← Chapters

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း (၆၄) (က)

သူတို့က ဒုတိယအကြိမ် ရှိုးရိုက်ကူးရေး၏ နောက်ဆုံးရက်ကို မကြာမီ ရောက်လာသည်။

သူတို့က စောစောထကြပြီးတော့ ရှင်းယွမ်ရှန်ကနေ ထွက်သွားဖို့ကို တွန့်ဆုတ်နေကြသည်။ အလုပ်ဖြစ်သော်ငြား သူတို့က အလုပ်လုပ်တာ အလွန်ပျော်ရွှင်နိုင်မည်ဟု မသိခဲ့ဖူးပေ။ မနက်ခင်းတွင် သူတို့က ရှန်းထင်ရွှမ်းကို မတွေ့ကြရပေ။ သူမက ၅နာရီကတည်းက ထွက်သွားပြီဖြစ်သည်။

သူမက ဧည်သည့်များကို အသီးခူးတာ ကူညီပေးဖို့ မမေးခဲ့ချေ။ တကယ်တမ်းတွင် သူမကိုယ်တိုင် လုပ်ခြင်းက ပိုမြန်ပေသည်။ အသီးခူးပြီးနောက် သူမက လူတိုင်းအတွက် မနက်စာ အာလူးအစာသွပ် ကြက်ဥလိပ် ချက်ပြုတ်လိုက်သည်။

ထိုနည်းလမ်းက အလွန်ရိုးရှင်း၏။ သူမက ဂျုံကို ရိုးရိုး အရည်ဖျော်လိုက်ပြီး ကြက်ဥတချို့ ထည့်ကာ အဝိုင်းပုံကိတ်လေးများ ပုံစံလုပ်လိုက်ပြီး အာလူးကို မွှကာ၊ အတွင်းတွင် ဆလတ်ရွက်ထည့်ကာ လိပ်ပြီးနောက် စားနိုင်သည်။

လူငါးဦးက အောက်ဆင်းလာပြီး မနက်စာပူပူကို တွေ့ကာ အတူတကွ ပျော်ရွှင်စွာ ထိုင်လိုက်ကြသည်။

သည်မနက်တွင် အာလူးမွမွနှင့် မနေ့က အာလူးမီးဖုတ်က အရသာကွဲပြားသည်။ ကစီဓာတ်ကြောင့် မနေ့ကစားစရာနှင့် ကွာခြားခြင်း ဖြစ်သည်။ ယနေ့တွင် ရှန်းထင်ရွှမ်းက အာလူးမွမွထဲမှ ကစီဓာတ်ကို ရေအေးသုံး၍ စိမ့်ထွက်စေပြီး ကြွပ်ရွသော အနေအထား ရလာသည်။ ဆလတ်၏ ချိုမြိန်မှုနှင့် ကြက်ဥအကာ၏ မွှေးပျံ့သောရနံ့က တစ်ကိုက်တည်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကို သက်သောင့်သက်သာ ဖြစ်စေနိုင်သည်။

“ဒီနေ့ ရှိုးက အဆုံးသတ်လို့ ငါ မထင်ထားမိဘူး” ကုယွမ်၏ မိသားစုအခြေအနေက အလွန်ကောင်း၏။ အိမ်ရှိ စားဖိုမှူးများက ထိပ်တန်း ဖြစ်သော်ငြား ပါဝင်ပစ္စည်းများကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သူမသည် ရှန်းထင်ရွှမ်း လုပ်ပေးသည့် မည်သည့်အရာမဆို အိမ်ထက် ပိုကောင်းသည်ဟု ခံစားရသည်။ အလွန်ရိုးရှင်းသော အာလူးမီးဖုတ်ပင်လျှင် အိမ်ထက် ပိုကောင်း၏။

ကန်းချန်းယွင်က အနည်းငယ် စိုးရိမ်နေသည်။ ဒီတစ်ကြိမ် ရှိုးတွင် သူက တကယ့်ကို မထိန်းသိမ်းဘဲ စားသောက်ခဲ့သည်။ သူပြန်သွားသောအခါ သူ့အေးဂျင့်ထံမှ သေချာပေါက် ပြင်းပြင်းထန်ထန် ဆူပူခံရပေမည်။ သူ လုပ်နိုင်သရွေ့ ဘယ်တော့မှ မထွက်သွားဟုပင် သူ တွေးမိသည်။ ရှန်းထင်ရွှမ်းတွင် အသီးတချို့ ရှိပြီး သူ့အေးဂျင့်အတွက် တချို့ ပြန်ယူသွားဖို့ တွေးလိုက်သည်။ ယင်းကို တွေးမိပြီး ထိုနည်းလမ်းက အလွန်ဖြစ်နိုင်ခြေ ရှိသည်ဟု ထင်လိုက်သည်။ ရှိုးပြီးဆုံးသွားသောအခါ သူက ရှန်းထင်ရွှမ်းကို မေးမြန်းရမည်။

ပိုင်ဟောက်ကလည်း သည်ရှိုးတွင် တချို့ ပုံမှန်မဟုတ်သော တာဝန်များ ရှိသောကြောင့် အနည်းငယ် သက်သောင့်သက်သာ မရှိသော်လည်း အရသာရှိသော စားစရာများရှိနေပြီး ဧည့်သည်များက ကောင်းမွန်သဖြင့် သူ အလွန်ပျော်ရွှင်နေပြီး အားလပ်ရက်တွင် ကွင်းပြင်၌ သူငယ်ချင်းများနှင့် စကားစမြည်လာပြောနေသလို ခံစားရလေသည်။

လျိုကျင်းကလည်း ယခုတွင် အလွန်တည်ငြိမ်နေပြီဖြစ်သည်။ ပထမအကြိမ် ရိုက်ကူးရေးတွင် သူမက သူမကိုယ်သူမ အမျိုးသမီးဧည့်သည်များအနက် ကြီးမြတ်သူအဖြစ် ခံစားခဲ့ရသည်။ လူတိုင်းက သူမကို အာရုံစိုက်သင့်၏။ အနည်းငယ် စိတ်ကြီးဝင်ကြောင်း ဝန်ခံနိုင်သော်လည်း ပရိသတ်များက သူမကို ကြည့်ပြီး ဆူပူကြမည်ဟု သူမက မထင်ထားချေ။ ကံကောင်းစွာဖြင့် သူမက ရှန်းရွှမ်ကြောင့် အသိတရားရသွားသည်။ အဆုံးတွင် လူတိုင်းက ရှန်းရွှမ်ကို ပစ်မှတ်ထားကြလေရာ ထို့ကြောင့် ဤတစ်ပိုင်းရိုက်ကူးရေးတွင် လျိုကျင်းက သူမ၏ တည်ရှိမှုကို လျှော့ချရန် ကြိုးစားခဲ့သည်။ သူမက နာမည်ကြီးကြယ်တစ်ပွင့် ဖြစ်ပြီး ရှိုးအတွင်း တခြားသော တစ်ခုခု မဖြစ်လာစေရန် သူမ ဆောင်ရွက်ရမည်ဟုသာ တွေးတောခဲ့တော့သည်။

စကားပြောနေကြစဉ်တွင် ကုယွမ်က ရုတ်တရက် ပြော၏။ “ဒီမှာ စာရွက်နဲ့ ဘောပင် ရှိလား”

သူမတွင် စိတ်လှုပ်ရှားနေသော အကြည့်တစ်ခု ရှိလာသည်။

မင်းသာ ကုယွမ်နှင့် ရင်းနှီးပါက ကုယွမ်က သီချင်းတွေနဲ့ သံစဉ်တွေကို ကိုယ်တိုင်ရေးတာကို သိလိမ့်မယ်။ လွန်ခဲ့သော နှစ်များက ကုယွမ်က တစ်နှစ်ကြာ ဘာလို့ သီချင်းတစ်ပုဒ်မှ မထွက်ခဲ့ရတာလဲ။

ယင်းက သူမသည် ဖန်တီးနိုင်သည့် စိတ်အခြေအနေ မရှိသောကြောင့် ဖြစ်သည်။

စာကြည့်ခန်းတွင် စာရွက်နှင့် ဘောပင်ရှိပြီး ချင်ယွဲ့ကျီက ကုယွမ်ကို တိုက်ရိုက်ကမ်းပေးလိုက်သည်။ ကုယွမ်က စာရွက်နှင့် ဘောပင်ကို ယူလိုက်ပြီး စာရွက်ပေါ်တွင် သီချင်းညည်းရင်း ရေးဆွဲလိုက်သည်။ လူတိုင်းက သူမကို မနှောင့်ယှက်ဘဲ ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေကြသည်။

[ဒါက ဘာအခြေအနေလဲ]

[နတ်ဘုရားမက သီချင်းတစ်ပုဒ် ရေးနေပုံရတာလား]

[တကယ်လး။ ဒီသီချင်းက လုံးဝ နားမထောင်ဖူးတဲ့ဟာလား]

[အား အား.. သီချင်းအသစ်တစ်ပုဒ် မွေးဖွားလာတာကို ငါတို့ တွေ့မြင်နေရတာလား]

…

ရှားရှားက စမြင်မြင်ချင်းတွင် မသိသော်လည်း ကုယွမ်၏အေးဂျင့်က ကုယွမ်ကို စိတ်အနှောင့်အယှက် မဖြစ်စေဖို့ ပရိုဂရမ်အဖွဲ့အား ပြောလိုက်သည်။ ထို့နောက် ရှားရှားက သတိပြုလိုက်မိ၏။

မကြာမီတွင် ကုယွမ်က ခေါင်းမော့လာ၏။ “ငါ ဒီနှစ်အတွက် သီချင်းအသစ်တစ်ပုဒ်ရပြီ”

[သေစမ်း]

[အမေ့ရေ.. ကြက်သီးတွေ ထလာပြီ]

[ဘုရားရေ.. ဒါက ဘယ်လို ပေါက်ကွဲမှုအသစ်မျိုးလဲ]

[!! သူမက တကယ်ကြီး သီချင်းအသစ်ကို ရေးလိုက်တာပဲ]

…

မကြာမီတွင် #ကုယွမ်၏သီချင်းသစ် ဟု ဝေ့ပေါ်တွင် ခေတ်စားလာပြီး လူတိုင်းက ကုယွမ် ရှိုးတွင် တကယ်ကြီး သီချင်းသစ် ရောင်းလိုက်သည့်အကြောင်းကို ရှာဖွေကြတော့သည်။

လူများစွာက တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ ဝင်ကာ လျင်မြန်စွာ ကလစ်ကြတော့၏။ ချင်ယွဲ့ကျီကဲ့သို့ လူသိများသော ထိုအဆိုတော်က ထိုတစ်ခဏတွင် စိတ်ခံစားချက်များ ပွင့်ထွက်လာတော့သည်။

ကုယွမ်က နောက်ဆုံးရမှတ်ကို ယူပြီး သံစဉ်မဲ့သီချင်းကို စဆိုတော့၏။ တီးလုံးသံစဉ် မပါသည့်တိုင် ကုယွမ်၏ အသံက အလွန်ကောင်းပြီး မှော်ဆန်ဆန် ဆွဲဆောင်မှု ရှိလေသည်။

သူမက လွန်ခဲ့သောရက်များတွင် ငရုတ်သီးအချို့ စားခဲ့သော်လည်း ကုယွမ်က သူမလည်ချောင်းတွင် မည်သည့်ပြဿနာကိုမျှ မခံစားရချေ။

ရှန်းထင်ရွှမ်း၏ ငရုတ်ကောင်းများက စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ရေလောင်းထားသဖြင့် လူများအတွက် အန္တရာယ်မရှိသည်မှာ သေချာပေ၏။

ကုယွမ်က သီချင်းဆိုနေစဉ် သူ့မျက်လုံးများက ရှင်းလင်းနေပြီး သူ့အသံကလည်း အရာရာကို ထိုးဖောက်နိုင်ပုံရသည်။ ထိုသီချင်း၊ ထိုသံစဉ်နှင့် ထိုအသံက လုံးဝကို ပြီးပြည့်စုံနေ၏။

ချင်ယွဲ့ကျီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သည်သီချင်းက သံသယဖြစ်ဖွယ်မရှိ ပေါက်သွားမည်ကို မြင်နိုင်လေသည်။

ရှန်းထင်ရွှမ်းကလည်း မျက်လုံးများကို မှိတ်ကာ ကုယွမ်၏ တုနှိုင်းမဲ့အသံကို နားထောင်နေသည်။

…

ကုယွမ်၏ အေးဂျင့်က ဖန်သားပြင်အရှေ့တွင် ထိုင်နေရင်း မျက်ရည်များ ကျဆင်းလာတော့သည်။

မနှစ်ကတည်းက ကုယွမ်သည် သူမက သီချင်းမရေးနိုင်တော့သလို မဆိုနိုင်တော့ကြောင်း သူ့ကို ပြောခဲ့သည်။ လူတိုင်းက ကုယွမ်သည် သီချင်းအများအပြားကို ထုတ်လွှင့်ဖို့ စိတ်ဆန္ဒမရှိဟု ထင်နေကြသည်။ တကယ်တမ်းတော့ ထိုသို့ မဟုတ်‌ချေ။ ကုယွမ်က ဘာကိုမှ မရေးစပ်နိုင်တော့တာဘဲ ဖြစ်ပြီး သူမက တခြားသူ ရေးစပ်ထားသော သီချင်းကို မဆိုချင်ပေ။

ထိုစဉ်က ကုယွမ်က ပြောနေစဉ်တွင် မျက်ရည်မကျခဲ့သော်လည်း တခြားသူများထက် ကုယွမ်က ပို၍ ဝမ်းနည်းနေမည်ကို အေးဂျင့်က သိနေခဲ့သည်။ သူက သူမ မရေးနိုင်လည်း ကိစ္စမရှိဟု ပြောချင်ခဲ့သော်လည်း များစွာသော သီချင်းများက ထွက်ရှိနေပြီး တစ်ခုချင်းစီက ထူးခြားနေသည်ဖြစ်ရာ သူမကို မပြောနိုင်ခဲ့ချေ။ ကုယွမ်က သီချင်းဆိုတာကို ကြိုက်ပြီး ရေးစပ်သီကုံးနိုင်မှု ပျောက်ဆုံးခြင်းက သူမအတွက် သေချာပေါက် ရိုက်ချက်ကြီးကြီးတစ်ခုမှန်း သူ သိသည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ကုယွမ်က သီချင်းတစ်ပုဒ်ကို သီဆိုနေပြီး အေးဂျင့်က မျက်ရည်များနှင့် တီးတိုး ပြောလိုက်မိသည်။ “ယွမ် မင်း လုပ်နိုင်ခဲ့ပြီ”

…

သီချင်းတစ်ပုဒ် ဆိုပြီးနောက် ကုယွမ်၏မျက်လုံးထဲမှ မျက်ရည်များ ရှိနေသည်။ ယင်းက ကောင်းမွန်လှပြီး သူမက နောက်ထပ်တစ်ဖန် သီချင်းရေးနိုင်ပြီ ဖြစ်သည်။

ကန်းချန်းယွင်က တက်ကြွစွာ ချီးကျူးလိုက်သည်။ “ကောင်းလိုက်တာ”

ပိုင်ဟောက် “အစ်မယွင်၊ ဒီအယ်လ်ဘမ် ဘယ်တော့ ထွက်မလဲ။ ကျွန်တော် သေချာပေါက် ဝယ်မှာ”

လျိုကျင်း “ငါ ဒီပရိုဂရမ်အဖွဲ့ကို မုန်းလိုက်တာ။ ငါ့မှာသာ ဖုန်းရှိရင် ဒါကို မှတ်တမ်းတင်ထားနိုင်ပြီ”

ရှန်းထင်ရွှမ်းကလည်း “ဒါက တကယ်ကောင်းတယ်”

လူတိုင်း၏ ချီးကျူးသံကို ကြားပြီးနောက် ကုယွမ်က.. “ထင်ရွှမ်း ကျေးဇူးပါ။ မင်းက ငါ့ကို ဉာဏ်ကွန့်မြူးစေခဲ့တာပဲ”

ရှင်းယွမ်ရှန်တွင် စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေပြီး ယင်းက တခြားသူများကို လှုံ့ဆောင်ပေးနိုင်တာက အံ့ဩစရာ မဟုတ်ပေ။

ကုယွမ်၏သီဆိုခြင်းက အင်တာနက်သုံးသူများထံတွင် တည်းဖြတ်ခံရသည်။ သီချင်းက မထွက်ရှိသေးသော်လည်း အဓိကသီချင်းကဏ္ဍများတွင် နားထောင်နိုင်ပြီဖြစ်သည်။ တစ်ခဏအတွင်း ယင်းက သီချင်းသစ်များ၏ ထိပ်ဆုံးစာရင်းသို့ ရောက်ရှိသွားတော့၏။ ယင်းက သမိုင်းတွင် တီးလုံးသံ မပါဘဲ ထိပ်ဆုံးစာရင်းသို့ ရောက်ရှိသွားသော သီချင်းတစ်ပုဒ် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

လူများစွာက ရှင်းမပြတတ်သော ခံစားချက်များ ခံစားလိုက်ရသည်။ သီချင်းနာမည်က သီချင်းသစ် ဖြစ်သည်။ သူတို့က ယင်းကို နားထောင်သောအခါ နတ်ဘုရားမကုယွမ်၏ တီးလုံး မပါသော အသံသာ ဖြစ်သည်။ သို့သော် စာကြောင်းအချို့ နားထောင်ပြီးနောက် သီချင်းသည် အလွန်ကောင်းကြောင်း ရှာတွေ့သွားပေမည်။

…

ထိုအပိုင်းနှင့်အတူ ပရိုဂရမ်အဖွဲ့က ထပ်မံ၍ တာဝန်များကို မစီစဉ်ထားတော့ဘဲ ရိုက်ကူးရေးက ချက်ချင်း ပြီးဆုံးသွားတော့၏။

ရှန်းထင်ရွှမ်းက ရိုးရှင်းစွာပင် ချင်ယွဲ့ကျီနှင့် တခြားသူများကို ယောင်ကျေးရွာသို့ အလည်ခေါ်သွားပေသည်။ ပြီး‌နောက် သူတို့က မနေ့က အသားကင်ပစ္စည်းများရှိရာသို့ ပြန်လာကြသည်။

ရွာသားများက ဝက်သားနှင့် တခြားပါဝင်ပစ္စည်းများကို ထည့်ပေးပြီး ရှန်းထင်ရွှမ်းကလည်း တချို့သော ဟင်းသီးဟင်းရွက်များနှင့် အသီးများကို ထပ်ပေးလိမ့်မည်။ ခရီးတစ်ထောက်ပြီးနောက် လူတိုင်းက ထိုရိုးရှင်းသော ဤရွာလေးကို တသသ ဖြစ်နေကြသည်။

သူတို့က ရွာအဝင်သို့ လျှောက်သွားသောအခါ ကုယွမ်က ထောက်ပံ့ပို့ဆောင်ရေး အဆောက်အဦကို တွေ့လိုက်ရသည်။ “ဒါက ချင်အုပ်စုရဲ့ ပိုင်ဆိုင်မှုလား”

ပိုင်ဟောက်က သာမန်ဆန်ဆန် မေးမြန်းလာသည်။ “ချင်အုပ်စု.. အဲဒီချင်က ကျွန်တော်တွေးမိတဲ့ ချင်လား”

“တရုတ်မှာ.. သူတို့အပြင် ဘယ်သူ ရှိသေးလို့လဲ” ကုယွမ်၏ မျက်လုံးက ချင်ယွဲ့ကျီကို သိမ်းကြုံးကြည့်သွားသည်။

ရှန်းထင်ရွှမ်းက ၎င်းကို သိပ်စိတ်မဝင်စားသောကြောင့် သူမက ထိုဆွေးနွေးမှုတွင် ဝင်မပါချေ။

ရှားရှား၏ ကြေညာချက်ပြီးနောက် ဒုတိယရိုက်ကူးရေးက ရပ်တန့်သွားသည်။ လူတိုင်းက အနည်းငယ် မခွဲမခွာရက်သလို ခံစားကြရသည်။

ကန်းချန်းယွင်က မေးလိုက်၏။ “ထင်ရွှမ်း ကျွန်တော် သစ်သီးတချို့ ဝယ်သွားလို့ ရမလား”

“ရတာပေါ့”

တခြားသော ဧည်သည့်များကလည်း ၎င်းကို ကြားပြီးနောက် သစ်သီးများ ဝယ်ကြတော့သည်။ ရှားရှား၏ ဒါရိုက်တာအုပ်စုကလည်း ဝယ်ယူချင်နေလေရာ ရှင်းထင်ရွှမ်းက ရိုးရိုးရှင်းရှင်း ပြောလိုက်သ်ည။ “ကောင်းပြီ ရှင်တို့ စားချင်တဲ့ ဘယ်အသီးမဆို တစ်အိတ်ဆီ ယူသွားလို့ရတယ်”

လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ရှင်းယွမ်ရှန်သို့ သွားကာ အသီးများ ခူးယူကြတော့သည်။ တချို့သော သစ်သီးများမှာ ဈေးနှုန်းပင် မသတ်မှတ်ရသေးချေ။ လူတိုင်းက ရတနာဈေးရှိ ဈေးနှုန်းကို ရှာဖွေလိုက်ပြီး ပမာဏအချို့ ပေါင်းထည့်ပြီးနောက် ရှန်းထင်ရွှမ်းကို လွဲပြောင်းပေးလိုက်ကြသည်။ ရှန်းထင်ရွှမ်းက မလိုဘူးဟု ပြောသော်လည်း ဧည်သည့်များက မနေ့တုန်းက ကြီးမားသောတောင်ကြီးတွင် အပင်များကို ဂရုစိုက်ရန် ခက်ခဲသည်ကို သိရှိသွားကြပြီး ဖြစ်ရာ သူတို့က ထိုသို့ခက်ခက်ခဲခဲ စိုက်ပျိုးရသော အသီးများကို မည်သို့ အလကား ယူနိုင်မည်နည်း။

…

လူတိုင်းက ရှင်းယွမ်ရှန်မှ အသီးများနှင့် ပျော်ရွှင်စွာ ပြန်သွားကြသည်။ ကန်းချန်းယွင်က အလွန်ကျွံဆုံး ဖြစ်ကာ သူက စင်ပေါ်တွင် မရှိသေးသော သစ်သီးအများအပြားကို ဓာတ်ပုံရိုက်ပြီး ဝေ့ပေါ် ပေါ်တွင် တင်လိုက်သည်။

[ကန်းချန်းယွင်: ရှင်းယွမ်ရှန်က အသီးတွေက တကယ့်ကို အရသာရှိတယ် [ပုံ] [ပုံ]..] သူ့ဝေ့ပေါ်ပို့စ်တွင် ၁၅ပုံမျှ ပါဝင်၏။

[အစ်ကို အများကြီးစားတာ ဝမ်းလျှောနေမယ် သတိထားအုံး]

[ဒီမှာ တစ်ယောက်ယောက်က ကန်းချန်းယွင်ကို ဆန့်ကျင်မလား။ ငါ့ကို အက်လိုက်တော့]

ကန်းချန်းယွင်က ကောမန့်များကို ကြည့်လိုက်ပြီးနောက် ဖန်အတုတစ်အုပ်စုကို မာန်မဲလိုက်တော့သည်။

…

ရှန်းထင်ရွှမ်းကလည်း သူမခြံဝန်းထဲသို့ ပြန်လာခဲ့ပြီး တောင်အောက်ရှိ အဆောက်အဦငယ်လေးကလည်း ပရိုဂရမ်အဖွဲ့၏ ထွက်ခွာခြင်းနှင့်အတူ ဟင်းလင်းဖြစ်သွားပြီဖြစ်သည်။

နောက်နေ့ မနက်စောစောတွင် ရှားရှားက တစ်ယောက်ယောက်နှင့်အတူ ရောက်လာခဲ့ပြီး ထိုသူက ယခင် ရှေးဟောင်းမြို့ငယ်လေးအပိုင်း၏ ထောက်ပံ့သူ ဖြစ်ကြောင်း ပြောလာသည်။

ရှန်းထင်ရွှမ်းက ယခင်ရှိုးတွင် နွားနို့ကို သောက်ခဲ့ပြီး သူက ရှန်းထင်ရွှမ်းကို သူတို့နွားနို့၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာစေချင်နေသည်။

ရှန်းထင်ရွှမ်းက ငြင်းပယ်လိုက်၏။

ရှားရှားနှင့် ရှန်းထင်ရွှမ်း၏ ဆက်ဆံရေးက မဆိုးသောကြောင့် သူမက ရှန်းထင်ရွှမ်း လက်ခံလိမ့်မည်ဟု တွေးခဲ့သော်လည်း တစ်ဖက်လူက ချက်ချင်း ငြင်းပယ်လိုက်သည်။

“ဒါက ဘာလို့လဲဆိုတာ ပြောဖို့ အဆင်ပြေမလား”

ရှန်းထင်ရွှမ်းက အမှန်တရားကို ပြောလိုက်သည်။ “နို့ သိပ်နည်းလွန်းတယ်” ထိုစဉ်က သူမ သောက်ခဲ့ခြင်းက စားစရာက အလွန်စပ်၍ ဖြစ်သော်လည်း တကယ်တမ်းတွင် နို့ပါဝင်မှုက မမြင့်မားချေ။

ရှားရှားက ထိုသို့သော အကြောင်းပြချက်ကို မမျှော်လင့်ထားချေ။ ဤနို့ကုမ္ပဏီက အမှန်တကယ် ရှန်းထင်ရွှမ်း၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုပြီး ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာစေချင်သည်။ ရှန်းထင်ရွှမ်းက ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် ကြက်ခြေထောက်များ လျင်မြန်စွာ ရောင်းကုန်သွားခဲ့ပြီး SRကလည်း ထိုနည်းလမ်းကောင်း ဖြစ်သည်။ ရှန်းထင်ရွှမ်း ဝတ်ဆင်သော ဘာဖြစ်ဖြစ် ရောင်းကုန်သွားသည်။

တစ်ဖက်တွင်လည်း ရှန်းထင်ရွှမ်း၏ ပြောဆိုခွင့်အတွက် အခကြေးငွေက တခြားသော ဆယ်လီများထက် မမြင့်ဘဲ သင့်တော်သည်။ ယင်းက အနည်းငယ်ပင် လျော့နည်းသေး၏။ သို့သော် မမျှော်လင့်ထားဘဲ ရှန်းထင်ရွှမ်းက တိုက်ရိုက် ငြင်းဆိုလိုက်သည်။

ရှန်းထင်ရွှမ်း၏ ဝေ့ပေါ်တွင် တခြားသော ပရိုမိုးရှင်းများကို လက်မခံသည်ကို တွေးမိပြီးနောက် စပွန်ဆာက ပြန်သွားသည်နှင့် သူက သူ့နွားနို့များ၏ အရည်အသွေးကို မြှင့်တင်ရန် ဆုံးဖြတ်လိုက်တော့သည်။

…

အခန်း (၆၄) (ခ)

ရှားရှား မထွက်သွားခင်တွင် ရှန်းထင်ရွှမ်းက အောက်ရှိ အဆောက်အဦကို သူမ ဝယ်၍ ရနိုင်မလားဟု မေးမြန်းခဲ့သည်။

ဤမြေယာက နဂိုတည်းက ရှန်းထင်ရွှမ်းဟာ ဖြစ်ပြီး ရှားရှားက အိမ်ငယ်လေးကို ဆောက်ထားရုံသာ ဖြစ်သည်။ စကားပြောဆိုပြီးနောက် ယင်းက နဂိုကပင် ရွှမ်းထင်ရွှမ်းအတွက် ဖြစ်ပြီး အဆုံးတွင် ရှန်းထင်ရွှမ်းက အခြေခံဆောက်လုပ်ရေးလက်ခကို ပေးခဲ့ကာ တောင်အောက်ရှိ အဆောက်အဦလေးကို ဝယ်လိုက်သည်။

ရှားရှားနှင့် တခြားသူများ ထွက်သွားပြီး မကြာမီတွင် ရှန်းထျန်းသဲ ရောက်လာကာ ရှန်းထင်ရွှမ်းက တောင်ပေါ်တွင် အပင်စိုက်နေပြီး သူက ယခင်ဖြစ်ရပ်များကို မသိပါကြောင်း တောင်အောက်ရှိ ရှန်းထျန်းသဲ၏အော်သံကို ကြားလိုက်ရသည်။ အားလုံးကို ကျန်းရှန်မိန့်နှင့် ရှန်းရွှမ်ကသာ ပြုလုပ်ခဲ့ပြီး ယခုတွင် ကျန်းရှန်မေ့က သူမနှင့် ထိုက်တန်သော ပေးဆပ်မှုကို ခံလိုက်ရသည်။ ရှန်းထျန်သဲက ရှန်းထင်ရွှမ်းက သူ့နောက်ကို လိုက်ပါလာရန် မျှော်လင့်နေသည်။ သူမသာ အိမ်သို့ ပြန်လာပါက သူက ရှန်းထင်ရွှမ်းကို ကောင်းကောင်းဆက်ဆံပေမည်။

သို့သော် သူ မည်မျှ အော်နေပါစေ ကိစ္စမရှိ၊ ရှန်းထင်ရွှမ်းက လုံးဝ မထွက်ပေါ်လာဘဲ သူက နောက်ဆုံးတွင် ယောင်ကျေးရွာမှ ရွာသားများ၏ အဝေးသို့ နှင်ထုတ်တာကို ခံလိုက်ရသည်။

ရှန်းထင်ရွှမ်းသည် ရှန်းထျန်းသဲ ဘာမှမသိ ဟူသည်ကို မယုံကြည်ဘဲ ရှန်းရွှမ်ပြောသကဲ့သို့ သူမသည် အရာများစွာ လုပ်ခဲ့ပြီး ရှန်းထျန်းသဲက မျက်လုံးတစ်ဖက်ဖွင့် တစ်ဖက်ပိတ်ထားခဲ့တာသာ ဖြစ်သည်။ တကယ်တမ်းတွင် ရှန်းထင်ရွှမ်းကဲ့သို့ သမီးထက် ရှန်းရွှမ်းက သူ့အတွက် ပို၍ အသုံးဝင်၍ ဖြစ်သည်။

ယခုတွင် ရှန်းထင်ရွှမ်းက ကောင်းကောင်း ရှင်သန်နေပြီး ရှန်းထျန်းသဲက ဖေးမိသားစု နောက်ခံရယူရန် ရှင်းယွမ်ရှန်ကို စိတ်ကူးနေတာပဲ ဖြစ်သည်။ တကယ်တမ်းတွင် ဖူမိသားစုက ယခု ရှန်းရွှမ်နှင့် ပြတ်တောက်သွားချေပြီ။

…

ရှန်းထင်ရွှမ်းမှ ရှန်းရွှမ်ကို တရားစွဲသည့်ကိစ္စသည် ပရိသတ်များ၏ စိတ်ဝင်စားမှု ခံရသည်။ တရားရုံးကလည်း တိုက်ရိုက်ထုတ်လွှင့်မှုမှ ကြားနာခဲ့ရမှုကို အကျိုးသက်ရောက်စေခဲ့သည်။

ရှန်းထင်ရွှမ်းကလည်း ဖြစ်စဉ်ရှိရာသို့ သွားခဲ့ပြီး မူလကိုယ်ကလည်း ထိုမြင်ကွင်းကို မြင်ချင်လိမ့်မည်ဟု တွေးခဲ့သည်။

ရှင်းယွမ်ရှန်မှ သစ်ပင်များကို ရှန်းရွှမ်က ခုတ်ပစ်ခဲ့ခြင်းက ယွမ်တစ်သန်းထက်ပိုပေသည်။ ထိုအခြေအနေက အလွန်ပြင်းထန်၏။ ထို့ကြောင့် သူမက ထောင်ထဲတွင် ၁၅နှစ် နေရမည် ဖြစ်ပြီး တစ်သန်း လျော်ကြေးပေးရမည်ဟု ပြစ်ဒဏ်ချမှတ်ခံလိုက်ရသည်။

သက်သေများက ခိုင်လုံပြီး ရှန်းရွှမ်၏ရှေ့နေများက ခက်ခက်ခဲခဲ ဆွေးနွေးကြရသည်။ တရားသူကြီးက ရလဒ်ကို လျင်မြန်စွာ ကြေညာခဲ့သည်။ အဓိကအချက်မှာ ရှန်းထင်ရွှမ်း၏ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုအပေါ် ရှန်းရွှမ်၏ တိုက်ခိုက်ခြင်းက အဆုံးသတ်သွားတော့သည်။

ရှန်းထင်ရွှမ်းက ထရပ်လိုက်ပြီး ရှန်းရွှမ်က ရှန်းထင်ရွှမ်း၏မျက်လုံးများအား အမုန်းအပြည့်ဖြင့် ကြည့်လိုက်သည်။ ရှန်းထင်ရွှမ်းက ရှန်းရွှမ်ထံမှ အကြည့်လွှဲလိုက်တော့သည်။

ရှန်းရွှမ်က ရှန်းထင်ရွှမ်းဆီသို့ ရုတ်တရက် ပြေးဝင်လာသည်ကို လူတိုင်းက မြင့်လိုက်ရကာ သူမလက်ထဲတွင် တစ်ခုခုက လင်းလက်သွားပုံရသည်။ ထို့နောက် လူတိုင်းသည် ရှန်းရွှမ်၏လက်ထဲတွင် ဓားကိုင်ထားသည်ကို တွေ့လိုက်ရသည်။ တရားရုံးစာရေးက လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး သူမကို ချုပ်ထားလိုက်သည်။

ရလဒ်အနေဖြင့် ရှန်းရွှမ်၏စီရင်ချက်သည် ရည်ရွယ်ချက်ရှိရှိ လူသတ်ရန် ကြံစည်မှုကြောင့် ထောင်ဒဏ် ၁၅နှစ်မှ တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲသွားပြီး ချက်ချင်း စီရင်ချက် ချလိုက်တော့သည်။

စောင့်ကြည့်နေသော အင်တာနက် သုံးသူများက အဆုံးထိ ရှန်းရွှမ် တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားကြ၍ အံ့အားသင့်သွားကြသည်။ ကံကောင်းလှစွာဖြင့် တရားရုံးစာရေးက တုံ့ပြန်မှု လျင်မြန်လှသည်။ လူတိုင်းက ရှန်းရွှမ်က အလွန်ရွံရှာဖွယ်ကောင်းသည်ဟု ခံစားလိုက်ရသော်လည်း ကံကောင်းလှစွာဖြင့် ရှန်းထင်ရွှမ်းက အဆင်ပြေနေသေး၏။

ထိုကိစ္စက ရှာဖွေမှု မြင့်တက်သွားပြီး လူတိုင်းသည် ရှန်းရွှမ်က ရွံဖို့ကောင်းသည်ဟု ခံစားလိုက်ကြရတော့သည်။

[ကံကောင်းလို့ ငါ့အားရွှမ်းလေး အဆင်ပြေနေတယ်။ ငါ ငိုဖို့တောင် ထိတ်လန့်သွားတယ်]

[အိုး ဘုရားရေ.. ဘယ်လိုတောင် စက်ဆုပ်ဖို့ကောင်းတဲ့လူလဲ]

[ဝတ္ထုထဲက ဗီလိန်တောင်မှ ဒီလောက် မရက်စက်ဘူး]

…

ထိုဖြစ်ရပ်က ချင်ယွဲ့ကျီကို ထိတ်လန့်သွားစေခဲ့သည်။ သူက တိုက်ရိုက်ထုတ်လွှင့်မှုမှ ထိုမြင်ကွင်းကို မြင်လိုက်ရချိန် သူက တရားရုံးအနီးတွင် ရှိနေပြီး သူက တရားရုံးသို့ တန်းသွားတော့သည်။

ရှန်းထင်ရွှမ်းက တရားရုံးမှ ထွက်လာပြီး ချင်ယွဲ့ကျီ၏ကားကို တွေ့လိုက်ရသည်။ ဤနေရာတွင် သတင်းထောက်များက အလွန်များပြားလှကြောင်း နောက်မှ သိလိုက်ရပြီး ကားပါကင်နေရာကို ဖုံးကွယ်ထားသည့်တိုင် သူက ရှန်းထင်ရွှမ်း အဆင်ပြေသည်ကို အတည်ပြုချင်သေးသည်။

ရှန်းထင်ရွှမ်းက ကားထဲမှ ချင်ယွဲ့ကျီ၏ ပုံရိပ်ကို မတွေ့နိုင်ချေ။

အပြင်တွင် စောင့်နေသော သတင်းထောက်များက ရှန်းထင်ရွှမ်းကို တွေ့သောအခါ သူတို့က သူမကို ဝန်းရံလိုက်ကြပြီး အင်တာဗျူးကြတော့သည်။

“မိန်းကလေးရှန် မင်း အခု ဘယ်လို ခံစားနေရလဲ”

“ကောင်းပါတယ်” ရှန်းထင်ရွှမ်းက အောက်ရှိ ကားပါကင်သို့ လျှောက်သွားရင်း ပြန်ဖြေလိုက်သည်။

“မိန်းကလေးရှန် အခုလေးတင် ရှန်းရွှမ်းရဲ့ နောက်ဆုံး လှုပ်ရှားမှုကြောင့် အံ့ဩသွားလား”

“မဖြစ်ဘူး” တရားရုံးစာရေး မရှိလျှင်ပင် ရှန်းရွှမ်သည် ရှန်းထင်ရွှမ်း၏ခန္ဓာကိုယ်ကို နီးကပ်လာသည်အထိ မဖြစ်နိုင်ချေ။

“အားရွှမ်း.. အမြဲတမ်း ပျော်နေဖို့ ဆန္ဒရှိပါတယ်” များစွာသော သတင်းထောက်များအကြား ယခု မည်သူ အော်လိုက်မှန်း သူတို့ မသိသော်လည်း ယင်းက ရှန်းထင်ရွှမ်း၏ဖန် ဖြစ်ရမည်။ သူတို့ကလည်း တရားရုံးအတွင်း မြင်ကွင်းမှ တွေ့လိုက်ရသည်။ တခြားသော သတင်းထောက်များ ထိုမေးခွန်းကို မေးသောအခါ ဖန်က အလွန်စိတ်ဆိုးသွားပြီးနောက် သူက ထိုသို့ဆုတောင်းစကားကို အော်လိုက်တော့သည်။

ရှန်းထင်ရွှမ်းက ဖန်ရှိရာနေရာသို့ ကြည့်လိုက်ပြီး ပြောသည်။

“ကျေးဇူးပါ မင်းလည်း အချိန်တိုင်း ပျော်ရွှင်ဖို့ ငါ ဆန္ဒရှိပါတယ်”

ထိုအခိုက်တွင် သတင်းထောက်က ရှန်းထင်ရွှမ်း သူ့ကို ကြည့်လာသည်ဟု ခံစားလိုက်ရပြီး သူနှလုံးက ခုန်ပေါက်နေပေသည်။

ကျန်သော သတင်းထောက်များက အော်ကြတော့သည်။ “အားရွှမ်း မင်း ပျော်ရွှင်ရမှာပါ”

“အားရွှမ်း အားတင်းထား”

အင်တာဗျူးချင်သော သတင်းထောက်များ မေးခွန်းမမေးနိုင်စေရန်အတွက် လူတိုင်းက သူတို့၏ ဆုတောင်းများကို ထုတ်ဖော်ကြတော့သည်။

ရှန်းထင်ရွှမ်းက နောက်ဆုံးတွင် သူမကားဆီသို့ ရောက်သွားပြီး ထွက်ခွာသွားတော့သည်။ သတင်းထောက်များက သူမကို အဝေးမှသာ လက်ပြကြတော့၏။

ထိုတစ်ခဏပြီးနောက် #ရှန်းထင်ရွှမ်း၏ကောင်းချီး ဟူသည်က ရှာဖွေမှု မြင့်တက်လာသည်။

သတင်းထောက်၏ ဆုတောင်းကို တွေ့ပြီးနောက် လူတိုင်းကလည်း ရှန်းထင်ရွှမ်း၏ ဝေ့ပေါ်တွင် သူတို့၏ ဆုတောင်းများကို ချန်ထားခဲ့ကြတော့သည်။

[ရှန်းထင်ရွှမ်း.. လူတိုင်းရဲ့ကောင်းချီးပေးမှုနဲ့ ထိုက်တန်တဲ့လူသားတစ်ယောက်..]

[မကောင်းတဲ့သူက ထိုက်တန်တာကို ရသွားပြီ]

…

ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်း ထွက်သွားတာကို တွေ့ပြီးနောက် သူက နောက်မှ တိတ်တဆိတ် လိုက်သွားကာ ရှန်းထင်ရွှမ်း၏ကားက မြို့တော်ဘီမှ ထွက်သွားသည်အထိ စောင့်ဆိုင်းပြီးနောက် ပြန်လှည့်လာကာ သူ့လက်အောက်ငယ်သားကို ဖုန်းခေါ်လိုက်သည်။

ရှန်းရွှမ် စီရင်ချက်ချခံရသောနေ့တွင် ရှန်းအုပ်စုက ဒေဝါလီခံရကြောင်း ကြေညာပြီး ချင်အုပ်စု၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုမှ ဝယ်ယူခဲ့သည်။

မကြာမီတွင် ဖူအုပ်စုကလည်း ဒေဝါလီခံရကြောင်း ကြေညာပြီး ချင်အုပ်စုလက်အောက်မှ ကုမ္ပဏီတစ်ခုက ဝယ်ယူခဲ့သည်။

ယင်းက မကြာမီ ဖြစ်လာမည် ဖြစ်ပေသည်။

…

ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီ၏ကား သူမနောက် လိုက်လာသည်ကို တွေ့လိုက်ရပြီး ထို့နောက် ၎င်းက ဂငယ်ကွေ့ ပြန်ကွေ့သွား၏။ သူမက သူမအကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး လူသားဆက်ဆံရေးက အချိုးအကွေ့ ရှုပ်ထွေးလှကာ ချင်ယွဲ့ကျီက သူမကို ကူညီပြီး ရှန်းမိသားစုနှင့် ရှန်းရွှမ်၏ ပြဿနာကို လျင်မြန်စွာ ဖြေရှင်းပေးခဲ့ကြောင်း သူမလည်း သိပေသည်။ သူမက သူမအတွက် ချင်ယွဲ့ကျီ၏ ပူပန်မှုကို သိသိသာသာ ခံစားမိသောကြောင့် ပြန်လာပြီးနောက် သူမက ချင်ယွဲ့ကျီထံသို့ သစ်သီးများစွာကို ချက်ချင်း ပို့ပေးလိုက်သည်။

တစ်ချိန်တည်းတွင် ရှန်းထင်ရွှမ်းက ရတနာဈေးမှ သစ်သီးစာရင်းများကို စာရင်းပြုစုပြီး ဝေ့ပေါ်တွင် ပို့စ်တင်လိုက်သည်။

[အပင်စိုက်တဲ့ အားရွှမ်း: တစ်ကမ္ဘာလုံး ပွဲခံလို့ရပြီ၊ ရတနာဈေးက ကုန်ပစ္စည်းတွေ ပြန်တင်နေပါပြီ၊ မင်းက ကောမန့်တစ်ခု ချန်ထားနိုင်ပါတယ်။ နှစ်သက်မှုအများဆုံး အသီးဆယ်မျိုးကို စင်ပေါ်မှာ ထားမှာ ဖြစ်ပါတယ်]

ကြိုက်နှစ်သက်မှုအများဆုံး ထုတ်ကုန်ဆယ်ခုကတော့.. လိမ္မော်သီး၊ နာနတ်သီး၊ လက်ညှိုးသံပုရာ၊ အာလူး၊ ကန်စွန်းဥ၊ ခရမ်းသီး၊ ငရုတ်သီး၊ ကြက်သွန်မြိတ်၊ အပ်မှိုနှင့် ရှီတာကီမှို။

ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းကို ဝီချက်ကနေ မှတ်ချက်အများဆုံးအသီးများ၏ ဈေးနှုန်းများကို ပို့ပေးခဲ့သည်။ ရှန်းထင်ရွှမ်းက စင်ပေါ်ရှိ အသီးများကို ချင်ယွဲ့ကျီ ပေးပို့ခဲ့သော ဈေးနှုန်းများအတိုင်း ထားရှိလိုက်သည်။

တစ်ချိန်တည်းတွင် ချင်ယွဲ့ကျီ၏ ထောက်ပံ့ပို့ဆောင်ရေးစင်တာမှ ဝန်ထမ်းက ရှန်းထင်ရွှမ်း၏ တောင်အောက်တွင် ပို့ဆောင်ရေးအတွက် စောင့်ဆိုင်းဖို့ တိုက်ရိုက်လာခဲ့တော့သည်။ ယခင်က ကုယွမ်ပြောခဲ့သည့် ချင်အုပ်စု၏ တာဝန်ရှိသူက ချင်ယွဲ့ကျီဖြစ်ကြောင်း ရှန်းထင်ရွှမ်းက သိပြီးဖြစ်သည်။ ကုယွမ်က ချင်ယွဲ့ကျီကို တစ်ချက်ကြည့်ခဲ့သည်မှာ အံ့ဩစရာ မဟုတ်ပေ။

ယခုတစ်ကြိမ်တွင် ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီအား သစ်သီးများ ပေးလိုသောကြောင့် ချင်ယွဲ့ကျီထံသို့ ယူသွားရန် ဝန်ထမ်းများကို သူမက ဒုက္ခပေးခဲ့မိသေးသည်။

ဝန်ထမ်းများက လေးလေးစားစားဖြင့် ယူပြီးနောက် ပြောခဲ့သည်။

“မိန်းကလေးရှန် တောင်အောက်မှာပဲ ထားလိုက်ပါ ကျွန်တော်တို့ဘာသာ ယူပြီးတော့ ထုပ်ပိုးလိုက်ပါ့မယ်”

ထောက်ပံ့ပို့ဆောင်ရေး စင်တာတွင် သေတ္တာများစွာ ရှိသည်။ ဒီဇိုင်းက မျိုးစုံဖြစ်ပြီး အသီးတစ်မျိုးလျှင် သူတို့ကိုယ်ပိုင် ဒီဇိုင်းရှိမည် ဖြစ်ပြီး စတော်ဘယ်ရီကို ပို့ဆောင်ပါက ၎င်းတို့က ပျက်စီးတော့မည် မဟုတ်ချေ။

စင်ပေါ်တွင် တင်ထားသော ဆယ်မျိုးသော ထုတ်ကုန်အတွက် ဝယ်ဖို့ ပမာဏ ကန့်သတ်မထားသော်ငြား IDတစ်ခုအတွက် အသီးတစ်မျိုး ဟင်းသီးဟင်းရွက် တစ်မျိုးသာလျှင် ဝယ်ယူနိုင်မည် ဖြစ်သည်။

နောက်နေ့ နံနက် ၅နာရီတွင် ရှန်းထင်ရွှမ်းက စင်ပေါ်ရှိ ပစ္စည်းအားလုံးကို ထုတ်ယူလိုက်၏။ သို့သော်လည်း တစ်ညတည်းဖြင့် အစောင်ရေ သန်း၃၀ ရောင်းခဲ့ရပေသည်။ တစ်ဦးကို တစ်မျိုးသာဟု ကန့်သတ်မထားပါက ပို၍ ရောင်းရမည် ဖြစ်၏။

…

ရှန်းထင်ရွှမ်းက တောင်အောက်သို့ သစ်သီးများကို ယူသွားလိုက်သည်။

နို့ကုမ္ပဏီမှ တာဝန်ခံလူက ရှန်းထင်ရွှမ်းကို ရှာဖို့ ထပ်ရောက်လာပြန်သည်။ ဤတစ်ကြိမ်တွင် သူက ကုန်ပစ္စည်းအသစ်များ ယူလာပြီး ရှန်းထင်ရွှမ်းကို အရသာခံစေသည်။

“မိန်းကလေးရှန် ဒီတစ်ကြိမ် ကျွန်တော်တို့ နွားနို့က လုံးဝကို နွားနို့စစ်စစ်ပါ”

ရှန်းထင်ရွှမ်းက တစ်ငုံစာ သောက်လိုက်ပြီးနောက် ငြင်းပယ်လိုက်သည်။

“ဒါပေမဲ့ ကျွန်တော်တို့က နို့လုံလောက်ပါတယ်” တာဝန်ခံက ပဟေဠိဖြစ်စွာ မေးသည်။

ရှန်းထင်ရွှမ်းက အကြောင်းပြချက်ကို ရှင်းပြသည်။ ဤတစ်ကြိမ် သူတို့နို့က အနံ့အရသာနှင့် ပြည့်စုံသော်လည်း သူတို့က သကြားအများကြီး ထည့်ထားသည်။ ယင်းက နွားနို့၏ မူလအရသာကို ပျက်စီးစေ၏။

တာဝန်ခံက ကုမ္ပဏီသို့ ပြန်သွားပြီးနောက် သုသေတနဌာနကို ထပ်မံ၍ ရှာဖွေခိုင်းလိုက်သည်။ သူက ရှန်းထင်ရွှမ်းအား သူတို့၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဖိတ်ဖို့ မဖြစ်နိုင်ဟု မယုံကြည်ချေ။

ယနေ့တွင် ရှန်းထင်ရွှမ်းက Follower ၄၅သန်း ရှိနေပြီဖြစ်ပြီး ယင်းတို့က အစစ်အမှန် ဖန်များ ဖြစ်သည်။ ထိုသို့သော ပြောရေးဆိုခွင့်ရှိသူက ရောင်းချခြင်းအတွက် အများဆုံး ကူညီနိုင်သူ ဖြစ်ပေမည်။

…

ဤတစ်ကြိမ် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ ထည့်ပေးခြင်းကြောင့် များစွာသော မိသားစုများက ရှန်းထင်ရွှမ်း၏ ကုန်ပစ္စည်းများကို မြည်းစမ်းနိုင်လိုက်သည်။

[ဒုတိယအဝယ်.. ငါ့အမေက ငါက ယွမ်ထောင်ချီ သုံးပြီးတော့ လက်ညှိုးသံပုရာတွေ ဝယ်လိုက်တာကို ကြားတော့ ငါ့ကို သေမလို ပြောတော့တာ၊ ဒါပေမဲ့ စားပြီးတဲ့နောက် သူမက ငါနည်းနည်းပဲ ဝယ်လို့ဆိုပြီး မုန်းပြန်ရော]

{ရိုးရိုးသားသား ပြောရရင်.. ငရုတ်ပွတွေကို လုနိုင်ခဲ့ပြီး ငါ ပျော်နေခဲ့တာ၊ ဒါပေမဲ့ အားရွှမ်းရဲ့ သစ်သီးကို သူ မဝယ်နိုင်တော့ အဲတုန်းက ငါ့ဇနီးက ငါ့ကို ဆူပူပါလေရော.. ငါက လုယူဖို့ စီစဉ်ထားတာပေမဲ့ ငါက ငရုတ်သီးကိုပဲ ဝယ်နိုင်လိုက်တာလေ။ ငါတို့ ရက်နည်းနည်း စစ်အေးတိုက်ပွဲ ဖြစ်သွားသေးတာ။ ငရုတ်သီး ရောက်လာတော့ ငါက ငရုတ်ပွစိမ်းတစ်ပန်းကန် ချက်ခဲ့တယ်။ ငါက တစ်ကိုက်ပဲ ကိုက်ရသေးပြီး မစပ်ကြောင်း ပြောခဲ့ပြီး သူမကို စားဖို့ ဖျောင်းဖျနိုင်ခဲ့တယ်လေ။ ရလဒ်အနေနဲ့ ငါ့ဇနီးက မယုံမကြည်နဲ့ တစ်ကိုက်စားလိုက်ပြီးတော့ သူမက တစ်ပန်းကန်လုံးကို အဝေးကို ယူသွားတော့တာပဲ။ အခုတော့ ငါတို့မှာ နောက်ထပ် စစ်အေးတိုက်ပွဲဆိုတာ မရှိတော့ဘူး ဒါပေမဲ့ ငါ ငရုတ်သီးတွေ မစားလိုက်ရဘူး]

[ငါ ပြောရမယ်ဆိုရင်.. ငါ နာနတ်သီးအခွံတွေကို စားလို့မရဘူးလား]

[ကီဝိသီးကို ငါဝယ်ခဲ့ပြီးတော့ အိမ်ကို မရောက်သေးပေမဲ့ တစ်အိမ်လုံးက မေးနေတာ မရပ်တော့ဘူး]

…

ထို့ပြင် ဝေ့ပေါ်ပေါ်တွင် လူများစွာကလည်း ဈေးကွက်ထိန်းချုပ်ရေးဗျူရို၏ တရားဝင်ဝေ့ပေါ်သို့ သွားကြလေသည်။

[အရာရှိခင်ဗျာ ဒါကို စိစစ်ပေးနိုင်မလား။ လယ်စိုက်တဲ့အားရွှမ်းဆီက သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေက အရသာရှိတယ်လို့ လူတိုင်း ပြောနေကြတယ်]

[အားရွှမ်းရဲ့သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ငါ စစ်ဆေးချင်လို့။ သစ်သီးအမျိုးအစားတိုင်းက ချိုမြိန်နေတာ၊ ဒါက အချိုထည့်ထားတယ်လို့ ငါ သင်္ကာမကင်း ဖြစ်မိတယ်]

…

ဈေးကွက်ထိန်းချုပ်ရေးဗျူရို၏ တရားဝင်အကောင့်က အင်တာနက်သုံးသူများ၏ တောင်းဆိုမှုကို လျင်မြန်စွာ မှတ်တမ်းယူလိုက်သည်။ သူတို့ကလည်း မကြာခင်က စစ်ဆေးရန် တစ်ခုခုကို ရှာဖွေခဲ့သဖြင့် ရှန်းထင်ရွှမ်း၏သစ်သီးများကို ရွေးချယ်လိုက်ကြသည်။

ကြီးကြပ်ရေးမှုးတစ်ဦး အနေဖြင့် သူတို့က နမူနာရယူဖို့ လွယ်ကူသောကြောင့် စူပါမောလ်သို့ တိုက်ရိုက်သွားလိုက်ကာ အသီးများကို လျင်မြန်စွာ ယူလိုက်ကြသည်။

တကယ်တမ်းတွင် သူတို့က အနည်းငယ်သာ လိုအပ်ပြီး နမူနာ ယူပြီးနောက် လက်ကျန်များကို ဘေးတွင် ထားလိုက်သည်။

မကြာမီ ရလဒ်က ထွက်ရှိလာ၏။ စမ်းသပ်ကိရိယာမှ လယ်စိုက်သော အားရွှမ်း၏ အသီးများတွင် တူညီသော အမျိုးအစား တခြားသစ်သီးများထက် မြင့်မားသော အာဟာရဓာတ် ဒြပ်စင်များ ပါဝင်သည်ကို တွေ့ရှိလိုက်ကြသည်။

ဥပမာအားဖြင့် ပုံမှန်ပန်းသီးတွင် ပရိုတိမ်း ၀.၂ဂရမ်သာ ပါရှိသော်လည်း ရှန်းထင်ရွှမ်း၏ ပန်းသီးတွင် ပရိုတိမ်း ၀.၉ ဂရမ် ပါဝင်ပေသည်။ ပုံမှန်ပန်းသီးတွင် ဗီတာမင်စီ ၄မီလီဂရမ် ပါဝင်သော်လည်း ရှန်းထင်ရွှမ်း၏ပန်းသီးတွင် ၁ ဂရမ် ပါရှိနေသည်။ ပါဝင်သော အာဟာရဓာတ် ဒြပ်စင်များက သာမန်ထက် ပိုမြင့်မားနေ၏။

သူတို့က တခြားသစ်သီးများကိုလည်း စမ်းသပ်ခဲ့ပြီး အားလုံးက တူညီနေသည်ကို တွေ့လိုက်ရသည်။

အန္တရာယ်ရှိသော ဒြပ်စင်များမှာမူ လုံးဝ မရှိခဲ့ချေ။ စစ်ဆေးပြီးနောက် များစွာသော စမ်းသပ်သူများက လက်ကျန်သစ်သီးများကို ခွဲယူလိုက်ကြသည်။ ၎င်းတို့က အရသာရှိပြီး အာဟာရပြည့်ဝသည်။ မည်သူက ၎င်းတို့ကို မစားချင်မည်နည်း။

အရာရှိက ရှန်းထင်ရွှမ်း၏ဖန်တစ်ယောက် ဖြစ်ပြီး သူမက တရားဝင်အကောင့်တွင် ပို့စ်တင်လိုက်သည်။

[ဈေးကွက်ထိန်းချုပ်ရေးဗျူရို: ဒီသစ်သီးတွေမှာ အာဟာရဓာတ်တွေ မြင့်မားနေတာကို ငါတို့ တကယ် နားမလည်ကြဘူး။ ဗီဒီယိုကို မကြည့်ချင်တဲ့သူတွေ ရလဒ်တွေကို တိုက်ရိုက်ကြည့်လိုက်ပါ။ အားရွှမ်းရဲ့ သစ်သီးတွေက အရသာရှိရုံသာမကဘူး အာဟာရဓာတ်လည်း မြင့်မားတယ်]

ဝေ့ပေါ်မှ တရားဝင်ကြေညာချက်တွင် စမ်းသပ်မှုကို ဗီဒီယိုဖြင့် ရှင်းလင်းစွာ ပြုလုပ်ထားခဲ့သည်။ ဈေးကွက်ထိန်းချုပ်ရေးဗျူရိုသည် နိုင်ငံတော်၏စံပြဖြစ်ပြီး မယုံသည့် အင်တာနက်အသုံးပြုသူ မရှိကြချေ။

[ဝိုး.. စမ်းသပ်တဲ့ရလဒ်က မကြာခင် ထွက်လာတာလား]

[အရာရှိတွေက တောင်းဆိုချက်ကို လက်ခံလိုက်တာလား]

[တရားဝင်ဖြေရှင်းချက်က အမိုက်ဆုံးပဲ]

[အား ငါ အရင်က အားရွှမ်းရဲ့သစ်သီးတွေ ဝယ်ခဲ့တယ်။ ငါ့မိဘတွေ ပြောတာက သိပ်အရသာရှိလွန်းတယ်တဲ့။ သူတို့က ဆေးဝါးတွေ သုံးထားတယ် ထင်နေကြတာ။ အခုတော့ တရားဝင်တုံ့ပြန်ချက်က အားရွှမ်းရဲ့သစ်သီးတွေက အရမ်းအရသာရှိတာကို သက်သေပြပေးလိုက်ပြီ]

[နောက်ဆုံးတော့.. ရလဒ်ကို စောင့်နေခဲ့တာ ကျေးဇူတင်ပါတယ် အစိုးရဝန်ထမ်းများ အခု ငါ စိတ်ချလက်ချ ဝယ်နိုင်သွားပြီဲ]

[အင်း အဲဒါက ကောင်းတယ်ဆိုတာ ငါ သိလိုက်တော့ အဲဒါကို အခု ငါ မဝယ်နိုင်တော့ဘူး။ ရတနာဆိုင်က ရောင်းကုန်သွားပြီလေ]

[စိုက်ပျိုးရေးဝန်ကြီးဌာန.. ဘာလို့ ဘာမှမပြောရတာလဲ]

…

ထိုဝေ့ပေါ်ပို့စ်က ရှာဖွေမှုမြင့်တက်လာပြီး နိုင်ငံတော်စိုက်ပျိုးရေးဌာနကို ဆွဲဆောင်မိသွားသည်။ သူတို့က ရှင်းယွမ်ရှန်သို့ နမူနာတောင်းဆိုရန် ကျွမ်းကျင်သူတစ်ယောက်ကို စေလွှတ်လိုက်၏။

ရှန်းထင်ရွှမ်းက သူတို့၏တောင်းဆိုချက်ကို ခွင့်ပြုပေးလိုက်ပြီး ထို့အစား တစ်ခုကိုသာ တောင်းဆိုခဲ့ကာ ယင်းက တောင်ပေါ်ရှိ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များကို မပျက်စီးစေရန် ဖြစ်သည်။

ကျွမ်းကျင်သူများက မြေဆီလွှာအချို့နှင့် သစ်သီးအချို့သာ ယူသွားကြသည်။ မကြာမီတွင် စိုက်ပျိုးရေးဌာနမှ ရှင်းယွမ်ရှန်၏ မြေဆီလွှာအတွင်း အာဟာရပါဝင်မှုက ပုံမှန်မြေဆီလွှာထက် မြင့်မားကြောင်း ရှာတွေ့လိုက်ကြလေသည်။

…

အခန်း (၆၅) (က)

ရှင်းယွမ်ရှန်တွင် ကောင်းမွန်သည့် မြေဆီလွှာရှိသောကြောင့် ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံ အမျိုးအစား အားလုံးကို စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးထားသည့် အသီးများက အရသာရှိပြီး အာဟာရပြည့်ဝသည်ဟု ကျွမ်းကျင်သူအဖွဲ့က သုံးသပ်ခဲ့ကြသည်။

ရလဒ်အနေဖြင့် သတင်းများ ထွက်လာသည်နှင့် ကိုယ်စားလှယ်များစွာက ရှန်းထင်ရွှမ်းကို ဆက်သွယ်ခဲ့ကြသော်လည်း သူမက စူပါမောအပြင် တခြားအဝယ်တော်များကို တင်သွင်းရန် ငြင်းဆိုခဲ့သည်။ သူမကလည်း ဤအကြောင်းအရာကို Weibo တွင် ပို့စ်တင်ခဲ့သည်။

[အပင်စိုက်တဲ့ အားရွှမ်း။ ရှင်းယွမ်ရှန်ရဲ့အသီးတွေကို စူပါမော၊ မြောင်မြောင်ပို့ဆောင်ရေး၊ ကျွန်မရဲ့ ရတနာဆိုင်နဲ့ ရှင်းယွမ်ရှန်တောင်ခြေမှာပဲ ရောင်းချပါတယ်။ ရှင်တို့ ဒီနေရာလေးခုမှာ ဝယ်လို့ရပါတယ်။]

ဤအရာက ရှင်းယွမ်ရှန်တောင်ခြေမှလွဲ၍ ပြင်ပအသီးဆိုင်က စူပါမောသာ ရှိသည်ဟု ဆိုခြင်း ဖြစ်သည်။

စူပါမောက ဤအကြောင်းကြောင့် စျေးနှုန်းတိုးမြှင့်လိမ့်မည်ဟု လူတိုင်းက ထင်ခဲ့ကြသည်။ သို့သော် ထိုကဲ့သို့အရာမျိုး မရှိမှန်း တွေ့ရှိခဲ့ကြသည်။ စူပါမော၏ စျေးနှုန်းက တူညီနေဆဲဖြစ်သည်။

ရှင်းယွမ်ရှန်နှင့် ပတ်သက်သည့် သတင်းများကို တရုတ်နိုင်ငံ၏ ရုပ်မြင်သံကြားတွင် ထုတ်လွှင့်သည်ကို မြင်သောအခါ ရှင်းယွမ်ရှန်၏ သစ်သီးများကို ရွေးချယ်ခဲ့ဖူးသည့် ဖေးမိသားစုက အနည်းငယ် ကံကောင်းသည်ဟု ခံစားခဲ့ရသည်။ မမျှော်လင့်စွာပင် တစ်နှစ်မရှိသေးခင် ရှင်းယွမ်ရှန်၏ သစ်သီးများက အမြင့်တစ်ခုသို့ ရောက်သွားပေသည်။

...

လူတိုင်းက ရှန်းထင်ရွှမ်း၏ အသီးများကို စျေးကြီးသည်ဟု တွေးဖူးကြသည်။ သို့သော် သတင်းများက နိုင်ငံတွင် ထွက်ပေါ်လာကတည်းက စျေးကြီးသည်ဟု ထပ်မတွေးကြတော့ပေ။ သူမစိုက်ပျိုးသည့် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များက အရသာရှိပြီး အာဟာရပြည့်ဝပေသည်။ မသန့်ရှင်းသည့် ဓာတ်မြေဩဇာများ မပါဝင်ပေ။ ဤအရာက သန့်စင်ပြီး ဆိုးဆေးမပါဝင်ပေ။ ဤစျေးနှုန်းက စျေးကြီးသည်ဟု မည်သို့ သတ်မှတ်နိုင်မည်နည်း။

တစ်ခုတည်းသော ပြဿနာမှာ ရှန်းထင်ရွှမ်း တင်သွင်းသည့် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို ကန့်သတ်ထားပြီး ၎င်းတို့ကို သူတို့ဝယ်ချင်လျှင်တောင် ဝယ်ဖို့မဖြစ်နိုင်ချေ။ လူများစွာက ရှန်းထင်ရွှမ်း၏ Weibo သို့ နေ့တိုင်း သွားကာ ပြန်လည်ဖြည့်တင်းပေးရန် တောင်းဆိုကြသည်။

အမှန်တော့ ရှန်းထင်ရွှမ်း၏ လက်ရှိ ဝိညာဉ်စွမ်းအင်က လုံလောက်နေပြီဖြစ်သည်။ အသီးများခူးပြီးနောက် ပျင်းရိငြီးငွေ့ဖွယ်အသီးပင်များတဖန် စိုက်ပျိုးရန် ဖြစ်နိုင်သော်လည်း ၎င်းက ရေရှည်အဖြေတစ်ခု မဟုတ်ပေ။

အင်တာနက်အသုံးပြုသူများက ဝယ်ချင်ပေသည်။ အများကြီး တွေးတောပြီးနောက် ရှန်းထင်ရွှမ်းက နောက်ဆုံးတွင် ယောင်တာ့ကျူဆီသို့ သွားလိုက်သည်။

ရှန်းထင်ရွှမ်းက ကိုယ်တိုင် လာရှာသည်ကို ယောင်တာ့ကျူက ကြားလိုက်ရပြီး ချက်ချင်းပင် အစည်းအဝေးခန်းမှ ထွက်လိုက်သည်။ သူ ထွက်လာသောအခါ သူက မှတ်စုစာအုပ်တစ်အုပ်ကို ယူလာခဲ့ပြီး သူက လူတွေ့မေးမြန်းသည့် ခေါင်းဆောင်တစ်ဦးနှင့် တူနေလေသည်။ ယင်းက ရှန်းထင်ရွှမ်းကို အနည်းငယ် ကူကယ်ရာမဲ့သွားစေသည်။ “ကျွန်မ ပျိုးပင်တွေ ပေးခဲ့ရင် သူတို့ဘာသာ စိုက်ချင်တဲ့သူတွေများ ရှိမလားလို့ ရွာလူကြီးကို မေးဖို့ ရောက်လာတာပါ “

အရသာက ရှင်းယွမ်ရှန်လောက် မကောင်းတာ ဖြစ်နိုင်သော်လည်း ဤပျိုးပင်များကလည်း ဝိညာဉ်စွမ်းအင်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ယောင်တာ့ကျူက ဤအရာကို ကြားသောအခါ သူက ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့သည်။

“မစ္စရှန်း မင်းက လူကောင်းတစ်ယောက်ပဲ “ သူက သတင်းထုတ်ပြန်ပြီးသည်နှင့် ရွာသားများက ၎င်းကို ယူရန် ရောက်လာလိမ့်မည်ကို ခန့်မှန်းမိပေသည်။

လက်ရှိတွင် ရွာသားများစွာက ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို အွန်လိုင်းတွင် ရောင်းချရန် ယောင်ရွာ ဟူသည့် နာမည်ကို အသုံးပြုကြသည်။ သူတို့ စိုက်ပျိုးထားသည့် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များက ရှန်းထင်ရွှမ်း ပေးထားသည့် ပျိုးပင်များမှ ဆိုတာတော့ ပြောစရာမလိုချေ။

ရှန်းထင်ရွှမ်းက ရွာ၏စုဝေးခန်းမသို့ ပျိုးပင်များကို ရွှေ့လာရန် ကုန်တင်ယာဉ်အသေးလေးကို အသုံးပြုခဲ့သည်။ ယောင်တာ့ကျူ၏ မိသားစုက ပျိုးပင်များကို စိုက်ပျိုးရန် အလျင်စလို ရောက်လာကြသည်။ ယောင်တာ့ကျူက သတင်းကို ထုတ်ပြန်လိုက်သည်နှင့် ရွာသားများက ယောင်တာ့ကျူ၏ အိမ်သို့ ရောက်လာကြသည်။

ဟုန်မိန်က အရင်ဆုံးရောက်လာသည့်သူ ဖြစ်သည်။ သူမက သစ်သီးများ စိုက်ပျိုးလျှင်တောင် အနာဂတ်တွင် ရောင်းချလိမ့်မည်မဟုတ်ချေ။ ၎င်းက သူမသား စားရန်သာ ဖြစ်ပေလိမ့်မည်။

ကုန်တင်ယာဉ်လေးထဲတွင် ပျိုးပင်အမြောက်အမြား ရှိသော်လည်း ယောင်ရွာ၏ ရွာသားများအားလုံးနီးပါးက ဤနေရာတွင် ရှိနေကြသည်။

ယောင်တာ့ကျူက ပြောလိုက်သည်။

“လူတိုင်းပဲ ကိုယ်လိုသလောက်ပဲ ယူကြပါ၊ အများကြီး မယူကြပါနဲ့ “

ရှန်းထင်ရွှမ်းသည် ဆရာသခင်တစ်ယောက်၏ တပည့်ဖြစ်ကြောင်း လူတိုင်းက သိကြသည်။ ထို့ကြောင့် သူတို့က သူတို့လိုအပ်သလောက်သာ ယူကြပြီး အလွန်သိတတ်ကြသည်။ ယောင်ရွာရှိ ရွာသားများအားလုံးက လယ်ယာစိုက်ပျိုးရာတွင် ကျွမ်းကျင်ကြသည်။ မကြာမီ သူတို့က ပျိုးပင်များအားလုံးကို ယူလိုက်ကြသည်။ ယောင်ရွာတစ်ရွာလုံးက ရှင်းယွမ်ရှန်မှ အသီးများမှာ မသီးပွင့်ခင် အချိန်အတော်ကြာလိမ့်ဦးမည်ဟု ယုံကြည်ခဲ့ကြသည်။

...

ရှန်းထင်ရွှမ်းက ရုတ်တရက် စနစ်၏ စက်ရုပ်အသံကို ကြားသောအခါ သူမက ဝိညာဉ်စွမ်းအင်ဖြင့် မျိုးစေ့တချို့ကို ရေလောင်းခဲ့ပြီး ပျိုးပင်များအဖြစ်သို့ ပြောင်းလဲနေခဲ့သည်။

“host ရဲ့ ခရက်ဒစ်မှတ်တိုးလာပါပြီ၊ ဝိညာဉ်စွမ်းအင် ၇၀% ပြန်လည်ရရှိပါမယ် “

ရှန်းထင်ရွှမ်း။ “ဟမ် “

စနစ်က ရှင်းပြလိုက်သည်။

“host က ပျိုးပင်တွေ ဖြန့်ဝေခဲ့တာကြောင့် ယောင်ရွာမှာရှိတဲ့ အိမ်‌ထောင်စုတိုင်းက ဝိညာဉ်စွမ်းအင်နဲ့ ပျိုးပင်တွေကို စိုက်ပျိုးခဲ့ကြတယ်၊ host က ရွာသားတွေတင်မကဘူး လူသားတွေကိုပါ အကျိုးမြတ်တွေဖြစ်စေခဲ့တယ်၊ အနာဂတ်မှာ လူတွေက host စိုက်တဲ့ အသီးတွေကို ပိုစားလေလေ၊ credit တွေ ပိုရလေလေပဲ၊ ဝိညာဉ်စွမ်းအင်ကို ၂၀% တိုးသွားလိမ့်မယ် “

ဒီလိုအကျိုးအမြတ်မျိုး ရှိတယ်လား။ ဒါက တာဝန်အခု ၂၀ လုပ်ရတာကနေ ကယ်တင်လိုက်တာပဲ။

ရှန်းထင်ရွှမ်းက မေးလိုက်သည်။

“လူတွေက သစ်သီးဝလံတွေကို ပိုစားလေလေ၊ ငါက ခရက်ဒစ်တွေ ပိုရလေလေလား “ ဤဖြစ်ရပ်တွင် သူမက သေချာပေါက် သစ်သီးဝလံများ ပိုရောင်းရနိုင်ပေသည်။

“မဟုတ်ဘူး၊ အဲ့လိုမဟုတ်ဘူး “ စနစ်က သူမဘာသာ ခန့်မှန်းခိုင်းလိုက်သကဲ့သို့ ထပ်ရှင်းမပြခဲ့ချေ။

ရှန်းထင်ရွှမ်း အနည်းငယ် ခန့်မှန်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ပြီးနောက် သူမက တဖန် မခန့်မှန်းတော့ပေ။ မည်သို့ပင်ဆိုစေကာမူ ဤနေ့လယ်ခင်းတွင် ဝိညာဉ်စွမ်းအင် ၂၀% ပြန်လည်ရရှိခြင်းက အံ့အားသင့်စရာပင် ဖြစ်သည်။

ညနေ ငါးနာရီတွင် ရှန်းထင်ရွှမ်းက နောက်ဆုံးတော့ အချိန်အတော်ကြာ မဖွင့်ခဲ့သည့် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်။ လင့်ခ်တစ်ခုကို မျှဝေပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုရှိ ကြည့်ရှုသူအရေအတွက်က ၁၀ သန်းအထိ တိုးလာခဲ့သည်။

[အားရွှမ်း၊ တိုက်ရိုက်ထုတ်လွှင့်မှုကို သိသေးတယ်လား။]

[ငါ အိပ်မက်မက်နေတယ်လို့ တွေးမိလုနီးပါးပဲ။]

[မင်းရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံး တိုက်ရိုက်ထုတ်လွှင့်တာကို ရပ်လိုက်ပြီလား။]

[? နင့် အကောင့်အဟက်ခံရတယ်လို့ တွေးနေတာ။]

...

ရှန်းထင်ရွှမ်း။ “မတွေ့တာကြာပြီနော်၊ ဒီနေ့ရှင်တို့ ဘာကြည့်ချင်လဲ

[အပင်စိုက်တာ။]

[ငါလည်း အားရွှမ်းအပင်စိုက်တာ ကြည့်ချင်တယ်။]

...

မမျှော်လင့်စွာပင် အင်တာနက်အသုံးပြုသူအားလုံးက ရှန်းထင်ရွှမ်းအပင်စိုက်သည်ကို ကြည့်ချင်နေကြသည်။

ပြီးခဲ့သည့် တွင် အင်တာနက်အသုံးပြုသူများက ရှင်းယွင်ရှန်၏ အနေအထားကို မြင်ဖူးခဲ့ကြသည်။ သူတို့က တောင်ပေါ်တွင် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများများစွာ ရှိကြောင်း သိကြပေသည်။ နောက်ပြီး သူတို့က ဧည့်သည်များ အသီးစားကြသည့် သွင်ပြင်ကိုလည်း မြင်ဖူးကြသည်။ မှန်ပေသည်။ ဧည့်သည်များက အသီးစား‌ကြသောအခါ သူတို့က အလွန့်အလွန်အရသာရှိသည့် အစားအစာများကို စားနေကြရသကဲ့သို့ ပြနေကြသည်။ အင်တာနက်အသုံးပြုသူများက မြင်သာမြင်နေရသော်လည်း မစားကြရပေ။

အပင်စိုက်ခြင်းကို လူတိုင်းက အလွန်စိတ်ဝင်စားကြသည်။ နွေဦးနှောင်းပိုင်းတွင် ညနေငါးနာရီ၌ ကောင်းကင်က လုံးလုံး မမှောင်သေးပေ။ အင်တာနက်အသုံးပြုသူများက သူမအပင်စိုက်သည်ကို မြင်ချင်ကြသည်ဟု ပြောနေသည်ကို ဖတ်လိုက်မိသောကြောင့် သူမက ၎င်းကို ပြုလုပ်လိုက်သည်။

သူမက အနောက်ဘက်ခြံဝန်းသို့ ပြန်သွားခဲ့သည်။ တောင်ထိပ်ပေါ်တွင် အပင်အမျိုးအစားများစွာ ရှိပေသည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းက အပင်စိုက်ရန် လယ်မြေကို မသုံးမပြုခဲ့ပေ။ ယနေ့ သူမက တောင်အောက်တွင် စိုက်ပျိုးနိုင်ပေသည်။ ခြံဝန်းအပြင်ဘက်တွင် စိုက်ပျိုးလို့လည်း ရပေသည်။ အထူးသဖြင့် ခြံဝန်းအနောက်ဘက်တွင် ဖန်လုံအိမ်တည်ဆောက်ပြီးနောက် ရှုခင်းအတွက် ဂရုမစိုက်ခဲ့ရပေ။

ရှန်းထင်ရွှမ်းက ဖုန်းကို နေရာချလိုက်ပြီး ဤမြေတစ်ပိုင်းကို စတင်လုပ်ဆောင်လိုက်သည်။ အရင်ဆုံး ပေါင်းပင်များကို ရှင်းလင်းလိုက်သည်။ ထို့နောက် ထပ်ထိုးကာ မျိုးစေ့များ ကြဲလိုက်သည်။ မြေက သိပ်မကြီးမားပေ။ ထို့ကြောင့် ရှန်းထင်ရွှမ်းက လျင်မြန်စွာ စိုက်ပျိုးပြီးသွားခဲ့သည်။

ကြဲပက်ထားသည့် မျိုးစေ့များက နေကြာပန်းမျိုးစေ့များဖြစ်ပြီး နောက်ပိုင်း ၎င်းတို့ ဖူးပွင့်လာသောအခါ အလွန်ကြည့်ကောင်းနေမည်ဖြစ်ပြီး နေကြာစေ့များကို စားလို့ရပေလိမ့်မည်။

ဤအလုပ်အားလုံးကို လုပ်‌ဆောင်ပြီးနောက် အင်တာနက်အသုံးပြုသူများက မကျေမနပ် ပြောနေကြသည်ကို ရှန်းထင်ရွှမ်းက မြင်လိုက်သည်။ သို့သော် မှောင်နေပြီဖြစ်သောကြောင့် ဆက်လက်စိုက်ပျိုးရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် ရှန်းထင်ရွှမ်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ယာယီပိတ်ထားလိုက်သည်။

...

နောက်တစ်နေ့ မနက်စောစောတွင် သူမ အိပ်ယာထလာသောအခါ သူမဖုန်းကို ခြံဝန်းအပြင်သို့ ယူလာခဲ့ပြီး သူမစိုက်ပျိုးနေသည်ကို စတင်မှတ်တမ်းတင်လိုက်သည်။ ဤအချိန် ရှန်းထင်ရွမ်းက ခြံဝန်း၏ အနောက်ဘက်ခြမ်းရှိ မြေကို ဂရုစိုက်နေခဲ့ပြီး သူမက ခြံဝန်းနံရံမှ တစ်မီတာခန့်အကွာတွင် လိမ္မော်စံပယ်များ စိုက်ပျိုးချင်ခဲ့သည်။

အင်တာနက်အသုံးပြုသူများ နာလည်းစေရန်အလို့ငှာ ရှန်းထင်ရွှမ်း၏ အပင်စိုက်ပြသည့်အမြန်နှုန်းက အတော်လေး နှေးကွေးနေခဲ့သည်။ မျိုးစေ့များ ကြဲပြီးနောက် ရှန်းထင်ရွှမ်းက အရွယ်အစားတူသည့် သစ်ကိုင်းများကို ရှာကာ မြေကြီးထဲသို့ တစ်ခုပြီးတစ်ခု ထိုးစိုက်လိုက်သည်။ သစ်ကိုင်းများ၏ အလယ်တွင် အလျားလိုက် သစ်ကိုင်းတစ်ခုကို အသုံးပြုကာ ထိပ်တွင် အကုန်လုံးကို ချိတ်ဆက်ထားလိုက်သည်။ အနာဂတ်တွင် အဝါရောင်စံပယ်များ ဖူးပွင့်လာသောအခါ ခြံဝန်းက အလွန်ကြည့်ကောင်းပေလိမ့်မည်။

သူမက အကုန်လုံးကို ပြုလုပ်ပြီးနောက် ဗီဒီယိုကို စတင် တည်းဖြတ်လိုက်သည်။ သူမက ယခင်က ဤအရာမျိုးကို မလုပ်ခဲ့ဖူးပေ။ ထို့ကြောင့် သူမက software ၏ ရှင်းပြချက်အတိုင်း တစ်ဆင့်ပြီး တစ်ဆင့် လိုက်လုပ်ခဲ့သည်။ အစပိုင်းတွင် ရှန်းထင်ရွှမ်းတည်းဖြတ်သည်က အတော်လေး နှေးကွေးပေသည်။ သို့သော် သူမက ၎င်းနှင့်ရင်းနှီးလာသောအခါ သူမက အလွန်လျင်မြန်လာခဲ့သည်။

လိုအပ်သည့် အကြောင်းအရာများကို စုစည်းပြီးနောက် ရှန်းထင်ရွှမ်းက စတင် အသံသွင်းလိုက်ပြီး သူမ ဤအရာကို အဘယ်ကြောင့်လုပ်ရသည်ဆိုသည့် အကြောင်းရင်းများကို အင်တာနက်အသုံးပြုသူများအား စိတ်ရှက်လက်ရှည် ပြောပြလိုက်သည်။ ရှန်းထင်ရွှမ်းက တစ်ခုပြီးတစ်ခု သူမ၏ လုပ်ဆောင်ချက်များကို ရှင်းပြထားပေသည်။

ဗီဒီယိုကို တည်းဖြတ်ပြီးနောက် နေ့လယ်ခင်းရှိနေပြီဖြစ်ပြီး သူမက Weibo တွင် ပို့စ်တင်လိုက်သည်။

[အပင်စိုက်တဲ့အားရွှမ်း။ အပင်စိုက်တဲ့ ဗီဒီယိုပါ၊ ရှင်တို့လေ့လာချင်ရင် ဒါကို ကြည့်နိုင်ပါတယ်။ (ဗီဒီယို)]

ရှန်းထင်ရွှမ်း၏ ပို့စ်ကို ပရိတ်သတ်များက မြင်သွားကြပြီး ရှန်းထင်ရွှမ်းက ရတနာဆိုင်တွင် ပစ္စည်းအသစ်များ တင်ထားသည့်အကြောင်းဟု ထင်ခဲ့ကြသည်။ သူတို့က စိတ်လှုပ်ရှားစွာဖြင့် refresh သွားလုပ်လိုက်ကြသော်လည်း သူတို့ ၎င်းကို နှိပ်ဝင်ကြည့်သောအခါ သူတို့စိတ်ထဲတွင် မေးခွန်းအမှတ်အသားတစ်ခု ပေါ်လာခဲ့သည်။ ဘယ်လိုတောင်လဲ။ အပင်စိုက်ဖို့ လူတွေကို သင်ပေးတာလား။

အပင်စိုက်ပျိုးခြင်းကို နှစ်သက်သည့်သူတစ်ယောက်က သိပ္ပံနည်းကျစိုက်ပျိုးခြင်းနည်းလမ်းတွင် ကွဲပြားသည့်အရာနှစ်ခုရှိသည်ကို သိသော်လည်း ပရိတ်သတ်များက ဗီဒီယိုကို နှိပ်ဝင်နေဆဲဖြစ်သည်။ သူတို့ ဖွင့်လိုက်သည်နှင့် ရှန်းထင်ရွှမ်း၏ နှစ်လိုဖွယ်အသံကို ကြားလိုက်ရသည်။ “လယ်မစိုက်ခင် ကျွန်မတို့က လယ်မြေကို ရှင်းလင်းဖို့လိုတယ်၊ ရှင်တို့ ပေါင်းပင်တွေကို ပေါ့ဆလို့မရဘူး၊ ဆွဲနုတ်တဲ့အချိန်မှာ အာရုံစိုက်ဖို့လိုတယ် ... “

ရှန်းထင်ရွှမ်း၏အသံက အလွန်နူးညံ့သိမ်မွေ့နေပြီး ထပ်ပြောရလျှင် သူမက ခရေစေ့တွင်းကျ ရှင်းပြနေခြင်းဖြစ်ပြီး အားထုတ်မှုကို သက်သာစေရန် ပေါက်ပြားကို မည်သို့အသုံးပြုရမည့်အကြောင်းနှင့် ထိရောက်မှုရှိစွာ မည်သို့ တူးဖော်ရမည့်အကြောင်းများ ပါဝင်ပေသည်။

[ငါ အပင်မစိုက်ပေမဲ့ ဒါက အရမ်းကောင်းတယ်လို့ ငါထင်တယ်။]

[အိမ်နောက်မှာ မြေနေရာတစ်ခုရှိတယ်။ ငါ နှစ်သစ်ကူးကျ မွေးရပ်မြေကို ပြန်ရင် ကြိုးစားကြည့်ရမယ်။]

[ငါ့ အိမ်ရှေ့မှာ စိုက်ပျိုးထားပြီးသား မြေနေရာရှိတယ်။ ပန်းတွေ စိုက်ဖို့ စီစဉ်နေတာ။]

…

မကြာမီ #အားရွှမ်းက လူတွေကို အပင်စိုက်နည်း သင်ပေးတယ်# ဟူသည့် ခေါင်းစဉ်က hot search တစ်ခု ဖြစ်လာခဲ့သည်။ ၎င်းက အဆင့် တစ်ဆယ်အောက်သာ ဖြစ်သော်လည်း ၎င်းကို မြင်သည့် ဖြတ်သွားဖြစ်လာ များစွာ ရှိနေဆဲဖြစ်သည်။

တချို့ဖြတ်သွားဖြတ်လာတချို့က ပျော်စရာကောင်းသည်ဟု ခံစားခဲ့ကြပြီး တချို့က သာမန်သာ ဖြစ်သည်ဟု ခံစားခဲ့ရကာ ရှန်းထင်ရွှမ်းက လူစုကို အောင်နိုင်ဖို့ ကြိုးစားနေသည်ဟု တချို့က ထင်ခဲ့ကြသည်။

[သေလောက်အောင် ရယ်ရတယ်ဟေ့။ အခု ဘယ်ခေတ်မှာ နေနေတာလဲ။ လူကိုယ်တိုင် စိုက်ပျိုးရေးတွေ လိုအပ်နေတုန်းလား။]

[ဒီချိန်မှာ အပင်စိုက်ဖို့ ခြံစည်းရိုးခတ်နေတုန်းလား။ ငါဆို အချိန်တော်တော်ကြာကတည်းက အွန်လိုင်းကနေ ဝယ်ခဲ့တာ။ အဲ့ဒါက အချိန်နဲ့ အားထုတ်မှုကို သက်သာစေတယ်လေ။ အဓိကအချက်က ကြည့်ကောင်းဖို့ပဲ။]

…

လူတချို့ကလည်း ငြင်းခုံလာကြသည်။

[မင်းအိမ်က ဘယ်လောက်ကြီးလို့လဲ။ လယ်တစ်‌ဧကရှိလား။ ဒါမှမဟုတ် မင်းကားကို ရွှေ့ဖို့ မြေနည်းနည်းလောက် ရှိလား။]

[အားရွှမ်းသုံးထားတဲ့ သစ်ကိုင်းတွေက အနီရောင်စန္ဒကူးသားတွေနော်။ မင်း အွန်လိုင်းက ဝယ်တဲ့ဟာက ဘာသားလဲ။]

...

စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် ထူယွမ်က ရှန်းထင်ရွှမ်း၏ Weibo ပို့စ်ကို ပြန်တင်သည့်အချိန်ထိတိုင် အွန်လိုင်းငြင်းခုံပွဲက အရှိန်မြင့်တက်နေခဲ့သည်။

[ထူယွမ်။ လူတွေက အစားအသောက်တွေကို သူတို့ရဲ့ ကောင်းကင်ဘုံလိုပဲ မှီခိုနေကြတယ်။ လယ်သမားတွေထဲမှာ စက်ပစ္စည်းအကူအညီမယူဘဲ ရိုးရိုးရှင်းရှင်းနဲ့ ထယ်ထိုးပြီး အလုပ်ကြိုးစားနေတဲ့သူ ဘယ်နယောက်ရှိလဲ။ ဒီမိန်းကလေးကို ကြည့်ကြပါဦး။ /@အပင်စိုက်တဲ့အားရွမ်း]

ထူယွမ်က စိုက်ပျိုးရေးဆိုင်ရာ ပြဿနာများစွာကို ဖြေရှင်းခဲ့ပြီး ပိုးသတ်ခြင်းနည်းလမ်းများစွာကို တီထွင်ခဲ့သည်။ သူက အစားအစာပြဿနာများစွာကို ဖြေရှင်းခဲ့သည်ဟု ဆိုကြသည်။ သူက တရုတ်ပြည်သူများ၏ နှလုံးသားထဲရှိ နတ်ဘုရားတစ်ပါးဖြစ်သည်။ နောက်ပြီး သူက ရှန်းထင်ရွှမ်း၏ Weibo ပို့စ်ကို ပြန်တင်ခဲ့သည်။ ဒါက ဘာအဓိပ္ပာယ်လဲ။ ထူယွမ်က ရှန်းထင်ရွှမ်းကို ထောက်ခံတယ်ဆိုတာ ပြနေတာပဲ။

စကားများများ မပြောဘဲ ဦးတည်ရာကို တည့်တည့်သွားတတ်သည်က သူဌေး လုပ်ဆောင်သည့် နည်းလမ်းဖြစ်သည်။

မကြာမီ #ထူယွမ်က အားရွှမ်းကို ချီးကျူးတယ်# ဟူသည့် ခေါင်းစဉ်က ထိပ်တန်းဆယ်နေရာသို့ အပြေးအလွှားရောက်လာခဲ့သည်။

...

လူသိများထင်ရှားသည့် စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်သူများထဲမှ တစ်ယောက်ဖြစ်သည့် ထူယွမ်က မကြာသေးခင်ကမှ ရှန်းထင်ရွှမ်းကို အာရုံစိုက်လာခဲ့သည်။ ထူယွမ်က စျေးကွက်ကွပ်ကဲရေးအစိုးရဌာန၏ သံသယဝင်ခြင်းကို ခံရသည့် အချိန်တည်းက သူမကို သတိပြုမိတာ ဖြစ်နိုင်ပေသည်။

ထိုအချိန်က သူသည် ရှန်းထင်ရွှမ်း စိုက်ပျိုးသည့် သစ်သီးများအကြောင်းကို အတော်လေး သိချင်ခဲ့သည်။ ဆိုရလျှင် တရုတ်ပြည်တစ်ခုလုံးကို ကြည့်လိုက်လျှင် စိုက်ပျိုးနိုင်သော သစ်သီးများက ထိုမျှ အာဟာရပါဝင်မှု မြင့်မားခြင်း မရှိပေ။

‌နောက်ပိုင်းတွင် စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်သူများက နမူနာများကို ယူရန် သွားခဲ့ကြပြီး ၎င်းတို့ထဲမှ တစ်ယောက်က သူ၏ အလုပ်သင်ဖြစ်သည်။ သူ့ဆရာက စိတ်ဝင်စားနေသည်ကို သိပြီး သူက ရှင်းယွမ်ရှန်မှ ပြန်လာသောအခါ သူက ထူယွမ်ဆီသို့ သစ်သီးတချို့ကို ယူလာခဲ့သည်။ သိပ်မများပေ။ ငှက်ပျောသီးတစ်လုံးနှင့် သရက်သီးတစ်လုံးသာ ဖြစ်သည်။

အမှန်တော့ နမူနာအတွက် သစ်သီးဂရမ်တချို့သာ လိုအပ်ပေသည်။ ထို့ကြောင့် အသီးများကို ထူယွမ်ဆီသို့ ယူလာသောအခါ ငှက်ပျောသီးတစ်လုံးနှင့် သရက်သီးတစ်လုံးက အလွန်များနေပြီ ဖြစ်သည်။

တချို့က တွေးတောပြီးနောက် ထူယွမ်၏ အလုပ်သင်တပည့်ကို ပေးလိုက်ကြသည်။ ထူယွမ်က အသက်ကြီးသည့် လူကြီးတစ်ယောက်ဖြစ်သည်ကို တွေးမိပေသည်။ သူက သေချာပေါက် နူးညံ့သည့် အသီးတချို့ကိုသာ သေချာပေါက် စားချင်ပေလိမ့်မည်။

ထူယွမ်က ဓာတ်ခွဲခန်းထဲတွင် ရှိနေပြီး သူလက်ခံရရှိခဲ့သည့် သစ်သီးများကို ဘေးတွင်ထားထားပေသည်။ ဤသစ်သီးများက အာဟာရပြည့်ဝကြောင်း သူသိသော်လည်း သူ့တွင် အလုပ်တစ်ခု ရှိပေသည်။ ထို့ကြောင့် သူက စားရန် အလျင်မလိုခဲ့ပေ။

ရလဒ်အနေဖြင့် စမ်းသပ်ချက်တစ်ခုပြီးနောက် ညနက်နေပြီဖြစ်ကြောင်း ထူယွမ်က တွေ့ရှိသွားခဲ့သည်။ သူက ထိုနေ့က တစ်နေ့လုံး ဘာမှမစားခဲ့ရပေ။ သူက သွေးတင်း သကြားဓာတ် လျော့ကျနေသောကြောင့် အနည်းငယ် မူးဝေနေခဲ့သည်။ သူက သူ့ဘေးရှိ ငှက်ပျောသီးကို ကြည့်ကာ အခွံနွှာလိုက်ပြီး စားလိုက်သည်။ စားပြီးနောက် သူက ကောင်းကောင်းအိပ်စက်ရန် ရည်ရွယ်ထားခဲ့သည်။

သို့သော် သွေးတွင်းသကြားဓာတ် လျော့နည်းခြင်းကြောင့် မူးဝေခြင်း၊ ထိတ်လန့်ခြင်းနှင့် ချွေးထွက်ခြင်းတို့က ရုတ်တရက် ပျောက်ကင်းသွားခဲ့သည်။ ယေဘုယျအားဖြင့် ပြောရလျှင် အာဟာရပါဝင်မှု မြင့်မားသည့် အစားအစာများက အရသာမကောင်းကြချေ။ ထို့ကြောင့် ထူယွမ်သည် ရှင်းယွမ်ရှန်၏ အသီးများက အာဟာရဓာတ်မြင့်မားသောကြောင့် အရသာကောင်းမွန်မည် မဟုတ်ဟု အမြဲတမ်း ထင်ထားခဲ့သည်။ သို့သော် အသီးက ကြည့်ကောင်းပြီး အရသာက ပိုကောင်းလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။

ငှက်ပျောသီးကို စားပြီးနောက် ထူယွမ်က အသီးတချို့ကို သူကိုယ်တိုင် ဝယ်ရန် စဉ်းစားခဲ့သည်။ မေးမြန်းပြီးနောက် ရှင်းယွမ်ရှန်၏အသီးများက စူပါမောတွင်သာ ရနိုင်ကြောင်း သိရှိသွားခဲ့သည်။

အိပ်စက်သည့်အချိန်မှလွဲ၍ ထူယွမ်က ဓာတ်ခွဲခန်းတွင်သာ သူ့အချိန်အများစုကို ကုန်ဆုံးလေ့ရှိသည်။ သစ်သီးဝယ်ဖို့ တန်းစီရန် စူပါမောသို့ သွားရန် အချိန်မရှိခဲ့ပေ။ ထို့ကြောင့် ထူယွမ်က လက်လျှော့ခဲ့သည်။ တစ်ခါတစ်ရံတွင် စမ်းသပ်မှုတစ်ခုပြီးနောက် ထိုနေ့က သူစားဖူးခဲ့သည့် အရသာရှိသည့် ငှက်ပျောသီးအကြောင်းကို ပြန်လည်တွေးတောမိသည်။ ငှက်ပျောသီးက အလွန်အရသာရှိသောကြောင့် ထူယွမ်က နောက်တစ်ရက်ရောက်သည့်တိုင် သရက်သီးကို မစားခဲ့ရပေ။

သရက်သီးကို စားပြီးနောက် ရှင်းယွမ်ရှန်၏ အသီးများအားလုံးက ရတနာများဖြစ်ကြောင်း ထူယွမ်က ချက်ချင်းပင် သိရှိသွားခဲ့သည်။ သူက အခွင့်အရေးရလျှင် ရှင်းယွမ်ရှန်သို့ သေချာပေါက် သွားလည်ရပေလိမ့်မည်။ အားလုံးပြီးနောက် သူ့အလုပ်သင်တပည့်က အသီးများသည် စူပါမောအပြင် ရှင်းယွမ်တောင်ခြေတွင်လည်း ရောင်းချကြောင်း ပြောခဲ့သည်။

…

အခန်း (၆၅) (ခ)

ယနေ့၏ စမ်းသပ်မှုများ ပြီးသွားပြီးနောက် ထူယွမ်က ခံစားချက်ကောင်းနေခဲ့သည်။ သူ ယခင်က စားခဲ့ဖူးသည့် အသီးများအကြောင်း တွေးတောရင်း Weibo ကို ဖွင့်လိုက်သည်။ ရှင်းယွမ်ရှန်မှ မိန်းကလေးက တခြားအချိန်များတွင် အင်တာနက်ပေါ်၌ ရှိလိမ့်မည်ဆိုတာ သူသိပေသည်။ သို့သော် အတော်လေး လူသိများသည့် သူတစ်ယောက်အနေဖြင့် ထူယွမ်က ရှန်းထင်ရွှမ်းကို အာရုံစိုက်ခဲ့လျှင် အင်တာနက်အသုံးပြုသူများက ထင်ကြေးပေးကြပေလိမ့်မည်။

ရှန်းထင်ရွှမ်းအား ပြဿနာများ မဖြစ်စေရန် အလို့ငှာ ထူယွမ်က ရှန်းထင်ရွှမ်းကို အာရုံမစိုက်ခဲ့ပေ။

သူက ယနေ့တွင် ရှန်းထင်ရွှမ်း၏ ပင်မစာမျက်နှာကို ဖွင့်လိုက်ပြီး ရှန်းထင်ရွှမ်းက ဗီဒီယိုတင်ထားသည်ကို ထူယွမ်က တွေ့လိုက်ရပြီး အနည်းငယ် ဖွင့်ကြည့်လိုက်ရာ အပင်စိုက်ပျိုးသည့်အကြောင်း ဖြစ်နေခဲ့သည်။

ထူယွမ်က ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။ အပင်စိုက်ပျိုးခြင်းအတွက် လူများစွာက မြေဆီလွှာကို ထယ်ထိုးရန်သာ သိကြသည်။ သို့သော် မြေဆီလွှာအနက်ကလည်း တကယ်ပဲ အလွန်အနုစိတ်ဆန်ပေသည်။ ဤမိန်းကလေးက သူမထယ်ထိုးသည့်အချိန်တိုင်း အလွန်အင်အားကြီးပေသည်။ သူမစိုက်ပျိုးခြင်းကို ကြည့်ရှုရသည်က တကယ့်ကို စိတ်ကျေနပ်စရာကောင်းပေသည်။

မကြာမီ ဗီဒီယိုက ပြီးသွားခဲ့သည်။ ထူယွမ်က ပို့စ်ကို ပြန်တင်လိုက်ပြီး ရှန်းထင်ရွှမ်းကို follow လုပ်လိုက်သည်။ ဒါတင်မကဘဲ ထူယွမ်က ရှန်းထင်ရွှမ်းကို အထူးစိတ်ဝင်စားမှုအဖြစ် သတ်မှတ်လိုက်သည်။ နောက်တစ်ကြိမ် ရှန်းထင်ရွှမ်းက စင်ပေါ်တွင် အသီးများတင်ပါက သူက ထိုအချိန်တွင် ဝယ်နိုင်ရန် သတိပေးချက်တစ်ခုကို လက်ခံရရှိလိမ့်မည်ဖြစ်သည်။

...

ရှန်းထင်ရွှမ်းက ထူယွမ်နှင့်ဖြစ်ရပ်ကို မသိခဲ့ပေ။

ဗီဒီယိုထုတ်လွှင့်ပြီး မကြာခင် သူမက စနစ်၏ အသံကို ကြားလိုက်ရသည်။ “host ရဲ့ credit point တိုးလာပါတယ်၊ ဝိညာဉ်သွေးကြော ၇၅% ပြန်လည်ရရှိပါလိမ့်မယ် “

“ဟေး ဘာလို့ ရုတ်တရက် ဝိညာဉ်သွေးကြော ၅% တိုးလာတာလဲ “ ရှန်းထင်ရွှမ်းက မေးလိုက်သည်။ “ငါ တင်လိုက်တဲ့ ဗီဒီယိုကြောင့်လား “

စနစ်။ “ဟုတ်တယ်”

ရှန်းထင်ရွှမ်းက စတင်အဖြေရှာလိုက်သည်။ ယခင်က သူမ၏ ဝိညာဉ်သွေးကြောသည် ယောင်ရွာရှိ ရွာသားများကို ပျိုးပင်များ ပေးခဲ့သောကြောင့် ၂၀% ပြန်လည်ရရှိခဲ့သည်။ ယခု ယောင်ရွာရှိ ရွာသားတိုင်းနီးပါးက ရှန်းထင်ရွှမ်းဆီမှ ပျိုးပင်များကို စိုက်ပျိုးခဲ့ကြသည်။ သူတို့က သစ်သီးများကို ရောင်းချသည်ဖြစ်စေ၊ သူတို့ကိုယ်တိုင် စားသည်ဖြစ်စေ အနာဂတ်တွင် သစ်သီးများထုတ်လုပ်ရန် ဤပျိုးပင်များကို အသုံးပြုနိုင်ပေသည်။ ရေတိုတွင် သူတို့က အသီးများကို စားနိုင်ပေသည်။

ပျိုးပင်များကို စိုက်ပျိုးကြသည့်လူများက ပိုပိုများလာကြသည်။ သူတို့စိုက်ပျိုးသည့် သစ်သီးများ၏ အရေအတွက်နှင့် အရည်အသွေးက ရှင်းယွမ်ရှန်လောက်မကောင်းပေ။ သူတို့က သာမန်ထက်တော့ ပိုကောင်းအောင် စိုက်ပျိုးနိုင်နေဆဲဖြစ်သည်။

ဤတစ်ခုတည်းဖြင့် စနစ်က သူမ၏ ဝိညာဉ်သွေးကြော ထပ်တိုး ၂၀%ကို ပြန်လည်ပေးခဲ့သည်။

ယနေ့၊ အပင်စိုက်ပျိုးခြင်း ဗီဒီယိုကို တင်ပြီးနောက် တခြား credit အမှတ်များ ရရှိခဲ့ပြီး ဝိညာဉ်သွေးကြော ၅% ကို ပြန်လည်ရရှိခဲ့သည်။

ရှန်းထင်ရွှမ်းက နားလည်သွားခဲ့သည်။

ဤဝိညာဉ်သွေးကြော ပြန်လည်ရရှိခြင်းနှစ်ခု၏ အဓိကအချက်မှာ သူမက လူသားများကို အကျိုးကျေးဇူးများ ပေးခဲ့ပြီး သူမက credit များ ရရှိနိုင်ပေသည်။ ယခင်က ပျိုးပင်များကို ရရှိခဲ့သည့် လူသားများက ဗီဒီယိုကို မကြည့်သော်လည်း အနာဂတ်တွင် ဤပျိုးပင်များကို နှစ်တိုင်း စိုက်ပျိုးပေလိမ့်မည်ဖြစ်ပြီး အသီးများလည်း သီးပွင့်လာပေလိမ့်မည်။ အသီးများပိုသီးပွင့်လာလေလေ၊ လူများကို ပိုများများ စားနိုင်လာလေလေ ဖြစ်သည်။

“စနစ်၊ ငါ ပျိုးပင်တွေကို အွန်လိုင်းမှာ ရောင်းရင် credit ရမှာလား “

စနစ်က ဝန်မခံချင်သော်လည်း ဖြေရပေသည်။ “ဟုတ်တယ် “

“credit တွေ ရလာရင် ဝိညာဉ်သွေးကြောကို ပြန်ရလာမှာမဟုတ်လား “

စနစ်။ “မှန်တယ် “

“ဒါဆို ငါ ပျိုးပင်တွေ ရောင်းမယ်၊ ဝိညာဉ်သွေးကြော ဘယ်လောက်လောက် ပြန်လည်သိုလှောင်နိုင်မှာလဲ “

“host ရဲ့ ထောက်ပံ့တဲ့အပေါ် မူတည်ပါတယ် “

နောက်ဆုံးတွင် ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီနှင့် ချိတ်ဆက်မိသွားပြီး ပျိုးပင်များ ပို့ဆောင်ပေးနိုင်လားဟု မေးခဲ့သည်။ ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းပို့ဆောင်ချင်သည်က ဘာပဲဖြစ်ဖြစ် အဆင်ပြေပါသည်ဟု လျင်မြန်စွာ စာပြန်လိုက်သည်။ ဤပို့ဆောင်ရေးက ပို့ဆောင်‌ရေးအတွက် လေယာဉ်နှစ်စီးလည်း ရှိပေသည်။

ပျိုးပင်များ ရောင်းချခြင်းက အလွန်ရိုးရှင်းပေသည်။ မျိုးစေ့မှ ပျိုးပင်အဖြစ်သို့ ပြောင်းလဲရန် ဝိညာဉ်စွမ်းအင်အနည်းငယ်သာ လိုအပ်ပေသည်။

ရှန်းထင်ရွှမ်းက လူတိုင်း ဝယ်ယူချင်သည့် အသီးပျိုးပင်အမျိုးအစားများကို သိရရန် Weiboပေါ်တွင် စစ်တမ်းတစ်ခု တင်လိုက်သည်။

[ဘာပြောတယ်။ အားရွှမ်းက တကယ်ပဲ ပျိုးပင်တွေ ရောင်းနေတာလား။]

[တကယ်တမ်းပြောရရင် အားရွှမ်းရဲ့ သစ်သီးတွေက အရသာရှိတယ်။ ငါလည်း အချိန်တိုင်း အဲဒီအသီးတွေကို စားရတာကြိုက်တယ်။ ဒါပေမဲ့ ငါ ဘယ်လိုစိုက်ပျိုးရမလဲ မသိဘူး။]

[ငါတော့ အဆင်သင့်ပဲ။ ငါ အရင်က မင်းရဲ့ ဗီဒီယိုကို ဆယ်ခေါက်လောက် ကြည့်ဖူးတယ်။ ငါ ပျိုးပင်တွေ ဝယ်ပြီးရင် သေချာပေါက် စိုက်နိုင်တော့မှာပဲ။ ဒ့ါအပြင် ငါက ဆီးသီးကို မဲပေးခဲ့တယ်။]

...

သို့သော် လူတိုင်း စားချင်သည့်အသီးများထက် ပိုများသည့် အသီးများစွာက သေချာပေါက် ရှိနေပေသည်။ အဆုံးတွင် လူတိုင်းက ဆီးသီးကို ရွေးချယ်လိုက်ကြသည်။

ထိုညတွင် ရှန်းထင်ရွှမ်းက စင်ပေါ်တွင် ဆီးပျိုးပင်များကို တင်လိုက်သည်။ ၎င်းက ပျိုးပင်တစ်ပင်စီကို ဆယ်ယွမ်ကျသင့်ပြီး လူတစ်ဦးကို သုံးပင်သာ ကန့်သတ်ထားပေသည်။ ပို့ဆောင်ခကို သီးခြား ပေးချရမည်ဖြစ်သည်။ ရှန်းထင်ရွှမ်း၏ စင်ပေါ်တွင် စုစုပေါင်း ပျိုးပင် သုံးသိန်းရှိပြီး တစ်မိနစ်မပြည့်ခင် ရောင်းကုန်သွားခဲ့သည်။

အင်တာအသုံးပြုသူဘယ်လောက်များများက ပျိုးပင်များကို လုယူသွားလည်း မပြောနိုင်ပေ။ ဤပျိုးပင်များက ရှင်းယွမ်ရှန်မှ လာပေသည်။ အနာဂတ်ရလဒ်က ရှင်းယွမ်ရှန်နှင့် ကွဲပြားလိမ့်မည်မဟုတ်ပေ။

[ငါ့ဘဝမှာ အမြန်ဆုံးအမြန်နှုန်းအတွက် တိုက်ခိုက်ပြီး ပျိုးပင်သုံးပင် လုယူနိုင်ခဲ့တယ်။ အဲ့ဒါတွေကို စိုက်ပျိုးပြီးရင် ‌နောက်မှ အရသာ ကွာခြားမှုအကြောင်း လူတိုင်းကို လာပြောပြမယ်။]

[ဟားဟားဟား၊ ငါ အရင်က အားရွှမ်းဆီက သစ်သီးတွေကိုပဲ လုယူဖူးတာ။ ဒါပေမဲ့ ဒီနေ့ ဆီးသီးပျိုးပင်တွေကိုလည်း လုယူဖို့ မမျှော်လင့်ခဲ့ဘူး။]

[ငါ့ဘဝရဲ့ ကံကောင်းမှုကို ဒီနေရာမှာ သုံးလိုက်ရတာ ဖြစ်နိုင်တယ်။ ငါ တကယ်ပဲ အရမ်းအရမ်းကို ပျော်နေပြီ။]

[ပျိုးပင်တွေကို လုယူသွားနိုင်တဲ့သူတွေ ပါးစပ်ပိတ်ထားလို့မရဘူးလား။ ငါ မနာလိုဖြစ်နေတယ်လို့ မပြောချင်ဘူး။]

...

ထူယွမ်က Weibo မှ သတိပေးချက်ကို လက်ခံရရှိခဲ့သည်။ သို့သော် သူ့တွင် စမ်းသပ်မှုတစ်ခု ရှိနေခဲ့သည်။ ထို့ကြောင့် သူက ၎င်းကို မမြင်ခဲ့ပေ။ သူက အလုပ်ပြီးသွားသောအခါ Weibo ကို ဖွင့်လိုက်ပြီး ရှန်းထင်ရွှမ်းက စင်ပေါ်တွင် ပျိုးပင်များ တင်ထားခဲ့သည်ကို တွေ့ရှိသွားခဲ့သည်။ ဒီလောက်ကောင်းတဲ့အရာတစ်ခုကို ဘယ်လိုလုပ် လုမယူရမှာလဲ။ သို့သော် သူက လင့်ခ်ကို ဖွင့်လိုက်သောအခါ ရောင်းကုန်သွားသည်ကို တွေ့ရှိလိုက်ရသည်။

ရောင်းကုန်သွားပြီလား။ ပျိုးပင် သုံးသိန်းလေ။

ထူယွမ်က တဖန် refresh လုပ်လိုက်ရာ ကုန်ပစ္စည်းက တကယ်ပဲ ရောင်းကုန်သွားသည်ကို တွေ့ရှိလိုက်ရသည်။ အခု လူတွေက အပင်စိုက်ရတာ အဲ့လောက်ကြိုက်နေကြပြီလား။

ထိုအကြောင်းကို တွေးတောပြီးနောက် ထူယွမ်က မနက်ဖြန်ကျ ရှင်းယွမ်ရှန်သို့ လူကိုယ်တိုင် သွားလည်ရန် ဆုံးဖြတ်ခဲ့သည်။

...

ရှန်းထင်ရွှမ်းက တောင်ခြေ၌ ပို့ဆောင်ရမည့် ပျိုးပင်များအားလုံးကို ထားလိုက်ပြီး ပို့ဆောင်ရေးဌာနမှ ဝန်ထမ်းများက ၎င်းတို့ကို ယူရန် ရောက်လာကြသည်။ ညနေထိတိုင် ပျိုးခင်များကို ပို့ဆောင်နေခဲ့ရသည်။

ချင်ယွဲ့ကျီ တည်ဆောက်ထားသည့် ပို့ဆောင်းရေးဌာနက တကယ့်ကို မြန်ဆန်သည်ဟု ပြောရပေမည်။ ပို့‌ဆောင်ရေးကားက နေ့တစ်ဝက်အတွင်း အမှာတစ်သိန်းကို ပို့ပြီးသွားခဲ့သည်။

ညနေခင်းတွင် ၏ နောက်ထပ်တစ်ပိုင်းကို ထုတ်လွှင့်ခဲ့သည်။ သူတို့က တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ခဲ့ကြသော်လည်း လူများစွာက တည်းဖြတ်ထားသည့် ဗားရှင်းကို ထပ်ကြည့်ချင်ကြပေသည်။

ထိုသို့ဆိုလျှင်တောင် လူတိုင်းက ရှန်းထင်ရွှမ်း၏ “ဗီဗီ” ဟူသည့် ခန့်မှန်းချက်ကို မြင်သောအခါ မရယ်မောဘဲ မနေနိုင်ကြချေ။ သို့သော် ကုယွမ် ပေါ်လာပြီးနောက် လူတိုင်းက အနည်းငယ် စိတ်လှုပ်ရှားလာကြသည်။

ဤထုတ်လွှင့်မှုတွင် ရှန်းထင်ရွှမ်း ချက်ပြုတ်ခဲ့သည့် စားကောင်းသောက်ဖွယ်များကို အင်တာနက်သုံးပြုသူများက အထူးတလည် တည်းဖြတ်ခဲ့ကြပြီး အင်တာနက်ပေါ်တွင် တင်ခဲ့ကြသည်။ လူများစွာက ဟင်းချက်နည်းများနောက်လိုက်ကာ ခဏကြာပြီး ဤရလဒ်ကို မျှဝေခဲ့ကြသည်။

နှစ်နာရီခန့်ကြသည့် ပရိုဂရမ်က ပြီးဆုံးသွားပြီးနောက နှင့် ဧည့်သည်များက တဖန် hot search သို့ ရောက်ရှိသွားပြန်သည်။

အင်တာနက်အသုံးပြုသူတချို့က စာရင်းဇယားတစ်ခု လုပ်ခဲ့ကြသည်။ ဤပရိုဂရမ်တွင် စုစုပေါင်း ဧည့်သည်ခုနစ်ယောက် ပါဝင်ခဲ့ကြသည်။ ရှန်းရွှမ်မှလွဲ၍ ဧည့်သည်များထဲတွင် ရှန်းထင်ရွှမ်းက ဖော်လိုဝါရရှိမှုအမြန်ဆုံး ဖြစ်သည်။ ပရိုဂရမ်သုံးခုထုတ်လွှင့်ပြီးနောက် သူမ၏ စုစုပေါင်း followerက သန်းသုံးဆယ် နီးပါး မြင့်တက်လာခဲ့သည်။

ချင်ယွဲ့ကျီက ၁၀ သန်းသို့ ရောက်သွားပြီး ကန်းချန်းယွင်က ၈ သန်းသို့ ရောက်လာခဲ့သည်။ ကုယွမ်က ၆ သန်းသို့ ရောက်သွားပြီး ပိုင်ဟောက်နှင့် လျိုကျင်းက ၅ သန်းသို့ ရောက်လာခဲ့သည်။

ရှန်းထင်ရွှမ်းက သံသယမရှိ အကြီးမားဆုံးအောင်နိုင်သူ ဖြစ်သည်။

Followers ၅၀ သန်းရှိသည့် ရှန်းထင်ရွှမ်းက ဤအတောအတွင်း တောင်ပေါ်တွင် ပေါင်းပင်များကို ရှင်းလင်းနေခဲ့သည်။

...

နောက်တစ်နေ့မနက်တွင် ထူယွမ်က သူ့အိမ်မှ ထွက်လာခဲ့သည်။ အထက်လူကြီးများက စေလွှတ်သောအခါ လက်အောက်ငယ်သားများက ကောင်းကောင်း လုပ်ဆောင်မည်ဟု ပြောခဲ့သော်ငြား ထူယွမ်၏ လက်အောက်ငယ်သားက ရှန်းထင်ရွှမ်းကို ဆက်သွယ်နိုင်မည့် အချက်အလက်များ မရှိသည်ကိုသာ ရှာတွေ့ခဲ့သည်။

ရှန်းထင်ရွှမ်းက လယ်သမားတစ်ယောက်ဖြစ်ပြီး သူတို့နှင့် နယ်ပယ်တူညီသည်ဟု သတ်မှတ်နိုင်သော်လည်း သူမက သူတို့ကို ဘယ်တုန်းကမှ မဆက်သွယ်ဖူးပေ။

ယခင်က ကျွမ်းကျင်သူများသည် နမူနာများကို သွားယူသောအခါ ရှန်းထင်ရွှမ်းက သူတို့ကို သာမန်ကာလျှံကာဖြင့် ယူသွားရန်သာ ပြောလိုက်ပြီး ဆက်သွယ်ရမည့်အချက်အလက်ကို ချန်ထားရန် မပြောနှင့် တခြားစကားများပင် မပြောခဲ့ပေ။

ဤအကြောင်းကိုလေ့လာပြီးနောက် ထူယွမ်က ရှင်းယွမ်ရှန်သို့ တိုက်ရိုက်သွားရောက်လည်ပတ်ရန် ဆုံးဖြတ်ခဲ့သည်။

တောင်ခြေ၌ လူလေးယောက်ပါသည့် ကားတစ်စီးက ဝိုးတဝါးပေါ်လာသည့် ရှင်းယွမ်ရှန်ကို ကြည့်နေကြပြီး တိတ်ဆိတ်နေကြသည်။ ခရီးသည်ထိုင်ခုံရှိလူက မေးလိုက်သည်။

“တန်းဝင်သွားမှာလား “

“မကောင်းဘူး” ထူယွမ်က ရှန်းထင်ရွှမ်းကို နှုတ်ဆက်ပြီး တခြားသူများ၏ အိမ်ကို တန်းဝင်ရန်က မယဉ်ကျေးရာကျသည်ဟု ခံစား‌ရပေသည်။

တစ်ယောက်က အကြံပြုလိုက်သည်။ “ကျွန်တော်တို့ သွားတွေ့ရင်ရော ဘယ်လိုလဲ “ လူတိုင်းက ခဏလောက် စောင့်နေကြသော်လည်း ဘာလုပ်ရမလဲ တကယ့်ကို မသိကြချေ။ ထို့ကြောင့် သူတို့က တက်သွားပြီး တစ်ချက်ကြည့်ရန် လုပ်လိုက်ကြသည်။

သို့သော် ဒရိုင်ဘာက ဝါးတောအောက်တွင် ကားကို မောင်းနေခဲ့သည့်အချိန်တွင် ထူယွမ်က ချက်ချင်းပင် ရပ်ရန် ပြောလိုက်သည်။ “ဆရာထူ ဘာဖြစ်လို့လဲ “

ထူယွမ်၏ မျက်နှာက လေးနက်သွားခဲ့သည်။ သူက ကားထဲမှ ထွက်လိုက်ပြီး ဤဝါးတောကို ဂရုတစိုက် လေ့လာလိုက်ပြီး ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ၏ ရောင်ဝါကို ခံစားလိုက်ရသည်။ သီးနှံစိုက်ပျိုးရေးပညာရပ်ကို လေ့လာမှုအရ သူ့က ရုပ်လွန်ပညာရပ်ကိုလည်း နားလည်ပေသည်။ ဤဝါးတောကို အစီအရင်တစ်ခု ချထားကြောင်း သူမြင်နိုင်ပေသည်။ ဤတောင်ပိုင်ရှင်က တခြားသူများ ဆန္ဒရှိသလို တောင်ထဲသို့ ဝင်မလာစေချင်ပုံရပေသည်။

“ဒီမှာ ခဏစောင့်ရအောင်” ထူယွမ်က တောင်ပေါ်ရှိ မိန်းကလေးကို ပိုပိုပြီးတောင် သိချင်စိတ်ဖြစ်လာခဲ့သည်။ ငယ်ရွယ်သည့်အသက်ရွယ်တစ်ခုဖြင့် သူမက စိုက်ပျိုးရမည်ကို သိပြီး ဤရုပ်လွန်ပညာရပ်ကိုလည်း နားလည်ပေသည်။

...

ရှန်းထင်ရွှမ်းက တောင်ပေါ်တွင် ပျိုးပင်များကို ရေလောင်းနေခဲ့သည်။ ဆီးသီးပျိုးပင်များ ရောင်းကုန်သွားပြီးနောက် ရှန်းထင်ရွှမ်းက ဤရက်များတွင် စတော်ဘယ်ရီနွယ်တစ်ချို့ကို စိုက်ပျိုးနေခဲ့သည်။ Weibo စစ်တမ်းတွင် အများစုက စတော်ဘယ်ရီပင်များဖြစ်ပြီး စပျစ်ပင်များက နောက်မှလိုက်ပေသည်။

ရှန်းထင်ရွှမ်းက ၎င်းတို့ကို စင်ပေါ်တွင် တစ်ခုပြီးတစ်ခု တင်ရန် ရည်ရွယ်ထားခဲ့သည်။

အရင်ဆီးသီးပျိုးပင်များက သူမ၏ ဝိညာဉ်သွေးကြော ၅%ကို ပြန်လည်ဖြည့်တင်းပေးခဲ့ပြီး ယခု သူမ၏ ဝိညာဉ်သွေးကြောက ၈၀% ပြန်လည်ရရှိလာခဲ့သည်။ ဤနည်းလမ်းက ယခင် သစ်သီးများ ရောင်းချခြင်းထက် ပိုမိုမြန်ဆန်ပေသည်။ သူမ၏ လက်ရှိဝိညာဉ်သွေးကြောများအပြင် ဤပျိုးပင်များကို ရေလောင်းနိုင်သည်သာမက တောင်ပေါ်ရှိ အသီးပင်များအားလုံးကိုလည်း ရေလောင်းနိုင်ပေသည်။ သူမက ဝိညာဉ်စွမ်းအင်များ ပြည့်လာသောအခါ ၎င်းတို့ကို အတန်းလိုက် နှစ်ကြိမ်ခန့် လောင်းနိုင်ပေသည်။ ထို့ကြောင့် ဤကာလအတွင်း သူမ၏ ဝိညာဉ်စွမ်းကို ဘယ်တုန်းကမှ အသုံးမပြုခဲ့ရချေ။

“အားရွှမ်း တောင်ခြေကို ကားတစ်စီးရောက်လာတယ်၊ သူတို့က တောင်ပေါ်တက်လာမလို့ပဲ၊ ဒါပေမဲ့ ဝါးတောကို မရောက်ခင် ရပ်လိုက်ကြတယ်၊ အသက်ကြီးကြီးလူတစ်ယောက်က ဝါးတောကို ကြည့်နေတယ်၊ အခု သူတို့က ဝါးတောထဲမှာ ခဏ စောင့်နေကြတယ် “

ရင်ရင်က တင်ပြကာ ပျံသန်းသွားခဲ့သည်။

တောင်ခြေရှိ လူများက ဝင်ပေါက်ရှိ အစီအရင်ကို မြင်သွားတာဖြစ်ရမည်ဟု သူမက ခန့်မှန်းလိုက်သည်။ သို့သော် ဤအရာက ထူးထူးခြားခြား မဟုတ်ပေ။ လူသားများလည်း ရုပ်လွန်ပညာရပ်ကို နားလည်နိုင်ပေသည်။

ရှန်းထင်ရွှမ်းက စတော်ဘယ်ရီနွယ်များကို ရေလောင်းလိုက်ပြီးနောက် တောင်အောက်သို့ ဆင်းလာခဲ့သည်။ ကားထဲရှိ လူများက မငြင်းဆန်ခဲ့သော်လည်း သူတို့က သူတို့စိတ်ထဲတွင် ကန့်ကွက်နေကြသည်။ ဤကဲ့သို့ စောင့်ပြီးနောက် တောင်ပေါ်ရှိလူက ဆင်းလာလိမ့်မည်ကို သူတို့ မသိခဲ့ကြချေ။

သူတို့အတွေးလွန်နေပြီး မကြာမီ ကြည့်ကောင်းသည့် မိန်းကလေးတစ်ယောက်က ဆင်းလာသည်ကို မြင်လိုက်ကြသည်။

အရင်က ထူယွမ်သည် ရှင်းယွမ်ရှန်ကို ရှာဖွေခဲ့ပြီး သူက ရှန်းထင်ရွှမ်းကို မြင်သောအခါ ခေါင်းညိတ်လိုက်ပြီး အဝေးမှ ပြောလိုက်သည်။ “ကျွန်တော်တို့ ကြိုမပြောဘဲ လာလည်မိတာ တောင်းပန်ပါတယ် “

သူမရှေ့ရှိလူ၏ စိတ်နေသဘောထားက အလွန်သက်သောင့်သက်သာဖြစ်သည်ဟု ရှန်းထင်ရွှမ်းက ခံစားလိုက်ရသည်။ ထို့ကြောင့် သူမက ပြောလိုက်သည်။ “ရှင် ကျွန်မနဲ့ ဘာကိစ္စရှိလို့လဲ“

ဘေးရှိလူက အလျင်စလို ပြောလိုက်သည်။ “မင်္ဂလာပါ မစ္စရှန်း၊ ဒါက ဆရာထူယွမ်ပါ “ ပုံမှန်အားဖြင့် တရုတ်ပြည်တွင် ထူယွမ်၏ နာမည်ကို ဖော်ပြလိုက်သည်နှင့် လူတိုင်းက ၎င်းကို သိကြပေလိမ့်မည်။ ဆိုရလျှင် သူက တရုတ်ပြည်၏ မူလတန်းကျောင်းသုံးဖတ်စာအုပ်တွင် ရေးသားခြင်းခံရသည့် လူတစ်ယောက်ဖြစ်သည်။

-----

စာရေးသူမှာ ပြောစရာရှိနေပါတယ်။

ရှန်းထင်ရွှမ်း။ တကယ်လား။ ဝိညာဉ်သွေးကြော ၇၀ % ပြန်ရသွားပြီလား။

စနစ်။ ငါ မင်းအတွက် ၅၀% ဖြစ်အောင် ပြန်ပြောင်းလိုက်ရမလား။

…

အခန်း (၆၆) (က)

ရှန်းထင်ရွှမ်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဟယ်လို ကျွန်မက ရှန်းထင်ရွှမ်းပါ”

တုယွမ်က ရှန်းထင်ရွှမ်းကို လုံးဝ စိတ်မရှိပေ။ “ငါက မင်းဆီကနေ မျိုးစေ့တွေ ဝယ်ဖို့ ဒီရောက်လာတာ။ ငါ အဲဒါတွေကို အတွေ့အကြုံအတွက် အသုံးပြုချင်တယ်”

တုယွမ်ဘေးနားက လူက တုယွမ်၏ဘဝဇာတ်ကြောင်းကို မြန်မြန် မိတ်ဆက်သွားသော်လည်း သူ စကားလုံး အနည်းငယ်မျှသာ ဆိုရသေးချိန် တုယွမ်က စကားဖြတ်ပြောလိုက်သည်။

“အရင်က မင်း တရုတ်ဆီးသီးပျိုးပင်တွေ ရောင်းတာကို ငါ တွေ့လိုက်ရတယ်။ ငါ တချို့ကို ဝယ်ချင်ခဲ့ပေမဲ့ မရလိုက်ဘူး။ အစောပိုင်းက ငါ့လက်ထောက်က မင်းရဲ့တောင်က မြေဆီလွှာနမူနာကိုလည်း ယူလာခဲ့ပြီးတော့ မြေဆီလွှာရဲ့ အရည်အသွေးက သိပ်ကောင်းတာကို တွေ့ခဲ့ရတယ်”

တုယွမ်၏လက်ထောက်များက တုယွမ်၏ဘဝအကြောင်းကို ပြောရုံသာပြောခဲ့သည်။ သူတို့က အဆုံးထိ မပြောခဲ့သော်လည်း ရှန်းထင်ရွှမ်းက ယင်းကို ခန့်မှန်းနိုင်လိုက်ပြီ ဖြစ်သည်။ တုယွမ်ကက သစ်သီးပျိုးပင်များကို လေ့လာဖို့ ရောက်လာခြင်းဖြစ်ပြီး ယင်းက လူများအတွက် ကောင်းမွန်သောကြောင့် သူမက ရမှတ်အချို့ ရရှိခဲ့ခြင်း ဖြစ်မည် မဟုတ်ပါလော။ ရှန်းထင်ရွှမ်းက သဘောတူလိုက်၏။

“ကောင်းပြီ”

တုယွမ်က အလွန်ပျော်ရွှင်သွားသည်။

သို့သော် သူက ရှန်းထင်ရွှမ်းပြောတာ ကြားလိုက်ရသည်။

“ဒါပေမဲ့ တရုတ်ဆီးသီးပျိုးပင်တွေက ဒီအချိန်မှာ မရှိတော့ဘူး၊ စတော်ဘယ်ရီပျိုးပင်တချို့ပဲ ရှိတော့မယ်”

တုယွမ်၏နှလုံးခုန်သံက တက်လိုက်ကျလိုက် ထပ်မံ ဖြစ်သွားသည်။

“စတော်ဘယ်ရီတွေကလည်း ကောင်းတာပါပဲ” ရှင်းယွမ်ရှန်က ဖြစ်နေသရွေ့ သူက ကြိုးစားကြည့်ချင်သည်။ မည်သို့ပင် ဆိုစေ နိုင်ငံတော်က သူ့အား စမ်းသပ်ရန် လယ်ဧကရာချီ ပေးထားပြီး ယင်းက လုံလောက်ပေသည်။

ရှန်းထင်ရွှမ်းက တုယွမ်ကို စတော်ဘယ်ရီပျိုးပင် ဆယ်ပင် ပေးလိုက်သည်။ တုယွမ်က ရင်ထဲ ထိသွား၏။ တကယ်တမ်းတွင် အင်တာနက်ပေါ်မှ ဝယ်သူသည် အများဆုံး သုံးပင်သာ ဝယ်ယူနိုင်သောကြောင့် သူက ရှက်ရှက်ဖြင့် မေးလိုက်သည်။

“ငါတို့ တောင်ပေါ်က သစ်သီးတချို့ကို ဝယ်လို့ ရနိုင်မလား”

ယခုတွင် တုယွမ်က ရှင်းယွမ်ရှန်းမှ သစ်သီးများကို မြင်တွေ့နေရပြီး တုယွမ်သည် ရှန်းထင်ရွှမ်းက ရတနာဈေးတွင် အချို့သစ်သီးများ မတင်ထားကြောင်း သိလိုက်ရသည်။ ယင်းက သူမ၏ ပုဂ္ဂိုလ်ရေးခံစားချက် ဖြစ်သည်။

“သေချာတာပေါ့ စားချင်တာ တချို့ ခူးသွားနိုင်ပါတယ်”

တုယွမ်နှင့်အတူ ပါလာသော လူသုံးဦးက သစ်သီးသွားခူးကြတော့သည်။

“စကားမစပ် အစောပိုင်း လယ်လုပ်တဲ့ ဗီဒီယိုကို ငါ ကြည့်ဖူးတယ်” တုယွမ်က နေရာတွင် မတ်တတ်ရပ်ကာ ရှန်းထင်ရွှမ်းနှင့် အပင်စိုက်ခြင်းအကြောင်း စကားစမြည် ပြောလာသည်။ မကြာမီတွင် တုယွမ်သည် သူ့တစ်ဘဝလုံး လေ့လာခဲ့မှုနှင့်ပင် စကားလုံး အနည်းငယ်သာ ရှင်းပြနိုင်ကြောင်း ရှာတွေ့သွားတော့၏။

သူ့နှလုံးသားထဲမှ အံ့ဩမှုက နက်ရှိုင်းသည်ထက် နက်ရှိုင်းလာသည်။ သူ့လက်ထောက်များ ပြန်ရောက်လာသောအခါ သူတို့က တုယွမ်သည် ရှန်းထင်ရွှမ်းအား လေးစားစွာ ကြည့်နေသည်ကို တွေ့လိုက်ရပြီး အနည်းငယ် စိတ်ဝင်စားသွားကြသည်။ သူတို့တော့ သေချာပေါက် အမှားလုပ်မိပြီ။ တုယွမ်က ဘာလို့ လူတွေကို ဒီလိုမျိုး အမူအရာ ပြနေရတာလဲ။

…

နှစ်ယောက်သားက အကြာကြီး စကားစမြည်ပြောပြီးသည့်တိုင် တုယွမ်က တစ်ယောက်ယောက်သာ သူ့ကို လာမရှာပါက ပြန်သွားချင်မည် မဟုတ်ပေ။ သူက ရှင်းယွမ်ရှန်းက စိတ်ဆန္ဒမပြည့်ဝဘဲ ထွက်လာရသည်။ တုယွမ်က သူ့လက်ထောက်များကို ရှန်းထင်ရွှမ်းအား ငွေလွှဲပေးဖို့ မေးမြန်းလိုက်သည်။ တကယ်တမ်းတွင် သူတို့သုံးယောက်က သစ်သီးများကို သူတို့ကားများအပြည့် ကောက်လာခဲ့ကြသည်။

တုယွမ် ထွက်သွားချိန်တွင် ယခင်က နွားနို့ကုမ္ပဏီမှ တာဝန်ခံသည် တောင်ပေါ်သို့ ထပ်လာရှာပြန်သည်။ ရှန်းထင်ရွှမ်းကို တွေ့ပြီးနောက် သူ့မျက်နှာက အနည်းငယ် စိတ်လှုပ်ရှားသကဲ့သို့ ဖြစ်သွားသည်။

“မိန်းကလေးရှန်း ဒါက ကျွန်တော်တို့ရဲ့ တိုးမြှင့်ထားတဲ့ နွားနို့ပါ။ အရသာခံပေးနိုင်မလား”

ထိုနို့ကို ထုတ်လုပ်ဖို့ သူက သုတေသနဌာနတစ်ခုလုံး၏ အင်အားကို စုစည်းခဲ့ရသည်။ နွားနို့ပုလင်းသည် အာဟာရနှင့် အရသာ နှစ်မျိုးလုံးတွင် ထူးကဲအခြေအနေသို့ ရောက်နေပြီဖြစ်သည်။

ရှန်းထင်ရွှမ်းက တစ်ငုံသောက်ကြည့်လိုက်ပြီးနောက် ယင်းက တကယ်ကောင်းမှန်းတွေ့ရှိသွားသည်။

တစ်ခဏမျှ ဆိုင်းပြီးနောက် တာဝန်ခံက ရှန်းထင်ရွှမ်းထံတွင် မည်သည့်မှတ်ချက်မျှ မရှိကြောင်း တွေ့ရှိသွားပြီး သူက ပြောလိုက်သည်။ “ဒီတော့.. မိန်းကလေးရှန်း.. အခု ကျွန်တော်တို့ရဲ့ ပြောဆိုခွင့်ရှိသူ လုပ်နိုင်ပြီလား”

ရှန်းထင်ရွှမ်းက မေးလိုက်သည်။ “ရှင်တို့ ဘယ်လောက် ရောင်းမှာလဲ”

“ကုန်ကျတာ များလို့ ကျွန်တော်တို့က ၂၅၀မီလီလီတာ တစ်ဘူးကို ၁၀ယွမ်နဲ့ ရောက်ဖို့ စီစဉ်ထားပါတယ်” နွားနို့ပါဝင်မှုက မြင့်မားပြီး သကြားမထည့်ထားသောကြောင့် အရသာက သေချာပေါက် ကောင်းမွန်ကာ ကုန်ကျစရိတ်ကလည်း မြင့်မား၏။

“၇ယွမ်” ရှန်းထင်ရွှမ်းက တိုက်ရိုက်ပြောလိုက်သည်။

တာဝန်ခံက ရှန်းထင်ရွှမ်းသည် ၃ယွမ်ကို တိုက်ရိုက်လျှော့ချလိမ့်မည်ဟု မထင်မှတ်ထားချေ။ အကယ်၍ ၇ယွမ်သာ ဖြစ်သွားပါက ယင်းသည် ကုန်ကျစရိတ်ထက် မနိမ့်သွားသော်လည်း ထိုဈေးနှုန်းဖြင့် သူတို့က အမြတ်များများ မရတော့ချေ။

“ဒါက..” တာဝန်ခံက တစ်ခဏအတွင်း မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ချေ။

“ကျွန်မကို ပေးဖို့ စီစဉ်ထားတဲ့ ပြောရေးဆိုခွင့်တန်ကြေးက ဘယ်လောက်လဲ” ရှန်းထင်ရွှမ်းက မေးလိုက်သည်။

ရှန်းထင်ရွှမ်း၏ လက်ရှိ ဂုဏ်သတင်းများဖြင့် ဆိုပါက တာဝန်ခံက ယခင်ကထပ် ဈေးနှုန်း ထပ်တိုးပေးထားပြီးဖြစ်သည်။ “တစ်နှစ်ကို ၅သန်းပါ”

ရှန်းထင်ရွှမ်းက တိုက်ရိုက်ပြောလိုက်၏။ “ကျွန်မ ပြောဆိုခွင့်တန်ကြေးကို မလိုချင်တော့ဘူး။ ရှင်တို့ ၇ယွမ်ထိ ဈေးချလိုက်ပါ”

တာဝန်ခံက မျက်လုံးပြူးသွား၏။ ယင်းမှာ ပြောဆိုခွင့်ရှိသူက ငွေမလိုချင်ဘဲ ကုန်ပစ္စည်းကို ဈေးချဖို့ မေးမြန်းသည့် ပထမဆုံးအခြေအနေကို သူ တွေ့ကြုံဖူးခြင်း ဖြစ်သည်။ တွေးပြီးနောက် တာဝန်ခံက ပြန်သွားပြီး သူ့ကုမ္ပဏီမှ ဒါရိုက်တာများထံ အကြောင်းကြား မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

ဒါရိုက်တာများက ထိုဆွေးနွေးချက်ကို ကြားပြီးနောက် ချက်ချင်း သဘောတူလိုက်ကြသည်။

အထက်ပါ ဈေးနှုန်းကို လျော့ပစ်ခြင်းအား အတည်ပြုပြီးနောက် ရှန်းထင်ရွှမ်းက ထိုနွားနို့၏ ပြောဆိုခွင့်ရှိသူအဖြစ် သဘောတူညီလိုက်သည်။ တစ်ဖက်လူကလည်း ဆက်စပ်အရာများကို အဆင်သင့်ပြင်ဆင်ထားပြီဖြစ်ကာ ရှန်းထင်ရွှမ်းက သဘောတူသည်နှင့် မနက်ဖြန်တွင် ရိုက်ကူးရေးကို စတင်ရန် အရိပ်အယောင်ပြခဲ့သည်။

နွားနို့အသစ်၏ နာမည်က နို့အစစ် ဖြစ်သည်။ ပိုစတာအချို့အပြင် အဓိကဝက်ဆိုက်နှင့် တီဗီရုပ်သံများတွင် ကြော်ငြာထုတ်လွှင့်ရန် ဗီဒီယိုအတိုတစ်ခုကိုလည်း ရိုက်ကူးခဲ့သည်။

ဗီဒီယိုက အလွန်ရိုးရှင်းပြီး ရှန်းထင်ရွှမ်းက ပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်ထားသည်။ သူမက နွားနို့စားပွဲတစ်ခုနှင့် အဖြူရောင် အခန်းထဲသို့ ဝင်လာ၏။ ရှန်းထင်ရွှမ်းက နွားနို့ကို ယူလိုက်ပြီး နွားနို့ထဲသို့ ပိုက်ကို ထည့်လိုက်ကာ တစ်ငုံသောက်ပြီးနောက် ချိုမြစွာ ပြုံးပြလိုက်သည်။

ရှန်းထင်ရွှမ်းက ဆယ်စက္ကန့်စာဗီဒီယိုကို ရိုက်ကူးပြီးနောက် နောက်ပိုင်းတွင် ၁၅စက္ကန့်စာ ကြော်ငြာလေးကို ထပ်ရိုက်ခဲ့ပြီး သူမက ဓာတ်ပုံတချို့ ရိုက်ခဲ့သည်။ ရှန်းထင်ရွှမ်းတွင် ခိုင်မာသော ရိုက်ကူးရေးအာရုံ ရှိပြီး ရိုက်ကူးရေးက လျင်မြန်စွာ ပြီးဆုံးသွားသည်။

…

ထိုညတွင် နွားနို့ကုမ္ပဏီက ဝေ့ပေါ်တွင် ပို့စ်တင်ခဲ့သည်။

[ကျွန်တော်တို့ ပြောဖို့ ရှိပါတယ်။ ကျွန်တော်တို့က သမိုင်းတစ်လျှောက် တောင်းဆိုမှုအများဆုံး ပြောဆိုခွင့်ရှိသူကို ရှာတွေ့ခဲ့ပါတယ် (ဗီဒီယို)]

ဗီဒီယိုအစတွင် ကုမ္ပဏီ၏တာဝန်ခံက သူက ရှန်းထင်ရွှမ်းကို သူတို့နွားနို့၏ ပြောဆိုခွင့်ရှိသူအဖြစ် လိုချင်ကြောင်း အရိပ်အမြွက်ပြဖို့ ရှားရှားဆီသို့ သွားခဲ့ပြီး ရှားရှားကို တွေ့ဆုံဖို့ရာ ကူညီပေးဖို့ တောင်းဆိုခဲ့သည်။

‘အတူတကွခရီးသွား’ ၏ ပထမဆုံး ရိုက်ကူးရေးတွင် ရှန်းထင်ရွှမ်းက ရိုးရာဘဲခေါင်းဟင်းကို စားပြီးနောက် ယင်းက စပ်သဖြင့် သူမက သူတို့ကုမ္ပဏီ၏ နွားနို့ သုံးပုလင်းကို သောက်ခဲ့သည်။ ထိုအကြောင်းအရာ အသေးလေးကြောင့် သူတို့နွားနို့အရောင်းက ပျံတက်လာခဲ့သည်။

ရှားရှားက ဟုတ်ပြီဟု ပြောသော်လည်း သူတို့က ရှန်းထင်ရွှမ်းနှင့် တွေ့ဆုံပြီးနောက် ချက်ချင်း ငြင်းပယ်ခံရမည်ဟု မထင်ထားခဲ့ချေ။ ပေးခဲ့သော အကြောင်းပြချက်က နွားနို့ပါဝင်မှု မမြင့်မား၍ ဖြစ်သည်။

အပြန်လမ်းတွင် ဝန်ထမ်းက နွားနို့ကုမ္ပဏီတာဝန်ခံကို မေးမြန်းလိုက်သည်။ “အခု မင်း ဘာလုပ်မလဲ”

တာဝန်ခံက အနည်းငယ် အသံတိုးတိုးဖြင့် “ငါ ငြင်းခံလိုက်ရဖို့ တကယ် မထင်ထားခဲ့ပေမဲ့ မိန်းကလေးရှန်းက နွားနို့ပါဝင်မှုက မကောင်းဘူးလို့ ပြောခဲ့တယ်။ ဒီတော့ ငါတို့က နွားနို့ပါဝင်မှုကို တိုးမြှင့်ခဲ့တယ်”

မကြာမီတွင် မြင်ကွင်းက ပြောင်းလဲသွားပြီး ငါးရက်အကြာ ဖြစ်သွားသည်။ တာဝန်ခံက ရှန်းထင်ရွှမ်းကို နွားနို့အသစ်ဖြင့် ထပ်မံ ရှာဖွေခဲ့၏။ လမ်းတွင် တာဝန်ခံက အလွန်ပျော်ရွှင်နေသေးသည်။

“ဒီတစ်ကြိမ်တော့ ငါတို့နွားနို့ပါဝင်မှုက မြင့်မားသွားပြီ.. မိန်းကလေးရှန်း ဘယ်လိုပြောမလဲ ကြည့်ရအောင်”

ရလဒ်အနေဖြင့် ရှန်းထင်ရွှမ်းက ငြင်းပယ်နေသေးဆဲ ဖြစ်ပြီး အကြောင်းမှာ သကြားပါဝင်မှုက သိပ်မြင့်မားလွန်းပြီး နွားနို့၏အာဟာရကို သက်ရောက်မှုရှိနေသည်။

တာဝန်ခံက အလွန်ဝမ်းနည်းသွား၏။

“ငါ မိန်းကလေးရှန်းနဲ့ ပူးပေါင်းဖို့က ဒီလောက်ခက်ခဲမယ်လို့ မမျှော်လင့်ထားမိဘူး” သို့သော် သူတို့က လက်မလျှော့ခဲ့ပေ။ အကြိမ်တိုင်း သုတေသနဌာနမှ စီမံမှုကို ပြောင်းလဲခဲ့ပြီး ဗီဒီယိုဖန်သားပြင် မြင်ကွင်းက လျင်မြန်သွားသည်။ ဝန်ထမ်းများက အလုပ်များနေကြသည့်တိုင် လက်မလျှော့သေးချေ။

ဗီဒီယိုက နက်မှောင်သွားပြီး ကြီးမားသော စာလုံးသုံးလုံးက ပေါ်လာသည်။ “သုံးကြိမ်မြောက်” ထိုအချိန်တွင် တာဝန်ခံက နွားနို့ထုတ်ကုန်အသစ်ဖြင့် ရှင်းယွမ်ရှန်သို့ ရောက်လာသည်။

ရှန်းထင်ရွှမ်းက နွားနို့ကို မြည်းကြည့်ပြီးနောက် နောက်ဆုံးတွင် လက်ခံလိုက်ကာ သူမက နွားနို့ဈေးနှုန်းကို မေးမြန်းခဲ့သည်။ ရှန်းထင်ရွှမ်းက ၁၀ယွမ်ကို ဈေးများသည်ဟု ခံစားခဲ့ရပြီး ၇ယွမ်သို့ လျှော့ချရန် တောင်းဆိုခဲ့ကာ သူမက ပြောဆိုခွင့်တန်ကြေးကို မယူချင်ကြောင်း ပြောခဲ့သည်။

နောက်တစ်ခန်းတွင် တာဝန်ခံက ကုမ္ပဏီမှ အမှုဆောင်အရာရှိများနှင့် ဆွေးနွေးခဲ့ပြီး နောက်ဆုံးတွင် နွားနို့ကို ၇ယွမ်ဖြင့် ထားရန် ဆုံးဖြတ်ခဲ့ကြသည်။

နောက်တစ်ခန်းတွင် ရှန်းထင်ရွှမ်းက နွားနို့တစ်ဘူးဖြင့် ဗီဒီယိုရိုက်ကူးနေပြီး ပြောလိုက်သည်။

“ဧပြီ၂၁မှာ နို့အစစ်ကို စပြီး ဖြန့်ဝေမှာ.. တစ်ဘူးကို ၇ယွမ်”

[အား.. အားရွှမ်းက နွားနို့ကို ထောက်ခံပေးတာလား]

[ဒါက အရည်အသွေးမြင့် ထုတ်ကုန်ရဲ့ ထုတ်လုပ်မှု ဖြစ်စဉ်လား]

[ငါ အဲဒါကို စောင့်မျှော်နေပါမယ်]

[ငါ အဲဒါ အရသာကောင်းမကောင်း မသိပေမဲ့ သေချာပေါက် ဝယ်ရမယ်]

[အားရွှမ်းက ဖန်တွေကို သိပ်ပြီး တာဝန်ယူတတ်တယ်လို့ ငါ ခံစားရတယ်]

[ဖန်မဟုတ်ပါဘူး အားရွှမ်းက ဖျော်ဖြေရေး နယ်ပယ်ကို မဝင်ချင်ဘူး မဟုတ်လား။ ဘာလို့ နွားနို့ကို ထောက်ခံပေးချင်ရတာလဲ]

…

ကုမ္ပဏီ၏လုပ်ဆောင်ချက်ဖြင့် #ရှန်းထင်ရွှမ်းxနို့အစစ် သည် ဝေ့ပေါ်ပေါ်တွင် တိုက်ရိုက် ရှာဖွေမှုနှုန်း မြင့်တက်သွားတော့သည်။

ဗီဒီယိုကို ကြည့်ပြီးနောက် လူတိုင်းက ရှန်းထင်ရွှမ်းက တာဝန်ယူတတ်သောလူအဖြစ် ခံစားမိကြတော့သည်။ တစ်ချိန်တည်းတွင် ကုမ္ပဏီသည် ရှန်းထင်ရွှမ်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ကုမ္ပဏီ၏ နည်းစနစ်ကို တိုးမြှင့်ခဲ့သည့်အတွက် အလွန်ကောင်းမွန်သည်ဟု သူတို့က ခံစားကြရလေသည်။

လူတိုင်းက နို့အစစ်အတွက် သူတို့၏မျှော်လင့်ချက်များကို ထုတ်ပြကြလေတော့၏။

ရှန်းထင်ရွှမ်းက ဝေ့ပေါ်တွင်တွင် ပို့စ်တင်ခဲ့ပြီး စတော်ဘယ်ရီပျိုးပင်များ စင်ပေါ်တွင် တင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ပျိုးပင် သုံးသိမ်းက တစ်မိနစ်မကြာမီတွင် ရောင်းကုန်သွားသည်။ ပုံမှန်အားဖြင့် စတော်ဘယ်ရီပျိုးပင်ကို အောင်မြင်အောင် စိုက်နိုင်သူ မများသည့်တိုင် လူများစွာက ယင်းတို့ကို လုယူကြဆဲ ဖြစ်သည်။

ရှင်မလား သေမလားက ဒုတိယအတွေးဖြစ်ကာ ပထမဆုံးက သူတို့က တချို့တလေကို လုလို့ရမရ ဖြစ်လေသည်။

…

စတော်ဘယ်ရီနွယ်ပင်များကို ဂရုစိုက်ရခြင်းက အားစိုက်ရပြီး တုယွမ်နှင့် ကျန်သူများ ပြန်သွားသောအခါ စတော်ဘယ်ရီနွယ်ပင်များကို ဂရုတစိုက်ဖြင့် ဖန်လုံအိမ်အတွင်း ပြောင်းရွေ့ စိုက်ပျိုး နေရာချခဲ့ကြသည်။

ရှန်းထင်းရွှမ်း၏ ရှင်းယွမ်ရှန်တွင်မူ စတော်ဘယ်ရီပင်များကို ဖန်လုံအိမ်တွင် စိုက်ပျိုးထားခြင်း မရှိကြောင်း သူတို့ မြင်တွေ့ခဲ့ရသော်လည်း တုယွမ်က ၎င်းတို့ကို ထိုနေရာတွင် ထိန်းသိမ်းထားခဲ့သည်။ အကြောင်းအရင်းမှာ မြေဆီလွှာအရည်အသွေးကြောင့် ဖြစ်၏။ တကယ်တမ်းတွင် သူတို့၏ စမ်းသပ်ခန်းမှ မြေဆီလွှာက ကောင်းမွန်သော်လည်း ရှင်းယွမ်ရှန်လောက်တော့ မကောင်းချေ။

တုယွမ်က အင်တာနက်သုံးသူများ ပျိုးပင်များ တောင်းနေကြသည်ကို ကြည့်ပြီးနောက် သူက အနည်းငယ် ရွှင်ပြသွားသည်။ သူ့စမ်းသပ်ခန်းတွင် ပျိုးပင်ဆယ်ပင် ရှိလေသည်။

တကယ်တမ်းတွင် ရှန်းထင်ရွှမ်းက ပျိုးပင်များကို ရောင်းဖို့ ဆန္ဒမရှိတာ မဟုတ်ချေ။ ရှင်းယွမ်ရှန်က ကြီးမားပြီး သီးပင်များဖြင့် ပြည့်လုနီးပါး ဖြစ်သည်။ သူမက ပျိုးပင်များ ပေးလျှင် တောင်ကို စောင့်ရှောက်ရန် အချိန်မရှိတော့ပေ။

စတော်ဘယ်ရီပျိုးပင် ရောင်းပြီးသောအခါ ရှန်းထင်ရွှမ်းက သူမ၏ စိတ်ဝိညာဉ်သွေးကြောက ၁ရာခိုင်နှုန်းသာ ပြန်ကောင်းလာသည်ကို တွေ့လိုက်ရပြီး ယခင် တရုတ်ဆီးသီးပျိုးပင် ရောင်းချခြင်းမှ စိတ်ဝိညာဉ်သွေးကြော ၅ရာခိုင်နှုန်း ပြန်ကောင်းလာသော်လည်း ယခုတွင်မူ ၁ရာခိုင်နှုန်းသာ ဖြစ်နေသည်။

“ဒါက ကျွန်မရောင်းတဲ့ ပျိုးပင်တွေ ကွာခြားလို့ ဒါကြောင့် စိတ်ဝိညာဉ်သွေးကြော ပြန်ကောင်းတာက ခြားနားနေတာလား’

စနစ်က ပြန်ဖြေသည်။

“မဟုတ်ဘူး Hostက စတော်ဘယ်ရီကို ပထမဆုံးအကြိမ် ရောင်းပြီးမှ တရုတ်ဆီးသီးကို ရောင်းခဲ့ရင်လည်း စိတ်ဝိညာဉ်သွေးကြော ပြန်ကောင်းတဲ့ပုံစံက အတူတူပါပဲ’

“နောက်တစ်ကြိမ် တခြားပျိုးပင် ရောင်းတဲ့အခါ စိတ်ဝိညာဉ်သွေးကြော ပြန်ကောင်းလာအုံးမှာလား”

“ကောင်းလာမှာပါ အဲဒါက ၁ရာခိုင်နှုန်းပါပဲ”

ကောင်းပြီလေ။ ပျိုးပင် ၁၉ခု ရောင်းပြီးရင်တော့ သူမရဲ့ စိတ်ဝိညာဉ်သွေးကြောတွေက အပြည့်အဝ ပြန်ကောင်းဖို့ ဖြစ်နိုင်တာဆိုပေမဲ့ ထိုခဏတွင် ရှန်းထင်ရွှမ်းက မေးခွန်းတစ်ခု တွေးမိသွား၏။ “စနစ် မင်း တာဝန်တွေ မထုတ်ပေးတာ ကြာနေပြီ မဟုတ်လား”

“ဒီကာလမှာ Host ရဲ့ စိတ်ဝိညာဉ်သွေးကြောက ၃၁ရာခိုင်မှုန်းအထိ ကောင်းနေပြီ ဆိုတော့ တာဝန်အချိန်ဇယားကို တွက်ကြည့်လိုက်ရင် တာဝန်၃၁ခုအတွက် အနည်းဆုံး ၃နှစ်ကြာမှာ ဆိုတော့ နောက်ထပ် တာဝန်ကိုက နောက်သုံးနှစ်မှ ထုတ်ပေးမှာပါ”

ရှန်းထင်ရွှမ်းက အံ့ဩသွားကာ စိတ်ဝိညာဉ်သွေးကြော ၅၀ရာခိုင်နှုန်း ပြန်ကောင်းပြီးနောက် တာဝန်တစ်ခု ပြီးဖို့ ၂၅ရက်သာ အချိန်ယူခဲ့ရသည်။ ထို့ကြောင့် ပြောရန်မှာ စနစ်သည် လုပ်ငန်းတာဝန်ကို အချိန်ကိုက် ပြီးမြောက်အောင် ဆောင်ရွက်ထားသောကြောင့် ဝိညာဉ်သွေးကြောများ ၃၁ရာခိုင်နှုန်း ပြန်လည်ကောင်းမွန်လာခြင်းကို ပုံသေသတ်မှတ်ထားခြင်း ဖြစ်ပေမည်။

ထို့ကြောင့် သူမက နောက်သုံးနှစ်အတွင်း မည်သည့်တာဝန်မှ လုပ်ဖို့ မလိုအပ်တော့သလော။

ဖြစ်နိုင်တာက သူမသည် ဝိညာဉ်သွေးကြောများ ပြန်ကောင်းလာစေရန် တာဝန်များကို မစောင့်ပါက ပျိုးပင်များကိုသာ ရောင်းနိုင်တော့ပေမည်။ တစ်နည်းဆိုရသော် ယင်းကလည်း ကောင်းသည့်အရာ ဖြစ်ပေသည်။

…

ရှန်းထင်ရွှမ်းသည် ‘အတူတကွခရီးသွား’၏ တတိယမြောက် ရိုက်ကူးရေးကို သန်ဘက်ခါတွင် ရိုက်ကူးမည်ဖြစ်ကြောင်း ရှားရှားထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ ခရီးသွားရမည့်နေရာကို လောလောဆယ် လျှို့ဝှက်ထားမည် ဖြစ်သည်။

သည်အပိုင်း ရိုက်ကူးရေးတွင် ကုယွင်ကြောင့် နှောင့်နှေးခဲ့ရသည်။

ပြီးခဲ့သည့် ရိုက်ကူးရေးတွင် ရိုက်ကူးနေစဉ်အတွင်း သူမ ရေးစပ်လိုက်သည့် သီချင်းအပြင် ပြန်လာပြီးနောက် ကုယွင်က စိတ်ကူးဉာဏ်များ ကွန့်မြူးလာကာ သူမက သီချင်းသုံးပုဒ်တောင် ရေးစပ်ခဲ့သည်။ ကုယွင်၏ အေးဂျင့်က မှင်တက်အံ့အားသင့်စွာဖြင့် တစ်ချိန်တည်းမှာပင် ကုယွင်ကို အနှောင့်အယှက်ဖြစ်မည် စိုးကာ လူတိုင်းကို ပိတ်ဆို့ပေးဖို့ တောင်းဆိုခဲ့သည်။

မနေ့ကအထိ ကုယွင်က ထွက်ပေါက် ရှာမတွေ့ခဲ့ပေ။ သူမက ရှိုးကို လွဲချော်သွားပြီဟု တွေးထင်ခဲ့သော်လည်း ပရိုဂရမ်အဖွဲ့က သူမကို စောင့်ဆိုင်းနေကြောင်း သူမ ကြားသိလိုက်ရသည်။

ကုယွင်၏အေးဂျင့်သည် ကုယွင်က နှစ်ရက်တာ အနားယူလိုမည်ဟု ယူဆသဖြင့် သူက ရိုက်ကူးရေးရက်ကို သန်ဘက်ခါတွင် သတ်မှတ်ပေးခဲ့သည်။

ရှားရှားက ချင်ယွဲ့ကျီကို ချိတ်ဆက်ခဲ့ပြီးနောက် တခြားအဖွဲ့ဝင်များကလည်း သန်ဘက်ခါအထိ အားလပ်သဖြင့် သူမက တခြားဧည့်သည်များအား သတင်းပေးပို့ခဲ့ရသည်။ သူ့အချိန်ဇယားကို ညှိနှိုင်းရန် လိုအပ်သော ကန်းချန်ယွင်မှလွဲ၍ ကျန်သူများက အချိန်ရလေသည်။

ရိုက်ကူးရေးမစတင်မီတစ်ရက်တွင် ရှန်းထင်ရွှမ်းက စပျစ်ပျိုးပင်ပေါက်များကို ရေလောင်းခဲ့ပြီး သူတို့ကို ရောင်းချခဲ့သေးသည်။

…

အခန်း (၆၆) (ခ)

မနက်ခင်း ၆နာရီတွင် ကင်မရာမန်းက အချိန်ဇယားအတိုင်း ရောက်လာသည်။ ရှန်းထင်ရွှမ်းက ရှင်းယွမ်ရှန်အောက်သို့ သစ်သီးများကို ဆွဲယူလာ၏။

ရင်ရင်က လောလောဆယ်တွင် ရှင်းယွမ်ရှန်၌ အလွန်ဇိမ်ကျနေသည်။ သူအချိုကြိုက်တာကို ထည့်တွေးပြီးနောက် ရှန်းထင်ရွှမ်းက ချိုမြိန်တဲ့အသီးများကို ပိုစိုက်ပျိုးခဲ့သည်။

သူ စားပြီးချိန်တိုင်း သူက စိတ်ဝိညာဉ်စွမ်းအင် လက်တစ်ဝေ့စာ ပေးချေပြီး ထိုကူညီမှုက သစ်သီးများကို ပြန်လည်ကြီးထွားစေပေသည်။

တောင်ပေါ်ရှိ အသိုက်ထဲတွင် ရင်းရင်းက ရှန်းထင်ရွှမ်းထံမှ ပန်းမျိုးစေ့တချို့ ဟိုတစ်စဒီတစ်စ ဖြန့်ကျဲထားပေးရန် အထူးတလည် တောင်းဆိုခဲ့သည်။ ယခုတွင် အသိုက်ဝန်းကျင်က အလွန်လှပနေပြီဖြစ်၏။ ထို့ကြောင့် ရှန်းထင်ရွှမ်းက သစ်သီးများ ခူးရန် အကူအညီတောင်းသည့်အခါ သူက ချက်ချင်း လက်ခံခဲ့သည်။

…

ကင်မရာမန်းက ရှင်းယွမ်ရှန်ကို မြင်သောအခါ ပျော်ရွှင်သွားသည်။

ပြီးခဲ့သည့် ရိုက်ကူးရေးတွင် သူတို့က နေ့တိုင်း ရှင်းယွမ်ရှန်မှ သစ်သီးများကို စားနိုင်ခဲ့ပြီး အများစုက ဈေးထဲတွင် မရနိုင်ချေ။ နောက်ပိုင်း ရိုက်ကူးရေး ပြီးသောအခါ သူတို့က စားဖို့နေနေသာသာ ဘယ်မှာမှ မဝယ်နိုင်ခဲ့ပေ။ ယခုတွင် ရှင်းယွမ်ရှန်က ဝယ်နိုင်တဲ့ သစ်သီးများနှင့် ပြည့်နေတယ်ဆိုတာ ဘယ်သူ မသိလို့လဲ။

နှမြောဖို့ကောင်းသည်မှာ သူက လက်ရှိတွင် ပရိုဂရမ်ကို ရိုက်ကူးရေး လုပ်နေတာပဲ ဖြစ်သည်။

ရှန်းထင်ရွှမ်းက တောင်ပေါ်က ဆင်းဖို့ အဆင်သင့် ဖြစ်နေသောကြောင့် ကင်မရာမန်းက တောင်ပေါ်သို့ မသွားနိုင်တော့ပေ။

ရှန်းထင်ရွှမ်းက ပရိုဂရမ်အဖွဲ့၏ ကားအတွင်းသို့ ရောက်လာသောအခါ ရှန်းထင်ရွှမ်းက ရိုက်ကူးရေးနေရာသို့ သွားဖို့ အသင့်ဖြစ်ပြီဖြစ်သည်။

ကင်မရာမန်းနှင့် ရှန်းထင်ရွှမ်းက ယခုတွင် အလွန်နီးကပ်နေပြီဖြစ်၏။ ရှားရှား၏ ညွှန်ကြားချက် မပါဘဲ သူက အရှေ့တန်းတွင် ထိုင်လိုက်ကာ အဓိက ခေါင်းစီးကို စတင်ရှာဖွေလိုက်သည်။

“မင်း ငါတို့ ဒီတစ်ပိုင်းကို ဘယ်မှာ ရိုက်ကူးမယ်လို့ တွေးထားလဲ”

ရှန်းထင်ရွှမ်းက “မတွေးထားဘူး”

“ဒီတော့ မင်း အဲဒီအကြောင်း ဘာတွေးထားမိသေးလဲ။ ငါတို့ ဘယ်ကို သွားနေတာလဲ”

ရှန်းထင်ရွှမ်းက ခဏမျှ တွေးလိုက်ပြီးနောက်။ “မတွေးထားဘူး”

ကင်မရာမန်းက ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် ဆက်ပြောသည်။ “မင်း စားချင်တာ တစ်ခုခု မရှိဘူးလား”

“မရှိဘူး” သူမက ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများကို သူမကိုယ်တိုင် စိုက်ပျိုးနိုင်ပြီး သူမက အရသာရှိသော စားစရာများကိုလည်း ပြုလုပ်နိုင်ကာ သူမက အမှန်ပင် ဘာမှမလိုချေ။

ကင်မရာမန်း “…” ကောင်းပြီလေ။ သူက တခြားခေါင်းစီးကို ရှာဖွေဖို့ မတတ်နိုင်တော့ဘူး။

ဤတစ်ကြိမ် ရိုက်ကူးရေးက ပြီးခဲ့သည့် ရိုက်ကူးရေးကဲ့သို့ပင် သူတို့က တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်၏။

တိုက်ရိုက်ထုတ်လွှင့်ပြီးနောက် ပရိုဂရမ်အဖွဲ့က ပြီးပြည့်စုံသောဗားရှင်းကို တည်းဖြတ်ကာ အင်တာနက်နှင့် တီဗီလိုင်းပေါ်တွင် ထုတ်လွှင့်ပေမည်။

ထို့ကြောင့် အင်တာနက်သုံးသူများက ကားထဲမှ ကင်မရာမန်း၏ ဆွံ့အ စကားမဆိုနိုင် ဖြစ်သွားသော အမူအရာကို တွေ့နိုင်ပေသည်။

[ဟဟဟ အားရွှမ်းရဲ့စွမ်းရည်က ခေါင်းစီး ပျောက်ဆုံးတာက ဘယ်လိုမျိုးလဲဆိုတာကို ပြောပြဖို့ ပြီးပြည့်စုံစွာ ဖော်ပြနေတယ်]

[ဒါပေမဲ့ အားရွှမ်းမှန်တယ်။ ပရိုဂရမ်အဖွဲ့က လျှို့ဝှက်ချက်ကို ထိန်းထးပြီးတော့ သူမက တကယ်မသိဘူးလေ]

…

ဧည့်သည်၆ဦးကလည်း လေယာဉ်စောင့်သည့်ခန်းမတွင် ဆုံတွေ့ရန် လာနေကြပြီ ဖြစ်သည်။

ရှန်းထင်ရွှမ်းက ပထမဆုံး ရောက်ရှိသူ ဖြစ်သည်။ တကယ်တမ်းတွင် ရှင်းယွမ်ရှန်က လေဆိပ်နှင့် အနီးဆုံး ဖြစ်၏။ နောက်ဆုံးတစ်ကြိမ်လိုပဲ သူမက ဂျုံမုန့်ညှပ်ကို ဝယ်ပြီးနောက် ခုံလွှတ်တစ်ခုရှာပြီး ထိုင်ချလိုက်သည်။ ထိုအချိန်တွင် ဗီအိုင်ပီဧည့်ခန်းအတွင်း မည်သူမျှ မရှိချေ။

တစ်ခဏကြာပြီးနောက် ချင်းယွဲ့ကျီကလည်း ရောက်လာသည်။ နွားနို့အပြင် သူက တချို့သော ပေါင်မုန့်မီးကင်ကိုပါ ယူလာပြီး ရှန်းထင်ရွှမ်း၏ ဆန့်ကျင်ဘက်တွင် ဝင်ထိုင်လိုက်သည်။ “မောနင်း..”

“မောနင်း” ရှန်းထင်ရွှမ်းကလည်း ပြန်တုံ့ပြန်လိုက်ကာ စတော်ဘယ်ရီပါသော ဂျုံမုန့်ညှပ်ကို တစ်ချက်ကိုက်ဖို့ ခေါင်းငုံ့လုက်သည်။ ရင်ရင်က အချိုကြိုက်တာ အံ့ဩစရာမရှိပေ။ ယင်းက အလွန်အရသာရှိ၏။

ကန်းချန်ယွင်က နောက်ထပ် ရောက်လာပြီး ချင်ယွဲ့ကျီနံဘေးတွင် ထိုင်လိုက်သည်။

“ထင်ရွှမ်း ငါ နောက်ဆုံး မင်းကို တွေ့ပြီး ငါ မင်းကို တအားလွမ်းနေခဲ့တာ” သူ စကားပြောပြီးသည်နှင့် ချင်ယွဲ့ကျီ၏ မလိုမုန်းထားအကြည့်က သူ့ထံ ရောက်လာသည်ဟု ယောင်ဝါးဝါး ခံစားလိုက်ရကာ ချက်ချင်း ပြောလိုက်သည်။ “ကျွန်တော် စီနီယာချင်ကိုလည်း သတိရပါတယ်”

ချင်ယွဲ့ကျီက သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး နွားနို့တစ်ငုံ သောက်လိုက်သည်။

[ငါ့ကောင်လေးက အားရွှမ်းကို သတိရနေတယ်လို့ ငါ မခံစားရဘူး ဒါပေမဲ့ အားရွှမ်းလုပ်ထားတဲ့ စားစရာတွေကိုပဲ ဖြစ်ရမယ်]

[ဟဟဟ အပေါ်ကရေ.. မင်းခန့်မှန်းတာ မှန်တယ်လို့ ငါထင်တယ်]

…

အင်တာနက်သုံးသူများက အမှန်ကို ခန့်မှန်းနိုင်ကြသည်။

ဒုတိယအကြိမ် ရိုက်ကူးရေးပြီးနောက် ကန်းချန်းယွင်က သစ်သီးအများအပြားနှင့်အတူ စိုးရိမ်ထိတ်လန့်စွာ ပြန်သွားခဲ့ရသည်။ မျှော်လင့်ထားသလိုပဲ သူ့အေးဂျင့်က သူ့ကို အိမ်ပြန်ရောက်ပြီး မကြာမီတွင် ကျယ်လောင်စွာ စတင်ပြောတော့၏။ “မင်းကိုယ်မင်း သရုပ်ဆောင်တစ်ယောက်ဆိုတာ သတိရသေးရဲ့လား’

“မင်း အဖွဲ့သားတွေနဲ့အတူ အများကြီး စားခဲ့တယ်။ မင်း နားလည်လား”

“ဒီနေ့ကစပြီး…” အေးဂျင့်က စကားမဆုံးမီတွင် ကန်းချန်ယွင်က သူ့ပါးစပ်ထဲသို့ စပျစ်သီးတစ်လုံး ထိုးကျွေးခဲ့သည်။ အချိုအရသာနှင့် ချိုမြသော စပျစ်သီးက သူ့လျှာမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ဖြန့်ကျက်သွားကာ သူ့ကို မှင်တက်သွားစေတော့၏။ သည်စပျစ်သီးက သိပ် အရသာရှိတာပဲ။

သူ့အေးဂျင့်၏ဒေါသ လျော့နည်းသွားတာကို မြင်ပြီးနောက် ကန်းချန်ယွင်က ပြောလိုက်သည်။

“စပျစ်သီးအပြင် ဒီငှက်ပျောသီးကလည်း အရသာရှိတယ်” စကားပြောပြီးနောက် သူက သူ့မန်နေဂျာကို ငှက်ပျောသီးတစ်လုံး ကျွေးလိုက်သည်။

မန်နေဂျာက စားပြီးနောက် ခေါင်းညိတ်လာ၏။ “ဒီငှက်ပျောသီးအရသာက တကယ်ကောင်းတာပဲ”

“လက်ညှိုးသံပရာတွေက ရှားပါးတဲ့သစ်သီးတွေပေမဲ့ အဲဒါကလည်း တကယ်အရသာရှိတာ” ကန်းချန်ယွင်က သူ့အေးဂျင့်အား သစ်သီးများကို ကျေနပ်စွာ ကျွေးလိုက်သည်။ အေးဂျင့်က လက်ညှိုးသံပရာများက တကယ်အရသာရှိကြောင်း သူ့နှလုံးသားထဲကပင် ချီးမွမ်းမိသွားသည်။ ရှိုးကို ရိုက်ကူးနေချိန်က အင်တာနက်သုံးသူများ၏ ပြင်းပြင်းထန်ထန် အပြုအမူက အံ့ဩစရာ မဟုတ်ပေ။

ရှိုးရိုက်ကူးမှုကို သတိရသွားပြီးနောက် အေးဂျင့်က ရုတ်တရက် တုံ့ပြန်လာသည်။ “ရိုက်ကူးရေးမှာ မင်းကို ဘယ်သူက အများကြီး စားခွင့်ပြုထားတာလဲ။ ပြီးတော့.. ခရုခေါက်ဆွဲတွေကိုလည်း စားခဲ့သေးတယ်”

ကန်းချန်ယွင်က သစ်သီးများကို စားပွဲပေါ်တွင် ထားပြီးနောက် “မင်း ဖြည်းဖြည်းစား.. ကျွန်တော် အရင်ဆုံး လက်ဂေ့အိတ်ကို သွားထည့်လိုက်အုံးမယ်”

ခြေလှမ်းအနည်းငယ်ဖြင့် ပြေးသွားပြီးနောက် ကန်းချန်ယွင်က နောက်ကို လှည့်ကြည့်ပြီး ထပ်ပြောလိုက်သည်။ “နှင်းသီးကလည်း လုံးဝ အရသာရှိတယ်” ပြောပြီးနောက် သူက အဝေးကို ပြေးသွားတော့သည်။

အေးဂျင့်က သစ်သီးများကို စိုက်ကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။ ကန်းချန်ယွင်က တကယ်တမ်းတွင် ငယ်ရွယ်သေးပြီး သူက ယခုထိ ကလေးများ၏ပင်ကိုစရိုက် ရှိနေသေးသော်ငြား ယနေ့ သစ်သီးများကို စားပြီးနောက် အမှန်တကယ်ပင် အရသာရှိကြောင်း တွေ့ရှိခဲ့သည်။ အကယ်၍ သူဆိုပါကလည်း ထိုသစ်သီးမျိုးကို သူလည်း စားနိုင်လျှင် သူ ထိန်းသိမ်းဖို့ မတတ်နိုင်ဘဲ ပိုစားမိပေလိမ့်မည်။

နောက်ဆုံးတွင် သစ်သီးများအတွက် အေးဂျင့်က ကန်းချန်ယွင်ကို များများမပြောတော့ဘဲ သူ့ပုံမှန်လေ့ကျင့်ခန်းကိုသာ တိုးမြှင့်လိုက်တော့သည်။

…

ကုယွင်နှင့် လျိုကျင်းကလည်း ရောက်လာသည်။ သူတို့က မနက်စာကို စားခဲ့ပြီး ပြောသည်။ “ထင်ရွှမ်း ငါ နင့်ကို လွမ်းတယ်”

ကုယွင်က သီချင်းတစ်ပုဒ် ရောင်းပြီးနောက် သူမက ရှန်းထင်ရွှမ်း၏ အသီးကို စားချင်ခဲ့သည်။ နောက်ပိုင်းတွင် သူမအေးဂျင့်အား စူပါမောလ်တွင် သွားဝယ်ခိုင်းခဲ့သော်လည်း ဝယ်ယူမှုက ကန့်သတ်ထားသည်။ အေးဂျင့်က ထိုနေရာတွင် ဝယ်ယူဖို့ စိတ်အနှောင့်အယှက် ဖြစ်ကာ ရှင်းယွမ်ရှန်သို့ တိုက်ရိုက်သွားခဲ့သည်။ ကုယွင်က ထိုသစ်သီးများကို အမှီပြုပြီး ရက်အနည်းငယ်အတွင်း သီချင်း ခုနှစ်ပုဒ် ရေးသားခဲ့သည်။

“ငါလည်း မင်းကို လွမ်းတယ်” ပိုင်ဟောက်က ပြောသည်။ သူ ရှင်းယွမ်ရှန်မှ သစ်သီးကို စားပြီးကတည်းက တခြားသစ်သီးက သူ့ပါးစပ်သို့ မရောက်နိုင်တော့ပေ။

လျိုကျင်းက ပြောသည်။

“အစ်မယွင် မင်းရဲ့သီချင်းသစ်တွေကို ဘယ်အချိန် နားထောင်နိုင်မလဲ”

“ဒီရှိုးရိုက်ကူးပြီးသွားရင် ငါက ပြန်ပြီးတော့ ထပ်ပြင်ရမှာ” သီချင်းသစ် ရောက်လာသောအခါ ကုယွင်က စိတ်လှုပ်ရှားနေခဲ့သည်။ သူမက မလုပ်နိုင်တာကြာပြီဖြစ်သည့် သီချင်းခုနှစ်ပုဒ်ကို ဆက်တိုက်ရေးခဲ့သည်။ ထိုစိတ်ကူးကွန့်မြူးသည့် ခံစားချက်က ရှိခဲ့၏။

“ငါ အဲဒါကို မျှော်လင့်နေမယ်” ကန်းချန်ယွင်က ပြောလိုက်သည်။ ကုယွင် နောက်ဆုံး သီချင်းဆိုချိန်က တီးလုံးသံ မပါသည့်တိုင် ယင်းက နားထောင်ရတာ အလွန်ကောင်းမွန်ပြီး ယင်းက ပရိုကျကျ အသံသွင်းလိုက်ပါက သေချာပေါက် ပိုကောင်းပေမည်။

နှုတ်ဆက်စကားအပြင် ရှန်းထင်ရွှမ်းက သူမ၏လက်ကျန်မုန့်များကို တိတ်ဆိတ်စွာ စားနေသည်။

ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းက စတော်ဘယ်ရီအချို့ စားပြီးသည်ကို တွေ့ပြီးနောက် သူက နှစ်ခု ထပ်မံ ယူလိုက်ပြီး ရှန်းထင်ရွှမ်း၏ ပန်းကန်ပြားထဲသို့ ထည့်ပေးလိုက်သည်။

ရှန်းထင်ရွှမ်းက သူ့ကို ကျေးဇူးတင်လိုက်ပြီး ပျော်ရွှင်စွာ ဆက်စားနေသည်။

[မြန်မြန် မြန်မြန် အစ်ကိုက အားရွှမ်းကို ကျွေးလိုက်တယ်]

[ဟဟ ငါ့အစ်ကိုကလည်း သစ်သီးတွေကို စားချင်တယ်လို့ ငါထင်တယ် ဒါကြောင့် ဒီလိုလုပ်တာ နေမှာ]

[အပေါ်က တစ်ယောက်က သိပ်စိတ်ကူးယူဆန်တာလို့ ငါထင်တယ်]

…

သူတို့က လေယာဉ်တက်ချိန်အထိ တစ်ခဏမျှ စကားပြောလိုက်ကြသည်။ လေယာဉ်ဆိုက်ပြီးနောက် သူတို့က သုံးနာရီကြာ ကားစီးဖို့ လိုသေးသည်။

ရှားရှား၏ မိတ်ဆက်စကားပြီးနောက် လူတိုင်းက ရိုက်ကူးရေးက ဘယ်နေရာမှန်း သိလိုက်ကြသည်။ ဤတစ်ကြိမ်တွင် သူတို့က တရုတ်ပြည်၏ တောင်ဘက်အကျဆုံး တောအုပ်သို့ သွားမှာဖြစ်ပြီး ယင်းက ရှင်းယွမ်ရှန်နှင့် ကွာခြားသည်။

တောအုပ်က လုံးဝ မြေပြန့်ဖြစ်၏။ တောအုပ်အလယ်တွင် ဧည့်သည်၆ယောက်က တဲငယ်များဖြင့် နေကြရမည် ဖြစ်သည်။ ထိုနေရာက မဆိုးပုံရလေပြီး လူတိုင်းက ယင်းကို စောင့်မျှော်နေကြလေသည်။

ရှားရှားက ပြောသည်။ “ဒီမှာ တိရိစ္ဆာန်တွေ အများကြီးရှိတယ်။ မင်း သူတို့ကို စောင့်ကြည့်ပါ”

ယင်းက အသစ်ဖွံ့ဖြိုးလာသောနေရာဖြစ်၍ ပတ်ဝန်းကျင်က အတော်လေး အခြေခံကျ အကြမ်းမျှသာ ဖြစ်သည်။ ပြုပြင်ထားသော်လည်း ဖွံ့ဖြိုးအောင်လုပ်ဆောင်မှုသည် သဘာဝနှင့်နီးကပ်အောင် လုပ်ဆောင်ထားခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

“ကျွန်မတို့ ဒီမှာ စုစုပေါင်း သုံးရက် နေရမှာလား” လျိုကျင်းက မေးသည်။

“ဟုတ်တယ်။ လူတိုင်းက တောထဲမှာ သုံးရက်နဲ့ နှစ်ည နေထိုင်ရလိမ့်မယ်”

ပရိုဂရမ်အဖွဲ့က ကြင်နာမှုမရှိဟု လျိုကျင်းက ခံစားမိလိုက်သည်။ “ဒါက သိပ်ရိုးရှင်းပါတယ်”

ရှားရှားက လူတိုင်းကို ဆန်းကြယ်သောအပြုံး ပြုံးပြလိုက်သည်။ လူတိုင်းက ပိုဆိုးလာတော့မလို ခံစားလိုက်ကြရသည်။

သူတို့က မကြာခင် တောထဲသို့ ရောက်သွား၏။ သူတို့ ကားထဲက ဆင်းပြီးနောက် လတ်ဆတ်သောလေကို ခံစားလိုက်ရသည်။ ထိုနေရာတွင် ပန်းများ၊ သစ်ပင်များရှိပြီး များစွာသော ရေကန်နှင့် စမ်းချောင်းများ ရှိသည်။ ရှင်းယွမ်ရှန်နှင့် မတူဘဲ ယင်းအပင်များက အရိုင်းဖြစ်သည်။ သူတို့က တောအုပ်အတွင်း လျှောက်သွားလိုက်ပြီး များစွာသော တိရိစ္ဆာန်များ၏အသံကို ကြားနိုင်ပေသည်။

သေချာသည်မှာ ရှန်းထင်ရွှမ်းအတွက်မူ တိရိစ္ဆာန်များ၏က သီချင်းဆိုနေခြင်း မဟုတ်ဘဲ စကားပြောနေကြခြင်းသာ ဖြစ်လေသည်။ “ဒေါသထွက်စရာပဲ တစ်ယောက်ယောက် ဒီကို ထပ်လာပြန်ပြီ”

“စိတ်မရှုပ်ကြနဲ့ စားစရာတွေ ရကောင်းရနိုင်တယ်”

“သွားကြစို့ အရင်ပုန်းရအောင် မဟုတ်ရင် သူတို့ ငါတို့ကို တိုက်ခိုက်နေလိမ့်မယ်”

…

ရှန်းထင်ရွှမ်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိပြီး ထိုတိရိစ္ဆာန်များက လူများရောက်လာသည်ကို မကြိုက်ပုံရလေသည်။

နောက်မှ လိုက်လာသော ပရိုဂရမ်အဖွဲ့မှ လူတိုင်းက ရေကန်အလယ်သို့ လျင်မြန်စွာ ရောက်သွားကြသည်။ ယင်းက ဆယ်မီတာကျယ်သော ရေရှုခင်းကြီးတစ်ခု ရှိသည်။ ထိုနေရာတွင် ရပ်ပြီး တောအုပ်၏ မြင်ကွင်းအားလုံးကို တွေ့နိုင်ပုံရသည်။

ကုယွင်နှင့် တခြားသူများက ထိုအိမ်အမျိုးအစားသို့ မကြာခဏ သွားလည်ဖူး၏။ သူတို့က အတော်လေး ကောင်းမွန်သည်ဟု တွေးမိကြသည်။ နှစ်ညနှင့် သုံးရက်အတွက် ဤနေရာတွင် နေရန် အလွန်အဆင်ပြေပေမည်။

“ဧည့်သည်‌တွေ စိတ်ကျေနပ်ကြရဲ့လား”

“စိတ်ကျေနပ်ပါတယ်” ပိုင်ဟောက်နှင့် တခြားသူများက တစ်ပြိုင်တည်း ပြောလိုက်သည်။

ရှားရှားက ခေါင်းညိတ်လိုက်သည်။ “မင်းတို့ စိတ်ကျေနပ်တယ် ဆိုရင် သုံးရက်နဲ့ နှစ်ည ဒီမှာပဲ ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်လိုက်ပါအုံး”

ရှားရှားပြောပြီးနောက် သူမက ကျန်အဖွဲ့သားများကို ခေါင်းညိတ်ပြပြီး ထွက်ခွာဖို့ စတင်လိုက်သည်။

အဖွဲ့သားများ ထွက်သွားပြီးသောအခါ အခန်းထဲတွင် ဧည့်သည်၆ဦးသာ ကျန်ရှိတော့သည်။

ကျန်းချန်ယွင်က “ငါ အိပ်မက်မက်နေသလို ခံစားရတယ်” ရှိုးအဖွဲ့သားများက မကောင်းဆိုးဝါး မဟုတ်တာ အတော်လေး ရှားသည်။

“အပေါ်ထပ်ကို တစ်ချက် သွားကြည့်ကြစို့” ကုယွင်က ပြောပြီး ထိုနေရာက ကြည့်ကောင်းလိမ့်မည်ဟု အာမခံလိုက်သည်။

လူ၆ဦးလုံးက အပေါ်ထပ်သို့ တက်သွားကြသည်။ ထိုနေရာတွင် သူတို့က သစ်တော၏သဘာဝရှုခင်း အများအပြားကို မြင်နိုင်ပြီး ယင်းက သဘာဝနှင့် လူသားပေါင်းစပ်ထားသော စိတ်ကူးယဉ်ပုံရိပ်ယောင်ကို ခံစားနိုင်ပုံရသည်။

နူးညံ့သော ဆိုဖာပေါ် ထိုင်လိုက်ပြီးနောက် တစ်နေ့တာ၏ ရှုခင်းကို ကြည့်ရှုရင်း သူတို့၏ မောပန်းမှုများကို မေ့ပျောက်စေနိုင်သည်။ အမျိုးအမည်မသိသော ငှက်များကလည်း တစ်ကြိမ်ပြီးတစ်ကြိမ် ပျံသန်းသွားကြပြီး အရာအားလုံးက သာယာနေသည်။

လျိုကျင်းက ဆိုဖာပေါ် ဝင်ခွေလိုက်ပြီး “တကယ်ကို ဇိမ်ရှိတာပဲ”

…

ချင်ယွဲ့ကျီက ပိုပိုရုပ်ဆိုးလာသည့် ရှန်းထင်ရွှမ်း၏ မျက်နှာကိုသာ ကြည့်နေ၏။ ကင်မရာမန်းပင် မနေနိုင်တော့ဘဲ တီးတိုးမေးလိုက်သည်။ “ဘာမှားနေတာလဲ”

ရှန်းထင်ရွှမ်းက ရုတ်တရက် ထရပ်လိုက်ပြီး အောက်သို့ အပြေးအလွှားသွားကာ အပြင်သို့ ပြေးထွက်သွားတော့၏။

ချင်ယွဲ့ကျီက ဘာလုပ်ရမှန်း မသိ ဖြစ်သွားပြီး သူလည်း ပြေးထွက်သွားတော့သည်။

ကန်းချန်ယွင်က ဤနေရာရှိ အလှအပများကို တသသ ဖြစ်နေချိန်တွင် ပုံရိပ်နှစ်ခုက ပြေးထွက်သွားသည်ကို တွေ့လိုက်ရသည်။ “ဘာဖြစ်တာလဲ”

ကျန်လူလေးယောက်ကလည်း နေရာမှာတင် အံ့အားသင့်လျက် မတ်တတ်ရပ်လိုက်မိကြသည်။

[ဘာလဲ]

[အားရွှမ်းက ဘာလို့ ထွက်ပြေးသွားတာလဲ]

[ဘာဖြစ်တာလဲ]

…

ရှားရှားက ဒါရိုက်တာအုပ်စုနှင့်အတူ ဧည့်သည်များကို စောင့်ကြည့်နေသည်။ ဧည့်သည်များက လှပသော မြင်ကွင်းများကို ကြည့်ရင်း သက်တောင့်သက်သာ ဖြစ်နေချိန်တွင် သူတို့က ပျော်ရွှင်နေမည်မှာ သေချာသည်။ သို့သော် နောင်တွင် သူတို့က ထိုနည်းတူ ခံစားရမလား သူမ မသေချာပေ။

သူမက ယင်းကို ပျော်ရွှင်နေစဉ် သူမက ရှန်းထင်ရွှမ်းက အခန်းပြင်သို့ ပြေးထွက်သွားသည်ကို တွေ့လိုက်ရသည်။ “???”

ထို့နောက် ချင်ယွဲ့ကျီက ပြေးလိုက်သွားသည်။

ကျန်ဧည့်သည်လေးယောက်က အချင်းချင်း ကြည့်လိုက်ကြပြီးနောက် သူတို့ကလည်း အိမ်ပြင်ထွက်ကာ လိုက်သွားကြသော်လည်း သူတို့က ရှန်းထင်ရွှမ်းနှင့် ချင်ယွဲ့ကျီကို မတွေ့ကြတော့ချေ။

…

စာရေးသူမှာ ပြောစရာရှိပါတယ်။

ကန်းချန်ယွင်: သောက်ငရဲလား

ရှားရှား: …

…

All Chapters