← Chapters

အခန်း (၁၆၉)

Vol. 17 Ch. 169

အခန်း (၁၆၉)

Vol. 17 Ch. 169

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့ယ

အခန်း (၁၆၉)

ဟန်ဖေးက ဝမ်ဝမ်၏ အမူအရာကို ကြည့်ပြီး စိတ်ထဲမှ ရယ်မောလိုက်သည်။ သူက ချင်နိုင်ငံသို့ ရောက်သည်မှာ တစ်နှစ်ရှိပြီဖြစ်သည်။ သူက ဝန်ကြီးကိုးယောက်အဆင့်သို့ မရောက်သေးသော်လည်း သူတို့ထက် တစ်ဆင့်နိမ့်သော ပြည်ထဲရေးဝန်ကြီးရာထူးကို ရရှိထားသည်။

သို့သော် သူက နန်းတွင်းရှိ မည်သည့်အုပ်စုနှင့်မျှ မပူးပေါင်းဘဲ သူ့လမ်းသူလျှောက်ရန်သာ ဆန္ဒရှိသည်။ ၎င်းက ဟန်ဖေး၏ ဂုဏ်သိက္ခာပင် ဖြစ်သည်။ သူ၏ လေးစားမှုနှင့် ထိုက်တန်သော မိတ်ဆွေအဖြစ် သတ်မှတ်ထားသူမှာ ကျောက်ဖုန်းပင်ဖြစ်သည်။

" ဝန်ကြီးယွီ ကျောက်ဖုန်းက နောက်တစ်ကြိမ် ကြီးမားတဲ့ စွမ်းဆောင်မှု လုပ်ခဲ့ပြန်ပြီ။ သူ့ကို ဘယ်လိုဆုလာဘ်မျိုး ပေးသင့်လဲ။ " ရင်ကျန့်က ယွီလျောင်ကို ကြည့်ပြီး မေးလိုက်သည်။

" ဝေမြို့တိုက်ပွဲတုန်းက အရှင်မင်းကြီးက စစ်သူကြီးကျောက်ကို ပင်မစစ်သူကြီးအဖြစ် ရာထူးတိုးပေးပြီးပါပြီ။ အခု စစ်သူကြီးကျောက်က ကျွန်တော်တို့ရဲ့ ချင်နိုင်ငံအတွက် မြို့ပေါင်းများစွာကို သိမ်းပိုက်ပေးပြီး လျန်ပိုကိုလည်း ကွပ်မျက်ခဲ့တယ်။ ဒါကလည်း နောက်ထပ် ကြီးမားတဲ့ စွမ်းဆောင်မှုနှစ်ခုပဲ။ ဒါက စစ်သူကြီးကျောက်ကို ဘွဲ့ထူးနှစ်ဆင့် ရာထူးတိုးပေးနိုင်မယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။

" ဝန်ကြီးယွီရဲ့ အဆိုပြုချက်အပေါ် မင်းတို့အားလုံး ဘယ်လိုထင်ကြလဲ။ " ရင်ကျန့်က ဝန်ကြီးများကို ကြည့်ပြီး မေးလိုက်သည်။

နန်းတော်တစ်ခုလုံးက သဘောတူကြောင်း ပြောတော့မည့်အချိန်တွင် ချွန်းယွီယွဲ့က ဆက်လက်မထိန်းချုပ်နိုင်တော့ဘဲ ရှေ့သို့ တိုးထွက်လာသည်။

" အရှင်မင်းကြီး စစ်သူကြီးကျောက်ဖုန်းကို ရာထူးမပေးခင် ထည့်သွင်းစဉ်းစားရမယ့် နောက်ထပ်အချက်တစ်ချက် ရှိနေပါတယ်။ ကျောက်ဖုန်းကို သူ့ရဲ့ တာဝန်ကို စွန့်ခွာပြီး ဝေကို တိုက်ခိုက်ဖို့ စစ်အင်အားသုံးခွင့် ဘယ်သူပေးထားလို့လဲ။ အရှင်မင်းကြီးက ယန်နိုင်ငံရဲ့ တောင်းဆိုမှုကို တုန့်ပြန်တဲ့အနေနဲ့ ကျောက်နိုင်ငံကို တိုက်ခိုက်ဖို့ တော်ဝင်အမိန့်ထုတ်ပြန်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးက တရားမျှတပါတယ်။ "

" ကျောက်ဖုန်းက ခွင့်ပြုချက်မရှိဘဲ စစ်အင်အားသုံးတာက ကျင့်ဝတ်ကို ချိုးဖောက်တာပဲ။ သူ့ရဲ့ ပြစ်မှုအပေါ် အရှင်မင်းကြီးအနေနဲ့ သေချာပြန်စဉ်းစားပေးဖို့ ကျွန်တော်မျိုး အသနားခံပါတယ်။ "

သူစကားပြောလိုက်သည်နှင့် ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့၏ အမူအရာက ပြောင်းလဲသွားသည်။

" ငတုံးပဲ...." မြေခွေးအိုကြီးနှစ်ယောက်က စိတ်ထဲမှ ကျိန်ဆဲလိုက်ကြသည်။ အကယ်၍ ကျောက်ဖုန်း၏ စစ်ဆင်ရေးက ရှုံးနိမ့်မှုနှင့် အဆုံးသတ်ခဲ့လျှင် ခွင့်ပြုချက်မရှိဘဲ စစ်အင်အားသုံးသည့် ပြစ်မှုကို ဆွေးနွေးနိုင်ပေသည်။

သို့သော် ယခု ကျောက်ဖုန်းက ကြီးမားသော စွမ်းဆောင်မှုများကို ရရှိခဲ့ပြီဖြစ်သည်။ သူက ချင်နိုင်ငံအတွက် နယ်မြေများကို သိမ်းပိုက်ပေးရုံသာမက လျန်ပိုကိုလည်း ကွပ်မျက်နိုင်ခဲ့သည်။

ရင်ကျန့်၏ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားပြီး သူ၏ အမူအရာက မဲမှောင်သွားသည်။

" မင်းဘာပြောလိုက်တာလဲ။ " ရင်ကျန့်က မျက်မှောင်ကြုတ်ပြီး အေးစက်စွာ မေးလိုက်သည်။

" ကျောက်ဖုန်းကို အပြစ်ပေးဖို့ စဉ်းစားရမှာဟုတ်လား။ ငါနားကြားမှားသွားတာလား ဒါမှမဟုတ် မင်းပြောတာ မှားသွားတာလား။ " သူ၏ စကားများက ချွန်းယွီယွဲ့အား သူ၏ စကားကို ပြန်လည်စဉ်းစားရန် နောက်ထပ်အခွင့်အရေးပေးလိုက်ခြင်းဖြစ်သည်။

" အရှင်မင်းကြီး " ဝမ်ဝမ်က ချက်ချင်း ရှေ့သို့တိုးပြီး ပြောလိုက်သည်။ " ဆရာကြီးချွန်းပြောတာ မှားသွားတာပါ။ စစ်သူကြီးကျောက်က တော်ဝင်အမိန့်အရ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဝေမြို့မှာ စစ်တပ်ကို အမိန့်ပေးဖို့ အကြွင်းမဲ့အာဏာရှိခဲ့ပါတယ်။ ဒါက တာဝန်ပျက်ကွက်မှုလို့ မယူဆနိုင်ပါဘူး။ "

၎င်းကို မြင်သောအခါ ချွန်းယွီယွဲ့က စကားပြောရန်ပြင်လိုက်သော်လည်း ဟွိုက်ကျွမ်းက သူ့ကို သတိပေးသော အကြည့်ဖြင့် ကြည့်ပြီး ရှေ့သို့ တိုးလာသည်။

" ဝန်ကြီးဝမ်ပြောတာ လုံးဝမှန်ပါတယ်။ ဆရာကြီးချွန်းက အလေးအနက်မထားဘဲ ပြောလိုက်မိတာပါ။ သူက စစ်ရေးကိစ္စတွေ နားမလည်လို့ပါ။ သူ့စကားတွေကို စိတ်ထဲမထားဖို့ အရှင်မင်းကြီးကို တောင်းဆိုပါတယ်။ "

" စစ်သူကြီးကျောက်ဖုန်းက ချင်နိုင်ငံအတွက် ကြီးမားတဲ့ စွမ်းဆောင်မှုတွေ လုပ်ခဲ့တာမလို့ ဆုလာဘ်ပေးဖို့ ထိုက်တန်ပါတယ်။ " ဖုစုက ရှေ့ထွက်ပြီး ရိုးသားစွာ ပြောလိုက်သည်။ " သားတော်ကိုယ်တိုင် ကျောက်နိုင်ငံကို သွားရောက်ပြီး ခမည်းတော်ရဲ့ အမိန့်အတိုင်း စစ်သူကြီးကျောက်ကို ဆုလာဘ်တွေပေးဖို့ ဆန္ဒရှိပါတယ်။ "

ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး စိတ်ထဲမှ ဝမ်းသာသွားကြသည်။ ၎င်းက ကျောက်ဖုန်းကို သူတို့ဘက်သို့ ပါအောင် ဆွဲခေါ်နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်နိုင်လေသည်။ အကယ်၍ ၎င်းက မအောင်မြင်ခဲ့လျှင်တောင် အနည်းဆုံးတော့ ကျောက်ဖုန်းက သူတို့ကို ရန်သူအဖြစ် သတ်မှတ်တော့မည်မဟုတ်ပေ။

ဖုစု၏ စကားကို ကြားသောအခါ ရင်ကျန့်က သူ့ကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှ မဲမှောင်နေသော အမူအရာက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မထင်ရှားသော အပြုံးတစ်ခု ပေါ်လာသည်။

" ကျောက်နယ်မြေက ချင်ရဲ့ သိမ်းပိုက်ခြင်းကို မခံရသေးဘူး။ ပြီးတော့ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတုန်းပဲ။ မင်းသွားရဲလို့လား။ " ရင်ကျန့်က စမ်းသပ်သည့် လေသံနှင့် ပြောလိုက်သည်။

" သားတော်က ခမည်းတော်ရဲ့ သားတော်ဖြစ်သလို ချင်တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်လို့ ဘာကိုမှမကြောက်ပါဘူး။ " ဖုစုက ပြတ်သားသော အမူအရာနှင့် ပြောလိုက်သည်။

" ကောင်းပြီ။ " ရင်ကျန့်က ဖုစု၏ မတူညီသော အခြားဘက်တစ်ခြမ်းကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

" တော်ဝင်အမိန့်ကို ရေးသားစေ။ ကျောက်ဖုန်းက ချင်နိုင်ငံရဲ့ နယ်မြေကို ချဲ့ထွင်ပေးခဲ့တယ်။ သူက ကျောက်နိုင်ငံရဲ့ စစ်သေနာပတိချုပ် လျန်ပိုကိုလည်း ကွပ်မျက်ခဲ့တယ်။ ဒီကြီးမြတ်တဲ့ စွမ်းဆောင်မှုနှစ်ခုအတွက် သူ့ကို ဘွဲ့ထူးနှစ်ဆင့် တိုးမြှင့်စေ။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။

" အရှင်မင်းကြီးက အမြော်အမြင်ကြီးလှပါတယ်။ " ဝန်ကြီးများက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။

" အရှင်မင်းကြီး ​ကျွန်တော်မျိုးလည်း စစ်သူကြီးကျောက်ကို ဆုလာဘ်ပေးဖို့အတွက် မင်းသားနဲ့အတူ ကျောက်နယ်မြေကို လိုက်သွားလိုပါတယ်။ " ဟန်ဖေးက ရှေ့တိုးပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ရင်ကျန့်က ဟန်ဖေးကို အံ့ဩစွာ ကြည့်လိုက်သည်။ ချင်နိုင်ငံသို့ ရောက်ကတည်းက ဟန်ဖေးက သူ၏ တာဝန်များကို လုံ့လစိုက်ထုတ်ခဲ့ပြီး ကိစ္စရပ်တိုင်းကို စနစ်တကျ ကိုင်တွယ်ခဲ့သည်။

ဟန်ဖေးက ယွီလျောင်ကဲ့သို့ တစ်ယောက်တည်းသာ နေထိုင်ပြီး နန်းတွင်းတွင် လူမသိသူမသိ ပုံရိပ်မျိုးသာဖြစ်သည်။ ယနေ့တွင် သူပြောသော စကားများက မမျှော်လင့်ထားသော ကိစ္စဖြစ်သည်။

" ဝန်ကြီးဟန် တောင်းဆိုတာက ရှားတယ်။ ငါခွင့်ပြုတယ်။ " ရင်ကျန့်က ပြုံး၍ လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " ဟန်ဖေးက ဦးညွှတ်ပြီး ပြန်ပြောလိုက်သည်။

" ဖုစု.... "

" သားတော်ရှိပါတယ်။ " ဖုစုက ချက်ချင်း ပြန်ပြောလိုက်သည်။

" မင်း ကျောက်နယ်မြေကို ရောက်တဲ့အခါ ငါ့ကိုယ်စား ဝမ်ကျန့်ကို သတင်းစကားတစ်ခု ပြောလိုက်ပါ။ စစ်မြေပြင်က တိုက်ခိုက်သတ်ဖြတ်မှုတွေနဲ့ ပက်သက်ပြီး ငါက မေးခွန်းထုတ်မှာမဟုတ်ဘူး။ ငါကိုယ်တိုင် ဟန်တန်မြို့တော်ကို မကြာခင် လာရောက်လည်ပတ်နိုင်ဖို့ မျှော်လင့်တယ်။ " ရင်ကျန်က ပြောလိုက်သည်။

၎င်းက ဟန်နိုင်ငံကို ဖျက်ဆီးခြင်းနှင့်မတူပေ။ ကျောက်နိုင်ငံကို အမြစ်ပြတ်ချေမှုန်းရန်မှာ ရင်ကျန့် အလိုလားဆုံးအရာဖြစ်ပြီး သူ၏ စွဲလမ်းမှုတစ်ခုလည်း ဖြစ်သည်။ ဟန်တန်က တစ်ချိန်က သူ့အတွက် အရှက်ရစရာ နယ်မြေတစ်ခုဖြစ်ခဲ့သည်။

ကျောက်နိုင်ငံကို ဖျက်ဆီးရန်မှာ ချင်၏ တစ်ကမ္ဘာလုံးကို စုစည်းရန်အတွက်ကြောင့်သာမက လက်စားချေရန်အတွက်လည်း ဖြစ်သည်။ သူက ကျောက်နိုင်ငံကို ချေမှုန်းပြီး ကျောက်ယန်ကို သူ၏ ခြေဖဝါးအောက်တွင် နင်းခြေပစ်မည်ဖြစ်သည်။

" သားတော် ခမည်းတော်ရဲ့ စကားတွေကို စစ်သူကြီးဝမ်ကျန့်ကို ပြောလိုက်ပါမယ်။ " ဖုစုက ပြန်ပြောလိုက်သည်။

" ဝန်ကြီးယွီ... တိုက်နယ်မြေရဲ့ အခြေအနေ ဘယ်လိုရှိပလဲ။ "

" စိတ်မပူပါနဲ့ အရှင်မင်းကြီး။ " ယွီလျောင်က ပြုံး၍ အစီရင်ခံလိုက်သည်။ " စစ်သူကြီးမုန့်ဝူနဲ့ သူ့သားတို့က တိုက်နယ်မြေမှာ တပ်စွဲထားကြတော့ လီမုရဲ့ နှစ်သိန်းရှိတဲ့ နယ်ခြားစောင့်တပ်ဖွဲ့က တောင်ဘက်ကို ဆင်းလာဖို့ အခွင့်အရေးမရှိပါဘူး။ ကျွန်တော်မျိုး စစ်သေနာပတိချုပ်မုန့်ဝူနဲ့ အဆက်အသွယ်မပြတ် ရှိနေပါတယ်။ "

" ကောင်းပြီ။ " ရင်ကျန့်က ခေါင်းညိမ့်ပြီး ဝန်ကြီးများဘက်သို့ လှည့်လိုက်သည်။ " နောက်ထပ်တင်ပြစရာရှိသေးလား။ "

" ကျွန်တော်မျိုးတို့မှာ တင်ပြစရာမရှိတော့ပါဘူး။ " ဝန်ကြီးများက ပြန်ပြောလိုက်ကြသည်။

" ဒါဆို ညီလာခံသိမ်းမယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ထရပ်ပြီး ခန်းမထဲမှ ထွက်ခွာသွားခဲ့သည်။

" ညီအကိုဟန် " လီစီက ဟန်ဖေး၏ လမ်းကို ပတ်ပြီး ပြောလိုက်သည်။

" ဘာကိစ္စလဲ။ " ဟန်ဖေးက အေးစက်စွာ မေးလိုက်သည်။

လီစီက မပြန်ကြသေးသော ဝန်ကြီးများကို တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ " ငါတို့ သီးသန့်စကားပြောလို့ရမလား။ "

ဟန်ဖေးက ခေါင်းညိမ့်ပြီး လီစီနောက်မှ လိုက်ပါသွားသည်။

" မင်း ကျောက်နယ်မြေကို သွားတာ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်လား။ ဒါမှမဟုတ် အခြားကိစ္စတစ်ခုကြောင့်လား။ " လီစီက ပြုံး၍ မေးလိုက်သည်။

" အဲ့ဒါ ဘာကွာခြားသွားလို့လဲ။ " ဟန်ဖေးက သူ့ကို လှည့်ကြည့်လိုက်သည်။

" မင်းဆန္ဒရှိမယ်ဆိုရင် ငါတို့ ကျောင်းနေဖက် သူငယ်ချင်းသံယောဇဉ်ကို ထောက်ထားပြီး ဝမ်ဝမ်နဲ့ ချွန်းယွီယွဲ့တို့က သူ့ကို ဘယ်လိုဖိနှိပ်ဖို့ ကြံစည်ခဲ့တယ်ဆိုတာ ကျောက်ဖုန်းသိအောင် ပြောပြပေးနိုင်မလား။ " လီစီက ပြောလိုက်သည်။

" ဘာလို့လဲ။ " ဟန်ဖေးက လီစီကို ကြည့်လိုက်သည်။

" ဖုစုက တော်ဝင်မိသားစုနဲ့ ဝန်ကြီးဟောင်းတွေရဲ့ ထောက်ခံမှုကို ရထားတယ်။ သူ ကျောက်နယ်မြေကို သွားဖို့ တောင်းဆိုရတဲ့ အကြောင်းရင်းက ကျောက်ဖုန်းကို သူ့ဘက်ပါအောင် ဆွဲဆောင်ဖို့နဲ့ သူတို့ကြားက အဖုအထစ်တွေကို ပြန်ဖြေရှင်းဖို့ပဲ။ "

" တကယ်လို့ ဖုစုသာ အောင်မြင်သွားရင် ကျောက်ဖုန်းကို သူ့ဘက်ပါအောင် ဆွဲဆောင်နိုင်လိမ့်မယ်။ "

All Chapters