← Chapters

အခန်း (၈၄၇-၈၄၈)

Vol. 85 Ch. 847-848

အခန်း (၈၄၇-၈၄၈)

Vol. 85 Ch. 847-848

ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၄၇ + ၈၄၈)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

တုပိုင် ရုတ်တရက် အတန်းခေါင်းဆောင် ဖြစ်လာချိန်တွင် ယဲ့ဟိုင်ထန်လည်း ဒုတိယအတန်းခေါင်းဆောင် ဖြစ်လာကာ သူ၏တာဝန်များကို ကူညီပေးခဲ့၏။ ထိုအကြောင်းပြချက်ဖြင့် သူမ တုပိုင်အနားသို့ ချဉ်းကပ်ကာ အတန်းကိစ္စများ ဆွေးနွေးရန် အခွင့်အရေး ရလာခဲ့သည်။

သို့သော်လည်း သူမ စိတ်ပျက်ခဲ့ရ၏။ တုပိုင်၏ အဖြေမှာ အမြဲတမ်း "မင်းဘာသာပဲ ကြည့်လုပ်လိုက်ပါ" ဟူ၍သာ ဖြစ်ပြီး သူ စာသင်ခြင်းကိုလည်း စိတ်မဝင်စားချေ။ နေ့စဉ်နှင့်အမျှ တောင်တွေးမြောက်တွေးဖြင့်သာ အချိန်ကုန်လေ့ရှိပြီး မဖြစ်နိုင်သည့် အရာများကိုသာ စိတ်ကူးယဉ်နေတတ်သည်။

ဆယ်ကျော်သက်အရွယ်တွင် တုပိုင် မည်သူ့ကိုမျှ ဂရုမစိုက်တတ်သော ပါရမီရှင်တစ်ဦး ဖြစ်ခဲ့၏။ အတန်းဖော်များနှင့် အဆက်အဆံ သိပ်မရှိသလို သူတို့၏ နာမည်များကိုပင် ရေရေရာရာ မသိချေ။ သူ၏ တစ်ဦးတည်းသော သူငယ်ချင်း ၊ တစ်ဦးတည်းသော အပေါင်းအဖော်မှာ လီရှောင်ချန်သာ ဖြစ်သည်။

လီရှောင်ချန်မှာ စာမေးပွဲအမှတ် အလွန်ကောင်းမွန်သူဖြစ်ပြီး အတန်းထဲတွင် အမြဲတမ်း အဆင့်သုံးချိတ်ကာ တစ်ကျောင်းလုံးတွင်လည်း အဆင့်ငါးအတွင်း ဝင်သူဖြစ်သည်။ တုပိုင်တို့ တက်ရောက်နေသော အထက်တန်းကျောင်းမှာ ပြည်နယ်၏ ထိပ်တန်းကျောင်းတစ်ကျောင်း ဖြစ်ကြောင်းကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်၏။

တုပိုင်နှင့် ယှဉ်လိုက်ပါက လီရှောင်ချန်မှာ သာမန်လူတစ်ယောက်သာ ဖြစ်သည်။ သူ အရပ်ပုကာ ခါးအနည်းငယ် ကိုင်းနေပြီး အသားမည်းကာ ရုပ်ဆိုး၏။ စာကြိုးစားခြင်းမှလွဲ၍ အခြားဝါသနာ ဘာမျှမရှိသလို အလွန်လည်း ဆင်းရဲသဖြင့် မိမိကိုယ်ကို အမြဲတမ်း နှိမ့်ချထားတတ်သည်။ သူနှင့် တုပိုင် သူငယ်ချင်းဖြစ်လာရခြင်းမှာ မိဘမဲ့ဂေဟာတွင် အတူကြီးပြင်းလာခဲ့ကြသောကြောင့်ဖြစ်ပြီး သူသည် တုပိုင်၏ နောက်လိုက်တစ်ဦး အမြဲဖြစ်ခဲ့သည်။ အသက်သုံးနှစ်အရွယ်မှ တက္ကသိုလ်တက်သည်အထိ ဆယ်နှစ်ကျော်တိုင်တိုင် တုပိုင်၏ နောက်ကောက်ကောက်ပါအောင် တိတ်တဆိတ် လိုက်ပါနေခဲ့ခြင်းဖြစ်၏။

တုပိုင်သာ သူ့ကို စကားမပြောပါက သူ ထမင်းငတ်သွားနိုင်ခြေရှိသည်။ နှစ်ဦးစလုံးမှာ မိဘမဲ့များ ဖြစ်ကြသဖြင့် ကျောင်းလခနှင့် အခြားစရိတ်များ အခမဲ့ဖြစ်ကာ ကျောင်းမှ ထမင်းစရိတ် ထောက်ပံ့ပေးသော်ငြား အမှန်တကယ်တွင် လောက်ငခြင်းမရှိဘဲ ထမင်းဖြူနှင့် သနပ်ကိုသာ စားရလေ့ရှိသည်။

သို့သော် တုပိုင် အထက်တန်းကျောင်းသားဘဝတွင် အတော်လေး ချမ်းသာခဲ့၏။

သူ တစ်လလျှင် ဆောင်းပါး လေးငါးပုဒ်ခန့် ရေးသားပြီး Legends, Storytelling, Youth Digest ကဲ့သို့သော မဂ္ဂဇင်းများသို့ ပို့လေ့ရှိရာ ငွေထောင်ချီ လွယ်ကူစွာ ရရှိသည်။ မည်သို့ပင်ဆိုစေကာမူ သူ စိတ်ကူးယဉ် ဖန်တီးရေးသားရုံသာဖြစ်ပြီး အထူးသဖြင့် Youth Digest မဂ္ဂဇင်းတွင် မိမိကိုယ်ကို အမျိုးသမီးတစ်ဦးအဖြစ် ခံယူ၍ပင် အကြိမ်ကြိမ် ရေးသားဖူးသည်။ ထို့ကြောင့် တုပိုင် မိမိကိုယ်တိုင်သာမက လီရှောင်ချန်ကိုပါ ထောက်ပံ့ပေးထားနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုနှစ်များအတွင်း သူသည် တုပိုင်၏ နောက်မှ အမြဲလိုက်ကာ အတူတူစားသောက်ကြ ၊ အဆောင်အတူတူပြန်ကြ ၊ အခန်းအတူတူငှားကြပြီး ဗီဒီယိုရုံသို့လည်း အတူတူ သွားလေ့ရှိကြသည်။ သူသည် တုပိုင်၏ အမြီးလေးတစ်ချောင်းကဲ့သို့ စကားတစ်ခွန်းမျှမဟဘဲ နောက်မှ အမြဲတမ်း လိုက်ပါနေခဲ့၏။

အထက်တန်းကျောင်းတက်စဉ်က တုပိုင် နံနက်စာနှင့် သရေစာများကို ဝယ်ယူစားသောက်ရန် မလိုခဲ့ပေ။ နေ့စဉ် နံနက်တိုင်း သူ၏ စားပွဲအံဆွဲထဲတွင် နံနက်စာ အမျိုးမျိုး ရှိနေတတ်သည်။ တစ်ပတ်လျှင် အနည်းဆုံး ချောကလက် ဆယ်ခုကျော် ရရှိတတ်ပြီး ထိုအရာများအားလုံးကို အတန်းထဲရှိ မိန်းကလေးများနှင့် ဘေးဘက်အတန်းမှ မိန်းကလေးများကပါ လျှို့ဝှက်စွာ လာရောက် ထည့်ထားပေးကြခြင်း ဖြစ်၏။ တုပိုင် ထိုမုန့်များကို ဝန်လေးခြင်းမရှိဘဲ စားသောက်လေ့ရှိပြီး တစ်ဝက်ကို လီရှောင်ချန်အား ပေးလေ့ရှိသည်။

သို့သော်လည်း တုပိုင်နှင့် လီရှောင်ချန်တို့ကြားတွင် စကားပြောဆိုမှု အလွန်နည်းပါးပြီး တစ်ခါတစ်ရံ တစ်နေ့လုံးနေမှ စကားအနည်းငယ်မျှသာ ပြောဖြစ်ကြ၏။

တစ်ခါက လီရှောင်ချန် သူ့ထံလာပြီး မေးဖူးသည်ကို တုပိုင် မှတ်မိနေသေး၏။ "အတန်းခေါင်းဆောင် ယဲ့ဟိုင်ထန်က ငါ့ကို သဘောကျနေတာလား မသိဘူးကွ။ သူ ငါ့ကို ခဏခဏ လှမ်းကြည့်နေတယ်။"

တုပိုင် အံ့အားသင့်သွားပြီး ပြန်ဖြေခဲ့သည်။ "ငါလည်း မသိဘူးလေကွာ"

အမှန်တကယ်တွင် ယဲ့ဟိုင်ထန် တုပိုင်အား ခိုးကြည့်နေခြင်းဖြစ်သော်လည်း လီရှောင်ချန်မှာ တုပိုင်၏ အမြီးလေးကဲ့သို့ အမြဲကပ်နေသဖြင့် သူ့အား ကြည့်နေသည်ဟု အထင်မှားသွားခဲ့ခြင်း ဖြစ်ရာ အတော်လေး သနားစရာကောင်းလှ၏။

အထက်တန်းကျောင်းသားဘဝတွင် တုပိုင် ရည်းစား များများစားစား မထားခဲ့သလို ယဲ့ဟိုင်ထန်ကိုလည်း မလှပဟု ထင်သောကြောင့် သဘောမကျခဲ့ပေ။ အထက်တန်း ဒုတိယနှစ်တွင်မူ တုပိုင် ကျောင်း၏ အလှဘုရင်မအဖြစ် သတ်မှတ်ခံထားရသော အလွန်လှပသည့် စီနီယာအစ်မကြီးတစ်ဦးနှင့် ရက်အနည်းငယ်ကြာ ချစ်သူဖြစ်ခဲ့ဖူးသည်။ သူမသည် အားကစားလိုက်စားသူ ဖြစ်သဖြင့် ရှည်လျားသော ခြေတံအစုံရှိပြီး ခန္ဓာကိုယ် ဖွံ့ဖြိုးမှုလည်း စောလေသည်။

ထိုအချိန်က တုပိုင် ကျောင်းပြေးကာ ဗီဒီယိုရုံသို့ သွားတတ်နေပြီ ဖြစ်သည်။ ဗီဒီယိုရုံထဲတွင် ဟောင်ကောင်မှ ၁၈ နှစ်အောက် မကြည့်ရ ဇာတ်ကားများ ပြည့်နှက်နေတတ်ရာ တုပိုင်တစ်ယောက် သွေးဆူနေခဲ့သည်။ ထို့ကြောင့်ပင် တတိယနှစ်မှ ခန္ဓာကိုယ် စောစီးစွာ ဖွံ့ဖြိုးနေသော ထိုလှပသည့် စီနီယာအစ်မကြီးကို မြှူဆွယ်ခဲ့ခြင်းဖြစ်၏။

ချစ်သူဖြစ်ပြီးနောက် ပထမဆုံးအကြိမ် တုပိုင်တောင်းဆိုသည်မှာ အနမ်း မဟုတ်ခဲ့ချေ။ ထိုဇာတ်ကားများကို ကြည့်ပြီးနောက် သူသည် အနမ်းထက် အမျိုးသမီးများ၏ ခန္ဓာကိုယ်ကိုသာ ပို၍ စိတ်ဝင်စားနေခဲ့သည်။ ရလဒ်အနေဖြင့် တစ်နေ့တွင် သူ စီနီယာအစ်မကြီး၏ ဘောင်းဘီကို ချွတ်လိုက်သောအခါ သူမ၏ တင်ပါးသည် အနည်းငယ် မည်းနေပြီး အစက်အပြောက်များ ရှိနေကာ အပြာကားထဲရှိ အမျိုးသမီးများကဲ့သို့ ဖြူဖွေးချောမွေ့နေခြင်း မရှိသည်ကို တွေ့လိုက်ရ၏။

ထိုအရာက တုပိုင်ကို အလွန် စိတ်ပျက်သွားစေခဲ့သည်။ သူ စိတ်ကူးယဉ်ထားသည်နှင့် လုံးဝ ကွာခြားလွန်းနေပြီး အမျိုးသမီးများအပေါ် ထားရှိသည့် သူ၏ အမြင်ကောင်းများကို အကုန် ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားခဲ့၏။

မျက်နှာလေးမှာ ဤမျှ ဖြူစင်လှပနေပါလျက် တင်ပါးတွင်မူ မည်သည့်အတွက်ကြောင့် အမည်းကွက်များနှင့် အစက်အပြောက်များ ရှိနေရသနည်း။ စိတ်ကူးနှင့် လက်တွေ့မှာ ကွာခြားလွန်းလှပေသည်။

ဤသို့ဖြင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အဆုံးသတ်သွားခဲ့ရပြီး စီနီယာအစ်မကြီးမှာ ငိုယိုကာ တုပိုင်အား ရူးနေသလားဟု အော်ဟစ်ဆဲဆိုခဲ့သည်။

သေချာသည်မှာ နောက်ပိုင်းတွင် သူ၏ အချစ်ဦးဖြစ်သူ ရန်ယဲ့ရှောင်ကဲ့သို့ မျက်နှာလေးလည်း နုနယ်လှပကာ ခန္ဓာကိုယ်တစ်ခုလုံး ဖြူဖွေးချောမွေ့နေသည့် အမျိုးသမီးများ ရှိကြောင်းကို သူ သိလာခဲ့ရသည်။ အချိန်အတော်ကြာပြီးနောက်ပိုင်းတွင်မူ အလွန်လှပသော အမျိုးသမီးများစွာ၏ တင်ပါးများတွင်လည်း အမည်းကွက်များ ရှိတတ်ကြောင်း နားလည်လာခဲ့သဖြင့် အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ် ချောမွေ့ဖြူစင်ခြင်း ရှိ ၊ မရှိကို တုပိုင် သိပ်ပြီး ဂရုမစိုက်တော့ပေ။

ယဲ့ဟိုင်ထန်အကြောင်းကို ပြန်ပြောရလျှင် သူမသည် တုပိုင်အား နှစ်နှစ်ကျော်ကြာ တိတ်တဆိတ် စွဲလမ်းနေခဲ့သော်လည်း ချစ်သဝဏ်လွှာ တစ်စောင်မျှပင် မပေးရဲခဲ့ချေ။

သို့သော် တုပိုင်ကမူ သူဖန်တီးနေသော ဇာတ်လမ်းများ၏ စိတ်ကူးယဉ်ကမ္ဘာထဲတွင်သာ ယစ်မူးနေဆဲဖြစ်ကာ ပြီးပြည့်စုံသော အမျိုးသမီးများကိုသာ စိတ်ကူးယဉ်နေခဲ့၏။ ထိုပြီးပြည့်စုံသော အမျိုးသမီးများ၏ စရိုက်လက္ခဏာများမှာ ဝတ္ထုဇာတ်ကောင်များထံမှ ရယူထားပြီး မျက်နှာသွင်ပြင်ကို စိတ်ကူးယဉ် ဖန်တီးထားကာ ခန္ဓာကိုယ်အချိုးအစားကိုမူ ဟောင်ကောင်ရုပ်ရှင်များထဲမှ မင်းသမီးများအတိုင်း ပုံဖော်ထားခြင်း ဖြစ်သည်။

သူမ ခိုးချစ်နေသည်ကို အနည်းငယ် ရိပ်မိခဲ့သော်လည်း တုပိုင် အထူးတလည် ဂရုမစိုက်ခဲ့ချေ။

နောက်ပိုင်း အထက်တန်း တတိယနှစ်သို့ ရောက်သောအခါ ကျောင်း၌ ဆိုးရွားလှသော အရှုပ်တော်ပုံတစ်ခု ဖြစ်ပွားခဲ့သည်။ ဒုတိယအတန်းခေါင်းဆောင် ယဲ့ဟိုင်ထန် ကိုယ်ဝန်ရသွားခဲ့ခြင်းပင်။

ဆရာများနှင့် ကျောင်းအုပ်ကြီးမှာ အလွန်တုန်လှုပ်သွားခဲ့ကြ၏။ ဤမျှ လိမ္မာရေးခြားရှိပြီး အမှတ်ကောင်းသော ကျောင်းသူတစ်ဦး ကိုယ်ဝန်ရသွားသည်လော။

ကျောင်းအုပ်ကြီးနှင့် ဆရာများသည် ထိုကျောင်းသူလေးကို ကာကွယ်ပေးရန် ဆုံးဖြတ်ခဲ့ကြပြီး ယဲ့ဟိုင်ထန်၏ မိဘများကိုခေါ်ကာ ကလေးကို ဖျက်ချရန်နှင့် ကလေးအဖေ မည်သူဖြစ်ကြောင်း စုံစမ်းရန် တိုက်တွန်းခဲ့ကြသည်။

ယဲ့ဟိုင်ထန်၏ မိဘများကမူ သူမကို လူပုံအလယ်တွင် ကန်ကျောက် ရိုက်နှက်ခဲ့ကြပြီး ထိုကောင်လေး မည်သူဖြစ်ကြောင်း အတင်းအကျပ် မေးမြန်းကာ ရိုက်သတ်ပစ်မည်ဟု ကြိမ်းဝါးခဲ့ကြ၏။

သို့သော် ယဲ့ဟိုင်ထန်မှာ အလွန် ခေါင်းမာလှ၏။ ထိုကောင်လေး မည်သူဖြစ်ကြောင်း ဖွင့်မပြောခဲ့သည့်အပြင် ကလေးကိုလည်း လုံးဝ ဖျက်ချခြင်း မရှိခဲ့ချေ။ ထို့ကြောင့် ကျောင်းဘက်မှလည်း အခြားရွေးချယ်စရာ မရှိတော့ဘဲ သူမကို ကျောင်းထုတ်ပစ်လိုက်ရတော့သည်။

မကြာမီမှာပင် သူမ ရေကန်ဆည်ထဲ ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း ကောလာဟလများ ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်က တုပိုင် အလွန် စိတ်မကောင်းဖြစ်ခဲ့ရ၏။ မည်သို့ပင်ဆိုစေ လူ့အသက်တစ်ချောင်း ဆုံးရှုံးသွားရခြင်း မဟုတ်ပါလား။ အတန်းပိုင်ဆရာနှင့် ကျောင်းအုပ်ကြီးမှာလည်း အလွန် ဝမ်းနည်းခဲ့ကြသည်။ အတန်းပိုင်ဆရာသည် ရက်အတော်ကြာ ကျောင်းမလာနိုင်ခဲ့သလို ကျောင်းအုပ်ကြီးမှာလည်း ကျောင်းသားများအပေါ် ကြမ်းတမ်းစွာ ကိုင်တွယ်ဖြေရှင်းသည်ဟုဆိုကာ အထက်မှ အပြစ်ပေးခြင်းကို ခံခဲ့ရသည်။

ယခုအချိန်တွင်မူ တုပိုင်သည် ဝိညာဉ်ဖြစ်နေသော ယဲ့ဟိုင်ထန်အား သနားကြင်နာစွာဖြင့် ကြည့်နေမိသည်။

သူမသည် မိန်းကလေးကောင်း တစ်ဦးဖြစ်၏။ ရုပ်ဆင်းအင်္ဂါ မလှပသော်ငြား ပါရမီရှိပြီး ကြင်နာတတ်ကာ စိတ်ဓာတ်ခိုင်မာပြတ်သားသူ ဖြစ်သည်။

တုပိုင်၏ မျက်လုံးထဲမှ သနားကြင်နာမှုများကို မြင်လိုက်ရသောအခါ ယဲ့ဟိုင်ထန်၏ မျက်လုံးများမှာ ပို၍ နူးညံ့သွားခဲ့၏။ သူမက ညင်သာစွာ ဆိုလာ၏။

"အချစ်ရယ်... ကျွန်မ ရှင့်ကို တကယ် အပြစ်မတင်ပါဘူး။ တကယ်ကို အပြစ်မတင်တာပါ။ အဲဒီတုန်းက ရှင် အရမ်းကြောက်နေခဲ့တယ်ဆိုတာ ကျွန်မ သိပါတယ်။"

"တကယ်လို့ ကျွန်မသာ ဖွင့်ပြောလိုက်ရင် ရှင် သေချာပေါက် ကျောင်းထုတ်ခံရပြီး ကျွန်မ မိဘတွေရဲ့ ရိုက်တာကိုပါ ခံရမှာလေ။ ရှင်က ရှင့်နာမည် ထုတ်ပြောလိုက်မှာ ကြောက်လို့ ကျွန်မကို လည်ပင်းညှစ်သတ်ခဲ့တယ်။"

"ခုနကတောင် ရှင် ကျွန်မကို တက်စလာကွိုင် လျှပ်စီးနဲ့ ပစ်ခဲ့သေးတယ်။ အဲဒါကိုလည်း ကျွန်မ အပြစ်မတင်ပါဘူး။ ကျွန်မ အခုလို လုပ်ရတာက ရှင့်ကို ထိခိုက်နစ်နာစေမိမှာ စိုးလို့ပါ။ ကျွန်မ ရှင့်ကို မနာကျင်စေချင်ပါဘူး။ ရှင့်ကို အရမ်းချစ်တာမို့လို့ ရှင့်ကို နာကျင်အောင် ဘယ်လိုလုပ် ရက်စက်နိုင်မှာလဲ"

တုပိုင် ညင်သာစွာ တုံ့ပြန်လိုက်၏။

"ယဲ့ဟိုင်ထန်... ငါ မင်းဆီကို ချစ်သဝဏ်လွှာတွေ တစ်ခါမှ မရေးခဲ့ဖူးသလို မင်းနဲ့လည်း ဘာပတ်သက်မှုမှ မရှိခဲ့ပါဘူး။ ပြီးတော့ မင်းကို လည်ပင်းညှစ်သတ်ခဲ့တာလည်း ငါမဟုတ်ဘူး"

ယဲ့ဟိုင်ထန်၏ မျက်လုံးများ ပြူးကျယ်သွားကာ သူမ စူးရှစွာ အော်ဟစ်လိုက်၏။

"မဟုတ်ဘူး... မဟုတ်ဘူး။ ရှင်နဲ့ကျွန်မ ချစ်သဝဏ်လွှာတွေ ရေးခဲ့ကြတာလေ။ ကျွန်မတို့ နှစ်နှစ်တိတိ ချစ်သဝဏ်လွှာတွေ အပြန်အလှန် ပေးပို့ခဲ့ကြတာ စာလုံးရေ သုံးသိန်းခွဲတောင် ရှိတယ်။ ချစ်သဝဏ်လွှာတိုင်းမှာ စစ်မှန်တဲ့ အချစ်တွေ အပြည့်ပါနေတာမို့ လုံးဝ အတုအယောင် မဖြစ်နိုင်ဘူး"

တုပိုင် မေးလိုက်၏။ "အဲဒီ ချစ်သဝဏ်လွှာတွေကို မင်း ငါ့ဆီ တိုက်ရိုက်ပေးခဲ့တာလား"

ယဲ့ဟိုင်ထန် မှင်သက်သွားပြီး ခေါင်းရမ်းကာ ဝန်ခံသည်။

"မဟုတ်ဘူး... ကျွန်မ... ကျွန်မ ရှင့်ဆီ တိုက်ရိုက်မပေးရဲခဲ့ဘူး။ လီရှောင်ချန်ကိုပဲ ပေးခိုင်းခဲ့တာ။ သူက ရှင့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းပဲလေ"

ကိစ္စရပ်၏ အမှန်တရားကား ရှင်းလင်းသွားခဲ့ပြီ ဖြစ်၏။

တုပိုင် စကားဆက်လိုက်သည်။ "လီရှောင်ချန်က သူ မင်းကို အရမ်းသဘောကျတယ်လို့ ငါ့ကို ပြောဖူးတယ်။ ပြီးတော့ အထက်တန်းကျောင်းက အိမ်စာတွေက အရမ်းလွယ်လွန်းလို့ ငါ မလုပ်ချင်တာနဲ့ သူ့ကိုပဲ အကုန်လုပ်ခိုင်းခဲ့တာ။ ဆရာတွေ မရိပ်မိအောင်လို့ သူက ငါ့လက်ရေးကို အတုခိုးပြီး ရေးခဲ့ရတယ်။ အလယ်တန်းကျောင်းတည်းက သူ ငါ့အိမ်စာတွေကို နေ့တိုင်း လုပ်ပေးနေခဲ့တာဆိုတော့ သူ့လက်ရေးက ငါ့လက်ရေးနဲ့ အရမ်းတူနေတာပေါ့"

ယဲ့ဟိုင်ထန်မှာ ရူးသွပ်သွားမတတ် ဖြစ်သွားပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားတော့သည်။ တုပိုင်၏ စကားများကို သူမ လုံးဝ မယုံကြည်နိုင်ခဲ့ချေ။

"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး"

ယဲ့ဟိုင်ထန် စူးရှစွာ အော်ဟစ်လိုက်၏။ "ကျွန်မဆီ ချစ်သဝဏ်လွှာတွေ ရေးခဲ့တဲ့သူက ရှင်ပါ။ လီရှောင်ချန် မဟုတ်ဘူး။ သူက ရုပ်ဆိုးဆိုး ၊ ပါရမီမပါ ၊ တောကျကျနဲ့ ဘာအရည်အချင်းမှ မရှိတဲ့သူလေ။ သူက ဘယ်လိုလုပ် ဒီလောက်ကောင်းတဲ့ ချစ်သဝဏ်လွှာတွေကို ရေးနိုင်မှာလဲ"

တုပိုင် တုံ့ပြန်လိုက်သည်။ "ဒါပေမဲ့ အနည်းဆုံးတော့ သူ မင်းကို အရမ်းသဘောကျခဲ့တာလေ"

ထို့နောက် တုပိုင် ဆက်မေးလိုက်၏။ "သူ မင်းကို ရေကန်ဆည်က ဂိုဒေါင်ဆီ ချိန်းခဲ့တုန်းက ဖယောင်းတိုင်လည်း မထွန်း ၊ စကားလည်း မပြောခဲ့ဘူးမလား။ မင်းကို ချစ်သဝဏ်လွှာနဲ့ပဲ လှမ်းခေါ်ခဲ့တာ မဟုတ်လား"

ယဲ့ဟိုင်ထန် ပြန်ဖြေ၏။ "ဟုတ်တယ်။ သူ ကျွန်မကို ကျန့်လီပေါင် အချိုရည် တိုက်ခဲ့သေးတယ်။ ဒါပေမဲ့ ဘာလို့မှန်းမသိဘူး ၊ အဲဒါကို သောက်ပြီးတာနဲ့ ကျွန်မ မူးသွားခဲ့တယ်"

အရာအားလုံးမှာ သိသာထင်ရှားသွားပြီဖြစ်သည်။ လီရှောင်ချန်သည် ယဲ့ဟိုင်ထန်ကို ခိုးချစ်နေခဲ့ပြီး ယဲ့ဟိုင်ထန်ကမူ တုပိုင်ကို ခိုးချစ်နေခဲ့၏။ သူမ ချစ်သဝဏ်လွှာများစွာကို ရေးသားခဲ့သော်လည်း တုပိုင်ထံ တိုက်ရိုက်မပေးရဲခဲ့ချေ။ ထိုချစ်သဝဏ်လွှာများကို လက်ခံရရှိပြီးနောက် လီရှောင်ချန်မှာ မနာလိုဖြစ်ကာ နာကျင်ခဲ့ရသည်။ တစ်ချိန်တည်းမှာပင် တုပိုင်အဖြစ် ဟန်ဆောင်ကာ ယဲ့ဟိုင်ထန်နှင့် ချစ်သူဖြစ်ရန် သူ၏ စိတ်ထဲ၌ ဆန္ဒယုတ်များ ဖြစ်ပေါ်လာခဲ့၏။

ရလဒ်အနေဖြင့် လီရှောင်ချန် တုပိုင်၏ အမည်ကိုအသုံးပြုကာ ယဲ့ဟိုင်ထန်ထံသို့ ချစ်သဝဏ်လွှာများ ပြန်လည်ရေးသားခဲ့သည်။ နှစ်နှစ်ကျော် ကာလအတွင်းမှာပင် သူ စာလုံးရေ သုံးသိန်းခွဲရှိသော ချစ်သဝဏ်လွှာများကို ရေးသားခဲ့၏။

ထို့ပြင် လီရှောင်ချန် တုပိုင်နှင့်အတူ ဗီဒီယိုရုံသို့ မကြာခဏ လိုက်သွားကာ အပြာဇာတ်ကားမျိုးများကို ကြည့်လေ့ရှိသဖြင့် သွေးဆူလာခဲ့သည်။ ထို့ကြောင့် သူ စွန့်စားကာ တုပိုင်၏ အမည်ကိုသုံး၍ ယဲ့ဟိုင်ထန်ကို ချိန်းဆိုခဲ့ပြီး ကျန့်လီပေါင်အချိုရည်ထဲတွင် အရက်ရောထည့်ကာ သူမကို မူးယစ်စေပြီးနောက် အဓမ္မကျင့်ခဲ့ခြင်းပင် ဖြစ်သည်။

ယဲ့ဟိုင်ထန်သည်တော့ ထိုသူမှာ တုပိုင်ဟု အမြဲတမ်း ထင်မှတ်နေခဲ့ပြီး ထိုအချိန်က မည်သည့် သန္ဓေတားနည်းကိုမျှ အသုံးမပြုခဲ့သဖြင့် တစ်ခါတည်း ကိုယ်ဝန်ရသွားခဲ့ခြင်း ဖြစ်သည်။

တုပိုင် မေးလိုက်၏။ "အဲဒီတော့ သူ မင်းနဲ့ အတူနေခဲ့တုန်းက မင်း မငြင်းဆန်ခဲ့ဘူးလား"

ယဲ့ဟိုင်ထန် ဝမ်းနည်းစွာ ဖြေသည်။ "ကျွန်မ.. ကျွန်မ ရှင့်ကို အရမ်းချစ်လွန်းလို့ လုံးဝ မငြင်းဆန်နိုင်ခဲ့ဘူး။ မှားနေမှန်း သိပေမဲ့ အထက်တန်းကျောင်းမှာ ချစ်တတ်အောင် သင်ယူရမယ်လို့ ကျွန်မ တွေးခဲ့မိတယ်။ အလွန်ဆုံး ဒီထက်ပိုပြီး ရှေ့မဆက်ဖြစ်လောက်ဘူးလို့ ထင်ခဲ့ပေမဲ့ ရင်ထဲမှာတော့ ရှင့်ကို မလွန်ဆန်နိုင်ခဲ့ဘူး။"

"ပြီးတော့ ကျွန်မက မူးလည်းမူးနေခဲ့တယ်။ ရှင့်ကို တွန်းထုတ်လိုက်တာနဲ့ ရှင် ကျွန်မကို ထားခဲ့ပြီး ဂရုမစိုက်တော့မှာကိုလည်း ကြောက်နေခဲ့တယ်။ ရှင်က အမြဲတမ်း ကျွန်မကို ဂရုမှမစိုက်တာလေ။ ပြီးတော့ အဲဒီညက အရာအားလုံး အရမ်းမြန်လွန်းတယ်။ နည်းနည်းလေး နာကျင်သွားပြီးတာနဲ့ ပြီးသွားတာပဲ။ အဲဒီနောက် ရှင်လည်း ချက်ချင်း ထွက်ပြေးသွားခဲ့တာလေ"

တုပိုင် ထောက်ပြလိုက်သည်။ "သူ ထွက်ပြေးသွားတာပါ။ အမှောင်ထဲမှာဆိုပေမဲ့ ၊ သူ စကားမပြောဘူးဆိုရင်တောင် သူနဲ့ငါ မတူဘူးဆိုတာကို မင်း သတိမထားမိဘူးလား။ အနည်းဆုံးတော့ ငါက သူ့ထက် အရပ်ပိုရှည်တယ်လေ"

ယဲ့ဟိုင်ထန် ငိုရှိုက်ကာ ဖြေ၏။ "ကျွန်မ မသိဘူး... မသိခဲ့ဘူး... ရှင် ကျွန်မကို ရေကန်ဆည်က ဂိုဒေါင်ဆီလာဖို့ စာရေးပြီး ချိန်းလိုက်တုန်းက ကျွန်မ တစ်ကိုယ်လုံး ကသောင်းကနင်းတွေ ဖြစ်ပြီး အရမ်းကို ရင်ခုန် စိတ်လှုပ်ရှားနေခဲ့တာ။ အရမ်းလည်း ကြည်နူးနေခဲ့တော့ လုံးဝကို ဝေခွဲမရ ဖြစ်နေခဲ့တာလေ"

ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၄၇ + ၈၄၈) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters