← Chapters

အခန်း (၁၆၃)

Vol. 17 Ch. 163

အခန်း (၁၆၃)

Vol. 17 Ch. 163

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၆၃)

ကျင်းယန်မြို့အတွင်း။

" စစ်သူကြီး စစ်သေနာပတိချုပ် လျန်ပိုက သူ့ရဲ့ စစ်တပ်တွေကို တောင်ဘက်ကို ဦးဆောင်သွားနေပါတယ်။ " ကျောက်တပ်မှူးတစ်ယောက်က ယန်ကျူးကို အစီရင်ခံလိုက်သည်။

ထိုသတင်းကို ကြားသောအခါ ယန်ကျူးက ပထမဆုံး အံ့အားသင့်သွားပြီးနောက် ဒေါသထွက်သွားသည်။

" သူက တကယ်ပဲ တောင်ဘက်ကို ဆုတ်ခွာနေတာလား။ သူဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ဝေနိုင်ငံဆီ ထွက်ပြေးဖို့ ကြံနေတာလား။ နိုင်ငံကို သစ္စာဖောက်ချင်နေတာလား။ "

ယန်ကျူးက လျန်ပိုကို သေစေချင်သော်လည်း အရှေ့ဘက်တွင် တပ်စွဲထားသော လျန်ပို၏ စစ်တပ်က ချင်စစ်တပ်ကို တားဆီးရန် အကောင်းဆုံး အဟန့်အတားဖြစ်သည်ကို သူသိနေသည်။ ၎င်းက သူ၏ မြို့ခံစစ်အတွက် အကျိုးရှိလေသည်။

" စစ်သေနာပတိချုပ် လျန်ပိုက ကျောက်နိုင်ငံအပေါ် အမြဲတမ်း သစ္စာရှိခဲ့တာပဲ။ သူ ရုတ်တရက် ဆုတ်ခွာသွားတာက အကြောင်းရင်းတစ်ခု ရှိလောက်တယ်။ " တပ်မှူးတစ်ယောက်က ပြောလိုက်သည်။

" တောင်ဘက်မှာ ဝေနိုင်ငံကလွဲရင် ဘာရှိသေးလို့လဲ။ လျန်ပိုက သေမှာကြောက်လို့ ထွက်ပြေးသွားတာ ဖြစ်ရမယ်။ " ယန်ကျူးက ဒေါသတကြီး ပြောလိုက်သည်။

" လျန်ပိုနောက်ကို ချက်ချင်း လိုက်သွားစမ်း။ တကယ်လို့ သူက နိုင်ငံကို သစ္စာဖောက်ပြီး ထွက်ပြေးရဲရင် ကျောက်နိုင်ငံက သူ့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူးလို့ ပြောလိုက်။ "

" နားလည်ပါပြီ။ " ယန်ကျူး၏ ကိုယ်ရံတော်တစ်ယောက်က ချက်ချင်း ပြောလိုက်သည်။

ကျင်းယန်မြို့၏ တောင်ဘက်တွင် ချင်စစ်တပ်က ချီတက်လာနေသည်။ သူတို့၏ ချပ်ဝတ်များပေါ်တွင် လတ်ဆတ်သော သွေးများ ရှိနေဆဲ ဖြစ်ပြီး လင်းချန်းမြို့ကို ထိုးဖောက်က ကျောက်နိုင်ငံ၏ နယ်မြေထဲသို့ ချက်ချင်း ဝင်ရောက်လာခြင်းဖြစ်သည်။

ချင်စစ်တပ်၏ သတ်ဖြတ်လိုသော အငွေ့အသက်များကို ကြည့်ပြီး လျန်ပို၏ စိတ်ထဲတွင် အရိပ်မည်းကြီးတစ်ခု ဖုံးလွှမ်းသွားသည်။ သူနားလည်သွားခဲ့လေပြီ။ ချင်စစ်တပ်က ဝေစစ်တပ်ကို ချေမှုန်းပြီး လင်းချန်းမြို့မှ ချီတက်လာခြင်းဖြစ်သည်။

ချင်စစ်ကြောင်း၏ ရှေ့ဆုံးရှိ စစ်ရထားပေါ်မှ ပုံရိပ်ကို စိုက်ကြည့်ပြီး မည်သူဖြစ်သည်ကို လျန်ပိုက ချက်ချင်း သိလိုက်သည်။ သူက ဝေဝူကျိကို အနိုင်ယူခဲ့သော ချင်စစ်သူကြီး ကျောက်ဖုန်းပင် ဖြစ်သည်။

" စစ်သူကြီး ဒီကျောက်တပ်ဖွဲ့က အင်အားမများပေမယ့် သူတို့ရဲ့ စစ်ကြောင်းက စနစ်တကျ ရှိပါတယ်။ သူတို့က ကျောက်နိုင်ငံရဲ့ အထူးတပ်ဖွဲ့တွေဆိုတာ သိသာပါတယ်။ သူတို့က ဘာလို့ ကျင်းယန်မြို့ပြင်မှာ တပ်စွဲထားတာလဲ။ "

" ဖြစ်နိုင်တာ ငါတို့ ကျောက်နိုင်ငံကို ရောက်တဲ့ ပထမဆုံးနေ့မှာပဲ ငါးကြီးတစ်ကောင် ဖမ်းမိတော့မှာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်ပြီး သူ၏ လက်ကို မြှောက်လိုက်သည်။

ကျန်းမင်က ၎င်းကို မြင်သည်နှင့် ကျောက်ဖုန်း၏ ရည်ရွယ်ချက်ကို နားလည်ပြီး မြင်းဇက်ကြိုးကို ဆွဲကာ စစ်ရထားကို အရှေ့သို့ အရှိန်နှင့် မောင်းနှင်သွားသည်။

" စစ်သေနာပတိချုပ် ချင်စစ်ရထားတစ်စီး လာနေတယ်။ အဲ့ဒါက ချင်စစ်သူကြီး ဖြစ်လောက်တယ်။ " လျန်ပို၏ လက်ထောက်စစ်သူကြီးက ပြောလိုက်သည်။

" မပစ်သေးနဲ့ဦး။ " လျန်ပိုက လေးနက်စွာ အမိန့်ပေးလိုက်သည်။ " ဒိုင်းကာတွေဖွင့်လိုက်။ ငါသူ့ကို သွားတွေ့မယ်။ "

" နားလည်ပါပြီ။ " အရှေ့မှ ဒိုင်းတံတိုင်းက ပွင့်သွားပြီး လျန်ပို၏ စစ်ရထားက ရှေ့သို့ မောင်းထွက်သွားသည်။

စစ်တပ်နှစ်ခုကြားနေရာလွတ်တွင် စစ်ရထားနှစ်စီးက ပေအနည်းငယ်အကွာတွင် ရပ်သွားကြသည်။ ကျောက်ဖုန်းက အိုမင်းနေသော်လည်း ခန့်ညားသော မျက်နှာကို မြင်သောအခါ ချက်ချင်း သိလိုက်သည်။ သမိုင်းမှတ်တမ်းများအရ ပိုင်ချီကို မရှုံးနိမ့်ဘဲ ရင်ဆိုင်နိုင်ခဲ့သော လျန်ပိုပင် ဖြစ်သည်။

" ချင်နိုင်ငံက စစ်သူကြီးကျောက်ဖုန်းက စစ်သေနယပတိချုပ် လျန်ပိုကို အရိုအသေပေးပါတယ်။ " ကျောက်ဖုန်းက လက်သီးလက်ဝါးဆုပ်ပြီး လေးစားစွာဖြင့် ပြောလိုက်သည်။

ကျောက်ဖုန်း၏ စကားများကို ကြားသောအခါ လျန်ပိုက အပြင်ပိုင်းတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် တုန်လှု​ပ်သွားခဲ့သည်။

" ငါခန့်မှန်းတာ မမှားဘူး။ မင်းက တကယ်ကျောက်ဖုန်းပဲ။ "

" စစ်သေနာပတိချုပ်လို ကျော်ကြားတဲ့သူတစ်ယောက်က ကျုပ်နာမည်ကို မှတ်မိနေတာဟာ တကယ် ဂုဏ်ယူစရာပါပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

လျန်ပိုက သူ၏ ပြိုင်ဘက်ဖြစ်သော်လည်း ကျောက်ဖုန်းက သူ့ကို လေးစားထိုက်သော ပုဂ္ဂိုလ်တစ်ယောက်အဖြစ် မြင်လေသည်။ ဤခေတ်တွင် စစ်ပွဲများကြား၌ အမှားအမှန်ဟူ၍ မရှိပေ။ တစ်ဖက်မှ စစ်သူကြီးများက သူတို့၏ သခင်အသီးသီးကို အလုပ်အကျွေးပြုနေကြခြင်း ဖြစ်သည်။

" စစ်သူကြီးကျောက်က အရှင်ရှင်းလင်းကို အနိုင်ယူခဲ့တာကို မသိဘဲနေဖို့ ခက်ပါတယ်။ " လျန်ပိုက ပြောလိုက်သည်။ " ဒါပေမယ့် မင်းက လင်းချန်းမြို့ကို ဖောက်ထွက်ပြီး ကျောက်နိုင်ငံထဲကို ဒီလောက်မြန်မြန် ဝင်လာနိုင်လိမ့်မယ်လို့ ငါလုံးဝ မထင်ထားဘူး။ "

" ကျောက်ဖုန်းရောက်လာပြီဆိုတော့ ငါ့ကို ဝိုင်းဖို့ ဝမ်ကျန့်က သူ့ရဲ့ စစ်တပ်ကို စောင့်နေစရာမလိုတော့ဘူး။ ဒီနေ့က ငါ့ရဲ့ ကံကြမ္မာ အဆုံးသတ်နေ့ပဲ။ " လျန်ပိုက ခါးသီးစွာ တွေးလိုက်သည်။

" စစ်သေနာပတိချုပ်..." ကျောက်ဖုန်းက စကားပြောလိုက်သည်။ " စစ်သေနာပတိချုပ်က ကျောက်တပ်ဖွဲ့ကို ဦးဆောင်ပြီး ဘာလို့ ဒီမှာ တပ်စွဲထားလဲဆိုတာ ကျုပ်မသိပေမယ့် စစ်သေနာပတိချုပ်က ကျင်းယန်မှာလည်းမရှိဘူး။ ကျောက်နိုင်ငံရဲ့ ဘယ်မြို့မှာမှလည်း ရှိမနေဘူး။ ကြည့်ရတာ စစ်သေနာပတိချုပ်က ကျောက်နိုင်ငံရဲ့ မတရားဆက်ဆံတာကို ခံထားရပုံပဲ။ "

" ကျောက်ဖုန်း...." လျန်ပိုက အံ့အားသင့်သော အမူအရာနှင့် ပြောလိုက်သည်။ " မင်းရဲ့ ထိုးထွင်းသိမြင်မှုက မင်းရဲ့ ကျော်ကြားမှုနဲ့ ထိုက်တန်ပါတယ်။ ဒါလေးကို ကြည့်ရုံနဲ့ ငါ့ရဲ့ အခက်အခဲကို မင်းခန့်မှန်းနိုင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ "

" ချင်နိုင်ငံက တကယ်ပဲ ကောင်းကင်ဘုံရဲ့ စောင့်ရှောက်မှုကို ခံထားရတာပဲ။ အရင်က ပိုင်ချီနဲ့ ဝမ်ကျန့်တို့လို အင်အားကြီးတဲ့ စစ်သူကြီးတွေ ရှိခဲ့သလို အခု မင်းရှိနေပြန်ပြီ။ ကျောက်နိုင်ငံကတော့ ချင်နိုင်ငံကို မယှဉ်နိုင်တော့ပါဘူး။ "

" ဒါက ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးမှုလို့ မခေါ်ဘူး။ " ကျောက်ဖုန်းက ခေါင်းခါပြီး ပြောလိုက်သည်။ " ဒါက ချင်နိုင်ငံရဲ့ အောင်မြင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ဖြစ်သလို ပိုပြီး အရေးကြီးတာက အရှင်မင်းကြီးရဲ့ ထူးကဲတဲ့ အမြော်အမြင်နဲ့ ဗျူဟာတွေကြောင့်ပဲ။ "

" စစ်သေနာပတိချုပ်လည်း သိသင့်တာက ကျုပ်က ထောက်ပို့တပ်ဖွဲ့ကနေ တက်လှမ်းလာခဲ့တာပဲ။ တကယ်လို့ ဒါဟာ ကျောက်နိုင်ငံဆိုရင် ကျုပ်က စစ်သူကြီးဖြစ်လာဖို့ အခွင့်အရေးရှိမှာမဟုတ်ပါဘူး။ "

" ဖြစ်နိုင်ပါတယ်။ " လျန်ပိုက ငြင်းဆိုခြင်းမရှိဘဲ ပြောလိုက်သည်။

" စစ်သေနာပတိချုပ်က အသက်ကြီးနေပါပြီ။ အေးအေးဆေးဆေး အနားယူသင့်တဲ့ အရွယ်ပါ။ ကျုပ်က စစ်သေနာပတိချုပ်ကို အများကြီး လေးစားပါတယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ " စစ်သေနာပတိချုပ်မှာ ရွေးချယ်စရာ ရှိပါတယ်။ "

" ဒီအဖိုးကြီးက အိုနေပေမယ့် လေးကြိုးကိုတော့ ဆွဲနိုင်ပါသေးတယ်။ ငါက သစ္စာတရားနဲ့ ဖြောင့်မတ်မှုကို တန်ဖိုးထားတဲ့သူပါ။ " လျန်ပိုက ပြုံးပြီး ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ကျောက်ဖုန်းက သူ့ကို ထပ်ပြီး နားမချတော့ပေ။ သူက ထိုသမိုင်းဝင်ပုဂ္ဂိုလ်ကို သူဘက်ပါအောင် ဆွဲခေါ်ရန် မျှော်လင့်ခဲ့သည်။

" စစ်သေနာပတိချုပ်ရဲ့ သစ္စာတရားနဲ့ ဖြောင့်မတ်မှုတွေက လူမှားပေးမိနေတာပဲ။ " ကျောက်ဖုန်းက အထင်သေးစွာ ပြောလိုက်သည်။

" ကျောက်ဖုန်း မင်းက ချင်နိုင်ငံရဲ့ သူရဲကောင်းတစ်ယောက်ပါ။ " လျန်ပိုက ပြုံး၍ ပြောလိုက်သည်။ " မင်း လင်းချန်းမြို့ကို ဘယ်လိုဖောက်ထွက်ခဲ့လဲဆိုတာ ငါမသိဘူး။ ဒါပေမယ့် အခု ဒီနေရာမှာ မင်းနဲ့ တိုက်ခွင့်ရတာဟာ ဒီအဖိုးကြီးအတွင် ထိုက်တန်တဲ့ နောက်ဆုံးတိုက်ပွဲ ဖြစ်လာမှာပါ။ "

ကျောက်ဖုန်းက လျန်ပိုကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ စကားပြောလိုက်သည်။ " စစ်သေနာပတိချုပ်ရဲ့ သစ္စာရှိတဲ့ နှလုံးသားကို ကျုပ် လေးစားပါတယ်။ "

သူက အချက်ပြလိုက်သည်နှင့် ကျန်းမင်က စစ်ရထားကို လှည့်ပြီး ချင်စစ်တပ်ရှိရာသို့ ပြန်သွားခဲ့သည်။

ကျောက်ဖုန်း ထွက်သွားသည်ကို ကြည့်ပြီး လျန်ပိုက သက်ပြင်းချလိုက်သည်။ ထို့နောက် သူ၏ စစ်ရထားကလည်း ပြန်လှည့်ပြီး စစ်ကြောင်းဆီသို့ ပြန်သွားခဲ့သည်။

ကျောက်ဖုန်းက စစ်ရထားပေါ်မှ ဆင်းလိုက်ပြီး စစ်မြင်းပေါ်သို့ ခုန်တက်ကာ သူ၏ အာဏာရှင်လှံကို ကိုင်ထားသည်။

" ချင်စစ်သည်တို့..."

" ဟေ့ ဟေ့ ဟေ့...." ချင်စစ်သည်ငါးသောင်းက ဟိန်းဟောက် အော်ဟစ်လိုက်ကြသည်။

" ငါ့နောက်ကို လိုက်ပြီး တိုက်ခိုက်ကြ။ " ကျောက်ဖုန်းက ဟိန်းဟောက်လိုက်သည်။

" စစ်သူကြီးနောက်ကို လိုက်ပြီး သတ်ကြ..." ချင်စစ်သည်များက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ချီတက်သွားကြသည်။

" ကျောက်နိုင်ငံရဲ့ သူရဲကောင်းတို့ သတ်ကြ..." လျန်ပိုက သူ၏ ဓားကို မြှောက်ပြီး လေးနက်စွာ အမိန့်ပေးလိုက်သည်။

" စစ်သေနာပတိချုပ် အမိန်အတိုင်း သတ်ကြ...." ကျောက်စစ်သည်နှစ်သောင်းနီးပါးက ရှေ့သို့ ပြေးတက်သွားကြသည်။

စစ်တပ်နှစ်ခုလုံးက စနစ်တကျ ချီတက်လာပြီး တိုက်ပွဲက စတင်တော့သည်။ ချင်နိုင်ငံ၏ မြားများက ကောင်းကင်တွင် ပြည့်နှက်သွားပြီး ကျောက်စစ်သည်များက လဲကျကုန်သည်။ စစ်တပ်နှစ်ခုကြား အကွာအဝေးကလည်း အမြန်ဆုံးနီးကပ်သွားသည်။

၎င်းက နိုင်ငံနှစ်ခု၏ အထူးတပ်ဖွဲ့များကြားမှ တိုက်ပွဲတစ်ခုဖြစ်သည်။ သို့သော် တိုက်ပွဲမစခင်ကတည်းက ရလဒ်က ရှင်းနေပြီဖြစ်သည်။ လျန်ပိုနှင့် ကျောက်စစ်တပ်က သေချာပေါက် ရှုံးနိမ့်ခြင်းနှင့် ရင်တိုင်ရမည်ဖြစ်သည်။

ချင်စခန်း။

" စစ်သေနာပတိချုပ်ကို အစီရင်ခံပါတယ်။ ကင်းထောက်တွေရဲ့ အစီရင်ခံချက်အရ လျန်ပိုက ရန်သူတပ်ဖွဲ့တစ်ခုနဲ့ တိုက်ခိုက်နေပါတယ်။ " ယန်တွမ်ဟီက အလောတကြီး ဝင်လာပြီး ပြောလိုက်သည်။

" လျန်ပိုက တိုက်ပွဲဖြစ်နေတာလား။ " ဝမ်ကျန့်က ထိတ်လန့်သွားသည်။ သူင မြေပုံကို တစ်ချက်ကြည့်ပြီး သူ၏ အကြည့်က လင်းချန်းမြို့ပေါ်တွင် ရပ်တန့်သွားသည်။

" လျန်ပိုကို တိုက်နေတဲ့ စစ်တပ်က လင်းချန်းမြို့က လာတာဆိုရင် အားလုံးက အဖြေပေါ်သွားပြီ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

ယန်တွမ်ဟီက နားမလည်နိုင်ဖြစ်သွားသည်။ " လင်းချန်းမြို့ ကျောက်ဖုန်းလား။ ဒါပေမယ့် ခဏလေးပဲရှိသေးတာလေ။ သူက လင်းချန်းမြို့ကို ဘယ်လိုလုပ်ဒီလောက်မြန်မြန် သိမ်းနိုင်တာလဲ။ ဒါက မဖြစ်နိုင်လောက်ဘူး။ "

All Chapters