← Chapters

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

အခန်း ၁၈၄ - ရှေးဦးမိကျောင်းကြီး၏ ပင်လယ်အောက်သို့ ဆွဲယူခံရခြင်း

ကျယ်ပြန့်လှသော ပင်လယ်ပြင်ထက်တွင် အပြာရောင် ရွက်သင်္ဘောလေးတစ်စီး ရပ်တန့်နေ၏။

ဧရာမမိကျောင်းကြီးတစ်ကောင်သည် လှေ၏အမြီးကို ကိုက်ထားခဲ့ပြီး ရွက်သင်္ဘောက မြင်းကောင်ရေကို မည်မျှပင် တိုးမြှင့်နေပါစေ တစ်လက်မမျှ ရှေ့ဆက်မတိုးနိုင်ပေ။

မကြာခင် ရွက်သင်္ဘောသည် ရှေ့ဆက်မတိုးနိုင်သည့်အပြင် မိကျောင်း၏ဆွဲအားကြောင့် နောက်သို့ပင် ပြန်ဆုတ်သွားခဲ့ရလေသည်။

သင်္ဘောထဲတွင်ရှိနေသော လီယန်သည် ထိုဧရာမမိကျောင်းကြီးကို မြင်လိုက်ရသောအခါ အသည်းနှင့်အူများ ပြောင်းပြန်လန်သွားသကဲ့သို့ ခံစားလိုက်ရပြီး အလွန်အမင်း ထိတ်လန့်သွားခဲ့၏။

ရှေးဦးမိကျောင်းကြီး၏ ရှည်လျားသော မေးရိုးကြီးသည် ရွက်သင်္ဘောတစ်စီးလုံးနီးပါး ရှည်လျားပြီး သူ၏ပါးစပ်ထဲမှ အနံ့ဆိုးများကိုပင် လီယန်အနေနှင့် ရှူမိလိုက်သည်။

“အား...”

ထိုအနံ့ဆိုးများက လီယန်ကို အော်ဟစ်မိစေခဲ့၏။

သူမဘဝတွင် ဤမျှကြီးမားသော မိကျောင်းမျိုးကို မမြင်ဖူးခဲ့ပေ။ သူမစီးနေသော ရွက်သင်္ဘောသည် အခုချိန်၌ မိကျောင်း၏ဆွဲအားကြောင့် တဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်နေရပြီဖြစ်သည်။

“စိတ်မပူပါနဲ့။ ဒီသင်္ဘောက စကြာဝဠာသတ္တစုပ်သတ္တုနဲ့ ပြုလုပ်ထားတာမို့လို့ ဒီကမ္ဘာပေါ်က ဘယ်သတ္တဝါကမှ ဖျက်ဆီးလို့မရပါဘူး။”

ရွက်သင်္ဘော၏ဉာဏ်ရည်တုစနစ် ရှောင်ယောက်က ချက်ချင်း အသိပေးလိုက်သည်။

ရှောင်ယောက်၏အသံကို ကြားလိုက်ရသောအခါ လီယန်သည် သူမ၏တုန်ယင်နေသော လက်များဖြင့် သူမနှင့် တွဲချည်ထားသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုကိုင်ပြီး ရှောင်းယီအား အကူအညီတောင်းရန် ဆုံးဖြတ်လိုက်လေသည်။

“ရှောင်းယီ...ရွက်သင်္ဘော အကိုက်ခံနေရပြီ။”

လီယန်က မက်ဆေ့ပို့လိုက်၏။

လီယန်၏မက်ဆေ့ချ်ကို ဖတ်လိုက်ရသောအခါ ရှောင်းယီ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

“အကိုက်ခံရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။”

လီယန်သည် ယခုအခြေအနေကို မည်သို့ရှင်းပြရမှန်းပင်မသိတော့ဘဲ ရှောင်းယီကို ဗီဒီယိုခေါ်ဆိုမှုတစ်ခုသာ ချက်ချင်းပေးပို့လိုက်၏။

“အန်တီ ဘာတွေဖြစ်နေတာလဲ။”

မျက်နှာတစ်ခုလုံးဖြူဖတ်ဖြူရော်ဖြစ်နေသော လီယန်ကို မြင်လိုက်ရသောအခါ ရှောင်းယီ မျက်မှောင်ကျုံ့သွားခဲ့သည်။

“မိကျောင်းကြီးတစ်ကောင်က ငါတို့ သင်္ဘောကိုကိုက်ပြီး အောက်ကို ဆွဲချနေတယ်။”

လီယန်၏နှုတ်ခမ်းများသည်လည်း တဆ်ဆတ်တုန်ယင်နေ၏။

“ဒီမိကျောင်းရဲ့ပါးစပ်က ဒီသင်္ဘောတစ်စီးစာလောက်ကို ရှည်တယ်။”

“ဘာ...ရှောင်ယောက် ဘာနဲ့တွေ့နေရတာလဲ။”

“ရှေးဦးမိကျောင်းတစ်ကောင် ဖြစ်နိုင်ပါတယ်။”

ရှောင်ယောက်က ပြန်ဖြေလိုက်၏။

“ဒါပေမယ့် စိတ်ချလက်ချနေလို့ ရပါတယ်။ သူက ရွက်သင်္ဘောကိုပျက်စီးအောင်မလုပ်နိုင်ပါဘူး။ လှေပေါ်မှာရှိနေသရွေ့ ဘေးကင်းပါတယ်။”

ရှောင်ယောက်၏အဖြေကို ကြားလိုက်ရသောအခါ ရှောင်းယီ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

ရုတ်တရက် လီယန်၏ကင်မရာမှာ တုန်ခါသွားပြီး သူမ၏အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။

“ဘာဖြစ်တာလဲ။”

ရှောင်းယီက အလျင်အမြန် မေးလိုက်သည်။

“ဧရာမရှေးဦးမိကျောင်းကြီးက ကျုပ်တို့ကို ဆွဲတင်လိုက်တာပါ။”

ရှောင်ယောက်က ချက်ချင်း ပြန်ဖြေလိုက်သည်။

“ဘာ!”

ဆိုးလိုက်တာ။

ရှောင်းယီစိတ်ထဲ၌ ရေရွတိယ်လိုက်မိ၏။ ထိုဧရာမရှေးဦးသတ္တဝါ၏ အင်အားက အလွန်ကြီးမားမည်မှာ သေချာပြီး ရွက်သင်္ဘောကို ပင်လယ်အောက်ခြေသို့ ဆွဲချသွားနိုင်ပေသည်။

ထို့နောက် ရှောင်းယီက ချက်ချင်းမေးလိုက်၏။

“ရှောင်းယောက် လှေအတွင်းခန်းကို ပိတ်လိုက်လို့ရလား။”

“ပိတ်လို့ရပါတယ်။ ဒါပေမယ့် အပြည့်အဝတော့မဟုတ်ဘူး။ ရေတွေတော့ စိမ့်ဝင်လာလိမ့်မယ်။”

ရှောင်ယောက် ပြန်ဖြေလာခဲ့သည်။

“အခု ချက်ချင်းပိတ်လိုက်တော့။”

ရှောင်းယီက ပြောလိုက်၏။

“လှေထဲမှာ လူတွေရှူဖို့ အောက်ဆီဂျင်ရနိုင်လား။”

“လှေအတွင်းပိုင်းကို ပိတ်နေပါပြီ။”

ရှောင်ယောက် ပြန်ဖြေပြီးနောက် ချက်ချင်းပင် လှေအတွင်းပတ်လည်၌ ဖန်သားပြင်တစ်ခု မြင့်တက်လာပြီး လှေတစ်ခုလုံးကို လုံခြုံအောင် ပိတ်ချလိုက်တော့သည်။

“လက်ရှိမှာတော့ လူတွေရေငုပ်ဖို့ လေညှစ်ဘူးနှစ်လုံးပဲ ရှိပါတယ်။ လှေမှာ အောက်ဆီဂျင်ထုတ်စက် မရှိပါဘူး။”

ရှောင်ယောက်က ဆက်ပြောလိုက်သည်။

ရှောင်းယီက ခဏကြာအောင် စဉ်းစားပြီးနောက် ပြောလိုက်၏။

“အန်တီ၊ အရင်ဆုံး လေဘူးတွေယူထား...”

သို့သော် သူ၏စကားမဆုံးခင်မှာပင် ဒုတ်ဟူသောအသံနှင့်အတူ လီယန်ရှိရာနေရာ၌ အလင်းရောင်မှား မှိန်ကျသွားခဲ့သည်။

“သူ ကျုပ်တို့ကို ရေထဲဆွဲချလိုက်ပါပြီ။”

ယခုအချိန်တွင် လီယန်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပြီဖြစ်သည်။

“အန်တီ ကျုပ်ပြောတာကို နားထောင်ပါ။ သင်္ဘောအပြင်ကို မထွက်သရွေ့ အသက်အန္တရာယ်မရှိပါဘူး။ ကျုပ် ပြောတဲ့အတိုင်း အရင်ဆုံး လေဘူးတွေရှာပါ။”

ရှောင်းယီက အသံနက်ကြီးဖြင့် ပြောလိုက်၏။

လီယန်သည် ရှောင်းယီ၏ညွှန်ကြားချက်အတိုင်း လှေအတွင်းခန်း၏ ထောင့်တစ်နေရာတွင် လေဘူးနှစ်ခုကိုတွေ့လိုက်ရပြီး ဘေးနားတွင် ထားလိုက်တော့လေသည်။

လှေအတွင်းဘက်ခြမ်းမှ ရေများစိမ့်ဝင်လာနေပြီး လှေအတွင်းနေရာကလည်း ကျဉ်းမြောင်းသောကြောင့် လေများ မကြာခင်ကုန်သွားမည်ဖြစ်သည်။

“လေဘူးရဲဘ အသက်ရှူမျက်နှာဖုံးကို တပ်လိုက်တော့။”

ရှောင်းယီက ထိုသို့ပြောပြီးနောက် ရှောင်ယောက်ကို မေးလိုက်သည်။

“ရှောင်ယောက် ဒီလေဘူးက ရေအောက်မှာ အသက်ဘယ်လောက်ကြာအောင် ရှူလို့ရမလဲ။”

“လူဦးချင်းစီနဲ့ ရေအတိမ်အနက်ပေါ် မူတည်ပါတယ်။ ဒါပေမယ့် လှေအတွင်းမှာပဲနေပြီး စိတ်မလှုပ်ရှားဘူးဆိုရင် နှစ်နာရီလောက်တော့ ခံနိုင်ပါတယ်။”

ရှောင်ယောက်က ပြန်ဖြေလိုက်သည်။

ရေပိုနက်လေ လေဘူးသုံးစွဲမှုနှုန်း ပိုမြန်လေဖြစ်ပြီး စိတ်လှုပ်ရှားလေ အသက်ရှူမြန်လာလေ၊ လေဘူးအကုန်မြန်လေဖြစ်သည်။

ရှောင်းယီက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အန်တီ အခုလုပ်ရမှာက စိတ်ကို တည်ငြိမ်အောင်ထားပြီး အချိန်ဆွဲဖို့ပဲ။”

လီယန်သည် ရှောင်းယီ၏ တောင်းဆိုချက်ကိုကြားသောအခါ ဘာမှပြန်မပြောတော့ဘဲ စိတ်ကိုသာ တည်ငြိမ်အောင် ကြိုးစားလိုက်၏။

ထိုအချိန်တွင် ဧရာမရှေးဦးမိကျောင်းကြီးက သင်္ဘောကို ပိုမိုနက်ရှိုင်းသော နေရာသို့ ဆွဲချနေပြီး လီယန်ဘက်ရှိ အလင်းရောင်များမှာလည်း ပိုမိုမှောင်မိုက်လာခဲ့သည်။

“လှေအတွင်းခန်းကို မီးဖွင့်ပေးရမလား။”

ရှောင်ယောက်က မေးလိုက်သည်။

“ဖွင့်လိုက်”

လီယန်က မသိစိတ်ဖြင့် အလိုလိုဖြေလိုက်မိသည်။

“မဖွင့်နဲ့...။”

ရှောင်းယီက ချက်ချင်းပင် အော်ဟစ်တားဆီးလိုက်သော်လည်း ရှောင်ယောက်မှာ ဉာဏ်ရည်တုစနစ်ဖြစ်သောကြောင့် ရှောင်းယီထက် ပိုမိုလျင်မြန်နေခဲ့၏။

ရှောင်းယီ အော်လိုက်စဉ်မှာပင် ရှောင်ယောက်မှာ လှေအတွင်းခန်းကို မီးဖွင့်လိုက်ပြီဖြစ်သည်။

ရှောင်ယောက်သည် ခဏလေးသာဖွင့်ပြီး ရှောင်းယီ၏စကားကြောင့် ချက်ချင်းပြန်ပိတ်လိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။

နက်ရှိုင်းသောရေအောက်ထဲတွင် ရုတ်တရက်ပေါ်လာသော အစူးရှသည့်အလင်းရောင်က ဧရာမရှေးဦးမိကျောင်းကြီး၏ မျက်လုံးများကို နာကျင်သွားစေပြီး သူ၏ဦးခေါင်းကို ရုတ်တရက် ခါယမ်းလိုက်လေတော့သည်။

လီယန်သည် သင်္ဘော၏တုန်ခါမှုကြောင့် ဟိုဘက်ဒီဘက် လွင့်နေရ၏။ ကံကောင်းသည်မှာ သူမသည် ခါးပတ်ပတ်ထားသောကြောင့် အလွန်ပြင်းထန်သော ထိခိုက်မှုမျိုးတော့ မခံစားခဲ့ရပေ။

ပြင်းထန်သည့်တုန်ခါမှုများက လီယန်ကို အန်ချင်စိတ် ဖြစ်လာစေခဲ့သည်။ သို့သော် သူမ၏ပါးစပ်နှင့် နှာခေါင်းတွင် မက်စ်တပ်ထားသောကြောင့် အန်ထုတ်၍မရပေ။

အန်ထုတ်လိုက်လျှင် အသက်ရှူမျက်နှာဖုံးပိတ်သွားပြီး အသက်ရှူလမ်းကြောင်းပိတ်ကာ အသက်ရှူ၍ ရတော့မည်မဟုတ်ပေ။

ထိုအရာတင် မကသေးပေ။ ရုတ်တရက်ပေါ်လာသော အလင်းရောင်သည် အခြားရေနက်ပိုင်းပင်လယ်သတ္တဝါများကိုပါ ဆွဲဆောင်သွားခဲ့၏။ ထိုအချိန်တွင် အလျား ၁၀၀ မီတာနှင့် လုံးပတ် ၂ မီတာရှိသော ပင်လယ်မြွေကြီးတစ်ကောင်က သူတို့ရှိရာဘက်သို့ ကူးခတ်လာနေပြီဖြစ်သည်။

လီယန်သည် သင်္ဘော၏ရှေ့ဖန်သားပြင်မှတစ်ဆင့် အနီးတဝိုက်‌တွင် အလွန်ရှည်လျားသောအရိပ်ကြီးတစ်ခုကို မြင်လိုက်ရပြီး သူမ၏ဦးခေါင်းကို ငုံ့ကာ လျင်မြန်စွာ ရှောင်တိမ်းလိုက်လေသည်။

ရှေးဦးမိကျောင်းကြီးသည် ထိုဧရာမပင်လယ်မြွေကြီးကို မြင်သောအခါ လုံးဝမတွန့်မဆုတ်ဘဲ အသက်လုကာ ထွက်ပြေးတော့၏။

သူသည် အသက်လုကာ ထွက်ပြေးနေရသော်လည်း သူ့ပါးစပ်ထဲရှိ သင်္ဘောကိုမူ မလွှတ်ချခဲ့ပေ။

ဤသင်္ဘောမှာ သူ့အတွက် အစားအစာ သို့မဟုတ် ကစားစရာတစ်ခု ဖြစ်နိုင်ပေသည်။

“အန်တီ အဲ့ဘက်မှာ အခြေအနေဘယ်လိုရှိလဲ။”

ရှောင်းယီက မေးလိုက်၏။

“ခုနက အရိပ်ရှည်ကြီးတစ်ခု ပေါ်လာတယ်။ မိကျောင်းကြီးက အဲ့ဒါမြင်တော့ ချက်ချင်းထွက်ပြေးသွားတယ်။ သူ့ကြည့်ရတာ ကြောက်နေပုံပဲ။”

လီယန်က ပြန်ဖြေလိုက်သည်။

အခုချိန်တွင် သူမသည် အလွန်လျင်မြန်စွာ ရွေ့လျားနေပြီး ရွေ့လျားမှု၏ ပြင်းထန်သောအရှိန်က သူမကို ခုံပေါ်တွင် ဖိကပ်ထားခဲ့သည်။

ရေများသည်လည်း လှေအတွင်းခန်းထဲသို့ စိမ့်ဝင်လာပြီး လှေအတွင်းခန်း၏ ရေမျက်နှာပြင်က လီယန်၏ ခါးအထိပင် ရောက်လာပြီဖြစ်သည်။

ဤကဲ့သို့ဆက်သွားနေပါက လှေအတွင်းခန်းတွင် ရေများ ပြည့်လျှံသွားတော့မည်ဖြစ်၏။ လီယန်သည် မြင့်တက်လာသော ရေမျက်နှာပြင်ကို ကြည့်ကာ ထိတ်လန့်နေခဲ့သည်။။

သူမတွင် လေဘူးရှိနေသော်လည်း ရေငုပ်ဖူးခြင်းမရှိသောကြောင့် စိတ်အစဉ်မှာ အလွန်အမင်း တုန်လှုပ်နေ၏။

မကြာခင်မှာပင် လေဘူးက အချက်ပေးသံမြည်လာခဲ့ပြီး လီယန်မှာ နောက်ထပ်လေဘူးတစ်လုံးကို ပြောင်းသုံးလိုက်ရတော့လေသည်။

“အန်တီ သုံးပြီးသားလေဘူးကို ကျုပ်ကိုပေး။”

ရှောင်းယီက လီယန်၏လှုပ်ရှားမှုကိုမြင်အခါ ချက်ချင်းပြောလိုက်၏။

“စိတ်မလှုပ်ရှားပါနဲ့...။ မဟုတ်ရင် လေဘူးက ပိုပြီး မြန်မြန်ကုန်သွားလိမ့်မယ်။”

လီယန်သည် အသက်ကို အရှည်ကြီးရှူထုတ်လိုက်ပြီး သူမ၏စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်လေသည်။

ရှောင်းယီသည် လီယန်ဆီမှ လေဘူးကိုရရှိပြီးနောက် ထိုလေဘူးထဲသို့ လေထပ်ထည့်ရန် လေ့လာကြည့်လိုက်၏။

အခန်း ၁၈၅ - ဧရာမပင်လယ်မြွေကြီး၏ အကူအညီနှင့် စွမ်းအင်ပြဿနာ

“အိုး...”

ရှောင်းယီက အကူညီမဲ့စွာ သက်ပြင်းချလိုက်မိ၏။

သူ၏လက်ထဲတွင် လေဖိစက်မရှိသည့်အတွက် ထိုလေဘူးထဲသို့ လေထပ်ဖိထည့်ရန် မဖြစ်နိုင်ပေ။

အကယ်၍ လိုအပ်လာခဲ့လျှင် လေဘူးကိုဖွင့်ပြီး သဘာဝအတိုင်း လေဝင်အောင်လုပ်ကာ ပြန်လည် လဲလှယ်ရမည်ဖြစ်သည်။

ဤနည်းဖြင့် ရှူ၍ရသည့် လေပမာဏက နည်းပါးသော်လည်း အခြားနည်းလမ်းမရှိတော့ပေ။

ရှောင်းယီသည် သူ၏အတွေးများကို လီယန်ကို ပြောပြလိုက်ပြီး လီယန်က နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။

ထိုအချိန်တွင် သင်္ဘောအတွင်းခန်းထဲရှိ ရေများမှာ လီယန်၏ပခုံးအထိပင် ရောက်နေပြီဖြစ်သည်။ အများဆုံး ၁၀ မိနစ်အတွင်း သင်္ဘောတစ်ခုလုံး ရေပြည့်သွားပေတော့မည်။

ရှောင်ယောက်က ထပ်မံသတိပေးလိုက်၏။

“ရေစုပ်စက် စတင်လိုက်ရမလား။”

“ခဏစောင့်ဦး။”

ရှောင်းယီက နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။

ရေစုပ်စက်၏လှုပ်ရှားမှုဟည် ရှေးဦးမိကျောင်းကို ပိုမိုလှုပ်ရှားချင်စိတ် ဖြစ်စေပြီး အခြားပင်လယ်သတ္တဝါများကိုပါ ဆွဲဆောင်သွားမည်ကို သူစိုးရိမ်‌နေခဲ့သည်။

ထိုဧရာမပင်လယ်သတ္တဝါနှစ်ကောင်တည်းနှင့်ပင် များလွန်းနေပြီဖြစ်သည်။ နောက်တစ်ကောင်ထပ်ရောက်လာပါက လီယန်အတွက် အသက်အန္တရာယ်ရှိသွားနိုင်ပေသည်။

ထိုအချိန်တွင် သင်္ဘောအတွင်းခန်းထဲရှိ ရေများမှာ လီယန်၏ နှာခေါင်းနှင့်ပါးစပ်ကို ကျော်လွန်သွားခဲ့၏။ လီယန်သည်မူ အသက်ရှူမျက်နှာဖုံး တပ်ထားသောကြောင့် အဆင်ပြေသော်လည်း ခန္ဓာကိုယ်တစ်ခုလုံး နက်ရှိုင်းသည့်ရေထုနှင့် အမှောင်ထုထဲတွင် နစ်အမြုပ်နေသောကြောင့် အသက်ရှူရ ခက်ခဲနေခဲ့သည်။

ရှောင်းယီက ရေစုပ်စက်စတင်ရန် အမိန့်ပေးမည်အပြုတွင် လှေဘေး၌ အရိပ်အရှည်ကြီးတစ်ခု ပေါ်လာပြီး ဧရာမရှေးဦးမိကျောင်းထက် ပိုမိုလျင်မြန်သောအရှိန်ဖြင့် ရှေ့သို့ရောက်သွားကာ ဧရာမရှေးဦးမိကျောင်း၏လမ်းကြောင်းကို ပိတ်ဆို့လိုက်တော့သည်။

ထို့နောက် ဧရာမရှေးဦးမိကျောင်းကြီးသည် သင်္ဘောကို လွှတ်လိုက်ပြီး ပင်လယ်မြွေကြီးကို ကိုက်ဖဲ့ရန် ကြိုးစားလိုက်သော်လည်း မြွေကြီးက လျှပ်စီးလက်သကဲ့သို့ ပြေးဝင်လာကာ မိကျောင်းကို ရစ်ပတ်ပစ်လိုက်တော့သည်။

သင်္ဘောသည် မိကျောင်း၏ပါးစပ်ထဲမှ လွတ်ထွက်သွားပြီး ဧရာမသတ္တဝါကြီးနှစ်ကောင် တိုက်ခိုက်နေသောနေရာ၌ ရပ်တန့်နေခဲ့ရ၏။

“ရေစုပ်စက်ကို အခုချက်ချင်း စလိုက်တော့။”

ရှောင်းယီသည် အမှောင်ထဲ၌ ဧရာမအရိပ်ကြီးနှစ်ခု ရစ်ပတ်နေသည်ကို မြင်ပြီးနောက် အော်ဟစ်လိုက်တော့သည်။

“ဟုတ်ကဲ့”

ရှောင်ယောက်က ပြန်ဖြေပြီး လှေအတွင်းရှိ ရေများကို ချက်ချင်းစုပ်ထုတ်လိုက်လေသည်။ စက္ကန့် ၂၀ အတွင်း လှေအတွင်းရှိရေများ လုံးဝခမ်းခြောက်သွားခဲ့သည်။

ရေများ မရှိတော့သည့်အတွက် သင်္ဘောသည် ရေပေါ်သို့ လျင်မြန်စွာ ပြန်တက်သွားခဲ့၏။

သင်္ဘော ရေပြင်အပေါ်သို့ ပြန်တက်နေစဉ်အတွင်း လီယန်သည် ရှည်လျားသောသတ္တဝါကြီးမှ ဧရာမရှေးဦးမိကျောင်းကြီးကို ရစ်ပတ်ထားပြီးမှု ဧရာမရှေးဦးမိကျောင်း၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်ကို မြင်လိုက်ရလေသည်။

လီယန် ဒုတိယလေဘူးကို သုံးနေရစဥ်အတွင်းမှာပင် ခရက်ဆိုသည့်အသံနှင့်အတူ သင်္ဘောက ရေထဲမှ အပေါ် ပြန်ရောက်သွားတော့၏။

“ဟူး... ဟူး...”

လီယန်သညါယ် လည်ပင်းကို ကြိုးကွင်းစွပ်ခံထားရသော လူတစ်ယောက်က သူ၏လည်ပင်းတွင် ချည်နှောင်ထားသောကြိုးတစ်ခုကို ဖြေလျှော့လိုက်နိုင်သကဲ့ အသက်ကို ပြင်းပြင်းရှူရှိုက်လိုက်ရသည်။

“ရှောင်ယောက် ဒီကနေ ချက်ချင်းထွက်သွားတော့။”

ရှောင်းယီက အော်ဟစ်လိုက်၏။

ထို့နောက် ဖျတ်ခနဲဆိုသလို သင်္ဘောသည် အရှိန်ပြင်းပြင်းနှင့် ထွက်ခွာသွားတော့သည်။

“အန်တီ သင်္ဘောထဲမှာ ရေချိုးခန်းရှိတယ်။ ရေချိုးပြီး အဝတ်တွေကို ဒရိုင်ယာနဲ့အခြောက်ခံလို့ရတယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ခုနက ဧရာမရှေးဦးမိကျောင်းနဲ့ တွေ့ခဲ့ရတာက မတော်တဆဖြစ်ရပ်တစ်ခုပါပဲ။ မကြာခင် အဆင်ပြေသွားမှာပါ။”

“အင်း ကောင်းပြီ။”

လီယန်က ချက်ချင်းခေါင်းငြိမ့်ပြီး ရှောင်ယောက်၏ ညွှန်ကြားချက်အတိုင်း ရေချိုးခန်းသို့ သွားလိုက်သည်။ ဤသည်မှာ သူမအတွက် လှေအတွင်းခန်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းဖြစ်ပေသည်။

“ဒီလှေအတွင်းခန်းရဲ့ အလှဆင်မှုက အရမ်းခမ်းနားတာပဲ။”

လီယန်၏မျက်လုံးများ ဝိုင်းစက်သွားခဲ့သည်။

ထို့နောက် သူမ အမြန်ရေချိုးလိုက်ပြီး အဝတ်လျှော်ကာ အခြောက်ခံစက်ဖြင့် အခြောက်ခံလိုက်သည်။ အပြင်ပြန်ထွက်လာသောအခါ လန်းဆန်းတက်ကြွသွားခဲ့သည်။

“ဒီလှေရဲ့ပစ္စည်းကိရိယာတွေကိုအရဆိုရင် ကျွန်းဆိုတာကို တကယ်မလိုတော့ဘူး။”

လီယန်က ထိုသို့ပြောလိုက်ပြီးမှ ဧရာမရှေးဦးမိကျောင်းကြီးကို သတိရသွားခဲ့၏။

“ကျွန်းပေါ်မှာနေတာက ပိုကောင်းပါတယ်လေ။”

လီယန်က သူမ၏စကားကို ပြောင်းလဲလိုက်တော့သည်။

ရွက်သင်္ဘော ရှေသို့ခရီးဆက်နေစဉ် ရှောင်းယီက အန်းရန်ကို ရှာလိုက်၏။

“အန်တီအတွက် စွပ်ပြုတ်ပူပူလေးတစ်ခွက်လောက် လုပ်ပေးလိုက်ဦး။”

အန်းရန် အံ့ဩသွားသည်။

ဘာာလို့ ဒီလိုအချိန်မှာ စွပ်ပြုတ်လုပ်ခိုင်းရတာလဲ။

“ခုနက ရွက်သင်္ဘောက ဧရာမရှေးဦးမိကျောင်းကြီးနဲ့တွေ့ပြီး ရေထဲဆွဲချခံလိုက်ရတယ်။”

ရှောင်းယီက ရှင်းပြလိုက်သည်။

“ဘာ!”

အန်းရန်က ထိုင်‌နေရာမှ ချက်ချင်းထရပ်လိုက်၏။

“အမေရော သူဘယ်လိုနေလဲ။”

“ကံကောင်းတာက သင်္ဘောထဲမှာ လေဘူးတွေရှိနေတာပဲ။ လူက ပြဿနာမရှိပါဘူး...။ လန့်သွားရုံပါပဲ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

လူက ဘာမှမဖြစ်ဘူးဆိုသည်ကို ကြားလိုက်ရခါမှ အန်းရန် စိတ်အေးသွားပြီး ချက်ချင်းပင် စွပ်ပြုတ်တစ်ခွက်လုပ်ကာ လီယန်ဆီသို့ ပို့ပေးလိုက်တော့သည်။

“အမေ ခုနကဘာဖြစ်တာလဲ။”

အန်းရန်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် မေးလိုက်သည်။

လီယန်၏မျက်နှာမှာ ဖြူဖျော့နေပြီး စွပ်ပြုတ်သောက်ရင်း ဖြစ်စဉ်များကို ပြန်ပြောပြလိုက်၏။

အန်းရန် အလွန်ထိတ်လန့်သွားခဲ့သည်။

“ဘာလို့ ဒီလောက်ကြီးတဲ့မိကျောင်းမျိုး ရှိနေရတာလဲ။”

“ဦးလေးယွမ်က ဒီလိုပင်လယ်သတ္တဝါကြီးတွေကို တွေ့ဖူးတယ်လို့ ပြောဖူးတယ်။။”

လီယန်က ပြောလိုက်သည်။

“သူပြောဖူးတယ်ဆိုပေမယ့် လှေတစ်စီးလောက်ရှည်တဲ့ မိကျောင်းပါးစပ်ဆိုတာက စိတ်ကူးကြည့်လို့တောင် မရဘူး။”

အန်းရန်က ပြောလိုက်သည်။

“ဒီပင်လယ်က အရမ်းအန္တရာယ်များတယ်။”

“ဟုတ်တယ်။ ရွက်သင်္ဘောသာ မခိုင်ခံ့ခဲ့ရင် ဧရာမမိကျောင်းရဲ့အစာဖြစ်သွားလောက်ပြီ။”

လီယန်က ပြောလိုက်သည်။

“အဲ့ဒါကြောင့် ကျွန်းပေါ်မှာနေရတာက ပိုပြီးဘေးကင်းတယ်။”

အန်းရန်က ဆက်ပြောလိုက်၏။ ထိုအချိန်တွင် ရှောင်းယီလည်း အပြင်မှ ပြန်ဝင်လာခဲ့သည်။

“ရှောင်ယောက် ငါ့ဆီရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ။”

သူက မေးလိုက်သည်။

“တွက်ချက်မှုအရ ၅ နာရီအတွင်း စွမ်းအင်ကုန်သွားလိမ််မယ်။ သခင့်ရဲ့ ကျွန်းနဲ့အကွာအဝေးက ၂၀၀၀ ကီလိုမီတာလောက် ရှိပါသေးတယ်။”

ရှောင်ယောက်က ပြန်ဖြေလိုက်၏။

“ဘာ!”

ရှောင်းယီ မျက်မှောင်ကျုံ့သွားခဲ့သည်။

“အရင်က အားအပြည့်သွင်းထားတာပဲလေ။ ဘာလို့ ဒီလောက်အကွာအဝေးမှာတင် အားကုန်သွားတာလဲ။”

သူက မေးလိုက်၏။

“ခုနက ဧရာမရှေးဦးမိကျောင်းနဲ့ ရင်ဆိုင်ရတုန်းက လျှပ်စစ်စွမ်းအား အရမ်းသုံးလိုက်ရလို့ပါ။”

ရှောင်ယောက်က ပြန်ဖြေလိုက်သည်။

“အဲ့ဒါကြောင့်ကိုး။ မဆန်းတော့ပါဘူး။”

ရှောင်းယီက စိတ်ညစ်သွားခဲ့သည်။

“နောက်ဆုံး ၂၀၀၀ ကီလိုမီတာအကွာအဝေးကို မဖြေရှင်းနိုင်သေးဘူးပဲ။”

“အခုဘာလုပ်ရမလဲ။”

အန်းရန်က စိုးရိမ်ပြီး မေးလိုက်သည်။

သင်္ဘောကို နေရောင်ခြည်စွမ်းအင်သုံးကာ အားသွင်း၍သော်လည်း အားဝင်နှုန်းက အလွန်နှေးကွေးလှပေသည်။

ဤကဲ့သို့ အန္တရာယ်များသော ပင်လယ်ပြင်တွင် နေရသည့်အချိန် တိုးလာသည်နှင့်အမျှ ပိုပြီးအန္တရာယ်များလာမည်ဖြစ်သည်။

စူပါဘက်ထရီကို ရွေ့ရန်မှာလည်း မလွယ်ကူပေ။ အကယ်၍ လဲလှယ်မည်ဆိုလျှင် လုပ်၍ရသော်လည်း ထိုကဲဲ့သို့ လုပ်လိုက်ပါက ကျေးလက်ဗီလာ၌ လျှပ်စစ်မီးပြတ်တောက်သွားမည်ဖြစ်ပြီး အဆင့်မြှင့်တင်စဉ်က တပ်ဆင်ထားသောလိုင်းများပါ ပျက်စီးသွားနိုင်သည်။

လျှပ်စစ်မီးပြတ်တောက်သွားပါက အခြားလုပ်ဆောင်ချက် အများအပြားပါ လုပ်ဆောင်နိုင်တော့မည် မဟုတ်ပေ။

ထို့ပြင် လီယန်က စူပါဘက်ထရီကို ပြန်လဲလှယ်သည့်အခါ သူကိုယ်တိုင်သာ လိုင်းများကို ပြန်လည်တပ်ဆင်ရမည်ဖြစ်ပြီး ပညာရှင်မဟုတ်လျှင် မည်သို့တပ်ဆင်ရမည်ကို သိမည်မဟုတ်ပေ။

ခဏတာစဉ်းစားပြီးနောက် ရှောင်းယီက ရှေ့တက်လာကာ ပြောလိုက်သည်။

“အန်တီ...ဒီလမ်းတစ်လျှောက်မှာ အခြားအသက်ရှင်ကျန်သူတွေရဲ့ကျွန်းကိုတွေ့ရင် တန်းတက်ပြီး သိမ်းပိုက်လိုက်ပါ။”

“ဟင်...”

အန်းရန်က ထိတ်လန့်သွား၏။

“အမေ့အတွက် ဘေးကင်းပါ့မလား။”

“ငါ ဘေးကင်းပါတယ်။”

ရှောင်းယီ မဖြေနိုင်ခင်မှာပင် လီယန်က ချက်ချင်းဖြေလိုက်ပြီး ထရပ်ကာ ကုန်းပက်ပေါ်သို့ တက်သွားခဲ့လေသည်။

အခန်း ၁၈၆ - ကျိန်စာသင့်မိန်းကလေး၊ အဓိပ္ပာယ်မရှိတဲ့စကားတွေကို ရပ်လိုက်စမ်း

ရှောင်းယီ၏စိတ်ကူးက အလွန်ရိုးရှင်းပါသည်။ သူသည် ကျွန်းတစ်ကျွန်းကိုရှာဖွေပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်ကာ ထိုမှတဆင့် ရွက်သင်္ဘောကို ပြန်လည်လဲလှယ်ပြီး လျှပ်စစ်အားပြန်ဖြည့်ပြီးနောက် ပြန်ပို့ပေးရန်ဖြစ်သည်။

ယခုအခါ လီယန်၏ အိမ်ပြန်လမ်းကြောင်းတွင် အခြားအသက်ရှင်ကျန်ရစ်သူများ၏ကျွန်းများ ရှိ၊မရှိကိုသာ မျှော်လင့်နိုင်တော့၏။

နတ်ဘုရားက ကောင်းချီးပေးခြင်းလားမသိရသော်လည်း မကြာမီတွင် လီယန်က စာတစ်စောင်ပို့လာခဲ့သည်။

“ကျွန်းတစ်ခုတွေ့ပြီ။ တန်းတက်သွားလိုက်ရမလား။”

လီယန်က မေးလိုက်သည်။

“ထန်ဓားကို ယူသွားပါ။ ကိုယ်ကျပ်ဝတ်စုံကို ဝတ်ပြီး တိုက်ရိုက်တက်သွားလိုက်။ မသနားမိပါစေနဲ့။”

ရှောင်းယီက သတိပေးလိုက်သည်။

“ကောင်းပြီ။”

လီယန်က ပြန်ဖြေကာ ရှောင်ယောက်ကို ကျွန်းဆီသို့ အရှိန်ပြင်းပြင်းဖြင့် မောင်းခိုင်းလိုက်တော့လေသည်။

ထိုအချိန်တွင် ငါးစတုရန်းမီတာသာရှိသောကျွန်းတစ်ခုပေါ်တွင် မိန်းကလေးတစ်ဦးသည် တုန်တုန်ယင်ယင်ဖြင့် လက်ထဲမှ ငါးဖမ်းပိုက်ကို ပစ်လွှတ်လိုက်၏။

ငါးဖမ်းပိုက်သည် ပင်လယ်ပြင်ပေါ်ရှိ ပစ္စည်းသေတ္တာတစ်လုံးကို ဖမ်းမိသွားခဲ့သည်။ ထိုအခါ ထိုမိန်းကလေး၏မျက်လုံးများ တောက်ပသွားခဲ့၏။

“နောက်ဆုံးတော့...နောက်ဆုံးတော့ ပစ္စည်းသေတ္တာတစ်လုံး ရခဲ့ပြီ။”

သူမသည် ကမ်းစပ်ပေါ်တွင် ထိုင်လိုက်ပြီး ဖမ်းမိထားသော ပစ္စည်းသေတ္တာကို ပြန်ဆွဲယူခေါ်ရန် အားစိုက်ထုတ်လိုက်သည်။

“အစားအစာတစ်ချို့ထွက်လာရင် ကောင်းမယ်။”

ထိုမိန်းကလေးက စိတ်ထဲတွင် ဆုတောင်းလိုက်၏။

သူမ တစ်နေ့လုံး ဘာမှမစားရသေးပေ။ ငါးဖမ်းပိုက်ပစ်သည့်အခါက တုန်ယင်နေခြင်းမှာလည်း အေးသောကြောင့်မဟုတ်ဘဲ သူမသည် ဆာလောင်နေပြီး သွေးတွင်းသကြားဓာတ်များ အားနည်းနေသောကြောင့်ပင်။

သူမသည် ကျိန်စာတစ်ခုခုနှင့် ကြုံတွေ့နေရသည်လား မသိပေ။ ယခင်က ဖမ်းမိခဲ့သော ပစ္စည်းသေတ္တာများတွင် ရေနှင့်အစားအစာများကို မရရှိခဲ့ဘဲ အခြားပစ္စည်းများမှာလည်း ရှားပါးပစ္စည်းများသာဖြစ်သည်။

ထို့ပြင် ထိုရှားပစ္စည်းများကိုအားလုံးကိုလည်း အစားအစာများနှင့် လဲလှယ်လိုက်ပြီဖြစ်သည်။

ထို့ကြောင့် သူမ၏ကျွန်းသည် ဆင်းရဲပြီး ပစ္စည်းများ မရှိသလောက်ဖြစ်နေခဲ့၏။

ထိုမိန်းကလေးသည် မျှော်လင့်ချက်အပြည့်ဖြင့် ပစ္စည်းသေတ္တာကို ဖွင့်ကြည့်ပြီးနောက် သူမ၏မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်သွားခဲ့တော့လေသည်။

ပစ္စည်းသေတ္တာအတွင်းတွင် ကတ်တစ်ခုနှင့် ထုတ်လုပ်မှုပုံစံတစ်ခုသာရှိပြီး အခြေခံပစ္စည်းများပင် ပါမလာခဲ့ပေ။

“ဒီကမ္ဘာက ငါ့ကိုမနှစ်သက်ဘူးလား...။ ဒီကမ္ဘာက ငါ့ကိုစွန့်ပစ်လိုက်တော့မှာလား။”

ထိုမိန်းကလေးက လက်လျှော့လိုက်၏။

ထို့နောက် မိန်းကလေးသည် အားကုန်ကြိုးစားကာ တဲထဲဝင်သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ သွားကာ လက်ထဲရှိပစ္စည်းနှစ်မျိုးကို အများသိအောင် ကြေညာလိုက်လေသည်။

“[စာချုပ်ကတ်] ၁၊ [တည်နေရာပြစက်ထုတ်လုပ်မှုပုံစံ] ၁။ အစားအစာနှင့်လဲလှယ်ရန် သီးသန့်စာတိုပေးပို့ပါ။”

“အိုး...စာချုပ်ကတ်တစ်ခုက ထပ်ထွက်လာပြန်ပြီ။”

“အဲ့ဒါကံကောင်းတာပဲ...။ အရင်က စာချုပ်ကတ်ကို အဆင့်မြင့်အစားအစာနဲ့ လဲဖူးတယ်မဟုတ်လား။”

“ဟုတ်တယ်...။ ယီရန်ပင်းသူဌေးကြီး ရသွားခဲ့တာပဲ။”

“ဒီအသက်ရှင်ကျန်ရစ်သူကို အားကျမိတယ်။”

“တည်နေရာပြစက်ထုတ်လုပ်မှုပုံစံလည်းပါတယ်ဟ။ အဲ့ဒါက အဆင့်မြင့်ထုတ်ကုန်ပဲ။ ငါသာ ဆွေမျိုးတွေကို ရှာတွေ့ရင် ဒီစက်ကို ထုတ်လုပ်ပြီး ပေါင်းစည်းဖို့ အခွင့်အလမ်းရှာမှာပဲ။”

“ပေါင်းစည်းမှာလား။ မဖြစ်နိုင်တဲ့စကားတွေ ပြောနေတာပဲ။ တည်နေရာတွေ့ရင်တောင် မင်း ဘယ်လိုသွားမှာလဲ။ မင်းမှာ လှေရှိလို့လား။”

“လှေရှိရင်တောင် ပင်လယ်သတ္တဝါတွေကို မေးကြည့်ပြီးပြီလား။”

“ဒါတွေက နောက်မှစဉ်းစားရမယ့်ကိစ္စပဲ။ အနည်းဆုံးတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ဝေးလဲဆိုတာ သိမှအစီအစဉ်ဆွဲလို့ရမှာပေါ့။”

ရှောင်းယီနှင့် တိလင်းထျန်းရှားတို့ နှစ်ဦးစလုံးသည် ထိုမိန်းကလေး၏စာကို ဖတ်လိုက်ရပြီး တစ်ချိန်တည်းမှာပင် သူမထံသို့ စာပို့လိုက်ကြသည်။

“စာချုပ်ကတ်နဲ့ တည်နေရာပြစက်ထုတ်လုပ်မှုပုံစံကို Cအဆင့်ရေသန့် ၃၀၀ မီလီလီတာနဲ့ လဲမယ်။”

တိလင်းထျန်းရှားက ပြောလိုက်သည်။

“သာမန်အစားအစာနဲ့ ရေပမာဏကို မင်း ကိုယ်တိုင်အဆိုပြုနိုင်တယ်။ လွန်ကဲနေတာမျိုးမဟုတ်ရင် ငါလက်ခံပေးမယ်။”

ရှောင်းယီက ပြတ်သားသာ့် လေသံမျိုးဖြင့် ပြောလိုက်သည်။

“အဆင့်မြင့်အစားအစာတွေလိုချင်ရင်လည်း ဆွေးနွေးလို့ရတယ်။”

ထိုမိန်းကလေးသည် သူဌေးကြီးနှစ်ဦးမှ သူမထံသို့ စာပို့လာသည်ကိုမြင်သောအခါ ထိတ်လန့်တုန်လှုပ်သွားခဲ့၏။

သူမဖွင့်လိုက်တဲ့ ပစ္စည်းနှစ်မျိုးက အရမ်းကောင်းတဲ့အရာများ ဖြစ်နေမလား။

ယခင် စာချုပ်ကတ်ပေါ်လာချိန်က မိန်းကလေးသည် အပြင်တွင်ရှိနေခဲ့ပြီး မမြင်ဖူးသောကြောင့် စာချုပ်ကတ်ကြောင့် ထိုသူနှစ်ဦး ယှဉ်ပြိုင်နေသည်ကိုလည်း သူမ မသိခဲ့ပေ။

အဆင့်မြင့်ရေနှင့် အစားအစာများသည် လူသားများအတွက် ကောင်းမွန်သော်လည်း မိန်းကလေးသည် ယခုအချိန်၌ ရေနှင့်အစားအစာ အများအပြားလိုအပ်နေ၏။

သူမသည် ယီရန်ပင်းသူဌေးနှင့် ချက်ချင်း ရောင်းချရန် ဆုံးဖြတ်လိုက်တော့သည်။ သို့သော်...

“မလှုပ်နဲ့!”

ထိုအချိန်တွင် အေးစက်စက်ဓားသွားတစ်ခုက ထိုမိန်းကလေး၏လည်ပင်းကို ဖိထောက်လိုက်၏။

ရောင်းချတော့မည့် မိန်းကလေး၏လက်များမှာ ရပ်တန့်သွားတော့သည်။

မည်သည့်တုံ့ပြန်မှုမရှိသည်ကိုမြင်သောအခါ တိလင်းထျန်းရှားက ချက်ချင်းပင် စာထပ်ပို့လိုက်၏။

“ငါ မင်းကို အစားအစာနဲ့ရေ ထပ်ထည့်ပေးနိုင်တယ်။”

ရှောင်းယီသည်လည်း မျက်မှောင်ကျုံ့လိုက်သည်။

“ဆက်သွယ်မှု ပြတ်သွားတာလား။ ငါ့ထက်ပိုကောင်းတဲ့အခြေအနေရှိတဲ့သူ ရှိနေတာလား။”

သူ စိတ်ထဲတွင် တွေးလိုက်မိ၏။

မိန်းကလေးက ထိုသူသည် အမျိုးသမီးဖြစ်ကြောင်း ကြားသိလိုက်ရသော ချက်ချင်းပင် တောင်းပန်လိုက်တော့သည်။

“အစ်မကြီး ကျွန်မရဲ့အသက်ကို ချမ်းသာပေးပါ။ ကျွန်မ တစ်နေ့လုံး ဘာမှမစားရသေးလို့ ဒီအရောင်းအဝယ်ပြီးအောင်တော့ လုပ်ခွင့်ပေးပါနော်။ ကျွန်မဗိုက်ပြည့်သွားရင် ရှင်သတ်မယ်ဆိုရင်တောင် ကျွန်မ မညည်းညူပါဘူး။”

ထိုနေရာတွင်ရှိနေသူမှာ လီယန်ဖြစ်ပြီး သူမသည်လည်း ထိုမိန်းကလေးမှာ တစ်ကိုယ်လုံးတုန်ယင်နေကာ မျက်နှာက ဖြူဖတ်နေသည်ကို မြင်လိုက်ရလေသည်။ ယင်းသည် သွေးတွင်းသကြားဓာတ်နည်းနေသော လက္ခဏာပင်။

“မရဘူး “

လီယန်က ပြတ်ပြတ်သားသားပြောလိုက်ကာ ဘေးနားက ငါးဖမ်းပိုက်ဖြင့် သူမကို ချည်နှောင်လိုက်တော့သည်။

သွေးတွင်းသကြားဓာတ်အားနည်းနေသောကြောင့် ထိုမိန်းကလေးတွင် ခုခံနိုင်စွမ်းလုံးဝမရှိသဖြင့် လီယန်က သူမကို ကြိုးတုတ်ပြီးနောက် ဘေးဖယ်ထားလိုက်၏။

ထို့နောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နေရာသို့သွားကာ သူမ၏သီးသန့်ချန်နယ်ကိုကြည့်လိုက်သည်။ ထိုအချိန်တွင် ယီရန်ပင်းထံသို့ စာပို့နေသော စာမျက်နှာတစ်ခုကို တွေ့လိုက်ရတော့သည်။

အချက်အလက်များကို ဖတ်ပြီးနောက် လီယန်သည် ရှောင်းယီက စာချုပ်ကတ်နှင့် တည်နေရာပြစက်ထုတ်လုပ်မှုပုံစံကို ဝယ်ယူလိုကြောင်း သိလိုက်ရလေသည်။

ထို့ကြောင့် သူမသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို တိုက်ရိုက်ထိန်းချုပ်ပြီး ထိုအရာနှစ်ခုကို ရှောင်းယီဆီသို့ ပေးပို့ရန် စီစဉ်လိုက်တော့သည်။

သို့သော် လီယန်က ချက်ချင်းပင် ပြဿနာတစ်ခုကို သတိထားမိသွားခဲ့၏။ သူမသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အား ထိန်းချုပ်နိုင်ခြင်းမရှိပေ။

လီယန်က မျက်မှောင်ကျုံ့ကာ လှေပေါ်သို့ ပြန်တက်လာပြီး ရှောင်းယီကို ပြောလိုက်သည်။

“ရှောင်းယီ ကျွန်းပေါ်ကလူကို ငါထိန်းချုပ်ပြီးပြီ။ ဒါပေမယ့် သူမရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဘာကြောင့် မထိန်းချုပ်နိုင်တာလဲ။”

“ထိန်းချုပ်ပြီးသွားပြီလား။”

ရှောင်းယီက မျက်မှောင်ကျုံ့လိုက်၏။

“မတော်တဆမှုတွေကို ရှောင်ရှားဖို့ တစ်ခါတည်းသတ်ပစ်လိုက်။”

အသက်ရှင်ကျန်ရစ်သူများတွင် အမြဲတမ်း မတော်တဆမှုများရှိတတ်ပြီး လူသေများသည်သာ အထိန်းချုပ်ရ အလွယ်ကူဆုံးဖြစ်ပေသည်။ လီယန်က အနည်းငယ်တုံ့ဆိုင်းသွား၏။

“အဲ့ဒီကောင်မလေးက အစားမစားရတာ ကြာနေပြီ။ သွေးတွင်းသကြားဓာတ် အားနည်းနေတယ်။ မတ်တပ်ရပ်ဖို့တောင် ခက်ခဲနေတာ။”

“ဘာကိုဆိုလိုတာလဲ။”

ရှောင်းယီက မေးလိုက်သည်။

“ငါ့အတွက် ချည်ငင်ပြီး ရက်လုပ်ပေးမယ့်သူလိုတယ်။ တစ်ယောက်တည်း လုပ်လို့မရဘူး။ အဲ့ဒါကြောင့် အခွင့်အလမ်းရှိရင် သူမကို သိမ်းသွင်းချင်တယ်။ မင်းကန့်ကွက်ရင်တော့ သူမကိုသတ်ပစ်လိုက်မယ်။”

လီယန်က ပြန်ဖြေလိုက်၏။ ရှောင်းယီ မျက်မှောင်ကျုံ့လိုက်မိသည်။

“ဒါပေမယ့် အပြင်သူတွေဆိုတာ အမြဲမသေချာတဲ့ အချက်ပဲ။ စာချုပ်ကတ် ရရင်တော့ အကောင်းဆုံးပဲ။”

သူက ပြောလိုက်သည်။

“ဒါဆို မင်းစိုးရိမ်နေတာက အဲ့ဒါလား။”

လီယန်က ပြုံးကာ ပြောလိုက်သည်။

“စာချုပ်ကတ်က အခု ငါ့ဆီမှာရှိတယ်။ အခုလေးတင် အဲ့ကောင်မလေးကို ဖမ်းရင်းနဲ့ သူမဆီကနေ ယူလိုက်တာ။”

လီယန်က ထိုမိန်းကလေး၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်က အချက်အလက်များကို ရှင်းပြပြီးနောက် ရှောင်းယီက အခြေအနေကို ချက်ချင်းနားလည်သွားခဲ့သည်။

“အခုလို တိုက်ဆိုင်နေတာ တကယ့်ကို အံ့သြစရာပဲ။ ကျုပ်က တစ်ယောက်ယောက် လုယူသွားပြီလို့ ထင်နေတာ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“ဒီအခြေအနေဆိုရင်တော့ ကျုပ် သဘောတူတယ်။ ဒါပေမယ့် စာချုပ်ကတ်ကိုတော့ အသုံးပြုရမယ်။”

“ငါနားလည်ပါပြီ။”

လီယန်က ဖြေလိုက်၏။

“မင်း ငါ့ရဲ့မေးခွန်းကို မဖြေရသေးဘူး။”

ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကိုယ်ပိုင်အဖြစ် အသုံးပြုချင်ရင် အခြေအနေတစ်ခု လိုတယ်။ မူလကျောက်တိုင်ပိုင်ရှင်က ကျွန်းပေါ်မှာမရှိတော့တာ ဒါမှမဟုတ် သေဆုံးသွားတာမျိုး ဖြစ်ရမယ်။”

သူက ရှင်းပြလိုက်သည်။

လီယန်သည် ထိုသို့ ကန့်သတ်ချက်များရှိကြောင်း သိလိုက်ရသောအခါ အနည်းငယ်အံ့အားသင့်သွားခဲ့၏။

အနည်းငယ် စဉ်းစားပြီးနောက် လီယန်သည် သင်္ဘောပေါ်မှ ပြန်ဆင်းလာကာ ထိုမိန်းကလေးကို တဲထဲကနေ ဆွဲထုတ်လိုက်တော့သည်။

All Chapters