အခန်း (၁၆၆)
Vol. 17 Ch. 166
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၆၆)
ကျင့်ကြံသူများက ရှန်ထျန်းအဆင့်သို့ ရောက်ရှိပြီးနောက် သူတို့၏ ခန္ဓာကိုယ်များကို သန့်စင်ရန် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအားများကို အသုံးပြုကြသည်။ ကျောက်ဖုန်းက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်သာမက ကဏ္ဍာအားလုံးတွင် သန်မာလာခြင်းဖြစ်သည်။
" ဒီခွန်အားနဲ့ဆိုရင် ငါ ဒီကမ္ဘာပေါ်မှာ ဘယ်နေရာကိုမဆို သွားလို့ရပြီ။ ချင်မင်းဆက်ရဲ့ အဆုံးသတ်။ အနာဂတ်က အလားအလာကောင်းနေပြီ။ ဒါ့အပြင် ဒီတိုက်ပွဲမှာ ငါ့ရဲ့သက်တမ်းက ဆယ်နှစ်နီးပါး ရရှိခဲ့တယ်။ ငါက ကျင့်ကြံသူတွေလို ကျင့်ကြံပြီး သက်တမ်းမတိုးရင်တောင် ထာဝရအသက်ရှည်ခြင်းကို မျှော်လင့်လို့ရပြီ။ "
" ချင်းမင်းဆက်ရဲ့ အဆုံးသတ်မှာ မင်းဆက်တစ်ခုကို တည်ထောင်ဖြစ်ခဲ့ရင် အဆုံးမရှိ တိုးတက်မယ့် မိသားစုတစ်ခုကို ငါတည်ထောင်လို့ရပြီ။ " ကျောက်ဖုန်းက တွေးလိုက်သည်။
ယခုအချိန်တွင် ကျောက်ဖုန်းက ချင်နိုင်ငံ၏ စစ်ပွဲများကို အသုံးပြုပြီး သူ့ကိုသူ သန်မာအောင် လုပ်ဆောင်နေခြင်းဖြစိသည်။
နာမည် - ကျောက်ဖုန်း
အသက် - ၁၈နှစ်
အစစ်အမှန်ချီ - ၂၅၄၈
ခွန်အား - ၈၈၈၈
အမြန်နှုန်း - ၈၂၂၃
ရုပ်ခန္ဓာ - ၇၃၆၀
စိတ်ဝိညာဉ် - ၇၀၄၆
သက်တမ်း - ၁၅၅နှစ်
စွမ်းဆောင်မှုရမှတ် - ၅၆၃
သိုလှောင်နေရာ - ၅၉ ကုဗမီတာ
ကျင့်စဉ် - နဂါးဆင်ကျမ်း
သိုင်းပညာ - နဂါးနိုင်လက်ဝါး၊ ပေါက်ကွဲလက်သီး
" ဒီတစ်ခါ စွမ်းရည်အမှတ်တွေ အများကြီးတိုးလာတာကို ဆုလာဘ်မရဘူးလား။ ငါ့ရဲ့ အစစ်အမှန်ချီက နည်းနေသေးလို့ထင်တယ်။ အဲ့ဒါက အခြားစွမ်းရည်တွေကို မှီသွားမှ ဆုလာဘ်တွေရမယ်ထင်တယ်။ " ကျောက်ဖုန်းက စဉ်းစားလိုက်သည်။
" ဒီစစ်ပွဲပြီးရင် ငါ ခန္ဓာကိုယ်ထဲက ကြီးမားတဲ့ စွမ်းအားတွေကို ကျွမ်းကျင်အောင် လုပ်ဖို့ နေရာတစ်ခု ရှာရမယ်။ မဟုတ်ရင် ငါ့ရဲ့ လှုပ်ရှားမှုတစ်ခုတည်းနဲ့ လူတွေ သတ်မိနေလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။ သူက ကြောက်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ၎င်းတို့ကို လိုက်လျောညီထွေဖြစ်အောင် လေပကျင့်ရန် လိုအပ်လေသည်။
" ဟုတ်သားပဲ။ လျန်ပိုကို သတ်တုန်းက အဆင့်နှစ်ရတနာသေတ္တာကို ရလိုက်တာပဲ။ ရတနာသေတ္တာကို ဖွင့်မယ်။ " ကျောက်ဖုန်းက သတိရသွားသည်။
" အဆင့်နှစ်ရတနာသေတ္တာကို ဖွင့်နေပါတယ်။ "
" အဆင့်တစ် အဆင့်မြင့်စိတ်ဝိညာဉ်ပစ္စည်း စိတ်ဝိညာဉ်အစေ့တွေကို ရရှိပါတယ်။ "
" ကြည့်ရတာ အနာဂတ်မှာ ငါတည်ထောင်မယ့် နိုင်ငံက ထာဝရထွန်းကားနိုင်လိမ့်မယ်ထင်တယ်။ " ကျောက်ဖုန်းက ရတနာသေတ္တာထဲမှ ထွက်လာသော အရာကို ကြည့်ပြီ ပြုံးလိုက်သည်။
ရှန်းကျိုးကုန်းမြေတွင် ငတ်မွတ်မှုက ဟွာရှလူမျိုးများကို အမြဲတမ်း နှိပ်စက်နေခဲ့သော ဖြေရှင်းမရသည့် ပြဿနာတစ်ခု ဖြစ်နေခဲ့သည်။ မင်းဆက်များနှင့် လူချမ်းသာများကြောင့်သာမက သီးနှံအထွက်နှုန်းမကောင်းခြင်းကြောင့်လည်း ဖြစ်သည်။ သို့သော် စိတ်ဝိညာဉ်အစေ့က အနာဂတ်တွင် ထိုပြဿနာများကို ဖြေရှင်းပေးနိုင်ပေလိမ့်မည်။
မကြာမီ ညနေစောင်းသို့ ရောက်လာခဲ့သည်။
" စစ်သူကြီး စစ်သူကြီးယန်က စခန်းအပြင်ဘက်မှာ စောင့်နေပါတယ်။ " ကျန်းမင်က လာရောက်သတင်းပို့သည်။
" သူကို ဖိတ်ခေါ်လိုက်ပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
မကြာမီ ယန်တွမ်ဟီက ကျောက်ဖုန်း၏ တဲထဲသို့ ဝင်လာသည်။
" စစ်သူကြီးကျောက် မင်းရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ ဒီနေ့မှပဲ တကယ်တွေ့ခွင့်ရတော့တယ်။ " ယန်တွမ်ဟီက လက်သီးလက်ဝါးဆုပ်၍ ကျောက်ဖုန်းကို နှုတ်ဆက်လိုက်သည်။
" စစ်သူကြီးယန်က မြှောက်ပင့်လွန်းနေပါပြီ။ စစ်သူကြီးယန်ရဲ့ နာမည်ကိုလည်း ကျုပ်ကြားဖူးနေတာ ကြာပါပြီ။ လန်ထျန်းစခန်းရဲ့ စစ်သူကြီးသုံးယောက်ထဲမှာ စစ်သူကြီးယန်က နံပါတ်တစ်အဆင့်ရှိတယ်လို့ ကျုပ်ကြားဖူးပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဟားဟား စစ်သူကြီးကျောက်က တကယ် ယဉ်ကျေးလွန်းပါတယ်။ " ယန်တွမ်ဟီက ရယ်မောလိုက်သည်။
" စစ်သူကြီးယန် ထိုင်ပါဦး။ " ကျောက်ဖုန်းက ဖိတ်ခေါ်လိုက်သည်။
" ဒါဆို ကျုပ်အားမနာတော့ဘူး။ " ယန်တွမ်ဟီက ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
" စစ်သူကြီးယန် ဘာကိစ္စရှိလို့လဲ။ "
" ကျုပ်က စစ်သူကြီးကျောက်ကို လေးစားနေတာကြာပါပြီ။ ယင်ချွမ်းခရိုင်ကနေ ဝေစစ်တပ်ကို အနိုင်ယူပြီး ကျောက်နိုင်ငံအထိ လမ်းဖောက်ခဲ့တယ်။ အခုဆိုရင် လျန်ပိုကိုတောင် ချေမှုန်းနိုင်ခဲ့တယ်။ ဒါက တကယ်ကြီးမားတဲ့ စွမ်းဆောင်မှုပဲ။ ကျုပ်က မင်းကို လာပြီး ဂုဏ်မပြုဘဲ ဘယ်နေနိုင်ပါ့မလဲ။ " ယန်တွမ်ဟီက ပြုံး၍ ပြောလိုက်သည်။
" စစ်သူကြီးယန်ကလည်း ဒီစစ်ဆင်ရေးမှာ စစ်ရေးအောင်မြင်မှုတွေ အများကြီးရထားတာပဲ။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။
" စစ်သူကြီးကျောက်ရဲ့ စစ်ရေးစွမ်းဆောင်မှုတွေနဲ့ယှဉ်ရင် ကျုပ်ရထားတာက ဘာမှမဟုတ်ပါဘူး။ စစ်သူကြီးကျောက်က ဝေဝူကျိကို အနိုင်ယူခဲ့တဲ့အပြင် အခုလည်း စစ်သည်သောင်းဂဏန်းနဲ့ လင်းချန်းမြို့ကို ထိုးဖောက်ပြီး ကျောက်နိုင်ငံအထိ လမ်းဖောက်နိုင်ခဲ့တယ်။ "
" စစ်သူကြီးယန် ဒီနေ့ မြို့သိမ်းတိုက်ပွဲ အခြေအနေ ဘယ်လိုရှိလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။
" မြို့ကို ခုခံနေတဲ့ ကျောက်စစ်သူကြီးက ယန်ကျူးပဲ။ သူက လျန်ပိုရဲ့ နေရာမှာ အစားထိုးဖို့ ကျောက်ဘုရင်က လွှတ်လိုက်တာပဲ။ သူက ကျောက်နိုင်ငံရဲ့ စစ်သေနာပတိချုပ်အသစ်လို့ ပြောလို့ရသလို စစ်တပ်ကို ကွပ်ကဲတဲ့နေရာမှာလည်း တကယ်အရည်အချင်းရှိတယ်။ ကျင်းယန်မြို့က တံတိုင်းတွေကလည်း မြင့်သလို အကာအကွယ်ကလည်း ထူထပ်တော့ ထိုးဖောက်ဖို့ မလွယ်ဘူး။ "
" ဒီတိုက်ပွဲမှာ ကျုပ်တို့ဘက်က အကျအဆုံး တော်တော်များလိမ့်မယ်။ " ယန်တွမ်ဟီက အမှန်အတိုင်း ပြောလိုက်သည်။
" မှန်တယ်။ ဒီတိုက်ပွဲက စစ်သေနာပတိချုပ်နဲ့ စစ်သူကြီးယန်တို့ရဲ့ အစီအစညာ်တွေပေါ်ပဲ မူတည်လိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။ ထိုစကားမှာ ကျင်းယန်မြို့ကို ထိုးဖောက်သည့် အောင်မြင်မှုအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဟုလည်း ဆိုလိုသည်။
" ဒီတိုက်ပွဲမှာ ကျုပ်က ကောင်းကောင်း တိုက်ခိုက်ပြပါမယ်။ ကျင်းယန်မြို့ကို ထိုးဖောက်ပြီးရင် ရှေ့က လမ်းကြောင်းက ပွင့်သွားပြီ။ အဲ့ဒီအချိန်ကျရင် စစ်သူကြီးကျောက်က ချင်နိုင်ငံအတွက် အောင်မြင်မှုတွေ ထပ်ယူနိုင်မှာပါ။ " ယန်တွမ်ဟီက ပြုံး၍ ပြောလိုက်သည်။
" ကျုပ်က စစ်သူကြီးယန် ကျင်းယန်မြို့ကို ထိုးဖောက်မှာကို စောင့်မျှော်နေပါမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
ကျင်းယန်မြို့။
" ဒီတိုက်ပွဲမှာ ချင်စစ်တပ်ရဲ့ တိုက်ခိုက်မှုက ပြင်းထန်တယ်လို့ ထင်ရပေမယ့် တကယ်တော့ အကဲစမ်းရုံပဲရှိသေးတယ်။ အစစ်အမှန်စစ်ပွဲက မဝေးတော့ဘူး။ " ယန်ကျူးက ပြောလိုက်သည်။
" လောလောဆယ် ချင်စစ်တပ်ရဲ့ စစ်သူကြီးတစ်ယောက်ပဲ ရှိသးတယ်။ နောက်တစ်ယောက် မရောက်သေးဘူး။ " ကျောက်တပ်မှူးတစ်ယောက်က ပြောလိုက်သည်။
" ငါ့မှာ ကျင်းယန်ကို ကာကွယ်ဖို့ စစ်သည်နှစ်သိန်းရှိတယ်။ ရိက္ခာတွေလည်း အပြည့်ရှိသလို မြို့တံတိုင်းတွေကလည်း မြင့်တယ်။ ချင်စစ်သူကြီးနှစ်ယောက်မကလို့ နောက်ထပ်နှစ်ယောက်လာရင်တောင် ငါတို့ ဘယကြောက်စရာမှမရှိဘူး။ " ယန်ကျူးက အေးစက်စွာ ပြောလိုက်သည်။
မြို့အတွင်းရှိ စစ်သည်အများစုက ခရိုင်စစ်သည်များဖြစ်ကြသော်လည်း မြို့ကို ခုခံခြင်းက သူတို့၏ အားနည်းချက်များကို အသားထိုးပေးနိုင်သည်။ စစ်သူကြီးယန်ကျူးက ကျောက်ယန်၏ လူယုံတစ်ယောက်ဖြစ်သော်လည်း အရည်အချင်းရှိသူတစ်ယောက်ဖြစ်သည်။
" အစီရင်ခံပါတယ်။ စစ်သေနာပတိချုပ် လျန်ပိုက တောင်ဘက်ကို စစ်သည်တွေ ရွှေ့ပြောင်းသွားတဲ့ အကြောင်းရင်းကို သိရပါပြီ။ " တပ်မှူးတစ်ယောက်က ပြေးဝက်လာသည်။
" ပြောစမ်း " ယန်ကျူးက ချက်ချင်း ပြောလိုက်သည်။ " ချင်စစ်သူကြီးကျောက်ဖုန်းက ဝေနိုင်ငံရဲ့ လင်းချန်းမြို့ကို ထိုးဖောက်ပြီး သူ့စစ်တပ်နဲ့ ကျောက်နိုင်ငံရဲ့ တောင်ဘက်ကို ဝင်လာတယ်။ စစ်သေနာပတိချုပ်လျန်ပိုက စစ်သူကြီးကျောက်ကို ရင်ဆိုင်ဖို့ စစ်တပ်ကို ဦးဆောင်သွားခဲ့တယ်။ အခုတော့...အခုတော့...." တပ်မှူး၏ မျက်နှာတွင် ဝမ်းနည်းသော အရိပ်အယောင်များ ပေါ်လာသည်။
" အခု ဘာဖြစ်တာလဲ ပြောစမ်း။ " ယန်ကျူး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
" စစ်သူကြီးလျန်ပိုက နိုင်ငံအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားပါပြီ။ သူ့ရဲ့ စစ်သည်နှစ်သောင်းကလည်း အပြတ်အသတ် ချေမှုန်းခြင်းခံလိုက်ရပါတယ်။ စစ်သူကြီးကျောက်ဖုန်း လက်ချက်နဲ့ အကုန်ကျဆုံးသွားပါပြီ။ " တပ်မှူးက စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။
" လင်းချန်းမြို့ ကျောက်ဖုန်းလား...." ယန်ကျူးက မှင်သက်သွားပြီးနောက် ချက်ချင်း နားလည်သွားသည်။
" ဝေဝူကျိက လင်းချန်းမြို့ကို ကာကွယ်ဖို့ ဘယ်လိုစစ်တပ်မျိုးကို လွှတ်လိုက်တာလဲ။ သူက အမှားအယွင်းမရှိစေရဘူးလို့ ပြောခဲ့တယ်မဟုတ်လား။ ကျောက်ဖုန်းက လင်းချန်းမြို့ကို ဘာလို့ထိုးဖောက်နိုင်ခဲ့တာလဲ။ ဝေနိုင်ငံ မင်းတို့က ငါတို့ကျောက်နိုင်ငံကို ဒုက္ခပေးလိုက်တာပဲ။ " ယန်ကျူးက ဒေါသတကြီး ပြောလိုက်သည်။
" စစ်သူကြီး အခု စစ်သေနာပတိချုပ် လျန်ပိုက ကျဆုံးသွားပြီ။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ စစ်သေနာပတိချုပ်ရဲ့ ရုပ်အလောင်းက ချင်စသ်တပ်ရဲ့ လက်ထဲရောက်နေပြီ။ ကျွန်တော်တို့ ဒီအတိုင်းပဲ ကြည့်နေမှာလား။ " တပ်မှူးများက ယန်ကျူးကို ကြည့်လိုက်ကြသည်။ သူတို့က လျန်ပို၏ အလောင်းကို ပြန်ယူချင်နေပုံရသည်။
" အရှင်မင်းကြီးက ငါတို့စစ်တပ်ကို ကျင်းယန်မြို့ မကျရှုံးအောင် ကာကွယ်ဖို့ အမိန့်ပေးထားတယ်။ မင်းတို့က မြို့ပြင်ထွက်ပြီး တိုက်ချင်တာလား။ ကျင်းယန်သာကျဆုံးသွားရင် ငါတို့က အရှင်မင်းကြီးကို ဖြေရှင်းချက်ပေးနိုင်မှာလဲ။ " ယန်ကျူးက အေးစက်စွာ ပြောလိုက်သည်။ လျန်ပို၏ ရုပ်အလောင်းကို သူဂရုမစိုက်ပေ။ သို့သော် ယခု လျန်ပိုက သေဆုံးသွားပြီဖြစ်ရာ သူ့ကို နောက်တစ်ကြိမ် အသုံးချနိုင်သည်။
" စစ်သေနာပတိချုပ်လျန်ပိုက ငါတို့ ကျောက်နိုင်ငံရဲ့ အဓိကထောက်တိုင်တစ်ခုပဲ။ ဒါကြောင့် စစ်သေနာပတိချုပ်ကို အလကားမသေစေရဘူး။ စစ်သေနာပတိချူပ် ကျဆုံးတဲ့သတင်းကို အားလုံးသိအောင် ပြောပြလိုက်။ ချင်လူမျိုးတွေရဲ့ ယုတ်မာရက်စက်မှုကို ကြေညာလိုက်။ "
" ငါတို့ ကျင်းယန်မြို့ကို သေတဲ့အထိ ကာကွယ်ရမယ်။ ချင်စစ်တပ်ကို ထိုးဖောက်ခွင့်မပေးနိုင်ဘူး။ ငါတို့ ကျောက်နိုင်ငံရဲ့ အထူးစစ်သည်တွေ ရောက်လာတဲ့အထိ စောင့်ရမယ်။ အဲ့ဒီအချိန်ကျရင် စစ်သေနာပတိချုပ်အတွက် လက်စားချေကြမယ်။ " ယန်ကျူးက ကျယ်လောင်စွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ " တပ်မှူးအားလုံးက ပြန်ဖြေလိုက်ကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ချင်နိုင်ငံအပေါ် မုန်းတီးမှုနှင့် ဒေါသများ ပြည့်နှက်နေသည်။ ယန်ကျူးက လျန်ပို၏ အရှိန်အဝါကို အသုံးပြုပြီး စစ်တပ်တစ်ခုလုံး၏ တိုက်ခိုက်လိုစိတ်ိုု လှုံ့ဆော်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။