← Chapters

အခန်း (၁၆၁)

Vol. 17 Ch. 161

အခန်း (၁၆၁)

Vol. 17 Ch. 161

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၆၁)

" စစ်သေနာပတိချုပ်..." ကျောက်တပ်မှူးများက လျန်ပိုကို ဝမ်းနည်းသော မျက်လုံးများနှင့် ကြည့်လိုက်ကြသည်။

ယခုအချိန်တွင် သူတို့အားလုံး ကျောက်နိုင်ငံ၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသောကြောင့် သူနှင့် ထပ်တူ ခံစားလိုက်ကြရသည်။ လျန်ပို၏ နောက်ဆုံးစာက နန်းတော်တစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး မရိုးသားသော လူများကြောင့် ကျောက်နိုင်ငံအနှံ့ ပျံ့နှံ့သွားခဲ့သည်။

၎င်းက နိုင်ငံတစ်ခုလုံး ပျံ့နှံ့သွားခဲ့ပြီး ပြည်သူများက ချင်နိုင်ငံအပေါ် နာကျည်းမှုများဖြင့် ပြည့်နှက်စေခဲ့ပြီး သူတို့၏ တိုက်ခိုက်လိုစိတ်ကို နှိုးဆွပေးခဲ့သည်။ ထို့ကြောင့် လျန်ပိုက သေဆုံးပေးရမည်ဖြစ်သည်။ အကယ်၍ သူသာ အသက်ရှင်လျက် ပြန်လာခဲ့လျှင် သူပေးခဲ့သော စိတ်အားတက်ကြွမှုများက ဟာသတစ်ခု ဖြသ်သွားပေလိမ့်မည်။

၎င်းတို့က အကြောင်းပြချက်မျှသာဖြစ်သည်။ အဓိကမှာ ကျောက်ယန်က လျန်ပိုကို အသက်ရှင်စေချင်သည်မဟုတ်ပေ။ အခြားသူများအတွက် လျန်ပိုက စစ်သည်သောင်းချီနှင့် ညီမျှပြီး ဘယ်နိုင်ငံအတွက်မဆို အဖိုးမဖြတ်နိုင်သော စစ်သေနာပတိချုပ်တစ်ယောက်ဖြစ်သည်။

သို့သော် ကျောက်ယန်ကတော့ ထိုသို့မတွေးပေ။ ကျောက်နိုင်ငံ၏ ဆိုးရွားသော အခြေအနေမှာပင် သူ၏ အတွေးက ပြိုင်ဘက်များကို ဖယ်ရှားရန်ဖြစ်ပြီး လျန်ပိုက သူအကြောက်ဆုံး ပြိုင်ဘက်ဖြစ်သည်။

" ငါ့အသက်က ချန်ဖျင်တိုက်ပွဲမှာကတည်းက နိုင်ငံတော်အတွက် ပေးဆပ်ခဲ့သင့်တာ။ နှစ်ပေါင်းများစွာ အသက်ရှင်လာပြီးပြီ။ အခုတော့ နောက်ဆုံးမှာ ငါ့အချိန်ရောက်လာပြီထင်တယ်။ နောက်ဆုံးစာကို ချန်ခဲ့ပြီးပြီဆိုတော့ ငါအသက်ဆက်ရှင်ဖို့ မျက်နှာမရှိတော့ပါဘူး။ " လျန်ပိုက ခါးသီးစွာ ရယ်ပြီး ပြောလိုက်သည်။

" မင်းတို့ကို ဒီကိစ္စထဲ ဆွဲထည့်မိလို့ ငါစိတ်မကောင်းပါဘူး။ ငါနဲ့ဒီလောက်ထိ မနီးစပ်ခဲ့ရင် မင်းတို့ ဒီလိုအခက်အခဲမျိုး ရင်ဆိုင်ရမှာမဟုတ်ဘူး။ ချင်စစ်တပ်က အစွမ်းထက်တယ်။ ပြီးတော့ ငါတို့မှာ ဆုတ်လမ်းမရှိတော့ဘူး။ "

" မင်းတို့ကို နိုင်ငံအတွက် အသက်စွန့်ဖို့ ငါ အတင်းအကျပ် မတိုက်တွန်းပါဘူး။ ဒီနိုင်ငံက တကယ်ပဲ ကယ်တင်လို့မရတော့တာ ဖြစ်နိုင်ပါတယ်။ တကယ်လို့ မင်းတို့ ထွက်သွားချင်တယ်ဆိုရင် ငါမတားပါဘူး။ "

ကျောက်တပ်မှူးများက လျန်ပို၏ ရှေ့တွင် ဒူးထောက်လိုက်ကြသည်။

" စစ်သေနာပတိချုပ်... ကျွန်တော်က စစ်သေနာပတိချုပ်ရဲ့ ဘေးမှာ တိုက်ပွဲဝင်ခဲ့တာ ဆယ်စုနှစ်တစ်ခုမကတော့ပါဘူး။ ကျွန်တော်ရဲ့ အသက်က စစ်သေနာပတိချုပ် ပိုင်ပါတယ်။ "

" စစ်သေနာပတိချုပ်က ရဲရဲဝံ့ဝံ့ သေဆုံးဖို့ ပြင်ဆင်ထားမှတော့ ကျွန်တော်က ဘယ်လိုလုပ် တာဝန်ကို စွန့်ခွာနိုင်မှာလဲ။ "

" ကျွန်တော်က စစ်သေနာပတိချုပ်နဲ့အတူ ချင်စစ်တပ်ကို သေတဲ့အထိ တိုက်ခိုက်သွားပါမယ်။ "

" ကျွန်တော် စစ်သေနာပတိချုပ်နောက်ကို သေတဲ့အထိ လိုက်ဖို့ ကတိပြုပါတယ်။ "

ကျောက်တပ်မှူးများက ပြတ်သားစွာဖြင့် ပြောလိုက်ကြသည်။ လျန်ပိုက ဒူးထောက်နေသော တပ်မှူးများကို ကြည့်ပြီး ပြုံးလိုက်သော်လည်း သူ၏ မျက်နှာတွင် နောင်တများ ရောယှက်နေသည်။

" ငါတို့က ချင်နိုင်ငံနဲ့ ရန်သူတွေ ဖြစ်နေပေမယ့် မင်းတို့သာ ချင်နိုင်ငံမှာ ရှိနေရင် ဒီလိုအခြေအနေမျိုး ရင်ဆိုင်ရမှာ မဟုတ်ဘူး။ တကယ်လို့ အရှင်ချွန်းဖျင်သာ ထီးနန်းကို ဆက်ခံခဲ့ရင် ငါတို့ ကျောက်နိုင်ငံက ချင်နိုင်ငံကို ရင်ဆိုင်နိုင်စွမ်းရှိလိမ့်မယ်။ ဒါပေမယ့် အခုတော့ အရာအားလုံး နောက်ကျသွားပါပြီ။ " လျန်ပိုက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

သူက ထီးနန်းအတွက် ကျောက်ယိကို မျှော်လင့်ထားသော်လည်း နောက်ဆုံးတွင် ကျောက်ယန်က ထီးနန်းကို သိမ်းပိုက်သွားခဲ့သည်။

" ချင်စစ်တပ်က ငါတို့နဲ့ ဆယ်မိုင်တောင် မဝေးတော့ဘူး။ ကျင်းယန်မြို့ကို ဆက်ပြီး ဆုတ်ခွာကြမယ်။ " လျန်ပိုက လေးနက်စွာ ပြောလိုက်သည်။

" စစ်သေနာပတိချုပ် " လက်ထောက်စစ်သူကြီးတစ်ယောက်က ဒေါသများနှင့် ပြောလိုက်သည်။ " ကျင်းယန်မြို့က ကျွန်တော်တို့ကို တံခါးဖွင့်မှာ မဟုတ်ဘူး။ ဘာလို့အဲ့ဒီကို သွားမှာလဲ။ "

" ချင်စစ်တပ်က ချွီယန်မြို့ကို ထိုးဖောက်ပြီး လိုက်လာနေပြီ။ သူတို့ရဲ့ နောက်ထပ်ပစ်မှတ်က ကျင်းယန်မြို့ပဲ။ တကယ်လို့ ငါတို့က ကျင်းယန်မြို့ရဲ့ အရှေ့ဘက်မှာ တပ်စွဲထားရင် ချင်စစ်တပ်အပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲ။ " လျန်ပိုက မေးလိုက်သည်။

ကျောက်စစ်သူကြီးများက ခဏစဉ်းစားပြီး နားလည်သွားကြသည်။

" တကယ်လို့ ကျွန်တော်တို့က ကျင်းယန်ရဲ့ အရှေ့ဘက်မှာ တပ်စွဲထားရင် ချင်စစ်တပ်က ကျွန်တော်တို့ကို သတိထားပြီး တိုက်ခိုက်ရဲမှာမဟုတ်ဘူး။ ချင်စစ်တပ်က ကျင်းယန်ကို တိုက်တဲ့အထိ စောင့်ရုံပဲ။ အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့က ဘေးက ခြုံခိုတိုက်ခိုက်ပြီး သူတို့ မြို့ကို မသိမ်းနိုင်အောင် တားဆီးလို့ရတယ်။ " တပ်မှူးတစ်ယောက်က ပြောလိုက်သည်။

" ဒီတိုက်ပွဲက နိုင်နိုင်ရှုံးရှုံး ငါကတော့ သေချာပေါက် သေရမှာပဲ။ အရှင်မင်းကြီးက ငါ့ကို အလွတ်ပေးမှာမဟုတ်ဘူး။ ဒါပေမယ့် မင်းတို့ကတော့...." လျန်ပိုက သူ၏ လက်အောက်ငယ်သားများကို ကြည့်လိုက်သည်။

" မင်းတို့က ငါ့နောက်ကို လိုက်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ။ ငါမင်းတို့အားလုံးကို ငါ့ရဲ့ ညီအကိုတွေလိုပဲ မြင်တယ်။ ငါမင်းတို့ကို သေတွင်းထဲ ခေါ်မသွားနိုင်ဘူး။ ချင်စစ်တပ်ကို တားဆီးဖို့ ကျင်းယန်မြို့အနီးမှာ တပ်စွဲတာက မင်းတို့ အသက်ရှင်ဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ။ "

" စစ်သေနာပတိချုပ် ကျွန်တော်တို့က စစ်သေနာပတိချုပ်နောက်ကို သေတဲ့အထိ လိုက်ဖို့ အဆင်သင့်ပါပဲ။ " စစ်သူကြီးတစ်ယောက်က ပြောလိုက်သည်။

" ကျွန်တော်တို့ သေရမှာကို မကြောက်ပါဘူး။ " ကျောက်တပ်မှူးအားလုံးက ပြန်ဖြေလိုကကြသည်။

" တော်ပြီ။ " လျန်ပိုက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။ " စကားအများကြီး ပြောဖို့မလိုဘူး။ ချီတက်ဖို့ အမိန့်ပေးလိုက်။ ငါတို့ ကျင်းယန်မြို့ရဲ့ အရှေ့ဘက်မှာ တပ်စွဲပြီး ချင်စစ်တပ်ကို တားဆီးကြမယ်။ ဒါက ကျောက်နိုင်ငံအတွက် ငါ နောက်ဆုံး လုပ်ပေးနိုင်တဲ့အရာပဲ။ "

" အမိန့်အတိုင်းပါ။ " ကျောက်တပ်မှူးများက တစ်ညီတစ်ညွှတ်တည်း ပြန်ဖြေလိုက်ကြသည်။

ချင်စစ်စခန်းတွင်။

" စစ်သေနာပတိချုပ်... ကင်းထောက်တွေရဲ့ အစီရင်ခံစာအရ လျန်ပိုက ကျင်းယန်မြို့ကို ဆုတ်ခွာနေပြီး မြို့နဲ့ မိုင်အနည်းငယ် အကွာကို ရောက်နေပြီလို့ သိရပါတယ်။ ထူးဆန်းတာက လျန်ပိုက မြို့ထဲကို မဝင်ဘဲ ကျင်းယန်မြို့ရဲ့ အရှေ့ဘက်မှာ စခန်းချလိုက်ပါတယ်။ " ယန်တွမ်ဟီက အစီရင်ခံလိုက်သည်။

" လျန်ပိုက မြို့ထဲကို ဝင်လို့မရတဲ့ပုံပဲ။ " ဝမ်ကျန့်က ခဏစဉ်းစားပြီးနောက် လေးနက်စွာ ပြောလိုက်သည်။

" အဲ့ဒါဘာကိုဆိုလိုလဲ စစ်သေနာပတိချုပ်။ လျန်ပိုက ကျွန်တော်တို့ကို ပြန်မတိုက်ဘဲ လမ်းတစ်လျှောက်လုံး ဆုတ်ခွာနေတာက ကျင်းယန်မြို့မှာ ခံစစ်ပြင်ဖို့အတွက်ပဲလေ။ အဲ့ဒါကို သူက ဘာလို့မြို့ထဲဝင်မရတာလဲ။ "

ဝမ်ကျန့်က ပြုံးလိုက်သည်။ " မင်း လျန်ပိုရဲ့ နောက်ဆုံးစာအကြောင်း ကြားပြီးသားဖြစ်မှာပါ။ အခု အဲ့ဒီစာက ကျောက်နိုင်ငံတစ်ခုလုံး ပျံ့နှံ့နေပြီ။ ဒီစာကြောင့်ပဲ ကျောက်နိုင်ငံက လူတိုင်းက ချင်နိုင်ငံကို ဆန့်ကျင်ဖို့ နာကျည်းမှုတွေနဲ့ စည်းလုံးနေကြတာ။ "

" လျန်ပိုက ကျောက်နိုင်ငံမှာ အရှိန်အဝါကြီးတာပဲ။ ကျောက်ဘုရင်ရဲ့ အကွက်က တကယ်ကို ပါးနပ်တယ်။ " ယန်တွမ်ဟီက ပြောလိုက်သည်။

" ကျောက်ဘုရင်က ဒီစာကို ဖြန့်လိုက်တာဟာ သူတို့ရဲ့ တိုက်ခိုက်လိုစိတ်ကို နှိုးဆွပေးတာ မှန်ပေမယ့် နောက်ထပ် အဓိကအချက်တစ်ခု ရှိသေးတယ်။ အဲ့ဒါက ကျောက်ဘုရင်က လျန်ပိုကို သေစေချင်လို့ပဲ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ " ဝမ်ကျန့်က အေးစက်စွာ ရယ်လိုက်သည်။

" လျန်ပိုက အိုနေပြီဆိုပေမယ့် တိုက်ခိုက်နိုင်သေးတယ်။ ပြီးတော့ သူက ကျွန်တော်တို့ ချင်နိုင်ငံရဲ့ အကြောက်ဆုံး လူလည်းဖြစ်တယ်။ ဒီလိုလူမျိုးကို ကျောက်ဘုရင်က သေစေချင်နေတယ်။ ဒီလိုအရည်အချင်းမရှိတဲ့ ဘုရင်နဲ့ဆို ကျောက်ဘုရင်က ဘယ်လိုလုပ်မပျက်စီးဘဲ နေမှာလဲ။ " ယန်တွမ်ဟီက သက်ပြင်းချလိုက်သည်။

" လျန်ပို လျန်ပို.... နှမြောစရာပဲ။ " ဝမ်ကျန့်က ပြောလိုက်သည်။ " သူသာ ငါတို့ ချင်နိုင်ငံမှာမွေးရင် အခုအချိန်မှာ ပြိုင်ဘက်ကင်းတဲ့ စစ်သေနာပတိချုပ်တစ်ယောက် ဖြစ်နေလောက်ပြီ။

" ဒါပေမယ့် သူက နောက်ဆုံးအချိန်မှာတောင် ငါတို့ ချင်နိုင်ငံကို ရင်ဆိုင်ဖို့ မမေ့သေးပါဘူး။ ကျင်းယန်မြို့ရဲ့ အရှေ့ဘက်မှာ တပ်စွဲလိုက်တာဟာ သူက မြို့ထဲက ကျောက်စစ်တပ်နဲ့ ပူးပေါင်းပြီး ခံတပ်တစ်ခု တည်ဆောက်လိုက်တာပဲ။ ငါတို့က ကျင်းယန်မြို့ကို တိုက်တာနဲ့ သူတပ်ကို ဦးဆောင်ပြီး ငါတို့ကို ပြန်တိုက်မှာပဲ။ တက်ကို ပါးနပ်တဲ့ ဗျူဟာပဲ။ " ဝမ်ကျန့်က ချီးကျူးလိုက်သည်။

" ဒီလျန်ပိုက တကယ်ခေါင်းမာတဲ့သူပဲ။ ကျောက်ဘုရင်က သူကို သေစေချင်နေတာတောင် ကျောက်နိုင်ငံအတွက် တိုက်ခိုက်ဖို့ လုပ်နေတုန်းပဲ။ " ယန်တွမ်ဟီက ပြောလိုက်သည်။ အခြားလူသာ ထိုသို့ မျှော်လင့်ချက်မရှိသော အခြေအနေတွင် အခြားနိုင်ငံသို့ ဘက်ပြောင်းပြီး အညံ့ခံသွားမည်ဖြစ်သည်။

" အဲ့ဒါကြောင့်လည်း သူက လျန်ပိုဖြစ်နေတာပေါ့။ " ဝမ်ကျန့်က လေးစားစွာ ပြောလိုက်သည်။

" ဒါဆို ကျွန်တော်တို့ စစ်တပ်က ဘာ်လိုလုပ်မလဲ။ " ယန်တွမ်ဟီက မေးလိုက်သည်။

" ဆက်ပြီး ချီတက်မယ်။ " ဝမ်ကျန့်က ချက်ချင်း အမိန့်ပေးလိုက်သည်။ " ဝမ်ပင်းကို ကျင်းယန်မြို့ရဲ့ အရှေ့ဘက်ခြမ်းကို ပတ်သွားဖို့ အမိန့်ပေးလိုက်။ လျန်ပိုကို အရင်ရှင်းပစ်ရမယ်။ "

" နားလည်ပါပြီ။ " ယန်တွမ်ဟီက ခေါင်းညိမ့်လိုက်သည်။

" လျန်ပို လျန်ပို မင်းရဲ့တပ်တွေကို ကျင်းယန်မြို့ရဲ့ အရှေ့ဘက်မှာ တပ်စွဲတာက ဖြစ်နိုင်တဲ့ အစီအစဉ်တစ်ခုပဲ။ ဒါပေမယ့် မင်းဖြေရှင်းလို့မရတဲ့ အခြေအနေတစ်ခု ရှိသေးတယ်။ ကျင်းယန်မြို့မှာ တပ်စွဲထားတဲ့ ကျောက်စစ်တပ်က မင်းကို ဘာထောက်ပံ့မှုမှ ပေးမှာမဟုတ်ဘူး။ "

" မင်းက ရိက္ခာမရှိတဲ့ စစ်တပ်တစ်ခုပဲ။ ငါမင်းကို ချေမှုန်းပြီးရင် ကျင်းယန်မြို့ကို ဆက်တိုက်လို့ရတယ်။ အချိန်နည်းနည်း ပိုပေးလိုက်ရုံပဲ။ အတိတ်တုန်းက အရှင်ဝူအန်းတောင် မင်းကို အနိူင်မယူနိုင်ခဲ့ဘူး။ အခုတော့ ငါဝမ်ကျန့်ကပဲ မင်းရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ပေးပါရစေ။ စစ်သေနာပတိချုပ်တစ်ယောက် စစ်မြေပြင်မှာ သေဆုံးရတာက မင်းရဲ့ နောက်ဆုံး ကံကြမ္မာပဲ။ "

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၆၂)

နောက်တစ်နေ့ ကျင်းယန်မြို့မှ သုံးမိုင်အကွာတွင် အင်အားကြီးမားသော ချင်စစ်တပ်က တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားကြသည်။ ကျင်းယန်မြို့၏ အရှေ့ဘက်တွင် စစ်သည်နှစ်သောင်းဝန်းကျင်ရှိသော ကျောက်စစ်တပ်က တပ်စွဲထားပြီး ချင်စစ်တပ်ကို ခုခံရန် ချိုပုံသဏ္ဍန်ခံစစ်ကို ပြင်ထားကြသည်။

" ချင်စစ်တပ်က မြို့ကို တိုက်ဖို့ အစီအစဉ်ရှိပုံမရဘူး။ " ယန်ကျူးက ချင်တပ်ဖွဲ့များကို ကြည့်ပြီး ပြောလိုက်သည်။

" ချင်စစ်တပ်က အခုအချိန်မှာ တိုက်ရဲဦးမှာမဟုတ်ဘူး။ " လက်ထောက်စစ်သူကြီးက ပြောလိုက်သည်။ " စစ်သေနာပတိချုပ် လျန်ပိုက မြို့ရဲ့ အရှေ့ဘက်မှာ ရှိနေတော့ ချင်စစ်တပ်သာ တိုက်ခဲ့ရင် သူက ရုတ်တရက် ဝင်တိုက်မှာပဲ။ အခုအချိန်ထိ သူက ကျောက်နိုင်ငံအတွက် စဉ်းစားနေတုန်းပဲ။ "

၎င်းကို ကြားသောအခါ ယန့ကျူးက ဘေးသို့ တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောသကဲ့သို့ ထိုစကားကို ထောက်ခံခြင်းလည်းမရှိပေ။

" ချင်စစ်တပ်က အစွမ်းထက်တယ်။ မြို့ရဲ့ ခံစစ်ကို အသင့်ပြင်ထားကြ။ " ယန်ကျူးက လေးနက်စွာ ပြောလိုက်သည်။ " ဝမ်ကျန့်က ချင်နိုင်ငံရဲ့ ကြောက်စရာကောင်းတဲ့ စစ်သေနာပတိချုပ်ပဲ။ သူကိုယ်တိုင်ကွပ်ကဲနေတော့ ပြင်းထန်တဲ့ တိုက်ပွဲဖြစ်လာမှာ သေချာတယ်။ "

ယန်ကျူးက လျန်ပိုကို လုံးဝ လျစ်လျူရှုထားသည်ကို မြင်သောအခါ အနီးမှ ကျောက်တပ်မှူးတစ်ယောက်က မနေနို်တော့ဘဲ ပြောလိုက်သည်။

" စစ်သူကြီး ကျွန်တော်တို့ စစ်သေနာပတိချုပ် လျန်ပိုနဲ့ သူ့လူတွေကို တကယ်ပဲ မြို့ထဲပေးမဝင်​တော့ဘူးလား။ ချင်စစ်တပ်က အင်အားသိန်းချီရှိတယ်။ ချင်စစ်တပ်က စစ်သေနာပတိချုပ်လျန်ပိုကို ဘေးကနေဝင်တိုက်ရင် သူတို့ ခံနိုင်မှာမဟုတ်ဘူး။ ဒါက သူတို့ကို သေတွင်းထဲပို့လိုက်တာပဲ။ "

" ဟုတ်တယ် စစ်သူကြီး။ စစ်သေနာပတိချုပ် လျန်ပိုက ကျောက်နိုင်ငံအပေါ် လုံးဝသစ္စာရှိပါတယ်။ ချင်စစ်တပ်ရဲ့ လက်ထဲမှာ သူအသေခံတာကို ကျွန်တော်တို့ တကယ်ပဲ ထိုင်ကြည့်နေတော့မှာလား။ သူက ကျွန်တော်တို့ နိုင်ငံရဲ့ အဓိကထောက်တိုင်တစ်ခုပဲ။ ကျေးဇူးပြုပြီး စစ်သေနာပတိချုပ် လျန်ပိုကို မြို့ထဲဝင်ခွင့်ပြုလိုက်ပါ။ "

အခြားတပ်မှူးများကလည်း လျန်ပိုကို မြို့ထဲပေးဝင်ရန် တောင်းပန်လိုက်ကြသည်။ ၎င်းက လျန်ပို၏ အရှိန်အဝါ မည်မျှကြီးမားသည်ကို ပြသနေသည်။ သို့သော် တပ်မှူးများ၏ တောင်းဆိုမှုများကို ကြားသောအခါ ယန်ကျူးက ဒေါသထွက်သွားသည်။

" မင်းတို့အားလုံး ပါးစပ်ပိတ်ထားကြစမ်း။ " ယန်ကျူးက အေးစက်စွာ ပြောလိုက်သည်။

" စစ်သူကြီး..." ကျောက်တပ်မှူးများက ယန်ကျူးကို တုန်လှုပ်စွာဖြင့် ကြည့်လိုက်ကြသည်။

" စစ်သေနာပတိချုပ်လျန်ပိုက ကျောက်နိုင်ငံအပေါ် သစ္စာရှိတာဖြစ်ရင်ဖြစ်လိမ့်မယ်။ ဒါပေမယ့် သူ့ကို မြို့ထဲပေးမဝင်တာက ငါ့ဆန္ဒမဟုတ်ဘူး။ အဲ့ဒါ အရှင်မင်းကြီးရဲ့ အမိန့်ပဲ။ ဒါအပြင် လျန်ပိုက ဒီအခြေအနေကို သူ့ဘာသာဖန်တီးခဲ့တာ။ သူ့ရဲ့ နောက်ဆုံးစာသာ မရှိခဲ့ရင် သူသာ ခေါင်းမမာခဲ့ရင် ဒီကိစ္စက ဘယ်လိုလုပ်လူတိုင်းသိသွားမှာလဲ။ "

" အခု ကျောက်နိုင်ငံတစ်ခုလုံးက ချင်နိုင်ငံကို မုန်းတီးနေကြပြီ။ တကယ်လို့ လျန်ပို အသက်ရှင်နေရင် ကျောက်နိုင်ငံရဲ့ ​စစ်သည်တွေနဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်တွေက ပျက်စီးသွားလိမ့်မယ်။ ဒါကြောင့်..." ယန်ကျူးက အေးစက်စွာ ပြောလိုက်သည်။ " ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် လျန်ပိုက သေကို သေရမှာပဲ။ "

ယန်ကျူး၏ စကားများကို ကြားသောအခါ တပ်မှူးများ၏ မျက်နှာတွင် ဝမ်းနည်းမှုများ ထင်ဟပ်လာသည်။ မည်သို့ပင်ဖြစ်စေ သူတို့က ဘာမှမတတ်နိုင်ကြပေ။

" တော်ပြီ။ မြို့ခံစစ်ကို ပြင်ဆင်ပြီး အစွမ်းကုန် ခုခံကြ။ သွားကြတော့။ "ယန်ကျူးက အေးစက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကျောက်တပ်မှူးများက ဆုတ်ခွာသွားကြသည်။

ယန်ကျူးက မြို့ရိုးပေါ်တွင် ရပ်ပြီး လျန်ပိုတပ်စွဲထားသော နေရာသို့ ကြည့်လိုက်ကြသည်။

" လျန်ပို မင်းက အရမ်းအိုနေပြီ။ အရင်ကတည်းက သေခဲ့သင့်တာ။ မင်းမသေရင် အရှင်းကြီးက ကျောက်နိုင်ငံကို ဘယ်လိုလုပ် အမှန်တကယ် ထိန်းချုပ်နိုင်မှာလဲ။ မင်းမသေရင် ကျောက်ယိက အရှင်မင်းကြီးအပေါ် ဒီလောက်ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံနေဦးမှာပဲ။ မင်းမသေရင် ကျောက်နိုင်ငံမှာ ထူးချွန်တဲ့ စစ်သေနာပတိချုပ်တွေ ဘယ်လိုလုပ် ထွက်ပေါ်နိုင်မှာလဲ။ "

" အရှင်မင်းကြီးက ငါ့အပေါ် အများကြီး ယုံကြည်ထားတယ်။ ငါသူ့ကို စိတ်ပျက်အောင် လုပ်လို့မရဘူး။ ဒိတိုက်ပွဲပြီးလို့ ချင်စစ်တပ်ကို မောင်းထုတ်ပြီးတာနဲ့ ငါ ယန်ကျူးရဲ့ နာမည်က တစ်ကမ္ဘာလုံး ကျော်ကြားသွားလိမ့်မယ်။ "

ချင်စခန်း။

" စစ်သေနာပတိချုပ် ကျွန်တော် သူတို့ကို စမ်းသပ်ပြီးပါပြီ။ " ယန်တွမ်ဟီု လေးနက်စွာ ပြောလိုက်သည်။ " ကျင်းယန်မြို့ရဲ့ မြို့တံခါးတွေကို တင်းတင်းကျပ်ကျပ် ပိတ်ထားတယ်။ သူတို့က လျန်ပိုကို စစ်ကူပေးဖို့ အစီအစဉ်မရှိဘူး။ စစ်သေနာပတိချုပ်ပြောခဲ့သလိုပဲ ကျောက်ဘုရင်က လျန်ပိုကို အသေခံဖို့ ဆုံးဖြတ်ထားတယ်။ "

" ဝမ်ပင်းက လျန်ပိုရဲ့ နောက်ကျောဘက်ကို ပိတ်မိဖို့ ဘယ်နှစ်ရက်လိုသေးလဲ။ "ဝမ်ကျန့်က မေးလိုက်သည်။

" သူ ခြောက်ရက်အတွင်း ရောက်လာပါလိမ့်မယ်။ " ယန်တွမ်ဟီက ပြန်ဖြေလိုက်သည်။

" ခြောက်ရက်ကြာရင် ကျင်းယန်မြို့ကို တိုက်မယ်။ " ဝမ်ကျန့်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။ " မင်းက မင်းရဲ့ စစ်သည်တွေကို ဦးဆောင်ပြီး တိုက်စစ်ဖွင့်ရမယ်။ ဝမ်ပင်းက လျန်ပိုကို ချေမှုန်းပြီးတာနဲ့ အင်အားချင်းပူးပေါင်းပြီး တံခါးနှစ်ပေါက်ကနေ ကျင်းယန်မြို့ကို တိုက်ခိုက်ကြမယ်။ "

" နားလည်ပါပြီ။ " ယန်တွမ်ဟီက ချက်ချင်း ပြန်ပြောလိုက်သည်။

ဝမ်ကျန့်က ဗျူဟာခင်းနေစဉ် ဝေနိုင်ငံ က်မှ ကျောက်နိုင်ငံဆီသို့ စစ်တပ်ကြီးတစ်ခု တိတ်တဆိတ် ချီတက်လာနေသည်ကို သူရော လျန်ပိုရော မသိကြသေးပေ။ လင်းချန်မြို့၏ မြောက်ဘက်တွင် ဝေနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ကျင်းယန်ဒေသရှိသည်။

သို့သော် နိုင်ငံနှစ်ခုကြားမှ မဟာမိတ်စာချုပ်ကြောင့် ထိုနေရာတွင် နယ်ခြားစောင့်တပ်များ တပ်စွဲထားခြင်းမရှိပေ။ ထို့အပြင် ဝေဝူကျိက လင်းချန်းမြို့ကို ကာကွယ်ရန် စစ်သည်များ စုဆောင်းနေချိန်တွင် ကျောက်နိုင်ငံကို အသိပေးခဲ့သောကြောင့် သူတို့က ထိုနေရာကို ဂရုမစိုက်ခဲ့ကြပေ။

" စစ်သေနာပတိချုပ် ချင်စစ်တပ်က မြို့ကို အခုထိ မတိုက်သေးဘူး။ သူတို့က ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကို ရိပ်မိသွားပြီထင်တယ်။ " ကျောက်စစ်သူကြီးတစ်ယောက်က လျန်ပိုကို အစီရင်ခံလိုက်သည်။

" ဝမ်ကျန့်က အရည်အချင်းရှိတဲ့ စစ်သေနာပတိချုပ်တစ်ယောက်ပဲ။ သူသိတာပေါ့။ ငါ့အထင် သူက မြို့ကို မတိုက်ခင် ငါတို့ကို အရင်ရှင်းဖို့ တပ်ဖွဲ့တွေကို ခွဲထုတ်ပြီး လွှတ်လိုက်ပြီထင်တယ်။ " လျန်ပိုက ပြုံး၍ ပြောလိုက်သည်။

" ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ချင်စစ်တပ်က လာတိုက်မှာကို စောင့်နေရမှာလား။ " ကျောက်စစ်သူကြီးက စိုးရိမ်စွာ ပြောလိုက်သည်။

" ခံစစ်နဲ့ တုန့်ပြန်တာကလွဲရင် ငါတို့စစ်တပ်မှာ အခြားရွေးချယ်စရာမရှိဘူး။ " လျန်ပိုက သက်ပြင်းချလိုက်သည်။

" အစီရင်ခံပါတယ်။ ကျွန်တော်တို့ ကင်းထောက်တွေက တောင်ဘက်မှာ အနည်းဆံငး သောင်းနဲ့ချီတဲ့ ချင်စစ်သည်တွေကို တွေ့လိုက်ရပါတယ်။ " ကင်းထောက်တစ်ယောက်က ပြေးဝင်လာပြီး ပြောလိုက်သည်။

" တောင်ဘက်မှာ ချင်တပ်ဖွဲ့တွေ တွေ့တယ်ဟုတ်လား။ " လျန်ပို၏ အမူအရာက ပြောင်းလဲသွားသည်။ သူက တဲထဲမှ မြေပုံဆီသို့ သွားပြီး ကျင်းယန်မြို့၏ တည်နေရာကို ရှာပြီး တောင်ဘက်ကို ကြည့်လိုက်သည်။

" ဝမ်ကျန့်ရဲ့ ကွပ်ကဲမှုအောက်မှာ အဓိကတပ်မ နှစ်ခုရှိသင့်တာ။ သူတို့က ချွီယန်နဲ့ အောက်ချွီယန်ကို ထိုးဖောက်တုန်းက လမ်းကြောင်းနှစ်ခု ခွဲပြီး ချီတက်လာတာပဲ။ သူတို့ ပတ်လာရင်တောင် အချိန်ယူရလိမ့်မယ်။ တောင်ဘက်က လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ " လျန်ပိုက လေးနက်စွာ ပြောလိုက်သည်။

" ဒါဆို စစ်သေနာပတိချုပ်ဆိုလိုတာက ချင်စစ်တပ်က တောင်ဘက်ကနေ လာတိုက်ဖို့ မဖြစ်နိုင်ဘူးပေါ့။ ဒါဆို ဒီတပ်ဖွဲ့က ဝမ်ကျန့်ရဲ့ လက်အောက်က တပ်ဖွဲ့မဟုတ်ဘူးလား။ " ကျောက်စစ်သူကြီးက မေးလိုက်သည်။

" ဝမ်ကျန့်ရဲ့ ကွပ်ကဲမှုအောက်က မဟုတ်ဘူးလား။ " လျန်ပို၏ အကြည့်က မြေပုံပေါ်မှ လင်းချန်းမြို့ပေါ်တွင် ရပ်တန့်သွားသည်။ ထို့နောက် သူ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ " မကောင်းတော့ဘူး။ "

" စစ်သေနာပတိချုပ် ဘာဖြစ်လို့လဲ။ " ကျောက်တပ်မှူးများက နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။

" တကယ်လို့ ဒီတပ်ဖွဲ့က ဝမ်ကျန့်လက်အောက်ကမဟုတ်ဘဲ တောင်ဘက်ကနေလာတာဆို ဖြစ်နိုင်ခြေတစ်ခုပဲရှိတယ်။ " လျန်ပို၏ အသံက အနည်းငယ် တုန်ယင်နေသည်။ " လင်းချန်း...."

" မဖြစ်နိုင်တာ...." ကျောက်စစ်သူကြီးတစ်ယောက်က လေးနက်စွာ ပြောလိုက်သည်။ " အရှင်ရှင်းလင်းက ရှုံးနိမ့်ခဲ့ရင်တောင် ချင်စစ်တပ်က သူ့ရဲ့ ဝေနယ်မြေထဲက ဖြတ်သွားရမှာကို သူသိနေတာပဲ။ သူ လင်းချန်းမြို့ကို စောင့်ကြပ်ဖို့ အင်အားအလုံးအရင်း စုဆောင်းထားတာပဲ။ ချင်စစ်တပ်က ဘယ်လောက်ပဲ အားကောင်းပါစေ အဲ့ဒီကနေ လာဖို့တော့ မဖြစ်နိုင်လောက်ပါဘူး။ "

" ဟုတ်တယ်။ အခုက အချိန်ဘယ်လောက်တောင် ကြာသေးလို့လဲ။ လင်းချန်းမြို့ကို စောင့်နေတဲ့ ဝေစစ်တပ်က ရက်အနည်းငယ်တောင် မခံနိုင်တာတော့ မဟုတ်ဘူးမလား။ " ကျောက်တပ်မှူးများက ထိတ်လန့်တကြား ပြောလိုက်ကြသည်။

" အစီရင်ခံပါတယ်။ " နောက်ထပ်ကင်းထောက်တစ်ယောက်က ပြေးဝင်လာပြီး အော်ပြောလိုက်သည်။ " တောင်ဘက်ကလာတဲ့ ချင်စစ်တပ်က အခုဆိုရင် ကျွန်တော်တို့ စခန်းနဲ့ လေးလီတောင် မဝေးတော့ပါဘူး။ "

" ဝေဝူကျိ.... ဝေနိုင်ငံ...." လျန်ပိုက မြေပုံကို ကြည့်ရင်း ရေရွတ်လိုက်သည်။ " စစ်တပ်ကို အသင့်ပြင်။ ငါတို့ သူတို့ကို ရင်ဆိုင်မယ်။ "

" အစီရင်ခံပါတယ်။ လျန်ပိုရဲ့ တပ်ဖွဲ့တွေက စခန်းရုတ်သိမ်းပြီး ကျင်းယန်မြို့ရဲ့ တောင်ဘက်ကို သွားနေတယ်လို့ ကင်းထောက်တွေက အကြောင်းကြားလာပါတယ်။ " ကင်းထောက်တစ်ယောက်က အစီရင်ခံလိုက်သည်။

" လျန်ပိုက တောင်ဘက်ကို သွားနေတယ်ဟုတ်လား။ " ဝမ်ကျန့်က အံ့အားသင့်သွားသည်။ သူက ချက်ချင်း ထရပ်ပြီး မြေပုံကို ကြည့်လိုက်သည်။ " သူ့ရဲ့ ရည်ရွယ်ချက်ကို ငါခန့်မှန်းလို့မရဘူး။ "

" သူက ဝေနိုင်ငံကို ဆုတ်ခွာဖို့ ပြင်နေတာလား။ ဒါမှမဟုတ် အဲ့ဒီကနေ စစ်ကူတွေခေါ်ဖို့ ကြိုးစားနေတာလား။ " ယန်တွမ်ဟီက ခန့်မှန်းလိုက်သည်။

" အခု ဝေနိုင်ငံမှာ ခေါ်စရာ စစ်ကူရှိသေးလို့လား။ " ဝမ်ကျန့်က ပြန်မေးလိုက်သည်။

" ဒါကတော့...." ယန်တွမ်ဟီက ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

" လျန်ပိုရဲ့ လှုပ်ရှားမှုတွေကို သေချာစောင့်ကြည့်ထား။ သယက အကြောင်းပြချက်မရှိဘဲ တပ်တွေရွှေ့မှာမဟုတ်ဘူး။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ယန်တွမ်ဟီက ချက်ချင်း ပြန်ဖြေလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၆၃)

ကျင်းယန်မြို့အတွင်း။

" စစ်သူကြီး စစ်သေနာပတိချုပ် လျန်ပိုက သူ့ရဲ့ စစ်တပ်တွေကို တောင်ဘက်ကို ဦးဆောင်သွားနေပါတယ်။ " ကျောက်တပ်မှူးတစ်ယောက်က ယန်ကျူးကို အစီရင်ခံလိုက်သည်။

ထိုသတင်းကို ကြားသောအခါ ယန်ကျူးက ပထမဆုံး အံ့အားသင့်သွားပြီးနောက် ဒေါသထွက်သွားသည်။

" သူက တကယ်ပဲ တောင်ဘက်ကို ဆုတ်ခွာနေတာလား။ သူဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ဝေနိုင်ငံဆီ ထွက်ပြေးဖို့ ကြံနေတာလား။ နိုင်ငံကို သစ္စာဖောက်ချင်နေတာလား။ "

ယန်ကျူးက လျန်ပိုကို သေစေချင်သော်လည်း အရှေ့ဘက်တွင် တပ်စွဲထားသော လျန်ပို၏ စစ်တပ်က ချင်စစ်တပ်ကို တားဆီးရန် အကောင်းဆုံး အဟန့်အတားဖြစ်သည်ကို သူသိနေသည်။ ၎င်းက သူ၏ မြို့ခံစစ်အတွက် အကျိုးရှိလေသည်။

" စစ်သေနာပတိချုပ် လျန်ပိုက ကျောက်နိုင်ငံအပေါ် အမြဲတမ်း သစ္စာရှိခဲ့တာပဲ။ သူ ရုတ်တရက် ဆုတ်ခွာသွားတာက အကြောင်းရင်းတစ်ခု ရှိလောက်တယ်။ " တပ်မှူးတစ်ယောက်က ပြောလိုက်သည်။

" တောင်ဘက်မှာ ဝေနိုင်ငံကလွဲရင် ဘာရှိသေးလို့လဲ။ လျန်ပိုက သေမှာကြောက်လို့ ထွက်ပြေးသွားတာ ဖြစ်ရမယ်။ " ယန်ကျူးက ဒေါသတကြီး ပြောလိုက်သည်။

" လျန်ပိုနောက်ကို ချက်ချင်း လိုက်သွားစမ်း။ တကယ်လို့ သူက နိုင်ငံကို သစ္စာဖောက်ပြီး ထွက်ပြေးရဲရင် ကျောက်နိုင်ငံက သူ့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူးလို့ ပြောလိုက်။ "

" နားလည်ပါပြီ။ " ယန်ကျူး၏ ကိုယ်ရံတော်တစ်ယောက်က ချက်ချင်း ပြောလိုက်သည်။

ကျင်းယန်မြို့၏ တောင်ဘက်တွင် ချင်စစ်တပ်က ချီတက်လာနေသည်။ သူတို့၏ ချပ်ဝတ်များပေါ်တွင် လတ်ဆတ်သော သွေးများ ရှိနေဆဲ ဖြစ်ပြီး လင်းချန်းမြို့ကို ထိုးဖောက်က ကျောက်နိုင်ငံ၏ နယ်မြေထဲသို့ ချက်ချင်း ဝင်ရောက်လာခြင်းဖြစ်သည်။

ချင်စစ်တပ်၏ သတ်ဖြတ်လိုသော အငွေ့အသက်များကို ကြည့်ပြီး လျန်ပို၏ စိတ်ထဲတွင် အရိပ်မည်းကြီးတစ်ခု ဖုံးလွှမ်းသွားသည်။ သူနားလည်သွားခဲ့လေပြီ။ ချင်စစ်တပ်က ဝေစစ်တပ်ကို ချေမှုန်းပြီး လင်းချန်းမြို့မှ ချီတက်လာခြင်းဖြစ်သည်။

ချင်စစ်ကြောင်း၏ ရှေ့ဆုံးရှိ စစ်ရထားပေါ်မှ ပုံရိပ်ကို စိုက်ကြည့်ပြီး မည်သူဖြစ်သည်ကို လျန်ပိုက ချက်ချင်း သိလိုက်သည်။ သူက ဝေဝူကျိကို အနိုင်ယူခဲ့သော ချင်စစ်သူကြီး ကျောက်ဖုန်းပင် ဖြစ်သည်။

" စစ်သူကြီး ဒီကျောက်တပ်ဖွဲ့က အင်အားမများပေမယ့် သူတို့ရဲ့ စစ်ကြောင်းက စနစ်တကျ ရှိပါတယ်။ သူတို့က ကျောက်နိုင်ငံရဲ့ အထူးတပ်ဖွဲ့တွေဆိုတာ သိသာပါတယ်။ သူတို့က ဘာလို့ ကျင်းယန်မြို့ပြင်မှာ တပ်စွဲထားတာလဲ။ "

" ဖြစ်နိုင်တာ ငါတို့ ကျောက်နိုင်ငံကို ရောက်တဲ့ ပထမဆုံးနေ့မှာပဲ ငါးကြီးတစ်ကောင် ဖမ်းမိတော့မှာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်ပြီး သူ၏ လက်ကို မြှောက်လိုက်သည်။

ကျန်းမင်က ၎င်းကို မြင်သည်နှင့် ကျောက်ဖုန်း၏ ရည်ရွယ်ချက်ကို နားလည်ပြီး မြင်းဇက်ကြိုးကို ဆွဲကာ စစ်ရထားကို အရှေ့သို့ အရှိန်နှင့် မောင်းနှင်သွားသည်။

" စစ်သေနာပတိချုပ် ချင်စစ်ရထားတစ်စီး လာနေတယ်။ အဲ့ဒါက ချင်စစ်သူကြီး ဖြစ်လောက်တယ်။ " လျန်ပို၏ လက်ထောက်စစ်သူကြီးက ပြောလိုက်သည်။

" မပစ်သေးနဲ့ဦး။ " လျန်ပိုက လေးနက်စွာ အမိန့်ပေးလိုက်သည်။ " ဒိုင်းကာတွေဖွင့်လိုက်။ ငါသူ့ကို သွားတွေ့မယ်။ "

" နားလည်ပါပြီ။ " အရှေ့မှ ဒိုင်းတံတိုင်းက ပွင့်သွားပြီး လျန်ပို၏ စစ်ရထားက ရှေ့သို့ မောင်းထွက်သွားသည်။

စစ်တပ်နှစ်ခုကြားနေရာလွတ်တွင် စစ်ရထားနှစ်စီးက ပေအနည်းငယ်အကွာတွင် ရပ်သွားကြသည်။ ကျောက်ဖုန်းက အိုမင်းနေသော်လည်း ခန့်ညားသော မျက်နှာကို မြင်သောအခါ ချက်ချင်း သိလိုက်သည်။ သမိုင်းမှတ်တမ်းများအရ ပိုင်ချီကို မရှုံးနိမ့်ဘဲ ရင်ဆိုင်နိုင်ခဲ့သော လျန်ပိုပင် ဖြစ်သည်။

" ချင်နိုင်ငံက စစ်သူကြီးကျောက်ဖုန်းက စစ်သေနယပတိချုပ် လျန်ပိုကို အရိုအသေပေးပါတယ်။ " ကျောက်ဖုန်းက လက်သီးလက်ဝါးဆုပ်ပြီး လေးစားစွာဖြင့် ပြောလိုက်သည်။

ကျောက်ဖုန်း၏ စကားများကို ကြားသောအခါ လျန်ပိုက အပြင်ပိုင်းတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် တုန်လှု​ပ်သွားခဲ့သည်။

" ငါခန့်မှန်းတာ မမှားဘူး။ မင်းက တကယ်ကျောက်ဖုန်းပဲ။ "

" စစ်သေနာပတိချုပ်လို ကျော်ကြားတဲ့သူတစ်ယောက်က ကျုပ်နာမည်ကို မှတ်မိနေတာဟာ တကယ် ဂုဏ်ယူစရာပါပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

လျန်ပိုက သူ၏ ပြိုင်ဘက်ဖြစ်သော်လည်း ကျောက်ဖုန်းက သူ့ကို လေးစားထိုက်သော ပုဂ္ဂိုလ်တစ်ယောက်အဖြစ် မြင်လေသည်။ ဤခေတ်တွင် စစ်ပွဲများကြား၌ အမှားအမှန်ဟူ၍ မရှိပေ။ တစ်ဖက်မှ စစ်သူကြီးများက သူတို့၏ သခင်အသီးသီးကို အလုပ်အကျွေးပြုနေကြခြင်း ဖြစ်သည်။

" စစ်သူကြီးကျောက်က အရှင်ရှင်းလင်းကို အနိုင်ယူခဲ့တာကို မသိဘဲနေဖို့ ခက်ပါတယ်။ " လျန်ပိုက ပြောလိုက်သည်။ " ဒါပေမယ့် မင်းက လင်းချန်းမြို့ကို ဖောက်ထွက်ပြီး ကျောက်နိုင်ငံထဲကို ဒီလောက်မြန်မြန် ဝင်လာနိုင်လိမ့်မယ်လို့ ငါလုံးဝ မထင်ထားဘူး။ "

" ကျောက်ဖုန်းရောက်လာပြီဆိုတော့ ငါ့ကို ဝိုင်းဖို့ ဝမ်ကျန့်က သူ့ရဲ့ စစ်တပ်ကို စောင့်နေစရာမလိုတော့ဘူး။ ဒီနေ့က ငါ့ရဲ့ ကံကြမ္မာ အဆုံးသတ်နေ့ပဲ။ " လျန်ပိုက ခါးသီးစွာ တွေးလိုက်သည်။

" စစ်သေနာပတိချုပ်..." ကျောက်ဖုန်းက စကားပြောလိုက်သည်။ " စစ်သေနာပတိချုပ်က ကျောက်တပ်ဖွဲ့ကို ဦးဆောင်ပြီး ဘာလို့ ဒီမှာ တပ်စွဲထားလဲဆိုတာ ကျုပ်မသိပေမယ့် စစ်သေနာပတိချုပ်က ကျင်းယန်မှာလည်းမရှိဘူး။ ကျောက်နိုင်ငံရဲ့ ဘယ်မြို့မှာမှလည်း ရှိမနေဘူး။ ကြည့်ရတာ စစ်သေနာပတိချုပ်က ကျောက်နိုင်ငံရဲ့ မတရားဆက်ဆံတာကို ခံထားရပုံပဲ။ "

" ကျောက်ဖုန်း...." လျန်ပိုက အံ့အားသင့်သော အမူအရာနှင့် ပြောလိုက်သည်။ " မင်းရဲ့ ထိုးထွင်းသိမြင်မှုက မင်းရဲ့ ကျော်ကြားမှုနဲ့ ထိုက်တန်ပါတယ်။ ဒါလေးကို ကြည့်ရုံနဲ့ ငါ့ရဲ့ အခက်အခဲကို မင်းခန့်မှန်းနိုင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ "

" ချင်နိုင်ငံက တကယ်ပဲ ကောင်းကင်ဘုံရဲ့ စောင့်ရှောက်မှုကို ခံထားရတာပဲ။ အရင်က ပိုင်ချီနဲ့ ဝမ်ကျန့်တို့လို အင်အားကြီးတဲ့ စစ်သူကြီးတွေ ရှိခဲ့သလို အခု မင်းရှိနေပြန်ပြီ။ ကျောက်နိုင်ငံကတော့ ချင်နိုင်ငံကို မယှဉ်နိုင်တော့ပါဘူး။ "

" ဒါက ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးမှုလို့ မခေါ်ဘူး။ " ကျောက်ဖုန်းက ခေါင်းခါပြီး ပြောလိုက်သည်။ " ဒါက ချင်နိုင်ငံရဲ့ အောင်မြင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ဖြစ်သလို ပိုပြီး အရေးကြီးတာက အရှင်မင်းကြီးရဲ့ ထူးကဲတဲ့ အမြော်အမြင်နဲ့ ဗျူဟာတွေကြောင့်ပဲ။ "

" စစ်သေနာပတိချုပ်လည်း သိသင့်တာက ကျုပ်က ထောက်ပို့တပ်ဖွဲ့ကနေ တက်လှမ်းလာခဲ့တာပဲ။ တကယ်လို့ ဒါဟာ ကျောက်နိုင်ငံဆိုရင် ကျုပ်က စစ်သူကြီးဖြစ်လာဖို့ အခွင့်အရေးရှိမှာမဟုတ်ပါဘူး။ "

" ဖြစ်နိုင်ပါတယ်။ " လျန်ပိုက ငြင်းဆိုခြင်းမရှိဘဲ ပြောလိုက်သည်။

" စစ်သေနာပတိချုပ်က အသက်ကြီးနေပါပြီ။ အေးအေးဆေးဆေး အနားယူသင့်တဲ့ အရွယ်ပါ။ ကျုပ်က စစ်သေနာပတိချုပ်ကို အများကြီး လေးစားပါတယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ " စစ်သေနာပတိချုပ်မှာ ရွေးချယ်စရာ ရှိပါတယ်။ "

" ဒီအဖိုးကြီးက အိုနေပေမယ့် လေးကြိုးကိုတော့ ဆွဲနိုင်ပါသေးတယ်။ ငါက သစ္စာတရားနဲ့ ဖြောင့်မတ်မှုကို တန်ဖိုးထားတဲ့သူပါ။ " လျန်ပိုက ပြုံးပြီး ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ကျောက်ဖုန်းက သူ့ကို ထပ်ပြီး နားမချတော့ပေ။ သူက ထိုသမိုင်းဝင်ပုဂ္ဂိုလ်ကို သူဘက်ပါအောင် ဆွဲခေါ်ရန် မျှော်လင့်ခဲ့သည်။

" စစ်သေနာပတိချုပ်ရဲ့ သစ္စာတရားနဲ့ ဖြောင့်မတ်မှုတွေက လူမှားပေးမိနေတာပဲ။ " ကျောက်ဖုန်းက အထင်သေးစွာ ပြောလိုက်သည်။

" ကျောက်ဖုန်း မင်းက ချင်နိုင်ငံရဲ့ သူရဲကောင်းတစ်ယောက်ပါ။ " လျန်ပိုက ပြုံး၍ ပြောလိုက်သည်။ " မင်း လင်းချန်းမြို့ကို ဘယ်လိုဖောက်ထွက်ခဲ့လဲဆိုတာ ငါမသိဘူး။ ဒါပေမယ့် အခု ဒီနေရာမှာ မင်းနဲ့ တိုက်ခွင့်ရတာဟာ ဒီအဖိုးကြီးအတွင် ထိုက်တန်တဲ့ နောက်ဆုံးတိုက်ပွဲ ဖြစ်လာမှာပါ။ "

ကျောက်ဖုန်းက လျန်ပိုကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ စကားပြောလိုက်သည်။ " စစ်သေနာပတိချုပ်ရဲ့ သစ္စာရှိတဲ့ နှလုံးသားကို ကျုပ် လေးစားပါတယ်။ "

သူက အချက်ပြလိုက်သည်နှင့် ကျန်းမင်က စစ်ရထားကို လှည့်ပြီး ချင်စစ်တပ်ရှိရာသို့ ပြန်သွားခဲ့သည်။

ကျောက်ဖုန်း ထွက်သွားသည်ကို ကြည့်ပြီး လျန်ပိုက သက်ပြင်းချလိုက်သည်။ ထို့နောက် သူ၏ စစ်ရထားကလည်း ပြန်လှည့်ပြီး စစ်ကြောင်းဆီသို့ ပြန်သွားခဲ့သည်။

ကျောက်ဖုန်းက စစ်ရထားပေါ်မှ ဆင်းလိုက်ပြီး စစ်မြင်းပေါ်သို့ ခုန်တက်ကာ သူ၏ အာဏာရှင်လှံကို ကိုင်ထားသည်။

" ချင်စစ်သည်တို့..."

" ဟေ့ ဟေ့ ဟေ့...." ချင်စစ်သည်ငါးသောင်းက ဟိန်းဟောက် အော်ဟစ်လိုက်ကြသည်။

" ငါ့နောက်ကို လိုက်ပြီး တိုက်ခိုက်ကြ။ " ကျောက်ဖုန်းက ဟိန်းဟောက်လိုက်သည်။

" စစ်သူကြီးနောက်ကို လိုက်ပြီး သတ်ကြ..." ချင်စစ်သည်များက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ချီတက်သွားကြသည်။

" ကျောက်နိုင်ငံရဲ့ သူရဲကောင်းတို့ သတ်ကြ..." လျန်ပိုက သူ၏ ဓားကို မြှောက်ပြီး လေးနက်စွာ အမိန့်ပေးလိုက်သည်။

" စစ်သေနာပတိချုပ် အမိန်အတိုင်း သတ်ကြ...." ကျောက်စစ်သည်နှစ်သောင်းနီးပါးက ရှေ့သို့ ပြေးတက်သွားကြသည်။

စစ်တပ်နှစ်ခုလုံးက စနစ်တကျ ချီတက်လာပြီး တိုက်ပွဲက စတင်တော့သည်။ ချင်နိုင်ငံ၏ မြားများက ကောင်းကင်တွင် ပြည့်နှက်သွားပြီး ကျောက်စစ်သည်များက လဲကျကုန်သည်။ စစ်တပ်နှစ်ခုကြား အကွာအဝေးကလည်း အမြန်ဆုံးနီးကပ်သွားသည်။

၎င်းက နိုင်ငံနှစ်ခု၏ အထူးတပ်ဖွဲ့များကြားမှ တိုက်ပွဲတစ်ခုဖြစ်သည်။ သို့သော် တိုက်ပွဲမစခင်ကတည်းက ရလဒ်က ရှင်းနေပြီဖြစ်သည်။ လျန်ပိုနှင့် ကျောက်စစ်တပ်က သေချာပေါက် ရှုံးနိမ့်ခြင်းနှင့် ရင်တိုင်ရမည်ဖြစ်သည်။

ချင်စခန်း။

" စစ်သေနာပတိချုပ်ကို အစီရင်ခံပါတယ်။ ကင်းထောက်တွေရဲ့ အစီရင်ခံချက်အရ လျန်ပိုက ရန်သူတပ်ဖွဲ့တစ်ခုနဲ့ တိုက်ခိုက်နေပါတယ်။ " ယန်တွမ်ဟီက အလောတကြီး ဝင်လာပြီး ပြောလိုက်သည်။

" လျန်ပိုက တိုက်ပွဲဖြစ်နေတာလား။ " ဝမ်ကျန့်က ထိတ်လန့်သွားသည်။ သူင မြေပုံကို တစ်ချက်ကြည့်ပြီး သူ၏ အကြည့်က လင်းချန်းမြို့ပေါ်တွင် ရပ်တန့်သွားသည်။

" လျန်ပိုကို တိုက်နေတဲ့ စစ်တပ်က လင်းချန်းမြို့က လာတာဆိုရင် အားလုံးက အဖြေပေါ်သွားပြီ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

ယန်တွမ်ဟီက နားမလည်နိုင်ဖြစ်သွားသည်။ " လင်းချန်းမြို့ ကျောက်ဖုန်းလား။ ဒါပေမယ့် ခဏလေးပဲရှိသေးတာလေ။ သူက လင်းချန်းမြို့ကို ဘယ်လိုလုပ်ဒီလောက်မြန်မြန် သိမ်းနိုင်တာလဲ။ ဒါက မဖြစ်နိုင်လောက်ဘူး။ "

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၆၄)

" မင်းအတွက်တော့ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် ကျောက်ဖုန်းကတော့ တကယ်လုပ်နိုင်ခဲ့တာပဲ။ " ဝမ်ကျန့်က ဂုဏ်ယူစွာဖြင့် ပြုံးပြီး ပြောလိုက်သည်။ ထိုသို့ မယုံကြည်နိုင်စရာကောင်းသော အောင်မြင်မှုများကို ရယူနိုင်ခဲ့သူက သူ၏ သမက်ဖြစ်သည်။

" တိုက်ပွဲကို သေချာစောင့်ကြည့်ထား။ ပြီးတော့ ကျင်းယန်မြို့ကို တိုက်ခိုက်ဖို့ စစ်တပ်ကို အသင့်ပြင်ထားလိုက်။ " ဝမ်ကျန့်က လေးနက်စွာ အမိန့်ပေးလိုက်သည်။

ထိုအခွင့်အရေးကောင်းနှင့်ဆိုလျှင် သူက ကျင်းယန်မြို့ကို မသိမ်းပိုက်နိုင်လျှင်တောင် မြို့စောင့်တပ်ဖွဲ့များကို သေချာပေါက် ခြောက်လှန့်နိုင်မည်ဖြစ်သည်။

" ဟုတ်ကဲ့ပါ။ " ယန်တွမ်ဟီက အမိန့်ကို လက်ခံပြီး ချက်ချင်း ထွက်ခွာသွားသည်။

သူထွက်သွားသည်နှင့် ဝမ်ကျန့်က မအောင့်နိုင်တော့ဘဲ စိတ်လှုပ်ရှားစွာဖြင့် ပြုံးလိုက်သည်။

" ငါ့သမက်က ငါ့ကို တကယ်ပဲ အံ့အားသင့်စေခဲ့တာပဲ။ သူက လင်းချန်းမြို့ကို ဒီလောက်အချိန်တိုအတွင်း ဘယ်လိုလုပ် ထိုးဖောက်နိုင်ခဲ့တာလဲ။ ဝေဝူကျိက ခံစစ်ကို အားဖြည့်ပေးထားတာပဲ။ သူ့ရဲ့ စစ်သည်အင်အားနဲ့ဆိုရင် ထိုးဖောက်ဖို့ မဖြစ်နိုင်သလောက်ပဲ။ သူဘယ်လိုလုပ်ခဲ့တာလဲ။ ဒီကောင်လေးကတော့...ကြည့်ရတာ သူ့မှာ လျို့ဝှက်ချက်တွေ ရှိတဲ့ပုံပဲ။ "

ဝမ်ကျန့်ကိုယ်တိုင်ပင် ကျောက်ဖုန်းက လင်းချန်းမြို့ကို ထိုးဖောက်ပြီး ကျောက်နိုင်ငံထဲ ခြေချနိုင်လိမ့်မည်ဟု သိပ်မမျှော်လင့်ခဲ့ပေ။ ကျောက်ဖုန်းက ဝေနိုင်ငံမှ စစ်ကူများကို တားဆီးထားနိုင်လျှင် လုံလောက်ပြီဟု သူတွေးထားခဲ့သည်။ သို့သော် ယခုတော့ သူက ကျောက်ဖုန်းအား အထင်သေးခဲ့မိသည်ကို သိလိုက်ရသည်။

" လျန်ပို... နောက်ဆုံးတော့ မင်းက ငါ့လက်နဲ့ သေရတော့မှာ မဟုတ်ဘူးထင်တယ်။ ကိစ္စမရှိဘူး။ မင်းသာ အဲ့ဒီကောင်လေး ကျောက်ဖုန်းလက်မှာ သေသွားမယ်ဆိုရင် ဒါက ချင်နိုင်ငံအတွက် နောက်ထပ် ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါက ကျောက်ဖုန်းအတွက်လည်း နာမည်ကောင်းရဖို့ ကူညီပေးရာ ရောက်လိမ့်မယ်။ "

စစ်မြေပြင်တွင် ကျောက်ဖုန်းက သူ၏ စစ်သည်များကို ဦးဆောင်ပြီး လျန်ပို၏ စစ်သည်နှစ်သောင်းကို တိုက်ခိုက်နေသည်။ ကျောက်ဖုန်းက လူအရေအတွက် သူလွန်ရုံသာမက ချင်စစ်သည်များ၏ တိုက်ခိုက်ရေးစွမ်းအားကလည်း လျန်ပို၏ ကျောက်စစ်သည်များထက် သာလွန်နေသည်။

တိုက်ပွဲက နှစ်နာရီပင် မကြာလိုက်ပေ။ ကျောက်ဖုန်း၏ စစ်တပ်က လျန်ပိုကို ဝိုင်းထားပြီး သူ၏ ဘေးတွင် အသက်ရှင်​ကျန်ရစ်သူ တစ်ရာပင်မပြည့်တော့ပေ။

" ငါ ဒီလောက်မြန်မြန် ရှုံးနိမ့်သွားမယ်လို့ လုံးဝ မထင်ထားမိဘူး။ ကျောက်နိုင်ငံရဲ့ အထူးစစ်သည်တွေက ဘယ်​တုန်းက ဒီလောက်ထိ အားနည်းသွားရတာလဲ။ "

သူ့ကို ဝိုင်းထားသော ရန်သူများနှင့် သူ၏ ဘေးမှ စိတ်ဓာတ်ကျနေသော စစ်သည်တစ်ရာကျော်ကို ကြည့်ပြီး လျန်ပိုက စစ်ရထားပေါ်မှ ခါးသီးစွာ ရယ်မောလိုက်သည်။ သူ၏ စစ်သည်နှစ်သောင်းက တိုက်ပွဲများစွာကို ကြုံတွေ့ဖူးသော ဝါရင့်စစ်သည်များ ဖြစ်ကြသည်။

သူတို့၏ အင်အားနှင့်ဆိုလျှင် ကျောက်ဖုန်းကို တစ်စုံတစ်ရာထိခိုက်အောင် လုပ်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ ကျောက်ဖုန်း၏ စစ်သည်များက ယခုလောက်ထိ သန်မာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

" စစ်သေနာပတိချုပ် ခင်ဗျားရှုံးသွားပြီ။ " ကျောက်ဖုန်းက သူ၏ မြင်းကို ရှေ့သို့ တိုးပြီး လျန်ပိုကို လှံနှင့်ချိန်ရွယ်ကာ ပြောလိုက်သည်။

" ဟုတ်တယ်။ " လျန်ပိုက ခါးသီးစွာ ရယ်လိုက်သည်။ " ငါရှုံးသွားပြီ။ ဒါပေမယ့် ဒါက ငါစိတ်ကူးထားခဲ့တဲ့ ငါ့ရဲ့ နောက်ဆုံးနားခိုရာ နေရာပဲ။ ငါလျန်ပိုက အိုပြီး သေရမယ့်သူမဟုတ်ဘူး။ စစ်မြေပြင်မှာ သေရမယ့်သူပဲ။ "

သူက ကြောက်ရွံ့ခြင်းမရှိဘဲ သူ၏ ခါးမှ ဓားကို ဆွဲထုတ်ပြီး စစ်ရထားပေါ်မှ ဆင်းကာ ကျောက်ဖုန်းကို စိုက်ကြည့်နေသည်။ သူ၏ မျက်နှာတွင် သေခြင်းတရားကို လက်ခံလိုက်သော အမူအရာက ပေါ်လွင်နေသည်။

" ငါက ကျောက်နိုင်ငံရဲ့ စစ်သေနာပတိချုပ် လျန်ပိုပဲ။ " လျန်ပိုက ဟိန်းဟောက်လိုက်ပြီး ကျောက်ဖုန်းဆီသို့ ပြေးဝင်သွားသည်။

၎င်းကို မြင်သောအခါ ကျောက်ဖုန်းက တွန့်ဆုတ်ခြင်းမရှိပေ။ သူက အာဏာရှင်လှံကို မြေကြီးသို့ ထိုးစိုက်ပြီး မြင်းပေါ်မှ ဆင်းကာ လုံချွမ်ဓားကို ဆွဲထုတ်လိုက်သည်။

နှစ်ယောက်သား နီးကပ်သွားချိန်တွင် လျန်ပိုက သူ၏ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များက ပြည့်နှက်နေခဲ့သော်လည်း ကျောက်ဖုန်းကို ခြိမ်းခြောက်ရန် လုံလောက်မှုမရှိပေ။

ကျောက်ဖုန်းက ဘေးသို့ လျင်မြန်စွာ ရှောင်လိုက်ပြီး လုံချွမ်ဓားကို ရှေ့သို့ ထိုးလိုက်သည်။

စွပ်....

ဓားက လျန်ပို၏ သံချပ်ကာကို ထိုးဖောက်ကာ သူ၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားသည်။

လျန်ပို၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူ၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည်။ သူ၏ လက်ထဲမှ ဓားက မြေကြီးပေါ်သို့ ကျသွားသည်။

" ငါ.... ငါရှုံးသွားပြီ။ " လျန်ပိုက အားနည်းစွာ ပြောလိုက်သည်။ သူ၏ အကြည့်က ကျင်းယန်မြို့ဘက်သို့ ရောက်သွားပြီး သူ၏ မျက်လုံးများထဲတွင် ကျဆုံးတော့မည့် သူ၏ နိုင်ငံအတွက် မျှော်လင့်ချက်ကင်းမဲ့မှုများ ပြည့်နှက်နေသည်။

" ကျောက်.... ကျောက်နိုင်ငံ.... အရှင်မင်းကြီး.... လျန်ပို.... အရှင်မင်းကြီးကို စိတ်ပျက်အောင် လုပ်မိပြီ။ " သူ၏ အသံက တဖြည်းဖြည်း တိုးညှင်းပျောက်ကွယ်သွားသည်။

" နှုတ်ဆက်ပါတယ် စစ်သေနာပတိချုပ်ကြီး...." ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောပြီး သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။

အားအင်များကုန်ခမ်းသွားသော လျန်ပို၏ ခန္ဓာကိုယ်က သွေးအိုင်ထဲတွင် လဲကျသွားသည်။

" စစ်သေနာပတိချုပ်...."

" စစ်သေနာပတိချုပ်...." ကျန်ရှိနေသော ကျောက်စစ်သည်တစ်ရာကျော်က နာကျင်စွာ အော်ဝစ်လိုက်ကြသည်။ ထို့နောက် သူတို့အားလုံးက ကျောက်ဖုန်းဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားကြသည်။

" တစ်ယောက်မှ အရှင်မထားနဲ့။ " ကျောက်ဖုန်းက လှုပ်ရှားခြင်းမရှိဘဲ သူ၏ လက်ကို မြှောက်ပြီး ပြောလိုက်သည်။

ချင်စစ်သည်များက သူတို့၏ လှံရှည်များဖြင့် ရှေ့သို့ ပြေးထွက်သွားကြပြီး ခဏအတွင်း ကျန်ရှိနေသော ကျောက်စစ်သည်များကို အပြတ်အသတ် ချေမှုန်းလိုက်သည်။

" ကျောက်နိုင်ငံရဲ့ ကံကြမ္မာကို သယ်ဆောင်ထားတဲ့ ကျောက်စစ်သေနာပတိချုပ် လျန်ပိုကို သတ်ပြီး စွမ်းရည်အမှတ် ၅၀ နှင့် အဆင့်နှစ်ရတနာသေတ္တာတစ်လုံး ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

" စစ်သူကြီး ကျောက်စစ်သည်တွေအားလုံးကို ရှင်းလင်းပြီးပါပြီ။ " တုဆွေက လာရောက် အစီရင်ခံလိုက်သည်။

ကျောက်ဖုန်းက သေဆုံးနေသော လျန်ပိုကို ကြည့်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ " သူ့ရဲ့ ခန္ဓာကိုယ်ကို စစ်ရထားပေါ်တက်လိုက်ပါ။ "

" ဟုတ်ကဲ့ပါ စစ်သူကြီး။ " တုဆွေက သူ့လူများကို လျန်ပို၏ အလောင်းကို စစ်ရထားပေါ်သ်ို့ တင်ရန် အမိန့်ပေးလိုက်သည်။

ကျောက်ဖုန်းက ဖြည်းညင်းစွာ လျှောက်သွားပြီး လျန်ပို၏ ဓားကို ကောက်ယူလိုက်သည်။ သမိုင်းတွင် လျန်ပိုက ရာထူးမှ ထုတ်ပယ်ခံရပြီး ဝေနိုင်ငံတွင် အိုမင်းပြီး သေဆုံးခဲ့ရသည်။ စစ်မြေပြင်သို့ ပြန်လာရန် အခွင့်အရေး လုံးဝမရခဲ့ပေ။

" ဒီနေ့ ဒီမှာ သေတာက သူ့အတွက် အကောင်းဆုံး အဆုံးသတ်ဖြစ်မှာပါ။ စစ်သေနာပတိချုပ်တစ်ယောက်က စစ်မြေပြင်နဲ့ပဲ ထိုက်တန်တယ်။ " ကျောက်ဖုန်းက လျန်ပို၏ ဓားကို ကိုင်ပြီး ရေရွတ်လိုက်သည်။ သူက နောက်ထပ်ကျော်ကြားသော စစ်သေနာပတိချုပ်တစ်ယောက်ကို ပို့ဆောင်ပေးလိုက်ပြီဖြစ်သည်။

ချင်စခန်း။

" စစ်သေနာပတိချုပ်ကို အစီရင်ခံပါတယ်။ " ကိုယ်ရံတော်တပ်မှူးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" စစ်သူကြီးကျောက်ဖုန်းက သူ့ရဲ့ တပ်မှူးတွေကို ဦးဆောင်ပြီး တွေ့ခွင့်တောင်းနေပါတယ်။ "

" တကယ်ပဲ အဲ့ဒီကောင်လေးပဲ။ လာ ငါကိုယ်တိုင် သူ့ကို သွားတွေ့မယ်။ " ဝမ်ကျန့်က ထရပ်ပြီး အပြင်သို့ ထွက်ခွာသွားသည်။

စခန်း၏ အပြင်ဘက်တွင် ကျောက်ဖုန်း၏ စစ်သည်များက စခန်းချနေကြပြီး ကျောက်ဖုန်းကိုယ်တိုင်က သူ၏ တပ်မှူးများနှင့်အတူ စခန်း၏ ဝင်ပေါက်တွင် စောင့်ဆိုင်းနေကြသည်။

" မင်းက တကယ် ကြောက်စရကောင်းတဲ့ ကောင်လေးပဲ။ လင်းချန်းမြို့ကို ထိုးဖောက်ပြီး ဝေနိုင်ငံငနေ ကျောက်နိုင်ငံအထိ လမ်းကြောင်းတစ်ခု ဖောက်နိုင်ခဲ့တယ်ပေါ့။ " ဝမ်ကျန့်၏ အားရပါးရ ရယ်မောလိုက်သောအသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ " ဒီသတင်းသာ ရှန်းယန်ကို ရောက်သွားရင် နန်းတော်တစ်ခုလုံး တုန်လှုပ်သွားလိမ့်မယ်။ "

" စစ်သေနာပတိချုပ်ကို အရိုအသေပေးပါတယ်။ " ကျောက်ဖုန်းက ဂါရဝပြုပြီး ပြောလိုက်သည်။

" ကျွန်တော်တို့ စစ်သူကြီးကို အရိုအသေပေးပါတယ်။ " ကျန်းဟန်၊ တုဆွေနှင့် အခြားတပ်မှူးများကလည်း အရိုအသေပေးလိုက်ကြသည်။

" အားလုံးထကြ။ " ဝမ်​ကျန့်က ရယ်မောပြီး မေးလိုက်သည်။ " လျန်ပိုဘယ်မှာလဲ။ "

" သူ့ကို ရှေ့ကို ယူလာခဲ့ကြ။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး အမိန့်ပေးလိုက်သည်။

ကိုယ်ရံတော်အချို့က အဖြူရောင်ပိတ်စနှင့် အုပ်ထားသော အလောင်းတစ်ခုကို ထမ်းလာကြသည်။ ဝမ်ကျန့်က ရှေ့တိုးပြီး ခေါင်းပိုင်းမှ ပိတ်စကို ဆွဲလှန်လိုက်သောအခါ သေခြင်းတရားနှင့်အတူ ငြိမ်သက်နေသော လျန်ပိုကို တွေ့လိုက်ရသည်။

သူ၏ ပြိုင်ဘက် သေဆုံးနေသည်ကို မြင်လိုက်ရသောအခါ ဝမ်ကျန့်က ဝမ်းသာရမည့်အစား တိတ်ဆိတ်သွားသည်။

" လျန်ပို မင်းသာ ချင်နိုင်ငံမှာရှိရင် ဒီလိုမျိုး ဘယ်လိုလုပ် အဆုံးသတ်မှာလဲ။ နောက်ဆုံးတော့ မင်းက မှားယွင်းတဲ့လူနောက်ကို လိုက်ခဲ့မိတာပဲ။ "

ဝမ်ကျန့်က လျန်ပိုကို ခဏစိုက်ကြည့်နေပြီးနောက် အမိန့်ပေးလိုက်သည်။ " သူ့ကို ခေါ်သွားပြီး ဂုဏ်ထူးဆောင် အခမ်းအနားနဲ့ သဂြိုလ်လိုက်ကြ။ ကမ္ပည်းစာတိုင်ကိုလည်း ကျောက်နိုင်ငံ စစ်သေနာပတိချုပ် လျန်ပိုရဲ့ အုတ်ဂူလို့ ရေးထိုးလိုက်ပါ။ "

" အမိန့်အတိုင်းပါ။ " ဝမ်ကျန့်၏ ကိုယ်ရံတော်များက ရှေ့ထွက်လာပြီး အမိန့်ကို လက်ခံလိုက်ကြသည်။

ထို့နောက် ကျောက်ဖုန်း၏ ကိုယ်ရံတော်များက လျန်ပို၏ ရုပ်အလောင်းကို လွှဲပြောင်းပေးလိုက်ကြသည်။

ဝမ်ကျန့်က ကျောက်ဖုန်းနှင့် သူ၏ တပ်မှူးများကို ပြန်ကြည့်လိုက်၏။ တပ်မှူးများ၏ သံချပ်ကာများပေါ်တွင် သွေးများစွန်းထင်နေပြီး အများစုက ရန်သူသွေးများဖြစ်သော်လည်း အချို့က သူတိူ့သွေးများ ဖြစ်သည်။

" ဝေဝူကျိက လင်းချန်းမြို့မှာ စစ်သည်ခုနှစ်သောင်းကျော်နဲ့ ခံစစ်ပြင်ထားတာပဲ။ မင်းက စစ်သည်အင်အားခြောက်သောင်းတည်းနဲ့ အဲ့ဒီမြို့ကို ဘယ်လိုများ ထိုးဖောက်ခဲ့တာလဲ။ ပြီးတော့ မင်းရဲ့ အရှိန်အဟုန်အရ အဲ့ဒီထိုးစစ်က တကယ်လျင်မြန်တဲ့ပုံပဲ။ " ဝမ်ကျန့်က သိလိုစိတ်နှင့် မေးလိုက်၏။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၆၅)

" စစ်သေနာပတိချုပ်...." ကျန်းဟန်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ " ဝေစစ်တပ်ရဲ့ စိတ်ဓာတ်က ကျွန်တော်တို့ စစ်သူကြီးရဲ့ နာမည်ကိုကြားရုံနဲ့ ပျက်ပြားနေပါပြီ။ ကျွန်တော်တို့ မြို့ထဲကို ထိုးဖောက်လိုက်ချိန်မှာ သူတို့အားလုံး ကျွန်တော်တို့ကို ရင်ဆိုင်နိုင်စွမ်းမရှိတော့ပါဘူး။ "

" ကြည့်ရတာ ဝေဝူကျိကို အနိုင်ယူလိုက်တာကြောင့် မင်းက ဝေစစ်တပ်ရဲ့ စိတ်ထဲကို ကြောက်ရွံ့မှုတွေ ထည့်သွင်းပေလိုက်နိုင်တာပဲ။ " ဝမ်ကျန့်က ပြောလိုက်သည်။

" အဲ့ဒါကလည်း အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ "ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ဘာပဲဖြစ်ဖြစ် ဝေဝူကျိက ဝေနိုင်ငံရဲ့ စစ်နတ်ဘုရားလို့ သတ်မှတ်ခံထားရတာကိုး။ "

" မင်း ဝေဝူကျိကို အနိုင်ယူလိုက်တုန်းက မင်းရဲ့ နာမည်က တစ်နိုင်ငံလုံး ကျော်ကြားသွားတယ်။ အခု လျန်ပိုကိုပါ သတ်နိုင်ခဲ့တယ်ဆိုတော့ ဒီလောက်ကမှာ မင်းနာမည်ကို မသိတဲ့သူ ဘယ်သူရှိဦးမှာလဲ။ " ဝမ်ကျန့်က ချီးကျူးသော လေသံနှင့် ပြောလိုက်သည်။

" အရာအားလုံးက ချင်နိုင်ငံအတွက်ပါပဲ။ " ကျောက်ဖုန်းက လေးနက်စွာဖြင့် ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ဝမ်ကျန့်က ကျောက်ဖုန်းကို စောင့်ကြည့်လိုက်သည်။ အခြားတစ်ယောက်ပြောလျှင် ဝမ်ကျန့်က ယုံကြည်ကောင်း ယုံကြည်နိုင်သော်လည်း ကျောက်ဖုန်းဆီမှ လာသောကြောင့် သူသံသယဝင်မိလေသည်။

ဝမ်ကျန့်က ကျောက်ဖုန်းနှင့် တစ်ကြိမ်သာ ဆုံဖူးသော်လည်း အချက်တစ်ချက်ကို သတိပြုမိခဲ့သည်။ ကျောက်ဖုန်းက ချင်ဘုရင်အပေါ် စိတ်ရင်းမှန်နှင့် ရိုစေမှုမျိုး မရှိပေ။ သူက ကြောက်ရွံ့မှုကင်းမဲ့သော စိတ်ဓာတ်မျိုးသာရှိသည်။

" ဝမ်ရှုံး..." ဝမ်ကျန့်ကခေါ်လိုက်သည်။

" အမိန့်ရှိပါ စစ်သေနာပတိချုပ်။ " ကိုယ်ရံတော်တပ်မှူးက ပြန်ဖြေလိုက်သည်။

" ရှန်းယန်ကို အစီရင်ခံစာပို့လိုက်။ လင်းချန်းကျဆုံးသွားပြီ။ လျန်ပိုလည်း သေပြီ။ " ဝမ်ကျန့်က လေးနက်စွာ အမိန့်ပေးလိုက်သည်။

" ဒါ့အပြင် ယင်ချွမ်းက စစ်သည်တွေက ပင်ပန်းနေကြပြီ။ စားသောက်ပွဲကို ချက်ချင်း ပြင်ဆင်ခိုင်းလိုက်။ "

" ဟုတ်ကဲ့ပါ စစ်သေနာပတိချုပ်။ " ဝမ်ရှုံးက ချက်ချင်း ပြန်ဖြေပြီး ထွက်ခွာသွားသည်။

" လာ စခန်းထဲသွားကြမယ်။ " ဝမ်ကျန့်က ပြုံးပြီး ပြောလိုက်သည်။ " မင်းရဲ့ အောင်မြင်မှုတွေအကြောင်း ငါနားထောင်ချင်နေပြီ။ "

" ဟုတ်ကဲ့ပါ။ " ကျောက်ဖုန်းက ပြန်ပြောလိုက်ပြီး သူ၏ တပ်မှူးများနှင့်အတူ စခန်းထဲသို့ ဝင်သွားလိုက်သည်။

စစ်သေနာပတိချုပ်၏ တဲထဲတွင် ကျောက်နိုင်ငံ၏ မြေပုံကို အလယ်မှာ ဖြန့်ထားသည်။ ကျောက်နိုင်ငံ၏ မြို့ဆယ်မြို့ကျော်ကို ချင်နိုင်ငံ၏ အလံများ မှတ်သားထားသော်လည်း ၎င်းက ကျောက်နိုင်ငံ နယ်မြေ၏ ဆယ်ပုံတစ်ပုံတောင် မရှိပေ။ ကျောက်နိုင်ငံက အင်အားကြီးနိုင်ငံတစ်ခုဖြစ်ပြီး ၎င်းကို အပြတ်အသတ် ချေမှုန်းနိုင်ရန် တစ်နှစ်ခွဲလောက် ကြာနိုင်သည်။

" ကျောက်နိုင်ငံကို သိမ်းပိုက်ဖို့ ခရီးက အဝေးကြီး လိုသေးတယ်။ " ကျောက်ဖုန်းက မြေပုံကို ကြည့်ပြီး ပြောလိုက်သည်။

" ကျောက်နိုင်ငံကို ဖျက်ဆီးဖို့ အဲ့လောက်လွယ်နေရင် စစ်တပ်တွေအားလုံး စုစည်းပြီး ချီတက်မှာမဟုတ်ဘူး။ ဒါပေမယ့် ငါတို့ ကျင်းယန်မြို့ကို ထိုးဖောက်နိုင်တာနဲ့ ငါတို့ရဲ့ အရှိန်က ပိုမြန်လာလိမ့်မယ်။ " ဝမ်ကျန့်က ပြုံးပြီး ပြောလိုက်သည်။

" စစ်သေနာပတိချုပ်ရဲ့ လေသံအရဆို ကျောက်နိုင်ငံက ယန်နိုင်ငံကနေ သူ့ရဲ့ စစ်တပ်တွေကို ပြန်မရုတ်သိမ်းသေးဘူးထင်တယ်။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

" ကျောက်ဘုရင်က မိုက်မဲတယ်။ သူက ယန်နိုင်ငံကို ဖျက်ဆီးဖို့ပဲ အာရုံစိုက်နေတယ်။ ကျင်းယန်မြို့က ချင်နိုင်ငံကို တားဆီးထားနိုင်မယ်လို့ သူက ယုံကြည်နေတယ်။ " ဝမ်ကျန့်က ပြောလိုက်သည်။

" ကျင်းယန်မြို့ကို သိမ်းဖို့ ဘယ်လောက်ကြာမလဲ။ " ကျောက်ဖုန်းက ပြုံးပြီး မေးလိုက်သည်။

" ကျင်းယန်မြို့မှာ စစ်သည်နှစ်သိန်းကျော်ရှိတယ်။ အဲ့ဒါကို သိမ်းဖို့က အချိန်ယူရလိမ့်မယ်။ ဒါပေမယ့် ကျင်းယန်မြို့ကို စောင့်နေတဲ့ စစ်သည်တွေက ခရိုင်စစ်သည်တွေပဲ။ သူတို့က မြို့ကို ခုခံကာကွယ်နေရတဲ့ အားသာချက်ကို အားကိုးနေရတယ်။ " ဝမ်ကျန့်က ပြောလိုက်သည်။

" ကျွန်တော် မြို့ကို တိုက်ဖို့ စစ်တပ်ကို ဦးဆောင်ပေးရမလား။ " ကျောက်ဖုန်းက ပြုံးပြီး မေးလိုက်သည်။

" တော်ပြီ။ " ဝမ်ကျန့်က စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။ " မင်းက ချင်နိုင်ငံအတွက် စွမ်းဆောင်မှုတွေ အများကြီး ရထားပြီးပြီ။ တကယ်လို့ ငါက မင်းကို ကျင်းယန်မြို့ကိုပါ သိမ်းခိုင်းလိုက်ရင် အခြားစစ်သူကြီးတွေ ဘယ်လိုမြင်ကြမလဲ။ "

" ဒါဆို ကျွန်တော် ဒီမှာပဲ နားနေတော့မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ကျောက်နိုင်ငံ၏ နယ်မြေက ကျယ်ပြောသောကြောင့် နောက်ပိုင်းတွင် ကျောက်ဖုန်းက စွမ်းဆောင်မှုများ ရယူရန် အခွင့်အရေးရှိနေသောကြောင့် သူက ကျင်းယန်မြို့ကို သိမ်းပိုက်ရန် ပြိုင်ဆိုင်မနေတော့ပေ။ မည်သို့ပင်ဖြစ်စေ လျန်ပိုကို သတ်ဖြတ်ခြင်းနှင့်ယှဉ်လျှင် ကျင်းယန်မြို့ကို သိမ်းပိုက်ခြင်းက ကြီးမားသော အောင်မြင်မှုတစ်ခု မဟုတ်ပေ။

အကယ်၍ ကျောက်ဖုန်းသာ ၎င်းတို့ကို လုယူလိုက်လျှင် အခြားစစ်သူကြီးနှစ်ယောက်က ကျောက်ဖုန်းအပေါ် မကျေမနပ်ဖြစ်လာနိုင်သည်။ စစ်ရေးစွမ်းဆောင်မှုများကို ကျောက်ဖုန်းသာမက အခြားသူများကလည်း လိုချင်ပေသည်။

" မင်းအနားယူသင့်တယ်။ ကျင်းယန်မြို့ကို သိမ်းပြီးရင် ငါ မင်းအတွက် နောက်ထပ် အစီအစဉ်တွေ ချမှတ်ပေးမယ်။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။

" ယန်အာက မင်းအတွက် အမြွှာလေးမွေးပေးထားတယ်။ " ဝမ်ကျန့်က ပြောလိုက်သည်။

" ယောက္ခမကြီး ဒီစစ်ပွဲပြီးရင် ကျွန်တော် ယန်အာကို လက်ထပ်ပါမယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ တုဆွေ၊ ကျန်းဟန်နှင့် အခြားတပ်မှူးများက နားမလည်နိုင်ဖြစ်သွားကြသည်။ သူတို့က မယုံကြည်နိုင်ဖြစ်နေကြပြီး ကျောက်ဖုန်းနှင့် ဝမ်ကျန့်ကို တစ်လှည့်စီ ကြည့်နေကြသည်။ သူတို့၏ ဆက်ဆံရေးက ယခုကဲ့သို့ ဖြစ်လိမ့်မည်ဟု ဘယ်သူမှမမျှော်လင့်ထားကြပေ။

" ကောင်းပြီ။ မင်းယန်အာကို လက်ထပ်နေ့ကို ငါစောင့်နေမယ်။ " ဝမ်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။

" အားလုံးသွားနားကြတော့။ မင်းတို့ ဒီကာလအတွင်း အဆက်မပြတ် တိုက်ပွဲဝင်ခဲ့ကြတာဆိုတော့ ပင်ပန်းနေလောက်ပြီ။ "

" ကျွန်တော်ကို ခွင့်ပြုပါဦး။ " ကျောက်ဖုန်းနှင့် တပ်မှူးများက အရိုအသေပေးပြီး ထွက်ခွာသွားကြသည်။

ကျောက်ဖုန်းတို့ ထွက်သွားပြီးနောက် ဝမ်ကျန့်က ပြုံးပြီး ရေရွတ်လိုက်သည်။ " ယန်အာ မင်းကတော့ အမြင်စူးရှတာပဲ။ ငါ့အတွက် သမက်ကောင်းတစ်ယောက် ရှာပေးလိုက်တာပဲ။ "

စခန်းသို့ ပြန်ရောက်သောအခါ ကျန်းဟန်က သိလိုစိတ်နှင့် မေးလိုက်သည်။ " စစ်သူကြီးက တကယ်ပဲ စစ်သေနာပတိချုပ် ဝမ်ကျန့်ရဲ့ သမက်လား။ ကျွန်တော်တို့ အဲ့ဒီအကြောင်း ဘာလို့မသိရတာလဲ။ "

" လက်ထောက်စစ်သူကြီးကျန်းတစ်ယောက်ပဲ မသိတာမဟုတ်ဘူး။ ကျွန်တော်တို့လည်း မသိခဲ့ရဘုး။ " ဝေချွမ်က ပြောလိုက်သည်။ " ကျွန်တော်တို့ ထောက်ပို့တပ်ဖွဲ့မှာကတည်းက အတူတူရှိလာခဲ့တာပဲ။ စစ်သူကြီးက စစ်သေနာပတိချုပ်ရဲ့ သမီးနဲ့ ပက်သက်မှုရှိတယ်ဆိုတာ တစ်ခါမှမကြားဖူးဘူး။ "

" ကြည့်ရတာ ငါမပြောပြရင် မင်းတို့ အိမ်ပျော်မှာ မဟုတ်ဘူး။ " ကျောက်ဖုန်းက ပြုံးပြီး ပြောလိုက်သည်။

" ဟီးဟီး..." တပ်မှူးများက ရယ်လိုက်ကြသည်။

" အဲ့ဒီတုန်းက တပ်မှူးဝမ်ယန်ကို မင်းတို့ မှတ်မိကြသေးလား။ " ကျောက်ဖုန်းက ဝေချွမ်နှင့် ကျန်းဟန်ကို ပြုံးပြီး မေးလိုက်သည်။

" ဝမ်ယန်ဟုတ်လား။ " ဝေချွမ်နှင့် ကျန်းဟန်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

" အဲ့ဒီတပ်မှူးက စစ်သူကြီးပေါင်းယွမ် သတ်တာကို ခံရလုနီးပါး ဖြစ်ခဲ့တာ။ ကံကောင်းတာက စစ်သူကြီး ဝင်ကယ်လိုက်လို့ လွတ်သွားခဲ့တယ်။ " ဝေချွမ်က ပြောလိုက်သည်။

" တပ်မှူးဝမ်ယန်က မိန်းကလေးလား။ မဖြစ်နိုင်တာ။ " ကျန်းဟန်က တုန်လှုပ်စွာ ပြောလိုက်သည်။

" သူမနာမည်က ဝမ်ယန်ပဲ။ စစ်သေနာပတိချုပ်ရဲ့ သမီးပေါ့။ အဲ့ဒီတုန်းက ယန်အာကို ကယ်ပြီးတဲ့နောက်မှာ ငါတို့က တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်တွယ်သွားကြတယ်။ " ကျောက်ဖုန်းက ပြုံးပြီး ပြောလိုက်သည်။

" အဲ့လိုကိုး။ အဲ့ဒါကြောင့် ကျွန်တော်တို့ မသိခဲ့တာပဲ။ "

" အဲ့ဒီတုန်းက တပ်မှူးဝမ်ယန်က စစ်သေနာပတိချုပ်ရဲ့ သမီးပေါ့။ ဒါက တကယ်မယုံနိုင်စရာပဲ။ "

" ပြီးတော့ စစ်သူကြီးနဲ့တောင် ချစ်သူတွေ ဖြစ်သွားကြတယ်။ " တပ်မှူးအားလုံးက အံ့ဩတုန်လှု​ပ်သွားကြသည်။

" ကဲ မင်းတို့အားလုံး သွားနားကြတော့။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" နားလည်ပါပြီ။ " တပ်မှူးများက ကျောက်ဖုန်းကို ဦးညွှတ်ပြီး ထွက်ခွာသွားကြသည်။

" ဒီတိုက်ပွဲမှာ ရန်သူတွေ အများကြီးကို သတ်နိုင်ခဲ့တယ်။ စွမ်းရည်အမှတ်တွေ ကြည့်ရအောင်။ " ကျောက်ဖုန်းက မျှော်လင့်ချက်များနှင့် သူ၏ အချက်အလက်များကို စစ်ဆေးလိုက်သည်။

လင်းချန်းမြို့ကို သိမ်းသော တိုက်ပွဲတွင် ရန်သူနှစ်သောင်းကျော်ကို သတ်နိုင်ခဲ့ပြီး လျန်ပိုနှင့် တိုက်ပွဲတွင်လည်း စစ်သည်နှစ်သောင်းကျော်ကို သတ်နိုင်ခဲ့သည်။

" လက်အောက်ငယ်သားတွေ သတ်ခဲ့တဲ့ ရန်သူစုစုပေါင်း ၃၅၄၃၄၊ စွမ်းရည်အမှတ်စုစုပေါင်း ၁၄၁၇၃။ "

" အစစ်အမှန်ချီ ၁၇၆၂မှတ် ရရှိပါတယ်။ "

" ခွန်အား ၃၃၄၅မှတ် ရရှိပါတယ်။ "

" အမြန်နှုန်း ၃၁၄၀မှတ် ရရှိပါတယ်။ "

" ရုပ်ခန္ဓာ ၂၃၆၆မှတ် ရရှိပါတယ်။ "

" စိတ်ဝိညာဉ် ၂၀၄၆မှတ် ရရှိပါတယ်။ "

" သက်တမ်း ၃၆၂၄ရက် ရရှိပါတယ်။ "

စွမ်းရည်များကို ရယူလိုက်သည်နှင့် ၎င်းတို့အားလုံးက ကျောက်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ထည့်ပေါင်းခြင်း ခံလိုက်ရသည်။ ထိုအခိုက်အတန့်တွင် ကျောက်ဖုန်းက သူ၏ ဒန်တျန်ထဲမှ ချီစွမ်းအားများ ရုတ်တရက် ထိုးတက်လာသည်ကို ခံစားလိုက်ရပြီး သူ၏ စွမ်းရည်များက အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။

" လန်းဆန်းသွားတာပဲ။ ရန်သူတွေကို သတ်တာက စွမ်းရည်တွေ မြန်မြန်တိုးတက်စေတယ်။ ငါ့ရဲ့ စွမ်းအားကိုသာ ကျင့်စဉ်အဆင့်အဖြစ် ပြောင်းလဲလိုက်ရင် ဒီတစ်ခါ အဆင့်တွေ အများကြီး တက်သွားမှာပဲ။ ငါ သန်မာတဲ့ သိုင်းပညာရှင်တွေကို မတွေ့ဖူးသေးပေမယ့် အခုလက်ရှိစွမ်းရည်တွေနဲ့ဆိုရင် ဆရာသခင်တစ်ယောက်ကို သေအောင် ရိုက်သတ်နိုင်လောက်တယ်။ " ကျောက်ဖုန်းက သူ၏ စွမ်းအားများကို ခံစားရင်း စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၆၆)

ကျင့်ကြံသူများက ရှန်ထျန်းအဆင့်သို့ ရောက်ရှိပြီးနောက် သူတို့၏ ခန္ဓာကိုယ်များကို သန့်စင်ရန် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအားများကို အသုံးပြုကြသည်။ ကျောက်ဖုန်းက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်သာမက ကဏ္ဍာအားလုံးတွင် သန်မာလာခြင်းဖြစ်သည်။

" ဒီခွန်အားနဲ့ဆိုရင် ငါ ဒီကမ္ဘာပေါ်မှာ ဘယ်နေရာကိုမဆို သွားလို့ရပြီ။ ချင်မင်းဆက်ရဲ့ အဆုံးသတ်။ အနာဂတ်က အလားအလာကောင်းနေပြီ။ ဒါ့အပြင် ဒီတိုက်ပွဲမှာ ငါ့ရဲ့သက်တမ်းက ဆယ်နှစ်နီးပါး ရရှိခဲ့တယ်။ ငါက ကျင့်ကြံသူတွေလို ကျင့်ကြံပြီး သက်တမ်းမတိုးရင်တောင် ထာဝရအသက်ရှည်ခြင်းကို မျှော်လင့်လို့ရပြီ။ "

" ချင်းမင်းဆက်ရဲ့ အဆုံးသတ်မှာ မင်းဆက်တစ်ခုကို တည်ထောင်ဖြစ်ခဲ့ရင် အဆုံးမရှိ တိုးတက်မယ့် မိသားစုတစ်ခုကို ငါတည်ထောင်လို့ရပြီ။ " ကျောက်ဖုန်းက တွေးလိုက်သည်။

ယခုအချိန်တွင် ကျောက်ဖုန်းက ချင်နိုင်ငံ၏ စစ်ပွဲများကို အသုံးပြုပြီး သူ့ကိုသူ သန်မာအောင် လုပ်ဆောင်နေခြင်းဖြစိသည်။

နာမည် - ကျောက်ဖုန်း

အသက် - ၁၈နှစ်

အစစ်အမှန်ချီ - ၂၅၄၈

ခွန်အား - ၈၈၈၈

အမြန်နှုန်း - ၈၂၂၃

ရုပ်ခန္ဓာ - ၇၃၆၀

စိတ်ဝိညာဉ် - ၇၀၄၆

သက်တမ်း - ၁၅၅နှစ်

စွမ်းဆောင်မှုရမှတ် - ၅၆၃

သိုလှောင်နေရာ - ၅၉ ကုဗမီတာ

ကျင့်စဉ် - နဂါးဆင်ကျမ်း

သိုင်းပညာ - နဂါးနိုင်လက်ဝါး၊ ပေါက်ကွဲလက်သီး

" ဒီတစ်ခါ စွမ်းရည်အမှတ်တွေ အများကြီးတိုးလာတာကို ဆုလာဘ်မရဘူးလား။ ငါ့ရဲ့ အစစ်အမှန်ချီက နည်းနေသေးလို့ထင်တယ်။ အဲ့ဒါက အခြားစွမ်းရည်တွေကို မှီသွားမှ ဆုလာဘ်တွေရမယ်ထင်တယ်။ " ကျောက်ဖုန်းက စဉ်းစားလိုက်သည်။

" ဒီစစ်ပွဲပြီးရင် ငါ ခန္ဓာကိုယ်ထဲက ကြီးမားတဲ့ စွမ်းအားတွေကို ကျွမ်းကျင်အောင် လုပ်ဖို့ နေရာတစ်ခု ရှာရမယ်။ မဟုတ်ရင် ငါ့ရဲ့ လှုပ်ရှားမှုတစ်ခုတည်းနဲ့ လူတွေ သတ်မိနေလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။ သူက ကြောက်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ၎င်းတို့ကို လိုက်လျောညီထွေဖြစ်အောင် လေပကျင့်ရန် လိုအပ်လေသည်။

" ဟုတ်သားပဲ။ လျန်ပိုကို သတ်တုန်းက အဆင့်နှစ်ရတနာသေတ္တာကို ရလိုက်တာပဲ။ ရတနာသေတ္တာကို ဖွင့်မယ်။ " ကျောက်ဖုန်းက သတိရသွားသည်။

" အဆင့်နှစ်ရတနာသေတ္တာကို ဖွင့်နေပါတယ်။ "

" အဆင့်တစ် အဆင့်မြင့်စိတ်ဝိညာဉ်ပစ္စည်း စိတ်ဝိညာဉ်အစေ့တွေကို ရရှိပါတယ်။ "

" ကြည့်ရတာ အနာဂတ်မှာ ငါတည်ထောင်မယ့် နိုင်ငံက ထာဝရထွန်းကားနိုင်လိမ့်မယ်ထင်တယ်။ " ကျောက်ဖုန်းက ရတနာသေတ္တာထဲမှ ထွက်လာသော အရာကို ကြည့်ပြီ ပြုံးလိုက်သည်။

ရှန်းကျိုးကုန်းမြေတွင် ငတ်မွတ်မှုက ဟွာရှလူမျိုးများကို အမြဲတမ်း နှိပ်စက်နေခဲ့သော ဖြေရှင်းမရသည့် ပြဿနာတစ်ခု ဖြစ်နေခဲ့သည်။ မင်းဆက်များနှင့် လူချမ်းသာများကြောင့်သာမက သီးနှံအထွက်နှုန်းမကောင်းခြင်းကြောင့်လည်း ဖြစ်သည်။ သို့သော် စိတ်ဝိညာဉ်အစေ့က အနာဂတ်တွင် ထိုပြဿနာများကို ဖြေရှင်းပေးနိုင်ပေလိမ့်မည်။

မကြာမီ ညနေစောင်းသို့ ရောက်လာခဲ့သည်။

" စစ်သူကြီး စစ်သူကြီးယန်က စခန်းအပြင်ဘက်မှာ စောင့်နေပါတယ်။ " ကျန်းမင်က လာရောက်သတင်းပို့သည်။

" သူကို ဖိတ်ခေါ်လိုက်ပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။

မကြာမီ ယန်တွမ်ဟီက ကျောက်ဖုန်း၏ တဲထဲသို့ ဝင်လာသည်။

" စစ်သူကြီးကျောက် မင်းရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ ဒီနေ့မှပဲ တကယ်တွေ့ခွင့်ရတော့တယ်။ " ယန်တွမ်ဟီက လက်သီးလက်ဝါးဆုပ်၍ ကျောက်ဖုန်းကို နှုတ်ဆက်လိုက်သည်။

" စစ်သူကြီးယန်က မြှောက်ပင့်လွန်းနေပါပြီ။ စစ်သူကြီးယန်ရဲ့ နာမည်ကိုလည်း ကျုပ်ကြားဖူးနေတာ ကြာပါပြီ။ လန်ထျန်းစခန်းရဲ့ စစ်သူကြီးသုံးယောက်ထဲမှာ စစ်သူကြီးယန်က နံပါတ်တစ်အဆင့်ရှိတယ်လို့ ကျုပ်ကြားဖူးပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဟားဟား စစ်သူကြီးကျောက်က တကယ် ယဉ်ကျေးလွန်းပါတယ်။ " ယန်တွမ်ဟီက ရယ်မောလိုက်သည်။

" စစ်သူကြီးယန် ထိုင်ပါဦး။ " ကျောက်ဖုန်းက ဖိတ်ခေါ်လိုက်သည်။

" ဒါဆို ကျုပ်အားမနာတော့ဘူး။ " ယန်တွမ်ဟီက ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

" စစ်သူကြီးယန် ဘာကိစ္စရှိလို့လဲ။ "

" ကျုပ်က စစ်သူကြီးကျောက်ကို လေးစားနေတာကြာပါပြီ။ ယင်ချွမ်းခရိုင်ကနေ ဝေစစ်တပ်ကို အနိုင်ယူပြီး ကျောက်နိုင်ငံအထိ လမ်းဖောက်ခဲ့တယ်။ အခုဆိုရင် လျန်ပိုကိုတောင် ချေမှုန်းနိုင်ခဲ့တယ်။ ဒါက တကယ်ကြီးမားတဲ့ စွမ်းဆောင်မှုပဲ။ ကျုပ်က မင်းကို လာပြီး ဂုဏ်မပြုဘဲ ဘယ်နေနိုင်ပါ့မလဲ။ " ယန်တွမ်ဟီက ပြုံး၍ ပြောလိုက်သည်။

" စစ်သူကြီးယန်ကလည်း ဒီစစ်ဆင်ရေးမှာ စစ်ရေးအောင်မြင်မှုတွေ အများကြီးရထားတာပဲ။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။

" စစ်သူကြီးကျောက်ရဲ့ စစ်ရေးစွမ်းဆောင်မှုတွေနဲ့ယှဉ်ရင် ကျုပ်ရထားတာက ဘာမှမဟုတ်ပါဘူး။ စစ်သူကြီးကျောက်က ဝေဝူကျိကို အနိုင်ယူခဲ့တဲ့အပြင် အခုလည်း စစ်သည်သောင်းဂဏန်းနဲ့ လင်းချန်းမြို့ကို ထိုးဖောက်ပြီး ကျောက်နိုင်ငံအထိ လမ်းဖောက်နိုင်ခဲ့တယ်။ "

" စစ်သူကြီးယန် ဒီနေ့ မြို့သိမ်းတိုက်ပွဲ အခြေအနေ ဘယ်လိုရှိလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။

" မြို့ကို ခုခံနေတဲ့ ကျောက်စစ်သူကြီးက ယန်ကျူးပဲ။ သူက လျန်ပိုရဲ့ နေရာမှာ အစားထိုးဖို့ ကျောက်ဘုရင်က လွှတ်လိုက်တာပဲ။ သူက ကျောက်နိုင်ငံရဲ့ စစ်သေနာပတိချုပ်အသစ်လို့ ပြောလို့ရသလို စစ်တပ်ကို ကွပ်ကဲတဲ့နေရာမှာလည်း တကယ်အရည်အချင်းရှိတယ်။ ကျင်းယန်မြို့က တံတိုင်းတွေကလည်း မြင့်သလို အကာအကွယ်ကလည်း ထူထပ်တော့ ထိုးဖောက်ဖို့ မလွယ်ဘူး။ "

" ဒီတိုက်ပွဲမှာ ကျုပ်တို့ဘက်က အကျအဆုံး တော်တော်များလိမ့်မယ်။ " ယန်တွမ်ဟီက အမှန်အတိုင်း ပြောလိုက်သည်။

" မှန်တယ်။ ဒီတိုက်ပွဲက စစ်သေနာပတိချုပ်နဲ့ စစ်သူကြီးယန်တို့ရဲ့ အစီအစညာ်တွေပေါ်ပဲ မူတည်လိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။ ထိုစကားမှာ ကျင်းယန်မြို့ကို ထိုးဖောက်သည့် အောင်မြင်မှုအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဟုလည်း ဆိုလိုသည်။

" ဒီတိုက်ပွဲမှာ ကျုပ်က ကောင်းကောင်း တိုက်ခိုက်ပြပါမယ်။ ကျင်းယန်မြို့ကို ထိုးဖောက်ပြီးရင် ရှေ့က လမ်းကြောင်းက ပွင့်သွားပြီ။ အဲ့ဒီအချိန်ကျရင် စစ်သူကြီးကျောက်က ချင်နိုင်ငံအတွက် အောင်မြင်မှုတွေ ထပ်ယူနိုင်မှာပါ။ " ယန်တွမ်ဟီက ပြုံး၍ ပြောလိုက်သည်။

" ကျုပ်က စစ်သူကြီးယန် ကျင်းယန်မြို့ကို ထိုးဖောက်မှာကို စောင့်မျှော်နေပါမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

ကျင်းယန်မြို့။

" ဒီတိုက်ပွဲမှာ ချင်စစ်တပ်ရဲ့ တိုက်ခိုက်မှုက ပြင်းထန်တယ်လို့ ထင်ရပေမယ့် တကယ်တော့ အကဲစမ်းရုံပဲရှိသေးတယ်။ အစစ်အမှန်စစ်ပွဲက မဝေးတော့ဘူး။ " ယန်ကျူးက ပြောလိုက်သည်။

" လောလောဆယ် ချင်စစ်တပ်ရဲ့ စစ်သူကြီးတစ်ယောက်ပဲ ရှိသးတယ်။ နောက်တစ်ယောက် မရောက်သေးဘူး။ " ကျောက်တပ်မှူးတစ်ယောက်က ပြောလိုက်သည်။

" ငါ့မှာ ကျင်းယန်ကို ကာကွယ်ဖို့ စစ်သည်နှစ်သိန်းရှိတယ်။ ရိက္ခာတွေလည်း အပြည့်ရှိသလို မြို့တံတိုင်းတွေကလည်း မြင့်တယ်။ ချင်စစ်သူကြီးနှစ်ယောက်မကလို့ နောက်ထပ်နှစ်ယောက်လာရင်တောင် ငါတို့ ဘယကြောက်စရာမှမရှိဘူး။ " ယန်ကျူးက အေးစက်စွာ ပြောလိုက်သည်။

မြို့အတွင်းရှိ စစ်သည်အများစုက ခရိုင်စစ်သည်များဖြစ်ကြသော်လည်း မြို့ကို ခုခံခြင်းက သူတို့၏ အားနည်းချက်များကို အသားထိုးပေးနိုင်သည်။ စစ်သူကြီးယန်ကျူးက ကျောက်ယန်၏ လူယုံတစ်ယောက်ဖြစ်သော်လည်း အရည်အချင်းရှိသူတစ်ယောက်ဖြစ်သည်။

" အစီရင်ခံပါတယ်။ စစ်သေနာပတိချုပ် လျန်ပိုက တောင်ဘက်ကို စစ်သည်တွေ ရွှေ့ပြောင်းသွားတဲ့ အကြောင်းရင်းကို သိရပါပြီ။ " တပ်မှူးတစ်ယောက်က ပြေးဝက်လာသည်။

" ပြောစမ်း " ယန်ကျူးက ချက်ချင်း ပြောလိုက်သည်။ " ချင်စစ်သူကြီးကျောက်ဖုန်းက ဝေနိုင်ငံရဲ့ လင်းချန်းမြို့ကို ထိုးဖောက်ပြီး သူ့စစ်တပ်နဲ့ ကျောက်နိုင်ငံရဲ့ တောင်ဘက်ကို ဝင်လာတယ်။ စစ်သေနာပတိချုပ်လျန်ပိုက စစ်သူကြီးကျောက်ကို ရင်ဆိုင်ဖို့ စစ်တပ်ကို ဦးဆောင်သွားခဲ့တယ်။ အခုတော့...အခုတော့...." တပ်မှူး၏ မျက်နှာတွင် ဝမ်းနည်းသော အရိပ်အယောင်များ ပေါ်လာသည်။

" အခု ဘာဖြစ်တာလဲ ပြောစမ်း။ " ယန်ကျူး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

" စစ်သူကြီးလျန်ပိုက နိုင်ငံအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားပါပြီ။ သူ့ရဲ့ စစ်သည်နှစ်သောင်းကလည်း အပြတ်အသတ် ချေမှုန်းခြင်းခံလိုက်ရပါတယ်။ စစ်သူကြီးကျောက်ဖုန်း လက်ချက်နဲ့ အကုန်ကျဆုံးသွားပါပြီ။ " တပ်မှူးက စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။

" လင်းချန်းမြို့ ကျောက်ဖုန်းလား...." ယန်ကျူးက မှင်သက်သွားပြီးနောက် ချက်ချင်း နားလည်သွားသည်။

" ဝေဝူကျိက လင်းချန်းမြို့ကို ကာကွယ်ဖို့ ဘယ်လိုစစ်တပ်မျိုးကို လွှတ်လိုက်တာလဲ။ သူက အမှားအယွင်းမရှိစေရဘူးလို့ ပြောခဲ့တယ်မဟုတ်လား။ ကျောက်ဖုန်းက လင်းချန်းမြို့ကို ဘာလို့ထိုးဖောက်နိုင်ခဲ့တာလဲ။ ဝေနိုင်ငံ မင်းတို့က ငါတို့ကျောက်နိုင်ငံကို ဒုက္ခပေးလိုက်တာပဲ။ " ယန်ကျူးက ဒေါသတကြီး ပြောလိုက်သည်။

" စစ်သူကြီး အခု စစ်သေနာပတိချုပ် လျန်ပိုက ကျဆုံးသွားပြီ။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ စစ်သေနာပတိချုပ်ရဲ့ ရုပ်အလောင်းက ချင်စသ်တပ်ရဲ့ လက်ထဲရောက်နေပြီ။ ကျွန်တော်တို့ ဒီအတိုင်းပဲ ကြည့်နေမှာလား။ " တပ်မှူးများက ယန်ကျူးကို ကြည့်လိုက်ကြသည်။ သူတို့က လျန်ပို၏ အလောင်းကို ပြန်ယူချင်နေပုံရသည်။

" အရှင်မင်းကြီးက ငါတို့စစ်တပ်ကို ကျင်းယန်မြို့ မကျရှုံးအောင် ကာကွယ်ဖို့ အမိန့်ပေးထားတယ်။ မင်းတို့က မြို့ပြင်ထွက်ပြီး တိုက်ချင်တာလား။ ကျင်းယန်သာကျဆုံးသွားရင် ငါတို့က အရှင်မင်းကြီးကို ဖြေရှင်းချက်ပေးနိုင်မှာလဲ။ " ယန်ကျူးက အေးစက်စွာ ပြောလိုက်သည်။ လျန်ပို၏ ရုပ်အလောင်းကို သူဂရုမစိုက်ပေ။ သို့သော် ယခု လျန်ပိုက သေဆုံးသွားပြီဖြစ်ရာ သူ့ကို နောက်တစ်ကြိမ် အသုံးချနိုင်သည်။

" စစ်သေနာပတိချုပ်လျန်ပိုက ငါတို့ ကျောက်နိုင်ငံရဲ့ အဓိကထောက်တိုင်တစ်ခုပဲ။ ဒါကြောင့် စစ်သေနာပတိချုပ်ကို အလကားမသေစေရဘူး။ စစ်သေနာပတိချူပ် ကျဆုံးတဲ့သတင်းကို အားလုံးသိအောင် ပြောပြလိုက်။ ချင်လူမျိုးတွေရဲ့ ယုတ်မာရက်စက်မှုကို ကြေညာလိုက်။ "

" ငါတို့ ကျင်းယန်မြို့ကို သေတဲ့အထိ ကာကွယ်ရမယ်။ ချင်စစ်တပ်ကို ထိုးဖောက်ခွင့်မပေးနိုင်ဘူး။ ငါတို့ ကျောက်နိုင်ငံရဲ့ အထူးစစ်သည်တွေ ရောက်လာတဲ့အထိ စောင့်ရမယ်။ အဲ့ဒီအချိန်ကျရင် စစ်သေနာပတိချုပ်အတွက် လက်စားချေကြမယ်။ " ယန်ကျူးက ကျယ်လောင်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " တပ်မှူးအားလုံးက ပြန်ဖြေလိုက်ကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ချင်နိုင်ငံအပေါ် မုန်းတီးမှုနှင့် ဒေါသများ ပြည့်နှက်နေသည်။ ယန်ကျူးက လျန်ပို၏ အရှိန်အဝါကို အသုံးပြုပြီး စစ်တပ်တစ်ခုလုံး၏ တိုက်ခိုက်လိုစိတ်ိုု လှုံ့ဆော်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

All Chapters