အခန်း (၅၈-၆၀)
Vol. 4 Ch. 58-60
အခန်း (၅၈) (က)
“မိန်းကလေးက တကယ့်ကို သောက်တတ်တာပဲ”
ရွာသားများက ဧည့်သည်များ၏ တစ်ဖက်တွင် ထိုင်လိုက်ကြပြီး လူတိုင်းက စားစရာများကို အရသာရှိစေရန် စတင်ကြတော့သည်။
ရှန်းထင်ရွှမ်းနံဘေးမှ ကိတ်လေးက အလွန်ချိုသည်။ ချိုမြိန်မှုက အလွန်အကဲ ဖြစ်သော်ငြား ဆုံးရှုံးမှုမဖြစ်ဘဲ ရှန်းထင်ရွှမ်းက ပန်းကန်တိုင်းကို စားလိုက်၏။
ပန်းကန်များအနက် တစ်ပန်းကန်က ဘဲခေါင်းဟင်းဖြစ်ပြီး ယင်းက အလွန်စပ်သည်။ ရှန်းထင်ရွှမ်းက တစ်ကိုက်ကိုက်လိုက်ရုံဖြင့် မျက်ရည်များ ကျလုမတတ်ပင်။ ယင်းက အလွန်စပ်သော်ငြား အစပ်အရသာ ရပြီးနောက် စားမြိန်သည်။ ရှန်းထင်ရွှမ်းက မထိန်းနိုင်ဘဲ နောက်တစ်ကိုက် ထပ်ကိုက်လိုက်၏။
ချင်ယွဲ့ကျီဘက်တွင် ရှာလကာရည်ငါးကို နှစ်ကိုက်စားခဲ့ပြီး သူ ကြည့်လိုက်တော့ ရှန်းထင်ရွှမ်းက လျှာတစ်လစ်ထုတ်ကာ မျက်လုံးမှာ မျက်ရည်များ ဝဲနေပုံရသည်ကို တွေ့လိုက်ရသည်။ စားစရာများက သိသိသာသာကို စပ်ပေသည်။
ချင်ယွဲ့ကျီက စားပွဲပေါ်မှ နို့တစ်ဖန်ခွက်ကို ယူလိုက်ပြီး ပိုက်တပ်လိုက်ကာ ရှန်းထင်ရွှမ်းကို ကမ်းပေးလိုက်သည်။ နို့က အစပ်အရသာတချို့ကို ဖိနှိပ်နိုင်ပေ၏။ တကယ်တမ်းတော့ ထိုနို့က ဤဒေသ၏ အထူးပြင်ဆင်ထားသော စားစရာမဟုတ်သော်ငြား ရှိုးပွဲ၏ စပွန်ဆာတစ်ဦး ဖြစ်သည်။
ရှန်းထင်ရွှမ်းက သူ့ကို ကျေးဇူးတင်လိုက်ပြီး နို့ကို သောက်လိုက်သည်။ သူမက သူမနှုတ်ခမ်းပေါ်ရှိ အစပ်အရသာက ပိုနေလို့ကောင်းသွားသည်ကို ရှာတွေ့သွားသည်။ ရလဒ်အနေဖြင့် ရှန်းထင်ရွှမ်းက ဘဲခေါင်းကို ဆက်စားသည်။ ဘဲခေါင်းတစ်ခုလုံး စားပြီးနောက် ရှန်းထင်ရွှမ်းက ရှူးရှူးရှဲရှဲဖြင့် တိတ်ဆိတ်နေသည်။ သူမက ချင်ယွဲ့ကျီနှင့် သူမရှေ့ရှိ နို့ကို ဆက်သောက်နေသည်။
ပိုင်ဟောက်က သူမရှေ့ရှိ နို့ကုန်လုနီးနေသည်ကို ကြည့်လိုက်ပြီး သူ့ထံမှနို့ကို ရှန်းထင်ရွှမ်းအား ပေးလိုက်သည်။ “ဒီဘဲခေါင်းက တအားစပ်တာကို။ မင်း ဘာလို့ အကုန်စားလိုက်တာလဲ”
“ဒါက အရသာရှိတယ်” ရှန်းထင်ရွှမ်းက ထပ်ပြော၏။ “ဖြုန်းတီးတာက ရှက်ဖို့ကောင်းတယ်”
ပိုင်ဟောက်က ရှန်းထင်ရွှမ်း၏ မှန်ကန်ဖြောင့်မတ်စွာ ပြောနေသည်ကို လှည့်ကြည့်လိုက်ပြီး သူ့ရှေ့ရှိ လက်ကျန်များကို ကြည့်ကာ တိတ်တဆိတ် စတင်စားတော့သည်။
…
ရှားရှားနှင့် ကျန်အဖွဲ့သားများက ထိုရိုက်ကူးချက်ကို စောင့်ကြည့်နေ၏။ “ဒီနို့က အရသာရှိတာလား”
“ရှောင်လျို့ နို့တစ်ကတ် ယူလိုက်ပြီးရင် လူတိုင်းကို တစ်ခွက်စီ ပေးလိုက်” ဒါရိုက်တာချုပ်က ထိုနေရာတွင် နို့တစ်ပုလင်းကို သောက်ချင်သွား၏။ အရေးကြီးကိစ္စ မဟုတ်သော်လည်း ရှန်းထင်ရွှမ်းသောက်သည်ကို ကြည့်ပြီးနောက် သူ့အာသီတက မြင့်တက်သွားသည်။
…
စားသောက်ခြင်းက ပြီးဆုံးလုနီးပါးဖြစ်ပြီး ရွာသားများက သူတို့ကို သရုပ်ပြသီချင်းဆိုမည်ဟု ပြောသည်။
“ကောင်းပြီ” ပိုင်ဟောက်နှင့် တခြားလူများက သူတို့၏ကြိုဆိုမှုကို ပြသခဲ့ကြသည်။ စားသောက်ပြီးနောက် သူတို့က ကြည့်ရှုရန် သီဆိုဖျော်ဖြေချင်သည်ကို မည်သူက ငြင်းမည်နည်း။
ကျေးရွာသားများက တစ်ဖက်မှ အလယ်သို့ လျှောက်လာပြီး ကျန်းနန်စတိုင်လ် တေးသံဖြင့် သီချင်းဆိုသည်။ ရှန်းထင်ရွှမ်းနှင့် တခြားလူများက ကျယ်လောင်စွာ လက်ခုပ်တီးဂုဏ်ပြုပေးကြ၏။
မမျှော်လင့်ထားဘဲ သူမက သီချင်းဆိုပြီးနောက် တခြားကျေးရွာသားများက ပြောသည်။
“ငါတို့ရွာသားရဲ့သရုပ်ပြဖျော်ဖြေမှုက ပြီးပြီ။ ဒီတော့ တခြားဘက်က ဧည့်သည်တွေကလည်း ဖျော်ဖြေသင့်တယ်လေ” ချင်ယွဲ့ကျီက သီချင်းဆိုတာ အလွန်ကောင်းသော်ငြား အုပ်စုတွင် သေချာပေါက် နည်းလမ်းတစ်ခုရှိမည်ကို လူတိုင်းက သိလောက်သည်။ ဝှက်ဖဲကို တိုက်ရိုက်ချပြခြင်းက သိပ်မကောင်းချေ။
ထို့ကြောင့် ကန်းချန်းယွင်က မတ်တတ်ထရပ်လိုက်၏။ “ဒီတော့ ကျွန်တော်က ကျွန်တော့်ရဲ့အရုပ်ဆိုးမှုကို ပြသမယ်” သူက အချစ်သီချင်းတစ်ပုဒ်ကို သီဆိုပြီး လူတိုင်းက ကျယ်လောင်စွာ လက်ခုပ်တီးလိုက်ကြသည်။
“ဒီတော့ ကျွန်တော်တို့ဘက်ကနေ လူတိုင်းက ကပြမယ်” ရွာသားများက ထပ်မံ ရောက်ရှိလာကြပြန်သည်။ ယင်းက ရင်ပြင်မှ အကနှင့် လုံးဝ ကွဲပြား၏။ ထိုအကက အတော်လေး ပိုခက်ခဲသည်။ ထို့အပြင် ရွာသားများက လူမျိုးစုတစ်ခု၏ဝတ်စုံများ ဝတ်ဆင်ထားကြသည်။ ပွနေသော်လည်း ယင်းက အတွင်းတွင် သိမ်မွေ့မှုတစ်ခုကို ဖုံးကွယ်ထားသည်။
သေချာသည်မှာ ရှန်းရွှမ်က သူတို့အုပ်စုထဲတွင် ပါဝင်ပြီး သူမ၏အကက ရှိနေသော လူတိုင်း၏ လက်ခုပ်ဩဘာသံကို ရရှိခဲ့သည်။
ရှန်းထင်ရွှမ်းပင်လျှင် ရှန်းရွှမ်က လူစိတ်မရှိဟု ခံစားရသော်လည်း သူမ၏အကက အတော်လေး ကောင်းသည်ဟု တွေးမိလေသည်။
သူတို့သည် တခြားဘက်မှ ကားနှစ်စီး ရုတ်တရက် ရောက်လာသည်ကို တွေ့လိုက်ကြသည်။ ရွာသားများက ကားပေါ်မှ ပစ္စည်းများကို အောက်သို့ ချလိုက်ကြသည်။ ယင်းက အလယ်တွင် ချိုချဉ်များပါသည့် ကြီးမားသော သစ်သားဆုံကြီးနှင့် ဘေးနားရှိ ကြီးမားသော သစ်သားကျည်ပွေ့ကြီး ဖြစ်သည်။ “ဒီနေရာမှာ အကောင်းဆုံး စားစရာက ကြိတ်ခွဲချိုချဉ်အမျိုးအစားပဲ။ ဒါပေမဲ့ ဒါက ကြိတ်ခွဲဖို့ အချိန်အကြာပြီး ယူရမယ်”
ကျေးရွာသားအတော်များများက ယင်းကို စတင်ကြိတ်ခွဲကြတော့သည်။ ပိုင်ဟောက်နှင့် တခြားသူများက မှင်တက်နေကြပြီး သူတို့က အခု ကပြီး သီချင်းဆိုနေတာ မဟုတ်ဘူးလား။ သူတို့က ဘာလို့ ရုတ်တရက် သကြားတွေကို စပြီး ကြိတ်ခွဲရတာလဲ။
ဆုံထဲရှိ သကြားများက မလှုပ်ရှားပုံရကာ ရွာသားက ပြော၏။
“ဧည့်သည်တွေလည်း ကူညီရမယ်။ ကျွန်တော်တို့ ဒီမှာ စီးကပ်နေတာပဲ” (စိတ်ထင်တာတော့ ကပ်စေးနဲအတုံးတွေ ထင်တယ်။ သူက sugar, candy လို့ ပြောထားပေမဲ့လေ။ ကိုယ်တော့ အဲလိုတွေးမိတယ်။ ရှာပေမဲ့ မတွေ့ဘူးမို့)
ပိုင်ဟောက်က တီးတိုးပြောသည်။
“ဒါက လုံးဝ အရှက်မဲ့တာပဲ။ သူတို့က သူတို့ဘာသာကြိတ်ခွဲချင်တာကို အကူအညီအတွက် မေးနေတယ်” တကယ်တမ်းတွင် သူက တခြားဘက် ဆုံရှိရာသို့ ပြေးသွားပြီး ကျည်ပွေ့ဖြင့် ချိုချဉ်ကို ကြိတ်ခွဲတော့သည်။ ကျည်ပွေ့က သစ်သားဖြင့် လုပ်ထားသော်လည်း ယင်းက မပေါ့သဖြင့် ကန်းချန်ယွင်က ကူညီဖို့ သွားရသည်။
ရှန်းရွှမ်၊ လျိုကျင်းနှင့် ချင်ယွဲ့ကျီတို့ကလည်း ချိုချဉ်များကို ကြိတ်ခွဲဖို့ ကူညီပေးရသည်။ ဆယ့်ငါးမိနစ် ကုန်သွားသည်။ တခြားဆုံထဲရှိ ကျေးရွာသားများ၏ ချိုချဉ်က အဖြူရောင်ဖြစ်လာသည်။ ရှန်းထင်ရွှမ်းသာလျှင် သူမရှေ့ရှိ စားစရာများကို တည်ငြိမ်စွာ အပြီးသတ်လိုက်ပြီးနောက် ဝိုင်တစ်ခွက်နှင့်အတူ သူမ၏အဖွဲ့ဆီ လျှောက်သွားလိုက်သည်။
သူမက ညာလက်ကို ဆန့်ထုတ်လိုက်ပြီး ချင်ယွဲ့ကျီက သူမအား ကျည်ပွေ့ကို ကမ်းပေးလိုက်သည်။ သူမက ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်၏။
လူငါးဦးက ချိုချဉ်ကို ကြိတ်ခွဲနေကြပြီး ယင်းက အချိန်ကြာသည်အထိ မပြားသွားသေးပေ။ ယခုတွင် ရှန်းထင်ရွှမ်းက သက်သောင့်သက်သာ ဝှေ့ယမ်းလိုက်ပြီး သကြားများက ပြားသွား၏။ ထို့နောက် နောက်ထပ် တဒုန်းဒုန်း ထုချပြီးနောက် သကြားက စေးကပ်လာသည်။
ဘေးနားရှိ ချိုချဉ်ကြိတ်ခွဲနေသော ရွာသားများက မှင်တက်သွားကြသည်။ သူတို့ အိပ်မက်မက်နေတာများလား။
အနည်းငယ် တဒုန်းဒုန်း ထုလိုက်ပြီးနောက် ဧည့်သည်များ၏ ဆုံအတွင်းမှ ချိုချဉ်က တခြားဖက်ကနှင့် တူညီသောအခြေအနေ ဖြစ်လာပြီး အဖြူရောင်အဖြစ်သို့ ပြောင်းလဲလာသည်။ ရှန်းထင်ရွှမ်းက အကြိမ်ရေအနည်းငယ် ထုထောင်းလိုက်ပြီး ခေါင်းမော့လာပြီး မေးသည်။ “ဒီလို လုပ်ရတာလား”
ကျေးရွာလူကြီးက ဧည့်သည်ဘက်ခြမ်းမှ ချိုချဉ်ကို ဗလာမျက်ဝန်းဖြင့် စိုက်ကြည့်လိုက်သည်။ ယင်းက အမှန်တကယ် ထိုသို့ဖြစ်သင့်တော်လည်း ထိုသို့သောချိုချဉ်အမျိုးအစားကို ရရန် လူများစွာ၏ အကူအညီဖြင့် အနည်းဆုံးတစ်နာရီ ထုထောင်း လုပ်ဆောင်ရမည် ဖြစ်သည်။
သို့သော်ငြား ရှန်းထင်ရွှမ်းက ဆယ်ချက်ကျော်လောက်တောင် မထုထောင်းလိုက်ဘဲ ထိုဖြစ်စဉ်ကို လုပ်ဆောင်နိုင်သွားသည်။ ယင်းက မဖြစ်နိုင်လုနီးပါးပင်။ တကယ်တမ်းတွင် သူတို့၏ဆုံဘက်တွင် များစွာသော ကျေးရွာသားများ ရှိသည့်တိုင် သူမက တစ်ဦးတည်း ဖြစ်သည်။
ကျေးရွာသားများက သူတို့သေချာပေါက် နိုင်မည်ဟု တွေးထားကြသည်။ တစ်ဖက်တွင် ဧည့်သည်ခြောက်ဦးသာ ရှိပြီး သုံးယောက်က အမျိုးသမီးများဖြစ်သည်။ သူတို့က အမျိုးသမီးဧည့်သည်များကို အထင်သေးခြင်း မဟုတ်သော်ငြား အမျိုးသမီးဧည့်သည်များက အမှန်ပင် သေးကွေးလှသည်။ သို့သော်ငြား သူတို့ လုံးဝ မမျှော်လင့်ထားသည်မှာ ရှန်းထင်ရွှမ်းကဲ့သို့သော တစ်ယောက်ယောက်ကို ဖြစ်လေသည်။
…
ရှားရှားနှင့် တခြားသောလုပ်ဖော်ကိုင်ဖက်များက ဤမြင်ကွင်းကို မြင်ပြီးနောက် နောက်တစ်ကြိမ် ကြက်သေသေသွားကြပြန်သည်။ “ခေါင်းဆောင် မင်းဖိတ်ထားတဲ့ ဒီတစ်ယောက်က မစ်ရှင်ဖျက်ဆီးသူတော့ မဟုတ်ဘူး မဟုတ်လား”
သူတို့၏ရှိုးပွဲများတွင် မည်သူမျှ ထိုသို့ မလုပ်ဖူးကြပေ။
…
ကျေးရွာသားများက အရှုံးကို ဝန်ခံခဲ့ပြီး ဧည်သည့်များကို ချိုချဉ်များ တစ်ယောက်တစ်လုံး ပေးခဲ့သည်။ လူတိုင်းက ရှန်းထင်ရွှမ်းက ကောင်းမွန်သောညီအစ်မ ဖြစ်ကြောင်း ထုတ်ပြောခဲ့ကြပြီး သူမမှာ အခွင့်အရေးရှိပါက ဒီနေရာသို့ ထပ်လာရန် မျှော်လင့်ကြသည်။
ရှန်းရွှမ်က နားမလည်နိုင်ချေ။ ညနေခင်းတုန်းက သူမနှင့် သူမအကကို အာရုံစိုက်ထားကြသည်မှာ သိသာသော်လည်း ယင်းက အဘယ်ကြောင့် ရှန်းထင်ရွှမ်း ဖြစ်လာရသနည်း။
လူတိုင်းက ရှန်းထင်ရွှမ်းအနားတွင် ဝန်းရံနေသည်ကို မြင်ပြီးနောက် ရှန်းရွှမ်၏ မကျေမနပ်မှုက ကြီးထွားလာသည်။ စားသောက်ပြီးနောက် သူတို့အုပ်စုက ချိုချည်များကို ကြိတ်ခွဲနေရသဖြင့် အနည်းငယ် နောက်ကျသွားသည်။ လူတိုင်းက ပြန်ကြတော့မည်။
သူမက ထရပ်လိုက်ပြီးနောက် ထိုစဉ်ခဏတွင် ရှန်းရွှမ်က ပိုင်ဟောက်ကို ဆွဲလိုက်မိသည်။ ပိုင်ဟောက်သည် သူမမျှော်လင့်ထားသလို ရှန်းထင်ရွှမ်းကို ဆွဲလိုက်ခြင်းမရှိချေ။
ရှန်းရွှမ်က ပိုင်ဟောက်တစ်ယောက်တည်းနှင့် ရေထဲသို့ အတူတူ မကျသွားချင်သဖြင့် သူမက သူမဘေးနားမှ လျိုကျင်းကိုပါ လျင်မြန်စွာ ဆွဲချလိုက်၏။
ပိုင်ဟောက်က အနည်းငယ် မူးဝေသွားပြီး မရပ်နိုင်တော့ပေ။ ထိုသို့ဆွဲချမှု ဖြစ်ပြီးနောက် သူ့ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး သုံးယောက်သားက မြစ်ထဲသို့ ပြုတ်ကျသွားတော့သည်။
ကျေးရွာသားများက အံ့အားသင့်သွားကြပြီး သူတို့ကို ကမ်းစပ်သို့ ဆွဲတင်ရန် မြန်မြန် လုပ်လိုက်ကြသည်။
လုပ်ဖော်ကိုင်ဖက်များကလည်း လှုပ်ရှားလိုက်ကြပြီး သူတို့၏ရှိုးပွဲရှိ မည်သည့်ဧည့်သည်ကိုမှ မတော်တဆမှု မဖြစ်စေဘဲ ဧည့်သည်များကို လျင်မြန်စွာ ကယ်တင်လိုက်ကြသည်။
ထိုအချိန်တွင် ရေထဲ၌ လူများစွာ ရှိနေပြီး လူအနည်းငယ်သာ ကမ်းစပ်၌ ရှိနေလေသည်။ နွေရာသီဖြစ်သည့်တိုင် မြစ်ရေက ညတွင် အတော်လေး အေးသည်။ လုပ်ဖော်ကိုင်ဖက်များက ဧည့်သည်များကို ကားဖြင့် နေအိမ်သို့ ပြန်ပို့ပေးကြသည်။
ဧည့်သည်များက အအေးမမိစေရန် တစ်ယောက်ပြီးတစ်ယောက် ရေချိုးလိုက်ကြသည်။
နောက်နေ့တွင် ချင်ယွဲ့ကျီနှင့် တခြားသော ဧည့်သည်လေးဦးက လျိုကျင်း၏အော်သံကြောင့် နိုးလာကြသည်။
မနေ့က သူတို့ ၄၈၀ယွမ် သုံးခဲ့ပြီး သူမ၏ကိုယ်ပေါ်တွင် ၈၇၇ယွမ် ကျန်နေသင့်သော်ငြား သူမသည် ၂ယွမ်မှလွဲ၍ ဘာမှမတွေ့တော့ချေ။
“ဘာလဲ” ပိုင်ဟောက်က သူ့မျက်နှာကို ကာထားလိုက်ပြီး ၂ယွမ်နှင့် ဘာလုပ်နိုင်မည်နည်း။ ဘေးအိမ်မှ သားသတ်လွတ်ခေါက်ဆွဲပင် တစ်ပွဲ ၆ယွမ်ရှိပေသည်။
“မနေ့က မြစ်ထဲ ပြုတ်ကျတုန်း ကျသွားတာ ဖြစ်နိုင်တယ်” လျိုကျင်းက ရှန်းရွှမ်ကို စိုက်ကြည့်လိုက်သည်။ ရှန်းရွှမ်က သူမကို မြစ်ထဲသို့ ဆွဲချခဲ့သူ ဖြစ်သည်။
မနေ့ညကကိစ္စကို သူမ တွေးလိုက်သောအခါ ရှန်းရွှမ်က စိတ်ဓာတ်ကျသွားသည်။ အစတွင် သူမက ရှန်းထင်ရွှမ်းကို ဆွဲချနိုင်ရန် ပိုင်ဟောက်ကို ဆွဲလိုက်ခြင်း ဖြစ်သည်။ မနေ့က အရာအားလုံး စီမံထားသလို ဖြစ်မည်ဆိုပါက သူမသည် ပိုင်ဟောက်ကို ဆွဲလိုက်ချိန်တွင် သူက ရှန်းထင်ရွှမ်းကို ဆွဲလိမ့်မည်ဖြစ်ပြီး ထိုသို့ဆိုလျှင် ရှန်းထင်ရွှမ်းက မြစ်ထဲသို့ ပြုတ်ကျသွားပေလိမ့်မည်။ ထိုအချိန်တွင် ပိုင်ဟောက်က ရှန်းထင်ရွှမ်းကို အားနာသလို ခံစားရပေမည်။ ရှန်းထင်ရွှမ်းအတွက်မူ ပိုင်ဟောက်က သူမကို ဆွဲချခြင်းဖြစ်ပြီး ယင်းက ရှန်းရွှမ်နှင့် လုံးဝ မသက်ဆိုင်ချေ။
သို့သော် ယခုတွင်မူ သူမက ခေါင်းကိုငုံ့ထားလိုက်ပြီး “တောင်းပန်ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မက နည်းနည်း သောက်ထားတော့ မူးဝေနေတာ”
၎င်း ဖြစ်ပျက်ခဲ့သည်ကို ကင်မရာများက မှတ်တမ်းတင်ထား၍ သူမက ဝန်ခံရုံသာ တတ်နိုင်သည်။
ချင်ယွဲ့ကျီ “မင်း တခြားနေရာမှာ ရှာပြီးပြီလား”
လျိုကျင်း “ကျွန်မ နေရာတိုင်း ရှာပြီးပြီ”
သူမက မနေ့ညက ရေထဲသို့ ပြုတ်ကျခဲ့ပြီး ပြန်လာတော့ ရေချိုးခဲ့သည်။ နောက်ပိုင်းတွင် သူမက အလွန်မောပန်း၍ သူမအိတ်ကပ်ကို စစ်ရန် မတွေးနိုင်တော့ချေ။ သည်မနက် သူမ ထလာပြီး ပိုက်ဆံကို ရေတွက်လိုက်သောအခါ သူမအိတ်ကပ်ထဲတွင် ၂ယွမ်သာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။
…
ရှန်းထင်ရွှမ်းက ပြေးပြီးနောက် ပြန်လာသည်။ လူတိုင်းက ဧည့်ခန်းအတွင်း ထိုင်နေကြပြီး ကိစ္စကြီးတစ်ခုခု ဖြစ်နေပုံပေါ်၏။
ရှန်းထင်ရွှမ်း မမေးလိုက်ခင် ကန်းချန်ယွင်က ပြောသည်။ “အစ်မရွှမ်း ပိုက်ဆံတွေ မရှိတော့ဘူး။ ၂ယွမ်ပဲ ကျန်တော့တယ်” ကန်းချန်ယွင်၏စိတ်ထဲတွင် ဤနေရာ၌ ရှန်းထင်ရွှမ်းက ခေါင်းဆောင်ဖြစ်သည်။
“မနက်စာစားပြီးမှ ပြောတာပေါ့” ရှန်းထင်ရွှမ်းက မထွက်သွားခင်တွင် သူမက ဝက်သားဂေါ်ဖီယာဂုကို အိုးထဲတွင် တည်ထားခဲ့သည်။
ထို့ကြောင့် ယခု သူမက အိမ်ထဲဝင်ပြီး လက်ဆေးကာ အိုးကို မယူပြီး အဖုံးဖွင့်လိုက်တော့ ရနံ့က ထွက်ပေါ်လာသည်။
လူတိုင်းက ယခုတွင် ပိုက်ဆံအတွက် ပူပန်နေကြပြီး သူတို့နားရှိ ယာဂုကို သတိမထားမိခဲ့ကြချေ။ ရနံ့ရသောအခါမှသာ ရှန်းထင်ရွှမ်းက မနက်စာ ပြုလုပ်ထားကြောင်း သတိပြုလိုက်မိကြသည်။
ချင်ယွဲ့ကျီက ဘေးသို့ လျှောက်သွားလိုက်ပြီး ရှန်းထင်ရွှမ်းကို ယာဂုကို ကိုင်ပေးရန် ကူညီလိုက်သည်။
ကန်းချန်ယွင်ကလည်း ရနံ့ရပြီးနောက် ကူညီရန် သွားလိုက်သည်။
ပိုင်ဟောက်က သက်ပြင်းချလိုက်သည်။ “စားကြစို့၊ စားပြီးရင် အလုပ်ကြိုးစားကြမယ်”
လျိုကျင်းက ခေါင်းငုံ့ထားလိုက်သည်။ ရှန်းရွှမ်ကြောင့် ပိုက်ဆံများ ပျောက်တာ ဖြစ်သော်လည်း ပိုက်ဆံများက သူမလက်ထဲတွင် ဖြစ်ပြီး ဆုံးရှုံးမှုက မသေးငယ်ချေ။
ရှန်းရွှမ်က လျိုကျင်းဘေးတွင် ထိုင်လိုက်သည်။ “အစ်မကျင်း မကောင်းတာတွေအတွက် ကျွန်မကိုပဲ အပြစ်တင်ရမယ်။ မနက်စာစားပြီးရင် ပိုက်ဆံသွားရှာရအောင်”
လျိုကျင်းက ရှန်းရွှမ်ကို ဒေါသထွက်နေသောကြောင့် သူမက အေးစက်စက် ပြောလိုက်သည်။ “အင်း။ ငါသာ မြစ်ထဲမကျခဲ့ရင် ဒီလိုဆိုးတာ ဖြစ်လာမှာ မဟုတ်ဘူး”
ရှန်းရွှမ်က မပြောတော့ပေ။ ဤအချိန်တွင် ပရိသတ်များက သူမအမှားနှင့် နစ်နာမှုများကို နားလည်ပေးလိမ့်မည်။
လျိုကျင်းက စကားပြောခြင်းကို ရပ်တန့်လိုက်သည်။
လျိုကျင်းနှင့် ရှန်းရွှမ်က တစ်နပ်ကို ခင်းကျင်းပြီးသည့်တိုင် မရောက်လာချေ။
သူတို့က စားသောက်ပြီးနောက် ယနေ့၏တာဝန်ကတ်က ရှိနေသည်ကို ရှာတွေ့လိုက်ကြသည်။
ချင်ယွဲ့ကျီက ယူပြီး ဖတ်လိုက်သည်။ “မင်္ဂလာပါ ဧည့်သည်တော်များ။ ယနေ့တာဝန်က မြို့တော်ဘီကို ပြန်နိုင်ဖို့ လေယာဉ်လက်မှတ်ဖိုး ပြန်ရှာဖို့ ဖြစ်ပါတယ်။ မှတ်ချက်။ ။ လေယာဉ်က ညနေခင်း ၂၀:၃၉ မှာ ဈေးအပေါ့ဆုံးဖြစ်ပြီးတော့ တစ်ယောက်ကို ၁၁၀၀ယွမ် ဖြစ်ပါတယ်”
“သေစမ်း” ပိုင်ဟောက်က မဆဲဘဲ မနေနိုင်တော့ပေ။ “လူခြောက်ယောက်အတွက် လက်မှတ်ခက ၆၆၀၀ယွမ်၊ ငါတို့ ဘယ်ကနေ ရှာရမလဲ”
ကန်းချန်ယွင်ကလည်း အတော်လေး စိတ်ဓာတ်ကျသွားသည်။ ငွေများသာ မပျောက်ဆုံးပါက သူတို့က စတင်ဖို့ ၈၇၅ယွမ်ရှိပြီး ယခုတော့ ဘာမှမရှိတော့ပေ။ “ဒါက တကယ်ဆိုးတာပဲ။ ကျွန်တော်က သီချင်းပဲ ထပ်ဆိုနိုင်ပေမဲ့ အလုပ်ကြိုးစားထားတာက အစ်ကိုကျီပဲ”
ချင်ယွဲ့ကျီက ၎င်းကို မငြင်းခဲ့ချေ။
ရှန်းရွှမ်၏အမူအရာက ဆိုးဝါးသွားသည်။ မနေ့မတိုင်ခင်တုန်းက သူမက စန္ဒယားတီးခဲ့သော်လည်း လူများစွာက ငွေများမပေးခဲ့ဘဲ အများစုက ဓာတ်ပုံသာ ရိုက်ခဲ့ကြသည်။
လျိုကျင်းက သူတို့ဘာသာ လေယာဉ်လက်မှတ်ဝယ်ရမည်ကို ကြားသောအခါ သူမက စိတ်အခြေအနေ ဆိုးဝါးသွားပြီး ရှန်းရွှမ်ကို အပြစ်တင်တော့သည်။
…
အခန်း (၅၈) (ခ)
ရှန်းထင်ရွှမ်း “ကျွန်မအပြင်ထွက်ပြီး တစ်ချက်ကြည့်လိုက်အုံးမယ်” အလုပ်မဖြစ်ပါက သူမက လယ်ဆက်လုပ်ပေမည်။ နောက်ဆုံးတစ်ကြိမ်တွင် မြေငါးဧကထွန်ယက်ဖို့အတွက် ယွမ်၄၀၀၀ ပေါက်ဈေးရှိသည်ဟု ပြောခဲ့ပြီး မြေခုနှစ်ဧကဆိုလျှင် ၅၆၀၀ယွမ် ဖြစ်မည်ဖြစ်ကာ လူငါးဦး လေယာဉ်ဖြင့် ပြန်ရန် လုံလောက်မည်ဖြစ်သည်။
လူတစ်ယောက်စာကို ဘာလို့ ချန်ထားတာလဲ။ ဘာလို့လဲ ဆိုတော့ ရှန်းရွှမ်ကို ထည့်မတွက်ထားချေ။ ရှန်းထင်ရွှမ်းက သူမကို ဂရုစိုက်ရန် ပျင်းရိပြီး သူမအတွက် မကြာခင်က ချက်ပြုတ်ခြင်းကပင် သူမ၏အကန့်အသတ်သို့ ရောက်ရှိနေပြီးသား ဟုတ်ပြီလား။
ရှေးဟောင်းမြို့လေးသည် ၈နာရီတွင် လူမရှိသော်လည်း မနေ့က ဧည့်သည်များ အလည်အပတ် လာရောက်ခဲ့ပြီး ရင်ပြင်တွင် လူများစွာ ရှိနေသည်။
လူများက စင်မြင့်တစ်ခု ခင်းကျင်းထားသည်။ ယနေ့တွင် တင်ဆက်မှုတစ်ခု လုပ်မည်ဟု ဧည့်သည်များက သိလိုက်ကြပြီး ချင်ယွဲ့ကျီက အစီအစဉ်မှုးကို ချက်ချင်း ဆက်သွယ်လိုက်သည်။
အစီအစဉ်မှုးက ချင်ယွဲ့ကျီ၏ ကျော်ကြားမှုကို ဘယ်လို မသိဘဲ နေမည်နည်း။ သူ့နောက်က ကင်မရာမန်းကိုပါ ပေါင်းထည့်လိုက်ပါက သူတို့က ရှိုးပွဲတစ်ခု လာရိုက်ကြောင်း သိလိုက်ကြသည်။
အစီအစဉ်မှုးက ထိုမျှ ကြီးမားသော အခွင့်အရေးကို လက်လွတ်မခံချင်ဘဲ ချက်ချင်းပြောလိုက်သည်။
“ဒီလိုဆို ဘယ်လိုလဲ။ မင်းသာ သုံးပွဲဖျော်ဖြေရင် ကျွန်တော်တို့က လက်မှတ်ဝယ်ပေးနိုင်တယ်။ ပြီးတော့ အဲဒါက ပထမတန်းစားဖြစ်လိမ့်မယ်”
သုံးပွဲတည်းက ဆယ့်ငါးမိနစ်ကျော်မျှသာ ဖြစ်ပြီး လူတိုင်းက ဘယ်လို ငြင်းနိုင်မည်နည်း။
အစီအစဉ်မှုးတွင် အခြေအနေတစ်ခုရှိပြီး ချင်ယွဲ့ကျီတစ်ဦးတည်းသာ ဖျော်ဖြေရမည် ဖြစ်သည်။
လူတိုင်းက အစီအစဉ်မှုးဖြင့် ဆွေးနွေးပြီးနောက် ပိုင်ဟောက်နှင့် ကန်းချန်ယွင်တို့က နောက်ပိုင်းသုံးပွဲမြောက်တွင် ပါဝင်မည်ဖြစ်ပြီး ဟစ်ဟော့အကဖြင့် ဖျော်ဖြေမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
ချင်ယွဲ့ကျီက နောက်ဆုံးတွင် ‘အဖြေ’၏ အဖွင့်သီချင်းကို ဆိုပြီး ထုတ်ပြန်လိုက်သည်။
ကျန်သောလူသုံးဦးက နောက်ဆုံးပိတ် ကမည်ဖြစ်၏။
…
ရှန်းရွှမ်သည် သူမက ဂျက်အကတွင် စွဲမက်ဖွယ်ကောင်းသောကြောင့် သူမက ဂျက်အကကချင်သော်လည်း လျိုကျင်းက သဘောမတူချေ။ “မင်းမှာ စွမ်းရည်ရှိတာကို ငါ နားလည်တယ်။ ဒါပေမဲ့ ငါနဲ့ ထင်ရွှမ်းက ဂျက်အက မကတတ်ဘူး”
ယင်းစကားက အလွန်ရှင်းလင်းလှပြီး ရှန်းရွှမ်သာ ထပ်မံတောင်းဆိုပါက သူမက အခြေအနေကို လုံးဝ ဂရုမစိုက်ဆိုသည့် အဓိပ္ပာယ်ဖြစ်ပေမည်။
အဆုံးတွင် အစီအစဉ်မှုးက ရိုးရှင်းပြီး လွယ်ကူသော အကကို စီစဉ်ပေးလိုက်သည်။ သူတို့၏အမြင်အတွက် သုံးယောက်လုံးကို မေးမြန်းခဲ့သည်။ လျိုကျင်းက အဆင်ပြေသည်ဟု ထင်ပြီး ရှန်းထင်ရွှမ်းကို မေးမြန်းရာ ရှန်းထင်ရွှမ်းက အဆိုပြုချက် မရှိချေ။
ရှန်းရွှမ်က ဤအကသည် အလွန်ရိုးရှင်းသည်ဟု ခံစားရပြီး အခြေခံစွမ်းရည် မရှိသူများပင် လုပ်နိုင်သောအမျိုးအစား ဖြစ်ပေသည်။ သို့သော်လည်း ရှန်းရွှမ်သည် မနေ့ကိစ္စကို ဖြစ်ပွားစေခဲ့ပြီး လျိုကျင်းက သူမကို အလွန်ရန်မူနေလေရာ ရှန်းရွှမ်က ထပ်မပြောရဲတော့ချေ။ ထိုနှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် သူမက လှုပ်ရှားမှုများကို လေ့လာခဲ့ပြီး တစ်ယောက်တည်း လေ့ကျင့်ရန် သွားလိုက်သည်။
လျိုကျင်းနှင့် ရှန်းထင်ရွှမ်းက အလေးအနက်ထား စောင့်ကြည့်သည့်တိုင် ရှန်းရွှမ်က ထိုနေရာသို့ ပြန်ပင် မကြည့်တော့ချေ။
…
ရှိုးပွဲကို နေ့လယ် ၃နာရီတွင် စတင်ခဲ့သည်။ မွန်းတည့်ချိန်တွင် အစီအစဉ်မှုးက နေ့လယ်စာကို စီစဉ်ပေးသည်။ လူတိုင်းက ပေါ့ပေါ့ပါးပါး စားလိုက်ကြပြီး မိတ်ကပ်ပြင်ရန် စတင်ကြတော့သည်။
အဖွင့်ဖျော်ဖြေပွဲအတွက် အစီအစဉ်မှုးက သူကိုယ်တိုင် ပြင်ဆင်ခဲ့ပြီး မကြာမီတွင် ပိုင်ဟောက်နှင့် ကန်းချန်ယွင်တို့အလှည့် ဖြစ်သည်။
နှစ်ယောက်သားက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကြသည်။ သူတို့ စင်ပေါ်သို့ ရောက်ပြီးမကြာမီတွင် လူတိုင်းက အော်ဟစ်ကြပြီး တီးလုံးသံက ထွက်လာကာ မြင်ကွင်း၏လေထုက အမြင့်ဆုံးလယ်ဗယ်သို့ စုရုံးသွားတော့သည်။
အော်ဟစ်သံများက ရှေးမြို့လေးကို လွှမ်းခြုံသွားပုံရသည်။
…
ရှန်းထင်ရွှမ်းနှင့် သူမအဖွဲ့ကလည်း အကကြမ်းပြင်တွင် မတ်တတ်ရပ်လိုက်ကြသည်။ အကြောင်းမှာ သူတို့က ကြိုတင်မပြင်ဆင်ထားခဲ့ရ၍ သုံးယောက်၏အကဝတ်စုံက အလွန်ရိုးရှင်းသော ခါးတိုအင်္ကျီဖြစ်ပြီး ယင်းက သူတို့၏ဗိုက်သားများကို ထုတ်ဖော်ထားလေသည်။
ယင်းက ဘော်ကြယ်ရောင် ဘောင်းဘီတိုနှင့် တွဲဖက်ထားပြီး အောက်တွင် အဖြူရောင်ဘုတ်ဖိနပ် ဖြစ်သည်။ ထိုအမျိုးအစားများ ပေါင်းစပ်မှုသည် ဗိုက်သားရှိသည့် ခန္ဓာကိုယ်ကို စစ်ဆေးရာ ရောက်ပြီး အထူးသဖြင့် ခြေတံရှည်များကိုလည်း သိသာစေသည်။
ခြေတံများက မဖြောင့်စင်းနေပါကလည်း အလွန်သိသာပေသည်။
သူတို့ဆံပင်များက ဖြောင့်တန်းနေပြီး ဦးထုပ်တစ်လုံးဆောင်းထားသည်။ သုံးယောက်တွင် ရှန်းထင်ရွှမ်းက အကောင်းဆုံးဆံပင်ရှိပြီး နက်မှောင်ပြီး ချောမွေ့သည်။
သုံးယောက်၏ မိတ်ကပ်သည် အနည်းငယ် ခေတ်ဆန်ကြော့မော့နေသည်။ အဝတ်အစားများ ဝတ်ပြီးနောက် မိမိုက်သောခံစားချက်က ပို၍ သိသာထင်ရှားလာသည်။
လျိုကျင်းက ဤဝတ်စုံကို အလွန်သဘောကျသည်။ တကယ်တမ်းတွင် သူမက ‘အဖြေ’တွင် ရွေးချယ်ခံခဲ့ရသည်က သူမ၏ ခေတ်ဆန်ကြော့မော့မှုကြောင့် ဖြစ်သည်။
သို့သော် ရှန်းရွှမ်က ဤအဝတ်အစားကို စိတ်မကျေနပ်ပေ။ သူမ၏နဂိုပုံရိပ်က နူးညံ့သိမ်မွေ့သောပုံစံ ဖြစ်သောကြောင့် သူမ၏ ဝတ်စုံကို ဝတ်လိုက်သောအခါ သူမ၏နဂိုပုံစံနှင့် အလွန်မလိုက်မဖက် ဖြစ်သွားသည်။
ရှန်းရွှမ်က ဘေးနားရှိ ရှန်းထင်ရွှမ်းကို စိုက်ကြည့်လိုက်ပြီးနောက် သူမမျက်လုံးထဲတွင် မနာလိုမှုက လင်းလက်သွားသည်။
သူမနှင့် လျိုကျင်းသည် ရှန်းထင်ရွှမ်းမလဲမီ အရင်လဲကြတာ ဖြစ်သည်။ ရလဒ်အနေဖြင့် ရှန်းထင်ရွှမ်း ထွက်လာသောအခါ နှစ်ယောက်သားက မှင်တက်အံ့အားသင့်သွားခဲ့ရသည်။
ရှန်းထင်ရွှမ်း၏ အသားအရေက ဖြူဝင်းပြီး မြင်နေရသော ခြေတံက သူတို့နှစ်ယောက်ထက် ပိုဖြူဖွေးနေသည်။ အဓိကအချက်မှာ သူမခန္ဓာကိုယ်ပေါ်တွင် အဆီပိုလုံးဝမရှိဘဲ သူမဗိုက်တွင် ခါးလိုင်းတစ်ခု ရှိနေပြီး သူမခြေတံများက ဖြောင့်တန်းသော မျဉ်းတန်းအလား အချိုးညီညီ ရှိနေသည်။
သာမန်လူများသည် ထိုသို့သော အချိုးအစားသက်ရောက်မှုအတွက် ဓာတ်ပုံကိုသာ ပြုပြင်ထားနိုင်သည်ဟု သူတို့တွေးမိခဲ့ကြသည်။
ရှန်းရွှမ်သည် သူမ၏ရင်သားထွားထွားများအတွက် အမြဲတမ်း ဂုဏ်ယူဝင့်ကြွားခဲ့သော်ငြား ယခုတွင် ရှန်းထင်ရွှမ်းကို မြင်ပြီးနောက် သူမသည် ရင်သားပိုထွားခြင်းက ပိုကောင်းတာ မဟုတ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။
…
ရှန်းထင်ရွှမ်းက ရိုက်ကူးရေးစတင်ကတည်းက မိတ်ကပ်မလိမ်းခဲ့သော်လည်း ယခုတွင်မူ သူမ ဝတ်လိုက်သောအခါ သုံးယောက်ထဲတွင် အလန်းဆုံး ဖြစ်နိုင်ပေသည်။
လျိုကျင်းက ကမ္ဘာပေါ်တွင် ထိုသို့သောလူမျိုး ရှိသေးကြောင်း ရှာတွေ့လိုက်သည်။ သင် မည်မျှပင် ကြိုးစားသည့်တိုင် မဖြစ်နိုင်သောအရာ။ “သွားကြစို့”
လက်ရှိအချိန်တွင် ယနေ့ဖျော်ဖြေမှု၌ ကြယ်ပွင့်များ ပါဝင်ကြောင်း အသိပေးထားပြီးဖြစ်သည်။ ပိုင်ဟောက်နှင့် ကန်းချန်ယွင်တို့၏ ဖျော်ဖြေမှုအဆုံးတွင် ပရိသတ်များ၏ စိတ်အားထက်သန်မှု အလုံးအရင်းက ထိပ်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သည်။
ထိုစဉ် ချင်ယွဲ့ကျီက ဖျော်ဖြေလိုက်သည်။ ပရိသတ်၏အော်ဟစ်သံများက အကြိမ်များစွာ တစ်စတစ်စ ပို၍ မြင့်လာသည်။
ရှန်းထင်ရွှမ်းက နောက်တွင် ရပ်နေသည့်တိုင် ရှေ့မှလူများ၏ စိတ်လှုပ်ရှားမှုကို ခံစားနိုင်သည်။
တီးလုံးသံ ထွက်လာပြီး ပရိသတ်က ချင်ယွဲ့ကျီ၏နာမည်ကို စိတ်အားထက်သန်စွာ အော်ကြတော့သည်။ ချင်ယွဲ့ကျီက တိတ်ဆိတ်ရန် အချက်ပြမှုကို ပြုလုပ်ခဲ့၍ ဖြစ်ကောင်ဖြစ်နိုင်သဖြင့် ပရိသတ်က တိတ်ဆိတ်သွားသည်။ ရှန်းထင်ရွှမ်းက ‘အဖြေ’ကို ကြိမ်ဖန်မျးစွာ ကြည့်ရှုခဲ့ပြီး ရုပ်ရှင်၏သီချင်းနှင့်လည်း အလွန်ရင်းနှီးသည်။
ဤတစ်ကြိမ်တွင် ရှန်းထင်ရွှမ်းက လူကိုယ်တိုင်ဆိုနေသည်ကို ပထမဆုံး နားထောင်ဖူးခြင်း ဖြစ်သည်။ တကယ်တမ်းတွင် ဤနေရာရှိ နောက်ခံတီးလုံးက သိပ်မကောင်းသော်လည်း ချင်ယွဲ့ကျီ၏ကောင်းမွန်သောအသံကို လုံးဝ သက်ရောက်မှုမရှိချေ။
ရှန်းထင်ရွှမ်းက အင်တာနက်ပေါ်ရှိ ‘နားထောင်ရုံနဲ့ ကိုယ်ဝန်ရ’ ဆိုသောစကားကို နောက်ဆုံးတော့ နားလည်သွားပေပြီ။
သီချင်းဆုံးသွားပြီး ချင်ယွဲ့ကျီက ဦးညွှတ်ကာ စင်ပေါ်မှ ဆင်းလာသည်။
ပရိသတ်က ချင်ယွဲ့ကျီ၏နာမည်ကို ထပ်မံ အော်ခေါ်ကြပြန်သည်။
…
“သွားကြစို့” လျိုကျင်းက အသက်ဝဝ ရှုလိုက်သည်။
ရှန်းထင်ရွှမ်းက သူမနှင့်အတူ စင်ပေါ်သို့ လျှောက်သွားလိုက်၏။
ရှန်းရွှမ်က သူမရှေ့ရှိ လူနှစ်ယောက်ကို မရှင်းလင်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။
သူတို့က စင်မြင့်အလယ်သို့ ရောက်သောအခါ လူတိုင်းက ပရိသတ်ကို ကျောပေးလိုက်ကြပြီး ရှန်းရွှမ်က အလယ်တွင် ရပ်နေသည်။
ရှန်းထင်ရွှမ်းက အောက်မှ ချင်ယွဲ့ကျီ၏ နာမည်ခေါ်သံကို ကြားနေရသည့်တိုင် မကြာမီတွင် ခေါ်ဆိုမှုက နှေးကွေးလာပြီး တိတ်ဆိတ်သွားသည်။
ပရိသတ်ထဲရှိ ရှန်းရွှမ်၏ဘယ်ဘက်မှ လူက ကျောပြင်လေးကိုသာ မြင်လိုက်ရသည့်တိုင် ပုံရိပ်က အလွန်ကောင်းမွန်သဖြင့် စိတ်ဝင်စားသွားသည်။
“အဲဒါက ဘယ်သူလဲ”
“မသိဘူး။ သူမက တကယ်လှတာပဲ”
“ညာဘက်က တစ်ယောက်က လျိုကျင်း ငါမှတ်မိတယ်”
တီးလုံးသံက ထွက်လာပြီး အကနှင့် ပေါင်းစပ်လိုက်ပြီးနောက် ပရိသတ်က ရုတ်ခြည်း တက်ကြွလာသည်။
သုံးယောက်သားက ပရိသတ်အား မျက်နှာမူလိုက်ကြပြီးနောက် ပရိသတ်က အော်ဟစ်ကြတော့သည်။
“အိုး.. ဘုရားရေ.. ဒါက လျိုကျင်းပဲ”
“သူမဘေးက ရှန်းရွှမ်ပဲ။ သူတို့က ကြယ်ပွင့်တွေပဲ”
“ဘယ်ဘက်က တစ်ယောက်က ဘယ်သူလဲ။ သူမက သိပ်ခံ့ညားတာပဲ”
“ဘုရား.. ဘယ်ဘက်ကမိန်းကလေးကိုလည်း ငါကြိုက်တယ်”
…
ပိုင်ဟောက်က သီချင်းဆိုပြီးနောက် သူက အစီအစဉ်မှုး၏ စတူဒီယိုအသေးလေးသို့ သွားလိုက်ပြီး စတိတ်ပေါ်ရှိ မြင်ကွင်းကို မြင်လိုက်ရသည်။ “ဝိုး.. ထင်ရွှမ်းက သိပ်မိုက်တာပဲ”
ရှန်းထင်ရွှမ်း ချာခနဲ လှည့်လိုက်ပြီးနောက် ပိုင်ဟောက်သည် သူ့နှလုံးသား စည်းချက်လွဲသွားသလို ခံစားလိုက်ရသည်။
“အင်း ထင်းရွှမ်းရဲ့အကက သိပ်လှလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး” ကန်းချန်ယွင်က ရှန်းရွှမ်သည် အကကို သင်ဖူးမှန်း သိသော်လည်း သူမ၏ လှုပ်ရှားမှုက နူးညံ့ပြီး ဤအကနှင့် လိုက်ဖက်မနေချေ။
ထိုတစ်ဒင်္ဂအတွင်း ရှန်းထင်ရွှမ်းက လူတိုင်း၏အာရုံကို ဆွဲဆောင်ထားလိုက်သည်။
ချင်ယွဲ့ကျီက အေးတိအေးစက် ပြောသည်။ “မင်းတို့ လက်မှတ်ဝယ်ပြီးပြီလား”
ကန်းချန်ယွင်နှင့် ပိုင်ဟောက်တို့က ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး အစီအစဉ်မှုးအား လက်မှတ်အကြောင်း မေးလိုက်တော့သည်။
သူတို့က ထင်ယောင်ထင်မှား ဖြစ်သွားသည်လားဟု မသိလိုက်ပေ။ ယခု ချင်ယွဲ့ကျီ၏မျက်ဝန်းများမှ အေးစက်မှုကို သူတို့ အဘယ်ကြောင့် မြင်လိုက်ရသနည်း။
…
စင်ပေါ်တွင် လူသုံးဦး၏ အနေအထားက ပြောင်းလဲသွားပြီး သူတို့က အကြိမ်များစွာ ကြက်ခြေခတ်သဏ္ဌာန်ရွေ့ပြောင်းမှုပုံစံကို လိုအပ်ပေသည်။
ရုတ်တရက်တွင် ရှန်းရွှမ်က တမင်သက်သက် သူမခြေထောက်ကို အလွန်ဝေးဝေး ဆန့်ထုတ်လိုက်သည်။ ရှန်းထင်ရွှမ်းက ဘယ်ဘယ်မှ ရှန်းထင်ရွှမ်းက ထွက်လာပြီး လျင်လျင်မြန်မြန် မတုံ့ပြန်ပါက သူမ လဲကျသွားလိမ့်မည်။
သို့သော် ရှန်းထင်ရွှမ်းက ထောက်ချောက်မမိရုံသာမက သူမက ခုန်ကျော်လိုက်ပြီးနောက် သူမခေါင်းကို မော့ကာ ပရိသတ်ကို ပြုံးပြလိုက်သည်။
ထိုအပြုအမူက ရှန်းထင်ရွှမ်း သူမဘာသာ ထည့်လိုက်ခြင်း ဖြစ်သော်လည်း ထိုသို့လုပ်လိုက်သောအခါ ပရိသတ်က ထပ်မံအော်ကြပြန်သည်။
လျိုကျင်းက တွေးလိုက်မိပြီး ဤသို့သော အချိန်တွင်ပင် တခြားသူကို ထိခိုက်အောင် တွေးနိုင်သေးသည့် ရှန်းရွှမ်၏ဦးနှောက်က ပျက်စီးသွားပြီဟု တိတ်တဆိတ်တွေးလိုက်မိသည်။
ယခု သူတို့သည် လူတိုင်းအိမ်ပြန်လက်မှတ် ရရှိရန် လုပ်နေကြသည်ဆိုတာ သူမသေချာပေါက် သိပေသည်။
ရှန်းရွှမ်က သူမကျဆုံးသွားဖို့ မမျှော်လင့်ထားဘဲ ထိုအစား ရှန်းထင်ရွှမ်းကို ထပ်မံရေပန်းစားသွားစေခဲ့သည်။
ချင်ယွဲ့ကျီက ထိုမြင်ကွင်းကို မြင်သောအခါ သူ့မျက်နှာက ထပ်မံ မှောင်မိုက်သွားပြန်သည်။
အကအဆုံးတွင် ရှန်းရွှမ်က ထပ်မံ လုပ်ချင်ခဲ့သော်လည်း သူမက ရှန်းထင်ရွှမ်းကို မထိခင်တွင် သူမခန္ဓာကိုယ်က မထိန်းနိုင်တော့ဘဲ စင်မြင့်ပေါ်မှ တိုက်ရိုက်ခုန်ချမိတော့သည်။
“ဖပ်” ဆိုသောအသံနှင့်အတူ တီးလုံးက အဆုံးသတ်သွားပြီး ရှန်းရွှမ်၏ဦးခေါင်းမှ ဦးထုပ်ကလည်း ပြုတ်ကျသွားတော့သည်။
…
“ဒီတစ်ကြိမ် ဧည့်သည်တွေက အလုပ်ကြိုးစားခဲ့ကြတယ်” အစီအစဉ်မှုးက စင်မြင့်ပေါ်မှ အသေးစိတ်အချက်အလက်များကို သတိမပြုမိသော်ငြား ကြယ်ပွင့်များက ဘယ်လောက်တောင် စွမ်းအားရှိသလဲ ဆိုတာကို ညည်းညူမိလိုက်သည်။
“အင်းပေါ့” လျိုကျင်းက အလွန်ရယ်ချင်သော်လည်း သူမက နောက်မှာ ထားလိုက်သည်။ သူမသည် ရှန်းရွှမ် ထိုဆိုးဝါးသော ထောင်ချောက်ကို နောက်ထပ်လုပ်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ရလဒ်အရ ထိုဆုလာဘ်က တကယ်ကောင်း၏။
ပရိသတ်များက အော်ဟစ်ကြပြီး လူတိုင်းက စင်ပေါ်မှ ဆင်းသွားရန် ပြောကြသောအခါ ရှန်းရွှမ်က သူမခြေထောက်များကို အနည်းငယ် သက်သောင့်သက်သာမရှိ ဖြစ်သွားကြောင်း သိလိုက်ရပြီး သူမက အပြည့်အဝ မရပ်နိုင်တော့ပေ။
ရှန်းရွှမ်က ကနေစဉ်မှာ သူမဦးထုပ် ပြုတ်ကျသွားမှာကို ကြောက်ပြီး သူမခေါင်းပေါ်ရှိ ဦးထုပ်ကို ဖိထားလိုက်ရသည်။ ထိုလုပ်ရပ်က သူမဆံပင်နှင့် နဖူးပုံစံကို ပျက်ယွင်းသွားစေခဲ့သည်။
ရှန်းရွှမ်ထံတွင် သရဲလိုဆံပင်ဖြစ်သွားသော်ငြား အရေးကြီးဆုံးမှာ သူမကို ကူညီမည့်သူ မရှိခြင်း ဖြစ်ပေသည်။
တင်ဆက်သူက တစ်ခဏကြာ စောင့်ဆိုင်းခဲ့သော်လည်း ရှိုးပွဲပြီးသည်အထိ သူက ရှန်းရွှမ်ကို ရှာမတွေ့သည့်အတွက် ဝန်ထမ်းများအား သူမကို သွားရှာခိုင်းလိုက်ရသည်။
ရှန်းရွှမ်က ပုံမှန်အားဖြင့် လဲကျနေကျ ဖြစ်သော်လည်း ထိုသို့ တိုက်ရိုက်ခုန်ချသော လဲကျမှုမျိုးက အတော်လေး နာကျင်လှသည်။
…
ဖျော်ဖြေရေး ပြီးနောက် အစီအစဉ်မှုးက သူတို့နှင့် တခြားသူများကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောခဲ့သည်။
ဧည့်သည်များက မတူညီသော ခံစားချက်များနှင့် အိမ်ပြန်ကြတော့သည်။ သူတို့က အိပ်ပြန်ဖို့ အိတ်များကို စတင်ထုတ်ပိုးတော့သည်။
ရှန်းရွှမ်က လက်ရှိတွင် အရှက်ရနေပြီး မနေ့က မတော်တဆပါ ပေါင်းလိုက်ပါက သူမအပေါ် လျိုကျင်း၏ သဘောထားက ပို၍ အေးစက်လာတော့သည်။ မူလက အမျိုးသမီးဧည့်သည်များကို ထုတ်ဖော်ခဲ့စဉ်က လျိုကျင်းနှင့် ရှန်းရွှမ်က ရင်းနှီးခဲ့ကြသည်။ သို့သော်လည်း ယခုတွင်မူ လျိုကျင်းက ရှန်းထင်ရွှမ်းဘေးနားတွင်သာ နေတော့၏။
ချင်ယွဲ့ကျီက အမျိုးသမီးဧည့်သည်များ၏ အကကို ကြည့်ပြီးနောက် သူကလည်း ရှန်းရွှမ်နှင့် အနည်းငယ် ဝေးဝေးတွင်သာ ရပ်တော့သည်။
ပြောရန်မလိုဘဲ ပိုင်ဟောက်နှင့် ကန်းချန်ယွင်တို့က ရှန်းရွှမ်၏လှည့်စားမှုကို မမြင်ခဲ့ရသော်လည်း ယနေ့တွင် ရှန်းထင်ရွှမ်းအကက အလွန်ကောင်း၍ နှစ်ယောက်သားက ရှန်းထင်ရွှမ်းဘေးတွင်သာ စကားပြောနေကြတော့သည်။
…
သူတို့က နေအိမ်သို့ ပထမဆုံး ရောက်လာသောအခါ ဤနေရာရှိ အခြေအနေက သိပ်မကောင်းကြောင်း ခံစားခဲ့ရသည်။ သို့သော် ယခု သူတို့ ထွက်ခွာသောအခါ လူတိုင်း၏ခံစားချက်က အနည်းငယ် တွန့်ဆုတ်နေကြ၏။
ရှန်းထင်ရွှမ်း ယူလာသော အိတ်ကြီးနှစ်လုံးတွင် စားစရာများ အများအပြား ကျန်နေသေးသည်။ ရှန်းထင်ရွှမ်းက အဖွဲ့သားများကို အဘိုးနှင့်အဘွားကို ပြန်ပေးရန် မေးမြန်းခဲ့၏။
သေချာရှင်းလင်းပြီးနောက် ရှန်းထင်ရွှမ်းက အခန်းထဲရှိ အမှိုက်များကို အိမ်အပြင်သို့ ပစ်လိုက်သည်။ ထို့နောက် သူမသည် ရှိုးအဖွဲ့သားများ၏ကား ဂိတ်ဝသို့ ရောက်လာကြောင်း မြင်လိုက်ရသည်။
ကားပေါ်သို့ ဧည့်သည်များ တက်လိုက်ကြကာ ရှားရှားက စကားတစ်ခွန်းပြောပြီး ကင်မရာမန်းက သူ့ကင်မရာကို ပိတ်လိုက်တော့သည်။
ရှားရှားက ပြော၏။
“ကျေးဇူးတင်ပါတယ်။ ဒီရိုက်ကူးရေးက နောက်ဆုံးတော့ ပြီးသွားပါပြီ” ၎င်းကို ပြောပြီးနောက် ရှားရှားက ရှန်းထင်ရွှမ်း ဘေးနားတွင် ထိုင်လိုက်သည်။ “ထင်ရွှမ်း ငါတို့ ဒုတိယပိုင်းရိုက်ကူးရေးကို ရှင်းယွမ်ရှန်းမှာ လုပ်ချင်တယ်။ ငါတို့ လုပ်လို့ရမလား”
ရှန်းထင်ရွှမ်းက ရှားရှားကို မုန်းတီးခြင်း မရှိသည့်တိုင် ရှန်းရွှမ်ကိုတော့ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်ပေသည်။
ရှားရှားသည် ရှန်းရွှမ်က လူကောင်းဟု အရင်က တွေးခဲ့ဖူးသော်လည်း ယခု ရှိုး၏အပိုင်းအပြည့်အစုံကို စောင့်ကြည့်ပြီးနောက် သူမက ရှန်းရွှမ်သည် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်ဖို့ကောင်းကြောင်း နားလည်သွားပြီ ဖြစ်သည်။
သို့သော် သူမ၏အမြင်ကို မထုတ်ဖော်ရဲဘဲ နောက်တစ်ပိုင်းတွင် ရှန်းရွှမ်ကို ဖိတ်ခေါ်တော့မှာ မဟုတ်ဟု တိုက်ရိုက်မပြောနိုင်သည့်တိုင် ထိုကိစ္စကို လက်ထောက်ဒါရိုက်တာမှတစ်ဆင့် ပြောသင့်ပေသည်။
ရှန်းထင်ရွှမ်းက ပြောသည်။ “ဒါက အဆင်ပြေပါတယ်”
ရှားရှားက ပျော်ရွှင်သွား၏။ “ကျေးဇူးတင်ပါတယ် ထင်ရွှမ်း”
ရှန်းထင်ရွှမ်းသည် သူမက ငှက်ပျောသီးရုပ်သံနှင့် တစ်ရာသီစာ စာချုပ်ချုပ်ထားသည်ဟု ထင်နေပြီး သူမက ရှန်းရွှမ်ကို စိတ်အနှောင့်အယှက်ဖြစ်သော်ငြား ရိုက်ကူးရေးကို ပြီးအောင် လုပ်ရပေမည်။
ရှားရှားက ရှန်းထင်ရွှမ်းကို စိတ်အနှောင့်အယှက် မဖြစ်စေတော့ဘဲ အနောက်သို့ ပြေးသွားကာ ထိုင်လိုက်တော့သည်။
…
လူတိုင်းက သူတို့မျက်လုံးများကို မှိတ်လိုက်ကြကာ ရှန်းရွှမ်က ရှန်းထင်ရွှမ်း၏နောက်တွင် ထင်ပြီး သူမက အသံတိုးလေးဖြင့် မေးသည်။ “အစ်မ မင်းက ငါ့ကို ဘာလို့ ဒီလောက်တောင် မုန်းရတာလဲ”
ထိုမေးခွန်းက အတော်လေး ဝမ်းနည်းပြီး သနားစဖွယ်ကောင်းနေကာ ရှန်းထင်ရွှမ်းကို ကျိုးကြောင်းမဆီလျော်သောလူကဲ့သို့ သွယ်ဝိုက်ဖော်ပြနေသည်။
…
စာရေးသူမှာ ပြောစရာရှိပါတယ်။
ငါ့ကိုယုံပါ။ ရှန်းရွှမ်က တကယ် offline ဖြစ်တော့မှာ။
…
အခန်း (၅၉) (က)
ရှန်းထင်ရွှမ်းက တဖြည်းဖြည်း မေးခွန်းအမှတ်အသားတစ်ခု ပေါ်လာခဲ့သည်။ သူမက ရှိုးရိုက်ကူးခြင်းတွင်သာ အာရုံစိုက်ထားသောကြောင့် သူမက ရှန်းရွှမ်ကို ဘာမှမလုပ်ခဲ့ချေ။
သူတို့ ကခုန်နေစဉ် အချိန်တုန်းကတောင် ရှန်းရွှမ်က လှည့်ကွက်နှစ်ခု လုပ်ခဲ့သည်။ နောက်ဆုံးအကြိမ်က သူမသည် ရှန်းရွှမ်ကို ခွဲထုတ်ရန် ဝိညာဉ်စွမ်းအင်တချို့သာ အသုံးပြုခဲ့သည်။
အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။ သို့သော် ရှန်းရွှမ်က စကားပြောရန် အစပြုလိုက်သည်။ သူမဘေးတွင် မှတ်တမ်းတင်နေသည့် ကင်မရာများ မရှိပေ။ ရှန်းထင်ရွမ်းက ၎င်းကို ထိန်းချုပ်ထားရန် မလိုအပ်တော့ဘူးဟု ခံစားမိသည်။ “နင်က နင့်စိတ်ထဲမှာ အဲ့ဒါကို သိပြီးသား မဟုတ်ဘူးလား “
ရှန်းထင်ရွှမ်း၏ အသံက သူ့နားရှိ လူတိုင်းကို နိုးကြားသွားစေခဲ့သည်။ ချင်ယွဲ့ကျီက ရှန်းရွှမ်ကို ကြည့်လိုက်သည်။ သူမကတွင် ဆိုးရွားသည့် မျက်နှာတစ်ခုရှိပေသည်။
၎င်းက လူတိုင်း၏ အာရုံကို ဆွဲဆောင်နေသည်ကို ရှန်းရွှမ်က မြင်သွားပြီး သူမက ငိုကြွေးနေပုံရပေသည်။
“အစ်မ၊ ဒါတွေအကုန်လုံးက အရင်မျိုးဆက်တွေကြောင့် ဖြစ်ခဲ့တာ၊ ကျွန်မ၊ ကျွန်မက ဘာမှမလုပ်ခဲ့ပါဘူး၊ ကျွန်မက အများဆုံး ခံခဲ့ရတဲ့သူ ဖြစ်ခဲ့တာ “
ရှန်းထင်ရွှမ် သူမမျက်လုံးများကို မှိတ်လိုက်ကာ ပြောလိုက်သည်။
“အိုး နင်၊ နင်က ခံရတဲ့သူပေါ့၊ ရှန်းမိသားစုရဲ့ သမီးနေရာကို သိမ်းပိုက်တယ်၊ အားလုံးအချစ်ကို ခံယူပြီး တကယ့်သမီးအစစ်ကို အိမ်ထဲကနေ မောင်းထုတ်ခဲ့တယ်၊ ဘယ်သူမှ နင့် လောက်မတော်ဘူး၊ အပြစ်ကင်းစင်သလို ဟန်ဆောင်မနေနဲ့ “ သူမက အတိတ်ကို ဆွဲမထုတ်ချင်ခဲ့ပေ။ သို့သော် မူလကိုယ်၏ အရင်အတွေ့အကြုံများက မည်မျှသနားစရာကောင်းကြောင်း တွေးမိသွားခဲ့သည်။
ချင်ယွဲ့ကျီမှလွဲ၍ ကားထဲရှိ လူအားလုံးက စိတ်လှုပ်ရှားမှုအပြည့် ဖြစ်သွားကြသည်။ဒါက ဘာအဓိပ္ပာယ်လဲ။
နောက်ဆုံးတွင် ရှန်းရွှမ်က ငိုချလိုက်သည်။
“ဟုတ်တယ်၊ ဒါပေမဲ့ ငါ တကယ် မသိခဲ့ပါဘူး၊ နင်က နှစ်အကြာကြီး ရွာမှာ နေခဲ့တာလေ၊ ပြီးတော့ အဖေက နင့်ကို အိမ်ကနေ ကန်ထုတ်လိုက်မယ်လို့ ငါမသိခဲ့ဘူး “
ရှန်းထင်ရွှမ်းက ကားကူရှင်ကို ပြင်းပြင်းထန်ထန် ပုတ်ထုတ်လိုက်သည်။ ကူရှင်က မရွေ့လျားနိုင်ပေ။ သို့သော် ရှန်းထင်ရွှမ်းက ထိုသို့ လုပ်လိုက်သောအခါ ကူရှင်က နောက်ဘက်သို့ တိုက်ရိုက် ကန်ထွက်သွားပြီး ရှန်းရွှမ်းကို ရိုက်မိသွားသည်။
အားက အလွန်ပြင်းပြီး အလွန်မြန်ဆန်စွာ ရောက်လာခဲ့သည်။ ရှန်းရွှမ်က မတုံ့ပြန်နိုင်ဘဲ သူမနှာခေါင်းမှ အရည်တချို့ ထွက်လာသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူမခေါင်းက အနည်းငယ် မူးဝေသွားခဲ့သည်။
လျိုကျင်းက နောက်တွန့်သွားခဲ့သည်။ ရှန်းထင်ရွှမ်းက သန်မာရုံသာမက ရိုက်နှက်ရာတွင်လည်း အလွန်ခွန်အားကြီးပေသည်။ ကံကောင်းစွာပင် သူမသည် ယခင်က ဤလူကို ရန်မစခဲ့မိချေ။
ပိုင်ဟောက်နှင့် ကန်းချန်းယွင်က ဆွံ့အနေကြသည်။
ချင်ယွဲ့ကျီက သူ့မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မပြချေ။
ရှားရှားနှင့် ကျန်သည့်ရိုက်ကူးရေးအဖွဲ့ဝင်များက အသံကျယ်ကျယ်ထွက်မည်ကိုပင် ကြောက်ရွံ့နေကြသည်။
...
ရှန်းရွှမ်က သူမနှာခေါင်းကို ထိလိုက်ရာ သွေးများဖြစ်နေသည်ကို သိရှိသွားခဲ့သည်။ “အစ်မ၊ နင် ... “
ရှန်းထင်ရွှမ်းက ရှန်းရွှမ်၏ စကားလုံးများကို နားထောင်ရန် တကယ်ပဲ ပျင်းရိနေခဲ့သည်။ ထို့ကြောင့် သူမက တိုက်ရိုက်ပင် အငြိုးအတေးတချို့ကို ဆွဲယူလိုက်သည်။
ရှန်းရွှမ်၏ ငိုကြွေးမှုက ရုတ်တရက် ရပ်တန့်သွားသည်ကို လူတိုင်းက မြင်လိုက်ပြီး သူမ၏ သနားစရာကောင်းသည့်အသံက နှစ်ထောင်းအားရသည့်အသံအဖြစ်သို့ ပြောင်းသွားခဲ့သည်။
“ဟုတ်တယ် ထင်းရွှမ်း၊ ငါက နင့်ကို တမင်သက်သက် ပစ်မှတ်ထားခဲ့တာ၊ နင် သိထားသလို ငါက မွေးစားသမီး မဟုတ်ဘူး၊ ရှန်းထျန်းသဲက ငါ့အဖေ အရင်းပဲ၊ နင်က တကယ်ပဲ မတရားခံရတယ်လို့ ထင်နေတာလား “
ရှားရှားက သူမဖုန်းကို ကောက်ယူလိုက်ပြီး စတင်မှတ်တမ်းတင်လိုက်သည်။ သူမက ဤသတင်းကို လွတ်သွားပါက နောက်တစ်ကြိမ် ရိုက်ကူးရာတွင် သူမက ရှန်းရွှမ်ကို မဖိတ်ကြားဖို့ ဖြစ်နိုင်လိမ့်မည်မဟုတ်လား။
“ဒါ ဘာအဓိပ္ပာယ်လဲ “ ပိုင်ဟောက်က ဆွံ့အစွာ မေးလိုက်သည်။ သူက စကားလုံးတိုင်းကို နားလည်သော်လည်း အတူတကွ ချိတ်ဆက်လိုက်သောအခါ သူ နားမလည်နိုင်တော့ချေ။
“ငါ နင့်ကို ပြောပြမယ်၊ ငါ့အမေက အခု ရှန်းထျန်းသဲရဲ့ လက်ရှိဇနီးကျန်းရှန်းမိန်ပဲ၊ ငါက မွေးစားသမီး မဟုတ်ဘူး၊ ငါကလည်း ရှန်းမိသားစုရဲ့ သမီးအရင်းပဲ၊ နင့်အမေက သေသွားခဲ့တာ၊ နင်က ရှန်းမိသားစုကို ပြန်ရောက်လာတဲ့အချိန် နင့်မှာ ဘယ်လိုလုပ် ကောင်းမွန်တဲ့ ဘဝရှိနိုင်မှာလဲ၊ နင်က ရှန်းမိသားစုအိမ်က ထွက်သွားပြီး အေးအေးဆေးဆေး နေနေတာ ပိုကောင်းတယ်၊ ဒါပေမဲ့ နင်က အကြောင်းမျိုးစုံနဲ့ ခေါင်းစဉ်တပ်ဖို့ပဲ ရှိတာ “
ရှန်းရွှမ်က ဆက်ပြောလိုက်သည်။ “ရှန်းထင်ရွှမ်း စောင့်နေလိုက်၊ ငါက အခု ဖူလဲ့ထျန်းနဲ့ ရှိနေတာ၊ နင်က အနုပညာနယ်ပယ်ထဲမှာ မနေချင်ဘူးမလား၊ ငါ နင့်ကို အနုပညာနယ်ပယ်ထဲ မဝင်နိုင်အောင် လုပ်ပေးမယ်၊ ငါက နင့် ဂုဏ်သတင်းကို ဖျက်ဆီးပစ်မယ် “
ပိုင်ဟောက်က နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ သူက စကားတစ်ခွန်းတောင် မပြောရဲဘဲ အလွန်ထိတ်လန့်သွားခဲ့သည်။ ရှန်းရွှမ်က ရှန်းမိသားစု၏ သမီးဖြစ်သည်။ သူက ၎င်းကို သိပေသည်။ ရှန်းထင်ရွှမ်းကလည်း ရှန်းအိမ်၏ သမီးဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရှန်းရွှမ်က ရှန်းထင်ရွှမ်းကို အစ်မဟု ခေါ်နေတာ အံ့ဩစရာမရှိတော့ချေ။ သို့သော် ယခု ရှန်းရွှမ်ပြောသည်ကို ကြားပြီးနောက် သူက အန်ချင်သလို ခံစားလိုက်ရသည်။
ရှန်းရွှမ်က ထိုကဲ့သို့ လူမျိုးဖြစ်မည်ဟု ကန်းချန်းယွင်က မမျှော်လင့်ခဲ့ပေ။ နှစ်ယောက်သားက ရိုက်ကူးနေကြသောအခါ ရှန်းရွှမ်က အလွန်နူးညံ့ပေသည်။ ယင်းက ဤရှိုးကို ရိုက်ကူးရန် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သော်လည်း သူမက ဤကဲ့သို့လူတစ်ယောက်ဖြစ်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
လျိုကျင်း၏ မျက်နှာက ဖြူဖျော့သွားခဲ့သည်။ ရှန်းရွှမ်က အကြံသမားတစ်ယောက်ဖြစ်သည်ကို သူမအမြဲတမ်း သိခဲ့သော်လည်း သူမက ထိုကဲ့သို့ ဝံပုလွေတစ်ကောင်ဖြစ်မှန်း သူမ မမျှော်လင့်ခဲ့ချေ။ ဤစကားများပြောပြီးနောက် ရှန်းရွှမ်က မူးလဲသွားခဲ့သည်။
...
လူတိုင်းက ရှန်းထင်ရွှမ်းကို နှစ်သိမ့်ချင်သော်လည်း သူတို့က မည်သို့ပြောရမည်ကို မသိချေ။ ဤ ဤလျှို့ဝှက်ချက်က အလွန်ပြင်းထန်လွန်းပေသည်။
ရှန်းထင်ရွှမ်းက သူမနားရွက်ကို ပွတ်လိုက်သည်။ အမှန်တော့ မူလကိုယ်သည် ရှန်းရွှမ်၏ အမေကြောင့် စွန့်ပစ်ခံခဲ့ရပေသည်။
ရှန်းထျန်းသဲက ထိုအကြောင်းကို သိလားမသိလား သူမ မသိချေ။ သို့သော် သူ သိလျှင်တောင် သိပ်အရေးမကြီးပေ။ ရှန်းထျန်းသဲက သူ၏ ကိုယ်ပိုင်အကျိုးအတွက် အကုန်လုံးကို လုပ်ခဲ့သည်။
ရှန်းရွှမ်က ရှန်းမိသားစု၏ သမီး တကယ်ပဲ မဟုတ်ခဲ့လျှင် ဒါက ပြီးဆုံးသွားပြီဟု ရှန်းထင်ရွှမ်းက တွေးခဲ့သည်။ ဆိုရလျှင် ၎င်းက တကယ်ပဲ အရင်မျိုးဆက်များ၏ အမှားတစ်ခု ဖြစ်ခဲ့သည်။
သို့သော် ယခုတွင် ဤသည်က သိသာထင်ရှားသည့်အရာတစ်ခု ဖြစ်သည်။ ရှန်းထင်ရွှမ်းက လုပ်စရာရှိပေသည်။ အားလုံးပြီးနောက် သူမက မူလပိုင်ရှင်၏ ခန္ဓာကိုယ်ကို သိမ်းယူထားခဲ့သည်။ ယင်းက မူလပိုင်ရှင်အတွက် လက်စားချေပေးရန် အကြောင်းပြချက်ဖြစ်သည်။
...
ရှန်းထင်ရွှမ်းက သူ့ဘေးတွင် တိတ်ဆိတ်နေသည်ကို ချင်ယွဲ့ကျီက မြင်လိုက်သည်။ သူတို့က စကားမပြောသော်လည်း နှစ်သိမ့်ချင်နေသည်မှာ သိသာထင်ရှားပေသည်။
လူတိုင်းက စကားထပ်မပြောတော့ချေ။ မကြာမီ သူတို့က လေဆိပ်သို့ ရောက်ရှိသွားကြသည်။
...
လူတိုင်းက သူတို့အိတ်များကို ကောက်ယူလိုက်ပြီး ကားမှ ထွက်လာကြသည်။
ရှန်းရွှမ်က အိပ်ရာနိုးလာပြီး သူမကို မည်သူကမှ ဂရုမစိုက်တာကို တွေ့ရှိသွားခဲ့သည်။ ရိုက်ကူးရေးအဖွဲ့သားများကတောင် သူမအပေါ် အာရုံမစိုက်ကြချေ။ ရှန်းရွှမ်က ဘေးရှိ ဝန်ထမ်းကို ညင်သာစွာ ကြည့်လိုက်ပြီး မေးလိုက်သည်။
“ရှင် ကျွန်မအိတ်ကို သယ်ခဲ့ပေးနိုင်မလား “
သူမက ခုလေးတင် ရှန်းထင်ရွှမ်း ရိုက်နှက်တာကို ခံခဲ့ရသည်။ သူမက အားနည်းနေဆဲဖြစ်သည်။ အဓိကအချက်က အိတ်ကို သူမကိုယ်တိုင်သယ်ရန် အလွန်များလွန်းနေခြင်းကြောင့် ဖြစ်သည်။
ရိုက်ကူးရေးအဖွဲ့သားက ရှန်းရွှမ်ကို ကြည့်တောင်မကြည့်ဘဲ သူ့ခေါင်းကို လှည့်ကာ ထွက်သွားတော့သည်။
ရှန်းရွှမ်က ဘာဖြစ်နေမှန်း တကယ်ပဲ မသိခဲ့ချေ။
ကန်းချန်းယွင်နှင့် ပိုင်ဟောက်က ကားမှ ထွက်သွားသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းနောက်လိုက်လာခဲ့ပြီး သူတို့နှစ်ယောက်ကလည်း ထွက်သွားပြီ ဖြစ်သည်။ ထို့ကြောင့် ရှန်းရွှမ်က သူမအိတ်ကို သူမဘာသာ သယ်ရတော့သည်။
...
လေယာဉ်ပေါ်တွင် မည်သူကမှ စကားမပြောခဲ့ချေ။ မကြာမီ သူတို့က မြို့တော် B သို့ ဆိုက်ရောက်လာပေသည်။
ချင်ယွဲ့ကျီ၏ ကားက ရောက်လာပြီး သူက ရှန်းထင်ရွှမ်းကို သူနှင့်အတူ စီးရန် ဖိတ်လိုက်သည်။
သူမက ရောက်လာသောအခါ သူမကို ရိုက်ကူးရေးအဖွဲ့သားများက သူမကို လာရောက်ခေါ်ဆောင်ခဲ့သည်။ ဤအချိန်တွင် သူမက ရှင်းယွမ်ရှန်သို့ ပြန်ရန် လိုအပ်ပေသည်။ ရှန်းထင်ရွှမ်းက ပြန်ရန် ကားမရှိခဲ့ပေ။ ထပ်ပြောရလျှင် ၁၁ နာရီ ထိုးနေပြီဖြစ်သည်။ ထို့ကြောင့် သူမက ချင်ယွဲ့ကျီ၏ ကားထဲသို့ ဝင်လိုက်သည်။
ကားမောင်းသည့်လူက ရှောင်ယွီဖြစ်သည်။ ရှန်းထင်ရွှမ်းကို မြင်သောအခါ သူက သူမကို ပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည်။ သူက သူ့ဘာသာ တွေးနေခဲ့သည်။ ရှန်းထင်ရွှမ်း၏ အသီးများက အရသာရှိသောကြောင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုရှိရန် အခွင့်အရေးဖြစ်သည်။
ကားထဲသို့ ရောက်လာပြီးနောက် ချင်ယွဲ့ကျီက မေးလိုက်သည်။
“မင်းရဲ့ နောက်ထပ် အစီအစဉ်က ဘာလဲ “
ရှန်းထင်ရွှမ်း။ “ဒါပေါ့ လက်စားချေရမယ်လေ “
ရှန်းမိသားစုတွင် ပါဝင်နေသည့် ရှန်းရွှမ်က ဒဏ်ခတ်ခံရရန် ထိုက်တန်ပေသည်။ ဖူလဲ့ထျန်းနှင့် ဖူမိသားစုကလည်း အပြစ်မကင်းပေ။
ချင်ယွဲ့ကျီက အရင်က သတင်းများနှင့် USB drive ကို ရှန်းထင်ရွှမ်းအား ပေးလိုက်သည်။ “ဒါက ကျွန်တော် အရင်က ရှာတွေ့ခဲ့တာတွေ “ ထိုအချိန်က ဖူလဲ့ထျန်းသည် Weibo ပေါ်၌ ရှန်းထင်ရွှမ်းကို ရေဆိုးများ လောင်းချခဲ့သည်။ ချင်ယွဲ့ကျီက စတင် စစ်ဆေးခဲ့သည်။ ဖူလဲ့ထျန်းအကြောင်း ရှာတွေ့သွားသောကြောင့် သူက ရှန်းမိသားစုကိုလည်း စစ်ဆေးခဲ့သည်။
သူမက ၎င်းကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ထိုအချိန်က ပြောခဲ့သည်။ ထို့ကြောင့် ချင်ယွဲ့ကျီက စုံစမ်းစစ်ဆေးမှုကို မဆွေးနွေးခဲ့ပေ။
ဤသတင်းများကို မြင်ပြီးနောက် ရှန်းထင်ရွှမ်းက ဤသတင်းများကို ကြိုတင်၍ မသိခဲ့သည့်ပုံပေါ်ပေသည်။ “ကျေးဇူးတင်ပါတယ် “ ဤသတင်းကို လက်ခံရရခြင်းက သူမ၏ ကိုယ်ပိုင်စစ်ဆေးမှုကို လုပ်ဆောင်ခြင်းထက် အများကြီး ပိုလွယ်ကူသွားပေလိမ့်မည်။
ချင်ယွဲ့ကျီက စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။ ရှန်းထင်ရွှမ်းက ဤကိစ္စများ စစ်ဆေးခြင်းအတွက် သူ့ကို အပြစ်မတင်ခဲ့ပေ။
“မင်း ထပ်လိုအပ်ရင် အချိန်မရွေး ကိုယ့်ကို ရှာလိုက် “
“အဆင်ပြေပါတယ်၊ ကျွန်မဘာသာ လုပ်လိုက်မယ် “ ယင်းက ချင်ယွဲ့ကျီအတွက် အရမ်းဒုက္ခများသွားမည်ဟု ရှန်းထင်ရွှမ်းက ခံစားမိပေသည်။
ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်း၏ မျက်နှာပေါ်တွင် မည်သည့်ဝမ်းနည်းမှုကိုမှ မမြင်ခဲ့ချေ။ သို့သော် ခုလေးတင် ဖြစ်ပျက်ခဲ့သည်က အလွန်ဝမ်းစရာကောင်းမည်ကို သူသိပေသည်။ “မနက်ဖြန် အားလား၊ မင်း ရုပ်ရှင်ကြည့်ဖို့ သွားချင်လား “
“မသွားတော့ဘူး “ သူမက “အဖြေ” ရုပ်ရှင်ကားကို ကြည့်ပြီးကတည်းက တခြားမည်သည့် ရုပ်ရှင်ကမှ သူမမျက်လုံးထဲ မတိုးတော့ချေ။
“မင်း တစ်ခုခု စားချင်တာ ရှိလား “ ချင်ယွဲ့ကျီက မေးလိုက်သည်။
“မရှိဘူး “
ချင်ယွဲ့ကျီ။ “မင်း ကိတ်မုန့်အချိုစားချင်လား၊ အထဲမှာ ချောကလက်တွေချည်းပဲ “ အချိုများက လူတစ်ယောက်ကို ပျော်ရွှင်စေပေသည်။ ဒါပေါ့ ရှန်းထင်ရွှမ်း စားချင်လျှင် သူက ညဘက်တွင် ပြန်လှည့်သွားရန် စိတ်မရှိပေ။
ချင်ယွဲ့ကျီက သူမ မပျော်မရွှင်ဖြစ်မည်ကို စိုးရိမ်နေမှန်း ရှန်းထင်ရွှမ်း သိပေသည်။ သို့သော် သူမက ငြင်းဆိုနေဆဲဖြစ်သည်။ တာဝန်အတွက် အချိန်က ၅ရက်သာ ကျန်တော့ပေသည်။ ရှိုးကို ထုတ်လွှင့်မည့်အချိန်ကို သူမ မသိပေ။ ထို့ကြောင့် သူမက မစ်ရှင်ကို ဖြည့်ဆည်းရန် follower သုံးသန်းသာ ရှိပေသည်။
ချင်ယွဲ့ကျီက သူမကို အပြင်ထွက်ရန် မဆွဲဆောင်တော့ပေ။ သူတို့က ရှင်းယွမ်ရှန်ခြံဝန်းသို့ ရောက်ရှိသွားပြီး ရှန်းထင်ရွှမ်းက ကားထဲမှ ထွက်ကာ ချင်ယွဲ့ကျီကို ကျေးဇူးတင်လိုက်သည်။
ချင်ယွဲ့ကျီက ပြန်လာသောအခါ ပြောလိုက်သည်။ “ကုမ္ပဏီ သွားမယ် “
ရှောင်ယွီက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ မနက်အစောကြီး ရှိနေပြီ ဖြစ်သည်။ အစ်ကိုကျီက အနားမယူခဲ့ပေ။
...
နောက်နေ့ မနက်စောစောတွင် ရှန်းထင်ရွှမ်းက အိပ်ရာထလိုက်ပြီး အသီးများခူးရန် လုပ်လိုက်သည်။ သို့သော် ရင်ရင်က အသီးများ ခူးပြီးနေသည်ကို တွေ့ရှိသွားသောကြောင့် သူမက တောင်ခြေသို့ နောက်တွဲယာဉ်လေးကို မောင်းသွားလိုက်သည်။
ရှန်းထင်ရွှမ်းက လှည့်ပတ်ကြည့်လိုက်သော်လည်း ရင်ရင်၏ အရိပ်အယောင်ကို မမြင်ခဲ့ပေ။ သူမက သူမဖုန်းကို ထုတ်လိုက်သည်။ မနေ့က သူမ ပြန်ရောက်လာသောအခါ သူမက WeChat တွင် KK ဆီသို့ စာတစ်စောင် ချန်ခဲ့သည်။ ပရိသတ်တစ်ယောက်က ကွန်ပျူတာ ကျွမ်းပေသည်။ KKက စာပြန်ပို့ထားပြီဖြစ်သည်။ [နတ်သမီးရေ၊ ငါ အချိန်တိုင်း အားပါတယ်။]
သူတို့နှစ်ယောက်က သီးသန့် စားသောက်ဆိုင်တစ်ခုတွင် တွေ့ဆုံခဲ့သည်။ ဤသည်က ရှန်းထင်ရွှမ်းသည် KK ကို မြင်ဖူးသည်က ပထမဆုံးအကြိမ်ဖြစ်သည်။ “ကျွန်မ တကယ်ပဲ တောင်းပန်ပါတယ်၊ ရှင့်ကို ဒုက္ခပေးရတော့မှာပဲ “
KKက တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရှန်းထင်ရွှမ်းကို အကြိမ်ပေါင်းများစွာ ကြည့်ရှုဖူးခဲ့သော်လည်း ဤကြီးမားသည့် ကောင်လေးက တကယ့်လူအစစ်ကို မြင်ပြီးနောက် မရှက်ရွံ့ဘဲ မနေနိုင်ခဲ့ချေ။ “မင်း၊ မင်းက အရမ်းအားနာလွန်းနေတာပဲ “
သူ့နတ်သမီးက သူ့ကို မည်သည့်အရာကိုမဆို လုပ်ခိုင်းနိုင်သည်ဟု တွေးနေခဲ့သည်။
ရှန်းထင်ရွှမ်းက ယုံကြည်စိတ်ချရလောက်သည်ကို အတည်ပြုပြီးနောက် ချင်ယွဲ့ကျီထံမှ သတင်းများပါသည့် စာရွက်ကို ထုတ်ယူလိုက်သည်။ “ဒါကို အရင်ဆုံး ကြည့်ကြည့် “
KK က စာရွက်စာတမ်းကို မြင်သောအခါ သူ့မျက်လုံးများက အံ့အားသင့်သွားခဲ့ပြီး သူက တဖန် ပြန်ကြည့်လိုက်သောအခါ ထိတ်လန့်သွားခဲ့သည်။ ထို့နောက် သူက ဒေါသထွက်လာခဲ့သည်။
“ဒါက ရှန်းမိသားစုက ဘာလို့ ဒီလောက်တောင် လွန်နေရတာလဲ “
မူလက KKသည် ရှန်းထင်ရွှမ်းက သူ့ကို သတင်းတချို့ စစ်ဆေးရန် ရှာဖွေခိုင်းမည်ဟု ထင်ခဲ့သည်။ သို့သော် ကြည့်ရတာတော့ ဤအတွက် ဟုတ်ပုံမပေါ်ချေ။ “နတ်သမီး ကျွန်တော် ဘာလုပ်ပေးရမလဲ “
ရှန်းထင်ရွှမ်း။ “ဒီသတင်းတွေ ထုတ်လွှင့်ပေးဖို့ ရှင့်ကို လိုအပ်တယ် “ ရှန်းရွှမ်က hot search ကို ဝယ်ယူရတာ အကြိုက်ဆုံးမဟုတ်လား။ သူမက တူညီသောနည်းလမ်းကို ပြန်လည်အသုံးနိုင်ပေသည်။ ဒါပေါ့ ဒါက သူမ၏ ပထမဆုံးခြေလှမ်းသာ ဖြစ်သည်။
“ကိစ္စမရှိဘူး “ KK က ချက်ချင်း တုံ့ပြန်လိုက်သည်။ သူ့လက်ထဲတွင် များစွာသော စျေးကွက်အကောင့်များ၏ အဆက်အသွယ်သတင်းအချက်အလက် ရှိပေသည်။
ရှန်းထင်ရွှမ်းက ဖုန်းဖွင့်လိုက်သည်။ “နင့်ရဲ့ ဘဏ်အကောင့်ပေး “
KK က ရှန်းထင်ရွှမ်းနှင့်အတူ ရှိနေသောအခါ ရှန်းထင်ရွှမ်းက ဆွဲဆောင်နိုင်သည့် ရောင်ဝါများ ထွက်ပေါ်လာသည်ဟု သူ ခံစားရပေသည်။ သူက အလွန်ယုံကြည်စိတ်ချရသည်။ ထို့ကြောင့် KK က သူ့ဘဏ်ကတ်၏ ပုံကို မသိစိတ်အရ ထုတ်ယူလိုက်ပြီး ၎င်းပေါ်တွင် အကောင့်နံပါတ်ကို ဖတ်လိုက်သည်။
ရှန်းထင်ရွှမ်းက KK ကို နှစ်သန်း တိုက်ရိုက် လွှဲပေးလိုက်သည်။ “ မလောက်ရင် ငါ့ကို ပြောပေးပါ “
KK က ငွေလွှဲတာကို မြင်လိုက်သည်။ “မဟုတ်ဘူး၊ နတ်သမီး၊ ဒါက ... “
သူက ရှန်းထင်ရွှမ်းကို ကူညီချင်ခဲ့တာဖြစ်သည်။ ထို့ကြောင့် သူက သူ့အိတ်ကပ်ထဲမှ စိုက်ထုတ်ပေးရလျှင်တောင် သူလုပ်ပေလိမ့်မည်။ “ဒီလောက်အများကြီး မယူပါဘူး “ သူက တစ်ခါတစ်ရံ စျေးကွက်အကောင့်များကို ကူညီခဲ့သည်။ ထို့ကြောင့် ထိုဘလော့ဂါများက သူ့ကို ပိုက်ဆံအများအပြား ယူလိမ့်မည်မဟုတ်ချေ။
“အဆင်ပြေပါတယ်၊ ဒီကိစ္စက အရမ်းပြဿနာများတယ်၊ မင်း ငါ့ကို ကာကွယ်နိုင်မယ်လို့ မျှော်လင့်တယ်၊ ဒါပေမဲ့ အခု ဒီနှစ်သန်းက အရမ်းနည်းနေပုံရတယ် “
“စိတ်မပူပါနဲ့ ဒါက လုံလောက်နေပါပြီ “
KK ပြန်သွားပြီးနောက် သူက ရှန်းထင်ရွှမ်းပေးခဲ့သည့် သတင်းအချက်အလက်များကို မျိုးတူရာ စုလိုက်သည်။ ထို့နောက် မကြာသေးမီက ရှန်းအုပ်စု၏ ပြဿနာတချို့ကို သွားရှာလိုက်သည်။
…
အခန်း (၅၉) (ခ)
ချင်ယွဲ့ကျီက သူ့ကုမ္ပဏီသို့ ပြန်လာပြီးနောက် သူက သူ့လက်အောက်မှလူများအတွက် စတင်ရန် စီစဉ်လိုက်သည်။
တချို့အရာများက ညနောက်ကျမှ အပြီးသတ်ရန် ပိုလွယ်ကူပေသည်။
...
ပရိုဂရမ်အဖွဲ့က အလွန်မြန်ပေသည်။ မြို့တော် B သို့ ပြန်ရောက်သည့် ဒုတိယညတွင် Weibo ၌ အထူးဇာတ်လမ်းအတိုလေးကို တင်လိုက်သည်။
[အတူတကွ ခရီးသွားခြင်း V။ အားလုံးပဲ မင်္ဂလာပါ။ အတူတကွ ခရီးသွားခြင်းရဲ့ ပထမဆုံး season က စတင်ပါတော့မယ်။ အားလုံးပဲ ဘယ်သူ့ကို အများဆုံး စောင့်မျှော်စောင့်စားနေကြလဲ။ @ချင်ယွဲ့ကျီ @လျိုကျင်း @ပိုင်ဟောက် @ရှန်းရွှမ် @ကန်းချန်းယွင် @အပင်စိုက်တဲ့ အားရွှမ်း (ဗီဒီယို)]
ဗီဒီယိုက အလွန်တိုပေသည်။ တစ်မိနစ်ကျော်လေးသာ ရှိပြီး ပထမ သုံးစက္ကန့်က အဖွင့်ဖြစ်သည်။ ထို့နောက် ဧည့်သည်ခြောက်ယောက် ပထမဆုံးအကြိမ်တွေ့ဆုံသည့် အခန်းဖြစ်သည်။ လူတစ်ယောက်စီအတွက် နှစ်စက္ကန့်ကြာပြီး ၁၂ စက္ကန့် ကုန်သွားခဲ့သည်။
ဧည့်သည်တစ်ယောက်စီ မြားပစ်သည့်အခန်းက သုံးစက္ကန့်ကြာပေသည်။ အစားအစာများ ချက်ပြုတ်ပြီးနောက် အတူတကွ လှေစီးခြင်းကို သုံးစက္ကန့်ပေါင်းထည့်လိုက်သည်။ နောက်ဆုံးတွင် အတူတကွခရီးသွားခြင်း၏ LOGO ဖြစ်သည်။
[ဝိုး အစ်ကိုကျီပဲ။]
[ပြီးတော့ လျိုကျင်းရော၊ ငါတော့ “အဖြေ” ရုပ်ရှင်ကားကို ထပ်တွေးမိတယ်။]
[အို့ ငါတော့ ဒီမိနစ်ကို ကြည့်ဖို့ အရမ်းစိတ်လှုပ်ရှားနေပြီ။]
[!!! မြားပစ်တယ်၊ ဟင်းချက်တယ်၊ ငါ လုပ်နိုင်တယ်။]
အောက်ရှိ လူများစွာက ချင်ယွဲ့ကျီ၏ ပရိသတ်များဖြစ်ကြပြီး ပိုင်ဟောက်၏ ပရိသတ်များကလည်း အမီလိုက်လာကြသည်။
ခဏကြာပြီးနောက် ရှန်းရွှမ်နှင့် ကန်းချန်းယွင်၏ ပရိသတ်များကလည်း ရောက်လာကြသည်။
hot search အတွက် စောင့်နေကြတုန်း သို့မဟုတ် super topic ပေါ်တွင် ရှန်းထင်ရွှမ်း၏ ပရိသတ်များက သူတို့၏ အိုင်ဒေါက တကယ်ပဲ ရသစုံလင်ရှိုးတစ်ခုတွင် ပါဝင်နေသည်ကို ရှာဖွေတွေ့ရှိသွားခဲ့ကြသည်။
သူတို့က ချက်ချင်းပင် စတင် forward လုပ်လိုက်ကြသည်။ ဗီဒီယိုအတိုလေးထဲတွင် ရှန်းထင်ရွှမ်းက အလွန်လှပနေဆဲ ဖြစ်သည်။
...
#အတူတကွခရီးသွားခြင်း# ခေါင်းစဉ်က hot search တွင် ရှိလာသောအခါ #အားရွှမ်းခရီးသွားခြင်း# ဟူသည့် နောက်ထပ် hot search ခေါင်းစဉ်တစ်ခုကလည်း လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
[ငါ တကယ်ပဲ နားမလည်တော့ဘူး။ ဒါရိုက်တာ ရှားရှားရဲ့ ရှိုးက ဘယ်လိုလုပ် @အပင်စိုက်တဲ့အားရွှမ်း လို အင်တာနက်ဆယ်လီကို ဖိတ်ရတာလဲ။ သူမရဲ့ ပရိသတ်အရေအတွက်နဲ့ ကျော်ကြားမှုအဆင့်က တခြားဧည့်သည်ခြောက်ယောက်နဲ့ ယှဉ်နိုင်လို့လား။ ပြီးတော့ ငါ အဖြေမရှာနိုင်တာက ရှင်းယွမ်ရှန်က အရမ်းကို မပြုမပြင်ဘဲ ပျက်စီးယိုယွင်းနေတာလေ၊ ငါ မင်းတို့ကို မနှစ်ကပုံတွေ ပြမယ်၊ ဒါပေမဲ့ ပရိုဂရမ်အဖွဲ့က ထုတ်လွှင့်လိုက်တဲ့ ဗီဒီယိုအတိုမှာတော့ ရှင်းယွမ်ရှန်က အရမ်းလှနေတယ်။ အဲ့ဒါက အရမ်းအတုအယောင်ဆန်လွန်းတယ်။ (ပုံ)]
ဤ Weibo ပို့စ်ကို လူများစွာက ပြန်တင်ခဲ့ကြသည်။
[ဒီလောက်အချိန်တိုလေးအတွင်း တောင်တစ်ခုလုံးကို ပြောင်းလဲပစ်ဖို့ဆိုတာ တကယ့်ကို မဖြစ်နိုင်ဘူး။]
[ဒါက အင်တာနက်ဆယ်လီတစ်ယောက်ပါပဲ။ သူက သေချာပေါက် ပွဲဦးထွက်ချင်နေတာ။]
[လှနေတာကလွဲလို့ လူတိုင်းရဲ့ ချီးကျူးမှုနဲ့ တကယ်ပဲ မထိုက်တန်ဘူးလို့ ငါ တွေးမိတယ်။]
[သူမက သူမကိုယ်တိုင် လယ်စိုက်တာကို ဂုဏ်ယူနေတာ။ ဒါပေမဲ့ လူတိုင်းက သူမအသားအရေ အရမ်းကောင်းကို မြင်နိုင်တယ်။ သူမက လယ်သမားတစ်ယောက်မဖြစ်နိုင်ဘူး။]
[င့ါဦးလေးက သူ့တစ်ဘဝလုံး လယ်စိုက်လာခဲ့တာ၊ သူ့အသားအရေနဲ့ လက်တွေက သေချာပေါက် ဒီလို မဟုတ်တာ ငါသိတယ်။]
[ပရိသတ်တွေကို အရူးမလုပ်နဲ့။ အားရွှမ်းက အနုပညာနယ်ပယ်ထဲကို ဝင်ချင်ရုံသက်သက်ပဲ။]
[အင်တာနက်ဆယ်လီတွေက ရသစုံလင်ရှိုးတွေမှာ ပါနိုင်တယ်။ အခု ရသစုံလင်ရှိုးတွေရဲ့ လိုအပ်ချက်က အရမ်းနိမ့်နေပြီလား။]
[အားရွှမ်းရဲ့ နောက်ခံက အရမ်းသန်မာတယ်လို့ ငါပြောနိုင်တယ်။]
...
ရှန်းထင်ရွမ်းကို ဝေဖန်သည့်သူ အများအပြားရှိနေခဲ့သည်။
ခဏကြာပြီးနောက် ရှန်းထင်ရွှမ်းက ဤရသစုံလင်ရှိုးတွင် မည်သို့ပါဝင်လာနိုင်သည့်အကြောင်းကို လူတိုင်းက ဆွေးနွေးနေကြသည်။
နောက်ဆုံးအခေါက်က ရှန်းထင်ရွှမ်းက ထောက်ပံ့ခံရသည် ဟူသည့် ကောလာဟလများကို အင်တာနက်အသုံးပြုသူများက တဖန် ထုတ်ဖော်လာကြသည်။ သူတို့က သူမကို ထောက်ပံ့နေသည့်လူအကြောင်းကိုတောင် ဆွေးနွေးနေကြသေးသည်။
ရှန်းထင်ရွှမ်း၏ ပရိသတ်များက ဤအချိန်တွင် လျင်မြန်စွာ တုံ့ပြန်လာကြသည်။
...
Weibo က သတိပေးချက် မြည်လာသောအခါ KK က ရှန်းအုပ်စုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရှာဖွေနေဆဲဖြစ်သည်။
ဤသံကို သူ ထည့်ထားခြင်းဖြစ်သည်။ ရှန်းထင်ရွှမ်း hot search သို့ ရောက်သွားသည့်အချိန်တိုင်း ၎င်းက သတိပေးချက်မြည်လာလိမ့်မည်။
သူက Weibo ကို ဖွင့်လိုက်ရာ သူ့နတ်သမီးက hot search ပေါ်သို့ တဖန်ရောက်နေကြောင်း သိရှိသွားခဲ့သည်။
ပရိသတ်များကို သတိပေးရန် screenshot များ ရိုက်လိုက်ရင်း သူက စျေးကွက်အကောင့်များကို ဆက်သွယ်ရန် စတင်လိုက်သည်။ ပရိသတ်များက ကောလာဟလများကို ရှင်းလင်းရန် Weibo ပေါ်တွင် ရှန်းထင်ရွှမ်းအပင်စိုက်နေသည့် ဗီဒီယိုများကို တင်လိုက်ကြသည်။
အငယ်အနှောင်းဖြစ်နေသည်ဟူသည့် ကောလာဟလများအတွက်မူ ပိုလို့တောင်မဖြစ်နိုင်ပေ။ လှပသည့်မိန်းကလေးတိုင်းကို ထောက်ပံ့နေသည်က ဖြစ်နိုင်ပါ့မလား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
KK က ချိတ်ဆက်ထားသည့် စျေးကွက်အကောင့်များတွင် ပို့စ်များကို စတင်တင်လိုက်သည်။
နောက်ပြီး KK ကိုယ်တိုင် သူ့ IP ကို ဝှက်လိုက်ပြီး ဖိုရမ်တစ်ခု ဖွင့်လိုက်ကာ လက်နှစ်ဖက်လုံးဖြင့် ကီးဘုတ်ပေါ်တွင် နှိပ်လိုက်သည်။
[ရှန်းရွှမ်နဲ့ ပတ်သက်တဲ့အမှန်တရား။ ရှန်းထင်ရွှမ်းနဲ့ ရှန်းမိသားစု။]
[မူလ(ပိုင်ရှင်)။ ရှန်းရွှမ် ဘယ်သူလဲဆိုတာ ရှင်းပြဖို့ မလိုလောက်ပါဘူးနော်။ ရှန်းထင်ရွှမ်းကိုတော့ မင်းတို့ နည်းနည်း မရင်းနှီးတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါ ပြောတာက အပင်စိုက်တဲ့အားရွှမ်းဆိုရင် မင်းတို့ အနည်းနဲ့အများတော့ ကြားဖူးကြမှာပါ။ ဒီလူနှစ်ယောက်ကို ရှင်းပြပြီးတော့ အဓိခေါင်းစဉ်ကို စပြောရအောင်။
မင်းတို့ မှတ်မိကြသေးလားမသိဘူး။ ရှန်းထင်ရွှမ်းက အိမ်မှားအခေါ်ခံသွားရတဲ့ ရှန်းမိသားစုရဲ့ ကလေးလို့ ပြောခဲ့တဲ့ သတင်းကို လွန်ခဲ့တဲ့နှစ်ဝက်လောက်က ဖိုရမ်မှာ တင်ခဲ့တာ မှတ်မိသေးတယ်။ ဒါပေမဲ့ အချိန်အတော်ကြာပြီးတော့ ရှန်းရွှမ်က ရှန်းမိသားစုရဲ့ ကလေးမဟုတ်ဘူးလို့ လူတိုင်းက တွေးခဲ့ကြတယ်။ ဒီနေ့ host က တကယ့်ကို မယုံကြည်နိုင်လောက်စရာ သတင်းတွေ ကြားခဲ့တယ်။ အများကြီး မပြောတော့ဘူး။ ပုံတွေသာ ကြည့်လိုက်ကြတော့။ (ပုံ) (ပုံ) (ပုံ) ... ]
ဤပို့စ်တွင် ပုံပေါင်း ဒါဇင်ချီကာ ရှိနေပြီး ရှန်းထျန်းသဲ၏ အပြောင်းအရွှေ့နှင့် အိမ်ဝယ်ယူမှုမှတ်တမ်းများ၊ ရှန်းထျန်းသဲ၊ ရှန်းရွှမ်နှင့် ရှန်းထင်ရွှမ်း၏ ဖခင်ဖြစ်ကြောင်း ဆေးစစ်ချက်စာရွက်စာတမ်းများ ပါဝင်ပေသည်။ လူတစ်ဦးတစ်ယောက်ချင်းစီက ကြီးမားသည့် သတင်းအချက်အလက်ကြီးကို မြင်နိုင်ပေသည်။
[မှတ်ချက်၁။ ငါ အတင်းတုပ်ဖို့ ရောက်နေပြီ။]
[မှတ်ချက်၂။ ချီးပဲ။ ရှန်းရွှမ်လား။]
[မှတ်ချက်၃။ Hot post ပဲ။ ငါ ရှေ့တန်းမှာ သီးသန့်နေရာဦးထားတယ်။]
[မှတ်ချက်၄။ အပင်စိုက်တဲ့အားရွှမ်းက ရှန်းမိသားစုကလား။]
[မှတ်ချက်၅။ ဒီပို့စ်ကို ငါ မှတ်မိသေးတယ်။ အဲ့ဒါကို ဖျက်လိုက်တဲ့အချိန်တုန်းက ရှန်းရွှမ်ရဲ့ ပရိသတ်တွေက ထွက်လာပြီး သူတို့မိသားစုက ရွှမ်ရွှမ်နဲ့ မပတ်သက်ဘူးလို့ လူတိုင်းကို ပြောခဲ့တာ။]
[မှတ်ချက်၆ (ပို့စ်ပိုင်ရှင်)။ မင်းတို့ နားမလည်ဘူးဆိုရင် ငါ ရှင်းပြမယ်။ အတိုချုံးပြောရရင် ရှန်းထျန်းသဲက ကျန်းဖန့်ဟုန်နဲ့ အတူတူရှိနေတဲ့အချိန်တည်းက အခု လက်ရှိ သူ့ဇနီး ကျန့်ရှန်းမိန်နဲ့ ဖောက်ပြန်နေခဲ့တာ။ ငါ ဒါကို သက်သေပြရရင် မူရင်းပို့စ်ရဲ့ ပုံ ၁ မှာ ကြည့်လိုက်။ ကျန့်ရှန်းမိန်အတွက် ရှန်းထျန်းသဲရဲ့ ဝယ်ယူမှုမှတ်တမ်းက ၁၉၉၇၊ မတ်လ ဖြစ်နေတာ။ အဲ့ဒီအချိန်တုန်း ကျန်းဖန့်ဟုန်က သက်ရှိထင်ရှားရှိသေးတယ်လေ။]
[မှတ်ချက်၇။ ကျေးဇူးပြုပြီး ဒီထက်မြန်မြန်လေး စာရိုက်ပေးပါ။]
[မှတ်ချက်၈။ ကြီးမားတဲ့ အတင်းအဖျင်းတွေ ဖြစ်နေပါလား။]
...
[မှတ်ချက်၁၈(ပို့စ်ပိုင်ရှင်)။ ကျန်းဖန့်ဟုန်နဲ့ ကျန့်ရှန်းမိန်က ၁၉၉၈ မှာ တစ်ယောက်ပြီးတစ်ယောက် ကိုယ်ဝန်ရှိလာခဲ့ကြတာ။ ပုံ ၂ မှာ ပြထားတယ်။ အဲ့ဒါက သက်သေအဖြစ် ဆေးစစ်ချက်စာရင်းတွေ။]
[မှတ်ချက်၁၉။ ပို့စ်ပိုင်ရှင်က ဒါတွေကို ဘယ်လိုလုပ်ရှာတွေ့ခဲ့တာလဲ။ ငါက တကယ်ပဲ လေးစားနေပြီ။]
[မှတ်ချက်၂၀။ ပို့စ်ပိုင်ရှင်ကို ဒူးထောက်ပါတယ်။]
[မှတ်ချက်၂၁။ ငါ ခုပဲ ဆေးရုံနှစ်ခုကို စစ်ဆေးခဲ့တာ။ ၁၉၉၈ က ဆေးစစ်ထားတဲ့ စာရင်းက တကယ့်ကို ပို့စ်ပိုင်ရှင် ပေးထားတဲ့ဟာပဲ။]
...
[မှတ်ချက်၃၇(ပို့စ်ပိုင်ရှင်)။ ၁၉၉၇ ဧပြီလမှာ ကျန်းဖန့်ဟုန်က အရင်ဆုံးမွေးခဲ့တာ။ ဒါပေမဲ့ dystocia ရောဂါကြောင့် သေသွားခဲ့တာ။ သူမက မိန်းကလေးတစ်ယောက် မွေးခဲ့တာ။ ပုံ ၂မှာ ကြည့်ကြည့်ကြ။]
[မှတ်ချက်၃၈။ ချမ်းသာတဲ့မိသားစုရဲ့ မကောင်းသတင်းတွေလား။]
[မှတ်ချက်၃၉။ တစ်ချက် ကြည့်ကြည့်။ ငါ ပို့စ်ကို ထပ်ဖတ်နေတာ။ အဲ့ဒါက အရမ်းရှုပ်ထွေးတယ်။ ငါ အကြာကြီးကြာနေတာတောင် နားမလည်နိုင်သေးဘူး။ ဘာမှမရှိတဲ့ စာအုပ်ကို ဖတ်နေရသလိုပဲ။]
...
[မှတ်ချက်၁၀၉ (ပို့စ်ပိုင်ရှင်)။ ဒါပေမဲ့ ကလေးမလေးက ရှန်းအိမ်ကို ပြန်မရောက်ခဲ့ဘူး။ ကလေးမလေးက ကျန်းဖန့်ဟုန်သေပြီး မကြာခင် ပျောက်သွားတယ်လို့ ပြောခဲ့တယ်။ တစ်နှစ်တည်းမှာပဲ အောက်တိုဘာလမှာ ကျန့်ရှန်းမိန်က မိန်းကလေးတစ်ယောက် မွေးခဲ့တယ်။ နောက်ကျ ဒီဇင်ဘာမှာ ရှန်းထျန်းသဲနဲ့ လက်ထပ်ခဲ့တာ။ ပုံ ၃နဲ့ ၄ကို ကြည့်ပါ။]
[မှတ်ချက်၁၁၀။ ချီးပဲ။ ဒါဆို ရှန်းရွှမ်က ကျန့်ရှန်းမိန်ရဲ့ သမီးပေါ့။]
[မှတ်ချက် ၁၁၁။ ငါ အဲ့ဒီအချိန်တုန်းက သတင်းကို မှတ်မိသေးတယ်။ မူလအိမ်ထောင်ဖက် သေပြီးမကြာသေးဘူး ရှန်းထျန်းသဲက ဇနီးအသစ်ကို လက်ထပ်လိုက်တယ်လို့ ငါ့မိဘတွေ ပြောခဲ့တာ။]
[မှတ်ချက် ၂၈၉ (ပို့စ်ပိုင်ရှင်)။ နှစ်ယောက်သားက လက်ထပ်ပြီးတော့ ၂၀၀၂ ဇန်နဝါရီလမှာ ရှန်းရွှမ်လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ကို မွေးစားခဲ့ကြတယ်။ ရှန်းထျန်းသဲရဲ့ မူလကလေးနေရာကို ယူတာကနေ ကာကွယ်ဖို့ ကျန့်ရှန်းမိန်က သူမဘဝမှာ ကလေးယူမှာ မဟုတ်ဘူးလို့ ပြောခဲ့တာ။ သူတို့က ရှန်းရွှမ်ကို ကြီးပြင်းလာသည်အထိ အတူတကွ မြှင့်တင်ပေးခဲ့ကြတာ။ ပုံ ၅ ကိုကြည့်ကြပါ။ သတင်းမီဒီယာတွေက အဲ့ဒီအချိန်တုန်းက တင်ခဲ့ကြတယ်။]
[မှတ်ချက် ၂၉၀။ ငါ ခုပဲ သွားကြည့်လာတာ။ ဒီသတင်းက ခုထိရှိနေတုန်းပဲ။]
[မှတ်ချက် ၂၉၁။ အဲ့ဒီကလေးမလေးက အဲ့လောက် အလွယ်တကူ ပျောက်ဆုံးမသွားသင့်ဘူးလို့ ငါ ဘာလို့ထင်နေရတာလဲ။]
[မှတ်ချက် ၂၉၂။ မဟုတ်ဘူး။ ရှန်းထျန်းသဲနဲ့ ရှန်းရွှမ်ရဲ့ သားအဖ စစ်ဆေးမှုပုံကြောင့် ငါ နည်းနည်း ကျောချမ်းသလို ခံစားလိုက်ရတယ်။]
...
[မှတ်ချက်၅၆၇(ပို့စ်ပိုင်ရှင်)။ တစ်နှစ်တည်းမှာပဲ ဧပြီလမှာ ရှန်းထျန်းသဲက ဆေးရုံကို သွားပြီး သားအဖစစ်ဆေးမှုကို လုပ်ခဲ့တယ်။ ရှန်းရွှမ်နဲ့ ရှန်းထျန်းသဲက သားအဖဖြစ်ကြောင့် ပြနေခဲ့တယ်။ ပုံ ၆ ကို ကြည့်ပါ။]
[မှတ်ချက်၅၅၈။ ဒါတွေအကုန်လုံးက လျှို့ဝှက်ပူးပေါင်းကြံစည်မှုလို့ ပြောနိုင်လား။]
[မှတ်ချက်၅၆၉။ ဒါတွေက အကုန်လုံးက အရင်မျိုးဆက်တွေ လုပ်ခဲ့တာတွေပဲ။ ရှန်းရွှမ်နဲ့ ဘာပတ်သက်လို့လဲ။ နင်က ငါတို့မိသားစုက ရွှမ်ရွှမ်ကို ဖျက်ဆီးချင်နေတာလား။]
[မှတ်ချက်၅၇၀။ ကောလာဟလတွေ ပျံ့နှံ့နေတာက ပါးစပ်တစ်ပေါက်ထဲပေါ် မူတည်နေတာ။ နင် ပြီးအောင် စလုပ်လိုက်ဦး။]
[မှတ်ချက်၅၇၁။ ဦးနှောက်သေနေတဲ့ ပရိသတ်ကို လွှတ်လိုက်ပြီ။ နင်တို့ မိသားစုက ရှန်းရွှမ်လည်း အကုန်လုံးတော့ အပြစ်မကင်းပါဘူး။]
...
[မှတ်ချက် ၁၀၇၈ (ပို့စ်ပိုင်ရှင်)။ တစ်ချိန်တည်းမှာပဲ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ဆေးစစ်ချက်တစ်ခုလည်း ရှိခဲ့တယယ်။ ကျန့်ရှန်းမိန်က ၁၉၉၉ နှစ်ကုန်မှာ ဆေးစစ်ချက်တစ်ခုအတွက် ဆေးရုံကို သွားခဲ့တယ်။ ပြီးတော့ သူမက မြုံနေတယ်ဆိုတာ ရှာတွေ့ခဲ့တယ်။]
[မှတ်ချက်၁၀၇၉။ ?? ဒါဆို ဒါက ရှန်းထျန်းသဲကို ကလေးရှိတာ မကောင်းတဲ့ခံစားချက်တွေ ဖြစ်သွားစေတာလား။]
[မှတ်ချက် ၁၀၈၀။ ဒီမိန်းမက အရမ်းအကြံများတာပဲ။]
...
[မှတ်ချက် ၁၂၅၃ (ပို့စ်ပိုင်ရှင်)။ ၁၇နှစ်ကြာပြီးတဲ့နောက်မှာ တနည်းပြောရရင် တရားဝင်သမီး အသက် ဆယ့်ရှစ်နှစ်ပြည့်တဲ့အချိန်ပေါ့။ ၂၀၁၇ ခုနစ်မှာ ရွာတစ်ရွာမှာ ကျန်းဖန့်ဟုန်နဲ့ တူတဲ့ ရှန်းထင်ရွှမ်းဆိုတဲ့ မိန်းကလေးကို သူငယ်ချင်းတစ်ယောက်က ရှာတွေ့ခဲ့လို့ သူမက ပုံတစ်ပုံရိုက်ပြီး ရှန်းထျန်းသဲဆီ ပို့ခဲ့တယ်။ ရှန်းထျန်းသဲက တစ်ယောက်ယောက်ကို စစ်ဆေးခိုင်းပြီး နည်းလမ်းအတိုင်း သားအဖဆေးစစ်ချက်ကို ထပ်လုပ်ခဲ့တယ်။ ဆေးစစ်ချက်မှာ သူတို့နှစ်ယောက် သားအဖဖြစ်တယ်ဆိုတာ ရှာတွေ့ခဲ့တယ်။ ပုံ ၈ မှာ ပြထားတာက သူငယ်ချင်း ရိုက်ပို့ပေးလိုက်တဲ့ ပုံပါ။ သားအဖစစ်ဆေးမှုက ပုံ ၉ မှာ ကြည့်ပါ။]
[မှတ်ချက် ၁၂၅၇။ ပုံကိုကြည့်ပြီး ငါ ဒေါသထွက်နေပြီ။]
[မှတ်ချက် ၁၂၅၈။ ပြန်ပေးဆွဲခံရတဲ့ ကလေးတွေက ဖြူစင်တယ်။ ပုံ]
[မှတ်ချက် ၁၂၅၉။ အိုး ဘုရားရေ။ သူမဘဝက အရမ်းကောင်းမွန်နိုင်ပေမဲ့ ရွာမှာ ဆယ့်ရှစ်နှစ်လောက် နေခဲ့ရတယ်။]
...
[မှတ်ချက် ၂၁၅၇(ပို့စ်ပိုင်ရှင်)။ ဒါပေမဲ့ ရှန်းထင်ရွှမ်းက ရှန်းအိမ်ကို ပြန်ရောက်တော့ ခက်ခဲတဲ့အချိန်တစ်ခု ရှိခဲ့တယ်။ သူမရဲ့ အမေဘက်က အဘွားက ရှင်းယွမ်ရှန်ရဲ့ပိုင်ရှင်ဖြစ်တယ်။ သူမက သူမမြေးပြန်လာတာကို မြင်တော့ သူမက ရှန်းထင်ရွှမ်းအတွက် ရှင်းယွမ်ရှန်ကို ချန်ထားခဲ့တယ်။ ဒါပေမဲ့ ရှန်းရွှမ်က သူမတောင်ကို ယူသွားတာ မကျေနပ်ခဲ့ဘူးလေ။ အဲ့ဒါကြောင့် သူမက တောင်ပေါ်က သစ်ပင်တွေကို ခုတ်ချပစ်ဖို့ တစ်ယောက်ယောက်ကို လုပ်ခိုင်းခဲ့တာ။ ဟုတ်တယ်။ မင်းတို့ ရှင်းယွမ်ရှန်ရဲ့မနှစ်က အခြေအနေကို Weibo မှာ ကြည့်လို့ရတယ်။ ပုံက ရှန်းရွှမ်ခုတ်ချထားခဲ့တာမလို့ ကျတ်တီးမြေလိုမျိုး ဖြစ်နေတာ။ သစ်ပင်ခုတ်တဲ့အပိုင်းတွေကို ပုံ ၁၀ ကနေ ၁၅ မှာ ပြထားတယ်။ ပုံတွေမှာ ရှန်းရွှမ်ငှားထားတဲ့ လူတွေက ရွှေ့ပြောင်းပြီး ခုတ်ဖြတ်ထားတဲ့ သစ်ပင်တွေကို ရောင်းချနေကြတာကို ပြထားတယ်။]
[မှတ်ချက်၂၁၅၈။ ချီးပဲ။ သူမက အကျိုးအမြတ်တွေ အများကြီး ရပြီးနေပြီပဲ။ ဒါပေမဲ့ တောင်တစ်လုံးကိုတောင် ခွင့်မပြုနိုင်ဘူးလား။]
[မှတ်ချက်၂၁၅၉။ အထပ်တွေအများကြီး ဆောက်ထားတဲ့ ရှန်းရွှမ်ရဲ့ ပရိသတ်တွေ ဘယ်ရောက်နေကြလဲ။ မြန်မြန်ထွက်လာခဲ့ကြစမ်းပါ။ နင်တို့သခင်က ဖြူစင်ရဲ့လား။]
[မှတ်ချက်၂၁၆၀။ အနုပညာနယ်ပယ်က လူတွေက တကယ့််ကို မယုံကြည်နိုင်လောက်စရာပဲ။ ဒါက ရွံဖို့ကောင်းတယ်။]
[မှတ်ချက် ၂၁၆၁။ ပို့စ်တင်သူရဲ့ ပုံတွေက photoshop တစ်ခု ဖြစ်နိုင်တယ်။]
...
[မှတ်ချက်၄၅၈၇(ပို့စ်ပိုင်ရှင်)။ ကျန့်ရှန်းမိန်နဲ့ ရှန်းရွှမ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုအောက်မှာ ရှန်းထင်ရွှမ်းက ရှန်းအိမ်ကနေ မနှစ်က ဇူလိုင်လမှာ မောင်းထုတ်ခံခဲ့ရတယ်။ ရှန်းထျန်းသဲက ရှန်းထင်ရွှမ်းရဲ့ ငွေကြေးကတ်တွေအကုန်လုံးကို ပိတ်ခဲ့တယ်။ ပထမဆုံး ရှန်းထင်ရွှမ်းက အသီးတွေရောင်းဖို့ ပိုင်လျန့်စူပါမားကတ်ကို ရှာခဲ့တယ်။ ဒါပေမဲ့ ရှန်းထျန်းသဲကြောင့် အဲ့ဒီစာချုပ်က ပျက်သွားခဲ့တယ်။ ဖေးမိသားစု စူပါမားကတ်နဲ့ ရှန်းထင်ရွှမ်းက ပူးပေါင်းခဲ့တယ်။ အဲ့ဒါက ရှန်းထင်ရွှမ်းကို အသက်ဆက်နိုင်စေခဲ့တယ်။ အသေးစိတ်ကို ပုံ ၁၆ မှာ ကြည့်ပါ။]
[မှတ်ချက် ၄၅၈၈။ ဒီအဓိပ္ပာယ်က သူတို့က သူမကို သတ်ချင်နေတာပဲ။]
[မှတ်ချက်၄၅၈၉။ ဒီမယားငယ်မက အရမ်းရွံဖို့ကောင်းတာပဲ။ ပထမကတော့ ရှန်းရွှမ်က အပြစ်ကင်းစင်တယ်လို့ ငါထင်နေခဲ့တာ။ ငါ ဒါကို မြင်ပြီးတော့ အရမ်းရွံသလိုခံစားလိုက်ရတယ်။ ရှန်းရွှမ်က သူမတစ်ဘဝလုံး မည်းမှောင်နေတာပဲ။]
[မှတ်ချက်၁၀၀၅၇ (ပို့စ်ပိုင်ရှင်)။ ရှန်းထင်ရွှမ်းနဲ့ ဖူလဲ့ထျန်းက တွဲနေကြတာ။ ဒါ့ကြောင့် သူမက ဖူလဲ့ထျန်းနဲ့ ဆက်ဆံရေးကို အသုံးချပြီး ရှန်းထင်ရွှမ်းကို အကြိမ်ပေါင်းများစွာ သိက္ခာကျအောင် လုပ်ခဲ့တာ။ ရှန်းထင်ရွှမ်းနဲ့ ပတ်သက်တဲ့ အရင် Weibo ပို့စ်တွေကလည်း ဖူလဲ့ထျန်း စီစဉ်ခဲ့တာတွေ။ ပုံ ၂၁ ကနေ ၂၅ ကို ကြည့်ပါ။]
[မှတ်ချက် ၁၀၀၅၈။ ငါတို့ fandom က ပျက်သွားပါပြီ။ ငါ တောင်းပန်ပါတယ်။ ငါ ငိုမိတယ်။ ရှန်းရွှမ်က ဒီလိုလူတစ်ယောက်ဖြစ်မယ်လို့ ငါ မထင်ထားခဲ့ဘူး။]
-----
စာရေးသူမှာ ပြောစရာရှိနေပါတယ်။
_(:3」2)
ရှန်းရွှမ်ရဲ့ ဇာတ်ကောင်က မနက်ဖြန်လောက်ကျ ပျောက်ကွယ်သွားတာ ဖြစ်နိုင်တယ် မဟုတ်လား။
…
အခန်း (၆၀)
ပို့စ်က ပိုပိုလူသိများလာသောအခါ ဆက်စပ်အကြောင်းအရာများကို ဝေ့ပေါ်က ထုတ်ဖော်လာသည်။
ဖိုရမ်ပို့စ်ကို ဝေ့ပေါ်တွင် ပြန်တင်ပြီးနောက် အင်တာနက်သုံးသူများက ပြောလာသည်။
[ဆောရီး၊ ငါအခုပဲ ဒါကို စစ်ဆေးလိုက်တာ။ လက်ရှိ Hot Search က ဖူလဲ့ထျန်း ရေးထားတာပဲ]
မှန်၏။ ရှန်းထင်ရွှမ်း၏ ရှင်းယွမ်ရှန်အခြေအနေအတု ခေါင်းစီးကို ဖူလဲ့ထျန်းက ပြုလုပ်ခဲ့ခြင်း ဖြစ်ပေသည်။
#ရှန်းရွှမ်က ဖျော်ဖြေရေးကဏ္ဍမှ ထွက်ခွာ# #ဖူလဲ့ထျန်းအလကားလူ# #ရှန်းမိသားစုဇာတ်လမ်း# စသဖြင့် တစ်ယောက်ပြီးတစ်ယောက် ရှာဖွေကာ Hot Search ဖြစ်လာသည်။
အစပိုင်းတွင် ဖူလဲ့ထျန်းက ရှန်းထင်ရွှမ်းက ဝေ့ပေါ်တွင် ဆူဆဲခံနေရသည်ကို ပျော်ရွှင်စွာ စောင့်ကြည့်နေ၏။ သို့သော် appကို ပွတ်ဆွဲလိုက်ပြီးနောက် သူက Hot Search တစ်ခုပေါ် ရောက်နေသည်ကို ရှာတွေ့လိုက်ရသည္။
စာသားကို ကြည့်ပြီးနောက် သူက ကုမ္ပဏီ၏ လူထုဆက်ဆံရေးဌာနကို ဝေ့ပေါ်တွင် လုပ်ဆောင်ရန် လျင်မြန်စွာ မေးလိုက်သည်။
ရှန်းရွှမ်၏ဖန်များက လူထုဆက်ဆံရေးဌာနသို့ တစ်ယောက်ပြီးတစ်ယောက် ဆက်သွယ်တော့သည်။
…
Hot Search ကို မြင်ပြီးနောက် ချင်ယွဲ့ကျီက သူ့ညာဘက်ဖြင့် စားပွဲခုံပေါ်တွင် စည်းချက်ကျကျ ခေါက်နေမိသည်။ “ဝေ့ပေါ်မှာ လှုပ်ရှားဖို့ အသင့်ပြင်ထားလိုက်”
…
အစိုးရဘက်မှ တရားဝင်ဝေ့ပေါ်ပို့စ် တက်လာချိန်သောအခါ Hot Search က မကျသွားတော့ပေ။
[မြို့တော်ဘီလုံခြုံရေး : မြို့သူမြို့သားတစ်ယောက်ရဲ့ တင်ပြချက်အရ လက်ရှိမှာ ၁၉၉၉ခုနှစ် ဧပြီမှာ အမျိုးသမီးရဲ့ သေဆုံးမှုက ကလေးမွေးရင်းနဲ့ သေဆုံးတာ မဟုတ်ဘဲနဲ့ တခြားသူတစ်ယောက်ကြောင့် ဖြစ်တယ်လို့ ရှာတွေ့ပါတယ်။ ငါတို့ဌာနက အဲဒါကို စုံစမ်းစစ်ဆေးဖို့ စတင်တော့မှာ ဖြစ်ပါတယ်]
ဝေ့ပေါ်တွင် ထွက်ပေါ်လာသည်နှင့် အင်တာနက်က ချက်ချင်း ပေါက်ကွဲထွက်သွားတော့သည်။
[အဲဒါက အမျိုးသမီးကျန်း ၁၉၉၉ခုနှစ်ဧပြီ ဆိုတော့ သေချာတယ်။ ဒါက ရှန်းထျန်းသဲရဲ့ အရင်ဇနီး မဟုတ်လား။ ဒါက မွေးရခက်ခဲလို့ မဟုတ်ဘူးလား။ ဒါက လူသ-တ်မှုလား”
[ဒါက သေချာပေါက် ကျိန်းရှန်မေ့ ဖြစ်လုပ်တာပဲ။ ငါ အခု အေးစက်နေသလို ခံစားရတယ်]
[ဒီအမျိုးသမီးက တအားရက်စက်တာပဲ]
[ဖိုရမ်က ပို့စ်တွေကို တစ်ဝက်လောက်ပဲ ယုံရတယ်လို့ ငါ တွေးခဲ့ပေမဲ့ ဒါကတော့ အမှန်လို့ ငါ ခံစားရတယ်]
[ရှန်းရွှမ်ရဲ့ဖန်တွေ ဖြူစင်သလိုလုပ်ဖို့ မကြိုးစားကြနဲ့။ ဒါက အထောက်အထား ခိုင်လုံတယ်]
…
ရဲများတွင် လုံလောက်သော သက်သေများရှိပြီး အမှန်တရားကို လျင်မြန်စွာ စုံစမ်းစစ်ဆေးကြသည်။
ကျန်းဖန်ဟုန် သေဆုံးရသည့်အကြောင်းမှာ ကျိန်းရှန်မေ့က ဆေးရုံမှ နပ်စ်မတစ်ယောက်ကို ဝယ်ယူခဲ့ပြီး ကလေးမလေးကို တောင်ပေါ်သို့ ပို့ခဲ့သောကြောင့် ဖြစ်သည်။
သူမမိခင်၏သူငယ်ချင်းသာ ခြေတစ်လှမ်း နောက်ကျခဲ့ပါက ရှန်းထင်ရွှမ်းက ရွာမှာ လက်ထပ်ပြီးဖြစ်မှာ သေချာသည်။
ကျိန်းရှန်မေ့ကို လူသတ်မှုနှင့် ပြန်ပေးဆွဲတို့ဖြင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်သည်။ ဖမ်းမိသောအချိန်တွင် မြို့တော်ဘီ၏ တရားဝင်အစိုးရအကောင့်မှ ကျိန်းရှန်မေ့ကို မသင်္ကာမှုဖြင့် တစ်ရက်အတွင်း ဖမ်းဆီးလိုက်ကြောင်း နောက်ထပ်ဝေ့ပေါ်ပို့စ်တစ်ခု ထပ်တင်လိုက်သည်။
မီဒီယာသည် ထိုနှစ်မှ ဆရာဝန်ကို အင်တာဗျူးရန် စေလွှတ်ခဲ့ပြီး လူတိုင်းက ဖိုရမ်မှ ပို့စ်သည် အပြည့်အ၀ မှန်ကန်ကြောင်း သိသွားကြသည်။
ရှန်းရွှမ်၏ဖန်များက မည်သည့်ကောမန့်မှ မရေးရဲကြတော့ချေ။
…
ရှန်းထျန်းသဲက ထိုသတင်းကို တွေ့သောအခါ သူက ဘာလှုပ်ရှားမှုမှ မရှိခဲ့ချေ။ သူက ရှန်းထင်ရွှမ်းကို ဆေးရုံတွင် ပျောက်ခဲ့သည်ဟု အမြဲတမ်း တွေးခဲ့တာ ဖြစ်သည်။ ထိုအချိန်တွင် လူတိုင်းက ကျန်းဖန်ဟုန်၏သေဆုံးမှုအတွက် ဝမ်းနည်းနေကြသည်။ သူက ရှန်းထင်ရွှမ်းကို ဂရုမစိုက်နိုင်ဘဲ ကလေးက ပျောက်ဆုံးသွားခဲ့သည်။
သူသည် ကျိန်းရှန်မေ့က ထိုသို့သောလူမျိုးဟု လုံးဝ မထင်ထားခဲ့ချေ။ ပို၍ မထင်ထားမိသည်မှာ ရှန်းထင်ရွှမ်းက ရှန်းရွှမ်အား တခြားသူ၏ပိုင်ဆိုင်မှုကို ခိုးယူမှုဖြင့် တရားစွဲထားခြင်း ဖြစ်သည်။
ဝေ့ပေါ်ပေါ်တွင် တစ်ယောက်ပြီးတစ်ယောက် ရှာဖွေမှုများ မြင့်တက်လာပြီး ရှန်းရွှမ်၏ဖန်များက တခြားသူများကို မဆူရဲတော့ဘဲ ကျိန်းရှန်မေ့နှင့် ရှန်းရွှမ်က တစ်ဦးကိုတစ်ဦး ဘာမှမလုပ်ပေးနိုင်တော့ဘဲ တိတ်တဆိတ်နေရန်သာ တတ်နိုင်တော့သည်။ အမေ၏အမှားတွင် သမီးကို အဘယ်ကြောင့် ကူညီပေးရမည်နည်း။
ရှန်ထင်းရွှမ်း၏ဖန်များက ကျိန်းရှန်မေ့၏ ပြစ်မှု၊ ရှန်းမိသားစု၏ အညှာအတာမဲ့မှုနှင့် ရှန်းရွှမ်၏ အင်တာနက်ပေါ်တွင် မသမာမှုများအတွက် ဆူဆဲနေကြသည်။
ဇာတ်လမ်းတစ်ပုဒ်လုံးကို ဖတ်ပြီးနောက် ရှန်းထင်ရွှမ်းဘက်မှ ရပ်တည်ပေးသော ဖြတ်သွားဖြတ်လာများစွာ ရှိလာသည်။ တစ်ချိန်တည်းတွင် ရှန်းအုပ်စု၏ ရှယ်ယာများက စတင်ကျလာတော့သည်။
ဖူဖန်းရီက ရှန်းမိသားစုတွင် ပြဿနာများစွာရှိနေမည်ဟု မထင်ထားချေ။ Hot Search များ၏ ဆိုးဝါးသော အကျိုးသက်ရောက်မှု၊ ချင်အုပ်စုကလည်း အတော်လေး မကြာခဏ ထွက်ပေါ်လာခြင်းကို ထပ်ပေါင်းလိုက်ပါက သူတို့က ရှောင်ရန် နည်းလမ်းမရှိတော့ချေ။ သုံးရက်အတွင်း ဖူအုပ်စု၏ပိုင်ဆိုင်မှုသည် ၂၀ရာခိုင်နှုန်း ဆုံးရှုံးသွားရသည်။ ယင်းက မည်သို့သော သဘောထားနည်း။
သူတို့ အထင်အမြင်သေးခဲ့သော ဖေးမိသားစုသည် ယခုတွင် သူတို့ထက် သာသွားပြီဖြစ်သည်။
Hot Search ကို မြင်ပြီးနောက် ရှားရှားက ဗီဒီယိုကို စောစော တင်ခဲ့သည်ကို နောင်တရသွားသည်။ အကယ်၍ Hot Search ထွက်လာမည်ကို သူမ ကြိုသိခဲ့ပါက သူမက ရှန်းရွှမ်၏အပိုင်းကို တည်းဖြတ်နိုင်ပေသည်။
သို့သော်လည်း ရှန်းရွှမ်ထံတွင် ဖန်များစွာ ရှိနေသေး၏။ သူမ၏ဝေ့ပေါ်တွင် Follower များ မီလီယံချီ ဆုံးရှုံးသွားသော်လည်း အင်တာနက်ပေါ်တွင် ရှန်းရွှမ်ကို အပြစ်ကင်းကြောင်း ကြိုးစားပေးသည့်ဖန်များ ရှိသေးပေ၏။
[ဒါက အားလုံး အမျိုးသမီးကျိန်း လုပ်ခဲ့တာ။ ငါတို့အိုက်ဒေါကလည်း နစ်နာသူပဲ]
[ငါ့ပစ္စည်းတွေက တခြားသူရဲ့ဟာ ရုတ်တရက် ဖြစ်လာရင် ငါလည်းပဲ ပျော်မှာ မဟုတ်ဘူး]
[ငါ တကယ်နားလည်နိုင်တယ်။ ငါ့မိဘတွေက ငါ့ကို အခန်းတစ်ခု ပေးထားပြီးတော့ ငါ့အစ်ကိုက ငါ့ပစ္စည်းတွေကို ရွှေ့ခဲ့သလိုပဲ]
…
ရှားရှားက အလွန်ဒေါသထွက်သွားသည်။ သူမက ချင်ယွဲ့ကျီထံမှ ဖုန်းတစ်ကော လက်ခံရရှိချိန်တွင် သူမ၏လုပ်ဖော်ကိုင်ဖက်များကို ညည်းညူပြောလိုက်၏။
“ငါ့ဆီကို ကားထဲက ဗီဒီယိုပို့ပေးလိုက်”
…
ညပိုင်း ၁၁နာရီတွင် ရှန်းရွှမ်ကားထဲတွင် စကားပြောထားသော ဗီဒီယိုက တက်လာသည်။
[ရှန်းထင်ရွှမ်း ငါက မင်းကို တမင်ပစ်မှတ်ထားတယ်လို့ မင်းမတွေးသင့်ဘူး။ ဒါပေမဲ့ ငါက တကယ်တမ်းတော့ သမီးအတု မဟုတ်ဘူး၊ ရှန်းထျန်သဲက ငါ့အဖေအရင်းပဲ]
[ငါ့အမေက ရှန်းထျန်းသဲရဲ့လက်ရှိဇနီး၊ ကျိန်းရှန်းမေ့၊ ငါက သမီးအတု မဟုတ်ဘူး]
[ရှန်းထင်ရွှမ်း ခဏပဲစောင့်လိုက်၊ ငါက အခု ဖူလဲ့ထျန်းနဲ့ရှိနေပြီ။ နင် ဖျော်ဖြေရေးကဏ္ဍကို မဝင်ချင်နဲ့။ နင် ဖျော်ဖြေရေးကဏ္ဍကို မဝင်နိုင်ဘူး။ ငါ နင့်နာမည်ကို ဖျက်စီးပစ်မှာ]
ထိုစကားလုံးများနှင့် စာကြောင်းများက အလွန်ရှက်ဖို့ကောင်း၏။ ထိုစာသားများ တက်လာသောအခါ သိက္ခာဆယ်ဖို့ ကြိုးစားနေကြသော ဖန်များကို ဆွံ့အသွားစေသည်။
[ငါက သိပ်တုံးတာပဲ၊ တကယ်တမ်းတော့ အဆုံးထိ ငါက ကာကွယ်ပေးချင်သေးတာ။ ဒီဗီဒီယိုက ငါ မင်းကို တအားရွံ့ရှာသွားစေတယ်]
[ဖန်သုံးနှစ်ဖြစ်ခဲ့တာ။ ငါ အခု နုတ်ထွက်တယ်။ နှုတ်ဆက်ပါတယ်]
[ငါ ဘာမှ ကာကွယ်ဖို့ အကြောင်းပြချက် မရှိတော့ဘူး၊ ဆောရီးပါပဲ]
[ငါက အမြဲတမ်း ဖန်ဖြစ်ခဲ့တာ။ ဒါပေမဲ့ ငါကအခု မင်းရဲ့ဆန့်ကျင်တဲ့ဖန်ပဲ။ ရှန်းရွှမ်]
[ဒီအကောင်ကို အခု စွန့်ပစ်လိုက်ပါပြီ]
[ဒါက တအားရွံ့စရာကောင်းတယ်။ ဘယ်လို မကောင်းတဲ့လူကို ငါ ကာကွယ်ပေးခဲ့တာလဲ]
…
ရှန်းရွှမ်၏ဖန်အရေအတွက်က ကြီးမားသော ပမာဏလျော့နည်းသွားပြီး ၂၀သန်းကျော်က ထွက်ခွာသွားသည်။ ၁၀သန်းသာ ကျန်ရစ်ခဲ့ပြီး အခုထိ လျော့နည်းနေဆဲ ဖြစ်သည်။
လူများစွာက ဝေ့ပေါ်ပေါ်တွင် သူမကို ကျိန်ဆဲကြသည်။
သူမ၏အထူးခေါင်းစီးကလည်း ဖန်များ ထွက်ခွာခြင်း ဖြစ်ပြီး များစွာသော ဖန်များကလည်း ဆန့်ကျင်သည့်ဖန်များ ဖြစ်လာသည်။
ရှန်းရွှမ်၏အေးကျင့်က ဖုန်းဆက်လာသည်။ “ငါနောက်ဆုံးပေးထားတဲ့ ဇာတ်ညွှန်းမှာ ဒါရိုက်တာဝူက လူပြောင်းမယ်လို့ ပြောတယ်”
“Brand Xကလည်း စာချုပ်ဖျက်သိမ်းလိုက်တယ်”
“နောက်တစ်ပတ် မဂ္ဂဇင်းကြော်ငြာကလည်း ဆက်မလုပ်တော့ဘူး”
ရှန်းရွှမ်က ဖန်တွေ အရူးအမူး ထွက်သွားတာကို စောင့်ကြည့်နေရပြီး အလုပ်များကလည်း ချက်ချင်း ငြင်းပယ်ခံရတော့သည်။ သူမက သူမခေါင်းအုံးကို ပွေ့ပိုက်ထားပြီး သနားစဖွယ် ငိုကြွေးနေသည်။ ယခုတွင် သူမတွင် ‘အတူတကွခရီးသွား’ ရှိုးတစ်ခုသာ ကျန်တော့သည်။ သူမက နောက်ရှိုးတစ်ခုကို ဆုပ်ကိုင်ထားရမည် ဖြစ်သည်။ ဗီဒီယိုတွင် သူမက အဖွဲ့ရှိနေသေးသည် မဟုတ်ပါလား။
သို့သော်လည်း မကြာမီတွင် အေးဂျင့်က ဖုန်းထပ်ခေါ်လာ၏။ “ငှက်ပျောသီးရုပ်သံကနေ ‘အတူတကွခရီးသွား’ မှာ မင်းရဲ့နောက်တစ်ပိုင်း ရိုက်ကူးရေးကို ငြင်းပယ်လိုက်တယ်”
ရှန်းရွှမ်က မြေပြင်ပေါ် လဲကျနေရင်း ဘာလို့.. ဘာလို့ ဒီလို ဖြစ်ရတာလဲ။ မနေ့က ကောင်းနေသေးသည်။ သူမက ရှန်းထင်ရွှမ်းကို အင်တာနက်သုံးသူများက ဆူဆဲနေသည်ကို ကြည့်နေခဲ့၏။ သူမက ကြည့်ရင်း ပျော်နေသည်။ သို့သော်ငြား ရဲတပ်ဖွဲ့က တံခါးကို ချိုးဖျက်လိုက်ပြီး ကျိန်းရှန်မေ့က အပြစ်ရှိသောလူဆိုးဖြစ်သွားသည်။ သူမက ရုတ်တရက် ပြောင်းလဲမှုများကို မမျှော်လင့်ထားပေ။ ထို့နောက် ယနေ့တွင် သူမက ရှန်းထင်ရွှမ်းထံမှ ဥပဒေအရ ဆင့်ခေါ်စာကို လက်ခံရရှိခဲ့၏။
ထို့နောက် ဆက်နွယ်မှုများ တစ်ခုပြီးတစ်ခု ဖြစ်လာသည်။ နောက်ဆုံး ဗီဒီယိုက အင်တာနက်ပေါ် ရောက်လာပြီး သူမစိတ်ထဲမှာ ထိုသို့ တွေးခဲ့သော်လည်း ထိုသို့လုံးဝ မပြောခဲ့ပေ။ ထိုဗီဒီယိုကို မှတ်တမ်းတင်ထားသောနေရာက ရှေးဟောင်းမြို့လေးမှ လေဆိပ်သို့သွားသော ကားထဲမှာ ဖြစ်ကြောင်း သူမက အမှတ်ရလိုက်သည်။
သူမက အစတွင် ကန်းချန်ယွင်ထံမှ ကူညီမှုကို လိုချင်ခဲ့သော်လည်း ကန်းချန်ယွင်မှ သူမက ထိုသို့ တကယ်ပြောခဲ့ပြီးနောက် သူမကို ချန်ယွင်က ငြင်းဆိုခဲ့တော့သည်။
ရှန်းရွှမ်က သူမ မပြောခဲ့ကြောင်း သက်သေမပြနိုင်ပေ။
…
သို့သော်လည်း လူတွေ ကံမကောင်းသောအခါ အရာရာတိုင်းက ကံဆိုးတတ်သည်။
ကျော်ကြားသော ဒါရိုက်တာ ကျန်းချင်ကလည်း ဝေ့ပေါ်ပေါ်တွင် ပို့စ်တင်ခဲ့ပြီး ပြောထားသောသတင်းမှာ ချင်ယွဲ့ကျီက ‘ဓားနတ်သမီး’ရုပ်ရှင်မှ အဓိကသရုပ်ဆောင်ဖြစ်ပြီး ရှန်းရွှမ်ကြောင့် ငြင်းပယ်ခဲ့သည်။ သူက ထပ်ပြောထားသေးသည်မှာ မူလက အမျိုးသမီးသရုပ်ဆောင်မှာ ရှန်းရွှမ် မဟုတ်ဟု ဖြစ်သည်။ ဖူလဲ့ထျန်း၏ ဖိအားပေးမှုကြောင့် ရှန်းရွှမ်ကို ရွေးချယ်ခဲ့ရသည်။
၆လကြာပြီးနောက် ကျန်းချင်က အမြဲတမ်း ကံဆိုးသည်ဟု ခံစားခဲ့ရပြီး ယင်းက ရှန်းရွှမ်ကို အဖွဲ့ထဲသို့ လက်ခံလိုက်ကတည်းက ဖြစ်ပုံရသည်။
လူများက ထိုသို့သာဖြစ်သည်။ အတွေးတစ်ခု စတင်ကြီးထွားလာသည်နှင့် အရူးအမူး ကြီးထွားတော့သည်။
ဆိုးရွားမှုက ထိုမျှသာမကချေ။ ရှန်းရွှမ်နှင့် အတူတူ တွဲလုပ်ဖူးသော သရုပ်ဆောင်များကလည်း ထွက်လာကြသည်။ သူတို့က ရှန်းရွှမ်မည်သို့ နာမည်ကြီးလာသည်ကို ပြောကြပြီး သူမမည်မျှ သရုပ်ဆောင်စွမ်းရည်ဆိုးဝါးကြောင်းနှင့် သူမက အဖွဲ့ထဲမှ တခြားအသစ်လေးများကို အနိုင်ကျင့်တတ်ကြောင်း စသဖြင့် ပြောကြသည်။
ရှန်းထင်ရွှမ်းက အိပ်နေသေးဆဲ ဖြစ်ပြီး သူမက စနစ်မှ သတိပေးချက်ကို ကြားလိုက်ရသည်။
“တာဝန်ပြီးဆုံးသွားလို့ ဂုဏ်ယူပါတယ် အသုံးပြုသူ။ ဆုလာဘ်.. စိတ်ဝိညာဉ်သွေးကြော ၄၇ရာခိုင်နှုန်း ပြန်လည်ရရှိပါပြီ”
သူမ နိုးလာပြီးနောက် ရှန်းထင်ရွှမ်းက သူမ၏Followerများသည် ၂၅သန်းရှိနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူမက ပြန်ပိတ်လိုက်ပြီး ဆက်အိပ်တော့သည်။
တာဝန်ပြီးဆုံးပြီးနောက် ရှန်းထင်ရွှမ်းက မနက်စောစော ထလာကာ သက်သေအထောက်အထားများ စတင်စုဆောင်းရန် အလုပ်များတော့သည်။
ချင်ယွဲ့ကျီ၏အကူအညီကို ကျေးဇူးတင်ရမည်ဖြစ်ပြီး သူမက တရုတ်ပြည်၏ စွမ်းရည်အမြင့်ဆုံး ချန်ယန်ကို ဖိတ်ခေါ်နိုင်လိုက်သည်။
ယခင်က ချင်ယွဲ့ကျီက အသေးစိတ်အချက်အလက်များကို ပေးခဲ့ပြီး နောက်ပိုင်းတွင် ရှန်းထင်ရွှမ်းကလည်း ကျန်သည်များကို ချန်ယန်အား ပေးလိုက်သည်။
ချန်ယန်၏လုပ်ဆောင်နိုင်စွမ်းက ထိပ်တန်းဖြစ်ပြီး စတင်စစ်ဆေးချိန်ကို နောက်လအဖြစ် သတ်မှတ်လိုက်၏။
ရှန်းထျန်းသဲက သူ့ကုမ္ပဏီ၏အရေးကြောင့် ရှန်းရွှမ်နှင့် ကျိန်းရှန်မေ့ကို မကူညီနိုင်ခဲ့ချေ။ ရှန်းရွှမ်က ကူညီရန် ခေါ်သည့်တိုင် သူက ဆူဆဲရုံသာ ဆူဆဲခဲ့သည်။ “မင်းအမေသာ ငါ့နောက်ကွယ်မှာ ဒီလိုမလှည့်စားခဲ့ရင် ဒီလိုမျိုးကြေကွဲစရာတွေ ဖြစ်မှာမဟုတ်ဘူး”
ကျန်းဖန်ဟုန်က ထိုသို့ ထွက်သွားခဲ့သည်။ ယခင်က ကျန်းဖန်ဟုန်သည် ရှန်းထျန်းသဲ၏စိတ်ထဲ လရောင်ဖြူလေးဖြစ်လာပြီး အမှတ်တရများက လှပခဲ့သည်။ သူက နောက်ကွယ်တွင် ကျိန်းရှန်မေ့ကို ဘယ်လို လှည့်စားခဲ့သည်ကို မေ့သွားပြီဖြစ်သည်။
…
ယခုတွင် အင်တာနက်ပေါ်တွင် လူများက ရှန်းရွှမ်ဟူသောစာလုံးကို ရှာဖွေလိုက်သောအခါ သူတို့က ဖျော်ဖြေရေးနယ်ပယ်မှ ထွက်သွားရန်နှင့် ဆဲဆိုသောစကားလုံးများကို ရှာတွေ့ကြသည်။
များစွာသော အင်တာနက်သုံးသူများက ‘အတူတကွခရီးသွား’အောက်သို့ သွားကြကာ ရှိုးပါဝင်သူ ပြောင်းလဲရန် မေးမြန်းကြသည်။
ရှန်းရွှမ်က ကန်ထုတ်ခံလိုက်ရသော်လည်း မည်သူကို ပြောင်းလဲရမည်မှန်း သူမ မသိသေးချေ။
ဒါရိုက်တာက ဖုန်းဆက်ပြီး ရှန်းရွှမ်နှင့် စာချုပ်ဖျက်သိမ်းဖို့ ပြောလာသည့်အခါ ရှားရှားမှာ ဘယ်လောက်ပျော်တယ်ဆိုတာပင် မတိုင်းတာနိုင်ချေ။ မေးခွန်းက သေချာပေါက် ရှိလာသည်။ ရှန်းရွှမ်ကို ဖယ်ထုတ်လိုက်ပါက သူမနေရာတွင် မည်သူအစားဝင်မည်နည်း။
သို့သော် ရှားရှားအတွက်မူ ယင်းက သူမဘယ်လိုခံစားရမလဲ အရေးမကြီးဘဲ ယင်းက ရှန်းရွှမ် မရှိသရွေ့ အဆင်ပြေပေသည်။ သို့သော်လည်း ‘အတူတကွခရီးသွား’ ၏ ပထမဆုံးထုတ်လွှင့်ရေးတွင် ရှန်းရွှမ်၏ရိုက်ကွင်းကို ထိန်းထားမလား မထိန်းထားဘူးလားဟူသည့် အကြောင်းအရာတစ်ခုကို ဖြေရှင်းရန် လိုအပ်သေးပေသည်။
ပရိုဂရမ်အုပ်စုတစ်ခုလုံးက တစ်ရက်ကြာ ဆွေးနွေးကြပြီးနောက် နောက်ဆုံးတွင် လူများစွာ၏ အမြင်ပေါင်းစည်းလိုက်သည်။ ပထမဆုံးအကြောင်းမှာ တရားဝင် ကြေညာချက်တွင် ရှန်းရွှမ်က ပါဝင်မည်ဖြစ်သည်။
ဒုတိယမှာ ပရိုဂရမ်ပထမပိုင်းကို တတ်နိုင်သမျှ မြန်မြန်လွှင့်ရန် လိုအပ်ပြီး ရှန်းရွှမ်၏ရိုက်ကွက်များကို ဖြတ်ချဖို့ တည်းဖြတ်ရန် အလုပ်ပမာဏကို တိုးမြင့်လိုက်မည် ဖြစ်သည်။
ထပ်ဆိုရသော် သူတို့က ဗားရှင်းနှစ်ခု ထုတ်လွှင့်မည်ဖြစ်ပြီး တစ်ခုက ရိုက်ကူးရေးအကြောင်းအရာကို နှစ်ပိုင်းခွဲပြီး ထုတ်လွှင့်မည်ဖြစ်ပြီး ကျန်တစ်ခုက အပြည့်အစုံဗားရှင်းဖြစ်ပေမည်။ ၎င်းကို တရားဝင်ဝက်ဆိုက်၊ တီဗီလိုင်းနှင့် ဖုန်းဆော့ဝဲလ်များတွင် တစ်ပြိုင်နက်တည်း ထုတ်လွှင့်မည် ဖြစ်သည်။
ပြေပြစ်သော ဗားရှင်း၏ ဗီဒီယိုတွင် ရှန်းရွှမ်၏ ရိုက်ချက်တစ်ခုပင် မပါဝင်ချေ။ ဗားရှင်းအပြည့်အစုံတွင်လည်း ရှန်းရွှမ်၏ တစ်ကိုယ်တော်ရိုက်ချက်များ မပါရှိပေ။ ယင်းက အစမှအဆုံးတိုင် တခြားဧည့်သည်ငါးဦးပါဝင်သော ရိုက်ချက်များသာ ဖြစ်သည်။
ထိုတည်းဖြတ်လိုက်သော ဗီဒီယိုကို ပြုလုပ်ပြီးနောက်တွင် တရားဝင်ဝက်ဆိုက်နှင့် ဖုန်းဆော့ဝဲလ်များတွင် တင်မည်ဖြစ်သည်။
…
သောကြာနေ့ညတွင် လူများသောအချိန်၌ ကြေညာခဲ့သော ‘အတူတကွခရီးသွား’၏ ပထမပိုင်း ထုတ်လွှင့်မှုဖြစ်သည့် ငှက်ပျောသီးရုပ်သံ၏ အစောပိုင်းကြေညာချက်ကို သက်ရောက်မှု ရှိခဲ့သည်။
…
သောကြာနေ့ မနက်ခင်းတွင် စနစ်မှ တာဝန်အသစ်ကို ထုတ်ပေးခဲ့ပြီး ရှန်းထင်ရွှမ်းသည် ၂၀ရက်အတွင်း သန်း၁၀၀ ရှာရန် လိုပေသည်။
မူလတာဝန်က ၃၂သန်းရှာရန်ဖြစ်သည်။ သို့သော်လည်း ဗီဗီ၏နောက်ဆုံးထုတ်လွှင့်မှုမှ ရှန်းထင်ရွှမ်း၏ အရည်အချင်းအရ သစ်သီးအမှာစာ အစောင်သန်း၂၀ကို စင်ပေါ်တင်ထားသရွေ့ ၃၂သန်းက ရနိုင်သည်။
ထိုကာလအတွင်း ကုန်ကျစရိတ်မှလွဲ၍ သူမ၏ပိုင်ဆိုင်မှုက လုံးဝ မလျော့သွားချေ။
“ဒီတာဝန် ပြီးသွားပြီးရင် စိတ်ဝိညာဉ်သွေးကြော ဘယ်လောက်တောင် ပြန်ကောင်းလာမလဲ” ယင်းက အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်ခြင်းနှင့် ညီမျှသည်။
“၅၀ရာခိုင်နှုန်း” စနစ်က ဖြေသည်။
ယင်းက စိတ်ဝိညာဉ်သွေးကြော တစ်ဝက်ဖြစ်သည်။ ယခုတွင် သူမက ငွေရှာရန် မခက်ခဲချေ။ ထို့ကြောင့် သူမက ရှိုးတွင် ပါဝင်နိုင်သေး၏။ ဘယ်လိုဖြစ်ဖြစ် သူမက ယင်းမှ ရလာမည့်အခကြေးငွေကိုလည်း လက်ခံရမည်ဖြစ်သည်။
ရှန်းထင်ရွှမ်းက ဤတစ်ကြိမ် တွက်ချက်ပြီးနောက် မြောင်မြောင်ပို့ဆောင်ရေးသို့ သစ်သီးများကို တိုက်ရိုက်ပို့လိုက်ပြီး တောင်အောက်တွင် စူပါမော်လ်အတွက်လည်း သစ်သီးများ ထားရှိရန် ခူးလိုက်တော့သည်။
မြောင်မြောင်ပို့ဆောင်ရေး၏ အသုံးပြုသူများက အားရွှမ်း၏ဆိုင် ဖွင့်ထားကြောင်း ရှာတွေ့သွားကြပြီး လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် မှာယူတော့သည်။ ပို့ဆောင်ရေးဝန်ထမ်းများအတွက်မူ နောက်ထပ် အလုပ်များသောရက် ဖြစ်လာသည်။
…
ညပိုင်း ၈နာရီတွင် ငှက်ပျောသီးရုပ်သံ၏ တီဗီချန်နယ်နှင့် တရားဝင်ဆိုက်၊ app တို့တွင် ‘အတူတကွခရီးသွား’ကို ထုတ်လွှင့်လေသည်။ မကြာခင်က အသက်ဝင်လှသော ဝေ့ပေါ် Hot Search ကြောင့် စတင်သည်နှင့် အဆင့်သတ်မှတ်ချက် ၂သို့ တန်းရောက်သွားတော့သည်။
ရုပ်သံမှ ရှားရှားကို ဂုဏ်ပြုခဲ့ကြပြီး သူမက ရှိုးပွဲများ၏ သမိုင်းကို တစ်ဖန် ဖန်တီးနိုင်လိုက်ပေသည်။
ယင်းက အစပိုင်းတွင် အဆင့်သတ်မှတ်ချက်တစ်ခုသို့ ရောက်သွားပြီးနောက် ချင်ယွဲ့ကျီ၏ ထွက်ပေါ်လာမှုမှ စတင်၍ တခြားသော ဧည့်သည်လေးယောက်ပါ ထွက်ပေါ်လာပြီး ကင်မရာက လျင်မြန်စွာ ရွေ့လျားသွားသည်။ ရှန်းရွှမ်အတွက်မူ ပရိုဂရမ်အဖွဲ့မှ သူမ၏မည်သည့်တစ်ကိုယ်တည်းရိုက်ချက်မျှ မပါဝင်တော့ချေ။
ချင်ယွဲ့ကျီ ထွက်ပေါ်လာပြီး မကြာမီတွင် မှတ်ချက်များစတင် ထွက်ပေါ်လာသည်။
[ငါ့အစ်ကိုက တအားခံ့ညားတာပဲ]
[အမေရေ.. ငါ့အစ်ကိုရဲ့အိမ်က သိပ်သပ်ရပ်တာပဲ]
[မမျှော်လင့်ထားဘဲ ငါ့အစ်ကိုက စောစောထတာပဲ]
…
ထို့နောက် လျူကျင်းဖြစ်ကာ လူအများစုက ‘အဖြေ’ထဲမှ သူမကို သတိရကြသည်။
ငါးယောက်မြောက်နှင့် နောက်ဆုံးတစ်ယောက်ကို ပြသလာကာ ရှန်းထင်ရွှမ်းဖြစ်သည်။ သေချာသည်မှာ ရှန်းထင်ရွှမ်းကိုယ်တိုင် ပထမဆုံးထွက်ပေါ်လာခြင်း မဟုတ်သေးဘဲ ရှင်းယွမ်ရှန်ဖြစ်သည်။
အင်တာနက်အသုံးပြုသူများက ဝါးတောကို မြင်လိုက်ရပြီး တောင်ပေါ်မှ သစ်ပင်များ ဖြစ်သည်။
[အသီးတွေအများကြီးပဲ။ အိုး ဘုရားရေ.. ငါ ရှင်းယွမ်ရှန်မှာ သွားလုချင်လာပြီ]
[သစ်သီးတွေကို အကန့်အသတ်နဲ့ရောင်းတာက အသီးတွေအများကြီး မရှိလို့လို့ ငါ အမြဲတမ်းတွေးနေခဲ့တာ။ ဒါပေမဲ့ အခု ငါ အဲဒါက လုံးဝမဟုတ်ဘူးလို့ ငါတွေ့လိုက်ရပြီ]
[ရှင်းယွမ်ရှန်ရဲ့ အရင်နှစ်ကပုံနဲ့ အခုပုံကို နှိုင်းယှဉ်ကြည့်လိုက်၊ မိန်းမငယ်လေးရဲ့ဘဝက မလွယ်ကူဘုးလို့ ငါတွေးမိတယ်]
[လာပါ မိန်းမငယ်လေးရေ]
…
ထို့နောက် လူတိုင်းက ရှန်းထင်ရွှမ်း လေဆိပ်သို့သွားကာ ကိတ်များစားသည်ကို မြင်လိုက်ကြပြီး သူတို့၏ရင်ထဲ ထိသွားကြသည်။ [အစ်မလေး ကိတ်မုန့်စားတာက သိပ်ချစ်ဖို့ကောင်းတာပဲ]
[ငါလည်း ဒီလိုမျိုးစားချင်တယ်လေ၊ ဒါပေမဲ့ ကယ်လိုရီအများကြီးပါတယ်]
[အားရွှမ်းက အားလုံးကို တကယ်ကြီး စားလိုက်တာပဲ]
[ဟဟဟ အားရွှမ်းက အင်္ကျီပွပွလေး ဝတ်ထားတော့ ခန္ဓာကိုယ်ကို ထိန်းဖို့ မလိုတာ ဖြစ်မယ်]
[သူမက တကယ်တမ်းကျတော့ ကြယ်ပွင့်မဟုတ်ဘူးလေ၊ ဒါကလည်း အတော်လေး ကောင်းနေပါပြီ။ အားရွှမ်း အချိန်တိုင်း ပျော်ရွှင်နေတာကိုပဲ ငါ သဘောကျတယ်]
ရှန်းထင်ရွှမ်းက ပိုင်ဟောက်ကို တွေ့လိုက်ပြီး မင်္ဂလာပါဟု စတင်နှုတ်ဆက်လိုက်သည်။ သူမက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ပိုင်ဟောက်ကို သတိပြုမိကြောင်းလည်း ပြောလိုက်သေး၏။
လူတိုင်းက ပိုင်ဟောက်၏မျက်ဝန်းထဲမှ အံ့အားသင့်မှုများကို တွေ့သွားပြီး မှတ်ချက်များစွာ ရှိလာသည်။
[ဟဟဟ အားရွှမ်းက ငါ့အစ်ကိုကို ထုတ်လွှင့်မှုအခန်းထဲမှာ တွေ့တယ်လို့ ပြောလိုက်တော့ ငါ့ဟောက်ဟောက်က ပြိုလဲမတတ် ဖြစ်သွားတာကို ငါတွေ့လိုက်တယ်]
[အားရွှမ်းက သိပ်ပွင့်လင်းတာပဲ]
[ဒါကို အထင်မသေးနဲ့၊ ငါ့မိသားစုက အားရွှမ်းက ဗီဗီရဲ့တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းထဲမှာ အနှစ်သက်ဆုံး အဆင့်ငါးဖန်လေ]
[ဒါက အတော်လေး အတွေ့အကြုံရှိတဲ့လူပဲ]
နောက်တစ်ခန်းမှာ ရှေးဟောင်းမြို့လေးသို့ ရောက်သွားပြီး မြားပစ်ခြင်းမှ ရမှတ်စုဆောင်းခြင်း ဖြစ်သည်။ ဧည့်သည်များက နောက်ဆုံးရမှတ်များအပေါ် မူတည်ပြီး အခန်းများ ရွေးချယ်နိုင်သည်။
ချင်ယွဲ့ကျီ၏ ပြည့်စုံသောရမှတ်များက ပရိသတ်များကို ဟစ်အော်စေသည်။
[အား.. ငါ့အစ်ကိုက သိပ်ချောတာပဲ။ မြားဆယ်ချောင်းလုံး မှန်တယ်]
[ဝိုး.. ငါ့အစ်ကိုက ပထမအလှည့်မှာ မပါရပေမဲ့ ဒုတိယအလှည့်မှာတော့ ငါ့အစ်ကိုက အမှတ်ပြည့်ပဲဗျိုး…]
…
ရှန်းထင်ရွှမ်းအလှည့်တွင် အင်တာနက်သုံးသူများက သူမပစ်လိုက်သော မြားများက ဘုတ်ပေါ်တွင် တိုက်ရိုက်ပစ်လိုက်ကြောင်း တွေ့လိုက်ရသည်။
ထိုနေရာတွင် တည်းဖြတ်ထားမှုကလည်း အထူးအနှေးပြကွက်ဖြင့် ဖန်တီးထားပြီး ကြည့်ရှုသူများစွာက သူတို့စိတ်ထဲတွင် မဖြစ်နိုင်ဘူးဟု ပြောနေကြသည်။
ရလဒ်အနေဖြင့် ရှန်းထင်ရွှမ်းက မြားအားလုံး ထိမှန်သွားခဲ့သည်။
[စခရင်ရှေ့မှာ.. ငါ မေးခွန်းသင်္ကေတကို ဖြည်းဖြည်းလေး ရိုက်နေခဲ့တယ်]
[6666]
[ငါ့အစ်မလေးက သိပ်အံ့ဩဖို့ကောင်းတာပဲ]
[ငါ ဒါကို နှစ်သက်တယ်]
[ငါက Moon ပဲ။ ဒီတော့ ပရိုဂရမ်အဖွဲ့က ငါ့အစ်ကို ပထမတစ်ကြိမ်မှာ မပါလို့ မြားပစ်ပြိုင်ပွဲကို စီစဉ်ထားတာလို့ ခံစားရတယ်။ ငါ မမျှော်လင့်ထားတာက အားရွှမ်းကလည်း သိပ်ကောင်းနေတာပဲ။ သူက စိတ်ကြီးမဝင်ဘူး၊ ဒါက သူမပဲ]
…
ရှိုးပွဲအစမှ အခန်းရွေးချယ်သည်အထိ ချင်ယွဲ့ကျီအကြောင်း များစွာ ဆွေးနွေးခဲ့ကြပြီး ရှန်းထင်ရွှမ်းအကြောင်းကိုလည်း မှတ်ချက်များထဲတွင် တစ်ခါတရံ ဆွေးနွေးခဲ့သည်။
ထို့အပြင် သူမ၏ကိုယ်ပိုင်ဖန်များ များစွာသော ဖြတ်သွားဖြတ်လာများ၊ ချင်ယွဲ့ကျီ၏ဖန်များကပါ ရှန်းထင်ရွှမ်းကို ဆွေးနွေးခဲ့ကြသည်။
[အားရွှမ်းက ငါ့အစ်ကိုကို အိပ်ခန်းကောင်းကောင်း တမင်သက်သက် ပေးခဲ့တယ်လို့ ငါ ခံစားရတယ်]
[အား.. အားရွှမ်းက အစ်ကို့ရဲ့ဖန်ပဲလို့ ဝန်ခံထားတယ်လေ၊ မင်းကြည့်လိုက်.. သူမက အစ်ကို့ကို ဂရုစိုက်တယ်]
[အားရွှမ်းက တတိယထပ်က အခန်းကို သဘောကျတယ်လို့ ငါခံစားရတယ်။ သူမက ဘာမှမတွေးဘဲ ဒါကို ရွေးလိုက်တာလည်း ဖြစ်နိုင်တာပဲ]
…
ထို့နောက် လူငါးဦးက ဆွေးနွေးနေကြပြီး ထိုရိုက်ချက်တွင် ရှန်းရွှမ်ပါရသည့်အကြောင်းမှာ ဖြတ်၍မရသောကြောင့် ဖြစ်သည်။
လျူကျင်းက ရှန်းထင်ရွှမ်းဘယ်မှာလဲဟု မေးမြန်းချိန်တွင် ရှန်းရွှမ်က ရှန်းထင်ရွှမ်း တစ်ရေးအိပ်နေသည်ဟု ပြောခဲ့သည်။
[ကြောက်ဖို့ကောင်းလိုက်တာ]
[ဒီရှန်းရွှမ်က တကယ့်ကို ကြာပန်းဖြူမပဲ]
[ပရိုဂရမ်အဖွဲ့က ရှန်းရွှမ်ရဲ့ရိုက်ချက်တွေကို ဘာလို့ မဖြတ်လိုက်တာလဲ။ ဒီမှာ စိတ်ခံစားချက် ပျက်စီးကုန်ပြီ]
[ငါ ရှိုးပွဲကြည့်နေတဲ့အချိန် ရှန်းရွှမ်ရဲ့စကားတွေက မလိုတမာစိတ်အပြည့်နဲ့ လို့ ငါ တကယ်ခံစားရတယ်]
…
လူတိုင်းက ဆွေးနွေးတာ မပြီးသေးခင် သူတို့က ချင်ယွဲ့ကျီက အပြင်ကို လက်ညှိုးထိုးပြသည်ကို မြင်လိုက်ရပြီး ကင်မရာကလည်း လှမ်းပြသည်။
လူတိုင်းက ရှန်းထင်ရွှမ်း ဥယျာဉ်ထဲတွင် ပြုပြင်နေသည်ကို တွေ့လိုက်ရ၏။
ပရိုဂရမ်အဖွဲ့က ရှန်းထင်ရွှမ်းမပြုပြင်ခင်နှင့် ယခင်က ပန်းဥယျာဉ်ကို ယှဉ်ပြထားသည်။
[ဒီအချိန်မှာ ငါ့ဝေါဟာရတွေက မလေးနက်တော့ဘူးလို့ ရှာတွေ့ခဲ့တယ်။ ဆဲချင်တာကလွဲလို့ ငါ ဘာပြောရမှန်း မသိတော့ဘူး]
[ငါ ကတ်ကြေးနဲ့ သံယောက်မကို သုံးပြီးတော့ ပန်းတွေကို ဖြတ်ဖို့နဲ့ အပင်တွေကို ရွေ့ပြောင်းဖို့ ကြိုးစားရမယ်။ တာ့တာ]
[အစ်မလေးက သိပ်အံ့ဩဖို့ကောင်းတာပဲ]
…
နောက်ထပ်ရိုက်ချက်က ဧည့်သည်များက ငွေရှာရမည် ဖြစ်သည်။
ချင်ယွဲ့ကျီ၏ ကောင်းမွန်သောအသံက ဖန်များ၏ကောမန့်များကို ခလုတ်နှိပ်လိုက်သည့်နှယ်။ ထို့နောက် ပုံရိပ်က ရှန်းထင်ရွှမ်းထံသို့ ပြောင်းလဲသွားသည်။
ရှန်းထင်ရွှမ်းသည် တခြားသူများကို လယ်စိုက်ကူဖို့ တွင်းတစ်ခု တူးနေသည်ကို တွေ့လိုက်ရသည်။
[ငါ မှားနေတာလား]
[တကယ်ကြီး လယ်စိုက်မှာလား]
[အားရွှမ်းရဲ့ ဖန်တစ်ယောက်အနေနဲ့ အားရွှမ်း လယ်စိုက်တာက တကယ်ကောင်းတယ်လို့ ငါပြောနိုင်တယ်။ သူမက ရှင်းယွမ်ရှန်မှာ သူမကိုယ်တိုင် စိုက်ပျိုးတာ]
[အစ်မလေးမှာ ကောင်းမွန်တဲ့လက်တွေ ရှိပြီးတော့ သူမရဲ့ကိုယ်နေဟန်ထားက သိပ်ကို အဆင့်မြင့်တာပဲ]
ထိုနေရာတွင် လုပ်ပိုင်ခွင့် မရှိသော်လည်း လူတိုင်းက ငွေအချို့ရှာပြီး အိမ်ပြန်လာကြကာ ရှန်းထင်ရွှမ်းကတော့ အသီးအရွက်များ အပြည့်ပါသော အိတ်ကြီးနှစ်လုံးကို သယ်ဆောင်ကာ အိမ်သို့ လမ်းလျှောက်ပြန်လာသည်။
တံခါးမှ ဝင်ပြီးနောက် အမျိုးသားသုံးဦးက ရှန်းထင်ရွှမ်းယူလာသည့် ပစ္စည်းများကို လာယူကြသည်။
ပိုင်ဟောက်နှင့် ကန်းချန်ယွင်တို့၏ အမူအရာများက လူတိုင်းကို ပေါက်ကွဲမတတ် ရယ်မောစေသည်။
[ဝိုး.. အရွယ်ရောက်ပြီး ယောက်ျားသားနှစ်ယောက်က အဲဒါကို မ,မနိုင်ဘူး]
[ဟဟဟ ပိုင်ဟောက်ရဲ့မျက်နှာက ဘဝကို သံသယဖြစ်သွားတယ်]
[ကန်းချန်ယွင်ရဲ့အမူအရာက သိပ်သနားဖို့ကောင်းတာပဲ]
[ပိုင်ဟောက်ကလည်း အစ်ကိုကျီကို လေးလားလို့ မေးခဲ့တယ်။ အစ်ကိုကျီက လေးတယ်လို့ ဖြေပြီးတဲ့နောက် ပိုင်ဟောက်က ဘယ်လို ဆက်လုပ်ရမလဲ မသိတော့ဘူး]
မကြာမီ ဧည့်သည်များက အိတ်ကြီးနှစ်အိတ်ထဲမှ ပါဝင်ပစ္စည်းများကို အမျိုးအစားခွဲပြီးနောက် ပရိသတ်များက စားစရာများကို တွေ့လိုက်ကြသည်။
[အဲမှာ ဝက်ပေါင်ခြောက်နဲ့ ဂျုံတွေ၊ ဒါက ဘယ်လိုမလေးဘဲ နေမှာလဲ]
[ငါက ခုနက ဟောက်ဟောက်နဲ့ ချန်းယွင်ကို အပြစ်တင်ခဲ့ပေမဲ့ သူတို့က ပုံမှန်ပဲဆိုတာ ငါ သိလိုက်ပြီ၊ အားရွှမ်းကမှ ထူးခြားတဲ့တစ်ယောက်ပဲ]
[နတ်ဘုရားမရဲ့စွမ်းအားပဲ]
…
နောက်ရိုက်ကွင်းက ချက်ပြုတ်ခြင်း ဖြစ်သည်။
ချင်ယွဲ့ကျီ၏ ခရမ်းသီးအတွက် နောက်ခံတီးလုံးက အံ့ဩဖွယ်သံစဉ်ဖြစ်ကာ တခြားသူများအတွက် ဝမ်းနည်းဖွယ်ဖြစ်၏။
ပရိသတ်များက ယင်းကို တိုက်ရိုက်ပင် မကြည့်ဝံ့ကြချေ။
လူတိုင်း စားဖို့ စတင်သောအခါ သူတို့၏အမူအရာက ပရိသတ်များကို ရယ်မောစေသည်။
[ဒီစားစရာက လုံးဝ ဘေးဆိုးကြီးပဲ]
[ဟဟဟ ဒါက တအားကို ထိခိုက်စေပေမဲ့ ငါက ရယ်ချင်နေတုန်းပဲ]
[အားရွှမ်းက ထမင်းဖြူနှစ်ပန်းကန်ကို လုံးဝ မစားဘူးဆိုတာ ဘယ်သူမှ သတိမထားမိကြဘူးလား။ ဟဟဟ]
…
နောက်ရက်တွင် ရှန်းထင်ရွှမ်းက ၅နာရီတွင်ထသည်။ ယခင်းက ရှန်းရွှမ်း ပေါက်ပန်းစျေး ပြောခဲ့တာဖြစ်ကြောင့် တဖန် ရှင်းပြလိုက်နိုင်သည်။
သူမက ရှေးမြို့လေးကို ပတ်ပြေးပြီး နောက်မှ ကင်မရာမန်းက ယိမ်းထိုးနေသည်။ ပြကွက်က သိပ်မကြာသော်လည်း သတိထားမိသော အင်တာနက်သုံးသူက တစ်ခုခုကို ရှာတွေ့သွား၏။
[ကင်မရာမန်းတွေက ဒီပြကွက်အတွက် အလုပ်များခဲ့မှာပဲ မဟုတ်လား]
[အစ်မလေးက ၅နာရီမှာ ထွက်သွားပြီးတော့ ၆နာရီထိုးခါနီးမှာ ပြန်လာပြီးတော့ သူ့မျက်နှာက လုံးဝကို မနီသေးဘူး။ ဒါက မဟားတရား သက်လုံကောင်းတာပဲ]
…
ပြန်လာပြီးနောက် ရှန်းထင်ရွှမ်းက ခေါက်ဆွဲကို တိုက်ရိုက် လုပ်လိုက်ကာ ခေါက်ဆွဲလုပ်ရင်း ဝက်ပေါင်ခြောက်ကို ဖြတ်သောအခါ ပရိသတ်က ထပ်မံ ချီးကျူးကြသည်။
တခြားဧည့်သည်များ ထလာပြီး ရှန်းထင်ရွှမ်း လုပ်ထားသော ခေါက်ဆွဲကို တွေ့သွားကာ အားလုံးက စားသောက်ဆိုင်တွင် စားနေရသည့်အလားပင်။
[ငါ ရင်ထဲထိသွားပြီ၊ ငါ့မိသားစုက ချန်ယွင်က ကြီးထွားနေတုန်းပဲ။ သူ့ကို ဂရုစိုက်ပေးလို့ ရွှမ်းကို ကျေးဇူးတင်ပါတယ်]
[ဟောက်ဟောက်ကလည်း အရင်က ဒီလောက်မစားဘူး။ ငါ တကယ် ရယ်ချင်လိုက်တာ]
[ဟဟဟ အစ်ကိုကျီက သူ့ပန်းကန်လုံးကို စားလုနီးပါးပဲ]
[အစ်မကျင်းကလည်း ယူတာနည်းနည်းနှေးလို့ စိတ်မကောင်းဖြစ်သွားတဲ့ပုံပဲ]
…
အစတွင် ပရိသတ်များက ချင်ယွဲ့ကျီ၏အချက်အပြုတ်လက်ရာက ကောင်းမည်ဟု တွေးခဲ့သော်လည်း ရှန်းထင်ရွှမ်း၏ ချက်ပြုတ်ခြင်းကို တွေ့သည့်အခါ လူတိုင်းက လက်ခံရတော့သည်။
ချင်ယွဲ့ကျီ၏လက်ရာက ပျော်ရွှင်ဖို့ ဖြစ်ပြီး ယင်းက သင့်တော်ကောင်းမွန်သည်ဟု တွေးနိုင်သော်လည်း ရှန်းထင်ရွှမ်း၏ ချက်ပြုတ်မှုကို ကြည့်ပြီးနောက် လူတိုင်းက ဗိုက်ဆာလာတော့သည်။
အိုးထဲမှ ဝက်ပေါင်ခြောက်များ တဖျစ်ဖျစ်မြည်နေသံ၊ သူမလက်ထဲမှ ဂျုံမှုန့်များ ခေါက်ဆွဲအဖြစ်သို့ ပြောင်းသွားခြင်း၊ သူတို့သည် အနည်းငယ်မျှ ကိုက်ချင်လာတော့သည်။
ယင်းတို့က အရသာရှိကြောင်း ရှာတွေ့သွားသောအခါ အထူးသဖြင့် အခြားလူနှစ်ယောက်ဖြစ်သော လျိုကျင်းနှင့် ရှန်းရွှမ်တို့က တုံ့ပြန်လာသော်လည်း အိုးထဲရှိ ခေါက်ဆွဲများက ကုန်သွားပြီဖြစ်သည်။
[အားရွှမ်းက တကယ်သည်းခံနိုင်တယ်လို့ ငါတွေးမိတယ်၊ ရှန်းရွှမ်က ဒီလောက် စိတ်ပျက်ဖို့ကောင်းတာတောင်မှ သူမအတွက် ၆နပ်တောင် ချက်ပေးခဲ့သေးတယ်]
[မပြောနဲ့၊ နာမည်နှစ်ခုက တူနေတာ။ နတ်ဘုရားမအားရွှမ်းအတွက် ဂရုမစိုက်ရာရောက်တယ်လို့ ငါထင်တယ်]
မနက်စာစားပြီးနောက် စည်မျှော်စင်တွင် လှေစီးပြီးနောက် တစ်ရက်တာ တာဝန်ပြီးဆုံးမည် ဖြစ်သည်။ ပရိသတ်များက ရှန်းထင်ရွှမ်း၏ အင်အားကြီးမှုကို ထပ်မံမျက်မြင်တွေ့လိုက်ရသည်။
[ရှန်းရွှမ်က ရွံရှာဖို့ကောင်းပေမဲ့ ပိုင်ဟောက်က ပိုအားထည့်ဖို့ ပြောတဲ့အခါ ရှန်းရွှမ်ရဲ့မျက်နှာက လုံးဝကို မှားယွင်းနေတာ]
[တကယ်တော့ ရှန်းရွှမ်က တကယ်ကြိုးစားနေတာလို့ ငါယုံပေမဲ့ ရှန်းထင်ရွှမ်းရဲ့အင်အားက တကယ်ကြီးတယ်။ ဒီတော့ သူမက ဒါကို မကူညီနိုင်ဘူး]
[ငါလည်း အိတ်ကြီးနှစ်အိတ်ထဲက ပါဝင်ပစ္စည်းတွေအကြောင်း တွေးမိပြီး အားရွှမ်းက တကယ်အားကြီးတာပဲ]
[ဟဟဟ ငါ့အမျိုးသားနတ်ဘုရားက အခုကစ ရှန်းထင်ရွှမ်းပဲ]
ထို့နောက် လူတိုင်းသည် ရှန်းထင်ရွှမ်းက လိုင်းအဆုံးအထိ တစ်ယောက်တည်း လှေလှော်ခဲ့သည်ကို ကြည့်နေလိုက်ကြသည်။
လှေပေါ်မှ တခြားဧည့်သည်များ၏ အမူအရာများမှာ သိသိသာသာပင်.. ငါ ဘယ်သူလဲ၊ ငါ ဘယ်မှာလဲ။ ငါ ဘာလုပ်နေတာလဲ..။
[အစ်မလေးက သိပ်တော်တာပဲ]
[လုံလောက်ပြီ၊ ငါ ဖန်ဖြစ်သွားပြီ]
[ငါလည်းပဲ ရှန်းထင်ရွှမ်းရဲ့ ဖန်အုပ်စုထဲကို ကျသွားပြီ။ ရှန်းထင်ရွှမ်းရဲ့ဖန်တွေ ဘယ်မှာလဲဆိုတာ ငါမေးပါရစေ။ ငါ့ကို ဆွဲထည့်ပေးပါအုံး]
…
လှေက အဆုံးသို့ ရောက်သောအခါ ပထမပိုင်း ထုတ်လွှင့်မှုက ပြီးဆုံးသွား၏။
အဆုံးတွင် နောက်တစ်ပိုင်းအတွက် နမူနာကို တစ်မိနစ်လျော့လျော့ ပြသပေးခဲ့သည်။
ပြသမှုက အလွန်မြန်ဆန်ကာ လူတိုင်းက ဖျော်ဖြေပွဲကို ရိပ်ခနဲ တွေ့လိုက်ရသည်။
[၂နာရီ ပြည့်သွားပြီလား]
[ကျေးဇူးပြုပြီးတော့ နောက်တစ်ပိုင်း ထုတ်လွှင့်ပြသပေးပါ]
[အစ်ကိုက ရှိုးတစ်ခုမှာ ဖျော်ဖြေနေတာလား]
အဖွဲ့သားများက အလွန်ကြင်နာသည်။ သူတို့က နှစ်နာရီကြာအတွက် ကြော်ငြာမထည့်ထားချေ။ သေချာသည်မှာ စပွန်ဆာကြော်ငြာများမှာ ရှိုးအတွင်း၌ ရှိပေသည်။
အင်တာနက်သုံးသူများက အဖွဲ့သားများအား မြန်မြန်လုပ်ပြီး နောက်တစ်ပိုင်း ထုတ်လွှင့်တင်ဆက်ပေးဖို့ မှတ်ချက်ချကြသည်။
ညတွင် ပရိုဂရမ်အဖွဲ့က ထပ်မံ၍ Hot Search သို့ ရောက်သွားပြန်သည်။
လူသိအများဆုံး ဆွေးနွေးမှုက ချင်ယွဲ့ကျီဖြစ်ကာ ရှန်းထင်ရွှမ်းက နောက်မှ လိုက်သည်။
အထူးသဖြင့် ရှိုးကိုစကြည့်သည့်လူများအဖို့ ရှန်းထင်ရွှမ်းက အင်တာနက်ဆယ်လီတစ်ဦးသာ ဖြစ်ပြီး တခြားဧည့်သည်များနှင့် မလိုက်ဖက်ဟု တွေးထင်စရာဖြစ်ခဲ့သည်။ သို့သော်လည်း ပထမပိုင်းကို ကြည့်ရှုပြီးနောက် အမှန်တရားက ထွက်ပေါ်လာသည်။
လူတိုင်းက အဖိုးတန်မိန်းကလေးကို ရှာတွေ့သွားပြီဟု တွေးကြသည်။ ယင်းက မမျှော်လင့်ထားချေ။
သေချာပေါက်ပင် တချို့လူများက လူတစ်ယောက်အနေဖြင့် ဥယျာဉ်ကို ဘယ်လိုဒီလောက်ကောင်းကောင်း စီမံနိုင်သလဲဆိုတာ ပရိုဂရမ်အဖွဲ့ကို ရှန်းထင်ရွှမ်းအား တမင်သက်သက် ပိုကောင်းအောင် ကူညီထား မထား မေးမြန်းလာကြသည်။
[အားရွှမ်းက အပင်စိုက်တာ တော်မှန်း ငါသိပေမဲ့ ဒီအချိန်တိုလေးနဲ့ ဥယျာဉ်ကို စီမံဖို့က သိပ်လွန်လွန်းတယ်]
[အငြိုးရှိတာ မဟုတ်ပေမဲ့ ကတ်ကြေးရယ် ဇွန်းပြားရယ်နဲ့ သာမန်လူက ဒီလောက်မြန်မြန် မလုပ်နိုင်ဘူးလေ]
[ဒီက ဥယျာဉ်ပန်းမန် မေဂျာကပါ၊ ငါတို့ကျောင်းက အတော်ဆုံးဆရာတွေတောင် ဒီလိုအဆင့်မျိုး မလုပ်နိုင်ဘူး]
လူများစွာက ဆွေးနွေးထားကြပြီး ထိုခေါင်းစီးက ရှာဖွေမှုမြင့်တက်လာသည်။
ပရိုဂရမ်အဖွဲ့ကလည်း ရှန်းထင်ရွှမ်း၏ ပန်းမွေ့ရာများကို စီမံနေမှုကို ဝေ့ပေါ်ပေါ်တွင် အပိုင်းတိုလေးများလုပ်၍ ပွင့်ပွင့်လင်းလင်း တိုက်ရိုက် တင်ပေးလိုက်သည်။ ထိုဗီဒီယိုက ငါးကြိမ်တိုင် တင်ခဲ့ရသည်။
ယင်းကို တင်လိုက်ပြီးနောက် ပရိုဂရမ်အဖွဲ့က စာတစ်ကြောင်း ထပ်ဖြည့်လိုက်သည်။ [မနက်ဖြန် အချိန်ပြည့်အစီအစဉ်ရှိပါ၍ ဗီဒီယိုကို အရှိန်မြှင့်မည် မဟုတ်ပါ]
လူအများက ဗီဒီယိုကို ကလစ်ခဲ့ကြပြီး မကြာမီတွင် ရှန်းထင်ရွှမ်းက ဥယျာဉ်တစ်ခုလုံးကို ဂရုစိုက်သော လုပ်ငန်းစဉ်တစ်ခုလုံးကို တွေ့ရှိသွားကြသည်။ သူမက အလွန်လျင်မြန်ပြီး သံယောက်မနှင့်ပင်လျှင် သူမက ပန်းပင်များကို အမှန်တကယ် ရွေ့ပြောင်းနိုင်ပေသည်။
တချို့က မယုံနိုင်ဖြစ်နေသေးပါက မနက်ဖြန်တွင် အချိန်ပြည့်ဗီဒီယိုကို ထုတ်လွှင့်မည်ဖြစ်ပြီး ဗီဒီယိုက အတုမဟုတ်ပေ။
နောက်ဆုံးတွင် လူတိုင်း၏ မှတ်ချက်မှာ ရှန်းထင်ရွှမ်းက သန်မာရုံသာမက စွမ်းရည်လည်းရှိသည် ဟူ၍ဖြစ်သည်။
..
ဗီဒီယိုအပြည့် ထွက်လာသောအခါ အင်တာနက်အသုံးပြုသူများက သဘောမကျဘဲ ကြည့်ရှုခဲ့ကြသည်။
ပရိုဂရမ်၏ ဒုတိယပိုင်းက မစတင်သေး၍ လူတိုင်းက ဗီဒီယိုအပြည့်အစုံအတွင်း အသေးစိတ်အချက်အလက်များ ရှာဖွေခြင်းက မည်သည့်သက်ရောက်မှုမှ မရှိနိုင်ချေ။
ဥပမာ လူအချို့က ရှန်းထင်ရွှမ်းသည် ပန်းများနှင့် အပင်များကို ဂရုစိုက်သည့်ပြကွက်နောက် လိုက်လုပ်ခဲ့ကြပြီး ယင်းကို တွေ့ကြုံရတာက အလွန်ခက်ခဲပေသည်။
တချို့လူတွေက ရှန်းထင်ရွှမ်း ဝက်ပေါင်ခြောက်ခေါက်ဆွဲ လုပ်သည့်အတိုင်း လိုက်လုပ်ခဲ့ကြပြီး ကြည့်မကောင်းဖြစ်ကာ အရသာက စိုးရိမ်စရာ ရှိပေသည်။
…
ယောင်ကျေးရွာတွင် လူတိုင်းက ရှန်းထင်ရွှမ်းသည် နာမည်ကြီးသရုပ်ဆောင်များနှင့် ရှိုးတစ်ခု ရိုက်နေသည်ကို သိရှိကြလေသည်။ ထို့ကြောင့် ယောင်တာ့ကျူးက ကြီးမားသော မျက်နှာပြင်တစ်ခုကို ဝယ်ယူခဲ့ပြီး ကျေးရွာ၏ ဟောခန်းအဝတွင် ချိတ်ထားလိုက်သည်။
သည်တစ်ပတ် သောက်ကြာနေ့တွင် ‘အတူတကွခရီးသွား’၏ ပထမပိုင်းကို ဟောခန်း၌ ညနေ့ ၈နာရီ၌ ထုတ်လွှင့်ပြသလိမ့်မည်။
ရိုးရိုးသားသားပြောရလျှင် သူတို့ရွာတွင် နာမည်ကြီးတစ်ယောက်ရှိပြီး ထိုလူက ရှန်းထင်ရွှမ်းဖြစ်နေကြောင်း သိလိုက်ရချိန်တွင် လူတိုင်းက အထူးတဆန်း ဖြစ်သွားကြတော့သည်။
ဤနေရာရှိ ဖန်သားပြင်ကြီးကြောင့် သွေးဆောင်ခံရပြီး ရွာသားများက စားသောက်ပြီးနောက် စုဝေးလာကြတော့သည်။ အိမ်တွင်းအောင်းပြီး အပြင်ထွက်ခဲသော လူငယ်များတောင် လိုက်လာကြသည်။
မျက်နှာပြင်ကျယ်ကြီးရှေ့တွင် လူတိုင်းက အနိုင်မခံ အရှုံးမပေးကြဘဲ ရွာသားများက ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ကြသည်။
“အဲဒါက မိန်းကလေး ရှန်းထင်ရွှမ်း..”
“ဒါက တကယ့်ကို အင်အားကြီးကြီးနဲ့ အပင်စိုက်နေတာပဲ”
ချင်ယွဲ့ကျီမှလွဲ၍ ဧည့်သည်များက ရှိုးတွင် ဘယ်လိုချက်ရမလဲ မသိကြချေ။
“ချင်ယွဲ့ကျီက တီဗီဒရာမာနဲ့ ရုပ်ရှင်တွေမှာ ပါဝင်ပြီးတော့ တရုတ်လူမျိုး ၉၅ရာခိုင်နှုန်းက ချင်ယွဲ့ကျီကို သိတယ်လို့ ဆိုနိုင်တယ်လေ”
“လှေစီးပြီးတော့ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေကို ရိုက်ချနိုင်သွားတာပဲ။ ငါတို့မိန်းကလေးက သန်မာလိုက်တာ”
“ဒါက မတူဘူးလေ”
လူတိုင်းက ခေါင်းညိတ်လိုက်ကြပြီး ဂိုဏ်းဆရာသခင်တစ်ယောက်က လုံးဝကို ကွာခြားပေသည်။
…
ရှိုးပွဲကို ကြည့်ရှုပြီးနောက် ရွာသားများက သူတို့ဘယ်သွားသွား ထိုအကြောင်းကို ပြောဆိုကြသည်။ ယခုတွင် ‘အတူတကွခရီးသွား’ ကို မကြည့်ထားသူက အပြင်လူ ဖြစ်လာသည်။
နောက်တစ်ပတ်သောကြာ ၈နာရီတွင် ရွာသားများက ညစာ စောစောစားပြီး ရွာဟောခန်းတံခါးတွင် ထိုင်လိုက်ကြသည်။ သူတို့က ရှိုးပွဲစတင်ဖို့ စောင့်ဆိုင်းနေကြသည်။
ယနေ့တွင် ဒုတိယပိုင်းပြသပေမည်။ လွန်ခဲ့သောရက်အနည်းငယ်က ပထမပိုင်းကို ကြည့်ရှုပြီးနောက် လူတိုင်းက ရှေ့ဆက်ဘာဖြစ်မည်ကို သိချင်ကြသည်။ အကြိုရိုက်ချက်ကို ကြည့်ပြီးနောက် ဖျော်ဖြေပွဲတစ်ခု ရှိပုံရလေသည်။
စောင့်ဆိုင်းနေစဉ် လူတိုင်းက စကာစမြည်ပြောကြတော့သည်။
“ရှင်းယွမ်ရှန်အောက်မှာ အဆောက်အဦတစ်လုံးဆောက်ထားတယ်”
“ငါလည်းတွေ့တယ်။ ဘာအတွက်လဲဆိုတာ ငါမသိပေမဲ့ အဲဒါက တအားလှတယ်”
“ရှောင်ဖုန်းက အခု အလုပ်များနေပုံပဲ”
တစ်ယောက်ယောက်က ယင်းအကြောင်းကို မှတ်ချက်ချပြီးသည်နှင် လူတိုင်းက ပါးစပ်ပိတ်သွားကြသည်။
ရှောင်ဖုန်း၏မိခင်မှာ မကောင်းဆိုးဝါးကဲ့သို့ ပြုမူခဲ့ကြောင်း သူတို့ တိတ်တဆိတ် ခံစားခဲ့ရပြီး သူမသည် ရှန်းထင်ရွှမ်းထံမှ မျက်နှာချင်းဆိုင် တိုက်ရိုက် ဆူပူခြင်းကို ခံခဲ့ရသည်။
အစပိုင်းက သူတို့ပြောထားသည့် အတင်းစကားများမှာ မဟုတ်မှန်ကြောင်း သက်သေပြပြီး ဖြစ်သော်လည်း ရှောင်ဖုန်း၏မိခင်က ရှန်းထင်ရွှမ်းကို အကြောင်းပြချက်အချို့ကြောင့် မနှစ်သက်သေးပေ။
ရှောင်ဖုန်း၏ ပို့ဆောင်ရေးက ဖွင့်ထားဆဲ ဖြစ်သည်။ သူတို့က မလည်ပတ်တော့ဘူး ဆိုလျှင်ပင် ယခင်က ရှန်းထင်ရွှမ်းထံမှ ကြီးမားသောအမှာစာများက သူတို့ကို ဤဘဝတွင် လုံလောက်သင့်ပြီဖြစ်သည်။
ရှောင်ဖုန်း၏အမေက ရှန်းထင်ရွှမ်းကို သဘောမကျတော့သော်လည်း သူမက သူမအတွက် ရှန်းထင်ရွှမ်းထံမှ ငွေများ ရှာချင်သေးဆဲ ဖြစ်သည်။
သို့သော် သူတို့က ဘာမှမပြောနိုင်ပေ။ တကယ်တမ်းတွင် ယခု သူတို့က တခြားသူများအကြောင်း ဆိုးဆိုးဝါးဝါးပြောခြင်းက စိတ်ရှုပ်ထွေးရမှန်း သိသွားကြပြီဖြစ်သည်။
…
“ကောင်းပြီ စလိုက်ကြစို့ လူတိုင်း ကြည့်ကြမယ်”
ကျေးရွာ၏ဟောခန်းရှေ့တွင် အသက်ဝင်နေသော ဆွေးနွေးမှုက တိတ်ဆိတ်သွားပြီး လူတိုင်း၏မျက်လုံးများက မျက်နှာပြင်ကျယ်ကြီးဆီ ရောက်သွားသည်။
‘အတူတကွခရီးသွား’၏ ဒုတိယပိုင်းက ၈နာရီတွင် စတင်ပြီး ယောင်ကျေးရွာအပြင် တရုတ်၏တီဗွီများရှေ့တွင် များစွာသော ပွဲကြည့်သူများ ရှိလေသည်။
လူတိုင်းက လှေပေါ်ရှိ အဖြစ်အပျက်နှင့် ကြိုတင်ပြကွက်မှ အကများကို ကြည့်ဖို့ စောင့်နေကြသည်။
ရှန်းထင်ရွှမ်းက လှေကို နောက်ဆုံးလိုင်းအထိ သူမဘာသာ လှော်သွားပြီး အစမှတ်သို့ ပြန်သွားရန် တခြားသူများနှင့် ပြောင်းလဲလိုက်သည်။
[ဒီလူတွေက အတော်လေးကို ရုန်းကန်နေရတာပဲ]
[Lol.. ငါ မနေနိုင်ဘဲ ရယ်မိသွားပြီ။ ငါက နတ်ဘုရားမအားရွှမ်းကို ကိုးကွယ်သူပါပဲ]
[တကယ်တမ်းကျ အားရွှမ်းက သူမခန္ဓာကိုယ်ပုံစံက ဆိုးဝါးပြီး ကြွက်သားတွေကြောင့် အဝတ်ပွပွ ဝတ်ထားတာ ဖြစ်နိုင်တယ်။ ဒါက သိသာတယ်လေ]
မည်သူက ယင်းကို မတုံ့ပြန်ကြချေ။ တကယ်တမ်းတော့ ရှန်းထင်ရွှမ်းက အဝတ်ကပ်ကပ်များ မဝတ်ထားချေ။
သို့တိုင် ရှန်းထင်ရွှမ်းမှာ ကြည့်ကောင်းမည်ဟု တွေးထားသည့် လူများစွာ ရှိနေသေးသည်။
[ဒါက ကောင်းတယ်]
[ငါလည်းပဲ အားရွှမ်းက ကြည့်ကောင်းတယ်လို့ တွေးမိတယ်]
မကြာမီတွင် မြင်ကွင်းက အရက်အမုန်းသောက်ခြင်းသို့ ပြောင်းလဲသွား၏။
ကျေးရွာသားများက သူတို့ကို နောက်ဆုံးသောက်ဖို့ မေးခဲ့ပြီး အင်တာနက်သုံးသူများက ထပ်မံဆွေးနွေးကြပြန်သည်။
[ဒါက ကြီးမားတဲ့ဦးချိုပဲ၊ အထဲမှာ အရက်တွေ ဘယ်လောက်တောင်လဲ]
[ငါ့အစ်ကိုက အများကြီး မသောက်ပုံပဲ။ ဒီပရိုဂရမ်အဖွဲ့က သိပ်ရက်စက်တာပဲ]
[မင်း မတွေ့ဘူးလား။ အားရွှမ်းက အချိန်တိုင်း ဦးချိုထဲကအရက်တွေ သောက်နေတာ]
[ငါ အဲဒါကို မြင်တယ်။ သူမက အကုန်သောက်တော့မှာလား]
…
လူတိုင်းက ယင်းကို ဆွေးနွေးခဲ့ကြသည်။ ယင်းက အသက်ဝင်နေပြီး မြင်ကွင်းသည် ရှန်းထင်ရွှမ်းမှ ဦးချိုထဲက အရက်များ အကုန်သောက်လိုက်သည်ကို ပြသထားသည်။ ရွာသားများက ဦးချိုထဲက အရက်များ သောက်လျှင် အလုပ်ပြီးမည်ဟု ပြောခဲ့သည်။
ထို့နောက် လူတိုင်းက ဒေသထွက်စားစရာများကို အရသာခံခဲ့ကြ၏။
ရှန်းရွှမ်၏ တစ်ကိုယ်တော်အကက ဖြတ်ချခံလိုက်ရပြီး ရှန်းရွှမ်အပါ လူသုံးဦးက မြစ်ထဲသို့ ပြုတ်ကျကျန်ရစ်ခဲ့ကြသည်။
မူလက သူတို့သည် စင်နောက်ကွယ်ရှိ မြင်ကွင်းကို တည်းဖြတ်ရန် စီစဉ်ထားခဲ့သော်လည်း တည်းဖြတ်သည့်လုပ်ငန်းစဉ်တွင် သူတို့က တစ်ခုခုကို ရှာတွေ့ခဲ့သည်။
ယင်းက ဧည့်သည်သုံးဦး ပြုတ်ကျခြင်းက မတော်တဆမဟုတ်ဘဲ ရှန်းရွှမ်က တမင်သက်သက်လုပ်ခဲ့တာ ဖြစ်သည်။ ထို့ကြောင့် နှစ်ကြိမ်မျှ တွေးပြီးနောက် ပရိုဂရမ်အဖွဲ့က အတူတူ ဆွေးနွေးပြီးနောက်တွင် ထိုကလစ်ကို ထည့်သွင်းရန် ဆုံးဖြတ်လိုက်ကြသည်။
ပရိုဂရမ်အဖွဲ့၏ မှတ်တမ်းတင်မှုကို မူလက အသံမထွက်သော်လည်း ပိုင်ဟောက်နှင့် လျိုကျင်း၏ဖန်များက သူတို့အိုက်ဒေါများ မြစ်ထဲသို့ ပြုတ်ကျသွားသည်ကို တွေ့ပြီးနောက် သူတို့က ပရိုဂရမ်အဖွဲ့ကို ပြဿနာမရှာလောက်ချေ။ ယင်းကိစ္စက မည်သူလုပ်လုပ် တာဝန်ယူရပေမည်။
ပိုင်ဟောက်နှင့် လျိုကျင်း ပြုတ်ကျသွားသောအခါ သူတို့နှစ်ဦး၏ဖန်များက အရူးအမူး ဖြစ်သွားပြီး မှတ်ချက်များ အလျင်အမြန် ချကြတော့သည်။
[ဒါက သိပ်မလုံခြုံဘူး။ ဘာလို့ ငါ့အိုက်ဒေါက မြစ်ထဲကို ကျသွားရတာလဲ]
[ငါ့ဟောက်က သောက်ထားတ၊ အခုတော့ သူက ပြုတ်ကျသွားတယ်။ ဒါက ညကြီး.. အိုး သေစမ်း]
[အိုး.. ဘုရားရေ.. ငါ့နှလုံးသား ဆွဲညှစ်ခံလိုက်ရတယ်]
[ငါက နှစ်ယောက်လုံးရဲ့ဖန်မဟုတ်ဘူး။ ဒါပေမဲ့ ငါက တအားစိုးရိမ်သွားတယ်]
ယောင်ကျေးရွာမှ လူတိုင်းကလည်း အနည်းငယ် ပူပန်သွားကြသည်။ ယင်းက နေဦးဖြစ်သည့်တိုင် ညဖြစ်သေးသည်။ ပြုတ်ကျခြင်းက မလုံခြုံနိုင်ပေ။
သို့သော်လည်း မှတ်ချက်နေရာတွင် တချို့ကောမန့်များက ထွက်ပေါ်လာသည်။
[အာ.. ငါ ရှန်းရွှမ်က ပိုင်ဟောက်ကို တမင်သက်သက် ဆွဲချလိုက်တယ်လို့ တွေ့လိုက်ပုံပဲ။ ငါ့မှာ လျှို့ဝှက်သီအိုရီရှိသွားတယ်။ ရှန်းရွှမ်က ရှန်းထင်ရွှမ်းကို ဆွဲချအောင်လို့ ပိုင်ဟောက်ကို ဆွဲချချင်တာလား။ ဒါပေမဲ့ သူမ မမျှော်လင့်ထားတာက ပိုင်ဟောက်က ရှန်းထင်ရွှမ်းကို သွားမဆွဲပေမဲ့ ရှန်းရွှမ်က ပိုင်ဟောက်နဲ့ ပြုတ်ကျမှာမို့ သူမက လျိုကျင်းကို ရိုးရိုးရှင်းရှင်းပဲ ဆွဲချလိုက်ပြီးတော့ မမျှော်လင့်ထားဘဲ သုံးယောက်လုံးက ပြုတ်ကျသွားတာပဲ]
[ငိုး.. ငါ အဲဒါကို ပြန်ကြည့်ချင်တယ်၊ ဒါက တကယ့်ကို အဲလိုပဲ]
[ရှန်းရွှမ်က သိပ်ရက်စက်တာပဲ]
[ဒါကို ပရိုဂရမ်အဖွဲ့က ရိုက်မိထားတယ်၊ ငါ တကယ့်ကို ယုံကြည်သွားပြီ]
ယင်းက ပျားအုံကို တုတ်နဲ့ ထိုးလိုက်သည့်နှယ် ပိုင်ဟောက်နှင့် လျိုကျင်းတို့၏ဖန်များက ရှန်းရွှမ်ကို တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ကြတော့သည်။ ရလဒ်အနေဖြင့် ရှန်းရွှမ်ကို ကာကွယ်ပေးမဲ့သူ မရှိတော့ဘဲ သူတို့က ဘယ်လိုဆူဆဲနေပါစေ မည်သူမျှ ထွက်လာပြီး မတုံ့ပြန်တော့ချေ။
…
အစီအစဉ်က မပြီးသေးချေ။ ဧည့်သည်များက ကယ်ဆယ်ခံရပြီးနောက် နားခိုရာသို့ ပို့ပေးကြသည်။ မြင်ကွင်းက အပြင်ဘက်ရှိ ကြယ်စုံကောင်းကင်ဆီသို့ ရောက်သွား၏။
ထို့နောက် နောက်နေ့မနက်စောစောတွင် ရှန်းထင်ရွှမ်းက ထပြီးနောက် ယာဂုကို ချက်ကာ ပြေးဖို့ ထွက်သွားတော့သည်။
ကင်မရာမန်းက အကွာအဝေးတစ်ခုထိ ပြေးလိုက်ပြီးနောက်တွင် ရိုးရှင်းသော အဝေးရှုခင်းရိုက်ချက်ကိုသာ ရိုက်ကူးတော့သည်။ ရှန်းထင်ရွှမ်းနောက် ပြေးလိုက်တာက ပင်ပန်းလွန်း၏။
ပရိသတ်က ပြုံးရယ်ကြတော့သည်။
[ကင်မရာမန်းရဲ့ အကူအညီမဲ့မှုကို ငါ စခရင်ကို ဖြတ်ပြီးတော့ ခံစားမိတယ်]
[အားရွှမ်းက တအားမြန်မြန် ပြေးနိုင်တယ်]
[လူတွေကို မရိုက်နဲ့၊ ဒီမှာ အဝေးရှုခင်းရိုက်ကွက်ကိုသာရိုက်]
[မညှာတာတတ်တာ မဟုတ်ပေမဲ့ ငါက အော်ရယ်မိသွားတယ်]
…
လျိုကျင်း၏အော်သံကို ကြားသောအခါ လူတိုင်း ပြုံးပျော်သွားကြပြီး မနေ့ညက သူတို့ မြစ်ထဲ ပြုတ်ကျချိန်တွင် ပိုက်ဆံပျောက်သွားကြောင်း သိလိုက်ရသည်။
ယင်းက ဝမ်းနည်းစရာ မဟုတ်သေးပေ။ ဝမ်းနည်းစရာက သူတို့သည် တာဝန်အသစ်ကို လက်ခံရရှိခဲ့ပြီးနောက် မြို့တော်ဘီသို့ ပြန်ဖို့ ငွေရှာရန် လိုခြင်း ဖြစ်လေသည်။
[ဒီပရိုဂရမ်အဖွဲ့က တအားမရိုးဖြောင့်လိုက်တာ]
[မရိုးဖြောင့်တာက ပရိုဂရမ်အဖွဲ့မဟုတ်ဘူး၊ ဒါပေမဲ့ ရှန်းရွှမ်က သူတို့ကို မြစ်ထဲ ပြုတ်ကျအောင် လုပ်ခဲ့တာလေ]
[ဒါက စိတ်ဝင်စားဖို့ကောင်းပေမဲ့ ရှန်းရွှမ်ကတော့ သိပ်မုန်းဖို့ကောင်းတာပဲ]
ယခင်အပိုင်းတွင် ရှန်းရွှမ်က ငွေမရခဲ့ချေ။ ဧည့်သည့်များက တွက်ချက်ကြပြီးနောက် ပရိသတ်များက ရှန်းရွှမ်ငွေမရကြောင်း သတိပြုမိခဲ့သည်။ သူမက ငွေရှာရမည့်အစား ဆုံးရှုံးစေခဲ့သည်။
ထပ်ဆိုရလျှင် မနေ့က သူမသည် ဧည့်သည်များကို မြစ်ထဲသို့ ကျစေခဲ့ပြီး ပိုက်ဆံပျောက်သွားခဲ့သည်။ ယင်းက ရှန်းရွှမ်က လူတိုင်းကို ဆွဲချလိုက်မှာကို ပရိသတ်က အလွန်စိတ်ပူပန်ခဲ့သည်။
[ငါတို့ သူမ ထွက်လာဖို့ တားနိုင်မလား]
[သူတို့က လက်မှတ်ဝယ်ဖို့ သူမကို ကူရအုံးမယ်]
[သိပ်လက်ဖွာတာပဲ။ ငါက သရုပ်ဆောင်အမျိုးသမီးတစ်ယောက်ကို ဒီလောက်ထိမမုန်းဖူးလို့ ဘယ်လိုပြောရမလဲဆိုတာ အခုမှသိတယ်]
…
ဆန္ဒရှိသောအခါ နည်းလမ်းက ရှိလာသည်။ ထိုအချိန် ဧည့်သည်များ၏ စိတ်ခံစားချက်ကို ဖော်ပြရန်အသင့်တော်ဆုံး ဖြစ်၏။
သူတို့က ရှိုးတစ်ခုကို တကယ်ကြီး ရှာတွေ့ခဲ့ပြီးနောက် ငွေရဖို့ ဖျော်ဖြေရန် ဆုံးဖြတ်လိုက်ကြသည်။
ပထမဆုံးအရာက ပိုင်ဟောက်နှင့် ကန်းချန်းယွင်တို့၏အကဖြစ်သည်။ ယင်းက အလွန် ခန့်ညားလွန်းလှ၏။
ချင်ယွဲ့ကျီ၏ သီဆိုမှုက ကောမန့်နေရာကို ထပ်မံပြည့်သွားစေလေသည်။
[ငါ ‘အဖြေ’ကို ထပ်ကြည့်ချင်သွားတယ်]
[အစ်ကိုက အံ့ဩဖို့ကောင်းလိုက်တာ]
…
ချင်ယွဲ့ကျီက စင်ပေါ်တွင် ရှိနေသည်။
ပရိသတ်က ထိုပြကွက်ကို မပျောက်သွားမီ သူတို့က ရှန်းထင်ရွှမ်းတို့သုံးယောက်အကကို တွေ့လိုက်ရသည်။
သူတို့သုံးယောက်က လှည့်လာသောအခါ ကောမန့်နေရာက ထပ်မံပေါက်ကွဲထွက်သွားပြန်သည်။
[အားရွှမ်းက ကောင်းမွန်တဲ့ခန္ဓာကိုယ်အချိုးအစားမရှိဘူးလို့ ဘယ်သူကပြောတာလဲ။ ကျေးဇူးပြု၍ ဝန်ခံပြီးတော့ မေးပါရစေ။ မင်း မျက်နှာဖြတ်ရိုက်ခံလိုက်ရတာ နာလား]
[ဝိုး.. အရင်က သူမဝတ်ထားတဲ့ နွမ်းဖတ်ဖတ် ရှေးဝတ်စုံကို ကြည့်ပြီးတော့ အားရွှမ်းက လျော့တိလျော့ရဲလို့ ထင်ခဲ့တာ။ သူမရဲ့အချိုးအစားဆိုးဆိုးကြောင့်လို့ ထင်ခဲ့ပေမဲ့ အကောင်းဆုံးဖြစ်နေတာပဲ]
[နတ်ဆိုးလိုအချိုးအစား၊ နတ်သမီးလိုမျက်နှာနဲ့ ငါ ဝန်ခံလိုက်ပါပြီ]
[အား အား အား.. ငါ အားရွှမ်းကို ဖုန်းခေါ်ချင်တယ်]
[ငိုး.. ငါ ရှန်းရွှမ်က အားရွှမ်းကို ထောင်ချောက်ဆင်ချင်တာကို တွေ့လိုက်ရတာလား]
[မင်းမှန်တယ်]
[သေစမ်း၊ စိတ်တိုဖို့သိပ်ကောင်းတာပဲ။ ဘာလို့ ထောင်ချောက်လေးတွေ များနေရတာလဲ]
[ပရိုဂရမ်အဖွဲ့က နောက်ဆို ရှန်းရွှမ်ကို ဘယ်တော့မှ ထပ်မဖိတ်ဖို့ ငါမျှော်လင့်တယ်၊ ဒါက ရွံစရာကောင်းတယ်]
[အားရွှမ်းကို ကြည့်ကြ..]
တီးလုံးက ပြီးဆုံးသွားပြီးနောက် ရှိုး၏သည်အပိုင်းကလည်း ပြီးခါနီးလာသည်။ လူတိုင်းက ထုပ်ပိုးကြပြီး မြို့တော်ဘီသို့ ပြန်ရန် ပြင်ဆင်ကြသည်။
လူတိုင်းသည် ရှန်းထင်ရွှမ်းက အဖွဲ့သားများအား အိတ်ကြီးနှစ်အိတ်ကို အဘိုးအဘွားများထံ ပြန်ပေးရန် မေးမြန်းပြီးနောက် တံခါးပိတ်လိုက်သည်ကို တွေ့လိုက်ရသည်။
ဤအပိုင်းက ပြီးဆုံးသွား၏။
အဆုံးသတ်သီချင်း ထွက်လာပြီး ဘာလို့ထိုသို့အဆုံးသတ်သွားတာလဲဟုဆိုကာ လူတိုင်းက အနည်းငယ်တော့ တွန့်ဆုတ်နေကြသေးသည်။
ယောင်ကျေးရွာမှ ရွာသူရွာသားများကလည်း တချို့သော အတွေးများရသွားကြသည်။ “ဟေး.. ငါတို့..”
သူတို့ရှေ့ရှိ ဖန်သားပြင်ပေါ်တွင် တခြားသောပုံရိပ်များ ရုတ်တရက် ရှိလာသည်။
အဖွဲ့သားများက ပါဝင်ပစ္စည်းအိတ်ကို လူအိုနှစ်ဦးထံ ယူသွားသော ဗီဒီယိုဖြစ်သည်။
“တကယ်တမ်းတော့ သူမက ငွေအများကြီး လက်မခံခဲ့ဘူးလေ။ ငါတို့ စားစရာတွေကို ဘယ်လို ပြန်လက်ခံနိုင်မလဲ”
“ဒါမှမဟုတ် ငါတို့ မိန်းကလေးဆီကို ပြန်ပို့ပေးလိုက်ရအောင်။ ဒါမှ ငါတို့လည်း စိတ်သက်သာရာရမယ်”
ပရိုဂရမ်အဖွဲ့ကလည်း ပါဝင်ပစ္စည်းများကို အိမ်ထဲသို့ ဝင်ထားလိုက်ပြီးနောက် ထွက်လာကြကာ လူအိုကြီးနှစ်ယောက်က သူတို့နောက် လိုက်သွားခဲ့သည်။
“ဒီမိန်းကလေးက တကယ်ကောင်းတာပဲ။ ငါ့အစား သူမကို ကျေးဇူးတင်ပေးပါအုံး”
ပရိုဂရမ်အဖွဲ့သားများ အဝေးကို လျှောက်သွားသည်အထိ လူအိုနှစ်ယောက်က မတ်တတ်ရပ် လက်ပြနေသေးဆဲ ဖြစ်သည်။
များစွာသော အင်တာနက်သုံးသူများက ထိုမြင်ကွင်းကို ကြည့်ပြီးနောက် မျက်ရည်များဝဲလာကြသည်။ လူအိုကြီးနှစ်ဦး၏ ရိုးသားမှုနှင့် ရှန်းထင်ရွှမ်း၏ ပေးလှူခြင်းက လုံးဝရင်ထဲထိစေသည်။ သူတို့အိမ်ရှိ အဘိုးအဘွားများကို သတိရသွားကြသည်။
လူများစွာက အင်တာနက်မှ ထိုမြင်ကွင်းကို ဆွေးနွေးကြပြီး ဆွေးနွေးပြီးသောအခါ သူတို့က နောက်တစ်ပိုင်းကို ထုတ်လွှင့်ဖို့ တောင်းဆိုကြတော့သည်။
ရှားရှားကလည်း အလွန်မြန်ဆန်ကာ သူတို့က စုစုပေါင်း ငါးကြိမ်ရိုက်ကူးဖို့ စီစဉ်ထားကာ ဒုတိယရိုက်ကူးရေးက မစတင်သေးချေ။
ပိုပိုများလာသော လူများက အင်တာနက်မှ ခေါ်ဆိုနေကြပြီး ရှားရှားက ရှင်းယွမ်ရှန်အောက်ရှိ အဆောက်အဦဆောက်မှုကို မြန်မြန်ပြီးရန် ထပ်သွားတောင်းဆိုခဲ့သည်။
အဆောက်အဦ၏ ပရိဘောဂများကို ရွေးချယ်ခဲ့ပြီး ယင်းက ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့မပါသော ယခင်က ပြုလုပ်ထားသည့်အရာများ ဖြစ်ပေသည်။ (Formaldehyde ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့ အိမ်ဆောက်ပစ္စည်းများတွင် ရလေ့ရှိသော အရောင်မဲ့အနံ့၊ ကလေးများနှင့် ကိုယ်ဝန်ဆောင်များ မရှုမိစေရန် သတိထားသင့်သည်။ အနံ့ပြင်းသည်။)
ရှင်းယွမ်ရှန်သို့ အသွားတွင် ရှားရှားက နည်းလမ်းကောင်းတစ်ခုကို ရုတ်တရက်တွေးမိသွား၏။
…
ရှင်းယွမ်ရှန်အောက်ရှိ အဆောက်အဦတည်ဆောက်ခြင်းအပြင် လတ်တလော၌ နောက်ထပ် အဓိက ဖြစ်ရပ်တစ်ခုရှိသည်။ ရွာဝင်ဝတွင် များစွာသောယာမြေများရှိသည်။ ယင်းတွင် ပို့ဆောင်ရေးစင်တာတစ်ခု ဆောက်မည်ဟု ပြောသည်။
ပို့ဆောင်ရေးစင်တာတွင် လတ်ဆတ်သောစားစရာများသာမက ပို့ဆောင်ရေးကုပ္မဏီအားလုံး ပါဝင်လုနီးပါးပင်။ ဆောက်ပြီးသွားပါက ရွာသားများက ပို့ဆောင်ခြင်းနှင့် လက်ခံခြင်းတွင် ပိုလျင်မြန်သွားမည်ဟု ပြောသည်။
တချို့သော လူငယ်များက ပို့ဆောင်ရေးစင်တာဖွင့်ရန် မမျှော်လင့်ထားဘဲ အွန်လိုင်းစတိုးဖွင့်ရန်သာ စတင်ခဲ့ကြသည်။
တကယ်တမ်းတွင် ဤနေရာ၌ ဘာမှမရှိသော်လည်း ယောင်ကျေးရွာဟု ဆိုလျှင် အင်တာနက်သုံးသူများက သိကြပေသည်။
“ရှန်းထင်ရွှမ်းနဲ့ ပတ်သက်ပြီးတော့ လူတိုင်းက ဒါကို သိကြတယ်။ တကယ်တမ်းတော့ ရှင်းယွမ်ရှန်က ကျော်ကြားနေပြီးသားလေ။ လူတိုင်းက ဒီအရှိန်နဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ ရောင်းချနိုင်တယ်လေ”
သို့သော် အွန်လိုင်းစတိုးဖွင့်သော လူများသည်လည်း ရိုးသွားပြီး အနီရောင်စာလုံးဖြင့် အောက်တွင် သိသိသာသာ တိုက်ရိုက်ပြောထားသည်။ ကျွန်ုပ်တို့၏သစ်သီးများသည် ရှင်းယွမ်ရှန်းနှင့် ကွဲပြားပါသည်။ သင် ယင်းတို့ကို ဝယ်ပါက သတိထားစေလိုပါသည်။
သို့သော်လည်း ရှင်းယွမ်ရှန်မှ သစ်သီးများကို မဝယ်ယူနိုင်သော အင်တာနက်သုံးသူများက ယောင်ကျေးရွာရှိ တခြားသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ဝယ်ယူရန် ဆန္ဒရှိကြလေသည်။ ထို့အတွက် ယောင်ကျေးရွာသားများက သူတို့ကိုယ်ပိုင် အွန်လိုင်းစတိုးများကို ဖွင့်ကြခြင်းက အတော်လေး ကောင်းမွန်ပေ၏။
စိတ်ထင်တာ ဖြစ်နိုင်သော်လည်း လူတိုင်းသည် တခြားသောနေရာများထက် အရသာပိုကောင်းသည်ဟု တွေးကြပေသည်။
ထို့နောက် လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် အွန်လိုင်းစတိုးများ ဖွင့်ကြတော့သည်။
ယောင်တာ့ကျူးက ယင်းကို သင်ယူပြီးနောက် သူကလည်း ထိုကိစ္စကို ကျေးရွာမှလူများနှင့် ဆွေးနွေးလိုက်သည်။ အွန်လိုင်းစတိုးဖွင့်ရန် အဆင်ပြေပြီး ယောင်ကျေးရွာနာမည်ကို အသုံးပြုရန်က အဆင်ပြေသော်လည်း မကောင်းတဲ့ဓာတ်မြေဩဇာကို မသုံးဘဲ အရည်အသွေးကို အာမခံနိုင်ရမည်ဖြစ်သည်။
အဓိကအချက်မှာ ရှင်းယွမ်ရှန်၏နာမည်ကို မခိုးရန်ဖြစ်သည်မှာ သေချာ၏။ နောက်ဆုံးတစ်ကြိမ် ဖြစ်ပျက်ပြီးနောက် ရွာသားများက ဘယ်လို မယုံဘဲနေမည်နည်း။ သူတို့က ထိုစည်းမျဉ်းကို လိုက်နာမည်ဟု ထုတ်ပြောကြသည်။
…
ရှင်းယွမ်ရှန်အောက်ရှိ အဆောက်အဦက ညမတိုင်ခင် ပြီးသွား၏။ နောက်နေ့တွင် ရှန်းထင်ရွှမ်းက ရှားရှားထံမှ ဖုန်းလက်ခံရကာ ဒုတိယမြောက်ရိုက်ကူးရေးက မနက်ဖြန်ဖြစ်ကြောင်း တိုက်ရိုက်ထုတ်လွှင့်မည် ဟု ပြောသည်။
ရှန်းထင်ရွှမ်းက ယင်းကို မငြင်းဆန်ပေ။ သူမက အပင်စိုက်ရုံကလွဲ ဘာမှမရှိဘဲ သူမတာဝန်က ပြီးသွားပြီဖြစ်သည်။
နောက်တစ်ပတ် ရှန်းရွှမ်နှင့် တရားစွဲဆိုမှုတွင် ကျန်းရှန်းမိန့်က သေဒဏ်ကျခဲ့သည်။ ယင်းက မူလကိုယ်နှင့်သူ့အမေအတွက် အကောင်းဆုံးလက်စားချေမှု ဖြစ်နိုင်သည်။
…
မနက်ခင်း ၆နာရီတွင် ကောင်းကင်က တောက်ပလာပြီး ကင်မရာမန်းက ရှင်းယွမ်ရှန်သို့ဝင်ရန် အချိန်ကျရောက်လာပြီး လှုပ်ရှားလိုက်ရာ ရှန်းထင်ရွှမ်းက ကုန်တင်ကားသေးလေးကို မောင်းနှင်လာပြီး စူပါမောလ်သို့ အသီးများပို့ရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည်။
တခြားအရာများမရှိချေ။
ရှင်းယွမ်ရှန်တွင် ရိုက်ကူးမည်ဖြစ်သဖြင့် ရှန်းထင်ရွှမ်းက မည်သည့်အထုပ်အပိုးမှ မထုပ်ပိုးထားချေ။
…
စာရေးသူမှာ ပြောစရာရှိပါတယ်။
ရှင်းယွမ်ရှန်ရဲ့သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ပြဖို့ အချိန်ပဲ။