှန်းထင်ရွှမ်း၏ နောက်ကွယ်မှ အသင်းသည် အလွန်စွမ်းအားကြီးသည်ဟုသာ ခံစားခဲ့ရသည်။ ယင်းက သူမသည် ရှန်းထင်ရွှမ်းကို သူတို့၏ရှိုးပွဲသို့ ဖိတ်ရန် သွားဖိတ်သည်အထိ ဖြစ်ကာ သူမသည် ထိုတွင်မှ ရှန်းထင်ရွှမ်းနောက်တွင် အသင်းတစ်သင်း မရှိကြောင်း သိလိုက်ရသည်။
သစ်သီးကို စားပြီးနောက် ရှားရှားသည် ဝေ့ပေါ်ပေါ်ရှိ ချီးမွမ်းမှုများက ရှန်းထင်ရွှမ်းမှ မားကတ်တင်း ဆင်းထားခြင်း မဟုတ်ကြောင်း နားလည်သွားပြီး အင်တာနက်အသုံးပြုသူများ၏ သဘောထား အစစ်အမှန်များ ဖြစ်ပေသည်။
“ဒါရိုက်တာရှား.. တစ်ခါတည်းနဲ့ သစ်သီးတွေအများကြီး ဝယ်ခဲ့တာ သိပ်တော်တာပဲ”
“ဟုတ်တယ်။ ငါ မစားရတာ ကြာလှပြီ။ စူပါမောလ်မှာပဲ ရှိပြီးတော့.. ရတနာဈေးမှာ ပစ္စည်းမရှိတော့တာ ကြာနေပြီ”
“အာ.. ဒါက လုံးဝ ရင်းနှီးပြီးသား အရသာပဲ”
“ငါလေ ရှင်းယွမ်ရှန်က အသီးတွေ ဒီလောက်အရသာရှိမယ်လို့ မထင်ထားခဲ့ဘူး”
“ဒါရိုက်တာရှား.. ငါတို့ ရှင်းယွမ်ရှန်းကို တစ်ပိုင်းလောက် ရိုက်ကူးနိုင်မလား” သူက အမှန်ပင် ရှင်းယွမ်ရှန်းကဘယ်လိုဆိုတာကို မြင်လိုပေသည်။
“သဘောတူတယ်”
“ကျွန်တော်လည်း သဘောတူတယ်”
ရှားရှားက ပူဆွေးသော နှလုံးသားဖြင့် အိတ်အလွတ်ကို ကြည့်လိုက်သည်။ သူမသာ အစောကတည်းက သိလျှင် အိတ်နှစ်လုံးစာ ဝယ်ခဲ့လိမ့်မည်။ “ငါ အလုပ်ကြိုးစားရမယ်” သူမသည်လည်း ရှင်းယွမ်ရှန်းကို ဤအစီအစဉ်တွင် ရိုက်ကူးရန် မျှော်လင့်ထားပေသည်။
လူတိုင်းက ပျော်ရွှင်သွားကြသည်။ “ငါ ဒါကို မျှော်လင့်နေမယ်။ ငါတို့ အဲဒီအချိန်ကျရန် ငါတို့အသီးတွေ စားနိုင်မလားမသိဘူး”
“စားဖို့ကို မပြောနဲ့ ငါ တစ်ချက်ကြည့်ရရုံနဲ့ ငါ စိတ်ကျေနပ်ပြီ”
ရှားရှားသည် ရုပ်သံတွင် တစ်ခဏမျှ နေပြီးနောက် ချင်ယွဲ့ကျီထံသို့ ထပ်သွားလိုက်သည်။
သူ့အေးဂျင်စီတွင် နေ့လယ်နာရီခွဲ၌ ဖြစ်ကာ ယင်းက သူမနှင့် အိုက်မင်တို့ ချိန်းဆိုထားခြင်း ဖြစ်သည်။ အိုက်မင်က အေဂျင်စီတံခါးဝတွင် စောင့်နေ၏။ ချင်ယွဲ့ကျီက ထိုရှိုးပွဲတွင် ပါမပါ မပြောသော်လည်း အိုက်မင်သည် ကောင်းမွန်သောဒါရိုက်တာ ဖြစ်သည့် ရှားရှားကို အနည်းဆုံးတော့ လေးစားမှု ပြရပေမည်။
“ရှင့်ကို တွေ့ရတာကိုက ကောင်းမွန်နေပါပြီ မစ္စတာအိုက်..” ရှားရှားက ပြောလိုက်သည်။
အိုက်မင် “ဒါရိုက်တာရှားက ဘာတွေ ပြောနေတာလဲဗျာ။ ကျွန်တော်တို့က မင်းကို နေ့တိုင်း ကြိုဆိုလျက်ပါဗျာ”
အိုက်မင်က ရှားရှားကို အစည်းအဝေးခန်းထဲသို့ ခေါ်သွားလိုက်၏။ “ဒါရိုက်တာရှား ခဏထိုင်ပါအုံး.. ယွဲ့ကျီက ပြန်လာနေပါပြီ"
ရှားရှားက အိုက်မင်၏ တစ်ဖက်တွင် ထိုင်လိုက်သည်။ “အခု ‘အတူတကွခရီးသွား’အကြောင်းကို အရင် ရှင့်ဆီ ပို့ထားဖူးတယ်။ အများကြီး မပြောင်းလဲသွားဘူး။ ကျွန်မတို့က ချင်ယွဲ့ကျီအပါ အမျိုးသားဆယ်လီသုံးဦးနဲ့ အမျိုးသမီးဆယ်လီ သုံးဦး ဖိတ်ထားတယ်။ အဓိကကတော့ ရှိုးက နယ်လှည့်ခရီးသွားဖို့အတွက်ပဲ။ ပထမဆုံး ကဏ္ဍမှာ စုစုပေါင်း ငါးပိုင်းနဲ့ တစ်ပိုင်းစီကို သုံးရက်ရိုက်ကူးမှာပါ”
ချင်ယွဲ့ကျီသည် သူပွဲဦးထွက်ကတည်းက ရှိုးပွဲများတွင် မပါဖူးဘဲ သူ ဤရပ်ဝန်းအတွင်းရှိနေစဉ် သို့မဟုတ် သူ သရုပ်ဆောင်တစ်ယောက် ဖြစ်လာချိန်တွင်ပင် သူသည် ရှိုးပွဲများဖြင့် တိုးတက်အောင် လုပ်ဖို့ မလိုအပ်ခဲ့ချေ။
ရှားရှားက ရှင်းပြလိုက်သည်။ “ဒီရှိုးပွဲမှာ ဇာတ်ညွှန်းမရှိဘူး။ သရုပ်ဆောင်ချင်က သူ လုပ်ချင်တာ ဘာမဆို လုပ်နိုင်တယ်”
ပုံမှန်အားဖြင့် ဆိုရသော် အစစ်အမှန်ရှိုးပွဲ ဖြစ်လျှင်ပင် အမြဲတမ်း ပါဝင်သူများသည် ပုံမှန်ဇာတ်ညွှန်းတစ်ခုနောက်သို့ လိုက်ရန် လိုပေသည်။ ရှားရှားက ထိုသို့ပြောသောအခါ အိုက်မင်က ပြုံးလိုက်သည်။ “တခြားပါဝင်သူတွေကို ဆုံးဖြတ်ပြီးပြီလား”
ရှားရှားက ပြောသည်။ “ရုပ်ရှင်ဧကရာဇ်ချင်က ကျွန်မတို့ ပထမဆုံးဖိတ်ခေါ်သူဖြစ်ပေမဲ့ တခြား အမျိုးသားဧည့်သည်တွေ အဖြစ် ကျွန်မတို့က ပိုင်ဟောက်နဲ့ ကန်းချန်ယွင်ကို ဖိတ်ဖို့ စီစဉ်ထားတယ်” သူတို့နှစ်ယောက်လုံးက လတ်တလောတွင် နာမည်ကြီးလာသူများ ဖြစ်သည်။
အိုက်မင်က ခေါင်းညိတ်လိုက်သည်။
“အမျိုးသမီးဧည့်သည်ဘက်မှာတော့.. ကျွန်မတို့က ရှန်းထင်ရွှမ်းကို ဖိတ်ထားပြီးတော့ လက်ရှိကျွန်မတို့က ရှင်းယွင်ရှန်မှာ တစ်ပိုင်းစာ ရိုက်ကူးနိုင်ဖို့ ကြိုးစားနေပါတယ်”
ချင်ယွဲ့ကျီ အစည်းအဝေးခန်းထဲ ဝင်လာသောအခါ သူက ရှန်းထင်ရွှမ်း၏နာမည်ကို ရှားရှား ပြောလိုက်သည်အား ကြားရန် အခိုက်အတန် ဖြစ်သွားသည်။
အိုက်မင်က အနည်းငယ် အံ့အားသင့်သွား၏။ “ရှန်းထင်ရွှမ်းလား”
ရှားရှားက ရှင်းပြသည်။
“ရှန်းထင်ရွှမ်းက အင်တာနက်ဆယ်လီတစ်ယောက် ဆိုပေမဲ့ ကျွန်မတို့က သူမ အင်တာနက်ဆယ်လီ ဖြစ်လာကတည်းက Hot Search တွေကို စစ်ဆေးထားပါတယ်။ အကြိမ်တိုင်း သူမရဲ့ကိုယ်ပိုင်အကြောင်းအရာကြောင့် သူမက Hot Search ထဲကို ဝင်ခဲ့တာပေမဲ့ သူမက တစ်ခုမှ သူမဘာသာ မဝယ်ထားခဲ့ဘူး”
ပြောပြီးနောက် ရှားရှားက အိုက်မင်ကို ကြည့်လိုက်မိကာ ရှန်းထင်ရွှမ်း၏ Hot Search အတော်များများသည် ချင်ယွဲ့ကျီနှင့် ပတ်သက်နေပေသည်။ သို့သော်ငြား သူမက ယင်းကို မပြောခဲ့ချေ။
“ဒီရှိုးပွဲ..”
အိုက်မင်၏စကားမဆုံးသေးမီတွင် ချင်ယွဲ့ကျီက တစ်ဖက်မှ စကားဖြတ်ပြောလိုက်သည်။ “ကျွန်တော် ပါမယ်”
အစည်းအဝေးခန်းက တိတ်ဆိတ်သွား၏။ “ယွဲ့ကျီ..”
ချင်ယွဲ့ကျီက ခေါင်းညိတ်လိုက်သည်။ “ကျွန်တော့်အချိန်ဇယားကို ညှိလိုက်၊ ကျွန်တော် ဒီရှိုးပွဲကို ပါမယ်”
ရှားရှားက မှင်တက်သွားသော အမူအရာဖြင့် ကြည့်လိုက်ပြီး သူမညာလက်ကို ဆန့်ထုတ်လိုက်သည်။
“ကောင်းလိုက်တာ.. ဆရာချင်.. ကျွန်မတို့ရဲ့ပူးပေါင်းမှုမှာ ပျော်ရွှင်ဖို့ မျှော်လင့်ပါတယ်"
နှစ်ဖက်က လက်ဆွဲနှုတ်ဆက်လိုက်ပြီး ရှားရှားက ရုပ်သံရုံသို့ ပျော်ရွှင်စွာ ပြန်သွားသည်။ ရှိုးပွဲအတွက် ကြိုတင်ပြင်ဆင်မှုက စတင်နိုင်ပေပြီ။ ချင်ယွဲ့ကျီနှင့် ရှန်းထင်ရွှမ်းတို့ဖြင့် သူမသည် ကျန်ဧည့်သည်များက အရေးမကြီးဟု ခံစားမိလေသည်။
…
ရှားရှားကို သဘောတူလိုက်ပြီးနောက် ရိုက်ကူးသောအခါ ကသိကအောက်ဖြစ်ခြင်းကို ရှောင်တိမ်းနိုင်ဖို့ ရှန်းထင်ရွှမ်းသည် ရှိုးပွဲများအပေါ် သူမ၏သိနားလည်မှုကို အထောက်အကူဖြစ်စေရန် ရှားရှား၏ရှိုးပွဲများကို အိမ်တွင် ကြည့်ရှုနေလေသည်။
ရလဒ်အနေဖြင့် သူမသည် ဆယ်လီတစ်ယောက်က ရှိုးပွဲတစ်ခုတွင် ပါဝင်ခဲ့သည်ကို ရှာတွေ့ခဲ့ပြီး တခြားသော ရှိုးပွဲများနှင့် ခြားနားကာ သူမက အမှားအနည်းငယ် ဖြစ်သွားသည်။ ရှားရှားက သူမကို အစစ်အမှန်ရှိုးတစ်ခု ဖြစ်ပြီး ဇာတ်ညွှန်းမရှိကြောင်း ပြောခဲ့သော်ငြား နောက်ဆုံးတွင် သူမက ထိုအစီအစဉ်မှာ ဇာတ်ညွှန်းတစ်ခု ဖြစ်ကြောင်း ရှာတွေ့ခဲ့သည်။
သို့သော်ငြား ရှန်းထင်ရွှမ်းသည် ရိုက်ကူးရေးအဖွဲ့က သူမကို ဇာတ်ကောင်တစ်ခု ပေးခဲ့လျှင်ပင် သူမက သရုပ်မဆောင်နိုင်ဟု ခံစားရလေသည်။
…
ချင်ယွဲ့ကျီနှင့် ရှန်းထင်ရွှမ်းသည် ပူးပေါင်းရန် အတည်ပြုလိုက်ပြီးနောက် ‘အတူတကွခရီးသွား’သည် လျူကျင်း၊ ပိုင်ဟောက်နှင့် ကန်းချန်ယွင်တို့နှင့်လည်း သဘောတူလက်မှတ်ထိုးလိုက်သည်။
မကြာမီက သူတို့သည် ငှက်ပျောသီးရုပ်သံ၏ ဒါရိုက်တာရှားရှားသည် တိုက်ရိုက်သွားခဲ့ပြီး ထိုလူသုံးဦးက ချက်ချင်းလက်ခံလိုက်သည်ဟု ကြားသိလိုက်ရသည်။
‘အဖြေ’၏ မြင့်မားသော ဆွေးနွေးမှုများကြောင့် လျူကျင်းသည်လည်း ခေါ်ဆောင်ခံရသည်။ ပိုင်ဟောက်နှင့် ကန်းချန်ယွင်တို့က လတ်တလော မြင့်တက်လာသော အသားလတ်လတ်များ (အဆင်လေးများ) ဖြစ်ပြီး သူတို့၏ အနုပညာရပ်ဝန်းကလည်း အတော်လေး ကောင်းမွန်သည်။
နောက်ပိုင်းတွင် သူတို့က ချင်ယွဲ့ကျီလည်း ပါဝင်ကြောင်း သိလိုက်ရသောအခါ သုံးယောက်သားက အတော်လေး ပျော်ရွှင်သွားကြသည်။
…
စာရေးသူမှာ ပြောစရာ ရှိပါတယ်။
တခြားစာအုပ် အချက်အပြုတ်နတ်ဘုရားကို ‘God of Cooking’ တွေ့ဖူးလား။ အားရွှမ်းက အဲဒီမှာ တစ်ပိုင်းတစ်စ အနေနဲ့ ပါဖူးတယ် မှတ်မိလား။
…