အခန်း (၇၃-၇၅)
Vol. 5 Ch. 73-75
အခန်း (၇၃) (က)
သူတို့နောက်ကျောကို ကြည့်လိုက်ရုံဖြင့် ချောမောသည့် အမျိုးသားနှင့် လှပသည့် အမျိုးသမီးတို့ဖြစ်ကြောင်း သိရှိပေလိမ့်မည်။ သူတို့နှစ်ယောက်ထဲက ဘယ်သူကမှ အမ်ask မဝတ်ထားကြပေ။ သူတို့က ရှေ့တွင် လမ်းလျှောက်နေသည်နှင့် ဘယ်သူဖြစ်ကြောင်း သိရှိသွားပေလိမ့်မည်။
ချင်ယွဲ့ကျီနှင့် ရှန်းထင်ရွှမ်းက ကားပါကင်မှ ဓာတ်လှေကားသို့ လမ်းလျှောက်လာသည့်အချိန်တွင် သူတို့ကို ပရိသတ်များက သိရှိသွားကြပြီဖြစ်သည်။
“ဝိုး ဟိုမှာ ချင်ယွဲ့ကျီနဲ့ ရှန်းထင်ရွှမ်းတို့ပဲ “
“တကယ့်လူအစစ်က ပုံထဲကထက် ပိုကြည့်ကောင်းတာပဲ”
“ကြည့်စမ်း နင့်အစ်ကို စျေးဝယ်ထွက်လာတာလား”
“မဟုတ်ဘူး၊ ငါလည်း သွားချင်တယ်”
“ရုပ်ရှင်ဧကရာဇ်ချင်နဲ့ အားရွှမ်းတို့ ရုပ်ရှင်ရုံထဲ ဝင်သွားကြပြီ၊ သွားသွား “
ပရိသတ်တစ်ယောက်ဖြစ်စေ၊ ဖြတ်သွားဖြတ်လာတစ်ယောက်ဖြစ်စေ၊ သူတို့နှစ်ယောက်ကို ဓာတ်ပုံရိုက်ယူကြကာ Weibo တွင် ပို့စ်တင်နေကြပေသည်။ ဤသတင်းကို ကြားပြီးနောက် လူများစွာက သူတို့လမ်းတွင် ရှိနေပေသည်။
ရှန်းထင်ရွှမ်းက ကျော်ကြားလာပြီးနောက် သာမန်အားဖြင့် သူမက မြို့တော်တွင် အချိန်အများကြီး သိပ်မနေခဲ့ပေ။ ထို့ကြောင့် လူတိုင်းက သူတို့၏ပုံများကို ရိုက်ယူကြသောအခါ ချင်ယွဲ့ကျီတွင် ပရိသတ်များစွာ ရှိကြောင်း သူမ ရုတ်တရက် တွေ့ရှိသွားခဲ့သည်။ သူမက လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“ဒါက ရှင့်ကို ထိခိုက်စေလား”
ပတ်ဝန်းကျင်တွင် လူများက အမြောက်အများရှိနေကြပြီဖြစ်သည်။ ထို့ကြောင့် အနည်းငယ် ဆူညံနေပြီး ရှန်းထင်ရွှမ်း၏ အသံက အနည်းငယ် တိုးပေသည်။ ထို့ကြောင့် ချင်ယွဲ့ကျီက ခေါင်းကို စောင်းကာ ပြောလိုက်သည်။ “ဟင့်အင်း”
ရှန်းထင်ရွှမ်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ချင်ယွဲ့ကျီက မေးလိုက်သည်။ “မင်းရော”
ရှန်းထင်ရွှမ်းက ဤအရာကို ကြားသောအခါ အနည်းငယ် ပဟေဠိဖြစ်သွားခဲ့သည်။ သူမက လျင်မြန်စွာ နားလည်သွားခဲ့သည်။ ချင်ယွဲ့ကျီက သူမကို ထိခိုက်မှုရှိလားမရှိလား မေးခြင်းဖြစ်သည်။ “သေချာပေါက် မရှိဘူးပေါ့” သူငယ်ချင်းတစ်ယောက်နှင့် အပြင်ထွက်ပြီး စားသောက်ခြင်းနှင့် ရုပ်ရှင်ကြည့်ခြင်းတို့က သူမကို မည်သို့ ထိခိုက်နိုင်မည်နည်း။
ချင်ယွဲ့ကျီက ခပ်ရေးရေး ပြုံးလိုက်ပြီး ယင်းအပြုံးက ပရိသတ်များကို စူးစူးဝါးဝါး အော်ဟစ်သွားစေခဲ့သည်။
“အား ငါ့အစ်ကိုက ပြုံးလိုက်တယ်”
“အိုး ဘုရားရေ၊ ငါတော့ သတိလစ်တော့မှာပဲ”
လူအုပ်ကြောင့် ရုပ်ရှင်ရုံထဲသို့ ဝင်ရန် မိနစ်နှစ်ဆယ်ခန့် လျှောက်လိုက်ရပေသည်။
ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းကို VIP အခန်းသို့ တန်းခေါ်သွားခဲ့သည်။ ဤ VIP အခန်းတွင် ခုံနှစ်လုံးသာ ရှိပေသည်။
ရှန်းထင်ရွှမ်းက အထဲရှိ ဆိုဖာပေါ်တွင် တန်းလှဲလိုက်ပြီး မုန့်များစားကာ အအေးသောက်နေလိုက်သည်။
မကြာမီ ရုပ်ရှင် စလာပြီး ရှန်းထင်ရွှမ်းက ကြီးမားသည့် ဖန်သားပြင်ကြီးကို ကြည့်နေရင်း တစ်ခါတစ်ရံ သူမပါးစပ်ထဲသို့ ပေါက်ပေါက်ဆုပ်တချို့ကို ထည့်စားနေပေသည်။
နှစ်နာရီကြာ ကြည့်ရှုပြီးနောက် ပြီးဆုံးသွားခဲ့သည်။ ဤသည်းထိတ်ရင်ဖိုရုပ်ရှင်က မဆိုးပေ။ သို့သော် တချို့ဇာတ်ကွက် အပေါက်များ ရှိပေသည်။ ရှန်းထင်ရွှမ်းက “အဖြေ” ရုပ်ရှင်ကားကို တစ်ခါမှမကြည့်ခဲ့ဖူးလျှင် ယနေ့ည ရုပ်ရှင်က ကောင်းမွန်သည်ဟု သူမက ထင်မိပေမည်။ သို့သော် ချင်ယွဲ့ကျီ၏ “အဖြေ” ရုပ်ရှင်ကားကို ကြည့်ရှုပြီးနောက် အချိန်တိုအတွင်း ထိုရုပ်ရှင်ကို ကျော်တက်ရန် တခြားရုပ်ရှင်ကားများအနေဖြင့် ခက်ခဲလိမ့်မည်ဟု ရှန်းထင်ရွှမ်းက ခံစားမိပေသည်။
နှစ်ယောက်သားက VIP အခန်းမှ ထွက်လာခဲ့ပြီး ရုပ်ရှင်ရုံထဲတွင် လူများ စုဝေးနေကြသည်ကို တွေ့ရှိသွားသည်။ လူအုပ်က ချင်ယွဲ့ကျီနှင့် ရှန်းထင်ရွှမ်းကို မြင်သောအခါ သူတို့က စိတ်လှုပ်ရှားလာကြသည်။
တစ်ယောက်က အော်ဟစ်လိုက်သည်။ “ချင်ယွဲ့ကျီ”
တခြားလူများကလည်း အော်ဟစ်လိုက်ကြသည်။
“အားရွှမ်း အားရွှမ်း “ ဤအသံများက တစ်သံပြီးတစ်သံ ထွက်လာကြကာ များစွာသော ဖြတ်သွားဖြတ်လာများကို ကြည့်ရှုမိသွားစေသည်။
ရှန်းထင်ရွှမ်းက အံ့အားသင့်နေခဲ့သည်။ လူတွေက ဘာလို့ သူမကို ခေါ်ကြတာလဲ။
ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းကို ကြည့်လိုက်သည်။ “ကိုယ်တို့ နှုတ်ဆက်ကြမလား၊ ဒါမှမဟုတ် ထွက်သွားကြမလား”
လူအုပ်က သူ့ပရိသတ်များသာ ဖြစ်လျှင် သူက ဆုံးဖြတ်ချက်တစ်ခု ချနိုင်ပေသည်။ သို့သော် ရှန်းထင်ရွှမ်း၏ ပရိသတ်များစွာ ရှိနေကြသည်။ ထို့ကြောင့် သူက ရှန်းထင်ရွှမ်း၏ အမြင်ကို မေးရပေလိမ့်မည်။
ရှန်းထင်ရွှမ်းက ခဏလောက် စဉ်းစားပြီးနောက် တီးတိုးပြောလိုက်သည်။ “ကျွန်မ ပရိသတ်တွေ ဒီမှာ ရှိတာလား”
အစောက ချင်ယွဲ့ကျီ စကားပြောလိုက်သည်နှင့် လူအုပ်က ငြိမ်ကျသွားခဲ့ခြင်းဖြစ်သည်။ ရှန်းထင်ရွှမ်း၏ စကားများကို ကြားသောအခါ တစ်ယောက်က ချက်ချင်းပင် ပြောလိုက်သည်။
“အားရွှမ်း၊ ငါက နင့်ပရိသတ်ပါ”
“ငါရောပဲ”
“ငါရော”
“ဟုတ်တယ်၊ ငါတို့အားလုံးက ထူထူတွေပဲ”
ရှန်းထင်ရွှမ်းက အနည်းငယ် ပဟေဠိဖြစ်သွားခဲ့သည်။ “ထူထူက ဘာလဲ”
ချင်ယွဲ့ကျီက ပြောလိုက်သည်။ “မင်းပရိသတ်တွေကို ထူထူလို့ခေါ်တာ၊ မင်း စိုက်ပျိုးဖို့အတွက် မြေဆီလွှာလိုတယ်လို့ သူတို့က ပြောတာ “
ရှန်းထင်ရွှမ်းက ခေါင်းညိတ်လိုက်သည်။ နာမည်က မကောင်းသော်လည်း အတော်လေး ချစ်စရာကောင်းပေသည်။ “ဒါဆို ကျွန်မတို့ သူတို့ကို သွားပြီး နှုတ်ဆက်ရအောင်လေ “
ရှန်းထင်ရွှမ်းက ရောက်လာသောအခါ ပရိသတ်များက ထိတ်ထိတ်ပျာပျာ အော်ဟစ်လိုက်ကြသည်။ ချင်ယွဲ့ကျီကလည်း ရှန်းထင်ရွှမ်း၏ ခြေလှမ်းနောက်မှ လိုက်ပါလာခဲ့ပြီး မျက်နှာချင်းဆိုင်ရှိ မွန်းများကလည်း စူးစူးဝါးဝါး အော်ဟစ်လိုက်ကြသည်။
ချင်ယွဲ့ကျီက ‘ရှူး’ ဟု လက်ဟန်ပြလိုက်ပြီး လူတိုင်းက ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။ လူအုပ်က တိတ်ဆိတ်နေခဲ့သည်။ သူတို့ထဲတွင် ဘယ်သူက မေးလိုက်သည်မသိချေ။ “ရှင်တို့ အတူရှိနေကြပြီလား”
ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းကို ကြည့်လိုက်သည်။ “မရှိသေးပါဘူး၊ ဒါပေမဲ့ ကိုယ် လိုက်ဖို့ ကြိုးစားနေတုန်းပဲ”
ဤအရာကို ချင်ယွဲ့ကျီအနေဖြင့် လူမြင်ကွင်းတွင် သူ့နှလုံးသားကို ဖော်ပြခြင်းဟု သတ်မှတ်နိုင်ပေသည်။ ရှန်းထင်ရွှမ်းက နှစ်ပေါင်းတစ်သောင်းကျော် အသက်ရှင်နေထိုင်ခဲ့သော်လည်း သူမက ဤအရာကို ကြားသောအခါ အနည်းငယ် ရှက်ရွံ့နေဆဲဖြစ်သည်။
ချင်ယွဲ့ကျီက ဤသို့ပြောလိုက်သည်နှင့် လူများက တဖန် အော်ဟစ်ကြပြန်သည်။ ဝန်ခံသူက ချင်ယွဲ့ကျီဖြစ်သည်။ ဆက်ဆံရေးတစ်ခုကို ဝန်ခံခြင်းက သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ သူက ရှန်းထင်ရွှမ်းကို လိုက်နေကြောင်းကိုလည်း ဝန်ခံခဲ့သည်။
သို့သော် ဘေးဘက်ရှိ မွန်းများက ဝမ်းနည်းမှုကို မခံစားရပေ။ ပထမက ချင်ယွဲ့ကျီသည် ရှန်းထင်ရွှမ်းကို စကားပြောပေးရန် ကူညီသောအခါ သူတို့က မပျော်မရွှင်ဖြစ်ခဲ့ကြသည်။ ချင်ယွဲ့ကျီနှင့် ရှန်းထင်ရွှမ်းက တစ်ဦးနှင့်တစ်ဦး မပတ်သက်ကြရန် သူတို့က မျှော်လင့်ခဲ့ကြသည်။ သို့သော် တစ်နှစ်ခန့် ကြာပြီးနောက် သူတို့ ခံစားချက်များက ပြောင်းလဲသွားကြသည်။
ရုတ်တရက် လူအုပ်ထဲမှ တစ်ယောက်က အော်ဟစ်လိုက်သည်။ “CP အဓွန့်ရှည်ပါစေ” လူတိုင်းက ရယ်မောလိုက်ကြသည်။
ချင်ယွဲ့ကျီ၏ ပရိသတ်များက ချင်ယွဲ့ကျီ၏ ကောင်းမွန်သည့်အချက်များကို ရှန်းထင်ရွှမ်းအား စတင် ပြောကြားလာတော့သည်။ “ယောက်မရေ ငါတို့ အစ်ကိုကို ကျေးဇူးပြုပြီး လက်ခံပေးပါ၊ အစ်ကိုက သိပ်ကောင်းပါတယ်”
“ဟုတ်တယ်၊ ငါတို့အစ်ကိုက အနုပညာလောကမှာ ဘယ်တုန်းကမှ မကောင်းသတင်း မထွက်ဖူးဘူး၊ ပြီးတော့ သူကိုယ်တိုင်လည်း သန့်ရှင်းတယ်”
ချင်ယွဲ့ကျီက ပြုံးလိုက်ပြီး မွန်းများကို ကြည့်လိုက်သည်။ သူ့ပရိသတ်များက တကယ့်ကို ကောင်းမွန်ပေသည်။
ရှန်းထင်ရွှမ်း၏ ပရိသတ်များက သူတို့ဘေးရှိ မွန်းများ ပြောသည်ကို မြင်သောအခါ သူတို့လည်း ပြောလိုက်ကြသည်။ “အားရွှမ်း ငါတို့က နင့်ကို စောစောစီးစီး ချစ်မိသွားတာမျိုး မဖြစ်စေချင်ပေမဲ့ မင်းသားချင်က တကယ့်ကို ကောင်းမွန်ပါတယ်”
“အားရွှမ်း မင်း ဘာကိုပဲဆုံးဖြတ်ဆုံးဖြတ် ငါတို့ မင်းကို ထောက်ပံ့ပေးကြမှာပါ “
“ကျေးဇူးတင်ပါတယ် “ ရှန်းထင်ရွှမ်းက ရိုးရိုးသားသား ပြောလိုက်သည်။
လူတိုင်းက ခဏလောက် စကားစမြည် ပြောနေကြပြီး တစ်ယောက်က မေးလိုက်သည်။ “အားရွှမ်း ရှင်းယွမ်ရှန်တောင်ခြေမှာ သစ်သီးတွေ ရောင်းတာ ရပ်လိုက်တော့မှာလား”
ဘေးရှိ လူက ချက်ချင်းပင် ပြောလိုက်သည်။ “ဟုတ်တယ်၊ ငါတို့ အားလုံး နင့်ရဲ့ သစ်သီးတွေကို စားချင်နေတာ၊ ဒါပေမဲ့ ငါတို့ စူပါမောမှာ ဝယ်လို့မရခဲ့ဘူး”
“ငါလည်း ရတနာဆိုင်မှာ ဘာမှမရခဲ့ဘူး”
လူအများစုက အလုပ်ကြောင့် သို့မဟုတ် စာလေ့လာရသောကြောင့် မနက်ပိုင်းတွင် စူပါမောသို့ မသွားနိုင်ကြချေ။ သို့သော် သူတို့က စားချင်ကြသောအခါ ဝယ်ရန် နည်းလမ်းမရှိကြချေ။ ရတနာဆိုင်က တစ်လတွင် တစ်ကြိမ်သာ ရနိုင်ပြီး သူတို့ သစ်သီးတချို့ လုယူနိုင်မည့် ကံကြမ္မာကလည်း အလွန်နည်းပေသည်။
ရှန်းထင်ရွှမ်း။ “ဒါဆို ကျွန်မ မနက်ဖြန် ရှင်းယွမ်ရှန်တောင်ခြေမှာ သစ်သီးတချို့ ရောင်းပေးပါ့မယ်၊ အဲဒါဆို ရှင်တို့ လိုအပ်သလောက် ဝယ်လို့ရပြီ”
လူအုပ်က တဖန် ပျော်ရွှင်သွားကြသည်။
ခဏလောက် စကားစမြည်ပြောပြီးနောက် ရှန်းထင်ရွှမ်းက ပြောလိုက်သည်။ “အရမ်းနောက်ကျနေပြီ၊ လူတိုင်းပဲ ပြန်ကြရအောင် “
“ကောင်းပါပြီ၊ အားရွှမ်း၊ တာ့တာ “
“အစ်ကို တာ့တာ “
ရှန်းထင်ရွှမ်းနှင့် ချင်ယွဲ့ကျီက လက်များကို ဝေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။ “ပြန်ကြရအောင်၊ လမ်းမှာ ဂရုစိုက်ကြပါ”
လူအုပ်က လူစုခွဲရန် တွန့်ဆုတ်နေကြသည်။ ဤပရိသတ်တစ်စုက လမ်းလျှောက်နေရင်း Weibo တွင် ပို့စ်တင်နေကြသည်။
...
မကြာမီ #ချင်ယွဲ့ကျီ ရှန်းထင်ရွှမ်း တွေ့ဆုံခြင်း# နှင့် #အားရွှမ်းက မနက်ဖြန် ရှင်းယွမ်ရှန်မှာ အသီးတွေ ရောင်းမယ်# ဟူသည့် ခေါင်းစဉ်က Weibo တွင် ရေပန်းစားလာခဲ့သည်။
[#ချင်ယွဲ့ကျီ ရှန်းထင်ရွှမ်း တွေ့ဆုံခြင်း# သူတို့နှစ်ယောက်က လိုက်ဖက်တဲ့အတွဲလို့ ပြောချင်တယ်၊ အရင်က သူတို့နှစ်ယောက်ကို အတူတူရှိရင် မလိုက်ဖက်ဘူးလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ဒီနေ့ သူတို့နှစ်ယောက်ကို မြင်လိုက်ရတော့ သူတို့နှစ်ယောက်က နတ်ဖက်တဲ့စုံတွဲလို့တောင် ထင်နေတယ်။]
[#အားရွှမ်းက မနက်ဖြန် ရှင်းယွမ်ရှန်မှာ အသီးတွေ ရောင်းမယ်# အားရွှမ်းက ပြောတယ်၊ မနက်ဖြန် ရှင်းယွမ်ရှန်တောင်ခြေမှာ သစ်သီးတစ်သုတ်ရောင်းမယ်လို့ပြောတယ်။]
[အားရွှမ်းက နက်ဖြန် တောင်ခြေမှာ သစ်သီးတွေ ရောင်းမယ်တဲ့။]
[ငါ သတင်းကောင်းကို တွေ့လိုက်တာပဲ။ မနက်ဖြန် အသီးသွားဝယ်မယ်။]
...
လူအများစုက ပထမဆုံးဟော့ဖြစ်နေသည့် ခေါင်းစဉ်ဖြင့် ဆွဲဆောင်ခံလိုက်ခြင်းသာ ဖြစ်သည်။ မကြာမီ မားကတ်တင်းအကောင့်များနှင့် အဓိကဆိုရှယ်မီဒီယာများက #ချင်ယွဲ့ကျီ ပထမဆုံးအကြိမ် ချစ်မိသွားခြင်း# #ချင်ယွဲ့ကျီ ရှန်းထင်ရွှမ်း# ဟူသည့် ခေါင်းစဉ်နှင့် တခြားအကြောင်းအရာများကို တင်ပြလာကြသည်။ ထို့ကြောင့် သူတို့အားလုံးက hot search သို့ တက်သွားကြသည်။ မည်သည့် ခေါင်းစဉ်ပင်ဖြစ်စေ လူတိုင်းက အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆွေးနွေးနေကြသည်။ အထူးသဖြင့် ဆွေးနွေးကြသည်မှာ ချင်ယွဲ့ကျီနှင့် ရှန်းထင်ရွှမ်းတို့ကြားရှိ ဆက်ဆံရေးဖြစ်သည်။
ရလဒ်က Weibo ကျသွားခြင်း ဖြစ်သည်။ ကျသွားခြင်း တစ်နာရီခန့်ကြာပေသည်။ လူတိုင်းက အတင်းတုပ်ရန် တခြားပလက်ဖောင်းများသို့ သွားရန်ရှိတော့သည်။ သို့သော် ဘယ်တုန်းကမှ မကျခဲ့သည့် ယုံကြည့်ရသည့် ပလက်ဖောင်းအများစုတောင် ကျသွားခဲ့သည်။
မီဒီယာအများစုက ယနေ့ည အိပ်ရတော့ပေ။ သူတို့က စာမူများဖြင့် အမီလိုက်ချင်ကြသည်။ မားကတ်တင်း အကောင့်များစွာကလည်း စိတ်လှုပ်ရှားနေကြသည်။ ဤအရာကု အပူကို စီးနင်းလိုက်ပါရန် အကောင်းဆုံးအချိန်ဖြစ်သည်။
အင်တာနက်အသုံးပြုသူများအားလုံးက စောင့်ကြည့်နေကြပေသည်။
Weibo ဝန်ထမ်းများနှင့် တခြားပလက်ဖောင်းများ၏ ဝန်ထမ်းက အနည်းငယ် ကြေကွဲနေကြသည်။
အိုက်မင်က သူ့ဖုန်းကို ပိတ်ထားပြီး အိပ်ရန် အိပ်ရာထဲတွင် လှဲလိုက်တော့သည်။
…
ရှန်းထင်ရွှမ်းက အိပ်မပျော်ခင် သူမက သူမ၏ အသက်ဝင်သွားသည့် စကေးတစ်ခုကို ကောင်းကောင်း အသုံးချရန် ရုတ်တရက် တွေးမိသွားခဲ့သည်။ ထို့ကြောင့် သူမက ဖူလဲ့ထျန်း၏ အိပ်မက်ထဲသို့ ဝင်လိုက်သည်။
သူမက ရှင်းယွမ်ရှန်သို့ ဖူလဲ့ထျန်းကို ခေါ်လာပြီး ရှင်းယွမ်ရှန်ကို သုဿာန်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီးနောက် အနီရောင်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးသရဲတစ်ကောင်အဖြစ် ပြောင်းလဲလိုက်သည်။ သူမက ဖူလဲ့ထျန်းကို ရှင်းယွမ်ရှန်နားသို့ ထပ်ပြီး ချဉ်းကပ်မလာစေရန် သတိပေးလိုက်သည်။
…
ဖူလဲ့ထျန်းက တစ်ညလုံး အိပ်မက်ဆိုး မက်နေခဲ့ပြီး သူက နောက်တစ်နေ့အိပ်ရာနိုးသောအခါ ရှင်းယွမ်ရှန်က ကြောက်စရာကောင်းသည့်နေရာတစ်ခုဖြစ်ကြောင်းနှင့် ရှန်းထင်ရွှမ်းက ကြောက်စရာကောင်းသည့် အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်းသာ မှတ်မိနေခဲ့သည်။
မှန်ပေသည်။ သူသာ နောက်တစ်ကြိမ် ရှင်းယွမ်ရှန်သို့ ချဉ်းကပ်ရန် တွေးမိလျှင်တောင် သူ့မှာ ဤအခွင့်အရေးမရှိတော့ပေ။ မနက်စောစောတွင် ရဲများက သူ့အိမ်အတွင်းသို့ ချိုးဖောက်ဝင်ရောက်လာခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် တရားမဝင် ရန်ပုံငွေမြှင့်တင်ခြင်းကဲ့သို့ စွဲချက်များစွာဖြင့် ဖူလဲ့ထျန်းကို ဖမ်းခေါ်သွားခဲ့သည်။
….........................................................................................
အခန်း (၇၃) (ခ)
၏ ပဉ္စမအကြိမ်မြောက် ရိုက်ကူးခြင်းက အချိန်ဇယားထွက်လာခဲ့သည်။ ဤတစ်ကြိမ်တွင် ပရိုဂရမ်အဖွဲ့က စောစောစီးစီး စီစဉ်ထားခဲ့သည်။
ဒုတိယအခေါက်ကဲ့သို့ ရှင်းယွမ်ရှန်တွင် အိမ်ငယ်တစ်ခုဆောက်ရန် လိုအပ်သလိုမျိုးမဟုတ်ပေ။ စတုတ္ထအခေါက်ကလို မြက်ခင်းပြင်ဒေသသို့ သွားရန် ဆုံးဖြတ်သလိုမျိုးလည်း မဟုတ်ပေ။
ဤအခေါက်အတွက် အစီအစဉ်က အနည်းငယ် ကျပ်နေသဖြင့် ဧည့်သည်များက လေဆိပ်နားနေခန်းတွင်တောင် မနားကြတော့ချေ။
သူတို့က ၆နာရီ ၄၀မိနစ်တွင် လေယာဉ်ပေါ်တက်ခဲ့ကြပြီး မြို့တော် B မွ မြို့တော်အမ် သို့ တစ်နာရီခွဲကြာ စီးနင်းလာခဲ့သည်။ သူတို့ဆိုက်ရောက်ပြီးနောက် ဧည့်သည်များကို မြို့တော်အမ်ရွိ ကျော်ကြားသည့် အထင်ကရနေရာနှင့် မျက်နှာချင်းဆိုင်ရှိ ဟိုတယ်၌ နေထိုင်ရန် စီစဉ်ပေးထားပေသည်။
တစ်ညတာတည်းခိုစရိတ်က ဂဏန်းလေးလုံးထက်ပိုများပေသည်။ သို့သော်လည်း ဤတစ်ခေါက် ရိုက်ကူးရေးက စပွန်ဆာဖြင့် ဖြစ်သည်။ ထို့အပြင် သူတို့ရှိုး၏ rating က ဘယ်သောအခါမှ အဆင့် ၂အောက် မကျခဲ့ပေ။ မြို့တော်အမ် သို့ ဒေသတွင်း ဖိတ်ကြားမှုများရှိကြသည်။ ထို့ကြောင့် သူတို့က သက်သောင့်သက်သာနေနိုင်ရန်အတွက် သူတို့အလိုရှိသည့်အရာကို ရွေးချယ်နိုင်ပေသည်။ သို့သော်လည်း အခန်းသုံးခန်းဖြစ်နေဆဲပင်။
အမျိုးသားဧည့်သည်များအတွက် တစ်ခန်းနှင့် အမျိုးသမီးဧည့်သည်များအတွက် တစ်ခန်းရှိပေသည်။
ရှန်းထင်ရွှမ်းအတွက် ယင်းက ကိစ္စကြီးတစ်ခုမဟုတ်ပေ။ ဤအခန်းက အတော်လေးကြီးပြီး ကြီးမားသည့်ခုတင်က လူနှစ်ယောက်အိပ်နိုင်ကာ ဆိုဖာခုတင်ပေါ်တွင် လူတစ်ယောက် အိပ်နိုင်ပေးသည်။ ရှန်းထင်ရွှန်းက ပြောလိုက်သည်။ "ဒါဆို ကျွန်မ ဆိုဖာပေါ်မှာ အိပ်လိုက်မယ်"
"ကောင်းပြီ" ကုယွမ်နှင့် လျိုကျင်းက ကန့်ကွက်စရာမရှိပေ။ သူတို့က တစ်ခုတင်တည်းတွင် အိပ်နေကြသော်လည်း ခုတင်ကြီးက တကယ့်ကို ကြီးမားပြီး လူလေးယောက်လောက် အိပ်နိုင်ပေသည်။
မနက်စောကြီး ထွက်လာခဲ့ရသောကြောင့် လူတိုင်းက မနက်စာတောင် မစားရသေးပေ။ ထို့ကြောင့် ရောက်ရှိပြီးနောက် ပရိုဂရမ်အဖွဲ့က ဧည့်သည်များကို အထုပ်မဖြေသေးရန် ပြောလိုက်ပြီး မနက်စာစားရန်အတွက် ဟိုတယ်၏ ထိပ်ဆုံးထပ်ရှိ စက်ဝိုင်းပုံသဏ္ဌာန် ပြုလုပ်ထားသည့် စားသောက်ဆိုင်သို့ သွားလိုက်ကြသည်။
လျိုကျင်း။ “ကျွန်မတို့ ငါးကြိမ်လောက် ရိုက်ကူးရေးလုပ်ဖူးတယ်နော်၊ ဒီတစ်ခါမှပဲ ပရိုဂရမ်အဖွဲ့က သဘောထားကြီးတော့တယ်”
“ဟုတ်တယ်” ပိုင်ဟောက်ကလည်း ပြောလိုက်သည်။ “နောက်ဆုံးတော့ ဒီနေ့မနက် မနက်စာ ကောင်းကောင်း စားနိုင်ခဲ့ပြီ”
ကန်းချန်းယွင်က ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။
ကုယွမ်က ပြုံးကာ ပြောလိုက်သည်။ “အများကြီး မမှာကြနဲ့ဦး၊ မဟုတ်ရင် နင်တို့ အေးဂျင့်တွေ ထပ်ရောက်လာဦးမယ်”
ကန်းချန်းယွင်က စိတ်ပျက်သွားကာ သူ့ခေါင်းကို ခါယမ်းလိုက်သည်။ သူက ရှိုးတစ်ခုကို ရိုက်ကူးသည့်အချိန်တိုင်း အလွန်ပျော်ရွှင်ခဲ့ပေသည်။ သို့သော် ရိုက်ကူးရေးပြီးသည့်နောက်တွင် သူ့အေးဂျင့်၏ ဆူပူခြင်းကို ခံရသည်မှာ စိတ်မကောင်းစရာကောင်းလှပသေည်။
စားသောက်ဆိုင်တွင် လူအမြောက်အများရှိနေကြသည်။ အထူးသဖြင့် ညဘက်၌ ဤနေရာတွင် ထိုင်ကာ သူတို့က မြို့တော်အမ် ၏ ညရှုခင်းကို ကြည့်နိုင်ပေသည်။ ၎င်းက အလွန်လှပပေသည်။ မနက်စာစားချိန်၌ အထူးသဖြင့် ယခုအချိန် မနက်ကိုးနာရီမထိုးခင် အချိန်အပိုင်းအခြားသည် လူသိပ် မရှုပ်ပေ။ ထို့ကြောင့် ဧည့်သည်များက စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စများကို စိတ်မပူရပေ။
လျိုကျင်းက စားသောက်ဆိုင် ပြတင်းပေါက်ဘေးတွင် မတ်တတ်ရပ်နေပြီး အပြင်ဘက်ကို ကြည့်လိုက်သည်။ “မနက်ပိုင်းမှာ မြို့တော်အမ်က နောက်ထပ်မြင်ကွင်းတစ်ခု ရှိတာပဲ”
ကန်းချန်းယွင်က ခေါင်းညိတ်လိုက်သည်။ “လှတယ်”
ချင်ယွဲ့ကျီနှင့် ကုယွမ်က အမြင်အများကြီး သိပ်မရှိပေ။
ရှန်းထင်ရွှမ်းက စက်ဝိုင်းပုံသဏ္ဌာန် စားသောက်ဆိုင်ကို လှည့်ပတ်ကြည့်ရှုပြီး စားသောက်ခန်းရှိ ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။ ရှုခင်းက အဆောက်အအုံများ၊ ကားများနှင့် လူများသာ ဖြစ်သည်။ သိပ်လည်းမလှသလို ထူးခြားရုံမျှသာဖြစ်သည်။
လူခြောက်ယောက်က ခဏလောက် စကားစမြည်ပြောနေခဲ့ကြပြီး စားပွဲထိုးက မနက်စာ စတင်ပြင်ဆင်ပေးလာခဲ့သည်။ အစားအသောက်များကို ပြင်ဆင်ပေးရာ မြို့တော်အမ်၏ ထူးထူးခြားခြားမနက်စာများ ပါဝင်သည့်အပြင် အနီးအနားဒေသများမှ ထူးထူးခြားခြား မနက်စာများလည်း ပါရှိပေသည်။
ပါဝင်မှုက နည်းပေသည်။ သို့သော် အမျိုးအစား စုံလင်ပေသည်။ ခဏကြာပြီးနောက် လူတိုင်းရှေ့ရှိ စားပွဲက ပန်းကန်များဖြင့် ပြည့်သွားခဲ့သည်။
ကန်းချန်းယွင်က သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ တူကို ကိုင်ကာ စတင်စားသောက်တော့သည်။
ရှန်းထင်ရွှမ်း ပထမဆုံးစားသည်က ကဏာန်းဖက်ထုပ်ဖြစ်သည်။ တကယ့် ကဏာန်းဖက်ထုပ်က အလွန်ကြီးမားပေသည်။ သို့သော် ဤနေရာတွင် ရှိသည့် ဖက်ထုပ်က အသေးစားဗားရှင်းဖြစ်သည်မှာ ထင်ရှားပေသည်။ စားသောက်ဆိုင်က သူတို့တို့ ကျွေးမွေးသော မနက်စာ အမျိုးအစားများစွာရှိကြောင်း သူတို့လည်း သိပေသည်။ သူတို့က ကြီးမားသည့် အစားအစာများကို ကျွေးမွေးလျှင် ဧည့်သည်များက ထပ်စားနိုင်တော့မည်မဟုတ်ချေ။
ဤကဏာန်းဖက်ထုပ်တွင် ပါးလွှာသည့် ဖက်ထုပ်အလွှာတစ်ခုရှိပြီး အသားအမြောက်အများ ပါဝင်ပေသည်။ ၎င်းက ဖက်ထုပ်စွပ်ပြုတ်နှင့် တူပေသည်။ အတွင်းတွင် ဖြည့်ထားသည့် အစာများကို အပြင်မှ ဝိုးတဝါးမြင်နိုင်ပုံရပေသည်။
ရှန်းထင်ရွှမ်းက အပေါ်ယံအလွှာကို ပွင့်အောင် ညင်သာစွာ ထိုးလိုက်ပြီး ဇွန်းဖြင့်အတွင်းရှိ စွပ်ပြုတ်ရည်ကို ခပ်သောက်လိုက်သည်။ ၎င်းက အတော်လေး အရသာရှိပေသည်။ နောက်တစ်ခု အတွင်းတွင် အစာသွပ်ထားသည့် အရသာဖြစ်သည်။ ပြုလုပ်ထားသည့် အသားတွင် ကဏာန်းဥများပါဝင်ပြီး လတ်ဆတ်သည့် အရသာအပြည့်ဖြစ်သည်။ ရှာလကာရည်ထဲတွင် နှစ်ပြီး စားပါက အဆီသက်သာစေပေသည်။ လက်ရှိကာက ကဏာန်းရာသီမဟုတ်သေးသော်လည်း ဤအစာသွပ်က အလွန်ကောင်းပေသည်။
ရှန်းထင်ရွှမ်းက သူမဘေးမှ နွားနို့ကို သောက်လိုက်ပြီးနောက် မနက်စာကို အပြည့်အဝ စားရန် စတင်လိုက်သည်။
ကဏာန်းဖက်ထုပ်အပြင် သူမရှေ့တွင် ဖက်ထုပ်အိုးကပ်ကြော်လည်း ရှိပေသည်။ သို့သော် တစ်ခုတည်းသာ ရှိပေသည်။ ကြော်ထားသည့် အခွံက ကြွပ်ရွနေပေ၏။ ကိုက်စားပြီးနောက် အတွင်းရှိ အစာက ပေါ်လာပေသည်။ ဤဖက်ထုပ်အိုးကပ်ကြော်တွင် လတ်ဆတ်သည့် ပုစွန်အရသာရှိပြီး အသားကို ပုစွန်တစ်ကောင်လုံးဖြင့် ရောမွှေထားပြီး ၎င်းက အလွန်အရသာရှိပေသည်။
ရှန်းထင်ရွှမ်းက ဖက်ထုပ်အိုးကပ်ကြော်ကို အားရကျေနပ်စွာ စားလိုက်သည်။ ထို့နောက် ကြက်သွန်ခေါက်ဆွဲပြုတ်ကို စားရန် စတင်လိုက်သည်။ သို့သော်လည်း ရှန်းထင်ရွှမ်းက အလုတ်ရေအနည်းငယ်လောက် စားပြီးနောက် စွပ်ပြုတ်အကုန်လုံးကို သောက်လိုက်သည်။ စွပ်ပြုတ်ကို ကြက်သားဖြင့် ပြုလုပ်ထားပေသည်။ နောက်တစ်ခုက ဘဲသားနှပ်၊ ထမင်းလုံး၊ အစရှိသဖြင့် ဖြစ်ကြပြီး သူမက အကုန်လုံး စားပြီးသည့်တိုင် တစ်ခုပြီးတစ်ခု မြည်းကြည့်လိုက်သည်။
မနက်စာကို ပရိုဂရမ်အဖွဲ့က တကယ့်ကို သေချာပြင်ဆင်ပေးထားခဲ့ပြီး ၎င်းက အရသာ ကောင်းမွန်ပေသည်။ ၎င်းက တကယ်ပဲ အရသာကောင်းမွန်တာ ဖြစ်နိုင်သလို သူတို့အားလုံး ဆာလောင်နေကြသောကြောင့် ကောင်းနေတာလည်း ဖြစ်နိုင်ပေသည်။ အဆုံးတွင် လူတိုင်းက အစောပိုင်းက သူတို့ရှေ့ရှိ အရာများကို ရှင်းလင်းလိုက်ကြသည်။
“ဗိုက်အရမ်းတင်းသွားပြီ၊ ငါ အချိန်အကြာကြီး ဗိုက်မဆာလောက်တော့ဘူး” ပိုင်ဟောက်က ပြောလိုက်သည်။
ကုယွမ်က ပြောလိုက်သည်။ “ငါ့ဘဝမှာ ဒီလိုမျိုး ဘယ်တုန်းကမှ မစားခဲ့ဖူးဘူး”
ဤစကားများ ထွက်လာသည်နှင့် မကြာမီ အင်တာနက်အသုံးပြုသူများက မှတ်ချက်များ စတင်ရေးလာကြတော့သည်။
[ဟားဟား နတ်ဘုရားမက ပိုပြီးတောင် သင့်တင့်လျောက်ပတ်လာတာပဲ။]
[ကောင်းပြီ။ အားရွှမ်းက ဖြုန်းတီးတာတွေကို မုန်းတယ်လို့ သိပြီးကတည်းက လူတိုင်းက တတ်နိုင်သမျှ ကုန်အောင်စားဖို့ ကြိုးစားနေကြတယ်လို့ ငါ ခံစားနေရတယ်။]
[ဒီမနက်စာက အရမ်းအရသာရှိကြောင့်များလား။]
မနက်စာစားပြီးနောက် တစ်မိနစ်အတွင်း တာဝန်က ရောက်လာခဲ့သည်။ ရိုက်ကူးရေးဝန်ထမ်းက တာဝန်ကတ်ကို ချင်ယွဲ့ကျီအား တန်းပေးလိုက်သည်။
ချင်ယွဲ့ကျီက တာဝန်ကတ်ကို ယူလိုက်သောအခါ ပိုင်ဟောက်က ပြောလိုက်သည်။ “ငါ ဒါကို မမြင်မိတာ အချိန်အတော်ကြာပြီပဲ “ သူတို့က ရိုက်ကူးရေး နှစ်ခုဆက်တိုက် မစ်ရှင်ကတ်ကို မတွေ့ခဲ့ရပေ။ အရိုးသားဆုံးပြောရလျှင် သူတို့က အနည်းငယ်တော့ သတိရနေဆဲဖြစ်သည်။
“ဘာမှ လွမ်းမနေနဲ့ ဒါက ကောင်းတဲ့အရာ ဟုတ်ပုံမပေါ်ဘူး” လျိုကျင်းက ပြောလိုက်သည်။
လူတိုင်းက တိတ်ဆိတ်သွားကြသည်။
ချင်ယွဲ့ကျီက မစ်ရှင်ကတ်ကို ဖွင့်ကာ ဖတ်လိုက်သည်။ “ဒီနေ့ ပထမဆုံးမစ်ရှင်။ ကျေးဇူးပြုပြီး ဧည့်သည်များ ဆယ်နာရီမထိုးခင် မြို့တော်အမ်ရဲ့ အထင်ကရနေရာကို ရောက်အောင်သွားပြီး ဒုတိယမစ်ရှစ်ကတ်ကို ရှာပါ “ အထင်ကရနေရာက အနီးအနားတွင် ရှိပေသည်။ သို့သော် လမ်းလျှောက်ရန် နာရီဝက်ခန့် ကြာပေသည်။
“ဘယ်အချိန်ရှိပြီလဲ” ကုယွမ်က မေးလိုက်သည်။
စားပွဲထိုးက ပြောလိုက်သည်။ “ကိုးနာရီခွဲပါ “
လူတိုင်းက တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြပြီး ချင်ယွဲ့ကျီက ထရပ်လိုက်သည်။ “သွားကြမယ်”
လူတိုင်းက အောက်ထပ်သို့ ပြေးဆင်းလာကြသည်။ အချိန်အကန့်အသတ်ရှိပြီး အလယ်တွင် မီးပွိုင့်ရှိသောကြောင့် လူတိုင်းက လမ်းမပေါ်သို့ အပြေးသွားရတော့သည်။
ပိုင်ဟောက်က သူ့နဖူးမှ ချွေးများကို သုတ်လိုက်သည်။ “အဲဒါက နီးသလိုပဲ၊ ဒီလောက် လျှောက်ရမယ်လို့ မမျှော်လင့်ထားဘူး”
မြို့တော်အမ်က လူစည်ကားပေသည်။ လူခြောက်ယောက်က ပြေးလွှားနေပြီး ကင်မရာသမားတစ်ယောက်ကလည်း နောက်မှ ရှိနေပေသည်။ လူတိုင်းက တစ်ချက်ကြည့်ရုံမျှပင် ရိုက်ကူးရေးတစ်ခုဖြစ်ကြောင့် သိကြပေသည်။
ဒေသခံလူများက အနီးကပ်လာကြည့်ကြပေသည်။ “ဟဲ့ အဲ့ဒါ ချင်ယွဲ့ကျီမလား”
“နောက်မှာ အားရွှမ်းပဲ”
“အားးးး ကုယွမ်ရော”
“ငါ့ကို စောင့်ဦး ငါလည်း သွားမယ် “
ခဏကြာပြီးနောက် ပရိသတ်များအပြင် ဘာမှမပတ်သက်သည့် ဖြတ်သွားဖြတ်လာများပါ ရှိလာကြသည်။ သူတို့အားလုံးက အထင်ကရအဆောက်အအုံသို့ ပြေးသွားသည့် ဧည့်သည်များနောက်မှ လိုက်လာကြသည်။
ကိုးနာရီ ငါးဆယ့်ကိုးမိနစ် အတိတွင်။ “မြန်မြန် မစ်ရှင်ကတ်ကို ရှာကြ” ပိုင်ဟောက်က သူ့နဖူးကို လက်ဖြင့် သုတ်လိုက်သည်။ သူက မောဟိုက်နေခဲ့သည်။
ကန်းချန်းယွင်က လက်ရန်းကို တန်းမှီလိုက်ပြီး ထပ်မပြေးနိုင်တော့ပေ။ သူ့အင်အားများ ကုန်ခမ်းနေပြီဖြစ်သည်။
ကုယွမ်က ခေါင်းကိုမော့လိုက်သည်။ သူမက အရင်ဆုံး ကတ်ကို မြင်သွားခဲ့သည်။ “တာဝန်က ဒီမှာ ထိုးထားတာ “
တာဝန်ကတ်ကို အထင်ကရအဆောက်အအုံ၏ ဝင်ပေါက်ရှိ ဆိုင်းဘုတ်ပေါ်တွင် ထားထားပေသည်။ ၎င်းက အနည်းဆုံး သုံးမီတာမြင့်ပေသည်။
ပိုင်ဟောက်က အနည်းငယ် စိတ်လေသွားခဲ့သည်။ “ဒီလောက်မြင့်တာ ဘယ်လိုလုပ် ယူရမှာလဲ”
ဘေးရှိ ရိုက်ကူးရေးအဖွဲ့ဝင်တစ်ယောက်က လှုံ့ဆော်လိုက်သည်။ “အချိန်ကုန်ဆုံးဖို့ လေးဆယ်စက္ကန့်ပဲ ရှိတော့တယ်၊ ဧည့်သည်တွေက ဒုတိယတာဝန်ကတ်ကို ယူဖို့ ကျဆုံးသွားရင် အပြစ်ပေးခံရလိမ့်မယ်”
ချင်ယွဲ့ကျီက လှည့်ပတ်ကြည့်ရှုလိုက်သည်။ ဝါးချောင်း သို့မဟုတ် တံမြက်စည်းတစ်ချောင်းနှင့် တူတာတောင် မရှိပေ။
ရှန်းထင်ရွှမ်းက ပြောလိုက်သည်။ “ကျွန်မ ကြိုးစားကြည့်မယ် “
သူတို့ ရှေ့တွင် ခြံစည်းရိုးရှိပေသည်။ ထပ်ပြောရလျှင် လူများစွာ ကြည့်ရှုနေကြသောကြောင့် ရှန်းထင်ရွှမ်းက ပျံလို့မရပေ။ သို့သော် သူမက တခြားနည်းလမ်းတစ်ခု အသုံးပြုနိုင်ပေသည်။
ဥပမာအနေဖြင့် အရင်ဆုံး ပြေးသွားကာ ခြံစည်းရိုးပေါ် ခုန်တက်လိုက်ပြီး ခြံစည်းရိုးကို အသုံးပြုကာ ဆိုင်းဘုတ်ပြားဆီသို့ ပျံလိုက်သည်။ ထို့နောက် ဒုတိယတာဝန်ကတ်ကို ယူလိုက်သည်။ ဤလှုပ်ရှားမှုက အလွန်ယုတ္တိတန်ကာ ရှင်းလင်းပြီး ကြည့်ရှုသူများဆီမှ စူးစူးဝါးဝါးအော်သံများ ထွက်လာစေခဲ့သည်။
“အားးးးး အားရွှမ်း အရမ်းမိုက်တာပဲ”
“အားရွှမ်း ငါ နင့်ကို လက်ထပ်ချင်တယ်”
ချင်ယွဲ့ကျီက ပြောလိုက်သည့်တစ်ယောက်ကို ရှာချင်သကဲ့သို့ လူအုပ်ကို လှည့်ကြည့်လိုက်သည်။
[ဟားဟားဟား။ ငါ့အစ်ကိုက နောက်ကို လှည့်ကြည့်နေတယ်။ ငါ ရယ်မိပြီ။]
[သူက ငါ့ရည်းစားကို ဘယ်သူလုချင်နေတာလဲလို့ တွေးနေတာဖြစ်ရမယ်။]
သို့သော် ဤအပိုင်းက သိပ်မကြာခဲ့ပေ။ ချင်ယွဲ့ကျီနှင့် လူငါးယောက်က ရှန်းထင်ရွှမ်းနောက်သို့ ရောက်လာခဲ့သည်။ ရှန်းထင်ရွှမ်းက တာဝန်ကတ်ကို ဖွင့်လိုက်သည်။ “ကျေးဇူးပြုပြီး အထင်ကရအဆောက်အအုံရဲ့ ထိပ်ဆုံးလွှာကို သွားပါ”
“ထိပ်ဆုံးအလွှာ၊ ဝင် ဝင် ဓာတ်လှေကားစီးသွားရအောင် “ ကုယွမ်က စကားပြောပြီးနောက် လူတိုင်းက အထဲသို့ ပြေးဝင်သွားကြသည်။ ကြည့်ရှုနေကြသည့် လူအုပ်က လက်မှတ်မရှိပေ။ အထင်ကရအဆောက်အအုံ၏ ယာယီထိန်းချုပ်မှုနှင့်အတူ လူအုပ်က အပြင်ပိတ်ဘက်တွင် တားဆီးခံလိုက်ရသည်။
ဓာတ်လှေကားစီးနေစဉ် ကုယွမ်က ပြောလိုက်သည်။ “ကံကောင်းလို့ပဲ၊ ပရိုဂရမ်အဖွဲ့က ငါတို့ကို ထိပ်ဆုံးထပ်ထိ လမ်းမလျှောက်ခိုင်းတာ “
ဘေးရှိ လျိုကျင်းက တစ်ချက်ကြည့်လိုက်သည်။ ဤသို့သာ ဖြစ်လျှင် သူမတင်မက ကင်မရာသမားပါ လက်လျှော့သွားပေလိမ့်မည်။
ဓာတ်လှေကား၏အမြန်နှုန်းက အလွန်မြန်ပေသည်။ ထိပ်ဆုံးထပ်သို့ ရောက်ရန် စက္ကန့် ခုနစ်ဆယ်လောက်သာ ကြာပေသည်။ လူခြောက်ယောက်က ဓာတ်လှေကားထဲမှ ထွက်ကာ ထိပ်ဆုံးထပ်သို့ ဝင်လာကြသည်။ သူတို့ပတ်ပတ်လည်ရှိ အရာအားလုံးက ကြမ်းပြင်မှ မျက်နှာကြက်ထိ ပြတင်းပေါက်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က အပြင်ဘက်ရှိ ရှုခင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။
ဤနေရာတွင် သူတို့မြင်ရသည့်အရာများက စားသောက်ဆိုင်မှ မြင်ရသည့်ရှုခင်း၊ မြို့တော်အမ်၏ အမြင့်ဆုံးအဆောက်အအုံမှ မြင်ရသည့် ရှုခင်း သို့မဟုတ် တရုတ်ပြည်တစ်ခုလုံးထက်တောင် ပိုဝေးဝေးမြင်ရရပေသည်။ ဘယ်လောက်မြင့်မှန်း တွေးကြည့်၍ရပေသည်။
ဧည့်သည်များက ရှုခင်းကို ရှုစားရန် ပျော်ရွှင်နေကြချိန် တတိယတာဝန်ကတ်က တစ်ဖန် ရောက်လာခဲ့သည်။
ကန်းချန်းယွင်က မေးလိုက်သည်။ “ပရိုဂရမ်အဖွဲ့က နောက်ဆုံးရိုက်ကူးရေးတွေတုန်းက မစ်ရှင်ကတ်တွေကို မထုတ်ခဲ့ဘူး၊ အဲ့ဒါကြောင့် ဒီနေ့ သူတို့က အကုန်လုံး စုပြီးထုတ်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ရမယ်၊ ဟုတ်တယ်မလား”
“မင်းခန့်မှန်းတာ ဖြစ်လောက်တယ်”
ချင်ယွဲ့ကျီက တာဝန်ကတ်ကို ဖွင့်လိုက်သည်။ “ကျေးဇူးပြုပြီး အဆောက်အအုံအပြင်ဘက်ကို သွားပြီး အဆောက်အအုံကို ပတ်ပြေးပါ”
လျိုကျင်းက အရင်ဆုံးမေးလိုက်သည်။ “အဆောက်အအုံအပြင်ဘက်ကို ထွက်တာက ဘာလဲ”
ပိုင်ဟောက်က တံတွေးမျိုချလိုက်သည်။ “အပြင်ကို ကြည့်လိုက်”
လူတိုင်းက ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ကြသည်။ အမှန်တကယ်တော့ သူတို့ တက်တာသည့်အချိန်တုန်းက ၎င်းကို သူတို့ မြင်ခဲ့ပေသည်။ ထိပ်ဆုံးထပ်၏ အပြင်ဘက်တွင် စက်ဝိုင်းပုံ မှန်ဖြင့် ပြုလုပ်ထားသည့် လမ်းတစ်ခု ရှိသည်။ သို့သော် မှန်လမ်းက မည်သည့် လက်ရန်းမှ မရှိချေ။ လေထုထဲသို့ ဆန့်ထုတ်ထားရုံမျှသာဖြစ်သည်။
၎င်းက အဆောက်အအုံ၏ ဒီဇိုင်းသက်သက်သာဖြစ်သည်ဟု လူတိုင်းက ထင်မိကြသည်။ သူတို့က ၎င်းပေါ်သို့ လူတက်နိုင်မည်ဟု မထင်ထားခဲ့ကြချေ။
ကုယွမ်၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ “ဟင့်အင်း မဟုတ်ဘူး”
ကင်မရာသမားက ဧည့်သည်များ၏ အကြည့်နောက်သို့လိုက်ကာ အပြင်ဘက်ကို ရိုက်ကူးလိုက်ရာ အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များက ချက်ချင်းပင် ပေါက်ကွဲထွက်လာခဲ့သည်။
[ဟားဟားဟား။ ချီးပဲ။ ဒါက ကြောက်စရာကောင်းတယ်။]
[ဝက်ဆိုက်မှာ ရှာကြည့်တာ။ မြို့တော်အမ် က အထင်ကရအဆောက်အအုံရဲ့ ၁၉၉ ထပ်မြောက်က မီတာ ၄၅၀ လောက်ရှိတယ်တဲ့။ ဒီအမြင့်က မနိမ့်ဘူးနော်။]
[ငါ ကြောက်တောင် ကြောက်လာပြီ။]
သေချာပေါက်ပင် ဝန်ထမ်းက ထွက်လာပြီး ဧည့်သည်ခြောက်ယောက်ကို လက်ဟန်ပြလိုက်သည်။
“ဧည့်သည်များ ကျေးဇူးပြုပြီး ဒီကိုသွားပါ “
လူတိုင်းက နောက်မှလိုက်သွားကြပြီး အပြင်ဘက်သို့ လျှောက်သွားကြသည်။ ဝန်ထမ်းတချို့က ဆိုင်ကယ်ဦးထုပ်လိုမျိုး ဦးထုပ်အထူကို ဆောင်းကာ အသက်ကယ်ကြိုးများကို ချည်လိုက်ကြသည်။
“ဧည့်သည်များကို သရုပ်ပြပေးပါမယ်” ဤသို့ ပြောပြီးနောက် သူက အပြင်ဘက်ရှိ မှန်သားလမ်းတစ်လျှောက် ပြေးသွားခဲ့သည်။
ကုယွမ်၏ မျက်နှာက ထိတ်လန့်တကြား ဖြူဖျော့သွားပေသည်။ “သူတို့က ငါတို့ကို ဒီလိုမျိုးလုပ်ခိုင်းတာလား”
လျိုကျင်း။ “ဟား ဟား “ သူမက သတ္တိရှိသည့်လူတစ်ယောက်ဖြစ်သည်။ သို့သော် ဤမှန်ပေါ်တွင် ရပ်ခြင်းကမူ...။ ဤမှန်သည် အလွန်ရှင်းလင်းလွန်းပေသည်။ ထပ်ပြောရလျှင် လက်ရန်းလည်း မရှိပေ။ ပြေးဖို့မပြောနှင့် သူမက လမ်းတောင် မလျှောက်ရဲပေ။
ကန်းချန်းယွင်က တိတ်တဆိတ် နောက်ပြန်ဆုတ်ကာ ပြောလိုက်သည်။ “ငါ မပါလို့မရဘူးလား”
ဝန်ထမ်းက စက်ဝိုင်းအတွင်းသို့ ပြန်ပြေးလာခဲ့သည်။ ဒီတာဝန်က ဒီလိုမျိုးပါ၊ ဘယ်ဧည့်သည်က အရင်ဆုံး ကြိုးစားကြည့်ချင်ပါသလဲ”
လူအုပ်က ခဏလောက် တိတ်ကျသွားခဲ့ပြီးနောက် ရှန်းထင်ရွှမ်းက ပြောလိုက်သည်။ “ကျွန်မ အရင်ဆုံးလုပ်မယ်” အမြင့်က တကယ်တော့ သူမအတွက် ဘာမှမဟုတ်ချေ။
ဝန်ထမ်းက ရှန်းထင်ရွှမ်းကို ဦးထုပ်ဆောင်းပေးလိုက်ပြီး အသက်ကယ်ကြိုးကို ချည်ပေးလိုက်သည်။ ဤအသက်ကယ်ကြိုးက အပေါ်၊ ဘေးနှင့်အောက် ဘက်သုံးဘက်မှ ချည်ထားခြင်း ဖြစ်သည်။ ၎င်းက လှုပ်ရှားနေသည့် ကြိုးတစ်ချောင်းဖြစ်သည်။ ထို့ကြောင့် လူတိုင်းက ပြုတ်ကျမည်ကို စိုးရိမ်စရာမလိုချေ။
တာဝန်ကတ်က တစ်ပတ်ပြေးရန် ရေးသားထားသောကြောာင့် အဓိကအချက်က “ပြေး” ဟူသည့် အချက်ဖြစ်သည်။ ထို့ကြောင့် ဝန်ထမ်းက အဆင့်ဖြစ်ပြီဟု ပြောသည်နှင့် ရှန်းထင်ရွှမ်းက ပြေးလိုက်သည်။
အတွင်းတံခါးတွင် ရပ်နေသည့် ကင်မရာသမားက ရှန်းထင်ရွှမ်း၏အရိပ်ကို မမီလိုက်ချေ။
[ငါများ မှားနေတာလား။]
[ဖာ့ခ်။ ဒါက အရမ်းအံ့ဩဖို့ကောင်းတာပဲ။]
[အားရွှမ်းက အရမ်းအင်အားကြီးတာပဲ။]
[အရမ်းမြန်တယ်၊ နောက်ကအရိပ်တွေပဲ ကျန်ခဲ့တာလား။]
ဧည့်သည်များ သတိပြန်မဝင်လာခင် ရှန်းထင်ရွှမ်းက တစ်ပတ်ပြေးပြီးသွားပြီဖြစ်သည်။ သူမက ဝန်ထမ်းရှေ့တွင် မတ်တတ်ရပ်လိုက်သည်။ ဝန်ထမ်းက အံ့အားသင့်နေခဲ့သည်။
ရှန်းထင်ရွှမ်းက မေးလိုက်သည်။ “ရှင်အဆင်ပြေလား”
ဝန်ထမ်း တုံ့ပြန်လာခဲ့သည်။ “အင်း ပြေပါတယ် ပြေပါတယ်” သူတို့က အနည်းငယ် အမြင့်ကြောက်ကြသည့်သူများသာ ဖြစ်ကြသည်။ သူတို့က ထိုကဲ့သို့ အမြန်နှုန်းဖြင့် မပြေးနိုင်ကြချေ။ မဟုတ်ဘူး အတိအကျပြောရရင် မြေပြင်ပေါ်မှာတောင် သူတို့က ထိုမျှမြန်အောင် မပြေးနိုင်ကြချေ။
ဝန်ထမ်းက ရှန်းထင်ရွှမ်းကိုယ်ပေါ်ရှိ ပစ္စည်းများကို ချွတ်ပေးလိုက်ပြီး တခြားဧည့်သည်များကို လှည့်ကြည့်လိုက်သည်။ “နောက်ထပ်ဘယ်သူ စမ်းကြည့်မလဲ”
ချင်ယွဲ့ကျီက မတ်တတ်ထရပ်လိုက်ကာ ပြောလိုက်သည်။ “ငါ လုပ်မယ်”
[ဟားဟားဟား။ ငါတို့အစ်ကိုက အားရွှမ်းရှေ့မှာ သူ့ကိုယ်သူ အရူးမလုပ်ချင်လောက်ဘူး။]
[ငါတို့အစ်ကို လုပ်နိုင်မယ်လို့ ငါယုံတယ်။]
ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းလောက်တော့ မမြန်ပေ။ သို့သော် သူက အလွယ်တကူ ပြေးနိုင်ခဲ့သည်။
ဝန်ထမ်းများက တစ်ဦးကို တစ်ဦး တချက်ကြည့်လိုက်သည်။ မှန်ပေါ်မှာ လမ်းလျှောက်တာက ဘယ်တုန်းက အဲ့လောက်လွယ်သွားတာလဲ။
ကျန်သည့် ဧည့်သည်လေးယောက်တွင် မည်သူကမှ မသွားချင်ကြချေ။ အဆုံးတွင် ပိုင်ဟောက်က ရွေးချယ်ခံလိုက်ရသည်။ သူက နှစ်လှမ်းသာ ပြေးရသည်။ အောက်ဘက်ရှိ မြင်ကွင်းကို မြင်ပြီးနောက် သူက လှုပ်ရှားဖို့တောင် အလွန်ကြောက်ရွံ့သွားခဲ့သည်။ ခဏကြာပြီးနောက် သူက မတ်တတ်ရပ်နေပြီး ဆက်ပြေးလိုက်သည်။ သို့သော် သူ့မျက်နှာ သိပ်ကောင်းမနေခဲ့ပေသည်။
ဝန်ထမ်းက ခေါင်းညိတ်လိုက်သည်။ ဤသည်က မှန်ကန်သည့် တုံ့ပြန်မှုတစ်ခုဖြစ်သည်။
နောက်တစ်ယောက်က လျိုကျင်း ဖြစ်သည်။ သူမက ပြေးတောင် မပြေးခဲ့ဘဲ တာဝန်မပြီးမြောက်ခင် အကြိမ်ပေါင်းများစွာ ရပ်ခဲ့သည်။ သူမက အထဲသို့ ပြန်ရောက်လာသောအခါ ခဏလောက် တိတ်ဆိတ်နေခဲ့သည်။
ကန်းချန်းယွင်နှင့် ကုယွမ်တို့ နှစ်ယောက်လုံးက မသွားချင်ကြချေ။ ၎င်းက တကယ့်ကို ကြောက်စရာကောင်းပေသည်။ သို့သော် နည်းလမ်းမရှိပေ။ တာဝန်က ယနေ့ ပြီးမြောက်ရပေမည်။ ထို့ကြောင့် ကုယွမ်က အရင်ဆုံးပြောလိုက်သည်။ “ငယ်တဲ့သူရှေ့မှာ ကြီးတဲ့သူ သွားတယ်၊ အဲ့ဒါကြောင့် ရှင် အရင်သွားသင့်တယ်”
ကန်းချန်းယွင်။ “အမျိုးသမီးက ဦးစားပေးလေ၊ မင်း အရင်သွားပါ” နှစ်ယောက်လုံးက အရင်မသွားချင်ကြချေ။ အဆုံးတွင် ကုယွမ်က အဆိုပြုလိုက်သည်။ “ငါတို့ ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေး ဆော့ကြမလား၊ အနိုင်ရတဲ့သူက နောက်ဆုံးလုပ်ရမယ်”
“ကောင်းပြီ” အဆုံးတွင် ကန်းချန်းယွင်က အနိုင်ရရှိသွားသောကြောင့် ကုယွမ်က အရင်ဆုံး ပြေးရတော့သည်။
…
အခန်း (၇၄) (က)
၎င်းက ပြေးနေသည်ဟု ပြောရန် မသင့်ပေ။ အမှန်တော့ ၎င်းက လမ်းလျှောက်နေသည်ဟု ခေါ်ရန် ပိုသင့်လျော်ပေသည်။
ကုယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးက မှန်ပေါ်တွင် ကပ်နေပြီး သူမက ပိုပြီးရပ်နေလေလေ ပိုပြီး ကြောက်ရွံ့လာလေလေ ဖြစ်သည်။ သူမက မျက်လုံးများကို မမှိတ်ရဲချေ။ သူမက လမ်းကို ကွေးကောက်စွာ လျှောက်မိပြီး မှန်လမ်းအပြင်ဘက်သို့ လျှောက်မိသွားမည်ကို စိုးရွံ့မိပေသည်။
ကုယွမ်က ဖြည်းဖြည်းချင်း လှုပ်ရှားနေပြီး နောက်ဆုံးတွင် အဝိုင်းပတ်တစ်ခုလုံးကို လျှောက်ပြီးသွားရန် နာရီဝက်ကျော် အချိန်ယူခဲ့ရသည်။
ကုယွမ်က ဆင်းလာပြီးနောက် သူမက ကြမ်းပြင်ပေါ်တွင် တန်းပြီး ဒူးထောက်ကျသွားခဲ့သည်။ “ကျွန်မ ဘယ်တော့မှ နောက်ထပ်မလာချင်တော့ဘူး”
[နတ်ဘုရားမယွမ်၊ သူမပုံရိပ်ကို စွန့်လွှတ်လိုက်ရတဲ့ အိုင်ဒေါတစ်ယောက်လား။]
[အဲ့ဒါ ဖြစ်သင့်ပါတယ်။ ငါ မနှစ်က မြို့တော်အမ် ရဲ့ အထင်ကရနေရာကို သွားခဲ့တယ်။ ငါ အဲ့ဒီမှာ မတ်တတ်ရပ်နေရတဲ့ အချိန်တုန်းက လမ်းလျှောက်ဖို့နေနေသာသာ ငါ တဆတ်ဆတ် တုန်နေခဲ့တာ။ အားရွှမ်းက တကယ့်စစ်သည်တစ်ပါးပဲ။ ဒါက သာမန်လူတွေရဲ့ တုံ့ပြန်မှုပဲလေ။]
[ပရိုဂရမ်အဖွဲ့က တကယ်ဆိုးတာပဲ။]
…
လူတိုင်းက ကန်းချန်းယွင်ကို ကြည့်လိုက်ကြသည်။ တခြားဧည့်သည်များက တာဝန်ကို ပြီးမြောက်သွားပြီး ဤအခေါက်က သွားရမည့်အလှည့်ဖြစ်သည်။
ကန်းချန်းယွင်က အသက်ပြင်းပြင်းရှူလိုက်သည်။ “Fighting!”
သူက အပြင်ဘက်ရှိ မှန်လမ်းသို့ လမ်းလျှောက်သွားသောအခါ ကန်းချန်းယွင်က သူ့ခြေထောက်များ တုန်ယင်နေပြီဖြစ်သည်။ မှန်များကို ကြည့်ရုံမျှဖြင့် တကယ်ပဲ ကြောက်နေမိပြီဖြစ်သည်။ သူက မျက်လုံးများကို မှိတ်လိုက်ပြီး ဝန်ထမ်းက သူ့ကို ဦးထုပ် ဝတ်ပေးပြီး အသက်ကယ်ကြိုးများ ချည်နှောင်ပေးနေပေသည်။
ဝန်ထမ်းက စနိုင်ပြီဟု ပြောသောအခါ ကန်းချန်းယွင်က အော်တောင်အော်လိုက်မိသည်။
[အကောင်ပေါက်က သေလောက်အောင် ကြောက်နေတာပဲ။]
[အဲ့ဒါက မကောင်းမှန်း ငါသိပေမဲ့ ဟားဟားဟားဟား။]
[ငါတို့ မောင်ငယ်လေးက အမြင့်ကြောက်တတ်တယ်လား။]
[သူ မဟုတ်ပါဘူး။ ဒီတိုင်း ကြောက်နေရုံပါပဲ။ ဟားဟားဟား။]
…
ခြေလှေမ်းအနည်းငယ်ခန့်လျှောက်ပြီးနောက် ကန်းချန်းယွင်က မှန်ပေါ်တွင် တန်းဒူးထောက်ချလိုက်ပြီး အော်ဟစ်လိုက်သည်။ “အမေ့ရေ”
လူတိုင်းက မရယ်ဘဲမနေနိုင်တော့ချေ။ ကုယွမ်က ပြောလိုက်သည်။ “မကြောက်နဲ့၊ နင် တစ်ပတ်လျှောက်ပြီးသွားရင် ကြောက်စရာမကောင်းတော့ဘူး “ အမှန်တော့ ဤအရာက အမှန်မဟုတ်ပေ။ သူမက အခုထိတိုင် ကြောက်နေသေးဆဲဖြစ်သည်။
ပိုင်ဟောက်က ပြောလိုက်သည်။ “ဟုတ်တယ်၊ ထင်ရွှမ်းလို လုပ်လိုက်ရုံပဲ”
ဤစကားများကို ကြားပြီးနောက် ရှန်းထင်ရွှမ်းက ပြုံးလိုက်သည်။
ကန်းချန်းယွင်က တန်းပြောလိုက်သည်။ “ထင်ရွှမ်းက မတူဘူးလေ၊ သူမက ငါ ကျော်လွန်နိုင်တဲ့အရာမဟုတ်ဘူး”
လူတိုင်းက တစ်ဖန် ရယ်မောလိုက်ကြသည်။ ကန်းချန်းယွင်က တစ်ဖန် စတင်အော်ဟစ်လာပြန်သည်။ “အားးးးးး “ နာကျင်မှုကို အချိန်ဆွဲနေခြင်းထက် မြန်မြန်ပြေးတာက ပိုကောင်းပေသည်။
“ဟုတ်တယ်၊ မင်းမျက်လုံးမှိတ်ထားလိုက်တာနဲ့ အဲ့ဒါက ပြီးသွားမှာ “
“မမှိတ်နိုင်ဘူး၊ ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ”
“မဟုတ်ဘူး၊ အဲ့ဒီမှာ အသက်ကယ်ကြိုး မရှိဘူးလား၊ မင်းကို ဆွဲထားပေးမှာပေါ့ “
သူက ဤအရာကို ကြားသောအခါ ကန်းချန်းယွင်က တဖန် အော်ဟစ်လိုက်ပြီး သူက စပြေးတော့သည်။
တစ်ပတ်ပြီးမြောက်ရန် ကန်းချန်းယွင်က တစ်နာရီခန့်ကြာမြင့်ခဲ့သည်။ သို့သော် လူတိုင်းက အလွန်စိတ်ရှည်ခဲ့ကြသည်။ အားလုံးပြီးနောက် သူက ပြေးပြီးသွားသောအခါ တခြားဧည့်သည်များက ဘေးရှိ ကော်ဖီဆိုင်လေးတွင် ထိုင်နေကြပြီး ကော်ဖီနှင့် မုန့်များ စားသောက်ကာ အလွန်ပျော်ရွှင်နေကြတော့သည်။
ကန်းချန်းယွင်က ပစ္စည်းကိရိယာများကို ချွတ်လိုက်ပြီး ကော်ဖီဆိုင်ထဲသို့ လျှောက်ဝင်လာခဲ့သည်။
သူ့မျက်နှာက ဖြူဖျော့နေပြီး သူ့ခန္ဓာကိုယ်တစ်လုံးက ချွေးများဖြင့် ရွှဲနစ်နေခဲ့သည်။ သူက ခုနတုန်းက တကယ့်ကို ကြောက်လန့်နေခဲ့ကြောင်း မြင်နိုင်ပေသည်။
ဤအခိုက်အတန့်၌ ကန်းချန်းယွင်က အခန်းထဲတွင် မတ်တတ်ရပ်ကာ ငြိမ်သက်နေခဲ့သည်။
ရှန်းထင်ရွှမ်းက လက်မထောင်ပြလိုက်သည်။ ကန်းချန်းယွင်က သူ့ကိုယ်ပိုင်အကန့်အသတ်ဖြင့် စိန်ခေါ်ရဲပေသည်။ ၎င်းက အလွန်စွမ်းအားရှိပေသည်။
ကန်းချန်းယွင်က ရှက်ရွံ့စွာဖြင့် ခေါင်းယမ်းလိုက်သည်။
“အစ်မရွှမ်းနဲ့ ယှဉ်ရင် ကျွန်တော်က နောက်မှာ အဝေးကြီးပါ”
သူ့ဘေးရှိ လျိုကျင်းက ပြောလိုက်သည်။ “လာလာ ကော်ဖီသောက်လိုက်၊ စိတ်ငြိမ်သွားအောင် “
ကန်းချန်းယွင်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
“အရမ်းကြောက်ဖို့ကောင်းတာပဲ၊ ကျွန်တော် ထပ်မစမ်းချင်တော့ဘူး “ စကားပြောပြီးနောက် သူက သူ့စိတ်ထဲရှိ ဖိအားကို လျော့ပါးစေရန် ကိတ်မုန့်တစ်ကိုက် စားလိုက်သည်။
လူတိုင်းက အချိုပွဲများ စားသောက်ပြီးနောက် နေ့ခင်း သုံးနာရီရှိပြီဖြစ်သည်။ စတုတ္ထမြောက် တာဝန်ကတ်က ရောက်လာခဲ့သည်။
လူတိုင်းက တာဝန်ကတ်ကို ဖွင့်လိုက်ကြသည်။
“ကျေးဇူးပြုပြီး ဧည့်သည်များ ဆယ်မိနစ်အတွင်း မြို့တော်အမ်ရဲ့ အထူးကောင်းမွန်တဲ့ စားကောင်းသောက်ဖွယ်များကို ဖော်ပြပါ၊ အဖြေမှန်ပါက ညနေခင်းမှာ ဤဖော်ပြထားတဲ့ ဟင်းပွဲများကို စားရပါမယ် “
“ဒါက ငါတို့ စားလို့မရအောင် လုပ်ထားတဲ့ လှည့်ကွက်တစ်ခုပဲ”
“ဒီနေ့ အရမ်းကြောက်နေခဲ့ရပြီးပြီ၊ ငါတို့က ဒီနေ့ည ဆုချီးမြှင့်မခံရသင့်ဘူးလား” ကန်းချန်းယွင်က စိတ်ပျက်လက်ပျက် ကြည့်နေပေသည်။
ဤနေရာရှိ ပရိုဂရမ်အဖွဲ့က ရက်ရက်စက်စက်ကြေညာလာပေသည်။ “အချိန် စပြီ”
ချင်ယွဲ့ကျီ။ “ဖက်ထုပ်အိုးကပ်ကြော် “
ပရိုဂရမ်အဖွဲ့။ “ဂုဏ်ယူပါတယ်၊ ညနေစာ ဟင်းပွဲတစ်ပွဲ ထည့်လိုက်ပါပြီ”
ကုယွမ်။ “ဘဲကင်ကြွပ်ကြွပ်လေး”
ချင်ယွဲ့ကျီ။ “ကြက်သားပြုတ်”
…
ကံကောင်းစွာပင် ချင်ယွဲ့ကျီနှင့် ကုယွမ်တို့ ရှိနေပေသည်။ သူက ဟင်းပွဲတစ်ပွဲကို ပြောလိုက်ပြီး သူမက ဟင်းပွဲတစ်ပွဲ ပြောပေသည်။
မြို့တော်အမ် ၏ အထူးဟင်းလျာများအားလုံးနီးပါးကို ဆယ်မိနစ်အတွင်း ပြောပြီးသွားခဲ့သည်။
“အား မိုက်တယ်”
“ကံကောင်းလို့၊ အစ်ကိုကျီနဲ့ အစ်မယွမ်ရှိနေလို့ပဲ “
ညစာစားသည့် နေရာက ဤနေရာတွင် မဟုတ်ပေ။ ပရိုဂရမ်အဖွဲ့က သူတို့ကို သူတို့ဘာသာ ထွက်သွားခိုင်းလိုက်သည်။
ဧည့်သည်ခြောက်ယောက်အတွက် အငှားကားတစ်စီး ပြင်ဆင်ထားပေသည်။ ချင်ယွဲ့ကျီက မောင်းပြီး ရှန်းထင်ရွှမ်းက သူ့ဘေးရှိ ထိုင်ခုံတွင် ထိုင်လိုက်သည်။ လျိုကျင်းနှင့် ကုယွမ်က ဒုတိယတန်းတွင် ထိုင်ပြီး ပိုင်ဟောက်နှင့် ကန်းချန်းယွင်က တတိယမြောက်အတန်းတွင် ထိုင်လိုက်သည်။
ညစာစားသည့် နေရာက မြို့တော်အမ်၏ ရှေးဟောင်းလမ်းထဲတွင် ရှိသည်။ ဤနေရာမှ တစ်နာရီခန့် မောင်းနှင်ရပေသည်။ သို့သော် ဧည့်သည်များ၏ ဖုန်းများက သိမ်းယူခံထားရသောကြောင့် လမ်းကြောင်း ပြသမှုမရှိပေ။ သူတို့က ပရိုဂရမ်အဖွဲ့ပေးသည့် မြေပုံစာရွက်ကိုသာ မှီခိုအားထားနေရပေသည်။
ရှန်းထင်ရွှမ်းက မြေပုံကို ကိုင်ထားပြီးနောက် ချင်ယွဲ့ကျီကို လမ်းညွှန်ပေးနေခဲ့သည်။ ချင်ယွဲ့ကျီကလည်း မြို့တော်အမ်နှင့် အတော်လေး ရင်းနှီးပေသည်။ ဧည့်သည်များက လမ်းတွင် အများကြီး ကြန့်ကြာမှုမရှိဘဲ စားသောက်ဆိုင်သို့ ရောက်လာခဲ့သည်။
သက်ဝင်လှုပ်ရှားနေသည့် စျေးထဲတွင် လမ်းကြားအဆုံး၌ တိတ်ဆိတ်ငြိမ်သက်သည့် စားသောက်ဆိုင်တစ်ဆိုင် ရှိပေသည်။ အထဲသို့ ဝင်သွားသောအခါ အစားအသောက်အနံ့က နေရာတိုင်းတွင်ရှိနေပုံပေါ်ပြီး အိမ်မှ လူများကို သတိရစေပေသည်။
“ဒီနေရာက လမ်းကြားထဲ အတွင်းဘက်တော်တော်လေး ရောက်တယ်၊ စားသောက်ဆိုင်က ဆိုင်းဘုတ်တောင် ချိတ်မထားဘူး”
သူတို့က လျှောက်ဝင်လာသောအခါ ၎င်းက အလွန်ရှေးကျသည့် မြို့တော်အမ်ကဲ့သို့ ခံစားရပေသည်။ စင်္ကြန်လမ်းတစ်ပတ် လျှောက်ပြီး အနောက်ဘက်အခန်းကို ဝင်လာလိုက်ရာ အလယ်တွင် ဟင်းပွဲများစွာ တည်ခင်းထားသည့် စားပွဲဝိုင်းတစ်လုံး ရှိနေပေသည်။ မှန်ပေသည်။ ၎င်းတို့က ချင်ယွဲ့ကျီနှင့် ကုယွမ်တို့ နေ့လယ်က ခန့်မှန်းထားသည့် ဟင်းပွဲအားလုံးဖြစ်သည်။
စားပွဲဝိုင်း။
ကန်းချန်းယွင်က သူ့နေရာတွင် လျင်မြန်စွာ နေရာယူလိုက်သည်။ “စားကောင်းသောက်ဖွယ်တွေ အများကြီးမြင်ရတာ အခု ငါ့ခံစားချက်တွေ ပိုကောင်းလာပြီ”
လူတိုင်းက လျင်မြန်စွာ ထိုင်လိုက်ကြသည်။
မနက်စာကို နောက်ကျမှ စားခဲ့တာအပြင် သူတို့က နေ့လယ်ခင်းတွင် မုန့်တချို့သာ စားခဲ့သည်။ လူတိုင်းက ဗိုက်ဆာနေကြပြီဖြစ်သည်။ သူတို့ ထိုင်ချလိုက်ပြီး မကြာမီ လူတိုင်းက စားပွဲပေါ်ရှိ ဟင်းလျာများကို စတင်စားသောက်ကြတော့သည်။
“ဝိုး ကြက်သားပြုတ်က အရသာရှိလိုက်တာ၊ အဲ့ဒါက အရသာရှိမှာမဟုတ်ဘူးလို့ ငါထင်ခဲ့တာ၊ ဒါပေမဲ့ သူ့ရဲ့ အငန်နဲ့ အရသာက တကယ်ကောင်းတယ်” ကန်းချန်းယွင် ပထမဆုံး စားလိုက်သည်က သူ့ရှေ့ရှိ ကြက်သားပြုတ်ဖြစ်သည်။ သူက ယနေ့ သူ့ကိုယ်သူ ကောင်းကောင်း ကျွေးမွေးချင်ပေသည်။
ရှန်းထင်ရွှမ်းက ဘဲသားကင်ကို စားလိုက်ပြီး ဘေးရှိ ချင်ယွဲ့ကျီက သူမအတွက် တချို့ ပြင်ဆင်ပေးထားပြီးဖြစ်သည်။
တိတိကျကျပြောရရလျှင် ဘဲကင်က မြို့တော် B ၏ အထူးဟင်းလျာ ဖြစ်သော်လည်း မြို့တော်အမ် ကလည်း ဤဟင်းလျာကို ဒေသခံအထူးဟင်းလျာအဖြစ် သတ်မှတ်ထားပေသည်။
ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းကို ဘဲကင်များ ယူပေးလိုက်ပြီး အချဉ်ရေထဲတွင် နှစ်ပေးလိုက်သည်။ ဘဲအရေပြားကို ကောင်းကောင်း ကင်ထားပြီး ၎င်းက အလွန်ကြွပ်ရွနေပေသည်။ ဆော့စ်အချိုနှင့် အရသာရှိသည့် ဘဲသားကို ပေါင်းစပ်လိုက်သောအခါ အရသာက အလွန်ကောင်းမွန်သွားပေသည်။
ကုယွမ်က သူတို့နှစ်ယောက်ကို တချက်ကြည့်လိုက်သည်။ ချင်ယွဲ့ကျီက သူ ရှန်းထင်ရွှမ်းကို သဘောကျကြောင်း လူတိုင်းရှေ့တွင် ဝန်ခံပြီးကတည်းက ရှန်းထင်ရွှမ်းအပေါ် သူ၏ ကြင်နာမှုကို ဖုံးကွယ်မထားတော့ပေ။
လျိုကျင်းက သူမရှေ့ရှိ ဖက်ထိုးအိုးကပ်ကြော်ကို ပျော်ရွှင်စွာ စားသောက်နေခဲ့သည်။ သူမက မနက်ခင်းတွင် ကောင်းစွာ မစားခဲ့ရချေ။ နောက်ဆုံးတွင် တဖန် စားသောက်ရသောအခါ အလွန်ပျော်ရွှင်နေခဲ့သည်။
ပိုင်ဟောက်က စားသောက်နေပြီး ဘဝ၏ လှပမှုအတွက် သက်ပြင်းချလိုက်သည်။
လူခြောက်ယောက်က နှစ်နာရီကြာ စားသောက်နေခဲ့သည်။ မှတ်ချက်များက တစ်ခဏကြာ ပေါက်ကွဲလာခဲ့သည်။
[ငါ့ကို ဗိုက်ဆာလာအောင် လုပ်နေတာပဲ။]
[ငါက မြို့တော်အမ်က ဒေသခံတစ်ယောက်ပါ။ အခု ငါ မသိတဲ့ ဟင်းလျာတွေ အများကြီး တွေ့လိုက်ရတယ်။]
[အားရွှမ်းက တကယ် အစားအသောက်နှစ်သက်သူပဲ။ သူက တစ်လုတ်ပြီးတစ်လုတ် စားနေတော့တာပဲ။]
[ငါ ဖက်ထုပ်အိုးကပ်ကြော် မှာလိုက်ပြီ။ ဧည့်သည်တွေနဲ့ ပုံစံတူတယ်။]
[ငါကတော့ အခြေအနေပေါ်မှာပဲ ပိုပြီးအာရုံစိုက်မိတယ်။ ငါ့အစ်ကိုက အခု အားရွှမ်းအပေါ် သူ့ရဲ့ အချစ်တွေကို ဖုံးကွယ်မထားတော့ဘူးလို့ ခံစားနေရတယ်။]
[အားရွှမ်း၊ ကျေးဇူးပြုပြီး ငါတို့အစ်ကိုကို တစ်ချက်လောက် ကြည့်ပါဦး။]
[အားရွှမ်း။ ဟင့်အင်း။ ငါ့မျက်လုံးထဲမှာ အစားအသောက်ကောင်းတွေပဲ ရှိတယ်။]
…
ညစာစားပြီးနောက် ဧည့်သည်များက ဟိုတယ်သို့ ပြန်လာကြသည်။ ရိုက်ကူးရေးပထမနေ့က ပြီးဆုံးသွားပြီဖြစ်သည်။
သူတို့က နောက်တစ်နေ့မနက်တွင် စောစောနိုးလာကြသည်။
မနက်စာစားပြီးနောက် စားပွဲထိုးက အဝတ်အစားခြောက်စုံနှင့် တာဝန်ကတ်ကို ပို့ပေးလာခဲ့သည်။ ကတ်က ဧည့်သည်ခြောက်ယောက်ကို စားပွဲထိုးပို့ပေးသည့် အဝတ်အစားများကို ဝတ်ဆင်ခိုင်းထားခဲ့သည်။
အမျိုးသားဧည့်သည်များက ရှေးခေတ်အမျိုးသားဝတ် ကုတ်အင်္ကျီရှည်များကို ဝတ်ဆင်ကြရပြီး အမျိုးသမီးဧည့်သည်များက ချီဖောင်ကဲ့သို့ ရှေးခေတ်ဂါဝန်အရှည်ကို ဝတ်ဆင်ကြရသည်။
“ငါတို့ ဘာလုပ်ဖို့သွားရမှာလဲ” လျိုကျင်းက ဤကဲ့သို့ အဝတ်စားမျိုးကို ဝတ်နေမကြချေ။
ကုယွမ်။ “နောက်ထပ်တာဝန်ဖြစ်ရမယ်”
သူတို့က စကားစမြည်ပြောဆိုနေသည်ကို ရပ်လိုက်ကြပြီး အရင်ဆုံး သူတို့အဝတ်အစားများကို လဲလိုက်ကြသည်။
လျိုကျင်း၏ ကိုယ်လုံးက အကွေ့အဝိုက်များ ရှိသော်လည်း သူမက အနည်းငယ် ပိန်လွန်းသောကြောင့် အဝတ်အစားများက ပွယောင်းနေပုံပေါ်ပေသည်။ ကုယွမ်က ချီဖောင်နှင့် ကွက်တိကျပေသည်။ ရှန်းထင်ရွှမ်းအတွက်မူ ကုယွမ်နှင့် လျိုကျင်းက သူမကို စောင့်မျှော်နေကြသည်။
ရှန်းထင်ရွှမ်းက အခန်းထဲမှ ထွက်လာခဲ့သည်။ သူမက မိုးပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ကိုယ်လုံးဖြစ်စေ၊ အကွေ့အဝိုက်များဖြစ်စေ အပြစ်အနာအဆာမရှိ စင်းလုံးချော ဖြစ်နေပုံပေါ်ပေသည်။ ရှန်းထင်ရွှမ်းတွင် ဝတ်စုံက အကွေ့အဝိုက်များကို အံဝင်ဂွင်ကျ ဖုံးအုပ်ထားပြီး သူမ၏ ခြေတံများက ပြီးပြည့်စုံသည့် ကောက်ကြောင်းတစ်ခုကို ပုံဖော်ထားပေသည်။
သူမက ရှန်းထင်ရွှမ်း၏ ပုံပန်းသွင်ပြင်ကို ရှေးဟောင်းမြို့တော်တွင် မြင်ဖူးခဲ့သော်လည်း လျိုကျင်းက အံ့အားသင့်နေဆဲဖြစ်သည်။
“ထင်ရွှမ်း နင် အနုပညာလောကကို မဝင်တာ စိတ်မကောင်းစရာပဲ “ များစွာသော ရုပ်ရှင်များနှင့် TV ဇာတ်လမ်းတွဲများ၏ ဒါရိုက်တာများက ရှန်းထင်ရွှမ်းကို ရှာဖွေနေကြသော်လည်း သူမက ငြင်းဆိုခဲ့ကြောင်း သူမ ကြားခဲ့ရပေသည်။
ကုယွမ်ကလည်း ခေါင်းညိတ်လိုက်သည်။ “နှမြောစရာပဲ” အနုပညာလောကထဲတွင် မည်သူကမှ ထိုကဲ့သို့ ပြီးပြည့်စုံသည့် ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်မျိုး မရှိကြချေ။
ရှန်းထင်ရွှမ်း။ “ငါ့မှာ လုပ်ဖို့ အစီအစဉ်မရှိဘူး” သူမက ရှားရှားနှင့် ချုပ်ဆိုထားသည့် စာချုပ်ကြောင့်သာ မဟုတ်လျှင် ဝိညာဉ်သွေးကြောများ အပြည့်အဝ ပြန်လည်ဖြည့်တင်းပြီးနောက် သူမက ဤရှိုးကို ဆက်လက်ရိုက်ကူးရန်တောင် အစီအစဉ်မရှိချေ။
…
အမျိုးသားဧည့်သည်များကလည်း သူတို့အဝတ်အစားများကို လဲပြီးကြပြီဖြစ်ပြီး အောက်ထပ်တွင် စောင့်နေကြသည်။ အမျိုးသမီးဧည့်သည်များ ဆင်းလာသောအခါ လူတိုင်း၏ မျက်လုံးများက တန်းတန်းမတ်မတ် ရောက်သွားကြသည်။
အံ့အားသင့်သွားသည့် ခပ်မှိန်မှိန် အလင်းတစ်ခုက ချင်ယွဲ့ကျီ၏ မျက်လုံးထဲတွင် ဖျတ်ခနဲလက်သွားခဲ့ပြီးနောက် သူ၏ အပေါ်အင်္ကျီကို ချွတ်ကာ ရှန်းထင်ရွှမ်းကို ဝတ်ပေးလိုက်သည်။ ၎င်းက ရှန်းထင်ရွှမ်းကို ကြည့်နေကြသည့် တခြားအမျိုးသားဧည့်သည်များ၏ အကြည့်များမှ ခွဲခြားရန် ဖြစ်သည်။
ရှန်းထင်ရွှမ်းက တီးတိုးပြောလိုက်သည်။ “ကျွန်မ မအေးဘူး”
ချင်ယွဲ့ကျီက တီးတိုးပြောလိုက်သည်။ “အဆင်ပြေတယ်”
ရှန်းထင်ရွှမ်းက သူ့အင်္ကျီကို ဝတ်ဆင်ထားသည်။
ချင်ယွဲ့ကျီ၏ စကားများကို ကြားလိုက်သော အင်တာနက်အသုံးပြုသူများက ရုတ်တရက် ပေါက်ကွဲလာကြသည်။
[အစ်ကိုရေ။ ခင်ဗျားက အရမ်းတွန့်တိုတာပဲ။ လူတိုင်းက လှပတဲ့အမျိုးသမီးတွေကို ကြည့်ရတာ ကြိုက်တယ်လေ။]
[အားရွှမ်းက အရမ်းချစ်ဖို့ကောင်းတာပဲ။ သူမက သူ မအေးဘူးလို့တောင် ပြောလိုက်သေးတယ်။]
[ငါ့မှာ အားရွှမ်းလို ကိုယ်လုံးမျိုးသာရှိရင် နေ့တိုင်း ခပ်ကြပ်ကြပ်တွေ ဝတ်ပစ်မှာ သေချာတယ်။]
[အမျိုးသမီးတစ်ယောက်အနေနဲ့ ငါ တကယ်ပဲ အားရွှမ်းရဲ့ ကိုယ်လုံးကို မနာလိုဖြစ်မိတယ်။]
[နတ်သမီးကိုယ်လုံးနဲ့ ဘယ်လိုမျက်နှာရှိလဲ သိချင်ရင် အားရွှမ်းကို ကြည့်ကြပါ။]
ရှားရှားကလည်း အံ့အားသင့်သွားခဲ့သည်။ လူတိုင်းက ဖန်သားပြင်ပေါ်တွင် အနည်းငယ် မြှောက်ပင့်နေကြပုံပေါ်သော်လည်း တကယ့်အစစ်အမှန်ဘဝတွင်ဖြစ်စေ၊ ကင်မရာကို ဖြတ်၍ ဖြစ်စေ၊ ရှန်းထင်ရွှမ်းက ဘာပြစ်အနာဆာမှ မရှိဘဲ ၃၆၅ဒီဂရီ အလွန်ပြီးပြည့်စုံသူဖြစ်သည်။
…
အခန်း (၇၄) (ခ)
လူတိုင်းက အဝတ်အစားလဲပြီးနောက် ပရိုဂရမ်အဖွဲ့က ကြေညာလိုက်သည်။ “ဒီနေ့ရဲ့ ခရီးစဉ်ကတော့ ကျွန်မတို့ မြို့တော် အမ် ပင်လယ်အပျော်ခရီး အတွေ့အကြုံယူဖို့ပဲ ဖြစ်ပါတယ်”
ပိုင်ဟောက်က ချက်ချင်းပင် ပြောလိုက်သည်။ “ဒီအပျော်ခရီးက သစ်သားလှေနဲ့ သွားရမှာမျိုးလား၊ ငါတို့ ကိုယ်တိုင် လှော်ဖို့ လိုတာလား”
ကန်းချန်းယွင်၏ မျက်နှာက ရှုံ့မဲ့သွားခဲ့သည်။ “မနောက်ပါနဲ့” လူတိုင်းက ရှေးဟောင်းမြို့တော်တုန်းက အကြောင်းကို အမှတ်ရနေဆဲဖြစ်သည်။ သူတို့က ရေစီးကြောင်း အရိုက်ခံလိုက်ရပြီး ပြိုလဲသွားပေသည်။ သူတို့ ဘယ်လောက်ပင် ကြိုးကြိုးစားစားလှော်နေကာမူ သူတို့က ရှေ့သို့ မရောက်နိုင်ကြချေ။
ဧည့်သည်များက ခန့်မှန်းပြီးသွားသောအခါ ချင်ယွဲ့ကျီက သူ့ကိုယ်ပိုင်အတွေးကို ပြောလိုက်သည်။
“ငါတို့ လှေလှော်ရမယ်ဆိုရင် ဒီလိုမျိုး ရှေးခေတ်ဝတ်စုံကို ဝတ်ခိုင်းထားမှာ မဟုတ်ဘူး”
“အစ်ကိုကျီပြောတာ ဟုတ်တယ်”
“ဒါဆို လှေမလှော်ရရင် ကောင်းတာပဲ”
လူတိုင်းက ထွက်သွားကြပြီး သင်္ဘောဆိပ်ကမ်းသို့ ကားစီးသွားကြသည်။ သူတို့က အပျော်စီးသင်္ဘောဆီသို့ လျှောက်သွားသောအခါ နောက်ဆုံးတွင် လူတိုင်းက စိတ်သက်သာရာ ရသွားကြသည်။ ဤအရာက အလွန်ကြီးမားသည့် သင်္ဘောတစ်စင်းဖြစ်သည်။ ၎င်းက သေချာပေါက် သူတို့ လှေလှော်စရာမလိုအပ်ပေ။
ချီဖောင်ဝတ်စုံဖြင့် အလှလေး လေးယောက်က ဝင်ပေါက်တွင် မတ်တတ်ရပ်နေကြသည်။ ဧည့်သည်များက လမ်းလျှောက်လာပြီးနောက် သူတို့က နန်းတွင်းသူများ ဘုရင်၊ မိဖုရားများကို အရိုအသေပြုသကဲ့သို့ ဒူးညွတ်ကာ နှုတ်ဆက်လိုက်ကြသည်။
အခန်းအတွင်းသို့ ဝင်သွားသောအခါ ပုံစံက လုံးဝ ကွဲပြားသွားပေသည်။ ၎င်းက လွန်ခဲ့သည့် ရာစုနှစ်၏ စတိုင်မျိုး ဖြစ်ပုံပေါ်ပေသည်။ အတွင်းရှိ လူများအားလုံးက ရှေးခေတ်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သူတို့ ဖြတ်သွားသောအခါ ရှန်းထင်ရွှမ်းက တခြားခရီးသည်များ ပြောဆိုနေကြသည်များကို ဂရုတစိုက် နားထောင်လိုက်သည်။
“နောက်ဆုံးတစ်ခေါက်က ဘဏ်မှာ ဘာဖြစ်သွားတာလဲ” နှင့် “ဟုတ်တယ်၊ ခမ်ကျီက နောက်လ နိုင်ငံခြားကို ပညာတော်သင်သွားတော့မှာ “
ရှန်းထင်ရွှမ်းက ခဏလောက် နားထောင်ပြီးနောက် ဤဝန်ထမ်းအဖွဲ့ဝင်များ ပြောဆိုနေကြသည်က ဇာတ်လမ်းတစ်ပုဒ်ကို ချိတ်ဆက်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။
ကုယွမ်။ “လွန်ခဲ့တဲ့ ရာစုနှစ်တွေဆီ ပြန်ရောက်သွားသလို ခံစားချက်မျိုးပဲ”
ချင်ယွဲ့ကျီ။ “ဒါက ပြီးခဲ့တဲ့ ရာစုနှစ်တွေက မြင်ကွင်းမျိုး ဖြစ်နိုင်တယ်”
“ဒီနေရာက လူတိုင်းက အရမ်းထူးခြားတယ် “လျိုကျင်းက ပြောလိုက်သည်။
ရှန်းထင်ရွှမ်းက သူတို့ ဝင်လာသောအခါ လွန်ခဲ့သည့် ရာစုနှစ်များဆီသို့ ပြန်သွားရသလို ခံစားချက်မျိုးရလိုက်ပေသည်။ သင်္ဘောတစ်လျှောက် လမ်းလျှောက်လာသောအခါ သူတို့က အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။ အမျိုးသမီး၏ မျက်နှာက ရှက်ကိုး ရှက်ကန်းဖြစ်နေခဲ့သည်။
အမျိုးသားက ပြောလိုက်သည် ။”မင်း ငါ့နောက်ကို လိုက်ရင် အနာဂတ်မှာ အဆုံးမရှိတဲ့ ကောင်းချီးတွေ စံစားရလိမ့်မယ်”
မြင်ကွင်းတစ်ခုပြီးတစ်ခု ဖြတ်ကျော်ပြီးနောက် သူတို့က အောက်ဘက်ရှိ ခန်းမဆီသို့ လျှောက်လာကြကာ စီးပွားရေးအကြောင်း ပြောဆိုနေကြသည့် လူများ ရှိနေပေသည်။
“ဒီနေရာက ဝန်ထမ်းတွေက အရမ်းကောင်းတာပဲ” ဝန်ထမ်းများဖြစ်စေ၊ ငှားရမ်းထားသည့် ခရီးသည်များဖြစ်စေ ပဓာနမထားဘဲ သူတို့အားလုံးက သူတို့၏ သက်ဆိုင်ရာ အခန်းကဏ္ဍများအလိုက် ဝတ်စားဆင်ယင်ထားကြသည်။ လူတိုင်းက လေထုထဲတွင် လျင်မြန်စွာ ပျော်ဝင်သွားကြသည်။
သူတို့က စားသောက်ဆိုင်သို့ ရောက်လာသောအခါ သူတို့က စားပွဲထိုးကို မှာယူရန် ခေါ်လိုက်သည်။
“အံ့ဩစရာကောင်းလိုက်တာ၊ စားသောက်ဖွယ်စာရင်းက ရှေးဟောင်းစတိုင်ပဲ “ ကန်းချန်းယွင်က သက်ပြင်းချလိုက်သည်။
လူတိုင်းက အစားအစာတချို့ မှာယူကြပြီး စားသောက်ပြီးနောက် သူတို့တွင် အနားယူရန် ကိုယ်ပိုင် သီးသန့်အခန်းများ ရှိကြသည်။
အခန်းထဲတွင်တောင် ပုံစံက တူညီပေသည်။ ခဏနားပြီးနောက် ပါတီပွဲက အချိန်ကျရောက်ပြီဖြစ်သည်။ ပထမထပ်တွင် စတင် သီချင်းဆိုနေကြသည့် မိန်းကလေးများ ရှိနေကြပြီဖြစ်သည်။ သီချင်းဆိုနေစဉ် လူတချို့က စတင် ကခုန်လာကြသည်။ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က လွန်ခဲ့သည့် ရာစုနှစ်များက အကပုံစံဖြင့် ကခုန်ရန် အတူတကွ လုပ်ဆောင်ကြသည်။
ကန်းချန်းယွင်က အကကြမ်းပြင်ဆီသို့ ကုယွမ်ကို တန်းဖိတ်ခေါ်လိုက်သည်။ သူက အမှန်တော့ ရှန်းထင်ရွှမ်းကို ဖိတ်ခေါ်ချင်တာဖြစ်သည်။ သို့သော် သူက သူ့ဘေးရှိ ချင်ယွဲ့ကျီကို တချက်ကြည့်လိုက်ပြီး လက်လျှော့ရန် ဆုံးဖြတ်လိုက်သည်။
ချင်ယွဲ့ကျီက ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည်။ “ဒီမိန်းမလှလေးကို သီချင်းတစ်ပုဒ်နဲ့ အတူကဖို့ ဖိတ်ခေါ်လို့ရမလား”
ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီ၏ ညာဘက်လက်ပေါ် သူမ၏ ဘယ်ဘက်လက်ကို တင်လိုက်သည်။
ချင်ယွဲ့ကျီက သိသိသာသာပင် နှလုံးခုန်မြန်နေကြောင်း ခံစားမိပေသည်။ သို့သော် သူ့မျက်နှာပေါ်တွင် ခံစားချက်ကို သိသိသာသာ မပြခဲ့ပေ။ သူက အနည်းသာ ပြုံးလိုက်သည်။
ကျန်ရှိသည့် ပိုင်ဟောက်နှင့် လျိုကျင်းက အတူတူ သွားရပေသည်။
အကကြမ်းပြင်တွင် တေးဂီတက စတင်နေပြီး လူတိုင်းက ပျော်ရွှင်နေကြပြီး သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ် အားပါးတရ ကခုန်နေကြသည်။
တတိယမြောက်သီချင်းကို ကခုန်ပြီးနောက် ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်း၏ လက်ကို လမ်းတစ်လျှောက် ဆွဲခေါ်သွားခဲ့သည်။ “မင်း ကုန်းပတ်ပေါ် တချက် သွားကြည့်ချင်လား”
ရှန်းထင်ရွှမ်းက လက်ကို မဖြုတ်ဘဲ “အင်း “ ဟုသာ ပြောခဲ့သည်။
ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းနှင့်အတူ ကသည့်နေရာမှ ထွက်သွားခဲ့သည်။
လျှောက်လမ်းတွင် လူများစွာ ရှိနေကြပြီး တစ်ဦးချင်းစီက သူတို့၏ ကိုယ်ပိုင်ဇာတ်လမ်းများကို ပြောဆိုနေကြသည်။ သို့သော်လည်း သူတို့နှစ်ယောက်က လက်များကို ဆုပ်ကိုင်ကာ အတူတူ ထွက်လာာသည်ကို အနီးကပ်မြင်လိုက်ကြသောအခါ သူတို့က ဝန်ထမ်းများ၏ မျက်လုံးထဲမှ အံ့အားသင့်မှုကို တွေ့လိုက်ပေသည်။
သူတို့က အစပိုင်းတွင် ချင်ယွဲ့ကျီ၊ ရှန်းထင်ရွှမ်း၊ ကုယွမ်နှင့် တခြားကြယ်ပွင့်များကို မြင်သောအခါ တည်ငြိမ်နေဆဲဖြစ်ပြီး သူတို့၏ အခန်းကဏ္ဍအလိုက် ဆက်လက်လုပ်ဆောင်နေခဲ့ကြသည်။ သို့သော် ဤအခိုက်အတန့်တွင် ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းကို ဆွဲခေါ်လာသည်ကို မြင်လိုက်ရပြီး လူတိုင်းက မတည်ငြိမ်နိုင်တော့ချေ။ ဝန်ထမ်းများစွာက ဇာတ်ကြောင်းအမှားကို ပြောလိုက်မိကြသည်။
မကြာမီ ချင်ယွဲ့ကျီနှင့် ရှန်းထင်ရွှမ်းက ကုန်းပတ်ပေါ်သို့ ရောက်ရှိသွားကြသည်။ မနီးမဝေးတွင် စုံတွဲအနည်းငယ်လည်း ရှိပေသည်။ မှန်ပေသည်။ ဤစုံတွဲများက သရုပ်ဆောင်ရန် ငှားရမ်းထားသည့် သရုပ်ဆောင်များ ဖြစ်ကြသည်။
ရှန်းထင်ရွှမ်းက နောက်ဆုံးတွင် သူမလက်ကို ဆွဲယူလိုက်သည်။ သူမက လက်ရန်းကို မှီကာ အပြင်ဘက်ရှိ ရှုခင်းကို ကြည့်ရှုနေခဲ့သည်။
ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းဘေးတွင် မတ်တတ်ရပ်နေခဲ့သည်။
သူတို့က ရှိုးကို ရိုက်ကူးနေကြသောကြောင့် ချင်ယွဲ့ကျီနှင့် ရှန်းထင်ရွှမ်းက အများကြီး စကားမပြောကြချေ။ သူတို့က ကုန်းပတ်ပေါ်တွင်သာ မှီနေကြပြီး လေညင်းခံနေကြသည်။
ကင်မရာသမားက သူ၏ ဖြစ်တည်မှုကို လျှော့ချလိုက်သည်။ ချင်ယွဲ့ကျီနှင့် ရှန်းထင်ရွှမ်းက အတူတကွ မတ်တတ်ရပ်နေကြသောအခါ သူတို့ အလွန်လိုက်ဖက်ကြသည်။ သူတို့က စကားမပြောကြလျှင်တောင် အပြန်အလှန်နားလည်ကြသည့် စုံတွဲတစ်ပုံဖြစ်ပုံပေါ်ပေသည်။
သို့သော် မကြာမီ ဤလှပသည့် မြင်ကွင်းက ဖျက်ဆီးခံလိုက်ရသည်။ ပိုင်ဟောက်က ရောက်လာခဲ့ပြီး သူတို့ကို ခေါ်လိုက်သည်။ “ဟိုမှာ ဘားတစ်ခုရှိတယ်၊ မင်းတို့ သောက်ချင်ကြလား” ပြောပြီးနောက် သူက လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။
ပိုင်ဟောက်က တက်မလာချင်ခဲ့ချေ။ သို့သော် ကျန်သည့် ဧည့်သည်လေးယောက်က ကျောက်တုံး၊ စက္ကူ ကတ်ကြေး ကစားကြရာ သူရှုံးသွားခဲ့သည်။ သူ့တွင် ရွေးချယ်စရာမရှိတော့ဘဲ ရှန်းထင်ရွှမ်းနှင့် ချင်ယွဲ့ကျီကို သွားခေါ်ရတော့သည်။ ကံကောင်းစွာပင် ချင်ယွဲ့ကျီက မပျော်မရွှင်ဖြစ်သည့်ပုံမပေါ်ချေ။ နှစ်ယောက်သားက အောက်ထပ်ရှိ ဘားသို့ ပိုင်ဟောက်နောက်မှ လိုက်လာခဲ့သည်။
Bartender က ချောမောသည့် လူငယ်တစ်ယောက်ဖြစ်သည်။ သူမ နောက်ဆုံးတစ်ခေါက် လုအန်းအန်းတို့နှင့်အတူ ရှိသည့်အချိန်တုန်းက သူတို့က သူမကို “နေထွက်ချိန်” အား ပေးခဲ့သည်။ ထို့ကြောင့် သူမက တူညီစွာပင် ၎င်းကို မေးလိုက်သည်။ သို့သော် ဤနေရာတွင် ထိုကဲ့သို့ ကော့တေးမရှိပေ။
ရှန်းထင်ရွှမ်းက သောက်စရာတစ်ခုကိုသာ သိပေသည်။ ထို့ကြောင့် သူမက ပြောလိုက်သည်။ “ကျွန်မ ဘာသောက်ရမလဲ မသိဘူး”
အဆုံးတွင် ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းကို ကော့တေးတစ်ခွက် ကူမှာပေးခဲ့သည်။ ၎င်းက သိပ်မပြင်းပေ။ အနည်းငယ် ချိုပြီး အရသာကောင်းပေသည်။
ဖေးလွေ့နှင့် တခြားသူများက သူတို့ရှေ့ရှိ ဖန်သားပြင်ပေါ်မှ ဤမြင်ကွင်းကို မြင်သောအခါ စိတ်လှုပ်ရှားနေခဲ့ကြသည်။
“အားရွှမ်းက မှတ်မိတာပဲ”
“နောက်တစ်ခါ သူ အားရင် ငါတို့ ထပ်သွားသောက်ဖို့ သူ့ကို ဖိတ်ခေါ်သင့်တယ်”
“ငါ အရမ်းပျော်တာပဲ”
…
ကော့တေးသောက်ပြီးနောက် ကန်းချန်းယွင်၏ ခံစားချက်များက ရုတ်တရက် ကျသွားခဲ့သည်။ “ဒါက ရိုက်ကူးရေး နောက်ဆုံးညပဲ”
ပိုင်ဟောက်၏ ပျော်ရွှင်သည့် အမူအရာကလည်း မှိုင်ကျသွားခဲ့သည်။
“ဟုတ်တယ်၊ အချိန်တွေ ဒီလောက် မြန်မြန်ကုန်သွားမယ်လို့ မမျှော်လင့်ခဲ့ဘူး “ သူက ရှန်းထင်ရွှမ်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့် အချိန်ကို သတိရသွားခဲ့သည်။ ထိုအချိန်တွင် တစ်ဖက်လူက သူ့ကို ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် မြင်ဖူးသည်ဟု ပြောခဲ့သည်။ သူက ထိုအချိန်၌ ကျော်ကြားနေခဲ့ပြီးသား ဖြစ်သော်လည်း ရှန်းထင်ရွှမ်းက သူ့ကို တကယ်ပဲ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုမှ သိခဲ့ပေသည်။
လျိုကျင်း။ “နောက်ကျ ငါတို့ အတူတူရှိဖို့ ခက်ခဲနေဦးမှာလား”
အစပိုင်းတွင် ရှန်းထင်ရွှမ်းက လူသိအနည်းဆုံးသူတစ်ယောက်ဖြစ်သည်။ သို့သော် ယခုတွင် သူမ၏ ကျော်ကြားမှုက ချင်ယွဲ့ကျီနှင့် ကုယွမ်အောက်သာ ရှိတော့သည်။ နောက်ပြီး ရှန်းထင်ရွှမ်းက ဧည့်သည်များထဲတွင် follower အများဆုံးဖြစ်သည်။ သူမတွင် follower သန်း၇၀ ရှိပြီး လျိုကျင်း၊ ပိုင်ဟောက်နှင့် ကန်းချန်းယွင်တို့ သုံးယောက်ပေါင်းထက် ပိုများပေသည်။
ကုယွမ်က ချက်ချင်းပင် လျိုကျင်း၏ စကားကို ကန့်ကွက်လိုက်သည်။ “ဒါက သေချာပေါက် အမှန်ချည်းတော့မဟုတ်ပါဘူး” အတူတကွ ရသစုံလင်ရှိုး ရိုက်ကူးရန် နည်းလမ်းမရှိပေ။ သို့သော် အနာဂတ်တွက် ချင်ယွဲ့ကျီ လက်ထပ်ခဲ့လျှင် သူတို့က သေချာပေါက် အတူတကွ ရှိကြလိမ့်မည်ဟု သူမ ယုံကြည်ပေသည်။
“အချိန်တွေ နှေးသွားဖို့ မျှော်လင့်တယ်” ကန်းချန်းယွင်က ပြောလိုက်သည်။
ချင်ယွဲ့ကျီက သူ့ဘေးရှိ ရှန်းထင်ရွှမ်းကို ကြည့်လိုက်သည်။ သူလည်း ဤအခိုက်အတန့်၌ အချိန်များ နှေးကွေးသွားရန် မျှော်လင့်မိပေသည်။
[ငါလည်း ဒီရှိုးအဆုံးသတ်သွားတာကို မြင်ရတာ နည်းနည်းတော့ တွန့်ဆုတ်မိတယ်။]
[အစပိုင်းတုန်းက ဟိုတစ်ယောက်ကြောင့် အားရွှမ်းကို စိတ်ဆိုးခဲ့တာကို မှတ်မိသေးတယ်။ ရလဒ်က အခုတော့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်သွားခဲ့တာ။]
[အစတုန်းက ငါ့ biasက ကန်းချန်းယွင်ပါ၊ ဒါပေမဲ့ အခု ငါ နံရံကို တက်လိုက်ပြီ။ ဒါပေါ့ ငါ ငါ့အစ်ကိုကို ချစ်နေတုန်းပါပဲ။ အရင်ကလောက် မဟုတ်ရုံပါပဲ။ (ဘာသာပြန်သူမှတ်စု။ နံရံကို တက်ခြင်းသည် အိမ်ထောင်ရေးဖောက်ပြန်ခြင်း သို့မဟုတ် ယခုအခြေအနေကဲ့သို့ သူတို့၏ အိုင်ဒေါကို ပြောင်းလဲခြင်း ဟူ၍ အဓိပ္ပာယ်ရပေသည်။]
[ငါလည်း နံရံကို တက်လိုက်တာ။]
…
အင်တာနက်အသုံးပြုသူများက အချိန်များ အကုန်မြန်လွန်းသောကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။ မကြာမီ ဆယ်နာရီထိုးသွားခဲ့ပြီး သင်္ဘောက ဆိပ်ကမ်းကပ်လာခဲ့ကာ ဧည့်သည်များက သင်္ဘောမှ ဆင်းလာရတော့သည်။
လူတိုင်းက နှေးကွေးစွာ လမ်းလျှောက်နေကြပြီး သူတို့က မြစ်ကမ်းတစ်လျှောက်လမ်းလျှောက်ကာ စကားစမြည် ပြောနေကြသည်။
ရုတ်တရက် သူတို့က မနီးမဝေးမှ ပြေးလာကြသည့် လူအုပ်ကို မြင်လိုက်ပြီး ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်း ရှေ့တွင် တဖန် ရပ်လိုက်သည်။
ရှန်းထင်ရွှမ်းက သူမရှေ့ရှိ ချင်ယွဲ့ကျီကို ကြည့်ကာ ချိုမြိန်စွာ ပြုံးလိုက်သည်။
သို့သော်လည်း လူအုပ်က ဧည့်သည်များရှေ့ တစ်မီတာ အကွာတွင် ရပ်သွားကြသည်။ သူတို့၏ ပရိသတ်များဖြစ်ကြောင်း လူတိုင်းက ယခုတွင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရပေသည်။ သူတို့က ဆိုင်းဘုတ်များကို ကိုင်ထားကြပြီး သူတို့ အိုင်ဒေါ၏ နာမည်ကို အော်ဟစ်နေကြသည်။
ရှန်းထင်ရွှမ်း၏ ပရိသတ်များနှင့် ချင်ယွဲ့ကျီ၏ ပရိသတ်များက အသံအကျယ်ဆုံးဖြစ်သည်။ ယခုအချိန်တွင် ကုယွမ်တောင် သူတို့နှင့် တစ်မှတ်လောက်ကွာနေပုံ ရပေသည်။ ပိုင်ဟောက်၊ ကန်းချန်းယွင်နှင့် လျိုကျင်းတို့တွင် သက်ဆိုင်ရာ ပရိသတ်အနည်းငယ် ရှိသော်လည်း သူတို့က ပတ်ပတ်လည်တွင် ဝိုင်းဖွဲ့စုရုံးနေကြသည်။
ဧည့်သည်ခြောက်ယောက်က ပရိသတ်များနှင့် နှုတ်ဆက်လိုက်ကြသည်။ လူအုပ်ထဲတွင် ပရိသတ်တစ်ယောက်က အော်ဟစ်လိုက်သည်။ “အားရွှမ်း၊ ကျေးဇူးပြုပြီး ငါတို့အစ်ကိုကို လက်ခံပေးပါ”
အားရွှမ်းက အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။ “လက်ခံတယ်ဆိုတာ ဘာလဲ”
ချင်ယွဲ့ကျီက ပရိသတ်များကို လက်သီးဆုပ်ကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စကို ကျွန်တော့်ကို ကိုင်တွယ်ခွင့်ပြုပါ” ထို့နောက် ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းကို လေးနက်သည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ရှန်းထင်ရွှမ်း၊ ကိုယ်မင်းကို သဘောကျတယ်၊ မင်း သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာက မင်းအပေါ် ပြောင်းလဲသွားမှာမဟုတ်ဘူး၊ မင်း ဒီခံစားချက်က အရမ်းလေးလံတယ်လို့ ထင်ရင် ကိုယ့်နှလုံးသားထဲမှာ ဒါကို သိမ်းဆည်းထားလိုက်လို့ရပါတယ်၊ မင်းကို နှောင့်ယှက်ခွင့်ပြုမှာမဟုတ်ပါဘူး”
သူ့ပရိသတ်များက ရှန်းထင်ရွှမ်းကို သူ့အားလက်ခံပေးရန် တောင်းပန်ထားသည့် စာများကို Weiboတွင် မကြာခဏ သွားပို့လေ့ရှိကြောင်း ချင်ယွဲ့ကျီသိပေသည်။ ချင်ယွဲ့ကျီအတွက် ဤအရာက သူ့ဆန္ဒများကို စော်ကားရာရောက်ပေသည်။ သူက ရှန်းထင်ရွှမ်းကို နှစ်သက်သော်လည်း သူ့အချစ်က ရှန်းထင်ရွှမ်း၏ ဘဝကို အနှောင့်အယှက်တစ်ခု ဖြစ်လာမည်ဟု မမျှော်လင့်ခဲ့ပေ။ သူက ရှန်းထင်ရွှမ်းကို သိစေချင်ရုံသာဖြစ်သည်။
ရှန်းထင်ရွှမ်းက မျက်တောင်ခတ်လိုက်သည်။ “ကောင်းပြီလေ”
လူအုပ်က ဆူညံ့စွာ အော်ဟစ်လိုက်ကြပြီး ချင်ယွဲ့ကျီ၏ အံ့အားသင့်နေသည့် မျက်နှာက ဤအခိုက်အတန့်တွင် အေးခဲသွားပုံပေါ်ပေသည်။
----
စာရေးသူမှာ ပြောစရာရှိနေပါတယ်။
အားးးးး နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ။ နောက်တစ်ပိုင်းက extra ပါ။
…
အခန်း (၇၅) (က)
အချိန်အတော်ကြာပြီးနောက် လူတိုင်းက ရှန်းထင်ရွှမ်းနှင့် ချင်ယွဲ့ကျီတို့ အတူရှိခဲ့သည့် ထိုညအကြောင်း ပြောနေကြသည်။
ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီကို လက်ခံလိုက်သည့် ကောလာဟလများ ထွက်ပြီးနောက် သိပ်မကြာခင် သတင်းမီဒီယာအားလုံးက ကျသွားခဲ့သည်။ ပထဆုံးက Weibo ဖြစ်ပြီး ထို့နောက် ဖိုရမ်များနှင့် တခြား website တချို့လည်း ကျသွားခဲ့သည်။ ခဏကြာပြီးနောက် အင်တာနက်အသုံးပြုသူများက အတင်းအဖျင်းများအတွက် ပလက်ဖောင်းတစ်ခုကိုတောင် ရှာမတွေ့ရတော့ပေ။
အနုပညာဆိုင်ရာ သတင်းစာများ၏ ရှေ့ဆုံးစာမျက်နှာများတွင် ထိုနှစ်ဦး၏ အချစ်ရေးအကြောင်းများ ရှိကြသည်။ ဤအရူးအမူးသတင်းသည် အချိန်အတော်ကြာ ကြာမြင့်ခဲ့သည်။
သူတို့နှစ်ယောက် တွဲနေကြပြီဖြစ်ကြောင်း သုံးနှစ်ကလေးတောင် သိသည်ဟု ပြောကြသည်။
...
ဤအရာကို သိရှိပြီးနောက် ဖေးဝမ်ရှုက သူအိမ်ပြန်ရောက်လာသောအခါ ဖေးလွေ့ကို ဆူပူခဲ့သည်။
ရှန်းထင်ရွှမ်းက ကောင်းမွန်သည့် မိန်းကလေးဖြစ်သည်။ ဖေးလွေ့က အဘယ်ကြောင့် သူမကို မလိုက်ခဲ့ရသနည်း။
ဖေးလွေ့က သူခံစားနေရသည်ကို သိပေသည်။ သူက ရှန်းထင်ရွှမ်းနှင့် ချင်ယွဲ့ကျီ တွဲနေကြသည့်သတင်းကို ကြားသောအခါ သူက တကယ်ပဲ အနည်းငယ် မသက်မသာဖြစ်ခဲ့ရသည်။ သို့သော် ၎င်းက ခဏလောက်သာ ဖြစ်သည်။
သူ့အဖေက သူ့ကို ဆူပူလိုက်သောအခါ ဖေးလွေ့က ဘာမှထပ်မခံစားရတော့ပေ။
...
မသက်မသာအဖြစ်ရဆုံးက ရှောင်ဖုန်း၏ မိသားစု ဖြစ်နိုင်ပေသည်။
ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီ၏ ဝန်ခံမှုကို လက်ခံခဲ့ကြောင်း သူတို့အားလုံး သိကြပေသည်။ သရုပ်ဆောင်မင်းသားနှင့် ရှန်းထင်ရွှမ်းတို့က အတူတကွ ရပ်နေကြသောအခါ သူတို့နှစ်ယောက်က တကယ့်ကို လိုက်ဖက်ကြသောကြောင့် သူတို့က ဘာမှမပြောနိုင်ကြချေ။
ရှောင်ဖုန်း၏ အမေက နောက်ဆုံးတွင် ရှန်းထင်ရွှမ်းက သူမသားကို တကယ်ပဲ မကြိုက်ခဲ့ကြောင်း သိသွားတော့သည်။ သို့သော် သူမနှလုံးသားထဲတွင် အဆင်မပြေခဲ့ပေ။ သူမသား၏ အထီးကျန်သည့် သွင်ပြင်က ထိုးနှက်လာသောအခါ သူမက နှာမှုတ်ကာ ပြောလိုက်သည်။ “သရုပ်ဆောင်မင်းသား တစ်ယောက်ပါပဲ၊ သူက အနာဂတ်မှာ သေချာပေါက် ဒုက္ခရောက်မှာ “
ထိုနေ့တွင် ရှောင်ဖုန်းက အိမ်မှထွက်သွားပြီး တောင်ပိုင်းသို့ တစ်ယောက်ထဲသွားနေသည်ကို ယောင်ရွာရှိ ရွာသားတစ်ယောက်က မြင်လိုက်သည်။ ရှောင်ဖုန်း၏အမေက အိမ်၌ အကြိမ်ပေါင်းများစွာ ပြဿနာများ ရှာခဲ့ကြောင်း ကောလာဟလများက ပြောကြသည်။
သို့သော် ဤကောလာဟလက တကယ်ပဲ ပျံ့နှံ့မသွားခဲ့ပေ။ ရွာသားများက ထိုထက်ပိုပြီး ပြောရန် ထိုက်တန်သည့် တခြားအကြောင်းအရာတစ်ခု ရှိနေခဲ့သည်။
...
ရှန်းထင်ရွှမ်းက ရသစုံလင်ရှိုးကို ရိုက်ကူးပြီးသွားသည့်နေ့တွင် သူမက သူမ၏ ရတနာဆိုင်တွင် အသီးကတ်တီ ၉၉၉၉၀၀၀၀ ကို တင်ထားခဲ့သည်။
ဤအချိန်တွင် အင်တာနက်အသုံးပြုသူနီးပါးက ၎င်းတို့ကို လုယူနိုင်ကြပေသည်။ လူတိုင်းက သူတို့၏ ပျော်ရွှင်မှုကို Weibo တွင် မျှဝေခဲ့ကြသည်။ ဤအခိုက်အတန့်၌ ရှန်းထင်ရွှမ်းက ဝယ်ယူမှုကို ကန့်သတ်ခဲ့သည့်အတွက် လူတိုင်းက အလွန်ကျေးဇူးတင်ခဲ့ကြသည်။
ပို့ဆောင်ရေးဌာနက လဝက်အတွင်း သစ်သီးများအားလုံးကို ပို့ဆောင်ရန် လူတိုင်း၏ နေ့ရော ညပါ အလုပ်ကြိုးစားမှုအပေါ်တွင် မှီခိုနေခဲ့သည်။
နောက်ပိုင်းတွင် သမိုင်းထဲမှ အခိုက်အတန့်တစ်ခုအဖြစ် အင်တာနက်အသုံးပြုသူများ၏ ချီးကျူးမှုကို ခံခဲ့ရသည်။ အားလုံးပြီးနောက် ထိုကတည်းက ရှန်းထင်ရွှမ်းသည် ရောင်းချရန်အတွက် ထိုမျှများပြားသော သစ်သီးများကို ဘယ်တော့မှ မတင်တော့ချေ။
...
ချင်ယွဲ့ကျီနှင့် ရှန်းထင်ရွှမ်းတို့ တွဲနေကြပြီးနောက် သူတို့က အနုပညာလောကတွင် လှုပ်ရှားမှုများ ပြုလုပ်သည်မှာ ရှားပါးကြောင်း ပရိသတ်များက တွေ့ရှိခဲ့ကြသည်။ များစွာသော အင်တာနက်အသုံးပြုသူများက ချင်ယွဲ့ကျီကို အလုပ်လုပ်ဖို့ ထွက်လာရန် အနူးအညွတ် တောင်းဆိုခဲ့ကြသည်။
နောက်ဆုံးတွင် သုံးနှစ်ကြာပြီးနောက် ချင်ယွဲ့ကျီက ရုပ်ရှင်ကားအသစ်ကို ရိုက်ကူးခဲ့သည်။ အကြောင်းရင်းမှာ ရှန်းထင်ရွှမ်းက မူရင်းဝတ္ထုကို ဖတ်ခဲ့ပြီး ထိုဝတ္ထုက ကောင်းမွန်သည်ဟု တွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။
ချင်အုပ်စုက မူပိုင်ခွင့်ကို ဝယ်ယူခဲ့ပြီး ချင်ယွဲ့ကျီက လိုက်ဖက်အောင် သရုပ်ဆောင်ခဲ့သည်။
ဤဝတ္ထု၏ အဓိကဇာတ်ကောင်က ဂျင်ဆင်းဝိညာဉ် ဖြစ်သည်။ အမှန်တော့ ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းကို ဤရုပ်ရှင်တွင် ပါဝင်ရန် တောင်းဆိုခဲ့သည်။ သို့သော် ရှန်းထင်ရွှမ်းက ဆန္ဒမရှိခဲ့ပေ။
သုံးလအတွင်း သန်းငါးရာ ရင်းနှီးမြှုပ်နှံမှုနှင့်အတူ အကောင်းဆုံး ဒါရိုက်တာကို ဖိတ်ကြားခဲ့ကာ ချင်အုပ်စုက ရုပ်ရှင်ကို စတင်ရိုက်ကူးခဲ့သည်။
ရှန်းထင်ရွှမ်းက ရုပ်ရှင်တွင် မပါဝင်ခဲ့သော်လည်း သူမက အမြဲတမ်း ရိုက်ကွင်းတွင် ရှိနေခဲ့သည်။ ‘ဂျင်ဆင်းဝိညာဉ်’ ၏ ရိုက်ကူးရေးအဖွဲ့သားများက ရှန်းထင်ရွှမ်း၏ သစ်သီးများကို နေ့စဉ်စားရသောကြောင့် အလွန်အမင်း ပျော်ရွှင်နေကြသည်ဟု ကောလာဟလများက ဆိုကြသည်။ သရုပ်ဆောင်များစွာက ရှန်းထင်ရွှမ်း၏ သစ်သီးများကို မြည်းစမ်းနိုင်ရန် အခကြေးငွေမယူဘဲ ရိုက်ကူးရေးကို ပါဝင်ရန် ဆန္ဒရှိနေကြသည်ဟုလည်း ဆိုကြသည်။
‘ဂျင်ဆင်းဝိညာဉ်’ ကို ပထမဆုံး ပြသသောအခါ ရှန်းထင်ရွှမ်းနှင့် ချင်ယွဲ့ကျီက ရုပ်ရှင်ရုံသို့ အတူတူ သွားခဲ့ကြပြီး VIP ခန်းကို အသုံးပြုနေကြဆဲဖြစ်သည်။
ရုပ်ရှင်ကြည့်ပြီးနောက် ရှန်းထင်ရွှမ်း၏ အမြင်တွင် ဤရုပ်ရှင်က နောက်ဆုံးတွင် ထိပ်ဆုံးအဆင့်၌ ရပ်တည်နေသည့် ‘အဖြေ’ ရုပ်ရှင်ကားကို ကျော်တက်သွားနိုင်ပေသည်။
ရုပ်ရှင်၏ အဆုံးတွင် ချင်ယွဲ့ကျီ၏ ပုံရိပ်က ပိတ်ကားပေါ်တွင် ပေါ်လာခဲ့သည်။ သူက နှင်းဆီပန်းတစ်ပွင့်ကို ကိုင်ထားခဲ့သည်။ “ရှန်းထင်ရွှမ်း၊ ဒီနေ့က မင်းနဲ့ ကိုယ်နဲ့ အတူတူရှိခဲ့တာ ရက်တစ်ထောင်ပြည့်ခဲ့ပြီ၊ အနာဂတ်မှာ ရက် တစ်သောင်း၊ တစ်သိန်းထက်ပိုပြီး အတူတူရှိချင်ပါတယ်၊ မင်းကို ချစ်တယ် ထင်ရွှမ်း၊ ကိုယ့်ကို လက်ထပ်ပါ”
ရုပ်ရှင်ရုံပေါ်ရှိ မီးများက လင်းထိန်သွားခဲ့ပြီး ချင်ယွဲ့ကျီက နှင်းဆီတစ်ပွင့်နှင့် လက်စွပ်တစ်ကွင်းကို ယူကာ ရှန်းထင်ရွှမ်းဆီသို့ လျှောက်လာခဲ့သည်။
“ထင်ရွှမ်း၊ ကိုယ့်ကို လက်ထပ်မှာလား”
ရှန်းထင်ရွှမ်းက ပြုံးကာ အင်းဟု ဖြေလိုက်သည်။
...
နောက်တစ်နေ့တွင် ချင်ယွဲ့ကျီက အလုပ်အားလုံးကို ဘေးဖယ်ထားကာ မင်္ဂလာပွဲအတွက် အင်တိုက်အားတိုက် စတင် ပြင်ဆင်တော့သည်။
လက်ထပ်ပွဲ မှတ်ပုံတင်ရမည့်ရက်၊ မင်္ဂလာပွဲ ဓာတ်ပုံရိုက်မည့်နေရာ၊ ကြိုတင်စာရင်းသွင်းရန်အတွက် ဟိုတယ် စသည်တို့ကို ချင်ယွဲ့ကျီကိုယ်တိုင် အားလုံးကို စီစဉ်ခဲ့သည်။
ရှန်းထင်ရွှမ်းက ဘာမှလုပ်စရာမရှိသည့်ပုံပင်။ အိုး ဟုတ်တာပေါ့။ ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်း၏ အမြင်ကို မေးခဲ့ပေသည်။ သို့သော် သူမက ဘာထင်မြင်ချက်မှ မရှိချေ။ လက်ထပ်မှတ်ပုံတင်သည့် ရက်က ဇွန်လ ၁၂ ရက် ဖြစ်ပြီး မင်္ဂလာပွဲနေ့က ဇူလိုင်လ ၂၇ ရက်နေ့ဖြစ်သည်။
နှစ်ယောက်သားက လက်ထပ်မှတ်ပုံတင်ကို လူထုကို ချပြပြီးနောက် သတင်းမီဒီယာအားလုံးက တဖန် ကျသွားခဲ့ပြန်သည်။
သူတို့နှစ်ယောက်ကို ဆုမွန်ကောင်းတောင်းပေးနေကြစဉ် လူတိုင်းက ရှန်းထင်ရွှမ်းကို စင်ပေါ်တွင် အသီးအမြောက်အမြား ထပ်တင်ပေးဦးမလားဟု မေးမြန်းနေကြသည်။ သို့သော်လည်း လူတိုင်း၏ မျှော်လင့်ချက်က ဤအချိန်တွင် ဖြစ်မလာခဲ့ပေ။
...
မင်္ဂလာပွဲအတွက် ရှန်းထင်ရွှမ်းက ကုယွမ်၊ လီရှောင်းရူ၊ လုအန်းအန်းနှင့် လျိုကျင်းတို့ သတို့သမီးအရံလေးယောက်ကို ရှာတွေ့ခဲ့သည်။ ချင်ယွဲ့ကျီတွင်လည်း အကောင်းဆုံး သတို့သားအရံ လေးယောက်ရှိပေသည်။ သူတို့က ပိုင်ဟောက်၊ ကန်းချန်းယွင်၊ အိုက်မင်နှင့် ရှောင်းယွီတို့ ဖြစ်သည်။ ဤလူများက သူတို့နှစ်ယောက်ကြားရှိ အချစ်ဇာတ်လမ်း၏ သက်သေများအဖြစ် သတ်မှတ်နိုင်ပေသည်။
မင်္ဂလာပွဲမတိုင်ခင် နေ့တွင် ကုယွမ်က သတို့သမီးအရံများကို ခြံဝန်းဆီသို့ လာခိုင်းပြီး သူတို့က ညတစ်နာရီထိတိုင် အိပ်ရာမဝင်ခဲ့ကြချေ။
မနက်လေးနာရီ၌ ရှန်းထင်ရွှမ်းက နှိုးစက်ကြောင့် နိုးလာခဲ့သည်။
ကုယွမ်က မျက်လုံးများကို ပွတ်သပ်လိုက်သည်။ “ငါတို့ ထပ်အိပ်လို့မရတော့ဘူး၊ မိတ်ကပ်ဆရာ မကြာခင် ရောက်တော့မယ်”
လျိုကျင်းနှင့် တခြားလူများက အိပ်ရာမှ လျင်မြန်စွာ ထလိုက်ကြသည်။
ရှန်းထင်ရွှမ်းက ပုံမှန် မနက် ငါးနာရီထနေကြဖြစ်သည်။ ထို့ကြောင့် အိပ်ရာထရန် သူမအတွက် မခက်ခဲပေ။
ကုယွမ်နှင့် တခြားလူများက မနေ့က အိပ်ရာဝင်တာ နောက်ကျပေသည်။ ၎င်းက တကယ့်ကို အတော်လေး ခက်ခဲ့ပေသည်။ သို့သော် ယနေ့က ရှန်းထင်ရွှမ်း၏ မင်္လာပွဲကြီးဖြစ်သည့်အကြောင်းကို တွေးမိပြီး သူတို့က အိပ်ရာထရန် မငြင်းဆန်ကြတော့ပေ။
မိတ်ကပ်ပညာရှင်က ရှင်းယွမ်ရှန်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ရှန်းထင်ရွှမ်းက ခုံတစ်လုံးတွင် ထိုင်နေခဲ့ပြီး သူမကို မိတ်ကပ်လိမ်းစေခဲ့သည်။
“အရင်ဆုံး နှုတ်ခမ်းနီအများကြီး မဆိုးနဲ့ဦးနော် “ ကုယွမ်က ရှန်းထင်ရွှမ်းအတွက် မနက်စာလုပ်ပေးရန် အိမ်မှ ခေါ်လာသည့် စားဖိုမှူး ရောက်လာခဲ့သည်။ “ငါ ကြက်သွန်မြိတ်ခေါက်ဆွဲချက်ထားတယ်၊ ဒါပေမဲ့ အကုန်လုံး မစားနဲ့နော်၊ မဟုတ်ရင် နင် ဗိုက်ပွနေမယ် “
ရလဒ်အနေဖြင့် ရှန်းထင်ရွှမ်းက ၎င်းကို အကုန်လုံးစားလိုက်သည်။ ၎င်းက အရသာရှိပြီး သူမက ဖြုန်းတီးခြင်းကို မုန်းပေသည်။
ကုယွမ်က ရှန်းထင်ရွှမ်း၏ အကျင့်ကို သိသောကြောင့် သူမက အများကြီး မပြောခဲ့ပေ။ “အခု နင် နှုတ်ခမ်းနီဆိုးလို့ရပြီ”
ရှန်းထင်ရွှမ်းက မင်္ဂလာဝတ်စုံကို လဲပြီးနောက် ခုတင်ပေါ်တွင် ထိုင်နေခဲ့သည်။ လူတိုင်းက အဖွဲ့လိုက် ဓာတ်ပုံရိုက်ရန် ရောက်လာကြသည်။
မကြာမီ ရှန်းထင်ရွှမ်းက တစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ယနေ့တွင် လက်ထပ်မည့်သူက သူမ ဖြစ်သည်မှာ ထင်ရှားပေသည်။ သို့သော် သူမဘေးရှိလူများက သူမထက် ပိုပြီးစိတ်လှုပ်ရှားနေကြပုံ ပေါ်ပေသည်။
ကုယွမ်က ပြတင်းပေါက်အပြင်ကို လှမ်းကြည့်ကာ လှည့်ပတ်သွားလာနေခဲ့သည်။ လုအန်းအန်းနှင့် လီရှောင်းရူက ဖိနပ်များ ဖွက်ထားမည့်နေရာကို ခဏခဏ စဉ်းစားနေခဲ့ပြီး လျိုကျင်းက အင်တာနက်တွင် တစ်ခုခုကို ရှာဖွေနေခဲ့သည်။
သူမက ဘယ်လောက်ကြာသွားပြီလဲ မသိချေ။ သို့သော် ရှန်းထင်ရွှမ်းက ကုယွမ်၏ အော်သံကို ကြားလိုက်ရသည်။ “ကားလာပြီဟေ့”
လုအန်းအန်းနှင့် လီရှောင်းရူက ပိုပြီးတောင် စိတ်လှုပ်ရှားလာကြပြီး တဖန် တံခါးနားသို့ ကပ်သွားကာ ရှန်းထင်ရွှမ်း၏ ဖိနပ်များကို ဖွက်လိုက်ကြသည်။ ဖေးလွေ့နှင့် တခြားလူများက ခြံဝန်းထဲရှိ ပထမတံခါးဘေးတွင် မတ်တတ်ရပ်ပြီးနေကြပြီဖြစ်သည်။
ချင်ယွဲ့ကျီက ရောက်လာပြီး တံခါးခေါက်လိုက်သည်။ ဖေးလွေ့က တန်းပြောလိုက်သည်။ “စိတ်ရင်းနဲ့ ဒီကို ရောက်လာပါပြီ”
ချက်ချင်းပင် ဖေးလွေ့က ကောင်းကင်မှ စာအိတ်နီဘယ်လောက်များများ ကျလာခဲ့လဲ မသိခဲ့ပေ။ ဖေးမိသားစုအနေဖြင့် ငွေပြတ်လပ်မှုမရှိပေ။ ထို့ကြောင့် ဤစာအိတ်နီများက သူဖြတ်မသွားနိုင်အောင်လုပ်ထားသည်မှာ သိသာထင်ရှားပေသည်။
တံခါးပြင်ဘက်တွင် ရှိနေသည့် ချင်ယွဲ့ကျီ။ “မင်း ကုမ္ပဏီက ငါတို့ ထင်ရွှမ်းနဲ့ စာချုပ်သက်တမ်း ကုန်တော့မယ်လို့ ငါကြားတယ်”
မကြာသေးမီက ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းကို မင်္ဂလာပွဲအတွက် ပြင်ဆင်ရန် နေရာတိုင်းကို ခေါ်သွားခဲ့သည်။ ထို့ကြောင့် ဖေးမိသားစုက ရှန်းထင်ရွှမ်းကို စာချုပ်အကြောင်းပြောရန် အချိန်မရှိခဲ့ပေ။ ယခင်က စာချုပ်သည် သုံးနှစ်အတွက်သာ လက်မှတ်ထိုးထားခဲ့သည်။ ဤနှစ်က သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။ ထို့ကြောင့် ဖေးလွေ့က ချင်ယွဲ့ကျီ၏ စကားများကို ကြားသောအခါ သူက နာခံစွာဖြင့် တံခါးဖွင့်ပေးလိုက်သည်။
ထိုဖေးလွေ့က တုံးအကြောင်း ကုယွမ်က တိတ်တဆိတ် ပြောလိုက်သည်။ ချင်ယွဲ့ကျီကို သိသည့်သူတိုင်းက သူသည် ရှန်းထင်ရွှမ်းအပေါ် ဘယ်တော့မှ တင်စီးလိမ့်မည်မဟုတ်ဘူးဆိုတာ သိကြပေသည်။ ချင်ယွဲ့ကျီပြောသည်က ခြိမ်းခြောက်ချင်ရုံသာဖြစ်သည်။ သို့သော် အသုံးမဝင်တော့ချေ။
ချင်ယွဲ့ကျီက အိပ်ခန်းအပြင်သို့ ရောက်နေပြီဖြစ်သည်။
ကုယွမ်က တံခါးပေါ်မှီလိုက်သည်။ “နင် တံခါးကို ဖွင့်ချင်ရင် ငါတို့ မေးခွန်းသုံးခုကို ဖြေရမယ်”
“ကောင်းပြီ” ချင်ယွဲ့ကျီက တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း သူ့အင်္ကျီလက်အတွင်းရှိ အနည်းငယ် တုန်ယင်နေသော လက်များက သူ့ကို သစ္စာဖောက်နေကြသည်။ သူက ရှန်းထင်ရွှမ်းကို လက်ထပ်ရတော့မည် ဖြစ်ပြီး ချင်ယွဲ့ကျီက အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။
ကုယွမ်။ “ပထမဆုံးမေးခွန်းက ရှန်းထင်ရွှမ်းအကြိုက်ဆုံးနဲ့ အမုန်းဆုံးက ဘာလဲ”
ချင်ယွဲ့ကျီက ပြုံးကာ ပြောလိုက်သည်။ “အားရွှမ်းက အရိပ်တွေကို ကြိုက်တယ်၊ သူမက နေအရမ်းပူတဲ့နေရာတွေကို မကြိုက်ဘူး, သူမက အစားအစာအကုန်လုံးကို ကြိုက်တယ်၊ ဒါပေမဲ့ ဖြုန်းတီးတာကို မုန်းတယ်၊ သူမက ရုပ်ရှင်တွေ ကြည့်ရတာကို ကြိုက်တယ်၊ ဒါပေမဲ့ အဓိပ္ပာယ်မရှိတဲ့ရုပ်ရှင်ကားတွေကို မုန်းတယ်” ချင်ယွဲ့ကျီက မေးခွန်းတစ်ခုကို ဆယ်မိနစ်ကျော် ဖြေခဲ့သည်။
လီရှောင်းရူနှင့် လုအန်းအန်းက အလွန်အမင်း အံ့အားသင့်သွားကြသည်။ ချင်ယွဲ့ကျီ ပြောသည့် အရာများစွာက သူတို့တောင် မသိကြချေ။ ဤအရာက ရှန်းထင်ရွှမ်းအပေါ် ချင်ယွဲ့ကျီ၏ အချစ် ဖြစ်ရပေမည်။
သူမ မေးခွန်းက ပေါ့တန်တန်နိုင်သည်ကို ကုယွမ်က သိပေသည်။ ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းကို ချစ်မြတ်နိုးပေသည်။ သဘာဝကျစွာပင် သူက ဤအရာများကို သိပေသည်။ ထို့ကြောင့် ကုယွမ်က ဒုတိယမေးခွန်းကို စဉ်းစားရန် လိုအပ်လာပြီဖြစ်သည်။ “နင်တို့ တစ်ယောက်ကို တစ်ယောက် ပထမဆုံးပြောခဲ့တဲ့ စကားက ဘာလဲ”
သူတို့ ပထမဆုံး တွေ့ဆုံခဲ့သည့်အချိန်က နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ ချင်ယွဲ့ကျီက သေချာပေါက် မမှတ်မိနိုင်ချေ။
တံခါးအပြင်ဘက်တွင် ချင်ယွဲ့ကျီက ပြုံးနေခဲ့သည်။ ယခုအချိန်၌ သူသည် အကြိမ်ပေါင်းများစွာ ပြန်လည် စဉ်းစားခဲ့သည်။ သူက ရှန်းထင်ရွှမ်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့်အချိန်က သူ အိပ်ရာနိုးလာရုံရှိသေးသည်။ ရှန်းထင်ရွှမ်းက သူ့ကို ကြည့်နေခဲ့သည်။ လူများစွာက သူ့ကို ဤကဲ့သို့ စိုက်ကြည့်လေ့ရှိပေသည်။ သို့သော် ရှန်းထင်ရွှမ်း၏ အကြည့်က ခြားနားပေသည်။ ထိုကဲ့သို့ စူးရှက်ထက်မြက်သည့် မျက်ဝန်းများကို မြင်ဖူးသည်မှာ ချင်ယွဲ့ကျီအတွက် ပထမဆုံး အကြိမ် ဖြစ်သည်။ ထို့ကြောင့် ချင်ယွဲ့ကျီက ထိုအချိန်၌ သတိပေးသလို ချောင်းဟန့်ခဲ့သည်။ သို့သော် ရှန်းထင်ရွှမ်းက သူ့တွင် အဆုတ်ပြဿနာရှိသည်ဟု မှားယွင်းစွာ ထင်သွားခဲ့သည်။
သူချောင်းဆိုးပြီးနောက် ရှန်းထင်ရွှမ်း ပြောသည့် ပထမဆုံး စကားက ‘ရှင့်အဆုတ်က မနေ့တုန်းက အဆင်ပြေပါတယ်’ ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းက ဤအရာကို ပြောခဲ့သည်။ သူနှင့် ယောင်ရွာမှ လူများကလွဲ၍ တခြားလူများသည် ရှန်းထင်ရွှမ်းက လူတွေကို ကယ်နိုင်ကြောင်း မသိကြချေ။
ကုယွမ်နှင့် တခြားသူများက စူးစမ်းနေကြသော်လည်း ချင်ယွဲ့ကျီက ထပ်ရှင်းမပြခဲ့ချေ။ သို့သော် ပြောလိုက်သည်။ “ပထမဆုံးစကားက ကျေးဇူးတင်ပါတယ် လို့ ပြောခဲ့တာ “
ဤအရာကို ကုယွမ်က နားလည်နိုင်ပေသည်။ ဆိုရလျှင် ထိုအချိန်တုန်းက ချင်ယွဲ့ကျီသည် ရှင်းယွမ်ရှန်တွင် ကားမတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ရှန်းထင်ရွှမ်းက သူ့ကို ကယ်တင်ခဲ့သည့်သူဖြစ်သည်။
“ဘယ်လိုလုပ်မလဲ၊ နင် သူ့ကို မြန်မြန် ဝင်ခွင့်ပြုချင်နေတာလား” လီရှောင်းရူက မေးလိုက်သည်။ ချင်ယွဲ့ကျီက မေးခွန်းနှစ်ခုကို တစ်ထိုင်တည်း ဖြေခဲ့သည်။
“နောက်မေးခွန်းက ဘာလဲ” ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းနှင့် ပတ်သက်သည့် မည်သည့်ပြဿနာကိုမှ မဖြေရှင်းနိုင်မည့်သူ မဟုတ်ဟု ကုယွမ်က ခံစားမိပေသည်။
လုအန်းအန်းက ပြောလိုက်သည်။ “မင်းကို ချစ်တယ်ဆိုတဲ့ စကားပါတဲ့ သီချင်းဆယ်ပုဒ်ဆိုပြ”
လီရှောင်းရူက လက်မထောင်ပြလိုက်သည်။ ၎င်းက အနည်းငယ် ခက်ခဲပေမည်။
ကုယွမ်က ထိုအကြောင်းကို စဉ်းစားလိုက်ပြီး မခက်ခဲလောက်ဘူးဟု ခံစားမိပေသည်။
သေချာပေသည်။ ချင်ယွဲ့ကျီ၏ အသံက မကြာမီ ပျံ့လွင့်လာခဲ့သည်။ “မင်းကို ချစ်တယ်၊ မသွားဝံ့တဲ့ မသိနိုင်တဲ့ကံတရား ... “
အခန်းထဲရှိ ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီ၏ အချစ်ကို သီချင်းစာသားမှတစ်ဆင့် ခံစားမိပေသည်။ “ကိုယ် မင်းကို ချစ်ခဲ့တာ နှစ်ရက် သုံးရက် မကခဲ့ပါဘူး ... “
…
အခန်း (၇၅) (ခ)
ချင်ယွဲ့ကျီက သီချင်းဆယ်ပုဒ်လုံးကို မရပ်မနား သီဆိုခဲ့သည်။
အပြင်ရှိလူများက အော်ဟစ်ကြသည်။ “တံခါးဖွင့်၊ တံခါးဖွင့် “
တံခါးက ပွင့်သွားခဲ့ပြီး ချင်ယွဲ့ကျီက အခန်းထဲမှ ရှန်းထင်ရွှမ်းကို ကြည့်လိုက်သည်။ သူမမျက်လုံးများက ကြည်နူးမှုများဖြင့် ပြည့်နေခဲ့သည်။
ဖိနပ်များကို ရှာဖွေခြင်းက ပိုင်ဟောက်နှင့် တခြားလူများအတွက် ပြဿနာကြီး တစ်ရပ်မဟုတ်ပေ။ သူတို့တက်ရောက်ခဲ့တဲ့ မင်္ဂလာဆောင် ဘယ်လောက်များလဲ စဉ်းစားကြည့်ပါဦး။ တစ်မိနစ် မပြည့်ခင်မှာပဲ ဖိနပ်နှစ်ဖက်လုံးကို ရှာတွေ့သွားခဲ့သည်။ ရှန်းထင်ရွှမ်းတွင် အစ်ကိုကြီးမရှိပေ။ ထို့ကြောင့် သတို့သမီးကို ကားအတွင်းသို့ ခေါ်သည့်သူက ချင်ယွဲ့ကျီဖြစ်ခဲ့သည်။
ခြံဝန်းအပြင်ဘက်တွင် Lincoln ကားအတန်းလိုက်ကို ရပ်ထားခဲ့သည်။ ဖေးလွေ့က ချင်ယွဲ့ကျီ အလွန်အင်အားကြီးကြောင်း တွေးမိကာ တံတွေးမျိုချလိုက်သည်။
သတို့သမီးနှင့် သတို့သားက ကားထဲသို့ ဝင်ပြီးနောက် သူတို့က ဧည့်ခံပွဲတည်နေရာသို့ သွားရန် အဆင်သင့် ဖြစ်နေကြသည်။ ကားက တောင်ခြေသို့ရောက်သောအခါ လမ်းဘေးတွင် မတ်တတ်ရပ်နေကြသည့် ရွာသားများနှင့်အတူ ယောင်တာ့ကျူကို တွေ့သွားခဲ့သည်။
တောင်ပေါ်မှ ရှင်းထင်ရွှမ်း ဆင်းလာသည်ကို မြင်သောအခါ သူတို့က လက်များကို ဝှေ့ယမ်းလိုက်ကြသည်။ “အားရွှမ်း အိုအောင်မင်းအောင် ပေါင်းရပါစေလို့ ဆုတောင်းပေးပါတယ်”
“ပျော်ရွှင်စရာ မင်္ဂလာပွဲဖြစ်ပါစေ”
“ထာဝရ ပျော်ရွှင်ရပါစေ”
...
ရွာသားများက ရှန်းထင်ရွှမ်းကို ဆုမွန်ကောင်းတောင်းပေးကြပြီး ရှန်းထင်ရွှမ်းကို ထာဝရပျော်ရွှင်စေရန် မျှော်လင့်ကြပေသည်။
လွန်ခဲ့သည့် သုံးနှစ်က သူတို့သည် ရှန်းထင်ရွှမ်း၏ ပျိုးပင်များကို လက်ခံရရှိခဲ့ပြီး သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို စတင်စိုက်ပျိုးခဲ့ကြသည်။ ဤနှစ်တွင် သူတို့က အထွက်နှုန်းပိုပိုတိုးလာမည်ဟု မထင်ထားခဲ့ကြပေ။ အွန်လိုင်းရောင်းချမှုကလည်း ကောင်းမွန်ပေသည်။
ရွာထဲရှိ မိသားစုတိုင်းက ကောင်းမွန်သော ဘဝတွင် ရှင်သန်နေထိုင်နိုင်ကြပြီဖြစ်သည်။
သိပ်မကြာသေးခင်က ရွာ၏ လမ်းမသည် ရှစ်လမ်းသွားထိ ကျယ်သွားခဲ့သည်။ ဤအရာက ရှန်းထင်ရွှမ်းကြောင့်ဆိုတာ လူတိုင်းက သိကြပေသည်။ ယခု ရှန်းထင်ရွှမ်းက လက်ထပ်သောအခါ လူတိုင်းက ရောက်လာကြသည်။
“အားရွှမ်း၊ မကြာမကြာ ပြန်လာနော်၊ ငါတို့တွေက နင့်ဇာတိက မိသားစုတွေပဲ “
“ဟုတ်တယ်၊ ယောင်ရွာက မင်းဇာတိ မိသားစု အမြဲတမ်း ဖြစ်နေမှာ”
ကုယွမ်နှင့် တခြားသူများကလည်း ဤမြင်ကွင်းကို မြင်ကြပေသည်။
“ဒါက သိပ်ကြည်နူးဖို့ကောင်းတာပဲ”
“ဟုတ်တယ်၊ လူတွေအများကြီးက ထင်ရွှမ်းကို ချစ်ကြတာပဲ”
...
ကားက ထွက်သွားပြီးနောက် ရှောင်ဖုန်း၏ အမေက ပြောလိုက်သည်။ “ဘာတွေ ကြီးမြတ်နေလို့လဲ၊ သရုပ်ဆောင်မင်းသားတစ်ယောက်ပဲ မဟုတ်ဘူးလား “
ဘေးရှိ အမျိုးသမီးက မနှစ်မြို့သည့်အကြည့်ဖြင့် ပြောလိုက်သည်။
“သတို့သားက ချင်မိသားစု ခေါင်းဆောင်လေ၊ သရုပ်ဆောင်အလုပ်က အချိန်ပိုင်းအလုပ်ပဲလေ “
စကားပြောပြီးနောက် သူက ရှောင်ဖုန်းမိခင်၏ အမူအရာကို ကြည့်ကာ ရပ်လိုက်ပြီး အဝေးသို့ ထွက်သွားတော့သည်။
...
ကားက ဟိုတယ်သို့ ရောက်သောအခါ ဧည့်သည်များက နှုတ်ဆက်လာကြသည်။ မင်္ဂလာပွဲသို့ ရောက်လာကြသည့် လူများက သတို့သားနှင့် သတို့သမီး၏ မိတ်ဆွေကောင်းများ ဖြစ်ကြသည်။ ထို့ကြောင့် လူအများကြီး မရှိပေ။ မင်္ဂလာခန်းမကို သေချာ အလှဆင်ထားပေသည်။ အရာရာတိုင်းက ခမ်းနားထည်ဝါပြီး လှပပေသည်။
ရှန်းထင်ရွှမ်းတွင် အဖေမရှိပေ။ ရှန်းထျန်းသဲကို ရှန်းထင်ရွှမ်းက အဖေတစ်ယောက်အဖြစ် မသတ်မှတ်ပေ။ ထို့ကြောင့် အခမ်းအနားမှူးနှင့် ဆွေးနွေးပြီးနောက် ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီဆီသို့ တစ်ယောက်ထဲ လျှောက်လာခဲ့သည်။
ရှန်းထင်ရွှမ်းက နှစ်လှမ်းခန့် လှမ်းပြီးနောက် ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းဆီသို့ ပြေးလာခဲ့သည်။
မင်းက ခြေလှမ်းနှစ်လှမ်းပဲ လှမ်းပါ။ ကိုယ်က မင်းဆီ ပြေးလာပါ့မယ်။
...
ကုယွမ်၏အခန်း
“ကုယွမ်၊ ငါ့ကို ပြော၊ နင့်အသက်ဘယ်လောက်ရှိပြီလဲ၊ နင့်မှာ ရည်းစားတစ်ယောက်တောင် မရှိဘူး၊ အိမ်နီးချင်းမိသားစုရဲ့ သမီးတောင် နင့်ထက်ငယ်ပေမဲ့ သူ့ကလေးက အလယ်တန်းကျောင်း တက်နေပြီ“
ကုယွမ်က သက်ပြင်းချလိုက်သည်။ သူမတစ်ယောက်တည်း ဖြစ်နေသရွေ့ လက်ထပ်ရန် တိုက်တွန်းမှုများက အမြဲတမ်း အတောမသတ်နိုင်သော စကားများ ဖြစ်နေပေလိမ့်မည်။ “အမေ၊ သမီးကို အဲ့လောက်တောင် မုန်းနေတာလား၊ အမေက သမီးကို အရမ်းကို တွန်းလွှတ်ချင်နေတာပဲ”
“ငါ နင့်ကို မုန်းနေတာ မဟုတ်ဘူး၊ ဒါပေမဲ့ နင်က အရွယ်ရောက်နေပြီလေ၊ အခု ယောက်ျားတစ်ယောက်ကို ပြန်ခေါ်လာလို့ရနေပြီ”
ကုယွမ်က သက်ပြင်းချလိုက်သည်။ သူမ၏ မိခင်က သူမကို မနှစ်သက်နေဆဲဖြစ်သည်။
ထိုညက ကုယွမ်သည် ကုအိမ်မှ ထွက်သွားခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူမက ငွေအမြောက်အများ ရှာခဲ့ပြီး အိမ်တစ်လုံးကို ဝယ်ခဲ့သည်။
ကုယွမ်က ကုအိမ်မှ ထွက်သွားသည်ကို သူမအေးဂျင့်က ကြားပြီးနောက် သူမဆီ အပြေးအလွှား ရောက်လာခဲ့သည်။ “ဘာဖြစ်လို့လဲ”
ကုယွမ်က ဝိုင်ပုလင်းများ ခြံရံလျက် ရှိနေပြီး ပြောလိုက်သည်။ “အိမ်က လက်ထပ်ဖို့ တိုက်တွန်းနေတာ အတောမသတ်နိုင်တော့ဘူး၊ တစ်ခါတစ်လေ ငါတွေးမိတယ်၊ ငါက လက်ထပ်ဖို့ တစ်ယောက်ယောက်ကို ကျပန်းရွေးချယ်လိုက်ရမလားလို့ “
“မရဘူး” အေးဂျင့်က အော်လိုက်သည်။ ကုယွမ်က သံသယဖြင့် ကြည့်လိုက်သည်။
အေးဂျင့်က ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ “မင်း၊ မင်း အခု ... “ သူမ၏ လမ်းကြောင်းက မြင့်တက်နေဆဲဖြစ်ပြီး သူက မပြောနိုင်ခဲ့ချေ။ ကုယွမ်၏ လမ်းကြောင်းက နှစ်ပေါင်းများစွာကြာ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ သူမက ငယ်သေးတယ်လို့ ပြောတာလား။ ဟာသပဲ။ သူမက အသက် သုံးဆယ်နားနီးနေပြီလေ။
ကုယွမ်က ဝိုင်ကို တစ်ငုံသောက်လိုက်ပြီး ဆက်မေးလိုက်သည်။ “ငါက ဘာလို့ မလုပ်ရမှာလဲ”
အေးဂျင့်က အကြောင်းပြချက်တစ်ခုကို မတွေးနိုင်ခဲ့ပေ။ သူက စိတ်ဓာတ်ကျနေခဲ့သည်။ “ငါ ငါ ငါ မင်းကို လက်ထပ်ချင်တာကြောင့် “
ကုယွမ်။ “အိုး နင် လက်ထပ်ချင်တာလား”
ကုယွမ်က အစကတည်းက ကုမိသားစု၏ အရင်းအမြစ်များနှင့် အနုပညာလောကသို့ ဝင်ရောက်ခဲ့သည်။ သို့သော် သူမကလည်း အကောင်းဆုံး ကြိုးစားအားထုတ်ခဲ့သည်။ အေးဂျင့်က ဤအားထုတ်မှုကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ပေသည်။ ထို့ကြောင့် သူက သူမကို စောင့်ရှောက်ခဲ့သည်။ အေးဂျင့်တစ်ယောက်အနေဖြင့် ကုယွမ်က သူ့နှလုံးသားထဲတွင် မည်သူမှ ထိလို့မရသည့် နတ်သမီးတစ်ပါးဖြစ်သည်။
ယနေ့ ကုယွမ်က တစ်စုံတစ်ယောက်ကို ကျပန်းလက်ထပ်မည်ဟု ပြောလာသောအခါ အေးဂျင့်က ထိတ်လန့်သွားခဲ့သည်။ “ဟုတ်တယ်၊ ကုယွမ်၊ ကိုယ် မင်းကို ကြိုက်တယ်”
ကုယွမ်၏ မျက်လုံးထဲမှ မရိုးသားသည့်အရိပ်တစ်ခုက ဖျတ်ခနဲ ပေါ်သွားခဲ့သည်။ “ကောင်းပြီလေ၊ ဒါဆို သဘောတူရတာပေါ့”
အေးဂျင့်က တကယ့်ဘဝတွင် ကုယွမ်ကို လက်ထပ်ရန် ဖြစ်နိုင်လိမ့်မည်ဟု အိပ်မက်တောင် မမက်ခဲ့ဖူးချေ။
နောက်ပြီး ကုယွမ်၏ မိဘများက ကုယွမ် တကယ်ပဲ လက်ထပ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြချေ။ တစ်ဖက်လူက သူမဘေးတွင် အမြဲတမ်းရှိနေသည့် တစ်ယောက်တောင် ဖြစ်နေသေးသည်။
ကုယွမ်၏ ဖိတ်စာကို လက်ခံရရှိသောအခါ ရှန်းထင်ရွှမ်းက ပြောလိုက်သည်။ “သူမ နောက်ဆုံးတော့ သူမဆန္ဒတွေ ပြည့်သွားပြီ”
ရှန်းထင်ရွှမ်းနှင့် ချင်ယွဲ့ကျီတို့ လက်ထပ်သည့် ညတွင် ကုယွမ်က သူမ လူတစ်ယောက်ကို ခုနစ်နှစ်နီးပါး ကြိုက်ခဲ့သည်ဟု ပြောခဲ့သည်။ သို့သော် တစ်ဖက်လူက မသိခဲ့ပေ။
လောကတွင် အကောင်းဆုံးအရာက မိမိနှစ်သက်သည့်သူက မိမိကို နှစ်သက်နေခြင်း ဖြစ်သည်။
...
ဖေးလွေ့နှင့် လုအန်းအန်း
ဖေးလွေ့က တစ်နေ့တွင် လက်ထပ်ရန် တွန်းအားပေးခံရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပေ။ သူက blind date များ မရေမတွက်နိုင်အောင် တွေ့ခဲ့သည်။ သို့သော် သူက အကြိုက်မတွေ့ခဲ့ပေ။ ဤနေ့တွင် မိသားစုက blind date တစ်ခုကို စီစဉ်ထားပြန်သည်။ သူက တကယ့်ကို ခေါင်းကိုက်နေရပေသည်။
သူ့ရှေ့ရှိ မိန်းကလေးက သူ့ကို စိတ်မဝင်စားကြောင်း သူလည်း သိပေသည်။
ဖေးလွေ့က အိပ်ရာထလိုက်ပြီး ရေချိုးခန်းထဲသို့ သွားလိုက်ကာ အမူးပြေနေပြီဖြစ်သော်လည်း လုအန်းအန်းက အိမ်သာထဲမှ ထွက်လာခဲ့သည်။ “မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ”
လုအန်းအန်း။ “အိမ်ကလူတွေ blind date တွေ့ခိုင်းလို့”
ဖေးလွေ့က နားလည်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ “မင်း သောက်ချင်လား”
လုအန်းအန်း။ “သောက်မယ်”
နှစ်ယောက်သားက မကြာခဏ အပြင်ထွက်ကာ ပျော်ပါးလေ့ရှိသော်လည်း သူတို့က တခြားသူငယ်ချင်းများနှင့် အတူရှိနေခဲ့သည်။ ယခုက သူတို့နှစ်ယောက်တည်း အပြင်ထွက်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။ သူတို့က မသက်မသာ ခံစားနေရတာဖြစ်နိုင်ပေသည်။ ထို့ကြောင့် သူတို့က အတော်လေး သောက်ခဲ့ကြပြီး ရလဒ်အနေဖြင့် မထိန်းနိုင်ကြတော့ချေ။ အချိန်အတော်ကြာသည့်တိုင် ဖော်ပြရန် မဖြစ်နိုင်ခဲ့ပေ။
ဖေးလွေ့က ပြောလိုက်သည်။ “ဒါဆို လက်ထပ်ကြမလား”
လုအန်းအန်းက ခဏလောက် တိတ်ဆိတ်နေခဲ့သည်။ “ကောင်းပြီ”
(ဘာသာပြန်သူမှတ်စု။ ဘာဖြစ်သွားလဲဆိုတာ မင်းတို့ စိတ်ကူးယဉ်ကြည့်လို့ရတယ်နော်။ :P)
ဖေးမိသားစုနှင့် လုမိသားစုက သတင်းကို ကြားသောအခါ သူတို့က မီးရှူးမီးပန်းများကို ပစ်ဖောက်လုနီးပါး ပျော်ရွှင်နေခဲ့ကြသည်။ သူတို့က တစ်ခါတည်းဖြင့် မိသားစု ပြဿနာများကို ဖြေရှင်းခဲ့သည်။ မိသားစုနှစ်စုက ရင်းနှီးကြပြီး သူတို့က တစ်ဦး၏ ဇာစ်မြစ်ကို တစ်ဦး သိကြပြီး သူတို့ကလေးများက မျက်စိအောက်တွင် ကြီးပြင်းလာကြသည်။ လက်ထပ်ခြင်းက အကောင်းဆုံးအရာဖြစ်သည်။
ဖေးလွေ့နှင့် လုအန်းအန်းတို့၏ လက်ထပ်ပွဲနေ့တွင် ဖေးမိသားစုလက်အောက်ရှိ အရောင်းပစ္စည်းများအားလုံးကို တစ်ဝက်စျေးဖြင့် စျေးလျှော့ရောင်းချခဲ့သည်။ စူပါမော၏ သစ်သီးများတောင် တစ်ဝက်စျေးဖြင့် ရရှိခဲ့သည်။
လူများအားလုံးက ရှန်းထင်ရွှမ်းနှင့် ချင်ယွဲ့ကျီတို့ သူတို့၏ ဆက်ဆံရေးကို အတည်ပြုပြီးနောက် ထိုမနက်ကို မနာလိုဖြစ်နေကြသေးသော်လည်း အလွန်ပျော်ရွှင်နေကြသည်။ ထိုအချိန်က ရှန်းထင်ရွှမ်းသည် သူမ၏ ရတနာဆိုင်တွင် သစ်သီး ကတ်တီ ၉၉၉၉ သန်းကို တင်ထားပေးခဲ့ပေသည်။
လီရှောင်းရူက မင်္ဂလာပွဲတက်လာသောအခါ သူမက ပြောလိုက်သည်။ “ဒါက ငါ သတို့သမီးအရံလုပ်တာ ဒုတိယမြောက်အကြိမ် ဖြစ်မယ်နော်၊ သုံးကြိမ်မြောက်ဆိုရင် ငါ လက်ထပ်နိုင်တော့မှာ မဟုတ်ဘူး”
“ကောင်းပြီ၊ နင် ဂရုမစိုက်ဘူးလို့ ငါထင်ပါတယ် “ လုအန်းအန်းက ပြောလိုက်သည်။
“ဟားဟား အရမ်းရိုးသားမနေပါနဲ့ “ လီရှောင်းရူက အိမ်ထောင်ရေးကို မယုံကြည်သည့်သူ ဖြစ်သည်။ ယောက်ျားတွေက ဘာကောင်းလို့လဲ။ တစ်ယောက်တည်းနေတာ မကောင်းဘူးလား။ ကိုယ် သွားချင်တဲ့နေရာကို သွားလို့ရတယ်။ ကိုယ်လုပ်ချင်တာ လုပ်လို့ ရတယ်။ ဘာလို့ ယောက်ျားတစ်ယောက်ကို လိုနေဦးမှာလဲ။ ကိုယ့်ကိုကိုယ် ဒေါသထွက်ဖို့လား။
...
ရှောင်ဖုန်း၏ အခန်း
ရှောင်ဖုန်းက တောင်ပိုင်းသို့ ထွက်သွားပြီးကတည်းက သူက တခြားကိုယ်ပိုင် မီဒီယာတစ်ခုတွင် အလုပ်လုပ်ရန် စတင်ခဲ့သည်။ ကင်မရာကိုတော့ ရှောင်ဖုန်းက ထပ်မထိတော့ချေ။
“လူအိုရှောင်း၊ ဓာတ်ပုံဆရာ ရှာရတာ ပိုပိုခက်လာတာပဲ၊ လစာက တစ်လကို ယွမ်တစ်သောင်း တိုးပေးပေမဲ့ လူတွေက မလာချင်ကြဘူး”
ရှောင်ဖုန်းက ဤအရာကို ကြားသောအခါ သူက အများကြီး မပြောခဲ့ပေ။ သူ၏ လုပ်ဖော်ကိုင်ဖက်က ဤအရာကို ကျင့်သားရနေပြီဖြစ်သည်။ “ရိုးရိုးသားသားပြောရရင် ငါ့အထင်အရ အလှဆုံးဓာတ်ပုံက ဘယ်ပုံလဲ မင်းသိလား” လုပ်ဖော်ကိုင်ဖက်က ရှောင်ဖုန်း ဖြေလိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သည်။
“ဘယ်ပုံလဲ”
ရှောင်ဖုန်း၏ အဖြေကို ကြားသောအခါ လုပ်ဖော်ကိုင်ဖက်က ပျော်ရွှင်စွာဖြင့် သူ့ဖုန်းကို ထုတ်ကာ ၎င်းကို ပြလိုက်သည်။ “အစ်ကို၊ ငါ မင်းကို ဖုန်းကောလမ်းဘေးဓာတ်ပုံပညာဆိုတဲ့ တစ်ယောက်ကို ပြမယ်၊ သူက တကယ့်လူပဲ၊ အဲ့ဒီနှစ်က ပုံတစ်ပုံကြောင့် ငါ သူ့ကို follow လုပ်ခဲ့တာ၊ ဒါပေမဲ့ ကံမကောင်းခဲ့ဘူး၊ သူက အခု အွန်လိုင်းပေါ် ဘယ်တော့မှ ထပ်ပေါ်မလာတော့ဘူး”
လုပ်ဖော်ကိုင်ဖက်က ရှောင်ဖုန်း၏ အမူအရာကို သတိမပြုမိခဲ့ဘဲ ဆက်ပြောလိုက်သည်။ “အားရွှမ်းရဲ့ ပရိသတ်တွေက သူ့ကို ခဏခဏ ထုတ်ပြောနေတာ မင်းမသိလို့နော်၊ အားရွှမ်းက အထင်လွဲခံရတဲ့အချိန်တုန်းက ချင်ယွဲ့ကျီအပြင် ဖုန်းကောကလည်း သူမအတွက် စကားကူပြောပေးခဲ့တာ၊ ဒီလောက် နှစ်တွေအကြာကြီးတဲ့နောက်မှာ သူ အခု ဘာတွေလုပ်နေလဲ မသိဘူး”
“ငါ ပြောပြမယ်၊ ဒီပုံက လူတွေအများကြီး ကြိုက်ခဲ့တဲ့ပုံကွ၊ အဲဒီအချိန်ကစပြီး အားရွှမ်းက အင်တာနက် ဆယ်လီအသိုင်းအဝိုင်းထဲ ဝင်လာခဲ့တာ၊ ဒါပေမဲ့ အား... သူမက အင်တာနက်ဆယ်လီတစ်ယောက်နဲ့ မတူဘူး၊ စိတ်မကောင်းစရာပဲ၊ ဘယ်သူကမှ ဒီအဆင့်ထက်ပိုပြီး ဓာတ်ပုံတစ်ပုံ မရိုက်နိုင်တော့ဘူး”
ရှောင်ဖုန်းက သူ့လုပ်ဖော်ကိုင်ဖက်၏ ဖုန်းကို ကြည့်လိုက်သည်။ ကောင်းကင်က ကြည်လင်နေပေသည်။ ရှန်းထင်ရွှမ်းက ဝါးပင်များကို ဖြတ်နေခဲ့သည်။
သူ့အတွေးများက လွန်ခဲ့သည့် ငါးနှစ်က နွေရာသီသို့ ပြန်ရောက်ရှိသွားပုံပေါ်ပေသည်။
....
ပြီးပါပြီ။
အဆုံးထိ အားပေးကြသူများကို ကျေးဇူးတင်ပါတယ်။