← Chapters

အခန်း (၁၉၃-၁၉၅)

Vol. 13 Ch. 193-195

အခန်း (၁၉၃-၁၉၅)

Vol. 13 Ch. 193-195

အခန်း ၁၉၃ - နှစ်ဆပျော်ရွှင်မှု ပြန်လည်ရောက်ရှိလာခြင်း

နှစ်ဆဆုလာဘ်အကြောင်း အသိပေးချက်ကို ကြားလိုက်ရသောအခါ ရှောင်းယီသည် ပင်လယ်ငါးများကို အရင်ဆုံးရိတ်သိမ်းရငန် ဆုံးဖြတ်လိုက်လေသည်။

လုပင်းအာက ငါးများကို သူဆွဲနေသောငါးဖမ်းပိုက်ထဲသို့ပစ်လိုက်သ၍ သူ၏ကိုယ်ပိုင်ရိတ်သိမ်းမှုအဖြစ် သတ်မှတ်ကြောင်း သူတွေ့ရှိလိုက်ရသည်။

လုပင်းအာနှင့် အန်းယွဲ့တို့၏အကူအညီဖြင့်ပင် ပင်လယ်ငါးအားလုံးကို ကောက်ယူရန် တစ်နာရီကျော်ကြာမြင့်ခဲ့လေသည်။

“ရရှိသောပစ္စည်းများ: ပင်လယ်ငါး ၁၀၂၃၄ ကီလိုဂရမ်၊ ပင်လယ်ငါး (C အဆင့်) ၂၃၈ ကီလိုဂရမ်၊ ပင်လယ်ငါး (B အဆင့်) ၅၆ ကီလိုဂရမ်။”

“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ : ပင်လယ်ငါး ၂၀၄၆၈ ကီလိုဂရမ်၊ ပင်လယ်ငါး (C အဆင့်) ၄၇၆ ကီလိုငရမ်၊ ပင်လယ်ငါး (B အဆင့်) ၁၁၂ ကီလိုဂရမ်။”

လုပင်းအာတစ်ယောက် ရုတ်တရက် များပြားလာသော ပင်လယ်ငါးများကိုကြည့်ပြီး ဘာတွေဖြစ်နေမှန်း မသိတော့ပေ။

သို့သော် အန်းယွဲ့သည်မူ ဤသို့ဖြစ်လာမည်ကို မျှော်လင့်ထားသကဲ့သို့ အမူအယာမျိုးရှိနေခဲ့လေသည်။

ပင်လယ်ငါးများကို ရိတ်သိမ်းပြီးနောက် ရှောင်းယီသည် ယွမ်နွန်ဆီသို့ တိုက်ရိုက်ပြေးသွားပြီး ရိတ်သိမ်းရန်ကျန်ရှိနေသော သီးနှံများအားလုံးကို ရိတ်သိမ်းကာ သူ၏အိပ်ခန်းသို့ ပြန်လျှောက်သွားခဲ့သည်။

ထို့နောက် ရေမိုးချိုးကာ အဝတ်အစားလဲလိုက်၏။ စတုတ္ထပတ်၏နောက်ဆုံးနေ့တွင် မည်သည့်ဆုလက်ဆောင်များ ရရှိမည်နည်း။

ရှောင်းယီ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

“စနစ်၊ လက်မှတ်ထိုးဝင်မယ်။”

“လက်မှတ်ထိုးဝင်ခြင်းအောင်မြင်ပါသည်။ အိမ်ရှင်သည် တစ်လကြာ လက်မှတ်ထိုးဝင်ခြင်းကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီး လစဉ်လက်ဆောင်ပက်‌ကေ့ကို ဆုအဖြစ်ရရှိပါသည်။”

စနစ်က ပြန်ဖြေလာ၏။

“ဟင် တစ်လဆိုတာ ရက်၃၀ မဟုတ်ဘူးလား။”

ရှောင်းယီက ဇဝေဇဝါဖြင့် မေးလိုက်သည်။

“စနစ်က ရက်သတ္တပတ် ၄ပတ်ကို ၁လအဖြစ်သတ်မှတ်ပါသည်။ အိမ်ရှင်၏ ယခင်ကမ္ဘာ၏ လနှင့်ကိုက်ညီမှုမရှိပါ။”

စနစ်က ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ လစဉ်လက်ဆောင်ပက်ကေ့ကို ဖွင့်လိုက်တော့။”

ရှောင်းယီ ချက်ချင်း ပြောလိုက်သည်။

“ရရှိသောပစ္စည်းများ: ဗီလာကတ် ၁၊ လယ်ယာမြေခြံကတ် (S အဆင့်) ၁၊ ဆိပ်ကမ်းကတ် ၁၊ တံတိုင်းချဲ့ထွင်ခြင်းကတ် (SSS အဆင့်) ၁။”

“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော ပစ္စည်းများ: ဗီလာကတ် ၂၊ လယ်ယာမြေခြံကတ် (S အဆင့်) ၂၊ ဆိပ်ကမ်းကတ် ၂၊ တံတိုင်းချဲ့ထွင်ခြင်းကတ် (SSS အဆင့်) ၂။”

ရှောင်းယီသည် ထိုပစ္စည်းလေးခုကိုကြည့်လိုက်ပြီး ဤလစဉ်ဆုလက်ဆောင်ပက်ကေ့က သိပ်မကောင်းဘူးဟု ခံစားလိုက်ရသည်။

“ဗီလာကတ်: အသုံးပြုပြီးနောက် မြေပြင်ပေါ်တွင် ၃ထပ်၊ မြေအောက်တွင် ၁ထပ်ပါဝင်သော အဆင့်မြင့်ဇိမ်ခံအိမ်ကြီးတစ်လုံးကို ချက်ချင်းတည်ဆောက်ပေးမည်။”

“လယ်ယာမြေခြံကတ် (S အဆင့်): အသုံးပြုပြီးနောက် ၁၀ ဧကရှိသော ခြံတစ်ခုကို ချက်ချင်းတည်ဆောက်ပေးမည်။ အိမ်ရာနှင့် ထောင်ပံ့ရေးဂိုဒေါင် ၁ ဧက၊ ကြက်မွေးမြူရေး ၁ ဧက၊ တိရစ္ဆာန်မွေးမြူရေးမြေ ၁ ဧကနှင့် ကျန် ၇ ဧက ကို လယ်ယာမြေအဖြစ် သတ်မှတ်မည်။ ထိုလယ်ယာမြေတွင် S အဆင့်မြေဆီလွှာ ၁ ဧက၊ A အဆင့်မြေဆီလွှာ ၂ ဧက၊ B အဆင့်မြေဆီလွှာ ၄ဧက ပါဝင်မည်။ ခြံအတွင်း၌ အပူထိန်းစနစ်ပါရှိပြီး လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်သည်။”

“ဆိပ်ကမ်းကတ်: အသုံးပြုပြီးနောက် အသေးစားဆိပ်ကမ်းတစ်ခုကို ချက်ချင်းတည်ဆောက်ပေးမည်။ သင်္ဘောများဆိုက်ကပ်ရန် အသုံးပြုနိုင်ပြီး သင်္ဘောများ ပြန်လည်ပြုပြင်ရန်အတွက်လည်းအသုံးပြုနိုင်သည်။ အကာအကွယ်အနည်းငယ်ရှိသည်။”

“တံတိုင်းချဲ့ထွင်ခြင်းကတ် (SSS အဆင့်): ရှိပြီးသား မြို့တံတိုင်းကို သင့်တော်သောအရွယ်အစားအထိ ချဲ့ထွင်နိုင်သည်။”

ပစ္စည်း ၄မျိုး၏ ရှင်းလင်းချက်များကို ဖတ်ကြည့်ပြီးလိုက်နောက် ရှောင်းယီသည် ဤပစ္စည်း ၄မျိုး၏စွမ်းအားကို နောက်ဆုံးတွင် နားလည်သွားတော့သည်။

သို့သော် အကြမ်းဖျင်း တွက်ချက်ကြည့်ပြီးနောက် သူ့ကျွန်းက ဤကဲ့သို့ များပြားလှသောပစ္စည်းများကို မဝင်ဆန့်နိုင်ကြောင်း သိလိုက်ရလေသည်။

ခြံနှစ်ခုတည်းက မြေနေရာ ဧက ၂၀ ယူမည်ဖြစ်ပြီး ၎င်းက စုစုပေါင်း ၁၃၀၀၀ စတုရန်းမီတာကျော် ရှိပေသည်။ ဗီလာနှစ်လုံးနှင့် ယခင်တည်ဆောက်ထားခဲ့သော အဆောက်အဦးများကိုပါ ထပ်ပေါင်းလျှင် ၂၀၀၀၀ စတုရန်းမီတာ ကျော်သွားပြီဖြစ်သည်။

လက်ရှိအချိန်၌ သစ်တော၏ နေရာထက်ဝက်ကျော်ကို ခုတ်ထုတ်လိုက်လျှင် ဖြစ်နိုင်သော်လည်း ဤသို့လုပ်ခြင်းမှာ အကျိုးအမြတ်ထက် ဆုံးရှုံမှုက ပိုများပေလိမ့်မည်။

“မဖြစ်ဘူး...အုတ်မြစ်ကျောက်တွေကို အစွမ်းကုန် စုဆောင်းရမယ်။”

ရှောင်းယီသည် ထိုသစ်တောများကို မခုတ်လှဲပစ်ချင်ပေ။ နောက်ဆုံးတွင် ထိုကဲ့သို့ သစ်တောများအဖြစ် ဆင့်ကဲပြောင်းလဲလာစေရန် သူကိုယ်တိုင် ကြိုးစားထားရခြင်းပင်။

ထိုအကြောင်းကို စဉ်းစားလိုက်ပြီးနောက် ရှောင်းယီက အန်းရန်ကို ခေါ်လိုက်၏။

“ဘာကိစ္စရှိလို့လဲ။”

အန်းရန်က မေးလိုက်သည်။

“ငါတို့မှာရှိတဲ့ အဆင့်မြင့်အစားအစာတွေအားလုံးကို စာရင်းပြုစု‌ပေးပါဦး။ ငါတို့ ဒီနေ့ အုတ်မြစ်ကျောက်တွေ အများကြီးစုဆောင်းရမယ်။”

ရှောင်းယီက ပြောလိုက်၏။

အန်းရန်သည် ရှောင်းယီ၏ နှစ်ဆရရှိနိုင်သောအခြေအနေ ရောက်ရှိလာပြီဖြစ်ကြောင်း သိထားသောကြောင့် ဆုဝမ်ကိုခေါ်ကာ ချက်ချင်းပင် နှစ်ယောက်သား အတူတူ စာရင်းပြုစုလိုက်ကြတော့လေသည်။

မကြာမီ သူမတို့ ပြုစားထားသော စာရင်းဇယားများကို ရှောင်းယီဆီသို့ ပေးပို့လိုက်သည်။

SS အဆင့်ရေသန့် ၄၅၀၀ မီလီလီတာနှင့် ရေသန့်စက်ကို အဆင့်မမြှင့်တင်မီက စုဆောင်းထားသော S အဆင့်ရေသန့် ၅၀၀ မီလီလီတာ။

A အဆင့် ကြက် ၁၅၀ ကီလိုဂရမ်၊ B အဆင့် ကျားအသား ၃၆ ကီလိုဂရမ်၊ B အဆင့် ဝက်ဝံအသား ၅၇ ကီလိုဂရမ်၊ B အဆင့် ပင်လယ်ငါး ၅၆ ကီလိုဂရမ်၊ C အဆင့်ပင်လယ်ငါးနှင့် ရေချိုငါး ၅၀၈ ကီလိုဂရမ်။

S အဆင့်ပြောင်းဖူး ၂၀ ကီလိုဂရမ်၊ S အဆင့် ကန်စွန်းဥ ၉၁၂ ကီလိုဂရမ်၊ A အဆင့်ဂျုံ ၉၆ ကီလိုဂရမ်၊ A အဆင့် ပဲပိစပ် ၂၅ ကီလိုဂရမ်။

S အဆင့်နွားနို့ ၁၃၀၀ မီလီလီတာ၊ A အဆင့် နွာစနို့ ၂၅၀၀ မီလီလီတာ၊ A အဆင့်ကြက်ဥ ၃၀၀ ကီလိုဂရမ်။

ဤပစ္စည်းများ၏ ပမာဏကို ဖတ်ရှုပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အား အများသုံချန်နယ်သို့ ပြောင်းလိုက်တော့လေသည်။

“အားလုံးပဲ...ကျုပ်က ယီရန်ပင်းပါ။ လာမယ့်အပတ်မှာ မသိရသေးတဲ့ရန်သူတွေကို ရင်ဆိုင်နိုင်ဖို့တွက် ကျုပ်တို့အဖွဲ့နဲ့ ဆွေးနွေးပြီးတဲ့နောက် အဆင့်မြင့်အစားအစာအများအပြားကို ရောင်းချဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီအရောင်းအဝယ်မှာ ပါဝင်တဲ့ပစ္စည်းအားလုံးနဲ့ လဲလှယ်မှာကတော့ အုတ်မြစ်ကျောက်တွေပဲ ဖြစ်ပါတယ်။”

ရှောင်းယီက ပြောလိုက်သည်။

လူတိုင်းက ရှောင်းယီ၏စာကို မြင်လိုက်ကြရသောအခါ ချက်ချင်းပင် ရူးသွပ်သွားကြတော့သည်။

“ပြန်ရောက်လာပြီ။ ပြန်ရောက်လာပြီ။ သူဌေးကြီးယီရန်ပင်းက အဆင့်မြင့်အစားအစာတွေနဲ့ ပြန်ရောက်လာပြီ။”

“ဒီတစ်ခါသူဌေးကြီးက အများကြီးလို့ ပြောထားတယ်ဆိုတော့ အများကြီးရှိမှာ သေချာတယ်။ ငါလည်း ဝေစုတစ်ချို့တော့ ရနိုင်မယ်လို့ မျှော်လင့်တယ်။”

“ဒါဆို အုတ်မြစ်ကျောက်တွေ အလုံအလောက်ပြင်ဆင်ထားရမယ်။”

တစ်ချိန်တည်းမှာပင် လင်းအင်ပါယာ၏ တပ်ဖွဲ့အတွင်း၌လည်း ဆွေးနွေးမှုများ စတင်နေပြီဖြစ်သည်။

“ဥက္ကဋ္ဌ ယီရန်ပင်းက အဆင့်မြင့်အစားအစာတွေ ထပ်ရောင်းတော့မယ်။ အများကြီးရှိတယ်ဆိုပဲ။”

“ဟုတ်တယ်...ကျုပ်တို့ ဘာလုပ်ကြမလဲ။”

“အားလုံးပဲ အုတ်မြစ်ကျောက်တွေ ပြင်ဆင်ပြီး ခဏနေရင် အဆင့်မြင့်အစားအစာတွေ ဝယ်ယူဖို့ ကြိုးစားကြ။

တိလင်းထျန်းရှားက ပြောလိုက်သည်။

“ဟုတ်ကဲ့”

လူတိုင်းက တုံ့ပြန်လိုက်ကြ၏။

လူတိုင်း၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ရှောင်းယီက နောက်ထပ်စာတစ်စောင် ထင်တင်လိုက်သည်။

“ခင်မင်ရင်းနှီးစွာနဲ့ အသိပေးပါစေ။ ဒီနေ့မှာ ပင်လယ်ရေက ကျွန်းရဲ့အုတ်မြစ်ကျောက်တွေကို တိုက်စားသွားမှာဖြစ်တဲ့အတွက် အရံအုတ်မြစ်ကျောက်တွေကိုလည်း ချန်ထားကြပါ။”

“သူဌေး...အဲ့အကြောင်း ကျုပ်တို့အားလုံး သိပါတယ်။ အစားအစာတွေပဲ အမြန်တင်ပေးပါတော့။”

“ဟုတ်ပါတယ် သူဌေးကြီး...။ လူတိုင်းက ဒီကိစ္စကို စဉ်းစားဖို့လိုတယ်ဆိုတာ သိပြီးသားပဲ။ အဲ့ဒါကြောင့် အရမ်းစိတ်မပူပါနဲ့။”

“ငါတော့ဝိုင်းလုဖို့ အဆင်သင့်ဖြစ်နေပြီ။”

ထိုအခါ ရှောင်းယီက နောက်ထပ်ပြောလိုက်သည်။

“ဒီတစ်ခါထုတ်ပြန်မယ့် အမြင့်ဆုံးအဆင့်က S အဆင့်ဖြစ်ပြီး ဈေးကအရမ်းကြီးလိမ့်မယ်။ လူတိုင်းပဲ ကိုယ့်ရဲ့လက်ထဲက အုတ်မြစ်ကျောက်တွေကိုကြည့်ပြီး ကိုယ်လိုချင်တဲ့အဆင့်ကို သတ်မှတ်ထားကြပါ။”

“ဘာ! အမြင့်ဆုံးက S အဆင့်လား။ သူဌေးကြီး ဘယ်ကရလာတာလဲ။”

“သေးစမ်း...။ ငါ့သွေးတွေ ဆူပွက်နေပြီ။ မြန်မြန်လုပ်ပါတော့။”

“ငါ S အဆင့်အစားအစာတစ်ခုတော့ ရအောင်ယူရမယ်။ ဒေဝါလီခံရမယ်‌ဆိုရင်တောင် မဖြစ်မနေ ရမှကိုဖြစ်မယ်။”

တိလင်းထျန်းရှားသည်လည်း ရှောင်းယီ၏စာကိုမြင်လိုက်ရပြီး အံ့အားသင့်မှုကြောင့် တကိုယ်လုံး တုန်ယင်သွားခဲ့သည်။

“S အဆင့်အစားအစာလား။ ဘယ်လိုဖြစ်နိုင်မှာလဲ။ အဲ့ဒါကို သူဘယ်လိုရလာတာလဲ။”

ရှောင်းယီသည် လူတိုင်း၏အံ့အားသင့်မှုကို ဂရုမစိုက်တော့ဘဲ ဈေးကွက်စာမျက်နှာသို့ပြောင်းကာ စာရင်းကို စတင်လိုက်တော့သည်။

ပထမဆုံးမှာ C အဆင့်ငါးသားဖြစ်သည်။

နောက်‌ဆုံးတစ်ကြိမ်တုန်းက အုတ်မြစ်ကျောက်တစ်ခုကို C အဆင့်ငါး ၅၀ ဂရမ်နှင့် လဲလှည်နိုင်ခဲ့၏။ ယခုတစ်ကြိမ်၌ ရှောင်းယီက ၆၀ ဂရမ်အထိ တင်လိုက်သည်။

“[ငါး (C အဆင့်) ၆၀ ဂရမ် - [အုတ်မြစ်ကျောက်] ၁]”

C အဆင့်ငါးအားလုံးကို တင်လိုက်၏။ စုစုပေါင်း အစု ၈၄၆၆ စုပင်။

၎င်းတို့ကို တင်သွင်းပြီးနောက် ရှောင်းယီလက်ပြန်မကျသေးမီအချိန်တွင်းမှာပင် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

“အရောင်းအဝယ်အောင်မြင်ပါသည်။ ရရှိသောပစ္စည်းများ: အုတ်မြစ်ကျောက် ၈၄၆၆။”

“နှစ်ဆအကျိုးသက်ရောက်မှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ: အုတ်မြစ်ကျောက် ၁၆၉၃၂။”

အုတ်မြစ်ကျောက် ၁၇၀၀၀ နီးပါးကိုကြည့်ပြီး ရှောင်းယီ၏ခန္ဓာကိုယ်တစ်ခုလုံး စိတ်လှုပ်ရှားမှာကြောင့် တုန်ယင်သွားခဲ့သည်။

“ထပ်လုပ်မယ်။”

နောက်တစ်ခုမှာ B အဆင့်ပင်လယ်ငါးဖြစ်ပြီး စျေးနှုန်းသတ်မှတ်ချက်ကို C အဆင့်ငါးကို အခြေခံကာ တစ်ဝက်လျှော့ထားခဲ့သည်။

“[ငါး (B အဆင့်) ၃၀ ဂရမ် - [အုတ်မြစ်ကျောက်] ၁]”

စုစုပေါင်း ၁၈၆၆ စု။

ချက်ချင်း ပျောက်ကွယ်သွားပြန်သည်။

“အရောင်းအဝယ်အောင်မြင်ပါသည်။ ...

နှစ်ဆအကျိုးသက်ရောက်မှုကို အသက်သွင်းပြီးလိုက်ပါပြီ။ ရရှိသောပစ္စည်းများ: အုတ်မြစ်ကျောက် ၃၇၃၂။”

“ဆက်လုပ်မယ်။”

ရှောင်းယီ သူ၏လက်များကို ပွတ်သပ်ရင်း ပြောလိုက်၏။

နောက်တစ်ခုမှာ B အဆင့်ကျားအသားနှင့် ဝက်ဝံအသားဖြစ်သည်။ နောက်ဆုံးအကြိမ်တုန်းက အုတ်မြစ်ကျောက်တစ်ခုကို ၂၀ ဂရမ်နှင့် လဲလှယ်ခဲ့ပြီး ဤတစ်ကြိမ်တွင် ရှောင်းယီက ၂၅ ဂရမ်အထိ တင်လိုက်သည်။

အဘယ်ကြောင့်ဆိုသော ကျားအသားနှင့် ဝက်ဝံအသားမှာ ငါးထက် ပိုမိုရှားပါးသောကြောင့်ပင်။

“[ကျား (ဝက်ဝံ) အသား] (B အဆင့်) ၂၅ ဂရမ် - [အုတ်မြစ်ကျောက်] ၁။”

စုစုပေါင်း ၃၇၂၀ စု။

ချက်ချင်းပင် ပျောက်ကွယ်သွားပြန်သည်။

“အရောင်းအဝယ်အောင်မြင်ပါသည်,..., နှစ်အကျိုးသက်ရောက်မှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော ပစ္စည်းများ: အုတ်မြစ်ကျောက် ၇၄၄၀။”

အရောင်းအဝယ်ပြီးနောက် ရှောင်းယီ အများသုံးချန်နယ်သို့ ပြန်ပြောင်းကြည့်လိုက် းလေသည်။

“သူဌေးကြီးယီရန်ပင်းက အရမ်းအရမ်းမိုက်လွန်းတယ်။ ဒီတစ်ခါ အဆင့်မြင့်အစားအစာတွေ အများကြီးရောင်းလိုက်တာပဲ။”

“ဟုတ်တယ်...။ ပြီးတော့အရင်ကထက် ဈေးနည်းနည်း ပိုသက်သာတယ်။ အရင်တုန်းက အုတ်မြစ်ကျောက်တစ်ခုနဲ့ B အဆင့်ဝက်ဝံအသား ၂၀ဂရမ်ပဲလဲလို့ရတယ်။ ဒီတစ်ခါတော့ ၂၅ ဂရမ်အထိ လဲလို့ရပြီ။”

“တကယ့်ကို စိတ်ကောင်းရှိတဲ့လုပ်ငန်းရှင်ပဲ။ အရင်က ယီရန်ပင်း ကောင်းတယ်ဆိုတာကြားဖူးပေမယ့် ဘာကောင်းလဲဆိုတာမသိခဲ့ဘူး။ နောက်ဆုံးတော့ ငါ သိလိုက်ရပြီ။”

ရှောင်းယီ ပြုံးလိုက်ပြီး အများသုံးချန်နယ်တွင် စာတစ်စောင် တင်လိုက်သည်။

“A အဆင့်အစားအစာတွေ ဝယ်ဖို့ အဆင်သင့်ဖြစ်ပြီလား။”

“အား... ရောက်လာပြီ။ နောက်ဆုံးတော့ A အဆင့် အစားအစာတွေ ရောက်လာပြီ။ ငါစိတ်လှုပ်ရှားလွန်းလို့ သေးတောင်ထွက်ကျတော့မယ်။”

“ဒါဆို အိမ်သာသွားလိုက်လေ။”

“မသွားဘူး။ မင်းစိတ်ကူးကို ငါသိသားပဲ။ မင်းက ငါ့အိမ်သာသွားတာကို အခွင့်ကောင်းယူပြီး နှစ်စုပိုဝယ်ချင်တာမခလား။ ငါ ဘောင်းဘီထဲမှာ သေးပေါက်ချရမယ်ဆိုရင်တောင် ရအောင်ဝယ်မှာကွ။”

“မင်းက ကျောက်ကပ်အားနည်းနေတာထင်တယ်။ လျူဝေ့တိဟွမ်းဝမ်ကို သောက်လိုက်လေ။”

“ထွက်သွားစမ်း။ ဒီဆေးအတုရောင်းတဲ့သူက ရောက်လာပြန်ပြီဟ။”

ရှောင်းယီသည် A အဆင့်အစားအစာများကို ကြည့်ပြီး ထို A အဆင့်အစားအစာများကို မည်သို့စျေးနှုန်းသတ်မှတ်ရမလဲဆိုသည်ကို စဉ်းစားနေလိုက်သည်။

အခန်း (၁၉၄) - အုတ်မြစ်ကျောက် တစ်သိန်းတစ်သောင်း၊ S အဆင့် ပြောင်းဖူး

A အဆင့် အစားအစာများမှာ B နှင့် C အဆင့်များနှင့် လုံးဝကွဲပြားသည်။ ၎င်း၏ ရှားပါးမှုနှင့် ဈေးကွက်လက်ခံမှုကို ထည့်သွင်းစဉ်းစားပြီး နောက်ဆုံးစျေးနှုန်းကို သတ်မှတ်ရန် လိုအပ်၏။

ရှောင်းယီသည် ဈေးကွက်တွင် လုံးဝမလက်ခံနိုင်သော စျေးနှုန်းကို သတ်မှတ်လိုက်ပါက မည်သူမျှ အုတ်မြစ်ကျောက်များဖြင့် ဝယ်ယူလိုစိတ်ရှိမည်မဟုတ်ဘဲ အုတ်မြစ်ကျောက်များကို စုဆောင်းချင်သည့် သူ၏ မူလရည်ရွယ်ချက်နှင့်လည်း ဆန့်ကျင်သွားပေလိမ့်မည်။

ခဏကြာအောင် စဉ်းစားပြီးနောက် ရှောင်းယီသည် A အဆင့် အစားအစာများကို ဈေးကွက်တွင် စတင်လိုက်တော့သည်။

“[ကြက်သား] (A အဆင့်) ၁၀ဂရမ် - အုတ်မြစ်ကျောက် ၁။”

စုစုပေါင်း ၁၅၀၀၀ စု။

“အား...။ သူဌေးကြီးမှာ A အဆင့် ကြက်သားတွေ အများကြီးရှိနေတာပဲ။ ဒါဆို သူ့မှာ ကြက်ကြီးတွေ မွေးထားတယ်ဆိုတာ ထင်ရှားနေပြီ။”

“မဟုတ်ဘူး။ ဒါဆို ငါတို့ A အဆင့် ကြက်သားတွေကို နေ့တိုင်း စားနိုင်ပြီလို့ ဆိုလိုလိုက်တာ မဟုတ်ဘူးလား။”

“သူဌေးကြီးရဲ့ ကမ္ဘာကြီးကို မင်းတို့ ဘယ်တော့မှ နားလည်နိုင်မှာမဟုတ်ဘူးကွ။”

“အဲ့ဒီအကြောင်းတွေ ဆွေးနွေးနေမယ့်အစား နှစ်စုလောက် အမြန်ဝယ်လိုက်တော့လေ။”

“ငါက သုံးစု ဝယ်ပြီးသွားပြီ။”

“ငါ ငိုနေပြီ။ အဲ့ဒါက ဒီလောက်စျေးချိုမယ်မှန်းသိရင် C အဆင့်ငါးကို မဝယ်ခဲ့ပါဘူးကွာ။”

“ဟုတ်တယ်...။ ငါ့မှာ အပိုရှိတဲ့ အုတ်မြစ်ကျောက် ၅ခုလုံးနဲ့ B အဆင့် ဝက်ဝံအသား ဝယ်ပြီးသွားပြီ။”

ပြီးခဲ့သည့် လေးပတ်အတွင်း လူအများအပြား သေဆုံးသွားခဲ့ကြသော်လည်း အသက်ရှင်ကျန်ရစ်သူ အများအပြား ကျန်ရှိနေဆဲပင်။

ထို့အပြင် နောက်ဆုံးရက်များတွင် အုတ်မြစ်ကျောက် ရနိုင်ချေ အခွင့်အလမ်း မြင့်တက်လာခဲ့ပြီး လူတိုင်း၏လက်ထဲတွင် အုတ်မြစ်ကျောက်များ ပေါများစွာ ရှိနေပြီဖြစ်သည်။

ထို့ကြောင့်အစု ၁၅၀၀၀ မှာ များပြားသည်ဟုထင်ရသော်လည်း တဒင်္ဂအတွင်း အားလုံး ကုန်သွားခဲ့လေသည်။

“လဲလှယ်မှု အောင်မြင်ပါသည်၊ ...၊ နှစ်ဆ.....အုတ်မြစ်ကျောက် ၃၀၀၀၀ ရရှိပါသည်။”

A အဆင့် နွားနို့ကို ဆက်တင်လိုက်၏။

“[နွားနို့] (A အဆင့်) ၁၀မီလီလီတာ - [အုတ်မြစ်ကျောက်] ၁”

စုစုပေါင်း ၂၅၀ အုပ်စု။

“နွားနို့တောင်ရှိသေးတယ်။ သူဌေးကြီးက A အဆင့် နွားတွေ မွေးထားတာလား။”

“ငါနို့မသောက်ရတာ ဘယ်လောက်ကြာပြီလဲ။ နို့ရဲ့ အရသာကိုတောင် လွမ်းနေပြီ။”

“ကျွန်မလည်း နွားတစ်ကောင်ပါပဲ။ အရသာခံကြည့်ချင်လား။ ကျွန်မကို မွေးထားရုံပဲ။ ဘာရွေးချယ်စရာမလိုပါဘူး။”

“မင်းက A အဆင့်ဆိုရင်တော့ ငါစဉ်းစားပေးနိုင်တယ်။”

“အပေါ်က နှစ်ယောက် မင်းတို့အချင်းချင်း သီးသန့်ဆက်သွယ်ကြစမ်းပါ။ အများသုံးချန်နယ်မှာ လာမမောင်းနဲ့ကွ။”

နွားနို့သည် ၂၅၀ အုပ်စုသာ ရှိသောကြောင့် ဈေးကွက်တွင် တင်လိုက်သည်နှင့် တပြိုင်နက် ကုန်သွားခဲ့လေသည်။

“လဲလှယ်မှု အောင်မြင်ပါသည်၊ ...၊ နှစ်ဆ......အုတ်မြစ်ကျောက် ၅၀၀ ရရှိပါသည်။”

အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီသည် A အဆင့် ဂျုံနှင့် ပဲတောင့်ရှည်များကို မတင်တော့ရန် ဆုံးဖြတ်လိုက်၏။ ၎င်းတို့ကို သူတို့ကိုယ်တိုင် စားသုံးရန် ချန်ထားရမည်ဖြစ်သည်။

နောက်တစ်ခုမှာ A အဆင့်ကြက်ဥများ ဖြစ်သည်။

ကြက်ဥများသည် အသားနှင့် နို့များကဲ့သို့ မဟုတ်သောကြောင့် တစ်ယောက်စာ ၁၀ ဂရမ်ကဲ့သို့ အတိအကျသတ်မှတ်ကာ မရောင်းနိုင်ပေ။

သို့သော် ကံကောင်းစွာဖြင့် ဤကမ္ဘာတွင် ကြက်ဥတစ်လုံး၏ အလေးချိန်သည် ၅၀ ဂရမ်ခန့်ရှိပြီး သိသိသာသာ ကွဲပြားမှုမရှိသောကြောင့် ရှောင်းယီအတွက် ဈေးကွက်တင်ရန် လွယ်ကူသွားခဲ့သည်။

သို့သော်လည်း ဈေးကွက်မတင်မီ ရှောင်းယီက အများသုံးချန်တွင် အသိပေးလိုက်သည်။

“အားလုံးပဲ...နောက်တစ်ခုအနေနဲ့ A အဆင့် ကြက်ဥတွေကို တင်မှာဖြစ်ပါဝယ်။ ကြက်ဥတစ်လုံးစီရဲ့ အလေးချိန်က ၅၀ ဂရမ်ဝန်းကျင်ရှိတယ်။ ဒါပေမယ့် အတိအကျတူညီမယ်လို့တော့ အာမမခံနိုင်ပါဘူး။ နည်းနိုင်သလို များလည်းများနိုင်ပါတယ်။ ဒီကွဲပြားမှုကို အလိုမရှိရင် မဝယ်ကြပါနဲ့။”

“အမှန်ပဲ...။ သူဌေးကြီးမှာ ကြက်တွေ အများကြီးရှိတယ်ဆိုတာ သေချာသွားပြီ။”

“သူဌေးကြီးရေ ယူထုတ်လိုက်ပါတော့။ ကျုပ် နေ့တိုင်း ကြက်ဥတစ်လုံးစားချင်တယ်။”

“နေ့တိုင်း ကြက်ဥတစ်လုံးစားမယ် ဟုတ်လား။ အရမ်းလက်ဖွာလွန်းတယ်။ ငါကတော့ တစ်ပတ်ကို တစ်လုံးပဲ စားမယ်။”

“ဟားဟား...နောက်ထပ်ကောင်းတဲ့အရာတွေ ရှိသေးတယ်ဆိုတာ သိသားပဲ။ မြန်မြန်တင်လိုက်ပါတော့။ မင်းတို့အတွက် အုတ်မြစ်ကျောက်တွေ သိမ်းထားတယ်။”

“မင်း သိမ်းထားတယ်ဆိုတာ သေချာလို့လား။ မင်းက လက်နှေးနေလို့ အရင်အစားအစာတွေကို မဝယ်နိုင်တာမဟုတ်ဘူးလား။”

ရှောင်းယီသည် ပြောပြီးသည်နှင့် A အဆင့် ကြက်ဥများကို စတင်လိုက်တော့သည်။

“ကြက်ဥ (A အဆင့်) ၁လုံး - [အုတ်မြစ်ကျောက်] ၅”

စုစုပေါင်း ၆၀၀၀ အုပ်စု။

ကြက်ဥတစ်လုံးစီအတွက် အုတ်မြစ်ကျောက်ငါးခု လိုအပ်ပြီး ရှောင်းယီက လူအများအပြား၏ လက်ထဲတွင် အုတ်မြစ်ကျောက်များ အများအပြား ရှိလောက်တော့မည်မဟုတ်ဟု ထင်ထားခဲ့လေသည်။

သို့သော် အဖြစ်မှန်က ချက်ချင်းအပင် သူ့မျက်နှာကို ဖြတ်ရိုက်လိုက်၏။ ကြက်ဥအစု ၆၀၀၀ မှာ တဒင်္ဂအတွင်းမှာပင် ကုန်သွားခဲ့သည်။

“လဲလှယ်မှု အောင်မြင်ပါသည်၊ ...၊ နှစ်ဆ.......အုတ်မြစ်ကျောက် ၆၀၀၀၀ ရရှိပါသည်။”

“လူတိုင်းမှာ အုတ်မြစ်ကျောက်တွေ အများကြီး ရှိနေတာလား။”

ရှောင်းယီ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့၏။

တကယ်တမ်းတွင်မူ လူတိုင်း၌ အုတ်မြစ်ကျောက် အများအပြားရှိနေကြခြင်းမဟုတ်ပေ။ သို့သော် နယ်မြေများကို သုံးကြိမ်တိုင်တိုင် ပေါင်းစည်းပြီးနောက် ဤဒေသတစ်ခုလုံး၏ အခြေခံလူဦးရေ ကြီးမားလာခဲ့ခြင်းကြောင့်သာ ဖြစ်ပေသည်။

ရှောင်းယီသည် အုပ်စုများစွာ လဲလှယ်ထားသော်ခဲ့လည်း ဤမျှများပြားသော လူဦးရေနှင့် နှိုင်းယှဉ်ပါက ရေတစ်စက်မျှသာ ဖြစ်နေသေးသည်။

လဲလှယ်မှုမှ ရရှိသော အုတ်မြစ်ကျောက်များကို ကြည့်လိုက်သောအခါ လက်ရှိတွင် ၁၁၈၆၀၄ ရှိနေပြီဖြစ်သည်။

အကယ်၍ အားလုံးကို ကျွန်းကို ချဲ့ထွင်ရန်အသုံးပြုလိုက်ပါက မူလက ၃၈၀၆၇ စတုရန်းမီတာရှိသော ကျွန်း၏ ဧရိယာမှာ စုစုပေါင်း ၁၅၆၆၇၁ စတုရန်းမီတာ ဖြစ်လာမည်ဖြစ်သည်။

ဤမျှကြီးမားလာပါက လစဥ် လက်မှတ်ထိုးဝင်ခြင်းမှရရှိလာသည့် ဆုလာဘ်ကို ထည့်သွင်းစဥ်းစားလျှင်ပင် ဧရိယာမှာ ကြီးမားလွန်းပြီး လက်ရှိလူအင်အားဖြင့် စောင့်ကြည့်ရန်မှာ မလွယ်ကူနိုင်တော့ပေ။

ဤတစ်ကြိမ် စတုရန်းမီတာ ၁၀၀၀၀၀ ကျော် ချဲ့ထွင်လိုက်ပြီးနောက် ကျွန်း၏ ဆင့်ကဲပြောင်းလဲမှုမှာ ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။

ရှောင်းယီတွင် S အဆင့် ရုပ်ခန္ဓာရှိသော်လည်း S အဆင့်ရုပ်ခန္ဓာသည်လည်း ပြိုင်ဘက်ကင်းနေခြင်းမျိုးမဟုတ်ပေ။

“ဒါဆို ဒီမှာပဲ ရပ်လိုက်တော့မယ်။”

ရှောင်းယီ ဆုံးဖြတ်ချက်ချလိုက်တော့၏။

အစပိုင်းတွင် ရှောင်းယီသည် S အဆင့် အစားအစာများကို တင်မည်ဟု ကြွေးကြော်ခဲ့သောကြောင့် S အဆင့် ပြောင်းဖူးပြုတ်ကို ဈေးကွက်တင်ရန် ဆက်လက်လုပ်ဆောင်လိုက်သည်။

B အဆင့်များကို ရွေးချယ်ထားသူများမှာတော့ မျက်ရည်များဖြင့်သာ အဆုံးသတ်ရမည်ဖြစ်သည်။

“[ပြောင်းဖူးပြုတ်] (S အအဆင့်)၂၀၀ဂရမ် - [အုတ်မြစ်ကျောက်]၊

မှတ်ချက်- စျေးနှုန်းအမြင့်မားဆုံးပေးနိုင်သူ ရရှိမည်။ လေလံချိန် နာရီဝက်ဖြစ်သည်။”

“S အဆင့် အစားအစာ ပေါ်လာပြီ။ အဲ့ဒါက ပြောင်းဖူးပြုတ်ပဲ။”

“ငါ ပြောင်းဖူးပြုတ်မစားရတာ ကြာပြီ။ တကယ်စားချင်တယ်။”

“‌သူဌေးကြီး ယူလာတဲ့အရာတိုင်းက မင်းတို့ အချိန်အကြာကြီး မစားခဲ့ရတဲ့အရာတွေပဲ။ ခဏခဏ မပြောနဲ့။”

“သေချာပေါက်ပဲ‌...။ ယီရန်ပင်းက စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးပဲ။ သူက အမြဲတမ်း ငါတို့ရဲ့ အုတ်မြစ်ကျောက်တွေကို ဂိတ်ဆုံးထိ ညှစ်ထုတ်နိုင်တယ်။”

“တစ်ယောက်ယောက် ငါတို့ ပူးပေါင်းကြမလား။ အဲ့ဒါကို ရအောင်လုပ်ပြီး တူတူမျှစားကြမယ်လေ။”

“အဲ့ဒါအကြံကောင်းပဲ။ ဒီလိုမှမဟုတ်ရင် ငါတို့လို တစ်ကိုယ်တည်းသမားတွေက အဖွဲ့အစည်းတွေနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး။”

လူတိုင်းသည် ၎င်းတို့၏ မိတ်ဖက်များကို ရှာဖွေခြင်း၊ လက်ထဲရှိ အုတ်မြစ်ကျောက်များကို ရေတွက်ခြင်းနှင့် ဈေးကွက်ကဏ္ဍရှိ လေလံအခြေအနေကို စောင့်ကြည့်ခြင်းများအား စတင်လိုက်ကြတော့သည်။

သို့သော် ခဏကြာသည်အထိ မည်သူမျှ ပထမဆုံး ကမ်းလှမ်းချက်ကို စတင်ကြခြင်းမရှိသေးပေ။

“ဘယ်သူမှ အရင်ဆုံး ဈေးစခေါ်ဖို့ ရည်ရွယ်ချက်မရှိဘူးထင်တယ်။ ဒါဆို ငါအရင်စလိုက်မယ်။ အုတ်မြစ်ကျောက်တစ်ခုကွာ...[အုတ်မြစ်ကျောက်] ၁။”

“မင်းက မျောက်တစ်ကောင်လို ပြက်လုံးလာထုတ်‌နေတာလား။ အုတ်မြစ်ကျောက်တစ်ခုတည်းနဲ့ S အဆင့် အစားအစာ ၂၀၀ ဂရမ်ကို လိုချင်နေတယ်ပေါ့။ ငါ ငါးခုပေးမယ်ကွ။ [အုတ်မြစ်ကျောက်] ၅။”

“မင်းလည်း နည်းနေသေးတယ်ကွ။ [အုတ်မြစ်ကျောက်] ၂၀။”

“အားလုံးပဲ။ ကျုပ်ကို မျက်နှာသာပေးကြပါ။ ဒီပြောင်းဖူးပြုတ်ကို ကျုပ်လိုချင်တယ်။ [အုတ်မြစ်ကျောက်] ၄၀။”

တိလင်းထျန်းရှားက ပြောလိုက်သည်။

“မင်းမျက်နှာက ဘယ်လောက်တန်လို့လဲ။ [အုတ်မြစ်ကျောက်] ၄၁။”

ကျူးချန်းချူရှန်း းဆိုသည့် အိုင်ဒီရှိသူက ပြန်ဖြေလိုက်သည်။

“ဟမ့် မင်းက ငါ့ကို စိန်ခေါ်နေတာလား။ [အုတ်မြစ်ကျောက်] ၅၀။”

တိလင်းထျန်းရှားက ဆက်ပြောလိုက်၏။

“ဒီစကားတွေ ငါမကြိုက်ဘူး။ ယီရန်ပင်းက အမြဲတမ်း စျေးနှုန်းမြင့်လေ ကောင်းလေလို့ ပြောထားတယ်။ ငါက ပုံမှန်အတိုင်း တိုးမြှင့်လို့ မရဘူးလား။ [အုတ်မြစ်ကျောက်] ၅၁။”

ကျူးချန်းချူရှန်းဆိုသူက ရည်ရွယ်ချက်ရှိရှိဖြင့် တိလင်းထျန်းရှားထက် အုတ်မြစ်ကျောက်တစ်ခုပိုထည့်ပြီး တင်လိုက်သည်။

အုတ်မြစ်ကျောက်ငါးဆယ်ကျော်သည် လူတစ်ဦးချင်းစီအတွက် တက်နိုင်သည့်ပမာဏမဟုတ်ပေ။ သို့သော် အဖွဲ့အစည်းများအတွက်မူ ဆက်လက်ကြိုးစားနိုင်သည်။

“စကားများနေတာကို ရပ်လိုက်တော့...။ အားလုံးပဲ အုတ်မြစ်ကျောက်နဲ့ပဲ ပြောကြရအောင်။ [အုတ်မြစ်ကျောက်] ၅၅။”

တိလင်းထျန်းရှားက ဘာစကားမှမပြောဘဲ တိုက်ရိုက် ဈေးတင်လိုက်သည်။

“[အုတ်မြစ်ကျောက်] ၁၀၀။”

“အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ထိုက်ပါပေတယ်။ မင်းရဲ့လက်ထဲမှာ အုတ်မြစ်ကျောက်တွေ အများကြီးရှိနေတာပဲ။”

“အပေါ်ကတစ်ယောက်။ ဒါက ဈေးကွက်ပဲ။ စကားပြောချင်ရင် အများသုံးချန်နယ်မှာ ပြောကွ။ [အုတ်မြစ်ကျောက်] ၁၀၁။”

ကျူးချန်းချူရှန်းက ထပ်မံ၍ လေလံတင်လိုက်သည်။

လူတိုင်း အံ့အားသင့်သွားကြ၏။

ဤကျူးချန်းချူရှန်းဆိုသူကား မည်သူနည်း။ သူ့ဆီ၌ အုတ်မြစ်ကျောက်များ အဘယ်ကြောင့် ဤမျှများပြားစွာ ရှိနေရသနည်း။

အခန်း (၁၉၅) - ချူရှန်းနှင့် လှေဦးပိုင်းပင်လယ်ဘီလူးရုပ်တု

ရှောင်းယီပင် အံ့အားသင့်သွားခဲ့သည်။ ဤကဲ့သို့သောလူတစ်ဦး ရုတ်တရက် ပေါ်ထွက်လာပြီး တိလင်းထျန်းရှားကို အဘယ်ကြောင့် ရင်ဆိုင်ရဲနေရသနည်း။

ယခင်က ထိုသူ့၏လက္ခဏာများကို လုံးဝမတွေ့ခဲ့ရပေ။

လင်းအင်ပါယာတပ်ဖွဲ့ကို မကျေနပ်သူများစွာ ရှိသော်လည်း အများစုမှာ လျှို့ဝှက်စွာသာ နာခံနေခဲ့ကြရ၏။ အဘယ်ကြောင့်ဆိုသော် တိလင်းထျန်ရှားသည် အချိန်ခဏလေးအတွင်း၌ လင်းအင်ပါယာကြီးကို ဖွဲ့စည်းနိုင်ခဲ့ပြီး သူ၏စွမ်းရည်မှာ အမှန်တကယ် ထူးခြားသောကြောင့်ပင်။ ယခုအချိန်တွင် သူတို့ကို ဆန့်ကျင်ပါက အသက်ပင် အန္တရာယ် ရှိနိုင်သည်။

သူတို့သည် လူသားဆန်စွာ နေထိုင်ပြီး နောက်တစ်နေ့ နေထွက်ချိန်ကို ကြည့်ချင်ကြသေး၏။

ထို့ကြောင့် လူအများစုမှာ စိတ်ထဲတွင်သာ မကျေနပ်ချက်များကို ထားရှိပြီး ကျူးချန်းချူရှန်းကဲ့သို့ တိလင်းထျန်းရှားအား ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ရဲသူမှာ မရှိသလောက်ပင်။

“ဟမ့်... မင်းလည်း အဖွဲ့တစ်ခု ဖွဲ့ထားပြီးပြီထင်တယ်။ ဒါဆို ငါနောက်ဆုံးတစ်ကြိမ် ကမ်းလှမ်းမယ်။ မင်းဆက်တိုးမယ်ဆိုရင် ငါမလိုချင်တော့ဘူး။ [အုတ်မြစ်ကျောက်] ၃၀၀။”

တိလင်းထျန်းရှားက အေးစက်စွာ ပြောလိုက်၏။

“ကျွတ်! ကျွတ်! ကျွတ်! ကျုပ်က လင်းအင်ပါယာကို တကယ်ပဲ အင်အားကြီးမားတယ်လို့ ထင်ထားတာ။ အခုကြည့်ရတာတော့ သာမန်ပါပဲ။ [အုတ်မြစ်ကျောက်] ၅၀၀။”

ကျူးချန်းချူရှန်း ဤတစ်ကြိမ်တွင် အုတ် ၂၀၀ ပိုတိုးထည့်လိုက်သည်။

တိလင်းထျန်းရှား၏ မျက်နှာအမူအယာသည် အလွန်ဆိုးရွားနေသော်လည်း သူ့လက်ထဲတွင် အုတ်မြစ်ကျောက်များ မရှိတော့သဖြင့် လက်လျှော့လိုက်ရန်သာတတ်နိုင်တော့လေသည်။

ယခင်က A နှင့် B အအဆင့် အစားအစာများက တိလင်းထျန်းရှား၏ အုတ်မြစ်ကျောက်များစွာကို သုံးစွဲပစ်ခဲ့သည်။

ရှောင်းယီသည်လည်း မျက်ခုံးပင့်လိုက်မိ၏။

ကျူးချန်းချူရှန်း၏ ထူးဆန်းသော လုပ်ဆောင်ချက်ကို ကြည့်ရှုပြီးနောက် သူ၏စိတ်ထဲတွင် ဤသို့တွေ့လိုက်မိသည်။

“သူက ငါနဲ့ဆက်သွယ်ဖို့ ကြိုးစားနေတာဖြစ်မယ်။”

အဘယ်ကြောင့်ဆိုသော် S အဆင့် ပြောင်းဖူးကို ရယူရန် အုတ်မြစ်ကျောက် အများကြီး မလိုအပ်ပေ။

အမှန်တကယ်ပင် မကြာမီ ကျူးချန်းချူရှန်းက လဲလှယ်မှုအောက်တွင် ရှောင်းယီဆီသို့ စာပို့လာခဲ့၏။

“ယီရန်ပင်း ဒီပြောင်းဖူးပြုတ်ကို ကျုပ်လိုချင်ပါတယ်။ သီးသန့်စကားပြောလို့ရမလား။”

အုတ်မြစ်ကျောက်အပို ၂၀၀ ၏ မျက်နှာကြောင့် ရှောင်းယီက “ရတယ်” ဟု ပြန်ဖြေလိုက်သည်။

“ဒီဒီ!! ကျူးချန်းချူရှန်းမှ သီးသန့်စကားပြောရန် တောင်းဆိုနေပါသည်။ သဘောတူပါသလား။”

“သဘောတူတယ်။”

ရှောင်းယီ ပြန်ဖြေပြီးလိုက်ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် စကားပြောစာမျက်နှာခု ထွက်ပေါ်လာခဲ့သည်။

“ဟားဟားဟား...ယီရန်ပင်းနဲ့ သီးသန့်စကားပြောခွင့်ရဖို့ဆိုတာ တကယ်ကို ခက်ခဲတာပဲ။ ကျုပ်တို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။”

ကျူးချန်းချူရှန်းက ချက်ချင်းပင် မက်ဆေ့ချ်ပို့လိုက်သည်။

ရှောင်းယီ မျက်ခုံးပင့်လိုက်မိ၏။

“သီးသန့်စကားပြောချင်တာက ဘာကိစ္စကြောင့်လဲ။”

“တစ်ချက်ကြည့်လိုက်ရုံနဲ့ ခင်ဗျားက တည့်တိုးသမားဆိုတာ အရမ်းသိသာတယ်။ ကျုပ်လည်း ရှင်းရှင်းလင်းလင်းပဲ ပြောပါမယ်။”

ချူရှန်းက ပြန်ဖြေလိုက်သည်။

“ပထမဦးဆုံးအနေနဲ့ ကျွန်းနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို အများသိအောင် ဖော်ပြပေးတဲ့အတွက် ကျုပ်တို့ ခင်ဗျားကို ကျေးဇူးတင်ပါရစေ။”

“ဒါက ဘာမှမဟုတ်ပါဘူး နောက်ဆုံးမှာ မင်းကိုယ်တိုင်တို့လည်း သိလာမှာပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် အဲ့ဒါကို ရှာတွေ့ဖို့ဆိုတာ အချိန်လိုဦးမှာပါ။”

ချူရှန်းက ဆက်ပြောလိုက်သည်။

“ဒုတိယအနေနဲ့ ကျုပ်တို့ ခင်ဗျားနဲ့ စီးပွားရေးတစ်ခု လုပ်ချင်ပါတယ်။”

“ဘယ်လိုစီးပွားရေးလဲ။”

“ကျုပ်တို့ ကျူးချန်းကလန်က ပင်လယ်ကုန်သည်လုပ်ငန်းလုပ်ဖို့အတွက် သင်္ဘောတွေ ဖွဲ့စည်းထားပြီးပါပြီ။ ခင်ဗျားမှာ ပစ္စည်းတွေ အများကြီးရှိတယ်။ အဲ့ဒါတွေကို အသက်ရှင်ကျန်ရစ်သူတွေက ကုန်အောင် မစားသုံးနိုင်ဘူး။ ကျုပ်တို့ကို ပေးလိုက်ပါ။ ကျွန်တော်တို့က တစ်ကမ္ဘာလုံးကို ရောင်းပေးပါ့မယ်။ ဘယ်လိုလဲ။”

ချူရှန်းက ရှင်းပြလိုက်သည်။

“ပင်လယ်ပြင်မှာ ရွက်လွှင့်ဖို့ဆိုတာ မလွယ်ကူဘူး။”

ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူထင်ထားသည်မှာ S အဆင့် ပြောင်းဖူးမျိုးစေ့များကို ဝယ်ယူခြင်းမျိုးကိုသာဖြစ်သည်။

ချူရှန်းသည် ရှောင်းယီ၏ စကားကို ကြိုတင်ခန့်မှန်းထားသကဲ့သို့ပင် ထပ်မံရှင်းပြလိုက်၏။

“ကျုပ်တို့မှာ ဒါရှိတယ်၊ [လှေဦးပိုင်းပင်လယ်ဘီလူးရုပ်တု] (S အဆင့်) ၁။”

“[လှေဦးပိုင်းပင်လယ်ဘီလူးရုပ်တု] (S အဆင့်) - သင်္ဘောပေါ်တွင် တပ်ဆင်ထားပါက ပင်လယ်သားရဲများသည် ထိုသင်္ဘောအား ၎င်းတို့၏မျိုးနွယ်အဖြစ် ထင်မြင်မည်ဖြစ်သည်။ လုပ်ဆောင်ချက် အကွာအဝေးမှာ လှေဦးပိုင်းပင်လယ်ဘီလူးရုပ်တုကို ဗဟိုပြုပြီး အချင်း ၁၆၀ မီတာဝန်းကျင်ဖြစ်သည်။ ပစ္စည်းသေတ္တာများအနီးရှိ ရေနေသတ္တဝါများအပေါ် သက်ရောက်မှုမရှိပေ။”

ထိုပစ္စည်း၏ ရှင်းလင်းချက်ကို ဖတ်ရှုပြီးနောက် ရှောင်းယီ အံ့အားသင့်သွား၏။

‘ဒီကမ္ဘာမှ ကံကောင်းတဲ့သူတွေ တကယ် ရှိနေသေးတာပဲ။’

သူ စိတ်ထဲကနေ ပြောလိုက်မိသည်။

‘ဘယ်သူ့ကိုမှ လျှော့မတွက်သင့်ဘူး။’

“ဒီလောက်ဆို ခင်ဗျား စိတ်ချနိုင်လောက်ပြီလို့ ကျုပ်ထင်တယ်။”

ချူရှန်းက ပြောလိုက်သည်။

“ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက သေချာပေါက် ပြီးပြည့်စုံမှာပါ။”

ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် “ကောင်းပြီ” ဟု ပြန်ဖြေလိုက်သည်။

မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုမျိုးက ရှောင်းယီအတွက် အကျိုးကျေးဇူးများစွာ ရှိပေသည်။ ဤကမ္ဘာ၏ ဒေသခံများကို စမ်းသပ်ရန် တစ်စုံတစ်ဦးက ကူညီနိုင်မည်ဆိုလျှင် ရှောင်းယီ ဘယ်သောအခါမျှ ငြင်းပယ်မည် မဟုတ်ပေ။

“ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ပါစေ။”

ချူရှန်းက ပြောလိုက်သည်။

“မိတ်ဆွေအဖြစ် ထည့်ရအောင်။”

“ကောင်းပြီ”

ရှောင်းယီက ပြန်ဖြေလိုက်၏။

မိတ်ဆွေအသစ်ထည့်ပြီးနောက် တစ်ဦးနှင့်တစ်ဦး အမည်အစစ်အမှန်များ ပေါ်လာခဲ့သည်။

၎င်း၏ အမည်အစစ်မှာ ချူရှန်း ဖြစ်ပြီး သူက ရှောင်းယီ၏ အမည်ကို မြင်သောအခါ ရယ်မောလိုက်မိ၏။

“လင်းအင်ပါယာရဲ့ အနက်ရောင်စာရင်းဝင် ရှောင်းယီလား။”

“ဘာအနက်ရောင်စာရင်းလဲ...။ အဲ့ဒါကဟာသတစ်ခုသက်သက်ပဲ။”

ရှောင်းယီ ပြန်ဖြေလိုက်သည်။

“ဟုတ်ပါတယ်...။ အဲ့ဒါက ဟာသတစ်ခုပဲ။”

ချူရှန်းက ပြောလိုက်သည်။

“ကျုပ်တို့ ခင်ဗျားရဲ့ကျွန်းကို ဘယ်အချိန်လောက် လာလည်လို့ရနိုင်မလဲဆိုတာ သိချင်မိတယ်။”

“အခုတော့ အဆင်မပြေသေးဘူး။”

ရှောင်းယီက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။

ရှောင်းယီသည် ချူရှန်းနှင့် သူ၏အဖွဲ့တွင် လူဦးရေ မည်မျှရှိသည်ကိုပင် မသိရသေးပေ။

အကယ်၍ သူတို့သည် ရှောင်းယီ၏ ကျွန်းကို မျှော်မှန်းနေပါက ရှောင်းယီကိုယ်တိုင် အလွန်အားကောင်းသော်လည်း အခြားသူများ၏ စွမ်းရည်မှာ မြင့်မားမှု မရှိသေးသဖြင့် သတိထားခြင်းမှာ ပိုကောင်းပေသည်။

ရှောင်းယီ၏ ပြတ်ပြတ်သားသား ငြင်းပယ်မှုကို ကြားလိုက်ရသည်မှာ ချူရှန်း၏ မျှော်လင့်ချက်အတွင်း၌သာ ရှိနေသေး၏။ သူက ပြုံးရယ်ကာ ပြောလိုက်သည်။

“ကောင်းပါပြီ။ နောင်တစ်ချိန် အခွင့်သာခဲ့ရင် ကျုပ်ကို ပြောပေးပါ။”

“ပြဿနာမရှိပါဘူး။”

ရှောင်းယီ ပြန်ဖြေပြီး အနည်းငယ်စဉ်းစားကာ ဆက်ပြောလိုက်သည်။

“မင်းတို့အဖွဲ့ထဲက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို ဖျက်စီးခဲ့တာလား။”

“ဒါပေါ့...။ ဒီလိုမှမဟုတ်ရင် အုတ်မြစ်ကျောက်တွေ အများကြီး ဘယ်လိုရနိုင်မှာလဲ။”

ချူရှန်းက ဖုံးကွယ်ထားခြင်းမရှိဘဲ တိုက်ရိုက်ဝန်ခံလိုက်သည်။

“ကျုပ်ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပဲ ကျန်တော့တယ်။ ဗဟိုချုပ်ကိုင်မှုက ပိုအဆင်ပြေတယ်လေ။”

ကျူးချန်းကလန်ကို ချူရှန်းနှင့် သူ၏ညီ ချူဖုန်းတို့က ဖွဲ့စည်းထားခဲ့ပြီး လူအများစုမှာ အသိအကျွမ်းများ ဖြစ်ကြသည်။

သူတို့သည် ပင်လယ်ဘီလူးရုပ်တုကို ရရှိရုံသာမက အမျိုးအစားစုံလင်သောသော သင်္ဘောခြောက်စီးကိုပါ ရရှိထားခဲ့သည်။

အကြီးဆုံးသင်္ဘောမှာ B အဆင့် ရွက်သင်္ဘောကြီးဖြစ်ပြီး ပင်လယ်ဘီလူးရုပ်တုကို ထိုသင်္ဘောပေါ်တွင် တပ်ဆင်ထားသည်။

အခြားသူများနှင့် နှိုင်းယှဉ်ပါက ဤအဖွဲ့မှာ အလွန်ကံကောင်းလှပေ။ ပထမပတ်တွင်ပင် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်မိခဲ့ကြသည်။

မနေ့ကမှ လူတိုင်း တည်နေရာပြစက်ကို ရရှိခဲ့ကြပြီး နောက်ဆုံးတွင် စုရုံးမိခဲ့ကြခြင်းဖြစ်လေသည်။

လူတိုင်းသည် မိမိတို့၏ကျွန်း တိုးတက်ဖွံ့ဖြိုးရေးကို စွန့်လွှတ်ကာ သင်္ဘောပေါ်သို့ တက်ခဲ့ကြသဖြင့် သူတို့လက်ထဲတွင် အုတ်မြစ်ကျောက်များ အများအပြား ရှိနေခဲ့ခြင်းပင်။

“ပူးပေါင်းဆောင်ရွက်မှုရဲ့ စိတ်ရင်းအမှန်ကို ပြသဖို့အတွက် အုတ်မြစ်ကျောက်တွေရရှိနိုင်တဲ့ ရိုးရှင်းတဲ့နည်းလမ်းတစ်ခုကို ငါပြောပြမယ်။”

ရှောင်းယီ ဆက်ပြောလိုက်သည်။

“အို ကျုပ် အသေးစိတ် နားထောင်ပါရစေ။”

ချူရှင်းက ချက်ချင်း မေးလိုက်သည်။

တစ်ဖက်လူက အုတ်မြစ်ကျောက်အပို၂၀၀ ဖြင့် စိတ်ရင်းအမှန်ကို ပြသခဲ့သည်နှင့်အညီ သူလည်း အလျှော့ပေး၍မရပေ။

“မင်းတို့မှာ ရေကြောင်းသွားလာရေးအတွက် ပြိုင်ဘက်ကင်းနည်းလမ်းရှိတယ်ဆိုတော့ အဲ့ဒီနည်းလမ်းကို အသုံးချသင့်တယ်။”

ရှောင်းယီက ပြောလိုက်၏။

“မင်းတို့ ခရီးသည်တင်လုပ်ငန်း လုပ်သင့်တယ်။”

ဤသည်မှာ ရှောင်းယီ၏ ရည်ရှည်အတွက် စဉ်းစားထားသော အကြံတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအပျော်စီးရွက်သင်္ဘောဖြင့် ခရီးသည်များကို သယ်ဆောင်နိုင်သောကြောင့်ပင်။

ယခင်က တည်နေရာပြစက် မရှိသေးသောကြောင့် အခြေအနေများမှာ မတည်ငြိမ်နိုင်သေးသော်လည်း ယခုအခါတွင်မူ အဆင်ပြေနေပြီဖြစ်သည်။

အကယ်၍ သူသာ အဆင့်မြင့်အစားအစာများဖြင့် အုတ်မြစ်ကျောက်များကို လုံလောက်စွာ မရရှိနိုင်ခဲ့ပါက ခရီးသည်တင်လုပ်ငန်းကို စတင်လုပ်ကိုင်မည်ဖြစ်သည်။

လူများစွာသည် သူတို့၏ မိသားစုနှင့် မိတ်ဆွေများကို ရှာမတွေ့သေးသော်လည်း အများစုက ရှာတွေ့ထားပြီးကြပြီဖြစ်သည်။

ယခု ၎င်းတို့သည် ရှာတွေ့ခဲ့ကြပြီးနောက် ပြန်လည်ဆုံစည်းရန် လိုလားကြသော်လည်း ကျယ်ပြန့်သော ပင်လယ်ပြင်ကြီးက သူတို့အတွက် အတားအဆီးတစ်ခုဖြစ်နေခဲ့၏။

ယခုအချိန်တွင် သူတို့ကို လာရောက်ခေါ်ဆောင်မည့်သူရှိပါက သူတို့သည် အုတ်မြစ်ကျောက်များအားလုံးကို ပေးအပ်ရန်ပင် အဆင်သင့်ဖြစ်နေကြပေလိမ့်မည်။

သို့သော် ယခုအခါတွင် အုတ်မြစ်ကျောက်များသည် ကောင်းကောင်းထောက်ပံ့နိုင်ရန် လုံလောက်နေပြီဖြစ်သည်။ သူမပြောလျှင်ပင် ချူရှန်းနှင့် သူ၏အဖွဲ့မှာ မကြာမီ ထိုအကြံကို ရကြမည်သာ ဖြစ်သည်။

All Chapters