← Chapters

အခန်း (၄၅၁-၄၅၂)

Vol. 43 Ch. 451-452

အခန်း (၄၅၁-၄၅၂)

Vol. 43 Ch. 451-452

အခန်း (၄၅၁)။

“ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့ ခေါင်းဆောင်...”

အစွမ်းထက် ရန်သူများ ဝိုင်းရံထားသည့် ကြားမှပင် ရှဲ့ဝန်ယွမ်၏ စကားကို ကြားပြီးနောက် ဟုန်ယွိသည် အတွေးနက်သွားခဲ့သည်။ အမှန်စင်စစ် ဤလောကတွင် လက်ညှိုးတစ်ချက် အချက်ပေးရုံဖြင့် လူပေါင်းရာချီကို စုစည်းနိုင်သည့် စစ်မှန်သော ‘ဖြောင့်မတ်ခြင်းတာအို’ ဂိုဏ်း ဟူ၍ မရှိသေးပေ။

တိုင်ရှန်တာအိုဂိုဏ်းသည် တရားဓမ္မ ဟောကြားခြင်း မရှိပေ။ ဂိုဏ်းချုပ် မုန့်ရှန်းကျီသည် လောက၏ နံပါတ်တစ် ပညာရှင် ဖြစ်သော်လည်း သာမန်လူသားများအကြားတွင်မူ သြဇာ လွှမ်းမိုးမှု သိပ်မရှိလှပေ။

အမှန်တရားတာအိုဂိုဏ်း၏ ဂိုဏ်းချုပ် ကျိချန်ယွဲ့မှာမူ လွန်ခဲ့သော အနှစ်နှစ်ဆယ်က ကျွမ့်ယွင်တစ်ဦး ဖြစ်ခဲ့သည်။ သူသည် တာအိုဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် နန်းတွင်းနှင့် လိုက်လျောညီထွေဖြစ်အောင် ဂိုဏ်းကို ပြုပြင်ပြောင်းလဲခဲ့ပြီး ကွန်ဖြူးရှပ်ဝါဒနှင့် တာအိုဝါဒကို ပေါင်းစည်းရန် ကြိုးပမ်းခဲ့သည်။ သို့သော် သူသည် တော်ဝင်ဆွေမျိုးတစ်ဦး ဖြစ်နေသည်က တကြောင်း မည်သည့် ဂန္ထဝင်စာပေ သို့မဟုတ် သီအိုရီအသစ်ကိုမျှ မဖန်တီး နိုင်သည်က တကြောင်း ပညာရှင်များ၏ ချီးမွမ်းခြင်းကို မခံခဲ့ရပေ။

‘ဖန်ရှန်းတာအို’ ဂိုဏ်းဆိုလျှင် ပိုဆိုးပေသည်။ ပညာရှင်များ၏ အမြင်တွင် သူတို့မှာ နန်းတွင်းနှင့် မှူးမတ်များ၏ မျက်နှာသာပေးမှုကို ရရန်အတွက် ဆေးလုံးဖော်စပ်ခြင်းနှင့် ကာမဂုဏ်ဆိုင်ရာကျင့်စဉ်များဖြင့်သာ အချိန်ဖြုန်းနေသူများအဖြစ်သာ သတ်မှတ်ခံရ သည်။

‘အထွဋ်ထိပ်ကောင်းကင်နယ်မြေ’ နှင့် အခြားဂိုဏ်းများမှာမူ ဟုန်ရွှန်ကျိ၏ အာဏာကို အမှီပြုနေကြသော်လည်း သူတို့တွင် ခိုင်မာသော အခြေခံအုတ်မြစ် မရှိကြသည့် ‘ခေတ်သစ်သူဌေး’ များသာ ဖြစ်ကြသည်။

ဟုန်ယွိသည် တာအိုဂိုဏ်းတစ်ခု တည်ထောင်ပြီး ဖြောင့်မတ်ခြင်းလမ်းစဉ်၏ ခေါင်းဆောင် ဖြစ်ရန် စိတ်မကူးခဲ့သော်လည်း ရှဲ့ဝန်ယွမ်၏ စကားက သူ့ကို တွေးတောစေခဲ့သည်။ လက်ရှိ သူ၏ ‘ထိပ်တန်းပညာရှင်’ ဟူသောဘွဲ့နှင့် ‘သူတော်စင်တရာတို့၏ ကောင်းချီးပေး မူကိုခံရသည့် သူတော်စင်ငယ်’ ဟူသော ဂုဏ်ပုဒ်မှာ အလွန်ပင် အလေးသာလှသည်။

ထို့ထက် ပိုအရေးကြီးသည်မှာ သူ၏ နောက်သို့ လိုက်ပါနေသော ချီလင်ပင် ဖြစ်သည်။ ၎င်းမှာ တိုင်းပြည်အတွက် နိမိတ်ကောင်းဖြစ်ပြီး သူတော်စင်တစ်ဦး ပေါ်ထွန်းခြင်း၏ လက္ခဏာဖြစ်သောကြောင့် သူ၏ ကျော်ကြားမှုကို အဆမတန် မြင့်တက်စေနိုင်သည်။

အမှန်စင်စစ် အရေးကြီးဆုံးအချက်မှာ ရှဲ့ဝန်ယွမ်သည် စာပေလောက၏ မဟာပညာရှင် တစ်ဦး ဖြစ်သလို တောင်ပိုင်း ကွန်ဖြူးရှပ်ဂိုဏ်းများ၏ နှစ်တစ်ရာကျော် ခေါင်းဆောင် ဖြစ်နေခြင်းပင်။ သူ၏ ဂုဏ်သတင်းမှာ အလွန်ကြီးမားပြီး တပည့်တပန်းများစွာ ရှိသည်။ အကယ်၍ သူသာ ဟုန်ယွိကို ထောက်ခံပေးလျှင် ဖြောင့်မတ်ခြင်းလမ်းစဉ်၏ အရှိန်အဝါကို ချက်ချင်း ဖန်တီးနိုင်ပြီး တစ်လောကလုံးကို ဦးဆောင်နိုင်မည် ဖြစ်သည်။

ထို့အပြင် ဟုန်ယွိသည် ကောင်းကင်တာအို၏ နိယာမများကို အခြေခံ၍ လူသားတို့၏ လမ်းစဉ်ကို ရှင်းလင်းတင်ပြမည့် ‘ပြောင်းလဲခြင်းကျမ်း’ကို ပြုစုရန် ရည်ရွယ်ထားသည်။ ဤမျှ ကြီးမားသော စီမံကိန်းကြီးကို တစ်ယောက်တည်း လုပ်၍ မရနိုင်ပေ။ ဟုန်ယွိသည် မိုးကြိုးကပ်ဘေး ခုနစ်ကြိမ်ကို ကျော်ဖြတ်ပြီး ‘ဖန်ဆင်းရှင်’တစ်ဦး ဖြစ်လာလျှင်ပင် မဖြစ်နိုင်သေးပေ။

နက္ခတ္တဗေဒနှင့် လူသားဖြစ်တည်မှုမှာ အလွန်ကျယ်ပြောလှသည်။ ထိုနှစ်ခုကို ဆက်စပ်ရန် မှာ အလွန်ရှုပ်ထွေးလှရာ တစ်ဦးတည်း မည်သို့ စီမံနိုင်ပါ့မည်နည်း။

ရှဲ့ဝန်ယွမ်သည် အသိပညာ ကြွယ်ဝသူ ဖြစ်သည်။ သူ၏ လက်အောက်တွင် ပညာရှိများစွာ ရှိသလို တသီးပုဂ္ဂလ ကျင့်ကြံနေသည့် မိတ်ဆွေများလည်း များစွာ ရှိသည်။ အကယ်၍ သူတို့အားလုံး စုပေါင်းပြီး ကျမ်းဂန်ကို တည်းဖြတ်ကြမည်ဆိုလျှင် ‘ပြောင်းလဲခြင်းကျမ်း’ ကို အမှန်တကယ် ပြည့်စုံအောင် လုပ်နိုင်လိမ့်မည်။

ထိုအချိန်ကျမှ လောကသို့ ကြေညာမည် ‘ဤကျမ်းဂန်ကို လုံ့လစိုက်၍ ဖတ်ရှုလေ့လာသူ တိုင်းသည် မိမိ၏ အနှစ်သာရနှင့် စိတ်ဝိညာဉ်ကို စုစည်းနိုင်မည်၊ စွမ်းအားများကို မွေးမြူ သိုလှောင်နိုင်မည်ဖြစ်ပြီး သေခြင်းတရားကိုပင် ကျော်လွန်နိုင်မည်’ ဟူ၍ပင်။

၎င်းမှာ ဟုန်ယွိ၏ ရည်မှန်းချက်နှင့်လည်း ကိုက်ညီနေပေသည်။

အကယ်၍ ဟုန်ယွိသည် ‘ပြောင်းလဲခြင်းကျမ်း’ ကို အမှန်တကယ် ပြုစုနိုင်ပြီး ဤလောကရှိ ပညာရှင်အားလုံးကို စုစည်းနိုင်ခဲ့လျှင် သူသည် ဖြောင့်မတ်ခြင်းလမ်းစဉ်၏ ခေါင်းဆောင် ဖြစ်လာပေလိမ့်မည်။ ထိုအခါ သူ၏ ဂုဏ်သတင်းမှာ လက်ဖဝါး တစ်ချက်လှန်ရုံဖြင့် မိုးတိမ်ကို ခေါ်နိုင်၊ မိုးရွာစေနိုင်သည့် အစွမ်းမျိုး ရှိလာမည်။ သူ ကိုယ်တိုင် ဘာမှလုပ်ရန် မလိုဘဲ စာပေနှင့် စကားလုံးများဖြင့်ပင် ရန်သူကို သတ်ဖြတ်နိုင်သည့် အာဏာမျိုး ရရှိလာ လိမ့်မည်။ ထို့ကြောင့် သူ အလွန် သတိထားရမည်။

မျက်မှောက်ခေတ်တွင် စာပေများကို ကြိုးစားလေ့လာပြီး ရှေးဟောင်း သူတော်စင်များ၏ လမ်းစဉ်ကို လိုက်နာကာ ‘မူလစိတ်ဝိညာဉ် အစစ်မှန်တာအို’ ကို ကျင့်ကြံနေကြသည့် ကွန်ဖြူးရှပ်ဝါဒီများစွာ ရှိကြောင်း သိထားရမည်။ သို့သော် သူတို့သည် သူတို့၏ နတ်ဘုရား ပညာရပ်များကို ထုတ်ဖော်ပြသခြင်း မရှိကြပေ။

ဤသူများသည်သာ စစ်မှန်သော ကွန်ဖြူးရှပ်ဝါဒီများ ဖြစ်ကြပြီး ရှေးဟောင်း သူတော်စင် များကို အတုယူကာ မိမိကိုယ်မိမိ ထုတ်ဖော်ကြွားဝါခြင်း မရှိကြသူများ ဖြစ်သည်။

ထို ‘စစ်မှန်သော တာအို’ ကို ကျင့်ကြံသူများသည် တစ်နေ့လုံး ငြိမ်သက်စွာ ထိုင်နေရင်း စိတ်၏ သဘာဝကို ဆင်ခြင်ကြသည်။ အနှောင့်အယှက်ပေးသော အတွေးများကို ဖယ်ရှား ကာ မူလစွမ်းအင်ကို ရှူရှိုက်ခြင်း၊ မူလစိတ်ဝိညာဉ်ကို စောင့်ထိန်းခြင်းနှင့် ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် လုပ်ခြင်းတို့သာ လုပ်ဆောင်ကြသည်။ သို့သော် လူအများစုမှာ သူတို့၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်ကို မထုတ်ဖော်ကြသလို နတ်ဘုရားစွမ်းရည်များ သို့မဟုတ် အောက်လမ်းအတတ်များကိုလည်း မကျင့်ကြံကြပေ။

ရှေးခေတ်ကာလတွင် ၎င်းမှာ ‘စစ်မှန်သောတာအို’ ဖြစ်သည်။ အောင်မြင်မူအဆင့် အနည်း ငယ်ရရှိရုံဖြင့် မှော်ပညာရပ်များကို အသုံးပြုကာ အရာဝတ္ထုများကို ထိန်းချုပ်ပြီး မိမိကိုယ် ထုတ်ဖော်ပြသသူများကို မိစ္ဆာကျင့်ကြံသူများအဖြစ် သတ်မှတ်ခဲ့ကြသည်။ သူတော်စင်များ ၏ စကားအရဆိုလျှင် “သေးနုပ်သော ပညာရပ်များကို ကျင့်သူတို့သည် ကြီးမြတ်သော အရာကို မအောင်မြင်နိုင်” ဟု ဆိုရပေမည်။

ရှေးခေတ်က စစ်မှန်သောတာအိုကို ကျင့်ကြံသူများသည် တစ္ဆေအင်မော်တယ်အဆင့်သို့ ရောက်မှသာ နတ်ဘုရားပညာရပ်များကို ထုတ်ဖော်ပြသခွင့် ရှိကြသည်။

သေချာသည်မှာ, ယခုအခါ ထိုသို့သော ပညာရှင်များစွာ ရှိနေပြီး ၎င်းတို့ကို စုစည်းနိုင်ခဲ့လျှင် ဟုန်ယွိ၏ ကျော်ကြားမှုမှာ သဘာဝအတိုင်း မုန့်ရှန်းကျီကိုပင် ကျော်လွန်သွားလိမ့်မည်။

တွေးကြည့်ပါ… အကယ်၍, ဟုန်ယွိသာ ဖြောင့်မတ်ခြင်းလမ်းစဉ်၏ ခေါင်းဆောင် ဖြစ်လာ ပြီး တိုင်ရှန်တာအိုဂိုဏ်းကို မိစ္ဆာဂိုဏ်း၊ မုန့်ရှန်းကျီကို မိစ္ဆာအဖြစ် သတ်မှတ်လိုက်လျှင် ဤလောကရှိ လူတိုင်းက သူ့ကို အပြစ်ပေးရန် အခွင့်အရေး ရသွားမည်ဖြစ်သည်။ ၎င်းမှာ အလွန်ပင် ခန့်ညား ထည်ဝါသော ကိစ္စပင်။

သို့သော် ဤအတွေးများသည် ဟုန်ယွိ၏ စိတ်ထဲတွင် ခဏမျှသာ ဖြတ်ပြေးသွားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အင်အားကြီးသော ရန်သူများနှင့် ရင်ဆိုင် နေရသောကြောင့်ပင်။ ရှေ့တွင်ရှိသော ရန်သူများကို မဖယ်ရှားနိုင်လျှင် အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ရှဲ့ဝန်ယွမ်၏ စကားများက သူသည် ဟုန်ယွိနှင့် တစ်ဖက်တည်းဖြစ်ကြောင်း သက်သေပြလိုက်ပြီ ဖြစ်သည်။ သူသည် ဟုန်ယွိကို အသက်ပေး၍ ကာကွယ်ပေးမည် ဖြစ်ပြီး ရှေးဟောင်း ရာရှိုမွန်ကို ရယူကာ အနောက်ဘက်ဒေသ စစ်တပ်ကို ပြိုကွဲစေမည် ဖြစ်သည်။

…

“ဟွန့်…၊ မင်းတို့ လူနည်းစုလေးနဲ့တော့ ဒီနေ့ လွတ်လမ်းမရှိဘူး ထင်တယ်နော်။”

အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ဟွာလျှိုဧကရာဇ် အသောကပင် ဖြစ်သည်။ ဤဧကရာဇ်သည် ရှေးခေတ် မဟာဧကရာဇ်မိုရာ၏ သွေးမျိုးဆက်ကို ဆက်ခံထားသဖြင့် အလွန်ပင် အစွမ်းထက်လှသည်။

ရှေးဟောင်း အနောက်ဘက်ဒေသ ဟွာလျှိုနိုင်ငံမှ မဟာဧကရာဇ် မိုရာသည် ရက်စက် ကြမ်းကြုတ်သော မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်ပြီး၊ သူတော်စင်ဧကရာဇ် ‘ယွီ’ ကို တိုက်ခိုက် ရန် စစ်တပ်ဦးဆောင်ခဲ့သူဖြစ်ကာ၊ အတိုင်းအဆမဲ့ မှော်စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ယခုအခါ အသောကသည် ‘မူလသွေးဝိညာဉ် နတ်ဘုရား ကော်ဇောပျံ’ ပေါ်တွင် ရပ်နေ သည်။ သူ၏တစ်ကိုယ်လုံးမှာ ထူးဆန်းသော ချပ်ဝတ်တန်ဆာတစ်ခုဖြင့် ဖုံးလွှမ်းထား သည်။ ထိုချပ်ဝတ်မှာ နက်မှောင်သော အနီရောင်ရှိကာ ဦးခေါင်းတွင်မူ ကောက်ကွေးနေ သော နွားချိုနှစ်ချောင်း ပါရှိသည်။

တစ်ချိန်တည်းမှာပင် သူ၏ လက်ထဲ၌ ဧရာမ တူကြီးတစ်လက်ကို ကိုင်ထားသည်။ တူ၏ ထိပ်ပိုင်းမှာ ဆောင်းတွင်းဖရုံသီးကြီး တစ်လုံးကဲ့သို့ ကြီးမားလှပြီး၊ အနည်းဆုံး အလေးချိန် ပိဿာပေါင်း ထောင်ချီရှိလောက်သည်။

ဤချပ်ဝတ်မှာ ရှေးဟောင်း မဟာဧကရာဇ်မိုရာ၏ ‘မိုရာမီးတိမ်ချပ်ဝတ်’ ဖြစ်ပြီး လက်ထဲမှ တူမှာမူ ‘မိုရာနတ်ဘုရားတူ’ ဖြစ်သည်။ ဤချပ်ဝတ်သည် ‘ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်’ နှင့် ‘ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်’ တို့လောက် မကောင်းသော်လည်း ‘နှင်းဆီ သွေးအကြေးခွံချပ်ဝတ်’နှင့် 'အဝါရောင်ကောင်းကင် နတ်ဘုရားချပ်ဝတ်' တို့ထက် များစွာ သာလွန်ပေသည်။

ကြောက်မက်ဖွယ်ကောင်းသော ချပ်ဝတ်ကို ဝတ်ဆင်ကာ ‘မိုရာနတ်ဘုရားတူ’ ကို ကိုင်ထားသော ဧကရာဇ် အသောကသည် အင်ပါယာတစ်ခု၏ အုပ်စိုးရှင်ပီပီ ရက်စက် ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်နေတော့သည်။

“ငါပါ ပါဝင်ရင်ကော ဘယ်လိုလဲ။”

ထိုအခိုက်တွင် ဝေးလံသော ကောင်းကင်ယံ၌ ကြည်လင်သော လမ်းကြောင်းတစ်ခု ပေါ်ထွက်လာပြီး ထိုလမ်းပေါ်တွင် အမျိုးသမီးတစ်ဦး၏ အရိပ် ပေါ်လာသည်။ ထိုအမျိုးသမီး၏ ခေါင်းပေါ်တွင် ကောက်ကွေးနေပြီး သွေးပုလဲကဲ့သို့သော နဂါးဦးချို နှစ်ချောင်း ရှိသည်။ သူမကား ယွန်မင်နိုင်ငံ၊ ကောင်းကင်နဂါးဂိုဏ်းချုပ်၊ နဂါးသမီးတော် အောင်းလွမ်ပင် ဖြစ်သည်။

“ကောင်းကင်နဂါးဂိုဏ်းချုပ်” ယွန်မင်ဧကရာဇ် နာလန်ယိဟုန်သည် ပို၍ မျက်မှောင် ကြုတ်သွားသည်။ “မင်းရဲ့တပည့်တွေ အများကြီးဟာ ငါ့အင်ပါယာမှာ ဘွဲ့ထူးရာထူးတွေနဲ့ ခံစားနေကြတာလေ။ နတ်ဘုရားမြို့စားကိုတောင် ငါ စစ်တပ်ကို ဦးဆောင်ခွင့် ပေးထား တာ။ မင်းက ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့လေ။”

“ကျွန်မက ယွန်မင်ဧကရာဇ်ရဲ့ လက်အောက်ခံ မဟုတ်ဘူး။ ကျွန်မကို သစ္စာဖောက်တယ် လို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ။” နဂါးသမီးတော် အောင်းလွမ်က နာလန်ယိဟုန်ကို ကြည့်ကာ ဆိုလိုက်သည် “နာလန်ယိဟုန်… ရှင်လည်း ထက်မြက်ပြီး ရည်မှန်းချက်ကြီးတဲ့ လူဖြစ်ပုံပဲ။ ရှင်က ဧကရာဇ် ယန်ဖန်ဆီကို အတုယူပြီး လွင်ပြင်ဒေသမှာရှိတဲ့ တာအို ဂိုဏ်းအားလုံးကို အင်ပါယာအာဏာအောက် သွင်းချင်တာပေါ့။ ကျွန်မက ရှေးဦးခေတ်က နတ်ဘုရားနဂါးမျိုးနွယ်ရဲ့ သွေးမျိုးဆက်ပဲ။ ရှင်က ကျွန်မကို အညံ့ခံစေချင်တာလား။ ဒါပေမဲ့ ရှင့်မှာ မတူညီတဲ့ ရည်မှန်းချက်တွေ ရှိနေတာကို ကျွန်မ သိထားပြီးသားပါ။ ရှင်က ကျွန်မကိုတောင် ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ဖို့ အကြံရှိဖူးတယ်ဆိုပဲ။ ရှင်က တကယ် ကို မောက်မာလွန်းတယ်။ ရှင့်ကိုယ်ရှင် အမှောင်ဧကရာဇ် ဒါမှမဟုတ် ရွှမ်ထျန်းတာအို သခင် ‘ရွှမ်’ လို့ ထင်နေတာလား။”

ရှေးဦးခေတ်က ရွှမ်ထျန်းတာအိုသခင်၏ အမည်မှာ ‘ရွှမ်’ ဖြစ်ပြီး၊ ‘ယွမ်’၏ အဓိက ရန်သူ ဖြစ်သည်။ သူတို့နှစ်ဦးလုံးမှာ ယန်စိတ်ဝိညာဉ်အဆင့် ပညာရှင်များ ဖြစ်ကြသော်လည်း ‘ရွှမ်’ မှာမူ သူတော်စင်ဧကရာဇ် မဖြစ်ခဲ့ဖူးပေ။

အမှောင်ဧကရာဇ် တာအိုသခင်သည် ‘ရွှမ်’ ၏ အမွေအနှစ်ကို ရရှိခဲ့ပြီး ‘ဆန်းကြယ် ကောင်းကင်ဘုံခန်းမ’ ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

‘ဧကရာဇ် ယန်ဖန်ဟာ တကယ်ကို အစွမ်းထက်ပဲ။ တော်ဝင်ချန်ရဲ့ အလယ်ပိုင်းဒေသက တာအိုဂိုဏ်းတွေဟာ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ သူ့ကိုမြင်ရင် ဧကရာဇ်လို့ ခေါ်ကြ ရတယ်။ သူ့ပတ်ဝန်းကျင်က အင်ပါယာတွေရဲ့ ဧကရာဇ်တွေကတော့ သူ့ထက် အများကြီး နိမ့်ကျနေတာပဲ။’ နဂါးသမီးတော် အောင်းလွမ်၏ စကားကို ကြားသောအခါ ဟုန်ယွိသည် စိတ်ထဲမှ ရေရွတ်မိသည်။

“ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ... ကောင်းကင်နဂါးဂိုဏ်းချုပ်။ နောက်မှ ခင်ဗျား ကျုပ်ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့...” နာလန်ယိဟုန်၏ မျက်နှာမှာ အမူအရာ ပြောင်းလဲခြင်း မရှိဘဲ ‘ကောင်းပြီ’ ဟု သုံးကြိမ်သာ ဆိုလိုက်သည်။

“ဟုန်ယွိ... ငါ ဒီဂေဒါမြို့မှာ ပုန်းနေတာ သုံးရက်ရှိပြီ။ မူလကတော့ မင်း အဆင့်ခြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးမှ ရှေးဟောင်း ရာရှိုမွန်တံခါးကို လာလုလိမ့်မယ်လို့ ထင်ထားတာ။ မင်း ဒီလောက်အစောကြီး ရောက်လာမယ်လို့ မထင်ထားဘူး။ ခုနက မြို့ထဲမှာ ပြင်းထန်တဲ့ မှော်စွမ်းအား တုန်ခါမှုကြီးကို ခံစားလိုက်ရလို့ ချက်ချင်း ပျံလာခဲ့တာ။ တကယ်ပဲ မင်း ဖြစ်နေတာပဲ။”

နဂါးသမီးတော် အောင်းလွမ်က ပျံသန်းလာပြီး ဟုန်ယွိကို ကြည့်လိုက်သည်။

အနောက်ဘက်ဒေသ ဟွာလျှိုနိုင်ငံ၏ မြို့တော်ကို ‘ဂေဒါမြို့’ ဟု ခေါ်ပြီး ၎င်းမှာ ‘နတ်ဘုရားပေးသော လက်ဆောင်’ ဟု အဓိပ္ပာယ်ရသည်။ ၎င်းမှာ ကျောက်စိမ်းမြို့တော် နှင့် ကျယ်ဝန်းသည့်ပမာဏ တူညီသလို ပို၍ပင် ကြီးမားနိုင်သည်။ မြို့အတွင်း၌ မြို့များစွာ ရှိနေပြီး အားလုံး ဆက်သွယ်ထားကြသည်။

ဟုန်ယွိသည် နန်းတော်အတွင်း၌ ကြီးမားသော လှုပ်ခတ်မှုကို ဖန်တီးခဲ့သဖြင့် မြို့ထဲတွင် ပုန်းအောင်းနေကြသော ယွမ်ရှန်းရှန်း၊ ရှဲ့ဝန်ယွမ်နှင့် နဂါးသမီးတော် အောင်းလွမ်တို့ကို နိုးဆော်လိုက်သလို ဖြစ်သွားခဲ့သည်။

ထိုသူများသည် ဟုန်ယွိနောက်သို့ တကောက်ကောက် လိုက်နေကြခြင်း မဟုတ်ပေ။

“ကြည့်ရတာ ငါ့ရဲ့ သတင်းကွန်ယက်က လိုအပ်ချက်တွေ ရှိနေသေးတယ်ပဲ။ အရေးကြီးတဲ့ လူတွေအများကြီး မြို့ထဲမှာ ပုန်းနေတာကို ငါ မသိခဲ့ဘူး။” ပညာရှင်တွေ တစ်ဦးပြီးတစ်ဦး ထွက်လာသည်ကို မြင်သောအခါ ဟွာလျှိုဧကရာဇ် အသောက၏ မျက်နှာမှာ အလွန်ပင် အကျည်းတန်သွားတော့သည်။ ဦးစွာ ကျိရှန်းထျန်း၊ ထို့နောက် ယွမ်ရှန်းရှန်း၊ ရှဲ့ဝန်ယွမ်နှင့် ယခု နဂါးသမီးတော် အောင်းလွမ်တို့သည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြ သည်။

ယခုမူ ဟုန်ယွိကို ဝိုင်းရံထားသည့် အင်အားစုများအကြား ခြားနားချက်မှာ တဖြည်းဖြည်း ကျဉ်းမြောင်းသွားခဲ့ပြီ။ အမှန်စင်စစ် ဟုန်ယွိ၏ ဘက်မှပင် အသာစီး ရနေသလို ဖြစ်နေ သည်။

ကျိရှန်းထျန်းသည် ငရဲနတ်ဘုရားကို ဝါးမျိုပြီးနောက် သူမ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေ သော မှော်စွမ်းအားမှာ ချောက်နက်ကြီးသဖွယ် အမှန်ပင် နက်ရှိုင်းပြီး အတိုင်းအတာ မသိနိုင်ပေ။ ယွမ်ရှန်းရှန်း၏ တာအိုပညာမှာမူ လွန်ခဲ့သော နှစ်ပေါင်းသုံးရာကပင် ကျော်ကြားခဲ့သူ ဖြစ်ပြီး သူမသည် မုန့်ရှန်းကျီနှင့် မျိုးဆက်တစ်ခုတည်း ဖြစ်သည်။ ရှဲ့ဝန်ယွမ်မှာလည်း ခန့်မှန်းရခက်လှသလို နဂါးသမီးတော် အောင်းလွမ်၏ စွမ်းအားမှာ လည်း ပြောစရာ မလိုပေ။ သူမတွင် ရှေးဟောင်း နတ်ဘုရားနဂါးမျိုးနွယ်၏ သွေးပါရှိသည်။

ဟုန်ယွိ၏ နတ်ဘုရားစွမ်းရည်များနှင့် ချီလင်ကိုပါ ထည့်တွက်မည်ဆိုလျှင် အကယ်၍ တိုက်ပွဲဖြစ်ပွားပါက မည်သူနိုင်မည်ကို ပြောရန် ခက်ခဲလှသည်။ အထူးသဖြင့် ‘အနှစ်သာရ နတ်ဘုရားကျောင်း’ ဘက်မှာ စည်းလုံးမှု မရှိကြပေ။ ဧကရာဇ် တစ်ဦးချင်းစီတွင် ကိုယ်ပိုင် အတွေးစများ ရှိနေကြပြီး အကယ်၍ တိုက်ပွဲအတွင်း တစ်ဖက်က ဒဏ်ရာရသွားပါက ကျန်တစ်ဖက်က အခွင့်ကောင်းယူ တိုက်ခိုက်မည်ကို စိုးရိမ်နေကြသည်။

ဟုန်ယွိ၏ ဘက်မှာမူ စည်းလုံးမှု မရှိခြင်းဟူ၍ မရှိပေ။ ဟုန်ယွိသည် သူ၏ မဟာမိတ်များကို မည်သည့်အခါမျှ သစ္စာဖောက်မည့်သူ မဟုတ်ပေ။ သူ၏ တည်ရှိမှုမှာ လူတိုင်းကို လုံခြုံမှု ပေးနိုင်သည့် ခိုင်မာသော တိုင်တစ်လုံးကဲ့သို့ပင် ဖြစ်သည်။

ထိုအခိုက်တွင် လူတိုင်းမှာ အခြေအနေ၏ နက်နဲမှုကို သတိပြုမိကြပြီး လေထဲတွင် ငြိမ်သက်စွာ ပျံသန်းနေကြသည်။ ဤသည်မှာ ပြိုင်ဘက်ကင်း ပညာရှင်များ၏ စုဝေးမှုပင် ဖြစ်သည်။

…

ဝူး... ဝူး... ဝူး... ဝူး...

အနောက်ဘက်ဒေသ၏ ညဦးယံလေပြေမှာ အလွန်ပင် အေးစက်လှသည်။ လေထဲတွင် ရှိနေသော ပညာရှင်များမှာ တစ်နာရီခန့်အထိ မည်သူမျှ အလျင်စလို မလှုပ်ရှားရဲကြပေ။

ဒုန်း…၊ ဒုန်း…၊ ဒုန်း….၊

ထိုအခိုက်တွင် ဟုန်ယွိသည် ‘အလင်းနှင့်အမှောင် နယ်မြေ’ အတွင်းရှိ ရှေးဟောင်း ရာရှိုမွန် မှာ ပြင်းထန်စွာ တုန်ခါလာပြီး အလွန်တရာ လေးလံသော ဖိအားများကို ပြန်လည် ထုတ်လွှတ်လာသည်ကို ခံစားလိုက်ရ၏။ သူ၏ အတွေးစများမှာ တောင်ကြီးတစ်လုံးဖြင့် ဖိနှိပ်ခံထားရသကဲ့သို့ ခံစားလိုက်ရသည်။

ကြီးမားသော ဖိအားမှာ သူ၏ စိတ်ဝိညာဉ်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။

“ခင်ဗျားတို့ သူ့ကို မသတ်ရဲရင် ကျုပ်ကပဲ အရင်စလိုက်မယ်။”

ရုတ်တရက် ဟင်းလင်းပြင်အတွင်းမှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ဟင်းလင်းပြင်မှာ အက်ကွဲသွားပြီး အဆုံးမရှိသော ရွှေရောင် ‘ဓားစွမ်းအင်’ များ အရှိန်အဟုန်ဖြင့် စီးဆင်းလာတော့သည်။

ထိုဓားစွမ်းအားများမှာ သမုဒ္ဒရာလှိုင်းလုံးများကဲ့သို့ တဟုန်ထိုး လှိမ့်တက်လာသည်။

ထိုထက်မြက်လှသော ဓားစွမ်းအင်များ ခန္ဓာကိုယ်သို့ မထိမှန်ခင်မှာပင် လူတိုင်းသည် သူတို့၏ စိတ်ဝိညာဉ်နှင့် အတွေးစများ ဆွဲဖြဲသတ်ဖြတ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။

ထို့အပြင် ထိုရွှေရောင်ဓားစွမ်းအင်များထဲတွင် အလွန်တရာ အစွမ်းထက်လှသော ရှေးခေတ် သူတော်စင်ဧကရာဇ်တို့၏ နတ်ဘုရားတန်ခိုး စွမ်းအားများ ပါဝင်သည်။ ၎င်းမှာ မည်သည့် နတ်ဘုရားလက်နက်ကိုမဆို သာလွန်ပေသည်။ ‘ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်’ ပင်လျှင် မမီနိုင်ပေ။

ဝုန်း….

ဓားစွမ်းအင်များသည် ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းသွားခဲ့ရာ ကောင်းကင်မှ နဂါးငွေ့ တန်း ကြယ်စုကြီး ပြိုကျလာသကဲ့သို့ပင်။ အရည်ကျိုထားသော ရွှေရည်များကဲ့သို့ လေးလံ လှသော ပြဒါးရေများသည် အရှိန်အဟုန်ဖြင့် စီးဆင်းလာသည်။

ဤလောကတွင် ဤမျှ ခန့်ညားထည်ဝါသော အစွမ်းကို ပိုင်ဆိုင်ထားသည့် နတ်ဘုရားဓား မှာ တစ်လက်တည်းသာ ရှိသည်။ ၎င်းကား ဖန်ဟွမ်အသက်ဝိညာဉ်ဓားပင် ဖြစ်သည်။

…

“ချန်ပီယံမြို့စား ယန်အန်း။”

ဟုန်ယွိ၏ နှလုံးမှာ တုန်သွားခဲ့သည်။ သူသည် ‘ကောင်းကင်အလင်းဦးချို နတ်ဘုရား ချပ်ဝတ်’ ၏ စွမ်းအားကို ချက်ချင်း အသက်သွင်းလိုက်ရာ ဟင်းလင်းပြင်ထဲတွင် ဝိုးတဝါး ပုံရိပ်တစ်ခုကို သူ မြင်လိုက်ရ၏။ ၎င်းပုံရိပ်မှာ ဟင်းလင်းပြင်ကို ဖောက်ထွက်လာသည့် သန့်စင်သော စိတ်ဝိညာဉ်တစ်ခုပင် ဖြစ်သည်။

ချန်ပီယံမြို့စား၏ စိတ်ဝိညာဉ်သည်လည်း ဟင်းလင်းပြင်ကို ဖောက်ထွက်နိုင်နေပြီ ဖြစ်သည်။ သို့သော် သူသည် အဆင့်ခြောက် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦး မဟုတ်ဘဲ အဆင့် (၄) မိုးကြိုးကပ်ဘေး ပညာရှင်သာ ဖြစ်သည်။ သို့သော် ဟုန်ယွိကဲ့သို့ပင် သူသည် ဟင်းလင်းပြင် စွမ်းအားအချို့နှင့် ပေါင်းစပ်ထားသည်။

သူသည် ဖန်ဆင်းခြင်းဘူးသီး၏ ဟင်းလင်းပြင်စွမ်းအားနှင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ၎င်းမှာ ‘စကြာဝဠာအိတ်’ လောက် မသန်မာသော်လည်း ဟင်းလင်းပြင်ကို ဖောက်ထွက်ရန် လုံလောက်ပေသည်။

ချန်ပီယံမြို့စား၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ အမှန်တကယ်ပင် ကွဲကွာသွားခဲ့ပြီး သူသည် တာအိုပညာကို ကျင့်ကြံထားသည်။ ထို့အပြင် သူသည် ဖန်ဟွမ်အသက်ဝိညာဉ်ဓား ကို လုံးဝ ထိန်းချုပ်နိုင်သွားပုံရသည်။ အဘယ်ကြောင့်ဆိုသော် ဟုန်ယွိသည် ထိုဓား၏ နတ်ဘုရား အသိစိတ်မှာ လုံးဝ ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရသောကြောင့်ပင်။ ဤနတ်ဘုရားလက်နက်ကို ကိုင်ဆောင်သူသည် ‘ဖြောင့်မတ်ခြင်း၊ ‘သတ္တိ’၊ ‘ကရုဏာ’ နှင့် ‘ဉာဏ်ပညာ’ ဟူသော မင်္ဂလာတရားလေးပါးကို လိုက်နာရန် မလိုတော့ပေ။

အဘယ်ကြောင့်ဆိုသော် ထိုဓားပေါ်ရှိ အသိစိတ်မှာ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသောကြောင့်ပင်။

‘ဒါဆိုရင်... ဒါဆိုရင်... မူလဝိညာဉ်နတ်ဘုရားနဲ့ မုန့်ရှန်းကျီတို့ ပူးပေါင်းနေတယ်ဆိုတာ အမှန်ပဲပေါ့။ ဟုတ်သားပဲ၊ ငါ အစကတည်းက သိထားသင့်တာ။ ချန်ပီယံမြို့စား ယန်အန်းရဲ့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ် ကွဲကွာသွားတာနဲ့ ဒီနတ်ဘုရားဓားကြီးက နိုးထလာမှာပဲ။ မူလဝိညာဉ်နတ်ဘုရားနဲ့ မုန့်ရှန်းကျီတို့ပဲ ဒီနတ်ဘုရားဓားကြီးကို ခြိမ်းခြောက်နိုင်ပြီး၊ ဓားပေါ်က စိတ်ဝိညာဉ် အသိစိတ်ကို အတင်းအဓမ္မ ဖျက်ဆီးပစ်နိုင်မှာ။ ရှေးဟောင်း နတ်ဘုရားဓားကြီး၏ စိတ်ဝိညာဉ် အသိစိတ်ကို ဒီလိုမျိုး သန့်စင်ပစ်နိုင်တာလား။ တိုင်ရှန် တာအိုဂိုဏ်းက တကယ်ကို အစွမ်းထက်တာပဲ။ ဒါပေမဲ့ မုန့်ရှန်းကျီလည်း ဒဏ်ရာရသွားမှာ သေချာတယ်။’

“သွားကြစို့။”

ကောင်းကင်အနှံ့ ဖုံးလွှမ်းသွားသော ဓားအလင်းများ လင်းလက်သွားသည်နှင့် ဟုန်ယွိက အော်ပြောလိုက်သည်။ ရုတ်တရက် သူ၏ စိတ်ဝိညာဉ်ထဲမှ မရေတွက်နိုင်သော ‘တောက်ပ သော နယ်မြေ’များ ထွက်ပေါ်လာပြီး ယွမ်ရှန်းရှန်းနှင့် အခြားသူများကို လွှမ်းခြုံလိုက် သည်။ ထို့နောက် သူတို့သည် ကောင်းကင်ယံသို့ ပျံတက်သွားကြတော့သည်။

မည်သူမျှ သူတို့ကို မတားဆီးကြပေ။

အဘယ်ကြောင့်ဆိုသော် ထိုနေရာရှိ လူတိုင်းမှာ နောက်ဆုတ်ပေးလိုက်ရသောကြောင့် ဖြစ်သည်။

စွမ်းအားအပြည့် ထုတ်လွှတ်လိုက်သော ဖန်ဟွမ်အသက်ဝိညာဉ်ဓားမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်ပြီး မိုးကြိုးကပ်ဘေး ခုနစ်ကြိမ် ကျော်ဖြတ်ထားသည့် ‘ဖန်ဆင်းရှင်’ ကိုပင် ဒဏ်ရာရစေနိုင်သည်။

အကယ်၍ ဟုန်ယွိသာ ရှေးဟောင်း ရာရှိုမွန်ကို ဖိနှိပ်ထားရန် မလိုဘဲ လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်မည်ဆိုလျှင် ဖန်ဟွမ်အသက်ဝိညာဉ်ဓား စွမ်းအားအပြည့် ထုတ်လွှတ်လျှင်ပင် သူ ပြန်လည် တိုက်ခိုက်နိုင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤနတ်ဘုရားဓားမှာ ယန်နတ်ဘုရားတစ်ပါး၏ ဓားသာ ဖြစ်ပြီး အစစ်မှန် ယန်နတ်ဘုရားတစ်ပါး မဟုတ်သော ကြောင့်ပင်။

ဓား၏ စွမ်းအားမှာ အလွန်ဆုံး အဆင့်ခြောက် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦးက သူ၏ အတွေးစအားလုံးကို လောင်ကျွမ်းစေပြီး တိုက်ခိုက်လာသည့် အစွမ်းနှင့်သာ ညီမျှသည်။

တစ်နည်းအားဖြင့် ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ စွမ်းအားအပြည့်မှာ ကျိုးထိုက်ကျူက သူ့စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေပြီး ‘အစွန်းရောက် ဧကရာဇ်၏ ပြောင်းပြန်လှန်ခြင်း’ ပညာကို အသုံးပြုခြင်းနှင့် တူညီပေသည်။

အဆင့်ခုနစ် မိုးကြိုးကပ်ဘေးရှင် ‘ဖန်ဆင်းရှင်’ များအတွက် အတားအဆီးတစ်ခု ဖြစ်သည်။ ယန်နတ်ဘုရားတစ်ပါးပင်လျှင် သာမန်လူတစ်ဦးကို အဆင့်ခုနှစ် မိုးကြိုးကပ်ဘေး ပညာရှင်အဖြစ် မပြောင်းလဲနိုင်ပေ။

ယန်နတ်ဘုရား လေးငါးယောက် ပူးပေါင်းလျှင်ပင် မဖြစ်နိုင်ပေ။

ဟုန်ယွိသည် ရွှေပင့်ကူကို တစ္ဆေအင်မော်တယ် ဖြစ်အောင် မလုပ်ပေးနိုင်သကဲ့သို့ပင်။ သူတို့ကိုယ်တိုင် နားလည်သဘောပေါက်ရန် လိုအပ်သည်။

သို့သော်လည်း ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ စွမ်းအားမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ‘ဖန်ဆင်းရှင်’ တစ်ဦးကိုပင် ဒဏ်ရာရစေရန်မှာ မဖြစ်နိုင်ခြင်း မဟုတ်ပေ။

ဟုန်ယွိသည် ရှေးဟောင်း ရာရှိုမွန်ကို ဖိနှိပ်ထားရသည်ဖြစ်ရာ ယခုအခါ ရှောင်တိမ်းရန်သာ တတ်နိုင်တော့သည်။

လူအားလုံးကို သိမ်းဆည်းပြီးနောက် ဟုန်ယွိသည် ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ ပျံသန်း ထွက်ခွာသွားတော့သည်။

အခန်း (၄၅၂)။

ဟုန်ယွိသည် အရပ်မျက်နှာအနှံ့ ပျံသန်းခြင်းမပြုဘဲ ကောင်းကင်ယံထက်သို့ တည့်တည့် မတ်မတ် ထိုးတက်သွားခဲ့သည်။ သူသည် ကြယ်တာရာ လေပြင်းများကို ဖြတ်ကျော်ကာ လေထု၏အပြင်ဘက်ရှိ ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းဆီသို့ ဦးတည်သွားခြင်း ဖြစ်သည်။

ထိုဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းထဲသို့ ရောက်ရှိမှသာ သူသည် ဝန်ထုပ်ဝန်ပိုး အားလုံးကို ချပစ်နိုင်ပြီး ချန်ပီယံမြို့စားနှင့် အသေကြေ တိုက်ပွဲဝင်နိုင်မည် ဖြစ်သည်။

ယခုတစ်ကြိမ်တွင် ချန်ပီယံမြို့စား၏ စိတ်ဝိညာဉ်စွမ်းအားမှာ များစွာ တိုးတက်လာခဲ့ပြီး ဖန်ဟွမ်အသက်ဝိညာဉ်ဓားကိုလည်း အမှန်တကယ် လက်ဝယ်ပိုင်ဆိုင်သွားပြီ ဖြစ်သည်။ သူသည် အတိတ်ကကဲ့သို့ အနိုင်ကျင့်ရလွယ်သော ပုဂ္ဂိုလ်ငယ်လေး မဟုတ်တော့ပေ။

‘လူသားအင်မော်တယ်’ အဆင့်အထိ ကျင့်ကြံထားနိုင်သော ဟုန်ယွိသည်ပင် အနာဂတ် အကြောင်း အကုန်သိနေသည့် ဤပါရမီရှင်လူငယ်ထံမှ ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားနေရသည်။ သူသည် ဟုန်ယွိကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိနေသည်။

ဖန်ဟွမ်အသက်ဝိညာဉ်ဓားသည် သူ့စွမ်းအားအပြည့်ကို ထုတ်သုံးလိုက်ပါက ဟုန်ယွိကို အမှန်တကယ် သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။

အတိတ်က ထိုဓားတွင် ကိုယ်ပိုင်အသိစိတ်နှင့် စိတ်ဝိညာဉ် ရှိခဲ့သော်လည်း ယခုမူ ထိုအသိစိတ်မှာ အတင်းအဓမ္မ အဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ ၎င်းမှာ သတ်ဖြတ်ခြင်း သက်သက်အတွက် အသုံးပြုသော စစ်လက်နက်တစ်ခု ဖြစ်လာခဲ့ပြီ။ ၎င်းသည် ချန်ပီယံ မြို့စား၏ လက်ထဲတွင် အလွန်ပင် အစွမ်းထက်နေတော့သည်။

ဝှူး... ဝှူး... ဝှူး... ဝှူး….

ဟုန်ယွိ၏ ‘ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်’ နှင့် ‘မဟာလေဟာနယ်လက်ဝါး’ တို့ ပေါင်းစပ်လိုက်သည့် အရှိန်ဟုန်မှာ မည်သည့် တာအိုကျင့်စဉ် သို့မဟုတ် ထွက်ပြေး သည့် ပညာရပ်များထက်မဆို သာလွန်သွားသည်။

ဝုန်း…၊ ဝုန်း….၊ ဝုန်း…၊ လူဦးခေါင်းခန့်ရှိသော၊ ကမ္ဘာငယ်လေးတစ်ခုကို ဖိသိပ်ထားသကဲ့သို့ တောက်ပနေသည့် စိတ်ဝိညာဉ်အတွေးစ သုံးစေ့မှာ ရုတ်တရက် ပေါက်ကွဲသွားပြီး ဟုန်ယွိ၏ ခန္ဓာကိုယ်ကို စိမ်းဖန့်ဖန့် အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသည်။ သူ၏အရှိန်မှာ ချက်ချင်း မြင့်တက်သွားပြီး ကောင်းကင်ယံအထက် ပေပေါင်း သိန်းချီသောနေရာသို့ မျက်စိ တစ်မှိတ်အတွင်း ရောက်ရှိသွားတော့သည်။

၎င်းမှာ ယုဝမ်မူ၏ အဆင့်ငါး မိုးကြိုးကပ်ဘေး စိတ်ဝိညာဉ် အတွေးစများကို ဖောက်ခွဲပြီး နောက် ငရဲနတ်ဘုရား ထွက်ပြေးခြင်းပညာကို အသုံးပြုလိုက်ခြင်းပင် ဖြစ်သည်။

“ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်။” “မဟာလေဟာနယ်လက်ဝါး။” “ငရဲ နတ်ဘုရား ထွက်ပြေးခြင်းအတတ်။”

ဤကြီးမြတ်သော တာအိုပညာရပ် သုံးမျိုး၏ ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသော အရှိန် မှာ ခဏတာအတွင်း ဟင်းလင်းပြင်ကို ဆွဲဖြဲသွားလာနိုင်သည့် အရှိန်ထက်ပင် သာလွန်သွား ခဲ့သည်။

ချန်ပီယံမြို့စား ယန်အန်း ပေါ်လာပြီး သူ၏ ဓားစွမ်းအင်များ လွင့်စင်ထွက်လာသည့်အခါ ထိုနေရာရှိ လူအားလုံးကို တုန်လှုပ်သွားစေသည်။ ‘အနှစ်သာရ နတ်ဘုရားကျောင်း’ ၏ ယဇ်ပုရောဟိတ်ပင်လျှင် သူ့ကို ရှောင်ရှားလိုက်ရသည်။ အခြားသော ပညာရှင်များ အားလုံး သည်လည်း ဟုန်ယွိကို သတ်ရန် ဂရုမစိုက်နိုင်တော့ဘဲ လွတ်ရာသို့ ရှောင်တိမ်းကုန်ကြ သည်။

နေရာလွတ်သွားသည်နှင့် ချန်ပီယံမြို့စား၏ မျက်လုံးများသည် ဟုန်ယွိထံ၌သာ ချက်ချင်း စိုက်ကြည့်လိုက်သည်။ အခြားအကြောင်းကြောင့် မဟုတ်ဘဲ သူနှင့် ဟုန်ယွိကြားရှိ အမုန်း တရားမှာ အလွန်ပင် ကြီးမားလှသောကြောင့် ဖြစ်သည်။ သူသည် ဟုန်ယွိ၏ လှောင်ပြောင် မှုကို အကြိမ်ကြိမ် ခံခဲ့ရသလို သူ၏ မှော်ရတနာများကိုလည်း ဆုံးရှုံးခဲ့ရသည်။

ချန်ပီယံမြို့စား အတွက် အကြီးမားဆုံးသော ရန်သူမှာ ဟုန်ယွိပင် ဖြစ်သည်ဟု ဆိုနိုင်သည်။

ဟုန်ယွိကို ပစ်မှတ်ထားပြီးနောက် ချန်ပီယံမြို့စားသည် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ သူ့ကို သတ်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ဟုန်ယွိက လျှပ်စီးကဲ့သို့ ပျံသန်းသွားသဖြင့် သူ့အား အခွင့်အရေး မပေးခဲ့ပေ။

၎င်းကို မြင်သည့်အခါ ချန်ပီယံမြို့စားသည် ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပြီး ဟင်းလင်း ပြင် အက်ကွဲကြောင်းတစ်ခုကို ဖန်တီးကာ အထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့ သည်။ သူသည် ဟုန်ယွိ၏ အငွေ့အသက်နောက်သို့ တကောက်ကောက် လိုက်ပါသွားခြင်း ဖြစ်သည်။

သူတို့နှစ်ဦး၏ အရှိန်ဟုန်မှာ ပုံမှန်ထက် များစွာ မြန်ဆန်လှသည်။ မျက်စိတစ်မှိတ်အတွင်း ဓားစွမ်းအင်များ ပျောက်ကွယ်သွားချိန်၌ ဟုန်ယွိ၊ ချန်ပီယံမြို့စား၊ ကျိရှန်းထျန်းနှင့် အခြား သူများမှာ အစအနပင် မကျန်တော့ပေ။

“လိုက်ကြစို့”

အနှစ်သာရ နတ်ဘုရားကျောင်း၏ ယဇ်ပုရောဟိတ်က အမိန့်ပေးလိုက်ပြီးနောက် အပေါ်သို့ ပျံတက်သွားသည်။ ကျန်ရှိသော ပညာရှင်များမှာလည်း တစ်ယောက်ပြီးတစ်ယောက် ပျံတက်သွားကာ ဟုန်ယွိနှင့် ချန်ပီယံမြို့စားတို့ကို ရှာဖွေကြတော့သည်။

...

“ငါတို့ ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းထဲ ရောက်နေပြီ။ ပိုပြီး နက်နဲတဲ့နေရာကို သွားမှာလား။”

မျက်စိတစ်မှိတ်အတွင်းမှာပင် ဟုန်ယွိသည် ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်း၏ အစွန်းပိုင်းသို့ ရောက်ရှိလာသည်။ အတိုင်းအဆမရှိ ပြည့်နှက်နေသော ဥက္ကာခဲများနှင့် မည်သည့် နေရာသို့ ဦးတည်သည်မှန်း မသိနိုင်သည့် ‘တွင်းနက်’ လမ်းကြောင်းငယ်များ စွာကို မြင်တွေ့နေရသည်။

ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းမှာ အတိုင်းအဆမရှိ ကျယ်ပြောလှပြီး လူသူကင်းမဲ့ သော ‘တောရိုင်းမြေရိုင်း’ ထက်ပင် ပို၍ ကြီးမားသည်။ ကျင့်ကြံသူတစ်ဦး၏ စိတ်ဝိညာဉ် စွမ်းအားဖြင့်ပင် အထဲတွင် ဘာရှိသည်၊ ဘယ်လောက်ကျယ်သည် သို့မဟုတ် ကမ္ဘာငယ် ပေါင်း ဘယ်လောက်ရှိသည်ကို မသိနိုင်ပေ။

အထဲတွင် သဘာဝအလျောက် ဖြစ်ပေါ်နေသော ဟင်းလင်းပြင် အက်ကွဲကြောင်းများမှာ တံခါးပေါက်များသဖွယ် ရှိနေသည်။ အကယ်၍ တစ်ခုထဲသို့ ဝင်ရောက်သွားပါက အမည်မသိ နေရာတစ်ခုသို့ ရောက်ရှိသွားလိမ့်မည်။ ၎င်းမှာ အဆုံးမရှိသော လေဟာနယ် ဖြစ်နိုင်သလို၊ မီးလျှံများ ပြည့်နှက်နေသည့် ကမ္ဘာတစ်ခုလည်း ဖြစ်နိုင်ရာ အလွန်ပင် အန္တရာယ်ကြီးမားလှသည်။

အထဲတွင် ရှားပါးသော သတ္တုရိုင်းများနှင့် ရတနာများစွာ ရှိနေသော်လည်း ‘ဖန်ဆင်းရှင်’ အဆင့်ရှိသူများသာလျှင် ဝင်ရောက်ရဲပေလိမ့်မည်။

သို့သော် ဟုန်ယွိသည် အစွန်းပိုင်းသို့ ရောက်သည်နှင့် မတွန့်ဆုတ်ဘဲ အထဲသို့ တိုးဝင်သွား သည်။ သူ၏ ခန္ဓာကိုယ်မှ ‘မဟာလေဟာနယ်လက်ဝါး’ ကို ထုတ်လွှတ်ကာ သူ့ထံသို့ လွင့်စင်လာသော ဥက္ကာခဲများကို ရိုက်ခွဲပစ်သည်။

ဖရိုဖရဲဖြစ်နေသော လေဟာနယ်ထဲမှ ဥက္ကာခဲများသည် အလွန်မြန်သော အရှိန်ဖြင့် ရွေ့လျားနေကြသည်။ သေးငယ်သော အပိုင်းအစလေးတစ်ခုသည်ပင် အမာဆုံးသော သံမဏိကို ရိုက်ခွဲနိုင်ပြီး ကျင့်ကြံသူတစ်ဦး၏ အတွေးစများကိုပင် အပိုင်းပိုင်း ဖြစ်သွား စေနိုင်သည်။

သို့သော် ယခုအခါ ၎င်းတို့မှာ ဟုန်ယွိအတွက် အသုံးမဝင်တော့ပေ။

ဟုန်ယွိသည် ဘေးအန္တရာယ်ရှိသော ဝဲဂယက်များနှင့် တွင်းနက်လမ်းကြောင်းများကို ရှောင်ရှားကာ ဖရိုဖရဲဖြစ်နေသော ဟင်းလင်းပြင် လေဟာနယ် လေစီးကြောင်းများ၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်သွားသည်။ သူသည် အားစိုက်ထုတ်စရာ မလိုဘဲ တိုးဝင် သွားရာ ခဏအတွင်းမှာပင် မိုင်ပေါင်း ထောင်ချီ ခရီးပေါက်သွားခဲ့သည်။

ယခင်က တောရိုင်းမြေတွင် ရှိစဉ်က သူသည် လေဟာနယ်မုန်တိုင်း၏ အစွန်း၌သာ ရှိနေခဲ့ ပြီး အထဲသို့ မဝင်ရဲခဲ့ပေ။ သို့သော် ယခုအခါ ‘လူသားအင်မော်တယ်’ အဆင့်သို့ ရောက်ရှိ ထားသဖြင့် သူသည် ‘အလိုလိုအာရုံခံစားမူ’ စွမ်းအားကို ရရှိထားရာ အန္တရာယ် မရောက်မီ ကြိုတင်သိရှိနိုင်ပြီး ရှောင်တိမ်းနိုင်စွမ်း ရှိနေသည်။ ထို့ကြောင့် ဤနေရာသို့ ဝင်ရောက်ခြင်း မှာ ပြဿနာ မရှိတော့ပေ။

... ...

သူဝင်ရောက်သွားပြီး တစ်နာရီခန့်အကြာတွင် ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွား သည်။ ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး ချန်ပီယံမြို့စား ထွက်ပေါ်လာ ကာ ဟုန်ယွိကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ဟုန်ယွိ…၊ ငါတို့ရဲ့ တိုက်ပွဲမှာ မင်းက ထွက်ပြေးဖို့ ကြိုးစားနေတာလား။ မင်း ထွက်ပြေး ချင်တယ်ဆိုရင် ‘ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်’ ကို ပေးခဲ့၊ ပြီးတော့ မင်းရဲ့ မိန်းမတွေကိုလည်း ငါ့ရဲ့ကျွန်အဖြစ် ထားခဲ့ရမယ်။ ဒါဆိုရင် မင်းရဲ့ တာအိုကျင့်စဉ်ကို ဖျက်ဆီးပြီး အသက်ချမ်းသာပေးလိုက်မယ်။”

ဟုန်ယွိကလည်း ရပ်တန့်လိုက်ပြီး ချန်ပီယံမြို့စားကို ကြည့်လိုက်သည်။

ဤအချိန်တွင် ချန်ပီယံမြို့စားသည် သန့်စင်သော စိတ်ဝိညာဉ်ပုံသဏ္ဌာန်ဖြင့် ရှိနေပြီး သူ၏ အတွေးစအားလုံးမှာ ထူးဆန်းသော အင်မော်တယ်ခန္ဓာကိုယ်အဖြစ် ဖွဲ့စည်းထားသည်။ သူ၏ တစ်ကိုယ်လုံးမှ မြင့်မြတ်ပြီး အနှိုင်းမဲ့သော အရှိန်အဝါများ ထွက်ပေါ်နေသည်။

တစ်ချိန်တည်းမှာပင် သူ၏လက်ထဲမှ ဖန်ဟွမ်အသက်ဝိညာဉ်ဓားမှာ ယခင်ကရှိခဲ့သော အသိစိတ်များ ပျောက်ကွယ်နေသည်။ ၎င်းမှာ စိတ်ခံစားချက်မရှိဘဲ အေးစက်လှသော၊ သတ်ဖြတ်ရန်သာ ဆုံးဖြတ်ထားသည့် လောကကို အုပ်စိုးသူနှင့် တူနေသည်။

ဤကဲ့သို့သော ဖန်ဟွမ်အသက်ဝိညာဉ်ဓားမှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။

သို့သော် ဟုန်ယွိက ရပ်တန့်လိုက်ပြီး အသာအယာ ပြုံးလိုက်သည်။ “ထွက်ပြေးဖို့လား။ ရယ်စရာတွေ ပြောမနေပါနဲ့ ယန်အန်းရာ။ ငါ ဒီနေရာကို လာတာ မင်းနဲ့ အသေသတ်ဖို့ပဲ။ ငါတို့ လေးကြိမ်တိုင်တိုင် တိုက်ခဲ့ကြပြီးပြီ။ ယွန်နိုင်ငံမှာ မင်းရှုံးခဲ့တယ်။ ဖန်ရှင်းတာအိုဂိုဏ်း ရဲ့ဌာနချုပ် ကျောက်စိမ်းမြို့တော် ကျောက်စိမ်းနဂါးတောင်ပေါ်မှာ မင်းရှုံးခဲ့တယ်။ အနောက်မြောက်ဒေသ အစစ်မှန် ခုနှစ်ကြယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လုပွဲမှာလည်း မင်းရှုံးခဲ့ တယ်။ နောက်ဆုံး ချီပြည်နယ်မှာလည်း မင်းပဲ ရှုံးခဲ့တာ။ လေးကြိမ်ဆက်တိုက် မင်းရဲ့ စစ်သည်တွေ အများကြီး ဆုံးရှုံးခဲ့တာကို သတိမထားမိသေးဘူးလား။ မင်းက ငါ့ကို တိုက်ခိုက်ချင်သေးတာလား။ ‘ကိုးငါးတာအို’၊ ‘မာနကြီးသော နဂါး၏ နောင်တ’၊ မင်းရဲ့ ကံကြမ္မာဟာ ဒီနေ့ ငါးကြိမ်မြောက်မှာတင် အဆုံးသတ်သွားတော့မယ်ထင်တယ်။”

ဟုန်ယွိ စကားပြောနေစဉ်မှာပင် သူ၏ ဦးခေါင်းထက်မှ ဧကဝက်ခန့် ကျယ်ပြန့်သော စိတ်ဝိညာဉ် စွမ်းအားများ ထွက်ပေါ်လာသည်။ ၎င်းမှာ အဆင့်ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရားအသိစိတ် ကမ္ဘာငယ်တစ်ခု ဖြစ်သည်။ ကျိရှန်းထျန်း၊ ဆန်းဝေဝေ၊ ရှဲ့ဝန်ယွမ်၊ ယွမ်ရှန်းရှန်း၊ နဂါးသမီးတော်အောင်းလွမ်၊ ချီလင်နှင့် မျောက်ဝံကြီးတို့ အားလုံး ထွက်ပေါ် လာကြသည်။

မျောက်ဝံကြီးမှာ မပျံသန်းနိုင်သလို ဤလေထုနည်းပါးသော နေရာတွင် အသက်ရှူရန် ခက်ခဲနေသည်။ သို့သော် ချီလင်က သူ၏ အတွင်းအမြုတေ စွမ်းအင်များကို မှုတ်ထုတ်ကာ သူ့ကို လွှမ်းခြုံပေးပြီး၊ ညီငယ်လေးတစ်ဦးကဲ့သို့ စောင့်ရှောက်ပေးလိုက်သည်။

ယွမ်ရှန်းရှန်းသည် ချန်ပီယံမြို့စားကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း ဘာမှမပြောခဲ့ပေ။

သို့သော် ချန်ပီယံမြို့စားက ယွမ်ရှန်းရှန်းကို ကြည့်လိုက်သည့်အခါ ရုတ်တရက် ပြုံးလိုက်ပြီး သူ၏ နှုတ်ခမ်းများက ယုတ်မာသောအပြုံးဖြင့် တွန့်ကွေးသွားသည်။ “အမေ... အမေက သေသွားပြီးမှ ပြန်ရှင်လာတာတောင် ဒီလောက် လှနေတုန်းပဲလား။ တကယ်ကို မွှေးပျံ့နေ တာပဲ။ ဒါပေမဲ့ အခုတော့ အဲဒီရနံ့ကို ခံစားဖို့ ကျွန်တော့်မှာ အခွင့်အရေး မရှိသေးဘူး။ ဟုန်ယွိကို သတ်ပြီးမှ ကျွန်တော်တို့ရဲ့ သားအမိဆက်ဆံရေးအကြောင်း ပြောပြရမှာပေါ့။ ကျွန်တော့်ကို မွေးပြီးတာနဲ့ အမေက သေသွားတာဆိုတော့ အမေ့မျက်နှာအစစ်ကို ကျွန်တော် မမြင်လိုက်ရဘူးလေ။”

“မင်းရဲ့ ခန္ဓာကိုယ်ကို ငါပေးခဲ့တာ မှန်ပေမဲ့၊ မင်းရဲ့ စိတ်ဝိညာဉ်ကတော့ ငါပေးခဲ့တာ မဟုတ်ဘူး။” ယွမ်ရှန်းရှန်းက အေးစက်စွာ ပြန်ပြောလိုက်သည်။ သူမ၏ မျက်နှာမှာ တိမ်တိုက်များကဲ့သို့ ဖုံးအုပ်ထားသဖြင့် မည်သည့်အမူအရာ ရှိသည်ကို မမြင်ရပေ။

“အမေက ကျွန်တော့်ရဲ့ နောက်ခံကို သိပုံရတယ်၊ ဒါပေမဲ့ အသေးစိတ်ကိုတော့ သိဦးမှာ မဟုတ်ဘူး။ နောက်မှ ပြောပြမယ်။”

ချန်ပီယံမြို့စားက ထပ်မံ၍ ယုတ်မာစွာ ပြုံးလိုက်ပြီး အခြေအနေအားလုံးကို ထိန်းချုပ်ထား သကဲ့သို့ သူ၏လက်ကို အသာအယာ လှုပ်ရှားလိုက်သည်။

“ဟုန်ယွိ... မင်းက လူအများကြီး ခေါ်လာတာဆိုတော့ ငါ့ကို ဝိုင်းသတ်မလို့လား။”

“ယန်အန်း... မင်းမှာ နတ်ဘုရားလက်နက်ရှိလို့ မောက်မာနေတာလား။ ဒါပေမဲ့ သိထားဖို့ က အဲဒီလက်နက်ဟာ သီလရှိတဲ့သူနဲ့ပဲ ထိုက်တန်တာ။ ဟုန်ယွိဟာ ဖြောင့်မတ်ခြင်း လမ်းစဉ်ရဲ့ ခေါင်းဆောင် ဖြစ်လာမယ့်သူ၊ ချီလင်ကို ပိုင်ဆိုင်ထားတဲ့သူပဲ။ တကယ်လို့, သူသာ ဒီလက်နက်ကိုပါ ထိန်းချုပ်နိုင်ရင် လူတိုင်းက ငါတို့ကို ထောက်ခံကြမှာပဲ။ ဒါဆို ငါတို့က အခြားမြင့်မြတ်နယ်မြေတွနဲ့ ယှဉ်နိုင်ပြီး၊ တာအိုလောကရဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေတွေကို ပြောင်းလဲနိုင်လိမ့်မယ်။” ရှဲ့ဝန်ယွမ်က လေးလေးနက်နက် ပြောလိုက် သည်။

“အိုကြီးအိုမ ပညာရှင်ကြီး... ခင်ဗျားက ကျုပ်ကို စကားပြောဖို့ အရည်အချင်းရှိလို့လား။ ခင်ဗျားကို ကျုပ်ရဲ့ စစ်တပ်အကြံပေးလုပ်ဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့တာကို ငြင်းခဲ့ပြီးတော့၊ အခုတော့ ဟုန်ယွိကို မြှောက်ပေးနေတာလား။” ကျုပ်က ဟုန်ယွိအောက် ဘယ်နေရာ နိမ့်ကျနေလို့လဲ။ ချန်ပီယံမြို့စား၏ မျက်နှာမှာ အေးစက်စက် သတ်ဖြတ်ခြင်း အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။

“ဘယ်သူသာလဲဆိုတာ စွမ်းအားနဲ့ပဲ သက်သေပြကြတာပေါ့၊ တာအိုကအရင်, ကိုယ်ကျင့် သီလက နောက်။” ရှဲ့ဝန်ယွမ်က ချန်ပီယံမြို့စား၏ ဆဲဆိုမှုကို ဂရုမစိုက်ဘဲ ပြုံး၍ ပြောလိုက်သည်။

“စကားတွေ များမနေနဲ့။” ချန်ပီယံမြို့စား၏ သတ်ဖြတ်လိုစိတ်မှာ ပို၍ ပြင်းထန်လာသည်။ “အားလုံး အတူတူ လာခဲ့ကြစမ်း။”

“မလိုပါဘူး ချန်ပီယံမြို့စား... ဒီနေ့ မင်းရဲ့ မောက်မာတဲ့ စိတ်ဓာတ်ကို ငါ ပြုပြင်ပေးလိုက် မယ်။ မင်းသာ မောက်မာမှုတွေကို စွန့်လွှတ်ပြီး နှိမ့်ချတတ်မယ်ဆိုရင်တော့ မင်းဟာ အနှိုင်းမဲ့ ပါရမီရှင်တစ်ဦး ဖြစ်နေဦးမှာပါ။”

ဟုန်ယွိသည် လှံကိုကိုင်ကာ မတ်တတ်ရပ်လိုက်သည်။ သူ၏ မျက်ခုံးကြားမှ အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ချိပ်ပိတ်ထားသော ‘ရှေးဟောင်း ရာရှိုမွန်’ ထွက်ပေါ်လာသည်။

ရာရှိုမွန်ကို ထုတ်လိုက်သည့်အခါ ဟုန်ယွိ၏ စိတ်ဝိညာဉ်မှာ အလွန်ပင် ပေါ့ပါးသွားတော့ သည်။ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကို ချလိုက်ရသကဲ့သို့ပင်။

“အို... ရာရှိုမွန်တံခါးလား။ ဟုန်ယွိ... မင်းက တကယ်ကို သတ္တိရှိတာပဲ။ ငါတောင် ဒါကို မယူရဲဘူး၊ မူလဝိညာဉ်နတ်ဘုရားကို ဘယ်လိုရင်ဆိုင်ရမလဲ မသိလို့ပဲ။ ကံကောင်းတာက သူနဲ့ မုန့်ရှန်းကျီတို့က အချင်းချင်း ထိန်းချုပ်ထားလို့သာ၊ မဟုတ်ရင် ငါလည်း ဒီနတ်ဘုရား ဓားကို အလွယ်တကူ သန့်စင်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ မင်းကိုသတ်၊ မင်းရဲ့ ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်ကိုလုပြီး၊ မင်းရဲ့ စိတ်ဝိညာဉ်ကို နှိပ်စက်ပြီး တော့ ‘အတိတ်ကျမ်း’၊ ‘ပစ္စုပ္ပန်ကျမ်း’ နဲ့ ‘အနာဂတ်ကျမ်း’ တွေအကြောင်း မေးမြန်းရမယ်။ အဲဒီကျမ်းတွေကို ကျင့်ကြံပြီး မိုးကြိုးကပ်ဘေး ခုနစ်ကြိမ်အထိ ကျော်ဖြတ်ပြီးရင်တော့ ငါ မူလဝိညာဉ်နတ်ဘုရားကိုတောင် ကြောက်စရာ မလိုတော့ဘူး။”

ချန်ပီယံမြို့စားက သူ၏ ဓားကို မြှောက်လိုက်သည်။

“အားလုံးပဲ... ရာရှိုမွန်ကို ထိန်းထားကြ။ နောက်ဆုတ်ကြစမ်း။”

ဟုန်ယွိ၏ အမိန့်ပေးသံနှင့်အတူ... ရှုး….။

လှံဦးသည် လျှပ်စီးကဲ့သို့ ပြေးထွက်သွားပြီး ချန်ပီယံမြို့စား၏ လည်ချောင်းဆီသို့ တည့်တည့်မတ်မတ် ကျရောက်သွားတော့သည်။

All Chapters