← Chapters

အခန်း (၁၆၈)

Vol. 17 Ch. 168

အခန်း (၁၆၈)

Vol. 17 Ch. 168

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၆၈)

" အရှင်မင်းကြီး ဒါက ကျွန်တော်တို့ ဝေနိုင်ငံအတွက် နောက်ဆုံး ရွေးချယ်စရာပဲ။ ကျွန်တော်မျိုးတို့ အခုမရွေးချယ်ရင် ချင်နိုင်ငံက သေချာပေါက် လာတိုက်မှာပဲ။ ဒါက ရှောင်လွှဲလို့မရတဲ့အရာပါ။ " ဝေဝူကျိက လေးနက်စွာ ပြောလိုက်သည်။

" ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဝေနိုင်ငံက ချင်နိုင်ငံကို ဘယ်တုန်းကမှ အသာစီးမရခဲ့ဘူးလေ။ ချင်နိုင်ငံရဲ့ လက်ထဲက နယ်မြေတွေကို ကျွန်တော်တို့ တကယ်ပဲ ပြန်သိမ်းနိုင်ပါ့မလား။ " ဝေဘုရင်က ယုံကြည်မှုကင်းမဲ့စွာ ပြောလိုက်သည်။

" ဆုံးဖြတ်ချက်က အရှင်မင်းကြီးအပေါ်မှာပဲ မူတည်ပါတယ်။ တကယ်လို့ အရှင်မင်းကြီး ကျွန်တော်မျိုးကို ယုံကြည်သေးရင် ကျွန်တော်မျိုးကိုယ်တိုင် ဦးဆောင်ပြီး ချင်နိုင်ငံကို ပြန်တိုက်မယ်။ တကယ်လို့ အရှင်မင်းကြီးက ခုခံချင်တယ်ဆိုရင် ကျွန်တော်မျိုး ဝေနိုင်ငံမကျရှုံးအောင် အသက်ပေးပြီး ကာကွယ်ပါမယ်။ " ဝေဝူကျိက ပြတ်သားစွာ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ဝေဘုရင်က စဉ်းစားခန်းဝင်သွားပြီး ဆုံးဖြတ်ရခက်သည့်ပုံပေါက်နေသည်။

" ဒီကိစ္စကို နောက်မှ ဆွေးနွေးကြတာပေါ့။ " ဝေဘုရင်က အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်မချခဲ့ပေ။

အကယ်၍ ချင်နိုင်ငံအပေါ် တိုက်ခိုက်မှုကျရှုံးခဲ့လျှင် ဝေနိုင်ငံအတွက် မည်သည့်အခွင့်အရေးမှ ရှိတော့မည်မဟုတ်ပေ။ ၎င်းကို မြင်သောအခါ ဝေဝူကျိက သက်ပြင်းချလိုက်သည်။ ပြန်လည်တိုက်ခိုက်ရန် နောက်ဆုံးအခွင့်အရေးလည်း ကုန်ဆုံးသွားပြီဖြစ်ကြောင်း သူနားလည်လိုက်သည်။ သူက ဝေဘုရင်၏ ရွေးချယ်မှုကိုလည်း နားလည်ပေသည်။ အကြောင်းမှာ လက်ရှိဝေနိုင်ငံက ချင်ကို ယှဉ်ပြိုင်နိုငသော အင်အားမရှိသောကြောင့် ဖြစ်သည်။

" ကျွန်တော်မျိုး နားလည်ပါပြီ။ " ဝေဝူကျိက ပြန်ဖြေလိုက်သည်။

" ဦးရီးတော် အခု ဝေနိုင်ငံရဲ့ ဘေးကင်းရေးနဲ့ ကျွန်တော်ရဲ့ ဘေးကင်းရေးက ဦးရီတော်အပေါ်မှာပဲ မူတည်နေပါတယ်။ ကျွန်တော်တို့ ချင်နိုင်ငံကို မတိုက်နိုင်ရင်တောင် သတိပေါ့လို့တော့မရဘူး။ ကျွန်တော်ရဲ့ ဝေနိုင်ငံက လက်ရှိစစ်အင်အားအားလုံးကို ဦးရီးတော်ပဲ ကွပ်ကဲလိုက်ပါ။ ဘယ်လိုခုခံရမလဲ ဝေနိုင်ငံကို ဘယ်လိုကာကွယ်ရမလဲ အားလုံးကို ဦးရီးတော်ပဲ ဆုံးဖြတ်ပါ။ "

" ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားပါမယ်။ " ဝေဝူကျိက ပြောလိုက်သည်။

" ကျောက်ဖုန်း... ချင်နိုင်ငံမှာ ဘယ်လိုလုပ် ဒီလိုလူမျိုးရှိနေတာလဲ။ လျန်ပိုတောင် သူ့လက်ထဲမှာ သေခဲ့ရတယ်။ လျန်ပိုမရှိဘဲ ကျောက်နိုင်ငံက ချင်နိုင်ငံကို တကယ်ပဲ ခုခံနိုင်ပါ့မလား။ " ဝေဝူကျိက စိတ်ထဲမှာ တွေးလိုက်သည်။

ချင်နိုင်ငံ၊ ရှန်းယန်မြို့တော်။

သံတမန်သတင်းပို့အဖွဲ့တစ်ဖွဲ့က ရှန်းယန်၏ လမ်းမကြီးပေါ်တွင် မြင်းများကို အပြင်းနှင်လာကြသည်။

" အောင်ပွဲသတင်း ကျောက်နိုင်ငံက အောင်ပွဲသတင်းရောက်လာပြီ။ ချင်နိုင်ငံရဲ့ စစ်သူကြီးကျောက်ဖုန်းက ကျင်းယန်မြို့ရဲ့ အပြင်ဘက်မှာ ကျောက်စစ်သေနာပတိချုပ်လျန်ပိုကို သတ်လိုက်ပါပြီ။ "

" အောင်ပွဲသတင်း ကျောက်နိုင်ငံက အောင်ပွဲသတင်းရောက်လာပြီ။ ချင်နိုင်ငံရဲ့ စစ်သူကြီးကျောက်ဖုန်းက ကျင်းယန်မြို့ရဲ့ အပြင်ဘက်မှာ ကျောက်စစ်သေနာပတိချုပ်လျန်ပိုကို သတ်လိုက်ပါပြီ။ "

ထိုသတင်းပို့သူအနည်းငယ်က မြို့ထဲသို့ ဝင်လာသည်နှင့် ချင်နိုင်ငံ၏ ကြီးကျယ်သော အောင်ပွဲကို ကျယ်လောင်စွာ ကြေညာလိုက်ကြသည်။ မရေတွက်နိုင်သော ပြည်သူများက ရပ်၍ နားထောင်နေကြသည်။

" ကျောက်စစ်သေနာပတိချုပ် လျန်ပိုက သေသွားပြီလား။ "

" စစ်သူကြီးကျောက်ဖုန်းက လျန်ပိုကို သတ်လိုက်တာတဲ့။ "

" စစ်သူကြီးကျောက်က စစ်သည်အင်အားနည်းနည်းနဲ့ ဝေမြို့ကို ကာကွယ်ပြီး ဝေဝူကျိကို အနိုင်ယူခဲ့တဲ့ သူပဲ။ "

" ဒါပေမယ့် သူက ဝေမြို့မှာမဟုတ်လား။ ဘယ်လိုလုပ် ကျောက်နိုင်ငံက တိုက်ပွဲကို ရောက်သွားတာလဲ။ "

" စစ်သူကြီးကျောက်ဖုန်းက အသက် ၁၆နှစ်မှာ တပ်မှူး၊ အသက် ၁၇နှစ်မှာ လက်ထောက်စစ်သူကြီး၊ အသက် ၁၈နှစ်မှာ စစ်သူကြီး ဖြစ်လာခဲ့တာပဲ။ သူက ချင်နိုင်ငံမှာ အသက်ငယ်ဆုံး စစ်သူကြီးပဲ။ "

ရှန်းယန်မြို့တစ်ခုလုံးက ကျောက်ဖုန်းအကြောင်း ဆွေးနွေးနေကြပြီး ကျောက်ဖုန်း၏ နာမည်က လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ကျောက်ဖုန်း၏ အတိတ်မှ အောင်မြင်မှုများကိုလည်း ပြည်သူများက လျင်မြန်စွာ သိသွားကြသည်။

နန်းတွင်းညီလာခံခန်းမ။

သံတမန်သတင်းပို့အဖွဲ့၏ ခေါင်းဆောင်က ခန်းမအတွင်းသို့ လျင်မြန်စွာ ဝင်ရေုက်လာသည်။

" ကျောက်နယ်မြေက အောင်ပွဲသတင်းတစ်ခု ရောက်လာပါပြီ။ စစ်သူကြီးကျောက်ဖုန်းက လင်းချန်းမြို့ကို ထိုးဖောက်နိုင်ခဲ့ပါတယ်။ ပြီးတော့ သူက ကျောက်နိုင်ငံ တောင်ဘက်က ချီတက်လာပြီး လျန်ပိုကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ပါတယ်။ အရှင်မင်းကြီး အသေးစိတ်အစီရင်ခံစာကို စစ်ဆေးပေးပါ။ " သံတမန်က ဦးညွှတ်လိုက်ပြီး ဝမ်ကျန့်ပေးပို့လိုက်သော အစီရင်ခံစာကို လက်နှစ်ဖက်နှင့် မြှောက်ထားသည်။

" ချက်ချင်း တင်ပြစမ်း။ " ရင်ကျန့်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ကျောက်ကောင်းက အစီရင်ခံစာကို လျင်မြန်စွာ သွားယူလိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် နန်းတွင်းမှ ဝန်ကြီးအားလုံးက မှင်သက်နေကြသည်။ ကျောက်ဖုန်းက လျန်ပိုကို သတ်လိုက်သည်ဟူသော စကားက နန်းတွင်းတစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့သည်။

" ကျောက်ဖုန်းက လျန်ပိုကို သတ်လိုက်တာလား။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "

" ကျောက်ဖုန်းက ဝေမြို့မှာ တပ်စွဲထားတာမဟုတ်လား။ သူက ကျောက်နယ်မြေကို ဘယ်လိုလုပ်ရောက်သွားတာလဲ။ ပြီးတော့ လင်းချန်းမြို့က ကျောက်နဲ့ဝေရဲ့ နယ်စပ်မြို့ပဲ။ ကျောက်ဖုန်းက လင်းချန်းမြို့ကို ဘာလို့တိုက်ခိုက်တာလဲ။ "

" ဝေမြို့က​ ကျောက်နိုင်ငံနဲ့ လီတစ်ထောင်ကျော် ဝေးတာ ကျောက်ဖုန်းက ကျောက်နယ်မြေကို ဘယ်လိုသွားခဲ့တာလဲ။ "

နန်းတွင်းမှဝန်ကြီးများက ဆွေးနွေးနေကြသည်။ ကျောက်ဖုန်းက ဝေနိုင်ငံကို တိုက်ခိုက်ရန် စစ်တပ်အား ဦးဆောင်သွားသည်ကို ယွီလျောင်က ရင်ကျန့်ကိုသာ တင်ပြခဲဘသည်။ ထို့ကြောင့် အခြားဝန်ကြီးများက ဘာမှမသိကြပေ။

" ကျောက်ဖုန်းကို ဆက်ပြီး ဖိနှိပ်ထားလို့မရတော့ဘူး။ ဝေဝူကျိကို အနိုင်ယူတာ လျန်ပိုကို သတ်တာ ဒီလိုအောင်မြင်မှုမျိုးကို ဘယ်သူကယှဉ်နိုင်မှာလဲ။ ကျောက်ဖုန်းသာ အောင်မြင်မှုတွေ ဆက်ပြီးရနေရင် သူက စစ်သေနာပတိချုပ်ဖြစ်လာဖို့ အရည်အချင်းရှိလာလိမ့်မယ်။ ပြီးတော့ အခုအချိန်မှာ ငါက သူ့ကို အပြစ်လုပ်မိပြီးသား ဖြစ်နေပြီ။ " ဝမ်ဝမ်က ထိတ်လန့်သွားသည်။

" ချွန်းယွီယွဲ့ မင်းက တကယ်ကပ်ဘေးပဲ။ မင်းက အကြောင်းပြချက်မရှိဘဲ မင်းသားအတွက် ရန်သူတစ်ယောက် ဖန်တီးပေးလိုက်တာပဲ။ " ဟွိုက်ကျွမ်းက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

ယွီလျောင်က ရင်ကျန့်ကို ကြည့်ပြီး ပြုံးလိုက်သည်။ " ငါတို့ သူ့ကို လျှော့မတွက်ခဲ့တာ တကယ်မှန်တာပဲ။ ကျောက်ဖုန်းက တကယ်ပဲ လင်းချန်းမြို့ကို ထိုးဖောက်ပြီး ကျောက်နယ်မြေထဲ ဝင်သွားနိုင်ခဲ့ပြီ။ အနာဂတ်မှာ စစ်စေနာပတိချုပ်ရာထူးက သူ့အတွက်ပဲ ဖြစ်လိမ့်မယ်။ "

ရင်ကျန့်က မျှော်လင့်ချက်များနှင့် အစီရင်ခံစာကို ယူပြီး ဖတ်လိုက်သည်။ အစီရင်ခံစာကို ဖတ်ပြီးနောက် သူက ပြုံးလိုက်သည်။

" ကောင်းတယ်။ အရမ်းကောင်းတယ်။ ငါတို့ ချင်နိုင်ငံမှာ အရည်အချင်းရှိတဲ့ စစ်သူကြီးတစ်ယောက် ထွက်ပေါ်လာပြီ။ "

" ဝန်ကြီးတို့ စစ်သူကြီးကျောက်ဖုန်းက စစ်သည်ခြောက်သောင်းကို ဦးဆောင်ပြီး ဝေမြို့ ၃၅မြို့ ဝေနယ်မြေ လီတစ်ထောင်ကျော်ကို သိမ်းပိုက်နိုင်ခဲ့တယ်။ ပြီးတော့ ယင်ချွမ်းကနေ ကျောက်နိုင်ငံကို လမ်းဖွင့်ပေးခဲ့တယ်။ သူက ကျောက်နယ်မြေထဲဝင်ပြီး လျန်ပိုနဲ့ စစ်သည်နှစ်သောင်းကို အပြတ်ရှင်းနိုင်ခဲ့တယ်။ ပြီးတော့ ကျောက်ဖုန်းကိုယ်တိုင် လျန်ပိုကို သတ်နိုင်ခဲ့တယ်။ "

" ဒီလိုတိုက်ပွဲရလဒ်မျိုး ဒီလိုကြီးကျယ်တဲ့ အောင်မြင်မှုမျိုး ကျောက်ဖုန်းကို ငါတို့ချင်နိုင်ငံရဲ့ အသန်မာဆုံး စစ်သူကြီးလို့ ခေါ်ဆိုနိုင်တယ်။ " ရင်ကျန့်က သူ၏ လက်ထဲမှ စစ်ရေးအစီရင်ခံစာကို မြှောက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" လျန်ပိုက စစ်သူကြီးကျောက်ဖုန်းလက်ချက်နဲ့ သေခဲ့ရပြီ။ ကျောက်နိုင်ငံက လက်တစ်ဖက် ဆုံးရှုံးသွားပြီ။ ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ " လီစီက ရှေ့ထွက်လာပြီး ပြောလိုက်သည်။

" အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ " ဝန်ကြီးများက တစ်ညီတစ်ညွှတ်တည်း အော်ဟစ်လိုက်ကြသည်။

" စစ်ရေးအစီရင်ခံစာကို ဖတ်ပြလိုက်။ ငါဘာလို့ ဒီလောက်ဝမ်းသာနေရလဲဆိုတယ မင်းတို့အားလုံး နားလည်သွားလိမ့်မယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

ကျောက်ကောင်းက အစီရင်ခံစာကို ယူပြီး ဝန်ကြီးများဘက်သို့ လှည့်ကာ စတင်ဖတ်ပြလိုက်သည်။ အစီရင်ခံစာထဲတွင် ကျောက်ဖုန်းက ဝေနယ်မြေအတွင်းသို့ တစ်ဆင့်ပြီးတစ်ဆင့် ချီတက်ခြင်း၊ သူ၏ အောင်မြင်မှုများနှင့် မြို့များကို ထိုးဖောက်သိမ်းပိုက်ခြင်းမှ ရရှိသော စွမ်းဆောင်မှုများကို အသေးစိတ်ဖော်ပြထားသည်။

ကျောက်ကောင်း၏ ဖတ်ကြားမှု ပြီးဆုံးသွားသောအခါ ကျောက်ဖုန်းက မည်ကဲ့သို့ ရန်သူများကို အောင်နိုင်ပြီး ကျောက်နိုင်ငံသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်ကို ရှင်းလင်းစွာ မြင်ယောင်သွားကြသည်။ ဝေစစ်တပ် ဆုတ်ခွာသွားပြီး ၄၆ရက်အတွင်း သူက ထိုမျှမယုံကြည်နိုင်စရာကောင်းသော စစ်ရေးစွမ်းဆောင်မှုများကို ရရှိခဲ့သည်။

" ဝေနိုင်ငံက မြို့ပေါင်းသုံးဆယ်ကျော်နဲ့ လီတစ်ထောင်ကျော်နယ်မြေကို သိမ်းယူဖို့ ၄၆ရက်ပဲ ကြာတယ်။ အဲ့ဒါက စစ်သည်ခြောက်သောင်းတည်းနဲ့လား။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "

" ချင်အတွက် မြို့ပေါင်းများစွာကို သိမ်းပိုက်ပြီး လျန်ပိုကို သတ်ဖြတ်ခဲ့တယ်။ ဒီလိုအောင်မြင်မှုမျိုးနဲ့ ကျောက်ဖုန်းက နောက်နှစ်အနည်းငယ်အတွင်းမှာ စစ်သေနာပတိချုပ် ဖြစ်လာနိုင်တယ်။ "

" ကျောက်ဖုန်းက မိတ်ဆွေဖွဲ့ရမယ့်လူမျိုးပဲ။ ရန်သူမလုပ်သင့်ဘူး။ "

" ဝန်ကြီးတို့ အစီရင်ခံစာကို ကြားတယ်မဟုတ်လား။ " ရင်ကျန့်က ဝန်ကြီးများကို ကြည့်ပြီး ရယ်မောလိုက်သည်။

"ကောင်းကင်ဘုံက ချင်ကို ကောင်းချီးပေးတာပဲ။ " လီစီက ချက်ချင်း ပြောလိုက်သည်။ " ဒီကောင်းချီးကြောင့် အရှင်မင်းကြီးက စစ်သူကြီးကျောက်လို အရည်အချင်းရှိတဲ့ စစ်သူကြီးတစ်ယောက်ကို ရလိုက်တာပဲ။ "

" မှန်တယ်။ ကောင်းကင်ဘုံက ချင်ကို ကောင်းချီးပေးတာပဲ။ အခု ချင်နိုင်ငံက ပိုင်ချီထက် မနိမ့်ကျတဲ့ စစ်သူကြီးတစ်ယောက်ကို ရလိုက်တာပဲ။ " ရင်​ကျန့်က ရယ်မောပြီး ပြောလိုက်သည်။

" အရှင်မင်းကြီးက ကျောက်ဖုန်းကို ပိုင်ချီနဲ့ နှိုင်းယှဉ်နေတာပဲ။ သူက အရှင်မင်းကြီးအတွက် အဲ့လောက်တောင် အရေးပါတာလား။ ကျောက်ဖုန်းနဲ့ ငါတို့ကြားက ဆက်ဆံရေးကို ပြန်ပြုပြင်ဖို့ ကြိုးစားကြည့်ရမယ်။ မန်မိသားစုကို ဆုံးရှုံးရမယ်ဆိုရင်တောင် သူကို မင်းသားဖုစုနဲ့ ရန်သူဖြစ်ခွင့်မပြုနိုင်ဘူး။ " ဝမ်ဝမ်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

All Chapters